ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.7M 255K 16.9K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

3

18.6K 2.3K 102
By Vanilla_IceCream61

ဆံပင်များ မီးခိုးရောင်ပြောင်းနေသော်လည်း စိတ်ဓာတ်တက်ကြွနေသေးဟန်ရှိသော လူအိုကြီးတစ်ယောက်က အမဲရောင်ဝတ်ထားသည့် သက်တော်စောင့် ၂ယောက်အား အနောက်တွင်​ ခြံရံလျက် ဝင်လာသည်။

"အဖိုး..."

နျင်းချန်ယွမ်က မမျှော်လင့်ထားသည့် ဧည့်သည်များရောက်လာသဖြင့် အနည်းငယ် အံအားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"မင်း နားနေခန်းထဲ အကြာကြီးဝင်သွားပြီး မထွက်လာတော့ ဘာများဖြစ်နေလဲ လာကြည့်တာ။"

နျင်းစုန်ပင်းက ဆိုဖာနားသို့ တုတ်ကောက်အကူဖြင့် လျှောက်လာကာ နျင်းချန်ယွမ်အား လျစ်လျူရှုပြီး ချင်းယွင်ကိုသာ မျှော်လင့်ချက်ကြီးစွာ ငေးနေသည်။ "ဒီလူငယ်လေးက ချန်ယွမ်ရဲ့ သွေးကြောမကြီး ပြဿနာကိုများ ပိုပြီးရှင်းလင်းပေးနိုင်မလား။"

ဒါပေါ့၊ သူ့မြေးက ထိုလူများအား ဘာ့ကြောင့်မောင်းထုတ်နေသည်ကို သူသိသည်။ နျင်းချန်ယွမ်၏ ပိတ်နေသောသွေးကြောမကြီးနှင့် ပက်သက်၍ ကျော်ကြားသော သမားတော်များစွာကို သူတို့ ပြသဖူးသော်လည်း ယခုအထိ တစ်ယောက်မှ မကူညီနိုင်သေးပေ။ အခြေကောင်းကောင်းခိုင်သော ကျင့်ကြံသူကမှ သူ့မြေးလေး၏ သွေးကြောများကို ကုသပေးနိုင်မည်ဟု သူ့ကို ပြောကြသည်။

ကုဝုလောကတွင် ကြီးမြတ်သော အဆင့် ၂ဆင့်ရှိသည်။ ပထမ တစ်ခုကို 'နောက်ဆုံးသောကောင်းကင်ဘုံ' ဟုခေါ်ကြသည်။ ၎င်းကို အဆင့် ၁၀ ဆင့် ခွဲထားသည်။ ဒုတိယတစ်ခုကို 'ပထမကောင်းကင်ဘုံ' ဟုခေါ်ပြီး စွမ်းအားအကြီးဆုံးအဆင့်ဖြစ်သည်။ အဆင့်၂ဆင့်ကြားတွင် အလယ်အလတ်ဖြစ်သော ဗဟိုကောင်းကင်ဘုံ က အဆင့်ကြီး၂ခုကို ဆက်စပ်ပေးထားသည်။

မည်သို့ပင်ဖြစ်စေ ဤရာစုနှစ် ၁ခု သို့မဟုတ် ၂ခု အတွင်းတွင် ပထမကောင်းကင်ဘုံအဆင့်သို့ ရောက်သူ တစ်ယောက်မှမရှိသေးပေ။ အနည်းအကျဉ်းသာ ဗဟိုကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိကြသည်။ ကံဆိုးသည်မှာ ထိုသူများက ပထမကောင်းကင်ဘုံသို့ ထိုးဖောက်ဝင်ရောက်ရန်သာ အပတ်တကုတ် ကြိုးစားနေကြပြီး နျင်းချန်ယွမ်ကို ကုသပေးရန် အင်အားအကုန်မခံချင်ကြပေ။

နျင်းစုန်ပင်း၏ တစ်ခေါင်းလုံးဖွေးနေရခြင်းသည်လည်း သူ့မြေး၏ ကျန်းမာရေးအတွက် ပူပန်နေရသောကြောင့်သာ ဖြစ်သည်။ ဗဟို ကောင်းကင်ဘုံ အဆင့်သို့ရောက်သွားသောလူများကို ဆွဲဆောင်ရန် နျင်းမိသားစု၌ နည်းလမ်းများမရှိသည်ကိုလည်း သူရှာဖွေတွေ့ရှိခဲ့သည်။

သူ့အရှေ့က လူငယ်လေးသည် ဗဟိုကောင်းကင်ဘုံ အဆင့်ထက် နိမ့်ပုံပေါ်သော်လည်း ကိစ္စများစွာ ကြုံဖူးသော လူအိုကြီးတစ်ယောက်အနေဖြင့် ဤကလေးနှင့်တွေ့ဆုံမှုသည် တိုက်ဆိုင်မှုရှိသောကြောင့်ဟု သူသိသည်။ ဤကလေး၌ သေဖို့အလားအလာရှိသော သူ့မြေးကို ကုသဖို့ရန် နည်းလမ်းသာရှိမည်ဆိုလျှင် သူကလည်း သူ့ကံကောင်းမှုကို စမ်းသပ်ချင်သည်။

သြဇာအကြီးမားဆုံး သခင်ကြီး ရောက်လာသောအခါ ချင်းယွင်က နျင်းချန်ယွမ်ကို ဘေးပို့၍ နျင်းစုန်ပင်းနှင့်သာ ညှိနှိုင်းရန် ကြိုးစားတော့သည်။ သူ စောနက ပြောလိုက်သော စကားများသည် တံခါးအပြင်ဘက်မှ နျင်းစုန်ပင်းကြားရန်အတွက် ပြောလိုက်ခြင်းဖြစ်သည်။

" ကျွန်တော် ဘယ်လိုပြောပြော ကျွန်တော်ကို မယုံနိုင်မှန်း သိပါတယ်။ ဒါပေမယ့် မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ။ အဘိုးကော ဘယ်လိုထင်လဲ။ "

နျင်းစုန်ပင်းက တီးတိုးရေရွတ်လိုက်သည်။ သူ့မြေးက အသက်အန္တရာယ်ရှိနေသည်။ ထို့ကြောင့် သူက ပုံမှန်ထက် ပိုဂရုစိုက်မည်မှာ သဘာဝကျသည်။ " မင်းက ဘယ်နည်းလမ်းကို သုံးမှာလဲ။ "

ဤ အခြင်းအရာက တကယ်ကိုပင် " ယုန်ကို မမြင်ခင် သိမ်းငှက်ကို မလွှတ်နှင့် " ဟူသည့်အတိုင်းပင်။ ( ပွဲရလဒ်ကို မသိသေးခင် မိမိ အနိုင်ရမည့်ကတ်ကို မပြသရန်)  ချင်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ "ကျွန်တော့်မှာ ကုသနည်းရှိပါတယ်။ "

လုံလောက်ပြီ။

နျင်းစုန်ပင်းက ခေါင်းညှိတ်ကာ ချင်းယွင်ကို ပြောလိုက်သည်။ "ဒီနေရာမှာ မလုံခြုံဘူး။ အသေးစိတ်ကို နျင်းမိသားစု အိမ်မှာ သီးသန့် ပြောရအောင်။ "

သူတို့ ၃ယောက်က ညစာစားပွဲမှ တိတ်တဆိတ်ပင် ပြန်သွားကာ နျင်းမိသားစုအိမ်သို့ ဦးတည်လာခဲ့သည်။

ဤအတောအတွင်း နျင်းချန်ယွမ်က သူတို့ကို ကြားဖြတ်ပြောရန် အကြိမ်များစွာ ကြိုးစားသော်လည်း နျင်းစုန်ပင်းနှင့် ချင်းယွင်တို့ ၂ယောက်လုံးထံမှ လျစ်လျူရှုခံနေရသည်။ ဘေးဘက်မှကြည့်လျှင် ချင်းယွင်၏ မာနကြီးသော မေးစေ့ကလေးကို မြင်နေရသဖြင့် စိတ်အနှောင့်အယှက်လည်း ဖြစ်သလို ရယ်လည်း ရယ်ချင်နေသည်။

သူတို့ နျင်းမိသားစုအိမ်သို့ ရောက်သောအခါ ချင်းယွင် အချိန်မဖြုန်းတော့ဘဲာပါဝင်ပစ္စည်းများ ရှာဖွေရန်နှင့် ဆေးရည်စိမ်ဖို့ရာ ပြင်ဆင်ရန်အတွက် ဆေးညွှန်း ချရေးပေးလိုက်သည်။

ကုဝုလောကရှိ မိသားစုတိုင်း၌ ကိုယ်ပိုင် စုဆောင်းထားသော ဆေးရည်စိမ်အညွှန်းများ ရှိသည့်အတွက် ​ဆေးရည်စိမ်ရန် ပြင်ဆင်ခြင်းမှာ မခက်ခဲပေ။ သူ့တွင် မူလကပင် ဆေးပညာ ဗဟုသုတများ ရှိသည့်အပြင် အချို့သော ပါဝင်ပစ္စည်းများ၏ အခြေခံ အသုံးဝင်မှုများကို ပြန်လည်စဉ်းစားလိုက်သည်။

ဤ ဆေးနည်းသည် ချင်းယွင်၏  မူရင်းကမ္ဘာမှ အမျိုးမျိုးသော ဆေးဝါးဆိုင်ရာ အသိဉာဏ်များကို ပေါင်းစပ်ထားခြင်းပင် ဖြစ်သည်။

ဆေးညွှန်းကို ပေးပြီးနောက် သူရေချိုး၍ အဝတ်အစားလဲလို့ ရနိုင်မလားဟု တောင်းဆိုခဲ့သည်။ ပထမအချက်အနေဖြင့် သူသည် ညစ်ပတ်နေခြင်းကို သည်းမခံနိုင်တော့ပေ။ ဒုတိယအချက်အနေဖြင့် နျင်းမိသားစုအား ဆေးညွှန်းကို လေ့လာရန် အချိန်ပေးချင်သည်။

ချင်းယွင်ရေချိုးပြီးသောအခါ နျင်းချန်ယွမ်ကို အပူချိန် အပြည့်ပေးထားသော ရေချိုးကန်ထဲ၌ အကူအညီမဲ့နေသော မျက်နှာထားလေးဖြင့် ထိုင်နေရသည်ကို တွေ့လိုက်ရသည်။

အခန်းကို ချင်းယွင် စစ်ဆေးကြည့်သောအခါ နျင်းစုန်ပင်းနှင့် သက်တော်စောင့် အတန်းလိုက်ကို မြင်ရသဖြင့် သူ့ဆေးညွှန်းကိုစစ်ဆေးပြီး၍ အန္တရာယ်ကင်းသည်ကို သိနေကြကြောင်း သဘောပေါက်လိုက်သည်။

သူက နျင်းစုန်ပင်းကို ခေါင်းညှိတ်ပြလိုက်ပြီး "စရအောင်" ဟုပြောလိုက်သည်။

သူ့ဘေးတွင် မတ်တပ်ရပ်နေသော လူနှစ်ယောက်က လက်မောင်းများကို မြှောက်ကာ ဆေးဘက်ဝင်အပင် တစ်ခြင်းကို ရေချိုးကန်ထဲသို့ လောင်းချလိုက်သည်။

" ကျွန်တော်ကိုယ်တိုင် လုပ်ပါရစေ။ " ချင်းယွင်က သူတို့ကို ရပ်တန့်စေလိုက်ပြီး နေရာဝင်ယူလိုက်သည်။ သူက ရေအပူချိန်ကို စစ်ဆေးလိုက်ပြီး ဆေးဖက်ဝင်အပင်များကို တစ်ခုချင်းစီ ဖြည်းညင်းစွာ ထည့်လိုက်သည်။

မူလကမ္ဘာတွင် ချင်းယွင်က ကျန်းမာရေးမကောင်းသဖြင့် ကလေးအရွယ်ကတည်းပင် ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ခဲ့သည်။ ရောဂါက နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သဖြင့် သူကလည်း အလိုအလျောက်ပင် ဆရာဝန်ကောင်း ဖြစ်လာရသည်။ သူက ဆေးစွမ်းပိုထက်အောင် လုပ်သည့် နည်းများနှင့် ဆေးဝါး ကုသရေးတို့၌ ကျွမ်းကျင်သူ ဖြစ်သည်။

"မင်းက ဒါကိုလည်း လုပ်တတ်တာပဲလား။ "

နျင်းချန်ယွမ်က ရေများဆီမှ ထုတ်လွှင့်နေသော အပူချိန်ကို သည်းခံရင်း မေးလိုက်သည်။

ချင်းယွင်က သူ့အား စကားမပြောချင်သဖြင့် ဆေးဖက်ဝင် အပင်များကိုသာ ရေချိုးကန်ထဲသို့ တိတ်ဆိတ်စွာ ထည့်နေသည်။ သို့သော် သူ၏နူးညံသော မျက်နှာလေးက လေးလေးနက်နက် အာရုံစိုက်နေသဖြင့် ချစ်စရာကောင်းပုံ ပေါ်နေသည်ကို မသိလိုက်ပေ။

နျင်းချန်ယွမ်က လေးနက်စွာဖြင့် သာသာယာယာ ရယ်လိုက်သည်။ ဒီလူငယ်လေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ သူက သူ၏ မသက်မသာ ခံစားနေရမှုကို မဖော်ပြဘဲ မျက်နှာပေါ်တွင် သက်တောင့်သက်သာ သာရှိနေသည်။

နျင်းစုန်ပင်းက တခြားသူများကို ချင်းယွင် ထည့်လိုက်သည့် ဆေးဖက်ဝင်အပင်အမျိုးအစားများနှင့် ကြာချိန်ကို မှတ်သားထားရန် ပြောလိုက်သည်။

သူက သူ့မြေးလေး၏ အန္တရာယ်ကင်းမှုနှင့် လုံခြုံမှုကို ချင်းယွင် လက်ထဲတွင် အပ်မထားနိုင်ပေ။ ဤလူငယ်လေးက နျင်းမိသားစုကို မည်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာကြောင်း မသိရပေ။ ဆေးညွှန်းက အသုံးဝင်ပြီး ဤနေရာတွင် ဆက်လက်နေနိုင်သော်လည်း ချင်းယွင်ကတော့ မရပေ။ သူ့ကို ပိုက်ဆံအနည်းငယ် ပေးပြီးသည်နှင့် ကန်ထုတ်မည်ပင်။

ချင်းယွင်က နျင်းမိသားစု၏ ရည်ရွယ်ချက်များကို သိလိုက်ရသဖြင့် အေးစက်စွာ ပြုံးလိုက်သည်။

ဆိုးသည်မှာ ချင်းယွင်က အပင်များကို အပူချိန်ပေါ်မူတည်၍ ထည့်နေခြင်းဖြစ်ပြီး အချိန်နှင့်လိုက်၍ ထည့်နေခြင်းမဟုတ်ပေ။ ဆေးညွှန်းကလည်း အပေါ်ယံသာ ဖြစ်ပြီး အခြေခံကျသော ပါဝင်ပစ္စည်းများသာ ဖြစ်သည်။ ၎င်းက နျင်းချန်ယွမ်၏ သွေးကြောကိုသာ ကာကွယ်ပေးနိုင်ပြီး ပိတ်ဆို့မှုကို မရှင်းလင်းနိုင်ပေ။

သူကသာ နျင်းချန်ယွမ်ကို ကယ်တင်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

ဆေးဖက်ဝင် အပင်အားလုံးကို ထည့်ပြီးနောက် ချင်းယွင်က လက်တစ်ဖက်မှ အကျီစကို ခေါက်တင်လိုက်ပြီး လက်အား ရေကန်ထဲနှစ်လိုက်ကာ လက်ချောင်းငါးချောင်းကို နျင်းချန်ယွမ်၏ နောက်ကျောသို့ ဖိနှိပ်လိုက်သည်။

သူ၏ အပြုအမူကို တွေ့ပြီး သက်တော်စောင့်များက ချက်ချင်း အနားကပ်လာကြသည်။

"ဘာလဲ။ မင်းက အခုထိ ထိလို့ မဝသေးဘူးလား။" နျင်းချန်ယွမ်က ကျီစယ်လိုက်သည်။ သို့သော် ထိုတစ်ယောက်ကို လှည့်ကြည့်ရန် ခေါင်းလှည့်လိုက်စဉ်တွင် သန်မာအားကောင်းသော အားတစ်မျိုးက မမျှော်လင့်စွာ သူ့ကိုယ်ထဲသို့ ဝင်ရောက်လာပြီး ၁၀နှစ်ခန့် ပိတ်နေခဲ့သော သွေးကြောများကို ပွင့်စေခဲ့သည်။

"သခင်လေး" အလန့်တကြား အော်သံများထွက်လာကြသည်။

ရေချိုးကန်အတွင်းရှိ ရေများ ဆူပွက်နေပြီး အပြင်ကို စင်ထွက်လာသော ရေများက ချက်ချင်း အငွေ့ပျံသွားသည်။ ဤဖြစ်ရပ်အားလုံးသည် ချင်းယွင်၏ ချီစွမ်းအင်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။

ချင်းယွင်ကို ဆွဲခေါ်ရန် လာသော သက်တော်စောင့်များအား နျင်းစုန်ပင်းက တုန်ရီနေသော လက်များဖြင့် ရပ်တန့်ခိုင်းလိုက်သည်။

ဒီလောက် အားကောင်းတဲ့ အတွင်းအား ချီစွမ်းအင်တွေက...

နျင်းစုန်ပင်းက သူ၏ တုန်လှုပ်နေသော ခန္ဓာကိုယ်ကို တုတ်ကောက်၏ အကူအညီဖြင့် မနည်းတောင့်ခံထားရသည်။ သူက ချင်းယွင်ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်နေသည်။

" ရှောင်ချင်း...မဟုတ်ဘူး၊ သခင်ချင်းက ဗဟိုကောင်းကင်ဘုံကျင့်ကြံဆင့်တောင် ရောက်နေပြီလား။ "

သူက စကားကို အပြည့်အစုံ မပြောနိုင်သေးခင် အကြိမ်အနည်းငယ်မျှ ထစ်သွားသေးသည်။ နျင်းစုန်ပင်းက အသက်ကြီးနေပြီဖြစ်သဖြင့် နောက်ဆုံးသော ကောင်းကင်ဘုံ၏ ကိုးဆင့်မြောက်နှင့် ဆယ်ဆင့်မြောက် ကျင့်ကြံသူများကို တွေ့ကြုံဖူးသည်။ သို့သော် ဤမျှ အားကောင်း၊ သန့်စင်သော ချီစွမ်းအင်များကို မတွေ့ဖူးပေ။

သေခါနီး အိပ်ရာပေါ်လဲနေသော မကောင်းဆိုးဝါးအိုများ၌သာ ဗဟို ကောင်းကင်ဘုံအဆင့်ကို တွေ့ဖူးသည်။ ဤမျှငယ်ရွယ်သော၊ ယခုမှ အရွယ်ရောက်လာသည့် လူငယ်လေး၌ ကျင့်ကြံဆင့် မြင့်မြင့် ရှိနေသည်ကို သူ့မျက်လုံးနှင့် မြင်ရခြင်းသာ မဟုတ်လျှင် ယုံကြည်နိုင်မည် မဟုတ်ပေ။ မင်းက အမေ ဗိုက်ထဲမှာကတည်းက ကျင့်ကြံလာတာများလား။

ချင်းယွင်က လက်ကို ပြန်ရုတ်၍ ခိုးရယ်လိုက်သည်။

နျင်းစုန်ပင်းမှာ လောကအမြင်များ ပြောင်းလဲသွားသကဲ့သို့ ခံစားရ၍ လေဖြတ်ချင်သွားကာ ရင်ဘတ်ကို ပြန်ဖိထားရသည်။

သူ့မြေးလေးက မျက်ရည်ကျလောက်အောင် ပြင်းထန်စွာ နာကျင်နေသည်ကို တွေ့ရသောအခါ နျင်းစုန်ပင်းသည် ငိုင်နေရာမှ သတိပြန်ဝင်လာကာ သူမသေခင် သူ့မြေးကို ကယ်တင်နိုင်ရန် မျှော်လင့်ချက်လေး တွေ့သွားရသည်။

တစ်ဖက်တွင်လည်း ကျင့်ကြံသူတစ်ယောက်အနေဖြင့် သိက္ခာကျသလို ခံစားရသည်။ ချင်းယွင်ကဘယ်အရွယ် မို့လို့လဲ။ ၁၈ နှစ်ပဲ ရှိသေးတာလေ။ ၁၈နှစ်သားက ဗဟိုကောင်းကင်ဘုံအဆင့် ဟုတ်လား။ သင်းချိုင်း ကို ခြေတစ်ဖက်လှမ်းနေသော အဖိုးအိုကြီး တစ်ယောက်အနေဖြင့် မနာလိုပြီး အရှက်ရသလိုပင်။

လင်ယွီဟောက်က အသက် ၂၀အောက်ပင် ဖြစ်ပြီး သူ နောက်ဆုံးသော ကောင်းကင်ဘုံ၏၇ဆင့်မြောက် ရောက်ရှိစဉ်က  ကုဝုလောကတွင် ဉာဏ်ကြီးရှင်အဖြစ် မြှောက်စားခံခဲ့ရသည်။ ဒါဆို ချင်းယွင်က ဘာများလဲ။ နတ်ဆိုးလား။

နတ်ဆိုး။ ငါတို့ လိုအပ်နေတာလဲ နတ်ဆိုး တစ်ယောက်ပဲ။

နျင်းစုန်ပင်းက စိတ်ပြန် ငြိမ်သက်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ သူက မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး နှလုံးသားထဲတွင် ပျော်ရွှင်နေသည်။ ချင်းယွင်သာရှိလျှင် သူ့မြေး နေပြန်ကောင်းရန် ရာခိုင်နှုန်း ၈၀ မျှ ရှိသည်။

သူ့ သက်တော်စောင့်များကို ဖယ်ခိုင်းလိုက်ပြီး နျင်းစုန်ပင်းက တုတ်ကောက်အကူဖြင့် ရပ်ကာ ချင်းယွင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ " အဖိုးတို့ သခင်ချင်း အပေါ် ရိုင်းမိသွားတယ်။ အဖိုးကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်ခန်းထဲမှာ ဆွေးနွေးကြမလား။"

နျင်းစုန်ပင်းက ချင်းယွင်တွင် မည်သည့် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ နျင်းမိသားစု၌ ခေါ်ထားမည်ဟု ဆုံးဖြတ်လိုက်သည်။

ချင်းယွင်က ခေါင်းညှိတ်ကာ နျင်းစုန်ပင်းနောက်မှလိုက်၍ စာဖတ်ခန်းထဲသို့ ဝင်သွားသည်။ သူ မထွက်သွားခင်တွင် နျင်းချန်ယွမ်ကို လျှို့ဝှက်သော အကြည့်ဖြင့် ကြည့်ခဲ့သေးသည်။

*****

ဤကလေးက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း ဖြစ်ရမည်။

နျင်းချန်ယွမ် အံကြိတ်လိုက်သည်။ သူ့သွေးကြောများကို မကာကွယ်နိုင်လိုက်ခင်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ချီစွမ်းအင် အမြောက်အများကို တစ်ပြိုင်ထဲ အထည့်ခံလိုက်ရသည်။ သူ့ကို သင်ခန်းစာပေး နေသည်လား။ စောစောပိုင်းက သူ၏ မိုက်မဲသော အပြုအမူကြောင့် တမင် လုပ်သွားသည်လား။

သူက နာကျင်မှုကို တောင့်ခံရင်း နှုတ်ခမ်းများတွင် အပြုံးတစ်ခုရှိနေသည်။ တစ်ချိန်ထဲမှာပင် သူ့မျက်လုံးများက ထိန်းချုပ်မရတော့ပေ။ ချင်းယွင်ကို အပေါ်မှ အောက်အထိ စေ့စေ့ငှငှ ကြည့်ကာ နောက်ဆုံးတွင် ကျောက်စိမ်းကဲ့သို့ ဖွေးနေသော ခြေချင်းဝတ်၌ အကြည့်ဆုံးသွားပြီး ၎င်းတို့ကို လျက်ချင်လာသည်။ သူက ရေငွေ့များကြောင့် မြင်ကွင်း ဝေဝါးသွားသည်အထိ ငေးကြည့်နေခဲ့သည်။

ချင်းယွင်က ဗဟို ကောင်းကင်ဘုံ ကျင့်ကြံဆင့်အထိ ရောက်နေသည်လား။

သေချာတာပေါ့၊ မရောက်သေးပေ။ မူလ ချင်းယွင် တန်တျန်းဖျက်ဆီး ခံရချိန်တွင် နောက်ဆုံးကောင်းကင်ဘုံ၏ ၃ဆင့်မြောက်တွင်သာ ရှိသေးသည်။ ချင်းယွင်က ဤခန္ဓာကိုယ်ကို မည်သို့ပင် မြန်မြန် ပြောင်းလဲနိုင်သည်ဖြစ်စေ ဗဟိုကျင့်ကြံဆင့်သို့ ချက်ချင်း မရောက်နိုင်ပေ။

ထို့ကြောင့်သူက ဆေးညွှန်းကို ရှာရခက်အောင် ရေးလိုက်ပြီး ဤ ခန္ဓာကိုယ်၏ ကျင့်ကြံဆင့်ကို မြှင့်ရန် တခြားအရာများ လုပ်ရင်း အချိန်ဆွဲလိုက်သည်။ သူသာ နောက်ဆုံးသော ကောင်းကင်ဘုံ၏ ၇ဆင့်မြောက်ရောက်လျှင် ချီစွမ်းအင်များကို ထိန်းချုပ်ကာ ဗဟိုကျင့်ကြံဆင့်၏ ချီစွမ်းအင်ကဲ့သို့ သန့်စင်အောင် ပြုလုပ်နိုင်သည်။

နျင်းချန်ယွမ် နိုးလာသောအခါ ဘေးတွင် သက်တော်စောင့် နှစ်ယောက်သာ ကျန်တော့သည်။

ယခု သူ့သွေးကြောများစွာကို ဖွင့်လိုက်သောအခါ သွေးများက အားဖျော့ဖျော့ဖြင့် လှည့်ပတ်စီးဆင်းကာ သွေးကြောများကို ကာကွယ်ပေးနေသည်။

သူ့ကိုယ်က ပြန်လည်သန်မာလာသည်ကို ခံစားရသောအခါ နျင်းချန်ယွမ် ခေါင်းခါလိုက်ကာ ခါးသီးစွာ ပြုံးလိုက်သည်။ သူ့တွင် မူလကပင် အလွန်အမင်း အင်အားကြီးသော ဖွဲ့စည်းပုံရှိပြီး နောက်ဆုံးကောင်းကင်ဘုံ၏ ၁၀ဆင့်မြောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ၁၀နှစ်က သူ့သွေးကြောများအတွင်းတွင် ပြဿနာ တစ်ခုပေါ်လာခဲ့သည်။ ယင်းတို့က အပိတ်ခံရသည့်အပြင် ပိုမိုထိခိုက်လွယ်လာသည်။

သူ၏ ပြင်းထန်သော ကျင့်ကြံမှုနှင့်အတူ ထိခိုက်လွယ်သော သွေးကြောများကြောင့် သူ့ခန္ဓာကိုယ်အတွင်း လိုက်လျောညီထွေမှု ပျက်ကာ သူ့အခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။

မမျှော်လင့်ထားစွာဖြင့် ဤကလေးက သူ့အသက်ကို ကယ်ပေးခဲ့သည်။ နျင်းချန်ယွမ် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ သူတကယ်ကို အချိန်တိုင်း အထင်သေးမိပုံပင်။

*****

"ချင်းယွင် လား။"

လင်ယွီဟောက်က ဘိလိယက် ကစားနေသော နျင်းချန်ယွမ်ကကို ကြည့်လိုက်သည်။ သူ့မျက်ခုံးများက အတန်ငယ် မြင့်သွားသော်လည်း သူ့အသံတွင် ဘာကိုမျှ မဖော်ပြထားပေ။ "နျင်းကောက သူ့အကြောင်းကို ဘာလို့မေးတာလဲ။ "

သူ့စိတ်ထဲတွင် သံသယ ကြီးထွားလာသည်။ နျင်းချန်ယွမ်က ချင်းယွင်အကြောင်းကို ဘာကြောင့်မေးသနည်း။ ချင်းယွင်၏ ဘယ်အစိတ်အပိုင်းက နျင်းချန်ယွမ်ကို ဆွဲဆောင်ခဲ့သနည်း။ သူ့ အလှလား။

"ဘာမှမဟုတ်ပါဘူးကွာ။ ဒီအတိုင်း တွေးမိတွေးရာလေးပါ။" နျင်းချန်ယွမ်က သက်တောင့်သက်သာဖြင့် ပြောနေပုံပေါ်သော်လည်း ဘောလုံးကို လှိမ့်လိုက်ပြီး ပြန်မတ်ချိန်တွင် သူ့မျက်နှာ၌ လျှို့ဝှက်စွာ ပြုံးနေသည်။

ဤအတောအတွင်း နျင်းမိသားစုမှ ချင်းယွင်ကို လိုအပ်နေသဖြင့် သူတို့၏အိမ်၌ ချင်းယွင်နေနေသည်။ နျင်းချန်ယွမ်ကို တွေ့သည့် အချိန်တိုင်း သူ့မျက်နှာတွင် စကားလုံး ငါးလုံးအား ဖော်ပြထားရုံသာ။ 'ငါ မင်း ကို မုန်း တယ်'

နျင်းချန်ယွမ်က ထိုအဖြစ်ကို ရယ်စရာဟုသာ မြင်ပြီး သူ့အကြောင်းပိုမို သိချင်လာသော်လည်း ဆက်တိုက် အငြင်းခံရသည်။ ထို့ကြောင့်သူက ချင်းယွင်၏ ရန်သူဟု ယူဆရသော လင်ယွီဟောက်ကိုသာ မေးရတော့သည်။

"ကျွန်တော်တော့ သူ့အကြောင်း သိပ်မသိပါဘူး။ " လင်ယွီဟောက်က ပြုံး၍ ပြောလိုက်သည်။ "ကျွန်တော်က သူနဲ့ ကောင်းကောင်းမရင်းနှီးဘူး။ သူက ကျွန်တော့်ကို မကြိုက်ဘူး ဆိုတာတော့ သိတယ်။ ပြီးတော့ သူက ဒီအရွယ်မှာ နောက်ဆုံး ကောင်းကင်ဘုံ ကျင့်ကြံဆင့်ရဲ့ ၃ဆင့်မြောက်ရောက်နေပြီ။ ကျန်တာကတော့...ကျွန်တော်လည်း မသေချာဘူး။ "

လင်ယွီဟောက်က ညီငယ်လေးကို စိုးရိမ်နေသော အစ်ကိုကြီး တစ်ယောက်ကဲ့သို့ သက်ပြင်းချလိုက်သည်။ သို့သော် သူ့မျက်လုံးများက အေးစက်နေသည်။ ချင်းယွင် လား ။ အဲ့တစ်ယောက်က အနာဂတ်မှာ ရှိတော့မှာမဟုတ်ဘူး။

နောက်ဆုံးကောင်းကင်ဘုံရဲ့ ၃ဆင့်မြောက်လား။ နျင်းချန်ယွမ်က လင်ယွီဟောက်ကို လှမ်းကြည့်လိုက်သည်။ ဒီကလေးဆီက လှည့်စားခံရတာ သူတစ်ယောက်ထဲ မဟုတ်ဘူး ထင်တယ်။

"နျင်းကော၊ နောက်ဆုံးညစာစားပွဲ တုန်းက စားပွဲထိုးလေးကို မှတ်မိသေးလား။ ဘယ်လိုနေလဲ။ ကျွန်တော် သူနဲ့သိတယ်။ " လင်ယွီဟောက်၏ မျက်နှာတွင် ယောက်ျားအားလုံးသဘောပေါက်သော အပြုံးကို ဖော်ပြထားသော်လည်း သူ့စိတ်ထဲတွင် အရူးကောင်ဟု လှောင်ပြောင်နေသည်။

နျင်းချန်ယွမ်က ချင်းယွင်ကို စိတ်ဝင်စားတာလား။ ဒါဆို သူက တခြားလူများကို သုံးပြီး ၎င်း၏အာရုံစိုက်မှုကို လွှဲလိုက်မည်။ နောက်ဆုံးတစ်ခါတုန်းက ဒီနှစ်ယောက် နားနေခန်းထဲမှာ အပူရှိန် ပြင်းပြခဲ့တယ် ဆိုတော့ အဲ့စားပွဲထိုးက ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ ချင်းယွင်ထက်ပိုပြီး ဆွဲဆောင်မှု ရှိမှာပဲ။

လင်ယွီဟောက်က စကားလမ်းကြောင်းကို စားပွဲထိုးဆီ လွှဲသွားသောအခါ နျင်းချန်ယွမ်၏ မျက်ဝန်းများက စတင်၍ တဖြည်းဖြည်းအေးစက်လာကာ မျှော်လင့်ချက်မဲ့၍ မှောင်မိုက်သွားသည်။ သူက ထို စားပွဲထိုးကို ကုဝုအုပ်စုမှ တစ်ယောက်ယောက် စီစဉ်ထားမှန်း သိသော်လည်း လင်ယွီဟောက် ဖြစ်နေမည်ဟု မထင်မိပေ။

လင်ယွီဟောက် စကားပြောနေစဉ် သူ့အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။ ဖုန်းဖြေနေရင်း သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။

"ချင်းယွင်က ကျောင်းတက်တယ် ဟုတ်လား။ မဖြစ်နိုင်ဘူး။ "

Continue Reading

You'll Also Like

356K 34.1K 100
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
44.9K 3.8K 77
ချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
109K 17.4K 15
Neighbors အိမ္နီးခ်င္းခ်စ္သူ Title - 邻居 Author - 青端 Raws - http://www.jjwxc.net/onebook.php?novelid=4059518 Translated from English with the permissi...