ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...
By Vanilla_IceCream61
1.7M 255K 16.9K
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More
1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)
33
10.5K 1.6K 30
By Vanilla_IceCream61
ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး Chris က Qing Yun ပါးပေါ်မှ ဆံနွယ်များကို သပ်တင်ပေးနေသည်။ သူကခေါင်းငုံ့လိုက်ကာ လူငယ်လေး၏ ပန်းရောင်သန်းနေသော ပါးကိုနမ်းပြီး တီးတိုးပြောလိုက်သည်။ "ဘယ်သူ့ကိုမှ မင်းကိုထပ်နာကျင်စေခိုင်းမှာ မဟုတ်ဘူး။ "
ကိုယ်အပါအဝင်။
စောင်ကိုအပေါ်ထိဆွဲခြုံပေးလိုက်ပြီး Chris မတ်တပ်ရပ်ကာ ထွက်သွားသည်။
နွေးထွေးပြီး အကာအကွယ်မဲ့နေသော နေရောင်လေးက အိပ်ရာပေါ်ဖြာကျနေသည်။ Qing Yun ကမျက်လုံးဖြေးဖြေးချင်းဖွင့်လိုက်ပြီး အကြောဆန့်လိုက်သည်။
ယခုအထိ ဤကမ္ဘာ၏ ထူးဆန်းဖွယ်ရာများကို သူအံ့သြနေရသေးသည်။ တစ်ပတ်လောက် အရှက်မရှိခဲ့တာလား၊ ဒါမှမဟုတ် Alpha နဲ့ Omega တွေရဲ့ တည်ဆောက်ပုံကြောင့်လား။ ထိုအကြောင်းကို တွေးမိပြီး ထိန်းမနိုင်သိမ်းမရ ရှက်မိသေးသည်။ သူ၏ခေါင်းဘေးဘက်ဖြင့် ခေါင်းအုံးကို ပွတ်သပ်နေသည်။
သူနိုးနေသော်လည်း Qing Yun တွင်ထဖို့ရန်ရည်ရွယ်ချက်မရှိပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူကအခုနူးညံ့တယ်လေ။ သူကဘယ်လိုများ လျှောက်သွားနေနိုင်မှာလဲ။ Qing Yun နှာမှုတ်ထုတ်လိုက်ပြီး ထို့နောက်တွင်မှ သူ့စိတ်ဝိညာဉ်ထဲဝင်လာသော စွမ်းအားများကို ချေဖျက်လိုက်သည်။
ကြိုးကြာနီများ၏ အာကာသယာဉ်ပေါ်တွင် Chris က Apollon ကိုအဆုံးသတ်လိုက်သည်။ Qing Yun ကကောင်းကင်ဘုံကျင့်ကြံသူမှ တစ်ခုခုကို သတိထားမိသွားမည်အား ကြောက်လန့်ပြီး ခဏမျှတုန်လှုပ်သွားသေးသည်။ သို့သော် Chris ၏စိတ်ဝိညာဉ်က ထူးခြားပုံပေါ်သည် ထိုအဖြစ်က ကောင်းကင်ဘုံကျင့်ကြံသူ၏ အာရုံစိုက်မှုကို မရခဲ့ပေ။
ဤကမ္ဘာက ပေးသောစွမ်းအင်က အလွန်ရက်ရောနေသလိုပင်။ ၎င်းက Qing Yun ကိုအလွန်ကျေနပ်စေခဲ့သည်။
ဤကမ္ဘာ၏ တာဝန်ပြီးမြောက်သည့်ပုံက Qing Yun အတွက်ဆန်းသစ်နေသည်။ သူက သတင်းအချက်အလက်ကို ထိန်းသိမ်းထားရန်သာလိုပြီး တစ်ချိန်ထဲမှာပင် Chris အားလျှို့ဝှက်စွာ ဖိအားပေးနိုင်ခဲ့သည်။
ဝာာဝန်ကို တစ်ပတ်ထဲဖြင့်ပြီးမြောက်ခဲ့ပြီး ၎င်းက Qing Yun ကိုအံ့အားသင့်စေခဲ့သည်။
သူဝင်ရောက်ဆော့ကစားနေသော ကမ္ဘာမှ ထွက်ခွာသွားမည့် အတွေးသူ့ခေါင်းထဲ ပေါ်လာလာချင်းပင်၊ ဤရက်များအတွင်း Chris သူ့ကို အဖော်ပြုပေးနေပုံများ မှတ်မိလာသည်။ သူက ကူကယ်ရာမဲ့စွာ ခေါင်းခါ၍ ရယ်မောရုံသာ တတ်နိုင်သည်။
ကမ္ဘာကနေ တိုက်ရိုက်ထွက်သွားတာကခဏလောက်နေပေးပြီး သူ့ကိုနဲနဲကြပ်ပေးတာလောက် ပိုပျော်စရာကောင်းပါ့မလား။
ဗိုလ်ကြီး Chris ကသတင်းအချက်အလက်ဖြန့်ဝေသော ပွဲတစ်ခု ပြုလုပ်ခဲ့သည်။
သူ၏ အကျင့်နှင့်ရင်းနှီးသော သူများအတွက် အနည်းငယ်အံ့သြစေခဲ့သည် အဘယ့်ကြောင့်ဆိုသော် Chris ကအလုပ်ဖြင့်သက်သေပြသော သူမျိုးဖြစ်သောကြောင့်ပင်။ သူက မလိုအပ်လျှင် လူများကို အဓိပ္ပါယ်မရှိသည်များ မပြောတတ်ဘဲ၊ ယခုကဲ့သို့ ပွဲလုပ်ခြင်းက ကောင်စီမှ လူအိုကြီးများ၏ ပုံစံနှင့် ပိုတူသည်။
လူအများစုက ရှင်းလင်းပွဲကို သိချင်စိတ်ဖြင့် Chris၏ ပြည်ထောင်စုတွင်း ကျော်ကြားမှုကြောင့် ကြည့်ကြသည်။
ဗိုလ်ကြီး Chris ကဘာများ ပြောလိမ့်မလဲ။ ပြည်ထောင်စု ထိပ်သီးပိုင်းက ဆုံးဖြတ်ချက်များလား။ တာဝန်အတွင်း သူ့ရဲ့အဖြစ်အပျက်တွေကိုများ ပြန်ပြောမလို့လား။
ပရိသတ်က သိသိသာသာပင် အကောင်းမြင်နေပြီး မျက်နှာပြင်ပေါ်တွင် မှတ်ချက်များတက်လာသည်။
(ပြည်ထောင်စု ထိပ်သီးပိုင်းကသူတွေ စိတ်များလွတ်သွားတာလား။ သူတို့က Chris ကိုရှင်းလင်းပွဲလုပ်ခိုင်းမယ်လို့ ယုံတောင်မယုံနိုင်ဘူး။)
(ဗိုလ်ကြီးက ၂ကြောင်းလောက်နဲ့ ပွဲသိမ်းသွားမယ်လို့ ငါပြောရဲတယ်။)
(ငါလည်း လောင်းတယ်)
(Chris ကငါ့ယောက်ျား၊ Chris ကငါ့ယောက်ျား၊ Chris ကငါ့ယောက်ျား)  ၎င်းက Chris ၏ စိတ်အားထက်သန်သော ပရိသတ်ဆိုတာရှင်းနေပြီး နီနီရဲနေသော စာတမ်းများ မျက်နှာပြင်တစ်ခုလုံးပေါ်လာသည်။
သို့သော် ၎င်းက ကြည့်ရှုသူများ၏ စိတ်ခံစားချက်ကို မထိခိုက်စေဘဲ သူတို့က ၎င်းနှင့် အသားကျနေသည်။ Chris လူထု၏မြင်ကွင်းထဲ ပေါ်လာသည်က အလွန်ရှားပါးလွန်းသည်။ သို့သော် ပေါ်ထွက်လာမှုတိုင်းက မုန်တိုင်းကဲ့သို့ပင်၊ ပြည်ထောင်စုတစ်ခုလုံးမှ Omega များနှင့် Beta များက သူ့ကလေးလွယ်ပေးချင်ကြောင်း ဆူပူနေကြသည်။ အချို့ Alpha များပင် သူ့ကိုစွဲလမ်းနေကြသည်။
(ငါ့ရှေ့က တစ်ယောက်က ငါမျက်နှာပြင်ကို လျက်မယ့်လမ်းမှာ လာပိတ်နေတယ်။)
(ဒီတစ်ကြိမ်ကော ဗိုလ်ကြီးက ဘာများပြောလိမ့်မလဲ။)
(ငါ အားလုံး ကြားချင်တယ်။)
(Jorah အကြောင်းမဟုတ်လောက်ပါဘူးနော်)
(ဟဟဟဟဟဟ၊ငါ့ေကာင်ရယ် တစ်နှစ်လုံးမှာ အရယ်ရဆုံးဟာသက မင်းဟာပဲ။)
ထိုမှတ်ချက်တက်လာသည်နှင့် များစွာသော လှောင်ပြောင်မှုများက နောက်မှလိုက်လာသည်။ အဘယ့်ကြောင့်ဆိုသော် Chris ကကိုယ်ရေးကိုယ်တာ ကိစ္စများကို ခေါင်းထဲဘယ်တော့မှ မထားဘဲ  သူ၏အချိန်အားလုံးကို ပြည်ထောင်စုအတွက်သာ ပေးဆပ်ထားခဲ့သည်။
ထို့အပြင် သူတို့က Jorah သည် Chris နှင့်ပက်သက်နိုင်လိမ့်မည်ဟု မထင်ပေ။ ထိုသို့မဟုတ်ခဲ့လျှင် သူတို့ဤမျှ Jorah အကြောင်းလက်လွှတ်စပယ် ပြောရဲမည်လား။
လူတိုင်းက Chris အား အဓိကအချက် ကိုထုတ်ပြောရန် အားပေးနေကြသည်။ သူတို့က Chris ပြောမည့်အကြောင်းအား ပျော်ရွှင်စွာ ခန့်မှန်းနေကြပြီး သတိမမူမိစွာပင် Jorah အကြောင်းမေ့သွားသည်။
မည်သို့ပင်ဆိုစေ Chris က သူတို့ကို ရှင်းရှင်းလင်းလင်း အံ့အားသင့်စေမည် ဖြစ်သည်။
သူပါးစပ်ဖွင့်လိုက်သည်နှင့် သူ၏ရည်ရွယ်ချက်ကို ဗွင်းဗွင်းရှင်းရှင်းပင် ဖွင့်ပြောလိုက်သည်။ "ဒီရှင်းလင်းပွဲက အချို့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ရှင်းလင်းဖို့အတွက်ပါ။ "
"Jorah ကကျွန်တော့်ရဲ့ တရားဝင်လက်တွဲဖော်ပါ။ "ထိုအချက်ကို Chris ကလုံးဝခိုင်ခိုင်မာမာ ပြောဆိုခဲ့ခြင်းဖြစ်သည်။ သူ၏ငွေရောင်မျက်လုံးများက လူထုဆီဓားသွားချွန်ချွန်ကဲ့သို့ စိုက်ကြည့်နေသည်။ "ကြယ်ကွန်ယက်ပေါ်မှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ပက်သက်ပြီး ဘယ်လိုဆိုးရွားတဲ့ထင်မြင်ယူဆချက်မျိုးမဆို ထပ်ပေါ်လာရင် သိက္ခာကျအောင်လုပ်ကြံပြောဆိုချက်အဖြစ် ယူဆရပါလိမ့်မယ်။ "
Chris ထိုအချက်ကို ပြောပြီးသည်နှင့် ကြည့်ရှုသူများအားလုံး အံ့သြသွားပြီး တရစပ်တက်နေသော မှတ်ချက်များ နောက်ဆုံးလျော့နည်းသွားကာ (Chris ကငါ့ယောက်ျား) ဟူသောစာကြောင်းသာ ခိုင်မာစွာ ကျန်ခဲ့သည်။
"Jorah ရဲ့ကိုယ်ရေးအချက်အလက်တွေကို ပေါက်ကြားစေခဲ့တဲ့ သူကိုလည်း တရားနည်းလမ်းအရ အရေးယူပါမယ်။ "
ထို့နောက် Chris ကမျက်နှာပြင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "နားလည်မှုမလွဲစေဖို့အတွက်လည်း၊ Jorah ကလွဲပြီးအခြားသူဆီကနေ စွဲလမ်းနေတဲ့နာမည်မျိုး တပ်တာလက်မခံနိုင်ပါဘူး။ အဲ့ဒါသာ ထပ်တက်လာရင်၊ ကျွန်တော့်သိက္ခာကို ချနေတယ်လို့ ယူဆပါမယ်။ "
Chris ပြောပြီးသည်နှင့် ထိုအနီရောင်စာတန်းကတိတ်တဆိတ်ပျောက်ကွယ်သွားကာ ပြန်မပေါ်လာတော့ပေ။
ထိုအခိုက်တွင် ရှင်းလင်းပွဲကို ကြည့်နေသော ပရိသတ်များက စိတ်ရှုပ်ထွေးသွားပြီး မျက်နှာပြင်ပေါ်မှ တည်ကြည်သော Chris ကိုကြည့်ပြီး ထိတ်လန့်နေကြသည်။ သူ၏ငွေရောင်မျက်လုံးတစ်စုံကို ကြည့်ရင်း ခပ်ဖျော့ဖျော့ကြက်သီးများ တဖြည်းဖြည်းထလာသည်။
သို့သော် တစ်ချိန်ထဲမှာပင် နားမလည်မှုများ လွှမ်းမိုးသွားသည်။
Jorah ကတကယ်ကြီး ဗိုလ်ကြီး Chris နဲ့ပက်သက်နေတာလား။
ဗိုလ်ကြီးကိုယ်တိုင်ကတောင် ရှင်းလင်းပွဲလုပ်ပြီး သူ့ကိုထောက်ပံ့ပေးရတာလား။
သူ့အတွက်နဲ့ ဗိုလ်ကြီးကချစ်စနိုးပြောတာကိုတောင် လက််မခံတော့ဘူးလား။
ဘယ်လိုတောင် ခွေးမ ဆန်တာလဲ။
လူထု၏ခေါင်းထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ဒေါသများ မြင့်တက်လာသည်။ Chris ကဤမျှအတိုင်းအတာအထိ ပြောလိုက်သည့်အတွက် နဂိုဖြတ်လျှောက်များကပင် Jorah အားဒေါသထွက်လာကြသည်။
ကောင်းမွန်မြင့်မြတ်တဲ့ နိုင်ငံတော်ပုံရိပ်တစ်ယောက်က Jorah တစ်ယောက်ထဲကြောင့် အနာအဆာဖြစ်သွားပြီ။ Jorah ကသူတို့ရဲ့ ဗိုလ်ကြီး Chris နဲ့လိုက်ဖက်တဲ့ အရည်အချင်း မရှိဘူး။
သူတို့က လုံးဝကို မလိုက်ဖက်ဘူး။
(Chris ကငါ့ယောက်ျား) ဟုတရစပ်ပြောနေသော ပရိသတ်များကပို၍ ဒေါသထွက်နေကြသည်။ ဗိုလ်ကြီးက ဘာပြောချင်နေတာလဲ။ Jorah အတွက်ကြောင့်နဲ့ သူ့ကိုနှစ်သက်ခွင့်ကို ငြင်းဆန်နေတာလား။
*****
ကင်မရာတစ်ဖက်မှ Chris ၏လက်ထောက်က မျက်နှာကိုဖုံးကာလိုက်ပြီး စိတ်ဆင်းရဲနေမှုကို ဖုံးကွယ်လိုက်သည်။
သူ ဗီုလ်ကြီးကို ကိုယ်တိုင်ပြောခွင့်မပြုလိုက်သင့်ဘူး။  ဒီလိုအေးစက်ပြီး မညှိနှိုင်းတတ်တဲ့ မိန့်ခွန်းသာဆို သက်ရောက်မှုက မှတ်ချက်တွေကို တိုက်ရိုက်ဖျက်တာထက် ပိုဆိုးရွားသွားပြီ။ OK?
ဒီဟာက သခင်လေး Jorah ဘက်ကိုအားမသာစေဘူးနော်။ အဲ့အစား လူတွေကို မုန်းတီးစေမှာ။
မျက်နှာပြင်ပေါ်မှ ဒေါသထွက်နေသည့် ပရိသတ်၏ အပြုအမူကို သတိမထားမိသည့်အလားပင်Chris ကဗီဒီယိုချပ်တစ်ပြားကို ထုတ်ယူလာသည်။ သူကမျက်လုံးအောက်စိုက်ကာ သူ့လက်ဖဝါးထဲမှ ချပ်ပြားကို စိုက်ကြည့်နေပြီး ပြောလိုက်သည်။ "ဒါတာဝန်အတောအတွင်း ကျွန်တော့်ရဲ့ဗီဒီယိုပါ။ မူလတုန်းက ကျွန်တော်ဖွင့်မပြချင်ခဲ့ပေမယ့်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ကို မမြင်စေချင်ခဲ့ပေမယ့်။ " စိတ်ပျက်နေသော အမူအရာပေါ်လာသည်။
Chris ကဆက်မပြောခင် မျက်လုံးမှိတ်ကာ စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်သည်။ " ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ နားလည်မှုလွဲနေပြီး Jorah ကိုဆက်လက်စွပ်စွဲနေမှာမျိုး ကျွန်တော်မလိုချင်ပါဘူး။ "
ထို့နောက်သူက ခေါင်းညှိတ်လိုက်ပြီး ချပ်ပြားကို ကွန်ပျူတာဆီ ထည့်သွင်းလိုက်သည်။
ထိုအချိန်က Chris အပေါ် မလိုလားအပ်သော နားလည်မှုလွဲခြင်းမျိုး မဖြစ်စေရန် ပြည်ထောင်စုထိပ်ပိုင်းမှစီမံသူများက Chris ကိုကင်မရာလေးများ တပ်ဆင်ပေးခဲ့သည်။
ဤဗီဒီယိုတွင် သူ၏တာဝန်အကြောင်းရိုက်ကူးထားပြီး Chris ကJorah ၏ခွင့်ပြုချက်ကိုတလေးတစားတောင်းခံပြီးမှသာ လူထုဆီချပြခြင်းဖြစ်သည်။
ဗီဒီယိုကို ကြည့်ပြီး နားလည်နိုင်မှာတဲ့လား။  ကြည့်ရှုသူများက ဒေါသထွက်နေဆဲပင်။ ဗီဒီယိုထဲမှ ဗိုလ်ကြီး Chris က Jorah နဲ့တွေ့ပြီးတော့ Jorah ရဲ့ယုံကြည်မှုကြောင့် ထိရှသွားတာကလွဲပြီး သူတို့ကြည့်စရာမရှိလောက်ပါဘူး။
Chris ကအရင်က အချစ်နဲ့မထိတွေ့ခဲ့ဘူးလို့ Jorah ရဲ့ လှည့်ကွက်တွေကို ယုံကြည်မိသွားတာ။
ဗီဒီယိုက စပြနေပြီဖြစ်ပြီး ပရိသတ်က Jorah ထွက်ပေါ်လာမည်အား စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသည်။
Chris က Jorah ကိုနှိပ်စက်ဖို့ အမိန့်ပေးခံရသည်အား ကြည့်ပြီး လူတိုင်းမျက်လုံးပြူးသွားသည်။ သူတို့၂ယောက်ကို ထိုကဲ့သို့တွေ့ဆုံမည်ဟု သူတို့မထင်ထားပေ။
မှတ်ချက်တစ်ခုက မျက်နှာပြင်ပေါ် ချက်ချင်းတက်လာသည်။ (ဒါ ဟာသကြီးပဲ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမျိုး ချစ်သွားနိုင်မှာလဲ။)
(ဗိုလ်ကြီးက ရေထုတ်လိုက်တာ ဖြစ်မယ်) T/N-အားအကုန်မသုံးခဲ့တာ
(မဖြစ်နိုင်ဘူး။ ဗိုလ်ကြီးက တာဝန်တစ်ခုကို ကလေးကစားနေသလိုမျိူး သဘောထားမှာမဟုတ်ဘူး။)
ထိုအခိုက်တွင် Chris အသံအက်ရှရှ ထွက်လာခဲ့သည်။ သူက ကြောက်ရွံ့မှုကို ထိန်းချုပ်နေရသလိုပင်။ "အစတုန်းက ဒေါက်တာ Ramiel ရဲ့သဲလွန်စကို ဖော်ထုတ်မိမှာစိုးလို့ သူ့ကိုသတ်ဖို့ပြင်ခဲ့ပါသေးတယ်။ "
"သူ့ကိုသတ်ဖို့ " ဆိုသည့်စကားက လူထု၏ရင်ထဲထိုးဖောက်သွားပြီး ပါးစပ်ပိတ်သွားစေခဲ့သည်။
ဗိုလ်ကြီး Chris က ပို၍ကောင်းမွန်သောရလဒ်အတွက် စိုးရိမ်သောကြောင့် ဆိုသည်ကို သူတို့သိနားလည်သည်။
ဗီဒီယိုထဲမှ Jorah က Chris ကိုမော့ကြည့်လာသည်။ လူတိုင်းက သူအသနားခံတော့မည်ဟု ထင်လိုက်ချိန်တွင် လူငယ်လေး၏ ကျိန်ဆဲသံက လူတိုင်း၏မျက်နှာအား ပူလောင်သွားစေသည်။
'သစ္စာဖောက်ကောင်' ဟူသောစကားသည် Chris ရန်သူဘက်အညံ့ခံပြီးနောက် လူအများ Chris ကိုသမုတ်သောစကားလုံးပင်ဖြစ်သည်။ သူတို့ သူ့ကိုလေးစားသလောက် သူအညံ့ခံသွားသောအခါ သူတို့ ထပ်တူမုန်းတီးကြသည်။ သူတို့က သူ့အား ဒေါသတကြီးမလေးမစားဆဲဆိုကာ ကြယ်ကွန်ယက်ပေါ်တွင် ရိုင်းရိုင်းစိုင်းစိုင်း တိုက်ခိုက်ခဲ့ကြသည်။
ကောင်လေးက အံကြိတ်ကာ စစ်မှန်သော ခံစားချက်ဖြင့် ရှင်းရှင်းလင်းလင်းဆဲဆိုခဲ့သည်။ထိုအခိုက်အတန့်က သူတို့ သေလောက်အောင်ပုန်းကွယ်ပြီး သစ္စာဖောက်ခြင်း၏နာကျင်မှုကို ခံစားနေရသည့် အချိန်ဆီ ဆွဲခေါ်သွားသည်။
ဗီဇချပ်ပြား အခိုးခံရမှန်းသိပြီးနောက် ပြည်ထောင်စုမှလူများက တစ်နေ့နေ့ သူတို့အိပ်နေစဉ်တိတ်တဆိတ် သေဆုံးသွားနိုင်ကြောင်း သိရှိကာ ကြောက်ရွံ့ခဲ့ကြသည်။ ထို့နောက်က လိုက်လာသည်က သူတို့ချစ်မြတ်နိုးရသော ကာကွယ်ရေးသူတော်စင်ကြီး သစ္စာဖောက်သွားသည့် သတင်းပင်။ ထိုအချိန်က လူတိုင်းသူတို့၏ အကြောက်တရားကို Chris ထံပုံချခဲ့ကြသည်။
Jorah ၏ မုန်းတီးမှုက ပရိသတ်ကို သူလည်းသူတို့ကဲ့သို့ပင် ဒေါသထွက်၊ေကြာက်ရွံ့ေသာ်လည်း ပြည်ထောင်စုကို ချစ်မြတ်နိုးကြောင်း သတိရစေခဲ့သည်။
သို့သော်သူတို့က Jorah ကိုသံသယဝင်ဆဲပင်၊ သူက အရမ်းသူရဲဘောကြောင်ပြီးအားနည်းတယ်လေ။ သူနှိပ်စက်ဒဏ်ခံနိုင်ပါ့မလား။
Jorah စ၍အနှိပ်စက်ခံရသောအခါ သူတို့က သူတစ်ပါးကို ဒုက္ခပေးလိုသော မျှော်လင့်ချက်ထားထားသေးသည်။ ရိုက်ချက်ဘယ်လောက်ကိုများ သူသည်းခံနိုင်မှာ မို့လို့လဲ။
သို့သော် မကြာခင်သူတို့ ဆွံ့အသွားသည်။
အဘယ့်ကြောင့်ဆိုသော် Chris ကဟန်ဆောင်နေတာ မဟုတ်ဘူးဆိုတာ သူတို့သဘောပေါက်သွားကြသည်။
တစ်စုံတစ်ယောက်၏အသက်ကို ကြာပွတ်တစ်ချက်ထဲဖြင့် မထိခိုက်စေနိုင်သော်လည်း ၎င်းက အားလုံလုံလောက်လောက်ပါပြီး၊စိတ်ပိုင်းဆိုင်ရာဖိအားလည်း ပေးသေးသည်။ ထိုအရာက နှိပ်စက်ညှင်းဆဲခြင်း၏ အနှစ်သာရဖြစ်ကာ Chris ကအားလုံးကို လုပ်ဆောင်ခဲ့သည်။
Jorah ကကော။ သူ၏ တုန့်ပြန်မှုက ပို၍အံ့သြဖွယ်ကောင်းသည်။ သူက အသနားမခံရုံသာမက အသံပင်တစ်စက်မျှ မထွက်ပေ။ သူက Chris ကိုသာတည့်တည့်စိုက်ကြည့်နေပြီး ရှောင်ဖို့ရန်လည်း မကြိုးစားပေ။
သူတို့ Jorah မတောင့်ခံနိုင်တော့ဟု ထင်နေချိန်တွင် Jorah ကသူတို့၏ထင်မြင်ချက်များကို တဖန်ပြောင်းလဲစေခဲ့သည်။
အစက သူတို့ Jorah တောင့်မခံနိုင်တော့ဘဲ အသနားခံတော့မည်ဟု ယူဆနေကြသော်လည်း နောက်ပိုင်းတွင် အနှိပ်စက်ခံနေရသော ဆယ်ကျော်သက်လေးအစား ချွေးထွက်လာကြသည်။
တောင့်ခံထား။ အဲ့ဒီ့မှာတောင့်ခံထား။
သူတို့က စိတ်ဓာတ်ညှင်းဆဲသည့် ကိရိယာမှ ဝါယာကြိုးများ Jorah ၏ခေါင်းအနောက်ဘက်၌ တွယ်ချိတ်နေသည်အား ကြည့်ပြီး နှလုံးခုန်သံများ မြန်လာသည်။
သူတို့က လူငယ်လေး လျှပ်စစ်စီးသည့်ဒဏ်ကို တောင့်ခံနေသည်အားကြည့်ပြီး အားပေးသည့်အနေဖြင့် အော်ဟစ်နေကြသည်။ သို့သော် Jorah က Chris ကိုကန်ထည့်လိုက်သည့်အချိန်တွင် ရယ်တာမရပ်နိုင်တော့ပေ။
လူငယ်လေး၏ခေါင်း၌ ဖြူကောင်ကဲ့သို့ အစိုက်ခံထားရသည့်အတွက် ဝမ်းနည်းနေကြပြီးသူစကားပြောလိုက်သောအခါ နှလုံးသားများ ထုံကျင်သွားသည်။ "ပြည်ထောင်စုကြီးက ကျရှုံးမှာ မဟုတ်ဘူး။ " လူငယ်လေးက ခေါင်းမော့ကာ ပြည်ထောင်စု၏ အနုပညာတက္ကသိုလ်ကျောင်းသားဖြစ်သည်ဟု ဂုဏ်ယူစွာပြောစဉ်က သူတို့၏ ပါးစပ်များကို ဖုံးအုပ်ကာ မျက်ရည်ဝဲဝဲဖြင့် ရယ်မောကြသည်။
ဆယ်ကျော်သက်ကလေးက ပြင်းထန်လာသော နှိပ်စက်ညှင်းပန်းမှုများအား ခံစားနေရသည်ကို ကြည့်ရင်း မျက်နှာပြင်ရှေ့မှလူများမှာ ဗီဒီယိုသာဖြစ်ကြောင်း မေ့လျော့ကာ ကျယ်လောင်စွာအားပေးနေကြသည်။ သူ့အတွက် ငိုကြွေးနေကြသည်။
ဗီဒီယိုထဲမှကောင်လေးက အံကြိတ်ကာ နာကျင်မှုကိုတောင့်ခံနေပြီး လျှို့ဝှက်ချက်ကို နှလုံးသားထဲ သိမ်းဆည်းထားသည်။
သူက အားနည်းနေပုံပေါ်သော်လည်း သူ၏သည်းခံမှုက ပြည်ထောင်စုသားအားလုံးထက် သာလွန်သည်။ တစ်ဖက်တွင် သူတို့က Jorah အတွက်စိတ်ခံစားချက်များဖြင့်ထိန်းချုပ်ခံနေရပြီး သူ့အတွက် စိုးရိမ်နေ ၊ ဂုဏ်ယူနေ ၊ ခံစားနေ ၊ ငိုကြွေးနေပုံပေါ်သည်။ အခြားတစ်ဖက်တွင် သူတို့က သူတို့ကိုယ်သူတို့ မေးခွန်းပြန်ထုတ်နေကြသည်။ ငါသာဆိုရင် ရှင်သန်နိုင်ပါ့မလား။ ငါသာဆိုရင် ဒေါက်တာ Ramiel ဘယ်မှာရှိတယ်ဆိုတာ  ဖုံးကွယ်ထားနိုင်ပါ့မလား။
မျက်နှာပြင်ရှေ့များတွင် ဗီဒီယိုကြည့်နေကြသော ပရိသတ်များ၏ စိတ်အတွင်းပိုင်း၌ ရှုပ်ထွေးနေကြသည်။ သို့သော် ဗီဒီယိုက မပြီးဆုံးသေးပေ။
Jorah က နိုင်ငံတော်သီချင်း ဆိုလိမ့်မည်ဟု လူတိုင်းမမျှော်လင့်ထားပေ။
လူတိုင်း အရွယ်ရောက်ချိန်ကို မဆိုထားနှင့် ၊ကလေးဘဝထဲကပင် ဆိုလာသော နိုင်ငံတော်သီချင်းကို လူငယ်လေးက ထိုပုံစံဖြင့်သီဆိုခဲ့သည်။
ကြောက်ရွံ့မှုနှင့် စိတ်ဓာတ်ကျမှု ၊ မျှော်လင့်ချက်နှင့် အလင်းရောင်က Jorah ၏ကြည်လင်သောအသံထဲ ထင်ဟပ်နေကာ အဆုံးတွင်တော့ မျှော်လင့်ချက်က အားသာသွားပြီး အောင်မြင်သော နိုင်ငံတော်သီချင်းသံထွက်လာသည်။
ထို ခံစားချက်ကိုဝေမျှနေသော သီချင်းသံက  ပြည်ထောင်စုသားများ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုများ၊ သက်ပြင်းများကို ချက်ချင်းမွှေနှောက်ပစ်လိုက်သည်။ ပြည်ထောင်စုကြီး အခြေမတည်ခင်က မီးလောင်ပြီးပျက်စီးယိုယွင်းနေသော  ကမ္ဘာေလာကကြီးကိုပင် သူတို့သတိရမိသည်။
သီချင်းသံအတိုင်း တစ်နေရာရာမှ စည်းချက်ညီညီလိုက်ဆိုလာပြီး တစ်ယောက်ပြီးတစ်ယောက် စိတ်ဓာတ်ပြင်းပြစွာ၊ဆုံးဖြတ်ချက်ခိုင်မာစွာ လိုက်ဆိုလာကြသည်။
ပြည်ထောင်စုတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး တစ်ခါမှ မဖြစ်ဖူးပေ။
ထုတ်လွှင့်ချက်ကို ကြည့်နေသူများသည် လမ်းလျှောက်နေသည်ဖြစ်စေ၊ ဥယျာဉ်မှ ခုံတန်းပေါ်ထိုင်နေသည်ဖြစ်စေ ၊ ရေခဲမုန့်ဆိုင်တွင် တန်းစီနေသည်ဖြစ်စေ၊ မျက်နှာပြင်ကြီးကို ရုတ်တရက် ကြည့်မိသည်ဖြစ်စေ ကြည့်နေကြသူများဖြစ်သည်။
သူတို့အားလုံး မသိစိတ်ဖြင့် ပြည်ထောင်စုနိုင်ငံတော်သီချင်းကို လိုက်ဆိုလာကြသည်။
သူတို့၏အသံများ ညီညာလာပြီး စိတ်ခံစားချက်များ ပြင်းထန်လာချိန်တွင်  ဗီဒီယိုထဲ၌ လျှပ်စီးကြာင်းတစ်ချက်ပေါ်လာသည်။ အော်ဟစ်သံ၊ နာကျင်မှုကိုညည်းညူသံများမရှိဘဲ သူတို့ကို ဦးဆောင်နေသောအသံက ရုတ်တရက် တိုးသွားသည်။
လူတိုင်း၏ အသံများ ကျယ်လောင်စူးရှသွားပြီး သူတို့၏ပြင်းထန်သော စိတ်ခံစားချက်များ ရုတ်တရက်မြင့်တက်သွားသည်။ သူတို့က မျက်နှာပြင်ပေါ်မှ ဆယ်ကျော်သက်လေး အသံကြမ်းရှရှဖြင့် တစ်ကြောင်းချင်းစီသာ ဆိုနိုင်တော့သည်အား ကြည့်နေရုံသာ တတ်နိုင်သည်။ သူ၏အသံနှင့်အတူ သွေးများကြမ်းပြင်ပေါ် တစက်စက်ကျနေသည်။
"မဖြစ်ဘူး "နောက်ဆုံးတွင်တော့ တစ်ယောက်ယောက်က မခံနိုင်တော့ဘဲ ငိုကြွေးသွားသည်။ အသံချိုချိုလေး ပျက်စီးသွားလို့မဖြစ်ဘူး။
သူတို့ ကောင်လေးကို နောက်တစ်ကြိမ်တပ်ကြည့်လိုက်သောအခါ ဗီဒီယိုကပိတ်သွားပြီး ကောင်လေးကို ဘယ်မှာမှ မတွေ့တော့ပေ။
ဗီဒီယိုပိတ်လိုက်သောသူသည် Chris ပင်။ အမြဲလက်နက်ကို ခိုင်ခိုင်မြဲမြဲ ကိုင်လေ့ရှိသော လက်များက ယခုတုန်လှုပ်နေကာ မျက်ဝန်းများကို ကာထားသည်။  ဗီဒီယိုက Chris ရှုထောင့်မှရိုက်ယူထားခြင်းဖြစ်ပြီး လူငယ်လေးနှိပ်စက်ခံနေရပုံကို တစ်ခုချင်းပြသရန်ပြင်ဆင်ထားသည်။ထိုဖြစ်ရပ်များက Chris အလွတ်မြောက်ချင်ဆုံး မှတ်ဉာဏ်အတိအကျပင် ဖြစ်သည်။
ယခု သူကသူ့ကိုယ်သူ အားတင်းကာ ပြန်ကြည့်ပြီး အစက သူခံစားရသော တုန့်ဆိုင်းခြင်း၊နာကျင်မှု၊ကိုယ့်ကိုယ်ကိုယ် မကျေနပ်မှုများကို ပြန်ခံစားနေရသည်။
Continue Reading
You'll Also Like
358K 34.3K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
51.2K 3.9K 30
Tittle- Blind Concubine Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ...
98.3K 11.6K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
1.8M 90.5K 57