အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ
သူ့ကျင့်ကြံဆင့်က ခန္ဓာ တည်ဖွဲ့ခြင်း န၀မအဆင့်ဆိုတာ မြင်လိုက်ရချိန် လုကျိုး ခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်မိသည်။ ကံဆိုးစွာဖြင့် ကျိထျန်းတောက်၏ ကျင့်ကြံဆင့်က ပျောက်ဆုံးသွားခဲ့သည်။ အိုမင်းသည်ကလွဲ ခန္ဓာကိုယ်က ခန္ဓာတည်ဖွဲ့ခြင်း ခွန်အားသာ ကျန်ရှိတော့သည်။
ကျိထျန်းထောက်ရဲ့ အထွတ်အထိပ် သဏ္ဍာန်ကတ်တွေကရော...။
"စနစ်ရေ၊ ကျိထျန်းတောက်ရဲ့ အထွတ်အထိတ် သဏ္ဍာန်ကတ်တွေက သူအင်အားအကြီးဆုံးကာလမှာလို့ ဆိုလိုတာလား"
စနစ်က မဖြေ။ ကြည့်ရတာ ထိုသို့ဖြစ်သည့်ပုံပင်။
သုံးကတ်... တစ်နာရီခွဲစာဖြစ်၏။
သူ့ခွန်အားနှင့် ကျင့်ကြံဆင့် ယုတ်လျော့နေသည့် အခြေအနေတွင်တောင် ကျိထျန်းတောက်က ကျွမ်းကျင်ပညာရှင်ဆယ်ယောက်နှင့် သရေကျနိုင်သေးသည်။ သူ့အထွတ်အထိပ်ကာလတွင်သာဆို သူတို့ကို အနိုင်ယူရန် ခဲယဉ်းမည်မဟုတ်။
'အကြောင်း ပြန်လှန်ကတ်က ငါ့ကို အသက်ဓာတ် အချို့ပေးနိုမယ်ပေါ့'
ဒါက ခုလက်ရှိ သူအလိုအပ်ဆုံးအရာပင်။
နှစ်ကြိမ် မစဉ်းစားဘဲ လုကျိုးက အကြောင်းပြန်လှန်ကတ်ကို ထုတ်လိုက်သည်။ ၎င်းက တစ်စစီ ပြန့်ကျဲသွားကာ အတွေးတစ်ချက်တည်းဖြင့် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲပြီး သူ့ပတ်လည်တွင် ရစ်ဝဲနေ၏။
ထိုအခိုက်တွင် သူ ခိုက်ခိုက်တုန်သွားလေသည်။
ပတ်ဝန်းကျင်က မြက်ခင်းနှင့်သစ်ပင်များ၏ အသက်ဓာတ်က ဆွဲယူခံရပြီး စွမ်းအင်စီးကြောင်းများက လိမ့်လာကာ တောင်တန်းများကနေတစ်ဆင့် စီးဝင်လာသည့်ပုံပင်။ မကြာခင်ပင် တောင်တန်းနှင့် မြေပြန့်တစ်ဝန်းဆီမှ စွမ်းအင်စီးကြောင်းများက အလျင်အမြန် စုပေါင်းသွားလေသည်။
သူ့ အသားအရေပြောင်းလဲသွားသည်။
ဆံပင် ပြောင်းလဲသွားသည်။
မျက်စိအမြင် ပိုကြည်လင်လာသည်။
သူ့ အသက်ဓာတ်က တဖြည်းဖြည်း ပြန်လည်စုစည်းလာပြီ။
လုကျိုးက ဇယားကိုတစ်ချက်ကြည့်လိုက်သည် : လက်ကျန် အသက်ဓာတ်စက်ကွင်းက တဖြည်းဖြည်း ပြန်လည်မြင့်တက်လာ၏။
သက်တမ်းကို ပြောင်းပြန်လှန်နိုင်သော အကြောင်းပြန်လှန် ကတ်အစွမ်းက... အင်မတန်ပင် မှင်သက်ဖွယ် ကောင်းလေသည်။
သူ့ခံစားချက်များ ငြိမ်သက်သွားရန် အတော်လေး ကြာသွားခဲ့၏။
ထိုစဉ်...
တပည့်လေးဦး တောင်ခြေသို့ ရောက်ပြီး သိပ်မကြာခင် သူတို့ တောင်ထိပ်ဆီမှ ပြင်းထန်သော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
"အားပြင်းလွန်းတဲ့ စွမ်းအင်လှိုင်းပဲ"
လောင်စန်းက အာမေဋိတ်ပြုလိုက်သည်။
"ရှစ်စွင်းမှာ ငါတို့ကို မသင်ပေးရသေးတဲ့ ပိုပြီးအစွမ်းပြင်း သိုင်းကွက်တွေရှိသေးမှန်း ငါသိသားပဲ"
"သစ္စာဖောက်မှုပြီးတည်းက ဆရာက ငါတို့ကိုသင်ပေးရင် အမြဲ တစ်ကွက် နှစ်ကွက်ချန်ထားတာလေ"
"ဒါပေမဲ့... ငါ ရှစ်စွင်းနဲ့ အနီးဆုံးရှိနေခဲ့တုန်းက သူ့ခန္ဓာကိုယ်မှာ ဘာစွမ်းအင် အတက်အကျမှမရှိဘူး၊ ကျင့်ကြံသူလောကကြားမှာတော့ ရှစ်စွင်း ဒဏ်ရာရသွားတယ်ဆိုပြီး ကောလာဟလတွေ အများကြီးပဲ"
"အသွင်အပြင်ကြောင့် အရူးမလုပ်ခံရစေနဲ့၊ စွမ်းအင်အတင်အကျကို ဖုံးကွယ်ဖို့ဆိုတာက ခက်ခဲတာမဟုတ်ဘူး၊ ခုလေးတင် ရှစ်စွင်းရဲ့ ဆောင်ရွက်မှုကိုဆုံးဖြတ်ရရင် အရာအားလုံးက သူ့လက်အောက်ထဲ ရှိနေတုန်းပဲ"
"ကျို့ရှစ်မေ့၊ ရှစ်စွင်းက မင်းကို အရေးပေးဆုံးပဲ၊ ဒါ ဘာနည်းလမ်းလဲ သိလား"
ကျန်တပည့်သုံးယောက်က နဝမမြောက်တပည့်ကို လှမ်းကြည့်လိုက်သည်။
"အာ၊ ညီမဘယ်လိုလုပ်သိပါ့မလဲ... ရှစ်စွင်းက အမြဲ တွေးလို့ မမီလောက်အောင် နက်နဲလွန်းတာကို"
ယွမ်အာလေးက မပွင့်တပွင့် ပြောလာသည်။
လေးယောက်သား ကင်းလှည့်နေစဉ် အကာအရံ အပြင်ဘက်ကနေ သမာသမတ် ကျင့်ကြံသူတစ်ယောက် အသံကို ကြားလိုက်ရသည်။
"နားထောင်စမ်း၊ ရွှေနန်းဥယျာဉ်တောင်ဂိုဏ်းက လူဆိုးကောင်တွေ... မင်းတို့တွေကို ဝိုင်းထားပြီးပြီ၊ မြန်မြန်ထွက်လာပြီး သေမင်းနဲ့ရင်ဆိုင်လိုက်ကြ"
အသံက တောင်တစ်ဝန်း အပ်ခိုးထပ်သွားသည်။
နဝမမြောက်တပည့်လေး ခေါင်းမော့ကြည့်ချိန် ကောင်းကင်ယံတွင် ဓားပျံတစ်စင်း ပျံဝဲနေတာ မြင်လိုက်ရသည်။
"ဒါ ကျိုးကျစ်ဖုန်းပဲ၊ ကောင်းကင်ဓားဂိုဏ်းက တပည့်ကြီးလေ၊ ဟိုတစ်လောက နတ်ဒေဝါဦးတည်နယ်ပယ်ဆီ ရောက်ထားတာဆို"
"သူက ခုမှ နတ်ဒေဝါဦးတည်နယ်ပယ်ကို ခြေချခါစပဲရှိသေးတာ၊ တစ်ယောက်ချင်းချရင် ရှစ်မေ့ ပြိုင်ဘက်တောင် မဟုတ်ဘူး"
"သူတို့လူတွေအများကြီးပါလာတာတော့ စိတ်မကောင်းစရာပဲ"
"..."
ရွှေနန်းဥယျာဉ်တောင်၏ လူဆိုးကိုးယောက်ထဲတွင် နောက်ဆုံးမှ ဂိုဏ်းကို ဝင်လာသူ စီယွမ်အာက အားအနည်းဆုံး ကျင့်ကြံဆင့်ရှိသည်။ သူကအခုလက်ရှိ နတ်ဒေဝါဦးတည်နယ်ပယ်တွင် တောက်ထိန်းချုပ်အဆင့်၌ ရောက်နေချေပြီ။
"ဒီလူတွေက စိတ်ပူစရာမဟုတ်ဘူး၊ တကယ့်ပြဿနာက ထိပ်တန်းဆယ်ယောက်ပဲ၊ သူတို့တွေအကုန်လုံးက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ခွန်အားတွေ ရှိနေကြပြီ"
"တာ့ကော အကူအညီမရှိဘဲနဲ့ဆို ရှစ်စွင်းမှာ ရန်သူတွေကို မောင်းထုတ်ဖို့ အကြံရှိပါစေပဲ ဆုတောင်းတယ်"
တတိယတပည့် တွမ့်မူရှန်းက လက်ပိုက်လျက် ဆို၏။
စတုတ္ထတပည့် မင်ရှစ်ရင်က ကောက်ကျစ်စွာ ပြုံးလေသည်။
"ဒါက သစ္စာဖောက်ရာကျမှန်း သိပေမဲ့ ငါတို့ထွက်ပြေးချင်ရင် ဘယ်သူကများ တားနိုင်မှာမို့လဲ"
တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ယွမ်အာလေးတို့အကုန် ရပ်သွားကြသည်။ အတော်ကြာတိတ်နေပြီးမှ တွမ့်မူရှန်းက ပြောလာသည်။
"ရှစ်စွင်းက ငါ့ကို လက်နက်မပေးသေးတာကို ဘယ်လိုလုပ် ထွက်သွားနိုင်ပါ့မလဲ"
ပဉ္စမတပည့် ကျောင်းယွဲ့က တခစ်ခစ်ရယ်လေတော့သည်
"ဘယ်ဟာက ပိုပြီးအရေးကြီးတာလဲ၊ ရှစ်ရှိုးရဲ့အသက်လား ဒါမှမဟုတ် ကျိုးပဲ့နေတဲ့လက်နက်လား"
နဝမတပည့်က သူတို့ကိုနားမလည်သည့်ပုံဖြင့် ကြည့်လာသည်။
"ရှစ်ရှိုးတို့နဲ့ ရှစ်ကျဲ တကယ် ရှစ်စွင်းနဲ့အတူ မတိုက်ခိုက်ပေးချင်ဘူးလား၊ ရှစ်စွင်းက ညီမလေးတို့ကို ကျင့်စဉ်တွေ ကြိုးစားစားသင်ပေးထားတာကို ဘယ်လိုလုပ် လုပ်ရက်ရတာလဲ"
ရှစ်ကျဲကျောင်းယွဲ့က လက်တစ်ဖက်ကိုမြှောက်ပြီး ပြောလာ၏။
"ညီမလေး၊ နင်က ဂိုဏ်းကို နောက်ဆုံးမှဝင်လာတာ၊ အဲတော့ နင်မသိသေးတဲ့ကိစ္စတွေ အများကြီးရှိသေးတယ်..."
မင်ရှစ်ရင်က နှာမှုတ်ကာ ပြောသည်။
"ရှစ်စွင်းက ငါတို့ကို ကျင့်ကြံစဉ်နည်းလမ်းတွေ သင်ပေးခဲ့ပေမဲ့ နှိပ်လည်းနှိပ်စက်ခဲ့တာပဲ၊ မဟုတ်ဘူးလား"
"ဒါပေမဲ့ အဲဒါကြောင့်ပဲ ညီမလေးတို့ ပိုပြီး အင်အားကြီးလာတာ မဟုတ်ဘူးလား"
ယွမ်အာလေးက သဘောမပေါက်ပေ။
"နင်က ရိုးလွန်းတာကိုး၊ ရွှေနန်းဥယျာဉ်တောင်ရဲ့ မကောင်းသတင်းနဲ့ မကောင်းဆိုးဝါးတပည့် ကိုးယောက်ရဲ့ ဂုဏ်သတင်းကိုပဲ ကြည့်ကြည့်"
တုတ်ကောက်တစ်ချောင်းသည် ကောက်ကွေးနေသော အရိပ်ရှိမည်ပင်။ တပည့်များ၏စရိုက်နှင့် အကျင့်ကလည်း သူတို့ဆရာနှင့် ဆင်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက သစ္စာဖောက်မှုအတွက် အကြောင်းပြချက်မဟုတ်ဘူးလေ" ယွမ်အာလေးက ခေါင်းကြောမာစွာ ဆိုသည်။
ထိုအခြင်းအရာကြောင့် တခြားသုံးယောက်မှာ ခေါင်းတခါခါနှင့် သက်ပြင်းချမိတော့သည်။ သူတို့ရှစ်စွင်းက ဒေါသထွက်လွယ်သလို တစ်ခါတစ်ရံ စိတ်ဆိုးမာန်ဆိုးဖြစ်တတ်၏။ သူ့တပည့်များကိုလည်း ခက်ထန်စွာ ဆက်ဆံသည်။ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုတို့ ထွက်ခွာမှုအတွက်ကတော့ သူတို့အကြောင်းအရင်း မသိသလို ရှစ်စွင်းကလည်း တစ်ခါမှ ထုတ်ဖော် မပြောဖူးပေ။
ထိုစဉ် လုကျိုးကတော့ စနစ်ကို လေ့လာနေတာဖြစ်၏။
အကြောင်းပြန်လှန်ကတ်ကိုအသုံးချပြီးနောက် သူ့ခန္ဓာကိုယ်က နုပျိုလာကြောင်း ခံစားရသည်။ လူငယ်တစ်ယောက်ကဲ့သို့ အားအင် မပြည့်သေးသော်ငြား ဟိုဟိုဒီဒီ လှုပ်ရှားရန်တော့ လုံလောက်သည်။
သူက ခြေထောက်မြှောက်ပြီး ရိုးရှင်းသောအားကစားတစ်ချို့ လေ့ကျင့်လိုက်သည်။ သူ့ခန္ဓာကိုယ်အသစ်နှင့် ကျွမ်းဝင်ပြီးနောက် သက်ပြင်းချလိုက်မိတော့သည်။
"နည်းနည်းလေး အိုနေသေးတာပဲ"
သူ့ အရင်ဘဝတုန်းက ဘယ်လောက်အချိန်ပိုလုပ်ပြီး နောက်ကျမှအိပ်အိပ် အလွန်ဆုံးမှ အသက်သုံးဆယ် အရွယ်ဟုသာ ခံစားခဲ့ရ၏။ သူက ရုတ်တရက်ကြီး ဒီလောက်အိုမင်းသွားတာမျိုးနှင့် ကျင့်သားမရပေ။
ကံကောင်း၍ သူ့ကျန်ရစ်သည့် သက်တမ်းက ၃၁၃ ရက်ဖြစ်သွားချေပြီ။
သူ ကျင့်စဉ်များ၊ လက်နက်များ၊ အကြောင်းပြန်လှန်ကတ်များ ဝယ်ယူနိုင်ကြောင်း လုကျိုး သတိထားမိသွားခဲ့သည်။ ဆိုလိုသည်က သူ အိုမင်းမှုကို ပြောင်းပြန်လှန်၍ရသည်ဟုပင်။
၃၁၃ရက်က လုံလောက်သည်ထက်ကို ပိုလွန်းလှသည်။ သူ အနည်းဆုံးတော့ ပုံမှန် လှုပ်ရှားနိုင်သည့်အဆင့်သို့ ပြန်ရောက်ချင်သည်။ အိုမင်းလွန်းသည့်ပုံ ပေါက်နေတာက တကယ် ဆိုးရွားလှသည်။
ဒါမှမဟုတ်၊ သူ အသက်ငယ်အောင် ပြန်လှန်လို့များရနိုင်လား။ သို့သော်ငြား ခုလက်ရှိတွင် အကြောင်းပြန်လှန်ကတ်များ သိပ်မရှိပေ။ ခုလက်ရှိပြဿနာကို ဖြေရှင်းပြီးမှသာ စဉ်းစားနိုင်တော့မည်။
အခြား ကမ္ဘာကူးပြောင်းခရီးသွားသူများမှာ ဒီလိုအခြေအနေမျိုးတွင် မညပ်လောက်ဟု သူထင်မိတော့သည်။
"လက်ဆောင်ပစ္စည်းတွေက နည်းလွန်းတာ ဆိုးတာပဲ၊ ကြည့်ရတာ ခုပြဿနာကို ဖြေရှင်းဖို့ ခေါင်းကို အသုံးချရမဲ့ပုံဖြစ်နေပြီ"
လုကျိုး ဆက်ပြီး စဉ်းစားနေမိသည်။ တစ်ခဏအကြာတွင် သူဖြည်းဖြည်းချင်းထလာကာ အဆောက်အအုံငယ်ထဲမှ ထွက်လာခဲ့၏။
ချစ်ချစ်တောက် ပူနေသည့်နေက မျက်စိကျိန်းစရာပင်။ ကျိထျန်းတောက် မှတ်ဉာဏ်ထဲတွင် ဝိုးတဝါးမြင်ကွင်းများ ရှိသော်ငြား သူ့မျက်စိနှင့်ကိုယ်တိုင် မြင်ချိန် ကြည်လင်နေသော ကောင်းကင်ပြာကြောင့် အံ့အားသင့်မိသွားသေးသည်။
ဘုန်း...
ပေါက်ကွဲသံကြီးပေါ်လာပြီး ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံးတုန်ခါသွားသည်။
လုကျိုးက မသိမသာမျက်မှောင်ကြုတ်လိုက်သည်။ ဒီကျင့်ကြံသူတွေက အကာအရံကို ဖျက်ဆီးဖို့ အဲလောက်တောင် စိတ်မရှည်ဖြစ်နေပြီလား။
ဘွန်း!
သူ စည်းအကာအရံကို မော့ကြည့်လိုက်သည်။
ရွှေနန်းဥယျာဉ်တောင်က အမှန်တကယ်ကို အဖိုးထိုက်သည့် နယ်မြေပင်။ စွမ်းအားပြင်းလှသည့် အရံအတားက မြေအနေအထားအရ ဆတိုး အားကောင်းလှပြီး နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပညာရှင်များအတွက်ပင် ဖောက်ထွင်းရန် ခဲယဉ်းလှသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် တပည့်လေးယောက်က သူ့ရှေ့ရောက်လာကြသည်။ သူတို့က လုကျိုး မတ်တတ်ရပ်နေတာ မြင်တော့ ထိတ်လန့်ကုန်ကြသည်။
"ရှစ်စွင်း"
"ရှစ်စွင်း"
"ရှစ်စွင်း"
"နှုတ်ဆက်ပါတယ်၊ ရှစ်စွင်း"
သူ့ကို နှုတ်ဆက်သည့်နောက်ဆုံးတပည့်က နဝမတပည့် စီယွမ်အာဖြစ်သည်။
လုကျိုးက သူမ၏ လှပကြော့ရှင်းသော မျက်နှာပေါ်မှ အပြုံးကို ကြည့်လိုက်သည်။
"ရှစ်စွင်း၊ ကြည့်ရတာ ငယ်သွားသလိုပဲ"
ယွမ်အာက အပြုံးနှင့်ပြောလေသည်။
"ဒီကိုလာပါဦး"
"ဟုတ်"
ကျိထျန်းတောက်၏ စီယွမ်အာ့အပေါ် အလေးပေးမြတ်နိုးမှုမြင်ကွင်းများက လုကျိုး အတွေးထဲ ပေါ်လာခဲ့သည်။ ဒီလူဆိုးကောင်ကြီးတွင် နူးညံ့သော စိတ်ရှိမည်မထင်ခဲ့ပေ။ သူက လက်တစ်ဖက်ကို မြှောက်ပြီး သူ့နဝမတပည့်၏နဖူးပေါ် ညင်သာစွာ ပုတ်လိုက်သည်။
"မင်းက အကောင်းဆုံးပဲ"
ဘေးတွင်ရပ်နေသည့် တွမ့်မူရှန်းက ဝင်ပြောလေသည်။
"ရှစ်စွင်း၊ သူတို့က အကာအရံကိုဖောက်ဖို့ကြိုးစားနေကြတယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို တိုက်ခိုက်ခွင့်ပြုပါ၊ သူတို့အားလုံးကို သေချာပေါက် သတ်ပစ်မယ်!"
လုကျိုးအကြည့်က တွမ့်မူရှန်းမျက်ဝန်းဆီ ရောက်သွားသည်။
ထိုအကြည့်က တွမ့်မူရှန်းနှလုံးသားကို တုန်ယင်သွားစေပြီး ခေါင်းငုံ့ကာ တစ်ဖက်သူကို တိုက်ရိုက် မကြည့်ရဲတော့ပေ။
"ရန်သူတွေကိုမောင်းထုတ်ဖို့ ငါ့မှာ အကြံတစ်ခုရှိပြီးသား၊ လိုက်ခဲ့ကြ"
လုကျိုးက ခပ်ယဲ့ယဲ့ပြောလိုက်သည်။
"နားလည်ပါပြီ!"
အသက်ဓာတ် အနည်းငယ် ပြန်လည်ရရှိပြီးနောက် လုကျိုးဆခြထောက်များက ပိုသွက်လက်လာခဲ့သည်။ ရွှေနန်းဥယျာဉ်တောင်အပြင်ဘက် လျှောက်လာစဉ် သူ့တပည့် လေးယောက်က တရိုတသေ လိုက်လာကြသည်။
တောင်အပြင်ဘက်တွင် ကျင့်ကြံသူထောင်ချီက အုပ်စုငယ်လေးများဖွဲ့ကာ စီရပ်နေကြသည်။ တစ်ချို့က ဓားပျံများပေါ်တွင်ရပ်ကာ၊ တစ်ချို့က ယာဉ်ပျံများပေါ် နှင့် တစ်ချို့က မြေပြင်ပေါ်တွင် ဖြစ်သည်။
သူတို့ရှေ့တွင်အမျိုးမျိုးသော တံခွန်များက ဝေ့ယမ်းနေသည် — ကောင်းကင်ဓားဂိုဏ်း၊ ကွန်ဖြူးရှပ်ကျောင်း၏ တွမ့်လင်းဂိုဏ်းခွဲ၊ ကမ္ဘာဦးတောက်ကျင့်ကြံသူ အစည်းအရုံး...အသီးသီးပင်။
"အားလုံးပဲ ပိုပြီးအားစိုက်ကြ! မကြာခင်အရံအတားက ပျက်တော့မှာပဲ! ရွှေနန်းဥယျာဉ်တောင်ရဲ့ မကောင်းဆိုးဝါးဂိုဏ်းချုပ်က ဆိုးဆိုးဝါးဝါးဒဏ်ရာရနေတာပဲဖြစ်ရမယ်၊ ခုထွက်မလာရဲတာကိုပဲ ကြည့်ကြည့်၊ အတိတ်တုန်းကဆို ရွှေနန်းဥယျာဉ်တောင်က ဘယ်တုန်းက ဒီလိုဆိတ်ဆိတ်နေပြီး အရှက်ကွဲခံလို့လဲ"
"အမှန်ပဲ... သူက ထွက်လာပြီးရင်ဆိုင်ဖို့ သိပ်ကြောက်နေတာပဲဖြစ်ရမယ်။ တိုက်ခိုက်ဖို့ ဆက်ပြီးစိန်ခေါ်ကြရအောင်"
ယာဉ်ပျံတစ်စင်းက ကောင်းကင်ကနေ ဖြတ်သန်းလာကာ အသံတစ်သံထွက်လာလေသည်။
"ရွှေနန်းဥယျာဉ်တောင်က မိစ္ဆာကောင်တွေ နားထောင်ကြစမ်း၊ မင်းတို့အခု ဝိုင်းခံထားရပြီ! မြန်မြန်ထွက်လာပြီး သေမင်းနဲ့ ရင်ဆိုင်ကြတော့"
......
Zawgyi
အခန္း (၂) ရန္သူမ်ားကို ျပန္လည္ေမာင္းထုတ္ရန္ နည္းဗ်ဴဟာ
သူ႕က်င့္ႀကံဆင့္က ခႏၶာ တည္ဖြဲ႕ျခင္း န၀မအဆင့္ဆိုတာ ျမင္လိုက္ရခ်ိန္ လုက်ိဳး ေခါင္းကို ကူကယ္ရာမဲ့စြာ ခါရမ္းလိုက္မိသည္။ ကံဆိုးစြာျဖင့္ က်ိထ်န္းေတာက္၏ က်င့္ႀကံဆင့္က ေပ်ာက္ဆုံးသြားခဲ့သည္။ အိုမင္းသည္ကလြဲ ခႏၶာကိုယ္က ခႏၶာတည္ဖြဲ႕ျခင္း ခြန္အားသာ က်န္ရွိေတာ့သည္။
က်ိထ်န္းေထာက္ရဲ႕ အထြတ္အထိပ္ သ႑ာန္ကတ္ေတြကေရာ...။
"စနစ္ေရ၊ က်ိထ်န္းေတာက္ရဲ႕ အထြတ္အထိတ္ သ႑ာန္ကတ္ေတြက သူအင္အားအႀကီးဆုံးကာလမွာလို႔ ဆိုလိုတာလား"
စနစ္က မေျဖ။ ၾကည့္ရတာ ထိုသို႔ျဖစ္သည့္ပုံပင္။
သုံးကတ္... တစ္နာရီခြဲစာျဖစ္၏။
သူ႕ခြန္အားႏွင့္ က်င့္ႀကံဆင့္ ယုတ္ေလ်ာ့ေနသည့္ အေျခအေနတြင္ေတာင္ က်ိထ်န္းေတာက္က ကြၽမ္းက်င္ပညာရွင္ဆယ္ေယာက္ႏွင့္ သေရက်နိဳင္ေသးသည္။ သူ႕အထြတ္အထိပ္ကာလတြင္သာဆို သူတို႔ကို အနိုင္ယူရန္ ခဲယဥ္းမည္မဟုတ္။
'အေၾကာင္း ျပန္လွန္ကတ္က ငါ့ကို အသက္ဓာတ္ အခ်ိဳ႕ေပးနိုမယ္ေပါ့'
ဒါက ခုလက္ရွိ သူအလိုအပ္ဆုံးအရာပင္။
ႏွစ္ႀကိမ္ မစဥ္းစားဘဲ လုက်ိဳးက အေၾကာင္းျပန္လွန္ကတ္ကို ထုတ္လိုက္သည္။ ၎က တစ္စစီ ျပန႔္က်ဲသြားကာ အေတြးတစ္ခ်က္တည္းျဖင့္ အလင္းမႈန္ေလးမ်ားအျဖစ္ ေျပာင္းလဲၿပီး သူ႕ပတ္လည္တြင္ ရစ္ဝဲေန၏။
ထိုအခိုက္တြင္ သူ ခိုက္ခိုက္တုန္သြားေလသည္။
ပတ္ဝန္းက်င္က ျမက္ခင္းႏွင့္သစ္ပင္မ်ား၏ အသက္ဓာတ္က ဆြဲယူခံရၿပီး စြမ္းအင္စီးေၾကာင္းမ်ားက လိမ့္လာကာ ေတာင္တန္းမ်ားကေနတစ္ဆင့္ စီးဝင္လာသည့္ပုံပင္။ မၾကာခင္ပင္ ေတာင္တန္းႏွင့္ ေျမျပန႔္တစ္ဝန္းဆီမွ စြမ္းအင္စီးေၾကာင္းမ်ားက အလ်င္အျမန္ စုေပါင္းသြားေလသည္။
သူ႕ အသားအေရေျပာင္းလဲသြားသည္။
ဆံပင္ ေျပာင္းလဲသြားသည္။
မ်က္စိအျမင္ ပိုၾကည္လင္လာသည္။
သူ႕ အသက္ဓာတ္က တျဖည္းျဖည္း ျပန္လည္စုစည္းလာၿပီ။
လုက်ိဳးက ဇယားကိုတစ္ခ်က္ၾကည့္လိုက္သည္ : လက္က်န္ အသက္ဓာတ္စက္ကြင္းက တျဖည္းျဖည္း ျပန္လည္ျမင့္တက္လာ၏။
သက္တမ္းကို ေျပာင္းျပန္လွန္နိုင္ေသာ အေၾကာင္းျပန္လွန္ ကတ္အစြမ္းက... အင္မတန္ပင္ မွင္သက္ဖြယ္ ေကာင္းေလသည္။
သူ႕ခံစားခ်က္မ်ား ၿငိမ္သက္သြားရန္ အေတာ္ေလး ၾကာသြားခဲ့၏။
ထိုစဥ္...
တပည့္ေလးဦး ေတာင္ေျခသို႔ ေရာက္ၿပီး သိပ္မၾကာခင္ သူတို႔ ေတာင္ထိပ္ဆီမွ ျပင္းထန္ေသာ လႈပ္ရွားမႈကို ခံစားလိုက္ရသည္။
"အားျပင္းလြန္းတဲ့ စြမ္းအင္လွိုင္းပဲ"
ေလာင္စန္းက အာေမဋိတ္ျပဳလိုက္သည္။
"ရွစ္စြင္းမွာ ငါတို႔ကို မသင္ေပးရေသးတဲ့ ပိုၿပီးအစြမ္းျပင္း သိုင္းကြက္ေတြရွိေသးမွန္း ငါသိသားပဲ"
"သစၥာေဖာက္မႈၿပီးတည္းက ဆရာက ငါတို႔ကိုသင္ေပးရင္ အၿမဲ တစ္ကြက္ ႏွစ္ကြက္ခ်န္ထားတာေလ"
"ဒါေပမဲ့... ငါ ရွစ္စြင္းနဲ႕ အနီးဆုံးရွိေနခဲ့တုန္းက သူ႕ခႏၶာကိုယ္မွာ ဘာစြမ္းအင္ အတက္အက်မွမရွိဘူး၊ က်င့္ႀကံသူေလာကၾကားမွာေတာ့ ရွစ္စြင္း ဒဏ္ရာရသြားတယ္ဆိုၿပီး ေကာလာဟလေတြ အမ်ားႀကီးပဲ"
"အသြင္အျပင္ေၾကာင့္ အ႐ူးမလုပ္ခံရေစနဲ႕၊ စြမ္းအင္အတင္အက်ကိဳ ဖုံးကြယ္ဖို႔ဆိုတာက ခက္ခဲတာမဟုတ္ဘူး၊ ခုေလးတင္ ရွစ္စြင္းရဲ႕ ေဆာင္႐ြက္မႈကိုဆုံးျဖတ္ရရင္ အရာအားလုံးက သူ႕လက္ေအာက္ထဲ ရွိေနတုန္းပဲ"
"က်ိဳ႕ရွစ္ေမ့၊ ရွစ္စြင္းက မင္းကို အေရးေပးဆုံးပဲ၊ ဒါ ဘာနည္းလမ္းလဲ သိလား"
က်န္တပည့္သုံးေယာက္က နဝမေျမာက္တပည့္ကို လွမ္းၾကည့္လိုက္သည္။
"အာ၊ ညီမဘယ္လိုလုပ္သိပါ့မလဲ... ရွစ္စြင္းက အၿမဲ ေတြးလို႔ မမီေလာက္ေအာင္ နက္နဲလြန္းတာကို"
ယြမ္အာေလးက မပြင့္တပြင့္ ေျပာလာသည္။
ေလးေယာက္သား ကင္းလွည့္ေနစဥ္ အကာအရံ အျပင္ဘက္ကေန သမာသမတ္ က်င့္ႀကံသူတစ္ေယာက္ အသံကို ၾကားလိုက္ရသည္။
"နားေထာင္စမ္း၊ ေ႐ႊနန္းဥယ်ာဥ္ေတာင္ဂိုဏ္းက လူဆိုးေကာင္ေတြ... မင္းတို႔ေတြကို ဝိုင္းထားၿပီးၿပီ၊ ျမန္ျမန္ထြက္လာၿပီး ေသမင္းနဲ႕ရင္ဆိုင္လိုက္ၾက"
အသံက ေတာင္တစ္ဝန္း အပ္ခိုးထပ္သြားသည္။
နဝမေျမာက္တပည့္ေလး ေခါင္းေမာ့ၾကည့္ခ်ိန္ ေကာင္းကင္ယံတြင္ ဓားပ်ံတစ္စင္း ပ်ံဝဲေနတာ ျမင္လိုက္ရသည္။
"ဒါ က်ိဳးက်စ္ဖုန္းပဲ၊ ေကာင္းကင္ဓားဂိုဏ္းက တပည့္ႀကီးေလ၊ ဟိုတစ္ေလာက နတ္ေဒဝါဦးတည္နယ္ပယ္ဆီ ေရာက္ထားတာဆို"
"သူက ခုမွ နတ္ေဒဝါဦးတည္နယ္ပယ္ကို ေျခခ်ခါစပဲရွိေသးတာ၊ တစ္ေယာက္ခ်င္းခ်ရင္ ရွစ္ေမ့ ၿပိဳင္ဘက္ေတာင္ မဟုတ္ဘူး"
"သူတို႔လူေတြအမ်ားႀကီးပါလာတာေတာ့ စိတ္မေကာင္းစရာပဲ"
"..."
ေ႐ႊနန္းဥယ်ာဥ္ေတာင္၏ လူဆိုးကိုးေယာက္ထဲတြင္ ေနာက္ဆုံးမွ ဂိုဏ္းကို ဝင္လာသူ စီယြမ္အာက အားအနည္းဆုံး က်င့္ႀကံဆင့္ရွိသည္။ သူကအခုလက္ရွိ နတ္ေဒဝါဦးတည္နယ္ပယ္တြင္ ေတာက္ထိန္းခ်ဳပ္အဆင့္၌ ေရာက္ေနေခ်ၿပီ။
"ဒီလူေတြက စိတ္ပူစရာမဟုတ္ဘူး၊ တကယ့္ျပႆနာက ထိပ္တန္းဆယ္ေယာက္ပဲ၊ သူတို႔ေတြအကုန္လုံးက နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္ ခြန္အားေတြ ရွိေနၾကၿပီ"
"တာ့ေကာ အကူအညီမရွိဘဲနဲ႕ဆို ရွစ္စြင္းမွာ ရန္သူေတြကို ေမာင္းထုတ္ဖို႔ အႀကံရွိပါေစပဲ ဆုေတာင္းတယ္"
တတိယတပည့္ တြမ့္မူရွန္းက လက္ပိုက္လ်က္ ဆို၏။
စတုတၳတပည့္ မင္ရွစ္ရင္က ေကာက္က်စ္စြာ ၿပဳံးေလသည္။
"ဒါက သစၥာေဖာက္ရာက်မွန္း သိေပမဲ့ ငါတို႔ထြက္ေျပးခ်င္ရင္ ဘယ္သူကမ်ား တားနိုင္မွာမို႔လဲ"
တြမ့္မူရွန္း၊ ေက်ာင္းယြဲ႕ႏွင့္ ယြမ္အာေလးတို႔အကုန္ ရပ္သြားၾကသည္။ အေတာ္ၾကာတိတ္ေနၿပီးမွ တြမ့္မူရွန္းက ေျပာလာသည္။
"ရွစ္စြင္းက ငါ့ကို လက္နက္မေပးေသးတာကို ဘယ္လိုလုပ္ ထြက္သြားနိုင္ပါ့မလဲ"
ပၪၥမတပည့္ ေက်ာင္းယြဲ႕က တခစ္ခစ္ရယ္ေလေတာ့သည္
"ဘယ္ဟာက ပိုၿပီးအေရးႀကီးတာလဲ၊ ရွစ္ရွိုးရဲ႕အသက္လား ဒါမွမဟုတ္ က်ိဳးပဲ့ေနတဲ့လက္နက္လား"
နဝမတပည့္က သူတို႔ကိုနားမလည္သည့္ပုံျဖင့္ ၾကည့္လာသည္။
"ရွစ္ရွိုးတို႔နဲ႕ ရွစ္က်ဲ တကယ္ ရွစ္စြင္းနဲ႕အတူ မတိုက္ခိုက္ေပးခ်င္ဘူးလား၊ ရွစ္စြင္းက ညီမေလးတို႔ကို က်င့္စဥ္ေတြ ႀကိဳးစားစားသင္ေပးထားတာကို ဘယ္လိုလုပ္ လုပ္ရက္ရတာလဲ"
ရွစ္က်ဲေက်ာင္းယြဲ႕က လက္တစ္ဖက္ကိုျမႇောက္ၿပီး ေျပာလာ၏။
"ညီမေလး၊ နင္က ဂိုဏ္းကို ေနာက္ဆုံးမွဝင္လာတာ၊ အဲေတာ့ နင္မသိေသးတဲ့ကိစၥေတြ အမ်ားႀကီးရွိေသးတယ္..."
မင္ရွစ္ရင္က ႏွာမႈတ္ကာ ေျပာသည္။
"ရွစ္စြင္းက ငါတို႔ကို က်င့္ႀကံစဥ္နည္းလမ္းေတြ သင္ေပးခဲ့ေပမဲ့ ႏွိပ္လည္းႏွိပ္စက္ခဲ့တာပဲ၊ မဟုတ္ဘူးလား"
"ဒါေပမဲ့ အဲဒါေၾကာင့္ပဲ ညီမေလးတို႔ ပိုၿပီး အင္အားႀကီးလာတာ မဟုတ္ဘူးလား"
ယြမ္အာေလးက သေဘာမေပါက္ေပ။
"နင္က ရိုးလြန္းတာကိုး၊ ေ႐ႊနန္းဥယ်ာဥ္ေတာင္ရဲ႕ မေကာင္းသတင္းနဲ႕ မေကာင္းဆိုးဝါးတပည့္ ကိုးေယာက္ရဲ႕ ဂုဏ္သတင္းကိုပဲ ၾကည့္ၾကည့္"
တုတ္ေကာက္တစ္ေခ်ာင္းသည္ ေကာက္ေကြးေနေသာ အရိပ္ရွိမည္ပင္။ တပည့္မ်ား၏စရိုက္ႏွင့္ အက်င့္ကလည္း သူတို႔ဆရာႏွင့္ ဆင္ေလသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ ဒါက သစၥာေဖာက္မႈအတြက္ အေၾကာင္းျပခ်က္မဟုတ္ဘူးေလ" ယြမ္အာေလးက ေခါင္းေၾကာမာစြာ ဆိုသည္။
ထိုအျခင္းအရာေၾကာင့္ တျခားသုံးေယာက္မွာ ေခါင္းတခါခါႏွင့္ သက္ျပင္းခ်မိေတာ့သည္။ သူတို႔ရွစ္စြင္းက ေဒါသထြက္လြယ္သလို တစ္ခါတစ္ရံ စိတ္ဆိုးမာန္ဆိုးျဖစ္တတ္၏။ သူ႕တပည့္မ်ားကိုလည္း ခက္ထန္စြာ ဆက္ဆံသည္။ အစ္ကိုအႀကီးဆုံးႏွင့္ ဒုတိယအစ္ကိုတို႔ ထြက္ခြာမႈအတြက္ကေတာ့ သူတို႔အေၾကာင္းအရင္း မသိသလို ရွစ္စြင္းကလည္း တစ္ခါမွ ထုတ္ေဖာ္ မေျပာဖူးေပ။
ထိုစဥ္ လုက်ိဳးကေတာ့ စနစ္ကို ေလ့လာေနတာျဖစ္၏။
အေၾကာင္းျပန္လွန္ကတ္ကိုအသုံးခ်ၿပီးေနာက္ သူ႕ခႏၶာကိုယ္က ႏုပ်ိဳလာေၾကာင္း ခံစားရသည္။ လူငယ္တစ္ေယာက္ကဲ့သို႔ အားအင္ မျပည့္ေသးေသာ္ျငား ဟိုဟိုဒီဒီ လႈပ္ရွားရန္ေတာ့ လုံေလာက္သည္။
သူက ေျခေထာက္ျမႇောက္ၿပီး ရိုးရွင္းေသာအားကစားတစ္ခ်ိဳ႕ ေလ့က်င့္လိုက္သည္။ သူ႕ခႏၶာကိုယ္အသစ္ႏွင့္ ကြၽမ္းဝင္ၿပီးေနာက္ သက္ျပင္းခ်လိဳက္မိေတာ့သည္။
"နည္းနည္းေလး အိုေနေသးတာပဲ"
သူ႕ အရင္ဘဝတုန္းက ဘယ္ေလာက္အခ်ိန္ပိုလုပ္ၿပီး ေနာက္က်မွအိပ္အိပ္ အလြန္ဆုံးမွ အသက္သုံးဆယ္ အ႐ြယ္ဟုသာ ခံစားခဲ့ရ၏။ သူက ႐ုတ္တရက္ႀကီး ဒီေလာက္အိုမင္းသြားတာမ်ိဳးႏွင့္ က်င့္သားမရေပ။
ကံေကာင္း၍ သူ႕က်န္ရစ္သည့္ သက္တမ္းက ၃၁၃ ရက္ျဖစ္သြားေခ်ၿပီ။
သူ က်င့္စဥ္မ်ား၊ လက္နက္မ်ား၊ အေၾကာင္းျပန္လွန္ကတ္မ်ား ဝယ္ယူနိုင္ေၾကာင္း လုက်ိဳး သတိထားမိသြားခဲ့သည္။ ဆိုလိုသည္က သူ အိုမင္းမႈကို ေျပာင္းျပန္လွန္၍ရသည္ဟုပင္။
၃၁၃ရက္က လုံေလာက္သည္ထက္ကို ပိုလြန္းလွသည္။ သူ အနည္းဆုံးေတာ့ ပုံမွန္ လႈပ္ရွားနိုင္သည့္အဆင့္သို႔ ျပန္ေရာက္ခ်င္သည္။ အိုမင္းလြန္းသည့္ပုံ ေပါက္ေနတာက တကယ္ ဆိုး႐ြားလွသည္။
ဒါမွမဟုတ္၊ သူ အသက္ငယ္ေအာင္ ျပန္လွန္လို႔မ်ားရနိုင္လား။ သို႔ေသာ္ျငား ခုလက္ရွိတြင္ အေၾကာင္းျပန္လွန္ကတ္မ်ား သိပ္မရွိေပ။ ခုလက္ရွိျပႆနာကို ေျဖရွင္းၿပီးမွသာ စဥ္းစားနိုင္ေတာ့မည္။
အျခား ကမာၻကူးေျပာင္းခရီးသြားသူမ်ားမွာ ဒီလိုအေျခအေနမ်ိဳးတြင္ မညပ္ေလာက္ဟု သူထင္မိေတာ့သည္။
"လက္ေဆာင္ပစၥည္းေတြက နည္းလြန္းတာ ဆိုးတာပဲ၊ ၾကည့္ရတာ ခုျပႆနာကို ေျဖရွင္းဖို႔ ေခါင္းကို အသုံးခ်ရမဲ့ပုံျဖစ္ေနၿပီ"
လုက်ိဳး ဆက္ၿပီး စဥ္းစားေနမိသည္။ တစ္ခဏအၾကာတြင္ သူျဖည္းျဖည္းခ်င္းထလာကာ အေဆာက္အအုံငယ္ထဲမွ ထြက္လာခဲ့၏။
ခ်စ္ခ်စ္ေတာက္ ပူေနသည့္ေနက မ်က္စိက်ိန္းစရာပင္။ က်ိထ်န္းေတာက္ မွတ္ဉာဏ္ထဲတြင္ ဝိုးတဝါးျမင္ကြင္းမ်ား ရွိေသာ္ျငား သူ႕မ်က္စိႏွင့္ကိုယ္တိုင္ ျမင္ခ်ိန္ ၾကည္လင္ေနေသာ ေကာင္းကင္ျပာေၾကာင့္ အံ့အားသင့္မိသြားေသးသည္။
ဘုန္း...
ေပါက္ကြဲသံႀကီးေပၚလာၿပီး ေ႐ႊနန္းဥယ်ာဥ္ေတာင္တစ္ခုလုံးတုန္ခါသြားသည္။
လုက်ိဳးက မသိမသာမ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီက်င့္ႀကံသူေတြက အကာအရံကို ဖ်က္ဆီးဖို႔ အဲေလာက္ေတာင္ စိတ္မရွည္ျဖစ္ေနၿပီလား။
ဘြန္း!
သူ စည္းအကာအရံကို ေမာ့ၾကည့္လိုက္သည္။
ေ႐ႊနန္းဥယ်ာဥ္ေတာင္က အမွန္တကယ္ကို အဖိုးထိုက္သည့္ နယ္ေျမပင္။ စြမ္းအားျပင္းလွသည့္ အရံအတားက ေျမအေနအထားအရ ဆတိုး အားေကာင္းလွၿပီး နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္ ပညာရွင္မ်ားအတြက္ပင္ ေဖာက္ထြင္းရန္ ခဲယဥ္းလွသည္။
႐ႊစ္၊ ႐ႊစ္၊ ႐ႊစ္...
မ်က္စိတစ္မွိတ္အတြင္းမွာပင္ တပည့္ေလးေယာက္က သူ႕ေရွ႕ေရာက္လာၾကသည္။ သူတို႔က လုက်ိဳး မတ္တတ္ရပ္ေနတာ ျမင္ေတာ့ ထိတ္လန႔္ကုန္ၾကသည္။
"ရွစ္စြင္း"
"ရွစ္စြင္း"
"ရွစ္စြင္း"
"ႏႈတ္ဆက္ပါတယ္၊ ရွစ္စြင္း"
သူ႕ကို ႏႈတ္ဆက္သည့္ေနာက္ဆုံးတပည့္က နဝမတပည့္ စီယြမ္အာျဖစ္သည္။
လုက်ိဳးက သူမ၏ လွပေၾကာ့ရွင္းေသာ မ်က္ႏွာေပၚမွ အၿပဳံးကို ၾကည့္လိုက္သည္။
"ရွစ္စြင္း၊ ၾကည့္ရတာ ငယ္သြားသလိုပဲ"
ယြမ္အာက အၿပဳံးႏွင့္ေျပာေလသည္။
"ဒီကိုလာပါဦး"
"ဟုတ္"
က်ိထ်န္းေတာက္၏ စီယြမ္အာ့အေပၚ အေလးေပးျမတ္နိုးမႈျမင္ကြင္းမ်ားက လုက်ိဳး အေတြးထဲ ေပၚလာခဲ့သည္။ ဒီလူဆိုးေကာင္ႀကီးတြင္ ႏူးညံ့ေသာ စိတ္ရွိမည္မထင္ခဲ့ေပ။ သူက လက္တစ္ဖက္ကို ျမႇောက္ၿပီး သူ႕နဝမတပည့္၏နဖူးေပၚ ညင္သာစြာ ပုတ္လိုက္သည္။
"မင္းက အေကာင္းဆုံးပဲ"
ေဘးတြင္ရပ္ေနသည့္ တြမ့္မူရွန္းက ဝင္ေျပာေလသည္။
"ရွစ္စြင္း၊ သူတို႔က အကာအရံကိုေဖာက္ဖို႔ႀကိဳးစားေနၾကတယ္၊ ေက်းဇူးျပဳၿပီး က်ဳပ္ကို တိုက္ခိုက္ခြင့္ျပဳပါ၊ သူတို႔အားလုံးကို ေသခ်ာေပါက္ သတ္ပစ္မယ္!"
လုက်ိဳးအၾကည့္က တြမ့္မူရွန္းမ်က္ဝန္းဆီ ေရာက္သြားသည္။
ထိုအၾကည့္က တြမ့္မူရွန္းႏွလုံးသားကို တုန္ယင္သြားေစၿပီး ေခါင္းငုံ႕ကာ တစ္ဖက္သူကို တိုက္ရိုက္ မၾကည့္ရဲေတာ့ေပ။
"ရန္သူေတြကိုေမာင္းထုတ္ဖို႔ ငါ့မွာ အႀကံတစ္ခုရွိၿပီးသား၊ လိုက္ခဲ့ၾက"
လုက်ိဳးက ခပ္ယဲ့ယဲ့ေျပာလိုက္သည္။
"နားလည္ပါၿပီ!"
အသက္ဓာတ္ အနည္းငယ္ ျပန္လည္ရရွိၿပီးေနာက္ လုက်ိဳးဆျခေထာက္မ်ားက ပိုသြက္လက္လာခဲ့သည္။ ေ႐ႊနန္းဥယ်ာဥ္ေတာင္အျပင္ဘက္ ေလွ်ာက္လာစဥ္ သူ႕တပည့္ ေလးေယာက္က တရိုတေသ လိုက္လာၾကသည္။
ေတာင္အျပင္ဘက္တြင္ က်င့္ႀကံသူေထာင္ခ်ီက အုပ္စုငယ္ေလးမ်ားဖြဲ႕ကာ စီရပ္ေနၾကသည္။ တစ္ခ်ိဳ႕က ဓားပ်ံမ်ားေပၚတြင္ရပ္ကာ၊ တစ္ခ်ိဳ႕က ယာဥ္ပ်ံမ်ားေပၚ ႏွင့္ တစ္ခ်ိဳ႕က ေျမျပင္ေပၚတြင္ ျဖစ္သည္။
သူတို႔ေရွ႕တြင္အမ်ိဳးမ်ိဳးေသာ တံခြန္မ်ားက ေဝ့ယမ္းေနသည္ — ေကာင္းကင္ဓားဂိုဏ္း၊ ကြန္ျဖဴးရွပ္ေက်ာင္း၏ တြမ့္လင္းဂိုဏ္းခြဲ၊ ကမာၻဦးေတာက္က်င့္ႀကံသူ အစည္းအ႐ုံး...အသီးသီးပင္။
"အားလုံးပဲ ပိုၿပီးအားစိုက္ၾက! မၾကာခင္အရံအတားက ပ်က္ေတာ့မွာပဲ! ေ႐ႊနန္းဥယ်ာဥ္ေတာင္ရဲ႕ မေကာင္းဆိုးဝါးဂိုဏ္းခ်ဳပ္က ဆိုးဆိုးဝါးဝါးဒဏ္ရာရေနတာပဲျဖစ္ရမယ္၊ ခုထြက္မလာရဲတာကိုပဲ ၾကည့္ၾကည့္၊ အတိတ္တုန္းကဆို ေ႐ႊနန္းဥယ်ာဥ္ေတာင္က ဘယ္တုန္းက ဒီလိုဆိတ္ဆိတ္ေနၿပီး အရွက္ကြဲခံလို႔လဲ"
"အမွန္ပဲ... သူက ထြက္လာၿပီးရင္ဆိုင္ဖို႔ သိပ္ေၾကာက္ေနတာပဲျဖစ္ရမယ္။ တိုက္ခိုက္ဖို႔ ဆက္ၿပီးစိန္ေခၚၾကရေအာင္"
ယာဥ္ပ်ံတစ္စင္းက ေကာင္းကင္ကေန ျဖတ္သန္းလာကာ အသံတစ္သံထြက္လာေလသည္။
"ေ႐ႊနန္းဥယ်ာဥ္ေတာင္က မိစာၦေကာင္ေတြ နားေထာင္ၾကစမ္း၊ မင္းတို႔အခု ဝိုင္းခံထားရၿပီ! ျမန္ျမန္ထြက္လာၿပီး ေသမင္းနဲ႕ ရင္ဆိုင္ၾကေတာ့"