Xiao မိသားစုမှ ထွက်လာပြီးနောက် Qing Yun က လေအေးများကို ခပ်ပြင်းပြင်းရှိုက်လိုက်ကာ စိတ်ပြေလျော့သွားသည်။
သူ့အမေ Xiao ကိုပြောခဲ့သော စကားများသည် အလိမ်အညာမဟုတ်ပေ။ Xiao မိသားစုက သူ့ကို ထိန်းချုပ်ထားသည်။Xiaoမိသားစုကိုအာရုံစိုက် နေမည့်အစား ထိုနေရာမှ ထွက်ခွာလာခဲ့ခြင်းက Qing Yun ကို ပို၍ကျယ်သော လောကကြီးနှင့် တွေ့ကြုံစေသည်။
Qing Yun သည် Xiao မိသားစုတွင် နေမည်ဟုမစဉ်းစားထားပေ။ ယခု ထွက်ခွာရန် အကြောင်းပြချက် ရသွားခြင်းပင်။
သူက လမ်းမပေါ်တွင် ဖြည်းညှင်းစွာ လျှောက်နေသည်။ သူ၏ ကားကို ပွဲကျင်းပရာနှင့် သိပ်မနီးမဝေး Xiao မိသားစု၏ ကားဂိုထောင်ထဲတွင် ထားခဲ့သည်။သို့သော် သူကပြန်သွားပြီး ကားပြန်ယူရန် စိတ်ကူးမရှိပေ။
သူဘာနည်းနဲ့ပြန်ရလဲ စဉ်းစားေနစဉ်တွင်ပင် ကားတစ်စီးက ဖြည်းဖြည်းချင်း မောင်းလာပြီး Qing Yun ဘေးတွင် ရပ်တန့်သွားသည်။
ကားမှန်အောက်ကျလာပြီး တကယ်ကိုပင် Zou Chen ထပ်ဖြစ်နေသည်။
" ခင်ဗျားပြန်သွားပြီမဟုတ်ဘူးလား။ " Qing Yun ကသူ့ဆီမေးငေါ့ပြလိုက်သည်။ လမ်းမီးရောင်မှိန်မှိန်၏ အောက်မှာပင် သူ၏ လည်တိုင်ပေါ်မှ အနီရောင် အမှတ်အသားများက အကြည့်များကို ဆွဲဆောင်နေသည်။
Zou Chen က ချောင်းတိုးတိုးဆိုးလိုက်ပြီး အကြည့်လွှဲလိုက်သည်။
သူက ကားတံခါးကို ဖွင့်ပေးလိုက်ပြီး ပြောသည်။ " ကိုယ်မင်းကို စိတ်ပူနေလို့ ပြန်လာကြည့်တာ။ "
"Oh! ဒါဆိုခင်ဗျားနောက်ကျတယ်။ " Qing Yun ၏ အသံ ဆန့်ကျင်နေပုံပေါ်သော်လည်း သူက ကားထဲဝင်ရန်တုန့်ဆိုင်းမနေခဲ့ပေ။
Zou Yun က ခါးသီးစွာ ပြုံးလိုက်ပြီး သူ့ကိုတောင်းပန်လိုက်သည်။ "ကိုယ်ဒီနေ့တုန်းက ကမူးရှူးထိုးဖြစ်သွားတယ်။ ဒါပေမယ့် ကိုယ်တကယ် မထိန်းနိုင်ဘူး။ ကိုယ့်ကို နားလည်လား။ "
သူဟာသပြောနေခြင်းမဟုတ်ပေ။ သူ Qing Yun ကိုတွေ့သည်နှင့် သူ့ထိန်းချုပ်နိုင်စွမ်းက ထိုလူငယ်လေးလက်ထဲ ရောက်သွားသလိုပင် ခံစားရသည်။သို့သော် ဘာကထူးခြားနေလဲဆိုလျှင် Zou Chen ကဲ့သို့အချိန်အတော်ကြာ အပေါ်စီးကနေခဲ့သူက ထိုခံစားချက်ကို မငြင်းပယ်ခြင်းပေ။
သူ့ဘေးမှ လူငယ်လေး၏ အေးစက်စက်မျက်နှာကိုကြည့်ပြီး Zou Chen က ကားကို လမ်းဘေးချရပ်လိုက်ကာ Qing Yun အားကြည့်လိုက်သည်။ " မင်း၊ မင်းနောက်ကိုလူတွေလိုက်နေတာ မကြိုက်ဘူးဆိုလို့ ကိုယ်သူတို့တွေကို ဖယ်လိုက်ပြီ။ "
"ကိုယ်က မင်းရဲ့ ဆုံးဖြတ်ချက်တိုင်းကို လေးစားပါတယ်။ " သူက Qing Yun၏ လက်ကလေးကို ကိုင်လိုက်ပြီး သူ၏ ပုံမှန်ဆိုလျှင် အပြုံးမရှိသော မျက်နှာ၌ မေတ္တာရပ်ခံနေသည့် ပုံပေါ်နေသည်။ "ကျေးဇူးပြုပြီး ကိုယ့်ကို မင်းအကြောင်းပိုသိလာဖို့ အခွင့်အရေးလေးပေး။ Okay? "
Qing Yun ကပေါ့ပေါ့ပါးပါး ရယ်သွေးရွှမ်းလိုက်သည်။ ဒါပေါ့ Zou Chen ဘာကိုဆိုလိုချင်တယ်ဆိုတာ သူသိသားပဲ။
သူက Zou Chen ကို ဘေးတိုက်ကြည့်လိုက်ပြီးမေးကိုပင့်လိုက်သည်။ သူ့မျက်နှာပေါ်မှ အမူအရာက ၇မှတ်ခန့် မောက်မာနေပြီး ၃မှတ်ခန့် ကဆွဲဆောင်နေသည့်ပုံပေါ်သည်။ " Oh? "
Zou Chen က သူ့ကိုနက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။ သူ့မျက်လုံးများက ဆန္ဒပြင်းပြနေသည်။
"ဟာ့။ အဲ့ဒါက ခင်ဗျားရဲ့ အရည်အချင်းပေါ်မူတည်တယ်။"
လူငယ်လေး၏ စကားလုံးများအများစုကို ကားအပြင်ဘက်မှ လေကသယ်ဆောင်သွား၍ ကားထဲတွင် ပဲ့တင်သံအနည်းငယ်သာ ကျန်ခဲ့သော်လည်း Zou Chen က အကြီးအကျယ် ပျော်ရွှင် နေသည်။
Zou Chen ကနောက်ဆုံးေတာ့ Qing Yunကို အကြီးအကျယ်ဆွဲဆောင်နိုင်တော့မည်ဟု ထင်နေချိန်မှာပင် နောက်တစ်ရက်တွင် Qing Yunက Zhao Bowen ကိုဦးဆောင်ပြီး M နိုင်ငံသို့ ခရီးထွက်သွားမည်ဟု မထင်ခဲ့ပေ။
ထို့ကြောင့် Zou ဝန်ထမ်းများမှာ နောက်ထပ်တစ်ကြိမ် သူတို့သူဌေး၏ ရူးသွပ်မှုကို မျက်မြင်တွေ့ကြရသည်။
" ထွက်သွားစမ်း။" ခွက်က ဌာနမှူး၏ေခါင်းေဘးမှဖြတ်သွားပြီး တံခါးဘောင်ကို အသံကျယ်ကျယ်ဖြင့်တိုက်မိကာ ကွဲသွားသည်။
ဌာနမှူးက မဲပြာနေသောမျက်နှာဖြင့် ပြန်ဆုတ်သွားပြီး တံခါးအပြင်ဘက်မှ အတွင်းရေးမှူးနှင့် ကြောက်ရွံ့နေကြောင်း အကြည့်ခြင်းဖလှယ်လိုက်ကြသည်။
အခန်းထဲမှ ပစ္စည်းများ အချင်းချင်းတိုက်မိသံများ ဝရုန်းသုန်းကားပေါ်လာပြီး ယောက်ျားတစ်ယောက်၏ ဒေါသများကို ချုပ်တည်းထားသော အော်ဟိန်းသံ ထွက်လာသည်။ " ချီးပဲ။ မျိုးရိုးနာမည် Zhao နဲ့ကောင်က ဘာေကာင်တုန်း။"
လေယာဉ်ပေါ်မှ အခုလေးတင် ဆင်းလာသော Zhao Bowen က မကောင်းဆိုးဝါးကဲ့သို့ တစ်စုံတစ်ယောက်ထံမှ စောင့်ကြည့်ခံနေရသကဲ့သို့ ရှင်းရှင်းလင်းလင်း မတွေးတောနိုင်ဖြစ်နေသည်။ သူက လည်ပင်း ကျုံ့လိုက်ပြီး သက်ပြင်းချလိုက်သည်။ M နိုင်ငံရဲ့ လေအေးကတော့ သာမန် မဟုတ်ဘူးပဲ။
အခြားတစ်ဖက်တွင် Qing Yun က ဖုန်းဖွင့်လိုက်ပြီး တစ်ခုပြီးတစ်ခုတက်လာသော စာတိုများနှင့် missed call များကို ပျော်ရွှင် နေသော အပြုံးဖြင့်ကြည့်လိုက်သည်။
Qing Yun လွန်ခဲ့သောအခါက ပြောခဲ့သော " ခင်ဗျားရဲ့ အရည်အချင်းပေါ်မူတည်တယ်။" ဆိုသော စကားလုံးများသည် အလိမ်အညာမဟုတ်ပေ။ Zou Chen တွင် အရင်ဘဝက မှတ်ဉာဏ်များမရှိကြောင်း သူသိပြီးပြီဖြစ်သည်။ ဘာလို့ Qing Yun က သူ့ကို အခွင့်ကောင်းယူပြီး သူ၏ ဖြားယောင်းမှုကို အလျင်အမြန် သဘောတူခဲ့ရသနည်း။
Zou Chen သာသူ့ကို ရင်ထပ်မခုန်စေတော့လျှင် သူတို့နှစ်ယောက်က ကံမပါဟု မှတ်ယူလိုက်မည်။
"သွားရအောင်။ " Qing Yun က ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ကာ သူ့ဘေးမှ Zhao Bowen ကိုပြောလိုက်သည်။
#########################
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်း မှာပင် သုံးနှစ်ကုန်ဆုံးသွားသည်။
လွန်ခဲ့သော သုံးနှစ်အတွင်းတွင် Ruixin ဟူသော ဆေးဝါးကုမ္ပဏီတစ်ခုက မြင်းမဲတစ်ကောင်ကဲ့သို့ ဇီဝဆေးနယ်ပယ်တွင် နေရာရလာခဲ့သည်။ ထိုကုမ္ပဏီက ကင်ဆာ အစောပိုင်း ၊ အလယ်ပိုင်း နှင့် နောက်ဆုံးအပိုင်း အဆင့်များတွင် အံ့အားသင့်ဖွယ် အစွမ်းသက်ရောက်စေသော ဆေးအသစ်တစ်ခုကို ထုတ်လုပ်ခဲ့သည်။
အရေးအကြီးဆုံးတစ်ခုက ထိုဆေးသည် ကင်ဆာဆဲလ်များကိုသာ သီးသန့်သတ်ပြီး လူ့ခန္ဓာကိုယ်မှ ကျန်းမာသည့် ဆဲလ်များကို အန္တရာယ်မပေးပေ။ ထိုဆေးထွက်ထွက်ချင်း ကင်ဆာ၏ ကုသမရဘဲ သေဆုံးနိုင်စေသည့် ကျိန်စာကြီးကို ဖြေဖျက်ပစ်လိုက်သည်။
ထိုဆေး၏ ထူးခြားသော သဘာဝကြောင့် အစားအစာနှင့်ဆေးဝါး စီစစ်ရေးက ၎င်းကို တော်တော်အာရုံစိုက်ပြီး ဆေးစမ်းသပ်မှုအဆင့်များကို တင်းတင်းကြပ်ကြပ်စစ်ဆေးမှုအောက်တွင် ကြာချိန်တိုစေကာ ဆေးကိုစျေးကွက်တွင် မြန်နိုင်သမျှမြန်မြန်ရနိုင်စေရန် ပြုလုပ်ခဲ့သည်။
Ruixin ဆေးဝါးကုမ္ပဏီကလည်း အခွင့်အရေးကိုယူကာ အရယူကာ ကင်ဆာကာကွယ်ဆေး၊ ကင်ဆာဗီဇဓာတ်ကို ပြုပြင်သည့်ဆေး စသည်တို့ကို လူထုထံချပြ၍ ဇီဝဆေးလောကကို အဆင့်တစ်ဆင့်မြင့်စေနိုင်ခဲ့သည်။
ကင်ဆာ နယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် Ruixin ဆေးဝါးကုမ္ပဏီကတစ်ဖက်တွင် ဗီဇဓာတ်များအကြာင်းကို သုတေသနပြုနေပြီး အခြားတစ်ဖက်တွင် ပိုသတ်ဆေးကို နည်းမမှန်၊လမ်းမမှန် အလွန်အကြူးသုံးစွဲမှုကြောင့်ဖြစ်သည့် ပိုးသတ်ဆေးကိုယဉ်ပါးေနေသာ ဘက်တီးရီးယား ၏ကြောက်မက်ဖွယ်ပြဿနာကို ဖြေရှင်းရန် အထူးဆေးဝါးတစ်မျိုးကို ထုတ်လုပ်ခဲ့သည်။
အံ့ဖွယ်ဆေးအစွမ်းများဖြင့် အဆုံးမရှိ ဆေးအမျိုးအစားအသစ်များကို ထုတ်လုပ်နိုင်ခြင်းကြောင့် Ruixin ဆေးဝါးကုမ္ပဏီက ကမ္ဘာ့ထိပ်တန်းေဆးဝါးကုမ္ပဏီအဆင့် ငါးရာဝင် ကုမ္ပဏီတစ်ခုလျင်မြန်စွာ ဖြစ်လာခဲ့သည်။
သုံးနှစ်ကြာသောအခါ Zhao Bowen ကလည်း အတော်ရင့်ကျက်လာခဲ့သည်။ ဤအချိန်တွင် သူက စားပွဲကို ရိုက်လိုက်ပြီး စားပွဲနောက်မှ Qing Yun ကို ခိုင်ခိုင်မာမာ စိုက်ကြည့်နေသည်။
Qing Yun က သူ့လက်ထဲမှ စာရွက်စာတမ်းများကို စစ်ဆေးပြီးသောအခါ မျက်နှာအမူအရာမပြောင်းဘဲ ၎င်းတို့ကို အတွင်းရေးမှူးဆီ ကမ်းပေးလိုက်ကာ ဒေါသထွက်နေသော Zhao Bowen ကို ကြည့်လိုက်သည်။
" ခင်ဗျား အလုပ်ပြီးသွားပြီလား။ ခင်ဗျားပြီးရင် ပြန်လို့ရတယ်။မှတ်မိရသလောက် ခင်ဗျားအလုပ်များနေသင့်တယ်လို့တော့ ကျွန်တော်ထင်တာပဲ။ နောက်ထပ်ဆေးအသစ်အတွက် ဖော်ထုတ်ပုံကို ပို့ထားတယ်လေ။ "
သူ၏ သောကမရှိ၊ အေးဆေးသော အပြုအမူကိုကြည့်ပြီး Zhao Bowen က ဒေါသထွက်လွန်းသဖြင့် နောက်ပြန်လှန်လိုက်သည်။ သူက စားပွဲကို ပတ်သွားလိုက်ကာ Qing Yun ၏နှာခေါင်းတည့်တည့် လက်ညှိုးထိုးလိုက်သည်။ " မင်းပိုပြီး ရေရှည်ကိုကြည့်သင့်တယ်။ Okay? "
သူက သူ့လက်ထဲမှ အချက်အလက်များကို ပစ်ချလိုက်သည်။" ဒီရလဒ်တွေနဲ့ဆိုရင် နောက်ဆယ်နှစ်လောက်အတွက် နိုဗယ်ဆုတောင်ယူလို့ရတယ်။ သေစမ်း။ မင်းပိုက်ဆံကိုပဲ အာရုံစိုက်မနေလို့ မရဘူးလား။ "
" ဒီ့အပြင် နိုဗယ်ဆုကလည်း ပိုက်ဆံအများကြီးရဦးမှာကွ။ အများကြီး။! "
Zhao Bowen က Qing Yun ၏ ပုခုံကို ကိုင်လှုပ်တော့မလိုပုံစံဖြင့် အော်လိုက်သည်။ သူက အရင်တုန်းကလို အဆိုးအပေ မဟုတ်တော့ပေ။ Qing Yun နှင့် အလုပ်လုပ်တာ နှစ်ကြာပြီဖြစ်၍ ထိုစိတ်ဓာတ်ကျစရာကောင်းသော အကြံဉာဏ်များအားလုံးက Qing Yun ဆီမှလာသည် ဆိုတာကို သူမသိဘဲ ဘယ်နေလိမ့်မည်နည်း။
ပထမတုံးက သူ Qing Yun ကို ဘုရားတစ်ဆူကဲ့သို့ ထင်ထားသော်လည်း ၎င်းက သူဘယ်လိုမေးမေး ဝန်ခံရန်ငြင်းဆန်ခဲ့သည်။
ယခုအခါ သူထိုတစ်ယောက်ကို လည်ပင်းညှစ်သတ်ချင်လောက်အောင် မုန်းတီးနေသည်။
" ကောင်းပြီ။ ကျွန်တော်သိပြီ။ ခင်ဗျားသွားလို့ရပြီ။ "
ချက်ချင်းပင် Qing Yun က အလုပ်ထဲပြန်နစ်သွားသည်။ Zhao Bowen က အချိန်တိုင်းလိုလို စိတ်ဆိုးခံနေရတာနှင့် အသားကျနေပြီ ဖြစ်သည်။ ထိုတစ်ယောက်က မြန်မြန်ဆန်ဆန် တီထွင်ပြီး Zhao Bowenက ကိုယ့်ဘာသာ ဆေးအသစ်ကို ထုတ်လုပ်သည့် ကဏ္ဍတွင် လုပ်ဆောင်ရမည်။
ပြီးတော့ Qing Yun က သူ့မူရင်းကမ္ဘာမှ ဘယ်ဆေးညွှန်းကို ယူလိုက်သလဲဆိုတာကို သေချာသိသည်။ Qing Yun က သူ့ကိုယ်သူ အထင်ကြီးနေခြင်းလဲ မရှိပေ။
"မင်း။ " Zhao Bowen ကအခြားအကြောင်းပြောမည် ပြင်စဉ်တွင် သူ၏ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ Qing Yun ၏ ကွန်ပျူတာမျက်နှာပြင်ကို တွေ့လိုက်ရသည်။
Zou Chen က မျက်လုံးမည်းကြီးများဖြင့် သူ့ကို ဒေါသထွက်စွာ ကြည့်နေသည်။
Zhao Bowen က လန့်သွားပြီး နေရာမှ လှည့်ပြန်သွားသည်။
Qing Yun က သူ့ရဲ့ ကြောက်စရာ လူကြီးနဲ့ ဗီဒီယိုပြောနေပြန်ပြီ။
Zhao Bowen ထွက်သွားပြီးနောက် Zou Chen ၏ မျက်နှာပေါ်မှ ရေခဲလွှာချက်ချင်းကွာကျသွားသည်။သူက အလုပ်ထဲပြန်နစ်သွားသည့် Qing Yun ၏ ဘေးတိုက်မျက်နှာလေးကိုကြည့်ပြီး သူတိတ်ဆိတ်မှုကို မဖြိုခွဲခင် အချိန်နည်းနည်းယူလိုက်သည်။ "နောက်ကျနေပြီ။ နေ့လည်စာစားချိန်လေ။ အမ်"
ထိုစကားလုံးများကို ကြားသောအခါ Qing Yun ကအချိန်ကို ကြည့်လိုက်သည်။ တကယ်ကို နေ့လယ်စာစားချိန်ပင်။ သူက ဖုန်းကိုကောက်ကိုင်လိုက်ပြီး အတွင်းရေးမှူးကို အစားအစာမှာလိုက်ရန် ပြောလိုက်သည်။ Zou Chen က သူ့ကို အသိပေးခဲ့သော်လည်း သူက ကွန်ပျူတာရှေ့တွင်ပင် ထွက်ခွာရန် ရည်ရွယ်ချက် မရှိသည့်ပုံဖြင့် ထိုင်နေသည်။
" ဒီနေ့ နေ့လည်စာ ဘာစားမှာလဲ။ " Zou Chen က သူ့ကိုမေးလိုက်သည်။
"ဟမ်။ " Qing Yun က မေးစေ့ကို ဖုန်းပေါ်တင်ထားပြီး ခေတ္တမျှ စဉ်းစားပြီးမှ ဟင်းအမည်အချို့ကို ပြောခဲ့သည်။
Zou Chen က ၎င်းတို့ကို ချက်ချင်းချရေးလိုက်ကာ တစ်စုံတစ်ယောက်ကို ထပ်တူညီသည့် ညနေစာ ပြင်ခိုင်းလိုက်သည်။ သူတို့ကို Qing Yunဆီလဲမပို့နိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က သမုဒ္ဒရာ ခြားနေသည်လေ။
သူက Qing Yun နှင့်အတူ စားနေသည်ဟူသည့်ခံစားချက်ကိုရရန် တူညီသောဟင်းအမျိုးအစားကိုသာ စားနေနိုင်သည်။
နေ့လည်စာ စားပြီးသောအခါ Qing Yun က ခေတ္တအနားယူတော့မည် ဖြစ်၍ ဗီဒီယိုခေါ်ထားတာကို ပိတ်ရန် ထလာသည်။
Zou Chen က ကသိုက်ကရိုက်ပြောလိုက်သည်။ " ကိုယ် မနက်ဖြန်အတွက် လက်မှတ် ဝယ်ထားတယ်။ "
" အမ်။ စီးပွားရေးကိစ္စ ရှိလို့လား။ " Qing Yun က မျက်ခုံးပင့်၍ မေးလိုက်သည်။
"မဟုတ်ဘူး။ မင်းကိုတွေ့ဖို့။ " Zou Chem ခပ်တိုးတိုး ရယ်လိုက်သည်။ Qing Yun က သူ၏ ခံစားချက်များကို မတုန့်ပြန်သေးသော်လည်း သူတို့၏ ဆက်ဆံရေးက ပို၍လိုက်လျောညီထွေ ဖြစ်လာသည်။ ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံး၏ လက်ထဲတွင် တာဝန်များစွာရှိသည်။ Zou Chen က စိတ်ခဏခဏပြောင်းနေလျှင်ပင် ကြီးမားသော Zou အုပ်စုကြီးကို ပစ်ထားပြီး Qing Yunကို အပြေးလာတွေ့၍မရပေ။
" Oh. သနားစရာပဲ။" Qing Yun က မျက်တောင်ချလိုက်ပြီး သူ့မျက်ဝန်းထဲမှ ရယ်ချင်နေမှုကို ဖုံးကွယ်လိုက်သည်။
"သနားတယ်လား။" Zou Chen ကခဏတောင့်သွားပြီး မျက်နှာပြင်ကို ပို၍နီးနီးကြည့်ရန် ကိုင်းလာခဲ့သည်။
သူက ဖြစ်နိုင်ခြေ များကိုသာ ချက်ချင်း တွေးမိသွားသည်။ သူ အရမ်းနောက်ကျသွားတာလား။ Qing Yun က အခြားတစ်ယောက်ရဲ့ ပိုးပန်းတာကို လက်ခံလိုက်တာလား။ "
" ကံမကောင်းတာပဲ။ ကျွန်တော်က မနက်ဖြန် အိမ်ပြန်လာတော့မှာ။ "Qing yun နောက်ဆုံး သည်းမခံနိုင်တော့ဘဲ နည်းနည်းပြုံးလိုက်သည်။ ထိုစကားများသူ့ပါးစပ်မှ ထွက်သွားသည်နှင့် ဗီဒီယိုကို ချက်ချင်းပိတ်လိုက်သည်။
"မင်း တကယ်" Zou Chen က စိတ်ဖြေလိုက်ကာ ထိုင်ခုံကိုမှီ၍ ငိုလိုက်ရယ်လိုက်ဖြစ်နေသည်။ သူက ထိုအကြောင်းကို အကျဉ်းချုံး ပြန်တွေးလိုက်ပြီး ထိုအရာသည် Qing Yun ၏ surprise ဖြစ်ကြောင်း သဘောပေါက်သွားသည်။
အခုလေးတင်ပြောလိုက်သော စကားများမှ Zou Chen M နိုင်ငံသို့ လာရန်ပြင်နေကြောင်း ခန့်မှန်းမိရန်က Qing Yun အတွက် မခက်ပေ။ သူ့တွင် တရုတ်သို့ ပြန်လာရင် အစီအစဉ်ချပြီး ဖြစ်သော်လည်း သူက Zou Chen အရာအားလုံးကို ကြိုးကြိုးစားစားပြင်ဆင်ပြီးသည်ထိစောင့်ပြီးမှ သတင်းကို ပြောခဲ့သည်။
"ဆိုးလိုက်တာ။" Zou Chen က မဲမှောင်နေသော ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ပြီး ပျော်ရွှင်နေသော အသံဖြင့်ပြောလိုက်သည်။
သူက Qing Yun တရုတ်သို့ ပြန်လာတော့မည့်အကြောင်းကို ဘာမှမသိခဲ့ရပေ။
*****
ယခု Xiao Chengzhe က ကုမ္ပဏီကြီးတစ်ခုနှင့် စပ်တူလုပ်ရန်ပြင်ဆင်နေသည်။ Qing Yun ထွက်သွားပြီးနောက် အဖေ Xiao က လုပ်ပိုင်ခွင့် တဖြည်းဖြည်း ကျသွားကာ ယခု Xiao မိသားစု၏ ခေါင်းဆောင် Xiao Chengzhe ကိုပေးလိုက်ရသည်။
မကြာသေးမီက Zou တို့က ဗိုင်းရပ်စ် တစ်မျိုး၏ ကူးစက်မှုကိုကာကွယ်ရန် ကာကွယ်ဆေးတစ်သုတ် ထုတ်ချင်သဖြင့် ဆေးဝါးကုမ္ပဏီတစ်ခုနှင့် စပ်တူတွဲလုပ်ရန် ပြင်ဆင်နေကြသည်။ ဆေးဝါးကုမ္ပဏီအများစုက အပြေးကလေးပင် ခေါင်းတိုးလာကြသည်။ မည်သို့ပင်ဆိုစေ Zou အဖွဲ့အစည်းသည် နယ်ပယ်အများအပြားတွင် လွှမ်းမိုးနိုင်ပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့နိုင်လောက်အောင် ကြီးမားသည်။ Zou နှင့် လက်တွဲဖို့သည် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ ၎င်းက ကုမ္ပဏီအပေါ် လူထုထင်မြင်ချက်ကို မြှင့်တင်နိုင်ရုံသာမက လူတိုင်း၏ နှလုံးသားထဲ ပိုမို စွဲမြဲသွားစေနိုင်လိမ့်မည်။
ဤတစ်ခါသည် Xiao Chengzhe အာဏာရကတည်းက ပထမဆုံး ရင်ဆိုင်ရသော ပိုမိုအင်အားကြီးသည့် စပ်တူပူးပေါင်းရေးဖြစ်သည်။ ယခု အခွင့်အရေးဖြင့် အဖေ Xiao ကတွေးခေါ်ဆုံးဖြတ်ကာ Xiao Chengzhe ကို Xiaoဆေးဝါးလုပ်ငန်း၏ နောက်တက်မည့် ဥက္ကဌအဖြစ် တရားဝင်ကြေညာနိုင်သဖြင့် သူဂရုစိုက်ရန်လိုအပ်သည်။
သို့သော် Xiao Chengzhe က အလွန်အကြူးစိတ်မပူနေပေ။ ဘယ်လိုပဲ ဖြစ်ဖြစ် Xiao ဆေးဝါးလုပ်ငန်းက နိုင်ငံတွင်းတွင် အင်အားအကြီးဆုံး ဆေးဝါးလုပ်ငန်းဖြစ်ပြီး သူနှင့် Zhao Qiyao ၏ သူငယ်ချင်း ဆက်ဆံရေးကလည်း ရှိသေးသည်လေ။ မတော်တဆသာ မရှိလာဘူးဆိုလျှင် စပ်တူလုပ်နိုင်မည့် အခွင့်အရေးက သံသယကင်းစွာပင် Xiao တို့၏ လက်ထဲရောက်လာေပလိမ့်မည်။
Xiao Chengzhe ကအပြုံးတစ်ခုနှင့် ထိုင်ခုံ၏ နောက်ခံကို မှီလိုက်သည်။ သူကနောက်ပြန်လှည့်လိုက်ပြီး မျက်နှာကျက်မှ ကြမ်းပြင်ထိ မြင်ရသော ပြတင်းပေါက်မှ Yan မြို့၏ ပျားပန်းခတ်လှုပ်ရှားနေမှုကို ကြည့်လိုက်သည်။ သူ၏ အာရုံက ပုံမှန်မဟုတ်စွာ ငြိမ်သက်နေသည်။
ဒါက သူ့အောင်မြင်တဲ့ဘဝရဲ့ အစပဲရှိပါသေးတယ်။
Xiao Chengnuo ဘယ်ထွက်ပြေးသွားလဲဆိုတာ Xiao Chengzhe က မစိုးရိမ်နေပေ။ အဘယ့်ကြောင့်ဆိုသော် သူလိုချင်သောအရာနှင့် နီးကပ်နေချိန်တွင် Xiao Chengnuo ကတော့ ဘာကိုမှရရှိရန် ကံမပါပေ။
ဒါပေါ့ Xiao Chengnuo နဲ့ထပ်တွေ့ခဲ့လျှင်လည်း နောက်တစ်ခေါက်ပြဿနာတက်မှာကို သူစိတ်မပူပေ။