ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

8

11.7K 1.8K 174
By Vanilla_IceCream61

တကယ်ကို မိုက်မဲလာတာပဲ။

မျက်နှာပြင်ပေါ်တွင် Nie Chenyuan က " မင်းအတွက် တိုက်ခိုက်ပေးမယ်။ " ဟုပြောသည်ကို မြင်လိုက်ရသောအခါ Qing Yun ၏ နှုတ်ခမ်းများ အပေါ်ကွေးတက်သွားသည်။

Nie Chenyuan က သူယခု မခန့်လေးစားပုံစံဖြစ်နေကြောင်း မသိပေ။ တိုက်ပွဲတစ်ခုပြီးတိုင်း သူက Qing Yun ရှိသည့်ဘက်ဆီ ပြေး၍ ချီးကျူးမှုကို တောင်းလေ့ရှိသည်။ ကံမကောင်းစွာဖြင့် အဆင့်သတ်မှတ်သော ပြိုင်ပွဲက ပြီးတော့မည် ဖြစ်ပြီး တစ်ယောက်သာ ကျန်တော့သည်။ Nie Chenyuan သာနိုင်သွားလျှင် ယခင် ပွဲ၏ အနိုင်ရရှိသူဖြစ်သော Lin Yuhao နှင့် ယှဉ်ပြိုင်ရန် အဆင့်မှီသွားပေမည်။

သူက ကုလားထိုင်အနောက်ကို မှီလိုက်ပြီး သက်ပြင်းကို ပြင်းပြင်းချလိုက်သည်။

Nie Chenyuan က ရည်ရွယ်ချက်ရှိရှိ ဤသို့ ပြုမူနေခြင်းပင်။ သူ၏ Qing Yun အပေါ်ထားသော အချစ်များသည် အလွန်အကျူး သူ့ရင်ဘတ်ထဲတွင် ပြည့်နှက်နေသည်။ သူက သူ၏ Qing Yun ကို ပိုင်ဆိုင်မှုအား တစ်ကမ္ဘာလုံးကို ချပြချင်သည်။ သူတို့၏ ခံစားချက်နှင့်ပက်သက်၍ အခြားလူများက မည်သို့တွေးမည်ကို Nie Chenyuan က လုံးဝ ထည့်မစဉ်းစားပေ။

Nie Songping က ထိုင်ခုံပေါ်တွင် ထိုင်ရင်း စိတ်ဖိစီးနေသည်။ သူက နောက်ကျလျှင် ကမ္ဘာကို ထိတ်လန့်သွားအောင် တစ်ခုခု ပြုလုပ်လိုက်မည်ကို ကြောက်နေမိသည်။ သို့သော် သူရှိနေသော သီးသန့်ခန်းသည် ပရမ်းပတာ ဖြစ်နေပြီး ဖြစ်သည်။ မြေးမလေးတွေရှိသော မိသားစုများ၏ ခေါင်းဆောင်များက ရုတ်တရက်ထရပ်လိုက်ကြသည်။ Wang Miaoyun ၏ အဖိုးပင် မကျန်ခဲ့ချေ။

"Wang အိုကြီး မင်းပါလာတာကတော့ မကောင်းဘူးနော်။ မင်းမြေးမလေးက Lin ကောင်လေးနဲ့တွဲနေပြီးသား မဟုတ်လား။ Nie လေးကိုတောင် ဆွဲထည့်သေးတယ်။ " Gu မိသားစု၏ ခေါင်းဆောင်သည် အလွန် ဒေါသကြီးသည်။ သူက Wang Miaoyun ၏ အဖိုးကို လက်ညှိုးထိုးလိုက်ပြီး ဆူလိုက်သည်။

" သရေကြိုး။ ရီးပဲ ( မအလ ၊ လပ) ဘယ်လိုစကားပြောရမလဲကော သိလား။ အဖိုးအိုကြီး။ ဘာလို့ ငါ့ရဲ့ Miaoyun လေးကို သံသယ ဝင်နေတာလဲ။ ဒီဟာကို မင်း အစီအစဉ်ချထားတာမလား။ Nie မိသားစုအခန်းထဲကသူက မင်းမြေးမ မှတ်လား။ " Wang ခေါင်းဆောင်က ပြောရင်း လျှို့ဝှက်စွာ နောင်တရနေသည်။ သူသာ Nie Chenyuan ၏ စွမ်းအားကို သိခဲ့လျှင်...

" ကိုယ့် ဦးနှောက်ကိုယ်သုံးပြီး စဉ်းစား။ အဲ့သူက ငါ့မြေးသာဆိုရင် ငါအခုမေးနေမလား။ " Gu ခေါင်းဆောင်က Wang Miaoyun ၏ အဖိုးကို အယောင်မဆောင်ထားသည့်ပုံဖြင့် ပြောလိုက်သည်။ သူက တစ်ဖက်လှည့်ပြီး အခြားတစ်ယောက်ကို နားပူပြန်သည်။

သူက အခုလေးတင် ပါးစပ်ဖွင့်၍ တစ်ခုခုပြောမည်ပြင်သော ယောက်ျားတစ်ယောက်ကို လက်ညှိုးထိုးရင်း သူ့မျက်ခွံများကို ပင့်ကာ ဒေါသထွက်ထွက်ဖြင့် လျင်မြန်စွာ ပြောလိုက်သည်။ " မင်းဟန်ဆောင်ပြီး မြေးမ မရှိဘူးလို့ ပြောထားတယ် မဟုတ်လား။ "

Gu မိသားစုခေါင်းဆောင်က လက်ပြန်ရုတ်လိုက်ပြီး Nie Songping အိုကြီးကို မျက်လုံးထောင့်မှ ခိုးကြည့်လိုက်သည်။

Nie Songping က ဤနေရာမှ သူအားလုံးအရူးမဟုတ်ကြောင်းသိသည်။ ဒီအရွယ်တွင် မည်သူကမှ တစ်စုံတစ်ခုနှင့်ပက်သက်၍ လွယ်လွယ်ကူကူ အငြင်းပွားကြမည်မဟုတ်ပေ။ ဒါသည် သူတစ်ခုခုဖော်ပြရန် လုပ်ဆောင်နေကြတာဖြစ်ကြောင်း ရှင်းလင်းနေသည်။

ဒီ လူအိုများသည် ငယ်ရွယ်သော မျိုးဆက်အပေါ် ခံစားချက် သိပ်မပြကြသော်လည်း Nie Chenyuan အပေါ်တွင် အကောင်းမြင်နေကြသည်မှာ ထူးဆန်းသည်။

ပြိုင်ပွဲများကို ကြည့်ပြီးသောအခါ သူတို့၏ စပ်စုလိုစိတ်ကိုမပြောနှင့်၊ မြေညီအလွှာမှ လူအားလုံး၊ သီးသန့်ခန်းနှင့် အောက်ဘက်ထိုင်ခုံမှ လူများအားလုံး Nie မိသားစု၏ သီးသန့်ခန်းကို စိုက်ကြည့်နေကြကာ သူတို့တွင် X-ray ကဲ့သို့ ထွင်းဖောက်မြင်နိုင်သော မျက်လုံးမရှိသည့်အတွက် နောင်တရနေကြသည်။

Zhang Jingguo နှင့် Lin Yuhao ပင် ဤအခိုက်တွင် သိချင်နေကြသည်။ ဘယ်လိုလူမျိုးကများ Nie Chenyuan အပေါ် ဒီလောက်ချစ်ခင်စေတာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် Nie Chenyuan က ၂၅ နှစ်သာရှိသေးသည်။သူက နောက်ဆုံးကောင်းကင်ဘုံ၏ ကိုးဆင့်မြောက်တွင် ရှိနေပြီး သူ၏ ခွန်အားသည် Lin Yuhao ထက် မနိမ့်ပေ။ သူ့ကို ဘယ်လိုလုပ် အာရုံမစိုက်ဘဲ နေနိုင်မည်နည်း။

သို့သော် Nie Songping က သူတို့နှင့် Qing Yun အကြောင်းကို သူ၏ ချွေးမအဖြစ် မဆွေးနွေးရဲပေ။ သူသည် Qing Yun က Nie Chenyuan ကို ဒေါသထွက်၍ ဂုတ်ချိုးပစ်မှာကို စိုးရိမ်ပြီး ငြိမ်ငြိမ်မထိုင်နေရဲပေ။

ရိုးသားစွာပြောရလျှင် Nie Songping ကိုလည်း လူများက ဝေဖန်နေကြသည်။ သူ ယခင်ကတည်းက အဲ့အရူး Nie Chenyuan ကို ရိုက်သတ်ခဲ့သင့်သည်။

Nie Songping ၏ မျက်နှာက တင်းနေပြီး နောက်ဆုံးတွင် သတိမမူမိဘဲ ချောင်းတစ်ချက် ဆိုးလိုက်သည်။ လူတိုင်းက သူထုတ်ပြောတော့မည်ဟု ထင်နေချိန်တွင် သူက တုတ်ကောက်ထောက်ပြီး တိတ်ဆိတ်စွာ ထထွက်သွားသည်။

*****

Qing Yun က တံခါးဖွင့်၍ ဝင်လာသော Nie Songping ကို ကြည့်လိုက်သည်။ သူက မျက်လုံးများကို မျက်နှာပြင်ဆီ ပြန်ရွှေ့လိုက်ပြီး ငြိမ်ငြိမ်လေး နေနေသည်။

Nie Songping က သူ့ကိုမြင်၍ ရှက်သည်သာမဟုတ်၊ Qing Yun လည်း အတူတူပင်။ သူနှင့် Nie Chenyuan က အိပ်ရာထဲတွင် လူးလှိမ့်ပြီး ဖြစ်သည်။ ယခု Nie Chenyuan အဖိုး၏ လေးစားမှုရှိသော အမူအရာကို တွေ့ရသောအခါ သူ၏ စိတ်ခံစားချက်လည်း နည်းနည်း သက်သာသွားသည်။

Nie Songping ၏ အပြုံးက သူ၏ အိုမင်းနေသော မျက်နှာကို ဂန္ဓမာပန်း (ပန်းအစစ်) ကဲ့သို့ ရှုံ့တွသွားစေသည်။ သူက Qing Yun ကိုပြောလိုက်သည်။ " Chenyuan က ငယ်သေးတော့ အလိုက်မသိတတ်ဘူး။ သခင် Qing က ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ ပြန်ရောက်ရင် သူ့ကို ပြုပြင် ရိုက်နှက်ပေးပါ့မယ်။ "

သူက ပြောနေရင်းပင် ရှက်လာရသည်။ ငယ်တယ် ဟုတ်လား ငါ့ဖင်ကြီးကို ငယ်နေလိုက်။ ၂၅နှစ် ၂၆နှစ်ပဲ ဖြစ်နေပြီ။ Qing Yun ထက် ၄၊ ၅နှစ်လောက်ပဲကြီးတာ။ ဒီအချိန်မှာတော့ သူ့မှာ Qing Yun ခွင့်လွှတ်ဖို့ မျှော်လင့်နိုင်တာဆိုလို့ အသက်ငယ်တာပဲ ရှိသည်။

" ကိစ္စ မရှိပါဘူး။ "

Qing Yun က ချက်ချင်းပင် Nie Songping က တစ်ခုခုအတွက် တောင်းပန်နေတာဖြစ်ကြောင်း သိရှိသွားသည်။ သူ့တွင် အကြားအာရုံကောင်းကောင်းရှိသည့်အတွက် ေဘးအခန်းများမှ တီးတိုးပြောသံများကို ကြည်ကြည်လင်လင်ကြားနေရသည်မှာ အတော်ကြာပြီပင် ဖြစ်သည်။

လက်ဖက်ရည်ခွက်ကို အောက်ပြန်ချလိုက်ပြီး Qing Yun က ထွင်းဖောက်မြင်ရသော နံရံဆီသို့ လျှောက်သွားကာလက်မြှောက်၍ မြင်ကွင်းကိုကာထားသောလိုက်ကာကို ဆွဲဖယ်လိုက်သည်။

"သူတို့သာ တွေ့ချင်ရင် ရှင်းရှင်းလင်းလင်း ပြရတာပေါ့။ "

Qing Yun လိုက်ကာဖွင့်လိုက်သည့် အခိုက်တွင် အောက်ဘက် ထိုင်ခုံများမှ လူများ ၁စက္ကန့်မျှ တိတ်ဆိတ်သွားပြီး Nie မိသားစု၏ သီးသန့်ခန်းထဲသို့လှမ်းကြည့်ကြသည်။

တစ်ချိန်ထဲမှာပင် စက်ဝိုင်းပုံစီစဉ်ထားသော အပေါ်မှ အခန်းများကလည်း တစ်ခန်းပြီးတစ်ခန်း "ဟွား ဟွား ဟွား " ဖြင့် သူတို့၏ လိုက်ကာများကို ဖွင့်လိုက်ကြပြီး နံရံနားတွင်ရပ်ကာ Qing Yun ရှိသောအခန်းထဲသို့ ကြည့်နေကြသည်။

အစီအစဉ် တာဝန်ရှိသူကလည်း ဤအခိုက်တွင် မျက်လုံးရှင်ရှင်ထား၍ ကင်မရာကို Nie မိသားစု၏ သီးသန့်ခန်းဆီသို့ ချိန်လိုက်သည်။

တန်ဖိုးရှိတဲ့ရွှေတုံးလေးက ဘယ်လိုနေလဲ။ အဖိုးတန်ရွှေတုံးလေးက ဘယ်မှာလဲ။

သူတို့၏ လည်ပင်းများကို ဆန့်ထုတ်ပြီး မျက်လုံးများကို ပြူးကြည့်သောအခါ ကောင်လေးတစ်ယောက်ဖြစ်သော Qing Yun ကိုသာ တွေ့ရသည်။ အခန်းထဲတွင် တပည့်တစ်ယောက်သာ ရှိသည်။ အထဲကို ဆက်ကြည့်လျှင် Nie Songping ၏ မျက်နှာအိုကြီးကိုသာ တွေ့ကြရသည်။

သူတို့ရဲ့ ပြင်းထန်သော ဆွေးနွေးမှုတွေကြောင့်များ ထိုမိန်းကလေးက အခန်းထဲက ထွက်သွားတာလား။

သို့သော် Nie Chenyuan ၏ အပျော်များ ပြည့်လျှမ်းနေသော မျက်နှာက သူတို့၏ သံသယများကို ဖယ်ရှားလိုက်သည်။ Nie မိသားစုရဲ့အသက် သုံးဆယ်မတိုင်ခင် နောက်ဆုံးကောင်းကင်ဘုံ ကိုးဆင့်မြောက်ကို ရောက်သွားတဲ့ Nie Chenyuan က ယောက်ျားတစ်ယောက်ကို ကြိုက်တာလား။

ဆူညံသံများ ထွက်လာကြသည်။ ထို့နောက် တစ်ယောက်ယောက်က Qing Yun သည် လွန်ခဲ့သည့် ၃နှစ်က Lin Yuhao အနိုင်ယူခဲ့သည့် Qing Haolin ၏ တစ်ဦးတည်းသောသားဖြစ်ကြောင်း ထောက်ပြလိုက်သည်။ ခြိမ်းခြောက်အနိုင်ကျင့်မှု ကောလဟာလများကိုလည်း ဖော်ထုတ်လိုက်သည်။

တစ်ယောက်ယောက်သာ လေးလေးနက်နက် တွေးကြည့်လျှင် သူတို့အမှန်ကို ဖော်ထုတ်လိုက်မိသည်ဟု ချက်ချင်းယုံကြည်ကြလိမ့်မည်။

Nie Chenyuan က Lin Yuhao ကို ပြိုင်ချင်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဒါက ဘာကို ဆိုလိုတာလဲ။ Qing Yun က သူ့အဖေအတွက် လက်စားချေဖို့ ခန္ဓာကိုယ်ကို ရောင်းစားလိုက်တာလား။

လူများက Nie Chenyuan ကို ကိုယ်ချင်းစာစိတ်ဖြင့် ကြည့်လိုက်ကြသည်။ ကြည့်ရတာ Nie Chenyuan က ရိုးသားပုံပင်။ Qing Yun ၏ ရည်ရွယ်ချက်ကသာ မဖြူစင်တာ ဖြစ်သည်။

သူတို့က ရူးမနေပေ။ သဘာဝကျစွာဖြင့် စင်မြင့်ပေါ်၌ရှိနေသော Nie Chenyuan အကြောင်းကို မကောင်း မပြောရဲဘဲ Qing Yun ဆီကိုသာ တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါပြနေကြသည်။

အပေါ်က သီးသန့်ခန်းထဲမှ မိသားစုခေါင်းဆောင်များကလည်း ကြောင်သွားကြသည်။ Zhang Jingguo က အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်သည်။ ကျေနပ်စွာဖြင့် သူတစ်ပါး၏ ကျရှုံးမှုအတွက် ပျော်ရွှင်နေသော အသံဖြင့် ပြောလိုက်သည်။ " Nie အိုကြီး အတွက်တော့ မလွယ်ကူဘူးပဲ။ သူ့မြေးရဲ့ သွေးကြောတွေက အခု ကောင်းသွားပြီ။ ဒီ စိတ်ပူစရာကို ဖယ်ရှားပြီးပြီးချင်းပဲ သူ့မြေးက ယောက်ျားတစ်ယောက်ကို အိမ်ခေါ်လာတယ်။ အဲ့တစ်ယောက်ကလဲ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့။ ခုနက သူအသက်တောင် မရှူနိုင်တာ မအံ့ဩတော့ပါဘူး။ "

Wang Miaoyun ၏ အဖိုးက ပြုံးလိုက်ပြီး ခပ်ဖျော့ဖျော့ရယ်လိုက်သည်။ အခြား မိသားစုခေါင်းဆောင်များက ငြိမ်သက်နေပြီး သူတို့၏ နှလုံးခုန်သံများ မြန်ဆန်နေသည်။

Nie မိသားစုရဲ့ ဆက်ခံသူက ဘယ်လိုလုပ် ကောင်လေးတစ်ယောက်နဲ့ တွဲနေတာလဲ။ Nie Songping က ရှင်းလင်းစွာပင် ' သရုပ်ဆောင်နေရင်း ဖောက်ပြန်မှုကို မိသွား ' တာ ဖြစ်လိမ့်မည်။ ဒီ Qing Yun ဆိုသောကောင်လေးက ကောက်ကျစ် အကြံများပြီး လူထု၏ အာရုံကို ရနေစဉ် သူ၏ အကြောင်းကို မမျှော်လင့်စွာ ဖော်ထုတ်မိသွားသည်။

" Qing Yun. အဲ့ဒါ Qing Yun လား။ "Lin Yuhao ၏ မျက်လုံးများလည်း ထိတ်လန့်မှုကြောင့် ကျယ်သွားသည်။ သူက Qing Yun ကို Nie အိမ်သို့ တကယ် ဝင်နိုင်သည်အား မမျှော်လင့်ထားပေ။

သူ၏ နှလုံးသားထဲတွင် ထူးဆန်းသော စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့သည်။ Nie Chenyuan စင်ပေါ်သို့ တက်လာစဉ်ကပင် တည်ရှိနေသော ကြီးမားသည့်ဖိအားက နောက်ဆုံးတော့ ပြေလျော့သွားသည်။ Lin Yuhao က စိတ်ပျက်ဖွယ် ပြုံးလိုက်ပြီး ဖုန်းကို ကောက်ယူကာ ဖုန်းတစ်ခု ဆက်လိုက်သည်။ " အမေ ကျွန်တော် Qing Yun ကို တွေ့ခဲ့တယ် ။ သိလား။ သူက ကျွန်တော့်ကို လက်စားချေဖို့အတွက် သူ့ခန္ဓာကိုယ် ကိုတောင် ရောင်းလိုက်သေးတယ်။ "

အမေ Lin က မျှော်လင့်ချက်များဖြင့် Nie Chenyuan ၏ နောက်ဆုံးတိုက်ပွဲ မရောက်ခင် အမြန်ပြေးလာခဲ့သည်။

သူမက ဘာမှ မလုပ်ခဲ့ပေ။ သူက ကင်မရာရှေ့မှာသာ ရပ်ပြီး သီးသန့်ခန်းထဲမှ Qing Yun ကို ငေးကြည့်ပြီး မျက်လုံးများပြူးကျယ်ကာ ငို၍ " Qing Yunအမေ မင်းကို စိတ်ပျက်မိတယ် " ဟုသာ ပြောနေသည်။

သူမ ပြောနေရင်း မျက်ရည်များက စီးကျလာသည်။ သူ့မက အလှလေးတစ်ယောက် မိုးရေထဲတွင် ငိုနေသကဲ့သို့ ငိုပွဲဆင်ပြနေပြီး Qing Yun ၏လုပ်ရပ်ကြောင့် ခေါင်းကိုက်ပြီး အပြစ်ရှိစိတ်ခံစားနေရပုံဖြင့် ရင်ဘတ်ကိုထုကာ  ခြေထောက် ဆောင့်နေသည်။

Lin Yuhao က အချိန်ကိုက် ရောက်လာသည်။ သူက အမေ Lin ကို ဖက်လိုက်ကာ သားလိမ္မာတစ်ယောက်ကဲ့သို့  နှစ်သိမ့်ရင်း အပေါ်ခေါ်သွားပြီး Qing Yun ကို အပြစ်တင်နေသည်။

မျက်လုံးထောင့်မှ အမေနှင့်သား၏ အချစ်ပြပွဲ နောက်တစ်ပွဲကို မြင်လိုက်ရသဖြင့် Qing Yun က လှောင်ပြောင်သရော်သည့်အနေဖြင့် နှုတ်ခမ်းကွေးလိုက်သည်။ သူရပ်တည်ရဲလျှင် အခြားသူများ၏ ဝေဖန်မှုများကိုလည်း ကြောက်မည်မဟုတ်ပေ။ အမေ Lin နှင့် Lin Yuhao တို့၏ ဖြစ်စဉ်က သူနှင့် ဘာမှ မဆိုင်ပေ။

ထိုအချိန်တွင် Nie Chenyuan ၏ နောက်ဆုံးတိုက်ပွဲစတင်လာသဖြင့် လူများက သူတို့၏ အာရုံစိုက်မှုကို ပြောင်းလဲလိုက်ကြသည်။

သူ၏ မျက်နှာက ရေကဲ့သို့ အေးစက်နေပြီး စင်ပေါ်သို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူက ခန်းမ တစ်ဝိုက်ကို လှည့်ကြည့်လိုက်ပြီး ပတ်ပတ်လည်မှ လူအားလုံး၏ အမူအရာများကို ကြည့်နေသည်။ယခု အခိုက်အတန့်တွင် သူက Qing Yun ၏ သူ့ကို တုန့်ပြန်မှုကြောင့် အကြီးအကျယ် ပျော်ရွှင်နေသည်။ သို့သော် လူများ၏ Qing Yun အပေါ်မနှစ်သက်ကြသည့် အပြုအမူများကြောင့် သူ၏ စိတ်ထဲတွင် ရက်စက်သောအတွေးများ ဖြစ်ပေါ်နေသည်။

Qing Yun ၏ကြည်လင်ပြီး လျှို့ဝှက်ချက်များ ရှိနေသော မျက်ဝန်းများကို ကြည့်ပြီး Nie Chenyuan က ရုတ်တရက်  ပြုံးလိုက်သည်။

"မင်း တကယ်ကြီး စိတ်ဝင်စားနေတယ် လို့တော့ မပြောနဲ့နော်။ ဟုတ်တယ် မလား။ " စင်ပေါ်ကို ခုလေးတင် တက်လာသော ပြိုင်ဘက်က သူတို့ ၂ဦးကြားမှ မျက်လုံးဆုံနေတာကို ဖြတ်တောက်လိုက်သည်။

Nie Chenyuan ၏ ယခုတစ်ခေါက် ပြိုင်ဘက်သည် Zhang Kuang ဖြစ်သည်။ သူက မနှစ်က Guwu ပွဲတွင် Lin Yuhao ကို အရှုံးပေးခဲ့ရသည့်သူတစ်ယောက်ဖြစ်သည်။ သူက Lin Yuhaoမှ အစစ်အမှန် အနိုင်ယူခံရတတ်သော ပထမ အစ်ကိုဖြစ်သည်။

Zhang Kuang ကို Zhang Jingguo က ငယ်ငယ်လေးကပင် မွေးစားခဲ့တာဖြစ်သည်။ သူက Guwu အဖွဲ့အစည်းမှတစ်ဆင့် ငါးကြိမ်အနိုင်ရရှိခဲ့သည်။ သူက နောက်ဆုံးကောင်းကင်ဘုံ၏ ၈ဆင့်မြောက်တွင် တစ်နေသည်။ သို့သော် နောက်ဆုံးကောင်းကင်ဘုံ ၏ ၇ဆင့်မြောက်မှ Lin Yuhao က သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အနိုင်ယူခဲ့သည်။ ထိုအချိန်မှစ၍ သူက Lin Yuhao ကို များစွာ အာရုံစိုက်ထားခဲ့သည်။

" မင်းက နောက်ဆုံးကောင်းကင်ဘုံ ရဲ့ ၉ဆင့်မြောက် ရောက်နေမှန်းသိပေမယ့် Yuhao လောက်တော့ မကောင်းသေးတာတော့ သေချာတယ်။ သူက သူ့ထက် အဆင့်မြင့်တဲ့ သူတွေကိုတောင် တိုက်နိုင်တယ်။ " သူ၏ ကျင့်ကြံဆင့်က Nie Chenyuan လောက် မမြင့်သော်လည်း Zhang Kuang က သူ့ကို အထင်သေး ရှုံ့ချနေသေးသည်။

Nie Chenyuan က ယခုအချိန်တွင် ပျော်မနေသည့်အတွက် သူ့ကို အဓိပ္ပါယ်မရှိတာတွေ မပြောချင်ပေ။ ထို့ကြောင့် ခေါင်းလှည့်ပြီး ပြိုင်ပွဲစပြီဟု အချက်ပြလိုက်သည်။

မမျှော်လင့်စွာပင် Zhang Kuang က Qing Yun ကိုထည့်ပြောလိုက်သည်။"သူနဲ့ ကစားရတာ ဘယ်လိုနေလဲ။ သူ့ရဲ့လှပတဲ့ အသားအရည်လေးနဲ့ နူးညံ့တဲ့ အသားစိုင်တွေကို ကြည့်လေ။ အိပ်ရာထဲမှာဆို ဘယ်လို ခံစားရမလဲ မသိဘူး။ "

သူက လက်ဖဝါးများကို ပွတ်ရင်း ကောက်ကျစ်သောအပြုံးတစ်ခု ပြုံးထားသည်။

ပြိုင်ပွဲစသော အချက်ပြအသံ ထွက်လာသည်နှင့် တစ်ချိန်ထဲတွင် တစ်ယောက်ယောက် အော်ဟစ်သံကို ကြားလိုက်ကြရသည်။

" ဘာဖြစ်သွားတာလဲ။ " ပြိုင်ပွဲကို ကြည့်နေသော ပရိသတ်က ဝေခွဲမရ ဖြစ်သွားသည်။

မျက်လုံးလျင်သော တစ်စုံတစ်ယောက်က ချက်ချင်း အော်လိုက်သည်။ "လက်မောင်းကြီး.....ဘယ်သူ့လက်မောင်းကြီးလဲ။ "

တဖြည်းဖြည်းပင် လူတိုင်းက လိမ်နေသော လက်မောင်းကြီးကို ဘေးဘက်တွင် တွေ့လိုက်ရသည်။ လူ့ခန္ဓာကိုယ်ပုခုံး တစ်ခုဆီမှ လောလောလတ်လတ်ဆွဲဖြုတ်ထားသဖြင့် အရေပြားနှင့် အသားများသည် မသေမသပ်ညစ်ပတ်နေပြီး သွေးများ ကြမ်းပြင်ပေါ် ပြန့်ကြဲနေသည်။

Continue Reading

You'll Also Like

440K 10.6K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
207K 27.1K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
329K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...