💜Part (36)💜

4.4K 595 1
                                    

Unicode
System created

                       💜36💜

       အရင်မေနန်းဟွားသာဆို ထိုအော်ဟစ်လာသူ လူငယ်နှင့် တစ်ပွဲတစ်လမ်း နွှဲပြီးလောက်လေပြီ။ ယခုမေနန်းဟွားကတော့ အလွန်သည်းခံနိုင်သည်။ ကျိုက်လဲ့ကျီရှေ့တွင် မားမားရပ်လျက် တစ်လှမ်းမှမရွေ့ပေ။

        လီချူးက သူ့ငယ်သားကို လက်ကာပြလိုက်ပြီး ကျိုက်လဲ့ကျီကို လှမ်းကျော်ကြည့်လိုက်သည်။

"ကျိုက်လဲ့ကျီ မင်းဘာအစီအရင်သုံးခဲ့လဲဆိုတာ မပြောရဲဘူး ဖြစ်နေတာလား"

        ကျိုက်လဲ့ကျီက လီချူးအား ခနဲ့ပြုံး လှမ်းပြုံးပြလေသည်။

"ငါ့ဘာသာ ဘာအစီအရင်ပဲ သုံးသုံး မင်းကိုတင်ပြနေရမှာလား.... မင်းကဘာကိစ္စ ငါ့ကိုလာစစ်မေးနေတာလဲ ဘာလဲ မင်းကငါ့အဖေလား"
"မင်း!"

"တော်ကြတော့......"

       ထိုအသံကို ကြားလိုက်သည့်အခါ အားလုံးတိတ်ဆိတ်သွားသည်။ ကျိုက်လဲ့ကျီနဲ့မေနန်းဟွားသာမက လဲ့ကျီအပြောကြောင့် ဒေါသထွက်နေတဲ့ လီချူးတောင် ထိုဒေါသကို ထုတ်ဖော်ပြဖို့ မဝံ့ရဲတော့ချေ။

       ကွင်းပြင်ထက်ရှိ ခြောက်ထပ်နန်းဆောင်မြင့်ကြီးပေါ်ကနေ ဆင်းသက်လာသူကတော့ အခြားမဟုတ်။ ရေပြာတောင်ဂိုဏ်းက ဂိုဏ်းချုပ်လန်ပဲ ဖြစ်လေသည်။ ချောမောလွန်းသော သူ၏အသွင်က အပြင်လောကမှာ မြင်ရခဲသည့်အတွက် အားလုံးက ဝိုင်းငေးကြည့်နေကြသည်။

        အဖြူရောင်ဝတ်စုံကိုမှ အပြာနုနုအပေါ်မှ ထပ်ဝတ်ထားသော ဂိုဏ်းချုပ်လန်သည် မေနန်းဟွားနဲ့ သားအဖလား ထင်ရလောက်အောင် နုပျိုချောမောသည်။ ၆ပေ၂လက်မလောက်ရှိသော အရပ်အမောင်းနှင့် ဖြူဖွေးဝင်းမွတ်သည့် အသားအရေတို့က အသည်းနုသည့် မိန်းကလေးများအတွက် ငေးမောလောက်စရာပင်။

        ခပ်သြသြအသံသည် ခုနှစ်ချောင်းကြိုးမှ ထွက်လာသော ဗျတ်စောင်းသံလေးလို သာယာလှသည်။ ခြောက်ထပ်မြင့် နန်းဆောင်ထက်ဆီမှ မေနန်းဟွားဆီ ဆင်းလာသည့်တစ်လျှောက် အားလုံးက သူ့ကိုကြည့်နေကြသည်။ ကံမကောင်းလှစွာ ထိုထဲတွင် ကျိုက်လဲ့ကျီ မပါချေ။

System created (Completed)Where stories live. Discover now