伪装学渣
Wei Zhuang Xue Zha
ZAWGYI
Fuck ၊ ငယ္ငယ္ရြယ္ရြယ္နဲ႔ ရည္းစားထားမိၿပီ
ရွဲ႕ယြီေျပာလို႔ၿပီးေနာက္ အေတာ္ၾကာသြားသည္အထိ ဟယ့္ေက်ာင္းကားဘာစကားမွဆိုမလာခဲ့။
ထိုငေပါေကာင္က ဤေနရာ၌ေျခလက္ေလးေခ်ာင္းလံုးအေကာင္းပကတိအတိုင္းျဖင့္ ရပ္တည္ေနႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္မထားဟန္တူသည္ ၊ ပံုမွန္ဆို ဒရာမာခင္းလြန္းလွပါသည့္လူတစ္ေယာက္ကိုမွ ယခုၾကဆြံ့အေနသူတစ္ေယာက္အလား ထိုအတိုင္းသူ႔အားတံခါးရြက္ထက္ဖိလို႔ထားၿပီး စိုက္လို႔သာၾကည့္ေနေလသည္။
သူမသိဘဲရွိသည္မွာ ယခုဟယ့္ေက်ာင္းစိတ္ထဲေတြးေနသည္မ်ားကိုပင္ ၊ ငိုးထဲမွ ဒီမီး႐ွဴးမီးပန္းေတြက ေပါက္ေနတာဘယ္ႏွစ္ခါေလာက္ေတာင္ရွိၿပီလဲ ၊ ဘယ္လိုေတာင္ေပါက္ကြဲလို႔မၿပီးႏိုင္ေနေသးရတာလဲ။
ရွဲ႕ယြီ၏လက္ေကာက္ဝတ္မွာလည္း သူ႔လက္ထဲဆုပ္ကိုင္ခံထားရစဲျဖစ္ေလရာ သည္းမခံႏိုင္ေတာ့ဘဲ ႐ုန္းမိေတာ့သည္။
"ၾကည့္လို႔ဝၿပီလား။"
". . . . . ."
"ဟင့္အင္း။"
ရွဲ႕ယြီအသံအားၾကားပါမွ ဟယ့္ေက်ာင္းသည္အသိျပန္ဝင္လို႔လာရၿပီး နႈတ္ခမ္းစြန္းတို႔ပင္ ထိန္းမထားႏိုင္ေတာ့ဘဲ ျဖည္းျဖည္းခ်င္းေကာ့တက္လာကာ အဆံုးတြင္ေတာ့ျပံဳးလိုက္မိၿပီး ထပ္မံဆိုလိုက္ေလသည္။
"ၾကည့္မဝဘူး။"
ရွဲ႕ယြီေျပာခဲ့ေလသည့္ 'မင္းအရင္ငါ့ကိုရန္စတာေနာ္' ဆိုသည့္ေနာက္တြင္ အစကဆက္ၿပီးေျပာခ်င္ခဲ့တာရွိသည္ - အကယ္လို႔မင္းက အသစ္အဆန္းလိုခံစားရလို႔ အေပ်ာ္ကစားၾကည့္ခ်င္ေနတာမ်ိဳးဆိုရင္ ငါကေတာ့မင္းကိုအေဖာ္ျပဳကစားေပးဖို႔ အခ်ိန္မရွိဘူး ဟုပင္။
ဟယ့္ေက်ာင္း၏သေဘာက်ျခင္းက ဘယ္လိုဘယ္ပံုျဖစ္မလဲဆိုသည္အား သူအတည္မျပဳရဲခဲ့ပါ ၊ ထို႔ေၾကာင့္ပင္ အက်င့္ပါေနသည့္အတိုင္းမိမိကိုယ္ကိုယ္ကာကြယ္ရန္ အႏုတ္လကၡဏာျပမိလုနီးနီးျဖင့္ အဆံုးသာသတ္သြားခ်င္ခဲ့မိသည္။
ဟယ့္ေက်ာင္းက ေနာက္ဆုတ္သြားလိမ့္မည္ဟုလည္း သူကထင္ထားခဲ့တာျဖစ္သည္။
သို႔တိုင္ ဟယ့္ေက်ာင္းကေနာက္မဆုတ္ခဲ့။
တကယ္ကိုအတည္ပါ ၊ သူႏွင့္ခ်စ္သူေတြျဖစ္ခ်င္တဲ့အထိ သေဘာက်ျခင္းမ်ိဳးဟုပင္ ထိုသူကဆိုလာခဲ့သည္။
ရွဲ႕ယြီအထင္ ဟယ့္ေက်ာင္းထံမွကူးစက္သြားပံုရသည္ ၊ နႈတ္ခမ္းစြန္းတို႔ ျပံဳးေယာင္သန္းလာသည္မွာ ျပန္တည္လို႔ပင္မရခဲ့ ၊ ႐ူးေၾကာင္ေၾကာင္ႏိုင္ခ်က္ပင္ ၊ သူသည္တံခါးကိုလက္ေနာက္ျပန္ဖြင့္ရင္းမွ ထြက္ဖို႔လုပ္မိသည္။
"ငါျပန္ေတာ့မယ္။"
ဟယ့္ေက်ာင္းက သူ႔ကိုမတား ၊ ဒါေပမယ့္ သူႏွစ္လွမ္းမွ်ေလွ်ာက္ထြက္အၿပီးတြင္ေတာ့ ဟယ့္ေက်ာင္းက အေနာက္မွေနထပ္ကာလွမ္းေခၚလာသည္။
"ရွဲ႕ယြီ။"
ရွဲ႕ယြီသည္ တံခါးဖြင့္လိုက္ၿပီး ကိုယ္ကိုလွည့္ကာတံခါးကိုမွီ၍ သူ႔ထံလွမ္းၾကည့္လိုက္ပါသည္။
ဟယ့္ေက်ာင္းကမၿပီး ၊ တစ္ေခါက္ထပ္ေခၚလာျပန္၏။
ရွဲ႕ယြီမွာ အေခၚခံရ၍အနည္းငယ္အာရံုေနာက္လို႔လာရာ 'မင္းသရဲကိုေခၚေနတာလား' ဟုပင္ေျပာပစ္ခ်င္သြားရသည္။
ဟယ့္ေက်ာင္းသည္ကား မ်က္ႏွာခ်င္းဆိုင္အေပါက္ဝ၌ရပ္လို႔ေန၏ ၊ သူ႔ကိုယ္ထက္ရွိ အနက္ေရာင္အေပၚဝတ္အား ဇစ္ကိုတစ္ဝက္မွ်သာဆြဲလို႔ထားၿပီး ကလူ၏သို႔ျမႇူ၏သို႔ျဖင့္ ၊ ရွဲ႕ယြီသည္ ထိုအခ်ိန္မွသာ ထိုလူက ယေန႔နားကပ္လည္းတပ္လို႔ထားပါေၾကာင္းေတြ႕မိရသည္။
ဟယ့္ေက်ာင္းက ဆိုလာသည္။
"ဘာမွမဟုတ္ဘူး ၊ ခ်စ္သူေကာင္ေလးရဲ႕နာမည္ကို က်က္မိေအာင္လို႔။"
ထိုစကားတစ္ခြန္းအား အလြန္ပင္ရင္းႏွီးသလိုရွိၿပီး ဘယ္နားကမွန္းမသိၾကားဖူးသည္ဟုခံစားမိရသည္ ၊ ရွဲ႕ယြီပင္ စဥ္းစားလို႔မရေသး ဟယ့္ေက်ာင္းကထပ္လို႔ဆိုလာ၏။
"ေနာက္ကို အမ်ားႀကီးဂ႐ုစိုက္ေပးပါဦး ခ်စ္သူေကာင္ေလး။"
သူမွတ္မိသြားခဲ့ေလၿပီ။
အဲ့ဒါက ေက်ာင္းစဖြင့္သည့္ရက္က ၊ ဟယ့္ေက်ာင္းမွာ ေနာက္ဆံုးတန္းတြင္ထိုင္ေနရင္း ထိုနည္းကိုသံုး၍သူ႔ကိုလွမ္းေခၚလာခဲ့သည္ ၊ ထို႔အျပင္ သူ႔ထံ အလြန္႔အလြန္ေတာင္စဥ္ေရမရဆိုလာပါေလသည္ - ထံုေက်ာအသစ္ရဲ႕နာမည္ကို က်က္မိေအာင္လို႔. . . . . . ေနာက္ကို အမ်ားႀကီးဂ႐ုစိုက္ေပးပါဦး ထံုေက်ာ။
ယခုတြင္မူ ဟယ့္ေက်ာင္းနႈတ္မွ ထိုစကားႏွစ္ခြန္းထပ္မံထြက္လို႔လာၿပီး "ထံုေက်ာ" ဆိုတာကေန "ခ်စ္သူေကာင္ေလး" အျဖစ္ေျပာင္းလို႔သြားေတာ့သည္။
ဤကဲ့သို႔ခံစားခ်က္မ်ိဳးက သိပ္ကိုဆန္းၾကယ္လွပါ၏။
စက္ဝိုင္းကိုပတ္ေနခဲ့ၿပီး အဆံုးတြင္ေတာ့မူလဤေနရာသို႔ျပန္ေရာက္လာသကဲ့သို႔ပင္။
ဟယ့္ေက်ာင္း စကားအဆံုးတြင္မူ ႏွစ္ဦးသားသည္ အေပါက္ဝ၌ရပ္လ်က္အေတာ္ၾကာ အၾကည့္ခ်င္းဆံုေနခဲ့မိၾကသည္။
ဤသည္မွာ သမီးရည္းစားေတြဖုန္းေျပာသလိုမ်ိဳးႏွင့္ အတန္ငယ္ဆင္၏ ၊ 'ေကာင္းေသာညပါ ကိုယ္ဖုန္းခ်လိုက္ေတာ့မယ္ေနာ္' ဟုဆိုၿပီးေပမယ့္ ဘယ္သူ႔ဘက္ကမွစၿပီးဖုန္းမခ်မိၾကဘဲ ေပါေၾကာင္ေၾကာင္ႏိုင္လွစြာ တစ္ဖက္လူရဲ႕အသက္ရွဴသံေလးကိုနားေထာင္ေနၾကပံုႏွင့္ဆင္တူ၏။
"မင္းဝင္ေတာ့ေလ. ."
ဟယ့္ေက်ာင္းက ေျပာသည္။
"ေစာေစာအိပ္။"
ရွဲ႕ယြီသည္လွည့္၍အခန္းထဲသို႔ဝင္လိုက္ၿပီး တံခါးပိတ္လိုက္ပါေတာ့သည္။
ရွဲ႕ယြီမွာ အခန္းထဲဝင္ၿပီးေနာက္ ေရခ်ိဳးလိုက္ၿပီး ေရခ်ိဳးၿပီးသည္ႏွင့္ နမူနာေမးခြန္လႊာသံုး/ေလးစံုခန္႔လုပ္လိုက္ပါသည္။ နဂိုကေတာ့ဘယ္လိုမွအားရံုစူးစိုက္လို႔ရေလာက္မည္မဟုတ္ဟု ထင္ထားခဲ့တာေပမယ့္ ေဘာပင္အားေကာက္ကိုင္ၿပီး အၾကမ္းစာအုပ္ထက္တြက္ၾကည့္ၿပီးေနာက္တြင္ေတာ့ ရေသးတာပဲဟုသိလိုက္ရသည္။
ပုစၧာအနည္းငယ္ကိုေရြးလုပ္ၿပီးေနာက္ ေမးခြန္းလႊာကိုလွန္လိုက္၏ ၊ သူသည္အားတက္သေရာျဖင့္ ဘာသာစံုအကုန္လုပ္ကာ ေမးခြန္းလႊာပင္လယ္ႀကီးထဲမွ ေခါင္းေထာင္လိုက္မိခ်ိန္မွာေတာ့ (၁၁)နာရီေတာင္ထိုးေတာ့မည္မွန္းေတြ႕လိုက္ရေလသည္။
မ်က္ဝန္းတို႔ကိုမွိတ္ကာ အိပ္ေတာ့မည့္အခ်ိန္ၾကကာမွ ႐ုတ္တရက္ရွင္းရွင္းလင္းလင္းႀကီးခံစားသိရွိလိုက္ရသည္. . . . . . သူ႔၏တည္ၿငိမ္သြားျခင္းလံုးဝမရွိပါေသးသည့္ ရင္ခုန္သံေတြ။
အိပ္ခါနီး၌ ရွဲ႕ယြီ၏ေခါင္းထဲ ထြက္ေပၚလာခဲ့သည့္ ေနာက္ဆံုးေသာအေတြးသည္ကား - Fuck ၊ ငယ္ငယ္ရြယ္ရြယ္နဲ႔ ရည္းစားထားမိၿပီ။
ေနာက္တစ္ေန႔၌ ဌာနမွဴးက်န္း၏မနက္စဥ္ အသံလႊင့္အစီအစဥ္မွာဆို အခ်ိန္ကိုက္ပင္ ၊ ဘယ္ေတာ့မွေနာက္က်ျခင္းမရွိသလို ဘယ္ေတာ့မွလည္းမပ်က္ကြက္ ၊ သူ႔အသံႀကီးႏွင့္ အေဆာင္ေနေက်ာင္းသားေတြအကုန္ကို ႏိုးထလို႔လာေစသည္။
"ေက်ာင္းသားတို႔ ၊ ဒီေန႔လည္းပဲေန႔သစ္တစ္ေန႔စျပန္ပါၿပီ ၊ မင္းတို႔ေပ်ာ္ၾကရဲ႕လား။"
ဌာနမွဴးက်န္းနႈတ္ဟလာသည္ႏွင့္ ေစာင္ေခါင္းၿမီးျခံဳ၍ ေအာ္ဟစ္လာၾကသူမ်ားရွိေပသည္။
"အား--- --- ဘုရားေရ--- ---"
"လူမဆန္ခ်က္ကြာ--- ---"
"ဘဝႀကီးက ဘာလို႔ဒီအားနည္းလွတဲ့ ငါဆိုတဲ့ခိုကိုးရာမဲ့တဲ့ကေလးကို ဒီလိုမ်ိဳးဆက္ဆံရတာလဲလို႔?"
အေဆာင္တစ္ခုလံုးအတြင္းက သနားစရာအျဖစ္ဆိုးေနၾကျခင္းကိုမသိေလသည့္ ဌာနမွဴးက်န္းကေတာ့ သူ႔မိန္႔ခြန္းထဲသူေမ်ာပါကာရစ္မူးလ်က္ရွိေနေတာ့သည္။
"ႏွစ္ဝက္စာေမးပြဲကနီးေနၿပီ ၊ ေက်ာင္းသားတိုင္းရဲ႕စိတ္ထဲ အနည္းနဲ႔အမ်ားေတာ့ စိတ္လႈပ္ရွားေနၾကမွာပဲ ၊ ဒါကစာေမးပြဲသာသာပဲမဟုတ္ဘူး ၊ မင္းတို႔ေတြရဲ႕ ေအာင္ျမင္တဲ့အသီးအပြင့္ေတြကို ဆြတ္ခူးရမယ့္ေန႔လည္းျဖစ္တယ္။ အခုပဲထၾကေတာ့. . . . . . ထ! အမွတ္မ်ားမ်ားရခ်င္ၾကတဲ့ေက်ာင္းသားတို႔!"
ရွဲ႕ယြီသည္ သည္းခံထားေပမယ့္ ဘယ္လိုမွသည္းမခံႏိုင္ေတာ့သည့္အဆံုး ေစာင္ထဲမွေနလက္တစ္ဖက္ထြက္လာကာ ေဘးသို႔စမ္း၍ရွာမိသည္ ၊ အေတာ္ၾကာေအာင္စမ္းေပမယ့္ နားၾကပ္ကိုရွာမေတြ႕သည့္အခါ လက္ကိုျပန္႐ုပ္လိုက္ပါသည္။
ေကာ္ရစ္တာထက္၌ စတင္ကာပြက္ေလာ႐ိုက္လို႔လာ၏။
ထိုဆူညံပြက္ေနသည့္ထဲ 'ေက်ာင္းေကာ'ဟုေခၚသံအနည္းငယ္ကိုၾကားရၿပီး ဟယ့္ေက်ာင္းသည္ အကုန္လံုးကိုျပန္လည္နႈတ္ဆက္ၿပီးေနာက္ မ်က္ႏွာခ်င္းဆိုင္သို႔ေလွ်ာက္သြားကာ တံခါးေခါက္လိုက္ပါသည္။
"ေလာင္ရွဲ႕ ၊ မင္းထၿပီလား။"
သူ႔အားျပန္လည္တံု႔ျပန္သည္မွာေတာ့ ရွဲ႕ယြီ၏ပစ္ေပါက္ထည့္လိုက္သံပင္ ၊ နႈိးစက္မွာ တံခါးကိုထိမွန္ၿပီးေနာက္ ျပန္ကန္ထြက္ကာ ၾကမ္းျပင္ထက္ႏွစ္ပတ္မွ်လွိမ့္လို႔သြား၏။
ဟယ့္ေက်ာင္း : ". . . . . ."
ေဘးတြင္ရွိေနသည့္တစ္ေယာက္ကလည္း ျမင္သြားခဲ့သည္ ၊ ဤအျဖစ္အပ်က္သည္ကား ေန႔စဥ္ဆိုသလိုတစ္ႀကိမ္ေတာ့ျဖစ္ၿမဲေပ ၊ထို႔အျပင္ ဟယ့္ေက်ာင္းသည္ကား စိတ္ဆိုးျခင္းအလ်ဥ္းမရွိပါဘဲ အထဲကအရွင္သခင္ေဒါသေျပေပ်ာက္သြားၿပီးေနာက္ တံခါးလာေရာက္ဖြင့္ေပးမည့္အခ်ိန္ထိ အေပါက္ဝ၌ အလြန္စိတ္ရွည္စြာျဖင့္ေစာင့္လို႔ေနတတ္ခဲ့ေလရာ ထိုတစ္ေယာက္မွာ မေအာင့္ႏိုင္ေတာ့ဘဲအနားတိုးကပ္လို႔ေမးမိရသည္။
"အစ္ကိုေက်ာင္း ၊ အဲ့. . . . . . အေနာက္ေဆာင္ရွဲ႕ယြီက ေန႔တိုင္းအဲ့လိုပဲေဒါသေပါက္ကြဲတတ္တာေပါ့?"
"ဟုတ္တယ္. ."
ဟယ့္ေက်ာင္းက ျပံဳးလိုက္ကာ. .
"ခ်စ္ဖို႔ေကာင္းတယ္မလား။"
ထိုတစ္ေယာက္မွာ ထြက္သြားခါနီး၌ မိမိနားၾကားမ်ားမွားေလသလားဟု သံသယျဖစ္မိရသည္ ၊ အစ္ကိုေက်ာင္းေျပာတာက ေၾကာက္ဖို႔ေကာင္းတယ္မ်ားလား? ဒါမွမဟုတ္ သူကပဲ ဘာကခ်စ္ဖို႔ေကာင္းတယ္ဆိုတာကို လံုးလံုးနားမလည္တာလား?
ေနာက္ႏွစ္မိနစ္နီးပါးေလာက္ကုန္လြန္သြားၿပီးကာမွ ရွဲ႕ယြီကထလာျပီး ဟယ့္ေက်ာင္းကိုတံခါးဖြင့္လို႔ေပးသည္။
ဟယ့္ေက်ာင္းမွာ တစ္ညလံုးမအိပ္ ၊ မေန႔ညက ရွဲ႕ယြီျပန္သြားၿပီးေနာက္ သူသည္ Bioက 'အားအားအား' ဆိုသည့္အတြဲလိုက္ႀကီးကိုအရင္ဆံုးဖ်က္ပစ္လိုက္ပါသည္ ၊ ဖ်က္ၿပီးေနာက္ ဘာထပ္ျဖည့္ေရးလိုက္သည္မသိ ၿပီးေနာက္ တဖန္'အား'ဟုအတြဲလိုက္ထပ္ေရးလိုက္ျပန္ပါသည္။
ထို႔ေနာက္ မ်က္လံုးအျပဴးသားျဖင့္ ႏွစ္နာရီသံုးနာရီသို႔ေရာက္သြားခဲ့ေတာ့သည္။
သူ႔ေခါင္းထဲအျပည့္ရွိေနသည္မွာ - ရွဲ႕ယြီကသူ႔အပိုင္ျဖစ္သြားၿပီ ၊ သူ႔ရဲ႕ကေလးေလး။
ဟယ့္ေက်ာင္းကား ဝင္ဝင္ၿပီးခ်င္း ကုတင္ေပၚသြားေရာက္ပစ္လဲလိုက္သည္ ၊ ရွဲ႕ယြီမွာ တံခါးေဘာင္ကိုမွီ၍သာ ၾကည့္ေနမိ၏ ၊ ဒီလူဘာထေဖာက္သည္မသိပါ ၊ ကိုယ့္ခုတင္ရွိရဲ႕သားနဲ႔မအိပ္ဘဲ သူ႔ဟာကိုမွလာလုေနသည္။
"မေန႔ညကမအိပ္ဘူးလား?"
"(၃)နာရီေက်ာ္မွအိပ္တာ. ."
ဟယ့္ေက်ာင္းက မ်က္ဝန္းတစ္ဝက္မွ်သာဖြင့္ရင္းမွ ေမးလိုက္သည္။
"မင္းဆက္အိပ္ဦးမွာလား?"
ရွဲ႕ယြီကေျပာသည္။
"ကုတင္ကိုေတာင္ မင္းကဦးသြားၿပီကို ငါကဘယ္လိုအိပ္ရမွာလဲ?"
"ခ်စ္သူေကာင္ေလး. ."
ဟယ့္ေက်ာင္းသည္ အတြင္းဘက္တိုးေရြ႕ေပးၿပီး ေနရာဖယ္လို႔ေပးလိုက္သည္။
"တက္ခဲ့။"
ရွဲ႕ယြီသည္ ငံု႔၍နႈိးစက္အားေကာက္ယူလိုက္ၿပီး ဟယ့္ေက်ာင္းရွိရာပစ္ေပါက္ထည့္လိုက္ပါေတာ့သည္။
အသံထုတ္လႊင့္ရာမွေန ဌာနမွဴးက်န္းကဆက္လက္ၾသဝါဒေႁခြေန၏။
"မနက္ေစာေစာထတယ္ဆိုတာ ေကာင္းတဲ့အေလ့အက်င့္တစ္ခုပဲ ၊ ငါ့အေနနဲ႔ေျပာရမယ္ဆိုရင္ ငါက(၅)နာရီခြဲမွာထရတာႀကိဳက္တယ္ ၊ ျပတင္းေပါက္အျပင္ဘက္က ေလကိုရွဴလိုက္ရတဲ့အခ်ိန္ ဘဝကသိပ္ကိုလွပေၾကာင္းမင္းေတြ႕ရလိမ့္မယ္။"
". . . . . ."
မေန႔ညကတံခါးဖြင့္ခါနီေလး၌ ရွဲ႕ယြီသည္တစ္ခ်က္မွ်ေတြေဝလို႔သြားခဲ့ပါ၏။ ယခုေလးတင္ ဒီဆက္ဆံေရးကို အတည္ျပဳလိုက္ၿပီးျဖစ္ရာ လူကပံုမွန္ျပန္ျဖစ္မလာေသး--- --- ဒီအသစ္စက္စက္ ဆက္ဆံေရးထဲ၌ ဒီလူက ၊ ယေန႔မွစလို႔ဒီအ႐ူးေကာင္က အျခားသူမဟုတ္ရပါေတာ့ေခ်။
ဘယ္နားေျပာင္းလဲသြားလဲဆိုလွ်င္ ဘယ္နားမွေတာ့ေျပာင္းလဲသြားပံုမရပါ။
အျခားသူေတြ ရည္းစားဘယ္လိုထားၾကသလဲ သူကေတာ့မသိ ၊ က်ိဳးသာ့ေလ၏ အမ်ိဳးမ်ိဳးေသာအနႈတ္လကၡဏာျပေနသည့္ relationshipမ်ိဳးကိုေတာ့ ထည့္မတြက္ေတာ့ပါ။
သိပ္ၿပီးလြတ္လပ္မႈရွိမွာမဟုတ္ေလာက္ဘူး ၊ ထူးဆန္းတယ္ ၊ ၿပီးေတာ့အေနလည္းခက္ေလာက္လိမ့္မည္ဟု ေတြးၾကည့္ဖူးေပမယ့္ ဒီလူေပၚလာတာႏွင့္ ဘာအေတြးမ်ိဳးမွကိုရွိမေနခဲ့ေတာ့ပါေခ်။
တစ္သက္လံုးေနာက္က်သူျဖစ္ေလသည့္ဟယ့္ေက်ာင္းမွာ ရွားရွားပါးပါးယေန႔မွာေတာ့ ေနာက္မက်ခဲ့။
မနက္ခင္းပထမအခ်ိန္က တ႐ုတ္စာအခ်ိန္ျဖစ္ကာ ထန္စန္းသည္ ခ်ီးက်ဴးအမႊမ္းတင္လာ၏ ၊ ေက်ာင္းသားဟယ့္ေက်ာင္းအား ႀကိဳးစားၿပီးဒီအတိုင္းဆက္လက္ထိန္းသိမ္းထားဖို႔ ေမွ်ာ္လင့္တယ္ဟုဆိုရင္းမွ ဝမ့္သာအားအျပစ္တင္လို႔လာသည္။
"မင္းကဘယ္လိုျဖစ္ရတာလဲ ၊ ဒီေန႔ဘာလို႔ေနာက္က်တာတုန္း?"
ဝမ့္သာမွာ မေန႔ညကေသာက္တာမ်ားသြားခဲ့ေလရာ မနက္ႏိုးလာခ်ိန္မွာေတာ့ ေခါင္းေတြထိုးကိုက္ေနၿပီး အိပ္ယာကေနပင္မထႏိုင္ခဲ့ ၊ သို႔တိုင္အရက္နာက်ေနလို႔ဟူ၍လည္းမေျပာရဲပါ ၊ ေျပာလိုက္လွ်င္ မိဘအေခၚခံရမည္မွာအေသအခ်ာပင္မို႔ ဦးေႏွာက္ေျခာက္ေအာင္စဥ္းစားကာ ဟယ့္ေက်ာင္း၏ပံုမွန္ဆိုေက်ာင္းေနာက္က်ေလတိုင္း ဘယ္လိုေပါက္ကရေတြေျပာတတ္သလဲအား ျပန္လည္စဥ္းစားလို႔ၾကည့္မိၿပီး အဆံုးတြင္ေတာ့ တစ္ခြန္းမွ်ေျပာလိုက္ပါသည္။
"ဒီလိုပါဆရာ ၊ ဒီေန႔မနက္တုန္းက အခန္း(8)က ေက်ာင္းသားရွိန္က်ယ္ေလ ေရာဂါျပန္ထေနလို႔ပါ။"
ဟယ့္ေက်ာင္း : ". . . . . ."
ရွဲ႕ယြီ : ". . . . . ."
မေန႔ကေမြးေန႔ပြဲတက္ၾကသည့္ အတြင္းသိအစဥ္းသိလူထု : ". . . . . ."
အခင္းျဖစ္ရာတြင္မရွိသည့္ အခန္း(8)ကေက်ာင္းသားရွိန္က်ယ္ : ". . . . . ."
"သူ႔ရဲ႕ဟို ၊ ဟိုေရာဂါ. ."
ဝမ့္သာမွာ ဘာေရာဂါလဲဆိုသည္အားေမ့လို႔သြား၏ ၊ အဲ့ေရာဂါနာမည္က အဲ့ေလာက္ရွည္တာသရဲပဲမွတ္မိလိမ့္မည္ ၊ တစ္ဝက္မွ်သာေျပာလာၿပီးေနာက္ အက်ပ္႐ိုက္သြားခဲ့ရသည္။
"အဲ့ဟို အစာအိမ္. . . . . ."
ဟယ့္ေက်ာင္းက အေနာက္ကေနေထာက္လို႔ေပးလာသည္။
"အစာအိမ္ေရာင္ရမ္းတဲ့ နာတာရွည္ေရာဂါ။"
ဝမ့္သာသည္ ေခါင္းတဆတ္ဆတ္ညိတ္လိုက္၏။
"ဟုတ္တယ္ဟုတ္တယ္ဟုတ္တယ္ ၊ အဲ့ဒီဟာပဲ။"
ထန္စန္းမွာ သူ႔ေက်ာင္းသားေတြကိုအလြန္ယံုၾကည္ေလၿပီး အထူးသျဖင့္ ပံုမွန္ဆိုဝမ့္သာအျပဳအမူတို႔ကမဆိုးလွသည့္အျပင္ ေရွ႕တြင္လည္းဘယ္တုန္းကမွ ေက်ာင္းေနာက္က်ဖူးျခင္းမရွိျခင္းေၾကာင့္ ၊ ရွိန္က်ယ္၏ထိုေရာဂါဟာဆိုလွ်င္လည္း အမွန္ပဲခဏခဏထထေဖာက္လာတတ္ျခင္းေၾကာင့္ ဤသို႔သာလွ်င္ေျပာလာေတာ့သည္။
"မင္းလုပ္တာေကာင္းတယ္ ၊ ေက်ာင္းသားအခ်င္းခ်င္း အကူအညီလိုေနရင္ သြားသာကူေပးလိုက္ပါ ၊ ဒါနဲ႔ေျပာရင္း အခန္း(8)ကေက်ာင္းသားေလး ေသခ်ာေပါက္ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ပါ ၊ ဘယ္လိုေၾကာင့္ သံုးရက္ကိုႏွစ္ခါေလာက္ ေဆးေပးခန္းသြားေနရတာလဲ. . . . . ."
ဝမ့္သာမွာ နဖူးထက္ေခၽြးေစးေတြျပန္လို႔ ထူပူလန္႔ဖ်န္႔လ်က္မွ ဝင္ေရာက္ထိုင္လိုက္ပါသည္။
လွ်ိဳခၽြိင္ေဟာက္တို႔တစ္ေတြမွာေတာ့ မ်က္ႏွာေတြကိုတံေတာင္နဲ႔ကြယ္ကာ အသံမထြက္ဘဲက်ိတ္ရယ္လို႔ေနၾကသည္။
အံကိုက္ပင္ေက်ာင္းဆင္းေခါင္းေလာင္းကထိုးလို႔လာၿပီး ေလာင္ထန္ထြက္သြားသည္အထိေစာင့္အၿပီးမွာေတာ့ သူတို႔အားလံုးအသံထြက္ရယ္လာၾကၿပီး ရယ္ေလေလပိုလို႔လြန္လြန္ကဲကဲျဖစ္လာၾကေလပင္။
"ဟားဟားဟားဟားဟားဟားဟားဟား အခန္း(8)ကေက်ာင္းသားရွိန္က်ယ္ ၊ ဝမ့္သာတို႔ကေတာ့ ေတာ္ခ်က္ပဲ ၊ မင္းကေတာ့တကယ္ကိုကျမင္းတာပဲ။"
လွ်ိဳခၽြိင္ေဟာက္သည္ ရယ္ရာမွထြက္က်လာသည့္ မ်က္ရည္တို႔ကိုသုတ္ဖယ္လိုက္ရင္းမွ. .
"မင္းဘယ္လိုေတာင္စဥ္းစားလိုက္တာလဲ။"
ဝမ့္သာကေျပာသည္။
"ငါ့ေခါင္းထဲ အစ္ကိုေက်ာင္းကိုပဲေတြးၿပီး သူ႔လုပ္ထံုးလုပ္နည္းအတိုင္း အတုခိုးလိုက္တာ။"
ဟယ့္ေက်ာင္းသည္လည္း မထိန္းႏိုင္ေတာ့ဘဲ ရယ္မိေတာ့သည္။
"အဲ့လိုဆိုလည္း မင္းေမယိုးထဲမွအတိအက်ျကီးလိုက္မကူးနဲ႔ေလကြာ ၊ မင္းအဲ့ေလာက္အရည္အခ်င္းရွိေနရင္လည္း အဘြားကိုတြဲၿပီးလမ္းျဖတ္ကူးေပးေနလို႔လို႔ ဘာလို႔မေျပာလဲ။ ေတာ္ေသးတယ္ ေလာင္ထန္က အတဲ့သူမို႔ ၊ ေခြး႐ူးသာဆိုရင္ မင္းအေဖမင္းကိုထိုးဖို႔လာေနေလာက္ၿပီပဲ။"
ဝမ့္သာသည္ ေခါင္းကုတ္မိရရင္း. .
"အဲ့ေလာက္ေတာင္ေၾကာက္ဖို႔ေကာင္းတယ္လား ၊ ေတာ္ေသးလို႔ ေတာ္ေသးလို႔။"
"ခ်ီးကိုေတာ္ေသးလို႔. ."
ရွဲ႕ယြီကေျပာလိုက္သည္။
"ရွိန္က်ယ္ကအခု မင္းကိုထိုးဖို႔လာေနၿပီ။"
ဝမ့္သာ : ". . . . . ."
ရွဲ႕ယြီေျပာအၿပီးမွာေတာ့ လွ်ိဳခၽြိင္ေဟာက္တို႔တစ္ေတြမွာ တစ္ဖန္ဝက္ဝက္ကြဲရယ္လာၾကျပန္ပါသည္။
"ဒါနဲ႔ ၊ နင္သိလား မေန႔က နင္နဲ႔အားကစားကိုယ္စားလွယ္ႏွစ္ေယာက္သားမူးၿပီး ဘယ္လိုေတြျဖစ္သလဲဆိုတာေလ. ."
ရႊီခ်င္ခ်င္မွာရယ္ရင္းမွ အမွတ္ျပန္ရလို႔လာ၏။
"မူး႐ူးေနတာကို ငါပထမဆံုးျမင္ဖူးတာ ၊ ေတာ္ေတာ္ကိုလြန္ကဲခ်က္ပဲ။"
ဝမ့္သာသည္ ႏိုးလာခ်ိန္၌ဘာကိုမွမမွတ္မိေတာ့ ၊ အခန္းေဖာ္ကိုေမးေသးေပမယ့္ အခန္းေဖာ္မွာေခါင္းသာခါျပလာသည္။ ေသခ်ာတာကေတာ့ သူအသိစိတ္လြင့္ေနခဲ့ခ်ိ္န္၌ သူအၿမဲ 'အတြင္းစိတ္ထဲကသိေနသလို' ႀကိဳေဟာကိန္းထုတ္ထားဖူးသည့္အရာက အမွန္ျဖစ္လာခဲ့ျပီဆိုသည့္အေၾကာင္းကိုေတာ့ သူသည္မသိရွိခဲ့ပါေခ်။
"ငါကဘယ္လိုပံုစံတုန္း ၊ ငါကအဆင္ေျပတယ္မဟုတ္ဘူးလား။"
ရွဲ႕ယြီကား ဘာမွေျပာခ်င္စိတ္မရွိ။
ဟယ့္ေက်ာင္းသည္လည္း သိပ္အမ်ားႀကီးမေျပာခ်င္၍ ဤသို႔သာလွ်င္ေျပာသည္။
"မင္းက မင္းကိုယ္မင္း သိပ္ကိုယံုၾကည္ခ်က္ေတြလြန္ကဲေနတာပဲ။"
အတန္းနားေနခ်ိန္ၾကားထဲ၌ ရွိန္က်ယ္သည္ တကယ္ပဲေရာက္ခ်လို႔လာသည္ ၊ ျပတင္ေပါက္နား၌အတန္ၾကာရပ္ၿပီး ေအာ္ေျပာလို႔လာေတာ့သည္။
"ဝမ့္သာမင္းသိပ္ကိုဟုတ္ေနပါ့လား ၊ မင္းသိလား ငါခုနက အိမ္သာကေနထြက္လာတုန္းက မင္းတို႔အတန္းရဲ႕ေလာင္ထန္နဲ႔ေတြ႕တယ္ ၊ သူက ငါ့ကိုက်န္းမာေရးဂ႐ုစိုက္ဖို႔ေျပာလာေရာ ၊ ငါကိုယ္တိုင္ေတာင္မသိတဲ့အေနအထားမွာ ငါကဘာေရာဂါမ်ားရေနလို႔ပါလိမ့္ေပါ့။"
ရွိန္က်ယ္သည္ေျပာလို႔အၿပီးတြင္ အက်င့္ပါေနသည့္အတိုင္း သူ႔အစ္ကိုေက်ာင္းရွိရာေနရာသို႔ လွမ္းလို႔ၾကည့္လိုက္ပါသည္ ၊ ေတြ႕လိုက္ရသည္မွာေတာ့ သူ႔အစ္ကိုေက်ာင္းႏွင့္ ေသြးေအးေအးလူသတ္သမားတို႔ႏွစ္ေယာက္သားမွာ ပူးပူးကပ္ကပ္ျဖင့္ ဘာေတြေျပာေနၾကသည္မသိ ၊ အေရးမပါလွတဲ့ပံုမွန္ျမင္ကြင္းမွန္းအသိသာႀကီးေပမယ့္ ဘယ္နားကမသိမူမမွန္သလိုခံစားမိရသည္။
သူသည္စိုက္ၾကည့္ရင္းၾကည့္ရင္းမွ ဘယ္နားကမူမမွန္ေနမွန္းေတြ႕သြားခဲ့ရပါေတာ့သည္. . . . . . သူ႔အစ္ကိုေက်ာင္းရဲ႕လက္က ဘယ္ကိုစမ္းေနတာလဲ !
UNICODE
အခန်း(၅၁)
Fuck ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားမိပြီ
ရှဲ့ယွီပြောလို့ပြီးနောက် အတော်ကြာသွားသည်အထိ ဟယ့်ကျောင်းကားဘာစကားမှဆိုမလာခဲ့။
ထိုငပေါကောင်က ဤနေရာ၌ခြေလက်လေးချောင်းလုံးအကောင်းပကတိအတိုင်းဖြင့် ရပ်တည်နေနိုင်လိမ့်မည်ဟု မျှော်လင့်မထားဟန်တူသည် ၊ ပုံမှန်ဆို ဒရာမာခင်းလွန်းလှပါသည့်လူတစ်ယောက်ကိုမှ ယခုကြဆွံ့အနေသူတစ်ယောက်အလား ထိုအတိုင်းသူ့အားတံခါးရွက်ထက်ဖိလို့ထားပြီး စိုက်လို့သာကြည့်နေလေသည်။
သူမသိဘဲရှိသည်မှာ ယခုဟယ့်ကျောင်းစိတ်ထဲတွေးနေသည်များကိုပင် ၊ ငိုးထဲမှ ဒီမီးရှူးမီးပန်းတွေက ပေါက်နေတာဘယ်နှစ်ခါလောက်တောင်ရှိပြီလဲ ၊ ဘယ်လိုတောင်ပေါက်ကွဲလို့မပြီးနိုင်နေသေးရတာလဲ။
ရှဲ့ယွီ၏လက်ကောက်ဝတ်မှာလည်း သူ့လက်ထဲဆုပ်ကိုင်ခံထားရစဲဖြစ်လေရာ သည်းမခံနိုင်တော့ဘဲ ရုန်းမိတော့သည်။
"ကြည့်လို့ဝပြီလား။"
". . . . . ."
"ဟင့်အင်း။"
ရှဲ့ယွီအသံအားကြားပါမှ ဟယ့်ကျောင်းသည်အသိပြန်ဝင်လို့လာရပြီး နှုတ်ခမ်းစွန်းတို့ပင် ထိန်းမထားနိုင်တော့ဘဲ ဖြည်းဖြည်းချင်းကော့တက်လာကာ အဆုံးတွင်တော့ပြုံးလိုက်မိပြီး ထပ်မံဆိုလိုက်လေသည်။
"ကြည့်မဝဘူး။"
ရှဲ့ယွီပြောခဲ့လေသည့် 'မင်းအရင်ငါ့ကိုရန်စတာနော်' ဆိုသည့်နောက်တွင် အစကဆက်ပြီးပြောချင်ခဲ့တာရှိသည် - အကယ်လို့မင်းက အသစ်အဆန်းလိုခံစားရလို့ အပျော်ကစားကြည့်ချင်နေတာမျိုးဆိုရင် ငါကတော့မင်းကိုအဖော်ပြုကစားပေးဖို့ အချိန်မရှိဘူး ဟုပင်။
ဟယ့်ကျောင်း၏သဘောကျခြင်းက ဘယ်လိုဘယ်ပုံဖြစ်မလဲဆိုသည်အား သူအတည်မပြုရဲခဲ့ပါ ၊ ထို့ကြောင့်ပင် အကျင့်ပါနေသည့်အတိုင်းမိမိကိုယ်ကိုယ်ကာကွယ်ရန် အနုတ်လက္ခဏာပြမိလုနီးနီးဖြင့် အဆုံးသာသတ်သွားချင်ခဲ့မိသည်။
ဟယ့်ကျောင်းက နောက်ဆုတ်သွားလိမ့်မည်ဟုလည်း သူကထင်ထားခဲ့တာဖြစ်သည်။
သို့တိုင် ဟယ့်ကျောင်းကနောက်မဆုတ်ခဲ့။
တကယ်ကိုအတည်ပါ ၊ သူနှင့်ချစ်သူတွေဖြစ်ချင်တဲ့အထိ သဘောကျခြင်းမျိုးဟုပင် ထိုသူကဆိုလာခဲ့သည်။
ရှဲ့ယွီအထင် ဟယ့်ကျောင်းထံမှကူးစက်သွားပုံရသည် ၊ နှုတ်ခမ်းစွန်းတို့ ပြုံးယောင်သန်းလာသည်မှာ ပြန်တည်လို့ပင်မရခဲ့ ၊ ရူးကြောင်ကြောင်နိုင်ချက်ပင် ၊ သူသည်တံခါးကိုလက်နောက်ပြန်ဖွင့်ရင်းမှ ထွက်ဖို့လုပ်မိသည်။
"ငါပြန်တော့မယ်။"
ဟယ့်ကျောင်းက သူ့ကိုမတား ၊ ဒါပေမယ့် သူနှစ်လှမ်းမျှလျှောက်ထွက်အပြီးတွင်တော့ ဟယ့်ကျောင်းက အနောက်မှနေထပ်ကာလှမ်းခေါ်လာသည်။
"ရှဲ့ယွီ။"
ရှဲ့ယွီသည် တံခါးဖွင့်လိုက်ပြီး ကိုယ်ကိုလှည့်ကာတံခါးကိုမှီ၍ သူ့ထံလှမ်းကြည့်လိုက်ပါသည်။
ဟယ့်ကျောင်းကမပြီး ၊ တစ်ခေါက်ထပ်ခေါ်လာပြန်၏။
ရှဲ့ယွီမှာ အခေါ်ခံရ၍အနည်းငယ်အာရုံနောက်လို့လာရာ 'မင်းသရဲကိုခေါ်နေတာလား' ဟုပင်ပြောပစ်ချင်သွားရသည်။
ဟယ့်ကျောင်းသည်ကား မျက်နှာချင်းဆိုင်အပေါက်ဝ၌ရပ်လို့နေ၏ ၊ သူ့ကိုယ်ထက်ရှိ အနက်ရောင်အပေါ်ဝတ်အား ဇစ်ကိုတစ်ဝက်မျှသာဆွဲလို့ထားပြီး ကလူ၏သို့မြှူ၏သို့ဖြင့် ၊ ရှဲ့ယွီသည် ထိုအချိန်မှသာ ထိုလူက ယနေ့နားကပ်လည်းတပ်လို့ထားပါကြောင်းတွေ့မိရသည်။
ဟယ့်ကျောင်းက ဆိုလာသည်။
"ဘာမှမဟုတ်ဘူး ၊ ချစ်သူကောင်လေးရဲ့နာမည်ကို ကျက်မိအောင်လို့။"
ထိုစကားတစ်ခွန်းအား အလွန်ပင်ရင်းနှီးသလိုရှိပြီး ဘယ်နားကမှန်းမသိကြားဖူးသည်ဟုခံစားမိရသည် ၊ ရှဲ့ယွီပင် စဉ်းစားလို့မရသေး ဟယ့်ကျောင်းကထပ်လို့ဆိုလာ၏။
"နောက်ကို အများကြီးဂရုစိုက်ပေးပါဦး ချစ်သူကောင်လေး။"
သူမှတ်မိသွားခဲ့လေပြီ။
အဲ့ဒါက ကျောင်းစဖွင့်သည့်ရက်က ၊ ဟယ့်ကျောင်းမှာ နောက်ဆုံးတန်းတွင်ထိုင်နေရင်း ထိုနည်းကိုသုံး၍သူ့ကိုလှမ်းခေါ်လာခဲ့သည် ၊ ထို့အပြင် သူ့ထံ အလွန့်အလွန်တောင်စဉ်ရေမရဆိုလာပါလေသည် - ထုံကျောအသစ်ရဲ့နာမည်ကို ကျက်မိအောင်လို့. . . . . . နောက်ကို အများကြီးဂရုစိုက်ပေးပါဦး ထုံကျော။
ယခုတွင်မူ ဟယ့်ကျောင်းနှုတ်မှ ထိုစကားနှစ်ခွန်းထပ်မံထွက်လို့လာပြီး "ထုံကျော" ဆိုတာကနေ "ချစ်သူကောင်လေး" အဖြစ်ပြောင်းလို့သွားတော့သည်။
ဤကဲ့သို့ခံစားချက်မျိုးက သိပ်ကိုဆန်းကြယ်လှပါ၏။
စက်ဝိုင်းကိုပတ်နေခဲ့ပြီး အဆုံးတွင်တော့မူလဤနေရာသို့ပြန်ရောက်လာသကဲ့သို့ပင်။
ဟယ့်ကျောင်း စကားအဆုံးတွင်မူ နှစ်ဦးသားသည် အပေါက်ဝ၌ရပ်လျက်အတော်ကြာ အကြည့်ချင်းဆုံနေခဲ့မိကြသည်။
ဤသည်မှာ သမီးရည်းစားတွေဖုန်းပြောသလိုမျိုးနှင့် အတန်ငယ်ဆင်၏ ၊ 'ကောင်းသောညပါ ကိုယ်ဖုန်းချလိုက်တော့မယ်နော်' ဟုဆိုပြီးပေမယ့် ဘယ်သူ့ဘက်ကမှစပြီးဖုန်းမချမိကြဘဲ ပေါကြောင်ကြောင်နိုင်လှစွာ တစ်ဖက်လူရဲ့အသက်ရှူသံလေးကိုနားထောင်နေကြပုံနှင့်ဆင်တူ၏။
"မင်းဝင်တော့လေ. ."
ဟယ့်ကျောင်းက ပြောသည်။
"စောစောအိပ်။"
ရှဲ့ယွီသည်လှည့်၍အခန်းထဲသို့ဝင်လိုက်ပြီး တံခါးပိတ်လိုက်ပါတော့သည်။
ရှဲ့ယွီမှာ အခန်းထဲဝင်ပြီးနောက် ရေချိုးလိုက်ပြီး ရေချိုးပြီးသည်နှင့် နမူနာမေးခွန်လွှာသုံး/လေးစုံခန့်လုပ်လိုက်ပါသည်။ နဂိုကတော့ဘယ်လိုမှအားရုံစူးစိုက်လို့ရလောက်မည်မဟုတ်ဟု ထင်ထားခဲ့တာပေမယ့် ဘောပင်အားကောက်ကိုင်ပြီး အကြမ်းစာအုပ်ထက်တွက်ကြည့်ပြီးနောက်တွင်တော့ ရသေးတာပဲဟုသိလိုက်ရသည်။
ပုစ္ဆာအနည်းငယ်ကိုရွေးလုပ်ပြီးနောက် မေးခွန်းလွှာကိုလှန်လိုက်၏ ၊ သူသည်အားတက်သရောဖြင့် ဘာသာစုံအကုန်လုပ်ကာ မေးခွန်းလွှာပင်လယ်ကြီးထဲမှ ခေါင်းထောင်လိုက်မိချိန်မှာတော့ (၁၁)နာရီတောင်ထိုးတော့မည်မှန်းတွေ့လိုက်ရလေသည်။
မျက်ဝန်းတို့ကိုမှိတ်ကာ အိပ်တော့မည့်အချိန်ကြကာမှ ရုတ်တရက်ရှင်းရှင်းလင်းလင်းကြီးခံစားသိရှိလိုက်ရသည်. . . . . . သူ့၏တည်ငြိမ်သွားခြင်းလုံးဝမရှိပါသေးသည့် ရင်ခုန်သံတွေ။
အိပ်ခါနီး၌ ရှဲ့ယွီ၏ခေါင်းထဲ ထွက်ပေါ်လာခဲ့သည့် နောက်ဆုံးသောအတွေးသည်ကား - Fuck ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားမိပြီ။
နောက်တစ်နေ့၌ ဌာနမှူးကျန်း၏မနက်စဉ် အသံလွှင့်အစီအစဉ်မှာဆို အချိန်ကိုက်ပင် ၊ ဘယ်တော့မှနောက်ကျခြင်းမရှိသလို ဘယ်တော့မှလည်းမပျက်ကွက် ၊ သူ့အသံကြီးနှင့် အဆောင်နေကျောင်းသားတွေအကုန်ကို နိုးထလို့လာစေသည်။
"ကျောင်းသားတို့ ၊ ဒီနေ့လည်းပဲနေ့သစ်တစ်နေ့စပြန်ပါပြီ ၊ မင်းတို့ပျော်ကြရဲ့လား။"
ဌာနမှူးကျန်းနှုတ်ဟလာသည်နှင့် စောင်ခေါင်းမြီးခြုံ၍ အော်ဟစ်လာကြသူများရှိပေသည်။
"အား--- --- ဘုရားရေ--- ---"
"လူမဆန်ချက်ကွာ--- ---"
"ဘဝကြီးက ဘာလို့ဒီအားနည်းလှတဲ့ ငါဆိုတဲ့ခိုကိုးရာမဲ့တဲ့ကလေးကို ဒီလိုမျိုးဆက်ဆံရတာလဲလို့?"
အဆောင်တစ်ခုလုံးအတွင်းက သနားစရာအဖြစ်ဆိုးနေကြခြင်းကိုမသိလေသည့် ဌာနမှူးကျန်းကတော့ သူ့မိန့်ခွန်းထဲသူမျောပါကာရစ်မူးလျက်ရှိနေတော့သည်။
"နှစ်ဝက်စာမေးပွဲကနီးနေပြီ ၊ ကျောင်းသားတိုင်းရဲ့စိတ်ထဲ အနည်းနဲ့အများတော့ စိတ်လှုပ်ရှားနေကြမှာပဲ ၊ ဒါကစာမေးပွဲသာသာပဲမဟုတ်ဘူး ၊ မင်းတို့တွေရဲ့ အောင်မြင်တဲ့အသီးအပွင့်တွေကို ဆွတ်ခူးရမယ့်နေ့လည်းဖြစ်တယ်။ အခုပဲထကြတော့. . . . . . ထ! အမှတ်များများရချင်ကြတဲ့ကျောင်းသားတို့!"
ရှဲ့ယွီသည် သည်းခံထားပေမယ့် ဘယ်လိုမှသည်းမခံနိုင်တော့သည့်အဆုံး စောင်ထဲမှနေလက်တစ်ဖက်ထွက်လာကာ ဘေးသို့စမ်း၍ရှာမိသည် ၊ အတော်ကြာအောင်စမ်းပေမယ့် နားကြပ်ကိုရှာမတွေ့သည့်အခါ လက်ကိုပြန်ရုပ်လိုက်ပါသည်။
ကော်ရစ်တာထက်၌ စတင်ကာပွက်လောရိုက်လို့လာ၏။
ထိုဆူညံပွက်နေသည့်ထဲ 'ကျောင်းကော'ဟုခေါ်သံအနည်းငယ်ကိုကြားရပြီး ဟယ့်ကျောင်းသည် အကုန်လုံးကိုပြန်လည်နှုတ်ဆက်ပြီးနောက် မျက်နှာချင်းဆိုင်သို့လျှောက်သွားကာ တံခါးခေါက်လိုက်ပါသည်။
"လောင်ရှဲ့ ၊ မင်းထပြီလား။"
သူ့အားပြန်လည်တုံ့ပြန်သည်မှာတော့ ရှဲ့ယွီ၏ပစ်ပေါက်ထည့်လိုက်သံပင် ၊ နှိုးစက်မှာ တံခါးကိုထိမှန်ပြီးနောက် ပြန်ကန်ထွက်ကာ ကြမ်းပြင်ထက်နှစ်ပတ်မျှလှိမ့်လို့သွား၏။
ဟယ့်ကျောင်း : ". . . . . ."
ဘေးတွင်ရှိနေသည့်တစ်ယောက်ကလည်း မြင်သွားခဲ့သည် ၊ ဤအဖြစ်အပျက်သည်ကား နေ့စဉ်ဆိုသလိုတစ်ကြိမ်တော့ဖြစ်မြဲပေ ၊ထို့အပြင် ဟယ့်ကျောင်းသည်ကား စိတ်ဆိုးခြင်းအလျဉ်းမရှိပါဘဲ အထဲကအရှင်သခင်ဒေါသပြေပျောက်သွားပြီးနောက် တံခါးလာရောက်ဖွင့်ပေးမည့်အချိန်ထိ အပေါက်ဝ၌ အလွန်စိတ်ရှည်စွာဖြင့်စောင့်လို့နေတတ်ခဲ့လေရာ ထိုတစ်ယောက်မှာ မအောင့်နိုင်တော့ဘဲအနားတိုးကပ်လို့မေးမိရသည်။
"အစ်ကိုကျောင်း ၊ အဲ့. . . . . . အနောက်ဆောင်ရှဲ့ယွီက နေ့တိုင်းအဲ့လိုပဲဒေါသပေါက်ကွဲတတ်တာပေါ့?"
"ဟုတ်တယ်. ."
ဟယ့်ကျောင်းက ပြုံးလိုက်ကာ. .
"ချစ်ဖို့ကောင်းတယ်မလား။"
ထိုတစ်ယောက်မှာ ထွက်သွားခါနီး၌ မိမိနားကြားများမှားလေသလားဟု သံသယဖြစ်မိရသည် ၊ အစ်ကိုကျောင်းပြောတာက ကြောက်ဖို့ကောင်းတယ်များလား? ဒါမှမဟုတ် သူကပဲ ဘာကချစ်ဖို့ကောင်းတယ်ဆိုတာကို လုံးလုံးနားမလည်တာလား?
နောက်နှစ်မိနစ်နီးပါးလောက်ကုန်လွန်သွားပြီးကာမှ ရှဲ့ယွီကထလာပြီး ဟယ့်ကျောင်းကိုတံခါးဖွင့်လို့ပေးသည်။
ဟယ့်ကျောင်းမှာ တစ်ညလုံးမအိပ် ၊ မနေ့ညက ရှဲ့ယွီပြန်သွားပြီးနောက် သူသည် Bioက 'အားအားအား' ဆိုသည့်အတွဲလိုက်ကြီးကိုအရင်ဆုံးဖျက်ပစ်လိုက်ပါသည် ၊ ဖျက်ပြီးနောက် ဘာထပ်ဖြည့်ရေးလိုက်သည်မသိ ပြီးနောက် တဖန်'အား'ဟုအတွဲလိုက်ထပ်ရေးလိုက်ပြန်ပါသည်။
ထို့နောက် မျက်လုံးအပြူးသားဖြင့် နှစ်နာရီသုံးနာရီသို့ရောက်သွားခဲ့တော့သည်။
သူ့ခေါင်းထဲအပြည့်ရှိနေသည်မှာ - ရှဲ့ယွီကသူ့အပိုင်ဖြစ်သွားပြီ ၊ သူ့ရဲ့ကလေးလေး။
ဟယ့်ကျောင်းကား ဝင်ဝင်ပြီးချင်း ကုတင်ပေါ်သွားရောက်ပစ်လဲလိုက်သည် ၊ ရှဲ့ယွီမှာ တံခါးဘောင်ကိုမှီ၍သာ ကြည့်နေမိ၏ ၊ ဒီလူဘာထဖောက်သည်မသိပါ ၊ ကိုယ့်ခုတင်ရှိရဲ့သားနဲ့မအိပ်ဘဲ သူ့ဟာကိုမှလာလုနေသည်။
"မနေ့ညကမအိပ်ဘူးလား?"
"(၃)နာရီကျော်မှအိပ်တာ. ."
ဟယ့်ကျောင်းက မျက်ဝန်းတစ်ဝက်မျှသာဖွင့်ရင်းမှ မေးလိုက်သည်။
"မင်းဆက်အိပ်ဦးမှာလား?"
ရှဲ့ယွီကပြောသည်။
"ကုတင်ကိုတောင် မင်းကဦးသွားပြီကို ငါကဘယ်လိုအိပ်ရမှာလဲ?"
"ချစ်သူကောင်လေး. ."
ဟယ့်ကျောင်းသည် အတွင်းဘက်တိုးရွေ့ပေးပြီး နေရာဖယ်လို့ပေးလိုက်သည်။
"တက်ခဲ့။"
ရှဲ့ယွီသည် ငုံ့၍နှိုးစက်အားကောက်ယူလိုက်ပြီး ဟယ့်ကျောင်းရှိရာပစ်ပေါက်ထည့်လိုက်ပါတော့သည်။
အသံထုတ်လွှင့်ရာမှနေ ဌာနမှူးကျန်းကဆက်လက်သြဝါဒခြွေနေ၏။
"မနက်စောစောထတယ်ဆိုတာ ကောင်းတဲ့အလေ့အကျင့်တစ်ခုပဲ ၊ ငါ့အနေနဲ့ပြောရမယ်ဆိုရင် ငါက(၅)နာရီခွဲမှာထရတာကြိုက်တယ် ၊ ပြတင်းပေါက်အပြင်ဘက်က လေကိုရှူလိုက်ရတဲ့အချိန် ဘဝကသိပ်ကိုလှပကြောင်းမင်းတွေ့ရလိမ့်မယ်။"
". . . . . ."
မနေ့ညကတံခါးဖွင့်ခါနီလေး၌ ရှဲ့ယွီသည်တစ်ချက်မျှတွေဝေလို့သွားခဲ့ပါ၏။ ယခုလေးတင် ဒီဆက်ဆံရေးကို အတည်ပြုလိုက်ပြီးဖြစ်ရာ လူကပုံမှန်ပြန်ဖြစ်မလာသေး--- --- ဒီအသစ်စက်စက် ဆက်ဆံရေးထဲ၌ ဒီလူက ၊ ယနေ့မှစလို့ဒီအရူးကောင်က အခြားသူမဟုတ်ရပါတော့ချေ။
ဘယ်နားပြောင်းလဲသွားလဲဆိုလျှင် ဘယ်နားမှတော့ပြောင်းလဲသွားပုံမရပါ။
အခြားသူတွေ ရည်းစားဘယ်လိုထားကြသလဲ သူကတော့မသိ ၊ ကျိုးသာ့လေ၏ အမျိုးမျိုးသောအနှုတ်လက္ခဏာပြနေသည့် relationshipမျိုးကိုတော့ ထည့်မတွက်တော့ပါ။
သိပ်ပြီးလွတ်လပ်မှုရှိမှာမဟုတ်လောက်ဘူး ၊ ထူးဆန်းတယ် ၊ ပြီးတော့အနေလည်းခက်လောက်လိမ့်မည်ဟု တွေးကြည့်ဖူးပေမယ့် ဒီလူပေါ်လာတာနှင့် ဘာအတွေးမျိုးမှကိုရှိမနေခဲ့တော့ပါချေ။
တစ်သက်လုံးနောက်ကျသူဖြစ်လေသည့်ဟယ့်ကျောင်းမှာ ရှားရှားပါးပါးယနေ့မှာတော့ နောက်မကျခဲ့။
မနက်ခင်းပထမအချိန်က တရုတ်စာအချိန်ဖြစ်ကာ ထန်စန်းသည် ချီးကျူးအမွှမ်းတင်လာ၏ ၊ ကျောင်းသားဟယ့်ကျောင်းအား ကြိုးစားပြီးဒီအတိုင်းဆက်လက်ထိန်းသိမ်းထားဖို့ မျှော်လင့်တယ်ဟုဆိုရင်းမှ ဝမ့်သာအားအပြစ်တင်လို့လာသည်။
"မင်းကဘယ်လိုဖြစ်ရတာလဲ ၊ ဒီနေ့ဘာလို့နောက်ကျတာတုန်း?"
ဝမ့်သာမှာ မနေ့ညကသောက်တာများသွားခဲ့လေရာ မနက်နိုးလာချိန်မှာတော့ ခေါင်းတွေထိုးကိုက်နေပြီး အိပ်ယာကနေပင်မထနိုင်ခဲ့ ၊ သို့တိုင်အရက်နာကျနေလို့ဟူ၍လည်းမပြောရဲပါ ၊ ပြောလိုက်လျှင် မိဘအခေါ်ခံရမည်မှာအသေအချာပင်မို့ ဦးနှောက်ခြောက်အောင်စဉ်းစားကာ ဟယ့်ကျောင်း၏ပုံမှန်ဆိုကျောင်းနောက်ကျလေတိုင်း ဘယ်လိုပေါက်ကရတွေပြောတတ်သလဲအား ပြန်လည်စဉ်းစားလို့ကြည့်မိပြီး အဆုံးတွင်တော့ တစ်ခွန်းမျှပြောလိုက်ပါသည်။
"ဒီလိုပါဆရာ ၊ ဒီနေ့မနက်တုန်းက အခန်း(8)က ကျောင်းသားရှိန်ကျယ်လေ ရောဂါပြန်ထနေလို့ပါ။"
ဟယ့်ကျောင်း : ". . . . . ."
ရှဲ့ယွီ : ". . . . . ."
မနေ့ကမွေးနေ့ပွဲတက်ကြသည့် အတွင်းသိအစဉ်းသိလူထု : ". . . . . ."
အခင်းဖြစ်ရာတွင်မရှိသည့် အခန်း(8)ကကျောင်းသားရှိန်ကျယ် : ". . . . . ."
"သူ့ရဲ့ဟို ၊ ဟိုရောဂါ. ."
ဝမ့်သာမှာ ဘာရောဂါလဲဆိုသည်အားမေ့လို့သွား၏ ၊ အဲ့ရောဂါနာမည်က အဲ့လောက်ရှည်တာသရဲပဲမှတ်မိလိမ့်မည် ၊ တစ်ဝက်မျှသာပြောလာပြီးနောက် အကျပ်ရိုက်သွားခဲ့ရသည်။
"အဲ့ဟို အစာအိမ်. . . . . ."
ဟယ့်ကျောင်းက အနောက်ကနေထောက်လို့ပေးလာသည်။
"အစာအိမ်ရောင်ရမ်းတဲ့ နာတာရှည်ရောဂါ။"
ဝမ့်သာသည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။
"ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ၊ အဲ့ဒီဟာပဲ။"
ထန်စန်းမှာ သူ့ကျောင်းသားတွေကိုအလွန်ယုံကြည်လေပြီး အထူးသဖြင့် ပုံမှန်ဆိုဝမ့်သာအပြုအမူတို့ကမဆိုးလှသည့်အပြင် ရှေ့တွင်လည်းဘယ်တုန်းကမှ ကျောင်းနောက်ကျဖူးခြင်းမရှိခြင်းကြောင့် ၊ ရှိန်ကျယ်၏ထိုရောဂါဟာဆိုလျှင်လည်း အမှန်ပဲခဏခဏထထဖောက်လာတတ်ခြင်းကြောင့် ဤသို့သာလျှင်ပြောလာတော့သည်။
"မင်းလုပ်တာကောင်းတယ် ၊ ကျောင်းသားအချင်းချင်း အကူအညီလိုနေရင် သွားသာကူပေးလိုက်ပါ ၊ ဒါနဲ့ပြောရင်း အခန်း(8)ကကျောင်းသားလေး သေချာပေါက်ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ ၊ ဘယ်လိုကြောင့် သုံးရက်ကိုနှစ်ခါလောက် ဆေးပေးခန်းသွားနေရတာလဲ. . . . . ."
ဝမ့်သာမှာ နဖူးထက်ချွေးစေးတွေပြန်လို့ ထူပူလန့်ဖျန့်လျက်မှ ဝင်ရောက်ထိုင်လိုက်ပါသည်။
လျှိုချွိင်ဟောက်တို့တစ်တွေမှာတော့ မျက်နှာတွေကိုတံတောင်နဲ့ကွယ်ကာ အသံမထွက်ဘဲကျိတ်ရယ်လို့နေကြသည်။
အံကိုက်ပင်ကျောင်းဆင်းခေါင်းလောင်းကထိုးလို့လာပြီး လောင်ထန်ထွက်သွားသည်အထိစောင့်အပြီးမှာတော့ သူတို့အားလုံးအသံထွက်ရယ်လာကြပြီး ရယ်လေလေပိုလို့လွန်လွန်ကဲကဲဖြစ်လာကြလေပင်။
"ဟားဟားဟားဟားဟားဟားဟားဟား အခန်း(8)ကကျောင်းသားရှိန်ကျယ် ၊ ဝမ့်သာတို့ကတော့ တော်ချက်ပဲ ၊ မင်းကတော့တကယ်ကိုကမြင်းတာပဲ။"
လျှိုချွိင်ဟောက်သည် ရယ်ရာမှထွက်ကျလာသည့် မျက်ရည်တို့ကိုသုတ်ဖယ်လိုက်ရင်းမှ. .
"မင်းဘယ်လိုတောင်စဉ်းစားလိုက်တာလဲ။"
ဝမ့်သာကပြောသည်။
"ငါ့ခေါင်းထဲ အစ်ကိုကျောင်းကိုပဲတွေးပြီး သူ့လုပ်ထုံးလုပ်နည်းအတိုင်း အတုခိုးလိုက်တာ။"
ဟယ့်ကျောင်းသည်လည်း မထိန်းနိုင်တော့ဘဲ ရယ်မိတော့သည်။
"အဲ့လိုဆိုလည်း မင်းမေယိုးထဲမှအတိအကျကြီးလိုက်မကူးနဲ့လေကွာ ၊ မင်းအဲ့လောက်အရည်အချင်းရှိနေရင်လည်း အဘွားကိုတွဲပြီးလမ်းဖြတ်ကူးပေးနေလို့လို့ ဘာလို့မပြောလဲ။ တော်သေးတယ် လောင်ထန်က အတဲ့သူမို့ ၊ ခွေးရူးသာဆိုရင် မင်းအဖေမင်းကိုထိုးဖို့လာနေလောက်ပြီပဲ။"
ဝမ့်သာသည် ခေါင်းကုတ်မိရရင်း. .
"အဲ့လောက်တောင်ကြောက်ဖို့ကောင်းတယ်လား ၊ တော်သေးလို့ တော်သေးလို့။"
"ချီးကိုတော်သေးလို့. ."
ရှဲ့ယွီကပြောလိုက်သည်။
"ရှိန်ကျယ်ကအခု မင်းကိုထိုးဖို့လာနေပြီ။"
ဝမ့်သာ : ". . . . . ."
ရှဲ့ယွီပြောအပြီးမှာတော့ လျှိုချွိင်ဟောက်တို့တစ်တွေမှာ တစ်ဖန်ဝက်ဝက်ကွဲရယ်လာကြပြန်ပါသည်။
"ဒါနဲ့ ၊ နင်သိလား မနေ့က နင်နဲ့အားကစားကိုယ်စားလှယ်နှစ်ယောက်သားမူးပြီး ဘယ်လိုတွေဖြစ်သလဲဆိုတာလေ. ."
ရွှီချင်ချင်မှာရယ်ရင်းမှ အမှတ်ပြန်ရလို့လာ၏။
"မူးရူးနေတာကို ငါပထမဆုံးမြင်ဖူးတာ ၊ တော်တော်ကိုလွန်ကဲချက်ပဲ။"
ဝမ့်သာသည် နိုးလာချိန်၌ဘာကိုမှမမှတ်မိတော့ ၊ အခန်းဖော်ကိုမေးသေးပေမယ့် အခန်းဖော်မှာခေါင်းသာခါပြလာသည်။ သေချာတာကတော့ သူအသိစိတ်လွင့်နေခဲ့ချိ်န်၌ သူအမြဲ 'အတွင်းစိတ်ထဲကသိနေသလို' ကြိုဟောကိန်းထုတ်ထားဖူးသည့်အရာက အမှန်ဖြစ်လာခဲ့ပြီဆိုသည့်အကြောင်းကိုတော့ သူသည်မသိရှိခဲ့ပါချေ။
"ငါကဘယ်လိုပုံစံတုန်း ၊ ငါကအဆင်ပြေတယ်မဟုတ်ဘူးလား။"
ရှဲ့ယွီကား ဘာမှပြောချင်စိတ်မရှိ။
ဟယ့်ကျောင်းသည်လည်း သိပ်အများကြီးမပြောချင်၍ ဤသို့သာလျှင်ပြောသည်။
"မင်းက မင်းကိုယ်မင်း သိပ်ကိုယုံကြည်ချက်တွေလွန်ကဲနေတာပဲ။"
အတန်းနားနေချိန်ကြားထဲ၌ ရှိန်ကျယ်သည် တကယ်ပဲရောက်ချလို့လာသည် ၊ ပြတင်ပေါက်နား၌အတန်ကြာရပ်ပြီး အော်ပြောလို့လာတော့သည်။
"ဝမ့်သာမင်းသိပ်ကိုဟုတ်နေပါ့လား ၊ မင်းသိလား ငါခုနက အိမ်သာကနေထွက်လာတုန်းက မင်းတို့အတန်းရဲ့လောင်ထန်နဲ့တွေ့တယ် ၊ သူက ငါ့ကိုကျန်းမာရေးဂရုစိုက်ဖို့ပြောလာရော ၊ ငါကိုယ်တိုင်တောင်မသိတဲ့အနေအထားမှာ ငါကဘာရောဂါများရနေလို့ပါလိမ့်ပေါ့။"
ရှိန်ကျယ်သည်ပြောလို့အပြီးတွင် အကျင့်ပါနေသည့်အတိုင်း သူ့အစ်ကိုကျောင်းရှိရာနေရာသို့ လှမ်းလို့ကြည့်လိုက်ပါသည် ၊ တွေ့လိုက်ရသည်မှာတော့ သူ့အစ်ကိုကျောင်းနှင့် သွေးအေးအေးလူသတ်သမားတို့နှစ်ယောက်သားမှာ ပူးပူးကပ်ကပ်ဖြင့် ဘာတွေပြောနေကြသည်မသိ ၊ အရေးမပါလှတဲ့ပုံမှန်မြင်ကွင်းမှန်းအသိသာကြီးပေမယ့် ဘယ်နားကမသိမူမမှန်သလိုခံစားမိရသည်။
သူသည်စိုက်ကြည့်ရင်းကြည့်ရင်းမှ ဘယ်နားကမူမမှန်နေမှန်းတွေ့သွားခဲ့ရပါတော့သည်. . . . . . သူ့အစ်ကိုကျောင်းရဲ့လက်က ဘယ်ကိုစမ်းနေတာလဲ !