伪装学渣
Wei Zhuang Xue Zha
ZAWGYI
ခ်စ္သူေကာင္ေလး စာမလုပ္တာကို ဘယ္လိုလုပ္ရမလဲ
စာေမးပြဲခန္းထဲ၌ ခိုးခ်ေနျခင္းတို႔ရွိေသာ္ျငားလည္း အလြန္းမွတိတ္ဆိတ္လ်က္ရွိသည္။
ေလာင္ထန္မွာ သူတို႔အဖြဲ႕ကိုေက်ာ္လြန္လို႔သြားၿပီး စတိတ္စင္ဘက္လွည့္သြားခ်ိန္မွာေတာ့ သူလွည့္လိုက္ပါသည့္အခ်ိန္တဒဂၤမွာပဲ စာေမးပြဲခန္းထဲ စကၠဴလံုးတို႔ပလူပ်ံသြားၾကျခင္းကိုေတာ့ သတိမထားမိလိုက္ပါေခ်။
"အေျဖလက္ဆင့္ကမ္းတာမဟုတ္ဘူး. ."
ဟယ့္ေက်ာင္းလက္ဖဝါးျပင္သည္ကား ဗလာျဖစ္လ်က္ဘာစကၠဴမွရွိမေန ၊ ရွဲ႕ယြီ၏လက္ကအနည္းငယ္ေအးစက္လို႔ေနရာ သူသည္မေနႏိုင္ဘဲေျပာမိေတာ့သည္။
". . . . . . ငါအရင္တစ္ေခါက္ကတည္းက ဒီလိုမ်ိဳးလုပ္ခ်င္ခဲ့တာ။"
ျပတင္းမွန္ထက္သို႔ မိုးေရစက္မ်ားလာစင္ၿပီး လိႈင္းတြန္႔ကေလးမ်ားထလို႔လာသည္။
ခဏမွ်ၾကာလြန္အၿပီးတြင္ေတာ့ ရွဲ႕ယြီသည္ ေမးလိုက္၏။
"ရၿပီလား။"
ဟယ့္ေက်ာင္း : "မရေသးဘူး။"
". . . . . ."
"ခဏေလာက္ထပ္တြဲထားဦးမယ္။"
ရွဲ႕ယြီသည္ တံု႔ဆိုင္းသြားခဲ့ေလၿပီး ေျပာစရာမရွိျဖစ္ကာ အနည္းငယ္လည္းရယ္ခ်င္သြားရသည္။
"မင္းကလူဆိုးပဲ။"
ေလာင္ထန္အနားေရာက္လာေတာ့မည္ကိုျမင္မွသာ တစ္စံုတစ္ေယာက္ေသာလူဆိုးေကာင္မွာ ထိုအခ်ိန္ၾကကာမွ လက္ကိုလႊတ္ေပးလို႔လာေတာ့သည္။
ေလာင္ထန္မွာ ဟယ့္ေက်ာင္းေနရာေရွ႕၌ မိနစ္အနည္းငယ္ၾကာရပ္၍ ဟယ့္ေက်ာင္းအေျဖလႊာအားၾကည့္လာခဲ့သည္ ၊ ၾကည့္ေလေလမ်က္ေမွာင္တို႔ျကဳတ္လာေလေလျဖင့္ အဆံုးတြင္ေတာ့ စိတ္ရႈပ္သြားဟန္ျဖင့္ စာမ်က္ႏွာႏွစ္ဖက္လံုးအျပည့္ေရးေျဖလို႔ထားပါသည့္ အေျဖလႊာအားၾကည့္ကာ သက္ျပင္းခ်လို႔လာေလသည္။
". . . . . ."
ေလာင္ထန္ထြက္သြားခ်ိန္မွာေတာ့ ဟယ့္ေက်ာင္းသည္ ေဘာပင္ျဖင့္ရွဲ႕ယြီကိုတို႔လိုက္ပါ၏။
"သူဒါကဘာအဓိပၸာယ္တုန္း?"
"ေက်ာင္းေကာ ၊ ေခါင္းေလးငံု႔ၿပီး ကိုယ့္ကိုယ္ကိုယ္ဘာေတြေျဖထားလဲဆိုတာကို ၾကည့္လိုက္ဦး. ."
ရွဲ႕ယြီကေျပာသည္။
"စိတ္ထဲကေနနည္းနည္းေလးမွ သိမေနဘူးလား?"
ရွဲ႕ယြီသည္ ေျပာၿပီးေနာက္မွ မတက္ႏိုင္စြာျဖင့္ေတြးလိုက္မိရသည္ ၊ ဒီအ႐ူးေကာင္က တကယ္လည္းစိတ္ထဲဘာမွသိေနမွာကိုမဟုတ္ေပဟု။
ႏြားရွစ္ေကာင္ႏွင့္ဆြဲတင္ရင္ေတာင္ ေအာင္မည္မဟုတ္သည့္ စာညံ့သူျဖစ္ေလသည့္ထိုတစ္ေယာက္မွာ သူ႔ကိုယ္သူေတာ့ေျဖထားတာအေတာ္ေလးေကာင္းမြန္သည္ဟုထင္ၿပီး ယံုၾကည္ခ်က္တို႔အျပည့္ရွိေနေလ၏။
မနက္ပိုင္းေျဖရမည့္ ဘာသာရပ္အကုန္ေျဖဆိုလို႔ျပီးသြားရာ ေန႔လည္ပိုင္းနားခ်ိန္တြင္ေတာ့ အားလံုးလိုလိုမွာ အေျဖေတြတိုက္ေနၾကသည္။
"အစ္ကိုေက်ာင္း ၊ မင္းရဲ႕က်ိန္းေသေပါက္စာေမးပြဲေအာင္မယ္ဆိုတာက အသံုးလည္းမဝင္ဘူး ၊ သခၤ်ာအပုဒ္ႀကီးေတြ ငါသံုး/ေလးပုဒ္ေလာက္ေတာင္မွားတယ္. ."
ဝမ့္သာသည္ ထို'က်ိန္းေသေအာင္မည္'ဆိုသည့္စာရြက္အား ဟယ့္ေက်ာင္းထံျပန္လို႔သာေပးလိုက္သည္။
"မင္းဘာသာပဲသိမ္းထားေတာ့။"
"ငါလည္းအသံုးမဝင္ဘူးလို႔ ထင္တာပဲ. ."
ဟယ့္ေက်ာင္းသည္ ဖုန္းကိုယူလိုက္ရင္းမွေျပာသည္။
"မနက္ကပထမဆံုးတ႐ုတ္စာေပေျဖတုန္းကဆို ေလာင္ထန္ကငါ့အေျဖလႊာၾကည့္ၿပီး သက္ျပင္းခ်သြားတာ ၊ ငါေရာင္းတဲ့သူကိုသြားေမးဦးမယ္။"
ရွဲ႕ယြီမွာေတာ့ သူ႔ဘဲဒီလိုေတြလုပ္ေနသည္အား နားကိုမလည္။
"ေရာင္းတဲ့သူေမးၿပီး ဘာလုပ္မလို႔လဲ?"
"အသံုးျပဳနည္းမ်ားမွားတာလားလို႔ ေမးၾကည့္မလို႔။"
"ဘယ္လိုမ်ားသံုးဦးမွာလဲ ၊ ျပဳတ္ၿပီးသာေသာက္ပစ္လိုက္?"
". . . . . . အဲ့ေလာက္ႀကီးေတာ့ မဆိုးဝါးေလာက္ပါဘူးဟ။"
စုေဝးလ်က္ ေဆြးေႏြးေနၾကသည့္အခိုက္မွာပင္ ေနာက္ဆံုးတြင္ေတာ့ ေရာင္းတဲ့သူထံမွစာျပန္လို႔လာသည္ - စိတ္ရင္းနဲ႔ယံုၾကည္မႈအျပည့္အဝရွိမွသာ အက်ိဳးသက္ေရာက္မည္။
"ယံုၾကည္မႈအျပည့္ရွိမွ အက်ိဳးသက္ေရာက္. ."
ဟယ့္ေက်ာင္းသည္ က်ိန္းေသေပါက္ေအာင္မည္ဆိုသည့္အေဆာင္အား ဝမ့္သာလက္ထဲျပန္ထည့္ေပးလိုက္၏။
"မင္းဒါမွမဟုတ္. . . . . . ေန႔လည္ၾကစိတ္ရင္းနဲ႔ေတြးၿပီး ထပ္စမ္းၾကည့္မလား?"
ရွဲ႕ယြီစိတ္ထဲတြင္ေတာ့ ဟယ့္ေက်ာင္းပံုစံက လူကိုလွည့္စားေနသလိုပဲဟုသာ ခံစားမိရသည္။
ဝမ့္သာမွာကား တကယ္ႀကီးကိုအလွည့္စားခံေလသည္။
"ေကာင္းၿပီ ၊ ဒါဆိုငါေန႔လည္ၾက ထပ္ၿပီးစမ္းၾကည့္မယ္။"
စာေမးပြဲသည္ကား ႏွစ္ရက္တိတိေျဖဆိုရၿပီး ေနာက္ဆံုးဘာသာေျဖဆိုလို႔အၿပီးမွာေတာ့ စိတ္ေမာသည္ကလြဲ ဘာကိုမွမခံစားၾကရေတာ့။ လွ်ိဳခၽြိင္ေဟာက္မွာ အားလံုးပဲစိတ္ေပါ့သြားေလေအာင္ ကြန္ပ်ဴတာကေနဟာသကားတစ္ကားရွာလိုက္၏ ၊ ႐ုပ္ရွင္ကတစ္ဝက္သို႔ပင္ေရာက္လာသည့္တိုင္ အတန္းသည္ကားဘာဆိုဘာသံမွထြက္မလာခဲ့ ၊ သို႔ျဖင့္အတန္းေခါင္းေဆာင္မွာ စိုးရိမ္လ်က္ျဖင့္ေမးမိေတာ့သည္။
"မင္းတို႔ေတြ ဘယ္လိုျဖစ္လို႔မရယ္ၾကတာလဲ ၊ မရယ္ရလို႔လား ၊ နည္းနည္းပါးပါးေပ်ာ္ၾကပါဟ။"
ဝမ့္သာသည္ ဗလာနတၳိမ်က္ႏွာေဘးျဖင့္ဆိုလိုက္၏။
"ပိတ္လိုက္ပါေတာ့ ၊ တကယ္မရယ္ႏိုင္ဘူး။ ဒါနဲ႔ေျပာရရင္ ဉာဏ္ပညာႀကီးမားတဲ့ဆရာသခင္ဆိုတဲ့လူကိုေလ လတ္တေလာငါအမုန္းဆံုးပဲ။"
"အသက္ကေလးကိုေတာင္ ဖက္နဲ႔ထုပ္မထားႏိုင္ေတာ့ဘူး. ."
ေလာ္ဝိန္ခ်န္သည္ စားပြဲထက္သာေမွာက္ေနမိ၏။
"ငါၿငိမ္ၿငိမ္ေလးေနၿပီး အသက္ရွင္မယ့္နည္းလမ္းကို ေတြးဖို႔လိုၿပီ။"
ဟယ့္ေက်ာင္းတစ္ေယာက္သည္သာ လိုက္လိုက္ေလ်ာေလ်ာျဖင့္ စိတ္အေျခအေနေကာင္းလ်က္ရွိသည္။
"ဒီ႐ုပ္ရွင္ကမဆိုးဘူးပဲ ၊ မင္းတို႔ေတြမၾကည့္ၾကဘူးလား။"
ရွဲ႕ယြီသည္ အျပင္ထြက္၍ ဖုန္းကိုင္လိုက္၏။
မေန႔ညက သာ့ေလအေမထံမွ စာေမးပြဲဘယ္ခ်ိန္ေျဖၿပီးမွာလဲဟုေမးလာၿပီး ေျဖၿပီးၿပီးခ်င္းမွာပဲ က်ိဳးသာ့ေလထံမွဖုန္းဝင္လို႔လာေတာ့သည္။
က်ိဳးသာ့ေလမွာ ေနာက္ေဖးလမ္းၾကားထဲ၌ ေဆာင့္ေၾကာင့္ထိုင္ေနေလၿပီး ဖုန္းကိုင္လာခ်ိန္မွာေတာ့ အလ်ဥ္းသင့္ေဆးလိပ္မီးကိုသတ္ကာ လက္ေျပာင္း၍ဖုန္းကိုင္လိုက္ပါသည္။
"ရွဲ႕Boss ၊ မင္းေျဖၿပီးၿပီလား?"
"အင္း။"
"အခ်ိန္ရရင္ဆံုၾကရေအာင္ေလ ၊ အန္တီေမကေရွ႕ရက္ကပဲ ဟင္းတစ္မ်ိဳးခ်က္နည္းသင္ထားတာ ၊ မင္းလာတဲ့ေန႔ဘယ္ေန႔ျဖစ္ျဖစ္ ခ်က္ေကၽြးဦးမယ္ဆိုၿပီး ေျပာေနတာၾကာလွၿပီ. . . . . ."
သာ့ေလသည္ တစ္ဝက္မွ်သာဆိုလာၿပီးေသး ေခါင္းလွည့္ကာ ေဘးဘက္ရွိမည္သူ႔ထံကိုမသိ 'က်စ္ခနဲ'စုတ္သပ္လိုက္၏။
"ေသာက္ေကာင္ေလး မင္းကငါနဲ႔လာယွဥ္ေနတယ္ေပါ့ ၊ ရပ္လိုက္စမ္း ၊ ငါဒီေန႔မင္းကိုမွမသတ္ရရင္ ငါ့ရဲ႕ေလက်စ္ဆိုတဲ့နာမည္ကို ေျပာင္းျပန္လွန္ပစ္လိုက္မယ္။"
ၾကားရတာပံုမွန္မဟုတ္ျခင္းေၾကာင့္ ရွဲ႕ယြီသည္ ေမးလိုက္၏။
"မင္းအဲ့ဘက္ကဘာျဖစ္တာလဲ?"
"ဘာမွမဟုတ္ဘူး. ."
က်ိဳးသာ့ေလက လမ္းၾကားထဲမွေလွ်ာက္ထြက္လာလိုက္ရာ ဆူညံသံတို႔မွာဆိုပ်ပ်မွ်သာၾကားရေတာ့သည္။
"ပစၥည္းခိုးတာေလ ၊ မင္းေမ ဒီဘက္ပိုင္းထိကိုလာခိုးရဲတယ္ ၊ ေဟးေရႊလမ္းကလူေတြရဲ႕အင္အားကို ဒင္းသိေအာင္ျပရမယ္. . . . . ."
ရွဲ႕ယြီ နားလည္လိုက္၏။
"ျဖည္းျဖည္းသက္သာလည္းလုပ္ဦး။"
က်ိဳးသာ့ေလမွာ ေလွ်ာက္ထြက္လာရင္း ဘာကိုသတိရသြားေလသည္မသိ ျပန္လည္၍ဟာသေႏွာလို႔လာသည္။
"ရွဲ႕Boss ၊ မင္းဟိုဟာ ညသန္းေခါင္းႀကီးမွာ ဝမ္မားေလ ငါတို႔ကိုေအာ္ေခၚၿပီး သူခိုးလိုက္ဖမ္းခိုင္းတုန္းကဟာ မွတ္မိေသးလား။ ငါ့လခြမ္း အဲ့ညကတကယ္ကိုရင္ဖိုစရာပဲ ၊ ငါ့မွာဘာမ်ားျဖစ္တာလဲဆိုၿပီးလန္႔သြားတာ။"
ရွဲ႕ယြီသည္ နံရံကိုမွီထားရင္း စာသင္ခန္းကိုၾကည့္ေနရာမွေန ရင္းႏွီးၿပီး လမ္း၊ရပ္ကြက္ဝန္းက်င္ကိုအဆင့္သတ္မွတ္ေလတိုင္း အၿမဲမပါဝင္သည့္လမ္းကေလးကိုျမင္ေယာင္လာမိသည္။
အနည္းငယ္ အာရံုေထြျပားသြားရ၏။
ေရွ႕ႏွစ္အနည္းငယ္က ျဖစ္ပ်က္သည့္ကိစၥပင္ ၊ တစ္ေန႔ေသာည၌ ဝမ္မား၏အိမ္သို႔ သူခိုးကပ္ေလသည္။
ထိုသူခိုးမွာ ျပတင္းေပါက္၌ဝပ္တြားရင္း အထဲပင္ဝင္ေရာက္မလာရေသး ဝမ္မားႏွင့္တစ္ေယာက္နဲ႔တစ္ေယာက္ အေတာ္ၾကာအၾကည့္တို႔ၾကံဳဆံုသြားရပါေလသည္ ၊ သက္လတ္ပိုင္းအန္တီႀကီးတစ္ေယာက္က အဲ့ေလာက္ၾကမ္းတမ္းမည္ဟုလည္း မထင္ထားခဲ့ ၊ အိုးခြက္ပန္းကန္ေတြႏွင့္ပစ္ေပါက္တာကရွိေစေတာ့ ၊ ဒါ့အျပင္ကို အသံက်ယ္ႀကီးျဖင့္ တစ္လမ္းလံုးကလူေတြအကုန္ကိုေအာ္ကာနႈိးေတာ့ျခင္းေပ။
"သူခိုးဖမ္းၾကေဟ့--- ---"
သူခိုးမွာမထင္မွတ္ထားေလရာ တိုက္႐ိုက္ခုန္ခ်ဆင္းေျပးလို႔ကလည္းမရျဖင့္ ေရပိုက္တစ္ေလွ်ာက္မွသာဆင္းလာရၿပီး ေျမျပင္ထက္ပင္ေကာင္းစြာမရပ္ရေသး ဖိနပ္တစ္ဖက္ကသူ႔မ်က္ႏွာကိုလာလို႔ထိမွန္သည္။
ေလမား(သာ့ေလအေမ)သည္ညအိပ္ဝတ္စံုဝတ္ထားလ်က္ျဖင့္ ေနာက္ဖိနပ္တစ္ဖက္ကိုခၽြတ္ကာ ဝရန္တာထက္မွေအာ္ေျပာေတာ့သည္။
"ဒီမွာေဟ့! ငါသူ႔ကိုေတြ႕ၿပီ! ေျပးရဲတယ္ေပါ့ေလ ၊ ငါမင္းကိုအေသသတ္မယ္။"
ဆူညံပြက္ေလာ႐ိုက္သြားသည့္ ညတစ္ညပါေပ။
သူခိုးအား သံုးျပေလာက္အထိကို လိုက္လို႔ဖမ္းၾကသည္။
ရွဲ႕ယြီတို႔ကေလးတစ္စုကလည္း လူအုပ္ႀကီးထဲေရာလို႔ပါျပီး ဟိုလိုက္ေျပးဒီလိုက္ေျပးျဖင့္ရွိၾကေလသည္။
ထိုတစ္ခုေသာေႏြရာသီ၌ ညအခ်ိန္တိုက္ခိုက္လာသည့္ေလထုကေတာင္ ေႏြးေထြးလ်က္ရွိေနေတာ့သည္။
ရဲစခန္းသို႔ပို႔ခါနီး ထိုသူခိုးမွာသူတို႔ေတြရဲ႕ နံရံနဲ႔ေခ်ာင္ပိတ္ဖမ္းခံရခ်ိန္မွာေတာ့ ငိုယိုလ်က္သက္ညႇာဖို႔ဆိုလာ၏။
"ငါမင္းတို႔ဒီကို ဘယ္ေတာ့မွထပ္မလာေတာ့ပါဘူး. . . . . ."
"ဘာပစၥည္းမ်ားခိုးမလို႔လဲ. ."
အန္တီေမကေရွ႕ဆံုးမွရပ္ကာ အကၤ်ီလက္ကိုပင့္ေခါက္လိုက္၏။
"ေခါင္းေမာ့စမ္း ၊ ငါတို႔စကားေျပာၾကရေအာင္။ မေၾကာက္ပါနဲ႔ ၊ မင္းကိုတကယ္ႀကီးအေသမသတ္ပါဘူး ၊ မင္းရဲ႕အေရးမပါတဲ့အသက္ကိုခ်မ္းသာေပးဖို႔ရာ အေၾကာင္းအရင္းေလးရွင္းျပစမ္းပါဦး။"
မဒမ္ကုကေတာ့ တစ္ေလွ်ာက္လံုးပဲဒီလမ္းႏွင့္က အံဝင္ခြင္က်မျဖစ္ ၊ သူသင္ၾကားလာခဲ့ရသည့္ပညာေရး ၊ က်င့္ဝတ္ထံုးတမ္းမ်ားအရ ဘယ္လိုျဖစ္ျဖစ္လူကိုလြယ္လြယ္မ႐ိုက္တတ္ပါေခ် ၊ သူခိုးကိုဖမ္းမိတာႏွင့္ ရဲစခန္းပို႔လိုက္ရင္ျဖစ္ၿပီကို ဘာကိစၥရက္စက္ေနဦးမည္လဲ။
အဆံုးမွာေတာ့ မဒမ္ကုသည္ သူ႔နားရြက္အားဆြဲ၍ အိမ္ျပန္ေခၚသြားပါေလေတာ့သည္။
"မင္းကဘာကိစၥဝင္ပါေနရတာတုန္း--- ---"
ရွဲ႕ယြီသည္ အသိျပန္ဝင္လာၿပီးေနာက္မွ ဆိုလိုက္၏။
"ဒါဆိုလည္း ဒီပိတ္ရက္ေပါ့ ၊ ပိတ္ရက္မွာက ဘာမွလည္းလုပ္စရာမရွိဆိုေတာ့။"
"ဟုတ္ၿပီ။"
က်ိဳးသာ့ေလက ဝမ္းသာအားရသေဘာတူသည္။
ႏွစ္ဦးသားမွာ ခဏမွ်စကားဆိုျဖစ္ၾကေသးေလသည္။
ရွဲ႕ယြီက ေလွကားအေကြ႕တြင္ရပ္လ်က္ရွိသည္ ၊ ဟယ့္ေက်ာင္းသည္ကား ဘယ္အခ်ိန္ကတည္းက အတန္းထဲမွထြက္လာသည္မသိ မည္သူမွမျမင္သည္ကိုအခြင့္ေကာင္းယူလ်က္ အေနာက္မွေန ရွဲ႕ယြီခါးအားေပြ႕ဖက္လိုက္ပါၿပီး အနားတိုးကပ္လ်က္ေမးသည္။
"ဘာလုပ္ေနတာလဲ။"
က်ိဳးသာ့ေလမွာ ဖုန္းခ်ေတာ့မည္အျပဳ ႐ုတ္တရက္တစ္ဖက္မွစကားေျပာလာသံအားၾကားလိုက္ရသည္။
ထိုလူ၏ေလသံက တိုးလ်ၿပီးနီးနီးကပ္ကပ္လည္းျဖစ္သည္ ၊ စကားေျပာစဥ္၌ သူ႔ရွဲ႕Bossနားအနားကပ္ေျပာလိုက္ပံုလည္းရွိကာ ေလသံအဆံုးသတ္ကၾကေပ်ာင္းႏြဲ႕လ်က္. . . . . . နားေထာင္ရသည္မွာ တစ္မ်ိဳးတစ္မည္ပင္။
ေနာက္ၿပီး နားထဲရင္းႏွီးသလိုလည္းရွိ၏။
က်ိဳးသာ့ေလမွာ အံ့ၾသသြားခဲ့ရသည္။
"ဘယ္သူလဲ? အသံကိုနားေထာင္ရတာ မဆီေလ်ာ္သလိုခံစားရတယ္!"
ရွဲ႕ယြီကေျပာသည္။
"ဒါကိုလည္းမင္းက ၾကားတာပဲလား။"
မဆီမဆိုင္ မဆီေလ်ာ္ဟုတံဆိပ္ကပ္ခံလိုက္ရသည့္ဟယ့္ေက်ာင္း : "အာ?"
"ဪ. . . . . . မင္းကဟိုတစ္ေယာက္ ၊ ငါမင္းကိုမွတ္မိတယ္ ၊ ငါတို႔ရဲစခန္းမွာဆံုဖူးတယ္ေလ။"
ရွဲ႕ယြီက နႈတ္ကေနမွသတိလွမ္းေပးလာၿပီး ဟယ့္ေက်ာင္း၏မွတ္ဉာဏ္ကလည္း မဆိုးလွေလရာ ေႏြရာသီတုန္းက ရဲစခန္း၌ဒူးေထာက္၍ သံုးသပ္ခ်က္စာတမ္းေရးရသည့္ကိစၥကို မေမ့ပါ။ ဘဲရဲ႕ငယ္သူငယ္ခ်င္းလည္းျဖစ္ေသာေၾကာင့္ ဟယ့္ေက်ာင္းသည္ ေသခ်ာေပါက္အသိအမွတ္ျပဳရမည္ဟုေတြးရင္း ဦးေႏွာက္ကိုဖ်စ္ညႇစ္၍ အမႊမ္းတင္စကားဆိုလိုက္ပါသည္။
"သူငယ္ခ်င္း ၊ မင္းသံုးသပ္ခ်က္စာတမ္းေရးတာမဆိုးဘူး ၊ စာအေရးအသားက လက္ဖ်ားခါရတယ္။"
ရွဲ႕ယြီ : ". . . . . ."
က်ိဳးသာ့ေလ၏ အခုေလးတင္မွထုတ္ေသာက္ထားသည့္ ပါးစပ္ထဲရွိစီးကရက္မွာ လြတ္က်လုနီးျဖစ္သြားရေလ၏။
". . . . . ."
"ဒီလူကဘယ္သူတုန္း!"
က်ိဳးသာ့ေလသည္ ေမးၿပီးေနာက္မွ 'ရဲစခန္း'ဆိုသည့္စကားလံုးသံုးလံုးကိုျပန္အမွတ္ရကာ ဒီလူ၏ေနာက္ေျပာင္တတ္ပံုကိုပါထပ္ေပါင္းလိုက္ေတာ့ အမွတ္ရလို႔သြားရေတာ့သည္။
"ဟိုတစ္ေယာက္လား ၊ maskတပ္ထားတဲ့ေသာက္ေခ်ာႀကီး?"
ဟယ့္ေက်ာင္းကတအားကပ္ေနၿပီး က်ိဳးသာ့ေလ၏ေလသံကလည္းက်ယ္လြန္းလွသည္ ၊ အရွက္မရွိလည္း ျပန္လို႔ေျဖလိုက္ေသး၏။
"ငါပဲငါပဲ ၊ ရဲစခန္းထဲအေခ်ာဆံုးတစ္ေယာက္။"
ဟယ့္ေက်ာင္းသည္ကား ရင္းႏွီးလြယ္သူျဖစ္ၿပီး သိသိမသိသိအေရးမထားဘဲ အကုန္လံုးႏွင့္ေျပာဆိုႏိုင္သည္ ၊ ရွဲ႕ယြီကေတာ့ နားဆက္မေထာင္ႏိုင္ေတာ့ပါ။
"မင္းထပ္ၿပီးအရွက္မရွိလုပ္ျပန္ၿပီ။"
က်ိဳးသာ့ေလမွာလည္း ထိုသူႏွင့္ဆက္လက္ၿပီးစကားေျပာခ်င္ေနမိရသည္။
"အာ--- --- ရွဲ႕Boss ၊ တိုက္ဆိုက္ခ်က္ပဲေရာ ၊ မင္းတို႔ကတစ္ေက်ာင္းတည္းေပါ့? သူငယ္ခ်င္းေတြ?"
ရွဲ႕ယြီသည္ ေခတၱမွ်တံု႔ဆိုင္းသြားၿပီးေနာက္မွ ေျပာလိုက္ပါသည္။
"အင္း ၊ သူငယ္ခ်င္း။"
ၿပီးေတာ့ ခ်စ္သူေကာင္ေလးဆိုလည္းဟုတ္တယ္။
က်ိဳးသာ့ေလမွာ ထိုေလာက္ႀကီးအထိမေတြးသလို ရွဲ႕ယြီကလည္းမေျပာပါ။
ေက်ာင္းတြင္သာ သိုသိုသိပ္သိပ္ေနတာေပမယ့္ ရွဲ႕ယြီသည္ ထိုဆက္ဆံေရးအားဖံုးကြယ္ထားဖို႔ရန္ စိတ္ကူးမရွိပါေခ် ၊ တစ္ရက္ရက္သာ့ေလသာ တကယ္ႀကီးသူ႔ကိုေမးလာပါက သူသည္ ခ်က္ခ်င္းဝန္ခံလိုက္မွာပဲျဖစ္သည္ - ငါ့ဘဲေလ ၊ အံ့ၾသသြားလား?
ရွဲ႕ယြီဖုန္းခ်လို႔ျပီးပါမွ ဟယ့္ေက်ာင္းကေမးသည္။
"မင္းပိတ္ရက္အိမ္ျပန္မွာေပါ့?"
"အင္း. ."
ရွဲ႕ယြီကေျပာသည္။
"ငါ့ေမြးစားအေမစီသြားမလို႔။"
ဟယ့္ေက်ာင္းသည္ စဥ္းစားလိုက္ရင္း. .
"လမ္းတကာပတ္ၿပီး နႈတ္လည္းၾကမ္းတယ္ဆိုတဲ့ ေမြးစားအေမလား?"
ရွဲ႕ယြီေရာက္တက္ရာရာေျပာလိုက္သည့္ စကားတစ္ခြန္းအား ဟယ့္ေက်ာင္းကအခုခ်ိန္ထိမွတ္မိေနလိမ့္မည္ဟုမထင္ထားခဲ့ ၊ အန္တီေမသည္ကား ေဒါသႀကီးၿပီး ရာဇဝတ္ဂိုဏ္းအဖြဲ႕ဝင္လိုလိုထင္ရေပမယ့္ ေျဖာင့္မတ္စြာျဖင့္စီးပြားေရးလုပ္ေနသူတစ္ေယာက္သာ ျဖစ္ေပသည္။
ေက်ာင္းဆင္းေခါင္းေလာင္းထိုးလာခ်ိန္တြင္ေတာ့ အားလံုးပဲပစၥည္းေတြသိမ္းကာ တစ္ေယာက္ၿပီးတစ္ေယာက္ထြက္လာၾက၏ ၊ အမွတ္မထြက္လာေသးေသာေၾကာင့္ ေပ်ာ္ေနသူမ်ားလည္းရွိသလို စိုးရိမ္ေနၾကသူမ်ားလည္းရွိေပသည္။ လွ်ိဳခၽြိင္ေဟာက္တို႔တစ္ေတြမွာ အခန္းအေပါက္ဝ၌ရပ္လ်က္ ခပ္လွမ္းလွမ္းကသူတို႔ကိုျကည့္ကာ လက္လွမ္းျပလို႔လာသည္။
"သြားၿပီ--- ---"
ဟယ့္ေက်ာင္းလက္ေမာင္းတစ္ဖက္က ရွဲ႕ယြီပုခံုးထက္တင္လို႔ထားစဲျဖစ္ၿပီး ထိုအေနအထားအတိုင္းပင္ လွ်ိဳခၽြိင္ေဟာက္ကိုလက္ျပန္ျပလိုက္သည္။
"ဘိုင္း။"
လွ်ိဳခၽြိင္ေဟာက္တစ္ေယာက္ ထိုျမင္ကြင္းကိုျမင္ေနရေပမယ့္ မထူးဆန္းေတာ့ ၊ ထိုႏွစ္ေယာက္က ေက်ာင္းတက္ေနခ်ိန္အတြင္းလည္း လက္ခ်င္းတြဲထားၾကဖူးၿပီး ေက်ာင္းဝက္ဆိုဒ္ထဲမွာဆိုလည္း cpဆိုၿပီးshipေနၾကသူေတြကတစ္ပံုလိုက္ပင္။
ရွဲ႕ယြီက အေဆာင္ျပန္ပစၥည္းသိမ္းသည့္ေနာက္ ဟယ့္ေက်ာင္းကထက္ၾကပ္မကြာလိုက္၏။
သူသည္အကၤ်ီအနည္းငယ္ကိုယူရင္းမွ လွည့္ၿပီးဖုန္းအားသြင္းႀကိဳးကိုယူရန္ ကိုယ္ကိုအလွည့္မွာပင္ဟယ့္ေက်ာင္းႏွင့္ဝင္တိုက္မိေတာ့သည္။
"မင္းေနရာတစ္ေနရာရွာၿပီး ခဏေလာက္ၿငိမ္ၿငိမ္ေလးထိုင္ေနေပးလို႔ရမလား။"
ဟယ့္ေက်ာင္းကေျပာလာသည္။
"ငါတို႔ႏွစ္ရက္ႀကီးမ်ားေတာင္ မေတြ႕ဘဲေနၾကရမွာဆိုတာကိုေတြးၿပီး ၿငိမ္ေနလို႔ကိုမရဘူး--- --- ႏွစ္ရက္ ၊ (၄၈)နာရီ ၊ (၂၈၈၀)မိနစ္ ၊ (၁၇၂၈၀၀)စကၠန္႔. . . . . ."
ရွဲ႕ယြီသည္ သူ႔အားကုတင္ထက္သာတြန္းပို႔၍ အတင္းထိုင္ခိုင္းဖို႔ကိုသာအာရံုရေန၍ ဘယ္နားမူမမွန္ေနသည္ကိုသတိမထားမိ ၊ ဟယ့္ေက်ာင္းရင္ထဲဗရမ္းဗတာျဖစ္ ရင္ေတြခုန္ေနသည္ကိုလည္း အာရံုမစိုက္မိခဲ့ပါ။
"ထိုင္. ."
ရွဲ႕ယြီသည္ လူကိုဖိတြန္း၍ထိုင္ခိုင္းလိုက္ၿပီးေနာက္ ေဒါသကိုထိန္းကာ ဟယ့္ေက်ာင္း၏ေခါင္းကိုပြတ္သပ္ေပးလိုက္ၿပီး ေဒါသသံျဖင့္နားခ်လိုက္ပါသည္။
"မင္းေမလူးထပ္ၿပီး ငါ့ေနာက္ေလွ်ာက္လိုက္ေနဦးမယ္ဆိုရင္ ငါမင္းကိုထိုးမွာေနာ္။"
ဟယ့္ေက်ာင္း : ". . . . . ."
ရွဲ႕ယြီသည္ ေဟးေရႊလမ္းသို႔တန္းမသြားဘဲ က်ံုးအိမ္စီအရင္ဝင္လိုက္သည္။
မဒမ္ကုမွာ ဟင္းခ်က္လို႔ေနၿပီး ေအပရြန္ကိုပင္မခၽြတ္ရေသးဘဲ တံခါးလာလို႔ဖြင့္ေပးသည္။
"ျပန္လာၿပီလား? ဘာလို႔ႀကိဳမေျပာတာလဲ?"
ကုရႊယ္လန္က တစ္သီႀကီးေမးလို႔လာသည္ ၊ ေက်ာင္းကဟင္းထမင္းေတြကဘယ္လိုေနလဲ ၊ ပိန္မ်ားသြားတာလား ၊ ႏွစ္ဝက္စာေမးပြဲေျဖတာဘယ္လိုလဲ စသျဖင့္။
ရွဲ႕ယြီသည္ အသီးပန္းကန္ထဲမွ ပန္းသီးတစ္လံုးကိုယူလိုက္ၿပီး မီးဖိုခန္းအေပါက္ဝကိုမွီလ်က္မွ ေျပာလိုက္သည္။
"မဆိုးပါဘူး။"
ထို'မဆိုးပါ'ဆိုသည့္ ေရေရရာရာမရွိသည့္စကားလံုးက ဘာကိုအတိအက်ဆိုလိုခ်င္မွန္းမသိပါ။
"ဘာကိုမဆိုးတာလဲ. ."
ကုရႊယ္လန္ကဆိုသည္။
"မင္းဒီတစ္ေခါက္ေျဖထားတာက ထပ္ၿပီးေနာက္ဆံုးအဆင့္(၂)ပဲလား?"
ရွဲ႕ယြီကစကားမဆို ၊ ကုရႊယ္လန္သည္လည္း ထိုစကားကိုထပ္ၿပီးဖိမေျပာေတာ့ပါဘဲ မဆီမဆိုင္ ေနာက္ဆံုးဘိတ္ေခ်းအဆင့္ေၾကာင္း စကားစလို႔လာသည္။
"မင္းထံုေက်ာ ၊ အဲ့ကေလးကအၿမဲေနာက္ဆံုးအဆင့္(၁)ကိုလက္ကိုင္ထားစဲေပါ့။"
ကုရႊယ္လန္သည္ ေျပာၿပီးေနာက္ "အိုင္းယား"ဟုထပ္ျဖည့္ဆိုလာခဲ့၏။
တကယ္တမ္းၾက တစ္ခါတစ္ေလရွဲ႕ယြီ၏အေတြးတို႔ကလည္း မဒမ္ကုႏွင့္သိပ္ၿပီးမကြာလွေၾကာင္း ခံစားမိရသည္။
နဂိုကဟင္းႏွစ္ခြက္ေလာက္သာ ခ်က္ဖို႔စိတ္ကူးထားေလသည့္ မဒမ္ကုမွာ ပိုခ်က္ဖို႔ျပင္ရင္း မီးဖိုခန္းထဲအလုပ္ရႈပ္လို႔သြားေလသည္။
ရွဲ႕ယြီသည္ ဆိုဖာထက္ထိုင္ကာ ထမင္းစားဖို႔ေစာင့္ရင္းမွ မေနႏိုင္ပါဘဲ ေခါင္းငံု႔၍ဖုန္းbrowserထဲဝင္ကာ စာလံုးတစ္လံုးၿပီးတစ္လံုး႐ိုက္လို႔ႏွိပ္လိုက္ပါသည္ - ခ်စ္သူေကာင္ေလး စာမလုပ္တာကို ဘယ္လိုလုပ္ရမလဲ။
____________
အားလံုးပဲ က်န္းမာေရးဂ႐ုစိုက္ၾကပါ~❤️
UNICODE
အခန်း(၅၄)
ချစ်သူကောင်လေး စာမလုပ်တာကို ဘယ်လိုလုပ်ရမလဲ
စာမေးပွဲခန်းထဲ၌ ခိုးချနေခြင်းတို့ရှိသော်ငြားလည်း အလွန်းမှတိတ်ဆိတ်လျက်ရှိသည်။
လောင်ထန်မှာ သူတို့အဖွဲ့ကိုကျော်လွန်လို့သွားပြီး စတိတ်စင်ဘက်လှည့်သွားချိန်မှာတော့ သူလှည့်လိုက်ပါသည့်အချိန်တဒင်္ဂမှာပဲ စာမေးပွဲခန်းထဲ စက္ကူလုံးတို့ပလူပျံသွားကြခြင်းကိုတော့ သတိမထားမိလိုက်ပါချေ။
"အဖြေလက်ဆင့်ကမ်းတာမဟုတ်ဘူး. ."
ဟယ့်ကျောင်းလက်ဖဝါးပြင်သည်ကား ဗလာဖြစ်လျက်ဘာစက္ကူမှရှိမနေ ၊ ရှဲ့ယွီ၏လက်ကအနည်းငယ်အေးစက်လို့နေရာ သူသည်မနေနိုင်ဘဲပြောမိတော့သည်။
". . . . . . ငါအရင်တစ်ခေါက်ကတည်းက ဒီလိုမျိုးလုပ်ချင်ခဲ့တာ။"
ပြတင်းမှန်ထက်သို့ မိုးရေစက်များလာစင်ပြီး လှိုင်းတွန့်ကလေးများထလို့လာသည်။
ခဏမျှကြာလွန်အပြီးတွင်တော့ ရှဲ့ယွီသည် မေးလိုက်၏။
"ရပြီလား။"
ဟယ့်ကျောင်း : "မရသေးဘူး။"
". . . . . ."
"ခဏလောက်ထပ်တွဲထားဦးမယ်။"
ရှဲ့ယွီသည် တုံ့ဆိုင်းသွားခဲ့လေပြီး ပြောစရာမရှိဖြစ်ကာ အနည်းငယ်လည်းရယ်ချင်သွားရသည်။
"မင်းကလူဆိုးပဲ။"
လောင်ထန်အနားရောက်လာတော့မည်ကိုမြင်မှသာ တစ်စုံတစ်ယောက်သောလူဆိုးကောင်မှာ ထိုအချိန်ကြကာမှ လက်ကိုလွှတ်ပေးလို့လာတော့သည်။
လောင်ထန်မှာ ဟယ့်ကျောင်းနေရာရှေ့၌ မိနစ်အနည်းငယ်ကြာရပ်၍ ဟယ့်ကျောင်းအဖြေလွှာအားကြည့်လာခဲ့သည် ၊ ကြည့်လေလေမျက်မှောင်တို့ကြုတ်လာလေလေဖြင့် အဆုံးတွင်တော့ စိတ်ရှုပ်သွားဟန်ဖြင့် စာမျက်နှာနှစ်ဖက်လုံးအပြည့်ရေးဖြေလို့ထားပါသည့် အဖြေလွှာအားကြည့်ကာ သက်ပြင်းချလို့လာလေသည်။
". . . . . ."
လောင်ထန်ထွက်သွားချိန်မှာတော့ ဟယ့်ကျောင်းသည် ဘောပင်ဖြင့်ရှဲ့ယွီကိုတို့လိုက်ပါ၏။
"သူဒါကဘာအဓိပ္ပာယ်တုန်း?"
"ကျောင်းကော ၊ ခေါင်းလေးငုံ့ပြီး ကိုယ့်ကိုယ်ကိုယ်ဘာတွေဖြေထားလဲဆိုတာကို ကြည့်လိုက်ဦး. ."
ရှဲ့ယွီကပြောသည်။
"စိတ်ထဲကနေနည်းနည်းလေးမှ သိမနေဘူးလား?"
ရှဲ့ယွီသည် ပြောပြီးနောက်မှ မတက်နိုင်စွာဖြင့်တွေးလိုက်မိရသည် ၊ ဒီအရူးကောင်က တကယ်လည်းစိတ်ထဲဘာမှသိနေမှာကိုမဟုတ်ပေဟု။
နွားရှစ်ကောင်နှင့်ဆွဲတင်ရင်တောင် အောင်မည်မဟုတ်သည့် စာညံ့သူဖြစ်လေသည့်ထိုတစ်ယောက်မှာ သူ့ကိုယ်သူတော့ဖြေထားတာအတော်လေးကောင်းမွန်သည်ဟုထင်ပြီး ယုံကြည်ချက်တို့အပြည့်ရှိနေလေ၏။
မနက်ပိုင်းဖြေရမည့် ဘာသာရပ်အကုန်ဖြေဆိုလို့ပြီးသွားရာ နေ့လည်ပိုင်းနားချိန်တွင်တော့ အားလုံးလိုလိုမှာ အဖြေတွေတိုက်နေကြသည်။
"အစ်ကိုကျောင်း ၊ မင်းရဲ့ကျိန်းသေပေါက်စာမေးပွဲအောင်မယ်ဆိုတာက အသုံးလည်းမဝင်ဘူး ၊ သင်္ချာအပုဒ်ကြီးတွေ ငါသုံး/လေးပုဒ်လောက်တောင်မှားတယ်. ."
ဝမ့်သာသည် ထို'ကျိန်းသေအောင်မည်'ဆိုသည့်စာရွက်အား ဟယ့်ကျောင်းထံပြန်လို့သာပေးလိုက်သည်။
"မင်းဘာသာပဲသိမ်းထားတော့။"
"ငါလည်းအသုံးမဝင်ဘူးလို့ ထင်တာပဲ. ."
ဟယ့်ကျောင်းသည် ဖုန်းကိုယူလိုက်ရင်းမှပြောသည်။
"မနက်ကပထမဆုံးတရုတ်စာပေဖြေတုန်းကဆို လောင်ထန်ကငါ့အဖြေလွှာကြည့်ပြီး သက်ပြင်းချသွားတာ ၊ ငါရောင်းတဲ့သူကိုသွားမေးဦးမယ်။"
ရှဲ့ယွီမှာတော့ သူ့ဘဲဒီလိုတွေလုပ်နေသည်အား နားကိုမလည်။
"ရောင်းတဲ့သူမေးပြီး ဘာလုပ်မလို့လဲ?"
"အသုံးပြုနည်းများမှားတာလားလို့ မေးကြည့်မလို့။"
"ဘယ်လိုများသုံးဦးမှာလဲ ၊ ပြုတ်ပြီးသာသောက်ပစ်လိုက်?"
". . . . . . အဲ့လောက်ကြီးတော့ မဆိုးဝါးလောက်ပါဘူးဟ။"
စုဝေးလျက် ဆွေးနွေးနေကြသည့်အခိုက်မှာပင် နောက်ဆုံးတွင်တော့ ရောင်းတဲ့သူထံမှစာပြန်လို့လာသည် - စိတ်ရင်းနဲ့ယုံကြည်မှုအပြည့်အဝရှိမှသာ အကျိုးသက်ရောက်မည်။
"ယုံကြည်မှုအပြည့်ရှိမှ အကျိုးသက်ရောက်. ."
ဟယ့်ကျောင်းသည် ကျိန်းသေပေါက်အောင်မည်ဆိုသည့်အဆောင်အား ဝမ့်သာလက်ထဲပြန်ထည့်ပေးလိုက်၏။
"မင်းဒါမှမဟုတ်. . . . . . နေ့လည်ကြစိတ်ရင်းနဲ့တွေးပြီး ထပ်စမ်းကြည့်မလား?"
ရှဲ့ယွီစိတ်ထဲတွင်တော့ ဟယ့်ကျောင်းပုံစံက လူကိုလှည့်စားနေသလိုပဲဟုသာ ခံစားမိရသည်။
ဝမ့်သာမှာကား တကယ်ကြီးကိုအလှည့်စားခံလေသည်။
"ကောင်းပြီ ၊ ဒါဆိုငါနေ့လည်ကြ ထပ်ပြီးစမ်းကြည့်မယ်။"
စာမေးပွဲသည်ကား နှစ်ရက်တိတိဖြေဆိုရပြီး နောက်ဆုံးဘာသာဖြေဆိုလို့အပြီးမှာတော့ စိတ်မောသည်ကလွဲ ဘာကိုမှမခံစားကြရတော့။ လျှိုချွိင်ဟောက်မှာ အားလုံးပဲစိတ်ပေါ့သွားလေအောင် ကွန်ပျူတာကနေဟာသကားတစ်ကားရှာလိုက်၏ ၊ ရုပ်ရှင်ကတစ်ဝက်သို့ပင်ရောက်လာသည့်တိုင် အတန်းသည်ကားဘာဆိုဘာသံမှထွက်မလာခဲ့ ၊ သို့ဖြင့်အတန်းခေါင်းဆောင်မှာ စိုးရိမ်လျက်ဖြင့်မေးမိတော့သည်။
"မင်းတို့တွေ ဘယ်လိုဖြစ်လို့မရယ်ကြတာလဲ ၊ မရယ်ရလို့လား ၊ နည်းနည်းပါးပါးပျော်ကြပါဟ။"
ဝမ့်သာသည် ဗလာနတ္ထိမျက်နှာဘေးဖြင့်ဆိုလိုက်၏။
"ပိတ်လိုက်ပါတော့ ၊ တကယ်မရယ်နိုင်ဘူး။ ဒါနဲ့ပြောရရင် ဉာဏ်ပညာကြီးမားတဲ့ဆရာသခင်ဆိုတဲ့လူကိုလေ လတ်တလောငါအမုန်းဆုံးပဲ။"
"အသက်ကလေးကိုတောင် ဖက်နဲ့ထုပ်မထားနိုင်တော့ဘူး. ."
လော်ဝိန်ချန်သည် စားပွဲထက်သာမှောက်နေမိ၏။
"ငါငြိမ်ငြိမ်လေးနေပြီး အသက်ရှင်မယ့်နည်းလမ်းကို တွေးဖို့လိုပြီ။"
ဟယ့်ကျောင်းတစ်ယောက်သည်သာ လိုက်လိုက်လျောလျောဖြင့် စိတ်အခြေအနေကောင်းလျက်ရှိသည်။
"ဒီရုပ်ရှင်ကမဆိုးဘူးပဲ ၊ မင်းတို့တွေမကြည့်ကြဘူးလား။"
ရှဲ့ယွီသည် အပြင်ထွက်၍ ဖုန်းကိုင်လိုက်၏။
မနေ့ညက သာ့လေအမေထံမှ စာမေးပွဲဘယ်ချိန်ဖြေပြီးမှာလဲဟုမေးလာပြီး ဖြေပြီးပြီးချင်းမှာပဲ ကျိုးသာ့လေထံမှဖုန်းဝင်လို့လာတော့သည်။
ကျိုးသာ့လေမှာ နောက်ဖေးလမ်းကြားထဲ၌ ဆောင့်ကြောင့်ထိုင်နေလေပြီး ဖုန်းကိုင်လာချိန်မှာတော့ အလျဉ်းသင့်ဆေးလိပ်မီးကိုသတ်ကာ လက်ပြောင်း၍ဖုန်းကိုင်လိုက်ပါသည်။
"ရှဲ့Boss ၊ မင်းဖြေပြီးပြီလား?"
"အင်း။"
"အချိန်ရရင်ဆုံကြရအောင်လေ ၊ အန်တီမေကရှေ့ရက်ကပဲ ဟင်းတစ်မျိုးချက်နည်းသင်ထားတာ ၊ မင်းလာတဲ့နေ့ဘယ်နေ့ဖြစ်ဖြစ် ချက်ကျွေးဦးမယ်ဆိုပြီး ပြောနေတာကြာလှပြီ. . . . . ."
သာ့လေသည် တစ်ဝက်မျှသာဆိုလာပြီးသေး ခေါင်းလှည့်ကာ ဘေးဘက်ရှိမည်သူ့ထံကိုမသိ 'ကျစ်ခနဲ'စုတ်သပ်လိုက်၏။
"သောက်ကောင်လေး မင်းကငါနဲ့လာယှဉ်နေတယ်ပေါ့ ၊ ရပ်လိုက်စမ်း ၊ ငါဒီနေ့မင်းကိုမှမသတ်ရရင် ငါ့ရဲ့လေကျစ်ဆိုတဲ့နာမည်ကို ပြောင်းပြန်လှန်ပစ်လိုက်မယ်။"
ကြားရတာပုံမှန်မဟုတ်ခြင်းကြောင့် ရှဲ့ယွီသည် မေးလိုက်၏။
"မင်းအဲ့ဘက်ကဘာဖြစ်တာလဲ?"
"ဘာမှမဟုတ်ဘူး. ."
ကျိုးသာ့လေက လမ်းကြားထဲမှလျှောက်ထွက်လာလိုက်ရာ ဆူညံသံတို့မှာဆိုပျပျမျှသာကြားရတော့သည်။
"ပစ္စည်းခိုးတာလေ ၊ မင်းမေ ဒီဘက်ပိုင်းထိကိုလာခိုးရဲတယ် ၊ ဟေးရွှေလမ်းကလူတွေရဲ့အင်အားကို ဒင်းသိအောင်ပြရမယ်. . . . . ."
ရှဲ့ယွီ နားလည်လိုက်၏။
"ဖြည်းဖြည်းသက်သာလည်းလုပ်ဦး။"
ကျိုးသာ့လေမှာ လျှောက်ထွက်လာရင်း ဘာကိုသတိရသွားလေသည်မသိ ပြန်လည်၍ဟာသနှောလို့လာသည်။
"ရှဲ့Boss ၊ မင်းဟိုဟာ ညသန်းခေါင်းကြီးမှာ ဝမ်မားလေ ငါတို့ကိုအော်ခေါ်ပြီး သူခိုးလိုက်ဖမ်းခိုင်းတုန်းကဟာ မှတ်မိသေးလား။ ငါ့လခွမ်း အဲ့ညကတကယ်ကိုရင်ဖိုစရာပဲ ၊ ငါ့မှာဘာများဖြစ်တာလဲဆိုပြီးလန့်သွားတာ။"
ရှဲ့ယွီသည် နံရံကိုမှီထားရင်း စာသင်ခန်းကိုကြည့်နေရာမှနေ ရင်းနှီးပြီး လမ်း၊ရပ်ကွက်ဝန်းကျင်ကိုအဆင့်သတ်မှတ်လေတိုင်း အမြဲမပါဝင်သည့်လမ်းကလေးကိုမြင်ယောင်လာမိသည်။
အနည်းငယ် အာရုံထွေပြားသွားရ၏။
ရှေ့နှစ်အနည်းငယ်က ဖြစ်ပျက်သည့်ကိစ္စပင် ၊ တစ်နေ့သောည၌ ဝမ်မား၏အိမ်သို့ သူခိုးကပ်လေသည်။
ထိုသူခိုးမှာ ပြတင်းပေါက်၌ဝပ်တွားရင်း အထဲပင်ဝင်ရောက်မလာရသေး ဝမ်မားနှင့်တစ်ယောက်နဲ့တစ်ယောက် အတော်ကြာအကြည့်တို့ကြုံဆုံသွားရပါလေသည် ၊ သက်လတ်ပိုင်းအန်တီကြီးတစ်ယောက်က အဲ့လောက်ကြမ်းတမ်းမည်ဟုလည်း မထင်ထားခဲ့ ၊ အိုးခွက်ပန်းကန်တွေနှင့်ပစ်ပေါက်တာကရှိစေတော့ ၊ ဒါ့အပြင်ကို အသံကျယ်ကြီးဖြင့် တစ်လမ်းလုံးကလူတွေအကုန်ကိုအော်ကာနှိုးတော့ခြင်းပေ။
"သူခိုးဖမ်းကြဟေ့--- ---"
သူခိုးမှာမထင်မှတ်ထားလေရာ တိုက်ရိုက်ခုန်ချဆင်းပြေးလို့ကလည်းမရဖြင့် ရေပိုက်တစ်လျှောက်မှသာဆင်းလာရပြီး မြေပြင်ထက်ပင်ကောင်းစွာမရပ်ရသေး ဖိနပ်တစ်ဖက်ကသူ့မျက်နှာကိုလာလို့ထိမှန်သည်။
လေမား(သာ့လေအမေ)သည်ညအိပ်ဝတ်စုံဝတ်ထားလျက်ဖြင့် နောက်ဖိနပ်တစ်ဖက်ကိုချွတ်ကာ ဝရန်တာထက်မှအော်ပြောတော့သည်။
"ဒီမှာဟေ့! ငါသူ့ကိုတွေ့ပြီ! ပြေးရဲတယ်ပေါ့လေ ၊ ငါမင်းကိုအသေသတ်မယ်။"
ဆူညံပွက်လောရိုက်သွားသည့် ညတစ်ညပါပေ။
သူခိုးအား သုံးပြလောက်အထိကို လိုက်လို့ဖမ်းကြသည်။
ရှဲ့ယွီတို့ကလေးတစ်စုကလည်း လူအုပ်ကြီးထဲရောလို့ပါပြီး ဟိုလိုက်ပြေးဒီလိုက်ပြေးဖြင့်ရှိကြလေသည်။
ထိုတစ်ခုသောနွေရာသီ၌ ညအချိန်တိုက်ခိုက်လာသည့်လေထုကတောင် နွေးထွေးလျက်ရှိနေတော့သည်။
ရဲစခန်းသို့ပို့ခါနီး ထိုသူခိုးမှာသူတို့တွေရဲ့ နံရံနဲ့ချောင်ပိတ်ဖမ်းခံရချိန်မှာတော့ ငိုယိုလျက်သက်ညှာဖို့ဆိုလာ၏။
"ငါမင်းတို့ဒီကို ဘယ်တော့မှထပ်မလာတော့ပါဘူး. . . . . ."
"ဘာပစ္စည်းများခိုးမလို့လဲ. ."
အန်တီမေကရှေ့ဆုံးမှရပ်ကာ အင်္ကျီလက်ကိုပင့်ခေါက်လိုက်၏။
"ခေါင်းမော့စမ်း ၊ ငါတို့စကားပြောကြရအောင်။ မကြောက်ပါနဲ့ ၊ မင်းကိုတကယ်ကြီးအသေမသတ်ပါဘူး ၊ မင်းရဲ့အရေးမပါတဲ့အသက်ကိုချမ်းသာပေးဖို့ရာ အကြောင်းအရင်းလေးရှင်းပြစမ်းပါဦး။"
မဒမ်ကုကတော့ တစ်လျှောက်လုံးပဲဒီလမ်းနှင့်က အံဝင်ခွင်ကျမဖြစ် ၊ သူသင်ကြားလာခဲ့ရသည့်ပညာရေး ၊ ကျင့်ဝတ်ထုံးတမ်းများအရ ဘယ်လိုဖြစ်ဖြစ်လူကိုလွယ်လွယ်မရိုက်တတ်ပါချေ ၊ သူခိုးကိုဖမ်းမိတာနှင့် ရဲစခန်းပို့လိုက်ရင်ဖြစ်ပြီကို ဘာကိစ္စရက်စက်နေဦးမည်လဲ။
အဆုံးမှာတော့ မဒမ်ကုသည် သူ့နားရွက်အားဆွဲ၍ အိမ်ပြန်ခေါ်သွားပါလေတော့သည်။
"မင်းကဘာကိစ္စဝင်ပါနေရတာတုန်း--- ---"
ရှဲ့ယွီသည် အသိပြန်ဝင်လာပြီးနောက်မှ ဆိုလိုက်၏။
"ဒါဆိုလည်း ဒီပိတ်ရက်ပေါ့ ၊ ပိတ်ရက်မှာက ဘာမှလည်းလုပ်စရာမရှိဆိုတော့။"
"ဟုတ်ပြီ။"
ကျိုးသာ့လေက ဝမ်းသာအားရသဘောတူသည်။
နှစ်ဦးသားမှာ ခဏမျှစကားဆိုဖြစ်ကြသေးလေသည်။
ရှဲ့ယွီက လှေကားအကွေ့တွင်ရပ်လျက်ရှိသည် ၊ ဟယ့်ကျောင်းသည်ကား ဘယ်အချိန်ကတည်းက အတန်းထဲမှထွက်လာသည်မသိ မည်သူမှမမြင်သည်ကိုအခွင့်ကောင်းယူလျက် အနောက်မှနေ ရှဲ့ယွီခါးအားပွေ့ဖက်လိုက်ပါပြီး အနားတိုးကပ်လျက်မေးသည်။
"ဘာလုပ်နေတာလဲ။"
ကျိုးသာ့လေမှာ ဖုန်းချတော့မည်အပြု ရုတ်တရက်တစ်ဖက်မှစကားပြောလာသံအားကြားလိုက်ရသည်။
ထိုလူ၏လေသံက တိုးလျပြီးနီးနီးကပ်ကပ်လည်းဖြစ်သည် ၊ စကားပြောစဉ်၌ သူ့ရှဲ့Bossနားအနားကပ်ပြောလိုက်ပုံလည်းရှိကာ လေသံအဆုံးသတ်ကကြပျောင်းနွဲ့လျက်. . . . . . နားထောင်ရသည်မှာ တစ်မျိုးတစ်မည်ပင်။
နောက်ပြီး နားထဲရင်းနှီးသလိုလည်းရှိ၏။
ကျိုးသာ့လေမှာ အံ့သြသွားခဲ့ရသည်။
"ဘယ်သူလဲ? အသံကိုနားထောင်ရတာ မဆီလျော်သလိုခံစားရတယ်!"
ရှဲ့ယွီကပြောသည်။
"ဒါကိုလည်းမင်းက ကြားတာပဲလား။"
မဆီမဆိုင် မဆီလျော်ဟုတံဆိပ်ကပ်ခံလိုက်ရသည့်ဟယ့်ကျောင်း : "အာ?"
"ဪ. . . . . . မင်းကဟိုတစ်ယောက် ၊ ငါမင်းကိုမှတ်မိတယ် ၊ ငါတို့ရဲစခန်းမှာဆုံဖူးတယ်လေ။"
ရှဲ့ယွီက နှုတ်ကနေမှသတိလှမ်းပေးလာပြီး ဟယ့်ကျောင်း၏မှတ်ဉာဏ်ကလည်း မဆိုးလှလေရာ နွေရာသီတုန်းက ရဲစခန်း၌ဒူးထောက်၍ သုံးသပ်ချက်စာတမ်းရေးရသည့်ကိစ္စကို မမေ့ပါ။ ဘဲရဲ့ငယ်သူငယ်ချင်းလည်းဖြစ်သောကြောင့် ဟယ့်ကျောင်းသည် သေချာပေါက်အသိအမှတ်ပြုရမည်ဟုတွေးရင်း ဦးနှောက်ကိုဖျစ်ညှစ်၍ အမွှမ်းတင်စကားဆိုလိုက်ပါသည်။
"သူငယ်ချင်း ၊ မင်းသုံးသပ်ချက်စာတမ်းရေးတာမဆိုးဘူး ၊ စာအရေးအသားက လက်ဖျားခါရတယ်။"
ရှဲ့ယွီ : ". . . . . ."
ကျိုးသာ့လေ၏ အခုလေးတင်မှထုတ်သောက်ထားသည့် ပါးစပ်ထဲရှိစီးကရက်မှာ လွတ်ကျလုနီးဖြစ်သွားရလေ၏။
". . . . . ."
"ဒီလူကဘယ်သူတုန်း!"
ကျိုးသာ့လေသည် မေးပြီးနောက်မှ 'ရဲစခန်း'ဆိုသည့်စကားလုံးသုံးလုံးကိုပြန်အမှတ်ရကာ ဒီလူ၏နောက်ပြောင်တတ်ပုံကိုပါထပ်ပေါင်းလိုက်တော့ အမှတ်ရလို့သွားရတော့သည်။
"ဟိုတစ်ယောက်လား ၊ maskတပ်ထားတဲ့သောက်ချောကြီး?"
ဟယ့်ကျောင်းကတအားကပ်နေပြီး ကျိုးသာ့လေ၏လေသံကလည်းကျယ်လွန်းလှသည် ၊ အရှက်မရှိလည်း ပြန်လို့ဖြေလိုက်သေး၏။
"ငါပဲငါပဲ ၊ ရဲစခန်းထဲအချောဆုံးတစ်ယောက်။"
ဟယ့်ကျောင်းသည်ကား ရင်းနှီးလွယ်သူဖြစ်ပြီး သိသိမသိသိအရေးမထားဘဲ အကုန်လုံးနှင့်ပြောဆိုနိုင်သည် ၊ ရှဲ့ယွီကတော့ နားဆက်မထောင်နိုင်တော့ပါ။
"မင်းထပ်ပြီးအရှက်မရှိလုပ်ပြန်ပြီ။"
ကျိုးသာ့လေမှာလည်း ထိုသူနှင့်ဆက်လက်ပြီးစကားပြောချင်နေမိရသည်။
"အာ--- --- ရှဲ့Boss ၊ တိုက်ဆိုက်ချက်ပဲရော ၊ မင်းတို့ကတစ်ကျောင်းတည်းပေါ့? သူငယ်ချင်းတွေ?"
ရှဲ့ယွီသည် ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက်မှ ပြောလိုက်ပါသည်။
"အင်း ၊ သူငယ်ချင်း။"
ပြီးတော့ ချစ်သူကောင်လေးဆိုလည်းဟုတ်တယ်။
ကျိုးသာ့လေမှာ ထိုလောက်ကြီးအထိမတွေးသလို ရှဲ့ယွီကလည်းမပြောပါ။
ကျောင်းတွင်သာ သိုသိုသိပ်သိပ်နေတာပေမယ့် ရှဲ့ယွီသည် ထိုဆက်ဆံရေးအားဖုံးကွယ်ထားဖို့ရန် စိတ်ကူးမရှိပါချေ ၊ တစ်ရက်ရက်သာ့လေသာ တကယ်ကြီးသူ့ကိုမေးလာပါက သူသည် ချက်ချင်းဝန်ခံလိုက်မှာပဲဖြစ်သည် - ငါ့ဘဲလေ ၊ အံ့သြသွားလား?
ရှဲ့ယွီဖုန်းချလို့ပြီးပါမှ ဟယ့်ကျောင်းကမေးသည်။
"မင်းပိတ်ရက်အိမ်ပြန်မှာပေါ့?"
"အင်း. ."
ရှဲ့ယွီကပြောသည်။
"ငါ့မွေးစားအမေစီသွားမလို့။"
ဟယ့်ကျောင်းသည် စဉ်းစားလိုက်ရင်း. .
"လမ်းတကာပတ်ပြီး နှုတ်လည်းကြမ်းတယ်ဆိုတဲ့ မွေးစားအမေလား?"
ရှဲ့ယွီရောက်တက်ရာရာပြောလိုက်သည့် စကားတစ်ခွန်းအား ဟယ့်ကျောင်းကအခုချိန်ထိမှတ်မိနေလိမ့်မည်ဟုမထင်ထားခဲ့ ၊ အန်တီမေသည်ကား ဒေါသကြီးပြီး ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်လိုလိုထင်ရပေမယ့် ဖြောင့်မတ်စွာဖြင့်စီးပွားရေးလုပ်နေသူတစ်ယောက်သာ ဖြစ်ပေသည်။
ကျောင်းဆင်းခေါင်းလောင်းထိုးလာချိန်တွင်တော့ အားလုံးပဲပစ္စည်းတွေသိမ်းကာ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြ၏ ၊ အမှတ်မထွက်လာသေးသောကြောင့် ပျော်နေသူများလည်းရှိသလို စိုးရိမ်နေကြသူများလည်းရှိပေသည်။ လျှိုချွိင်ဟောက်တို့တစ်တွေမှာ အခန်းအပေါက်ဝ၌ရပ်လျက် ခပ်လှမ်းလှမ်းကသူတို့ကိုကြည့်ကာ လက်လှမ်းပြလို့လာသည်။
"သွားပြီ--- ---"
ဟယ့်ကျောင်းလက်မောင်းတစ်ဖက်က ရှဲ့ယွီပုခုံးထက်တင်လို့ထားစဲဖြစ်ပြီး ထိုအနေအထားအတိုင်းပင် လျှိုချွိင်ဟောက်ကိုလက်ပြန်ပြလိုက်သည်။
"ဘိုင်း။"
လျှိုချွိင်ဟောက်တစ်ယောက် ထိုမြင်ကွင်းကိုမြင်နေရပေမယ့် မထူးဆန်းတော့ ၊ ထိုနှစ်ယောက်က ကျောင်းတက်နေချိန်အတွင်းလည်း လက်ချင်းတွဲထားကြဖူးပြီး ကျောင်းဝက်ဆိုဒ်ထဲမှာဆိုလည်း cpဆိုပြီးshipနေကြသူတွေကတစ်ပုံလိုက်ပင်။
ရှဲ့ယွီက အဆောင်ပြန်ပစ္စည်းသိမ်းသည့်နောက် ဟယ့်ကျောင်းကထက်ကြပ်မကွာလိုက်၏။
သူသည်အင်္ကျီအနည်းငယ်ကိုယူရင်းမှ လှည့်ပြီးဖုန်းအားသွင်းကြိုးကိုယူရန် ကိုယ်ကိုအလှည့်မှာပင်ဟယ့်ကျောင်းနှင့်ဝင်တိုက်မိတော့သည်။
"မင်းနေရာတစ်နေရာရှာပြီး ခဏလောက်ငြိမ်ငြိမ်လေးထိုင်နေပေးလို့ရမလား။"
ဟယ့်ကျောင်းကပြောလာသည်။
"ငါတို့နှစ်ရက်ကြီးများတောင် မတွေ့ဘဲနေကြရမှာဆိုတာကိုတွေးပြီး ငြိမ်နေလို့ကိုမရဘူး--- --- နှစ်ရက် ၊ (၄၈)နာရီ ၊ (၂၈၈၀)မိနစ် ၊ (၁၇၂၈၀၀)စက္ကန့်. . . . . ."
ရှဲ့ယွီသည် သူ့အားကုတင်ထက်သာတွန်းပို့၍ အတင်းထိုင်ခိုင်းဖို့ကိုသာအာရုံရနေ၍ ဘယ်နားမူမမှန်နေသည်ကိုသတိမထားမိ ၊ ဟယ့်ကျောင်းရင်ထဲဗရမ်းဗတာဖြစ် ရင်တွေခုန်နေသည်ကိုလည်း အာရုံမစိုက်မိခဲ့ပါ။
"ထိုင်. ."
ရှဲ့ယွီသည် လူကိုဖိတွန်း၍ထိုင်ခိုင်းလိုက်ပြီးနောက် ဒေါသကိုထိန်းကာ ဟယ့်ကျောင်း၏ခေါင်းကိုပွတ်သပ်ပေးလိုက်ပြီး ဒေါသသံဖြင့်နားချလိုက်ပါသည်။
"မင်းမေလူးထပ်ပြီး ငါ့နောက်လျှောက်လိုက်နေဦးမယ်ဆိုရင် ငါမင်းကိုထိုးမှာနော်။"
ဟယ့်ကျောင်း : ". . . . . ."
ရှဲ့ယွီသည် ဟေးရွှေလမ်းသို့တန်းမသွားဘဲ ကျုံးအိမ်စီအရင်ဝင်လိုက်သည်။
မဒမ်ကုမှာ ဟင်းချက်လို့နေပြီး အေပရွန်ကိုပင်မချွတ်ရသေးဘဲ တံခါးလာလို့ဖွင့်ပေးသည်။
"ပြန်လာပြီလား? ဘာလို့ကြိုမပြောတာလဲ?"
ကုရွှယ်လန်က တစ်သီကြီးမေးလို့လာသည် ၊ ကျောင်းကဟင်းထမင်းတွေကဘယ်လိုနေလဲ ၊ ပိန်များသွားတာလား ၊ နှစ်ဝက်စာမေးပွဲဖြေတာဘယ်လိုလဲ စသဖြင့်။
ရှဲ့ယွီသည် အသီးပန်းကန်ထဲမှ ပန်းသီးတစ်လုံးကိုယူလိုက်ပြီး မီးဖိုခန်းအပေါက်ဝကိုမှီလျက်မှ ပြောလိုက်သည်။
"မဆိုးပါဘူး။"
ထို'မဆိုးပါ'ဆိုသည့် ရေရေရာရာမရှိသည့်စကားလုံးက ဘာကိုအတိအကျဆိုလိုချင်မှန်းမသိပါ။
"ဘာကိုမဆိုးတာလဲ. ."
ကုရွှယ်လန်ကဆိုသည်။
"မင်းဒီတစ်ခေါက်ဖြေထားတာက ထပ်ပြီးနောက်ဆုံးအဆင့်(၂)ပဲလား?"
ရှဲ့ယွီကစကားမဆို ၊ ကုရွှယ်လန်သည်လည်း ထိုစကားကိုထပ်ပြီးဖိမပြောတော့ပါဘဲ မဆီမဆိုင် နောက်ဆုံးဘိတ်ချေးအဆင့်ကြောင်း စကားစလို့လာသည်။
"မင်းထုံကျော ၊ အဲ့ကလေးကအမြဲနောက်ဆုံးအဆင့်(၁)ကိုလက်ကိုင်ထားစဲပေါ့။"
ကုရွှယ်လန်သည် ပြောပြီးနောက် "အိုင်းယား"ဟုထပ်ဖြည့်ဆိုလာခဲ့၏။
တကယ်တမ်းကြ တစ်ခါတစ်လေရှဲ့ယွီ၏အတွေးတို့ကလည်း မဒမ်ကုနှင့်သိပ်ပြီးမကွာလှကြောင်း ခံစားမိရသည်။
နဂိုကဟင်းနှစ်ခွက်လောက်သာ ချက်ဖို့စိတ်ကူးထားလေသည့် မဒမ်ကုမှာ ပိုချက်ဖို့ပြင်ရင်း မီးဖိုခန်းထဲအလုပ်ရှုပ်လို့သွားလေသည်။
ရှဲ့ယွီသည် ဆိုဖာထက်ထိုင်ကာ ထမင်းစားဖို့စောင့်ရင်းမှ မနေနိုင်ပါဘဲ ခေါင်းငုံ့၍ဖုန်းbrowserထဲဝင်ကာ စာလုံးတစ်လုံးပြီးတစ်လုံးရိုက်လို့နှိပ်လိုက်ပါသည် - ချစ်သူကောင်လေး စာမလုပ်တာကို ဘယ်လိုလုပ်ရမလဲ။
____________
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ~❤️