Unicode
သရုပ်ဆောင်ခြင်းလား? အစစ်အမှန်လား?
____________________________
ရေညှိပင်များကြောင့် စိမ်းလဲ့နေသည့် ကန်ရေပြင်သည် လေပြည်အေးကြောင့် လှိုင်းငယ်များကွပ်မြူးလျက်။
မဏိစက္ကသည် ရေကန်စပ်နားတွင်ထိုင်နေ၍ ရေကန်၏အဝေးတစ်နေရာသို့ အတွေးမဲ့စွာ၊ တိတ်ဆိတ်ငြိမ်သက်စွာ၊ ထိုင်းထိုင်းမှိုင်းမှိုင်းငေးကြည့်နေသည်။
ထိုရေကန်၏ဘေးမှ ကြက်သွေးရောင်ဝတ်ဆင်ထားသည့်သူတစ်ဦး ဖြတ်လျှောက်သွားသည်။
ရေကန်၏ဝန်းကျင်ကို ငေးကြည့်နေသော မဏိ၏အထီးကျန်ဆန်လှသည့်မြင်ကွင်းအား အနှီကြက်သွေးရောင်ဝတ်လူ သတိထားမိသွားသည်။
မဏိကိုမြင်သော် ကြက်သွေးရောင်ဝတ်လူ၏ အလျားရှည်၍သွယ်သော ဗာဒံစေ့သဏ္ဌာန်မျက်ဝန်းတို့ မီးပွားစများနှယ် လက်ခနဲဖြစ်သွား၏။ တစ်ဆက်တည်းမှာပင် ဆူးကြိုးများရစ်ပတ်ထားသော စူးနင့်နာကျင်မှုများ စိုက်ဝင်နေသည့် မျက်ဝန်းအသွင်ပြောင်းလဲသွားသည်။
အာနီ မျက်ဝန်းတို့ကို ပိတ်ဆို့ချလိုက်သည်။ မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ချိန်တွင် သူ၏အမူအရာသည် နူးညံ့သော၊ ဖြူစင်သောကြာပန်းလေးတစ်ပွင့်နှယ် အလုံးစုံပြောင်းလဲသွားလေသည်။
သူသည် မဏိဆီသို့ သိမ်မွေ့သောခြေလှမ်းများနှင့် လျှောက်လှမ်းသွား၏။
"အစ်ကို"
ကြည်လင်သောခေါ်သံကြောင့် မဏိ၏ကျောရိုး ဖြောင့်မတ်သွားသည်။ သူ ချက်ချင်းလှည့်ကြည့်၏။
"ဒေါဏ..."
"အစ်ကို ဒီမှာဘာလုပ်နေတာလဲ"
ဒေါဏက မဏိ၏ဘေးနားတွင် ထိုင်ချလိုက်သည်။
" ဘာရယ်မဟုတ်ပါဘူး...ထိုင်ရင်း ဟိုတွေးဒီတွေးပေါ့"
ဝတ်ကောင်းစားလှ ဝတ်ဆင်ကာ အလှအပခြယ်မှုန်းထားသည့်ဒေါဏကို မဏိအတန်ကြာငေးစိုက်ကြည့်သည်။ ဒေါဏသည် မဏိ၏အကြည့်ထဲ၌ အမြဲလိုလိုပါဝင်တတ်သော ချစ်ရိပ်အစတို့ကို လိုက်လံရှာဖွေကြည့်သည်။
" မင်း သဘင်ခန်းမက ပြန်လာတာလား"
" ဟုတ်တယ် အစ်ကို"
"ဒေါဏရဲ့ ဒဏ်ရာတွေကအလျဉ်းပျောက်သွားလို့လား...ပြန်က,နိုင်ပြီလား"
" မက,ပါဘူး...စောင်းတီးပေးရုံပါ"
" ဪ...အင်း...မကနိုင်သေးရင် မကနဲ့ဦး...ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့က အဓိကပဲ"
"ဟုတ်ကဲ့"
မဏိ ဆက်မပြောတော့။ အရှေ့ဘက်သို့ပြန်လှည့်သွားပြီး ကန်ရေပြင်ကိုသာ ဆက်လက်ငေးနေသည်။
ဒေါဏသည် အလွန်အမင်းတည်ငြိမ်နေသော မဏိ၏ပုံစံကိုကြည့်ရင်း စိတ်ထဲစိုးရိမ်လာသည်။ အရင်က မဏိသည်
သူ့အနားသို့ လိုက်ကပ်ရင်း ချစ်ခြင်းဖွဲ့ဋီကာများကို ခဏခဏပြောဆိုတတ်သူ။ ဒေါဏဘက်က ကြိုးရှည်ရှည်ဖြင့်လှန်ထားခဲ့ပြီး မရေရာသောအဖြေများပေးနေခဲ့သဖြင့် အရင်ကလောက် စိတ်,မရှိတော့လေသလား။
"အစ်ကို ဟီရကိုပြန်ရောက်တာတောင် ကျွန်ုပ်ကိုလာမတွေ့ဘူးနော်"
ဒေါဏ၏အသံမှာ သေးငယ်ပြီး အလွန်တရာဝမ်းနည်းနေသကဲ့သို့။
ဒေါဏကို မဏိ,သေချာပေါက်တွေ့ချင်ခဲ့ပါသည်။ ဟီရသို့ပြန်ရောက်ကတည်းက ပြေးတွေးချင်ခဲ့သူမှာ ဒေါဏတစ်ယောက်တည်းသာ။ သို့ပေမဲ့ သူသည် ဒေါဏကိုတွေ့ဖို့ အပြစ်မကင်းစင်သည့် သူတစ်ယောက်နှယ်ခံစားနေရသည်။ သူ့ညီတော်၏လက်ချက်ကြောင့် ဒေါဏ မတရားအစွပ်စွဲခံရပြီး အနှိပ်စက်ညှင်းပန်းခံခဲ့ရသည်။ သူကလည်း ဒေါဏကို ချစ်လှပါချည်ရဲ့ဟုဆိုကာ ဒေါဏကိုကယ်တင်ရန် ရှိရှိသမျှဉာဏ်စွမ်းဖြင့် မစဉ်းစားမဆောင်ရွက်ဘဲ လက်လွတ်စပယ်ပစ်ထားခဲ့သည်။ ကံကြမ္မာကြောင့်သာ၊ ညီတော်မင်းယောဇာ၏အကွက်ရွှေ့ခဲ့မှုကြောင့်သာ ဒေါဏ ပြန်လွတ်လာရခြင်းဖြစ်သည်။
ချစ်သည်ဟု တဖွဖွဆိုခဲ့သည့် သူက တကယ်တမ်းဒေါဏအတွက် ဘာမှမလုပ်ပေးခဲ့။ ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလိုက်ပါသလဲ။ သူဟာ ကိုယ်ချစ်သည့်သူကို မကာကွယ်နိုင်သည့် အရှုံးသမားတစ်ယောက်ပင်။
ဒေါဏအတွက် သူထိုက်တန်သေးရဲ့လား။ သူ့ကိုလက်ခံလိုက်ပါက ရရှိလာမည့်အကျိုးဆက်များကို ရင်ဆိုင်ရမည့် ဒေါဏကို ဆက်လက်ကာကွယ်ပေးရန် သူ့ထံတွင် အရည်အချင်းကော ရှိပါရဲ့လား။
သူ...
သူ ဤအပြစ်ရှိစိတ်ကိုရင်ဝယ်ပိုက်ပြီး ဒေါဏကိုသွားတွေ့ရန် မဝံ့ရဲခဲ့ပါချေ။
" အစ်ကို မအားသေးလို့ပါ......ပြီးတော့ အစ်ကို့စိတ်ထဲ အစ်ကို မင်းကိုခဏခဏလာတွေ့ရင် မင်းအနှောင့်အယှက်များ ဖြစ်နေမလားဆိုပြီး..."
" ဘာလို့ အစ်ကိုကအနှောင့်အယှက်ဖြစ်ရမှာလဲ..."
မဏိစကားမဆုံးခင်မှာပင် ဒေါဏက ပျာပျာသလဲဖြတ်ပြော၏။ သူ၏မျက်ဝန်းများ ဝိုင်းစက်နေပြီးအရည်ကြည်အချို့ဝဲနေသည်။
သူသည် မဏိကိုစူးစူးကြည့်နေခဲ့ပြီးမှ ခေါင်းကိုဖြည်းဖြည်းချင်းပြန်ငုံ့သွားသည်။
" အစ်ကိုလာတွေ့လို့ရပါတယ်..."
ဒေါဏသည် သူ့မျက်နှာကိုဖုံးထားသည့်ပဝါစကို အသာအယာဆွဲချွတ်လိုက်သည်။ ဖြူဖျော့သော မျက်နှာတွင် ပါးပြင်တို့ အတန်ငယ်နီမြန်းနေသည်။ မျက်နှာချေများကြောင့် ဖြစ်နိုင်သည်။
ဒေါဏသည် လေကြောင့်လှုပ်လဲ့နေသည့် အညိုလဲ့လဲ့ဆံနွယ်တို့ကို သပ်တင်လိုက်၏။ သူ၏လက်သူကြွယ်မှ ဖြူဖွေးလုံးဝန်းသည့် ပုလဲလက်စွပ်ကို မဏိသတိပြုမိသွားသည်။
မဏိမျက်နှာ လင်းလဲ့သွား၏။ သူဟာ တက်ကြွရွှင်ပျစွာ မဆိုဘဲမနေနိုင်တော့ချေ။
"ဒီပုလဲလက်စွပ်က အစ်ကို မင်းဆီပေးလိုက်တဲ့သဝဏ်လွှာနဲ့အတူ ပေးပို့လိုက်တဲ့လည်စွပ် ဟုတ်တယ်မလား"
" ဟုတ်ပါတယ်"
" မင်းဝတ်ဆင်ထားတာပဲ"
" ပုလဲက အရည်ကောင်းလွန်းလို့ ကျွန်ုပ်လို သာမန် ပန်တျာသည်နဲ့ လိုက်ဖက်ပါ့မလားလို့ စိုးရိမ်နေတာ....သိပ်လှလွန်းလို့ မဝတ်ဆင်ဘဲ အမြတ်တနိုးသိမ်းထားပြီး တစိမ့်စိမ့်ကို ကြည့်နေချင်တာ"
ပုလဲလက်စွပ်ကိုငေးရင်း ဒေါဏ၏နှုတ်ခမ်းတို့ ပြုံးနေသည်။
ဒေါဏဟာ ဖြူစင်ပြီးရိုးသားလွန်းသည်။
သူသည် ချစ်ရသူကို သေချာမကာကွယ်ပေးနိုင်ခဲ့သော စက်ဆုပ်စရာ အပြစ်သားဖြစ်နေသည့်တိုင် အတ္တကြီးစွာဖြင့် ဒေါဏကိုပိုင်ဆိုင်ချင်သေးသည်။
မည်သို့ပင်ဆိုစေကာမူ ဒေါဏအပေါ်ထားရှိသော သူ၏ချစ်ခြင်းမေတ္တာဟာ ယခင်အတိုင်းမပျောက်မပျက်၊ မလျော့မတင်း၊ အစဉ်အမြဲသာဖြစ်ပေလိမ့်မည်။ မကာကွယ်ပေးနိုင်ခဲ့သော အတိတ်ကို နောင်တအဖြစ်သိမ်းကာ ရှေ့ဆက်သောအနာဂတ်တွင် ရှိရှိသမျှသောခွန်အားတို့ဖြင့် ကာကွယ်ပေးမည်။
"ဟားဟား...ဒီလက်စွပ်က သူ့သခင်လောက်မလှပါဘူး"
မဏိစကားကြောင့် ဒေါဏခေါင်းငုံ့ကျသွားသည်။
သူ၏ဒေါဏပန်းကလေးက အလွန်အမင်းရှက်တတ်သေးသည်။
" ကျွန်ုပ် အစ်ကို့ကိုသတိရနေခဲ့တာ...ဒါကြောင့် ဒီလက်စွပ်ကို ဝတ်ဆင်ဖြစ်ခဲ့တယ်"
ဒေါဏ၏အသံဟာ တိုးဖွပြီးမဝံ့မရဲဆန်နေသည်။
" အစ်ကို့ကို သတိရတယ်ဆိုတဲ့မင်းက သဝဏ်လွှာကိုတော့ စာမပြန်ခဲ့ဘူးပဲ"
" ကျွန်ုပ် ဝေခွဲမရဖြစ်နေခဲ့လို့ပါ...အစ်ကို
ဒါပေမဲ့ အခုတော့ ကျွန်ုပ်ဆုံးဖြတ်ချက်တစ်ခုကို သေချာချမှတ်လိုက်ချင်ပြီ"
နောက်ဆုံးစကားတစ်ခွန်းသည် ပို၍ပို၍တောင် တိုးဝင်သွား၏။
ဒေါဏ၏နားရွက်ဖျားတို့ ရဲတွတ်လာသည်။ သူသည် မဏိကိုမကြည့်ဘဲ ခေါင်းကိုသာငုံ့ချထားသည်။
" ဒေါဏ..."
မဏိသည် မယုံကြည်နိုင်စွာဖြင့် ခေါ်၏။ သူ၏မျက်ဝန်းများ လင်းလဲ့လာသည့်တိုင် သူဟာ ဤကိစ္စအပေါ်မယုံတစ်ဝက်ဖြစ်နေသည်။
" ဧကန္တ....မင်း..."
ဒေါဏ၏လက်ချောင်းများသည် သူ၏ပဝါစကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက်သား။ ဒေါဏ အသံတစ်စက်လေးတောင် မထွက်တော့ပါချေ။
" မင်း အစ်ကို့ကိုလက်ခံပြီပေါ့..."
မဏိအသံတို့ အဆုံးသတ်၌ တုန်ခါအက်ကွဲသွားသည်။
ဒေါဏသည် ကိုယ်လေးကိုသေးသွားအောင် ကျုံ့ယုံ့လိုက်ရင်း မဝံ့မရဲခေါင်းညိတ်ပြသည်။
မဏိ၏နှုတ်ခမ်းစွန်းတို့ ပြုံးသွားပြီး ပျော်ရွှင်မှုကြောင့် အစွမ်းကုန်ရွှန်းပသွား၏။
သူသည် ဒေါဏအနားသို့ ပိုတိုးကပ်သွားပြီး ဒေါဏဖြစ်ပျက်နေမည့်မျက်နှာအမူအရာကို သိချင်လှသဖြင့် လိုက်ကြည့်သည်။ ဒေါဏက ရှက်ရွံနေသည်ထင့်။ ခေါင်းကိုအတင်းငုံ့ပြီး သူ၏မျက်နှာကိုအတင်းဖုံးကွယ်နေသည်။
မဏိမှ အတင်းလိုက်ကြည့်သောအခါ ဒေါဏက မဏိမရှိသည့်ဘက်သို့ ခေါင်းလှည့်သွားသည်။ မဏိတွေ့ရသည်မှာ ဒေါဏ၏နီရဲနေသောနားရွက်ဖျားလေးသာ။
" ဒေါဏ...ဒီဘက်လှည့်ကြည့်ပါဦး"
မဏိ ဇွဲမလျှော့ဘဲ အတင်းလိုက်ကြည့်နေသောအခါ ဒေါဏသည်
" အစ်ကို အဲ့လိုမလုပ်ပါနဲ့...ကျွန်ုပ်မျက်နှာပူလာပြီ"
ဟု တုန်ရီနေသောအသံဖြင့် ဆိုရှာ၏။
မဏိ သဘောကျနှစ်ခြိုက်စွာပြုံးရယ်လိုက်ရာ ရယ်သံသဲ့သဲ့ပင်ထွက်သွားသည်။
" ဒေါဏ...မင်း အစ်ကို့ကိုသနားသောအားဖြင့် မင်းရဲ့နှုတ်ကနေ မဖွင့်ပြောနိုင်ဘူးလား...တစ်ခွန်းလောက်ပါပဲ"
ဒေါဏ နှုတ်ဆိတ်နေသည်။ ခဏနေသော်
" အစ်ကို့ရဲ့ စစ်ထွက်ခရီးစဉ်က အဆင်ပြေခဲ့ရဲ့လားဟင်"
ဟု မဆီဆိုင်သည့် စကားတစ်ခွန်းကိုပြော၏။ ထို့နောက် ဒေါဏက မဏိဘက်ကို မသိမသာလေးခိုးကြည့်သည်။
မသိမသာလေးခိုးကြည့်သော်လည်း မဏိမြင်သည်။
ဒေါဏကို အူယားလွန်း၍ မဏိပြုံးမိ၏။
" စကားလမ်းကြောင်းလွှဲတယ်ပေါ့"
ဒေါဏကိုယ်လေး တစ်ချက်တုန်သွားသည်။ သူဟာ သေးငယ်တိုးညှင်းလှသောအသံလေးဖြင့်
" မလွှဲပါဘူး "
ဟုထပ်မံလိမ်ညာသည်။
မဏိသိသည်။ ဒေါဏဆိုသောအကောင်ငယ်လေးဟာ
အဖြေစကားကို နှုတ်ကဆိုဖို့အတွက် ရှက်လွန်းနေသည်။ သူသည် မဖြစ်ဖြစ်သောနည်းလမ်းဖြင့် စကားလမ်းကြောင်းလွှဲရန် ကြိုးစားနေလေပြီ။ သို့သော်လည်း ဒေါဏကို နေရမခက်စေချင်သည့်အတွက် အလိုက်သင့်စကားပြန်ပြောရန်သာ မဏိစဉ်းစားလိုက်သည်။
"အစ်ကိုထွက်သွားတုန်းက ကျွန်ုပ် အစ်ကို့ကို စိုးရိမ်နေခဲ့တာပါ...စစ်ပွဲဆိုတာ သိတဲ့အတိုင်း ရက်စက်ကြမ်းကြုတ်ပြီး ခန့်မှန်းမရနိုင်တဲ့နေရာတစ်ခု ဆိုတော့လေ"
"စစ်ပွဲဆိုတာထက် တရားမဝင်ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းကို သွားဖြိုဖျက်ခဲ့တာပိုများတယ်...အဲ့လမ်းကြောင်းက အစောင့်တွေက စစ်သည်တွေလောက် တိုက်ခိုက်ရည်မကြွယ်ဘူး"
" ဟုတ်လား"
မဏိဘက်သို့ ဒေါဏ လှည့်ကြည့်လာသည်။ သူ၏နားရွက်ဖျားက နီရဲနေသေးသော်လည်း သူ၏မျက်ဝန်းများ၌ မဝံ့မရဲဟန်၊ ရှက်ရွံ့ဟန်ပျောက်ပြီး သိလိုစိတ်များဖြင့်စူးလက်နေသည်။
" တရားမဝင်ကူးသန်းရောင်းဝယ်ရေးဆိုတာ...ဟိုတစ်ခါ အစ်ကိုပြောဖူးတဲ့ ဟီရကိုရောင်းဝယ်နေတဲ့ ပစ္စည်းတွေမဟုတ်လား...အဲ့ကိစ္စရဲ့နောက်ကွယ်က တရားခံကို ဖမ်းမိသွားပြီလား"
"ရောင်းဝယ်မှုရဲ့အဓိက လူကိုမဖမ်းမိခဲ့ဘူး...သူနဲ့ဆိုင်တဲ့အရေးကြီးသက်သေတောင်မရခဲ့ဘူး...လက်ဝယ်မိတာဆိုလို့ တရားမဝင်ပစ္စည်းအနည်းငယ်ပဲရှိတယ်"
"ကျွန်ုပ်ကြားမိတာက ဒီလမ်းကြောင်းက တော်တော်လေးကြီးမားတယ်ဆို...ဘယ်လိုဖြစ်လို့ တရားမဝင်ပစ္စည်းအနည်းငယ်ပဲ မိရတာလဲ"
ဒေါဏသည် သိလိိုစိတ်များသော ကလေးတစ်ယောက်လို ရိုးသားကာဝိုင်းစက်နေသည့် မျက်ဝန်းများဖြင့် မဏိကိုကြည့်သည်။ သို့ရာတွင် သူ၏နှုတ်ခမ်းလွှာများက တင်းတင်းစေ့လျက် သိုဝှက်တတ်သောသဘောကိုဆောင်နေသည်။
မင်းသားမဏိစက္ကက သူ၏ချစ်ရပါသော၊ ရိုးသားဖြူစင်သော သူ၏ငယ်ချစ်ဦး၊ သို့မဟုတ်ချစ်သူဟု ဆိုနိုင်ပြီဖြစ်သော ကောင်လေးကို ဘယ်လိုများ သံသယဝင်ပါလိမ့်မလဲ။
မဏိထံမှ တရားမဝင်ကူးသန်းရောင်းဝယ်ရေး၏သတင်းများ သိချင်ပါက သူ၏အနီးကပ်တွင်နေထိုင်ပြီး သတင်းနှိုက်ထုတ်ရမည်သာ။
" ဘယ်လိုဖြစ်လို့လဲ...အစ်ကို"
ဒေါဏ၏မျက်ခုံးများ ပင့်မြှောက်သွားသည်။
***********************************
တိုင်လုံးများထောင်ကာ အမိုး,မိုးထားသည့် လမ်းထက်တွင် ကတိုက်ကရိုက်လျှောက်လာနေသော အာနီသည် အရာအားလုံးအပေါ် သံသယကြီးနေဟန်ပေါက်ပြီး အလွန်အမင်းသတိထားနေပုံလည်း ပေါ်သည်။
ခြေလှမ်းများကသွက်နေပြီး သူ၏မျက်လုံးအကြည့်များက စူးရှပြီးဂနာမငြိမ်။
တစ်နေရာအရောက်တွင် သူရှိရာနေရာသို့ လာနေသည့် မျက်ခုံးကောင်းကောင်းနှင့် ရဲမက်တစ်ဦးကို လှမ်းမြင်သည်။
ထိုရဲမက်သည် သူနှင့်တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဖြစ်သော ရဇ္ဇအမည်ရှိလူဖြစ်သည်။
သူတို့နှစ်ယောက်လျှောက်လာနေသော လမ်းနှစ်ခုစုံရာ လမ်းချိုးတစ်ခု၌ အာနီသည် ရဇ္ဇကိုဝင်တိုက်လိုက်၏။
သူသည် မတော်တဆဝင်တိုက်မိသည့်ပုံစံဖြင့်
"အာနီ တောင်းပန်ပါတယ်..."
ဟူသောစကားကို ဆိုလိုက်သေးသည်။
ရဇ္ဇသည် အာနီ့ကိုတစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော သူတစ်ယောက်နှယ်၊ လုံးဝမသိကျွမ်းသည့်သူတစ်ဦးနှယ် ဟန်ဆောင်လျက်
" ရပါတယ်...ရပါတယ်"
ဟု ပြန်ပြော၏။
သူတို့နှစ်ဦး ကိုယ့်လမ်းကိုဆက်လျှောက်သွားကြသည်။
ခပ်ဝေးဝေးတစ်နေရာရောက်မှ ဝင်တိုက်စဉ်က အာနီထည့်ပေးလိုက်သောစာရွက်ကို ရဇ္ဇဖြန့်ကြည့်သည်။
ထိုစာရွက်တွင်ရေးထားသည်က
'တစ်စုံတစ်ယောက် ကျွန်ုပ်ကိုနောက်ယောင်ခံလိုက်နေတယ်'
ဟူ၍။
အာနီ၏မနီးမဝေးရှိတစ်နေရာတွင် အမည်မသိသော၊ ရုပ်မသိသော သူတစ်ဦး ထပ်ကြပ်မကွာလိုက်နေခဲ့သည်။
*********************************
သူ၏အရှေ့မှ ရံရွေတော်တစ်ဦး ဖြတ်သွားသည်။
ရံရွေတော်ဖြတ်သွားခြင်းက မထူးဆန်းသော်လည်း ထိုရံရွေတော်ထံတွင် မင်းယောဇာ၏ စိတ်ဝင်စားမှုကိုဖမ်းစားလိုက်နိုင်သည့် အရာတစ်ခုပါဝင်နေသည်။
ထိုအရာက ရံရွေတော်သယ်ဆောင်သွား မြေအိုးထဲမှအပင်တစ်ပင်ဖြစ်သည်။
ထိုအပင်သည် ရှားစောင်းလက်ပပ်ပင်ကဲ့သို့ ရှည်လျားဖောင်းပွသည့်အရွက်ရှိပြီး နာနတ်ပင်ကဲ့သို့ အရွက်များ၏အလယ်တွင် အသီးသီးသည်။ ထိုအပင်က သာမန်အပင်များကဲ့သို့ ငြိမ်သက်မနေ၊ သူ၏အရွက်များက အဆက်မပြတ် လှုပ်ရှားယိမ်းထိုး၍ ယွစိတက်နေ၏။
ထိုအပင်သည် တစ်လခြားတစ်ခါ အသီးသီးလေ့ရှိပြီး ၎င်း၏အသီးက တလဲသီးလို အစိပေါင်းများစွာပါဝင်သည်။
ယင်း၏အသီးမှာ နဂါးခေါင်းနှင့်တူသဖြင့် 'နဂါးသည်းစေ့' ပင်ဟု ခေါ်ဝေါ်ကြသည်။ အသားစားသောအပင်ဖြစ်ပြီး ထိန်းသိမ်း စောင့်ရှောက်ရခက်သည့်အထဲပါဝင်သည်။ သူစားသော အသားဆိုသည်မှာ ပိုးကောင်များဖြစ်သည်။ သေးငယ်သောပိုးကောင်များက ထိုအပင်၏ဆူးပေါ်၌ရပ်မိပါက ပျံသန်းထွက်ပြေး၍မရတော့ချေ။ ထိုအပင်က ပိုးကောင်ကို တစိမ့်စိမ့်စုပ်ယူပြီး စားသုံးသွားမည်ဖြစ်သည်။ ဆေးဖက်ဝင်သောအပင်ဖြစ်ပြီး ၎င်း၏အသီးကို အားဆေးအဖြစ်စားသုံးလေ့ရှိကြသည်။
နဂါးသည်းစေ့အပင်ကို မင်းယောဇာစ,သိခဲ့သည်မှာ သုဒြာကြောင့်ဖြစ်သည်။ သုဒြာသည် နဂါးသည်းစေ့အသီးကို အလွန်တရာနှစ်ခြိုက်၏။ ဆေးဖက်ဝင်၍မဟုတ်။ အရသာရှိ၍ဟုဆိုသည်။
ယခုမြင်လိုက်ရသော နဂါးသည်းစေ့အပင်ကို မည်သူ
မှာယူထားသလဲမသိ။ မင်းယောဇာလည်း ထိုအပင်ကိုဝယ်ယူပြီး သုဒြာအား လက်ဆောင်ပေးနိုင်ကောင်းရဲ့ဟု တွေးတောမိလိုက်သည်။
ထိုအတွေးကြောင့် အပင်သယ်ဆောင်သွားသော ရံရွေတော်၏အနောက်သို့ မင်းယောဇာလိုက်သွားသည်။
အပင်သယ်ဆောင်သွားသော ရံရွေတော်သည် ဇရပ်တစ်ခုအပေါ်သို့တက်သွား၏။ မင်းယောဇာ ထိုဇရပ်အပေါ်သို့ လှမ်းကြည့်လိုက်သည်။
ဇရပ်ထဲတွင် စားဖွယ်သောက်ဖွယ်များတည်ခင်းထားသော စားပွဲ၌ မျက်နှာချင်းဆိုင်ထိုင်နေသည့် ဘရဏသူနှင့် သုဒြာကိုမြင်လိုက်ရသည်။
"လတ်တလော သုဒြာ ပင်ပန်းပြီးအားအင်ကုန်ခမ်းသလို ခံစားနေရတယ်ဆိုလို့ အားဆေးအဖြစ်စားရအောင် နဂါးသည်းစေ့အပင်ကို ပန်းမြတ်ဂနိုင်နန်းဆောင်ကိုရှာခိုင်းထားတာ"
ဘရဏသူသည် ထိုသို့ဆိုရင်း ရံရွေတော်ယူဆောင်လာသည့် နဂါးသည်းစေ့အပင်ကို ညွှန်ပြသည်။
သုဒြာသည် ဘရဏသူ၏ဂရုစိုက်မှုကြောင့် အံ့ဩသွားသည့်ပုံပင်။
မအံ့ဩနိုင်ရိုးလား....
ဤသည်မှာ အိမ်ထောင်သက်တမ်းတစ်လျှောက် ဘရဏသူ့ဘက်မှ ပထမဆုံးပေးဖူးသည့်လက်ဆောင်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်"
သူမ လိုက်လျောညီထွေစွာ စကားပြန်,ဆိုသည်။
" သုဒြာက ပန်းထိုးနေတာနဲ့ ညဘက်မအိပ်ဖြစ်လို့ အားနည်းနေရုံပါ...ဒီလောက်ထိလည်းမလိုပါဘူး"
" ကျွန်ုပ်က ဒီနဂါးသည်းစေ့ပင်နဲ့ သုဒြာကို မျက်နှာလိုမျက်နှာရလုပ်တယ်လို့ပဲ မှတ်ထားလိုက်ပါ"
" ရှင် "
ဘရဏသူ့စကားကြောင့် သူမဟာ ပိုပြီးထူးဆန်းသွား၏။
ဘရဏသူသည် သူမကို တည်ကြည်စွာစိုက်ကြည့်ပြီး
အေးဆေးညင်သာသောစကားသံဖြင့် ပြောလာသည်။
" ကျွန်ုပ်နဲ့သုဒြာ လက်ဆက်ပြီးတဲ့အချိန်ကစပြီး ကျွန်ုပ်ဘက်က ပျက်ကွက်ခဲ့တဲ့ဝတ္တရားတွေ များပြားခဲ့ပါတယ်...သုဒြာအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံပေးမိခဲ့ဘူး...သုဒြာဘက်ကို မြင်အောင်မကြည့်ပေးမိခဲ့ဘူး...ဒီအတွက် ကျွန်ုပ် စိတ်ရင်းနဲ့တောင်းပန်ပါတယ်"
ထိုစကားတို့ကို ဇရပ်၏အောက်၌ရှိနေသည့် မင်းယောဇာ သဲသဲကွဲကွဲကြားရသည်။ မင်းယောဇာသည် သုဒြာ၏တုံ့ပြန်မှုကို သိလိုလွန်းသဖြင့် လှမ်းကြည့်၏။
သုဒြာသည် အိမ်ရှေ့စံကို တအံ့တဩစိုက်ကြည့်နေပြီး သူမ၏နှုတ်ခမ်းလွှာကိုဖွင့်ဟကာ စကားပြန်ပြောဖို့တောင် မေ့နေပုံ။ သူမ၏မျက်ဝန်းတို့ ဝိုင်းစက်ကာအရည်လဲ့နေသည်။
" သုဒြာကတော့ ကျွန်ုပ်ဘက်က လိုအပ်ချိန်တိုင်း ရှိပေးတယ်...ဇနီးမယားတာဝန်လည်း ကျေပွန်ခဲ့တယ်...ဒီလိုမျိုး သုဒြာကို လျစ်လျူရှုခဲ့တဲ့အတွက် ကျွန်ုပ်အပြစ်ခံစားမိတယ်...အတိတ်က သုဒြာအပေါ် ကျွန်ုပ်ရဲ့ပုံစံ၊အပြုအမူတွေကို ဒီအပင်လက်ဆောင်တစ်ခုတည်းက မဖုံးဖိပေးနိုင်ပေမဲ့ ကျွန်ုပ်ရဲ့ပြောင်းလဲခြင်း အထိမ်းအမှတ်လက်ဆောင်လို့ သတ်မှတ်ပေးပါ...ရှေ့ဆက်ပြီး ကျွန်ုပ်က သုဒြာအတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပေးပါ့မယ်...ကျွန်ုပ်ကတိစကားဆိုပါတယ်..."
ဘရဏသူ၏အသံတွင် နက်ရှိုင်းခြင်းနှင့်ခိုင်မာခြင်းတို့ရောယှက်နေ၏။
သုဒြာ ဆွံ့အနေခဲ့သော်လည်း ခဏနေသော် သူမပြုံးသွားသည်။ သူမ နူးနူးညံ့ညံ့၊ လှလှပပပြုံးပြီး ခေါင်းညိတ်ပြသည်။
လက်ဆက်ပြီးသားခင်ပွန်းသည်နှင့် သင့်မြတ်အောင်နေမည့်အရေး၊ ခင်ပွန်းသည်က ကိုယ့်အပေါ်ကောင်းမွန်ပါ့မည်ဟူသော ကတိစကားကို မည်သူကမလိုလားဘဲ ရှိပါအံ့နည်း။
သုဒြာအတွက် ဤသည်မှာ သူမအိမ်ထောင်ရေးအခြေအနေ၏ အချိုးအကွေ့တစ်ခုဖြစ်နိုင်ပြီး ဘရဏသူနှင့်သူမကြားရှိ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့ အခွင့်အရေးဖြစ်သည်။
အတိတ်နှင့် အချစ်?
ခင်ပွန်းသည်နှင့်အဆင်ပြေပြီး သံယောဇဉ်ရှိလာပါက မည်သူက အချစ်ဟူသောအရာကို တကူးတကကြီးတောင့်တလိမ့်မလဲ။
အတိတ်၏ဇာတ်လမ်းအချို့မှာ လေလွင့်သွားသော ပြာမှုန်များဖြစ်ခဲ့သည်မှာ သုဒြာလက်ထပ်ခဲ့သည့်အချိန်ကတည်းကဖြစ်သည်။
ပြန်မတွေးလေနဲ့တော့ သုဒြာ...
သုဒြာအနေနှင့် ထိုအကြောင်းတို့ကို အိမ်မက်အသွင်နှင့်တောင် ပြန်မြင်ယောင်ရန်မသင့်တော့ပါ။ သူမ၏အနာဂတ်ကို ဘရဏသူနှင့်အတူလျှောက်လှမ်းရန် ကံကြမ္မာက အမိန့်ချပြီးဖြစ်သည်။ ခရီးချင်းတူသူမို့ အတူတူဖေးမကြရမည်သာ။ ဤသည်မှာ အိမ်ထောင်ရေးဟု သူမတွေးထင်သည်။
မင်းယောဇာသည် ထိုမြင်ကွင်းအား ဆက်မကြည့်ချင်တော့သည့်အတွက် လှည့်ထွက်ခဲ့၏။
အိမ်ရှေ့စံနှင့် သုဒြာလက်ထပ်ပြီးသည့်အချိန်ကတည်းက
အပြုံးတုများပန်ဆင်နေခဲ့သော၊ စိတ်မချမ်းသာနေခဲ့သော သုဒြာကိုသာ မင်းယောဇာမြင်ခဲ့ရသည်။ ထိုသို့မြင်လိုက်ရတိုင်း မင်းယောဇာရင်ထဲ စူးအောင့်နာကျင်ရ၏။
တခြားသူနှင့်မပျော်မရွှင်ဖြစ်နေသည့် ချစ်ရသူကိုမြင်ရသည်မှာ အသည်းနှလုံးကွဲကြေမတတ်ရင်နာရသည်။
သို့သော်...
တခြားသူနှင့် ပျော်ရွှင်နေသည့် ချစ်ရသူကိုမြင်ရသည်မှာ ပိုပြီးနာကျင်၍ သေမတတ်ရင်ကွဲရသည်။
**********************************
လုပ်သက်ရင့်ကာ အသက်အရွယ်ကြီးပြီဖြစ်သော အမတ်တို့သည် နိုင်ငံ့အရေးကိစ္စတို့တွင်လည်း ပို၍ပါးနပ်ကာ တော်သူ၊တတ်ကျွမ်းသူများ ဖြစ်တတ်ကြသည်။ ထိုသူတို့ထံမှ သင်ယူရမည့်အရာများရှိသည့်အပြင် နားထောင်ရမည့်စကားများလည်းရှိတတ်သည်။
သို့ပါ၍ ညီလာခံပြီးသောအခါ ယုဂန်သည် မိမိလေးစားမိသော အမတ်အိုကြီးနှစ်ဦးနောက်သို့လိုက်ကာ ညီလာခံအတွင်း ဆွေးနွေးခဲ့သောကိစ္စရပ်များအပေါ် သူတို့နှစ်ဦး၏အတွေးအမြင်ကို လိုက်လံနားထောင်နေသည်။
ထိုအချိန်တွင် ယုဂန်နှင့်အမတ်အိုကြီးနှစ်ယောက်အနားသို့ မင်းသားအရုဏရောက်ရှိလာသည်။
မင်းသားတစ်ပါးရောက်လာသဖြင့် အမတ်နှစ်ဦးက ရိုသေသမှုဖြင့် ကိုယ်ကိုညွတ်ကိုင်းကျုံ့ယုံ့လိုက်ကြ၏။ တခြားလူများအရှေ့တွင်မို့ ယုဂန်သည်လည်း ထိုအတိုင်းလိုက်လုပ် လိုက်ရသည်။
အရုဏသည် ပြောစရာအကြောင်းကိစ္စရှိသောကြောင့် အနားသို့လာရပ်ခြင်းဟု ထင်ထားခဲ့ကြသည်။ သို့သော် အရုဏက ထိုအတိုင်းသာမတ်မတ်ကြီးရပ်နေပြီး စကားတစ်ခွန်းမှမဆိုလာပေ။
အမတ်နှစ်ဦးနှင့် ယုဂန်သည် အရုဏပြောလာမလားဟူ၍ စောင့်ဆိုင်းနေခဲ့သည်မှာ တစ်မိနစ်မျှကြာညောင်းသွားခဲ့သည်။ အရုဏဟာ စကားလည်းမပြောသလို အနားမှထွက်လည်းမထွက်သွားပါ။ သူ၏မျက်နှာက ထုံးစံအတိုင်းတည်ကြည်နေပြီး သူက ယုဂန်ကိုသာခပ်စူးစူးစိုက်ကြည့်နေသည်။
အရုဏဖြစ်ချင်သည့်ဆန္ဒကိုမသိဘဲ မင်းသားတစ်ပါးရှေ့မှ ထိုအတိုင်း လှည့်ထွက်ခဲ့ဖို့ဆိုသည်မှာလည်း မင်းသားအပေါ် မရိုမသေသောအမှုဖြစ်နေပြန်သည်။ ထို့ကြောင့် အမတ်အိုကြီးနှစ်ဦးသည် မင်းသားအရုဏကို တစ်ချက်တစ်ချက်မော့မော့ကြည့်နေကြပြီး အရုဏစကားစ,ပြောမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြ၏။
ယုဂန် အရုဏကိုမော့ကြည့်လိုက်သည်။ ထိုအခါ အရုဏက မျက်ခုံးပင့်ပြသည်။
ယုဂန် အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ပြရုံမျှဖြင့်
" ဘာလဲ"
ဟုဆိုလေသော် အရုဏက အသံမထွက်ဘဲ တစ်ခုခုပြန်ပြောသည်။
အရုဏပြောသည့်စကားကို ယုဂန်နားမလည်သဖြင့် "ဘာလဲ" ဟုထပ်မေးသည်။
အရုဏ ထပ်ပြောရန်ပြင်ချိန်တွင် အမတ်အိုကြီးတစ်ဦးခေါင်းမော့လာသဖြင့် အရုဏသည် မျက်နှာကြီးတည်ပြီး ခက်ထန်သွားပြန်၏။
အမတ်အိုသည် အချိန်တစ်ခုမျှစောင့်ဆိုင်းပြီးသည့်နောက်တွင် စိတ်မရှည်တော့သဖြင့် မင်းသားအရုဏကို စကား,စပြောရန် ဆုံးဖြတ်ခဲ့သည်။
" အရှင့်သား...သန္နီးအရေးအခင်းမှာ အရှင့်သားရဲ့လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်ရည်ကြောင့် သန္နီးမြို့ကို ရခဲ့တယ်ဆိုတာ တစ်လောကလုံးအသိပါပဲ...သန္နီးမြို့ကိုရရုံတင်မက သပွတ်အူလည်ကာ ပွေလိမ်နေတဲ့ သန္နီးပြည်သူတွေရဲ့ထောက်ပံ့ကြေးငွေကို အလွဲသုံးစားလုပ်သူ...သူခိုးတစ်စုကိုလည်း အရှင့်သားကြောင့်ပဲ အမိအရဖမ်းနိုင်ခဲ့တယ်...အရှင့်သားရဲ့ဘုန်းတန်ခိုးကို ကျွန်ုပ်တို့အမတ်တွေလိုက်မမှီနိုင်ဘူးဆိုပေမဲ့ အရှင့်သားရဲ့စွမ်းရည်...စွမ်းအင်တွေကိုတော့ ချီးကျူးပါရစေ... အရှင့်သားက တိုင်းသူပြည်သားတွေရဲ့ ခိုကိုးရာနေရာဖြစ်လာမယ်ဆိုတာ ကျွန်ုပ်မြင်ယောင်မိပါတယ်"
အမတ်အိုသည် မင်းသားအရုဏကို ပြောစရာစကားလည်း တိတိပပမရှိသဖြင့် တော်ဝင်မိသားစုအား မင်းမှုထမ်းများပြောနေကြအတိုင်း ဖွဲ့နွဲ့သောချီးကျူးစကားသာ ဆိုလိုက်သည်။
အမတ်အိုအနေနှင့် တိုင်းပြည်ရေးရာ၊ သံတမန်ရေးရာတို့နှင့် ပတ်သတ်ဆက်နွယ်၍လည်းကောင်း၊ တော်ဝင်မိသားစုနှင့်ဆက်ဆံရာတွင်လည်းကောင်း ထိုသို့ရှုပ်ထွေးပြီးလှပသည့်စကားလုံးများပါသော ဝါကျများကို ပြောနေကြဖြစ်သည်။ ထို့ကြောင့် မြှောက်ပင့်သောစကားလုံးများမှာ သူ့ပါးစပ်ထဲမှ အသာအယာပင်ထွက်ကျလာခဲ့သည်။
အမတ်အိုဘက်မှ ရှည်လျားစွာပြောခဲ့သော်လည်း အရုဏက
" အင်း "
ဟူသောတစ်လုံးတည်းနှင့်တုံ့ပြန်သည်။
" သန္နီးမြို့ကို အစားရတာဟာ အရှင့်သားရဲ့ရဲစွမ်းသတ္တိနဲ့ ထူးချွန်မှုအတွက် ထိုက်တန်တဲ့ဆုလာဒ်ဖြစ်တယ်လို့ ထင်မှတ်မိပါတယ်...အရှင့်သားရဲ့စွမ်းဆောင်ရည်တွေကို လူဘုံအလယ်မှာ ချပြနိုင်တာဟာ တန်ဖိုးကြီးတဲ့အခွင့်အလမ်းတစ်ခုဖြစ်ပြီး ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုပါပဲ...အရှင့်သားလို လူထူးကို တိုင်းပြည်ကရရှိထားတဲ့အတွက် ကျွန်ုပ်တို့ အလွန်အမင်းဝမ်းမြောက်ဂုဏ်ယူမိတယ်...အရှင့်သားနဲ့ အခုမှတွေ့ရတဲ့အတွက် ဂုဏ်ပြုစကားကို အခုမှဆိုရပါတယ်..."
"......"
အရုဏသည် ယုဂန်နှင့်စကားပြောချင်၍ အနားသို့လာခဲ့ရာမှ မဆီမဆိုင်လူဖြစ်သော အဘိုးကြီးနှစ်ယောက်က အနားရှိနေ၍ အခက်တွေ့နေခဲ့သည်။ သူသည် ထိုအမတ်နှစ်ဦး သူနှင့်ယုဂန်အနားမှ ခပ်မြန်မြန်ထွက်သွားခြင်းကို အလိုရှိခဲ့သော်လည်း အမတ်တစ်ဦးက မထွက်သွားသည့်အပြင် ချီးကျုးစကားအရှည်ကြီးပြောနေပြန်သည်။
အရုဏသည် ဒီအတိုင်းနေပါက ယုဂန်နှင့်သူစကားပြောရန် အခွင့်အရေးရှိတော့မည်မဟုတ်ဟု တွေးလိုက်မိသဖြင့်
ခပ်ပြတ်ပြတ်စကားတစ်ခွန်းဆိုလာသည်။
"မသွားကြသေးဘူးလား"
သူ အမတ်နှစ်ဦးကိုကြည့်လျက်ဆိုသည်။
အမတ်နှစ်ဦးသည် ရုတ်တရက်ကြောင်အ,အဖြစ်သွားပြီးမှ စိတ်ထဲကြိတ်ပျော်သွား၏။ သူတို့သည် မဆိုင်းမတွပင်
" ကျွန်ုပ်တို့ကိုခွင့်ပြုပါဦး...အရှင့်သား"
" ခွင့်ပြုပါ အရှင့်သား"
ဟု အသီးသီးဆိုကာ အနားမှထွက်ခွာသွားကြသည်။
ယုဂန်သည် ထိုအမတ်နှစ်ယောက်အနောက်မှ ဟန်ဆောင်ပန်ဆောင်လိုက်သွား၏။ ခြေလှမ်းနှစ်လှမ်းအကွာရောက်ပြီးမှ အရုဏအနားသို့ နောက်ပြန်ဆုတ်လာသည်။
" ဘာပြောမလို့တုန်း"
အရုဏ၏မျက်နှာတွင် ခက်ထန်ကြမ်းရမ်းသောမင်းသားတစ်ဦး၏ဂုဏ်ပုဒ်ကိုထိန်းထားသည့် အေးစက်စက်အမူအရာတို့ ပျောက်ကွယ်သွားသည်။ သူ၏ မြစိမ်းရောင်မျက်ဝန်းတို့မှာ စူးရဲခြင်းမမည်သော အရောက်တလက်လက်တောက်ပနေလေ၏။
" ယုဂန် အလုပ်မရှိတော့ဘူးမလား"
သူ အားတက်သရောမေးသည်။
"အင်း...မရှိတော့ဘူး"
"ခဏနေ...မောင့်နန်းဆောင်ကိုလာခဲ့"
" ဘယ်လိုလုပ် လာလို့ရမှာလဲ"
နန်းတော်ထဲရှိ အရုဏ၏နန်းဆောင်ကို ယုဂန်က မည်သို့သွားရမည်တဲ့လဲ။
ဟိုရောက်ရင် အရုဏက ဘာထ,လုပ်မယ်မှန်းမှမသိနိုင်တာ...
ဖက်တာတို့...နမ်းတာတို့ပြောပါတယ်...
အကယ်၍တစ်ယောက်ယောက်မြင်သွားပါက ယုဂန်ရော၊ သူရော အကျိုးနည်းကုန်မည်။
" စိတ်မပူပါနဲ့...နန်းတော်ပရဝဏ်က ကျယ်ပါတယ်...မျက်စိတွေ၊ နားတွေ နေရာတိုင်းမှာမရှိနိုင်ပါဘူး"
ယုဂန်၏စိုးရိမ်မှုကိုသိသည့်အလား အရုဏကဆိုသည်။
ထို့နောက်သူသည် ပေါ့ပါးစွာပြုံးပြပြီး ယုဂန်အနားမှ ထွက်သွားသည်။
ငါးမိနစ်မျှနေသော် အရုဏ၏နန်းဆောင်ဆီသို့ ယုဂန်,ထွက်လာခဲ့သည်။
ထူးဆန်းစွာနှင့် နန်းဆောင်တွင် အသင့်စောင့်ဆိုင်းနေကြဖြစ်သည့် ရံရွေတော်များ၊ မင်းသားမင်းသမီးတို့ အနီးတွင်ရှိလေ့ဖြစ်သော အကြီးတော် စသဖြင့်လူသူတို့ကို မတွေ့ရချေ။ နန်းဆောင်သည် လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေ၏။
ကြည့်ရသည်မှာ အရုဏက နန်းဆောင်ရှိလူများကို ပ,ထုတ်ထားသည်ထင်သည်။
မည်သူမှမရှိသောကြောင့် ယုဂန် နန်းဆောင်ပေါ်သို့ အေးအေးဆေးဆေးတက်သွားပြီး နန်းဆောင်တံခါးမကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်သွားသည်။
အရုဏကိုမတွေ့။
ရည်းစား၏နန်းဆောင်မို့ စပ်စုချင်စိတ်ကြောင့် နန်းဆောင်အတွင်း ယုဂန် ဟိုဟိုဒီဒီလျှောက်သွားကြည့်သည်။ တံခါးဖွင့်ထားသည့် အခန်းတစ်ခန်းကိုမြင်၍ ထိုအခန်းအတွင်းသို့ ဝင်သွားသည်။ ထိုအခန်းသည် အရုဏ၏အိပ်ခန်းဆောင်ဖြစ်၏။ အိပ်ခန်း၏နံရံတစ်ခု၌ မြေခွေးမျက်နှာဖုံးတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
ယုဂန်သည် ထိုမြေခွေးမျက်နှာဖုံးကို လက်ဖျားဖြင့် အသာအယာတို့ထိရင်း ခပ်ဖျော့ဖျော့၊ ခပ်ရေးရေးပြုံးသွားသည်။
" မကြိုက်ဘူးပြောပြီးတော့ သိမ်းထားတယ်...တကယ်ပဲ"
ရုတ်တရက် ယုဂန်ကို အနောက်မှသိုင်းဖက်လိုက်သော အထိအတွေ့ကြောင့် ယုဂန်ထိတ်လန့်သွား၏။ သူ ခေါင်းကိုစောင်းငဲ့ကြည့်ရင်း အနောက်ကအရုဏကိုလှမ်းပြောသည်။
" လန့်သွားတာပဲ..."
အရုဏ ဘာမှမပြောဘဲ ခပ်သဲ့သဲ့ရယ်သည်။
" ကျွန်တော့်ကိုအနောက်ကနေ ဖက်ရတာ တော်တော်ကြိုက်တယ်နဲ့တူတယ်"
" ဟင့်အင်း"
" ကျွန်တော့်ကို အနောက်ကနေဖက်ရတာ မကြိုက်ဘူးလား...ဒါဆိုဘာလို့..."
" ယုဂန်ကို ဘယ်ကနေဖက်ဖက်...ယုဂန်ကိုဖက်ရတာ သဘောကျတယ်"
ယုဂန်၏ပါးနှစ်ဖက် ဖောင်းမို့တက်သွားသည်အထိ သူ ပြုံး၏။ ထို့နောက် အရုဏ၏လက်ကို အသာအယာဖယ်ချပြီး အရုဏနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
" ဒါနဲ့...ကျွန်တော့်ကိုတွေ့ချင်တယ်ဆိုရင် ကျွန်တော့်အိမ်ကိုလာလေ...အရုဏရဲ့နန်းဆောင်က..."
"အရုဏတဲ့လား..."
အရုဏအသံက ခပ်တင်းတင်း။
" ဆောရီး...မောင့်နန်းဆောင်က အန္တရာယ်များတယ်...မတော်တဆ တစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ"
" အခုချက်ချင်း ယုဂန်ကိုတွေ့ချင်နေတာကို ဘယ်လိုလုပ်မလဲ"
" မောင် ဆိုးမနေနဲ့လေ"
ထိုအတိုင်းဆိုသောအခါ အရုဏက မျက်နှာငယ်ပြသည်။
ထိုအခါ ယုဂန်စိတ်မကောင်း။ တကယ်တမ်း သူတို့ကောင်းကောင်းမတွေ့ဖြစ်ကြသည်မှာလည်း နှစ်ပတ်မျှရှိနေပြီ။
"အခု တွေ့ကြပြီပဲဟာ...မောင့်နန်းဆောင်က ရံရွေတော်တွေကို ပ,ထုတ်ထားတယ်မဟုတ်လား...သူတို့တွေပြန်မရောက်ခင်အထိ ကျွန်တော် တိုးတိုးတိတ်တိတ်နေပြီးတော့ ခဏနေပြန်လိုက်မယ်"
" သူတို့ကို ညနေစမှနန်းဆောင်ကိုပြန်လာ...ညနေမရောက်ခင် ငါ့နန်းဆောင်ရဲ့အနီးတစ်ဝိုက်မှာတွေ့ရင် သေမယ် လို့ပြောထားတာ"
ယုဂန် တစ်ချက်ရယ်မိသွားသည်။
" ကျွန်တော်က နေ့လယ်အလုပ်ရှိသေးတယ်...အဲ့တော့
နေ့လယ်ကျ ပြန်မှရမှာ"
အရုဏ ခေါင်းညိတ်ပြသော်လည်း တင်းတိမ်ပုံမရပါ။ သူဟာ ဖြစ်နိုင်လျှင် ယုဂန်နှင့်ပိုပြီးအချိန်ကြာကြာတွေ့ချင်သေးသည်။
များပြားလှသောအလုပ်တာဝန်တွေက သူတို့နှစ်ယောက်၏တွေ့ဆုံချိန်များကို လိုက်လံဖျက်ဆီးနေလေ့ရှိသည်။ ယုဂန်သည် နောက်အခါကျ သူ၏တချို့သောအလုပ်များကို လျှော့ချရွှေ့ဆိုင်းပြီး အရုဏကိုအချိန်ပေးရန် တွေးတောလိုက်သည်။
ယုဂန်တွင် ပြဿနာတစ်ခုရှိသည်က သူသည် အလုပ်ရှုပ်နေရခြင်းကို နှစ်ခြိုက်ပြီး ကိစ္စတော်တော်များများကိုလည်း သူကိုယ်တိုင်ဆောင်ရွက်လိုက်ရမှ ကျေနပ်တတ်သူဖြစ်သည်။ ထို့ကြောင့် မိမိအမွေရထားသောမိသားစုလုပ်ငန်းများမှစ၍ အမတ်တာဝန်အဆုံးအကုန်လုံးကို သိမ်းကြုံးတာဝန်ယူကာ ဆောင်ရွက်နေတတ်သည်။ တခြားအလုပ်မရှိပါက သူသည် စံအိမ်၏ဥယျာဉ်အတွင်းဆင်းကာ ပန်းပင်များ၏အရွက်ကို လိုက်ညှပ်နေတတ်သည်။ မဟုတ်ပါက စာအုပ်တစ်အုပ်ပြီးတစ်အုပ် ထိုင်ဖတ်နေတတ်သည်။
ဝါသနာက အလုပ်ရှုပ်ခြင်းဖြစ်နေသည့်အတွက် သူသည် သုရှင်ထက်တောင် အလုပ်များနေပုံပေါ်၏။ ထိုသို့ အကျင့်ရှိ၍လည်း ပထမဆုံးရည်းစားနှင့်ပြတ်ခဲ့ရခြင်းဖြစ်သည်။
သို့ရာတွင် အရုဏနှင့်က ကွဲပြားသည်။
အရုဏသည်လည်း အလုပ်များသောသူတစ်ဦးဖြစ်သည်။
ထိုအခါ အရုဏအားလျှင် ယုဂန်မအား၊ ယုဂန်အားလျှင် အရုဏမအားနှင့် အချိန်ညှိမရ။ အချိန်မရွေးဆက်သွယ်စရာ ဖုန်းမရှိသဖြင့် ပိုဆိုး၏။
သို့သော်လည်း ထိုအခြင်းအရာအပေါ် အရုဏက မကျေမနပ်ပြောခြင်းမျိုးတော့မရှိပါ။ သူသည် ယုဂန်နှင့်တွေ့ဆုံရန် ရရင်ရသလိုကြိုးစားနေလေ့ရှိပြီး ယုဂန်ဘက်ကပစ်ထားလည်း ထိုနေရာမှာတင် မညည်းမညူဘဲစောင့်ဆိုင်းကျန်ရစ်ခဲ့ပေလိမ့်မည်။ ထို့နောက် သူဟာ ယုဂန်အပေါ် တစ်ခွန်းတစ်လေတောင် မညည်းတွားဘဲ သူ့ဘက်ကပဲ ယုဂန်နှင့်တွေ့ဆုံရန် ကြိုးစားနေလိမ့်မည်။ ယုဂန်က ရပ်ဆိုင်းနေပါက သူ့ဘက်ကပဲ ခြေလှမ်းတွေဆက်တိုးနေလိမ့်မည်။
ယုဂန်သည် အရုဏကိုဂရုမစိုက်ခြင်း မဟုတ်သော်လည်း
သူဟာ အလုပ်ရှုပ်ရခြင်းကို နှစ်ခြိုက်နေသေးသည်။ သူ အရုဏအပေါ် အားနာသွား၏။ သူသည် မကောင်းသော၊ ဂရုမစိုက်တတ်သော ချစ်သူတစ်ဦးလည်းမဖြစ်ချင်ပါ။ သူအနေနှင့် အရုဏအတွက် အချိန်များများပေးသင့်သည်။
" ကျွန်တော်တို့နှစ်ယောက်လည်း အလုပ်တွေမအားတာနဲ့ ခဏခဏမတွေ့ဖြစ်ကြဘူးနော်"
ထိုစကားကိုထောက်ခံသောအားဖြင့် အရုဏ ခေါင်းညိတ်ပြသည်။
" ယုဂန် မောင့်ကိုလွမ်းနေတာ"
သူ အရုဏ၏ပခုံးပေါ်သို့ လက်နှစ်ဖက်ကို အသာအယာတင်လိုက်၏။
"မောင်ရော ကျွန်တော့်ကိုမလွမ်းဘူးလား...ဟင်?"
အရုဏက သူ့ကို ညင်သာလွန်းစွာဖြင့် မမှိတ်မသုတ်စိုက်ကြည့်နေသော်လည်း တစ်ခွန်းမှပြန်မပြောလာပါ။
လွမ်းနေမယ်မှန်း သေချာပေါက်သိပေမဲ့ လူတွေမှာ ပါးစပ်ဆိုတာ ဘာလုပ်ဖို့ပါလာတာလဲ...
စကားပြောဖို့လေ...
အရုဏသည် ခံစားချက်များကို စကားလုံးများဖြင့်ဖော်ပြသင့်သေးသည်။
" မလွမ်းဘူးလားလို့...ပါးစပ်နဲ့ဖြေလေ"
အရုဏ ပြန်မဖြေပါ။
ထိုအစား သူသည် ယုဂန်အနားသို့တိုးကပ်လာပြီး ယုဂန်၏နှုတ်ခမ်းထောင့်စွန်းနားကို ခပ်ဖွဖွနမ်းသည်။ ထို့နောက်
ခေါင်းကိုပိုငုံ့သွားပြီး ယုဂန်၏ကြော့ရှင်းသောလည်ပင်းကို မက်မက်မောမောနမ်းသည်။
"မောင်..."
လည်ပင်း၏အပေါ် ကျရောက်သည့်အထိအတွေ့ဟာ ယုဂန်ကိုယားယံစေပြီး ထူးဆန်းသောခံစားချက်ကိုပေး၏။ ထို့ကြောင့် အရုဏကို အသာအယာတွန်းထုတ်မိသည်။
အရုဏ ယုဂန်၏ခါးသွယ်သွယ်ကို ပွေ့ဖက်သည်။
ထို့နောက် နှုတ်ခမ်းပေါ်သို့အနမ်းများကျရောက်လာချိန်တွင် ယုဂန်မျက်လုံးများကို မှိတ်ချလိုက်သည်။
********************************
6.7.2021
(Tuesday)
.
.
.
Zawgyi
သ႐ုပ္ေဆာင္ျခင္းလား? အစစ္အမွန္လား?
____________________________
ေရညႇိပင္မ်ားေၾကာင့္ စိမ္းလဲ့ေနသည့္ ကန္ေရျပင္သည္ ေလျပည္ေအးေၾကာင့္ လႈိင္းငယ္မ်ားကြပ္ျမဴးလ်က္။
မဏိစကၠသည္ ေရကန္စပ္နားတြင္ထိုင္ေန၍ ေရကန္၏အေဝးတစ္ေနရာသို႔ အေတြးမဲ့စြာ၊ တိတ္ဆိတ္ၿငိမ္သက္စြာ၊ ထိုင္းထိုင္းမႈိင္းမႈိင္းေငးၾကည့္ေနသည္။
ထိုေရကန္၏ေဘးမွ ၾကက္ေသြးေရာင္ဝတ္ဆင္ထားသည့္သူတစ္ဦး ျဖတ္ေလွ်ာက္သြားသည္။
ေရကန္၏ဝန္းက်င္ကို ေငးၾကည့္ေနေသာ မဏိ၏အထီးက်န္ဆန္လွသည့္ျမင္ကြင္းအား အႏွီၾကက္ေသြးေရာင္ဝတ္လူ သတိထားမိသြားသည္။
မဏိကိုျမင္ေသာ္ ၾကက္ေသြးေရာင္ဝတ္လူ၏ အလ်ားရွည္၍သြယ္ေသာ ဗာဒံေစ့သဏၭာန္မ်က္ဝန္းတို႔ မီးပြားစမ်ားႏွယ္ လက္ခနဲျဖစ္သြား၏။ တစ္ဆက္တည္းမွာပင္ ဆူးႀကိဳးမ်ားရစ္ပတ္ထားေသာ စူးနင့္နာက်င္မႈမ်ား စိုက္ဝင္ေနသည့္ မ်က္ဝန္းအသြင္ေျပာင္းလဲသြားသည္။
အာနီ မ်က္ဝန္းတို႔ကို ပိတ္ဆို႔ခ်လိုက္သည္။ မ်က္လုံးတို႔ကို ျပန္ဖြင့္လိုက္ခ်ိန္တြင္ သူ၏အမူအရာသည္ ႏူးညံ့ေသာ၊ ျဖဴစင္ေသာၾကာပန္းေလးတစ္ပြင့္ႏွယ္ အလုံးစုံေျပာင္းလဲသြားေလသည္။
သူသည္ မဏိဆီသို႔ သိမ္ေမြ႕ေသာေျခလွမ္းမ်ားႏွင့္ ေလွ်ာက္လွမ္းသြား၏။
"အစ္ကို"
ၾကည္လင္ေသာေခၚသံေၾကာင့္ မဏိ၏ေက်ာ႐ိုး ေျဖာင့္မတ္သြားသည္။ သူ ခ်က္ခ်င္းလွည့္ၾကည့္၏။
"ေဒါဏ..."
"အစ္ကို ဒီမွာဘာလုပ္ေနတာလဲ"
ေဒါဏက မဏိ၏ေဘးနားတြင္ ထိုင္ခ်လိုက္သည္။
" ဘာရယ္မဟုတ္ပါဘူး...ထိုင္ရင္း ဟိုေတြးဒီေတြးေပါ့"
ဝတ္ေကာင္းစားလွ ဝတ္ဆင္ကာ အလွအပျခယ္မႈန္းထားသည့္ေဒါဏကို မဏိအတန္ၾကာေငးစိုက္ၾကည့္သည္။ ေဒါဏသည္ မဏိ၏အၾကည့္ထဲ၌ အၿမဲလိုလိုပါဝင္တတ္ေသာ ခ်စ္ရိပ္အစတို႔ကို လိုက္လံရွာေဖြၾကည့္သည္။
" မင္း သဘင္ခန္းမက ျပန္လာတာလား"
" ဟုတ္တယ္ အစ္ကို"
"ေဒါဏရဲ႕ ဒဏ္ရာေတြကအလ်ဥ္းေပ်ာက္သြားလို႔လား...ျပန္က,ႏိုင္ၿပီလား"
" မက,ပါဘူး...ေစာင္းတီးေပး႐ုံပါ"
" ဪ...အင္း...မကႏိုင္ေသးရင္ မကနဲ႔ဦး...ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ဖို႔က အဓိကပဲ"
"ဟုတ္ကဲ့"
မဏိ ဆက္မေျပာေတာ့။ အေရွ႕ဘက္သို႔ျပန္လွည့္သြားၿပီး ကန္ေရျပင္ကိုသာ ဆက္လက္ေငးေနသည္။
ေဒါဏသည္ အလြန္အမင္းတည္ၿငိမ္ေနေသာ မဏိ၏ပုံစံကိုၾကည့္ရင္း စိတ္ထဲစိုးရိမ္လာသည္။ အရင္က မဏိသည္
သူ႔အနားသို႔ လိုက္ကပ္ရင္း ခ်စ္ျခင္းဖြဲ႕ဋီကာမ်ားကို ခဏခဏေျပာဆိုတတ္သူ။ ေဒါဏဘက္က ႀကိဳးရွည္ရွည္ျဖင့္လွန္ထားခဲ့ၿပီး မေရရာေသာအေျဖမ်ားေပးေနခဲ့သျဖင့္ အရင္ကေလာက္ စိတ္,မရွိေတာ့ေလသလား။
"အစ္ကို ဟီရကိုျပန္ေရာက္တာေတာင္ ကြၽန္ုပ္ကိုလာမေတြ႕ဘူးေနာ္"
ေဒါဏ၏အသံမွာ ေသးငယ္ၿပီး အလြန္တရာဝမ္းနည္းေနသကဲ့သို႔။
ေဒါဏကို မဏိ,ေသခ်ာေပါက္ေတြ႕ခ်င္ခဲ့ပါသည္။ ဟီရသို႔ျပန္ေရာက္ကတည္းက ေျပးေတြးခ်င္ခဲ့သူမွာ ေဒါဏတစ္ေယာက္တည္းသာ။ သို႔ေပမဲ့ သူသည္ ေဒါဏကိုေတြ႕ဖို႔ အျပစ္မကင္းစင္သည့္ သူတစ္ေယာက္ႏွယ္ခံစားေနရသည္။ သူ႔ညီေတာ္၏လက္ခ်က္ေၾကာင့္ ေဒါဏ မတရားအစြပ္စြဲခံရၿပီး အႏွိပ္စက္ညႇင္းပန္းခံခဲ့ရသည္။ သူကလည္း ေဒါဏကို ခ်စ္လွပါခ်ည္ရဲ႕ဟုဆိုကာ ေဒါဏကိုကယ္တင္ရန္ ရွိရွိသမွ်ဉာဏ္စြမ္းျဖင့္ မစဥ္းစားမေဆာင္႐ြက္ဘဲ လက္လြတ္စပယ္ပစ္ထားခဲ့သည္။ ကံၾကမၼာေၾကာင့္သာ၊ ညီေတာ္မင္းေယာဇာ၏အကြက္ေ႐ႊ႕ခဲ့မႈေၾကာင့္သာ ေဒါဏ ျပန္လြတ္လာရျခင္းျဖစ္သည္။
ခ်စ္သည္ဟု တဖြဖြဆိုခဲ့သည့္ သူက တကယ္တမ္းေဒါဏအတြက္ ဘာမွမလုပ္ေပးခဲ့။ ဘယ္ေလာက္ေတာင္ စက္ဆုပ္စရာေကာင္းလိုက္ပါသလဲ။ သူဟာ ကိုယ္ခ်စ္သည့္သူကို မကာကြယ္ႏိုင္သည့္ အရႈံးသမားတစ္ေယာက္ပင္။
ေဒါဏအတြက္ သူထိုက္တန္ေသးရဲ႕လား။ သူ႔ကိုလက္ခံလိုက္ပါက ရရွိလာမည့္အက်ိဳးဆက္မ်ားကို ရင္ဆိုင္ရမည့္ ေဒါဏကို ဆက္လက္ကာကြယ္ေပးရန္ သူ႔ထံတြင္ အရည္အခ်င္းေကာ ရွိပါရဲ႕လား။
သူ...
သူ ဤအျပစ္ရွိစိတ္ကိုရင္ဝယ္ပိုက္ၿပီး ေဒါဏကိုသြားေတြ႕ရန္ မဝံ့ရဲခဲ့ပါေခ်။
" အစ္ကို မအားေသးလို႔ပါ......ၿပီးေတာ့ အစ္ကို႔စိတ္ထဲ အစ္ကို မင္းကိုခဏခဏလာေတြ႕ရင္ မင္းအေႏွာင့္အယွက္မ်ား ျဖစ္ေနမလားဆိုၿပီး..."
" ဘာလို႔ အစ္ကိုကအေႏွာင့္အယွက္ျဖစ္ရမွာလဲ..."
မဏိစကားမဆုံးခင္မွာပင္ ေဒါဏက ပ်ာပ်ာသလဲျဖတ္ေျပာ၏။ သူ၏မ်က္ဝန္းမ်ား ဝိုင္းစက္ေနၿပီးအရည္ၾကည္အခ်ိဳ႕ဝဲေနသည္။
သူသည္ မဏိကိုစူးစူးၾကည့္ေနခဲ့ၿပီးမွ ေခါင္းကိုျဖည္းျဖည္းခ်င္းျပန္ငုံ႔သြားသည္။
" အစ္ကိုလာေတြ႕လို႔ရပါတယ္..."
ေဒါဏသည္ သူ႔မ်က္ႏွာကိုဖုံးထားသည့္ပဝါစကို အသာအယာဆြဲခြၽတ္လိုက္သည္။ ျဖဴေဖ်ာ့ေသာ မ်က္ႏွာတြင္ ပါးျပင္တို႔ အတန္ငယ္နီျမန္းေနသည္။ မ်က္ႏွာေခ်မ်ားေၾကာင့္ ျဖစ္ႏိုင္သည္။
ေဒါဏသည္ ေလေၾကာင့္လႈပ္လဲ့ေနသည့္ အညိဳလဲ့လဲ့ဆံႏြယ္တို႔ကို သပ္တင္လိုက္၏။ သူ၏လက္သူႂကြယ္မွ ျဖဴေဖြးလုံးဝန္းသည့္ ပုလဲလက္စြပ္ကို မဏိသတိျပဳမိသြားသည္။
မဏိမ်က္ႏွာ လင္းလဲ့သြား၏။ သူဟာ တက္ႂကြ႐ႊင္ပ်စြာ မဆိုဘဲမေနႏိုင္ေတာ့ေခ်။
"ဒီပုလဲလက္စြပ္က အစ္ကို မင္းဆီေပးလိုက္တဲ့သဝဏ္လႊာနဲ႔အတူ ေပးပို႔လိုက္တဲ့လည္စြပ္ ဟုတ္တယ္မလား"
" ဟုတ္ပါတယ္"
" မင္းဝတ္ဆင္ထားတာပဲ"
" ပုလဲက အရည္ေကာင္းလြန္းလို႔ ကြၽန္ုပ္လို သာမန္ ပန္တ်ာသည္နဲ႔ လိုက္ဖက္ပါ့မလားလို႔ စိုးရိမ္ေနတာ....သိပ္လွလြန္းလို႔ မဝတ္ဆင္ဘဲ အျမတ္တႏိုးသိမ္းထားၿပီး တစိမ့္စိမ့္ကို ၾကည့္ေနခ်င္တာ"
ပုလဲလက္စြပ္ကိုေငးရင္း ေဒါဏ၏ႏႈတ္ခမ္းတို႔ ၿပဳံးေနသည္။
ေဒါဏဟာ ျဖဴစင္ၿပီး႐ိုးသားလြန္းသည္။
သူသည္ ခ်စ္ရသူကို ေသခ်ာမကာကြယ္ေပးႏိုင္ခဲ့ေသာ စက္ဆုပ္စရာ အျပစ္သားျဖစ္ေနသည့္တိုင္ အတၱႀကီးစြာျဖင့္ ေဒါဏကိုပိုင္ဆိုင္ခ်င္ေသးသည္။
မည္သို႔ပင္ဆိုေစကာမူ ေဒါဏအေပၚထားရွိေသာ သူ၏ခ်စ္ျခင္းေမတၱာဟာ ယခင္အတိုင္းမေပ်ာက္မပ်က္၊ မေလ်ာ့မတင္း၊ အစဥ္အၿမဲသာျဖစ္ေပလိမ့္မည္။ မကာကြယ္ေပးႏိုင္ခဲ့ေသာ အတိတ္ကို ေနာင္တအျဖစ္သိမ္းကာ ေရွ႕ဆက္ေသာအနာဂတ္တြင္ ရွိရွိသမွ်ေသာခြန္အားတို႔ျဖင့္ ကာကြယ္ေပးမည္။
"ဟားဟား...ဒီလက္စြပ္က သူ႔သခင္ေလာက္မလွပါဘူး"
မဏိစကားေၾကာင့္ ေဒါဏေခါင္းငုံ႔က်သြားသည္။
သူ၏ေဒါဏပန္းကေလးက အလြန္အမင္းရွက္တတ္ေသးသည္။
" ကြၽန္ုပ္ အစ္ကို႔ကိုသတိရေနခဲ့တာ...ဒါေၾကာင့္ ဒီလက္စြပ္ကို ဝတ္ဆင္ျဖစ္ခဲ့တယ္"
ေဒါဏ၏အသံဟာ တိုးဖြၿပီးမဝံ့မရဲဆန္ေနသည္။
" အစ္ကို႔ကို သတိရတယ္ဆိုတဲ့မင္းက သဝဏ္လႊာကိုေတာ့ စာမျပန္ခဲ့ဘူးပဲ"
" ကြၽန္ုပ္ ေဝခြဲမရျဖစ္ေနခဲ့လို႔ပါ...အစ္ကို
ဒါေပမဲ့ အခုေတာ့ ကြၽန္ုပ္ဆုံးျဖတ္ခ်က္တစ္ခုကို ေသခ်ာခ်မွတ္လိုက္ခ်င္ၿပီ"
ေနာက္ဆုံးစကားတစ္ခြန္းသည္ ပို၍ပို၍ေတာင္ တိုးဝင္သြား၏။
ေဒါဏ၏နား႐ြက္ဖ်ားတို႔ ရဲတြတ္လာသည္။ သူသည္ မဏိကိုမၾကည့္ဘဲ ေခါင္းကိုသာငုံ႔ခ်ထားသည္။
" ေဒါဏ..."
မဏိသည္ မယုံၾကည္ႏိုင္စြာျဖင့္ ေခၚ၏။ သူ၏မ်က္ဝန္းမ်ား လင္းလဲ့လာသည့္တိုင္ သူဟာ ဤကိစၥအေပၚမယုံတစ္ဝက္ျဖစ္ေနသည္။
" ဧကႏၲ....မင္း..."
ေဒါဏ၏လက္ေခ်ာင္းမ်ားသည္ သူ၏ပဝါစကိုက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားလ်က္သား။ ေဒါဏ အသံတစ္စက္ေလးေတာင္ မထြက္ေတာ့ပါေခ်။
" မင္း အစ္ကို႔ကိုလက္ခံၿပီေပါ့..."
မဏိအသံတို႔ အဆုံးသတ္၌ တုန္ခါအက္ကြဲသြားသည္။
ေဒါဏသည္ ကိုယ္ေလးကိုေသးသြားေအာင္ က်ဳံ႔ယုံ႔လိုက္ရင္း မဝံ့မရဲေခါင္းညိတ္ျပသည္။
မဏိ၏ႏႈတ္ခမ္းစြန္းတို႔ ၿပဳံးသြားၿပီး ေပ်ာ္႐ႊင္မႈေၾကာင့္ အစြမ္းကုန္႐ႊန္းပသြား၏။
သူသည္ ေဒါဏအနားသို႔ ပိုတိုးကပ္သြားၿပီး ေဒါဏျဖစ္ပ်က္ေနမည့္မ်က္ႏွာအမူအရာကို သိခ်င္လွသျဖင့္ လိုက္ၾကည့္သည္။ ေဒါဏက ရွက္႐ြံေနသည္ထင့္။ ေခါင္းကိုအတင္းငုံ႔ၿပီး သူ၏မ်က္ႏွာကိုအတင္းဖုံးကြယ္ေနသည္။
မဏိမွ အတင္းလိုက္ၾကည့္ေသာအခါ ေဒါဏက မဏိမရွိသည့္ဘက္သို႔ ေခါင္းလွည့္သြားသည္။ မဏိေတြ႕ရသည္မွာ ေဒါဏ၏နီရဲေနေသာနား႐ြက္ဖ်ားေလးသာ။
" ေဒါဏ...ဒီဘက္လွည့္ၾကည့္ပါဦး"
မဏိ ဇြဲမေလွ်ာ့ဘဲ အတင္းလိုက္ၾကည့္ေနေသာအခါ ေဒါဏသည္
" အစ္ကို အဲ့လိုမလုပ္ပါနဲ႔...ကြၽန္ုပ္မ်က္ႏွာပူလာၿပီ"
ဟု တုန္ရီေနေသာအသံျဖင့္ ဆိုရွာ၏။
မဏိ သေဘာက်ႏွစ္ၿခိဳက္စြာၿပဳံးရယ္လိုက္ရာ ရယ္သံသဲ့သဲ့ပင္ထြက္သြားသည္။
" ေဒါဏ...မင္း အစ္ကို႔ကိုသနားေသာအားျဖင့္ မင္းရဲ႕ႏႈတ္ကေန မဖြင့္ေျပာႏိုင္ဘူးလား...တစ္ခြန္းေလာက္ပါပဲ"
ေဒါဏ ႏႈတ္ဆိတ္ေနသည္။ ခဏေနေသာ္
" အစ္ကို႔ရဲ႕ စစ္ထြက္ခရီးစဥ္က အဆင္ေျပခဲ့ရဲ႕လားဟင္"
ဟု မဆီဆိုင္သည့္ စကားတစ္ခြန္းကိုေျပာ၏။ ထို႔ေနာက္ ေဒါဏက မဏိဘက္ကို မသိမသာေလးခိုးၾကည့္သည္။
မသိမသာေလးခိုးၾကည့္ေသာ္လည္း မဏိျမင္သည္။
ေဒါဏကို အူယားလြန္း၍ မဏိၿပဳံးမိ၏။
" စကားလမ္းေၾကာင္းလႊဲတယ္ေပါ့"
ေဒါဏကိုယ္ေလး တစ္ခ်က္တုန္သြားသည္။ သူဟာ ေသးငယ္တိုးညႇင္းလွေသာအသံေလးျဖင့္
" မလႊဲပါဘူး "
ဟုထပ္မံလိမ္ညာသည္။
မဏိသိသည္။ ေဒါဏဆိုေသာအေကာင္ငယ္ေလးဟာ
အေျဖစကားကို ႏႈတ္ကဆိုဖို႔အတြက္ ရွက္လြန္းေနသည္။ သူသည္ မျဖစ္ျဖစ္ေသာနည္းလမ္းျဖင့္ စကားလမ္းေၾကာင္းလႊဲရန္ ႀကိဳးစားေနေလၿပီ။ သို႔ေသာ္လည္း ေဒါဏကို ေနရမခက္ေစခ်င္သည့္အတြက္ အလိုက္သင့္စကားျပန္ေျပာရန္သာ မဏိစဥ္းစားလိုက္သည္။
"အစ္ကိုထြက္သြားတုန္းက ကြၽန္ုပ္ အစ္ကို႔ကို စိုးရိမ္ေနခဲ့တာပါ...စစ္ပြဲဆိုတာ သိတဲ့အတိုင္း ရက္စက္ၾကမ္းၾကဳတ္ၿပီး ခန႔္မွန္းမရႏိုင္တဲ့ေနရာတစ္ခု ဆိုေတာ့ေလ"
"စစ္ပြဲဆိုတာထက္ တရားမဝင္ကူးသန္းေရာင္းဝယ္ေရးလမ္းေၾကာင္းကို သြားၿဖိဳဖ်က္ခဲ့တာပိုမ်ားတယ္...အဲ့လမ္းေၾကာင္းက အေစာင့္ေတြက စစ္သည္ေတြေလာက္ တိုက္ခိုက္ရည္မႂကြယ္ဘူး"
" ဟုတ္လား"
မဏိဘက္သို႔ ေဒါဏ လွည့္ၾကည့္လာသည္။ သူ၏နား႐ြက္ဖ်ားက နီရဲေနေသးေသာ္လည္း သူ၏မ်က္ဝန္းမ်ား၌ မဝံ့မရဲဟန္၊ ရွက္႐ြံ႕ဟန္ေပ်ာက္ၿပီး သိလိုစိတ္မ်ားျဖင့္စူးလက္ေနသည္။
" တရားမဝင္ကူးသန္းေရာင္းဝယ္ေရးဆိုတာ...ဟိုတစ္ခါ အစ္ကိုေျပာဖူးတဲ့ ဟီရကိုေရာင္းဝယ္ေနတဲ့ ပစၥည္းေတြမဟုတ္လား...အဲ့ကိစၥရဲ႕ေနာက္ကြယ္က တရားခံကို ဖမ္းမိသြားၿပီလား"
"ေရာင္းဝယ္မႈရဲ႕အဓိက လူကိုမဖမ္းမိခဲ့ဘူး...သူနဲ႔ဆိုင္တဲ့အေရးႀကီးသက္ေသေတာင္မရခဲ့ဘူး...လက္ဝယ္မိတာဆိုလို႔ တရားမဝင္ပစၥည္းအနည္းငယ္ပဲရွိတယ္"
"ကြၽန္ုပ္ၾကားမိတာက ဒီလမ္းေၾကာင္းက ေတာ္ေတာ္ေလးႀကီးမားတယ္ဆို...ဘယ္လိုျဖစ္လို႔ တရားမဝင္ပစၥည္းအနည္းငယ္ပဲ မိရတာလဲ"
ေဒါဏသည္ သိလိိုစိတ္မ်ားေသာ ကေလးတစ္ေယာက္လို ႐ိုးသားကာဝိုင္းစက္ေနသည့္ မ်က္ဝန္းမ်ားျဖင့္ မဏိကိုၾကည့္သည္။ သို႔ရာတြင္ သူ၏ႏႈတ္ခမ္းလႊာမ်ားက တင္းတင္းေစ့လ်က္ သိုဝွက္တတ္ေသာသေဘာကိုေဆာင္ေနသည္။
မင္းသားမဏိစကၠက သူ၏ခ်စ္ရပါေသာ၊ ႐ိုးသားျဖဴစင္ေသာ သူ၏ငယ္ခ်စ္ဦး၊ သို႔မဟုတ္ခ်စ္သူဟု ဆိုႏိုင္ၿပီျဖစ္ေသာ ေကာင္ေလးကို ဘယ္လိုမ်ား သံသယဝင္ပါလိမ့္မလဲ။
မဏိထံမွ တရားမဝင္ကူးသန္းေရာင္းဝယ္ေရး၏သတင္းမ်ား သိခ်င္ပါက သူ၏အနီးကပ္တြင္ေနထိုင္ၿပီး သတင္းႏႈိက္ထုတ္ရမည္သာ။
" ဘယ္လိုျဖစ္လို႔လဲ...အစ္ကို"
ေဒါဏ၏မ်က္ခုံးမ်ား ပင့္ေျမႇာက္သြားသည္။
***********************************
တိုင္လုံးမ်ားေထာင္ကာ အမိုး,မိုးထားသည့္ လမ္းထက္တြင္ ကတိုက္က႐ိုက္ေလွ်ာက္လာေနေသာ အာနီသည္ အရာအားလုံးအေပၚ သံသယႀကီးေနဟန္ေပါက္ၿပီး အလြန္အမင္းသတိထားေနပုံလည္း ေပၚသည္။
ေျခလွမ္းမ်ားကသြက္ေနၿပီး သူ၏မ်က္လုံးအၾကည့္မ်ားက စူးရွၿပီးဂနာမၿငိမ္။
တစ္ေနရာအေရာက္တြင္ သူရွိရာေနရာသို႔ လာေနသည့္ မ်က္ခုံးေကာင္းေကာင္းႏွင့္ ရဲမက္တစ္ဦးကို လွမ္းျမင္သည္။
ထိုရဲမက္သည္ သူႏွင့္တစ္က်ိတ္တည္း တစ္ဉာဏ္တည္းျဖစ္ေသာ ရဇၨအမည္ရွိလူျဖစ္သည္။
သူတို႔ႏွစ္ေယာက္ေလွ်ာက္လာေနေသာ လမ္းႏွစ္ခုစုံရာ လမ္းခ်ိဳးတစ္ခု၌ အာနီသည္ ရဇၨကိုဝင္တိုက္လိုက္၏။
သူသည္ မေတာ္တဆဝင္တိုက္မိသည့္ပုံစံျဖင့္
"အာနီ ေတာင္းပန္ပါတယ္..."
ဟူေသာစကားကို ဆိုလိုက္ေသးသည္။
ရဇၨသည္ အာနီ႔ကိုတစ္ႀကိမ္တစ္ခါမွ မျမင္ဖူးေသာ သူတစ္ေယာက္ႏွယ္၊ လုံးဝမသိကြၽမ္းသည့္သူတစ္ဦးႏွယ္ ဟန္ေဆာင္လ်က္
" ရပါတယ္...ရပါတယ္"
ဟု ျပန္ေျပာ၏။
သူတို႔ႏွစ္ဦး ကိုယ့္လမ္းကိုဆက္ေလွ်ာက္သြားၾကသည္။
ခပ္ေဝးေဝးတစ္ေနရာေရာက္မွ ဝင္တိုက္စဥ္က အာနီထည့္ေပးလိုက္ေသာစာ႐ြက္ကို ရဇၨျဖန႔္ၾကည့္သည္။
ထိုစာ႐ြက္တြင္ေရးထားသည္က
'တစ္စုံတစ္ေယာက္ ကြၽန္ုပ္ကိုေနာက္ေယာင္ခံလိုက္ေနတယ္'
ဟူ၍။
အာနီ၏မနီးမေဝးရွိတစ္ေနရာတြင္ အမည္မသိေသာ၊ ႐ုပ္မသိေသာ သူတစ္ဦး ထပ္ၾကပ္မကြာလိုက္ေနခဲ့သည္။
*********************************
သူ၏အေရွ႕မွ ရံေ႐ြေတာ္တစ္ဦး ျဖတ္သြားသည္။
ရံေ႐ြေတာ္ျဖတ္သြားျခင္းက မထူးဆန္းေသာ္လည္း ထိုရံေ႐ြေတာ္ထံတြင္ မင္းေယာဇာ၏ စိတ္ဝင္စားမႈကိုဖမ္းစားလိုက္ႏိုင္သည့္ အရာတစ္ခုပါဝင္ေနသည္။
ထိုအရာက ရံေ႐ြေတာ္သယ္ေဆာင္သြား ေျမအိုးထဲမွအပင္တစ္ပင္ျဖစ္သည္။
ထိုအပင္သည္ ရွားေစာင္းလက္ပပ္ပင္ကဲ့သို႔ ရွည္လ်ားေဖာင္းပြသည့္အ႐ြက္ရွိၿပီး နာနတ္ပင္ကဲ့သို႔ အ႐ြက္မ်ား၏အလယ္တြင္ အသီးသီးသည္။ ထိုအပင္က သာမန္အပင္မ်ားကဲ့သို႔ ၿငိမ္သက္မေန၊ သူ၏အ႐ြက္မ်ားက အဆက္မျပတ္ လႈပ္ရွားယိမ္းထိုး၍ ယြစိတက္ေန၏။
ထိုအပင္သည္ တစ္လျခားတစ္ခါ အသီးသီးေလ့ရွိၿပီး ၎၏အသီးက တလဲသီးလို အစိေပါင္းမ်ားစြာပါဝင္သည္။
ယင္း၏အသီးမွာ နဂါးေခါင္းႏွင့္တူသျဖင့္ 'နဂါးသည္းေစ့' ပင္ဟု ေခၚေဝၚၾကသည္။ အသားစားေသာအပင္ျဖစ္ၿပီး ထိန္းသိမ္း ေစာင့္ေရွာက္ရခက္သည့္အထဲပါဝင္သည္။ သူစားေသာ အသားဆိုသည္မွာ ပိုးေကာင္မ်ားျဖစ္သည္။ ေသးငယ္ေသာပိုးေကာင္မ်ားက ထိုအပင္၏ဆူးေပၚ၌ရပ္မိပါက ပ်ံသန္းထြက္ေျပး၍မရေတာ့ေခ်။ ထိုအပင္က ပိုးေကာင္ကို တစိမ့္စိမ့္စုပ္ယူၿပီး စားသုံးသြားမည္ျဖစ္သည္။ ေဆးဖက္ဝင္ေသာအပင္ျဖစ္ၿပီး ၎၏အသီးကို အားေဆးအျဖစ္စားသုံးေလ့ရွိၾကသည္။
နဂါးသည္းေစ့အပင္ကို မင္းေယာဇာစ,သိခဲ့သည္မွာ သုျဒာေၾကာင့္ျဖစ္သည္။ သုျဒာသည္ နဂါးသည္းေစ့အသီးကို အလြန္တရာႏွစ္ၿခိဳက္၏။ ေဆးဖက္ဝင္၍မဟုတ္။ အရသာရွိ၍ဟုဆိုသည္။
ယခုျမင္လိုက္ရေသာ နဂါးသည္းေစ့အပင္ကို မည္သူ
မွာယူထားသလဲမသိ။ မင္းေယာဇာလည္း ထိုအပင္ကိုဝယ္ယူၿပီး သုျဒာအား လက္ေဆာင္ေပးႏိုင္ေကာင္းရဲ႕ဟု ေတြးေတာမိလိုက္သည္။
ထိုအေတြးေၾကာင့္ အပင္သယ္ေဆာင္သြားေသာ ရံေ႐ြေတာ္၏အေနာက္သို႔ မင္းေယာဇာလိုက္သြားသည္။
အပင္သယ္ေဆာင္သြားေသာ ရံေ႐ြေတာ္သည္ ဇရပ္တစ္ခုအေပၚသို႔တက္သြား၏။ မင္းေယာဇာ ထိုဇရပ္အေပၚသို႔ လွမ္းၾကည့္လိုက္သည္။
ဇရပ္ထဲတြင္ စားဖြယ္ေသာက္ဖြယ္မ်ားတည္ခင္းထားေသာ စားပြဲ၌ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသည့္ ဘရဏသူႏွင့္ သုျဒာကိုျမင္လိုက္ရသည္။
"လတ္တေလာ သုျဒာ ပင္ပန္းၿပီးအားအင္ကုန္ခမ္းသလို ခံစားေနရတယ္ဆိုလို႔ အားေဆးအျဖစ္စားရေအာင္ နဂါးသည္းေစ့အပင္ကို ပန္းျမတ္ဂႏိုင္နန္းေဆာင္ကိုရွာခိုင္းထားတာ"
ဘရဏသူသည္ ထိုသို႔ဆိုရင္း ရံေ႐ြေတာ္ယူေဆာင္လာသည့္ နဂါးသည္းေစ့အပင္ကို ၫႊန္ျပသည္။
သုျဒာသည္ ဘရဏသူ၏ဂ႐ုစိုက္မႈေၾကာင့္ အံ့ဩသြားသည့္ပုံပင္။
မအံ့ဩႏိုင္႐ိုးလား....
ဤသည္မွာ အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္ ဘရဏသူ႔ဘက္မွ ပထမဆုံးေပးဖူးသည့္လက္ေဆာင္ျဖစ္သည္။
"ေက်းဇူးတင္ပါတယ္"
သူမ လိုက္ေလ်ာညီေထြစြာ စကားျပန္,ဆိုသည္။
" သုျဒာက ပန္းထိုးေနတာနဲ႔ ညဘက္မအိပ္ျဖစ္လို႔ အားနည္းေန႐ုံပါ...ဒီေလာက္ထိလည္းမလိုပါဘူး"
" ကြၽန္ုပ္က ဒီနဂါးသည္းေစ့ပင္နဲ႔ သုျဒာကို မ်က္ႏွာလိုမ်က္ႏွာရလုပ္တယ္လို႔ပဲ မွတ္ထားလိုက္ပါ"
" ရွင္ "
ဘရဏသူ႔စကားေၾကာင့္ သူမဟာ ပိုၿပီးထူးဆန္းသြား၏။
ဘရဏသူသည္ သူမကို တည္ၾကည္စြာစိုက္ၾကည့္ၿပီး
ေအးေဆးညင္သာေသာစကားသံျဖင့္ ေျပာလာသည္။
" ကြၽန္ုပ္နဲ႔သုျဒာ လက္ဆက္ၿပီးတဲ့အခ်ိန္ကစၿပီး ကြၽန္ုပ္ဘက္က ပ်က္ကြက္ခဲ့တဲ့ဝတၱရားေတြ မ်ားျပားခဲ့ပါတယ္...သုျဒာအေပၚ ေကာင္းေကာင္းမြန္မြန္ မဆက္ဆံေပးမိခဲ့ဘူး...သုျဒာဘက္ကို ျမင္ေအာင္မၾကည့္ေပးမိခဲ့ဘူး...ဒီအတြက္ ကြၽန္ုပ္ စိတ္ရင္းနဲ႔ေတာင္းပန္ပါတယ္"
ထိုစကားတို႔ကို ဇရပ္၏ေအာက္၌ရွိေနသည့္ မင္းေယာဇာ သဲသဲကြဲကြဲၾကားရသည္။ မင္းေယာဇာသည္ သုျဒာ၏တုံ႔ျပန္မႈကို သိလိုလြန္းသျဖင့္ လွမ္းၾကည့္၏။
သုျဒာသည္ အိမ္ေရွ႕စံကို တအံ့တဩစိုက္ၾကည့္ေနၿပီး သူမ၏ႏႈတ္ခမ္းလႊာကိုဖြင့္ဟကာ စကားျပန္ေျပာဖို႔ေတာင္ ေမ့ေနပုံ။ သူမ၏မ်က္ဝန္းတို႔ ဝိုင္းစက္ကာအရည္လဲ့ေနသည္။
" သုျဒာကေတာ့ ကြၽန္ုပ္ဘက္က လိုအပ္ခ်ိန္တိုင္း ရွိေပးတယ္...ဇနီးမယားတာဝန္လည္း ေက်ပြန္ခဲ့တယ္...ဒီလိုမ်ိဳး သုျဒာကို လ်စ္လ်ဴရႈခဲ့တဲ့အတြက္ ကြၽန္ုပ္အျပစ္ခံစားမိတယ္...အတိတ္က သုျဒာအေပၚ ကြၽန္ုပ္ရဲ႕ပုံစံ၊အျပဳအမူေတြကို ဒီအပင္လက္ေဆာင္တစ္ခုတည္းက မဖုံးဖိေပးႏိုင္ေပမဲ့ ကြၽန္ုပ္ရဲ႕ေျပာင္းလဲျခင္း အထိမ္းအမွတ္လက္ေဆာင္လို႔ သတ္မွတ္ေပးပါ...ေရွ႕ဆက္ၿပီး ကြၽန္ုပ္က သုျဒာအတြက္ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ေပးပါ့မယ္...ကြၽန္ုပ္ကတိစကားဆိုပါတယ္..."
ဘရဏသူ၏အသံတြင္ နက္ရႈိင္းျခင္းႏွင့္ခိုင္မာျခင္းတို႔ေရာယွက္ေန၏။
သုျဒာ ဆြံ႕အေနခဲ့ေသာ္လည္း ခဏေနေသာ္ သူမၿပဳံးသြားသည္။ သူမ ႏူးႏူးညံ့ညံ့၊ လွလွပပၿပဳံးၿပီး ေခါင္းညိတ္ျပသည္။
လက္ဆက္ၿပီးသားခင္ပြန္းသည္ႏွင့္ သင့္ျမတ္ေအာင္ေနမည့္အေရး၊ ခင္ပြန္းသည္က ကိုယ့္အေပၚေကာင္းမြန္ပါ့မည္ဟူေသာ ကတိစကားကို မည္သူကမလိုလားဘဲ ရွိပါအံ့နည္း။
သုျဒာအတြက္ ဤသည္မွာ သူမအိမ္ေထာင္ေရးအေျခအေန၏ အခ်ိဳးအေကြ႕တစ္ခုျဖစ္ႏိုင္ၿပီး ဘရဏသူႏွင့္သူမၾကားရွိ ဆက္ဆံေရးပိုမိုေကာင္းမြန္ေစဖို႔ အခြင့္အေရးျဖစ္သည္။
အတိတ္ႏွင့္ အခ်စ္?
ခင္ပြန္းသည္ႏွင့္အဆင္ေျပၿပီး သံေယာဇဥ္ရွိလာပါက မည္သူက အခ်စ္ဟူေသာအရာကို တကူးတကႀကီးေတာင့္တလိမ့္မလဲ။
အတိတ္၏ဇာတ္လမ္းအခ်ိဳ႕မွာ ေလလြင့္သြားေသာ ျပာမႈန္မ်ားျဖစ္ခဲ့သည္မွာ သုျဒာလက္ထပ္ခဲ့သည့္အခ်ိန္ကတည္းကျဖစ္သည္။
ျပန္မေတြးေလနဲ႔ေတာ့ သုျဒာ...
သုျဒာအေနႏွင့္ ထိုအေၾကာင္းတို႔ကို အိမ္မက္အသြင္ႏွင့္ေတာင္ ျပန္ျမင္ေယာင္ရန္မသင့္ေတာ့ပါ။ သူမ၏အနာဂတ္ကို ဘရဏသူႏွင့္အတူေလွ်ာက္လွမ္းရန္ ကံၾကမၼာက အမိန႔္ခ်ၿပီးျဖစ္သည္။ ခရီးခ်င္းတူသူမို႔ အတူတူေဖးမၾကရမည္သာ။ ဤသည္မွာ အိမ္ေထာင္ေရးဟု သူမေတြးထင္သည္။
မင္းေယာဇာသည္ ထိုျမင္ကြင္းအား ဆက္မၾကည့္ခ်င္ေတာ့သည့္အတြက္ လွည့္ထြက္ခဲ့၏။
အိမ္ေရွ႕စံႏွင့္ သုျဒာလက္ထပ္ၿပီးသည့္အခ်ိန္ကတည္းက
အၿပဳံးတုမ်ားပန္ဆင္ေနခဲ့ေသာ၊ စိတ္မခ်မ္းသာေနခဲ့ေသာ သုျဒာကိုသာ မင္းေယာဇာျမင္ခဲ့ရသည္။ ထိုသို႔ျမင္လိုက္ရတိုင္း မင္းေယာဇာရင္ထဲ စူးေအာင့္နာက်င္ရ၏။
တျခားသူႏွင့္မေပ်ာ္မ႐ႊင္ျဖစ္ေနသည့္ ခ်စ္ရသူကိုျမင္ရသည္မွာ အသည္းႏွလုံးကြဲေၾကမတတ္ရင္နာရသည္။
သို႔ေသာ္...
တျခားသူႏွင့္ ေပ်ာ္႐ႊင္ေနသည့္ ခ်စ္ရသူကိုျမင္ရသည္မွာ ပိုၿပီးနာက်င္၍ ေသမတတ္ရင္ကြဲရသည္။
**********************************
လုပ္သက္ရင့္ကာ အသက္အ႐ြယ္ႀကီးၿပီျဖစ္ေသာ အမတ္တို႔သည္ ႏိုင္ငံ့အေရးကိစၥတို႔တြင္လည္း ပို၍ပါးနပ္ကာ ေတာ္သူ၊တတ္ကြၽမ္းသူမ်ား ျဖစ္တတ္ၾကသည္။ ထိုသူတို႔ထံမွ သင္ယူရမည့္အရာမ်ားရွိသည့္အျပင္ နားေထာင္ရမည့္စကားမ်ားလည္းရွိတတ္သည္။
သို႔ပါ၍ ညီလာခံၿပီးေသာအခါ ယုဂန္သည္ မိမိေလးစားမိေသာ အမတ္အိုႀကီးႏွစ္ဦးေနာက္သို႔လိုက္ကာ ညီလာခံအတြင္း ေဆြးေႏြးခဲ့ေသာကိစၥရပ္မ်ားအေပၚ သူတို႔ႏွစ္ဦး၏အေတြးအျမင္ကို လိုက္လံနားေထာင္ေနသည္။
ထိုအခ်ိန္တြင္ ယုဂန္ႏွင့္အမတ္အိုႀကီးႏွစ္ေယာက္အနားသို႔ မင္းသားအ႐ုဏေရာက္ရွိလာသည္။
မင္းသားတစ္ပါးေရာက္လာသျဖင့္ အမတ္ႏွစ္ဦးက ႐ိုေသသမႈျဖင့္ ကိုယ္ကိုၫြတ္ကိုင္းက်ဳံ႔ယုံ႔လိုက္ၾက၏။ တျခားလူမ်ားအေရွ႕တြင္မို႔ ယုဂန္သည္လည္း ထိုအတိုင္းလိုက္လုပ္ လိုက္ရသည္။
အ႐ုဏသည္ ေျပာစရာအေၾကာင္းကိစၥရွိေသာေၾကာင့္ အနားသို႔လာရပ္ျခင္းဟု ထင္ထားခဲ့ၾကသည္။ သို႔ေသာ္ အ႐ုဏက ထိုအတိုင္းသာမတ္မတ္ႀကီးရပ္ေနၿပီး စကားတစ္ခြန္းမွမဆိုလာေပ။
အမတ္ႏွစ္ဦးႏွင့္ ယုဂန္သည္ အ႐ုဏေျပာလာမလားဟူ၍ ေစာင့္ဆိုင္းေနခဲ့သည္မွာ တစ္မိနစ္မွ်ၾကာေညာင္းသြားခဲ့သည္။ အ႐ုဏဟာ စကားလည္းမေျပာသလို အနားမွထြက္လည္းမထြက္သြားပါ။ သူ၏မ်က္ႏွာက ထုံးစံအတိုင္းတည္ၾကည္ေနၿပီး သူက ယုဂန္ကိုသာခပ္စူးစူးစိုက္ၾကည့္ေနသည္။
အ႐ုဏျဖစ္ခ်င္သည့္ဆႏၵကိုမသိဘဲ မင္းသားတစ္ပါးေရွ႕မွ ထိုအတိုင္း လွည့္ထြက္ခဲ့ဖို႔ဆိုသည္မွာလည္း မင္းသားအေပၚ မ႐ိုမေသေသာအမႈျဖစ္ေနျပန္သည္။ ထို႔ေၾကာင့္ အမတ္အိုႀကီးႏွစ္ဦးသည္ မင္းသားအ႐ုဏကို တစ္ခ်က္တစ္ခ်က္ေမာ့ေမာ့ၾကည့္ေနၾကၿပီး အ႐ုဏစကားစ,ေျပာမည့္အခ်ိန္ကိုသာ ေစာင့္ဆိုင္းေနၾက၏။
ယုဂန္ အ႐ုဏကိုေမာ့ၾကည့္လိုက္သည္။ ထိုအခါ အ႐ုဏက မ်က္ခုံးပင့္ျပသည္။
ယုဂန္ အသံမထြက္ဘဲ ႏႈတ္ခမ္းလႈပ္ျပ႐ုံမွ်ျဖင့္
" ဘာလဲ"
ဟုဆိုေလေသာ္ အ႐ုဏက အသံမထြက္ဘဲ တစ္ခုခုျပန္ေျပာသည္။
အ႐ုဏေျပာသည့္စကားကို ယုဂန္နားမလည္သျဖင့္ "ဘာလဲ" ဟုထပ္ေမးသည္။
အ႐ုဏ ထပ္ေျပာရန္ျပင္ခ်ိန္တြင္ အမတ္အိုႀကီးတစ္ဦးေခါင္းေမာ့လာသျဖင့္ အ႐ုဏသည္ မ်က္ႏွာႀကီးတည္ၿပီး ခက္ထန္သြားျပန္၏။
အမတ္အိုသည္ အခ်ိန္တစ္ခုမွ်ေစာင့္ဆိုင္းၿပီးသည့္ေနာက္တြင္ စိတ္မရွည္ေတာ့သျဖင့္ မင္းသားအ႐ုဏကို စကား,စေျပာရန္ ဆုံးျဖတ္ခဲ့သည္။
" အရွင့္သား...သႏၷီးအေရးအခင္းမွာ အရွင့္သားရဲ႕လုပ္ရည္ကိုင္ရည္၊ စြမ္းေဆာင္ရည္ေၾကာင့္ သႏၷီးၿမိဳ႕ကို ရခဲ့တယ္ဆိုတာ တစ္ေလာကလုံးအသိပါပဲ...သႏၷီးၿမိဳ႕ကိုရ႐ုံတင္မက သပြတ္အူလည္ကာ ေပြလိမ္ေနတဲ့ သႏၷီးျပည္သူေတြရဲ႕ေထာက္ပံ့ေၾကးေငြကို အလြဲသုံးစားလုပ္သူ...သူခိုးတစ္စုကိုလည္း အရွင့္သားေၾကာင့္ပဲ အမိအရဖမ္းႏိုင္ခဲ့တယ္...အရွင့္သားရဲ႕ဘုန္းတန္ခိုးကို ကြၽန္ုပ္တို႔အမတ္ေတြလိုက္မမွီႏိုင္ဘူးဆိုေပမဲ့ အရွင့္သားရဲ႕စြမ္းရည္...စြမ္းအင္ေတြကိုေတာ့ ခ်ီးက်ဴးပါရေစ... အရွင့္သားက တိုင္းသူျပည္သားေတြရဲ႕ ခိုကိုးရာေနရာျဖစ္လာမယ္ဆိုတာ ကြၽန္ုပ္ျမင္ေယာင္မိပါတယ္"
အမတ္အိုသည္ မင္းသားအ႐ုဏကို ေျပာစရာစကားလည္း တိတိပပမရွိသျဖင့္ ေတာ္ဝင္မိသားစုအား မင္းမႈထမ္းမ်ားေျပာေနၾကအတိုင္း ဖြဲ႕ႏြဲ႕ေသာခ်ီးက်ဴးစကားသာ ဆိုလိုက္သည္။
အမတ္အိုအေနႏွင့္ တိုင္းျပည္ေရးရာ၊ သံတမန္ေရးရာတို႔ႏွင့္ ပတ္သတ္ဆက္ႏြယ္၍လည္းေကာင္း၊ ေတာ္ဝင္မိသားစုႏွင့္ဆက္ဆံရာတြင္လည္းေကာင္း ထိုသို႔ရႈပ္ေထြးၿပီးလွပသည့္စကားလုံးမ်ားပါေသာ ဝါက်မ်ားကို ေျပာေနၾကျဖစ္သည္။ ထို႔ေၾကာင့္ ေျမႇာက္ပင့္ေသာစကားလုံးမ်ားမွာ သူ႔ပါးစပ္ထဲမွ အသာအယာပင္ထြက္က်လာခဲ့သည္။
အမတ္အိုဘက္မွ ရွည္လ်ားစြာေျပာခဲ့ေသာ္လည္း အ႐ုဏက
" အင္း "
ဟူေသာတစ္လုံးတည္းႏွင့္တုံ႔ျပန္သည္။
" သႏၷီးၿမိဳ႕ကို အစားရတာဟာ အရွင့္သားရဲ႕ရဲစြမ္းသတၱိနဲ႔ ထူးခြၽန္မႈအတြက္ ထိုက္တန္တဲ့ဆုလာဒ္ျဖစ္တယ္လို႔ ထင္မွတ္မိပါတယ္...အရွင့္သားရဲ႕စြမ္းေဆာင္ရည္ေတြကို လူဘုံအလယ္မွာ ခ်ျပႏိုင္တာဟာ တန္ဖိုးႀကီးတဲ့အခြင့္အလမ္းတစ္ခုျဖစ္ၿပီး ဂုဏ္ယူစရာ မွတ္တမ္းတစ္ခုပါပဲ...အရွင့္သားလို လူထူးကို တိုင္းျပည္ကရရွိထားတဲ့အတြက္ ကြၽန္ုပ္တို႔ အလြန္အမင္းဝမ္းေျမာက္ဂုဏ္ယူမိတယ္...အရွင့္သားနဲ႔ အခုမွေတြ႕ရတဲ့အတြက္ ဂုဏ္ျပဳစကားကို အခုမွဆိုရပါတယ္..."
"......"
အ႐ုဏသည္ ယုဂန္ႏွင့္စကားေျပာခ်င္၍ အနားသို႔လာခဲ့ရာမွ မဆီမဆိုင္လူျဖစ္ေသာ အဘိုးႀကီးႏွစ္ေယာက္က အနားရွိေန၍ အခက္ေတြ႕ေနခဲ့သည္။ သူသည္ ထိုအမတ္ႏွစ္ဦး သူႏွင့္ယုဂန္အနားမွ ခပ္ျမန္ျမန္ထြက္သြားျခင္းကို အလိုရွိခဲ့ေသာ္လည္း အမတ္တစ္ဦးက မထြက္သြားသည့္အျပင္ ခ်ီးက်ဳးစကားအရွည္ႀကီးေျပာေနျပန္သည္။
အ႐ုဏသည္ ဒီအတိုင္းေနပါက ယုဂန္ႏွင့္သူစကားေျပာရန္ အခြင့္အေရးရွိေတာ့မည္မဟုတ္ဟု ေတြးလိုက္မိသျဖင့္
ခပ္ျပတ္ျပတ္စကားတစ္ခြန္းဆိုလာသည္။
"မသြားၾကေသးဘူးလား"
သူ အမတ္ႏွစ္ဦးကိုၾကည့္လ်က္ဆိုသည္။
အမတ္ႏွစ္ဦးသည္ ႐ုတ္တရက္ေၾကာင္အ,အျဖစ္သြားၿပီးမွ စိတ္ထဲႀကိတ္ေပ်ာ္သြား၏။ သူတို႔သည္ မဆိုင္းမတြပင္
" ကြၽန္ုပ္တို႔ကိုခြင့္ျပဳပါဦး...အရွင့္သား"
" ခြင့္ျပဳပါ အရွင့္သား"
ဟု အသီးသီးဆိုကာ အနားမွထြက္ခြာသြားၾကသည္။
ယုဂန္သည္ ထိုအမတ္ႏွစ္ေယာက္အေနာက္မွ ဟန္ေဆာင္ပန္ေဆာင္လိုက္သြား၏။ ေျခလွမ္းႏွစ္လွမ္းအကြာေရာက္ၿပီးမွ အ႐ုဏအနားသို႔ ေနာက္ျပန္ဆုတ္လာသည္။
" ဘာေျပာမလို႔တုန္း"
အ႐ုဏ၏မ်က္ႏွာတြင္ ခက္ထန္ၾကမ္းရမ္းေသာမင္းသားတစ္ဦး၏ဂုဏ္ပုဒ္ကိုထိန္းထားသည့္ ေအးစက္စက္အမူအရာတို႔ ေပ်ာက္ကြယ္သြားသည္။ သူ၏ ျမစိမ္းေရာင္မ်က္ဝန္းတို႔မွာ စူးရဲျခင္းမမည္ေသာ အေရာက္တလက္လက္ေတာက္ပေနေလ၏။
" ယုဂန္ အလုပ္မရွိေတာ့ဘူးမလား"
သူ အားတက္သေရာေမးသည္။
"အင္း...မရွိေတာ့ဘူး"
"ခဏေန...ေမာင့္နန္းေဆာင္ကိုလာခဲ့"
" ဘယ္လိုလုပ္ လာလို႔ရမွာလဲ"
နန္းေတာ္ထဲရွိ အ႐ုဏ၏နန္းေဆာင္ကို ယုဂန္က မည္သို႔သြားရမည္တဲ့လဲ။
ဟိုေရာက္ရင္ အ႐ုဏက ဘာထ,လုပ္မယ္မွန္းမွမသိႏိုင္တာ...
ဖက္တာတို႔...နမ္းတာတို႔ေျပာပါတယ္...
အကယ္၍တစ္ေယာက္ေယာက္ျမင္သြားပါက ယုဂန္ေရာ၊ သူေရာ အက်ိဳးနည္းကုန္မည္။
" စိတ္မပူပါနဲ႔...နန္းေတာ္ပရဝဏ္က က်ယ္ပါတယ္...မ်က္စိေတြ၊ နားေတြ ေနရာတိုင္းမွာမရွိႏိုင္ပါဘူး"
ယုဂန္၏စိုးရိမ္မႈကိုသိသည့္အလား အ႐ုဏကဆိုသည္။
ထို႔ေနာက္သူသည္ ေပါ့ပါးစြာၿပဳံးျပၿပီး ယုဂန္အနားမွ ထြက္သြားသည္။
ငါးမိနစ္မွ်ေနေသာ္ အ႐ုဏ၏နန္းေဆာင္ဆီသို႔ ယုဂန္,ထြက္လာခဲ့သည္။
ထူးဆန္းစြာႏွင့္ နန္းေဆာင္တြင္ အသင့္ေစာင့္ဆိုင္းေနၾကျဖစ္သည့္ ရံေ႐ြေတာ္မ်ား၊ မင္းသားမင္းသမီးတို႔ အနီးတြင္ရွိေလ့ျဖစ္ေသာ အႀကီးေတာ္ စသျဖင့္လူသူတို႔ကို မေတြ႕ရေခ်။ နန္းေဆာင္သည္ လူသူကင္းမဲ့ၿပီး တိတ္ဆိတ္ေျခာက္ကပ္ေန၏။
ၾကည့္ရသည္မွာ အ႐ုဏက နန္းေဆာင္ရွိလူမ်ားကို ပ,ထုတ္ထားသည္ထင္သည္။
မည္သူမွမရွိေသာေၾကာင့္ ယုဂန္ နန္းေဆာင္ေပၚသို႔ ေအးေအးေဆးေဆးတက္သြားၿပီး နန္းေဆာင္တံခါးမကိုတြန္းဖြင့္ကာ အတြင္းသို႔ဝင္သြားသည္။
အ႐ုဏကိုမေတြ႕။
ရည္းစား၏နန္းေဆာင္မို႔ စပ္စုခ်င္စိတ္ေၾကာင့္ နန္းေဆာင္အတြင္း ယုဂန္ ဟိုဟိုဒီဒီေလွ်ာက္သြားၾကည့္သည္။ တံခါးဖြင့္ထားသည့္ အခန္းတစ္ခန္းကိုျမင္၍ ထိုအခန္းအတြင္းသို႔ ဝင္သြားသည္။ ထိုအခန္းသည္ အ႐ုဏ၏အိပ္ခန္းေဆာင္ျဖစ္၏။ အိပ္ခန္း၏နံရံတစ္ခု၌ ေျမေခြးမ်က္ႏွာဖုံးတစ္ခု ခ်ိတ္ဆြဲထားသည္ကို ေတြ႕လိုက္ရသည္။
ယုဂန္သည္ ထိုေျမေခြးမ်က္ႏွာဖုံးကို လက္ဖ်ားျဖင့္ အသာအယာတို႔ထိရင္း ခပ္ေဖ်ာ့ေဖ်ာ့၊ ခပ္ေရးေရးၿပဳံးသြားသည္။
" မႀကိဳက္ဘူးေျပာၿပီးေတာ့ သိမ္းထားတယ္...တကယ္ပဲ"
႐ုတ္တရက္ ယုဂန္ကို အေနာက္မွသိုင္းဖက္လိုက္ေသာ အထိအေတြ႕ေၾကာင့္ ယုဂန္ထိတ္လန႔္သြား၏။ သူ ေခါင္းကိုေစာင္းငဲ့ၾကည့္ရင္း အေနာက္ကအ႐ုဏကိုလွမ္းေျပာသည္။
" လန႔္သြားတာပဲ..."
အ႐ုဏ ဘာမွမေျပာဘဲ ခပ္သဲ့သဲ့ရယ္သည္။
" ကြၽန္ေတာ့္ကိုအေနာက္ကေန ဖက္ရတာ ေတာ္ေတာ္ႀကိဳက္တယ္နဲ႔တူတယ္"
" ဟင့္အင္း"
" ကြၽန္ေတာ့္ကို အေနာက္ကေနဖက္ရတာ မႀကိဳက္ဘူးလား...ဒါဆိုဘာလို႔..."
" ယုဂန္ကို ဘယ္ကေနဖက္ဖက္...ယုဂန္ကိုဖက္ရတာ သေဘာက်တယ္"
ယုဂန္၏ပါးႏွစ္ဖက္ ေဖာင္းမို႔တက္သြားသည္အထိ သူ ၿပဳံး၏။ ထို႔ေနာက္ အ႐ုဏ၏လက္ကို အသာအယာဖယ္ခ်ၿပီး အ႐ုဏႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္သည္။
" ဒါနဲ႔...ကြၽန္ေတာ့္ကိုေတြ႕ခ်င္တယ္ဆိုရင္ ကြၽန္ေတာ့္အိမ္ကိုလာေလ...အ႐ုဏရဲ႕နန္းေဆာင္က..."
"အ႐ုဏတဲ့လား..."
အ႐ုဏအသံက ခပ္တင္းတင္း။
" ေဆာရီး...ေမာင့္နန္းေဆာင္က အႏၲရာယ္မ်ားတယ္...မေတာ္တဆ တစ္ေယာက္ေယာက္ေတြ႕သြားရင္ ဘယ္လိုလုပ္မလဲ"
" အခုခ်က္ခ်င္း ယုဂန္ကိုေတြ႕ခ်င္ေနတာကို ဘယ္လိုလုပ္မလဲ"
" ေမာင္ ဆိုးမေနနဲ႔ေလ"
ထိုအတိုင္းဆိုေသာအခါ အ႐ုဏက မ်က္ႏွာငယ္ျပသည္။
ထိုအခါ ယုဂန္စိတ္မေကာင္း။ တကယ္တမ္း သူတို႔ေကာင္းေကာင္းမေတြ႕ျဖစ္ၾကသည္မွာလည္း ႏွစ္ပတ္မွ်ရွိေနၿပီ။
"အခု ေတြ႕ၾကၿပီပဲဟာ...ေမာင့္နန္းေဆာင္က ရံေ႐ြေတာ္ေတြကို ပ,ထုတ္ထားတယ္မဟုတ္လား...သူတို႔ေတြျပန္မေရာက္ခင္အထိ ကြၽန္ေတာ္ တိုးတိုးတိတ္တိတ္ေနၿပီးေတာ့ ခဏေနျပန္လိုက္မယ္"
" သူတို႔ကို ညေနစမွနန္းေဆာင္ကိုျပန္လာ...ညေနမေရာက္ခင္ ငါ့နန္းေဆာင္ရဲ႕အနီးတစ္ဝိုက္မွာေတြ႕ရင္ ေသမယ္ လို႔ေျပာထားတာ"
ယုဂန္ တစ္ခ်က္ရယ္မိသြားသည္။
" ကြၽန္ေတာ္က ေန႔လယ္အလုပ္ရွိေသးတယ္...အဲ့ေတာ့
ေန႔လယ္က် ျပန္မွရမွာ"
အ႐ုဏ ေခါင္းညိတ္ျပေသာ္လည္း တင္းတိမ္ပုံမရပါ။ သူဟာ ျဖစ္ႏိုင္လွ်င္ ယုဂန္ႏွင့္ပိုၿပီးအခ်ိန္ၾကာၾကာေတြ႕ခ်င္ေသးသည္။
မ်ားျပားလွေသာအလုပ္တာဝန္ေတြက သူတို႔ႏွစ္ေယာက္၏ေတြ႕ဆုံခ်ိန္မ်ားကို လိုက္လံဖ်က္ဆီးေနေလ့ရွိသည္။ ယုဂန္သည္ ေနာက္အခါက် သူ၏တခ်ိဳ႕ေသာအလုပ္မ်ားကို ေလွ်ာ့ခ်ေ႐ႊ႕ဆိုင္းၿပီး အ႐ုဏကိုအခ်ိန္ေပးရန္ ေတြးေတာလိုက္သည္။
ယုဂန္တြင္ ျပႆနာတစ္ခုရွိသည္က သူသည္ အလုပ္ရႈပ္ေနရျခင္းကို ႏွစ္ၿခိဳက္ၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားကိုလည္း သူကိုယ္တိုင္ေဆာင္႐ြက္လိုက္ရမွ ေက်နပ္တတ္သူျဖစ္သည္။ ထို႔ေၾကာင့္ မိမိအေမြရထားေသာမိသားစုလုပ္ငန္းမ်ားမွစ၍ အမတ္တာဝန္အဆုံးအကုန္လုံးကို သိမ္းႀကဳံးတာဝန္ယူကာ ေဆာင္႐ြက္ေနတတ္သည္။ တျခားအလုပ္မရွိပါက သူသည္ စံအိမ္၏ဥယ်ာဥ္အတြင္းဆင္းကာ ပန္းပင္မ်ား၏အ႐ြက္ကို လိုက္ညႇပ္ေနတတ္သည္။ မဟုတ္ပါက စာအုပ္တစ္အုပ္ၿပီးတစ္အုပ္ ထိုင္ဖတ္ေနတတ္သည္။
ဝါသနာက အလုပ္ရႈပ္ျခင္းျဖစ္ေနသည့္အတြက္ သူသည္ သုရွင္ထက္ေတာင္ အလုပ္မ်ားေနပုံေပၚ၏။ ထိုသို႔ အက်င့္ရွိ၍လည္း ပထမဆုံးရည္းစားႏွင့္ျပတ္ခဲ့ရျခင္းျဖစ္သည္။
သို႔ရာတြင္ အ႐ုဏႏွင့္က ကြဲျပားသည္။
အ႐ုဏသည္လည္း အလုပ္မ်ားေသာသူတစ္ဦးျဖစ္သည္။
ထိုအခါ အ႐ုဏအားလွ်င္ ယုဂန္မအား၊ ယုဂန္အားလွ်င္ အ႐ုဏမအားႏွင့္ အခ်ိန္ညႇိမရ။ အခ်ိန္မေ႐ြးဆက္သြယ္စရာ ဖုန္းမရွိသျဖင့္ ပိုဆိုး၏။
သို႔ေသာ္လည္း ထိုအျခင္းအရာအေပၚ အ႐ုဏက မေက်မနပ္ေျပာျခင္းမ်ိဳးေတာ့မရွိပါ။ သူသည္ ယုဂန္ႏွင့္ေတြ႕ဆုံရန္ ရရင္ရသလိုႀကိဳးစားေနေလ့ရွိၿပီး ယုဂန္ဘက္ကပစ္ထားလည္း ထိုေနရာမွာတင္ မညည္းမညဴဘဲေစာင့္ဆိုင္းက်န္ရစ္ခဲ့ေပလိမ့္မည္။ ထို႔ေနာက္ သူဟာ ယုဂန္အေပၚ တစ္ခြန္းတစ္ေလေတာင္ မညည္းတြားဘဲ သူ႔ဘက္ကပဲ ယုဂန္ႏွင့္ေတြ႕ဆုံရန္ ႀကိဳးစားေနလိမ့္မည္။ ယုဂန္က ရပ္ဆိုင္းေနပါက သူ႔ဘက္ကပဲ ေျခလွမ္းေတြဆက္တိုးေနလိမ့္မည္။
ယုဂန္သည္ အ႐ုဏကိုဂ႐ုမစိုက္ျခင္း မဟုတ္ေသာ္လည္း
သူဟာ အလုပ္ရႈပ္ရျခင္းကို ႏွစ္ၿခိဳက္ေနေသးသည္။ သူ အ႐ုဏအေပၚ အားနာသြား၏။ သူသည္ မေကာင္းေသာ၊ ဂ႐ုမစိုက္တတ္ေသာ ခ်စ္သူတစ္ဦးလည္းမျဖစ္ခ်င္ပါ။ သူအေနႏွင့္ အ႐ုဏအတြက္ အခ်ိန္မ်ားမ်ားေပးသင့္သည္။
" ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း အလုပ္ေတြမအားတာနဲ႔ ခဏခဏမေတြ႕ျဖစ္ၾကဘူးေနာ္"
ထိုစကားကိုေထာက္ခံေသာအားျဖင့္ အ႐ုဏ ေခါင္းညိတ္ျပသည္။
" ယုဂန္ ေမာင့္ကိုလြမ္းေနတာ"
သူ အ႐ုဏ၏ပခုံးေပၚသို႔ လက္ႏွစ္ဖက္ကို အသာအယာတင္လိုက္၏။
"ေမာင္ေရာ ကြၽန္ေတာ့္ကိုမလြမ္းဘူးလား...ဟင္?"
အ႐ုဏက သူ႔ကို ညင္သာလြန္းစြာျဖင့္ မမွိတ္မသုတ္စိုက္ၾကည့္ေနေသာ္လည္း တစ္ခြန္းမွျပန္မေျပာလာပါ။
လြမ္းေနမယ္မွန္း ေသခ်ာေပါက္သိေပမဲ့ လူေတြမွာ ပါးစပ္ဆိုတာ ဘာလုပ္ဖို႔ပါလာတာလဲ...
စကားေျပာဖို႔ေလ...
အ႐ုဏသည္ ခံစားခ်က္မ်ားကို စကားလုံးမ်ားျဖင့္ေဖာ္ျပသင့္ေသးသည္။
" မလြမ္းဘူးလားလို႔...ပါးစပ္နဲ႔ေျဖေလ"
အ႐ုဏ ျပန္မေျဖပါ။
ထိုအစား သူသည္ ယုဂန္အနားသို႔တိုးကပ္လာၿပီး ယုဂန္၏ႏႈတ္ခမ္းေထာင့္စြန္းနားကို ခပ္ဖြဖြနမ္းသည္။ ထို႔ေနာက္
ေခါင္းကိုပိုငုံ႔သြားၿပီး ယုဂန္၏ေၾကာ့ရွင္းေသာလည္ပင္းကို မက္မက္ေမာေမာနမ္းသည္။
"ေမာင္..."
လည္ပင္း၏အေပၚ က်ေရာက္သည့္အထိအေတြ႕ဟာ ယုဂန္ကိုယားယံေစၿပီး ထူးဆန္းေသာခံစားခ်က္ကိုေပး၏။ ထို႔ေၾကာင့္ အ႐ုဏကို အသာအယာတြန္းထုတ္မိသည္။
အ႐ုဏ ယုဂန္၏ခါးသြယ္သြယ္ကို ေပြ႕ဖက္သည္။
ထို႔ေနာက္ ႏႈတ္ခမ္းေပၚသို႔အနမ္းမ်ားက်ေရာက္လာခ်ိန္တြင္ ယုဂန္မ်က္လုံးမ်ားကို မွိတ္ခ်လိုက္သည္။
********************************
6.7.2021
(Tuesday)