အင်အားကြီးမိဖုရား၏ ပြန်လည်ရှင...
Par GinYU9485
305K 30.6K 753
Translation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collect... Plus
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep -9
Ep- 10
Ep-11
Ep -13
Ep-14
Ep-15
EP-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
..
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep-39
Ep-40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep-49
Ep-50
Ep-51
Ep-52
Ep-53
Ch-54
Ep-55
ကျေးဇူးတင်​ခြင်း
Ep-56
Ep-57
Ep-58
Ep-59
Ch300 give away
Ep-60
Ch300 Winner
Ep-61
Ep-62
Ep-63
Ep-64
Ep-65
Ch-66
Ch-67
Ch-68
Ch-69
လက်​​ဆောင်
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
💛💛
Ch-96
Ch-97
Ch-98
Ch-99
Ch-100
Ch-101
Ch-102
Ch-103
Ch-104
Ep-105
Ep-106
Ep-107
108
update?
Ep-109
Ep-110
Ep-111
Ep-112
Ep-113
Ch-114
Ch-115
..
Ch-116
Ch-117
Ch- 118
Ch- 119
Ch-120
Ep-12
3.7K 502 15
Par GinYU9485
အခန်း ၁၂. ​ဆေ့အိမ်​​တော်​ (၁)
.......
***************************
"အရှင်​မင်းကြီး? "
*******************
⭐⭐⭐⭐⭐⭐
......
UNICODE
•••အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း•••
အခန်း ၁၂. ဆေ့အိမ်တော် (၁)
.......
လစ်ဟာနေသော နေရာတွင် စွမ်းအင်တစ်ခုသည် ဖြေးညှင်းစွာ အစားထိုးဝင်ရောက် လာသည်။ ထိုနွေးထွေးသော ခံစားမှုသည် ယဲ့ကျင့်ထန်ယခင်အတွင်းအားအမြစ်ရှိစဉ်က ခံစားရသော ခံစားမှုမျိုးဖြစ်သည်။
ယဲ့ကျင့်ထန်မှာလွန်စွာ အံ့အားသင့်သွားသည်။ သေးငယ်သော အတွင်းအားအမြစ်လေးသည် သူမ ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်းကြီးထွားလာနေလေသည်။
သူမ ယခင်ကရှိခဲ့သော အဆင့်အမြင့်ဆုံး အတွင်းအားအမြစ် နှင့် အရွယ်အစားခြင်း မယှဉ်နိုင်သော်ငြားလည်း အတွင်းအားအမြစ်အသစ်ပေါက်လာခြင်းသည် ယဲ့ကျင့်ထန်အလွန် စိတ်လှုပ်ရှား အံ့သြစေသည်။
သူမရဲ့ အရင်အတွေ့အကြုံများကြောင့် အတွင်းအား အမြစ်မရှိပဲ သိုင်းလေ့ကျင့်ရန်မှာ လွန်စွာ ခက်ခဲ့ကြောင်းသိခဲ့ရသည်။ အရင်ဘဝတွင် ယဲ့ရို့ကိုယှဉ်နိုင်ရန် သူမ၏အတွင်းအားအမြစ် နဂိုအတိုင်း ပြန်လည်းကောင်းမွန်အောင် ပြုပြင်ဖို့နည်းလမ်းများရှာဖွေခဲ့သော်လည်း နှစ်ပေါင်း ၃၀၀ကျော် အချည်းအနှီး ဖြစ်ခဲ့ရသည်။
ယခုလို သေးငယ်သော အတွင်းအားအမြစ်လေး ပေါက် လာသည်မှာ ယဲ့ကျင့်ထန် အတွက် လွန်စွာ တန်ဖိုးရှိလေသည်။
"ယဲ့ရို့, ငါနင့်ကိုလက်စားချေတာကို နင်စောင့်နေလိုက်တော့" ဟု သူမ၏ ဗိုက်အောက်ခြေအား ညင်သာစွာ ထိ၍ပြောလေသည်။ သူမ၏ မျက်လုံးများမှာ လက်စားချေ လိုသော အရိပ်အယောင် များဖြင့် တောက်လောင်နေလေသည်။
***************************
ယဲ့ကျင့်ထန် အတွင်းအားအမြစ်အသစ်ရသည့် တစ်ချိန်တည်းတွင် ဂူဒိုင်းနန်းတော်ရှိ ပုလ္လင် ပေါ်တွင်ထိုင်နေသော လူတစ်ယောက်မှာ ရုတ်တရက် သူ၏မျက်လုံးအား ဖွင့်လိုက်လေသည်။ သူ၏မျက်လုံးသည် စိမ်းစိုနက်မှောင်ကာ တောက်ပနေလေသည်။
"အရှင်မင်းကြီး? "
ဟုပုလ္လင် အောက်တွင်ရှိနေသော မုစုသည် ထိုလူ၏ အမူအရာထူးဆန်းနေမှုကို သတိထားမိ၍ မေးလေသည်။
ခန့်ညားသောထိုလူသည် နန်းတော်အပြင်ဘက် အဝေးတစ်နေရာအား သူ၏တောက်ပသော မျက်လုံးများဖြင့် ငေးကြည့်ကာ
"လင်မြို့ကို အခုသွားမယ်" ဟုပြောလေသည်။
မုစု မှာအံ့သြသွားပြီး "အရှင်မင်းကြီး ဒီအရာက...."
"နတ်ဆိုးဘုရင်နှလုံးသား နိုးထလာပြီ" ဟု ထိုသူသည်ပြောလေသည်။သူသည် ရင်းနီးနေသော ထိုအငွေ့အသက်အား အချိန်များစွာကြာမြင့်ခဲ့ပြီးမှ ခံစားရခြင်းဖြစ်သည်။
နတ်ဆိုးဘုရင်နှလုံးသားမှာ နောက်ဆုံးတော့ နိုးထကာ ပေါ်ထွက်လာပြီ.....သူသည် သူပိုင်ဆိုင်သော အရာအားလုံးကိုပြန်ယူမည်ဖြစ်သည်။
*******************
နောက်တနေ့မနက်တွင်, ယဲ့ကျင့်ထန်သည် လန်းဆန်းစွာဖြင့် အိပ်ယာမှ နိုးထလာလေသည်။ သူမသည် အတွင်းအားအမြစ်ပြန်ရရှိသဖြင့် လွန်စွာ စိတ်ကျေနပ်နေသည်။ သူမထိုအမြစ်လေးအား သေချာဂရုစိုက်ပါက အနာဂတ်တွင် ယဲ့ရို့ နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပေမည်။
ယခုသူမ အတွင်းအားအမြစ်ပြန်လည်ရရှိသဖြင့် သူမလက်စားချေဖို့ ပိုမို ယုံကြည်ချက်ခိုင်မာသွားလေသည်။ သူမရဲ့ အစီအစဉ်များမှာလည်း အခြေအနေအပေါ်မူတည်၍ ပြောင်းလဲသွားလေသည်။
အကြီးကဲအား ရှင်းပစ်ရန်လိုသော်လည်း သူမ၏ အဓိကရန်သူ ယဲ့ရို့အား သူမ မမေ့ပေ။
ဒါပေမယ့် ယဲ့ရို့မှာ ယွင်ရှောင်းဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ရဲ့ တပည့်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသောကြောင့် ယဲ့ကျင့်ထန်မှာလည်း ယဲ့ရို့အား ယှဉ်ပြိုင် တိုက်ခိုက်နိုင်ဖို့အလို့ငှါ ဂိုဏ်းတစ်ခုထဲသို့ဝင်ရန် လိုအပ်သည်။ ယဲ့ကျင့်ထန်မှာ အစီအစဉ် ဆွဲထားပြီးသားဖြစ်သည်။ သူမသည် မျက်နှာဖုံးသည့် ပုဝါအား ခြုံကာ အပြင်သို့ထွက်လိုက်လေသည်။
သူမ မျက်နှာမှာ နဂိုအတိုင်းပြန်ဖြစ်သွားသော်လည်း တခြားသူများအား စောစီးစွာ အသိပေးရန် အစီအစဉ် မရှိပေ။
ယဲ့လင်းမှာ ယဲ့ကျင့်ထန်အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ သူမထံ စိတ်ပူစွာဖြင့် လျှောက်လာလေသည်။
သူမအဖေအား ယဲ့ကျင့်ထန်သည် တွေ့သောအခါ "အဖေ" ဟုပြောကာနုတ်ဆက်လေသည်။
ယဲ့လင်းမှာ ခေါင်းကို ဖြေးညှင်းစွာ ငြိမ့်ကာ သူ့သမီးအား စိတ်မကောင်းစွာကြည့်လေသည်။
"အေဖ, ဆေ့အိမ်တော်က တတိယသခင်လေး ဆေ့ဘိုင် ကိုသိလားအဖေ.?" ဟု ရူတ်တရက် ယဲ့ကျင့်ထန်မေးလေသည်။
"ဆေ့ဘိုင်?" ယဲ့လင်းမှာ ရုတ်တရက် ကြောင်သွားလေသည်။ ဆေ့အိမ်တော်မှာ လင်မြို့ရှိ အိမ်တော်ကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဒဝမ်အိမ်တော်ကဲ့သို့မဟုတ်ပဲ ဆေ့အိမ်တော်မှာ ယဲ့အိမ်တော်နင့် မတည့်ပေ။
ဆေ့ဘိုင်၏မိခင်သည် မီးဖွားရင်းမီးတွင်းထဲမှာ သေဆုံးခဲ့ပြီး အဆိပ်ကြောင့်သေဆုံးခဲ့ရကြောင်း သိရလေသည်။ ဆေ့အိမ်တော်သည် ဆေ့ဘိုင်၏အမေအား အဆိပ်ခတ်သော တရားခံသည် ယဲ့အိမ်တော်မှ ဖြစ်ကြောင်း သံသယဝင်ခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဒဝမ်အိမ်တော်၏ အကူအညီကြောင့်သာမဟုတ်ခဲ့လျှင် ယဲ့အိမ်တော်နှင့် ဆေ့အိမ်တော်တို့သည် ရန်ညိုးများကြောင့် အိမ်တော်နှစ်ခု တိုက်ခိုက်ကြမည်ဖြစ်သည်။
မည်သိုပင်ဆိုစေကာမူ အိမ်တော်နှစ်ခုမှာယခုထိတိုင် မတည့်ကြသေးပေ။
ယဲ့ကျင့်ထန်မေးသော ဆေ့ဘိုင်သည် ဆေ့အိမ်တော်၏ တတိယသခင်လေး ဖြစ်သည်။ သူသည် ဆေ့အိမ်တော်အကြီးကဲ၏ အနှစ်သက်ဆုံးမြေးဖြစ်သည်။
ဆေ့ဘိုင်သည် ပါရမီနှင့်ပြည့်စုံသောသူဖြစ်ကာ၊ သူ၏ အတွင်းအားအမြစ်သည် ယဲ့ကျင့်ထန်၏ အရင်က အဆင်အမြင့်ဆုံး အတွင်းအားအမြစ်နှင့် ယှဉ်နိုင်လေသည်။ သူသည် လင်မြို့၏ နံပါတ် ၁ ဉာဏ်ကြီးရှင်ဖြစ်သည်။
သို့သော်လည်း ဆေ့ဘိုင်မှာ သူ၏အမေအား အဆိပ်ခတ်ခံရခြင်းကြောင့် သူ့ကိုပါ ဆိုးကျိုးသက်ရောက်ကာ မွေးကတည်းကပင် ခန္ဓာကိုယ် အင်အားချို့တဲ့ခဲ့ရသည်။
⭐⭐⭐⭐⭐⭐
ဘာcmmမှလဲမပေးဘဲ ကြိတ်ဖတ်နေကြတယ်နော်ဝွန်း
တင်ရတဲ့သူအားတက်အောင် တခုခုပြောပေးကြပါဦး😢💔
Continuer la Lecture
Vous Aimerez Aussi
98.6K 10.3K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
135K 20.7K 104
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
102K 8.3K 150
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
328K 19.6K 53
အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသားထားသော စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည် ။ အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသ...