ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Da Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Altro

1 (Arc 1)
2
3
4
5
6
7
8
9
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

10

11.6K 1.8K 45
Da Vanilla_IceCream61

Nie Songping က တစ်ချက်သာ ကြည့်ပြီး ဘာမှ မပြောပေ။ လွန်ခဲ့သော နှစ်များတွင် Wang ကြီးကို နားလည်မှု ရှိသောသူဟု သူထင်ခဲ့သေးသည်။ ကြည့်ရတာ သူအသက်ပိုကြီးလာပြီး သိပ်မတွေးခေါ်နိုင်တော့သည့်ပုံပင်။

Lin Yuhao ၏ ပါးစပ်ထဲတွင် Qing Yun ကို နှစ်သိမ့်သည့်နည်းလမ်း ပေါင်းစုံရှိသော်လည်း သူက အကုန်လုံးကို ချမပြသေးပေ။ စင်ပေါ်သို့ရောက်သည်နှင့် သူ၏ ကျက်သရေရှိသော ခြေလှမ်းများ သိုင်းကွက် ကိုသာ ကြွားလိုက်ပြီး  လူတိုင်း၏ အာရုံကို ဆွဲဆောင်ကာ လွန်ခဲ့သော ၂နှစ်အတွက် ချီးကျူးခံချင်​ေနသည်။ He Lao က သူ့ပြိုင်ပွဲကို မကြာခင် လာကြည့်တော့မှာ ဖြစ်သဖြင့် သူကောင်းကောင်း သရုပ်ဆောင်နိုင်ဖို့ လိုအပ်နေသည်။

Qing Yun က စင်အလယ်တွင် ရပ်နေပြီး Lin Yuhao ၏ လုပ်ရပ်များကိုကြည့်နေကာ တစ်ချက်ထဲဖြင့် Lin Yuhao ရှေ့သွားလိုက်သည်။

" မင်းရဲ့ ခန္ဓာကိုယ် အခုလောက်ဖြစ်လာတာလဲ Qing မိသားစုရဲ့ တိုက်ခိုက်ရေးအနုပညာကျေးဇူးကြောင့်ပဲလေ။ "

သူ ၎င်းကို ပြောလိုက်သည်နှင့် Lin Yuhao က စိတ်ရှုပ်ထွေးသွားပြီး ခြေမခိုင်ဘဲ အမှားပြုလုပ်မိမလိုတောင် ဖြစ်သွားသည်။ သီးသန့်ခန်းထဲတွင် အမေ Lin ၏ မျက်ဆန်ကျုံ့သွားသည်။ သူမက Qing မိသားစု၏ တိုက်ခိုက်ရေးပညာစာအုပ်ကို ယူပြီး Lin Yuhao ကိုပေးခဲ့သည်။ သို့သော် Lin Yuhao က တချို့ပြင်ဆင်ချက်များ ပြုလုပ်ထားသေးသည်။  မထင်မှတ်ထားစွာပင် Qing Yun က အကုန်လုံးကို သိနေပုံပင်။
" ဘာ။ Qing Yun ပြောတာ အမှန်ကြီးလား။ " စင်အောက်တွင် ေနာက်ထပ် ဆွေးနွေးသံတစ်ချို့ထွက်လာကြသည်။ " အဲ့ဒီ့ ကျက်သရေရှိသော ခြေလှမ်းများ  အကွက်က သခင် Lin ရဲ့ ကိုယ်ပိုင် တီထွင်မှု မဟုတ်ဘူးလား။ "

" ဒါက Qing Yun အဓိပ္ပာယ် မရှိတာတွေပြောနေတာ ဖြစ်ရမယ်။ ဒီ ကျက်သရေရှိသော ခြေလှမ်းများ ကို သခင် Lin တစ်ဆင့်ကနေတစ်ဆင့်  မွမ်းမံလာတာကိုလည်း ငါတို့တွေ့ဖူးတာပဲ။ "

" Qing မိသားစုက ဒုတိယတန်းစား မိသားစု တစ်ခုပဲလေ။ သူတို့မှာ ဘယ်လောက်ကောင်းတဲ့ တိုက်ခိုက်ရေး ပညာတွေရှိမှာမို့လို့်လဲ။ "

" ဒီမှာကြည့် ဒါ Qing မိသားစုရဲ့ ပျံသန်းနေသော နှင်းမှုန်များ ခြေသိုင်းကွက်ပဲ။ ဒါက မင်းရဲ့ ကျော်ကြားအောင် လုပ်ထားတဲ့ ကျက်သ ေရရှိသော ခြေလှမ်းများ မဟုတ်ဘူး။ " Qing Yun က အေးစက်စက်ပြောပြီး သူ၏ ပုံရိပ်သည် ညဘက်ကောင်းကင်တွင် ပျံသန်းနေသော နှင်းမှုန်များကဲ့သို့ မျောလွင့်သွားကာ Lin Yuhao ၏ နောက်၌ တိတ်ဆိတ်စွာ ပေါ်လာသည်။

Lin Yuhao ၏ မျက်ဆန်များ ကျုံ့သွားပြီး သူ့စိတ်ထဲတွင် မယုံနိုင် ဖြစ်နေသည်။ သူ၏ ကျက်သရေရှိသော ခြေလှမ်းများ အကွက်သည် Qing မိသားစု၏ ပျံသန်းနေသော နှင်းမှုန်များမှ လာခြင်းပင်။ ဟုတ်သည်။ Qing မိသားစု တိုက်ခိုက်ရေး ပညာ၏ အနှစ်သာရဖြစ်သည်။ ထိုအချိန်တုန်းက Qing Haolin ပင် ဤအကွက်ကို အဆင့်အနည်းငယ်သာ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့သည်။ Qing Yun က ထိုအကွက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်လား။

​ခြေတစ်လှမ်း လှမ်းလိုက်တိုင်း Qing Yun က ကြီးကျယ် နက်နဲပုံပေါ်နေပြီး Lin Yuhao ရှေ့တွင် မမျှော်လင့်ထားသည့်နေရာမှ ပေါ်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားပြီး ပြိုင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထိုအဖြစ်က ကြည့်နေသူများ၏ မျက်လုံးများကို သူ၏ အရိပ်နောက်သို့ လိုက်ကြည့်မိစေသည်။ သို့သော်သူ၏ အဝတ် အနားစလေးကိုမျှ ရှာမတွေ့ကြပေ။

Qing Yun က တိုက်ခိုက်ရေး အနုပညာနှင့် ပက်သက်၍ အမြဲတမ်း ပညာရှင်သာ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော ကမ္ဘာငယ်လေး၏ တိုက်ခိုက်ရေးပညာဆိုလျှင် တစ်ချက်မျှကြည့်ရုံနှင့်ပင် ကျွမ်းကျင်သွားနိုင်သည်။ ပျံသန်းနေသော နှင်းမှုန်များ အကွက်က ကျွမ်းကျင်ရန် ခက်ခဲသော်လည်း သူ့အတွက် အခက်အခဲ မရှိပေ။

Nie Chenyuan က Nie မိသားစု သီးသန့်ခန်း၏ လိုက်ကာကို ဆွဲဖွင့်လိုက်ကာ Qing Yun ကို ကြည့်နေသည်မှာ အရူးအမူး စွဲလမ်းနှစ်သက် ချစ်ခင်နေပုံပေါ်သည်။

" ဒါက... ဒီ ခန္ဓာကိုယ် တိုက်ခိုက်ရေး နည်းလမ်း နှစ်ခုက မူရင်း တစ်ခုထဲက လာပုံပဲ။ သိသာနေတာပဲ Qing Yun အဲ့ဒါကို လုပ်ဆောင်သွားတာ...." လူတစ်ယောက်က စကားတစ်ဝက်တစ်ပျက်ပဲ ပြောလိုက်သော်လည်း သူ၏ ဘေးမှ ပရိသတ်အားလုံးရှင်းရှင်းလင်းလင်း သဘောပေါက်ကြသည်။ Qing Yun သုံးသွားသော အကွက်သည် ပို၍ အစစ်အမှန်နှင့်တူပြီး အဆင့်ပိုမြင့်သည်။ လှပသော ခံစားချက်များ ပြည့်နေပြီး သေစေနိုင်လောက်သော ဆုံးဖြတ်ချက်ကို ဖော်ပြထားရာ အလွန်အမင်း ကွဲပြားခြားနားနေသည်။

" ကောင်းလေစွ။ " အသက်ကြီးကြီး အသံတစ်သံက ချီးမွမ်း​ခြင်း အပြည့်ဖြင့်ရုတ်တရက် ထွက်လာသည်။ ၎င်းက အရှိန်အဟုန် ပြင်းပြင်းပါပြီး ကွင်းပြင်တစ်ခုလုံးကို ပျံနှံ့သွားသည်။

Zhang Jingguo က ထိုလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါသူ့မျက်နှာက ရုပ်သေဖြစ်သွားသည်။ " He Lao!  "

လူထုကြီးက သူ့မြင်ကွင်းကို ပိတ်ထားခြင်းကို သတိမမူမိဘဲ He Lao က Qing Yun ကို ကွင်းပြင် အပြင်ဘက်ဆုံးအတန်းနားမှ လိုက်ကြည့်နေသည်။ " အရမ်းတော်တယ်။ အံဩစရာပဲ။ ခြေလှမ်းတိုင်းက နှင်းမှုန်လေးတွေ ကျနေသလိုပဲ အလျင်လည်းမလိုဘူး။ နှေးလည်းမနှေးနေဘူး။ နှင်းမှုန်လေးတွေ ကျပြီးတဲ့နောက်လဲ အကြွင်းအကျန် မကျန်ခဲ့ဘူး။ သရဲက မမြင်နိုင်တဲ့နေရာက လိုက်သတ်နေသလိုပဲ။

"မဟုတ်ဘူး။ အဲ့ဒါ မမှန်ဘူး။ " သူ၏ အမူအရာက ပြောင်းလဲသွားပြီး လွှမ်းမိုးခံနေရသည့်ပုံပေါ်သည်။ သူက Qing Yun ခြေချလိုက်သည့် နေရာမှ စွပ်ကြောင်းကို စူးစမ်းရန် ခါးကိုင်းလိုက်သည်။ သို့သော် ၎င်းက အရမ်း ခက်ခဲနေပုံပင်၊ သူက ၎င်းကို ခြေရာခံရန် ကျရှုံးခဲ့သည်။ " ဒီ.. ဒီ စွပ်ကြောင်းက.. "

He Lao ကြည့်လေလေ သူ ပိုကြောက်ရွံ့လာလေလေပင်။ သူက Qing Yun ကို မတတ်နိုင်စွာ နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်မိသည်။

" အဲ့ဒီ့လူကြီးက ဘယ်သူလဲ။ သူ တစ်နေရာလုံးကို လျှောက်သွားနေတာ ငါ မျက်စိရှုပ် လာပြီ။ "စင်အောက်မှ လူတစ်ယောက်က စိတ်မရှည်စွာဖြင့် မသေမသပ်အဝတ်အစားများနှင့် ပြိုင်ကွင်းကိုလျှောက်သွားနေသော၊ သူတို့၏ ပွဲ ကြည့်အာရုံကို ဆိုးဆိုးရွားရွား နှောက်ယှက်နေသည့် အဖိုးကြီးကို အော်ထုတ်လိုက်သည်။ ဤအချိန်တွင် သူတို့၏ စိတ်အာရုံကို Qing Yun၏ နည်းပညာများက လုံးဝ ဆွဲဆောင်ထားတယ်ဆိုတာ သူတို့ သဘောမပေါက်ကြပေ။

" မင်း အသံကို လျှော့စမ်းပါ။ " လူတစ်ယောက်က ရောက်လာပြီး ခုနက ပြောလိိုက်သည့် သူကို ရိုက်ပစ်လိုက်၍ ခါးကိုင်းကာ တီးတိုးပြောလိုက်သည်။ " သူ့ရဲ့ ညစ်ညစ်ပတ်ပတ် အပြင်အဆင်ကိုပဲမကြည့်နဲ့။ သူက ဒီနေ့ခေတ် ရှေးဟောင်း တိုက်ခိုက်ရေးအနုပညာရှင်တွေထဲမှာ အသန်မာဆုံးတစ်ယောက်ကွ။ ပြီးတော့ ပထမကောင်းကင်ဘုံ အဆင့်ကိုရောက်ဖို့ အဖြစ်နိုင်ဆုံးသူပဲ။ "

" ဘာကြီး။ သူက ဗဟိုကျင့်ကြံဆင့်မှာလား။ "ဒါဆို သူက ဘာလို့ Qing Yun ကို လိုက်မဖမ်းနိုင်တဲ့ပုံ ပေါ်နေတာလဲ။ "

ပရိသတ်က အံဩသွားသည်။ Qing Yun ကိုကြည့်ရင်းခေါင်းခါလိုက်ကာ သက်ပြင်းချလိုက်သည်။ ဤပြိုင်ပွဲသည် သူတို့အတွက် မထင်မှတ်ထားစရာတွေချည်းပင်။

Lin Yuhao က Qing Yun ၏ အပျော်တမ်း လှုပ်ရှားမှုများကြောင့် လုံးဝအရှက်ရ​ေနသည်။ သို့သော် Qing Yun က ကြောင်တစ်ကောင်မှ ကြွက်ကလေးကို ကစားနေသကဲ့သို့ပင်။ သူက သူ့ကို လွယ်ကူစွာ ရပ်တန့်နိုင်သော်လည်း သူက သူ့ကို လွယ်လွယ် မတိုက်ခိုက်နေပေ။ သူက လွတ်မြောက်ဖို့ ကြိုးစားသော်လည်း ထပ်ကာထပ်ကာ အမိခံနေရသည်။ Lin Yuhao က အမဲရောင် အပြာရောင် ဖြစ်သည်အထိ အရိုက်ခံနေရသည်။

" မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူး။ " Lin Yuhao မှာ Qing Yun မျက်လုံးထဲမှ စနောက်နေသည့် အကြည့်ကိုမြင်ပြီး သူ့မျက်လုံးများက နီရဲလာသည်။ သူက ပတ်ပတ်လည် လှည့်ကြည့်လိုက်သောအခါ Qing Yun ၏ ခြေရာများနောက်သို့ မျှော်လင့်ခြင်းကြီးစွာဖြင့် အရူးတစ်ယောက်လို လိုက်နေသော He Lao ကို တွေ့လိုက်ရသည်။ သူက နှလုံးသားထဲတွင် ချက်ချင်းဒေါသတကြီးခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထွက်သွားသည်။
Qing Yun က ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ပြီး Lin Yuhao ကို ရန်စနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

" ကောင်းတယ်။ "

ပရိသတ်က ဘာ့ကြောင့်မှန်းမသိပေ။ သူတို့က Lin Yuhao သွေးအန်ခြင်းမှာ ဒေါသကြောင့်ဆိုတာ မသိကြပေ။ သူတို့က Qing Yun မှ ဒဏ်ရာရအောင် တိုက်ခိုက်လိုက်သည် ဟုသာထင်ကြသည်။ သူတို့က ထိုမြင်ကွင်းတွင် လွန်စွာ စိတ်လှုပ်ရှား​ေနကြပြီး ပွဲမတိုင်ခင်က သူတို့ အားပေးကြသည့်ဘက်ကို မေ့ကာ Qing Yun ကိုသာ နှုတ်ဆက်ရန် ကြိုးစားနေကြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် စပြီး စကားပြောနေကြတော့သည်။ မထင်ထားစွာပင် သူတို့ ခေါင်းတွေလှည့်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသောအခါ သူငယ်ချင်းတွေ မျက်နှာထား အတူတူဖြစ်နေတာကို တွေ့လိုက်ကြရသည်။

" ကောင်လေး။ ကောင်လေး။ ကျေးဇူးပြု၍ ငါ့ကို  သင်ပေးပါ။ ခုနက သုံးသွားတဲ့ ပျံသန်းနေသော နှင်းမှုန်များမှာ ဘယ်လိုနည်းလမ်းသုံးသွားတယ်ဆိုတာ သင်ပေးပါ။ " He Lao က ယခုပင် ပြိုင်ပွဲကွင်းပြင်ပေါ်တက်ချင်နေပြီး ထပ်တောင်ပြောလိုက်သေးသည်။ " ငါမင်းကို ဆရာအနေနဲ့ မှတ်ယူပါ့မယ်။ "

ထို့နောက်သူက ဒူးထောက်ပြီး Qing Yun ကို အကြိမ်အနည်းငယ်မျှ အရိုအသေ ပြုခဲ့သည်။

သီးသန့်ခန်းထဲတွင် မိသားစုခေါင်းဆောင်များသည် တိတ်ဆိတ်နေကြသည်။ QingYun က သူ့ကို တပည့်အဖြစ် အသိအမှတ်ပြုရန် ခြိမ်းခြောက်နေသော He Lao ကို ကြည့်ပြီး Qing Yun ကို ပြန်ကြည့်လိုက်သည်။ Qing Yun က အခြေခံကောင်းကောင်းရှိပြီး ကျင့်ကြံဆင့်မြင့်ကာ သူ့မျက်နှာပေါ်တွင် ခါးခါးသီးသီး အမူအရာသာ ရှိသည်။

တစ်ဖက်တွင် Nie Songping က ထပ်၍ ဟန်ဆောင်မနေတော့ပင်။ သူက ပျော်ရွှင်စွာ သခွားမွှေးစေ့များကို စားနေသည်။

Qing Yun က He Lao ကို လျစ်လျူရှုထားသည်။ သူက ဒီလူသည် တိုက်ခိုက်ရေးအနုပညာကို အရူးအမူးဖြစ်သူ ဆိုတာကို သိသည်။ ဒီတစ်ယောက်နဲ့ Lin Yuhao ရဲ့ ဆက်ဆံရေးက အရမ်းမလေးနက်သေးပုံပဲ။

Qing Yun က ဂရုမစိုက်သော်လည်း၊ သူသေလောက်အောင် အာရုံအစိုက်ခံချင်သည့် He Laoက အပြင်းအထန် Qing Yun ထံမှ အာရုံအစိုက်ခံချင်နေသောအခါ Lin Yuhao ၏ စိတ်ထဲတွင် ပရမ်းပတာ ဖြစ်သွားပြန်သည်။ သူက လက်သီးဆုပ်လိုက်ပြီး Qing Yun ဆီသို့ တစ်ရှိန်ထိုးပြေးသွားကာ အော်ဟိန်းလိုက်သည်။

သူက မဆင်မခြင်ဖြင့် ရူးသွပ်နေပုံပေါ်ပြီး သူ့မျက်လုံးထဲတွင် အမဲရောင်တစ်ချက် လက်သွားသည်။ Lin Yuhao ၏ လက်သီးအတွင်းမှ အဆိပ်ပြင်းသော အနက်ရောင်စွမ်းအင်များထွက်လာသည်။ Qing Yun သာ ထိခိုက်မိသွားလျှင် အကျိုးဆက်များသည် သူ့အဖေကဲ့သို့ပင် ဘာ့ကြောင့် သေသွားမှန်း သိလိုက်မည် မဟုတ်ပေ။

" မိုးကြိုးပြေးဆိုတာလား။ " Qing Yun က ရယ်လိုက်ပြီး တစ်ချိန်ထဲမှာပင် လက်သီးတစ်ချက်ထိုးလိုက်ကာ မျက်စိဖြင့်ပင် မြင်ရသော လေလှိုင်းများ ဖြစ်စေခဲ့သည်။ Lin Yuhao က အဝတ်စုတ်ကဲ့သို့ ကွင်းအစပ်နားတွင် ပုံကျသွားသည်။

မိုးကြိုးပြေး ဟူသည့် လှုပ်ရှားမှု သည် Lin Yuhao ၏ ကိုယ်စားပြု တိုက်ကွက်တစ်ခုပင်။ အထူးတဆန်း နည်းပညာမျိုးမဟုတ်ဘဲ ရှေးဟောင်းတိုက်ခိုက်ရေး လမ်းကြောင်းကိုဝင်ရန် ဝင်ခွင့် ရှေးဟောင်းနည်းပညာတစ်ခုသာဖြစ်သည်။ ထိုအချိန်တွင် Lin Yuhao ကဤကဲ့သို့ ရိုးရှင်းသည့် တိုက်ခိုက်ရေးကို ပြုလုပ်ကာ သူ၏ အံံအားသင့်ဖွယ် အစွမ်းကို ပြသ၍ တစ်ပွဲတည်းနှင့် အမည်ကျော်ခဲ့သည်။

သူက Qing Yun ဤတိုက်ကွက်ကို ထုတ်သုံးကာ သူ့ကို အနိုင်ယူမည်ဟု မထင်ထားပေ။

ကွင်းဘေးတွင် အခုထိ သူ့ဆီမှ တပည့်အဖြစ် အသိအမှတ်ပြုမှုက်ု ရချင်နေသော He Lao ကို လျစ်လျူရှုပြီး Qing Yun က Lin Yuhao ဆီသို့ လျှောက်လာသည်။

Lin Yuhao က စိတ်ရှုပ်ထွေးနေသည်။ သူက မျက်ဆန် ရွှေ့လိုက်ပြီး လာနေသော Qing Yun ကို ကြည့်လိုက်သည်။ သူ၏ ဒဏ်ရာကို ဂရုမစိုက်ဘဲ ပါးစပ်ဖွင့်ပြီးမေးလိုက်သည်။ " ဘာလို့လဲ။ ဘာလို့ ငါမင်းကို အနိုင်ကျင့်တုန်းက ၊ မင်းရဲ့ ဒန်တျန်းကို ဖျက်ဆီးတုန်းက မခုခံတာလဲ။ ဘာလို့မခုခံတာလဲ။ မင်းရဲ့ ကျင့်ကြံဆင့်က  မြင့်တယ် ဆိုတာ ရှင်းနေတာပဲ။  ဘာလို့လဲ။ "

ပရိသတ်များက အံဩသွားသည်။ Lin Yuhao ဘာပြောလိုက်တာလဲ။ Qing Yun ကို ရိုက်ပြီး Qing Yun ရဲ့ ဒန်တျန်းကိုလည်း ဖျက်ဆီးခဲ့တာလား။

Nie Chenyuan က သီးသန့်ခန်းထဲတွင် နေရင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ့တွင် နဂိုကတည်းက ခန့်မှန်းချက်များ ရှိပြီးသားပင်။သို့သော် ထပ်၍ ကြားလိုက်ခြင်းကြောင့် သူ့နှလုံးသားလေး တင်းကြပ်သွားကာ Qing Yun အတွက် စိတ်သောကဖြစ်သွားပြီး Lin Yuhao ကို အရိုးထဲထိတိုင်အောင် မုန်းတီးသွားသည်။

Qing Yun က သူ့မေးခွန်းကို မဖြေဘဲ ငုံ့ကြည့်ကာ မေးခွန်းသာ မေးခဲ့သည်။

" မင်း ပထမဆုံး နာမည်ရခဲ့တဲ့နေရာမှာ ကျရှုံးရတဲ့ ခံစားချက်က ဘယ်လိုနေလဲ။ "

မုန်းတီးမှုများဖြင့် Lin Yuhao က Qing Yun ဘာဆိုလိုတယ် ဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။ ဒီလူက သူ့ကို မြင့်တက်စေပြီးမှ အညှာအတာမဲ့စွာ ရိုက်ချချင်နေတာပဲ။ သူ့ကို ဒီနေရာမှာ၊ ထောင်သောင်းချီတဲ့ လူတွေရဲ့ အာရုံစိုက်မှုအောက်မှာ သူ့ရဲ့ ကိုယ်စားပြု လှုပ်ရှားမှုနဲ့အတူ ရိုက်ချခံလိုက်ရတာပဲ။ တကယ်ကို နှလုံးသားမဲ့ပြီး စိတ်ရှည်သည်းခံတတ်တဲ့ လက်စားချေမှုကြီးဖြစ်သည်။

Qing Yun က ပွဲကျင်းပရာ နေရာတစ်ခုလုံးကို ခြုံငုံကြည့်လိုက်သည်။ ဤနေရာသည်  ပထမဆုံးအနိုင်ရရှိမှုနှင့်အတူ Lin Yuhao ကျော်ကြားလာပြီး Qing Yun ၏ ဒုက္ခများ စတင်ရာနေရာဖြစ်သည်။ ထိုအချိန်တုန်းက Qing Yun သည် ၁၈နှစ်အောက်သာ ရှိသေးပြီး သူ့အဖေ ရှုံးသွားတာကို ကြည့်ခဲ့ရသည်။ သူ့အမေက သူ့ကို စွန့်ပစ်သွားပြီး သူ၏ မိသားစုဝင်က သူ့ ဒန်တျန်းကို ဖျက်ဆီးကာ ကြေကွဲဖွယ်ရာ အသတ်ခံခဲ့ရသည်။

Lin yuhao နှင့် Qing Yun တို့နှစ်ယောက်လုံး၏ ဘဝများပထမဆုံးအကြိမ် ပြောင်းလဲခဲ့ရသည်။ ဒါဆို ဒုတိယအကြိမ် ဘာ့ကြောင့်မပြောင်းလဲနိုင်ရမှာလဲ။

Lin Yuhao ၏ ခန္ဓာကိုယ်ကို အေးစက်စွာကြည့်ကာ Qing Yun က ဖြေးဖြေးချင်း ဆောင့်ကြောင့်ထိုင်လိုက်သည်။ Qing Yun ရဲ့ ဒန်တျန်းအဖျက်ဆီးခံလိုက်ရသည့်အကြွေးကို ရှင်းရဦးမည်လေ။

" Qing Yun ရပ်လိုက်။ "

အမေ Lin က အသက်ပင်မရှူနိုင်ဘဲ လှေကားမှ ပြေးဆင်းလာပြီး Qing Yun ၏ လုပ်ဆောင်ချက်များကို ရပ်တန့်ရန် လာနေသည်။

Qing Yun က Lin Yuhao ဘေးတွင် ဆောင့်ကြောင့်ထိုင်နေပြီး အမေ Lin ကို လှည့်ကြည့်လိုက်သည်။

" အမေ? "

ထိုသို့နာမည်တပ်သံကို ကြားလိုက်ရသောအခါ အမေ Lin က တစ်ခုခုမှားနေတယ် ဆိုတာကို ခံစားလိုက်ရသည်။သူမက အသက်ရှူသံငြိမ်အောင် ပြုလုပ်လိုက်ပြီး Qing Yun ဆီသို့ နူးညံသော်လည်း အကူအညီမဲ့နေသော အမူအရာဖြင့် ငိုမလိုရယ်မလိုပြုံးပြလိုက်သည်။ " Yun လေး အမေ့စကားနားထောင်ပါ။ ဆင်းလာတော့။ ပြိုင်ပွဲက ပြီးသွားပြီ။ မင်းက တော်တယ်ဆိုတာ အမေသိပါတယ်။ "

" Yu Hao က မင်းအစ်ကိုပဲလေ။ မင်း ငယ်ငယ်လေးထဲက အစ်ကိုတစ်ယောက်လိုချင်ခဲ့တာ မှတ်လား။ အရင်မျိုးဆက်ရဲ့ သဘောထားကွဲလွဲတာတွေကို နောက်မျိုးဆက်ထိ သယ်မသွားသင့်ဘူးလေ။ ဟုတ်တယ် မှတ်လား။ "

" အမေ။ ..." Qing Yun က အမေ Lin ကို သက်ပြင်းအရှည်ကြီးချပြီး ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ချက် လက်သွားပြီး ကြည့်ရတာ စိတ်လျှော့သွားသည့်ပုံပင်။

Zhang Jingguo က ၎င်းကို တွေ့လိုက်ရသောအခါ တင်းကြပ်နေသော နှလုံးသားက ပြေလျော့သွားပြီး ပြုံးမိလိုက်သည်။ အသက်သာ ရှိသေးလျှင် မျှော်လင့်ချက် ရှိသေးသည်။ Qing Yun သာ Lin Yuhao ကို လွှတ်ပေးလိုက်လျှင်း Lin Yuhao တွင် တိုးတက်နိုင်သော အရည်အချင်း ရှိသေးသည်။

*****

Nie Songping က မျက်နှာပြင်ကို ကြည့်လိုက်ကာ ဘာမှ မတတ်နိုင်ဘဲ သက်ပြင်းသာ ချမိသည်။

သူက လက်ဖက်ရည်ခွက်ကိုခေါင်းငုံ့၍ သူ၏ ကျေနပ်မှုမရှိသော မျက်လုံးများကို ဖုံးကွယ်ရန် လက်ဖက်ရည် တစ်ငုံမျှ သောက်လိုက်သည်။ Qing Yun သည် အားလုံးပြည့်စုံနေသည်။ ကျင့်ကြံမှုကလည်း ပုံမှန်ထက်ပင် သာလွန်သည်။ သို့သော် သူ၏ အကြီးဆုံး အားနည်းချက်က အသက်ငယ်သေးတာပင်။

" လူငယ်တွေက စိတ်ပျော့တာပဲ။ "

သူ၏ အသံထွက်လာသည်နှင့် ကောင်းကင်ကို ဖောက်လောက်သည့် အော်သံကျယ်ကြီး ကြားလိုက်ရရာ လက်တုန်သွားပြီး လက်ဖက်ရည် တစ်ခွက်လုံး မျက်နှာပေါ် ဖိတ်ကျသွားသည်။

Continua a leggere

Ti piacerà anche

334K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
74.5K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
207K 27.1K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...