||Lost Love|| (矢恋 ) (Complete...

By Eternity_ReLi

384K 45.7K 1.4K

Warning:This is not a translation!!! Characters and plot are all mine. It's my Own Creation. ယီကွမ်းသည် ထိုစဥ... More

||Lost Love||
||Lost Love||
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း( ၆)
အခန်း (၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
Character Informations
အခန်း-(၁၅)
အခန်း-(၁၆)
အခန်း-(၁၇)
အခန်း-(၁၉)
အခန်း-(၂၀)
အခန်း -(၂၁)
အခန်း-(၂၂)
အခန်း-(၂၃)
အခန်း-(၂၄)
အခန်း-(၂၅)
အခန်း-(၂၆)
အခန်း-(၂၇)
အခန်း-(၂၈)
အခန်း-(၂၉)
အခန်း-(၃၀)
Announcement!
အခန်း-(၃၁)
အခန်း-(၃၂)
အခန်း-(၃၃)
အခန်း-(၃၄)
အခန်း-(၃၅)
အခန်း-(၃၆)
အခန်း-(၃၇)
အခန်း-(၃၈)
အခန်း-(၃၉)
အခန်း-(၄၀)
အခန်း-(၄၁)
အခန်း-(၄၂)
အခန်း-(၄၃)
အခန်း-(၄၄)
အခန်း-(၄၅)
အခန်း-(၄၆)
အခန်း-(၄၇)
အခန်း-(၄၈)
အခန်း-(၄၉)
အခန်း-(၅၀)
အခန်း-(၅၁)
အခန်း-(၅၂)
အခန်း-(၅၃)
အခန်း-(၅၄)
အခန်း-(၅၅)
အခန်း-(၅၆)
အခန်း-(၅၇)
အခန်း-(၅၈)
အခန်း-(၅၉)
အခန်း-(၆၀)
အခန်း-(၆၁)
အချပ်ပို- လီဝူရှင်း
စာရေးသူ၏ကျေးဇူးတင်လွှာ

အခန်း-(၁၈)

6.9K 957 23
By Eternity_ReLi

(Unicode)

"အဆိပ်ပြင်းသော ရန်ဝမ်ဖေး"

ယီကွမ်း၏ ခန္ဓာကိုယ်အခြေအနေပုံမှန်ပြန်ဖြစ်သွားသည်နှင့်အတူ
သူ၏နေ့ရက်များသည်လည်း
သမာရိုးကျနေ့ရက်များသာဖြစ်နေခဲ့သည်။ ယီတိုင်းပြည်မှာအစ်ကိုတော်များ၏
စာများကိုလက်မလည်အောင်
စာပြန်ပေးနေရသည့်အပြင်
နျဥ်ကွေ့ဖေး၏စဲ့ဖေးရွေးချယ်ရန်
တိုက်တွန်းမှု၊မိန်းမပျိုစာရင်းများနှင့်သာအလုပ်ရှုပ်နေခဲ့ပေ၏။

ထို့နောက် စစ်တန်းလျား၌သာအလုပ်ရှုပ်နေတတ်သော လီဝူရှင်းက ယနေ့မှရှားရှားပါးပါးအိမ်ပြန်လာသည်မို့ နေ့လည်စာအတူစားရန်အကြောင်းဖန်လာသည့်အတွက် နှစ်ဦးသားမှာ လင်းဟွေ့အဆောင်၌ တိတ်ဆိတ်စွာနေ့လည်စာသုံးဆောင်လျက်ရှိကြသည်။
တူနှင့်ပန်းကန်ထိခတ်မိသံ
တုိးသဲ့သဲ့မှလွဲ၍
တိတ်ဆိတ်မှုလွှမ်းခြုံနေသော
ပတ်ဝန်းကျင်အား လီဝူရှင်းမှစတင်ဖြိုခွဲလာ၏။

"ဝေ့မျန့်ကို ဒီနေ့ပဲ
အရှင်မင်းကြီးက မင်းသားရာထူးရုတ်သိမ်းပြီး သာမာန်အရပ်သားအနေနဲ့
နယ်နှင်ဒဏ်ပေးလိုက်ပြီ။"

ထိုစကားကိုအကြားယီကွမ်း၏မျက်ဝန်းမှာ မျက်တောင်တခတ်မျှအရောင်လဲ့သွားကာ ခဏတွင်းချင်း၌ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူကခေါင်းအသာငြိမ့်ရင်း
ဟင်းရွက်ကြော်တဖတ်အားပန်းကန်တွင်းအသာထည့်ကာ
ဆိုလိုက်၏။

"အင်း... အရှင်မင်းကြီးက ကျွန်တော့်အတွက်အများ​ကြီးလုပ်ပေးခဲ့တာပဲ။"

လီဝူရှင်းက စိတ်လှုပ်ရှားမှုအနည်းငယ်ပင်မရှိသော ယီကွမ်းထံသို့ကြည့်လျက်ပင်....

"မင်း...ဒီအပြစ်ကိုကျေနပ််ရဲ့လား?"

ယီကွမ်းမှာ လီဝူရှင်း
မည်သည်ကိုဆိုလိုချင်မှန်းသိနေသည်မို့ ဟန်ဆောင်အပြုံးတစ်ပွင့်နှင့် အေးအေးလူလူပင်ပြောဆိုလိုက်ပေ၏။

"ကျွန်တော်မှမကျေနပ်ရင် ယီနဲ့တာ့လီကအဆင်ပြေနိုင်ပါ့မလား။ သေချာပေါက်ကျေနပ်ရမှာပေါ့"


'ငါကငါ့အတွက်ပဲငါလုပ်နေတာ မင်းအလွယ်တကူနန်းတက်နိုင်ဖို့အတွက်နဲ့တော့ မင်းပြိုင်ဘက်တွေကိုမရှင်းပေးနိုင်ဘူးမလား'

ယီကွမ်း၏မျက်ဝန်းအကြည့်များမှာ
ခဏတွင်းချင်းအေးစက်သွားရပြီး စားလက်စကိုလက်စသတ်၍ တူကိုချလိုက်သည်။ တူသံကိုကြားသည့်အခါ လီဝူရှင်းက ယီကွမ်းထံသို့စောင်းငဲ့ကြည့်လာပြီး
တဝက်ပင်မကုန်သည့် ယီကွမ်းပန်းကန်ကိုအမြင် မေးခွန်းထုတ်ဟန်ဆိုလာ၏။

"ဟင်းတွေကစားမကောင်းလို့လား?"

"ရာသီဥတုအပြောင်းအလဲကြောင့် နေသိပ်မကောင်းချင်ဖြစ်နေလို့ပါ။ "

"နန်းတွင်းကနေသမားတော်ဆင့်ခေါ်လိုက်မယ်။"

"ရပါတယ် မိအာနဲ့ပိအာကိုပဲ သောက်နေကျဆေးကြိုခိုင်းလိုက်ပါ့မယ်။ ကျွန်တော့်အတွက်နဲ့ ဝမ်ရယ်စိတ်မပူပါနဲ့"

"အဓိပ္ပာယ်မရှိတာ မင်းကငါ့ဝမ်ဖေးပဲ! ဖုချိုကိုသမားတော်ဆင့်ခေါ်ခိုင်းလိုက်မှာမို့ အနားယူတော့"

ထိုစကားဆိုအပြီး လီဝူရှင်းက မိအာကို ထမင်းစားပွဲသိမ်းခိုင်းလိုက်ပြီး ယီကွမ်းကိုဂရုစိုက်ပေးရန်မှာကြားကာ သူက စစ်လေ့ကျင့်ရေးသင်တန်းရှိသေးသည်မို့ အလျင်စလိုထွက်ခွာသွားတော့သည်။
ယီကွမ်းသည်ကား လီဝူရှင်း၏ကျောပြင်ကိုကြည့်ကာ မျက်ဝန်းထဲ၌ခံစားမှုမဲ့လျက်
အကြည့်များက
အေးစက်မှုအတိသာရှိနေခဲ့သည်။

မိအာကယီကွမ်းအနားယူရန်ပြင်ဆင်ပေးကာ ထွက်ခွာသွားသည့်နောက်
တစ်စုံတစ်ခုကိုတွေးတောနေသည့်
ယီကွမ်းမှာ
ကုတင်ထက်၌ ထိုင်လျက် ကျန်ရစ်ခဲ့သည်။

အတိတ်ဘဝ၌ လီဝူရှင်းတစ်ဦးတည်းက သူ၏တိုင်းပြည်ကိုဖျက်စီးခဲ့ခြင်းမဟုတ်ပေ။ တိုင်းပြည်အားလုံးကိုသိမ်းပိုက်ရန် နောက်ကွယ်မှတိုက်တွန်းသူနှင့် အားပေးအားမြှောက်လုပ်သူအုပ်စုရှိနေခဲ့ပေ၏ယ ထိုသူများက ဤတာ့လီ၏အုတ်မြစ်တစ်ခုအဖြစ် မင်းငါးဆက်တိုင်အောင်တည်ရှိနေခဲ့ပြီး ဖြိုဖျက်ရန်မဖြစ်နိုင်သော အုတ်တံတိုင်းကြီးတစ်ခုလိုပင်...။

အတိတ်ဘဝ၌ လီဝူရှင်းဘက်တော်သားများဖြစ်သော နျဥ်ကွေ့ဖေး၊နောင်တချိန်မွေးဖွားလာမည့် မင်းသားဆယ့်သုံး၊မင်းသားခြောက်တို့ကိုသေဆုံးစေခဲ့သူမှာမည်သူနည်း။

ယီကွမ်းမှာ
အဖြေကိုသိနှင့်ပြီးသားဖြစ်ပြီး လီဝူရှင်းပင်မရှင်းထုတ်နိုင်ခဲ့သော ထိုလူတစ်စု၏ဩဇာအာဏာကိုလည်း
ရိပ်စားမိသည်။
ယီကွမ်းမှာ ယှဥ်ပြိုင်ရန်ခက်ခဲသည့် ပြိုင်ဘက်ကိုတွေးမိသည့်အခါ သူ၏မျက်ဝန်းများက သဘောတကျအရောင်လဲ့လာခဲ့ပြီး နှုတ်ခမ်းပါးက
ပြုံးယောင်ဆင်လာခဲ့သည်။

သူ၏ရည်မှန်းချက်က လီဝူရှင်းကိုသာလက်စားချေဖို့ရာမဟုတ်ပဲ ယီတိုင်းပြည်ကိုကာကွယ်ဖို်ရာနှင့် ထိုသို့ကာကွယ်နိုင်ရန်ကတာ့လီကိုအမြစ်ဖြုတ်သုတ်သင်ရန်သာရှိပေ၏။ ထိုတာဝန်က အချိန်အနည်းငယ်ပင်ရှိသော သူ့အတွက်ဖြစ်နိုင်မည်လား
မရေရာလှသော်လည်း လက်လျှော့ရန်တော့မည်သို့မှမဖြစ်ပေ။

တာ့လီအလုံးစုံမပျက်စီးလျင်တောင်မှ အားအင်နည်းကာလုံးဝမလှုပ်နိုင်တော့ အခြေအနေသို့ရောက်အောင် ပြုနိုင်ရမည်။ ယီကွမ်းကမူ သူ၏အရာအားလုံးကို အသုံးပြုကာ သူ၏မိသားစု၊ယီတိုင်းပြည်ကို အဆုံးထိကာကွယ်သွားမည်ဖြစ်၏။ သူ၏အသက်မသေဆုံးခင်အချိန်ထိ သူလုံးဝလက်လျှော့မည်မဟုတ်ပေ။

အတွေးများကြားနစ်မြုပ်နေစဥ်၌ သူ၏အရှေ့သို့ပစ်စာတစ်စောင်ကရောက်ရှိလာခဲ့ပြီး မည်သူပို့မှန်းသိနှင့်ပြီးသား ယီကွမ်းမှာ အေးဆေးစွာပင်
ကောက်ယူဖတ်ရှုလိုက်သည်။

"ဒီည.."

ထိုစာလုံးနှစ်လုံးသာပါဝင်သောစာက
ယီကွမ်း၏နှုတ်ခမ်းလွှာကိုကျေနပ်မှုဖြင့်ပြုံးစေပြီး စာရွက်ကိုမူ
မီးဖိုတွင်းသို့အစဖျောက်လိုက်ပေ၏။ သူကုတင်ပေါ်မှထလိုက်ရင်း
ပန်းခြံအတွင်းလမ်းလျှောက်ရန်အတွက် မိအာနှင့်ပိအာကိုခေါ်ယူလိုက်ကာ ညနေခင်းလေးကိုသာမာန်အတိုင်းဖြတ်သန်းဖို့ရာ ပြင်ဆင်လိုက်သည်။ ညအချိန်သို့ရောက်လျင်မူ တာ့လီတော်ဝင်မိသားစုအဖို့
အံ့ဩစရာလေးတစ်ခုပြင်ဆင်ပေးဖို့ရာ သူအားမွေးထားရမည်မဟုတ်ပါလား။

*******************

"ဒီမှာပဲနေပါ!
ဘယ်ကိုမှထွက်သွားဖို့မကြိုးစားပါနဲ့!"

အလွန်သေးငယ်လှသော အိမ်ဆောင်ငယ်အတွင်းကို
စိတ်ပျက်စွာလှည့်ပတ်ကြည့်ရှုရင်း
ဝတ်ဆင်ထားရသောဖျင်ကြမ်းထည်ကြောင့် စိတ်မသက်မသာဖြစ်နေရသော လီဝေ့မျန့်မှာ အစောင့်ရဲမက်၏ လေသံမာမာကြောင့် မျက်လုံးနီရဲသည်အထိဒေါသထွက်လာရပြီး စကားပြောလက်စ
ရဲမက်ကိုဆောင့်ကန်လိုက်ကာ ရင့်သီးစွာပြောဆိုလာပေ၏။

"မင်းလိုအဆင့်ကများ ပန်ဝမ်းကိုမာထန်ထန်ပြောရဲတယ်။ မင်းကဘာမို့လို့လဲ!!! ခွေးလိုဝက်လိုကောင်!"

အကန်ခံရသည့်အပြင်
ဲဆဲရေးခံလိုက်ရသောရဲမက်မှာ မျက်နှာညိုမှောင်လာရပြီး ကြမ်းပြင်မှထကာ လီဝေ့မျန့်ကို ရိုက်ရန်ကြံရွယ်လိုက်သည်။ သို့သော် သူ၏လက်က လီဝေ့မျန့်ထံသို့ မရောက်မှီ၌ အခြားရဲမက်တစ်ဦးက တားဆီးလိုက်ပြီးသတိပေးဟန်ဆိုလာ၏။

"ထားလိုက်စမ်းပါ သူကအခုထိ သာမာန်အရပ်သားဘဝနဲ့အသားမကျသေးပုံပဲ။ ထမင်းမပေးရေမပေးပဲနှစ်ရက်လောက် ထားလိုက် အပိုးကျိုးလာလိမ့်မယ်။ "

"ဘာပြောတယ်!! မင်းလုပ်ရဲလား?"

သတိပေးစကားဆိုသည့်ရဲမက်မှာ လီဝေ့မျန့်ကို အရေးမပါသည့်ဟန်စိုက်ကြည့်လျက်ပင်..

"ဘာလို့မလုပ်ရဲရမှာလဲ? မင်းလုပ်လိုက်လို့ ယီတိုင်းပြည်နဲ့ကတောက်ကဆဖြစ်ပြီး ငါတို့တိုင်းပြည်စစ်ထပ်ဖြစ်ရင် မင်းတာဝန်ယူနိုင်တာမို့လား။ ဘယ်သူမှမပြောပေမယ့် ငါတို့ရဲမက်တွေလည်းစစ်ပန်းနေပြီကွ နားလည်လား အိမ်တော်မှာနေရင်လည်းအေးဆေးမနေဘူး။ လှည့်ပတ်ပြီးပြဿနာရှာနေတယ်!"

"မင်း!!"

ထိုစကားဆိုပြီးနောက် ထိုရဲမက်မှာသူ့အဖော်ကိုခေါ်ဆောင်ကာ အခန်းတွင်းမှထွက်ခွာသွားပြီး လီဝေ့မျန့်၏ဆဲရေးတိုင်းထွာမှုများကို လျစ်လျူရှကာ
တံခါးကို
သော့ခတ်ထားလိုက်ပေတော့၏။

လီဝေ့မျန့်မှာ ညရောက်သည်ထိ
တံခါးဖွင့်ပေးရန်အော်ဟစ်သောင်းကျန်းနေသော်လည်း ရဲမက်များမှာ
အိမ်ဆောင်ဘေးတန်းလျား၌ အရက်သေစာသောက်စားနေကြပြီး လီဝေ့မျန့်၏ပြောဆိုနေသမျှအား လျစ်လျူရှုလျက်ရှိကြပေ၏။

လီဝေ့မျန့်မှာ အာခေါင်ခြောက်ပြီးအသံမထွက်တော့သည့်နောက်
လက်လျှော့လိုက်ရပြီး တံခါးရှေ့၌လက်မှိုင်ချလျက်ထို်င်ချမိလိုက်သည်။ ဖယောင်းမီးပင်မထွန်းပေးသော
လရောင်ကိုသာအားကိုးနေရသည့် အမှောင်ခန်း၌ သူစိတ်ပျက်အားလျော့စွာရှိနေသည့်အခိုက် တစ်စုံတစ်ယောက်၏
ခြေသံကိုကြားလိုက်ရကာ အတွင်းဆောင်အတွင်းမှထွက်လာသည့် ခြေအစုံက
လီဝေ့မျန့်၏ရှေ့တည့်တည့်၌
ရပ်တန့်သွားခဲ့သည်။ လရောင်အောက်မှ
အနက်ရောင်ဖိနပ်အစုံအားမြင်လိုက်ရသည့်အခိုက်
လီဝေ့မျန့်မှာ သူ၏အသိမိတ်ဆွေအမှတ်နှင့် ဝမ်းသာအားရမော့ကြည့်မိသည့်အခါ
မရင်းနှီးသည့်စိမ်းသက်သက် မျက်နှာကနေရာယူ၏။ လရောင်၏အလင်းရောင်နှင့်
မြင်ရသည်က
အနက်ရောင်ငွေချည်ထိုးဝတ်ရုံကိုဆင်မြန်းထားသည့် ထိုသူမှာ အလွန်ချောမောတင့်တယ်လှသောရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး
မျက်နှာထားကမူအေးစက်နေခဲ့၏။ ထိုသူဝတ်ဆင်ထားခဲ့သော ငွေရောင်အရိုးခေါင်းဆံထိုးမှ တိုးတိမျလှသော
အသံသဲ့သဲ့ထွက်ပေါ်လျက်ရှိပြီး
သူကလီဝေ့မျန့်ထိုင်နေရာသို့ဒူးတစ်ဖက်ညွှတ်လျက် ထိုင်ချလာ၏။

"မင်း.... မင်းဘယ်သူလဲ!?"

လီဝေ့မျန့်၏မေးခွန်းကို သူစိမ်းက တင့်တယ်လှသောအပြုံးနှင့်တုံ့ပြန်လာပေ၏။

"တရားဝင်မိတ်မဆက်ရသေးဘူးပဲ။
တွေ့ရတာဝမ်းသာပါတယ်။ ယီတိုင်းပြည်ရဲ့မင်းသားတစ်ဆယ် ယီရုံရွှယ်ပါ"

"!!!!"

ယီမင်းသားတစ်ဆယ်ဟု
ကြားလိုက်ရသည့်နောက်
လီဝေ့မျန့်၏မျက်နှာမှာဖြူစုတ်သွားရပြီး တံခါးသာရှိတော့သောအနောက်သို့ တဖြည်းဖြည်းချင်းဆုတ်သွားမိသည်။ ထိုကြောက်လန့်နေသောအမူအရာကိုအမြင်
ယီကွမ်း၏နူးညံ့သော
အပြုံးက ထင်ဟပ်လာခဲ့ပြီး လီဝေ့မျန့်ထံသို့ သားကောင်နှင့်ကစားနေသည့်ကျားအလား သဘောတကျကြည့်ရှုလာ၏။

"အရမ်းလန့်သွားတာလား? ဘာလို့လဲ မင်းသတ်ခိုင်းလိုက်တဲ့သူက မင်းမျက်စိရှေ့တည့်တည့်မှာရှိနေလို့လား?"

"မင်း....မင်း ငါ့ဆီကဘာလိုချင်လို့လဲ!!?"

"ငါလိုချင်တာရှိတယ်။ အဲ့ဒါကို
မင်းပေးနိုင်ပါတယ်။ ပေးချင် မပေးချင်ဆိုတာတော့ မင်းအပေါ်မှာပဲမူတည်တယ်။ "

လီဝေ့မျန့်စကားမဆိုနိုင်လိုက်ခင်၌ပင် ယီကွမ်း၏လက်က လီဝေ့မျန့်၏လည်မြို၌နေရာယူထားပြီး မူလပြုံးနေသည့့်မျက်နှာက ခံစားချက်မဲ့သွားရပြီး မျက်ဝန်းကအေးစက်မှုများပြည့်နှက်လာရသည်။
အေးစက်လှသော ယီကွမ်း၏လက်ကြောင့်
လီဝေ့မျန့်၏တစ်ကိုယ်လုံးတုန်ယင်လာရပြီး ရုန်းကန်ခြင်းလည်းမပြုနိုင်ကာ အသံလည်းမပြုနိုင်ချေ။

ထို့နောက် ယီကွမ်း၏အေးစက်လှသော အသံကညဥ့်ယံ၌ တိုးညှင်းစွာထွက်ပေါ်လာ၏။

"ငါ့ကိုသတ်ခိုင်းခဲ့တာမင်းတစ်ယောက်တည်းမဟုတ်ဘူးဆိုတာသိထားတယ်။ အဲ့တော့ ငရဲကျသလိုနှိပ်စက်ခံပြီးမပြောပဲနေမလား။ မင်း ဒုက္ခရောက်တော့မသိချင်ယောင်ဆောင်နေခဲ့တဲ့သူတွေကိုဖော်ထုတ်မလား?"

"!?...."

လီဝေ့မျန့်မှာ ယီကွမ်း၏အေးစက်လှသော မျက်နှာကို တုန်လှုပ်စွာကြည့်ရှုနေမိသည်။ အဘယ်ကြောင့်ရယ်မသိ ထိုသူ၏တည်ရှိမှုက သူ့ကိုထိတ်လန့်စေပြီး နတ်ဘုရားကဲ့သို့ လှပခန့်ညားသောမျက်နှာထက်မှ အေးစက်မှုက ကြောက်ရွံ့မှုကိုပိုမိုဖြစ်ပေါ်လာစေသည်။ လီဝေ့မျန့်မှာ သူ၏လည်တိုင်ထက်မှ သန်မာအေးစက်နေသည့်လက်ချောင်းများကိုသတိထားမိသည့်အခါ ပို၍ပင်ကြောက်ရွံ့လာရ၏။

ယီကွမ်းမှာအလွန်ကြောက်ရွံ့နေဟန်ရှိသော လီဝေ့မျန့်ကို စိတ်တွင်းမှလှောင်ရယ်မိလိုက်ရင်း အေးစက်ကာ အန္တရာယ်များလှသော လေသံဖြင့်မေးမြန်းလာခဲ့ပေ၏။

"အဲ့တော့ပြောမှာလား မပြောဘူးလား?"

"....သာ့ကော... သာ့ကောနဲ့. ကျန်တဲ့ညီအစ်ကိုတွေ.. ဧကရီလျန်ကပါ... မင်းကိုသေစေချင်ခဲ့တာ.... ငါပြောတာအမှန်ပါ! ... ငါ့... ငါ့ကိုချမ်းသာပေးပါ။"

"ဧကရီလျန်ကငါ့ကိုဘာလို့သတ်ချင်ရမှာလဲ? ငါနဲ့လီဝူရှင်းဆက်ဆံရေးပိုခိုင်မြဲလေ သူ့သားအာဏာရဖို့များလေမဟုတ်လား?"

"သူက... သူကယီနဲ့တာ့လီကို ....မဟာမိတ်တွေအဖြစ်...မရှိစေချင်ဘူး?!.. ဘာကြောင့်လဲဆိုတာတော့ငါမသိဘူး... တစ်ကယ်ပါ!"

"ငါသိပြီ "

"......!!"

"မင်းအကောင်းဆုံးပြောပြခဲ့တာပဲ။
ထျန်းပေါင်~"

ခေါ်သံအဆုံးအမှောင်ထုတွင်းမှထွက်ပေါ်လာသည့်လူတစ်ယောက်...။
လီဝေ့မျန့်၏လည်တိုင်ထက်မှ လက်ချောင်းသွယ်များမှာ ဖယ်ခွာသွားခဲ့ပြီး
မတ်မတ်ထရပ်လိုက်သည့်
ရန်ဝမ်ဖေးကိုကြည့်ရှုကာ လီဝေ့မျန့်မှာ
နားမလည်နိုင်သည့်အမူအရာဖြင့်ရှိနေခဲ့၏။

သူ၏နားမလည်နိုင်ဟန်ရှိနေသည့်
အမူအရာကိုကြည့်ရှုပြီး ယီကွမ်းကအပြုံးရေးရေးဖြင့်ရှိနေခဲ့ကာ လီဝေ့မျန့်ထံသို့ အေးဆေးစွာစကားဆိုလာ၏။

"မင်းအခုအရေးပါတဲ့စကားတွေပြောပေးလိုက်တာပဲ။"

"........."

"အခုမင်းရဲ့စကားတွေထပ်ပြီး
မလိုတော့ဘူး။"

လီဝေ့မျန့်မှာ မျက်စိရှေ့မှရန်ဝမ်ဖေးအား မင်သက်စွာကြည့်နေမိချိန်၌
လျှပ်စီးလက်သည်ထက်မြန်သော
ဓါးအလျင်က သူ့အနီးသို့ချည်းကပ်လာပြီး သူ၏ပါးစပ်ကိုဖွင့်ဟသွားကာ
မျက်စိတဖြတ်မျှအချိန်၌ သွေးစိမ်းရှင်ရှင်ထွက်ကျလာရ၏။
သတိပြုမိလိုက်ချိန်၌မူ သူ၏ရှေ့၌ ပြတ်ကျနေခဲ့သော
သွေးသံတရဲရဲ
လျှာတစ်ခု.....။ လီဝေ့မျန့်မှာ အော်ဟစ်လိုက်ချင်သော်လည်း သူ၏အသံမှာ
လုံးဝထွက်မလာနိုင်တော့ပါချေ။

"လျှာမရှိပဲအသက်ဆက်ပြီး
ရှင်သန်သွားမလား.... ထပ်ပြီးတိုးတက်စရာမရှိတော့တဲ့မင်းဘဝကိုဒီမှာတင်လက်လျှော့မလားဆိုတာ စိတ်ကြိုက်သာလုပ် နန်းမြို့တော်ကိုပြန်လာရဲရင်တော့ ငါကမင်းကိုအမြဲကြိုဆိုနေမှာပါ"

".......?!!!."

"ဘာလို့လဲ?... အဲ့ဒါမေးနေစရာလိုသေးလို့လား။ မင်းတို့ကငါ့အသက်ကိုလောင်းကြေးထပ်ပြီး အာဏာကိုလုချင်နေကြတာလေ။ ငါကအဲ့လိုအဖြစ်ခံမယ်ထင်နေလား။ သိချင်ရင်ပြောပြမယ်။ "

သွေးသံတရဲရဲနှင့်
တုန်လှုပ်ခြောက်ခြားနေသော လီဝေ့မျန့်ကိုကြည့်ရှုရင်း
ယီကွမ်း၏အပြုံးမှာပိုမိုနက်နဲလာရပြီး သူ့နံဘေးမှအရှိန်အဝါသည်လည်း
ပိုမိုအေးစက်လာရသည်။ သူဝတ်ဆင်ထားခဲ့သောငွေဖြူရောင် အရိုးခေါငျးဆံထိုးမှာလညျး အသံသဲ့သဲ့ကိုဖန်တီးလျက်...
ယီကွမ်း၏ချောမောလှသောမျက်နှာထက်မှ အေးစက်မှုက
ခြောက်ခြားစရာကောင်းလှသော
ဝိညာဥ်နက်တစ်ကောင်ပမာ...

သူကဖြည်းညင်းစွာဆိုလာခဲ့၏။

"ကျိုးယင်ကိုငါခိုင်းစေခဲ့တာ..."

လီဝေ့မျန့်မှာတစ်စုံတစ်ခုကိုသဘောပေါက်သွားဟန်နှင့် ယီကွမ်းထံသို့ထိတ်လန့်စွာ
ကြည့်ရှုလာကာ ယီကွမ်းကမူ အေးစက်စက် အပြုံးတစ်ပွင့်နှင့်သာရှိနေခဲ့၏။
လီဝေ့မျန်မှာ မျက်စိရှေ့မှ ယီမင်းသားတစ်ဆယ် ရန်ဝမ်ဖေးကို
အံ့အားသင့်စွာ၊ထိတ်လန့်စွာကြည့်ရှုနေခဲ့မိ၏။ သတင်းများထဲမှကဲ့သို့ ယီမင်းသားတစ်ဆယ်က နုံနုံအအရိုးသားသော အမျိုးသားတစ်ဦးမဟုတ်ပေ။ ထက်မြက်သော၊ ရက်စက်ကာအကြင်နာကင်းမဲ့လှသော
လူတစ်ဦးဖြစ်နေခဲ့ပေ၏။ လီဝေ့မျန့်မှာ ထိတ်လန့်မှုများ၊နောင်တတရားများနှင့်အတူ ကြမ်းပြင်သို့ပြိုကျသွားရပြီး
ယီကွမ်းကမူ လီဝေ့မျန့်ကိုတစ်ချက်မျှပင် စောင်းငဲ့မကြည့်တော့ပဲ သူ၏နောက်လိုက် ထျန်းပေါင်နှင့်အတူ
ထွက်ခွာသွားတော့သည်။

လရောင်သာလင်းသည့် အခန်းငယ်တွင်း၌မူ လီဝေ့မျန့်၏ သွေးများပေကျံကာ
တုန်ယင်နေသော ခန္ဓာသာလျင်ကျန်ရစ်ခဲ့ပြီး သူ၏လက်တွင်း၌မူ ဓားမြှောင်တစ်လက်ရှိနေခဲ့ပေ၏။

****************

လီဝူရှင်းသည် တနေကုန်
စစ်သင်တန်းပေးပြီးနောက်
ညဥ့်သန်းခေါင်အချိန်သို့ရောက်မှသာ ပင်ပန်းနွမ်းနယ်စွာဖြင့်သာ
ဝမ်ဖူကိုပြန်လာခဲ့သည်။ ပုံမှန်တိုင်းဆိုလျင် စစ်တန်းလျား၌သာအိပ်စက်တတ်သော်ငြား ယခုအချိန်၌မူ သူကလူပျိုလူလွတ်တစ်ဦးမဟုတ်တော့သည်မို့ အိမ်ကိုကျိန်းသေ
ပြန်သင့်သောကြောင့် ပြန်လာခြင်း...။ သူ၏ဝမ်ဖေးက ယောကျာ်းတစ်ဦးပင်ဖြစ်စေ ပတ်ဝန်းကျင်၌မလိုလားအပ်သော အတင်းအဖျင်းများမထွက်ပေါ်လာစေလိုပေ။

လီဝူရှင်းမှာ မိမိ၏အဆောင်သို့အပြန် လင်းဟွေ့အဆောင်ဘက်မှဖြတ်သွားသည့်အခိုက် ဝမ်ဖေး၏အစေခံ
အပျိုတော်မိန်းကလေးက ညအချိန်မတော်၌
လင်းဟွေ့အဆောင်သို့ ဆေးတင်ဆောင်ထားသည့်ဗန်းကိုသယ်ယူလာသည်ကိုအမြင် ဝမ်ဖေး၏ကျန်းမာရေးကိုစုံစမ်းရန် ထိုမိန်းကလေးကိုလှမ်းတားမိလိုက်ပေ၏။

"ဝမ်ဖေးရဲ့ကျန်းမာရေးအခြေအနေဘယ်လိုရှိလဲ?"

"အခုအနားယူနေပါတယ်။
ကျွန်မတို့အရှင့်သားက နဂိုတည်းက ခန္ဓာကိုယ်ကအားနည်းတာမို့
အမြဲတမ်းမကျန်းမမာဖြစ်တတ်ပါတယ်။ အခုလည်းအဲ့လိုထပ်ပြီးဖြစ်ပြန်ပြီနဲ့တူပါရဲ့"

အပျိုတော်မိန်းကလေး၏စိုးရိမ်ပူပန်ဟန်အပြည့်နှင့် ရိုကျိုးစွာဆိုလာသည့်စကား၌ လီဝူရှင်းမှာခဏတာမျှစဥ်းစားနေဟန်ရှိပြီးမှ စကားဆိုလာ၏။

"အခုသူ့ကိုဂရုစိုက်ပေးလိုက်.. မနက်ဖြန်
နန်းတွင်းကသမားတော်လာလိမ့်မယ်။ သွားတော့"

"ကျေးဇူးတင်ပါတယ် ဝမ်ရယ် ဒီအစေခံသွားလိုက်ပါဦးမယ်။ "

အပျိုတော်မိန်းကလေးက ဆေးဗန်းကိုသယ်ဆောင်ကာ
ခပ်သုတ်သုတ်ထွက်ခွာသွားသည့်နောက်
လီဝူရှင်းမှာ မိမိအဆောင်ရှိရာဘက်သို့သာ ဆက်လက်လျှောက်လှမ်းရန်ပြင်မိသည်။ သို့သော် သူ၏နောက်မှခေါ်သံနှင့်အတူ ဖုန်းရှောင်းယွီက အနီးသို့အမောတကောဟန်ဖြင့် ရောက်လာခဲ့သည်။

ထို့နောက်ဖုန်းရှောင်းယွီက အသက်ဝဝရှူပြီးမှ အလျင်စလို ဂါရဝပြုအပြီး
လီဝူရှင်း၏နားတွင်းသို့ လျို့ဝှက်စကားတစ်ခုကိုပြောကြားလိုက်သည်။

ဖုန်းရှောင်ယွီဆိုလာသည့်
စကားကိုအကြား လီဝူရှင်း၏မျက်နှာမှာ ခက်ထန်သွားရပေ၏။

"ဘယ်သူလုပ်လိုက်တာလဲ?"

"ခန့်မှန်းရတာတော့ သူသိနေတဲ့လျို့ဝှက်ချက်ကိုရှင်းပစ်တဲ့သူဖြစ်ဖို့များပါတယ်။ ဘာသက်သေအစအနမှမကျန်အောင်ကို လုပ်သွားတာပါ။ ကျွန်တော်လွှတ်ထားတဲ့ရဲမက်က သိသိချင်းသတင်းလာပေးတာမို့ သိရတာနန်းတော်ကိုသတင်းပို့ဖို့ကမနက်မှပဲဖြစ်နိုင်လောက်မယ်ထင်တယ်။ "

ဖုန်းရှောင်းယွီ၏စကားအဆုံး လီဝူရှင်း၏မျက်လုံးအကြည့်များမှာ
အေးစက်သွားခဲ့ပြီး ဤနေရာ၌
ထိုကိစ္စများကို
ဖုန်းရှောင်းယွီနှင့်ဆက်ပြီးဆွေးနွေးရန်မသင့်တော်သည်မို့ နားနေဆောင်ဘက်သို့ဦးဆောင်ထွက်ခွာသွားပြီး ဖုန်းရှောင်းယွီကနောက်မှလိုက်ပါသွားခဲ့သည်။

လင်းဟွေ့အဆောင်တွင်း၌မူ ယီကွမ်းမှာ သူ၏သွေးများပေကျံသွားခဲ့သော အနက်ရောင်ငွေချည်ထိုးဝတ်ရုံအား
မီးလင်းဖိုအတွင်းသို့ထိုးထည့်လိုက်ကာ အေးစက်စက်အပြုံးတစ်ပွင့်နှင့်
ရှိနေခဲ့သည်။

"ဧကရီလျန်.... ဒီတစ်ခေါက်ကတော့ ခင်ဗျားရင်ဆိုင်နေရတာ ဘယ်လိုလူလဲဆိုတာသိအောင်ပြပေးမယ်။ "

လှပလှသောဝတ်ရုံနက်သည်ကား
မီးဖိုအတွင်း၌
တငွေ့ငွေ့လောင်ကျွမ်းလျက်ပင်....
တဖြည်းဖြည်းပျက်စီးပျောက်ကွယ်လာခဲ့ပါ၏။


***************************

(Zawgyi)








"အဆိပ္ျပင္းေသာ ရန္ဝမ္ေဖး"

ယီကြမ္း၏ ခႏၶာကိုယ္အေျခအေနပုံမွန္ျပန္ျဖစ္သြားသည္ႏွင့္အတူ
သူ၏ေန႕ရက္မ်ားသည္လည္း
သမာရိုးက်ေန႕ရက္မ်ားသာျဖစ္ေနခဲ့သည္။ ယီတိုင္းျပည္မွာအစ္ကိုေတာ္မ်ား၏
စာမ်ားကိုလက္မလည္ေအာင္
စာျပန္ေပးေနရသည့္အျပင္
န်ဥ္ေကြ႕ေဖး၏စဲ့ေဖးေ႐ြးခ်ယ္ရန္
တိုက္တြန္းမႈ၊မိန္းမပ်ိဳစာရင္းမ်ားႏွင့္သာအလုပ္ရႈပ္ေနခဲ့ေပ၏။

ထို႔ေနာက္ စစ္တန္းလ်ား၌သာအလုပ္ရႈပ္ေနတတ္ေသာ လီဝူရွင္းက ယေန႕မွရွားရွားပါးပါးအိမ္ျပန္လာသည္မို႔ ေန႕လည္စာအတူစားရန္အေၾကာင္းဖန္လာသည့္အတြက္ ႏွစ္ဦးသားမွာ လင္းေဟြ႕အေဆာင္၌ တိတ္ဆိတ္စြာေန႕လည္စာသုံးေဆာင္လ်က္ရွိၾကသည္။
တူႏွင့္ပန္းကန္ထိခတ္မိသံ
တုိးသဲ့သဲ့မှလွဲ၍
တိတ္ဆိတ္မႈလႊမ္းၿခဳံေနေသာ
ပတ္ဝန္းက်င္အား လီဝူရွင္းမွစတင္ၿဖိဳခြဲလာ၏။

"ေဝ့မ်န့္ကို ဒီေန႕ပဲ
အရွင္မင္းႀကီးက မင္းသားရာထူး႐ုတ္သိမ္းၿပီး သာမာန္အရပ္သားအေနနဲ႕
နယ္ႏွင္ဒဏ္ေပးလိုက္ၿပီ။"

ထိုစကားကိုအၾကားယီကြမ္း၏မ်က္ဝန္းမွာ မ်က္ေတာင္တခတ္မွ်အေရာင္လဲ့သြားကာ ခဏတြင္းခ်င္း၌ပုံမွန္ျပန္ျဖစ္သြားခဲ့သည္။ သူကေခါင္းအသာၿငိမ့္ရင္း
ဟင္း႐ြက္ေၾကာ္တဖတ္အားပန္းကန္တြင္းအသာထည့္ကာ
ဆိုလိုက္၏။

"အင္း... အရွင္မင္းႀကီးက ကြၽန္ေတာ့္အတြက္အမ်ားႀကီးလုပ္ေပးခဲ့တာပဲ။"

လီဝူရွင္းက စိတ္လႈပ္ရွားမႈအနည္းငယ္ပင္မရွိေသာ ယီကြမ္းထံသို႔ၾကည့္လ်က္ပင္....

"မင္း...ဒီအျပစ္ကိုေက်နပ္္ရဲ႕လား?"

ယီကြမ္းမွာ လီဝူရွင္း
မည္သည္ကိုဆိုလိုခ်င္မွန္းသိေနသည္မို႔ ဟန္ေဆာင္အၿပဳံးတစ္ပြင့္ႏွင့္ ေအးေအးလူလူပင္ေျပာဆိုလိုက္ေပ၏။

"ကြၽန္ေတာ္မွမေက်နပ္ရင္ ယီနဲ႕တာ့လီကအဆင္ေျပနိုင္ပါ့မလား။ ေသခ်ာေပါက္ေက်နပ္ရမွာေပါ့"


'ငါကငါ့အတြက္ပဲငါလုပ္ေနတာ မင္းအလြယ္တကူနန္းတက္နိုင္ဖို႔အတြက္နဲ႕ေတာ့ မင္းၿပိဳင္ဘက္ေတြကိုမရွင္းေပးနိုင္ဘူးမလား'

ယီကြမ္း၏မ်က္ဝန္းအၾကည့္မ်ားမွာ
ခဏတြင္းခ်င္းေအးစက္သြားရၿပီး စားလက္စကိုလက္စသတ္၍ တူကိုခ်လိဳက္သည္။ တူသံကိုၾကားသည့္အခါ လီဝူရွင္းက ယီကြမ္းထံသို႔ေစာင္းငဲ့ၾကည့္လာၿပီး
တဝက္ပင္မကုန္သည့္ ယီကြမ္းပန္းကန္ကိုအျမင္ ေမးခြန္းထုတ္ဟန္ဆိုလာ၏။

"ဟင္းေတြကစားမေကာင္းလို႔လား?"

"ရာသီဥတုအေျပာင္းအလဲေၾကာင့္ ေနသိပ္မေကာင္းခ်င္ျဖစ္ေနလို႔ပါ။ "

"နန္းတြင္းကေနသမားေတာ္ဆင့္ေခၚလိုက္မယ္။"

"ရပါတယ္ မိအာနဲ႕ပိအာကိုပဲ ေသာက္ေနက်ေဆးႀကိဳခိုင္းလိုက္ပါ့မယ္။ ကြၽန္ေတာ့္အတြက္နဲ႕ ဝမ္ရယ္စိတ္မပူပါနဲ႕"

"အဓိပၸာယ္မရွိတာ မင္းကငါ့ဝမ္ေဖးပဲ! ဖုခ်ိဳကိုသမားေတာ္ဆင့္ေခၚခိုင္းလိုက္မွာမို႔ အနားယူေတာ့"

ထိုစကားဆိုအၿပီး လီဝူရွင္းက မိအာကို ထမင္းစားပြဲသိမ္းခိုင္းလိုက္ၿပီး ယီကြမ္းကိုဂ႐ုစိုက္ေပးရန္မွာၾကားကာ သူက စစ္ေလ့က်င့္ေရးသင္တန္းရွိေသးသည္မို႔ အလ်င္စလိုထြက္ခြာသြားေတာ့သည္။
ယီကြမ္းသည္ကား လီဝူရွင္း၏ေက်ာျပင္ကိုၾကည့္ကာ မ်က္ဝန္းထဲ၌ခံစားမႈမဲ့လ်က္
အၾကည့္မ်ားက
ေအးစက္မႈအတိသာရွိေနခဲ့သည္။

မိအာကယီကြမ္းအနားယူရန္ျပင္ဆင္ေပးကာ ထြက္ခြာသြားသည့္ေနာက္
တစ္စုံတစ္ခုကိုေတြးေတာေနသည့္
ယီကြမ္းမွာ
ကုတင္ထက္၌ ထိုင္လ်က္ က်န္ရစ္ခဲ့သည္။

အတိတ္ဘဝ၌ လီဝူရွင္းတစ္ဦးတည္းက သူ၏တိုင္းျပည္ကိုဖ်က္စီးခဲ့ျခင္းမဟုတ္ေပ။ တိုင္းျပည္အားလုံးကိုသိမ္းပိုက္ရန္ ေနာက္ကြယ္မွတိုက္တြန္းသူႏွင့္ အားေပးအားျမႇောက္လုပ္သူအုပ္စုရွိေနခဲ့ေပ၏ယ ထိုသူမ်ားက ဤတာ့လီ၏အုတ္ျမစ္တစ္ခုအျဖစ္ မင္းငါးဆက္တိုင္ေအာင္တည္ရွိေနခဲ့ၿပီး ၿဖိဳဖ်က္ရန္မျဖစ္နိုင္ေသာ အုတ္တံတိုင္းႀကီးတစ္ခုလိုပင္...။

အတိတ္ဘဝ၌ လီဝူရွင္းဘက္ေတာ္သားမ်ားျဖစ္ေသာ န်ဥ္ေကြ႕ေဖး၊ေနာင္တခ်ိန္ေမြးဖြားလာမည့္ မင္းသားဆယ့္သုံး၊မင္းသားေျခာက္တို႔ကိုေသဆုံးေစခဲ့သူမွာမည္သူနည္း။

ယီကြမ္းမွာ
အေျဖကိုသိႏွင့္ၿပီးသားျဖစ္ၿပီး လီဝူရွင္းပင္မရွင္းထုတ္နိုင္ခဲ့ေသာ ထိုလူတစ္စု၏ဩဇာအာဏာကိုလည္း
ရိပ္စားမိသည္။
ယီကြမ္းမွာ ယွဥ္ၿပိဳင္ရန္ခက္ခဲသည့္ ၿပိဳင္ဘက္ကိုေတြးမိသည့္အခါ သူ၏မ်က္ဝန္းမ်ားက သေဘာတက်အေရာင္လဲ့လာခဲ့ၿပီး ႏႈတ္ခမ္းပါးက
ၿပဳံးေယာင္ဆင္လာခဲ့သည္။

သူ၏ရည္မွန္းခ်က္က လီဝူရွင္းကိုသာလက္စားေခ်ဖိဳ႕ရာမဟုတ္ပဲ ယီတိုင္းျပည္ကိုကာကြယ္ဖို္ရာႏွင့္ ထိုသို႔ကာကြယ္နိုင္ရန္ကတာ့လီကိုအျမစ္ျဖဳတ္သုတ္သင္ရန္သာရွိေပ၏။ ထိုတာဝန္က အခ်ိန္အနည္းငယ္ပင္ရွိေသာ သူ႕အတြက္ျဖစ္နိုင္မည္လား
မေရရာလွေသာ္လည္း လက္ေလွ်ာ့ရန္ေတာ့မည္သို႔မွမျဖစ္ေပ။

တာ့လီအလုံးစုံမပ်က္စီးလ်င္ေတာင္မွ အားအင္နည္းကာလုံးဝမလႈပ္နိုင္ေတာ့ အေျခအေနသို႔ေရာက္ေအာင္ ျပဳနိုင္ရမည္။ ယီကြမ္းကမူ သူ၏အရာအားလုံးကို အသုံးျပဳကာ သူ၏မိသားစု၊ယီတိုင္းျပည္ကို အဆုံးထိကာကြယ္သြားမည္ျဖစ္၏။ သူ၏အသက္မေသဆုံးခင္အခ်ိန္ထိ သူလုံးဝလက္ေလွ်ာ့မည္မဟုတ္ေပ။

အေတြးမ်ားၾကားနစ္ျမဳပ္ေနစဥ္၌ သူ၏အေရွ႕သို႔ပစ္စာတစ္ေစာင္ကေရာက္ရွိလာခဲ့ၿပီး မည္သူပို႔မွန္းသိႏွင့္ၿပီးသား ယီကြမ္းမွာ ေအးေဆးစြာပင္
ေကာက္ယူဖတ္ရႈလိုက္သည္။

"ဒီည.."

ထိုစာလုံးႏွစ္လုံးသာပါဝင္ေသာစာက
ယီကြမ္း၏ႏႈတ္ခမ္းလႊာကိုေက်နပ္မႈျဖင့္ၿပဳံးေစၿပီး စာ႐ြက္ကိုမူ
မီးဖိုတြင္းသို႔အစေဖ်ာက္လိုက္ေပ၏။ သူကုတင္ေပၚမွထလိုက္ရင္း
ပန္းၿခံအတြင္းလမ္းေလွ်ာက္ရန္အတြက္ မိအာႏွင့္ပိအာကိုေခၚယူလိုက္ကာ ညေနခင္းေလးကိုသာမာန္အတိုင္းျဖတ္သန္းဖို႔ရာ ျပင္ဆင္လိုက္သည္။ ညအခ်ိန္သို႔ေရာက္လ်င္မူ တာ့လီေတာ္ဝင္မိသားစုအဖို႔
အံ့ဩစရာေလးတစ္ခုျပင္ဆင္ေပးဖို႔ရာ သူအားေမြးထားရမည္မဟုတ္ပါလား။

*******************

"ဒီမွာပဲေနပါ!
ဘယ္ကိုမွထြက္သြားဖို႔မႀကိဳးစားပါနဲ႕!"

အလြန္ေသးငယ္လွေသာ အိမ္ေဆာင္ငယ္အတြင္းကို
စိတ္ပ်က္စြာလွည့္ပတ္ၾကည့္ရႈရင္း
ဝတ္ဆင္ထားရေသာဖ်င္ၾကမ္းထည္ေၾကာင့္ စိတ္မသက္မသာျဖစ္ေနရေသာ လီေဝ့မ်န့္မွာ အေစာင့္ရဲမက္၏ ေလသံမာမာေၾကာင့္ မ်က္လုံးနီရဲသည္အထိေဒါသထြက္လာရၿပီး စကားေျပာလက္စ
ရဲမက္ကိုေဆာင့္ကန္လိုက္ကာ ရင့္သီးစြာေျပာဆိုလာေပ၏။

"မင္းလိုအဆင့္ကမ်ား ပန္ဝမ္းကိုမာထန္ထန္ေျပာရဲတယ္။ မင္းကဘာမို႔လို႔လဲ!!! ေခြးလိုဝက္လိုေကာင္!"

အကန္ခံရသည့္အျပင္
ဲဆဲေရးခံလိုက္ရေသာရဲမက္မွာ မ်က္ႏွာညိုေမွာင္လာရၿပီး ၾကမ္းျပင္မွထကာ လီေဝ့မ်န့္ကို ရိုက္ရန္ႀကံ႐ြယ္လိုက္သည္။ သို႔ေသာ္ သူ၏လက္က လီေဝ့မ်န့္ထံသို႔ မေရာက္မွီ၌ အျခားရဲမက္တစ္ဦးက တားဆီးလိုက္ၿပီးသတိေပးဟန္ဆိုလာ၏။

"ထားလိုက္စမ္းပါ သူကအခုထိ သာမာန္အရပ္သားဘဝနဲ႕အသားမက်ေသးပုံပဲ။ ထမင္းမေပးေရမေပးပဲႏွစ္ရက္ေလာက္ ထားလိုက္ အပိုးက်ိဳးလာလိမ့္မယ္။ "

"ဘာေျပာတယ္!! မင္းလုပ္ရဲလား?"

သတိေပးစကားဆိုသည့္ရဲမက္မွာ လီေဝ့မ်န့္ကို အေရးမပါသည့္ဟန္စိုက္ၾကည့္လ်က္ပင္..

"ဘာလို႔မလုပ္ရဲရမွာလဲ? မင္းလုပ္လိုက္လို႔ ယီတိုင္းျပည္နဲ႕ကေတာက္ကဆျဖစ္ၿပီး ငါတို႔တိုင္းျပည္စစ္ထပ္ျဖစ္ရင္ မင္းတာဝန္ယူနိုင္တာမို႔လား။ ဘယ္သူမွမေျပာေပမယ့္ ငါတို႔ရဲမက္ေတြလည္းစစ္ပန္းေနၿပီကြ နားလည္လား အိမ္ေတာ္မွာေနရင္လည္းေအးေဆးမေနဘူး။ လွည့္ပတ္ၿပီးျပႆနာရွာေနတယ္!"

"မင္း!!"

ထိုစကားဆိုၿပီးေနာက္ ထိုရဲမက္မွာသူ႕အေဖာ္ကိုေခၚေဆာင္ကာ အခန္းတြင္းမွထြက္ခြာသြားၿပီး လီေဝ့မ်န့္၏ဆဲေရးတိုင္းထြာမႈမ်ားကို လ်စ္လ်ဴရွကာ
တံခါးကို
ေသာ့ခတ္ထားလိုက္ေပေတာ့၏။

လီေဝ့မ်န့္မွာ ညေရာက္သည္ထိ
တံခါးဖြင့္ေပးရန္ေအာ္ဟစ္ေသာင္းက်န္းေနေသာ္လည္း ရဲမက္မ်ားမွာ
အိမ္ေဆာင္ေဘးတန္းလ်ား၌ အရက္ေသစာေသာက္စားေနၾကၿပီး လီေဝ့မ်န့္၏ေျပာဆိုေနသမွ်အား လ်စ္လ်ဴရႈလ်က္ရွိၾကေပ၏။

လီေဝ့မ်န့္မွာ အာေခါင္ေျခာက္ၿပီးအသံမထြက္ေတာ့သည့္ေနာက္
လက္ေလွ်ာ့လိုက္ရၿပီး တံခါးေရွ႕၌လက္မွိုင္ခ်လ်က္ထို္င္ခ်မိလိုက္သည္။ ဖေယာင္းမီးပင္မထြန္းေပးေသာ
လေရာင္ကိုသာအားကိုးေနရသည့္ အေမွာင္ခန္း၌ သူစိတ္ပ်က္အားေလ်ာ့စြာရွိေနသည့္အခိုက္ တစ္စုံတစ္ေယာက္၏
ေျခသံကိုၾကားလိုက္ရကာ အတြင္းေဆာင္အတြင္းမွထြက္လာသည့္ ေျခအစုံက
လီေဝ့မ်န့္၏ေရွ႕တည့္တည့္၌
ရပ္တန့္သြားခဲ့သည္။ လေရာင္ေအာက္မွ
အနက္ေရာင္ဖိနပ္အစုံအားျမင္လိုက္ရသည့္အခိုက္
လီေဝ့မ်န့္မွာ သူ၏အသိမိတ္ေဆြအမွတ္ႏွင့္ ဝမ္းသာအားရေမာ့ၾကည့္မိသည့္အခါ
မရင္းႏွီးသည့္စိမ္းသက္သက္ မ်က္ႏွာကေနရာယူ၏။ လေရာင္၏အလင္းေရာင္ႏွင့္
ျမင္ရသည္က
အနက္ေရာင္ေငြခ်ည္ထိုးဝတ္႐ုံကိုဆင္ျမန္းထားသည့္ ထိုသူမွာ အလြန္ေခ်ာေမာတင့္တယ္လွေသာ႐ုပ္ရည္ကိုပိုင္ဆိုင္ထားၿပီး
မ်က္ႏွာထားကမူေအးစက္ေနခဲ့၏။ ထိုသူဝတ္ဆင္ထားခဲ့ေသာ ေငြေရာင္အရိုးေခါင္းဆံထိုးမွ တိုးတိမ်လွေသာ
အသံသဲ့သဲ့ထြက္ေပၚလ်က္ရွိၿပီး
သူကလီေဝ့မ်န့္ထိုင္ေနရာသို႔ဒူးတစ္ဖက္ၫႊတ္လ်က္ ထိုင္ခ်လာ၏။

"မင္း.... မင္းဘယ္သူလဲ!?"

လီေဝ့မ်န့္၏ေမးခြန္းကို သူစိမ္းက တင့္တယ္လွေသာအၿပဳံးႏွင့္တုံ႕ျပန္လာေပ၏။

"တရားဝင္မိတ္မဆက္ရေသးဘူးပဲ။
ေတြ႕ရတာဝမ္းသာပါတယ္။ ယီတိုင္းျပည္ရဲ႕မင္းသားတစ္ဆယ္ ယီ႐ုံ႐ႊယ္ပါ"

"!!!!"

ယီမင္းသားတစ္ဆယ္ဟု
ၾကားလိုက္ရသည့္ေနာက္
လီေဝ့မ်န့္၏မ်က္ႏွာမွာျဖဴစုတ္သြားရၿပီး တံခါးသာရွိေတာ့ေသာအေနာက္သို႔ တျဖည္းျဖည္းခ်င္းဆုတ္သြားမိသည္။ ထိုေၾကာက္လန့္ေနေသာအမူအရာကိုအျမင္
ယီကြမ္း၏ႏူးညံ့ေသာ
အၿပဳံးက ထင္ဟပ္လာခဲ့ၿပီး လီေဝ့မ်န့္ထံသို႔ သားေကာင္ႏွင့္ကစားေနသည့္က်ားအလား သေဘာတက်ၾကည့္ရႈလာ၏။

"အရမ္းလန့္သြားတာလား? ဘာလို႔လဲ မင္းသတ္ခိုင္းလိုက္တဲ့သူက မင္းမ်က္စိေရွ႕တည့္တည့္မွာရွိေနလို႔လား?"

"မင္း....မင္း ငါ့ဆီကဘာလိုခ်င္လို႔လဲ!!?"

"ငါလိုခ်င္တာရွိတယ္။ အဲ့ဒါကို
မင္းေပးနိုင္ပါတယ္။ ေပးခ်င္ မေပးခ်င္ဆိုတာေတာ့ မင္းအေပၚမွာပဲမူတည္တယ္။ "

လီေဝ့မ်န့္စကားမဆိုနိုင္လိုက္ခင္၌ပင္ ယီကြမ္း၏လက္က လီေဝ့မ်န့္၏လည္ၿမိဳ၌ေနရာယူထားၿပီး မူလၿပဳံးေနသည့့္မ်က္ႏွာက ခံစားခ်က္မဲ့သြားရၿပီး မ်က္ဝန္းကေအးစက္မႈမ်ားျပည့္ႏွက္လာရသည္။
ေအးစက္လွေသာ ယီကြမ္း၏လက္ေၾကာင့္
လီေဝ့မ်န့္၏တစ္ကိုယ္လုံးတုန္ယင္လာရၿပီး ႐ုန္းကန္ျခင္းလည္းမျပဳနိုင္ကာ အသံလည္းမျပဳနိုင္ေခ်။

ထို႔ေနာက္ ယီကြမ္း၏ေအးစက္လွေသာ အသံကညဥ့္ယံ၌ တိုးညွင္းစြာထြက္ေပၚလာ၏။

"ငါ့ကိုသတ္ခိုင္းခဲ့တာမင္းတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာသိထားတယ္။ အဲ့ေတာ့ ငရဲက်သလိုႏွိပ္စက္ခံၿပီးမေျပာပဲေနမလား။ မင္း ဒုကၡေရာက္ေတာ့မသိခ်င္ေယာင္ေဆာင္ေနခဲ့တဲ့သူေတြကိုေဖာ္ထုတ္မလား?"

"!?...."

လီေဝ့မ်န့္မွာ ယီကြမ္း၏ေအးစက္လွေသာ မ်က္ႏွာကို တုန္လႈပ္စြာၾကည့္ရႈေနမိသည္။ အဘယ္ေၾကာင့္ရယ္မသိ ထိုသူ၏တည္ရွိမႈက သူ႕ကိုထိတ္လန့္ေစၿပီး နတ္ဘုရားကဲ့သို႔ လွပခန့္ညားေသာမ်က္ႏွာထက္မွ ေအးစက္မႈက ေၾကာက္႐ြံ႕မႈကိုပိုမိုျဖစ္ေပၚလာေစသည္။ လီေဝ့မ်န့္မွာ သူ၏လည္တိုင္ထက္မွ သန္မာေအးစက္ေနသည့္လက္ေခ်ာင္းမ်ားကိုသတိထားမိသည့္အခါ ပို၍ပင္ေၾကာက္႐ြံ႕လာရ၏။

ယီကြမ္းမွာအလြန္ေၾကာက္႐ြံ႕ေနဟန္ရွိေသာ လီေဝ့မ်န့္ကို စိတ္တြင္းမွေလွာင္ရယ္မိလိုက္ရင္း ေအးစက္ကာ အႏၱရာယ္မ်ားလွေသာ ေလသံျဖင့္ေမးျမန္းလာခဲ့ေပ၏။

"အဲ့ေတာ့ေျပာမွာလား မေျပာဘူးလား?"

"....သာ့ေကာ... သာ့ေကာနဲ႕. က်န္တဲ့ညီအစ္ကိုေတြ.. ဧကရီလ်န္ကပါ... မင္းကိုေသေစခ်င္ခဲ့တာ.... ငါေျပာတာအမွန္ပါ! ... ငါ့... ငါ့ကိုခ်မ္းသာေပးပါ။"

"ဧကရီလ်န္ကငါ့ကိုဘာလို႔သတ္ခ်င္ရမွာလဲ? ငါနဲ႕လီဝူရွင္းဆက္ဆံေရးပိုခိုင္ၿမဲေလ သူ႕သားအာဏာရဖို႔မ်ားေလမဟုတ္လား?"

"သူက... သူကယီနဲ႕တာ့လီကို ....မဟာမိတ္ေတြအျဖစ္...မရွိေစခ်င္ဘူး?!.. ဘာေၾကာင့္လဲဆိုတာေတာ့ငါမသိဘူး... တစ္ကယ္ပါ!"

"ငါသိၿပီ "

"......!!"

"မင္းအေကာင္းဆုံးေျပာျပခဲ့တာပဲ။
ထ်န္းေပါင္~"

ေခၚသံအဆုံးအေမွာင္ထုတြင္းမွထြက္ေပၚလာသည့္လူတစ္ေယာက္...။
လီေဝ့မ်န့္၏လည္တိုင္ထက္မွ လက္ေခ်ာင္းသြယ္မ်ားမွာ ဖယ္ခြာသြားခဲ့ၿပီး
မတ္မတ္ထရပ္လိုက္သည့္
ရန္ဝမ္ေဖးကိုၾကည့္ရႈကာ လီေဝ့မ်န့္မွာ
နားမလည္နိုင္သည့္အမူအရာျဖင့္ရွိေနခဲ့၏။

သူ၏နားမလည္နိုင္ဟန္ရွိေနသည့္
အမူအရာကိုၾကည့္ရႈၿပီး ယီကြမ္းကအၿပဳံးေရးေရးျဖင့္ရွိေနခဲ့ကာ လီေဝ့မ်န့္ထံသို႔ ေအးေဆးစြာစကားဆိုလာ၏။

"မင္းအခုအေရးပါတဲ့စကားေတြေျပာေပးလိုက္တာပဲ။"

"........."

"အခုမင္းရဲ႕စကားေတြထပ္ၿပီး
မလိုေတာ့ဘူး။"

လီေဝ့မ်န့္မွာ မ်က္စိေရွ႕မွရန္ဝမ္ေဖးအား မင္သက္စြာၾကည့္ေနမိခ်ိန္၌
လွ်ပ္စီးလက္သည္ထက္ျမန္ေသာ
ဓါးအလ်င္က သူ႕အနီးသို႔ခ်ည္းကပ္လာၿပီး သူ၏ပါးစပ္ကိုဖြင့္ဟသြားကာ
မ်က္စိတျဖတ္မွ်အခ်ိန္၌ ေသြးစိမ္းရွင္ရွင္ထြက္က်လာရ၏။
သတိျပဳမိလိုက္ခ်ိန္၌မူ သူ၏ေရွ႕၌ ျပတ္က်ေနခဲ့ေသာ
ေသြးသံတရဲရဲ
လွ်ာတစ္ခု.....။ လီေဝ့မ်န့္မွာ ေအာ္ဟစ္လိုက္ခ်င္ေသာ္လည္း သူ၏အသံမွာ
လုံးဝထြက္မလာနိုင္ေတာ့ပါေခ်။

"လွ်ာမရွိပဲအသက္ဆက္ၿပီး
ရွင္သန္သြားမလား.... ထပ္ၿပီးတိုးတက္စရာမရွိေတာ့တဲ့မင္းဘဝကိုဒီမွာတင္လက္ေလွ်ာ့မလားဆိုတာ စိတ္ႀကိဳက္သာလုပ္ နန္းၿမိဳ႕ေတာ္ကိုျပန္လာရဲရင္ေတာ့ ငါကမင္းကိုအၿမဲႀကိဳဆိုေနမွာပါ"

".......?!!!."

"ဘာလို႔လဲ?... အဲ့ဒါေမးေနစရာလိုေသးလို႔လား။ မင္းတို႔ကငါ့အသက္ကိုေလာင္းေၾကးထပ္ၿပီး အာဏာကိုလုခ်င္ေနၾကတာေလ။ ငါကအဲ့လိုအျဖစ္ခံမယ္ထင္ေနလား။ သိခ်င္ရင္ေျပာျပမယ္။ "

ေသြးသံတရဲရဲႏွင့္
တုန္လႈပ္ေျခာက္ျခားေနေသာ လီေဝ့မ်န့္ကိုၾကည့္ရႈရင္း
ယီကြမ္း၏အၿပဳံးမွာပိုမိုနက္နဲလာရၿပီး သူ႕နံေဘးမွအရွိန္အဝါသည္လည္း
ပိုမိုေအးစက္လာရသည္။ သူဝတ္ဆင္ထားခဲ့ေသာေငြျဖဴေရာင္ အရိုးေခါင်းဆံထိုးမွာလည်း အသံသဲ့သဲ့ကိုဖန္တီးလ်က္...
ယီကြမ္း၏ေခ်ာေမာလွေသာမ်က္ႏွာထက္မွ ေအးစက္မႈက
ေျခာက္ျခားစရာေကာင္းလွေသာ
ဝိညာဥ္နက္တစ္ေကာင္ပမာ...

သူကျဖည္းညင္းစြာဆိုလာခဲ့၏။

"က်ိဳးယင္ကိုငါခိုင္းေစခဲ့တာ..."

လီေဝ့မ်န့္မွာတစ္စုံတစ္ခုကိုသေဘာေပါက္သြားဟန္ႏွင့္ ယီကြမ္းထံသို႔ထိတ္လန့္စြာ
ၾကည့္ရႈလာကာ ယီကြမ္းကမူ ေအးစက္စက္ အၿပဳံးတစ္ပြင့္ႏွင့္သာရွိေနခဲ့၏။
လီေဝ့မ်န္မွာ မ်က္စိေရွ႕မွ ယီမင္းသားတစ္ဆယ္ ရန္ဝမ္ေဖးကို
အံ့အားသင့္စြာ၊ထိတ္လန့္စြာၾကည့္ရႈေနခဲ့မိ၏။ သတင္းမ်ားထဲမွကဲ့သို႔ ယီမင္းသားတစ္ဆယ္က ႏုံႏုံအအရိုးသားေသာ အမ်ိဳးသားတစ္ဦးမဟုတ္ေပ။ ထက္ျမက္ေသာ၊ ရက္စက္ကာအၾကင္နာကင္းမဲ့လွေသာ
လူတစ္ဦးျဖစ္ေနခဲ့ေပ၏။ လီေဝ့မ်န့္မွာ ထိတ္လန့္မႈမ်ား၊ေနာင္တတရားမ်ားႏွင့္အတူ ၾကမ္းျပင္သို႔ၿပိဳက်သြားရၿပီး
ယီကြမ္းကမူ လီေဝ့မ်န့္ကိုတစ္ခ်က္မွ်ပင္ ေစာင္းငဲ့မၾကည့္ေတာ့ပဲ သူ၏ေနာက္လိုက္ ထ်န္းေပါင္ႏွင့္အတူ
ထြက္ခြာသြားေတာ့သည္။

လေရာင္သာလင္းသည့္ အခန္းငယ္တြင္း၌မူ လီေဝ့မ်န့္၏ ေသြးမ်ားေပက်ံကာ
တုန္ယင္ေနေသာ ခႏၶာသာလ်င္က်န္ရစ္ခဲ့ၿပီး သူ၏လက္တြင္း၌မူ ဓားျမႇောင္တစ္လက္ရွိေနခဲ့ေပ၏။

****************

လီဝူရွင္းသည္ တေနကုန္
စစ္သင္တန္းေပးၿပီးေနာက္
ညဥ့္သန္းေခါင္အခ်ိန္သို႔ေရာက္မွသာ ပင္ပန္းႏြမ္းနယ္စြာျဖင့္သာ
ဝမ္ဖူကိုျပန္လာခဲ့သည္။ ပုံမွန္တိုင္းဆိုလ်င္ စစ္တန္းလ်ား၌သာအိပ္စက္တတ္ေသာ္ျငား ယခုအခ်ိန္၌မူ သူကလူပ်ိဳလူလြတ္တစ္ဦးမဟုတ္ေတာ့သည္မို႔ အိမ္ကိုက်ိန္းေသ
ျပန္သင့္ေသာေၾကာင့္ ျပန္လာျခင္း...။ သူ၏ဝမ္ေဖးက ေယာက်ာ္းတစ္ဦးပင္ျဖစ္ေစ ပတ္ဝန္းက်င္၌မလိုလားအပ္ေသာ အတင္းအဖ်င္းမ်ားမထြက္ေပၚလာေစလိုေပ။

လီဝူရွင္းမွာ မိမိ၏အေဆာင္သို႔အျပန္ လင္းေဟြ႕အေဆာင္ဘက္မွျဖတ္သြားသည့္အခိုက္ ဝမ္ေဖး၏အေစခံ
အပ်ိဳေတာ္မိန္းကေလးက ညအခ်ိန္မေတာ္၌
လင္းေဟြ႕အေဆာင္သို႔ ေဆးတင္ေဆာင္ထားသည့္ဗန္းကိုသယ္ယူလာသည္ကိုအျမင္ ဝမ္ေဖး၏က်န္းမာေရးကိုစုံစမ္းရန္ ထိုမိန္းကေလးကိုလွမ္းတားမိလိုက္ေပ၏။

"ဝမ္ေဖးရဲ႕က်န္းမာေရးအေျခအေနဘယ္လိုရွိလဲ?"

"အခုအနားယူေနပါတယ္။
ကြၽန္မတို႔အရွင့္သားက နဂိုတည္းက ခႏၶာကိုယ္ကအားနည္းတာမို႔
အၿမဲတမ္းမက်န္းမမာျဖစ္တတ္ပါတယ္။ အခုလည္းအဲ့လိုထပ္ၿပီးျဖစ္ျပန္ၿပီနဲ႕တူပါရဲ႕"

အပ်ိဳေတာ္မိန္းကေလး၏စိုးရိမ္ပူပန္ဟန္အျပည့္ႏွင့္ ရိုက်ိဳးစြာဆိုလာသည့္စကား၌ လီဝူရွင္းမွာခဏတာမွ်စဥ္းစားေနဟန္ရွိၿပီးမွ စကားဆိုလာ၏။

"အခုသူ႕ကိုဂ႐ုစိုက္ေပးလိုက္.. မနက္ျဖန္
နန္းတြင္းကသမားေတာ္လာလိမ့္မယ္။ သြားေတာ့"

"ေက်းဇူးတင္ပါတယ္ ဝမ္ရယ္ ဒီအေစခံသြားလိုက္ပါဦးမယ္။ "

အပ်ိဳေတာ္မိန္းကေလးက ေဆးဗန္းကိုသယ္ေဆာင္ကာ
ခပ္သုတ္သုတ္ထြက္ခြာသြားသည့္ေနာက္
လီဝူရွင္းမွာ မိမိအေဆာင္ရွိရာဘက္သို႔သာ ဆက္လက္ေလွ်ာက္လွမ္းရန္ျပင္မိသည္။ သို႔ေသာ္ သူ၏ေနာက္မွေခၚသံႏွင့္အတူ ဖုန္းေရွာင္းယြီက အနီးသို႔အေမာတေကာဟန္ျဖင့္ ေရာက္လာခဲ့သည္။

ထို႔ေနာက္ဖုန္းေရွာင္းယြီက အသက္ဝဝရႉၿပီးမွ အလ်င္စလို ဂါရဝျပဳအၿပီး
လီဝူရွင္း၏နားတြင္းသို႔ လ်ိဳ႕ဝွက္စကားတစ္ခုကိုေျပာၾကားလိုက္သည္။

ဖုန္းေရွာင္ယြီဆိုလာသည့္
စကားကိုအၾကား လီဝူရွင္း၏မ်က္ႏွာမွာ ခက္ထန္သြားရေပ၏။

"ဘယ္သူလုပ္လိုက္တာလဲ?"

"ခန့္မွန္းရတာေတာ့ သူသိေနတဲ့လ်ိဳ႕ဝွက္ခ်က္ကိုရွင္းပစ္တဲ့သူျဖစ္ဖို႔မ်ားပါတယ္။ ဘာသက္ေသအစအနမွမက်န္ေအာင္ကို လုပ္သြားတာပါ။ ကြၽန္ေတာ္လႊတ္ထားတဲ့ရဲမက္က သိသိခ်င္းသတင္းလာေပးတာမို႔ သိရတာနန္းေတာ္ကိုသတင္းပို႔ဖို႔ကမနက္မွပဲျဖစ္နိုင္ေလာက္မယ္ထင္တယ္။ "

ဖုန္းေရွာင္းယြီ၏စကားအဆုံး လီဝူရွင္း၏မ်က္လုံးအၾကည့္မ်ားမွာ
ေအးစက္သြားခဲ့ၿပီး ဤေနရာ၌
ထိုကိစၥမ်ားကို
ဖုန္းေရွာင္းယြီႏွင့္ဆက္ၿပီးေဆြးႏြေးရန္မသင့္ေတာ္သည္မို႔ နားေနေဆာင္ဘက္သို႔ဦးေဆာင္ထြက္ခြာသြားၿပီး ဖုန္းေရွာင္းယြီကေနာက္မွလိုက္ပါသြားခဲ့သည္။

လင္းေဟြ႕အေဆာင္တြင္း၌မူ ယီကြမ္းမွာ သူ၏ေသြးမ်ားေပက်ံသြားခဲ့ေသာ အနက္ေရာင္ေငြခ်ည္ထိုးဝတ္႐ုံအား
မီးလင္းဖိုအတြင္းသို႔ထိုးထည့္လိုက္ကာ ေအးစက္စက္အၿပဳံးတစ္ပြင့္ႏွင့္
ရွိေနခဲ့သည္။

"ဧကရီလ်န္.... ဒီတစ္ေခါက္ကေတာ့ ခင္ဗ်ားရင္ဆိုင္ေနရတာ ဘယ္လိုလူလဲဆိုတာသိေအာင္ျပေပးမယ္။ "

လွပလွေသာဝတ္႐ုံနက္သည္ကား
မီးဖိုအတြင္း၌
တေငြ႕ေငြ႕ေလာင္ကြၽမ္းလ်က္ပင္....
တျဖည္းျဖည္းပ်က္စီးေပ်ာက္ကြယ္လာခဲ့ပါ၏။




Continue Reading

You'll Also Like

100K 8.1K 150
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
547K 64K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
97K 10.2K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...