ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.4M 234K 22.4K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၂)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အခန်း(၅၇)

9K 2K 307
By Meng_L

伪装学渣
Wei Zhuang Xue Zha


ZAWGYI


မင္းကိုလာရွာတာ


". . . . . ."

"ရန္ျဖစ္တယ္ဆိုတဲ့ ခ်တာလား?"

ရွဲ႕ယြီသည္ အေရးမစိုက္ဟန္ျဖင့္ 'အင္း' တစ္လံုးသာဆိုလိုက္ၿပီး ေျပာရင္းႏွစ္လွမ္းမွ်ေရွ႕ဆက္ေလွ်ာက္လိုက္၏ ၊ ကိုင္ထားသည့္တုတ္အား ေျမျပင္တစ္ေလွ်ာက္တရြတ္ဆြဲလို႔သြားရာ လမ္းေလွ်ာက္စဥ္တြင္ ရြံ့ေျမျပင္ထက္တဂ်စ္ဂ်စ္ျမည္ေနေတာ့သည္။

ခ်ဖို႔ပင္မျပင္ဆင္ရေသးသည့္ က်ိဳးသာ့ေလ : ". . . . . ."

ရွဲ႕ယြီဆိုသည့္လူက ရန္ပြဲျဖစ္ေပၚေအာင္ အလြန္တရာဆြဲေဆာင္ႏိုင္သူပင္ ၊ က်ိဳးသာ့ေလတစ္ေယာက္ ငယ္ရာမွႀကီးသည့္တစ္ေလွ်ာက္ ရန္ျဖစ္လာသည့္ထဲ ပြဲျဖစ္ရာ၌အႏွီလူႀကီးလူေကာင္းသာမရွိပါက ရာခိုင္နႈန္း(၈၀)ေလာက္ကရန္ပြဲဆိုတာမျဖစ္ေျမာက္ပါေခ်။

ရွဲ႕ယြီ၏အၿမဲ ဤကဲ့သိုမီးခိုးတလူလူၾကားရပ္ေနသည့္ ျမင္ကြင္းမ်ိဳးမွာဆို တစ္ခါတစ္ရံ၌ စကားပင္မဆိုဘဲ အၾကည့္တစ္ခ်က္နဲ႔တင္ကို တစ္ဖက္လူ၏စိတ္ထဲျဖစ္ေပၚလာစၿမဲမွာ - ေကာင္းၿပီေလ ၊ မင္းကရန္ျဖစ္ခ်င္ေနတာမလား ၊ မင္းကငါ့ကိုၾကည့္မရဘူးမလား! ငါကမင္းကိုႏိုင္ေအာင္မခ်ႏိုင္ဘူးလို႔ မင္းထင္ေနတာမလား!

ထိုအထိေတြးၿပီးေနာက္မွာေတာ့ က်ိဳးသာ့ေလသည္ ရွဲ႕ယြီအားလွမ္းဆြဲလိုက္ပါ၏။

"ရွဲ႕Boss ၊ မင္း. . . . . . ငါလက္နက္တစ္ခုခုရွာၿပီးတဲ့ထိေတာ့ ေစာင့္ပါဦး။"

ရွဲ႕ယြီသည္ လက္ထဲကတုတ္ကိုသာကမ္းေပးလိုက္သည္ ၊ သူကေတာ့ လက္ခ်ည္းဗလာ လက္သီးခ်င္းယွဥ္ထိုးခ်လည္းအဆင္ေျပသည္။

"အခုမင္းမွာရွိသြားၿပီေနာ္။"

". . . . . ."

ရွဲ႕ယြီပံုစံက သိသာလြန္းေနရာ သူတို႔မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္ေနၾကသည့္လူတစ္စုသည္လည္း သည္းမခံႏိုင္ေတာ့ ၊ ကြမ္ေမာက္အုပ္စုထဲက ေကာင္ေလးကၾကည့္တာႏွင့္ခ်ခ်င္ေနမွန္း သတိထားမိလိုက္ရာ ေလသံကိုျမႇင့္၍ဆဲဆိုေတာ့သည္။

"ေကာင္းၿပီ ၊ ဒီေန႔ဒီအေႂကြးကို မင္းတို႔နဲ႔အျပတ္ရွင္းမယ္ ၊ အစ္မေမ ပံုမွန္ဆိုခင္ဗ်ားကိုက်ဳပ္တို႔က ဒီတစ္ဝိုက္ရဲ႕အစ္မႀကီးျဖစ္တာမို႔ ေလးစားသမႈရွိခဲ့တယ္ ၊ ခင္ဗ်ားကိုအျမင္ၾကည္ေပးခဲ့တယ္ ၊ ဒါကိုခင္ဗ်ားက ကိုယ့္ကိုယ္ကိုယ္အဟုတ္ႀကီးထင္မွတ္လိုက္တာေပါ့ေလ--- ---"

"မင္းေမလူး ၊ သူတို႔နဲ႔ေစာက္စကားဘာလို႔ေျပာေနဦးမွာလား. ."

ေခါင္းေဆာင္ျဖစ္သည့္သူက စီးကရက္ျပာတို႔ကိုေတာက္ခ်ကာ လမ္းေလွ်ာက္ပံုကလည္း ပံုမွန္မဟုတ္။

"ဒီေန႔လာတာက ကြမ္ေမာက္ကိုဖ်က္စီးဖို႔ပဲ!"





ဟယ့္ေက်ာင္းသည္ ထိုအထိၾကားၿပီးသည့္ေနာက္မွာေတာ့ ေခါင္းထဲရွိသည့္ 'ခဏေနလို႔ ကေလးေလးကိုေတြ႕ရင္ အံ့ၾသသြားေအာင္လုပ္မယ္ ၊ ဖာ့ခ္ ငါကေတာ့စံျပဘဲပါပဲကြာ ၊ ငါ့ရဲ႕ သားသားနားနားထြက္ေပၚလာပံုကိုသာ ကေလးေလးေတြ႕သြားလို႔ကေတာ့ ေသခ်ာေပါက္ ေသမတတ္ရင္ထဲထိေလာက္မွာ ၊ ၿပီးရင္ေတာ့ ကိုယ္တို႔ႏွစ္ေယာက္ လက္ခ်င္းတြဲၿပီး လမ္းေပၚ႐ိုဆန္ဆန္ ပတ္ေလွ်ာက္ၾကမယ္' ဆိုသည့္အေတြးတို႔မွာဆို ခ်က္ခ်င္းပဲအစိတ္စိတ္အႁမႊာႁမႊာကြဲေၾကသြားတာ့သည္။

ဟယ့္ေက်ာင္းသည္ အကၽြမ္းတဝင္မရွိသည့္လမ္းေထာင့္၌ ေဆာင့္ေၾကာင့္ထိုင္လ်က္ မ်က္စိေရွ႕က စနစ္တက်မရွိသည့္ လူေနရပ္ကြက္တစ္ခုအားၾကည့္ေနမိၿပီး 'ကြမ္ေမာက္' ဟူသည့္စကားလံုးႏွစ္လံုးအား မွတ္သားေနမိသည္။

စိတ္ထဲမွဆိုမိ၏ ၊ ကေလးေလးရဲ႕ ဒီလိုရန္ပြဲသတ္လို႔ေနတဲ့ေန႔ရက္ေတြက စိတ္လႈပ္ရွားဖို႔ေတာ့တကယ္ေကာင္းသား။





ရွဲ႕ယြီသည္ ဖုန္းခ်လိုက္ၿပီးေနာက္ ေရွ႕သို႔ေလွ်ာက္သြားလိုက္ၿပီး ေလသံတိမ္တိမ္ျဖင့္ေမးလိုက္သည္။

"ဘယ္ကလူေတြလဲ ၊ ဘာလုပ္ေနတာလဲ? . . . . . . ဒီလိုလာၿပီး ေသာင္းက်န္းလို႔ေတာ့မရဘူးေလ။"

ရွဲ႕ယြီသည္ ခဏမွ်နားေထာင္ေနလိုက္၏ ၊ ထိုလူတစ္စုမွာ ေစာက္စကားေတြသာမ်ားလြန္းျပီး တကယ့္ အသံုးဝင္မည့္သတင္းစကားမ်ားကိုေတာ့ျဖင့္ တစ္ေၾကာင္းေသာ္မွ်မၾကားရ ၊ ဘာကိစၥေၾကာင့္နဲ႔ အုပ္စုဖြဲ႕ျပီး ျပႆနာလာရွာသည္ကို မသိရေသးေခ်။ သူသည္ အစကေတာ့ စိတ္ရွည္သည္းခံၿပီး သူတို႔တစ္ေတြ အေၾကာင္းအရင္းအသစ္ေတြမ်ား ေျပာဦးမလားဟု နားေထာင္ေနေပမယ့္ ထိုတစ္စုမွာ ဟိုေျပာဒီေျပာကိုမွ ဟိုးပေဝသဏီကစကားေတြကိုပဲ ထပ္ခါထပ္ခါဆိုၿပီး ေျပာေလတိုင္းဆဲေရးစကားမ်ားသာထြက္လို႔လာသည္။

"အႏုပ္စုတ္ကုတ္စုတ္ ေတေလၾကမ္းပိုးေတြေလ ၊ တအားစိတ္ရႈပ္ဖို႔ေကာင္းတာ ၊ ေျမာက္လမ္းဘက္ကလာၾကတာေတြ ၊ မင္းေမငါယိုး. . . . . ."

ရႊီယန္႔ေမမွာ မၾကာေသးခင္ကမွပင္ ေဆးလိပ္ေသာက္ထားျခင္းေၾကာင့္ အသံကဝင္ေန၏ ၊ မသိစိတ္မွေန ဆက္လက္ဆဲဆိုဦးမလို႔ေပမယ့္ တစ္ဝက္မွ်အေရာက္မွာေတာ့ ထိန္းခ်ဳပ္လိုက္ရၿပီး လွည့္၍ရွဲ႕ယြီကိုစိုက္ၾကည့္လိုက္ပါသည္။

"ဘာလုပ္ေနတာလဲ ၊ ငါကမွေမးခ်င္တာပါ မင္းတို႔ဘာလုပ္ေနတာလဲလို႔? ေလက်စ္ ၊ မင္းသူ႔ကိုဆြဲေခၚျပီးျပန္ေတာ့။"

က်ိဳးသားေလသည္ ေဘးတြင္ရပ္လ်က္မွ စဥ္းပင္မစဥ္းစားေတာ့ဘဲ ေျပာလိုက္၏။

"ဆြဲေခၚလို႔မႏိုင္ဘူး။"

ရႊီယန္႔ေမ : ". . . . . ."






လိုတိုရွင္းေျပာမည္ဆို ေရွ႕ရက္အနည္းငယ္က ရႊီယန္႔ေမတြင္ ကုန္ကားအနည္းငယ္ေရာက္ဖို႔ရွိေလသည္ ၊ ဒီကြမ္ေမာက္ေစ်းဘက္၌ လူကမေလာက္သျဖင့္ ႀကီးၾကပ္သူအား လူနည္းနည္းထပ္ရွာေပးဖို႔ခိုင္းလိုက္သည္ ၊ ႀကီးၾကပ္တဲ့သူဆိုတာကလည္း ေလာဘႀကီးၿပီး ပိုက္ဆံလည္းျဖတ္ေသး ၊ ဒီလိုစိတ္မခ်ရသည့္လူေတြကိုလည္း အလုပ္လာလုပ္ဖို႔ေခၚလာေလသည္။

အဆံုးတြင္ေတာ့ ပစၥည္းခ်လို႔ၿပီးေနာက္ ပစၥည္းစစ္သည့္အခါတြင္ အေရအတြက္ကမကိုက္ျဖစ္ေတာ့သည္။

သူတို႔ကိုရွာၿပီး စာရင္းပင္မရွင္းရေသး ထိုလူတစ္စုက တစ္ျပန္ႀကီးလာကိုက္ပါေလေတာ့သည္ ၊ ကြမ္ေမာက္အေဆာက္အဦးေရွ႕ ေသာင္လာတင္ေနၿပီး ခင္ဗ်ားတို႔က လူေကာင္းေတြကိုလာစြပ္စြဲေနတာပဲ ၊ က်ဳပ္တို႔အေပၚ မဟုတ္တမ္းတရားေတြေျပာတာ ၊ စိတ္ထိခိုက္ရတဲ့အတြက္ အေလ်ာ္ေပးရမယ္ ဟူ၏။

ၾကားရတာ ရယ္စရာပင္ေကာင္းေနေတာ့သည္။

သို႔တိုင္ ဒီလိုကိစၥရပ္မ်ိဳးက ဒီဘက္ပိုင္း၌ ေန႔တိုင္းလိုလိုျဖစ္ေနၾကပင္ျဖစ္သည္။

ယဥ္ေက်းမႈကမရွိ ၊ လံုျခံဳေရးပိုင္းကလည္း ပရမ္းပတာျဖင့္ ေတာ္ေတာ္မ်ားမ်ားမွာ ေက်ာင္းထြက္ၿပီးေနာက္ လမ္းသရဲလုပ္ဖို႔သာ ဆႏၵရွိၾကၿပီး 'စိတ္တူကိုယ္တူ' သူငယ္ခ်င္းအေပါင္းအပါတို႔ႏွင့္စုေဝးကာ လူမိုက္ဂိုဏ္ငယ္ ၊ အဖြဲ႕ငယ္တို႔ဖြဲ႕ထားၾကသည္ ၊ ေအာင္ျမင္သည္အထိေတာ့မေရာက္ေပမယ့္ သူ႔ဟာႏွင့္သူအင္အားအနည္းငယ္ေတာ့ ရွိၾကသည္။

အလုပ္ၾကမ္းဆိုတာကလည္း တစ္သက္လံုး အလုပ္ၾကမ္းလုပ္သြားလို႔မွမျဖစ္တာပင္။

ဒါ့အျပင္ သူတို႔ကိုယ္သူတို႔ လမ္းသလားေနျခင္းကိုပင္ အလြန္သားနားတယ္ဟု ထင္ေနၾကေသးသည္။

ရႊီယန္႔ေမမွာ သူတို႔ႏွင့္ မဆုတ္သာမတိုးသာအေျခအေနမ်ိဳးျဖင့္ ႏွစ္အေတာ္ၾကာရွိရသည္မွာ သူတို႔ႏွင့္ရန္ပြဲမျဖစ္ခ်င္တာေၾကာင့္ပါေပသည္ ၊ အသက္ပဲရလာလို႔လား မသိပါ တျဖည္းျဖည္း ဂ႐ုဏာစိတ္ျဖင့္ သက္ညႇာေပးတတ္လာၿပီး ျဖစ္ႏိုင္လွ်င္ ခြင့္လြတ္ေပးလိုက္ခ်င္၏ ၊ နဂိုကေတာ့ သူတို႔ကိုေျခာက္ၿပီး ေမာင္းထုတ္ရန္သာ စိတ္ကူးထားေပမယ့္ ထိုအမႈိက္သ႐ိုက္ေကာင္တစ္စုမွာ သခၤ်ိဳင္းမေရာက္လွ်င္ မ်က္ရည္က်မည္မဟုတ္သည့္ အမ်ိဳးအစားေတြေပ။

ရႊီယန္႔ေမသည္ ရွဲ႕ယြီသတိမထားမိခင္ကို အခြင့္ေကာင္းယူ၍ လက္ထဲကနည္းနည္းသာေသာက္ထားရေသးေသာေၾကာင့္ လႊင့္ပစ္ဖို႔ႏွေျမာေနမိသည့္ စီကရက္အား တိတ္တိတ္ေလးခိုး၍ပစ္ထုတ္လိုက္ပါၿပီး ထရပ္ကာေျပာလိုက္ေတာ့သည္။

"ငိုးပဲ ၊ သည္းမခံႏိုင္ေတာ့ဘူး။"

"ဒီအိုႀကီးအိုမကို ၿခိမ္းေျခာက္အၾကပ္ကိုင္ခ်င္ၾကတာေပါ့ေလ.

ရႊီယန္႔ေမက ဆက္လို႔ေျပာသည္။

"စိတ္ထိခိုက္နစ္နာသြားတယ္ဆိုလည္း ေဆးစရိတ္အတြက္ စဥ္းစားေပးလို႔ရပါတယ္။"

ရွဲ႕ယြီ : "ခ်။"

က်ိဳးသာ့ေလ : "တစ္ခါေလာက္ခ်ေပးလိုက္ အမွန္တရားေပၚလာလိမ့္မယ္။"

ေဘးဝန္းက်င္ရွိ သြားသြားလာလာျဖတ္ေလွ်ာက္ၾကသူတို႔မွာ အကုန္စိတ္ဝင္တစားပြဲၾကည့္လို႔ေနသည္ ၊ သို႔တိုင္ထိုအနီးတဝိုက္ေနထိုင္ၾကသူတို႔ကေတာ့ တည္တည္ၿငိမ္ၿငိမ္မ်က္ႏွာေဘးတို႔ျဖင့္သာ ပြဲၾကည့္လ်က္ရွိၾကသည္ ၊ သူတို႔အတြက္ေတာ့ ဒီလိုကိစၥမ်ိဳးအား ၾကည့္ခ်င္လွ်င္ ဘယ္ရက္မဆိုျမင္ေတြ႕ေနၾကရျခင္းေၾကာင့္ေပ။

ရႊီယန္႔ေမက ဆိုလာ၏။

"မင္းတို႔ႏွစ္ေယာက္က ခ်ီးကိုခ်မွာလား ၊ ျမန္ျမန္သာျပန္ၾကစမ္း!"

မ်က္ႏွာခ်င္းဆိုင္ရွိ လူအေရအတြက္မွာ ဆယ္ေယာက္ေက်ာ္ခန္႔ရွိၿပီး သူတို႔ဘက္ႏွင့္သိပ္မကြာလွ။

ႏွစ္အုပ္စုလံုး ဟိုဟိုဒီဒီအခ်ိန္ဆြဲေနၾကတာ နာရီဝက္ပင္ျပည့္ေတာ့ေပမည္ ၊ ရွဲ႕ယြီသည္ လက္ေကာက္ဝတ္ကို သံုး/ေလးႀကိမ္မွ်လွည့္ကာ ခ်က္ခ်င္းပဲလက္ပါဖို႔စိတ္ကူးမိစဥ္မွာပင္ ေဘးပတ္ဝန္းက်င္ရွိလူအုပ္ထံမွ အသံတို႔က႐ုတ္တရက္ႀကီး ပိုမိုဆူညံလာခဲ့သည္။

ရွဲ႕ယြီသည္ ေစာင္းငဲ့လို႔ၾကည့္လိုက္မိရာ လူတစ္စုတစ္ဖက္လမ္းထိပ္မွ လာေနသည္ကိုေတြ႕လိုက္ရ၏ ၊ လက္ထဲမွာလည္း အကုန္လက္နက္ေတြကိုင္ေဆာင္လို႔ထားၾကၿပီး အထူးသျဖင့္ ဦးေဆာင္လာသူမွာဆို လမ္းေလွ်ာက္ပံုက တက္ႂကြကာ မာန္ပါလ်က္ရွိေခ်သည္။

မည္ကဲ့သို႔ေသာအေျခအေနမွန္း မသိၾကေသာ္ျငားလည္း ဝိုင္းၾကည့္ေနၾကသည့္လူအုပ္စုမွာဆို အလိုလိုကိုထိုသူတို႔အတြက္ လမ္းတစ္ခုဖြင့္ေပးမိၾကသည္။

". . . . . ."

ရႊီယန္႔ေမသည္လည္း လွမ္းလို႔ၾကည့္လိုက္၏။

"အဲ့ဒါဘယ္သူလဲ ၊ ဘာလုပ္တာတုန္း?"

က်ိဳးသာ့ေလမွာ ၾကည့္ရင္းၾကည့္ရင္း စိတ္ထဲမွေန ရင္းႏွီးမႈတစ္စံုတစ္ရာကထင္ဟပ္လို႔လာသည္။

"ဒီေကာင္ေတြကို နည္းနည္း. . . . . . နည္းနည္းရင္းႏွီးေနသလိုပဲ?"

ရွဲ႕ယြီသည္ စကားမဆိုမိပါဘဲ စိတ္ထဲကေနၿပီးသာ Fuckဟုတစ္ခ်က္မွ်ဆဲေရးမိလိုက္ပါ၏။






"မင္းမ်ားမ်ားစား ၊ အရသာဘယ္လိုေနလဲ ၊ စာေကာင္းတယ္ဆို ထမင္းေနာက္တစ္ပန္းကန္ထပ္ယူပါဦးလား!"

ရွဲ႕ယြီအသိျပန္ဝင္လာခ်ိန္တြင္ေတာ့ လူကိုယ္တိုင္မွာ အန္တီေမ၏ထမင္းစားပြဲ၌ ထိုင္လ်က္ရွိေနၿပီျဖစ္သည္။ သူသည္ တူျဖင့္ ပန္းကန္ထဲကထမင္းတို႔ကို အသာေလးထိုးဆြေနမိပါ၏ ၊ ထို႔ေနာက္မွာေတာ့ ရႊီယန္႔ေမတစ္ေယာက္ ဝက္သားႏွပ္တစ္တံုးအား တူျဖင့္ညႇပ္ယူေနသည္ကို ၾကည့္ေနမိလိုက္သည္--- --- အသားကိုညႇပ္ထားသည့္တူမွာ သူ႔ကိုေက်ာ္လြန္သြားၿပီး အဆံုးတြင္ေတာ့ သူ႔ေဘးကလူ၏ပန္းကန္ထဲဆိုက္ေရာက္လို႔သြားပါေလသည္။

ဟယ့္ေက်ာင္းမွာ ေက်းဇူးပါဟုအထပ္ထပ္ဆိုေနမိသည္။

"အရသာက အရမ္းေကာင္းတယ္ ၊ ဒီဝက္သားႏွပ္ေပါ့ ၊ အဆီမ်ားေပမယ့္ မအီဘူး ၊ ဟင္းအစပ္အဟက္ကလည္း တည့္တယ္။"

အန္တီေမသည္ ဟယ့္ေက်ာင္းပန္းကန္ထဲ ေနာက္တစ္တံုးထပ္လို႔ထည့္ေပးလိုက္ျပန္၏ ၊ အမႊမ္းတင္ခံရ၍ ေပ်ာ္လို႔ေနကာ ဝံ့ႂကြားစြာျဖင့္ဆိုလိုက္သည္။

"ဘာကိုေက်းဇူးတင္ေနတာတုန္း ၊ ငါတို႔ကိုအားနာေနဖို႔ကိုမလိုဘူး။"

". . . . . ."

ရွဲ႕ယြီသည္ တူကိုခ်လိုက္၏ ၊ စကားလည္းေျပာခ်င္စိတ္ကိုမရွိ။

က်ိဳးသာ့ေလကေတာ့ျဖင့္ ဘာကိုမွမခံစားမိဘဲ အေတာ္ေလးပီတိရႊန္းလ်က္သာေနသည္။

"ေဟ့--- --- မင္းခုနကေလ ေသာက္ရမ္းမိုက္တယ္။ မင္း အဲ့ေလာက္လူအမ်ားႀကီးကို ဘယ္ကေနမ်ားရွာလာတာလဲ သားႀကီး?"

ဟယ့္ေက်ာင္းကေျပာသည္။

"တစ္ဖက္လမ္း အင္တာနက္ဆိုင္က ၊ လွ်ပ္တစ္ျပက္အုပ္စုဖြဲ႕ သ႐ုပ္ေဆာင္လိုက္တာ။"

က်ိဳးသာ့ေလ : ". . . . . ."





ခုနတုန္းက ဟယ့္ေက်ာင္းမွာ လူအုပ္ကိုဦးေဆာင္ကာ ေပၚထြက္လို႔လာၿပီး ႐ုတ္႐ုတ္သဲသဲအေျခအေနကိုထိန္းသိမ္းလိုက္၏ ၊ ဤလူသည္ကား ဒရာမာလည္း ခင္းလြန္းတတ္ေပရာ ဟိုလူတစ္စုမွာဆို သူ႔အားဂိုဏ္းတစ္ဂိုဏ္းကတစ္ေယာက္ေယာက္ဟု တကယ္ႀကီးထင္မွတ္လို႔သြားၾကသည္။ က်ိဳးသာ့ေလမွာ တစ္ေလွ်ာက္လံုး ႏွစ္ေထာင္းအားရစြာျဖင့္ၾကည့္ကာ အဆံုးတြင္ေတာ့ ဗိုက္ကိုလက္ႏွင့္ဖိ၍ ေဆာင့္ေၾကာင့္ထိုင္ခ်လ်က္မွ ရယ္လိုက္မိေတာ့သည္။

"ရွဲ႕Boss မင္းရဲ႕ထံုေက်ာကေတာ့ တအားကိုေတာ္ခ်က္ဗ်ာ. . . . . . ဒီလူေနာက္က်ရင္ ေသခ်ာေပါက္ကို နာမည္ဂုဏ္သတင္းႀကီးမွာပဲ။"

ရွဲ႕ယြီသည္ စိတ္ထဲမွဆိုမိ၏ - ဟုတ္တယ္ ၊ အနာဂတ္မွာ ေျမတူးစက္ေမာင္းမယ့္ အစ္ကိုႀကီးေလ ၊ မေတာ္ဘဲေနမလား။





အန္တီေမ့အိမ္က ထမင္းစားခန္းမွာေသးလွေပ၏ ၊ ဧည့္ခန္းေနရာထဲက ေနရာနည္းနည္းဖဲ့ယူထားသည့္ အခန္းငယ္ကေလးပင္ျဖစ္သည္။ အရင္ကဆို လူမ်ားမ်ားစု၍စားေသာက္ၾကမည္ဆိုတိုင္း ေနာက္ေဖးဝင္းထဲ၌ စားပြဲဝိုင္းအႀကီးႀကီးျပင္ဆင္လိုက္ၾကသည္သာ ၊ မိုးေလဝသအေျခအေနကို တစ္ခ်က္ၾကည့္ဖို႔ေတာ့လိုေပ၏ ၊ သာယာၿပီး မဂၤလာရွိသည့္ရက္ကို ေရြးၾကရသည္။

ရွဲ႕ယြီေနာက္သို႔သာေက်ာကိုမွီလိုက္မည္ဆို နံရံကိုပင္မွီခ်လို႔ရေပသည္။

"ဘာျဖစ္လို႔လဲ. ."

ဟယ့္ေက်ာင္းသည္လည္း တူကိုခ်လိုက္ၿပီး စားပြဲေအာက္ထဲလက္ထိုး၍ ရွဲ႕ယြီကိုတို႔လိုက္၏။

"ဘာလို႔မစားတာလဲ။"

ရွဲ႕ယြီမွာ အေတာ္ၾကာကမွ တစ္ခြန္းသာဆိုလာသည္။

"စိတ္အနားယူေနတာ။"

ရႊီယန္႔ေမရဲ႕ ဟယ့္ေက်ာင္းဆိုသည့္ေကာင္ေလးအေပၚထားသည့္အျမင္ကေတာ့ သိပ္ကိုေကာင္းလွေပသည္။ ဒါကသူမရဲ႕ေရွာင္ယြီ ပထမဆံုးအတန္းေဖာ္ကိုေခၚလာဖူးျခင္းလည္းျဖစ္၏ ၊ ထိုတစ္ေယာက္မွာ နႈတ္လည္းခ်ိဳၿပီး စကားေျပာလည္းေကာင္းလွ၏။ ေနာက္ဆံုးတြင္ေတာ့ ဝက္သားႏွပ္ဟင္းမွာဆို က်ိဳးသာ့ေလပင္ဘယ္ႏွစ္တံုးမွမစားလိုက္ရ အကုန္ဟယ့္ေက်ာင္းပန္းကန္ထဲသာ ေရာက္လို႔သြားသည္။

"အန္တီေမ ၊ ထပ္မထည့္ေတာ့နဲ႔. ."

ရွဲ႕ယြီသည္ ေဘးတြင္ထိုင္ေနရင္းမွ အန္တီေမ၏ ဟယ့္ေက်ာင္းပန္းကန္ထဲမၿပီးႏိုင္မစီးႏိုင္ဟင္းေတြထည့္ေပးေနသည္တို႔ကိုၾကည့္ကာ ေျပာလိုက္ေတာ့သည္။

"သူမစားႏိုင္ေတာ့ဘူးရယ္။"

ရႊီယန္႔ေမတစ္ေယာက္ ထိုအခါမွသာတူကိုခ်လိုက္ၿပီး ျပန္ေတြးမိ၏။

"ေကၽြးတာေတာ္ေတာ္ေလးမ်ားသြားတယ္နဲ႔တူတယ္။"

နားေထာင္ရသည္မွာ ဝက္စာေကၽြးေနသကဲ့သို႔ပါပင္။

ေကၽြးၿပီးေနာက္၌လည္း ရႊီယန္႔ေမသည္ လူကိုမလြႊတ္တမ္းဆြဲလို႔ထားသည္။

"ငါတို႔ေရွာင္ယြီ ေက်ာင္းမွာဘယ္လိုေနလဲဟင္ ၊ သူ႔စိတ္ကလက္တစ္ဆစ္မို႔ မင္းသူ႔ကိုထိန္းၿပီး ေဖ်ာင္းဖ်ေပးေနာ္. . . . . ."

ရွဲ႕ယြီသည္ ရႊီယန္႔ေမအား ေျပာျပခ်င္လာရ၏ ၊ သူ ဒီစာသင္ႏွစ္ထဲမွာ ရန္ျဖစ္ရသည့္အႀကိမ္တိုင္းက အကုန္သူမေရွ႕ကတစ္ေယာက္နဲ႔အတူတူပါဟူ၍။

ဟယ့္ေက်ာင္းဆိုလာသည္မွာ. .

"ကၽြန္ေတာ္တို႔ေရွာင္ယြီ. . . . . . အာ မဟုတ္ ၊ အန္တီတို႔ရဲ႕ေရွာင္ယြီက ဟို ေက်ာင္းမွာအေတာ္ေလးေကာင္းပါတယ္။"

ရွဲ႕ယြီသည္ ညာဘက္မ်က္ခြံပင္လႈပ္လို႔လာ၏ ၊ သိပ္မဟုတ္ေတာ့ဘူးဟု စိတ္ထင့္လို႔သြားခဲ့ရသည္။

ထင္သည့္အတိုင္းပင္ ေနာက္စကၠန္႔ပိုင္းမွာပဲ ဟယ့္ေက်ာင္း၏ မဟုတ္တမ္းတရားေတြကို ၾကားလိုက္ရပါေတာ့သည္ ၊ ဘာတဲ့ အတန္းကိုလည္းပံုမွန္တက္တယ္ ၊ စာလည္းႀကိဳးစားတယ္ ၊ အေပါင္းအသင္းလည္းဝင္ဆံ့တယ္ ၊ ေက်ာင္းစည္းကမ္းတို႔ကိုလည္း လိုက္နာတယ္ စသျဖင့္အကုန္ထြက္လာ၏။

ေျပာရင္းေျပာရင္းလြန္လာမည္စိုးသျဖင့္ ရွဲ႕ယြီသည္ စားပြဲေအာက္ကေန ဟယ့္ေက်ာင္းလက္အားဆိတ္ဆြဲလိုက္ရသည္။

ရႊီယန္႔ေမတစ္ေယာက္ကေတာ့ ဘယ္နားပံုမွန္မဟုတ္မွန္း သတိကိုမထားမိေခ်။

သူမအထင္၌ သူမ်ားကတစ္ေလွႀကီး အမႊမ္းေတြတင္ေန၍ အားပင္နာလို႔လာရကာ ကိုယ္တိုင္ပင္အျပစ္ကေလးရွာလို႔ ဆိုလိုက္ရသည္။

"ငါတို႔ေရွာင္ယြီက အဆင့္ေတာ့မေကာင္းဘူး။"

"ကိစၥမရွိဘူး. ."

ဟယ့္ေက်ာင္းကေျပာသည္။

"ကၽြန္ေတာ္က သူ႔ထက္ပိုေတာင္မေကာင္းေသး။"

ရႊီယန္႔ေမ : ". . . . . ."





က်ိဳးသာ့ေလသည္ ေန႔လည္စာလည္းမစားလိုက္ရသျဖင့္ ဗိုက္ဆာလြန္းတာႏွင့္ ပါးစပ္ထဲသာသြတ္ကာ က်န္သည့္ဝက္သားႏွပ္တို႔ကိုစားေနလိုက္သည္။

ရႊီယန္႔ေမကေတာ့ မီးဖိုခန္းဘက္လွည့္ကာ အသီးသြားခြဲလ်က္ရွိသည္ ၊ သစ္သီးလွီးဓားကိုကိုင္၍ ပန္းသီးလွီးေနသည္မွာ လူသတ္ေနသည့္အလား တဒုတ္ဒုတ္ျဖင့္ ၾကားရသည္မွာလန္႔စရာပင္ေကာင္းလွသည္။

ရွဲ႕ယြီသည္ မၾကာေသးခင္က ဟယ့္ေက်ာင္းလက္ကိုဆိတ္ဆြဲလိုက္ျပီးေနာက္ တစ္ေလွ်ာက္လံုးမလႊတ္ေတာ့ဘဲ ဟယ့္ေက်ာင္းလက္ေပၚ လက္ေခ်ာင္းကေလးအသာတင္၍ လွမ္းဆြဲရင္းေမးလိုက္သည္။

"မင္းကဘာလာလုပ္တာလဲ?"

ဟယ့္ေက်ာင္းက သူ႔နားအနားကပ္၍ တိုးတိုးေလးဆိုလာ၏။

"မင္းကိုလာရွာတာ။"

ႏွစ္ဦးသားသည္ စကားဆက္မေျပာၾကေတာ့ဘဲ တစ္ေယာက္ကိုတစ္ေယာက္စိုက္လို႔ၾကည့္ကာ ႐ုတ္ျခည္း ဘာစကားမွလည္းေျပာေနဖို႔မလိုအပ္ေတာ့ေခ်။

ရွဲ႕ယြီသည္ အၾကည့္မလႊဲမိ ၊ ယခုေလးတင္မွ ဟယ့္ေက်ာင္းကပ္ကာေျပာသြားသည့္ သူ႔နားတစ္ဝိုက္သည္ကား အတန္ငယ္ပူေႏြးေနသလိုခံစားေနရသည္။

ရႊီယန္႔ေမမွာ လုပ္ပံုကိုင္ပံုတို႔ကၾကမ္းတမ္းေပမယ့္ ခြဲယူျပင္ဆင္လာသည့္အသီးပန္းကန္မွာဆို ၾကည့္ရတာမဆိုးဘဲရွိလွသည္။ သို႔တိုင္အသီးပန္းကန္၏ အနားပတ္လည္တြင္ေတာ့ သစ္ၾကားသီးေတြပတ္လည္ဝိုင္းလ်က္ရွိေပသည္။

ဟယ့္ေက်ာင္းသည္ ခ်ီတံုခ်တံုျဖင့္ ေမးလိုက္မိပါ၏။

". . . . . . ဒါက?"

ရႊီယန္႔ေမသည္ လက္သုတ္၍ မီးဖိုခန္းထဲမွထြက္လာကာ ဘြင္းဘြင္းပဲဆိုလိုက္ပါသည္။

"စား ၊ ဦးေႏွာက္ကိုအားျဖည့္ေပးတယ္။"

ရွဲ႕ယြီ : ". . . . . ."

ဟယ့္ေက်ာင္း : ". . . . . ."

ေနာက္ဆံုးျပန္ၾကသည့္အခ်ိန္၌လည္း ႏွစ္ေယာက္လံုး၏လက္ထဲသို႔ ႏွစ္ထုပ္ေတာင္ထည့္လို႔ေပးလာေတာ့သည္။ ခြာၿပီးသားျဖစ္ၿပီး ဘယ္အခ်ိန္ကတည္းကႀကိဳတင္ျပင္ဆင္ထားသည္ မသိရပါ။ ရွဲ႕ယြီမွာ အနီေရာင္ပလတ္စတစ္အိတ္ကိုဆြဲလို႔ စိတ္ထဲအနည္းငယ္ရႈပ္ေထြးလို႔သြားရသည္။

ဟယ့္ေက်ာင္းကေတာ့ အေတာ္ေလးေပ်ာ္ျမဴးလို႔ေန၏။ ထိုေပ်ာ္ျမဴးေနမႈမွာ ရွဲ႕ယြီႏွင့္အတူ ေဘးခ်င္းယွဥ္၍ ကားဂိတ္သို႔ေလွ်ာက္ျပန္လာၿပီး ကားေစာင့္ေနခ်ိန္အထိ တစ္ေလွ်ာက္လံုးျဖစ္ကာ အဆံုးတြင္ေတာ့ မခ်ဳပ္တည္းထားႏိုင္ေတာ့။

"ဒါကို မိဘနဲ႔လိုက္ေတြ႕တာလို႔ ယူဆလို႔ရလား?"


____________


ဒီေန႔ေလးကေတာ့ အစ္ကိုေက်ာင္းရဲ႕ေမြးေန႔ေလးပါ~🥳

0806 Happy Birthday Zhao Ge ! 🎂💙







UNICODE



အခန်း(၅၇)
မင်းကိုလာရှာတာ


". . . . . ."

"ရန်ဖြစ်တယ်ဆိုတဲ့ ချတာလား?"

ရှဲ့ယွီသည် အရေးမစိုက်ဟန်ဖြင့် 'အင်း' တစ်လုံးသာဆိုလိုက်ပြီး ပြောရင်းနှစ်လှမ်းမျှရှေ့ဆက်လျှောက်လိုက်၏ ၊ ကိုင်ထားသည့်တုတ်အား မြေပြင်တစ်လျှောက်တရွတ်ဆွဲလို့သွားရာ လမ်းလျှောက်စဉ်တွင် ရွံ့မြေပြင်ထက်တဂျစ်ဂျစ်မြည်နေတော့သည်။

ချဖို့ပင်မပြင်ဆင်ရသေးသည့် ကျိုးသာ့လေ : ". . . . . ."

ရှဲ့ယွီဆိုသည့်လူက ရန်ပွဲဖြစ်ပေါ်အောင် အလွန်တရာဆွဲဆောင်နိုင်သူပင် ၊ ကျိုးသာ့လေတစ်ယောက် ငယ်ရာမှကြီးသည့်တစ်လျှောက် ရန်ဖြစ်လာသည့်ထဲ ပွဲဖြစ်ရာ၌အနှီလူကြီးလူကောင်းသာမရှိပါက ရာခိုင်နှုန်း(၈၀)လောက်ကရန်ပွဲဆိုတာမဖြစ်မြောက်ပါချေ။

ရှဲ့ယွီ၏အမြဲ ဤကဲ့သိုမီးခိုးတလူလူကြားရပ်နေသည့် မြင်ကွင်းမျိုးမှာဆို တစ်ခါတစ်ရံ၌ စကားပင်မဆိုဘဲ အကြည့်တစ်ချက်နဲ့တင်ကို တစ်ဖက်လူ၏စိတ်ထဲဖြစ်ပေါ်လာစမြဲမှာ - ကောင်းပြီလေ ၊ မင်းကရန်ဖြစ်ချင်နေတာမလား ၊ မင်းကငါ့ကိုကြည့်မရဘူးမလား! ငါကမင်းကိုနိုင်အောင်မချနိုင်ဘူးလို့ မင်းထင်နေတာမလား!

ထိုအထိတွေးပြီးနောက်မှာတော့ ကျိုးသာ့လေသည် ရှဲ့ယွီအားလှမ်းဆွဲလိုက်ပါ၏။

"ရှဲ့Boss ၊ မင်း. . . . . . ငါလက်နက်တစ်ခုခုရှာပြီးတဲ့ထိတော့ စောင့်ပါဦး။"

ရှဲ့ယွီသည် လက်ထဲကတုတ်ကိုသာကမ်းပေးလိုက်သည် ၊ သူကတော့ လက်ချည်းဗလာ လက်သီးချင်းယှဉ်ထိုးချလည်းအဆင်ပြေသည်။

"အခုမင်းမှာရှိသွားပြီနော်။"

". . . . . ."

ရှဲ့ယွီပုံစံက သိသာလွန်းနေရာ သူတို့မျက်နှာချင်းဆိုင်တွင် ရပ်နေကြသည့်လူတစ်စုသည်လည်း သည်းမခံနိုင်တော့ ၊ ကွမ်မောက်အုပ်စုထဲက ကောင်လေးကကြည့်တာနှင့်ချချင်နေမှန်း သတိထားမိလိုက်ရာ လေသံကိုမြှင့်၍ဆဲဆိုတော့သည်။

"ကောင်းပြီ ၊ ဒီနေ့ဒီအကြွေးကို မင်းတို့နဲ့အပြတ်ရှင်းမယ် ၊ အစ်မမေ ပုံမှန်ဆိုခင်ဗျားကိုကျုပ်တို့က ဒီတစ်ဝိုက်ရဲ့အစ်မကြီးဖြစ်တာမို့ လေးစားသမှုရှိခဲ့တယ် ၊ ခင်ဗျားကိုအမြင်ကြည်ပေးခဲ့တယ် ၊ ဒါကိုခင်ဗျားက ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်မှတ်လိုက်တာပေါ့လေ--- ---"

"မင်းမေလူး ၊ သူတို့နဲ့စောက်စကားဘာလို့ပြောနေဦးမှာလား. ."

ခေါင်းဆောင်ဖြစ်သည့်သူက စီးကရက်ပြာတို့ကိုတောက်ချကာ လမ်းလျှောက်ပုံကလည်း ပုံမှန်မဟုတ်။

"ဒီနေ့လာတာက ကွမ်မောက်ကိုဖျက်စီးဖို့ပဲ!"





ဟယ့်ကျောင်းသည် ထိုအထိကြားပြီးသည့်နောက်မှာတော့ ခေါင်းထဲရှိသည့် 'ခဏနေလို့ ကလေးလေးကိုတွေ့ရင် အံ့သြသွားအောင်လုပ်မယ် ၊ ဖာ့ခ် ငါကတော့စံပြဘဲပါပဲကွာ ၊ ငါ့ရဲ့ သားသားနားနားထွက်ပေါ်လာပုံကိုသာ ကလေးလေးတွေ့သွားလို့ကတော့ သေချာပေါက် သေမတတ်ရင်ထဲထိလောက်မှာ ၊ ပြီးရင်တော့ ကိုယ်တို့နှစ်ယောက် လက်ချင်းတွဲပြီး လမ်းပေါ်ရိုဆန်ဆန် ပတ်လျှောက်ကြမယ်' ဆိုသည့်အတွေးတို့မှာဆို ချက်ချင်းပဲအစိတ်စိတ်အမြွှာမြွှာကွဲကြေသွားတာ့သည်။

ဟယ့်ကျောင်းသည် အကျွမ်းတဝင်မရှိသည့်လမ်းထောင့်၌ ဆောင့်ကြောင့်ထိုင်လျက် မျက်စိရှေ့က စနစ်တကျမရှိသည့် လူနေရပ်ကွက်တစ်ခုအားကြည့်နေမိပြီး 'ကွမ်မောက်' ဟူသည့်စကားလုံးနှစ်လုံးအား မှတ်သားနေမိသည်။

စိတ်ထဲမှဆိုမိ၏ ၊ ကလေးလေးရဲ့ ဒီလိုရန်ပွဲသတ်လို့နေတဲ့နေ့ရက်တွေက စိတ်လှုပ်ရှားဖို့တော့တကယ်ကောင်းသား။





ရှဲ့ယွီသည် ဖုန်းချလိုက်ပြီးနောက် ရှေ့သို့လျှောက်သွားလိုက်ပြီး လေသံတိမ်တိမ်ဖြင့်မေးလိုက်သည်။

"ဘယ်ကလူတွေလဲ ၊ ဘာလုပ်နေတာလဲ? . . . . . . ဒီလိုလာပြီး သောင်းကျန်းလို့တော့မရဘူးလေ။"

ရှဲ့ယွီသည် ခဏမျှနားထောင်နေလိုက်၏ ၊ ထိုလူတစ်စုမှာ စောက်စကားတွေသာများလွန်းပြီး တကယ့် အသုံးဝင်မည့်သတင်းစကားများကိုတော့ဖြင့် တစ်ကြောင်းသော်မျှမကြားရ ၊ ဘာကိစ္စကြောင့်နဲ့ အုပ်စုဖွဲ့ပြီး ပြဿနာလာရှာသည်ကို မသိရသေးချေ။ သူသည် အစကတော့ စိတ်ရှည်သည်းခံပြီး သူတို့တစ်တွေ အကြောင်းအရင်းအသစ်တွေများ ပြောဦးမလားဟု နားထောင်နေပေမယ့် ထိုတစ်စုမှာ ဟိုပြောဒီပြောကိုမှ ဟိုးပဝေသဏီကစကားတွေကိုပဲ ထပ်ခါထပ်ခါဆိုပြီး ပြောလေတိုင်းဆဲရေးစကားများသာထွက်လို့လာသည်။

"အနုပ်စုတ်ကုတ်စုတ် တေလေကြမ်းပိုးတွေလေ ၊ တအားစိတ်ရှုပ်ဖို့ကောင်းတာ ၊ မြောက်လမ်းဘက်ကလာကြတာတွေ ၊ မင်းမေငါယိုး. . . . . ."

ရွှီယန့်မေမှာ မကြာသေးခင်ကမှပင် ဆေးလိပ်သောက်ထားခြင်းကြောင့် အသံကဝင်နေ၏ ၊ မသိစိတ်မှနေ ဆက်လက်ဆဲဆိုဦးမလို့ပေမယ့် တစ်ဝက်မျှအရောက်မှာတော့ ထိန်းချုပ်လိုက်ရပြီး လှည့်၍ရှဲ့ယွီကိုစိုက်ကြည့်လိုက်ပါသည်။

"ဘာလုပ်နေတာလဲ ၊ ငါကမှမေးချင်တာပါ မင်းတို့ဘာလုပ်နေတာလဲလို့? လေကျစ် ၊ မင်းသူ့ကိုဆွဲခေါ်ပြီးပြန်တော့။"

ကျိုးသားလေသည် ဘေးတွင်ရပ်လျက်မှ စဉ်းပင်မစဉ်းစားတော့ဘဲ ပြောလိုက်၏။

"ဆွဲခေါ်လို့မနိုင်ဘူး။"

ရွှီယန့်မေ : ". . . . . ."






လိုတိုရှင်းပြောမည်ဆို ရှေ့ရက်အနည်းငယ်က ရွှီယန့်မေတွင် ကုန်ကားအနည်းငယ်ရောက်ဖို့ရှိလေသည် ၊ ဒီကွမ်မောက်စျေးဘက်၌ လူကမလောက်သဖြင့် ကြီးကြပ်သူအား လူနည်းနည်းထပ်ရှာပေးဖို့ခိုင်းလိုက်သည် ၊ ကြီးကြပ်တဲ့သူဆိုတာကလည်း လောဘကြီးပြီး ပိုက်ဆံလည်းဖြတ်သေး ၊ ဒီလိုစိတ်မချရသည့်လူတွေကိုလည်း အလုပ်လာလုပ်ဖို့ခေါ်လာလေသည်။

အဆုံးတွင်တော့ ပစ္စည်းချလို့ပြီးနောက် ပစ္စည်းစစ်သည့်အခါတွင် အရေအတွက်ကမကိုက်ဖြစ်တော့သည်။

သူတို့ကိုရှာပြီး စာရင်းပင်မရှင်းရသေး ထိုလူတစ်စုက တစ်ပြန်ကြီးလာကိုက်ပါလေတော့သည် ၊ ကွမ်မောက်အဆောက်အဦးရှေ့ သောင်လာတင်နေပြီး ခင်ဗျားတို့က လူကောင်းတွေကိုလာစွပ်စွဲနေတာပဲ ၊ ကျုပ်တို့အပေါ် မဟုတ်တမ်းတရားတွေပြောတာ ၊ စိတ်ထိခိုက်ရတဲ့အတွက် အလျော်ပေးရမယ် ဟူ၏။

ကြားရတာ ရယ်စရာပင်ကောင်းနေတော့သည်။

သို့တိုင် ဒီလိုကိစ္စရပ်မျိုးက ဒီဘက်ပိုင်း၌ နေ့တိုင်းလိုလိုဖြစ်နေကြပင်ဖြစ်သည်။

ယဉ်ကျေးမှုကမရှိ ၊ လုံခြုံရေးပိုင်းကလည်း ပရမ်းပတာဖြင့် တော်တော်များများမှာ ကျောင်းထွက်ပြီးနောက် လမ်းသရဲလုပ်ဖို့သာ ဆန္ဒရှိကြပြီး 'စိတ်တူကိုယ်တူ' သူငယ်ချင်းအပေါင်းအပါတို့နှင့်စုဝေးကာ လူမိုက်ဂိုဏ်ငယ် ၊ အဖွဲ့ငယ်တို့ဖွဲ့ထားကြသည် ၊ အောင်မြင်သည်အထိတော့မရောက်ပေမယ့် သူ့ဟာနှင့်သူအင်အားအနည်းငယ်တော့ ရှိကြသည်။

အလုပ်ကြမ်းဆိုတာကလည်း တစ်သက်လုံး အလုပ်ကြမ်းလုပ်သွားလို့မှမဖြစ်တာပင်။

ဒါ့အပြင် သူတို့ကိုယ်သူတို့ လမ်းသလားနေခြင်းကိုပင် အလွန်သားနားတယ်ဟု ထင်နေကြသေးသည်။

ရွှီယန့်မေမှာ သူတို့နှင့် မဆုတ်သာမတိုးသာအခြေအနေမျိုးဖြင့် နှစ်အတော်ကြာရှိရသည်မှာ သူတို့နှင့်ရန်ပွဲမဖြစ်ချင်တာကြောင့်ပါပေသည် ၊ အသက်ပဲရလာလို့လား မသိပါ တဖြည်းဖြည်း ဂရုဏာစိတ်ဖြင့် သက်ညှာပေးတတ်လာပြီး ဖြစ်နိုင်လျှင် ခွင့်လွတ်ပေးလိုက်ချင်၏ ၊ နဂိုကတော့ သူတို့ကိုခြောက်ပြီး မောင်းထုတ်ရန်သာ စိတ်ကူးထားပေမယ့် ထိုအမှိုက်သရိုက်ကောင်တစ်စုမှာ သင်္ချိုင်းမရောက်လျှင် မျက်ရည်ကျမည်မဟုတ်သည့် အမျိုးအစားတွေပေ။

ရွှီယန့်မေသည် ရှဲ့ယွီသတိမထားမိခင်ကို အခွင့်ကောင်းယူ၍ လက်ထဲကနည်းနည်းသာသောက်ထားရသေးသောကြောင့် လွှင့်ပစ်ဖို့နှမြောနေမိသည့် စီကရက်အား တိတ်တိတ်လေးခိုး၍ပစ်ထုတ်လိုက်ပါပြီး ထရပ်ကာပြောလိုက်တော့သည်။

"ငိုးပဲ ၊ သည်းမခံနိုင်တော့ဘူး။"

"ဒီအိုကြီးအိုမကို ခြိမ်းခြောက်အကြပ်ကိုင်ချင်ကြတာပေါ့လေ.

ရွှီယန့်မေက ဆက်လို့ပြောသည်။

"စိတ်ထိခိုက်နစ်နာသွားတယ်ဆိုလည်း ဆေးစရိတ်အတွက် စဉ်းစားပေးလို့ရပါတယ်။"

ရှဲ့ယွီ : "ချ။"

ကျိုးသာ့လေ : "တစ်ခါလောက်ချပေးလိုက် အမှန်တရားပေါ်လာလိမ့်မယ်။"

ဘေးဝန်းကျင်ရှိ သွားသွားလာလာဖြတ်လျှောက်ကြသူတို့မှာ အကုန်စိတ်ဝင်တစားပွဲကြည့်လို့နေသည် ၊ သို့တိုင်ထိုအနီးတဝိုက်နေထိုင်ကြသူတို့ကတော့ တည်တည်ငြိမ်ငြိမ်မျက်နှာဘေးတို့ဖြင့်သာ ပွဲကြည့်လျက်ရှိကြသည် ၊ သူတို့အတွက်တော့ ဒီလိုကိစ္စမျိုးအား ကြည့်ချင်လျှင် ဘယ်ရက်မဆိုမြင်တွေ့နေကြရခြင်းကြောင့်ပေ။

ရွှီယန့်မေက ဆိုလာ၏။

"မင်းတို့နှစ်ယောက်က ချီးကိုချမှာလား ၊ မြန်မြန်သာပြန်ကြစမ်း!"

မျက်နှာချင်းဆိုင်ရှိ လူအရေအတွက်မှာ ဆယ်ယောက်ကျော်ခန့်ရှိပြီး သူတို့ဘက်နှင့်သိပ်မကွာလှ။

နှစ်အုပ်စုလုံး ဟိုဟိုဒီဒီအချိန်ဆွဲနေကြတာ နာရီဝက်ပင်ပြည့်တော့ပေမည် ၊ ရှဲ့ယွီသည် လက်ကောက်ဝတ်ကို သုံး/လေးကြိမ်မျှလှည့်ကာ ချက်ချင်းပဲလက်ပါဖို့စိတ်ကူးမိစဉ်မှာပင် ဘေးပတ်ဝန်းကျင်ရှိလူအုပ်ထံမှ အသံတို့ကရုတ်တရက်ကြီး ပိုမိုဆူညံလာခဲ့သည်။

ရှဲ့ယွီသည် စောင်းငဲ့လို့ကြည့်လိုက်မိရာ လူတစ်စုတစ်ဖက်လမ်းထိပ်မှ လာနေသည်ကိုတွေ့လိုက်ရ၏ ၊ လက်ထဲမှာလည်း အကုန်လက်နက်တွေကိုင်ဆောင်လို့ထားကြပြီး အထူးသဖြင့် ဦးဆောင်လာသူမှာဆို လမ်းလျှောက်ပုံက တက်ကြွကာ မာန်ပါလျက်ရှိချေသည်။

မည်ကဲ့သို့သောအခြေအနေမှန်း မသိကြသော်ငြားလည်း ဝိုင်းကြည့်နေကြသည့်လူအုပ်စုမှာဆို အလိုလိုကိုထိုသူတို့အတွက် လမ်းတစ်ခုဖွင့်ပေးမိကြသည်။

". . . . . ."

ရွှီယန့်မေသည်လည်း လှမ်းလို့ကြည့်လိုက်၏။

"အဲ့ဒါဘယ်သူလဲ ၊ ဘာလုပ်တာတုန်း?"

ကျိုးသာ့လေမှာ ကြည့်ရင်းကြည့်ရင်း စိတ်ထဲမှနေ ရင်းနှီးမှုတစ်စုံတစ်ရာကထင်ဟပ်လို့လာသည်။

"ဒီကောင်တွေကို နည်းနည်း. . . . . . နည်းနည်းရင်းနှီးနေသလိုပဲ?"

ရှဲ့ယွီသည် စကားမဆိုမိပါဘဲ စိတ်ထဲကနေပြီးသာ Fuckဟုတစ်ချက်မျှဆဲရေးမိလိုက်ပါ၏။






"မင်းများများစား ၊ အရသာဘယ်လိုနေလဲ ၊ စာကောင်းတယ်ဆို ထမင်းနောက်တစ်ပန်းကန်ထပ်ယူပါဦးလား!"

ရှဲ့ယွီအသိပြန်ဝင်လာချိန်တွင်တော့ လူကိုယ်တိုင်မှာ အန်တီမေ၏ထမင်းစားပွဲ၌ ထိုင်လျက်ရှိနေပြီဖြစ်သည်။ သူသည် တူဖြင့် ပန်းကန်ထဲကထမင်းတို့ကို အသာလေးထိုးဆွနေမိပါ၏ ၊ ထို့နောက်မှာတော့ ရွှီယန့်မေတစ်ယောက် ဝက်သားနှပ်တစ်တုံးအား တူဖြင့်ညှပ်ယူနေသည်ကို ကြည့်နေမိလိုက်သည်--- --- အသားကိုညှပ်ထားသည့်တူမှာ သူ့ကိုကျော်လွန်သွားပြီး အဆုံးတွင်တော့ သူ့ဘေးကလူ၏ပန်းကန်ထဲဆိုက်ရောက်လို့သွားပါလေသည်။

ဟယ့်ကျောင်းမှာ ကျေးဇူးပါဟုအထပ်ထပ်ဆိုနေမိသည်။

"အရသာက အရမ်းကောင်းတယ် ၊ ဒီဝက်သားနှပ်ပေါ့ ၊ အဆီများပေမယ့် မအီဘူး ၊ ဟင်းအစပ်အဟက်ကလည်း တည့်တယ်။"

အန်တီမေသည် ဟယ့်ကျောင်းပန်းကန်ထဲ နောက်တစ်တုံးထပ်လို့ထည့်ပေးလိုက်ပြန်၏ ၊ အမွှမ်းတင်ခံရ၍ ပျော်လို့နေကာ ဝံ့ကြွားစွာဖြင့်ဆိုလိုက်သည်။

"ဘာကိုကျေးဇူးတင်နေတာတုန်း ၊ ငါတို့ကိုအားနာနေဖို့ကိုမလိုဘူး။"

". . . . . ."

ရှဲ့ယွီသည် တူကိုချလိုက်၏ ၊ စကားလည်းပြောချင်စိတ်ကိုမရှိ။

ကျိုးသာ့လေကတော့ဖြင့် ဘာကိုမှမခံစားမိဘဲ အတော်လေးပီတိရွှန်းလျက်သာနေသည်။

"ဟေ့--- --- မင်းခုနကလေ သောက်ရမ်းမိုက်တယ်။ မင်း အဲ့လောက်လူအများကြီးကို ဘယ်ကနေများရှာလာတာလဲ သားကြီး?"

ဟယ့်ကျောင်းကပြောသည်။

"တစ်ဖက်လမ်း အင်တာနက်ဆိုင်က ၊ လျှပ်တစ်ပြက်အုပ်စုဖွဲ့ သရုပ်ဆောင်လိုက်တာ။"

ကျိုးသာ့လေ : ". . . . . ."





ခုနတုန်းက ဟယ့်ကျောင်းမှာ လူအုပ်ကိုဦးဆောင်ကာ ပေါ်ထွက်လို့လာပြီး ရုတ်ရုတ်သဲသဲအခြေအနေကိုထိန်းသိမ်းလိုက်၏ ၊ ဤလူသည်ကား ဒရာမာလည်း ခင်းလွန်းတတ်ပေရာ ဟိုလူတစ်စုမှာဆို သူ့အားဂိုဏ်းတစ်ဂိုဏ်းကတစ်ယောက်ယောက်ဟု တကယ်ကြီးထင်မှတ်လို့သွားကြသည်။ ကျိုးသာ့လေမှာ တစ်လျှောက်လုံး နှစ်ထောင်းအားရစွာဖြင့်ကြည့်ကာ အဆုံးတွင်တော့ ဗိုက်ကိုလက်နှင့်ဖိ၍ ဆောင့်ကြောင့်ထိုင်ချလျက်မှ ရယ်လိုက်မိတော့သည်။

"ရှဲ့Boss မင်းရဲ့ထုံကျောကတော့ တအားကိုတော်ချက်ဗျာ. . . . . . ဒီလူနောက်ကျရင် သေချာပေါက်ကို နာမည်ဂုဏ်သတင်းကြီးမှာပဲ။"

ရှဲ့ယွီသည် စိတ်ထဲမှဆိုမိ၏ - ဟုတ်တယ် ၊ အနာဂတ်မှာ မြေတူးစက်မောင်းမယ့် အစ်ကိုကြီးလေ ၊ မတော်ဘဲနေမလား။





အန်တီမေ့အိမ်က ထမင်းစားခန်းမှာသေးလှပေ၏ ၊ ဧည့်ခန်းနေရာထဲက နေရာနည်းနည်းဖဲ့ယူထားသည့် အခန်းငယ်ကလေးပင်ဖြစ်သည်။ အရင်ကဆို လူများများစု၍စားသောက်ကြမည်ဆိုတိုင်း နောက်ဖေးဝင်းထဲ၌ စားပွဲဝိုင်းအကြီးကြီးပြင်ဆင်လိုက်ကြသည်သာ ၊ မိုးလေဝသအခြေအနေကို တစ်ချက်ကြည့်ဖို့တော့လိုပေ၏ ၊ သာယာပြီး မင်္ဂလာရှိသည့်ရက်ကို ရွေးကြရသည်။

ရှဲ့ယွီနောက်သို့သာကျောကိုမှီလိုက်မည်ဆို နံရံကိုပင်မှီချလို့ရပေသည်။

"ဘာဖြစ်လို့လဲ. ."

ဟယ့်ကျောင်းသည်လည်း တူကိုချလိုက်ပြီး စားပွဲအောက်ထဲလက်ထိုး၍ ရှဲ့ယွီကိုတို့လိုက်၏။

"ဘာလို့မစားတာလဲ။"

ရှဲ့ယွီမှာ အတော်ကြာကမှ တစ်ခွန်းသာဆိုလာသည်။

"စိတ်အနားယူနေတာ။"

ရွှီယန့်မေရဲ့ ဟယ့်ကျောင်းဆိုသည့်ကောင်လေးအပေါ်ထားသည့်အမြင်ကတော့ သိပ်ကိုကောင်းလှပေသည်။ ဒါကသူမရဲ့ရှောင်ယွီ ပထမဆုံးအတန်းဖော်ကိုခေါ်လာဖူးခြင်းလည်းဖြစ်၏ ၊ ထိုတစ်ယောက်မှာ နှုတ်လည်းချိုပြီး စကားပြောလည်းကောင်းလှ၏။ နောက်ဆုံးတွင်တော့ ဝက်သားနှပ်ဟင်းမှာဆို ကျိုးသာ့လေပင်ဘယ်နှစ်တုံးမှမစားလိုက်ရ အကုန်ဟယ့်ကျောင်းပန်းကန်ထဲသာ ရောက်လို့သွားသည်။

"အန်တီမေ ၊ ထပ်မထည့်တော့နဲ့. ."

ရှဲ့ယွီသည် ဘေးတွင်ထိုင်နေရင်းမှ အန်တီမေ၏ ဟယ့်ကျောင်းပန်းကန်ထဲမပြီးနိုင်မစီးနိုင်ဟင်းတွေထည့်ပေးနေသည်တို့ကိုကြည့်ကာ ပြောလိုက်တော့သည်။

"သူမစားနိုင်တော့ဘူးရယ်။"

ရွှီယန့်မေတစ်ယောက် ထိုအခါမှသာတူကိုချလိုက်ပြီး ပြန်တွေးမိ၏။

"ကျွေးတာတော်တော်လေးများသွားတယ်နဲ့တူတယ်။"

နားထောင်ရသည်မှာ ဝက်စာကျွေးနေသကဲ့သို့ပါပင်။

ကျွေးပြီးနောက်၌လည်း ရွှီယန့်မေသည် လူကိုမလွွှတ်တမ်းဆွဲလို့ထားသည်။

"ငါတို့ရှောင်ယွီ ကျောင်းမှာဘယ်လိုနေလဲဟင် ၊ သူ့စိတ်ကလက်တစ်ဆစ်မို့ မင်းသူ့ကိုထိန်းပြီး ဖျောင်းဖျပေးနော်. . . . . ."

ရှဲ့ယွီသည် ရွှီယန့်မေအား ပြောပြချင်လာရ၏ ၊ သူ ဒီစာသင်နှစ်ထဲမှာ ရန်ဖြစ်ရသည့်အကြိမ်တိုင်းက အကုန်သူမရှေ့ကတစ်ယောက်နဲ့အတူတူပါဟူ၍။

ဟယ့်ကျောင်းဆိုလာသည်မှာ. .

"ကျွန်တော်တို့ရှောင်ယွီ. . . . . . အာ မဟုတ် ၊ အန်တီတို့ရဲ့ရှောင်ယွီက ဟို ကျောင်းမှာအတော်လေးကောင်းပါတယ်။"

ရှဲ့ယွီသည် ညာဘက်မျက်ခွံပင်လှုပ်လို့လာ၏ ၊ သိပ်မဟုတ်တော့ဘူးဟု စိတ်ထင့်လို့သွားခဲ့ရသည်။

ထင်သည့်အတိုင်းပင် နောက်စက္ကန့်ပိုင်းမှာပဲ ဟယ့်ကျောင်း၏ မဟုတ်တမ်းတရားတွေကို ကြားလိုက်ရပါတော့သည် ၊ ဘာတဲ့ အတန်းကိုလည်းပုံမှန်တက်တယ် ၊ စာလည်းကြိုးစားတယ် ၊ အပေါင်းအသင်းလည်းဝင်ဆံ့တယ် ၊ ကျောင်းစည်းကမ်းတို့ကိုလည်း လိုက်နာတယ် စသဖြင့်အကုန်ထွက်လာ၏။

ပြောရင်းပြောရင်းလွန်လာမည်စိုးသဖြင့် ရှဲ့ယွီသည် စားပွဲအောက်ကနေ ဟယ့်ကျောင်းလက်အားဆိတ်ဆွဲလိုက်ရသည်။

ရွှီယန့်မေတစ်ယောက်ကတော့ ဘယ်နားပုံမှန်မဟုတ်မှန်း သတိကိုမထားမိချေ။

သူမအထင်၌ သူများကတစ်လှေကြီး အမွှမ်းတွေတင်နေ၍ အားပင်နာလို့လာရကာ ကိုယ်တိုင်ပင်အပြစ်ကလေးရှာလို့ ဆိုလိုက်ရသည်။

"ငါတို့ရှောင်ယွီက အဆင့်တော့မကောင်းဘူး။"

"ကိစ္စမရှိဘူး. ."

ဟယ့်ကျောင်းကပြောသည်။

"ကျွန်တော်က သူ့ထက်ပိုတောင်မကောင်းသေး။"

ရွှီယန့်မေ : ". . . . . ."





ကျိုးသာ့လေသည် နေ့လည်စာလည်းမစားလိုက်ရသဖြင့် ဗိုက်ဆာလွန်းတာနှင့် ပါးစပ်ထဲသာသွတ်ကာ ကျန်သည့်ဝက်သားနှပ်တို့ကိုစားနေလိုက်သည်။

ရွှီယန့်မေကတော့ မီးဖိုခန်းဘက်လှည့်ကာ အသီးသွားခွဲလျက်ရှိသည် ၊ သစ်သီးလှီးဓားကိုကိုင်၍ ပန်းသီးလှီးနေသည်မှာ လူသတ်နေသည့်အလား တဒုတ်ဒုတ်ဖြင့် ကြားရသည်မှာလန့်စရာပင်ကောင်းလှသည်။

ရှဲ့ယွီသည် မကြာသေးခင်က ဟယ့်ကျောင်းလက်ကိုဆိတ်ဆွဲလိုက်ပြီးနောက် တစ်လျှောက်လုံးမလွှတ်တော့ဘဲ ဟယ့်ကျောင်းလက်ပေါ် လက်ချောင်းကလေးအသာတင်၍ လှမ်းဆွဲရင်းမေးလိုက်သည်။

"မင်းကဘာလာလုပ်တာလဲ?"

ဟယ့်ကျောင်းက သူ့နားအနားကပ်၍ တိုးတိုးလေးဆိုလာ၏။

"မင်းကိုလာရှာတာ။"

နှစ်ဦးသားသည် စကားဆက်မပြောကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက်စိုက်လို့ကြည့်ကာ ရုတ်ခြည်း ဘာစကားမှလည်းပြောနေဖို့မလိုအပ်တော့ချေ။

ရှဲ့ယွီသည် အကြည့်မလွှဲမိ ၊ ယခုလေးတင်မှ ဟယ့်ကျောင်းကပ်ကာပြောသွားသည့် သူ့နားတစ်ဝိုက်သည်ကား အတန်ငယ်ပူနွေးနေသလိုခံစားနေရသည်။

ရွှီယန့်မေမှာ လုပ်ပုံကိုင်ပုံတို့ကကြမ်းတမ်းပေမယ့် ခွဲယူပြင်ဆင်လာသည့်အသီးပန်းကန်မှာဆို ကြည့်ရတာမဆိုးဘဲရှိလှသည်။ သို့တိုင်အသီးပန်းကန်၏ အနားပတ်လည်တွင်တော့ သစ်ကြားသီးတွေပတ်လည်ဝိုင်းလျက်ရှိပေသည်။

ဟယ့်ကျောင်းသည် ချီတုံချတုံဖြင့် မေးလိုက်မိပါ၏။

". . . . . . ဒါက?"

ရွှီယန့်မေသည် လက်သုတ်၍ မီးဖိုခန်းထဲမှထွက်လာကာ ဘွင်းဘွင်းပဲဆိုလိုက်ပါသည်။

"စား ၊ ဦးနှောက်ကိုအားဖြည့်ပေးတယ်။"

ရှဲ့ယွီ : ". . . . . ."

ဟယ့်ကျောင်း : ". . . . . ."

နောက်ဆုံးပြန်ကြသည့်အချိန်၌လည်း နှစ်ယောက်လုံး၏လက်ထဲသို့ နှစ်ထုပ်တောင်ထည့်လို့ပေးလာတော့သည်။ ခွာပြီးသားဖြစ်ပြီး ဘယ်အချိန်ကတည်းကကြိုတင်ပြင်ဆင်ထားသည် မသိရပါ။ ရှဲ့ယွီမှာ အနီရောင်ပလတ်စတစ်အိတ်ကိုဆွဲလို့ စိတ်ထဲအနည်းငယ်ရှုပ်ထွေးလို့သွားရသည်။

ဟယ့်ကျောင်းကတော့ အတော်လေးပျော်မြူးလို့နေ၏။ ထိုပျော်မြူးနေမှုမှာ ရှဲ့ယွီနှင့်အတူ ဘေးချင်းယှဉ်၍ ကားဂိတ်သို့လျှောက်ပြန်လာပြီး ကားစောင့်နေချိန်အထိ တစ်လျှောက်လုံးဖြစ်ကာ အဆုံးတွင်တော့ မချုပ်တည်းထားနိုင်တော့။

"ဒါကို မိဘနဲ့လိုက်တွေ့တာလို့ ယူဆလို့ရလား?"


____________


ဒီနေ့လေးကတော့ အစ်ကိုကျောင်းရဲ့မွေးနေ့လေးပါ~🥳

0806 Happy Birthday Zhao Ge ! 🎂💙

Continue Reading

You'll Also Like

983K 136K 95
သာမန်ရိုးရှင်းတဲ့အိမ်ထောင်သည်ဘဝဟာသဘာသာပြန်လေးပါ.. All Credit original authors & translators. Fan translation and offlline purpose .
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
14.2K 1.2K 6
ဖုန်းရှင့်နှင့် မုချင်ကို မြတ်နိုးမိ၍ ဘာသာပြန်ခြင်း [!! spoiler alert!!] Original Author : heartbeatangel (on ao3) (I've got the permission to transl...
1.2M 188K 78
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I just translate.Fully credit to original...