💜Part (14)💜

6K 757 23
                                    

Unicode
System created

                       💜14💜

"ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့.... မင်းကိုအပြစ်တင်တာတွေ မင်းကိုလှောင်ပြောင်တာတွေ မင်းရဲ့မျိုးနွယ်ကို စော်ကားတာတွေ... တစ်ခုမှ ဂရုစိုက်မနေနဲ့.... အကောင်းအဆိုး မခွဲခြားတတ်တဲ့ သူတွေက သူတို့ဦးနှောက်ကို အသုံးမချဘဲ မင်းကိုပြောလာတဲ့အခါ ဒေါသထွက်မပြပါနဲ့... အဲ့တာတွေကို လျစ်လျူရှူလိုက်ပါ "
"ဟုတ်ကဲ့.... အရှင့်သား ကျွန်တော့်ဘေးမှာရှိနေရင် လုံလောက်ပါတယ် "

"အာ....."
"အရှင့်သားရှိရင် လုံလောက်တယ်လို့... ဒါပေမယ့် သူတို့ကျွန်တော့်ကို ပြောလာတဲ့အခါ အရှင့်သားကိုပါ ထိလာရင်"

"ငါသည်းခံနိုင်ပါတယ်.... "

"လဲ့ကျီ.... မင်းလား"

       ကြိုးကြာတောင်မြင့်ဂိုဏ်း၏ အတွင်းစည်းတပည့် တစ်ယောက်က လှေခါးများပေါ်ကနေ ပြေးဆင်းလာ၍ သူတို့နှစ်ယောက်ကို အကဲခတ်ကြည့်နေသည်။ တစ်ယောက်က ဂိုဏ်းရဲ့ပြဿနာအိုး၊ နောက်တစ်ယောက်က သေရည်နဲ့မိန်းမတွေနေရာမှာ ကျော်ကြားတဲ့ သခင်လေး။

        ဒီနှစ်ယောက်က ဘယ်လိုများ ပေါင်းမိသွားသလဲ မသိသော်လည်း လဲ့ကျီကိုမြင်ကတည်းက ထိုတပည့်သည် အလိုမကျသော မျက်နှာသွင်ဖြင့် မျက်ခုံးတို့ကို တွန့်ချိုးထားလေသည်။ လဲ့ကျီက ဘာမှပြန်မပြောပေ။

       သူက ဓားကိုပိုက်လျက်သာ ထိုတပည့်ကို ပြန်ကြည့်နေလိုက်သည်။ မေနန်းဟွားသာ စောစောကလို မပြောခဲ့ရင် ဒီနေရာလေးက သူတို့နှစ်ယောက် တစ်ပွဲတစ်လမ်းနွှဲရာ စင်မြင့်ဖြစ်သွားနိုင်သည်။ ကြိုးကြာတောင်မြင့်ဂိုဏ်းတွင် အတွင်းစည်းတပည့်တွေသာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ရ၏။

       အပြင်စည်း တပည့်များကတော့ အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ကြရသည်။

"မင်းပြန်လာသေးသားပဲ...."
"ဒါပေါ့...."

"ဧည့်သည်တောင် ခေါ်လာလိုက်သေးတယ်..."

        မေနန်းဟွားက လက်အုပ်ချီလျက် ဂါဝရပြုလိုက်သည်။

"ရေပြာတောင်ဂိုဏ်းက မေနန်းဟွားပါ..."
"ဟုတ်ကဲ့.... ရေပြာတောင်ဂိုဏ်းက ဘယ်လိုလုပ် ကျွန်တော်တို့ဂိုဏ်းသားနဲ့အတူ ရှိနေတာလဲ.... မေသခင်လေးက တောင်ထွတ်ကို မပြန်ဘူးလား "

System created (Completed)Where stories live. Discover now