伪装学渣
Wei Zhuang Xue Zha
ZAWGYI
လက္ကေလးကိုတြဲ
ဟယ့္ေက်ာင္းေျပာအၿပီးမွာေတာ့ တစ္ခန္းလံုးအသံတစိုးတစိမွ်ထြက္မလာေတာ့ေခ်။
ေခြး႐ူးမွာ စာသင္လာခဲ့သည့္ဆယ္စုႏွစ္ေက်ာ္အတြင္း ဒီလိုေက်ာင္းသားမ်ိဳးအားမၾကံဳေတြ႕ခဲ့စဖူး ၊ ထိုႏွစ္ေယာက္မွာ လက္ခ်င္းတြဲထားတာအျပင္ကို အလြန္လည္းမသကၤာစရာေကာင္းေနေပမယ့္ တဒဂၤအတြင္းဟယ့္ေက်ာင္းလုပ္ရပ္ေၾကာင့္ မ်က္စိေမွာက္သြားခဲ့ရာ ခံုေစာင္းအတြင္းရွာၾကည့္ဖို႔ရာ သတိမထားမိေတာ့ပဲရွိသည္။
". . . . . . မင္းတို႔ ၊ ေကာင္းၿပီ ၊ သိပ္ေကာင္းတယ္ ၊ လက္တြဲထားၾကတာေပါ့ေလ။"
ဟယ့္ေက်ာင္းက နႈတ္ခမ္းတို႔လႈပ္လာ၏ ၊ ထပ္ၿပီးရြလြန္းတဲ့စကားေတြထြက္လာဦးမည့္ပံု။
ရွဲ႕ယြီသည္ ေခြး႐ူးသတိမထားမိခင္ ခ်က္ခ်င္းဟယ့္ေက်ာင္းေျခေထာက္ေပၚတစ္ခ်က္ေဆာင့္နင္းခ်ပစ္လိုက္သည္။ ရွဲ႕ယြီ၏ထိုတစ္ခ်က္မွာ မငဲ့ညႇာပါဘဲနင္းခ်ျခင္းျဖစ္ရာ ဟယ့္ေက်ာင္းမွာထိုနင္းခ်က္ေၾကာင့္ မရည္ရြယ္ပါဘဲရွဲ႕ယြီ၏လက္အား ပိုလို႔ဖိဆုပ္ကိုင္လိုက္မိၿပီး နာနာက်င္က်င္ဆိုလာေတာ့သည္။
"ေျခဆာေလး ၊ အဲ့ေလာက္ရက္စက္ရလား?"
ရွဲ႕ယြီက တီးတိုးေျပာလိုက္သည္။
"ငါ့ေစာက္ေျခေထာက္သာ မခိုက္မိထားဘူးဆိုရင္ မင္းဒီေနရာမွာေတာင္ရွိေတာ့မွာမဟုတ္ဘူး။"
ေခြး႐ူးမွာ သူတို႔ဘာေျပာေနမွန္းေသခ်ာမၾကား ၊ သူျမင္သည္မွာေတာ့ ထိုေက်ာင္းသားႏွစ္ေယာက္၏တြဲထားၾကသည့္လက္တို႔က မလႊတ္ဘဲရွိၿပီး ပိုေတာင္တင္းတင္းဆုပ္ကိုင္လိုက္ၾကေသးသည္ဆိုတာကိုပင္။
သူ႔ေရွ႕တမင္လုပ္ျပေနသည့္အလား။
သူ႔ရဲ႕ ဌာနမွဴးဆိုသည့္ ဂုဏ္သိကၡာကိုမထီမဲ့ျမင္ျပဳလိုက္တာပဲဟု ခံစာမိရသည္။
"မင္းတို႔က အဲ့ေလာက္တြဲရတာႀကိဳက္မွေတာ့လည္း တြဲသာထားၾက ၊ ေက်ာင္းဆင္းတဲ့အခ်ိန္ထိတြဲထားၾကစမ္း!"
ေခြး႐ူးမွာ ရင္ဘက္ကနိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ ထိုႏွစ္ေယာက္ေၾကာင့္ ေဒါသအလြန္ထြက္ေနေတာ့သည္ ၊ မိမိဂုဏ္သိကၡာကိုျပန္အဖက္ဆယ္ဖို႔ဆံုးျဖတ္လိုက္ၿပီး ေျပာအၿပီးေနာက္၌ က်န္တဲ့ေက်ာင္းသားမ်ားဘက္လွည့္လို႔ဆိုသည္။
"မင္းတို႔ေကာင္းေကာင္းေစာင့္ၾကည့္ထားၾက ၊ ေက်ာင္းဆင္းေခါင္းေလာင္းမထိုးေသးသ၍ သူတို႔ႏွစ္ေယာက္ကိုလက္တြဲမျဖဳတ္ေပ့ပါေစနဲ႔ ၊ ငါခဏေနျပန္လာၿပီးစစ္မယ္။"
ဟယ့္ေက်ာင္း : ". . . . . ."
ရွဲ႕ယြီ : ". . . . . ."
အေရးႀကီးတာဝန္ေပးအပ္ခံရသည့္ အျခားေက်ာင္းသားမ်ား : ". . . . . ."
ေခြး႐ူးထြက္သြားၿပီးေနာက္မွာေတာ့ လွ်ိဳခၽြိင္ေဟာက္သည္ ဝမ့္သာအားလက္တို႔ကာ တံု႔ဆိုင္းစြာေမးလာခဲ့သည္။
"ငါတို႔က. . . . . . တကယ္ႀကီးေစာင့္ၾကည့္ထားရမွာလား?"
ေခြး႐ူး၏လူကိုအျပစ္ေပးတတ္သည့္နည္းလမ္းမ်ားက အလြန္ပင္ထူးျခားဆန္းၾကယ္ၿပီး တီထြင္ဉာဏ္လည္းလြန္းစြာရွိလွသည္။ အရင္တစ္ေခါက္ကဆို လ်ိဳခၽြိင္ေဟာက္သည္ေက်ာင္းေနာက္က်၍ တစ္ေခါက္နံရံကိုေက်ာ္ကာဝင္လာခဲ့ဖူးသည္ ၊ ဒီနံရံကေက်ာ္ရလြယ္သည္ဟု တျခားေက်ာင္းသားမ်ားထံမွ ၾကားဖူးျခင္းေၾကာင့္ ရဲေဆးတင္ကာေက်ာ္လိုက္ျခင္း ၊ ရလဒ္ကေတာ့ျဖင့္ နံရံ၏တစ္ဖက္တြင္ ေခြး႐ူးမွာ မနက္စာစားလိုက္ ပဲႏို႔ေသာက္လိုက္ျဖင့္ ရပ္လ်က္ရွိေနေခ်သည္။ သူ႔အားအမိဖမ္းကာ နံရံအားအခါ(၂၀)ေက်ာ္ေလာက္အျပန္ျပန္အလွန္လွန္ခုန္ခိုင္းေတာ့သည္။
ဒါေပမယ့္ ဒီတစ္ေခါက္ကေတာ့ သိပ္ကိုဆန္းၾကယ္ပါ၏. . . . . . လက္တြဲထားတာကိုေစာင့္ၾကည့္ရမယ္တဲ့ ၊ ဘယ္လိုသြားေစာင့္ၾကည့္ရမွာလဲ။
လွ်ိဳခၽြိင္ေဟာက္ႏွင့္ယွဥ္လွ်င္ ဝမ့္သာကပိုလို႔ေအးေဆးတည္ၿငိမ္ေန၏ ၊ သူသည္ဣေျႏၵမပ်က္ အဂၤလိပ္စာစာအုပ္အားလွန္ရင္းေျပာလိုက္သည္။
"တကယ္က ငါ့အထင္ေတာ့ ငါတို႔ေစာင့္ၾကည့္ေနစရာမလိုေလာက္ဘူး။"
စာသင္ခန္း၏ ေနာက္ဆံုးတန္း၌။
ရွဲ႕ယြီမွာ ေျခတစ္ဖက္ကသိပ္ၿပီးသံုးလို႔မရေပမယ့္ စစ္ထိုးလာသည့္စြမ္းပကားကေတာ့ လူကိုလန္႔ေစပါ၏။ ေခြး႐ူးထြက္သြားသည္ႏွင့္ အခန္း(3)တစ္ခန္းလံုးခ်က္ခ်င္းပဲ ဆူညံပြက္ေလာ႐ိုက္လာၾကေတာ့သည္ ၊ တခြမ္းခြမ္းတဒိုင္းဒိုင္းျဖင့္ ရွဲ႕ယြီႏွင့္ ဟယ့္ေက်ာင္းတို႔ႏွစ္ေယာက္၏ ထိုင္ခံုမ်ားမွာေအာက္သို႔လဲက်ကုန္သည္ ၊ ျဖတ္သြားျဖတ္လာမ်ားမွာေတာ့ အေၾကာင္းအရင္းမသိသျဖင့္ ဘာေတြဘယ္လိုျဖစ္ပ်က္ေနမွန္း နားမလည္ၾကဘဲရွိသည္။
"ေလာင္ရွဲ႕ ၊ မင္းငါ့ကို႐ိုက္ရတယ္. ."
ဟယ့္ေက်ာင္းသည္ ေရွာင္ရင္းမွေျပာလိုက္၏။
"ဒါေပမယ့္ ငါတို႔ အျခားအတန္းေဖာ္ေတြအေပၚကိုလည္းေတြးေပးရဦးမယ္ေလ ၊ ခဏေနလို႔ေခြး႐ူးကျပန္လာစစ္ရင္ သူတို႔ဒုကၡပိုကုန္ၾကလိမ့္မယ္. . . . . . မင္းငါေျပာတာကိုနားလည္တယ္မလား။"
ရွဲ႕ယြီတစ္ေယာက္ ဘယ္လိုပဲေဒါသေပါက္ကြဲေနပါေစ ဟယ့္ေက်ာင္းကေတာ့တစ္ေလွ်ာက္လံုးပဲ လက္ကိုလႊတ္မေပးေခ်။ ရွဲ႕ယြီမွာ ျဖဳတ္ခ်လည္းျဖဳတ္ခ်မရျဖင့္ စိတ္တိုသည္မွာေခါင္းပင္မူးေနာက္လာရသည္။
"ခ်ီးကိုနားလည္ရမွာလား။"
'ေစာင့္ၾကည့္ဖို႔မလိုဘူး' ဆိုသည့္ဝမ့္သာ၏စကားကိုျဖင့္ အစကလွ်ိဳခၽြိင္ေဟာက္မွာ နားမလည္ဘဲရွိသည္။
ယခုေလ့လာၾကည့္ၾကည့္ေတာ့မွ ေနာက္ဆံုးေတာ့နားလည္သြားခဲ့ရပါသည္။ ထို႔ေနာက္မွာေတာ့ သူသည္ဝမ့္သာ၏ပုခံုးအားပုတ္လိုက္ရင္း ေျပာလိုက္၏။
"မင္းကေတာ့တကယ့္ကိုပါရမီရွင္ပဲကြ. . . . . . မယံုၾကည္ႏိုင္ေလာက္ေအာင္ကို ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္တာပဲ။"
ဝမ့္သာသည္ လက္သီးဆုပ္၍အေလးျပဳဟန္လုပ္ကာ. . .
"မဟုတ္ရပါဘူး မဟုတ္ရပါဘူး ၊ ငါသိေနတာေတြသိပ္မ်ားေနလို႔ပါ။"
ထိုသတ္ပုတ္မႈသည္ကား ဘယ္ေလာက္မွမၾကာလိုက္။
ဟယ့္ေက်ာင္းသည္ ေျခဆာေလးအားေဖးမေပးဖို႔သာ အာရံုရလ်က္ရွိသည္ ၊ မေတာ္ေသခ်ာမရပ္ပါက လဲက်သြားမည္ကိုသာစိုးရိမ္ေနမိသည္။
လူငယ္မွာ အကၤ်ီအပါးတစ္ထည္သာလွ်င္ဝတ္လို႔ထားၿပီး ေက်ာျပင္ကနံရံကိုမွီထားလ်က္ လက္တစ္ဖက္က ရွဲ႕ယြီႏွင့္တြဲလို႔ထားစဲကိုမွ က်န္လက္တစ္ဖက္ကၾက ရွဲ႕ယြီ၏ခါးကိုထိန္းကိုင္ေပးထားရင္း ေခါင္းငံု႔ကာေျပာလာ၏။
"ရၿပီရၿပီ ၊ မင္းမလႈပ္ေတာ့နဲ႔ ၊ ငါမေရွာင္ေတာ့ဘူးေနာ္ ၊ မင္းဘယ္လို႐ိုက္ခ်င္လဲ ႐ိုက္ခ်င္သလိုသာ႐ိုက္။"
ေလသံမွာကား တကယ့္ကိုကေလးပိစိေလးအားေခ်ာ့ျမဴေနသကဲ့သို႔ပင္ရွိလွသည္။
ထို႔ေနာက္မွာေတာ့ ဟယ့္ေက်ာင္းသည္ သူ႔အားဆႏၵရွိသည့္အတိုင္းသာလုပ္ေစၿပီး ဖိခ်ဳပ္ထားခံကာ တစ္ခ်က္အထိုးခံလိုက္ပါသည္။
"အခန္း(2-3)ထဲကိုေခၚသြားေပးပါ့မယ္ ၊ ကၽြန္ေတာ္ကေတာ့ မင္းတို႔ေတြသိပ္သိပ္သိပ္ၿပီးကို ခ်စ္ျမတ္ႏိုးၾကတဲ့ အတန္းေခါင္းေဆာင္ပဲျဖစ္ပါတယ္. ."
လွ်ိဳခၽြိင္ေဟာက္သည္ အာကစားၿပိဳင္ပြဲႏွစ္ရက္လံုးလံုး၌ ဓာတ္ပံု ၊ ဗီဒီယိုေလးေတြမနည္းဘဲ႐ိုက္လ်က္ရွိသည္။ အိမ္ကေနကို ကင္မရာအားအထူးတလည္သယ္လာခဲ့တာျဖစ္ၿပီး အရင္သူ႔ကိုယ္သူတစ္ဝႀကီး႐ိုက္ၿပီးကာမွ ကင္မရာအားအတန္းဘက္ခ်ိန္လိုက္သည္။ ဘယ္ကေနမွညာသို႔ေရြ႕႐ိုက္လာရင္း အဆံုးတြင္ေတာ့ ေနာက္ဆံုးတန္း၏ေထာင့္နား၌တန္႔သြားခဲ့သည္။
". . . . . . ေထာင့္နားကေတာ့ ကၽြန္ေတာ္တို႔ရဲ႕ အစ္ကိုေက်ာင္းပါ ၊ ေန႔စဥ္အတီးခံရတဲ့ထူးခၽြန္မႈရရွိထားပါတယ္။"
လွ်ိဳခၽြိင္ေဟာက္႐ိုက္တာျဖင့္မၾကာေသး ႐ုတ္တရက္ဝမ့္သာမ်က္ႏွာႀကီးကအတင္းတိုးကပ္လာၿပီး ျမင္ကြင္းအျပည့္ေနရာယူေတာ့သည္။
"အားလံုးပဲမဂၤလာပါ. . . . . ."
ဝမ့္သာတစ္ေယာက္ ထိုခုႏွစ္လံုးပဲေျပာရေသးေပမယ့္ လွ်ိဳခၽြိင္ေဟာက္မွာ မသိက်ိဳးကၽြန္ျပဳလ်က္ သူ႔ေခါင္းအားေဘးသို႔တြန္းဖယ္ပစ္သည္။
"မင္းေဘးမွာပဲ ေအးေဆးေနလိုက္။"
ေက်ာင္းဆင္းဖို႔ (၁၀)မိနစ္သာလွ်င္လိုေတာ့သည္။
ဘာသာရပ္ဆရာတိုင္းက တစ္ေခါက္ေရာက္လို႔လာၾကၿပီး အိမ္စာေတြေပးလာၾကသည္။ အိမ္စာေတြမွာ ေက်ာက္သင္ပုန္းတစ္ဝက္နီးနီးေလာက္ကို အျပည့္ပင္ျဖစ္သည္။ အားကစားပြဲေၾကာင့္ ႏွစ္ရက္အတန္းနားထားသည္မွာ ျမင္း႐ိုင္းတစ္ေကာင္ ထြက္ေျပးသြားသကဲ့သို႔ ခပ္ျမန္ျမန္ပင္ ကုန္ဆံုးသြားေလသည္။
"အဲ့ေလာက္ေတာင္မ်ားတယ္။"
"အိပ္စာေတြကလည္း မ်ားလိုက္တာ. . . . . ."
အဂၤလိပ္ဆရာမမွာေရးလို႔ၿပီးသြားသည့္ေနာက္ ေျမျဖဴအားဘူးထဲျပန္ထည့္လိုက္ၿပီး လက္ဝါးျခင္း႐ိုက္ကာေျမျဖဴမႈန္႔မ်ားကိုခါခ်လိုက္သည္။ လက္ေခ်ာင္းထိပ္ကေျမျဖဴမႈန္႔ေတြကိုပါခါလိုခ်ၿပီးေနာက္ ေျပာလာ၏။
"မင္းတို႔ကို ႏိုးၾကားၿပီးေခါင္းၾကည္လာေအာင္လုပ္ေပးတာ ၊ တစ္ေယာက္မက်န္အ႐ူးအမူးမေပ်ာ္ပါးႏိုင္ၾကေတာ့ေအာင္ေပါ့။"
အဂၤလိပ္ဆရာမမွာ အနည္းငယ္မွာၾကားၿပီးေနာက္ ရံုးခန္းျပန္ဖို႔ျပင္ရင္းမွ ႐ုတ္တရက္ေရွ႕ရက္ကလုပ္ခိုင္းထားသည့္ ေမးခြန္းလႊာေတြကို မထပ္ေသးတဲ့သူရွိေသးေၾကာင္း သတိရလိုက္တာႏွင့္ ေျခလွမ္းတို႔ကိုရပ္လိုက္ၿပီး စာသင္ခန္းအေပါက္ဝနား၌ရပ္လ်က္မွ ေမးလိုက္သည္။
"ဟယ့္ေက်ာင္း ၊ မင္းရဲ႕အိမ္စာေရာ?"
ဟယ့္ေက်ာင္းသည္ အသံကိုျမႇင့္၍ေျပာလာပါ၏။
"ကၽြန္ေတာ့္ကို အခ်ိန္နည္းနည္းထပ္ေပးပါဦး။"
'အဲ့ဒါဆိုလည္း မင္းထပ္ကိုမေနနဲ႔ေတာ့' ဟုအဂၤလိပ္ဆရာမမွာေျပာမလို႔ျပင္ခိုက္မွာပင္ မထင္မွတ္ပဲ ဟယ့္ေက်ာင္းႏွင့္ ရွဲ႕ယြီတို႔ႏွစ္ေယာက္ လက္ခ်င္းတြဲထားၾကသည္အား ေတြ႕လိုက္ရသည္။
". . . . . . မင္းတို႔ဘာျဖစ္ေနၾကတာလဲ?"
ရွဲ႕ယြီသည္ မ်က္ႏွာေဘးကဗလာနတၳိျဖင့္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ရင္း ဟယ့္ေက်ာင္းအားစကားမေျပာဖို႔ အခ်က္ျပလိုက္သည္။
အဆံုး၌ လွ်ိဳခၽြိင္ေဟာက္ကသာလွ်င္ ေျပာလို႔လာသည္။
"ဆရာမ ၊ သူတို႔နစ္ေယာက္က လက္ခ်င္းတြဲထားၾကတာပါ ၊ ဌာနမွဴးက်န္းက သူတို႔ကို ေက်ာင္းဆင္းတဲ့အခ်ိန္ထိတြဲခိုင္းထားတာ။"
အဂၤလိပ္ဆရာမက ေမးလို႔လာ၏။
"ဘာလုပ္ဖို႔? တစ္ေယာက္နဲ႔တစ္ေယာက္ သံေယာဇဥ္တြယ္ ခ်စ္ခ်စ္ခင္ခင္ရွိသြားေအာင္လား?"
"ဟုတ္တယ္ ဟုတ္တယ္ ၊ ကၽြန္ေတာ္တို႔တစ္တန္းလံုးကို ခ်စ္ခင္စည္းလံုးခ်င္စိတ္ျဖစ္လာေအာင္ လက္ေတြ႕ျပေပးတာ။"
ဟယ့္ေက်ာင္းမွာ ဒီရန္ျဖစ္လာသည့္အေပၚ ျမန္ျမန္အရႈံးေပးလိုက္ၿပီး ဣေျႏၵသိကၡာမရွိေတာ့ေအာင္ကို ခပ္ျမန္ျမန္အရႈံးေပးလိုက္ေပမယ့္ လက္တြဲဆိုသည့္ျပႆနာအေပၚမွာေတာ့ မေလွ်ာ့တမ္း ေပကာဇြဲေကာင္းလ်က္ရွိသည္ ၊ ဘယ္လိုေျပာေျပာ လက္ကိုလႊတ္မေပးဘဲရွိသည္။
ရွဲ႕ယြီသည္ တကယ္ကိုလက္ေလွ်ာ့ခ်င္လာရသည္။
"ေခြး႐ူးမွမရွိေတာ့တာ။"
"သူကတေစၧလိုပဲ ေပၚခ်င္ေပၚလာ ေပ်ာက္ခ်င္ေပ်ာက္သြားတာေလ. ."
ဟယ့္ေက်ာင္းကေျပာသည္။
"ငါတို႔က အခ်ိန္တိုင္းေသေသခ်ာခ်ာကို ျပင္ဆင္ထားရမွာ။"
". . . . . ."
"ငါအိမ္စာကူးရဦးမယ္။"
တစ္ခဏမွ်ၾကာအၿပီးမွာေတာ့ ရွဲ႕ယြီသည္ လက္ေခ်ာင္းတို႔အားလႈပ္လိုက္ၿပီး ဆင္ေျခရွာလို႔ေျပာလိုက္သည္။
"လႊတ္ေတာ့ ၊ မေန႔ကအိမ္စာေတြ မကူးရေသးဘူး။"
ရွဲ႕ယြီမွာ ဘယ္ဘက္တြင္ထိုင္ေနတာျဖစ္ၿပီး အတြဲခံထားရသည့္လက္က ညာလက္ျဖစ္ရာ သူသည္ဘယ္လက္နဲ႔ေတာ့ စာမေရးႏိုင္ပါ။
သို႔တိုင္ဟယ့္ေက်ာင္းသည္ ကိုယ္တိုင္ကိုယ္က်ပင္ သေဘာတရားတစ္ခုအား ေဖာ္ျပလာပါသည္ - ငရြအစ္ကိုဆိုတာ ဘယ္ေလာက္ေတာင္အရွက္မရွိရြတတ္ေသးလည္း မင္းမသိေသးပါဘူး။
"ငါ မင္းနဲ႔ေနရာလဲမယ္. ."
ဟယ့္ေက်ာင္းက ေျပာလာသည္။
"မင္းက ငါ့ဒီေနရာမွာထိုင္။"
အဆံုး၌ ႏွစ္ဦးသားသည္ တကယ္ႀကီးေနရာလဲလိုက္ၾကသည္။
ရွဲ႕ယြီသည္ ဟယ့္ေက်ာင္းေနရာတြင္ထိုင္ကာ လက္ထဲေဘာပင္ကိုင္လ်က္ ဝမ့္သာ၏သခၤ်ာအိမ္စာအတိုင္း ကူးေရးေနလိုက္သည္။ ပထမတစ္ပုဒ္လံုးကူးေရးၿပီးကာၾကမွ သူသည္မွားလို႔ကူးမိမွန္းသတိထားမိေတာ့သည္။
ဟယ့္ေက်ာင္းကေတာ့ျဖင့္ ေဘးတြင္ထိုင္ေနၿပီး ဘယ္ဘက္လက္ျဖင့္ဖုန္းသံုးေန၏။
ႏွစ္ဦးသား မည္သူမွ်စကားမဆိုျဖစ္ၾက။
သို႔တိုင္ ဝန္းက်င္ေလထုမွာ. . . . . . ဝန္းက်င္ေလထုမွာကား ဘယ္လိုျဖစ္လို႔အေနက်ပ္သလိုျဖင့္ ကသိကေအာက္ျဖစ္ေနသည္မသိပါေခ်။
စာသင္ခန္းတြင္းက ဆူညံေနသံတို႔က တစ္ျဖည္းျဖည္းေဝးကြာသြားသေယာင္ ၊ ရွဲ႕ယြီသည္ သူႏွင့္ဟယ့္ေက်ာင္းတြဲထားၾကသည့္လက္က တစ္ျဖည္းျဖည္းႏွင့္ပူေလာင္လာသလိုလို ခံစားလာရ၏ ၊ ဘယ္သူ႔လက္ဖဝါးကေခၽြးထြက္သည္မသိ ေစးကပ္ကပ္ျဖင့္ရွိလွသည္။
ရွဲ႕ယြီသည္ မွားကူးမိသည့္ပုစၧာအားၾကည့္ရင္းမွ တဒဂၤၾကာစိတ္လြင့္ေနခဲ့ျပီး အဆံုးတြင္ေတာ့အိမ္စာစာအုပ္အား ပိတ္ခ်ပစ္လိုက္ေတာ့သည္။
ဟယ့္ေက်ာင္းသည္လည္း အဆင္ေျပမေနပါ ၊ သူ႔ဖုန္းစခရင္ထက္မွာက ဂိမ္းထဲ၌ျဖစ္ၿပီး ပြဲစလို႔မွ(၁၀)မိနစ္ပင္မျပည့္ေသးေသလို႔သြားေလၿပီ ၊ ထို႔ေနာက္တြင္ေတာ့ Game overျဖစ္ေနသည့္အတိုင္းသာထားလိုက္ရင္း ဘာမွမလုပ္မိေတာ့။
ရွိန္က်ယ္က သူႏွင့္အဖြဲ႕ဖြဲ႕ေဆာ့တာျဖစ္သည့္အတြက္ သူေသသြားတာကိုျမင္သည္ႏွင့္ စာပို႔လာေတာ့သည္ - အစ္ကိုေက်ာင္း မင္းဒီေန႔ဘယ္လိုျဖစ္လို႔ညံ့ေနရတာလဲ? ? မင္းက ဒီရက္စက္လွတဲ့ကမ႓ာႀကီးထဲ ငါ့ကိုတစ္ေယာက္တည္းခ်န္ထားခဲ့တယ္ေပါ့? ဟမ္? ရက္စက္လိုက္တာမင္း။
ဘယ္တုန္းကမွ(၁၀)မိနစ္ဆိုသည္ကို ၾကာလြန္းတယ္ဟုမခံစားစဖူး ၊ သို႔ေပသည့္ ေက်ာင္းဆင္းေခါင္းေလာင္းထိုးလာခ်ိန္မွာေတာ့ ဟယ့္ေက်ာင္းသည္ (၁၀)မိနစ္ကေစာက္ရမ္းတိုလြန္းသည္ဟု ခံစားမိျပန္သည္။
ဟယ့္ေက်ာင္းသည္ ကိုယ့္လက္ဖဝါးကိုယ္ အခ်ိန္အေတာ္ၾကာ ျဖန္႔ကာစိုက္ၾကည့္ေနျပီး ေခါင္းျပန္ေမာ့လာစဥ္တြင္ေတာ့ ထံုေက်ာကနံရံကိုအမွီျပဳရင္း အခန္းအေနာက္ေပါက္သို႔ေလွ်ာက္သြားေနသည္ကိုေတြ႕လိုက္ရသည္။
"မင္းဘယ္သြားမလို႔လဲ?"
ရွဲ႕ယြီက ေျပာလာ၏။
"အိမ္သာ။"
ဟယ့္ေက်ာင္းသည္ 'ငါ'ဟုဆိုမိရရင္း အေဖာ္လိုက္ေပးမယ္ဟုနႈတ္ပင္ဆက္မဟရေသး ရွဲ႕ယြီကျဖတ္ေျပာလာသည္။
"မလိုဘူး။"
ထံုးစံအတိုင္း ေအးတိေအးစက္ရွိလွပါသည္။
ဟယ့္ေက်ာင္းသည္ ထိုင္ခံုထက္ေျခေထာက္တစ္ဖက္တင္ကာထိုင္လိုက္ရင္းမွ ေရာက္တတ္ရာရာေမးလိုက္မိသည္။
"ဒါဆိုမင္းရွဴးေပါက္ဖို႔က အဆင္ေျပရဲ႕လား?"
ရွဲ႕ယြီကလည္း ပါးစပ္ထဲရွိရာျပန္လို႔ေျဖသည္။
"မင္းကကူျပီး ကိုင္တည္ေပးခ်င္တာလား?"
". . . . . ."
ႏွစ္ဦးသားမွာ ေျပာစဥ္တုန္းကသိပ္မစဥ္းစားပဲေျပာမိလိုက္ၾကတာျဖစ္ၿပီး ေျပာလို႔ျပီးကာမွအေၾကာင္းအရာကထူးဆန္းသလိုခံစားလာၾကရသည္။
ဟယ့္ေက်ာင္းသည္ကား ဘယ္အထိေတြးပစ္လိုက္သည္မသိ ၊ ႐ုတ္တရက္လည္ေခ်ာင္းေတြေျခာက္လို႔လာၿပီး သူသည္နႈတ္ကိုဟလ်က္ အေတာ္ၾကာကာမွ ဆိုလာသည္။
"ဒါ. . . . . .ဒါဆိုလည္းမင္းသြားေတာ့ေလ။"
တစ္ခဏမွ်ၾကာၿပီးသြားသည့္ေနာက္မွာေတာ့ ဟယ့္ေက်ာင္းသည္ ဂိမ္းထဲကထြက္လိုက္ၿပီး QQထဲဝင္လိုက္သည္။ ကိုယ့္acc၏ Bio၌ေရးလို႔ထားသည့္ 'အား'ဟူသည့္အတန္းလိုက္ႀကီးကိုeditကာ ေနာက္ကေနထပ္ၿပီး 'အား'ဟုအနည္းငယ္ထပ္ျဖည့္လိုက္ျပန္ပါ၏။
ၿပီးေနာက္ တင္လိုက္သည္။
တင္အၿပီးမွာေတာ့ ဟယ့္ေက်ာင္းသည္friend listရွိရာျပန္ထြက္လာခိုက္ add friendဆိုသည့္ဘက္ျခမ္း၌ အနီစက္ေလးေပၚလို႔ေနရာ ဝင္ျကည့္လိုက္ခ်ိန္တြင္ေတာ့ notiတစ္ခုေပၚေနေလသည္။
--- --- 'မင္းအဘိုးကၽြင့္' sent you a friend request.
ဟယ့္ေက်ာင္း၏လက္ေခ်ာင္းတို႔က ဖုန္းစခရင္ထက္ေထာက္ထားရင္း မလႈပ္မယွက္ျဖစ္သြားခဲ့ပါသည္။
ရွဲ႕ယြီသည္ အိမ္သာသြားၿပီးသည့္ေနာက္ ကန္တင္းသို႔သြား၍ထမင္းစားလိုက္ေသးသည္။ နဂိုကတည္းက ေျခေထာက္ဒဏ္ရာက လမ္းမေလွ်ာက္ႏိုင္သည္အထိမျပင္းထန္ပါ ၊ ေလွ်ာက္လွ်င္အနည္းငယ္တံု႔ေႏွးေနသည္သာရွိၿပီး သူသည္အခ်ိန္တဒဂၤေလာက္ ဟယ့္ေက်ာင္းမ်က္ႏွာႀကီးအားမျမင္ခ်င္ေသာေၾကာင့္လည္းပါသည္။ ျမင္တာႏွင့္ စိတ္ကတိုလာၿပီး ဘယ္နားဘယ္လိုေဒါသထြက္လာသည္မသိ လူကိုဆြဲထိုးပစ္ခ်င္သည္အထိကို စိတ္ကတိုလာတတ္သည္။
ဟယ့္ေက်ာင္းအသက္အႏၲရာယ္ေဘးရွင္းေအာင္ စဥ္းစားေပးသည့္အေနႏွင့္ ရွဲ႕ယြီသည္ေအာက္ထပ္သို႔သာဆင္းလာခဲ့လိုက္ေတာ့သည္။
ျပန္လာသည့္အခ်ိန္မွာေတာ့ ဟယ့္ေက်ာင္း၏ေနရာ၌လူကမရွိေတာ့ေခ်။
"အစ္ကိုေက်ာင္းက ဖုန္းေျပာဖို႔ထြက္သြားတယ္. ."
ဝမ့္သာသည္လည္းျပန္လာတာေစာၿပီး လက္ထဲ၌Fudanက milk teaကိုကိုင္ထားကာ ရွဲ႕ယြီတစ္ေယာက္ ဟယ့္ေက်ာင္းေနရာအား ႏွစ္ႀကိမ္ထက္မနည္း လွမ္းလွမ္းျကည့္ေနသည္ကိုျမင္သည့္အခါ ကူကာရွင္းျပေပးလိုက္ပါသည္။
"သူက မင္းအတြက္စာခ်န္ထားခဲ့တယ္ေျပာတယ္။"
ရွဲ႕ယြီသည္ စားပြဲထက္ရွာၾကည့္လိုက္ရာ တကယ္ပင္စာရြက္တစ္ရြက္ရွိေနၿပီး ဖတ္စာအုပ္ေထာင့္ႏွင့္ဖိလို႔ထား၏။
သူတို႔အတန္းက အစ္ကိုႀကီးရွဲ႕ယြီရဲ႕ "ငါ့ေစာက္လုပ္မဟုတ္ဘူး" ဟုေျပာရင္းႏွင့္ ထိုစာရြက္အားဆြဲလို႔ယူလိုက္ၿပီး အေတာ္ၾကာၾကည့္ေနသည္အား ဝမ့္သာသည္ၾကည့္လို႔ေနလိုက္သည္။
"ဘာေရးထားတာလဲ?"
ဝမ့္သာသည္ အနားတိုးကပ္သြားရင္း ေမးလိုက္သည္။
ရွဲ႕ယြီသည္ ထိုစာရြက္အားခ်လိုက္ၿပီး စိတ္ထဲ၌ဆိုမိရ၏ ၊ ေသာက္ခ်ီးကိုစာခ်န္တာလား မခ်န္ခဲ့တာမွဟုတ္ဦးမယ္။
ဝမ့္သာက အလြန္သိခ်င္ေနသည္ကိုျမင္ေတာ့ ရွဲ႕ယြီသည္ စာရြက္အားေခါက္လိုက္ၿပီး ေျပာလိုက္သည္။
"မသိဘူး ၊ နားမလည္ဘူး။"
ဝမ့္သာ : ". . . . . ."
ရွဲ႕ယြီသည္ မထိန္းႏိုင္သည့္အဆံုး တစ္ခြန္းမွ်ဖဲ့ပစ္လိုက္ပါေသးသည္။
"ဘာႀကီးလဲ။"
မင္းအဘိုးကၽြင့္ဆိုသည္မွာ ေလကၽြင့္၏အြန္လိုင္းနာမည္ျဖစ္ၿပီး လိုင္းသံုးသည့္တစ္ေလွ်က္လံုးသံုးလာခဲ့သည့္ usernameျဖစ္သည္ ၊ ဒီေလာက္ႏွစ္ေတြၾကာေနေပမယ့္လည္း မေျပာင္းမလဲပင္။
အာ့ေလေက်ာင္းထြက္သြားၿပီးေနာက္ ေလကၽြင့္သည္သူ႔အား blockပစ္ခဲ့ျပီး (၃)ႏွစ္လံုးလံုးအဆက္အသြယ္မလုပ္ဘဲရွိသည္။
Friendလက္ခံၿပီးသြားသည့္ေနာက္ ေလကၽြင့္ထံမွစာတစ္ေၾကာင္းပို႔လို႔လာသည္ - မင္းဖုန္းနံပါတ္ကဘယ္ေလာက္လဲ?
ထို႔ေနာက္တြင္မူကား ဖုန္းတစ္ေကာဝင္၍လာသည္။
"ငါ မင္းတို႔ေက်ာင္းအေနာက္ေပါက္မွာ ၊ ပ်က္စီးေနတဲ့ေနရာဘက္. ."
ေလကၽြင့္မွာ ေဆးလိပ္ေသာက္ေနပံုရ၏ ၊ အသက္ရွဴသံကျပင္းကာ ေလသံကလည္းခက္ထန္လ်က္ရွိသည္။
"မင္းထြက္လာခဲ့။"
အမွတ္(၂)၌ အေနာက္ေပါက္ႏွစ္ေပါက္ရွိ၏ ၊ တစ္ေပါက္မွာကား တစ္ႏွစ္ပတ္လံုးပိတ္လို႔ထားၿပီး ေတာထကာ လူသူကင္းမဲ့လ်က္ျဖင့္ သံပန္းတံခါးႀကီးမွာလည္း သံေခ်းေတြတက္လို႔ေနသည္။
ပ်က္စီးေနတဲ့ဘက္ဟုဆိုခဲ့ျခင္းေၾကာင့္ အဲ့ေနရာပင္ျဖစ္ေလာက္သည္။
ေလကၽြင့္က တစ္ေယာက္တည္းေရာက္လာျခင္းျဖစ္သည္။
သူသည္အေနာက္ေပါက္ဝ၌ ေဆာင့္ေၾကာင့္ထိုင္ေနေလၿပီး ဟယ့္ေက်ာင္းလာေနသည္အားျမင္သည္ႏွင့္ စီးကရက္အားေျမျပင္ထက္ဖိခ်ကာ ႏွစ္ခ်က္ခန္႔ဖိ၍မီးၿငိမ္းလိုက္၏။
ဟယ့္ေက်ာင္းသည္ အနားတိုးကပ္သြားလိုက္ၿပီးေနာက္ ေမးလိုက္သည္။
"ဘာလို႔ဒီေနရာကိုခ်ိန္းတာလဲ?"
ဝင္လာလို႔လည္းမရ ၊ ထြက္ခ်င္လည္းမရႏွင့္ ရန္ျဖစ္လို႔လည္းအဆင္ေျပမေနသည့္ေနရာ။
ေလကၽြင့္သည္ကား ေျမျပင္ထက္ေဆာင့္ေၾကာင့္ထိုင္ေနစဲျဖစ္ၿပီး သူ၏မ်က္ဝန္းတို႔ကရဲလို႔ေနကာ သံပန္းတံခါးျခားလ်က္မွ သူ႔ကိုလွမ္းၾကည့္လာၿပီး ေျပာသည္။
"မင္းကို ရန္ျဖစ္ဖို႔လာရွာတာမဟုတ္ဘူး။ ဟယ့္ေက်ာင္း ၊ ငါ မင္းကိုေမးခြန္းႏွစ္ခုေမးၿပီးရင္ျပန္မွာ။"
ထို႔ေနာက္ ေလကၽြင့္သည္ ပထမဆံုးေမးခြန္းကိုေမးလာ၏။
"မင္းကဘာျဖစ္လို႔ အမွတ္(၂)ကိုလာရတာလဲ?"
ဟယ့္ေက်ာင္း၏ကိုယ္ကေတာင့္ခနဲျဖစ္လို႔သြားၿပီး အေတာ္ၾကာသည္အထိစကားမဆိုေခ်။
ေလကၽြင့္သည္ေခါင္းကိုငံု႔၍ ဆံပင္ေတြၾကားထဲလက္နဲ႔ထိုးဖြရင္း စီးကရက္အားထပ္မံဖိေခ်ပစ္သည္ ၊ ေလကၽြင့္သည္ ဆက္လို႔ေမးလာ၏။
"မင္းကဒီႏွစ္. . . . . . အထက္တန္းဒုတိယႏွစ္?"
ဒီတစ္ေခါက္တြင္ေတာ့ ဟယ့္ေက်ာင္းက နႈတ္ဆိတ္မေနေတာ့ပါ ၊ သူသည္ "အင္း"ဟုျပန္၍ေျဖလိုက္ပါသည္။
UNICODE
အခန်း(၄၄)
လက်ကလေးကိုတွဲ
ဟယ့်ကျောင်းပြောအပြီးမှာတော့ တစ်ခန်းလုံးအသံတစိုးတစိမျှထွက်မလာတော့ချေ။
ခွေးရူးမှာ စာသင်လာခဲ့သည့်ဆယ်စုနှစ်ကျော်အတွင်း ဒီလိုကျောင်းသားမျိုးအားမကြုံတွေ့ခဲ့စဖူး ၊ ထိုနှစ်ယောက်မှာ လက်ချင်းတွဲထားတာအပြင်ကို အလွန်လည်းမသင်္ကာစရာကောင်းနေပေမယ့် တဒင်္ဂအတွင်းဟယ့်ကျောင်းလုပ်ရပ်ကြောင့် မျက်စိမှောက်သွားခဲ့ရာ ခုံစောင်းအတွင်းရှာကြည့်ဖို့ရာ သတိမထားမိတော့ပဲရှိသည်။
". . . . . . မင်းတို့ ၊ ကောင်းပြီ ၊ သိပ်ကောင်းတယ် ၊ လက်တွဲထားကြတာပေါ့လေ။"
ဟယ့်ကျောင်းက နှုတ်ခမ်းတို့လှုပ်လာ၏ ၊ ထပ်ပြီးရွလွန်းတဲ့စကားတွေထွက်လာဦးမည့်ပုံ။
ရှဲ့ယွီသည် ခွေးရူးသတိမထားမိခင် ချက်ချင်းဟယ့်ကျောင်းခြေထောက်ပေါ်တစ်ချက်ဆောင့်နင်းချပစ်လိုက်သည်။ ရှဲ့ယွီ၏ထိုတစ်ချက်မှာ မငဲ့ညှာပါဘဲနင်းချခြင်းဖြစ်ရာ ဟယ့်ကျောင်းမှာထိုနင်းချက်ကြောင့် မရည်ရွယ်ပါဘဲရှဲ့ယွီ၏လက်အား ပိုလို့ဖိဆုပ်ကိုင်လိုက်မိပြီး နာနာကျင်ကျင်ဆိုလာတော့သည်။
"ခြေဆာလေး ၊ အဲ့လောက်ရက်စက်ရလား?"
ရှဲ့ယွီက တီးတိုးပြောလိုက်သည်။
"ငါ့စောက်ခြေထောက်သာ မခိုက်မိထားဘူးဆိုရင် မင်းဒီနေရာမှာတောင်ရှိတော့မှာမဟုတ်ဘူး။"
ခွေးရူးမှာ သူတို့ဘာပြောနေမှန်းသေချာမကြား ၊ သူမြင်သည်မှာတော့ ထိုကျောင်းသားနှစ်ယောက်၏တွဲထားကြသည့်လက်တို့က မလွှတ်ဘဲရှိပြီး ပိုတောင်တင်းတင်းဆုပ်ကိုင်လိုက်ကြသေးသည်ဆိုတာကိုပင်။
သူ့ရှေ့တမင်လုပ်ပြနေသည့်အလား။
သူ့ရဲ့ ဌာနမှူးဆိုသည့် ဂုဏ်သိက္ခာကိုမထီမဲ့မြင်ပြုလိုက်တာပဲဟု ခံစာမိရသည်။
"မင်းတို့က အဲ့လောက်တွဲရတာကြိုက်မှတော့လည်း တွဲသာထားကြ ၊ ကျောင်းဆင်းတဲ့အချိန်ထိတွဲထားကြစမ်း!"
ခွေးရူးမှာ ရင်ဘက်ကနိမ့်ချည်မြင့်ချည်ဖြင့် ထိုနှစ်ယောက်ကြောင့် ဒေါသအလွန်ထွက်နေတော့သည် ၊ မိမိဂုဏ်သိက္ခာကိုပြန်အဖက်ဆယ်ဖို့ဆုံးဖြတ်လိုက်ပြီး ပြောအပြီးနောက်၌ ကျန်တဲ့ကျောင်းသားများဘက်လှည့်လို့ဆိုသည်။
"မင်းတို့ကောင်းကောင်းစောင့်ကြည့်ထားကြ ၊ ကျောင်းဆင်းခေါင်းလောင်းမထိုးသေးသ၍ သူတို့နှစ်ယောက်ကိုလက်တွဲမဖြုတ်ပေ့ပါစေနဲ့ ၊ ငါခဏနေပြန်လာပြီးစစ်မယ်။"
ဟယ့်ကျောင်း : ". . . . . ."
ရှဲ့ယွီ : ". . . . . ."
အရေးကြီးတာဝန်ပေးအပ်ခံရသည့် အခြားကျောင်းသားများ : ". . . . . ."
ခွေးရူးထွက်သွားပြီးနောက်မှာတော့ လျှိုချွိင်ဟောက်သည် ဝမ့်သာအားလက်တို့ကာ တုံ့ဆိုင်းစွာမေးလာခဲ့သည်။
"ငါတို့က. . . . . . တကယ်ကြီးစောင့်ကြည့်ထားရမှာလား?"
ခွေးရူး၏လူကိုအပြစ်ပေးတတ်သည့်နည်းလမ်းများက အလွန်ပင်ထူးခြားဆန်းကြယ်ပြီး တီထွင်ဉာဏ်လည်းလွန်းစွာရှိလှသည်။ အရင်တစ်ခေါက်ကဆို လျိုချွိင်ဟောက်သည်ကျောင်းနောက်ကျ၍ တစ်ခေါက်နံရံကိုကျော်ကာဝင်လာခဲ့ဖူးသည် ၊ ဒီနံရံကကျော်ရလွယ်သည်ဟု တခြားကျောင်းသားများထံမှ ကြားဖူးခြင်းကြောင့် ရဲဆေးတင်ကာကျော်လိုက်ခြင်း ၊ ရလဒ်ကတော့ဖြင့် နံရံ၏တစ်ဖက်တွင် ခွေးရူးမှာ မနက်စာစားလိုက် ပဲနို့သောက်လိုက်ဖြင့် ရပ်လျက်ရှိနေချေသည်။ သူ့အားအမိဖမ်းကာ နံရံအားအခါ(၂၀)ကျော်လောက်အပြန်ပြန်အလှန်လှန်ခုန်ခိုင်းတော့သည်။
ဒါပေမယ့် ဒီတစ်ခေါက်ကတော့ သိပ်ကိုဆန်းကြယ်ပါ၏. . . . . . လက်တွဲထားတာကိုစောင့်ကြည့်ရမယ်တဲ့ ၊ ဘယ်လိုသွားစောင့်ကြည့်ရမှာလဲ။
လျှိုချွိင်ဟောက်နှင့်ယှဉ်လျှင် ဝမ့်သာကပိုလို့အေးဆေးတည်ငြိမ်နေ၏ ၊ သူသည်ဣန္ဒြေမပျက် အင်္ဂလိပ်စာစာအုပ်အားလှန်ရင်းပြောလိုက်သည်။
"တကယ်က ငါ့အထင်တော့ ငါတို့စောင့်ကြည့်နေစရာမလိုလောက်ဘူး။"
စာသင်ခန်း၏ နောက်ဆုံးတန်း၌။
ရှဲ့ယွီမှာ ခြေတစ်ဖက်ကသိပ်ပြီးသုံးလို့မရပေမယ့် စစ်ထိုးလာသည့်စွမ်းပကားကတော့ လူကိုလန့်စေပါ၏။ ခွေးရူးထွက်သွားသည်နှင့် အခန်း(3)တစ်ခန်းလုံးချက်ချင်းပဲ ဆူညံပွက်လောရိုက်လာကြတော့သည် ၊ တခွမ်းခွမ်းတဒိုင်းဒိုင်းဖြင့် ရှဲ့ယွီနှင့် ဟယ့်ကျောင်းတို့နှစ်ယောက်၏ ထိုင်ခုံများမှာအောက်သို့လဲကျကုန်သည် ၊ ဖြတ်သွားဖြတ်လာများမှာတော့ အကြောင်းအရင်းမသိသဖြင့် ဘာတွေဘယ်လိုဖြစ်ပျက်နေမှန်း နားမလည်ကြဘဲရှိသည်။
"လောင်ရှဲ့ ၊ မင်းငါ့ကိုရိုက်ရတယ်. ."
ဟယ့်ကျောင်းသည် ရှောင်ရင်းမှပြောလိုက်၏။
"ဒါပေမယ့် ငါတို့ အခြားအတန်းဖော်တွေအပေါ်ကိုလည်းတွေးပေးရဦးမယ်လေ ၊ ခဏနေလို့ခွေးရူးကပြန်လာစစ်ရင် သူတို့ဒုက္ခပိုကုန်ကြလိမ့်မယ်. . . . . . မင်းငါပြောတာကိုနားလည်တယ်မလား။"
ရှဲ့ယွီတစ်ယောက် ဘယ်လိုပဲဒေါသပေါက်ကွဲနေပါစေ ဟယ့်ကျောင်းကတော့တစ်လျှောက်လုံးပဲ လက်ကိုလွှတ်မပေးချေ။ ရှဲ့ယွီမှာ ဖြုတ်ချလည်းဖြုတ်ချမရဖြင့် စိတ်တိုသည်မှာခေါင်းပင်မူးနောက်လာရသည်။
"ချီးကိုနားလည်ရမှာလား။"
'စောင့်ကြည့်ဖို့မလိုဘူး' ဆိုသည့်ဝမ့်သာ၏စကားကိုဖြင့် အစကလျှိုချွိင်ဟောက်မှာ နားမလည်ဘဲရှိသည်။
ယခုလေ့လာကြည့်ကြည့်တော့မှ နောက်ဆုံးတော့နားလည်သွားခဲ့ရပါသည်။ ထို့နောက်မှာတော့ သူသည်ဝမ့်သာ၏ပုခုံးအားပုတ်လိုက်ရင်း ပြောလိုက်၏။
"မင်းကတော့တကယ့်ကိုပါရမီရှင်ပဲကွ. . . . . . မယုံကြည်နိုင်လောက်အောင်ကို ကြိုတင်ဟောကိန်းထုတ်နိုင်တာပဲ။"
ဝမ့်သာသည် လက်သီးဆုပ်၍အလေးပြုဟန်လုပ်ကာ. . .
"မဟုတ်ရပါဘူး မဟုတ်ရပါဘူး ၊ ငါသိနေတာတွေသိပ်များနေလို့ပါ။"
ထိုသတ်ပုတ်မှုသည်ကား ဘယ်လောက်မှမကြာလိုက်။
ဟယ့်ကျောင်းသည် ခြေဆာလေးအားဖေးမပေးဖို့သာ အာရုံရလျက်ရှိသည် ၊ မတော်သေချာမရပ်ပါက လဲကျသွားမည်ကိုသာစိုးရိမ်နေမိသည်။
လူငယ်မှာ အင်္ကျီအပါးတစ်ထည်သာလျှင်ဝတ်လို့ထားပြီး ကျောပြင်ကနံရံကိုမှီထားလျက် လက်တစ်ဖက်က ရှဲ့ယွီနှင့်တွဲလို့ထားစဲကိုမှ ကျန်လက်တစ်ဖက်ကကြ ရှဲ့ယွီ၏ခါးကိုထိန်းကိုင်ပေးထားရင်း ခေါင်းငုံ့ကာပြောလာ၏။
"ရပြီရပြီ ၊ မင်းမလှုပ်တော့နဲ့ ၊ ငါမရှောင်တော့ဘူးနော် ၊ မင်းဘယ်လိုရိုက်ချင်လဲ ရိုက်ချင်သလိုသာရိုက်။"
လေသံမှာကား တကယ့်ကိုကလေးပိစိလေးအားချော့မြူနေသကဲ့သို့ပင်ရှိလှသည်။
ထို့နောက်မှာတော့ ဟယ့်ကျောင်းသည် သူ့အားဆန္ဒရှိသည့်အတိုင်းသာလုပ်စေပြီး ဖိချုပ်ထားခံကာ တစ်ချက်အထိုးခံလိုက်ပါသည်။
"အခန်း(2-3)ထဲကိုခေါ်သွားပေးပါ့မယ် ၊ ကျွန်တော်ကတော့ မင်းတို့တွေသိပ်သိပ်သိပ်ပြီးကို ချစ်မြတ်နိုးကြတဲ့ အတန်းခေါင်းဆောင်ပဲဖြစ်ပါတယ်. ."
လျှိုချွိင်ဟောက်သည် အာကစားပြိုင်ပွဲနှစ်ရက်လုံးလုံး၌ ဓာတ်ပုံ ၊ ဗီဒီယိုလေးတွေမနည်းဘဲရိုက်လျက်ရှိသည်။ အိမ်ကနေကို ကင်မရာအားအထူးတလည်သယ်လာခဲ့တာဖြစ်ပြီး အရင်သူ့ကိုယ်သူတစ်ဝကြီးရိုက်ပြီးကာမှ ကင်မရာအားအတန်းဘက်ချိန်လိုက်သည်။ ဘယ်ကနေမှညာသို့ရွေ့ရိုက်လာရင်း အဆုံးတွင်တော့ နောက်ဆုံးတန်း၏ထောင့်နား၌တန့်သွားခဲ့သည်။
". . . . . . ထောင့်နားကတော့ ကျွန်တော်တို့ရဲ့ အစ်ကိုကျောင်းပါ ၊ နေ့စဉ်အတီးခံရတဲ့ထူးချွန်မှုရရှိထားပါတယ်။"
လျှိုချွိင်ဟောက်ရိုက်တာဖြင့်မကြာသေး ရုတ်တရက်ဝမ့်သာမျက်နှာကြီးကအတင်းတိုးကပ်လာပြီး မြင်ကွင်းအပြည့်နေရာယူတော့သည်။
"အားလုံးပဲမင်္ဂလာပါ. . . . . ."
ဝမ့်သာတစ်ယောက် ထိုခုနှစ်လုံးပဲပြောရသေးပေမယ့် လျှိုချွိင်ဟောက်မှာ မသိကျိုးကျွန်ပြုလျက် သူ့ခေါင်းအားဘေးသို့တွန်းဖယ်ပစ်သည်။
"မင်းဘေးမှာပဲ အေးဆေးနေလိုက်။"
ကျောင်းဆင်းဖို့ (၁၀)မိနစ်သာလျှင်လိုတော့သည်။
ဘာသာရပ်ဆရာတိုင်းက တစ်ခေါက်ရောက်လို့လာကြပြီး အိမ်စာတွေပေးလာကြသည်။ အိမ်စာတွေမှာ ကျောက်သင်ပုန်းတစ်ဝက်နီးနီးလောက်ကို အပြည့်ပင်ဖြစ်သည်။ အားကစားပွဲကြောင့် နှစ်ရက်အတန်းနားထားသည်မှာ မြင်းရိုင်းတစ်ကောင် ထွက်ပြေးသွားသကဲ့သို့ ခပ်မြန်မြန်ပင် ကုန်ဆုံးသွားလေသည်။
"အဲ့လောက်တောင်များတယ်။"
"အိပ်စာတွေကလည်း များလိုက်တာ. . . . . ."
အင်္ဂလိပ်ဆရာမမှာရေးလို့ပြီးသွားသည့်နောက် မြေဖြူအားဘူးထဲပြန်ထည့်လိုက်ပြီး လက်ဝါးခြင်းရိုက်ကာမြေဖြူမှုန့်များကိုခါချလိုက်သည်။ လက်ချောင်းထိပ်ကမြေဖြူမှုန့်တွေကိုပါခါလိုချပြီးနောက် ပြောလာ၏။
"မင်းတို့ကို နိုးကြားပြီးခေါင်းကြည်လာအောင်လုပ်ပေးတာ ၊ တစ်ယောက်မကျန်အရူးအမူးမပျော်ပါးနိုင်ကြတော့အောင်ပေါ့။"
အင်္ဂလိပ်ဆရာမမှာ အနည်းငယ်မှာကြားပြီးနောက် ရုံးခန်းပြန်ဖို့ပြင်ရင်းမှ ရုတ်တရက်ရှေ့ရက်ကလုပ်ခိုင်းထားသည့် မေးခွန်းလွှာတွေကို မထပ်သေးတဲ့သူရှိသေးကြောင်း သတိရလိုက်တာနှင့် ခြေလှမ်းတို့ကိုရပ်လိုက်ပြီး စာသင်ခန်းအပေါက်ဝနား၌ရပ်လျက်မှ မေးလိုက်သည်။
"ဟယ့်ကျောင်း ၊ မင်းရဲ့အိမ်စာရော?"
ဟယ့်ကျောင်းသည် အသံကိုမြှင့်၍ပြောလာပါ၏။
"ကျွန်တော့်ကို အချိန်နည်းနည်းထပ်ပေးပါဦး။"
'အဲ့ဒါဆိုလည်း မင်းထပ်ကိုမနေနဲ့တော့' ဟုအင်္ဂလိပ်ဆရာမမှာပြောမလို့ပြင်ခိုက်မှာပင် မထင်မှတ်ပဲ ဟယ့်ကျောင်းနှင့် ရှဲ့ယွီတို့နှစ်ယောက် လက်ချင်းတွဲထားကြသည်အား တွေ့လိုက်ရသည်။
". . . . . . မင်းတို့ဘာဖြစ်နေကြတာလဲ?"
ရှဲ့ယွီသည် မျက်နှာဘေးကဗလာနတ္ထိဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ရင်း ဟယ့်ကျောင်းအားစကားမပြောဖို့ အချက်ပြလိုက်သည်။
အဆုံး၌ လျှိုချွိင်ဟောက်ကသာလျှင် ပြောလို့လာသည်။
"ဆရာမ ၊ သူတို့နစ်ယောက်က လက်ချင်းတွဲထားကြတာပါ ၊ ဌာနမှူးကျန်းက သူတို့ကို ကျောင်းဆင်းတဲ့အချိန်ထိတွဲခိုင်းထားတာ။"
အင်္ဂလိပ်ဆရာမက မေးလို့လာ၏။
"ဘာလုပ်ဖို့? တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ် ချစ်ချစ်ခင်ခင်ရှိသွားအောင်လား?"
"ဟုတ်တယ် ဟုတ်တယ် ၊ ကျွန်တော်တို့တစ်တန်းလုံးကို ချစ်ခင်စည်းလုံးချင်စိတ်ဖြစ်လာအောင် လက်တွေ့ပြပေးတာ။"
ဟယ့်ကျောင်းမှာ ဒီရန်ဖြစ်လာသည့်အပေါ် မြန်မြန်အရှုံးပေးလိုက်ပြီး ဣန္ဒြေသိက္ခာမရှိတော့အောင်ကို ခပ်မြန်မြန်အရှုံးပေးလိုက်ပေမယ့် လက်တွဲဆိုသည့်ပြဿနာအပေါ်မှာတော့ မလျှော့တမ်း ပေကာဇွဲကောင်းလျက်ရှိသည် ၊ ဘယ်လိုပြောပြော လက်ကိုလွှတ်မပေးဘဲရှိသည်။
ရှဲ့ယွီသည် တကယ်ကိုလက်လျှော့ချင်လာရသည်။
"ခွေးရူးမှမရှိတော့တာ။"
"သူကတစ္ဆေလိုပဲ ပေါ်ချင်ပေါ်လာ ပျောက်ချင်ပျောက်သွားတာလေ. ."
ဟယ့်ကျောင်းကပြောသည်။
"ငါတို့က အချိန်တိုင်းသေသေချာချာကို ပြင်ဆင်ထားရမှာ။"
". . . . . ."
"ငါအိမ်စာကူးရဦးမယ်။"
တစ်ခဏမျှကြာအပြီးမှာတော့ ရှဲ့ယွီသည် လက်ချောင်းတို့အားလှုပ်လိုက်ပြီး ဆင်ခြေရှာလို့ပြောလိုက်သည်။
"လွှတ်တော့ ၊ မနေ့ကအိမ်စာတွေ မကူးရသေးဘူး။"
ရှဲ့ယွီမှာ ဘယ်ဘက်တွင်ထိုင်နေတာဖြစ်ပြီး အတွဲခံထားရသည့်လက်က ညာလက်ဖြစ်ရာ သူသည်ဘယ်လက်နဲ့တော့ စာမရေးနိုင်ပါ။
သို့တိုင်ဟယ့်ကျောင်းသည် ကိုယ်တိုင်ကိုယ်ကျပင် သဘောတရားတစ်ခုအား ဖော်ပြလာပါသည် - ငရွအစ်ကိုဆိုတာ ဘယ်လောက်တောင်အရှက်မရှိရွတတ်သေးလည်း မင်းမသိသေးပါဘူး။
"ငါ မင်းနဲ့နေရာလဲမယ်. ."
ဟယ့်ကျောင်းက ပြောလာသည်။
"မင်းက ငါ့ဒီနေရာမှာထိုင်။"
အဆုံး၌ နှစ်ဦးသားသည် တကယ်ကြီးနေရာလဲလိုက်ကြသည်။
ရှဲ့ယွီသည် ဟယ့်ကျောင်းနေရာတွင်ထိုင်ကာ လက်ထဲဘောပင်ကိုင်လျက် ဝမ့်သာ၏သင်္ချာအိမ်စာအတိုင်း ကူးရေးနေလိုက်သည်။ ပထမတစ်ပုဒ်လုံးကူးရေးပြီးကာကြမှ သူသည်မှားလို့ကူးမိမှန်းသတိထားမိတော့သည်။
ဟယ့်ကျောင်းကတော့ဖြင့် ဘေးတွင်ထိုင်နေပြီး ဘယ်ဘက်လက်ဖြင့်ဖုန်းသုံးနေ၏။
နှစ်ဦးသား မည်သူမျှစကားမဆိုဖြစ်ကြ။
သို့တိုင် ဝန်းကျင်လေထုမှာ. . . . . . ဝန်းကျင်လေထုမှာကား ဘယ်လိုဖြစ်လို့အနေကျပ်သလိုဖြင့် ကသိကအောက်ဖြစ်နေသည်မသိပါချေ။
စာသင်ခန်းတွင်းက ဆူညံနေသံတို့က တစ်ဖြည်းဖြည်းဝေးကွာသွားသယောင် ၊ ရှဲ့ယွီသည် သူနှင့်ဟယ့်ကျောင်းတွဲထားကြသည့်လက်က တစ်ဖြည်းဖြည်းနှင့်ပူလောင်လာသလိုလို ခံစားလာရ၏ ၊ ဘယ်သူ့လက်ဖဝါးကချွေးထွက်သည်မသိ စေးကပ်ကပ်ဖြင့်ရှိလှသည်။
ရှဲ့ယွီသည် မှားကူးမိသည့်ပုစ္ဆာအားကြည့်ရင်းမှ တဒင်္ဂကြာစိတ်လွင့်နေခဲ့ပြီး အဆုံးတွင်တော့အိမ်စာစာအုပ်အား ပိတ်ချပစ်လိုက်တော့သည်။
ဟယ့်ကျောင်းသည်လည်း အဆင်ပြေမနေပါ ၊ သူ့ဖုန်းစခရင်ထက်မှာက ဂိမ်းထဲ၌ဖြစ်ပြီး ပွဲစလို့မှ(၁၀)မိနစ်ပင်မပြည့်သေးသေလို့သွားလေပြီ ၊ ထို့နောက်တွင်တော့ Game overဖြစ်နေသည့်အတိုင်းသာထားလိုက်ရင်း ဘာမှမလုပ်မိတော့။
ရှိန်ကျယ်က သူနှင့်အဖွဲ့ဖွဲ့ဆော့တာဖြစ်သည့်အတွက် သူသေသွားတာကိုမြင်သည်နှင့် စာပို့လာတော့သည် - အစ်ကိုကျောင်း မင်းဒီနေ့ဘယ်လိုဖြစ်လို့ညံ့နေရတာလဲ? ? မင်းက ဒီရက်စက်လှတဲ့ကမ႓ာကြီးထဲ ငါ့ကိုတစ်ယောက်တည်းချန်ထားခဲ့တယ်ပေါ့? ဟမ်? ရက်စက်လိုက်တာမင်း။
ဘယ်တုန်းကမှ(၁၀)မိနစ်ဆိုသည်ကို ကြာလွန်းတယ်ဟုမခံစားစဖူး ၊ သို့ပေသည့် ကျောင်းဆင်းခေါင်းလောင်းထိုးလာချိန်မှာတော့ ဟယ့်ကျောင်းသည် (၁၀)မိနစ်ကစောက်ရမ်းတိုလွန်းသည်ဟု ခံစားမိပြန်သည်။
ဟယ့်ကျောင်းသည် ကိုယ့်လက်ဖဝါးကိုယ် အချိန်အတော်ကြာ ဖြန့်ကာစိုက်ကြည့်နေပြီး ခေါင်းပြန်မော့လာစဉ်တွင်တော့ ထုံကျောကနံရံကိုအမှီပြုရင်း အခန်းအနောက်ပေါက်သို့လျှောက်သွားနေသည်ကိုတွေ့လိုက်ရသည်။
"မင်းဘယ်သွားမလို့လဲ?"
ရှဲ့ယွီက ပြောလာ၏။
"အိမ်သာ။"
ဟယ့်ကျောင်းသည် 'ငါ'ဟုဆိုမိရရင်း အဖော်လိုက်ပေးမယ်ဟုနှုတ်ပင်ဆက်မဟရသေး ရှဲ့ယွီကဖြတ်ပြောလာသည်။
"မလိုဘူး။"
ထုံးစံအတိုင်း အေးတိအေးစက်ရှိလှပါသည်။
ဟယ့်ကျောင်းသည် ထိုင်ခုံထက်ခြေထောက်တစ်ဖက်တင်ကာထိုင်လိုက်ရင်းမှ ရောက်တတ်ရာရာမေးလိုက်မိသည်။
"ဒါဆိုမင်းရှူးပေါက်ဖို့က အဆင်ပြေရဲ့လား?"
ရှဲ့ယွီကလည်း ပါးစပ်ထဲရှိရာပြန်လို့ဖြေသည်။
"မင်းကကူပြီး ကိုင်တည်ပေးချင်တာလား?"
". . . . . ."
နှစ်ဦးသားမှာ ပြောစဉ်တုန်းကသိပ်မစဉ်းစားပဲပြောမိလိုက်ကြတာဖြစ်ပြီး ပြောလို့ပြီးကာမှအကြောင်းအရာကထူးဆန်းသလိုခံစားလာကြရသည်။
ဟယ့်ကျောင်းသည်ကား ဘယ်အထိတွေးပစ်လိုက်သည်မသိ ၊ ရုတ်တရက်လည်ချောင်းတွေခြောက်လို့လာပြီး သူသည်နှုတ်ကိုဟလျက် အတော်ကြာကာမှ ဆိုလာသည်။
"ဒါ. . . . . .ဒါဆိုလည်းမင်းသွားတော့လေ။"
တစ်ခဏမျှကြာပြီးသွားသည့်နောက်မှာတော့ ဟယ့်ကျောင်းသည် ဂိမ်းထဲကထွက်လိုက်ပြီး QQထဲဝင်လိုက်သည်။ ကိုယ့်acc၏ Bio၌ရေးလို့ထားသည့် 'အား'ဟူသည့်အတန်းလိုက်ကြီးကိုeditကာ နောက်ကနေထပ်ပြီး 'အား'ဟုအနည်းငယ်ထပ်ဖြည့်လိုက်ပြန်ပါ၏။
ပြီးနောက် တင်လိုက်သည်။
တင်အပြီးမှာတော့ ဟယ့်ကျောင်းသည်friend listရှိရာပြန်ထွက်လာခိုက် add friendဆိုသည့်ဘက်ခြမ်း၌ အနီစက်လေးပေါ်လို့နေရာ ဝင်ကြည့်လိုက်ချိန်တွင်တော့ notiတစ်ခုပေါ်နေလေသည်။
--- --- 'မင်းအဘိုးကျွင့်' sent you a friend request.
ဟယ့်ကျောင်း၏လက်ချောင်းတို့က ဖုန်းစခရင်ထက်ထောက်ထားရင်း မလှုပ်မယှက်ဖြစ်သွားခဲ့ပါသည်။
ရှဲ့ယွီသည် အိမ်သာသွားပြီးသည့်နောက် ကန်တင်းသို့သွား၍ထမင်းစားလိုက်သေးသည်။ နဂိုကတည်းက ခြေထောက်ဒဏ်ရာက လမ်းမလျှောက်နိုင်သည်အထိမပြင်းထန်ပါ ၊ လျှောက်လျှင်အနည်းငယ်တုံ့နှေးနေသည်သာရှိပြီး သူသည်အချိန်တဒင်္ဂလောက် ဟယ့်ကျောင်းမျက်နှာကြီးအားမမြင်ချင်သောကြောင့်လည်းပါသည်။ မြင်တာနှင့် စိတ်ကတိုလာပြီး ဘယ်နားဘယ်လိုဒေါသထွက်လာသည်မသိ လူကိုဆွဲထိုးပစ်ချင်သည်အထိကို စိတ်ကတိုလာတတ်သည်။
ဟယ့်ကျောင်းအသက်အန္တရာယ်ဘေးရှင်းအောင် စဉ်းစားပေးသည့်အနေနှင့် ရှဲ့ယွီသည်အောက်ထပ်သို့သာဆင်းလာခဲ့လိုက်တော့သည်။
ပြန်လာသည့်အချိန်မှာတော့ ဟယ့်ကျောင်း၏နေရာ၌လူကမရှိတော့ချေ။
"အစ်ကိုကျောင်းက ဖုန်းပြောဖို့ထွက်သွားတယ်. ."
ဝမ့်သာသည်လည်းပြန်လာတာစောပြီး လက်ထဲ၌Fudanက milk teaကိုကိုင်ထားကာ ရှဲ့ယွီတစ်ယောက် ဟယ့်ကျောင်းနေရာအား နှစ်ကြိမ်ထက်မနည်း လှမ်းလှမ်းကြည့်နေသည်ကိုမြင်သည့်အခါ ကူကာရှင်းပြပေးလိုက်ပါသည်။
"သူက မင်းအတွက်စာချန်ထားခဲ့တယ်ပြောတယ်။"
ရှဲ့ယွီသည် စားပွဲထက်ရှာကြည့်လိုက်ရာ တကယ်ပင်စာရွက်တစ်ရွက်ရှိနေပြီး ဖတ်စာအုပ်ထောင့်နှင့်ဖိလို့ထား၏။
သူတို့အတန်းက အစ်ကိုကြီးရှဲ့ယွီရဲ့ "ငါ့စောက်လုပ်မဟုတ်ဘူး" ဟုပြောရင်းနှင့် ထိုစာရွက်အားဆွဲလို့ယူလိုက်ပြီး အတော်ကြာကြည့်နေသည်အား ဝမ့်သာသည်ကြည့်လို့နေလိုက်သည်။
"ဘာရေးထားတာလဲ?"
ဝမ့်သာသည် အနားတိုးကပ်သွားရင်း မေးလိုက်သည်။
ရှဲ့ယွီသည် ထိုစာရွက်အားချလိုက်ပြီး စိတ်ထဲ၌ဆိုမိရ၏ ၊ သောက်ချီးကိုစာချန်တာလား မချန်ခဲ့တာမှဟုတ်ဦးမယ်။
ဝမ့်သာက အလွန်သိချင်နေသည်ကိုမြင်တော့ ရှဲ့ယွီသည် စာရွက်အားခေါက်လိုက်ပြီး ပြောလိုက်သည်။
"မသိဘူး ၊ နားမလည်ဘူး။"
ဝမ့်သာ : ". . . . . ."
ရှဲ့ယွီသည် မထိန်းနိုင်သည့်အဆုံး တစ်ခွန်းမျှဖဲ့ပစ်လိုက်ပါသေးသည်။
"ဘာကြီးလဲ။"
မင်းအဘိုးကျွင့်ဆိုသည်မှာ လေကျွင့်၏အွန်လိုင်းနာမည်ဖြစ်ပြီး လိုင်းသုံးသည့်တစ်လျှေက်လုံးသုံးလာခဲ့သည့် usernameဖြစ်သည် ၊ ဒီလောက်နှစ်တွေကြာနေပေမယ့်လည်း မပြောင်းမလဲပင်။
အာ့လေကျောင်းထွက်သွားပြီးနောက် လေကျွင့်သည်သူ့အား blockပစ်ခဲ့ပြီး (၃)နှစ်လုံးလုံးအဆက်အသွယ်မလုပ်ဘဲရှိသည်။
Friendလက်ခံပြီးသွားသည့်နောက် လေကျွင့်ထံမှစာတစ်ကြောင်းပို့လို့လာသည် - မင်းဖုန်းနံပါတ်ကဘယ်လောက်လဲ?
ထို့နောက်တွင်မူကား ဖုန်းတစ်ကောဝင်၍လာသည်။
"ငါ မင်းတို့ကျောင်းအနောက်ပေါက်မှာ ၊ ပျက်စီးနေတဲ့နေရာဘက်. ."
လေကျွင့်မှာ ဆေးလိပ်သောက်နေပုံရ၏ ၊ အသက်ရှူသံကပြင်းကာ လေသံကလည်းခက်ထန်လျက်ရှိသည်။
"မင်းထွက်လာခဲ့။"
အမှတ်(၂)၌ အနောက်ပေါက်နှစ်ပေါက်ရှိ၏ ၊ တစ်ပေါက်မှာကား တစ်နှစ်ပတ်လုံးပိတ်လို့ထားပြီး တောထကာ လူသူကင်းမဲ့လျက်ဖြင့် သံပန်းတံခါးကြီးမှာလည်း သံချေးတွေတက်လို့နေသည်။
ပျက်စီးနေတဲ့ဘက်ဟုဆိုခဲ့ခြင်းကြောင့် အဲ့နေရာပင်ဖြစ်လောက်သည်။
လေကျွင့်က တစ်ယောက်တည်းရောက်လာခြင်းဖြစ်သည်။
သူသည်အနောက်ပေါက်ဝ၌ ဆောင့်ကြောင့်ထိုင်နေလေပြီး ဟယ့်ကျောင်းလာနေသည်အားမြင်သည်နှင့် စီးကရက်အားမြေပြင်ထက်ဖိချကာ နှစ်ချက်ခန့်ဖိ၍မီးငြိမ်းလိုက်၏။
ဟယ့်ကျောင်းသည် အနားတိုးကပ်သွားလိုက်ပြီးနောက် မေးလိုက်သည်။
"ဘာလို့ဒီနေရာကိုချိန်းတာလဲ?"
ဝင်လာလို့လည်းမရ ၊ ထွက်ချင်လည်းမရနှင့် ရန်ဖြစ်လို့လည်းအဆင်ပြေမနေသည့်နေရာ။
လေကျွင့်သည်ကား မြေပြင်ထက်ဆောင့်ကြောင့်ထိုင်နေစဲဖြစ်ပြီး သူ၏မျက်ဝန်းတို့ကရဲလို့နေကာ သံပန်းတံခါးခြားလျက်မှ သူ့ကိုလှမ်းကြည့်လာပြီး ပြောသည်။
"မင်းကို ရန်ဖြစ်ဖို့လာရှာတာမဟုတ်ဘူး။ ဟယ့်ကျောင်း ၊ ငါ မင်းကိုမေးခွန်းနှစ်ခုမေးပြီးရင်ပြန်မှာ။"
ထို့နောက် လေကျွင့်သည် ပထမဆုံးမေးခွန်းကိုမေးလာ၏။
"မင်းကဘာဖြစ်လို့ အမှတ်(၂)ကိုလာရတာလဲ?"
ဟယ့်ကျောင်း၏ကိုယ်ကတောင့်ခနဲဖြစ်လို့သွားပြီး အတော်ကြာသည်အထိစကားမဆိုချေ။
လေကျွင့်သည်ခေါင်းကိုငုံ့၍ ဆံပင်တွေကြားထဲလက်နဲ့ထိုးဖွရင်း စီးကရက်အားထပ်မံဖိချေပစ်သည် ၊ လေကျွင့်သည် ဆက်လို့မေးလာ၏။
"မင်းကဒီနှစ်. . . . . . အထက်တန်းဒုတိယနှစ်?"
ဒီတစ်ခေါက်တွင်တော့ ဟယ့်ကျောင်းက နှုတ်ဆိတ်မနေတော့ပါ ၊ သူသည် "အင်း"ဟုပြန်၍ဖြေလိုက်ပါသည်။