ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

23

11.4K 1.6K 37
By Vanilla_IceCream61

Zou Chen နှင့်အတူဆိုလျှင် Qing Yun က Xiao အိမ်၌ကြာကြာနေ၍မကောင်းပေ။ သို့သော် သူ Zou Chen နှင့် ရက်အနည်းငယ်အပြင်ထွက်နေသောအခါ Xiao အိမ်တွင် အဖြစ်အပျက် အကြီးကြီး တစ်ခုဖြစ်ခဲ့သည်။

"အမေ၊ ကျွန်တော်ပြန်လာခဲ့မယ်။ " Qing Yun က အမေ Xiao ၏ဖုန်းကိုချလိုက်ပြီး အပေါ်ထပ်အကျီယူကာ အပြင်ထွက်မည်ပြင်သည်။

မီးဖိုခန်းတွင် ပန်းကန်ဆေးနေသော ၊Zou Chen ကသူ့ကိုမြင်ပြီး အေပရွန်ဝတ်လျက်နှင့်ပင် သူ့အားပွတ်သီးပွတ်သပ်လာလုပ်သည်။ "Xiao မိသားစုဆီ သွားတော့မလို့လား။ ကိုယ်လည်း မင်းနဲ့လိုက်မယ်လေ။ "

"မလိုဘူး။ " Qing Yun ကသူ့အဆိုကို ငြင်းပယ်လိုက်သည်။ ယခု Xiao မိသားစုတွင် ထိုသို့ဖြစ်ပျက်နေချိန်တွင် သူသာ Zou Chen ကိုခေါ်သွားလျှင် အဖေ Xiao သူ့မျက်နှာကို ဘယ်မှာထားရမှန်းသိတော့မည် မဟုတ်ပေ။

အနည်းငယ်စဉ်းစားပြီးနောက် Xiao Chengzhe ၏လုပ်ရပ်တွေကို အဖေ Xiao ရှာတွေ့သွားပြီမှန်း Zou Chen သိလိုက်ရသည်။ သို့သော်သူက လက်မလွှတ်ချင်သေးဘဲ Qing Yun က်ိုဆွဲထားကာ လည်ပင်းဘေးကို ပွတ်နေသည်။ "မင်းရဲ့ အဲ့ဒီ့အစ်ကိုက အတော်လေး မရိုးမဖြာင့်အစီအစဉ်တွေ လုပ်ထားတာပဲ ကိုယ်မင်းအတွက် ဂရုစိုက်ပေးလိုက်ရမလား။ ကိုယ်မင်းကို စိုးရိမ်တယ်။ သိတယ်မဟုတ်လား။ "

"မလုပ်နဲ့။ ကျွန်တော်နဲ့ လွှတ်ထားပေး။အန္တရာယ်ရှိမှာ မဟုတ်ဘူး။ " Qing Yun က ငြင်းဆန်လိုက်သည်။ Xiao Chengzhe က အတော်ကြာ ငြိမ်သက်နေခဲ့သေးသည်။ သူက Qing Yun ကို ချောက်ချရန် ဘာမှမလုပ်ခဲ့ပေ။

နောက်ဆုံးတွင် Qing Yun က Xiao မိသားစုဆီ တစ်ယောက်ထဲသာ ထွက်လာခဲ့သည်။

အဖေ Xiao နှင့် Xiao Chengzhe က မျက်နှာချင်းဆိုင်ထိုင်နေသည်။ Xiao Chengzhe ၏ တစ်ကိုယ်လုံးပေါ်တွင် ထူးဆန်းသည့် စိတ်ပျက်နေသောအမူအရာရှိနေပြီး မျက်လုံးများက မှောင်မိုက်မွဲခြောက်နေသည်။ ကြည့်ရတာ Xiao Chengnuo နှင့် အဖြစ်အပျက်က သူ့အားရိုက်ချက်ပြင်းသွားပုံပင်။

အခြားတစ်ဖက်တွင် အဖေ Xiao ၏ ဆံပင်များက ဖြူဖွေးေနပြီး သူက အသက်ဆယ်နှစ်ခန့်ပိုကြီးသွားသလိုပင်။

"မင်းဒီလိုကိစ္စမျိုး လုပ်ထားမယ်လို့ ငါထင်တောင်မထင်ထားဘူး။ " အဖေ Xiao က မျက်နှာကို သုတ်လိုက်ပြီး သူ့အသံက ကြမ်းရှရှဖြစ်နေသည်။ " မင်းဘာလို့ Xiao မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို တရားမဝင်နည်းတွေနဲ့ အပိုင်စီးဖို့လုပ်နေတာလဲ ငါတော့စဉ်းစားလို့ကိုမရဘူး။ဒါငါတို့မိသားစုရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုပဲကို မင်းက Xiao ကိုမီးပုံထဲ တွန်းပို့နေတာပဲ။ အထက်ကသာ လာစစ်ဆေးရင်"

Xiao Chengzhe က ထိုစကားများကို ကြားပြီးနောက် နှာမှုတ်ထုတ်လိုက်သည်။ "ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှု ဟုတ်လား။ အဲ့ဒါခင်ဗျားတို့မိသားစုရဲ့ ပိုင်ဆိုင်မှုပဲလေ။ ကျွန်တော်သာလိုချင်ရင် ကျွန်တော့်ဘာသာ လုပ်ယူရမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ "

အဖေ Xiao က ၎င်းကြောင့် တုန်လှုပ်သွားသည်။ သူက Xiao မိသားစုတွင် နှစ် ၂၀ ကျော်နေခဲ့သော Xiao Chengzhe ကို ထိုကဲ့သို့သောစကားများပြောထွက်မည်ဟု မထင်ထားပေ။ သူက Xiao Chengzhe ကိုသူ၏ သားအရင်းထက်ပင် ပို၍ကောင်းကောင်းဆက်ဆံပေးပြီး Xiao Chengzhe က မွေးစားသားတစ်ယောက်ဖြစ်ကြောင်းကို မေ့လုနီးပါးပင် ဖြစ်သည်။

"မင်း သူ့ဆီက လုစရာတောင်မလိုပါဘူး။ သူက မင်းကို Xiao ကိုပေးဖို့ စီစဉ်ထားတာပဲကို။ " Qing Yun က တံခါးကိုဖြတ်၍ ဝင်လာပြီး Xiao Chengzhe ကိုပြောလိုက်သည်။

ဘေးနားတွင် မထူးမခြားပုံစံဖြင့် မတ်တပ်ရပ်နေသော အမေ Xiao က Qing Yun ကို ကြိုဆိုပြီး Qing Yun ၏ ကုတ်အကျီကို သွားချိတ်ပေးသည်။ အဖေ Xiao က Qing Yun လာမည်ဟု မထင်ထားသဖြင့် အမေ Xiao ကိုအံ့သြစွာကြည့်လိုက်သည်။

"ဘာလို့ ကျွန်မကိုကြည့်နေတာလဲ။ Xiao မှာ ငွေကြေးပြတ်လပ်နေပုံနဲ့ဆိုရင် ကျွန်မသားကို မခေါ်ဘဲ လုံးဝပြိုကျသွားတဲ့အထိ စောင့်နေရမှာလား။ " အမေ Xiao ကသူ့ကိုပြန်ကြည့်ပြီး အေးစက်စက်အသံဖြင့်ပြောသည်။

အဖေ Xiao က ဘာမှပြန်မပြောခဲ့သော်လည်း Xiao Chengzhe က Qing Yun ၏စကားများကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ "သူက Xiao ကိုငါ့ဆီပေးမယ်လား။ အဲ့ဒါ မင်းမှာ Ruixin ရှိနေလို့ Xiao ကိုလုံးဝမလိုတော့တာကြောင့်လေ။ "

အဖေ Xiao က Xiao Chengzhe ကိုသာ ငေးကြောင်ကြည့်နေမိတော့သည်။ သူ့တွင်ဒေါသထွက်ဖို့ပင် အားမရှိတော့ပေ။ Xiao Chengzhe ကသူ၏ အနှစ်သက်ဆုံး၊ဂုဏ်အယူရဆုံးသားဖြစ်ပြီး သူကလေးကတည်းကပင် အဖေ Xiao ကသူ့ကို အလေးပေးခဲ့သည်။ သို့သော် ထိုအရာအားလုံး အယောင်ဆောင်များဖြစ်နေသောအခါ သူအဖြစ်မှန်ကို ဘယ်မျက်နှာဖြင့် ရင်ဆိုင်ရမည်မှန်းမသိတော့ပေ။

ဘယ်သူကမှ Xiao Chengzhe ကိုအာရုံစိုက်မနေသော်လည်း Xiao Chengzhe က ဒေါသများပြည့်လာပြီး သူ့ဒေါသကို ဖောက်ခွဲစရာလိုလာသည်။ သူက အဖေ Xiao ကို လက်ညှိုးထိုးလိုက်ပြီး ပြောခဲ့သည်။ "ခင်ဗျားက ကျွန်တော်အဲ့ပိုက်ဆံတွေယူတာမှားတယ် ထင်နေတာလား။ အဲ့ဒါ ကျွန်တော့်ဟာတွေ ဖြစ်ရမှာ။ ကျွန်တော့်အဖေ သေတာက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူးလား။ မဆိုင်ဘူးဆိုရင် ကျွန်တော့်ကို ဘာလို့မွေးစားခဲ့မလဲ။ ခင်ဗျားက အဲ့လောက် ကြင်နာတတ်လို့လား။ ကျွန်တော့်အဖေရဲ့ ဝေစုတွေကိုတောင် လိုချင်နေသေးတယ်။ "

အဖေ Xiao က Xiao Chengzhe ၏ စွပ်စွဲချက်များကို နားထောင်ပြီး သူ့ကို တဖြည်းဖြည်းပြောင်းလဲလာသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ သူ့ကို Xiao Chengzhe က ထိုသို့မြင်နေမည်ဟု သူလုံးဝမထင်ထားပေ။ Xiao Chengzhe ၏ မျက်လုံးထဲတွင် Xiao တစ်မိသားစုလုံးကို ရန်သူဟုမြင်နေမှာပင် သူကြောက်မိသည်။

Qing Yun က Xiao Chengzhe ထံတဖြည်းဖြည်းလျှောက်လာပြီး သူ့ရှေ့မျက်စောင်းထိုးတွင် ထိုင်လိုက်သည်။ သူ၏အသံက ခပ်ပြတ်ပြတ်ပင်။ " Xiao Chengzhe မင်းက Xiao ရဲ့အထွေထွ မန်နေဂျာပဲ။ဒီတော့ Xiao ရှယ်ယာတွေအကုန် ဘယ်သူပိုင်လဲ သိမှာပေါ့။ ဒါ့အပြင် Xiao ရှယ်ယာတွေရဲ့ ၂၅ ရာခိုင်နှုန်းကို မင်းပိုင်ထားမှန်းလည်း သိထားပြီးဖြစ်မှာပဲ။ "

"အဲ့ဒီ့ရှယ်ယာတွေ ဘယ်ကရတယ်များ ထင်နေတာလဲ။ ဒါက မင်းအဖေအရင်းဆီက မင်းအမွေရတာတွေပဲ။ Xiao မိသားစုက အဲ့ဒီ့ထဲက တစ်ပြားမှမထိဘဲ နှစ်ပေါင်းများစွာ မင်းအတွက်ဝေပုံစုပေးထားတယ်လေ။ "

Qing Yun ၏ စကားများက Xiao Chengzhe ၏ လိမ်ညာနေမှုများကို ထိုးဖောက်သွားသည်။ သူ၏ မျက်ဆန်ကျုံ့သွားသည်။ ဒါပေါ့ သူ၎င်းအကြောင်းအား သိပြီးသားပင်။ သူ Xiao ကို ပထမဆုံးအကြိမ် လိုချင်မိတုန်းက သူ၏စိတ်ကောင်းက သူ့ကိုတားခဲ့သေးသည်။ သို့သော် သူတစ်ပါးကို ဒုက္ခပေးလိုသည့် သံသယကထပ်ပေါ်လာသည်။ Xiao မိသားစုက သူ့အပေါ် မတရားလုပ်ထားရင်ကော ဘယ်လိုလုပ်မလဲ။ သူ တရားမျှတအောင် Xiao ကိုအပိုင်ယူလိုက်ရမလား။

အဖေ နှင့်သားက နှစ်ယောက်လုံး နှုတ်ဆိတ်နေကြသည်။

အတော်ကြာသောအခါမှသာ အဖေ Xiao က Xiao Chengzhe ကို အက်ရှသည့်အသံဖြင့် ပြောလိုက်သည်။ "ပြဿနာတွေ လွတ်ဖို့ မင်းနိုင်ငံခြားသွားရင်ကောင်းမယ်။ "

၎င်းကိုကြားပြီး Qing Yun ကသူ့ကိုကြည့်ကာ ဘာမှမပြောခဲ့ပေ။ သူက ချက်လက်မှတ်တစ်ခုသာ Xiao ကုမ္ပဏီ၏ ပြတ်လပ်မှုအတွက် ထားခဲ့သည်။

အဖေ Xiao ကချက်လက်မှတ်ကိုယူပြီး တောင့်သွားသည်။သူကဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး အပေါ်ထပ်သို့တိတ်တဆိတ်တက်သွားသည်။

Qing Yun ကလည်းကြာကြာမနေခဲ့ပေ။  သူက ထရပ်ပြီး ထွက်သွားရန်ပြင်သည်။ အမေ Xiao က အဖေ Xiao ၏ နောက်ကျောကိုကြည့်ပြီး Qing Yun ကို မတရားမှုအတွက် ဒေါသထွက်သောအသံဖြင့်ပြောသည်။ "အမေများ မှားမှတ်မိတာလား။ မင်းကကော သူ့သားအရင်းမဟုတ်ဘူးလား။ "

၂ယောက်လုံးက တူညီစွာပင် အမှားများလုပ်မိခဲ့ကြသည်။ သို့သော် အဖေ Xiao ၏ Xiao Chengzhe နှင့် Xiao Chengnuo တို့အပေါ် ဆက်ဆံမှုမှာ အလွန်ကွဲပြားသည်။

Qing Yun ၏မျက်လုံးများလေးနက်သွားသည်။ အဖေ Xiao ၏ သဘောထားက သူ့ကို ဇာတ်လိုက်အား လွယ်လွယ်ကူကူ ဖြိုချ၍မရကြောင်း သဘောပေါက်စေခဲ့သည်။ သူ၏ တာဝန်ကမပြီးသေးပေ။ ဂရုမစိုက်ဘဲ အမှားတစ်ခုလုပ်မိရုံနှင့် ၊Xiao Chengnuo က Xiao Chengzhe ၏ခြေနင်းေကျာက်တုံးပြန်ဖြစ်သွားနိုင်သည်။

Zou အုပ်စုက Ruixin ဆေးဝါးကုမ္ပဏီနှင့် လက်တွဲလုပ်မည်ဟူသည့် သတင်းက နောက်ဆုံးတော့ထွက်ပေါ်လာပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ Ruixin ဆေးဝါးကုမ္ပဏီက အမြဲတမ်း လျှို့ဝှက်တတ်သည်။ နည်းပညာအဖွဲ့ပင်ဖြစ်စေ၊စီမံခန့်ခွဲေရးအသင်းပင်ဖြစ်စေ မဖော်ပြထားသဖြင့် ထိုကုမ္ပဏီက ထုတ်လုပ်သည့် ဆေးဝါးများကိုသာ သိရသည်။

ဆေးများ၏ မှော်စွမ်းအင်သဖွယ် အကျိုးသက်ရောက်မှုကြောင့် Ruixin ဆေးဝါးကုမ္ပဏီက ဖုံးကွယ်ထားေသာ ရှင်းမပြနိုင်သည့် အရာဖြစ်နေသည်။

အချို့လူများက Xiao ကုမ္ပဏီ၏ အရှိန်အဟုန်ကြောင့် Xiao ဆေးဝါးကုမ္ပဏီနှင့် စပ်တူလုပ်မည်ဟု ထင်ထားသော်လည်း ကြေညာချက်ထွက်လာသောအခါ ထိုအတိုင်းပိုဖြစ်သင့်သည်ဟု ထင်ကြသည်။

မည်သို့ပင်ဆိုစေ Zou အဖွဲ့အစည်းနှင့် Ruixin ဆိုလျှင် သန်မာသော မဟာမိတ်များဖြစ်ကြပြီး ၎င်းက Xiao ဆေးဝါးဆိုလျှင် ချို့တဲ့သူကို ကူညီခြင်းပင် ဖြစ်လိမ့်မည်။

Xiao Chengzhe က ကားထဲတွင်သောက်စားနေရင်း သတင်းမှလာနေသော "သန်မာသည့်မဟာမိတ်များ" ဟူသည့်သတင်းကိုကြည့်နေပြီး ဖုန်းထဲမှပြောသံကို နားထောင်နေသည်။

ထိုဖုန်းက သူ၏ မူရင်းပုံစံမှ ပြောင်းလဲသွားကာ ဖုန်းထဲမှ အော်ကြီးဟစ်ကျယ် ဒေါသထွက်နေသည့် Zou Qiyao ထံမှပင်။ " ငါမင်းကို ငါ့ကိုသတ်ဖို့ ခွင့်ပြုမိတာပဲ။ မင်းလုပ်တာနဲ့ ငါပါအဆုံးသတ်သွားပြီကွ၊ Xiao Chengzhe ရ။ ငါ့ကို Xiao Chengnuo နဲ့ပက်သက်စေရလောက်အောင် မင်းရူးနေခဲ့တာလား။ ပြီးတော့ မင်းပြောတာ သူက Xiao ကိုမင်းဆီကနေ လုယူမှာ၊ ဟုတ်လား။မင်းကိုယ်မင်း ဘာနဲ့တူနေလဲဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်လိုက်ဦး။ "

Xiao Chengzhe က ဘီယာတစ်ကျိုက် မော့သောက်လိုက်သည်။ အရာအားလုံးက အမှန်တကယ်ဆိုလျှင် ထိုသို့မဖြစ်သင့်ဟု သူခံစားနေရသည်။ ကိုယ့်နာမည် ကိုယ်ထွင်းပြီး ဘဝအထွတ်အထိပ်သို့ ရောက်သင့်နေသူမှာ သူသာဖြစ်သင့်သည်။ Xiao Chengnuo က သူချေမွလိုက်သဖြင့် ဖုန်မှုန့်အဖြစ် ကြေမွကာ သေသည်ထက်ဆိုးသည့် ဘဝဖြင့် နေသွားသင့်သည်။

Xiao Chengnuo နှင့်ပက်သက်၍ အရာအားလုံးမှားယွင်းနေသည်။ သူသာမရှိလျှင် အရာအားလုံး ပုံမှန်အတိုင်း ဖြစ်သွားလိမ့်မည်။ ရူးသွပ်မှုတစ်ခုက Xiao Chengnuo ၏မျက်ဝန်းထဲဖြတ်ပြေးသွားပြီး သူ့ရှေ့မှဖြတ်သွားသည့် ကား၏အရှိန်ကိုကြည့်ကာ ကားစက်နှိုးလိုက်သည်။

******

"တစ်ပတ်တောင် ရှိသွားပြီ။ " Zou Chen က ကားမောင်းရင်း Qing Yun ကို တီးတိုးပူဆာနေသည်။ ဤရက်များအတွင်း သူမြင်နေရသော်လည်း မစားရပေ။ Qing Yun ကသူ့ကို တမင်သက်သက် ကန့်သတ်နေရခြင်းကို နှစ်သက်နေသေးရာ Zou Chen ရူးတော့မလိုပင်။

Qing Yun နှင့်စတွဲစဉ်ကပင် သူတို့ ၂ယောက်စလုံး နံဘေး၌ အခြားလူများ ရှိနေခြင်းကို မနှစ်သက်ကြသဖြင့် ကားမောင်းခြင်း၊ ချက်ပြုတ်ခြင်းစသည်ဖြင့် အရာအားလုံးကို Zou Chen ကိုယ်တိုင်သာ လုပ်ဆောင်သည်။ ကံကောင်းစွာဖြင့် ထိုသေးသေးမွှားမွှားကိစ္စလေးများကိုသာ Zou Chen အာရုံမစိုက်နေရလျှင် သူယခုအချိန်ထိ သည်းခံနိုင်မည်မဟုတ်ပေ။

"ကား ကောင်းကောင်းမောင်း။ " Qing Yun က သူ့ကိုချွဲနေသည့်သူကို တွန်းလိုက်သည်။ လတ်တလော နေ့များတွင် Zou Chen က သူ၏နေ့စဉ်ဘဝနှင့် မကျေမနပ်ဖြစ်နေပြီး ယခုအချိန်တွင် သူ့မျက်နှာက သောကဖြင့်မောပန်းနေပုံပေါ်သည်။

အမှန်ပြောရလျှင် Qing Yun လည်း ထပ်၍သည်းမခံနိုင်တော့ပေ။ သူ့မှာ Zou Chen အပေါ် ခံစားချက်မရှိသည်မျိုးမဟုတ်ဘဲ တစ်ပတ်ဟူသောအချိန်သည်လည်း သူအကန့်သတ်နိုင်ဆုံး အချိန်ပင်။

Zou Chen ကလမ်းဘေးတွင် ကားချရပ်လိုက်ပြီး ဘာမှမပြောဘဲ နားရွက်ကျနေသည့် ခွေးအကြီးကြီး တစ်ကောင်ကဲ့သို့သာ Qing Yun ကိုသနားစဖွယ်ကြည့်နေသည်။

Qing Yun က မအောင့်နိုင်တော့ဘဲ လက်ဖြင့်လှမ်းဆွဲချိတ်လိုက်ကာ Zou Chen ကိုအနားဆွဲတိုးလိုက်သည်။ထို့နောက် သူကိုင်းလာပြီး သူ့ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာထုတ်၍ လျက်လိုက်သည်။

သူ့နှုတ်ခမ်းများပေါ်မှ အိစက်နေမှုက Zou Chen၏ ဦးရေပြားများကို ပူတက်သွားစေခဲ့သည်။ သူက အကူအညီမဲ့စွာ Qing Yun ကိုဖက်ပြီး အနည်းငယ် ပို၍နက်နက်ရှိုင်းရှိုင်းလိုချင်ခဲ့သည်။ သို့သော် ၂ယောက်လုံးပေါ်မှ ထိုင်ခုံခါးပတ်က သူတို့ကို ကန့်သတ်ထားသည်။

"ချီးပဲ။ " Zou chen ကလုံခြုံရေးခါးပတ်ကိုဖြုတ်ရန် လက်လှမ်းလိုက်သော်လည်း Qing Yun ကသူ့ကိုတားလိုက်သည်။

Qing Yun က သူ့ပုခုံးကို တွန်းကာ ကားပြတင်းပေါက်မှ မြင်နေရသော ကုန်စုံဆိုင်ကို ညွှန်ပြသည်။

" ကျွန်တော် စတော်ဘယ်ရီ အရသာကြိုက်တယ်။ မြန်မြန်သွား။ ခင်ဗျားကိုစောင့်နေမယ်။ " Zou Chen ၏နားထဲသို့ အာငွေ့နွေးနွေးလေးများ ကကျီစယ်ပြီး Qing Yun ၏ဖြားယောင်းစကားများ သူ့နားထဲ ဝေ့သီလာသည်။

Zou Chen ၏ မျက်ဝန်းများက ဆာလောင်နေသော သားရဲကောင်ကြီး ကဲ့သို့နီရဲလာသည်။ သူက လုံခြုံရေးခါးပတ်ကို ဖြုတ်ကာ Qing Yun ကိုအားပါးတရ နမ်းပြီးမှ ကားပေါ်မှထွက်၍ ကုန်စုံဆိုင်ဆီ ထွက်လာခဲ့သည်။

Zou Chen သာတစ်ခုခုလိုချင်လျှင် တစ်စုံတစ်ယောက်က ဝယ်လာပေးမည်ဖြစ်ပြီး သူကိုယ်တိုင် သွားဝယ်ရန်မလိုပေ။ Qing Yun က သူအရှက်ရတာမျိုးကိုမြင်ချင်သဖြင့် ခိုင်းလိုက်တာမျိုးလည်း ဖြစ်နိုင်သည်။

Qing Yun က Zou Chen စိတ်မရှည်စွာဖြင့် ကုန်စုံဆိုင်ဆီ ဝင်သွားတာကို ကြည့်ပြီး သူ၏နှုတ်ခမ်းကွေးလေးက ကော့တက်လာသည်။

Xiao Chengzhe အပေါ်တွင် သူထားခဲ့သည့် အသိဉာဏ်အရထိုတစ်ယောက်က မြန်မြန်နီးကပ်လာနေသည်။

Qing Yun က Xiao Chengzhe ၏အကြံကို ရိပ်မိပြီး သူ့မျက်နှာက တည်ငြိမ်နေသည်။ သူက Xiao Chengzhe ဤမျှ ရူးသွပ်သွားမည်မှန်း မမျှော်လင့်ထားသော်လည်း ၎င်းက Qing Yun လိုချင်တာပင်။ Xiao Chengzhe ကလူမြင်ကွင်းတွင်မောင်းလာတာဖြစ်ပြီး Ruixin နှင့် Zou Chen ၏လွှမ်းမိုးနိုင်မှုနှင့်ဆိုလျှင် သူအညွန့်ထွက်ရန် အခွင့်အရေးရှိလာေတာ့မည် မဟုတ်ပေ။

သူကလည်း အခွင့်အရေးယူကာ အဓိကဇာတ်လိုက် အလုံးစုံကျရှုံးသွားသည့် အချိန်ကိုက် သူ့တာဝန်ပြီးသည်နှင့် ဤကမ္ဘာမှ ထွက်သွားနိုင်မည်။ သူက အခြားသူများ အပေါ်တွင်သာမက သူကိုယ်၌အပေါ်တွင်လည်း အမြဲတမ်း ကရုဏာမရှိခဲ့ပေ။

ထိုအကြောင်းကို တွေးပြီး Qing Yun ကခေါင်းလှည့်လိုက်ကာ ကုန်စုံဆိုင်ထဲမှ ကွန်ဒုံးကို စိတ်ပါဝင်စားစွာ ရွေးနေသော ယောက်ျားအား တိတ်တဆိတ် ကြည့်လိုက်သည်။

Zou Chen က တည်ကြည်သောမျက်နှာထားဖြင့် ငွေရှင်းပြီး ကုန်ပစ္စည်းအချို့ဖြင့် ပြန်ထွက်လာနေစဉ်မှာပင် ကျယ်လောင်သော တိုက်မိသံကြီးကို ကြားလိုက်ရသည်။ Zou Chen ၏နှလုံးသားကျုံ့သွားပြီး ဘာမှဂရုမစိုက်နိုင်ဘဲ ချက်ချင်းပြေးထွက်လာသည်။

Continue Reading

You'll Also Like

237K 35.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.3M 40.5K 26
《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 // 𝖾𝖽𝗂𝗍𝖾𝖽 𝗏𝖾𝗋𝗌𝗂𝗈𝗇》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❝穿成玛丽苏文里的女配❞ . 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎...
74.3K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
278K 14.4K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...