ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

27

9K 1.4K 43
By Vanilla_IceCream61

"ဟမ့် " Qing Yun ထံမှ တိုးညှင်းသောနှာမှုတ်သံလေးကိုကြားလိုက်ရသည်။ သူက ခေါင်းငုံ့ထားပြီး မျက်ဆန်များက ကျုံ့ဝင်နေသည်။ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် ရှင်းလင်းစွာ မတွေးတောနိုင်သည့်ပုံပေါ်သည်။

သေချာတယ်။

မလွတ်မြောက်နိုင်သော ကံကြမ္မာတစ်ခုကို စစ်သားများက ခံစားနေရပြီး သူတို့၏ ခန္ဓာကိုယ်များရုတ်တရက်ထိုင်ကျသွားသည်။

သူတို့ကို ဆုံးရှုံးမှုကြီးကြီးမားမားကလည်း လွှမ်းခြုံထားသေးသည်။ မည်သူကမျှ ထိုကဲ့သို့သော နှိပ်စက်မှုကို မခံနိုင်ပေ။

ဆယ်ကျော်သက်ကလေးက ရုပ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုကို တောင့်ခံနိုင်ခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို သည်းမခံနိုင်လောက်ပေ။

Apollon ကအံကြိတ်လိုက်ပြီး သူ့ထိုင်ခုံပေါ် ပြန်မှီလိုက်သည်။

Chris က Qing Yun ရှေ့သို့လှမ်းလာပြီး သူ၏ခြေလှမ်းများက မထိန်းချုပ်နိုင်လောက်အောင် လေးလံနေသည်။

မင်း လုပ်သင့်နေပြီ။

မဟုတ်ဘူး။ စောင့်ဦး။ Chris ကသူ့စိတ်ထဲမှ အသံကိုကြားလိုက်ရသည်။

"ဒေါက်တာ Ramiel ဘယ်မှာလဲ။ " Chris ကမျက်လုံးနက်နက်ဖြင့် Qing Yun ကိုသူ၏ ငွေရောင်မျက်လုံးများဖြင့် ကြည့်နေသည်။ ထိုကောင်လေးေဖြသည်နှင့် သူတိုက်ခိုက်တော့မည်ဖြစ်သည်။

"ဒေါက်တာက "

စိတ်ရှုပ်ထွေးနေပုံရသော ကောင်လေးက ရုတ်တရက် ခေါင်းမော့လာကာ သူ့ဆံပင်များ လှုပ်ခတ်သွားသည်။ ညကောင်းကင်ယံမှ ကြယ်များကဲ့သို့ မျက်ဝန်းများက သူတို့၏ တောက်ပမှုကို ပြန်လည်ရရှိသွားသည်။ "ဘာလို့ ကျွန်တော်က ပြောရမှာလဲ။ "

ဆယ်ကျော်သက်ကလေးက အမြန်ပင်လှုပ်ရှားလိုက်ပြီး ထိုလူ၏ ပုခုံးကျယ်များကို ကန်လိုက်သည်။ ၎င်းက Chris ကိုအနည်းငယ်ပင် မရွေ့စေခဲ့သော်လည်း ထိုကောင်လေးကိုယ်တိုင်က ပြန်ကန်ထွက်လာပြီး မထိန်းချုပ်နိုင်စွာ လည်ထွက်သွားသည်။

ဘာတွေဖြစ်နေတာလဲ။

သူ့ကို မထိခိုက်ဘူးလား။

လူတိုင်းက အံ့သြသွားသည်။ Chris၏မျက်ဆန်သည်ပင် အနည်းငယ် ကျုံ့ဝင်သွားသည်။

Qing Yun ၏မျက်နှာပေါ်မှ ရန်စသည့်အပြုံးက ပို၍သိသာလာသည်။ သူက စိတ်ဓာတ်ညှင်းဆဲသည့် ကိရိယာကို အားပြင်းသည်ဟု ထင်ခဲ့သော်လည်း ထိုမျှလောက်အားက သူ့စိတ်ဝိညာဉ်ကိုထိပင်မထိနိုင်ပေ။

" ဘမ်း " Apollon ကဖန်ခွက်ကို ခွဲလိုက်ပြီး ဒေါသတကြီးချုပ်တည်းထားရပုံပေါ်သည်။ "ဘာတွေဖြစ်နေတာလဲ။ ပစ္စည်းက ပျက်နေတာလား။ "

စိတ်ဓာတ်ညှင်းဆဲသည့် ကိရိယာမှ ကြိုးတစ်ကြိုးကပင် B+ အဆင့် စိတ်ဓာတ်သန်မာသော စစ်သားတစ်ယောက်ကို တုန်လှုပ်ခြောက်ခြားစေနိုင်သည်။ မနေ့က စစ်ဆေးမေးမြန်းစဉ်က ထိုဆယ်ကျော်သက်လေးသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းပြီး စိတ်ပိုင်းဆိုင်ရာ ပိုမိုသန်မာသည်ဟု သူထင်နေသဖြင့် ထိုကိရိယာဖြင့်စမ်းလိုက်ခြင်းဖြစ်သည်။

မမျှော်လင့်စွာပင် ၎င်းက အသုံးမဝင်ဖြစ်နေသည်။

တစ်ဖက်မှ နှလုံးသားလောင်ကျွမ်းနေသည့် အကျဉ်းသားများက ယခုမှ စိတ်သက်သာသွားပြီး ထိုဆယ်ကျော်သက် အသေးလေးကိုကြောင်ကြည့်နေကြသည်။ သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်လာသည်။

Qing Yun ကဂုဏ်ယူစွာ မေးမော့လိုက်ပြီး သူ့မျက်ဝန်းများတွင် မီးတောက်များ တောက်လောင်နေသလိုပင်။ "ပြည်ထောင်စုကြီးက ရှုံးမှာမဟုတ်ဘူး။ "

Apollon ကဒေါသတကြီး လျှောက်လာပြီး ကြယ်ဓားပြတစ်ယောက်ကိုဆွဲခေါ်၍ သူ့ခေါင်းနောက်တွင် စိတ်ဓာတ်ညှင်းဆဲသည့် ကိရိယာတစ်ကြိုးတပ်ဆင်လိုက်သည်။ တစ်စက္ကန့်အတွင်းမှာပင် ဤကြယ်ဓားပြက ကြောင်အသွားပြီး မေးခွန်းတိုင်းကို ပြန်ဖြေလာသည်။

သူ့လက်ထဲမှ ကြယ်ဓားပြကို စာနာစိတ်မရှိဘဲ ရက်စက်စွာပစ်ချလိုက်ကာ Apollon က Qing Yun ကိုကြည့်၍ Chris ကို အမိန့်ပေးလိုက်သည်။ "ဒါဆိုလည်း နောက်ထပ်ကြိုးတစ်ကြိုး သူ့ဆီဆက်လိုက်"

Chris နှလုံးသားထဲ ခံစားခဲ့ရသော စိတ်သက်သာရာရမှုက ပြန်လည်ကျဆင်းသွားသည်။ ဆယ်ကျော်သက်ကလေးက ကြိုးတစ်ကြိုးလောက်ကို ခံနိုင်ရည်ရှိပေမယ့် ၂ကြိုး၊၃ကြိုး ဆိုရင်ရော။

သူက လူငယ်လေးဘေးတွင် ထုတ်လွှင့်ထားသော သူ၏စိတ်စွမ်းအင်အားတိုက်ခိုက်ရန် မသိမ်းယူသေးဘဲ ကြိုးတစ်ကြိုးကို ထပ်ယူလိုက်ကာ ကောင်လေး၏ခေါင်း၌ ဆက်သွယ်လိုက်သည်။

လူငယ်လေး၏ အမူအရာက ဘာမှမပြောင်းလဲသွားဘဲ။  Apollon ကိုပင် မလေးမစား ပြုလုပ်နေသည်။

၂ကြိုး၊ ၃ကြိုး၊၄ကြိုး၊ ......

၁၀ကြိုး၊ ကြိုး ၂၀  .......

စိတ်ဓာတ်ညှင်းဆဲသည့် စက်ဘေးပြန့်ကြဲနေသော ဝါယာကြိုးများ တဖြည်းဖြည်း နည်းနည်းလာပြီး အကျဉ်းချုံးပြောရလျှင် ထိုလူငယ်လေး၏ ခေါင်းတွင် ဖြူကောင်ကဲ့သို့ စိုက်နေကြသည်။

လူတိုင်း၏ အကြည့်များက တဖြည်းဖြည်းပြောင်းလဲလာပြီး Qing Yun ကိုမိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။

နောက်ဆုံးတွင်တော့ နောက်ဆုံးကြိုးကို ဆယ်ကျော်သက်လေး၏ ခေါင်းအနောက်၌ တပ်ဆင်လိုက်သည်။ စိတ်ဓာတ်ညှင်းဆဲသည့် ကိရိယာကို အားအပြင်းဆုံးသို့ပင် မြှင့်ထားသေးသည်။

သို့သော် ထိုဆယ်ကျော်သက်ကလေးက အထိခိုက်ခံရသည့်ပုံမပေါ်သေးပေ။ သူ၏မျက်ဝန်းများက တောက်ပနေဆဲဖြစ်ပြီး မှုန်မှိုင်းခြင်းတစ်စမျှမရှိသေးပေ။

ဤအခြေအနေအထိဖြစ်လာသောအခါ Qing Yun နောက်မှ အကျဉ်းသားများက နံရံကို ကြောင်အအဖြင့်ကိုင်ထားကြသည်။ သူတို့က ခေါင်းနောက်တွင် ဝါယာကြိုးများစွာ တပ်ဆင်ခံထားရသော ဆယ်ကျော်သက်ကလေးကို ကြည့်နေကြသည်။ ထိုကောင်လေး၏ ပုံရိပ်က ယခုအခါ သနားစရာကောင်းသလို ကျိုးကြောင်းမဆီလျော်သည့်ပုံလည်းပေါက်နေသည်။ သို့သော် ပြည်ထောင်စုမှ အကျဉ်းသားများက သူတို့၏ နှလုံးသားထဲတွင် မပြုံးနိုင်ပေ။

သူတို့၏နှလုံးသားထဲတွင် အားကျလေးစားမှုနှင့် အရှက်ရမှုသာရှိသည်။

စစ်ရေးလေ့ကျင့်မှုတောင်မလုပ်ဖူးတဲ့ ဒီလိုအားနည်းပြီး အရွယ်တောင်မရောက်သေးသော ဆယ်ကျော်သက်လေးက စိတ်ဓာတ်ညှင်းဆဲသည့် ကိရိယာအစစ်ကြီးကို အံတုနိုင်ခဲ့သည်။

Qing Yun ၏နောက်မှ Chris ကမျက်လွှာချပြီး သူ့မျက်ဝန်းထဲ စီးဆင်းနေသော လေးစားမှုများကို ဖုံးကွယ်ထားသည်။

Qing Yun ကို Omega ဟုသိထားသည့်အတွက် သူကပိုမိုအံ့သြမိသည်။ ယခုလောလောလတ်လတ် လေးခုမြောက်တပ်မ၏ ဗိုလ်ကြီး Corsi ပင် ဤမျှ အားကောင်းသည့် ဦးနှောက်ရှော့တိုက်မှုအား ခံနိုင်မည်မဟုတ်ပေ။

ဒီအားနည်းတဲ့ ခန္ဓာကိုယ်လေးထဲမှာ ဘယ်လိုစွမ်းအားမျိုးရှိနေတာလဲ။

Qing Yun ၏အင်အားကို စမ်းသပ်မှုအားလုံးပြီးနောက် Chris က သူ့အတွက်ပင် ခေါင်းအနည်းငယ်ကိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်လေးက နာတာကြောက်သည်ကို သူရှင်းရှင်းလင်းလင်းမြင်နေရသည်။ ထိုကောင်လေး၏ ခေါင်းအနောက်ဘက်သို့ ဝါယာကြိုး၏ အပ်ကထိုးစိုက်လိုက်သည်နှင့် သူ၏လည်ပင်းအနောက်ဘက်က အနည်းငယ်တွန့်သွားတတ်သည်။

သို့သော် ထိုသို့ဖြစ်နေသော်လည်း ဆယ်ကျော်သက်ကလေးက ဘာမှမပြောခဲ့ပေ။

"ပြည်ထောင်စုကြီးက ကျဆုံးသွားမှာ မဟုတ်ဘူး။ " Qing Yun ကခေါင်းထပ်မော့လိုက်ပြီး Apollon ၏စကားများကို ဆန့်ကျင်ပြီး ထပ်ပြောသည်။

သူက စိတ်ဓာတ်ညှင်းဆဲတဲ့ကိရိယာကို အရှုံးမပေးဘူး။ ပြည်ထောင်စုကြီးကလည်း ကြိုးကြာနီတွေဆီ ရှုံးမှာမဟုတ်သလို Qing Yun ကလည်း တာဝန်ကျရှုံးမှာမဟုတ်ဘူး။

Apollon ကလုံးဝဒေါသထွက်နေသည်။ သူက Qing Yun ဆီခြေတစ်လှမ်းချင်းလျှောက်သွားပြီး လက်လှမ်းကာ ညိုမဲစွဲနေသော မေးလေးကိုမော့၍ မေးလိုက်သည်။ "ငါ့ကိုပြောစမ်း။ မင်းရဲ့စိတ်စွမ်းအားက တကယ်ဆို ဘယ်အဆင့်တောင်ရောက်နေပြီလဲ။ "

"အားနာပါတယ်။ ကျွန်တော်က ပြည်ထောင်စုမှာအမြင့်ဆုံးအနုပညာတက္ကသိုလ်က သာမန်ကျောင်းသားတစ်ယောက်ပါ။ စိတ်စွမ်းအင်ကတော့ A ပဲရှိပါတယ်။ "

သူက အမြင့်ဆုံးအနုပညာတက္ကသိုလ်ဟု ပြောသည့်အချိန်၌ ထိုဆယ်ကျော်သက်ကလေး၏ မျက်ဝန်းက ဂုဏ်ယူမှုဖြင့် တောက်ပနေသည်။

သို့သော် သူ့အနောက်တွင် ရပ်နေသည့် Chris ကလျှို့ဝှက်ရယ်ချင်စိတ်ကို သူ၏ငွေရောင်မျက်ဝန်းထဲတွင် ဖော်ပြမိမလိုတောင်ဖြစ်သွားသည်။

အကြောင်းမသိသည့်သူများက ပြည်ထောင်စု၏အထူးအနုပညာတက္ကသိုလ်ကို အဆင့်မြင့်သည့်တက္ကသိုလ်ဟု ထင်သွားနိုင်သော်လည်း ပြည်ထောင်စုထဲတွင် ၎င်းသည် မသုံးမဝင်သည့် Omega များသာ တက်ရောက်​သောကျောင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ Corsi ကရှေ့ဆောင်လမ်းပြခဲ့သဖြင့် အချို့စွမ်းဆောင်ရည်ရှိသော Omega များက စစ်တက္ကသိုလ်သို့ တက်လာကြသည်။

ဆယ်ကျော်သက်ကလေးမှာ ကိုယ်ပိုင်ပြောင်မြောက်တဲ့အနုပညာရှင်အတွေးမျိုးရှိနေတာ ဖြစ်မည်ဟု Chris တွေးလိုက်သည်။

"A လား " Apollon ကအံကြိတ်လိုက်သည် ဒီကောင်လေးငါ့ကိုလာလှောင်နေတာလား။ Apollon တွင် SS အဆင့်စိတ်စွမ်းအားရှိပြီး သူကဤမျှများပြားသော လျှပ်စစ်ဓာတ်ကိုခံနိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။

ရုတ်တရက် သူ့မျက်နှာပြောင်းလဲသွားပြီး သူ့အသံက ရွှင်မြူးနေသည်။ "အနုပညာတက္ကသိုလ် ဟုတ်လား။ ဒါဆိုမင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်စွမ်းအမြင့်ဆုံးက C ဖြစ်မယ်ထင်တယ်။ "

ထိုသတင်းအချက်အလက်ကြောင့် ဆယ်ကျော်သက်လေးက မျက်လုံးတကယ်ပြူးသွားသည်။

Apollon ကအပြုံးကြီးဖြင့် လှည့်လာကာ မနေ့က သုံးခဲ့သည့် ကြာပွတ်ကို Chris ဆီပစ်ပေးလိုက်သည်။

ကြာပွတ်ကိုကိုင်ထားသော Chris ၏လက်က မသိမသာတုန်သွားသည်။

နောက်ထပ်နှိပ်စက်မှုက ဤသို့ဖြင့်စတင်ခဲ့သည်။ Apollon က Chris ကိုဝါယာကြိုးများမဖြုတ်ခိုင်းခဲ့ေပ။ မည်သို့ပင်ဆိုစေ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ပြိုင်တူနှိပ်စက်ခြင်းက ပို၍လူမဆန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုက ဆယ်ကျော်သက်လေး၏ ကိုယ်ပေါ်တွင် အနည်းငယ်သက်ရောက်မှုရှိနေဆဲဖြစ်ပြီး Chris လွှဲရိုက်ပြီးနောက် အံကြိတ်ပြီးအသံတစ်စက်မှ မထွက်ခဲ့သည့် ဆယ်ကျော်သက်ကလေးက  လည်ချောင်းသံထွက်လာသည်။

နောက်ဆက်တွဲညည်းသံကို လူငယ်လေးက သိသိသာသာမျိုချလိုက်သော်လည်း ကြားခဲ့ရသည့် နူးညံ့သောလည်ချောင်းသံလေးက အချက်ပေးသံကဲ့သို့ ဆွဲဆောင်မှုရှိနေသည်။ လှပပြီး ကြည်လင်သော အသားအရေ ၊ သွေးစို့နေသော ဒဏ်ရာများ၊ ဖရိုဖရဲဆံနွယ်မဲနက်နက်ကလေးများနှင့် လူငယ်လေးက လုံးဝအလှအပစားပွဲကြီးဖြစ်နေသည်။

အပြစ်ပေးမှုကို စောင့်ကြည့်နေကြသော ကြယ်ဓားပြများ၏ မျက်နှာတွင် ဆွဲဆောင်ခံနေရသည့်ပုံ အနည်းငယ်ဖော်ပြထားကြသည်။

Apollon ကကျေနပ်နေသည့်ပုံဖြင့် ထိုင်ခုံကိုမှီလိုက်ကာ လက်ညိုးထောင်၍ ထွက်လာနိုင်သော အသံအားလုံးကိုပိတ်လိုက်ပြီး Chris ကိုညွှန်ကြားလိုက်သည်။ "ပြင်းပြင်းလုပ်။ သူရဲ့ ချစ်စရာအသံလေးကို ကြားချင်တယ်။ "

ကြာပွတ်ကို ကိုင်ထားသည့် Chris ၏လက်ကတင်းလာရာ လက်ကိုင်ကို ချိုးမိလုနီးနီးပင်။

သူ၏အမိမြေအတွက် ယခုအထိအံကြိတ်ခံလာရသော လူငယ်လေးက ဤကဲ့သို့သော ညှင်းပန်းမှုကို မခံစားသင့်ပေ။

Apollon ၏ညွှန်ကြားချက်ကြောင့် ကြာပွတ်သံကပို၍မြန်ဆန်လာပြီး အတွေးတစ်ခုက Chris စိတ်ထဲတွင်ပေါ်လာကာ သူ့ကိုအသူတစ်ရာချောက်နက်ကြီးထဲသို့ ခေါ်သွားသည်။

သူက ပြည်ထောင်စုရဲ့ ကာကွယ်သူမဟုတ်ဘူးလား။ လူငယ်လေးကို ဒေါသထွက်နေတဲ့သူ။ Jorah ကို နာကျင်စေခဲ့သူ။

Chris က Qing Yun ကိုစိတ်ခံစားချက်မရှိသည့် စက်ရုပ်ကဲ့သို့ ဆက်ရိုက်နေသော်လည်း သူ၏နှလုံးသားက အညှစ်ခံရနေသလိုပင်။ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် မူးဝေမှုက သူ့ဦးနှောက်ကို ထိန်းချုပ်သွားသည်။

ဆယ်ကျော်သက်လေး၏ မျက်ဝန်းကတောက်ပနေပြီး Chris ကထိုမျက်ဝန်းထဲတွင် ပြည်ထောင်စုကြီး၏လှပသော ညကောင်းကင်အား မြင်တွေ့နေရသလိုပင်။ သို့သော် သူကယခု ထိုကဲ့သို့လှပသည့်မျက်ဝန်းများ၏ ပိုင်ရှင်အပေါ် လူမဆန်စွာညှင်းပန်းနှိပ်စက်မှုလုပ်နေရသည်။

စစ်ဆေးမေးမြန်းသည့်အခန်းတစ်ခန်းလုံးအသံတိတ် နေကာ ကြာပွတ်နှင့်အသားရိုက်ခတ်သံကိုသာ ကြားရသည်။ ဆယ်ကျော်သက်လေးက အောင့်ခံထားသည်။ အသံတစ်စက်မျှမထွက်ပေ။

သို့သော် ယခုအခြေအနေမျိုးတွင် ဆယ်ကျော်သက်လေး၏ အသက်ရှူသံကပင် ကြယ်ဓားပြများ၏နားထဲ၌ ဆွဲဆောင်မှုရှိနေသည်။

Qing Yun နောက်မှ အကျဉ်းသားများနှင့်ခြားနားသည်မှာ သူတို့၏ကွေးညွှတ်နေသော ခန္ဓာကိုယ်များ တဖြည်းဖြည်း မတ်တပ်ရပ်လာပြီး ခေါင်းနှင့်ရင်ဘတ်ကို မတ်ကာ မျက်လုံးများကို တည်ငြိမ်စွာထားလိုက်က သည်။ ၎င်းသည် ပြည်ထာင်စုစစ်သားများ၏ စံပုံစံပင်။

လူငယ်လေး၏ တောင့်ခံမှုက သူတို့နှလုံးသားထဲမှယုံကြည်ချက်ကို ပြန်လှုံ့ဆော်လိုက်သည့်ပုံပေါ်သည်။

ညှင်းပန်းချိန်က Chris အတွက် ပုံမမှန်စွာ ရှည်လျားနေသည့်ပုံပေါ်သည်။ ချုပ်နှောင်ခံရပြီး ကြာပွတ်ဖြင့်အရိုက်ခံရသောသူက သူကိုယ်တိုင်ဖြစ်နေသကဲ့သို့ခံစားရပြီး နှလုံးသားတစ်ခုလုံး မီးကင်ခံနေရသလိုပင်။

သူ့ရှေ့မှ လူငယ်လေးက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သန်မာပြီး ဒဏ်ရာအဟောင်းများအပေါ်၌ ဒဏ်ရာအသစ်များဖုံးကွယ်လာကာ သူ၏နဂိုထဲက အားနည်းသောကိုယ်လေးကို ပို၍ထိလွယ်ရှလွယ်ပုံပေါ်စေသည်။

ချွေးများရောနှောနေသော သွေးများက သူ့ဆံနွယ်များပေါ်ပေကျံနေပြီး အကိုက်ခံထားရသည့် နှုတ်ခမ်းများ၌ သွေးများနီရဲနေသည်။

၈နာရီကြာ နှိပ်စက်ပြီးနောက် ဆယ်ကျော်သက်လေးက မျက်ရည်တစ်စက်မျှပင် ထွက်မကျခဲ့ပေ။ အသံတစ်သံမျှပင်မထွက်ဘဲ ပင်ပန်းမှုကြောင့်သတိမလစ်သွားရန် သူ့စိတ်ကို ထိန်းထားသည်။ ထိုမျက်ဝန်းများထဲမှ မာနကြီးပြီး မလေးစားသည့်အကြည့်ဖြင့် Chris မျက်လုံးထဲတည့်တည့်ကြည့်နေသည်။

သူ့ကို 'လာစမ်းပါ။ ကျွန်တော်တောင့်ခံနိုင်သေးတယ်' ဟု ပြောနေပုံပင်။

ကြာပွတ်ကိုလွှဲရန် သူမည်မျှအားသုံးခဲ့သည်၊ သူ့လက်များမတုန်ရန် မည်မျှချုပ်တည်းထားခဲ့ရသည်ကို Chris မသိတော့ပေ။

သူသိသည်က သူကျရှုံး၍မရကြောင်းပင်။

နောက်ဆုံးတွင်တော့ ဒီတစ်နေ့တာအတွက် နှိပ်စက်ညှင်းပန်းမှုက ပြီးဆုံးသွားပြီး ကြာပွတ်လွှဲသံကပျောက်ကွယ်သွားကာ လူငယ်လေး၏ အသက်ရှူသံတိုးတိုးလေးများသာကျန်ခဲ့သည်။

ညှင်းပန်းနှိပ်စက်မှုအရှိန်ကြောင့် Qing Yunခေါင်းမှဝါယာကြိုးများလည်း အနည်းငယ်ပြုတ်ထွက်ခဲ့သည်။ ဝါယာကြိုးများက မဲနက်တောက်ပြောင်နေသော နူးညံ့သည့်ဆံပင်များ၌ငြိနေပြီး သွေးဖြင့်စေးကပ်နေသော ဦးရေပြားအပိုင်းအစလေးက ကွာကျလာသည်။

Chris ကရှေ့လှမ်းလိုက်ပြီး ဆက်သွယ်ထားသည့်ကြိုးကို ဆယ်ကျော်သက်လေး၏ ခေါင်းအနောက်တွင် ပြန်ဆက်လိုက်သည်။ လူငယ်လေး၏ မဲနက်ပြီးနူးညံ့သည့် ဆံပင်လေးကို မပွတ်သပ်မိစေရန် သူ့တွင်ရှိသမျှခွန်အားကိုသုံး၍ ထိန်းထားရသည်။

သူက ထိုဆယ်ကျော်သက်ကလေးကို အကောင်းမြင်စွာ၊ဂုဏ်ယူစွာဖြင့် အားပေးနေရသင့်သည်။ "မနက်ဖြန်လည်း မင်းဆီပစ္စည်းတစ်ချို့ ယူလာခဲ့မယ်။ " Apollon ကကျေနပ်အားရသည့်ပုံဖြင့်ထွက်သွားသည်။ သူထိုကောင်လေးကို ဆက်နှိပ်စက်ချင်သည်။ ဒီလိုမျိုးအစစ်အမှန် စိတ်ကျေနပ်ဖို့ကောင်းတဲ့ စစ်ဆေးမှုမျိုးကို ဆက်လုပ်သင့်တယ် မဟုတ်လား။

Chris က Qing Yun ကိုပြန်လှည့်မကြည့်ဘဲ Apollon နောက်မှလိုက်သွားသည်။

သူ၏အမူအရာက အစဦးပိုင်းကလိုပင် တည်ငြိမ်နေပြီး   ခြေလှမ်းတိုင်းက ယိမ်းယိုင်မနေပေ။ သို့သော် သူ့ဘေးရှိလက်များက လက်သီးကျစ်ကျစ်ဆုပ်ထားသည်။

ပထမဦးဆုံးအနေဖြင့် သူ 'ဒုက္ခ' ၏အဓိပ္ပါယ်ကို သိလိုက်ရသည်။

*****

ပြည်ထောင်စုနှင့် ကြိုးကြာနီများကြား တိုက်ခဲ့ကြသည်မှာ ကြာပြီဖြစ်ပြီး အသာစီးရလေ့ရှိသော ပြည်ထောင်စုတပ်မတော်က ယခုတစ်ကြိမ်တွင် အရေးနိမ့်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် Chris ဝင်မတိုက်သောကြောင့်ပင်။

"ချီးပဲ" ဒုတိယဗိုလ်မှူးဖြစ်သူ Lucas က စားပွဲကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။ သူ၏ မျက်ခုံးများကြုတ်နေသည်။ "ကောင်စီက မျိုးမစစ်ကောင်တွေကို ကိုယ်တိုင်လာတိုက်ခိုင်းလိုက်ပါလား။ ချီးပဲ။ အဲ့ဒီ့တိုက်ခိုက်ရေးစက်ရုပ်ကြီး Chris ကိုငါကဘယ်လိုအနိုင်တိုက်ရမှာလဲ။ "

သိမ်မွေ့သောမျက်နှာဖြင့် Corsi ကသူ၏လက်ချောင်းရှည်များကို Lucas ဆံပင်တွေထဲ ပွတ်သပ်လိုက်ပြီး နှစ်သိမ့်နေသည်။

ယနေ့ ဒုတိယစစ်တပ်နှင့် စတုတ္ထစစ်တပ်များက ကြိုးကြာနီများထက် အင်အား ဆယ်ဆမျှများပြားနေသော်လည်း သူတို့ရှုံးခဲ့သည်။ Chris ကကြယ်ဓားပြများကို ကြောင်တစ်ကောင်ကဲ့သို့ ဦးဆောင်ခဲ့ပြီး သူတို့ကိုကြွက်ကဲ့သို့ စနောက်ကာ အချည်းနှီးဖြစ်စေခဲ့သည်။

"Chris ကပြည်ထောင်စုရဲ့ ဗျူဟာတွေကို ရင်းနှီးနေတာပဲ။ သူနိုင်တာဖြစ်နိုင်ပါတယ်။ "

"ဒါ့ကြောင့် Chris သစ္စာဖောက်သွားတာက ကြောက်ဖို့ကောင်းတာ။ " Lucas က သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။

ကြာရှည်စွာ တိတ်ဆိတ်နေခဲ့ပြီးနောက် Corsi ကထုတ်ပြောလိုက်သည်။ "Jorah က ထိန်းချုပ်ခံလိုက်ရတဲ့ယာဉ်ပေါ် ပါသွားတယ် "

ထိုစကားများကြောင့် Lucas ၏လက်များခေတ္တတောင့်တင်းသွားပြီး သူ့အသံကအေးစက်ခက်ထန်လာသည်။ "Oh, ကောင်းပြီလေ။ သူအခြားဘာမှမလုပ်ဘူးလို့ မျှော်လင့်ရတာပဲ။ "

Lucas နှင့် Jorah ၂ယောက်လုံးက မိဘမဲ့များဖြစ်ကြပြီး အတူကြီးပြင်းလာကြတာဖြစ်သည်။ ဆယ်ကျော်သက်သဘောတူညီချက်များနှင့်ကတိများ အလိုအလျောက်ရှိလာကြသည်။ သို့သော် Lucas ကစစ်တပ်ထဲ အလျင်အမြန်ဝင်ရောက်သွားပြီး သူ၏SSအဆင့် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကြောင့် ရာထူးများတက်သွားသည်။

သူ့ထက်ငယ်သော Jorah ကတော့ အနုပညာကျောင်းတွင် ကျောင်းသားအဖြစ်ကျန်ခဲ့သည်။

Corsi နှင့်တွေ့ဆုံပြီးနောက် ထိုသူ၏ခွန်အားကို သဘောကျကာ ချက်ချင်း ဆွဲဆောင်ခံလိုက်ရပြီး သူတို့နှစ်ယောက်က အလွန်လိုက်ဖက်ညီခဲ့သည်။ သူနှင့် Jorah အကြားစေ့စပ်မှုကိုပယ်ဖျက်ရန် Lucas ကမတုန့်ဆိုင်းခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက Corsi နဲ့ပိုမလိုက်ဖက်​ပေဘူးလား။

"သူကအခု ကိုယ့်စိတ်ထဲမှာ ပြည်ထောင်စုသားတစ်ယောက်သာသာပဲ။ "Lucas က Corsi ၏ ပုခုံးကို ပုတ်ကာ အပြင်ထွက်သွားသည်။

အစွန့်ပစ်ခံရစဉ်က Jorah ပြဿနာရှာမှုကြောင့် Lucas နှလုံးသားထဲမှ နွေးထွေးမှုကွယ်ပျောက်သွားသည်။ ယခုအခါ သူက Lucas စိတ်ထဲတွင် သူစိမ်းလောက်ပင် အရေးမပါတော့ပေ။

Corsi ကမျက်မှောင်ကြုတ်လိုက်ပြီး ခပ်မြန်မြန်ထွက်သွားသော Lucas ၏နောက်ကျောကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

ကြိုးကြာနီများက နောက်ဆုံးတော့အောင်ပွဲရပြီး အောင်ပွဲခံရန်စုစည်းနေကြသည်။

Chris ကအရက်နှင့်  ဆူညံသံများကို မကြိုက်သဖြင့် ပျော်ပွဲရွှင်ပွဲမှ စောစောထွက်လာသည်။ သူ၏ အကျင့်ကိုသိသော ကြယ်ဓားပြများကလည်း သူ့ကိုမတားခဲ့ပေ။ Apollon ကလည်းသူ့အပေါ်တွင် စက်တပ်ထားသဖြင့် စိတ်ထဲမထားပေ။

သူ့အခန်းသို့သွားသည့် စကြံတစ်လျှောက် လျှောက်လာရင်း လမ်းခွဲရောက်လာသောအခါ Chrisကရပ်တန့်ပြီး အခြားတစ်လမ်းဆီလျှောက်သွားသည်။

သူဤလမ်းမှလည်း သူ့အခန်းဆီပြန်နိုင်သော်လည်း Chris ရွေးလေ့ရှိသည့် အတိုဆုံးလမ်းမဟုတ်ပေ။

စစ်ဆေးမေးမြန်းသည့်အခန်းက Chris ၏ညာဘက်တွင်ရှိပြီး သူကမရပ်တန့်ဘဲ ရှေ့ဆက်သွားသည်။

ရုတ်တရက် သူရပ်တန့်သွားသည်။

ထိုအထဲမှ သီချင်းဆိုသံကြားရသည်။

Continue Reading

You'll Also Like

116K 5.9K 99
Cheng Zhi Chu was pulled into an infinite stream of horror games. If he didn't clear them, he would die. But can someone tell him why others clear th...
1.3M 40.5K 26
《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 // 𝖾𝖽𝗂𝗍𝖾𝖽 𝗏𝖾𝗋𝗌𝗂𝗈𝗇》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❝穿成玛丽苏文里的女配❞ . 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎...
1M 155K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
237K 35.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest