💜Part (147)💜

1.8K 236 1
                                    

System created

                      💜147💜

("system.... နှစ်သုံးသောင်း သိဒ္ဓိကျောက်တစ်လုံး လဲပေးပါ")
["ကောင်းပါပြီ.... နှစ်သုံးသောင်း သိဒ္ဓိကျောက်တစ်လုံးအတွက် ပွိုင့် ၃၀၀၀ နုတ်ယူလိုက်ပါပြီ... လူကြီးမင်း၏လက်ကျန်ပွိုင့် ၄၅၀၀"]

        လေလံစာရင်းထဲတွင် နှစ်သုံးသောင်း သိဒ္ဓိကျောက်တစ်လုံးပါ ပါဝင်သွားလေသည်။ တစ်ခဏအတွင်း လေလံစာရင်းထဲတွင် ကျင်းယောင်းယွမ်ရဲ့ သိဒ္ဓိကျောက် နဲ့ ကိုယ်ဝန်ဆောင်ဆေးလုံးက စိတ်ဝင်စားမှု အများဆုံး လေလံပစ္စည်း ဖြစ်သွားသည်။

        ကျင်းယောင်းယွမ်ကတော့ အကျေနပ်ကြီး ကျေနပ်နေပြီး သစ်အယ်သီးကိတ် ထည့်ထားသော စက္ကူထုပ်လေးကိုပိုက်လျက် မြိန်ရည်ယှက်ရည် စားနေလေ၏။ သူနဲ့ လော့ချုံးရွဲ တိမ်ယံမြို့ထဲ ခဏပတ်ကြည့်နေရင်း ငွေရောင်ဆံပင်လေးကို လှမ်းတွေ့လိုက်ရသည်။

"အားချုံး.... ဟိုမှာ ဝူလေးလား"
"ဟုတ်တယ်.... "

        တစ်ဖက်က လော့ရင်းဝူသည်လည်း သူတို့ကို တွေ့သောအခါ ဂါဝန်ကားကားလေးနဲ့ ပြေးလာလေ၏။

"ကိုကိုနဲ့ ကိုကိုကြီးကျင်းက လေလံအိမ်လာကြတာလား"

        ကျင်းယောင်းယွမ် ခေါင်းအသာညိတ်ပြပေမယ့် လော့ချုံးရွဲကတော့ မေးခွန်းထုတ်တော့သည်။

"ဒီကိုဘာလာလုပ်တာလဲ.... တစ်ယောက်တည်းလား"
"တစ်ယောက်တည်း မဟုတ်ပါဘူး ကိုကိုရဲ့...ကိုကိုကျုံးနဲ့ ကိုကိုချောင်တို့လည်းပါတယ် ဝူလေးတို့ ဒီနားက ရေကန်မှာ ငါးသွားဖမ်းကြမလို့လေ"

"ငါး?"

        ညီမတစ်ယောက် လျှောက်ထွက်လာလို့ အလိုမကျတဲ့ မျက်လုံးတွေက ငါးအသံကြားသောအခါ အရောင်တွေလတ်လာ၏။ အစကတော့ ဝူလေးကို တောင်ထွတ်ကိုပြန်ခေါ်သွားမလို့ပဲ။ အခုတော့ တစ်ဖွဲ့လုံး တောင်ထွတ်ကို မရောက်တော့ဘဲ တိမ်ယံမြို့အနီးက ရေကန်ကြီးဆီ ရောက်လာခဲ့၏။

        ရေကန်ကြီးက ရေသေကန်တော့ မဟုတ်ပါ။ တောင်ကျရေတွေ ရေကန်ကြီးထဲ စီးဝင်လာပြီး ရေကန်ကြီးထဲက ရေတွေကတော့ တစ်နေရာတွင် မြစ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ တိမ်ယံမြို့အနားမှာတော့ ထိုနေရာက စက်ဝိုင်းသဏ္ဍာန် ဖြစ်တည်နေတာကြောင့် လူအများက ရေကန်ကြီးလို့သာ ခေါ်ကြပေ၏။

System created (Completed)Where stories live. Discover now