ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

12

14.4K 1.9K 125
By Vanilla_IceCream61

ဤနေ့ရက်များတွင် ရှေးဟောင်းတိုက်ခိုက်ရေး အနုပညာ လောက၏ ဖိုရမ်၌ လူများ ပေါက်ကွဲနေကြသည်။ ဖိုရမ်ပေါ်မှ လူသိများသည့် ပို့စ်အများစုမှာ Qing Yun နှင့် ပက်သက်နေသည်။

ပထမတစ်ခုသည် ရှေးဟောင်းတိုက်ခိုက်ရေး အနုပညာ လောကတွင် ပထမကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာသည့် သတင်းဖြစ်သည်။ ဒုတိယ သတင်းသည် ဤကဲ့သို့ ဖိုရမ်ပေါ်တွင် တက်လာလေ့ရှိသည့် ပုံစံနှင့်ကွဲပြားနေသည်။ ပို့စ်၏ ​ခေါင်းစဉ်ကတော့ " ကြီးမားသော ကြာပန်းဖြူကြီး " ပင်ဖြစ်သည်။

ပို့စ်တွင် ဘာမှ မပြောထားဘဲ ဗီဒီယို နှစ်ခုသာပါသည်။ တစ်ခုသည် Lin Yuhao က ဒေါသတကြီး Qing Haolin ကို ကြိမ်းမောင်းနေပြီး အမေ Lin ကို ချီးကျူးနေသည့် ဗီဒီယိုဖြစ်သည်။ အခြားတစ်ခုသည် မျက်နှာပြင်ပေါ်မှ 70s ရုပ်ရှင်တစ်ခုပင်။ ၎င်းတွင် စင်အောက်မှ ပရိသတ်များ၏ မျက်နှာ အမူအရာများစွာကိုလည်း ထည့်ပေးထားသေးသည်။  မျက်နှာပြင်ပေါ်မှ ပါးချ (သိက္ခာချ)  ခဲ့သော အမှတ်တရမြင်ကွင်းကို ရုပ်သံကြည်လင်စွာဖြင့်  ဖော်ပြထားသည်။

ထို ပို့စ် တက်တက်လာခြင်း လူသိများသွားသည်။ မည်သို့ပင်ဆိုစေ လူတိုင်းက ရှေးဟောင်းတိုက်ခိုက်ရေး ပညာရှင်များ စုဝေးပွဲကို မသွားကြည့်ကြသဖြင့် Lin Yuhao ၏ အလိမ်အညာများကြားတွင် ယုံကြည်နေသူ အများအပြားရှိနေသေးသည်လေ။ လူတိုင်းက ဤလောကသည် ကြောက်ဖို့ကောင်းကြောင်း တစ်ဦးပြီးတစ်ဦး ထုတ်ပြောလာကြသည်။  မင်း မှားယွင်းတဲ့ အသင်းဘက်မှာ မနေသင့်ပေ။ သို့မဟုတ်လျှင် ရုတ်တရက် အရိုက်ခံရပေလိမ့်မည်။

ဒါပေါ့ Lin Yuhao က Qing Yun ကို သတ်ချင်နေတာကိုလည်း အမေ Lin က သိပြီးသားဆိုတာကို ဖော်ထုတ်ထားကြသည်။Qing Yun တွင် သူ၏ တိုက်ခိုက်ရေး စွမ်းအင်ကို ကိုးကွယ်သော နောက်လိုက် (အားပေးသူ)အုပ်စုအပြင် အမေ ပရိသတ် အုပ်စုက ပိုများနေသည်။ ရှေးဟောင်း တိုက်ခိုက်ရေး အုပ်စု၏ အရင်စတားလေး Lin Yuhao က ယခု internet ပေါ်တွင် မထင်ရှားတော့ပေ။

Nie Chenyuan နှင့် Qing Yun ၏ ဆက်ဆံရေးကိုတော့ ပို၍ပင် အားပေးလာကြသည်။ Qing Yun ကို ခန္ဓာကိုယ်ရောင်းစားပြီး အဖေအတွက် လက်စားချေတဲ့သူဟု စွပ်စွဲခဲ့သော လူများသည် သူတို့၏ ရွယ်တူများထံမှ မညှာမတာ အပြောခံနေရသဖြင့် ခေါင်းပင် မထောင်နိုင်တော့ပေ။

Qing Yun က ခန္ဓာကိုယ်ကို ရောင်းစားတယ်လား။ ယခုအခါ Nie Chenyuan က ပထမကောင်းကင်ဘုံ အဆင့် Qing Yun ကို အမြတ်ထုတ်သွားသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။ သို့သော် သူတို့နှစ်ယောက်၏ စွမ်းရည်များသည် အထင်သေးလို့မရသဖြင့် ထိုကဲ့သို့ မှတ်ချက်များက ရှားပါးသည်။

*****

Qing Yun က အခန်းထဲကနေ အဖြူရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ပြီးထွက်လာသည်။ Nie Chenyuan က အေးစက်စွာ သူ့ဖုန်းကို ပွတ်နေသည်ကို တွေ့ရသောအခါ မေးလိုက်သည်။ " ဘာတွေ မှားနေလို့လဲ။ "

Nie Chenyuan က မော့ကြည့်ပြီး မမျှော်လင့်စွာပင် မျက်လုံးက ရပ်တန့်သွားသည်။

ဤ တစ်ကြိမ်သည် Qing Yun ပထမဆုံး အနောက်တိုင်းဝတ်စုံဝတ်တာပင်။ Qing Yun က အမြဲလိုလို ချောင်ချိသော အဖြူရောင်လေ့ကျင့်ရေး ဝတ်စုံကိုသာ ဝတ်လေ့ရှိသည်။ ယခုအခါ ကွက်တိဖြစ်နေသော ဝတ်စုံက သူ၏ ပုံရိပ်ကို အပြစ်အနာအဆာ ကင်းအောင်၊ အထူးသဖြင့် ထိုခါးတစ်ဝိုက်မှ ကောက်ကြောင်းကလေး ကို ပိုပေါ်လွင်စေသည်။ ဤပုံရိပ်ကို တွေ့သောအခါ Nie Chenyuan ၏ ခံတွင်းများ ခြောက်သွေ့လာသည်။

သူက ဖုန်းကို လက်ဖြင့် လှည့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။  Qing Yun ကို ခါးတစ်ဝိုက်ကို ပွေ့ဖက်၍ မှန်ပေါ် တစ်ကိုယ်လုံးဖိကပ်ပြီး နမ်းရှိုက်ခဲ့သည်။ သူ၏ အပြုအမူများသည် ကြမ်းတမ်းပုံပေါ်သော်လည်း သူတို့သည် တကယ်တော့ ညင်သာပြီး တွေးပေးထားသည်။ သူက Qing Yun မည်သည့် မသက်မသာဖြစ်မှုမှ မဖြစ်ရအောင် အသေအချာ လုပ်ဆောင်ခဲ့သည်။

ဟုတ်တာပေါ့။ ထိုအခြင်းအရာသည် Qing Yun လေ့ကျင့်ထားခြင်း၏ ရလဒ်ပင်။ သူတို့ ချစ်နေကြသည့် တစ်ဝက်တစ်ပျက်တွင် သူ၏ လည်ပင်းကို ရုတ်တရက်ညှစ်ပြီး အိပ်ရာပေါ်မှ ကန်ချတတ်သည်။ သို့မဟုတ် သူတို့က ပြင်သစ်အနမ်း နက်နက်ရှိုင်းရှိုင်း နမ်းနေကြစဉ်တွင် သူ၏ အောက်ဗိုက်ကို လက်သီးဖြင့် အထိုးခံရနိုင်သည်။ Nie Chenyuan က ဤအဖြစ်များကို အကြိမ်အနည်းငယ်မျှ မက ကြုံတွေ့ဖူးသည်။ အချိန်ကြာလာသည်နှင့်အမျှ Nie Chenyuan က လိမ္မာရန် သင်ယူလာခဲ့ပြီး Qing Yun ကို သက်တောင့်သက်သာဖြစ်စေရန် သိလာခဲ့သည်။

နှုတ်ခမ်းများ ကြားထဲမှ အသက်ရှူမဝစွာ မြန်မြန်ဆန်ဆန်ရှူနေရင်း Nie Chenyuan က ခေါင်းငုံ့လိုက်က. Qing Yun ဒေါသထွက်ချင်ဟန်ဆောင်သည်ကို မကြည့်ရသေးခင် နှုတ်ခမ်းကို ကိုက်လိုက်သည်။ " ဒီနေ့က ကိုယ့်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုဖို့ပဲလေ။ ဘာလို့ သူတို့အားလုံး မင်းကို အာရုံစိုက်နေရတာလဲ။ "

*****

Qing Yun က Nie မိသားစု ကိုယ်စားပြုအဖြစ် စည်းမျဉ်းများနှင့်အညီ ပြိုင်ခဲ့သော်လည်း နောက်ဆုံး အနိုင်ရသူသည် Nie Chenyuan ပင်။ အရင် အနိုင်ရရှိသူများလည်း ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြသည်။ ဤ ပွဲကတော့ မည်သည့် အဓိက အဖွဲ့ကမျှ ပျက်ကွက်ကြမည် မဟုတ်သဖြင့် ပို၍အသက်ဝင်နေသည်။

ဧည့်သည်များကလည်း ဂုဏ်ပြုလက်ဆောင် ၂ခု ယူလာကြသည်။ တစ်ခုက Nie Chenyuan ၏ အနိုင်ရမှုကို ဂုဏ်ပြုပေးရန် ဖြစ်ပြီး တစ်ခုက Qing Yun ကို အထူးအလေးပေးကာ သူ၏ တိုးတက်မှုကို ဂုဏ်ပြုပေးရန်ဖြစ်သည်။

" ဘာလဲ။ မင်းက မလိုချင်ဘူးလား။ " Qing Yun က သူ့ကို ဘေးဘက်မှ ကြည့်လိုက်သည်။ ယခုအခါ သူ့မျက်ဝန်းများက အနည်းငယ်ရဲနေပြီး သူ၏ အေးစက်ပုံက လျော့ပါးနေကာ တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သည့် ညှို့ဓာတ်ကို ထုတ်လွှတ်နေသည်။

ထိုအကြည့်ကြောင့် Nie Chenyuan က သူ့ကိုယ်သူ ထိန်းချုပ်မထားနိုင်တော့ပေ။

သူက ထပ်၍ မနမ်းမိတော့ရန် စိတ်ထိန်းထားသော်လည်း ကိုယ်လုံးကို ေနာက်နည်းနည်းဆုတ်ကာ တိုးညှင်းစွာ လေသံဖြင့်ပြောခဲ့သည်။ " ဒါပေါ့။ ကိုယ် မလိုချင်ဘူး။ကိုယ် မင်းကို ဂရုတစိုက် ဝှက်ထားနိုင်ချင််တယ်။ အပြင်သူတွေကို နည်းနည်းလေးမှ မပြချင်ဘူး။ "

Qing Yun ၏ မျောက်ကလေးများကို ( babies) လွယ်ပေးချင်သည်ဟု ကျွက်ကျွက်ညံနေသော အင်တာနက်ပေါ်မှ ပို့စ်များကို တွေ့မိခဲ့သောအခါ Nie Chenyuan က သူကိုယ်တိုင် အင်တာနက် ကြိုးများကို တွယ်တက်နိုင်ပြိး  ( ဖုန်းထဲဝင်) ထိုစိတ်ကူးမှားနေသေယ လူအားလုံးကို သေသည်အထိ ကိုက်သတ်ချင်မိသည်။

သူက ခေါင်းငုံ့လိုက်ပြီး Qing Yun ၏ နဖူးကို ညှင်သာစွာ နမ်းလိုက်ကာ ချိုသာစွာ ပြောလိုက်သည်။ " ကိုယ် အဝတ်သွားလဲတော့မယ်။ မကြာခင် အချိန်ကျတော့မယ်။ "

သူက ယခု သူ့ကိုယ်သူ မထိန်းနိုင်သောကြောင့် သူ၏ ပြည့်စုံသော အစီအစဉ်ကို မပျက်စီးစေချင်ပေ။ Nie Chenyuan က Qing Yun ကို ဖက်ထားသော လက်မောင်းများကို အားတင်း၍ လွှတ်လိုက်ပြီး အခန်းထဲဝင်ရန် လျှောက်လာခဲ့သည်။

သူ၏ စိတ်ထိန်းထားသော ပုံစံကိုကြည့်ပြီး Qing Yun က မမျှော်လင့်ထားစွာ မျက်ခုံးပင့်မိသည်။ ဒီကလေး ဒီနေ့ သမာဓိတွေ ကောင်းနေပါလား။

Nie Chenyuan က အဝတ်အစားများကို လဲပြီးနောက် သူတို့နှစ်ယောက်လုံး ဧည့်ခန်းဆီ ဆင်းလာခဲ့သည်။ ဧည့်သည်များ စုဲသလောက်ရှိနေပေပြီ။ သူတို့က ဟောခန်းထဲမှ ဂုဏ်ပြုစကားပြောနေသံများကို အဆက်မပြတ် ကြားနေရသည်။

Qing Yun က လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်လိုက်သဖြင့် Nie Chenyuan ထက် ခြေတစ်လှမ်း နောက်ကျသွားသည်။ တစ်စက္ကန့် နှစ်စက္ကန့်ခန့် ကြာပြီးနောက် ပုံမှန် ပြန်လျှောက်လာခဲ့သည်။

" ဘာ ဖြစ်လို့လဲ။ " Nie Chenyuan က ခေါင်းငုံ့ပြီးမေးလိုက်သည်။

" ဘာမှ မဟုတ်ဘူး။ "

အခုလေးတင် Qing Yun ၏ စိတ်ဝိညာဉ်ထဲသို့ စွမ်းအင် အများကြီး ဝင်လာခဲ့သည်။ ထို စွမ်းအင်များက သူကောင်းကင်ဘုံကျင့်ကြံသူထံမှ ထွက်ပြေးစဉ်က ရရှိခဲ့သော ဒဏ်ရာများကို ပြုပြင်ရုံသာမကာသူ၏ စိတ်ဝိညာဉ်ကိုလည်း အဆင့်တစ်ဆင့် တိုးသွားစေခဲ့သည်။

Qing Yun မှန်းတာ မမှန်ခဲ့ပုံပင်။ သူ၏ ယခင်က အချက်အလက်မလုံလောက်သော အတွေးများက အမှန်တရား မဟုတ်ခဲ့ပေ။ သူက အချိန်အတော်ကြာကပင် သံသယဝင်နေပြီး ဖြစ်သည်။ ဘာကြောင့် ကောင်းကင်ဘုံကျင့်ကြံသူက ဇာတ်လိုက်ကို ကမ္ဘာ၏ လားရာကို ထိန်းချုပ်ခိုင်းရ မည်နည်း။ ကြည့်ရတာ ထိုအရာအားလုံး လုယက်မှုနှင့်သာ သက်ဆိုင်ပေမည်။

Qing Yun က ဇာတ်လိုက် Lin Yuhao ၏ တက်လမ်းကို ဖျက်ဆီးခဲ့ပြီး ဤကမ္ဘာ၏ စွမ်းအင်ကို လုယူခဲ့သည်။ သူက ဗလာဖြစ်နေသော နေရာကိုကြည့်လိုက်သည်။ ဤအရာသည် သူနှင့် ကောင်းကင်ဘုံကျင့်ကြံသူကြားက ကစားပွဲတစ်ခုပင်။

Lin Yuhao က ရည်ရွယ်ချက်ရှိရှိလူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး သူ့ကို လူသတ်လက်နက်ဖြင့် ထောက်ပံ့ပေးသော Zhang Jingguo ကလည်း ရှေးဟောင်းတိုက်ခိုက်ရေး အဖွဲ့အစည်း၏ ဥက္ကဌနေရာမှ အဖယ်ရှား ခံရပြီး ထောင်ဒဏ်လည်း အချခံရသည်။ အမေ Lin က Qing Haolin ဆီမှ ဆက်ခံရရှိခဲ့သော ပိုင်ဆိုင်မှုများကို လိမ်ညာလက်ထပ်မှုအတွက် Qing Yun ထံသို့ ပြန်ပေး၍ စွန့်လွှတ်လိုက်ရပြီး ထောင်ဒဏ် ၁၀နှစ် အချခံလိုက်ရသည်။

ဤကမ္ဘာမှ Qing Yun ၏ တာဝန်သည် ပြီးဆုံးသွားလေပြီ။ သူသာ ထွက်သွားချင်လျှင် ချက်ချင်းထွက်သွားနိုင်သည်။

သူက Nie Chenyuan ၏ မျက်လုံးထဲမှ ကွယ်ဝှက်ထားသည့် မျှော်လင့်ချက်များကို ဘေးမှ ကြည့်လိုက်သည်။ သူ၏ နှလုံးသား ရုတ်တရက် တဆတ်ဆတ်ခုန်သွားပြီး ဒီနေ့ မည်သည့်ကိစ္စနှင့် တွေ့ကြုံရမည်ဆိုတာ အနည်းငယ် ခန့်မှန်းမိသွားသည်။ သူ၏ မျက်ဝန်းထဲတွင် ကြင်နာချစ်ခင်သော အမျှင်တန်းလေး ဖြတ်ပြေးသွားသည်။

မေ့လိုက်တော့။ သူ့မှာ အချိန်နည်းနေတာမှ မဟုတ်တာ။ ဒါဆို သူ့ကို ဒီဘဝမှာ ဘာလို့ အဖော်မပြုပေးနိုင်ရမှာလဲ။

ဧည့်ခန်းထဲတွင် Nie Chenyuan က Qing Yun ဆီမှ ခဏခွာရန် ခွင့်တောင်းလိုက်ပြီး ထောင့်သို့လျှောက်သွားကာ နောက်လိုက်တစ်ယောက်ကို ဆွဲ၍ မေးလိုက်သည်။ " ပန်းတွေ ဘယ်မှာလဲ။ ပြင်လို့ ပြီးပြီလား။ "

" ပြဿနာ မရှိပါဘူး။ အရာအားလုံး ပြင်လို့ ပြီးပါပြီ။ ကျွန်တော်တို့က သခင် Qing ရှာတွေ့သွားမှာ စိုးလို့ အဲ့ဒါတွေကို အနောက်ဘက်မှာ ပို့ထားပါတယ်။ "

Nie Chenyuan က တည်ငြိမ်စွာ ခေါင်းညှိတ်ပြလိုက်သည်။ သူက အိတ်ကပ်ထဲမှ လေးထောင့်ဘူးလေးကို ထိလိုက်ပြီး စိတ်ပြေလျော့သွားစေရန် လေပြင်းတစ်ချက် ရှိုက်လိုက်သည်။

သူက Qing Yun ကို သောက ကင်းကင်းဖြင့် လိုက်မရှာခင် အစီအစဉ်ထဲတွင် အမှားအယွင်းကင်းတာ သေချာအောင် လုပ်ဆောင်ခဲ့သည်။

သို့သော် Nie Chenyuan က Qing Yun ဘေးမှ လူတစ်ယောက်ကို တွေ့သောအခါ သူ၏ မျက်နှာအမူအရာက ချက်ချင်းရုပ်ဆိုးသွားသည်။ အဲ့ဒီ့မိန်းမက သူနဲ့ ပဋိပက္ခဖြစ်ချင်နေတာလား။ သူမက သူဖွင့်ပြောမည့်နေ့တွင် ရောက်နေပြီး သူလက်ထပ်ခွင့်မတောင်းခင် အပြေးကလေးပင် လာ၍ ဖျက်ဆီးချင်နေသေးသည်။

ယခုအခါ သူ့ရှေ့တွင် လူတစ်ယောက် လာအော်ငိုနေသဖြင့် Qing Yun က ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ ထိုတစ်ယောက်၏ နာမည်က Wang Shu ဟု ခေါ်ပြီး သူသည် Qing Haolin ၏ ဆရာတူ ညီလေးဖြစ်သည်။ နှစ်ယောက်သားက ဗဟိုအဆင့်ကျင့်ကြံသူ ဆရာတစ်ယောက်၏ လက်အောက်တွင် ပညာအတူ သင်ခဲ့ကြဖူးသည်။ နှစ်ယောက်သားက အလွန် ရင်းနှီးခဲ့ကြပြီး Qing Haolin စွပ်စွဲခံရသောအခါ သူ့ကို ထောက်ခံသောသူသည် Wang Shu တစ်ယောက်ထဲပင်။

သို့ရာတွင် Wang မိသားစုက ရှေးဟောင်းတိုက်ခိုက်ရေး အနုပညာ အဖွဲ့အစည်းထံသာ အမြဲ ဘက်လိုက်ခဲ့ကြပြီး lin Yuhao အတွက် ရပ်တည်ပေးခဲ့ကြသည်။ ထို့ကြောင့်Wang Shu သည် မိသားစုတွင်း နည်းမျိုးစုံဖြင့် ဖိနှိပ်ခြင်းခံရပြီး အိမ်အကျယ်ချုပ် ၁နှစ် အထားခံရသည်။ Wang Shu ၏ Qing Yun ကို မွေးစားရန် ကြိုးပမ်းချက်သည်လည်း ခဏခဏ အပယ်ခံရသည်။

" တော်တယ်။ ..အရမ်းတော်တဲ့ ကလေးပဲ။ Qing Haolin သာ သိရင် မင်းအတွက် အရမ်း ဂုဏ်ယူနေမှာပဲ။ " Qing Yun က သူ၏ ပုခုံကို နှစ်သိမ့်သည့် အနေဖြင့် ပုတ်ပေးလိုက်သည်။ Wang Shu သည်သာ Qing Yun ၏ ဘဝတွင် တစ်ဦးတည်းသော အကြီးအကဲပင်။

ဘေးတွင် Wang Miaoyun ၏ အဖေသည် Wang Miaoyun ကို Qing Yun ဘေးသွားရပ်ရန် တွန်းပို့နေသည်။ သူက Qing Yun ၏ မျက်နှာအမူအရာ နူးညံ့သွားသည်ကို တွေ့သည်နှင့် Wang Miaoyun ကို တွန်းပို့လိုက်သည်။ " Qing Yun မင်း Miao Miao ကို မတွေ့ရတာ ကြာပြီ မှတ်လား။ မင်းတို့ လက်မထပ်ရသေးတဲ့ သူအချင်းချင်း စကားကောင်းကောင်း သွားပြောကြပါလား။ "

ယခုတော့ လက်ထပ်မှု သဘောတူညီချက်ကို ထုတ်ပြောလာတယ်ပေါ့။ သူ၏ ညီအစ်ကိုထိုကဲ့သို့ ပြုမူသည်ကို တွေ့လိုက်ရသော Wang Shu ၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာပြီး အငယ်တန်းများရှေ့တွင် ၎င်းကိုချက်ချင်း ဆူပူချင်လာသည်။ သူ၏ အတွေးအတိုင်း မလုပ်ဆောင်ရသေးခင် Qing Yun က သူ့ဒေါသကို ပြေပျောက်စေခဲ့သည်။

Qing Yun က Wang Miaoyun ကို မထင်မရှားကြည့်လိုက်သည်။ သူမက မိတ်ကပ်များကို အသေးစိတ် ပြင်ထားသော်လည်း သူ၏ မျက်နှာပေါ်မှ ဖြူဖျော့မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ Lin Yuhao ပါဝင်သော အဖြစ်အပျက်က သူမကို ပြင်းပြင်းထန်ထန် စိတ်ထိခိုက်စေခဲ့သည့်ပုံပင်။

ထိုသို့ ဖြစ်နေသော်လည်း သူမက Qing Yun နှင့် အကြည့်ချင်းဆုံကာ နှုတ်ခမ်းကော့ပြီး ပြုံးပြ၍ သူမ မိသားစု၏ အစီအစဉ်ကို လက်ခံကြောင်း ပြသခဲ့သည်။

သူ၏ အနောက်ဘက် ၁၀ မီတာ အကွာတွင် Nie Chenyuan ၏ ချဉ်တူးနေမှုကို အနံရနိုင်သေးသည်။ Qing Yun က ပြုံးလိုက်ပြီး သူ၏ အကြည့်သည် Wang Miaoyun ၏ အောက်ဖက်ဗိုက်သို့ ရွေ့သွားကာ ရှန်ပိန်တစ်ခွက်ကို ယူပြီး Wang Miaoyun အဖေကို ပြောလိုက်သည် ။ " သူမရဲ့ ပုံစံကို ကြည့်ရရင်၊ ခင်ဗျားရဲ့ အဖိုးတန် သမီးလေးက ကိုယ်ဝန် နှစ်လကျော် ရှိနေတဲ့ပုံပဲ။ ဘယ်လို အရက်မဆို မထိတာပဲ ကောင်းပါတယ်။ "

သူ၏ ကောက်ချက်ချမှုကို ကြားလိုက်ရသည်နှင့် Wang Miaoyun အဖေ၏ မျက်နှာက မယုံကြည်နိုင်သည့်ပုံပေါ်သွားသည်။ Wang Miaoyun ၏ မျက်ဆန်များကတော့ အနည်းငယ်သာ လှုပ်ခတ်သွားသည်။ သူမ က ကိုယ်ဝန်နှင့် ပက်သက်၍ သိရှိပြီးသည့်ပုံပင်။

ဒီမိန်းမက အသေအချာ တွက်ချက်ထားတာပဲ။ သူ့ဆီ Lin Yuhao ရဲ့ ကလေးနှင့် ချဉ်းကပ်လာသည်။ သူမက ကလဲ့စားချေတဲ့ ဇာတ်လမ်း ရိုက်ချင်နေတာလား။

Qing Yun က Wang Miaoyun ကို ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ အစ်ကိုက မသန်မစွမ်း ဖြစ်သွားပြီလေ။ မင်းက သူ့အတွက် ဆက်ခံသူ မွေးပေးတာလည်း စဉ်းစားကြည့်ရင် ကောင်းပါတယ်လေ။ "

ယခုအထိ Qing Yun က Lin Yuhao ကို အစ်ကိုဟု ခေါ်နိုင်သေးသည်ကို ကြည့်ပြီး Wang Miaoyun အဖေ၏ Qing Yun အပေါ် ကြောက်စိတ်က ပိုမို များပြားလာသည်။ Lin Yuhaoထောင်ကျသွားတာနဲ့ မသန်မစွမ်း ဖြစ်သွားတာ အကုန်လုံးက Qing Yun တစ်ယောက်ထဲကြောင့် မဟုတ်ဘူးလား။

သူက ခိုးလိုးခုလုအပြုံးဖြင့် Qing yun ကို ပြုံးပြလိုက်ပြ Wang Miaoyun ကို မျက်နှာမဲကြီးဖြင့် အဝေး ဆွဲခေါ်သွားသည်။

Wang မိသားစုက ထိုကလေးကို မွေးခွင့် မပြုနိုင်ပေ။ ဘယ်လိုပင်ဖြစ်စေ သူတို့တွေက Qing Yun နှင့် မရင်းနှီးနိုင်လျှင်တောင် ရန်သူတော့ ဖြစ်၍ မရပေ။

Wang Shu က လည်ပင်းဆန့်လိုက်ကာ Wang မိသားစုနှင့် အတူလိုက်သွားရန် ငြင်းဆိုလိုက်သည်။ ယခုအခါ အဖြစ်အပျက် တစ်ခုလုံးကို ကြည့်နေသော Nie Chenyuan က ပြေးလာပြီး Qing Yun ကို နီးနီးကပ်ကပ်ဆွဲယူလိုက်ကာ နားသန်သီးလေးအား နမ်းလိုက်သည်။

" ကျေနပ်ရဲ့လား။ " Qing Yun က သူ့ဆီ အကြည့်အေးစက်စက်တစ်ချက် လွှတ်လိုက်သည်။

Nie Chenyuan က ပြုံးလိုက်ပြီး ထိူလူကို မသိမသာ ခန်းမအလယ်ထဲသို့ ခေါ်သွားရင်း သူ၏ နားထဲသို့ နူးညံစွာ ပြောလိုက်သည်။

ခန်းမအလယ်သို့ ရောက်သောအခါ ပတ်လည်မှ အလင်းရောင်များ မှောင်မဲသွားပြီး အလင်းတန်းတစ်ခုကသာ Qing Yun ပေါ် လင်းလက်နေသည်။ သူ၏ ဘေးမှ Nie Chenyuan က ပျောက်သွားပြီး အနီရောင်နှင်းဆီ ပန်းစည်းအကြီးကြီးတစ်ခုနှင့်အတူ သူ့ဆီလျှောက်လာခဲ့သည်။

သူက Qing Yun ၏ မျက်လုံးထဲမှ အပြုံးကို ကြည့်၍လျှောက်လာပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

Nie Chenyuan က Qing Yun ၏ အလင်းရောင်အောက်မှ ခန့်ညားသော မျက်နှာကို ကြည့်ပြီး သူအလွတ်ကျက်ထားသော လက်ထပ်ခွင့်ကတိသစ္စာများကို မေ့သွားကြောင်း သိလိုက်ရပြီး နောင်တရသွားသည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ဖိစီးနေပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ Qing Yun ၏ လက်ဖျားများကိုသာ ယူပြီး နမ်းရှိုက်လိုက်သည်။ " baby ကိုယ်မင်းကို ပြောချင်တာတွေ ရုတ်တရက် မေ့သွားတယ်။ "

" ဒါပေမယ့် ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာ မြင်နိုင်် မဟုတ်လား။ " သူကသူ့လက်ထဲမှ ပန်းစည်းကို မြှောက်လိုက်သောအခါ ထိပ်တွင် ယောက်ျားလေး လက်စွပ်နှစ်ကွင်း ရှိနေသည်။

" ကိုယ့်ကို လက်ထပ်နိုင်မလား။ ကိုယ့်ကို လက်ထပ်ပါ့မယ်လို့ ကတိပေးပါလား။ " Nie Chenyuan ၏ မျက်လုံးများထဲတွင် ထပ်တလဲလဲ မေတ္တာရပ်ခံနေသည့် အရိပ်အရောင်များ ရှိနေသည်. တကယ်တမ်းတွင် လတ်တလော သူ၏ နှလုံးသားထဲတွင် စိတ်မချနိုင် ဖြစ်နေခဲ့သည်။ တစ်နေ့နေ့ သူအိပ်ရာထလာသောအခါ သူ့အနားမှ Qing Yun ထွက်သွားမည်အား ကြောက်နေခဲ့ရသည်။ ညစဉ် အကြိမ်အရေအတွက် အနည်းငယ်မျှ နိုးနိုးလာပြီး ထိုလူ သူ့လက်မောင်းတွေထဲ ရှိနေပါဦးမလား ဆိုတာကို စစ်ဆေးခဲ့ရသည်။

" လက်ထပ်ခံရမှာလား။ " ( သတို့သမီးနေရာက)  Qing Yun က မျက်ခုံးပင့်လိုက်ပြီး မပျော်မရွှင် ပြောသည်။

" အဲ့ဒါ ကိုယ်ပါ။ ကိုယ်ကမှ မင်းရဲ့ လက်ထပ်တာ ခံရတာ။ " Nie Chenyuan က ချက်ချင်း ဒူးနှစ်ဖက်ထောက်လိုက်ပြီး Qing Yun ၏ ပေါင်လုံးကို ဖက်လိုက်ကာ အလောတကြီး ပြောခဲ့သည်။ ပတ်လည်ဝိုင်းနေသော ဧည့်သည်များက တွေ့သောအခါ သနားစွာဖြင့် ပြုံးကြသည်။ Nie Songping ကလည်း ပြုံးလိုက်သည်။ သို့သော်သူက စိတ်ထဲတွင် Nie Chenyuan ကို ဆူနေသည်။ ဒီ အရူးကောင်လေးကတော့ သူ့ကိုယ်သူ ခိုင်ခိုင်မာမာ လက်ထပ်ခံလိုက်တာပဲ။

Continue Reading

You'll Also Like

1M 155K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
10.8K 1.2K 5
Main title: God Plz!Grab me!Love me!Save me! Arc-4.(I used to love you) started date:15/7/2022 End: ???????
53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်