ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Od Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Více

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

24 (Arc 3)

16.6K 1.6K 113
Od Vanilla_IceCream61

"Chengnuo .Xiao Chengnuo "

မီးတောက်ထဲမှ လောင်ကျွမ်းမဲတူးနေသည့်ကားကို မြင်ပြီး Zou Chen ၏ မျက်ဝန်းများ ကျိန်းစပ်လာကာ အရည်နွေးနွေးများက ချက်ချင်းယိုထွက်ချင်လာသည်။

လူလိမ်။လူလိမ်။ မင်း ကိုယ့်ကိုစောင့်နေမယ်ဆို။

သူ မီးတောက်ပြင်းပြင်းထဲသို့ မျက်ဝန်းရဲရဲဖြင့် ရုတ်တရက် ဝင်တိုးမည်ပြုစဉ် အချိန်မှီရောက်လာသော သက်တော်စောင့်က အားပြင်းပြင်းဖြင့် ​ပြန်ဆွဲထားသည်။

ဝန်းရံနေသည် လူအုပ်က ဆူညံနေပြီး သက်တော်စောင့်များလည်း သူကြားအောင် အဆက်မပြတ်ပြောနေသော်လည်း Zou Chen ဘာမှမကြားနိုင်ပေ။ သူ့လူငယ်လေး၊ သူချစ်ရသော လူငယ်လေးက ကားထဲတွင်ကျန်ခဲ့သည်ကိုသာ သူသိသည်။

သူ့အတွက် ဘဝတစ်ခုအသစ်ရရန် မလွယ်ကူသော်လည်း ယခု သူ့နှလုံးသားကို ဆွဲထုတ်ခံရသကဲ့သို့ နာကျင်ကာ ကိုင်းကျသွားသည်။

Zou Chen ရူးလုဆဲဆဲအချိန်တွင် တစ်ယောက်ယောက်က သူ့ကိုခေါ်သံ ကြားလိုက်ရသည်။

"Zou Chen"

အသံလေးက ရေကြည်စမ်းကဲ့သို့ ကြည်လင်ပြီး ရင်းနှီးကာ Zou Chen ငိုပင်ငိုချင်သွားသည်။ သူက ရှုပ်ပွနေသောဆံပင်များဖြင့် ခေါင်းလှည့်လိုက်ကာ ကြည့်သောအခါ အဖြူရောင် ရှပ်အကျီဖြင့် Qing Yun က သူမနက်က ရွေးလာသော ဂျက်ကတ်ကို တံတောင်ကွေးတွင်ချိတ်ကာ သူ့ဘေးတွင်ရပ်နေသည်။

သူလေး အဆင်ပြေသည်။

Zou Chen ကဆွဲထားသည့် သက်တော်စောင့်များထံမှ ရုန်းထွက်ကာ လျှောက်လာသည်။ သူက လက်ဆန့်လိုက်ကာ လူငယ်လေး၏ နွေးထွေးသော ပါးပြင်လေးကို ဖြည်းညှင်းစွာဖြင့် အိပ်မက်တစ်ခုကို ပြေပျက်သွားမှာစိုးရိမ်နေသကဲ့သို့ ထိလိုက်သည်။

"မင်း အဆင်ပြေတယ်။ မင်း အန္တရာယ် ကင်းတယ်။ ဟုတ်တယ်နော်။ " Zou Chen က နူးနူးညံ့ညံ့ မေးလိုက်ပြီး သူ့ရှေ့မှ လူသားက ခေါင်းညှိတ်ပြသည်ကို မြင်သောအခါ သူ့အပေါ် တိုးဝင်သွားပြီးသူ့လက်မောင်းများကြားထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

သူက Qing Yun ၏ မျက်နှာလေးကို လက်ဖဝါးဖြင့် ပွေ့မလိုက်ကာ နက်နက်ရှိုင်းရှိုင်း နမ်းနေသဖြင့် Qing Yun ၏ပါးပေါ်မှာပင် အရာကျန်ခဲ့သည်။ သို့သော် ထိုသို့ပြုလုပ်မှသာ Zou Chen ရင်ထဲမှ နာကျင်မှုကြောင့် အနည်းငယ် သက်သာမည့်ပုံပေါ်သည်။

"အရူးကောင်။ ကျွန်တော် ခင်ဗျားကိုစောင့်ပါမယ်လို့ ပြောသားပဲ။ " Qing Yun က Zou Chen ၏နောက်ကျောကို ပုတ်လိုက်ကာ သူဝေးဝေးထွက်မသွားဟု နှစ်သိမ့်လိုက်သည်။

အနောက်မှ သက်တော်စောင့်များက ရောက်လာပြီး Zou Chen ကို လာတင်ပြသည်။ "ဥက္ကဋ္ဌ ခင်ဗျာ ၊မောင်းလာတဲ့တစ်ယောက်က Xiao Chengzhe ပါ။ "

ထိုအကြောင်းကို ကြားပြီး Zou Chen ကသူ့ကိုယ်လုံးကို အနည်းငယ်နောက်ဆုတ်လိုက်သည်။ သို့သော် သူ၏လက်များကို Qing Yun ၏ပုခုံးများတွင်သာ တွဲလောင်းချထားသည်။

သူ့မျက်နှာက ဒေါသထွက်နေပြီး သူ့အသံက မရှင်းမလင်းဖြစ်နေသည်။ " အန္တရာယ် မရှိပါဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား။ "

"မင်းကို ကိုယ်တိုင် မကိုင်တွယ်ခိုင်းလိုက်သင့်ဘူး။ အခုကစပြီး Xiao တွေရဲ့ကိစ္စနဲ့ပက်သက်ပြီး မင်းပါဝင်ဖို့ ခွင့်မပြုတော့ဘူး။ "

"ကျွန်တော် အန္တရာယ်ကင်းတယ်လေ။ မဟုတ်ဘူးလား။ " Qing Yun က သူ့ထံမေးမော့ပြလိုက်ပြီး သူတစ်ခုခုကို ကန်မိသွားသဖြင့် ခြေထောက်ကို ရွှေ့လိုက်သည်။ သူငုံ့ကြည့်လိုက်သောအခါ အိတ်အပြည့် ပန်းရောင်ဘူးများအား တွေ့လိုက်ရသည်။

ဒီလူက အခြားတစ်ယောက်ရဲ့ ကုန်စုံဆိုင်ကနေ သိုလှောင်ပစ္စည်းတွေ အကုန်သိမ်းလာတာလား။

Zou Chen ၏မျက်လုံးများက မှောင်မိုက်နေပြီး အလင်းတစ်စက်မျှ မတွေ့နိုင်ပေ။ သူက Qing Yun ကို သူ့လက်မောင်းထဲ တင်းကြပ်စွာ ဖက်ထားကာ သူ့မြင်ကွင်းကို မြေပြင်ပေါ်မှ အိတ်တွေဆီ ကြည့်လိုက်ပြီး ပြောခဲ့သည်။ " ဒါတွေလား။ အဲ့ထဲက တစ်ခုမှ အလကားဖြစ်သွားလို့ မရဘူး။ "

Qing Yun က ေကြာက်လန့်ဖွယ် တစ်စုံတစ်ရာကို ခံစားမိသဖြင့် တုန်လှုပ်သွားသည်။

*****

Zou အုပ်စုနှင့် Ruixin ဆေးဝါးကုမ္ပဏီ၏ စပ်တူလုပ်ငန်းကစတင်နေခဲ့ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးက သူတို့၏ရလဒ်ကို စောင့်ကြည့်နေကြသည်။
ရလဒ်က ထွက်မလာသေးသော်လည်း Ruixin ဆေးဝါးကုမ္ပဏီ၏ ဆန်းကြယ်မှုက အနည်းငယ်မြင့်တက်လာသည်။ ကုမ္ပဏီ၏ တာဝန်ယူသူ အချို့ကို ဖြည်းဖြည်းချင်း ဖော်ပြလာခဲ့သည်။ သုတေသန အဖွဲ့မှ ပညာရေးတွင် အဆင့်မြင့်အရာရှိက Zhao Bowen ဖြစ်၍ Ruixin ဆေးဝါး၏ ဥက္ကဋ္ဌ က Xiao Chengnuo ဖြစ်သည်။

Xiao ကုမ္ပဏီကလည်း အနည်းငယ် ကျော်ကြားသော ကုမ္ပဏီဖြစ်သည့်အတွက် Xiao Chengnuo ၏ အမည်က မရင်းနှီးတာ မဟုတ်ကြပေ။ ထူးဆန်းသည့်အရာက အဓိကသုတေသန တက္ကသိုလ်များနှင့် အခြားကုမ္ပဏီများထံမှ ခဏခဏစည်းရုံးခြင်းခံနေရသော Zou Bowen က Ruixin ဆေးဝါးကုမ္ပဏီမှာပင် သူ့စိတ်နှင့်သူ နေချင်နေသည့်အပြင် Xiao Chengnuo အကြောင်းကို သူ၏ဟောပြောချက်များတွင် ထပ်ကာထပ်ကာ ထည့်ပြောသည်။ သူက ၎င်းကို အနည်းငယ်လေးစားသည်ထက် ပိုမိုပြီး အကြိမ်ရေအချို့ပင် သူ၏ဆရာဟု ဖော်ညွှန်းခဲ့သေးသည်။

ထိုအဖြစ်က လူများကို Xiao Chengnuo ထံ အာရုံစိုက်လာစေသည်။

Yan မြို့၏ အထက်တန်းလွှာတွင် ဒီလူနည်းနည်းသာ ရှိပြီး လွန်ခဲ့သည့်၃နှစ်က အဖေ Xiao ၏မွေးနေ့ပွဲကိုတက်ခဲ့သည့်သူများသည် Xiao Chengnuo ဟူသောနာမည်ကို ရှင်းရှင်းလင်းလင်း သိသည်။ သူတို့ ထိုအချိန်က Xiao Chengnuo နှင့် Xiao မိသားစုကို အထင်ကြီးမည်ဆိုလျှင် Zou Chen နှင့်ပက်သက်သောကြောင့်ပင် ဖြစ်ခဲ့သည်။

ယခု အဖြစ်က ခြားနားသည်။ မိသားစုကံကြမ္မာကို ဆက်ခံမည့်အစား Ruixin ဆေးဝါးကုမ္ပဏီကို ကိုယ်တိုင် တည်ထောင်ခဲ့သည့် Xiao Chengnuo က ချမ်းသာသည့်မိသားစုမှ ကလေးများ၏အတုယူသူ ဖြစ်လာခဲ့သည်။

Yan မြို့မှ အထက်တန်းလွှာ အသိုင်းအဝိုင်းတစ်ခုလုံးက Xiao Chengnuo ကြောင့် ထပ်၍တုန်လှုပ်နေကြသော်လည်း လွန်ခဲ့သည့် ၃နှစ်ကနှင့် မတူသည်မှာ မည်သူကမျှ ထိုအကြောင်း မပြောရဲကြခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် အကြီးအကဲ ၂ယောက်လုံးကို လွယ်လွယ်ဖြင့် မပုတ်ခတ်နိုင်သောကြောင့် ဖြစ်သည်။

"လာမနှောက်ယှက်သင့် " ဟု အပြောခံရသည့် Xiao Chengnuo က လတ်တလော လူမြင်ကွင်းတွင် ပေါ်မလာပေ။

သူ အိပ်ရာထဲမှ မထွက်နိုင်သောကြောင့် ဖြစ်သည်။

ယခုတစ်ကြိမ်တွင် Zou Chen ၏ကြောက်စိတ်ကို ဆွလိုက်မိပုံပေါ်သည်။ Zou Chen က Qing Yunကို သူ့ဘေးတွင် ထိန်းသိမ်းထားကာ လာလည်သော အမေ Xiao နှင့် အဖေ Xiao ကိုပင် တားမြစ်ထားသည်။

သူက တရားမဝင်နည်းလမ်းများကို မဆိုထားနှင့် Qing Yun ကို ဖိအားပင် မပေးချင်ပေ။ သူ၏ရည်ရွယ်ချက်မှာ ထိုအရာကို လုပ်ရန်တစ်ခုတည်းပင်။

Qing Yun က သူ့ကို တစ်ပတ်ခန့် အချိန်ဆွဲထားခဲ့သည်။ ယခုတစ်ခါ သူ Qing Yun ကိုဖိ၍ အိပ်ရာထဲတွင် ထိုအရာကို တစ်ပတ်လုံး လုပ်ခဲ့စဉ်က Zou Chen အရင်ကဝယ်ခဲ့သော ပန်းရောင်များအားလုံး သုံးကုန်သွားသည်။

Zou Chen က ဆန်ပြုတ်တစ်ခွက်ကို ယူလာပြီး Qing Yun ကိုကျွေးရန် အိပ်ရာဘေး လာခဲ့သည်။ သူက ရုပ်တည်လိုက်သည်။ "အခုကစပြီး မင်းက ကိုယ်ကျွေးတာပဲစားပြီး ကိုယ်ရွေးတာပဲ ဝတ်ရမယ်။ မင်းအကြောင်းအားလုံးက ကိုယ့်ထိန်းချုပ်မှုအောက်မှာပဲ။ "

Xiao Chengzhe ၏လုပ်ရပ်က Zou Chen ကိုအမှန်တကယ် ကြောက်ရွံ့စေခဲ့သည်။ သူQing Yun ကို တွေ့တွေ့ချင်းတည်းက ထိန်းချုပ်ပြီး သူ့ဘေးမှ အန္တရာယ်အားလုံးကို မကာကွယ်ခဲ့သည့်အတွက် ယခုမှ နောင်တရနေသည်။

Qing Yun ကဆန်ပြုတ် နောက်ဆုံးအလုတ်ကို မြိုချလိုက်သည်။ သူက Zou Chen ကမ်းပေးသည့် တစ်ရှူးကို မထူးမခြားအမူအရာဖြင့် ယူပြီး ပါးစပ်သုတ်လိုက်သည်။ ထို့နောက်သူက အိပ်ရာပေါ်မှီလိုက်ကာ သူ့ခြေချင်းဝတ်မှ ချူကိုငြင်သာစွာ ခါလိုက်သည်။

သူ၏ ခြေချင်းဝတ်ပတ်လည်တွင် အနီရောင်ကြိုးတစ်ကြိုးချည်ထားပြီး ၎င်းတွင် ချူနှစ်လုံးဆွဲထားရာ သူ၏ခြေချင်းဝတ်ကို ကျောက်စိမ်းကဲ့သို့ ကြည့်ကောင်းနေစေသည်။ ပို၍ စိတ်ရှုပ်ဖို့ကောင်းသည်က ထိုချူများသည် အချို့အချိန်များတွင် ပုံမမှန်စွာ ကျယ်ကျယ်လောင်လောင်မြည်သဖြင့် လျစ်လျူရှု၍ မရနိုင်ပေ။

အနီရောင်ကြိုးက အိပ်ရာအောက်ခြေအထိ ရှည်လျားနေပြီး အခြားတစ်ဖက်ကို မည်သည့်နေရာတွင်ချည်ထားမှန်းမသိရပေ။

Qing Yun၏မျက်နှာကိုကြည့်ပြီး Zou Chen ၏ နှလုံးသားလေး ကြောက်ရွံ့သွားသည်။ သူကချက်ချင်း ခုန်တက်လိုက်ပြီး Qing Yun ကိုဖက်ထားသည်။ "မင်း ငြင်းလို့မရဘူး။ "

Qing Yun ကခွေးကြီးခေါင်းကို ရိုက်လိုက်ပြီး မကျေနပ်မှုဖြင့် မော့ကြည့်လိုက်သည်။"Oh တကယ်လား။ ခင်ဗျားထပ်ရူးသွားချင်နေတာလား။ "

"....."Zou Chen က အသံဆိတ်နေခဲ့သည်။ Qing Yun ကသူနှင့် ရှုပ်ထွေးနေသည်မှာ တစ်ပတ်ခန့် ရှိနေပြီမှန်း သူသိသည်။၎င်းကို အလိုလိုက်ထားသည်ဟုပင် ပြော၍ရသည်။ ယခု အနက်ရောက်အခန်းတွင်းပြဇာတ်ကိုလည်း ကစားပြီးပြီဖြစ်၍ သူယခင်ကလို အာသီသပြင်းမနေတော့ပေ။ သူယခု တစ်ခုခုကစားရန်ကြိုးစားမည်ဆိုလျှင် Qing Yun ကဒေါသထွက်ပေတော့မည်။

"ကောင်းပြီလေ။ " Qing Yun ကသူ့ကို မေးငေါ့ပြသည်။

Zou Chen ကအိပ်ရာအစွန်သို့ ထုံထုံထိုင်းထိုင်းဖြင့် တွားသွားသွားပြီး Qing Yun ခြေချင်းဝတ်မှ ကြိုးကိုဖြုတ်ကာ ဒူးထောက်၍ သူ့အမှားကို ဝန်ခံခဲ့သည်။

"Baby ကိုယ်မှားသွားပါတယ်။ "

Zou Chen ထွက်သွားေသာအခါမှသာ ဤကမ္ဘာမှ စွမ်းအင်ကို Qing Yun စုပ်ယူလိုက်သည်။

အဓိကဇာတ်ကောင်က ဇာတ်လိုက်ဖြစ်ရန်ထိုက်တန်သည်။ ကားတိုက်မှုအပြင် ပေါက်ကွဲမှုပါ ဖြစ်ခဲ့သော်လည်း Xiao Chengzhe က အသက်ရှင်နေသေးသည်။ သို့သော် Zou Chen သာရှိလျှင် သူ၏ဘဝက သေသွားသည်မှာပို၍သက်တောင်သက်သာ ရှိလိမ့်မည်။

အမေ Xiao က အဖေ Xiao မှ Xiao Chengzhe အပေါ်တွင် ထပ်မံ သက်ညှာပေးမည်ကို စိုရိမ်သဖြင့် အဖေ Xiao က Xiao Chengzhe ကို အကူအညီအနည်းငယ်မျှပေးလျှင်ပင် သူတို့ကွာရှင်းမည်ဟု ခြိမ်းခြောက်ထားသည်။

Zou Chen က Xiao Chengzhe မှ Xiao Chengnuo အပေါ်ကြံစည်ခဲ့သည့်အချက်အလက်များကို စုစည်းပြီး အဖေ Xiao ဆီ ထုပ်ပိုးပေးကာ သူဘာပျိုးထောင်ခဲ့သည်ကို ကောင်းကောင်းကြည့်စေခဲ့သည်။

Qing Yun က Zou Chen ကိုဤကမ္ဘာတွင် နှစ်တစ်ရာခန့် အဖော်ပြုပေးခဲ့ပြီး သူ မထွက်ခွာခဲ့ရသည့်အကြောင်းပြချက်သည် Zou Chen ကိုနောက်တစ်ကြိမ်တွေ့ရန် မသေချာသောကြောင့်ဖြစ်သည်။ သူက ဒီကမ္ဘာထိ လိုက်ခဲ့သော်လည်း နောက်တစ်ကြိမ်ကရော။

ဒါက နောက်ဆုံးအကြိမ်ဖြစ်နိုင်မလား။ ဘယ်သူသိနိုင်မလဲ။

ထို့ကြောင့်သူက သူ့ဘဝဆုံးသည်အထိ အတူနေပေးရန် ဆုံးဖြတ်ခဲ့သည်။

Zou Chen ကမသေခင် တစ်ကိုယ်လုံးကြောက်ရွံ့တုန်လှုပ်နေသေးသည်။ သူက Qing Yun ၏လက်ကောက်ဝတ်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ သူ၏အားသည်သေခါနီးအဖိုးကြီးနှင့်ပင် မတူပေ။

Qing Yun ကကုန်းလိုက်ပြီး သူ့နှုတ်ခမ်းကို ခပ်ဖွဖွနမ်းကာ သူ့နားထဲ တီးတိုးပြောခဲ့သည်။ "နောက်တစ်ကြိမ်လဲ ငါ့ဆီပြန်လာခဲ့။ "

ထိုအခါမှ Zou Chen ကစိတ်ငြိမ်သွားပြီး သေခြင်းကိုသက်သက်သာသာ လက်ခံလိုက်သည်။

Qing Yun ကနောက်တစ်ကြိမ် နေရာလွတ်ဆီမှ အက်ကွဲကြောင်းကိုဖွင့်လိုက်သည်။ နောက်ဆုံးကမ္ဘာမှ စွမ်းအင်ကို သူချေဖျက်ပြီးဖြစ်သည်။ Qing Yun ကိုအံ့သြစေသည်က ကမ္ဘာတစ်ခုချင်းစီမှ စွမ်းအင်များကသူ့စိတ်ဝိညာဉ်ကို အားတိုးစေသည်။ ၎င်းက စွမ်းအင်ကို စုပ်ယူပြီးနောက် အဆင့်တိုးသွားသည်ဟု မခံစားရသော်လည်း အတွင်းပိုင်းမှ ချို့ယွင်းချက်များကို ဖြည့်ဆည်းနေသလိုပင်။

ထိုအကြောင်းကို တွေးပြီး Qing Yun မျက်မှောင်ကြုတ်မိသည်။ အစောပိုင်းက ဤသို့ဖြစ်ရခြင်းမှာ ကောင်းကင်ဘုံကျင့်ကြံသူမှ သူ့ကို ပစ်မှတ်ထားနေသောကြောင့်ဟု ထင်ခဲ့သော်လည်း ကြည့်ရတာ ပြဿနာက သူ့စိတ်ဝိညာဉ်နှင့် ဆိုင်နေပုံပေါ်သည်။

ထိုအကြောင်းကို ဤမျှအများကြီးတွေးနေ၍ အသုံးမဝင်ပေ။ တစ်ကမ္ဘာတွင်တစ်ခါ သူလိုချင်သည့်အဖြေကို အမြဲတမ်း ရနေပေလိမ့်မည်။

အလင်းလုံးပုံရိပ်ယောင်က Qing Yun ၏လက်ချောင်းထိပ်တွင် စုနေသည်။၎င်းက သူအခုလေးတင် ခွဲခွာလာသည့် ကမ္ဘာပင်။

လက်ထဲတွင် ကမ္ဘာကို ဆော့ကစားနေရင်း Qing Yun ၏မျက်ဝန်းထဲ အတွေးများဖြတ်သွားသည်။

အဲ့ဒီ့လူကြီးက။ ဘာတွေဖြစ်နေတာလဲ။ သူက ကောင်းကင်ဘုံကျင့်ကြံသူနဲ့ ဘာဆိုင်တာလဲ။

Qing Yun ကလက်ကိုဝှေ့ယမ်းလိုက်သောအခါ အက်ကွဲကြောင်းထဲ၌ ပေါလောပေါ်နေသော ပထမဆုံးကမ္ဘာက သူ့ထဲပျံသန်းလာသည်။ သူက ၂ကမ္ဘာလုံးကို ညှစ်လိုက်ပြီး သူ့အသိဉာဏ်၂မျှင်ကိုဂရုတစိုက်ခွာလိုက်ကာ ကမ္ဘာများထဲသို့ ထည့်လိုက်က၍ သူနှင့်နီးစပ်ရင်းနှီးသော စိတ်ဝိညာဉ်ကို ရှာဖွေလိုက်သည်။

အဲ့ဒီ့မှာ မရှိဘူး။

Nie Chenyuan နှင့် Zou Chen စိတ်ဝိညာဉ် ၂ခုလုံး သူတို့ပေါ်ထွန်းခဲ့သည့် ကမ္ဘာများတွင် မရှိတော့ပေ။

မျှော်လင့်ထားတဲ့အတိုင်းပဲ။ Qing Yun ကပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

စိတ်ဝိညာဉ်က သူတို့၏ ခန္ဓာကိုယ်ကို ပြောင်းလဲစေပြီး သူတို့က ထပ်တူညီနေသည့်အတွက် သူက Zou Chen ၏ရနံ့နှင့် ရင်းနှီးနေခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် Qing Yun ကနောက်ကမ္ဘာမကူးခင် ကြာရှည်စွာ မနားခဲ့ပေ။ သူက၎င်းကို မျှော်လင့်နေသည်။

*****

Qing Yun ကသူ၏ ခန္ဓာကိုယ်အသစ်အတွင်းသို့ ဝင်ဝင်ချင်း သူကလဲကျတော့မလိုဖြစ်နေသည်။ သူက လဲကျတော့မလိုသာ ဖြစ်နေသော်လည်း သူ့ဘေးမှ လူအိုကြီးက လုံးဝလဲကျနေပြီး သူ၏ရွှေကိုင်းမျက်မှန်က ဝေးဝေးလွင့်သွားသည်။

ပုခုံးပေါ်တွင် သေနတ်များတင်ထားသော လူတစ်စုက သူတို့ အနောက်လိုက်နေသည်။ ၎င်းတို့က ကြယ်ဓားပြများဖြစ်ကြသည်။

ဤကမ္ဘာ၏ ဇာတ်ကြောင်းက Qing Yun စိတ်ထဲ ချက်ချင်းဝင်ရောက်လာသည်။ သူက ဘာမှဂရုမစိုက်နိုင်ဘဲ မြေပေါ်မှ အဖိုးကြီးကိုဆွဲထူကာ ရှေ့သို့ပြေးတော့သည်။

ယခု အာကာသခေတ်ဖြစ်ပြီး Qing Yun၏ နာမည်က Jorah ဖြစ်သည်။ သူကအနုပညာတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူစီးလာသော အာကာသယာဉ်ကို ကြိုးကြာနီဟူသည့် ကြယ်ဓားပြများက ထိန်းချုပ်လိုက်ကြသည်။ ယခုအခါတွင် သူကြယ်ဓားပြများထံမှ ထွက်ပြေးနေရသည်။ Qing Yun ကသူ့မှတ်ဉာဏ်ထဲရှိ လုံခြုံရေးယာဉ်ငယ်ရှိရာနေရာသို့ ပြေးနေသော်လည်း သူ့မျက်နှာက အလွန်အမင်း မျှော်လင့်ချက် မဲ့နေသည်။

သူယခုရောက်နေသည့် ခန္ဓာကိုယ်က အဲ့သြဖွယ်ကောင်းလောက်အောင် အားနည်းပြီး ၂လှမ်းမျှပြေးရုံနှင့်ပင် သူကဟောဟဲလိုက်နေသည်။ ထိုသို့ အားနည်းမှုမျိုးနှင့်ပင် Qing Yun ကသူ့လက်ဖြင့် ဆွဲလာေသာ လူအိုကြီးကို လွှတ်မချရဲပေ။

ဤလူအိုကြီးသာ ကြယ်ဓားပြများထံ ရောက်သွားလျှင် Qing Yun ၏ခရီးက အလကား ဖြစ်သွားလိမ့်မည်။

Jorah နေသော ပြည်ထောင်စုက ကြိုးကြာနီများကိုတိုက်ခိုက်နေသည်။ အဘယ့်ကြောင့်ဆိုသော် ကြိုးကြာနီက ပြည်ထောင်စုအတွင်းရှိ လူသန်းပေါင်းများစွာ၏ ဗီဇစီစဉ်ပုံများကို ခိုးယူထားသည်။

ပြည်ထောင်စုအတွင်းရှိလူများ၏ ဗီဇဓာတ်များေပါ်တွင် ထူးခြားသည့်အစိတ်အပိုင်းများကို လူများကအသေးစိတ်ပြန်လည်ပြုပြင်ထားကာ သက်သေခံအဖြစ်ပြုလုပ်ထားသည်။ ထိုအစီအစဉ်များကို ချပ်ပြားတစ်ခုတွင် သိမ်းဆည်းထားကာ ၎င်းက ယခုကြိုးကြာနီများ လက်ထဲတွင် ရှိနေသည်။

ကြိုးကြာနီကဲ့သို့ ကြယ်ဓားပြအဖွဲ့အစည်းက ထိုကဲ့သို့ ဗီဇဓာတ်လက်နက်များကို ကျွမ်းကျင်နိုင်မည့်စွမ်းရည်ရှိမည်ဟု မည်သူကမှ မထင်ထားပေ။ ထိုချပ်ပြားတစ်ခုမှ လျှို့ဝှက်စာကို ဖော်ထုတ်နိုင်သည်နှင့် ကြိုးကြာနီက ပြည်ထောင်စုတစ်ခုလုံးကိုဆန့်ကျင်နိုင်မည့် ဗီဇဓာတ်လက်နက်ကို ရရှိမည်ဖြစ်ပြီး ထိုအချိန်တွင် ပြည်ထောင်စုတစ်ခုလုံးအား ထိန်းချုပ်၊ဖျက်ဆီးနိုင်ပေမည်။

ပြည်ထောင်စုတစ်ခုလုံးတွင် ပြည်ထောင်စုတပ်ချုပ်မှလွဲ၍ ထိုချပ်ပြားကို ဖြိုခွဲနိုင်သူသည် Qing Yun ဆွဲလာသည့် လူအိုကြီး ဒေါက်တာ Ramiel ပင်။

နောက်မှလိုက်လာသည့် ကြယ်ဓားပြများက ဒေါက်တာ Ramiel ကိုထိမိမည် စိုးရိမ်သဖြင့် ထိခိုက်စွမ်းကြီးသော လက်နက်များကို မသုံးခဲ့ပေ။

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး နီးကပ်လာသော ကြယ်ဓားပြများက ရိုင်ဖယ်လက်ကိုင်ဖြင့် Qing Yun ကိုလှမ်းရိုက်သော်လည်း Qing Yun ရှောင်လိုက်ပြီး ဓားပြ၏ လည်ပင်းကို ခြေကန်ချက်ဖြင့် ဖြတ်ကန်လိုက်သည်။

"ဘမ်း "ဟူသော အသံဖြင့် Qing Yun ကမြေကြီးပေါ် လဲကျသွားသည်။

သူ၏မျက်လုံးက မယုံနိုင်မှုဖြင့်ပြူးသွားသည်။ ဒီခန္ဓာကိုယ်က အခုထိအားနည်းနေသေးတာလား။ သူကအတားအဆီးများကို ဖြေဖျက်လိုက်ကာ သူ့စိတ်ဝိညာဉ်ဖြင့် စွမ်းအင်သယ်၍ ဤခန္ဓာကိုယ်ကို ပြောင်းလဲရန် ခွင့်ပြုထားသည်။ စွမ်းအင်တွေ အကုန်ဘယ်ရောက်သွားတာလဲ။

သေနတ်သယ်ထားသည့် ကြယ်ဓားပြတစ်ယောက်က ရက်စက်သည့်အပြုံးတစ်ခုဖြင့်ရောက်လာသည်။ Qing Yun ၏စိတ်ဝိညာဉ်က သူ့တစ်ကိုယ်လုံးကို စစ်ဆေးကြည့်လိုက်သောအခါ တောင့်တင်းသွားသည်။

မျိုးပွားတာလား။

ဘာအရည်အချင်းကြီးလဲ။ ထိုအရာက သူ့စွမ်းအင်အများအ​ပြားကို ကုန်ဆုံးစေခဲ့သည်။

Pokračovat ve čtení

Mohlo by se ti líbit

449K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
74.5K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
53.3K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...