伪装学渣
Wei Zhuang Xue Zha
ZAWGYI
မင္းအရင္ငါ့ကိုရန္စတာေနာ္
ရွဲ႕ယြီသည္ မ်က္ဝန္းတို႔အားမဖြင့္ဘဲ မွိတ္လို႔သာထားမိသည္။
မ်က္စိေရွ႕တစ္ဝိုက္ေမွာင္မိုက္ေနျခင္းက တျခားအာရံုခံႏိုင္စြမ္းတို႔အား ပိုလို႔စူးရွေနေစသည္။
ဥပမာအားျဖင့္ အသက္ရွဴသံ ၊ ရင္ခုန္သံ ၊ ၿပီးေတာ့ႏွစ္ဦးသား၏ ယွက္ႏြယ္ထားမိၾကသည့္လက္ေခ်ာင္းေတြ။
ရွဲ႕ယြီမွာ ကိုယ္တိုင္ကားအေတာ္ေလးတည္ၿငိမ္ေနသည္ဟုသာခံစားမိသည္ ၊ အရင္ကဆိုဤကဲ့သို႔ အမ်ိဳးအမည္မကြဲျပားသည့္ခံစားခ်က္ေတြ မျဖစ္ေပၚစဖူး ၊ လူကိုလည္းမ႐ိုက္ခ်င္ပါ ၊ ဟယ့္ေက်ာင္း၏ ေသာက္ေရးမပါတဲ့အသက္ကို ယာယီေတာ့လႊတ္ထားေပးလိုက္ပါဦးမည္။
ထိုသို႔ ဘာမွန္းမသိအေၾကာင္းအရင္းရွာမေတြ႕ေနဘဲ မခ်င့္မရဲျဖစ္ေနသည့္စိတ္က ထြက္ေပါက္ေတြ႕သြားခဲ့ပံုရသည္--- --- တစ္စံုတစ္ရာေသာအေျဖက ဘြားခနဲထြက္ေပၚလာခဲ့ပါေတာ့သည္။
အႀကိမ္အေရအတြက္မနည္း ထိုအေျဖအားၫႊန္ျပခဲ့ၿပီးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္၏။
ကားအတြင္း၌တိတ္ဆိတ္လို႔သာေနသည္ ၊ ေရွ႕ဘက္ထိုင္ခံုရွိဝမ့္သာထံမွ ေယာင္ၿပီးထြက္လာတတ္သည့္စကားသံတိုးတိုးတို႔ႏွင့္ ျပတင္းေပါက္အျပင္ဘက္စီက ကားျဖတ္ေမာင္းသြားသံ ၊ ဟြန္းသံတို႔သာလွ်င္ရွိေလသည္။
ညေနေစာင္းလုနီးရွိျပီျဖစ္ရာ ေကာင္းကင္အေရာင္မွာဆို မွိန္ေဖ်ာ့လို႔ေန၏ ၊ ကားကဥမင္လိုဏ္ေခါင္းထဲသို႔အဝင္မွာေတာ့ ဝမ့္သာသည္ ပါးစပ္ကေနတႁပြတ္ႁပြတ္ျမည္ကာ ႏိုးလာျပန္ၿပီး ဇေဝဇဝါႏွင့္လန္႔ဖ်န္႔လို႔ေနဟန္ျဖင့္ ေမးလာသည္။
"ငါ့ရဲ႕အလင္းေရာင္ေရာ! မီးေမာင္းထိုးတဲ့သူ?"
သီခ်င္းဆိုလိုက္ ၊ ကလိုက္ျဖင့္ အခုလည္းမီးေမာင္းထိုးခ်င္ေနျပန္၏ ၊ ၾကည့္ရတာဒီေကာင့္အတြင္းစိတ္ထဲ ကမာၻေက်ာ္idolျဖစ္ခ်င္တဲ့အိပ္မက္ေတြရွိေနပံုရသည္။
ဝမ့္သာေျပာအၿပီး၌ ဟယ့္ေက်ာင္း၏လက္ကေတာင့္ခနဲျဖစ္လို႔သြားေၾကာင္း ရွဲ႕ယြီခံစားမိသည္ ၊ ၾကည့္ရတာစိတ္လႈပ္ရွားေနပံုရ၏ ၊ အသံ႐ွဴသံတို႔ပင္တိုးညင္းလို႔။
ကံေကာင္းေထာက္မ၍ ဝမ့္သာမွာထိုႏွစ္ေၾကာင္းေလာက္သာေျပာၿပီး မ်က္ဝန္းတို႔ကျပန္လည္ေမွးမွိတ္ကာ အိပ္စက္ျခင္းထဲတဖန္နစ္ျမဳပ္သြားခဲ့ေလသည္။
ဟယ့္ေက်ာင္းသည္ လက္ကိုလႊတ္လိုက္ရမည္လားဟု ေတြေဝေနရင္းမွ လက္ေခ်ာင္းကေလးေတြကိုလႈပ္လိုက္မိသည္။
အေတာ္ၾကာေတြေဝေနၿပီးေနာက္ တုတ္တုတ္မွ်မလႈပ္ေတာ့ ၊ မလႊတ္ခ်င္ခဲ့ပါ။
မီးနီေက်ာ္လြန္သြားခ်ိန္မွာေတာ့ ကားကေရွ႕ဆက္ေရြ႕သည္ ၊ က်သင့္ေငြအတြက္ တြက္မည့္မီတာအကြာအေဝးကလည္း ထိုအခ်ိန္ၾကကာမွ ျဖည္းျဖည္းခ်င္းျပန္လို႔တက္လာေလသည္။
ဘယ္ေလာက္ၾကာသြားသည္မသိ ေဘးဘက္ရွိျမင္ကြင္းတို႔ႏွင့္က အကၽြမ္းတဝင္ရွိလာေနၿပီး ထို႔ေနာက္မွာေတာ့ ထင္သည့္အတိုင္းအမွတ္(၂)အနီးရွိလမ္းသြယ္ထဲခ်ိဳးေကြ႕ဝင္လာသည္ ၊ လိယန္အမွတ္(၂)၏အထင္ကရအေဆာက္အအံုျဖစ္သည့္ အျမင့္ဆံုးေသာစာသင္ေဆာင္သည္ကား ခပ္လွမ္းလွမ္းတြင္ ၊ ထိုအေဆာက္အအံုထိပ္တြင္ေတာ့ ေက်ာင္း၏ေဆာင္ပုဒ္ကိုထြင္းလို႔ထား၏။
"ဒီေရွ႕နားေလးမလား. ."
ကားဆရာက ေကြ႕ရင္းမွေျပာလာသည္။
"ေက်ာင္းကအေတာ္ေလးထည္ဝါသားပဲ ၊ မင္းတို႔ကအထက္တန္းဘယ္ႏွစ္ႏွစ္ေရာက္ၾကျပီလဲ?"
"အထက္တန္းဒုတိယႏွစ္ပါ။"
"ဒုတိယႏွစ္ေပါ့ ၊ ငါ့သားကဒီႏွစ္တတိယႏွစ္ ၊ မင္းတို႔ထက္တစ္ႏွစ္ႀကီးမွာေပါ့. . . . . . အခုေခတ္ေက်ာင္းသားေတြမ်ား တအားကိုပင္ပန္းၾကရတာ ၊ ညတိုင္းအိမ္စာေတြလုပ္ရတာ သန္းေခါင္ခ်ိန္အထိပဲ ၊ ငါေျပာခ်င္တာကေတာ့ စာေလ့လာဖို႔ကအေရးႀကီးတာဟုတ္ေပမယ့္ က်န္းမာေရးကိုလည္းဂ႐ုစိုက္ရမွာပဲေလ။"
ရွဲ႕ယြီသည္ အိပ္ခ်င္ေယာင္ေဆာင္ေနျခင္းအား အေတာ္ေလးကိုပင္ပန္းလာခဲ့၏ ၊ အထူးသျဖင့္လည္ပင္း ၊ ထိုင္ခံုေနာက္မွီကိုေစာင္းေစာင္းႀကီးမွီလို႔ထားရသည္။
ဟယ့္ေက်ာင္းသည္ ျပန္လို႔ေျပာလိုက္၏ ၊ ေက်ာင္းကိုလည္းေရာက္ေတာ့မွာမို႔ တစ္စံုတစ္ေယာက္ေသာကေလးေလး သတိမထားမိခင္ ခိုးေၾကာင္ခိုးဝွက္လက္ျပန္႐ုပ္ကာ လက္ကိုလႊတ္ဖို႔ျပင္သည္။
"ဟုတ္တယ္ အေတာ္ေလးပင္ပန္းတာ ၊ ဦးေလးရဲ႕သား တကၠသိုလ္ဝင္စာေမးပြဲကို ေကာင္းေကာင္းေျဖဆိုႏိုင္ပါေစလို႔ ဆုေတာင္း. . . . . ."
ထို႔အထိေျပာလာခဲ့ၿပီးေနာက္၌ ႐ုတ္ျခည္းေကာက္ကာငင္ကာရပ္တန္႔လို႔သြားပါ၏။
အေၾကာင္းအရင္းသည္ကား ဟယ့္ေက်ာင္းမွာစကားပင္မဆံုးေသး ၊ လက္ကိုလည္းနည္းနည္းေလးသာေျဖေလ်ာ့ရရံုရွိေသးသည္ ရွဲ႕ယြီ၏နဂိုကတည္းကမလႈပ္မယွက္ရွိေနၿပီး အားမရွိသလိုေလ်ာ့ရဲေနခဲ့ပါသည့္လက္ေခ်ာင္းတို႔က ႐ုတ္တရက္ဆိုသလိုတင္းက်ပ္လာခဲ့ျခင္းေၾကာင့္ေပ ၊ လက္ေခ်ာင္းတို႔သည္ကား သူ႔လက္ဖမိုးထက္ထိကပ္လာခဲ့ၿပီး သူ႔လက္အားတစ္ျပန္ဆုပ္ကိုင္လို႔လာေတာ့သည္။
". . . . . ."
ဟယ့္ေက်ာင္းတစ္ေယာက္ ယခုတစ္ေခါက္တြင္ေတာ့ တကယ္ႀကီးကိုမထိန္းခ်ဳပ္ထားႏိုင္ေတာ့ေခ်။
ကားဆရာမွာေတာ့ သူ႔သားအေၾကာင္းဆက္လို႔ေျပာေန၏။
"လူဆိုတအားကိုပိန္က်သြားတာ ၊ ၾကည့္ၿပီးရင္ေတာင္နာရတယ္။ အားလံုးပဲ အထက္တန္းသံုးႏွစ္လံုးကိုပင္ပန္းေပမယ့္ ေတာင့္ခံလာၾကရတာပါပဲ ၊ ဘယ္သူမွေျပးမလြတ္ဘူး မင္းေျပာၾကည့္စမ္း ဟုတ္တယ္မလား။ ေအာင္ၿပီးတကၠသိုလ္တက္ႏိုင္ၿပီဆိုမွ စိတ္ေအးရတာ ၊ ပင္ပန္းဆင္းရဲေပမယ့္လည္း တန္ပါတယ္. . . . . ."
ကားဆရာ၏ ထိုေတာင္စဥ္ေရမရစကားတို႔အား မည္သူမွနားထဲမဝင္ဘဲရွိၾကေလသည္။
က်န္သည့္မိနစ္အနည္းငယ္လံုးလံုး ႏွစ္ဦးသားမွာထိုအတိုင္းသာ လက္ဆယ္ေခ်ာင္းယွက္ဆုပ္ကိုင္ထားမိၾကသည္ ၊ ဘယ္သူကမွ စကားမဆိုသလို တစ္ဖက္လူကိုလည္းမၾကည့္မိၾက။ ကားရပ္သြားခ်ိန္မွာေတာ့ ကားဆရာမွာပိုက္ဆံယူဖို႔ေစာင့္ရင္းေစာင့္ရင္းျဖင္႔ အေနာက္ရွိႏွစ္ေယာက္လံုးကမလႈပ္ၾကဘဲရွိသည္ကိုေတြ႕လိုက္ရခ်ိန္မွာေတာ့. . .
"အမွတ္(၂)မဟုတ္ဘူးလား? အမွတ္(၂)ကိုေရာက္ၿပီေလ။"
ရွဲ႕ယြီကေတာ့ အေတာ္ေလးတည္ၿငိမ္ေနပါ၏ ၊ သူသည္ဟယ့္ေက်ာင္းအားၾကည့္လိုက္ၿပီး လက္ေခ်ာင္းတို႔ကိုလႈပ္လိုက္သည္။ ထိုမွသာဟယ့္ေက်ာင္းတစ္ေယာက္ အသိျပန္ဝင္လာခဲ့လ်က္ ေခါင္းထဲမွေန 'ဝုန္းခနဲ'တစ္ခ်က္ျမည္လို႔သြားကာ ထိတ္ထိတ္ပ်ာပ်ာျဖင့္ခ်က္ခ်င္းလက္ကိုလႊတ္လိုက္ေတာ့သည္။
ရွဲ႕ယြီမွာ ဟယ့္ေက်ာင္းတစ္ေယာက္ကပ်ာကယာနဲ႔ပိုက္ဆံထုတ္ေနသည္ကို ၾကည့္ေနမိ၏ ၊ ပိုက္ဆံကိုပင္မေရတတ္ေတာ့ဘဲ ကာခအတြက္ယြမ္(၃၀)ေပးရမည္အား ယြမ္(၂၀)သာလွ်င္ထုတ္လို႔ေပးသည္။
ကားဆရာမွာ ယြမ္(၂၀)ကိုယူလ်က္ အနည္းငယ္လည္းအၾကံအိုက္လို႔သြားသည္။
"မင္းေရေရာေရတတ္ရဲ႕လား?"
ရွဲ႕ယြီသည္ ထိုအထိၾကည့္လာခဲ့ၿပီးေနာက္မွာေတာ့ အစကမလြတ္လပ္သလိုရွိသည့္ခံစားခ်က္တို႔မွာ အကုန္လြင့္ပါးသြားခဲ့ေလၿပီး မထိန္းထားႏိုင္ေတာ့ဘဲ တစ္ခ်က္မွ်ဆဲေရးလိုက္မိေတာ့သည္။
"ေစာက္႐ူး။"
"သံုးဆယ္လား ၊ အာ သံုးဆယ္. ."
ဟယ့္ေက်ာင္းမွာ အေတာ္ၾကာလွန္ေလွာၿပီးကာမွ ယြမ္(၁၀)တန္တစ္ရြက္ကထြက္လာခဲ့သည္။
"ေတာင္းပန္ပါတယ္ ၊ နားၾကားလြဲသြားလို႔ပါ။"
ရွဲ႕ယြီသည္ ေရွ႕ထိုင္ခံုရွိရာပတ္ေလွ်ာက္သြားလိုက္ၿပီး ငံု႔၍ဝမ္းသာပါးအားပုတ္ကာ ဝမ့္သာအားတြဲ၍ကားထဲမွထုတ္လိုက္၏။
ဝမ့္သာမွာ ဝါဂြမ္းေပၚေျခနင္းထားရသလိုႏွင့္ ေခါင္းကလည္းခ်ာခ်ာလည္ေနကာ ေမးလိုက္ပါသည္။
"အာ? ငါစင္ေပၚတက္ရေတာ့မွာလား?"
"ဟုတ္တယ္ စူပါစတား. ."
ရွဲ႕ယြီကဆိုသည္။
"မင္းစင္ေပၚတက္ရေတာ့မွာ။"
ဝမ့္သာမွာ အလြန္ပင္ေပ်ာ္ရႊင္သြားခဲ့ၿပီး လမ္းေဘးရွိမီးမထြန္းေသးသည့္ လမ္းမီးတိုင္တို႔အားၾကည့္ကာ မိမိကိုယ္ကိုယ္စင္အလယ္ေခါင္၌ရပ္ေနသလိုခံစားမိရသည္။
"မင္းတို႔ ဘာသီခ်င္းနားေထာင္ခ်င္လဲ?"
ရွဲ႕ယြီသည္ သူ႔အားအကၤ်ီေကာ္လာကေနကိုင္ကာ ေက်ာင္းအတြင္းဆြဲေခၚသြားလိုက္ပါသည္။
"ႏိုင္ငံေတာ္ကို သစၥာေစာင့္သိမယ္ဆိုရင္ေရာ?"
ဝမ့္သာတစ္ေယာက္ ခ်က္ခ်င္းပဲျငိမ္က်လို႔သြား၏။
ႏိုင္ငံေတာ္ကို သစၥာေစာင့္သိမယ္ဆိုသည္အား ဌာနမွဴးက်န္းက မနက္ခင္းနႈိးစက္အျဖစ္သတ္မွတ္လိုက္ခ်ိန္မွစ အေဆာင္ေနေက်ာင္းသားတစ္ေယာက္မက်န္၏ စိတ္ထဲမေပ်ာက္မပ်က္အရိပ္မည္းႀကီးအျဖစ္ စြဲထင္ေနေတာ့သည္။
ဟယ့္ေက်ာင္းသည္ ကားခေပးၿပီးေနာက္ သြားေရာက္ကူလိုက္ပါသည္ ၊ ႏွစ္ဦးသားမွာ ဝမ့္သာအား ဘယ္တစ္ဖက္ညာတစ္ဖက္မွတြဲလာလိုက္ၾကသည္ ၊ အႀကိမ္ေရေပါင္းမ်ားစြာ ဘာကိုေျပာခ်င္ခဲ့သည္မသိ ၊ စကားတို႔ကနႈတ္ခမ္းဝေရာက္လာၿပီးမွ ဘာေျပာေျပာမသင့္ေလ်ာ္ဟုလည္းသိရွိမိျပန္သည္။
ထို႔အျပင္ကို ဝမ့္သာ၏ရံဖန္ရံခါထထယစ္ျခင္းကိုလည္း သည္းခံေနရေသးသည္ ၊ ဥပမာအားျဖင့္ ေလွကားေပၚတက္ေနခိုက္မွာပင္ ႐ုတ္တရက္ႀကီးေအာ္ခ်လာ၏။
"စင္ေအာက္ကသူငယ္ခ်င္းတို႔ ၊ မင္းတို႔လက္ေတြကိုေျမႇာက္ျပပါဦး။"
လက္ေျမႇာက္ယမ္းျပသည္ကိုမျမင္မျခင္း ေလွကားဝ၌ရပ္ေနၿပီး ဆက္မသြားေတာ့ေခ်။
"ဒါကေလွကား စင္ေအာက္မဟုတ္ဘူး ၊ မင္းက ဒီေလာက္စိတ္ရႈပ္စရာေကာင္းမွန္း ငါအရင္ကဘာလို႔မ်ားမသိခဲ့ပါလိမ့္. ."
ဟယ့္ေက်ာင္းမွာ တကယ္ကိုစိတ္မရွည္ေတာ့။
"လက္ပါခ်င္ေအာင္ ငါ့လာမဆြစမ္းနဲ႔။"
ဝမ့္သာမွာေလွကားလက္ရန္းကိုဖက္တြယ္ကာ သူ႔၏အိုင္ေဒါဂုဏ္သိကၡာကိုဆက္လက္ထိန္းသိမ္းလို႔ထားသည္။
ရွဲ႕ယြီကေတာ့ ထိုကိစၥသူႏွင့္မဆိုင္သလိုပင္ ေလွကားေပၚထိုင္ကာ ပြဲသာျကည့္ေနမိ၏။
ေနာက္ဆံုးမွာေတာ့ သူသည္ ဟယ့္ေက်ာင္း၏ေနာက္သို႔ေျခလွမ္းအနည္းငယ္ဆုပ္ကာ ႏွစ္ခ်က္သံုးခ်က္ခန္႔လက္ေဝွ႕ယမ္းျပၿပီး ဝမ့္သာရဲ႕ေတာင္းဆိုခ်က္ကိုျဖည့္ဆည္းေပးလိုက္ပံုအား ၾကည့္ေနလိုက္ပါသည္။
ဝမ့္သာသည္လည္း ေပ်ာ္ရႊင္ၾကည္ႏူးစြာျဖင့္ ျပန္လည္လက္ယမ္းျပသည္။
"ငါ့ရဲ႕ပရိသတ္သူငယ္ခ်င္း။"
ရွဲ႕ယြီသည္ လက္တစ္ဖက္ျဖင့္မ်က္ႏွာကိုကြယ္ကာ ေခါင္းငံု႔ရယ္လိုက္မိပါေတာ့သည္။
"ဒါကမင္းေျပာတဲ့ လက္ပါတာလား?"
"မင္းကရယ္တယ္ေပါ့ေလ။"
ဟယ့္ေက်ာင္းက ထပ္ကာေျပာသည္။
". . . . . . သူမ်ားေတြကိုေလွ်ာက္မေျပာနဲ႔ဦး ၊ ငါလည္းအသေရေတာ့ဆည္ရမွာပဲ။"
မနက္ျဖန္ဆိုအတန္းျပန္တက္ရေတာ့မည္မို႔ အားလံုးမွာေန႔လည္ပိုင္းေလာက္မွစ နည္းနည္းခ်င္းေက်ာင္းသို႔ျပန္ေရာက္လာျကသည္ ၊ ဝမ့္သာအေဆာင္ခန္း၌လည္း လူစံုေနၾကၿပီး ထို 'စူပါစတား'ႀကီးကိုျပန္ပို႔ခ်ိန္၌ ရွဲ႕ယြီသည္တံခါးေပါက္ဝကိုမွီထားရင္း ဆိုလိုက္သည္။
"ဂ႐ုစိုက္။"
အခန္းေဖာ္ႏွစ္ေယာက္မွာဆို ဂ႐ုစိုက္ဆိုသည္အား အဓိပၸာယ္ဘယ္ႏွစ္မ်ိဳးေလာက္ထိပါဝင္ေနမွန္းမသိၾက ၊ ဝမ့္သာတစ္ေယာက္ကုတင္ေပၚမွထကလာခ်ိန္အထိပင္။
"လခြမ္း ၊ သူ ဒါကဘယ္ေလာက္ေတာင္ေသာက္လာရတာတုန္း။"
"ဟို ကူၿပီးဂ႐ုစိုက္ေပးလိုက္ၾကဦး. ."
ဟယ့္ေက်ာင္းကဆိုသည္။
"သည္းမခံႏိုင္ေတာ့ရင္ေတာ့ တုတ္တစ္ေခ်ာင္းနဲ႔သတိလစ္သြားေအာင္သာ ႐ိုက္ထည့္လိုက္။"
ဝမ့္သာအေဆာင္ခန္းမွထြက္လာခဲ့ၿပီး ႏွစ္ဦးသားသည္ တတိယထပ္သို႔တက္လာခဲ့ၾကသည္။
မၾကာေသးခင္က လူကိုအသက္ရွဴမေျဖာင့္ျဖစ္ေစခဲ့သည့္ ေလထုကတဖန္လႊမ္းျခံဳလို႔လာျပန္ပါသည္။
ရွဲ႕ယြီ႐ုတ္တရက္သတိရလို႔သြားခဲ့၏ ၊ ခန္႔မွန္းေျခအလယ္တန္းဒုတိယႏွစ္ေလာက္က က်ိဳးသာ့ေလတစ္ေယာက္ သူ႔crushကိုလိုက္တုန္းကအခ်ိန္ ၊ ထိုေကာင္မေလးက အႏုပညာပါရမီရွိတဲ့သူမ်ိဳးကိုသေဘာက်သည္ဟု ၾကားသိခ်ိန္မွာေတာ့ က်ိဳးသာ့ေလသည္ဂစ္တာတီးသင္ကာ ကိုယ္တိုင္ပင္သီခ်င္းေရးလိုက္ေသးသည္ ၊ ေန႔တိုင္းဂစ္တာအစုတ္ကိုပိုက္လ်က္ လမ္းၾကားထဲ၌သီခ်င္းဆိုေနတတ္သည္။
"Oh Baby~ မင္းဆိုတာဆူးေတြပါတဲ့ႏွင္းဆီ. . . . . ."
ထိုသို႔ေလ့က်င့္ေနစဥ္တိုင္း အၿမဲလိုလိုေဟးေရႊလမ္းကလူေတြထံမွ ပစ္ေပါက္လာသည့္လက္ေဆာင္ေလးမ်ားကိုလက္ခံရရွိသည္ --- --- ခြက္ေတြပလံုးေတြေယာက္ခ်ိဳေတြအျပင္ကို အုတ္ခဲေတြႏွင့္ပါပစ္ေပါက္လာၾကသည္။
သာ့ေမတစ္ေယာက္သာလွ်င္ အားေပးလာတတ္သည္။
"အစ္ကို ၊ တကယ္ေတာ့သိပ္ၿပီးမဆိုးလွပါဘူး ၊ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ခ်က္ရွိစမ္းပါ။"
"တကယ္လား ၊ တကယ္ႀကီးမဆိုးဘူးလား?"
က်ိဳးသာ့ေလ၏ ဒဏ္ရာရထားသည့္ႏွလံုးသားေလးမွာ ႏွစ္သိမ့္ေပးမႈတို႔မ်ားစြာလိုအပ္ေနသျဖင့္ အၾကည့္ေတြအားရွဲ႕ယြီထံပို႔မိခိုက္ ရွဲ႕ယြီသည္နားထဲထိုးထည့္ထားေလသည့္ နားၾကပ္အားျဖဳတ္လိုက္ၿပီး မညႇာမတာေမးခ်ပစ္လိုက္ပါသည္။
"ဆိုၿပီးသြားၿပီလား?"
ေရွ႕ရွိ ရွဲ႕ယြီ၏စာနာစိတ္မရွိဘဲ လူေဒါသထြက္ေစမည့္ေျပာဆိုပံုေၾကာင့္ က်ိဳးသာ့ေလမွာဂစ္တာအားပိုက္လ်က္ စိတ္ဓာတ္က်စြာဆိုလာခဲ့သည္။
"ရွဲ႕Boss ၊ မင္းကခ်စ္မွမခ်စ္ဖူးဘဲ ၊ မင္းအခ်စ္အေၾကာင္းလံုးဝနားမလည္ဘူး။"
ရွဲ႕ယြီသည္ကား စိတ္ခံစားခ်က္တို႔ႏွင့္ဆိုင္သည့္အေပၚ ေအးတိေအးစက္မွ်သာရွိခဲ့သည္။
သို႔ေပသည့္ အခ်ိန္ၾကာျမင့္စြာ စိတ္ခံစားခ်က္တို႔ကိုမေဖာ္ျပတာနဲ႔ဘဲ နားမလည္ပါဆိုသည့္သေဘာမသက္ေရာက္ပါ။
အခ်ိန္ဆြဲေနျခင္းမ်ိဳးေတြကို သူသေဘာမက် ၊ ကိစၥရွိလွ်င္လည္း အရႈပ္အေထြးမျဖစ္ေပၚေအာင္ ခ်က္ခ်င္းပဲေျပာခ်ေျဖရွင္းပစ္သူမ်ိဳး။
အရင္ကဆိုလွ်င္ သူ႔အားတိတ္တခိုးေလးသေဘာက်ေနၿပီး ဖြင့္မေျပာရဲသူတစ္ေယာက္ရွိခဲ့ဖူးသည္ ၊ သို႔တိုင္ထိုသူ႔အျပဳအမူတို႔ေၾကာင့္ လူေတြရိပ္မိကုန္ကာ တကယ္ႀကီးဘာလိုလိုျဖစ္ေနသကဲ့သို႔ထင္ကုန္ၾကၿပီး သာ့ေလပင္ေရာက္ခ်လွၿပီး မ်က္ရိပ္ျပလို႔ဆိုသည္။
"ေျပာသံၾကားတာေတာ့ ဘယ္သူ ၊ အဲ့ဒါဘာတုန္း ၊ မင္းတို႔ကတကယ္ပဲ. . . . . ."
ဒုတိယရက္၌ ရွဲ႕ယြီသည္ခ်က္ခ်င္းပဲ လူကိုသြားလို႔ရွာၿပီး ႏွစ္ခြန္းသာလွ်င္ေျပာခဲ့လိုက္သည္။
-မင္းက ငါ့ကိုသေဘာက်ေနတာလား?
-အားနာပါတယ္ ငါမင္းကိုသေဘာမက်ဘူး။
ဟယ့္ေက်ာင္းသည္လည္း စိတ္ရႈပ္ေထြးလို႔ေနသည္ ၊ ၿပီးေတာ့ ဒီရႈပ္ေပြမႈႀကီးထဲ သူကိုယ္တိုင္ပါ ပါဝင္ပတ္သက္ေနျခင္းေပ။
ဒီအေျခအေနသို႔ပင္ေရာက္လာခဲ့ၿပီျဖစ္ရာ အခ်င္းခ်င္းအ႐ူးကြက္နင္းေနလို႔လည္း မျဖစ္ႏိုင္ေတာ့။
ရွဲ႕ယြီ၏အေတြးတို႔ကေတာ့ ႐ိုးရွင္းလြန္းလွပါသည္ ၊ ကိစၥရွိရင္ေျပာ ၊ ဘယ္လိုစဥ္းစားထားလဲ ၊ ဘာလုပ္ခ်င္သလဲ။
အေဆာင္အခန္းအေပါက္ဝသို႔ ေရာက္လာခဲ့၏ ၊ ဟယ့္ေက်ာင္းေခါင္းထဲတြင္ေတာ့ မီး႐ွဴးမီးပန္းေတြအဆက္မျပတ္ေပါက္ထြက္လ်က္ရွိေနသည္မွာ ယခုနကယြမ္(၃၀)ကိုပင္မေရတြက္တတ္ေတာ့သည့္ အေနအထားႏွင့္တစ္ပံုစံတည္းပင္ ၊ သူအသိျပန္ဝင္လာခဲ့ခ်ိန္တြင္ေတာ့ သူသည္တံခါးကိုဆြဲဖြင့္ၿပီးျဖစ္ၿပီး အထဲသို႔ဝင္ကာ ထို႔ေနာက္မွာေတာ့ အေဆာင္ခန္းတံခါးအားဆြဲပိတ္လိုက္ပါသည္။
ရွဲ႕ယြီမွာ ထိုအ႐ူးေကာင္ရဲ႕အေဆာင္ခန္းအတြင္းဝင္ေရာက္သြားပံုအဆင့္ဆင့္အား ၾကည့္ေနမိရင္း. .
". . . . . ."
ဒီလူ႔ဦးေႏွာက္က တစ္စံုတစ္ရာမ်ားခ်ိဳ႕ယြင္းေနတာလား?
ရွဲ႕ယြီသည္ ေလွ်ာက္လို႔သြားလိုက္ၿပီး တံခါးေခါက္ဖို႔ဆံုးျဖတ္လိုက္သည္။ တံခါးေခါက္တဲ့စီပင္မေရာက္လိုက္ပါ တံခါးကတဖန္ပြင့္လို႔လာခဲ့၏။
ဟယ့္ေက်ာင္းကား အေပါက္ဝ၌ရပ္လ်က္ရွိသည္။
"ငါ. . . . . ."
ရွဲ႕ယြီသည္ ျဖတ္ေျပာလိုက္ပါ၏။
"မင္းမူးေနတာလား?"
"မမူးပါဘူး. ."
ဟယ့္ေက်ာင္းသည္ အနည္းငယ္ေၾကာင္အသြားခဲ့ၿပီးကာမွ သူေျပာတဲ့အဓိပၸာယ္ကဘာကိုဆိုလိုခ်င္သည္ကို ခ်က္ခ်င္းပဲနားလည္လိုက္ကာ ေခတၱမွ်နႈတ္ဆိတ္ေနခဲ့ၿပီး တန္ျပန္ေမးလိုက္ပါသည္။
"ဒါဆိုမင္းမ်ား. . . . . . မူးေနတာလား?"
ရွဲ႕ယြီကဆိုသည္။
"ေသာက္႐ူး ၊ မင္းကဘယ္လိုထင္လဲ။"
မမူးပါေပ။
မူးေနလို႔ ျပဳမူေနမိတာမ်ိဳး မဟုတ္ရပါ။
႐ုတ္တရက္ျဖစ္ေပၚေသာဆႏၵလည္း မဟုတ္ရပါ။
"အေစာကေတာ့ ေက်ာင္းေကာဆို ၊ ဘယ္လိုျဖစ္လို႔အ႐ူးေကာင္ျပန္ျဖစ္သြားရတာလဲ။"
"မင္းက အ႐ူးေကာင္ပဲကို။"
". . . . . ."
ေကာ္ရစ္တာထက္၌ luggageကဘီးလံုးလွိမ့္သံႏွင့္အတူ လူသံုး/ေလးေယာက္ခန္႔က ဆူဆူညံညံျဖင့္ အေပၚထပ္မွဆင္းလို႔လာၾကသည္။
ႏွစ္ဦးသားမွာ အလြန္ကေလးဆန္လွစြာျဖင့္ "မင္းသာအ႐ူး" ဟုတစ္ေယာက္တစ္ျပန္ဆိုေနခဲ့ၾကၿပီး ထို႔ေနာက္မွာေတာ့ ရွဲ႕ယြီသည္ထိုဆူညံလ်က္ရွိသည့္ၾကား တိုးတိတ္စြာေျပာလိုက္ပါသည္။
"ဟယ့္ေက်ာင္း ၊ မင္းအရင္ငါ့ကိုရန္စတာေနာ္။"
မင္းအရင္ငါ့ကိုရန္စတာ။
အသံေပါင္းမ်ားစြာက သူ႔ဘဝထဲခ်င္းနင္းဝင္ေရာက္လို႔လာ၏။
မရမကကိုပဲ သူ႔ရဲ႕ခုခံကာကြယ္စြမ္းတို႔ကို ခ်ိဳးေဖာက္လို႔ပစ္သည္။
ရွဲ႕ယြီမွာ ေျပာၿပီးရံုပင္ရွိေသးသည္ ဟယ့္ေက်ာင္းထံမွ လက္ေကာက္ဝတ္ကိုဖမ္းဆုပ္၍ အေဆာင္ခန္းအတြင္ဆြဲသြင္းျခင္းကိုခံလိုက္ရသည္။ ရွဲ႕ယြီ၏ေက်ာျပင္မွာတံခါးရြက္ႏွင့္ေဆာင့္မိ၍ အနည္းငယ္ပင္နာလို႔သြားရ၏။
"Fuck ၊ မင္းဘာအ႐ူးထတာလဲ?"
ႏွစ္ဦးသားမွာ အလြန္ပင္နီးနီးကပ္ကပ္ရွိေနၾကသည္ ၊ ဟယ့္ေက်ာင္းလက္မွာ ရွဲ႕ယြီနားေဘး၌ရွိၿပီး တံခါးရြက္ကိုေထာက္လို႔ထားထားသည္ ၊ သူဘယ္လိုမွ မေအာင့္အည္းထားႏိုင္ေတာ့ပါ ၊ ဖြင့္ေျပာလို႔ျပီးသည့္ေနာက္ အေသ႐ိုက္သတ္ခံရမည္ဆိုလွ်င္ေတာင္မွ ဆႏၵရွိပါ၏။
"ငါ. . . . . . ဘယ္သူ႔ကိုမွသေဘာမက်ခဲ့ဖူးဘူး။"
"ငါ့ေရွ႕ကဒီ ရွဲ႕ယြီလို႔ေခၚတဲ့ကေလးေလးက ပထမဦးဆံုးပဲ။"
ဟယ့္ေက်ာင္းမွာ ဘယ္လိုေျပာလို႔ေျပာရမည္မသိ ၊ သူ႔၌ဖြင့္ေျပာဖူးသည့္အေတြ႕အၾကံဳတို႔ရွိမေနခဲ့ပါ ၊ ရွိန္က်ယ္ေျပာသလိုေျပာရမည္ဆို EQ၌ခ်ိဳ႕ယြင္းေနသည္ဟုသာဆိုရေတာ့မည္ ၊ ခဏမွ်တည္ၿငိမ္ေအာင္ေနၿပီးေနာက္ ဆက္လို႔ဆိုလိုက္ပါသည္။
"ကေလးေလးက စိတ္တအားဆတ္ျပီး လြယ္လြယ္လူကို႐ိုက္တတ္ေပမယ့္လို႔ ငါကေတာ့သူ႔ကို အရမ္းပဲသေဘာက်မိေနတုန္းပဲ။"
". . . . . ."
"အတည္သေဘာက်ျခင္းမ်ိဳး ၊ သူ႔ကိုျမင္တာနဲ႔ ေပ်ာ္ရြင္လာမိၿပီး သူနဲ႔ခ်စ္သူေတြျဖစ္ခ်င္မိတဲ့အထိ ၊ ေသမတတ္ကိုသေဘာက်ရပါတယ္။"
ဟယ့္ေက်ာင္းသည္ ေျပာၿပီးေနာက္ ဆက္လက္ေမးလိုက္၏။
"ေဒါသထြက္လြယ္တဲ့ကေလးေလး ၾကားပါရဲ႕လား?"
ေဒါသထြက္လြယ္ပါသည့္ ကေလးေလးမွာဆို ယခုအလြန္မွကို လူ႐ိုက္ခ်င္ေနပါသည္။
ဒီလိုစကားမ်ိဳးေျပာတဲ့သူရွိတယ္ေပါ့။
ေနရာမွာတင္ အထိုးခံခ်င္တာလား?
"ငါလည္း ဘယ္သူ႔ကိုမွသေဘာမက်ခဲ့ဖူးဘူး။"
ရွဲ႕ယြီသည္ ထိုးပစ္ခ်င္ေနသည့္စိတ္ကိုထိန္း၍ ေျပာလိုက္ပါသည္။
"ေရွ႕က ဟယ့္ေက်ာင္းလို႔ေခၚတဲ့ ခ်ီးထုပ္အ႐ူးေကာင္က ပထမဦးဆံုးပဲ။"
____________
Finally!!!! ဖြင့္ေျပာၾကပါၿပီ🥳 ဖြင့္ေျပာၾကပံုေလးက တအားပဲအသည္းယားဖို႔ေကာင္း🥰
UNICODE
အခန်း(၅၀)
မင်းအရင်ငါ့ကိုရန်စတာနော်
ရှဲ့ယွီသည် မျက်ဝန်းတို့အားမဖွင့်ဘဲ မှိတ်လို့သာထားမိသည်။
မျက်စိရှေ့တစ်ဝိုက်မှောင်မိုက်နေခြင်းက တခြားအာရုံခံနိုင်စွမ်းတို့အား ပိုလို့စူးရှနေစေသည်။
ဥပမာအားဖြင့် အသက်ရှူသံ ၊ ရင်ခုန်သံ ၊ ပြီးတော့နှစ်ဦးသား၏ ယှက်နွယ်ထားမိကြသည့်လက်ချောင်းတွေ။
ရှဲ့ယွီမှာ ကိုယ်တိုင်ကားအတော်လေးတည်ငြိမ်နေသည်ဟုသာခံစားမိသည် ၊ အရင်ကဆိုဤကဲ့သို့ အမျိုးအမည်မကွဲပြားသည့်ခံစားချက်တွေ မဖြစ်ပေါ်စဖူး ၊ လူကိုလည်းမရိုက်ချင်ပါ ၊ ဟယ့်ကျောင်း၏ သောက်ရေးမပါတဲ့အသက်ကို ယာယီတော့လွှတ်ထားပေးလိုက်ပါဦးမည်။
ထိုသို့ ဘာမှန်းမသိအကြောင်းအရင်းရှာမတွေ့နေဘဲ မချင့်မရဲဖြစ်နေသည့်စိတ်က ထွက်ပေါက်တွေ့သွားခဲ့ပုံရသည်--- --- တစ်စုံတစ်ရာသောအဖြေက ဘွားခနဲထွက်ပေါ်လာခဲ့ပါတော့သည်။
အကြိမ်အရေအတွက်မနည်း ထိုအဖြေအားညွှန်ပြခဲ့ပြီးလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ကားအတွင်း၌တိတ်ဆိတ်လို့သာနေသည် ၊ ရှေ့ဘက်ထိုင်ခုံရှိဝမ့်သာထံမှ ယောင်ပြီးထွက်လာတတ်သည့်စကားသံတိုးတိုးတို့နှင့် ပြတင်းပေါက်အပြင်ဘက်စီက ကားဖြတ်မောင်းသွားသံ ၊ ဟွန်းသံတို့သာလျှင်ရှိလေသည်။
ညနေစောင်းလုနီးရှိပြီဖြစ်ရာ ကောင်းကင်အရောင်မှာဆို မှိန်ဖျော့လို့နေ၏ ၊ ကားကဥမင်လိုဏ်ခေါင်းထဲသို့အဝင်မှာတော့ ဝမ့်သာသည် ပါးစပ်ကနေတပြွတ်ပြွတ်မြည်ကာ နိုးလာပြန်ပြီး ဇဝေဇဝါနှင့်လန့်ဖျန့်လို့နေဟန်ဖြင့် မေးလာသည်။
"ငါ့ရဲ့အလင်းရောင်ရော! မီးမောင်းထိုးတဲ့သူ?"
သီချင်းဆိုလိုက် ၊ ကလိုက်ဖြင့် အခုလည်းမီးမောင်းထိုးချင်နေပြန်၏ ၊ ကြည့်ရတာဒီကောင့်အတွင်းစိတ်ထဲ ကမ္ဘာကျော်idolဖြစ်ချင်တဲ့အိပ်မက်တွေရှိနေပုံရသည်။
ဝမ့်သာပြောအပြီး၌ ဟယ့်ကျောင်း၏လက်ကတောင့်ခနဲဖြစ်လို့သွားကြောင်း ရှဲ့ယွီခံစားမိသည် ၊ ကြည့်ရတာစိတ်လှုပ်ရှားနေပုံရ၏ ၊ အသံရှူသံတို့ပင်တိုးညင်းလို့။
ကံကောင်းထောက်မ၍ ဝမ့်သာမှာထိုနှစ်ကြောင်းလောက်သာပြောပြီး မျက်ဝန်းတို့ကပြန်လည်မှေးမှိတ်ကာ အိပ်စက်ခြင်းထဲတဖန်နစ်မြုပ်သွားခဲ့လေသည်။
ဟယ့်ကျောင်းသည် လက်ကိုလွှတ်လိုက်ရမည်လားဟု တွေဝေနေရင်းမှ လက်ချောင်းကလေးတွေကိုလှုပ်လိုက်မိသည်။
အတော်ကြာတွေဝေနေပြီးနောက် တုတ်တုတ်မျှမလှုပ်တော့ ၊ မလွှတ်ချင်ခဲ့ပါ။
မီးနီကျော်လွန်သွားချိန်မှာတော့ ကားကရှေ့ဆက်ရွေ့သည် ၊ ကျသင့်ငွေအတွက် တွက်မည့်မီတာအကွာအဝေးကလည်း ထိုအချိန်ကြကာမှ ဖြည်းဖြည်းချင်းပြန်လို့တက်လာလေသည်။
ဘယ်လောက်ကြာသွားသည်မသိ ဘေးဘက်ရှိမြင်ကွင်းတို့နှင့်က အကျွမ်းတဝင်ရှိလာနေပြီး ထို့နောက်မှာတော့ ထင်သည့်အတိုင်းအမှတ်(၂)အနီးရှိလမ်းသွယ်ထဲချိုးကွေ့ဝင်လာသည် ၊ လိယန်အမှတ်(၂)၏အထင်ကရအဆောက်အအုံဖြစ်သည့် အမြင့်ဆုံးသောစာသင်ဆောင်သည်ကား ခပ်လှမ်းလှမ်းတွင် ၊ ထိုအဆောက်အအုံထိပ်တွင်တော့ ကျောင်း၏ဆောင်ပုဒ်ကိုထွင်းလို့ထား၏။
"ဒီရှေ့နားလေးမလား. ."
ကားဆရာက ကွေ့ရင်းမှပြောလာသည်။
"ကျောင်းကအတော်လေးထည်ဝါသားပဲ ၊ မင်းတို့ကအထက်တန်းဘယ်နှစ်နှစ်ရောက်ကြပြီလဲ?"
"အထက်တန်းဒုတိယနှစ်ပါ။"
"ဒုတိယနှစ်ပေါ့ ၊ ငါ့သားကဒီနှစ်တတိယနှစ် ၊ မင်းတို့ထက်တစ်နှစ်ကြီးမှာပေါ့. . . . . . အခုခေတ်ကျောင်းသားတွေများ တအားကိုပင်ပန်းကြရတာ ၊ ညတိုင်းအိမ်စာတွေလုပ်ရတာ သန်းခေါင်ချိန်အထိပဲ ၊ ငါပြောချင်တာကတော့ စာလေ့လာဖို့ကအရေးကြီးတာဟုတ်ပေမယ့် ကျန်းမာရေးကိုလည်းဂရုစိုက်ရမှာပဲလေ။"
ရှဲ့ယွီသည် အိပ်ချင်ယောင်ဆောင်နေခြင်းအား အတော်လေးကိုပင်ပန်းလာခဲ့၏ ၊ အထူးသဖြင့်လည်ပင်း ၊ ထိုင်ခုံနောက်မှီကိုစောင်းစောင်းကြီးမှီလို့ထားရသည်။
ဟယ့်ကျောင်းသည် ပြန်လို့ပြောလိုက်၏ ၊ ကျောင်းကိုလည်းရောက်တော့မှာမို့ တစ်စုံတစ်ယောက်သောကလေးလေး သတိမထားမိခင် ခိုးကြောင်ခိုးဝှက်လက်ပြန်ရုပ်ကာ လက်ကိုလွှတ်ဖို့ပြင်သည်။
"ဟုတ်တယ် အတော်လေးပင်ပန်းတာ ၊ ဦးလေးရဲ့သား တက္ကသိုလ်ဝင်စာမေးပွဲကို ကောင်းကောင်းဖြေဆိုနိုင်ပါစေလို့ ဆုတောင်း. . . . . ."
ထို့အထိပြောလာခဲ့ပြီးနောက်၌ ရုတ်ခြည်းကောက်ကာငင်ကာရပ်တန့်လို့သွားပါ၏။
အကြောင်းအရင်းသည်ကား ဟယ့်ကျောင်းမှာစကားပင်မဆုံးသေး ၊ လက်ကိုလည်းနည်းနည်းလေးသာဖြေလျော့ရရုံရှိသေးသည် ရှဲ့ယွီ၏နဂိုကတည်းကမလှုပ်မယှက်ရှိနေပြီး အားမရှိသလိုလျော့ရဲနေခဲ့ပါသည့်လက်ချောင်းတို့က ရုတ်တရက်ဆိုသလိုတင်းကျပ်လာခဲ့ခြင်းကြောင့်ပေ ၊ လက်ချောင်းတို့သည်ကား သူ့လက်ဖမိုးထက်ထိကပ်လာခဲ့ပြီး သူ့လက်အားတစ်ပြန်ဆုပ်ကိုင်လို့လာတော့သည်။
". . . . . ."
ဟယ့်ကျောင်းတစ်ယောက် ယခုတစ်ခေါက်တွင်တော့ တကယ်ကြီးကိုမထိန်းချုပ်ထားနိုင်တော့ချေ။
ကားဆရာမှာတော့ သူ့သားအကြောင်းဆက်လို့ပြောနေ၏။
"လူဆိုတအားကိုပိန်ကျသွားတာ ၊ ကြည့်ပြီးရင်တောင်နာရတယ်။ အားလုံးပဲ အထက်တန်းသုံးနှစ်လုံးကိုပင်ပန်းပေမယ့် တောင့်ခံလာကြရတာပါပဲ ၊ ဘယ်သူမှပြေးမလွတ်ဘူး မင်းပြောကြည့်စမ်း ဟုတ်တယ်မလား။ အောင်ပြီးတက္ကသိုလ်တက်နိုင်ပြီဆိုမှ စိတ်အေးရတာ ၊ ပင်ပန်းဆင်းရဲပေမယ့်လည်း တန်ပါတယ်. . . . . ."
ကားဆရာ၏ ထိုတောင်စဉ်ရေမရစကားတို့အား မည်သူမှနားထဲမဝင်ဘဲရှိကြလေသည်။
ကျန်သည့်မိနစ်အနည်းငယ်လုံးလုံး နှစ်ဦးသားမှာထိုအတိုင်းသာ လက်ဆယ်ချောင်းယှက်ဆုပ်ကိုင်ထားမိကြသည် ၊ ဘယ်သူကမှ စကားမဆိုသလို တစ်ဖက်လူကိုလည်းမကြည့်မိကြ။ ကားရပ်သွားချိန်မှာတော့ ကားဆရာမှာပိုက်ဆံယူဖို့စောင့်ရင်းစောင့်ရင်းဖြင့် အနောက်ရှိနှစ်ယောက်လုံးကမလှုပ်ကြဘဲရှိသည်ကိုတွေ့လိုက်ရချိန်မှာတော့. . .
"အမှတ်(၂)မဟုတ်ဘူးလား? အမှတ်(၂)ကိုရောက်ပြီလေ။"
ရှဲ့ယွီကတော့ အတော်လေးတည်ငြိမ်နေပါ၏ ၊ သူသည်ဟယ့်ကျောင်းအားကြည့်လိုက်ပြီး လက်ချောင်းတို့ကိုလှုပ်လိုက်သည်။ ထိုမှသာဟယ့်ကျောင်းတစ်ယောက် အသိပြန်ဝင်လာခဲ့လျက် ခေါင်းထဲမှနေ 'ဝုန်းခနဲ'တစ်ချက်မြည်လို့သွားကာ ထိတ်ထိတ်ပျာပျာဖြင့်ချက်ချင်းလက်ကိုလွှတ်လိုက်တော့သည်။
ရှဲ့ယွီမှာ ဟယ့်ကျောင်းတစ်ယောက်ကပျာကယာနဲ့ပိုက်ဆံထုတ်နေသည်ကို ကြည့်နေမိ၏ ၊ ပိုက်ဆံကိုပင်မရေတတ်တော့ဘဲ ကာခအတွက်ယွမ်(၃၀)ပေးရမည်အား ယွမ်(၂၀)သာလျှင်ထုတ်လို့ပေးသည်။
ကားဆရာမှာ ယွမ်(၂၀)ကိုယူလျက် အနည်းငယ်လည်းအကြံအိုက်လို့သွားသည်။
"မင်းရေရောရေတတ်ရဲ့လား?"
ရှဲ့ယွီသည် ထိုအထိကြည့်လာခဲ့ပြီးနောက်မှာတော့ အစကမလွတ်လပ်သလိုရှိသည့်ခံစားချက်တို့မှာ အကုန်လွင့်ပါးသွားခဲ့လေပြီး မထိန်းထားနိုင်တော့ဘဲ တစ်ချက်မျှဆဲရေးလိုက်မိတော့သည်။
"စောက်ရူး။"
"သုံးဆယ်လား ၊ အာ သုံးဆယ်. ."
ဟယ့်ကျောင်းမှာ အတော်ကြာလှန်လှောပြီးကာမှ ယွမ်(၁၀)တန်တစ်ရွက်ကထွက်လာခဲ့သည်။
"တောင်းပန်ပါတယ် ၊ နားကြားလွဲသွားလို့ပါ။"
ရှဲ့ယွီသည် ရှေ့ထိုင်ခုံရှိရာပတ်လျှောက်သွားလိုက်ပြီး ငုံ့၍ဝမ်းသာပါးအားပုတ်ကာ ဝမ့်သာအားတွဲ၍ကားထဲမှထုတ်လိုက်၏။
ဝမ့်သာမှာ ဝါဂွမ်းပေါ်ခြေနင်းထားရသလိုနှင့် ခေါင်းကလည်းချာချာလည်နေကာ မေးလိုက်ပါသည်။
"အာ? ငါစင်ပေါ်တက်ရတော့မှာလား?"
"ဟုတ်တယ် စူပါစတား. ."
ရှဲ့ယွီကဆိုသည်။
"မင်းစင်ပေါ်တက်ရတော့မှာ။"
ဝမ့်သာမှာ အလွန်ပင်ပျော်ရွှင်သွားခဲ့ပြီး လမ်းဘေးရှိမီးမထွန်းသေးသည့် လမ်းမီးတိုင်တို့အားကြည့်ကာ မိမိကိုယ်ကိုယ်စင်အလယ်ခေါင်၌ရပ်နေသလိုခံစားမိရသည်။
"မင်းတို့ ဘာသီချင်းနားထောင်ချင်လဲ?"
ရှဲ့ယွီသည် သူ့အားအင်္ကျီကော်လာကနေကိုင်ကာ ကျောင်းအတွင်းဆွဲခေါ်သွားလိုက်ပါသည်။
"နိုင်ငံတော်ကို သစ္စာစောင့်သိမယ်ဆိုရင်ရော?"
ဝမ့်သာတစ်ယောက် ချက်ချင်းပဲငြိမ်ကျလို့သွား၏။
နိုင်ငံတော်ကို သစ္စာစောင့်သိမယ်ဆိုသည်အား ဌာနမှူးကျန်းက မနက်ခင်းနှိုးစက်အဖြစ်သတ်မှတ်လိုက်ချိန်မှစ အဆောင်နေကျောင်းသားတစ်ယောက်မကျန်၏ စိတ်ထဲမပျောက်မပျက်အရိပ်မည်းကြီးအဖြစ် စွဲထင်နေတော့သည်။
ဟယ့်ကျောင်းသည် ကားခပေးပြီးနောက် သွားရောက်ကူလိုက်ပါသည် ၊ နှစ်ဦးသားမှာ ဝမ့်သာအား ဘယ်တစ်ဖက်ညာတစ်ဖက်မှတွဲလာလိုက်ကြသည် ၊ အကြိမ်ရေပေါင်းများစွာ ဘာကိုပြောချင်ခဲ့သည်မသိ ၊ စကားတို့ကနှုတ်ခမ်းဝရောက်လာပြီးမှ ဘာပြောပြောမသင့်လျော်ဟုလည်းသိရှိမိပြန်သည်။
ထို့အပြင်ကို ဝမ့်သာ၏ရံဖန်ရံခါထထယစ်ခြင်းကိုလည်း သည်းခံနေရသေးသည် ၊ ဥပမာအားဖြင့် လှေကားပေါ်တက်နေခိုက်မှာပင် ရုတ်တရက်ကြီးအော်ချလာ၏။
"စင်အောက်ကသူငယ်ချင်းတို့ ၊ မင်းတို့လက်တွေကိုမြှောက်ပြပါဦး။"
လက်မြှောက်ယမ်းပြသည်ကိုမမြင်မခြင်း လှေကားဝ၌ရပ်နေပြီး ဆက်မသွားတော့ချေ။
"ဒါကလှေကား စင်အောက်မဟုတ်ဘူး ၊ မင်းက ဒီလောက်စိတ်ရှုပ်စရာကောင်းမှန်း ငါအရင်ကဘာလို့များမသိခဲ့ပါလိမ့်. ."
ဟယ့်ကျောင်းမှာ တကယ်ကိုစိတ်မရှည်တော့။
"လက်ပါချင်အောင် ငါ့လာမဆွစမ်းနဲ့။"
ဝမ့်သာမှာလှေကားလက်ရန်းကိုဖက်တွယ်ကာ သူ့၏အိုင်ဒေါဂုဏ်သိက္ခာကိုဆက်လက်ထိန်းသိမ်းလို့ထားသည်။
ရှဲ့ယွီကတော့ ထိုကိစ္စသူနှင့်မဆိုင်သလိုပင် လှေကားပေါ်ထိုင်ကာ ပွဲသာကြည့်နေမိ၏။
နောက်ဆုံးမှာတော့ သူသည် ဟယ့်ကျောင်း၏နောက်သို့ခြေလှမ်းအနည်းငယ်ဆုပ်ကာ နှစ်ချက်သုံးချက်ခန့်လက်ဝှေ့ယမ်းပြပြီး ဝမ့်သာရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးလိုက်ပုံအား ကြည့်နေလိုက်ပါသည်။
ဝမ့်သာသည်လည်း ပျော်ရွှင်ကြည်နူးစွာဖြင့် ပြန်လည်လက်ယမ်းပြသည်။
"ငါ့ရဲ့ပရိသတ်သူငယ်ချင်း။"
ရှဲ့ယွီသည် လက်တစ်ဖက်ဖြင့်မျက်နှာကိုကွယ်ကာ ခေါင်းငုံ့ရယ်လိုက်မိပါတော့သည်။
"ဒါကမင်းပြောတဲ့ လက်ပါတာလား?"
"မင်းကရယ်တယ်ပေါ့လေ။"
ဟယ့်ကျောင်းက ထပ်ကာပြောသည်။
". . . . . . သူများတွေကိုလျှောက်မပြောနဲ့ဦး ၊ ငါလည်းအသရေတော့ဆည်ရမှာပဲ။"
မနက်ဖြန်ဆိုအတန်းပြန်တက်ရတော့မည်မို့ အားလုံးမှာနေ့လည်ပိုင်းလောက်မှစ နည်းနည်းချင်းကျောင်းသို့ပြန်ရောက်လာကြသည် ၊ ဝမ့်သာအဆောင်ခန်း၌လည်း လူစုံနေကြပြီး ထို 'စူပါစတား'ကြီးကိုပြန်ပို့ချိန်၌ ရှဲ့ယွီသည်တံခါးပေါက်ဝကိုမှီထားရင်း ဆိုလိုက်သည်။
"ဂရုစိုက်။"
အခန်းဖော်နှစ်ယောက်မှာဆို ဂရုစိုက်ဆိုသည်အား အဓိပ္ပာယ်ဘယ်နှစ်မျိုးလောက်ထိပါဝင်နေမှန်းမသိကြ ၊ ဝမ့်သာတစ်ယောက်ကုတင်ပေါ်မှထကလာချိန်အထိပင်။
"လခွမ်း ၊ သူ ဒါကဘယ်လောက်တောင်သောက်လာရတာတုန်း။"
"ဟို ကူပြီးဂရုစိုက်ပေးလိုက်ကြဦး. ."
ဟယ့်ကျောင်းကဆိုသည်။
"သည်းမခံနိုင်တော့ရင်တော့ တုတ်တစ်ချောင်းနဲ့သတိလစ်သွားအောင်သာ ရိုက်ထည့်လိုက်။"
ဝမ့်သာအဆောင်ခန်းမှထွက်လာခဲ့ပြီး နှစ်ဦးသားသည် တတိယထပ်သို့တက်လာခဲ့ကြသည်။
မကြာသေးခင်က လူကိုအသက်ရှူမဖြောင့်ဖြစ်စေခဲ့သည့် လေထုကတဖန်လွှမ်းခြုံလို့လာပြန်ပါသည်။
ရှဲ့ယွီရုတ်တရက်သတိရလို့သွားခဲ့၏ ၊ ခန့်မှန်းခြေအလယ်တန်းဒုတိယနှစ်လောက်က ကျိုးသာ့လေတစ်ယောက် သူ့crushကိုလိုက်တုန်းကအချိန် ၊ ထိုကောင်မလေးက အနုပညာပါရမီရှိတဲ့သူမျိုးကိုသဘောကျသည်ဟု ကြားသိချိန်မှာတော့ ကျိုးသာ့လေသည်ဂစ်တာတီးသင်ကာ ကိုယ်တိုင်ပင်သီချင်းရေးလိုက်သေးသည် ၊ နေ့တိုင်းဂစ်တာအစုတ်ကိုပိုက်လျက် လမ်းကြားထဲ၌သီချင်းဆိုနေတတ်သည်။
"Oh Baby~ မင်းဆိုတာဆူးတွေပါတဲ့နှင်းဆီ. . . . . ."
ထိုသို့လေ့ကျင့်နေစဉ်တိုင်း အမြဲလိုလိုဟေးရွှေလမ်းကလူတွေထံမှ ပစ်ပေါက်လာသည့်လက်ဆောင်လေးများကိုလက်ခံရရှိသည် --- --- ခွက်တွေပလုံးတွေယောက်ချိုတွေအပြင်ကို အုတ်ခဲတွေနှင့်ပါပစ်ပေါက်လာကြသည်။
သာ့မေတစ်ယောက်သာလျှင် အားပေးလာတတ်သည်။
"အစ်ကို ၊ တကယ်တော့သိပ်ပြီးမဆိုးလှပါဘူး ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိစမ်းပါ။"
"တကယ်လား ၊ တကယ်ကြီးမဆိုးဘူးလား?"
ကျိုးသာ့လေ၏ ဒဏ်ရာရထားသည့်နှလုံးသားလေးမှာ နှစ်သိမ့်ပေးမှုတို့များစွာလိုအပ်နေသဖြင့် အကြည့်တွေအားရှဲ့ယွီထံပို့မိခိုက် ရှဲ့ယွီသည်နားထဲထိုးထည့်ထားလေသည့် နားကြပ်အားဖြုတ်လိုက်ပြီး မညှာမတာမေးချပစ်လိုက်ပါသည်။
"ဆိုပြီးသွားပြီလား?"
ရှေ့ရှိ ရှဲ့ယွီ၏စာနာစိတ်မရှိဘဲ လူဒေါသထွက်စေမည့်ပြောဆိုပုံကြောင့် ကျိုးသာ့လေမှာဂစ်တာအားပိုက်လျက် စိတ်ဓာတ်ကျစွာဆိုလာခဲ့သည်။
"ရှဲ့Boss ၊ မင်းကချစ်မှမချစ်ဖူးဘဲ ၊ မင်းအချစ်အကြောင်းလုံးဝနားမလည်ဘူး။"
ရှဲ့ယွီသည်ကား စိတ်ခံစားချက်တို့နှင့်ဆိုင်သည့်အပေါ် အေးတိအေးစက်မျှသာရှိခဲ့သည်။
သို့ပေသည့် အချိန်ကြာမြင့်စွာ စိတ်ခံစားချက်တို့ကိုမဖော်ပြတာနဲ့ဘဲ နားမလည်ပါဆိုသည့်သဘောမသက်ရောက်ပါ။
အချိန်ဆွဲနေခြင်းမျိုးတွေကို သူသဘောမကျ ၊ ကိစ္စရှိလျှင်လည်း အရှုပ်အထွေးမဖြစ်ပေါ်အောင် ချက်ချင်းပဲပြောချဖြေရှင်းပစ်သူမျိုး။
အရင်ကဆိုလျှင် သူ့အားတိတ်တခိုးလေးသဘောကျနေပြီး ဖွင့်မပြောရဲသူတစ်ယောက်ရှိခဲ့ဖူးသည် ၊ သို့တိုင်ထိုသူ့အပြုအမူတို့ကြောင့် လူတွေရိပ်မိကုန်ကာ တကယ်ကြီးဘာလိုလိုဖြစ်နေသကဲ့သို့ထင်ကုန်ကြပြီး သာ့လေပင်ရောက်ချလှပြီး မျက်ရိပ်ပြလို့ဆိုသည်။
"ပြောသံကြားတာတော့ ဘယ်သူ ၊ အဲ့ဒါဘာတုန်း ၊ မင်းတို့ကတကယ်ပဲ. . . . . ."
ဒုတိယရက်၌ ရှဲ့ယွီသည်ချက်ချင်းပဲ လူကိုသွားလို့ရှာပြီး နှစ်ခွန်းသာလျှင်ပြောခဲ့လိုက်သည်။
-မင်းက ငါ့ကိုသဘောကျနေတာလား?
-အားနာပါတယ် ငါမင်းကိုသဘောမကျဘူး။
ဟယ့်ကျောင်းသည်လည်း စိတ်ရှုပ်ထွေးလို့နေသည် ၊ ပြီးတော့ ဒီရှုပ်ပွေမှုကြီးထဲ သူကိုယ်တိုင်ပါ ပါဝင်ပတ်သက်နေခြင်းပေ။
ဒီအခြေအနေသို့ပင်ရောက်လာခဲ့ပြီဖြစ်ရာ အချင်းချင်းအရူးကွက်နင်းနေလို့လည်း မဖြစ်နိုင်တော့။
ရှဲ့ယွီ၏အတွေးတို့ကတော့ ရိုးရှင်းလွန်းလှပါသည် ၊ ကိစ္စရှိရင်ပြော ၊ ဘယ်လိုစဉ်းစားထားလဲ ၊ ဘာလုပ်ချင်သလဲ။
အဆောင်အခန်းအပေါက်ဝသို့ ရောက်လာခဲ့၏ ၊ ဟယ့်ကျောင်းခေါင်းထဲတွင်တော့ မီးရှူးမီးပန်းတွေအဆက်မပြတ်ပေါက်ထွက်လျက်ရှိနေသည်မှာ ယခုနကယွမ်(၃၀)ကိုပင်မရေတွက်တတ်တော့သည့် အနေအထားနှင့်တစ်ပုံစံတည်းပင် ၊ သူအသိပြန်ဝင်လာခဲ့ချိန်တွင်တော့ သူသည်တံခါးကိုဆွဲဖွင့်ပြီးဖြစ်ပြီး အထဲသို့ဝင်ကာ ထို့နောက်မှာတော့ အဆောင်ခန်းတံခါးအားဆွဲပိတ်လိုက်ပါသည်။
ရှဲ့ယွီမှာ ထိုအရူးကောင်ရဲ့အဆောင်ခန်းအတွင်းဝင်ရောက်သွားပုံအဆင့်ဆင့်အား ကြည့်နေမိရင်း. .
". . . . . ."
ဒီလူ့ဦးနှောက်က တစ်စုံတစ်ရာများချို့ယွင်းနေတာလား?
ရှဲ့ယွီသည် လျှောက်လို့သွားလိုက်ပြီး တံခါးခေါက်ဖို့ဆုံးဖြတ်လိုက်သည်။ တံခါးခေါက်တဲ့စီပင်မရောက်လိုက်ပါ တံခါးကတဖန်ပွင့်လို့လာခဲ့၏။
ဟယ့်ကျောင်းကား အပေါက်ဝ၌ရပ်လျက်ရှိသည်။
"ငါ. . . . . ."
ရှဲ့ယွီသည် ဖြတ်ပြောလိုက်ပါ၏။
"မင်းမူးနေတာလား?"
"မမူးပါဘူး. ."
ဟယ့်ကျောင်းသည် အနည်းငယ်ကြောင်အသွားခဲ့ပြီးကာမှ သူပြောတဲ့အဓိပ္ပာယ်ကဘာကိုဆိုလိုချင်သည်ကို ချက်ချင်းပဲနားလည်လိုက်ကာ ခေတ္တမျှနှုတ်ဆိတ်နေခဲ့ပြီး တန်ပြန်မေးလိုက်ပါသည်။
"ဒါဆိုမင်းများ. . . . . . မူးနေတာလား?"
ရှဲ့ယွီကဆိုသည်။
"သောက်ရူး ၊ မင်းကဘယ်လိုထင်လဲ။"
မမူးပါပေ။
မူးနေလို့ ပြုမူနေမိတာမျိုး မဟုတ်ရပါ။
ရုတ်တရက်ဖြစ်ပေါ်သောဆန္ဒလည်း မဟုတ်ရပါ။
"အစောကတော့ ကျောင်းကောဆို ၊ ဘယ်လိုဖြစ်လို့အရူးကောင်ပြန်ဖြစ်သွားရတာလဲ။"
"မင်းက အရူးကောင်ပဲကို။"
". . . . . ."
ကော်ရစ်တာထက်၌ luggageကဘီးလုံးလှိမ့်သံနှင့်အတူ လူသုံး/လေးယောက်ခန့်က ဆူဆူညံညံဖြင့် အပေါ်ထပ်မှဆင်းလို့လာကြသည်။
နှစ်ဦးသားမှာ အလွန်ကလေးဆန်လှစွာဖြင့် "မင်းသာအရူး" ဟုတစ်ယောက်တစ်ပြန်ဆိုနေခဲ့ကြပြီး ထို့နောက်မှာတော့ ရှဲ့ယွီသည်ထိုဆူညံလျက်ရှိသည့်ကြား တိုးတိတ်စွာပြောလိုက်ပါသည်။
"ဟယ့်ကျောင်း ၊ မင်းအရင်ငါ့ကိုရန်စတာနော်။"
မင်းအရင်ငါ့ကိုရန်စတာ။
အသံပေါင်းများစွာက သူ့ဘဝထဲချင်းနင်းဝင်ရောက်လို့လာ၏။
မရမကကိုပဲ သူ့ရဲ့ခုခံကာကွယ်စွမ်းတို့ကို ချိုးဖောက်လို့ပစ်သည်။
ရှဲ့ယွီမှာ ပြောပြီးရုံပင်ရှိသေးသည် ဟယ့်ကျောင်းထံမှ လက်ကောက်ဝတ်ကိုဖမ်းဆုပ်၍ အဆောင်ခန်းအတွင်ဆွဲသွင်းခြင်းကိုခံလိုက်ရသည်။ ရှဲ့ယွီ၏ကျောပြင်မှာတံခါးရွက်နှင့်ဆောင့်မိ၍ အနည်းငယ်ပင်နာလို့သွားရ၏။
"Fuck ၊ မင်းဘာအရူးထတာလဲ?"
နှစ်ဦးသားမှာ အလွန်ပင်နီးနီးကပ်ကပ်ရှိနေကြသည် ၊ ဟယ့်ကျောင်းလက်မှာ ရှဲ့ယွီနားဘေး၌ရှိပြီး တံခါးရွက်ကိုထောက်လို့ထားထားသည် ၊ သူဘယ်လိုမှ မအောင့်အည်းထားနိုင်တော့ပါ ၊ ဖွင့်ပြောလို့ပြီးသည့်နောက် အသေရိုက်သတ်ခံရမည်ဆိုလျှင်တောင်မှ ဆန္ဒရှိပါ၏။
"ငါ. . . . . . ဘယ်သူ့ကိုမှသဘောမကျခဲ့ဖူးဘူး။"
"ငါ့ရှေ့ကဒီ ရှဲ့ယွီလို့ခေါ်တဲ့ကလေးလေးက ပထမဦးဆုံးပဲ။"
ဟယ့်ကျောင်းမှာ ဘယ်လိုပြောလို့ပြောရမည်မသိ ၊ သူ့၌ဖွင့်ပြောဖူးသည့်အတွေ့အကြုံတို့ရှိမနေခဲ့ပါ ၊ ရှိန်ကျယ်ပြောသလိုပြောရမည်ဆို EQ၌ချို့ယွင်းနေသည်ဟုသာဆိုရတော့မည် ၊ ခဏမျှတည်ငြိမ်အောင်နေပြီးနောက် ဆက်လို့ဆိုလိုက်ပါသည်။
"ကလေးလေးက စိတ်တအားဆတ်ပြီး လွယ်လွယ်လူကိုရိုက်တတ်ပေမယ့်လို့ ငါကတော့သူ့ကို အရမ်းပဲသဘောကျမိနေတုန်းပဲ။"
". . . . . ."
"အတည်သဘောကျခြင်းမျိုး ၊ သူ့ကိုမြင်တာနဲ့ ပျော်ရွင်လာမိပြီး သူနဲ့ချစ်သူတွေဖြစ်ချင်မိတဲ့အထိ ၊ သေမတတ်ကိုသဘောကျရပါတယ်။"
ဟယ့်ကျောင်းသည် ပြောပြီးနောက် ဆက်လက်မေးလိုက်၏။
"ဒေါသထွက်လွယ်တဲ့ကလေးလေး ကြားပါရဲ့လား?"
ဒေါသထွက်လွယ်ပါသည့် ကလေးလေးမှာဆို ယခုအလွန်မှကို လူရိုက်ချင်နေပါသည်။
ဒီလိုစကားမျိုးပြောတဲ့သူရှိတယ်ပေါ့။
နေရာမှာတင် အထိုးခံချင်တာလား?
"ငါလည်း ဘယ်သူ့ကိုမှသဘောမကျခဲ့ဖူးဘူး။"
ရှဲ့ယွီသည် ထိုးပစ်ချင်နေသည့်စိတ်ကိုထိန်း၍ ပြောလိုက်ပါသည်။
"ရှေ့က ဟယ့်ကျောင်းလို့ခေါ်တဲ့ ချီးထုပ်အရူးကောင်က ပထမဦးဆုံးပဲ။"
____________
Finally!!!! ဖွင့်ပြောကြပါပြီ🥳 ဖွင့်ပြောကြပုံလေးက တအားပဲအသည်းယားဖို့ကောင်း🥰