Unicode
ခဏခဏချန်ယွဲ့ကစနောက်နေတာနဲ့ပဲ မင်္ဂလာပွဲကစီစဥ်ထားတဲ့အတိုင်းတော့လွယ်လွယ်ကူကူပြီးမသွားဘူး။
သွမ့်ကျားရန်နဲ့လုရှင်းစစ်ကသူ့မိဘတွေနဲ့အတူဧည့်သည်တွေကိုလိုက်နှုတ်ဆက်နေပီး နောက်ဆုံးမှာတော့ သူတို့အထက်တန်းအတန်းဖော်တွေနားမှာရပ်လိုက်တယ်။
သူတို့နှစ်ယောက်အတူတူလာတာကိုတွေ့တော့ ရှန်းချီလျင့်ကတူလေးကိုချပီး ပထမဆုံးသားလေးဆိုပီးအော်ခေါ်လိုက်တယ်။
"သား–"
စုန့်ရိကဘေးကနေနှာမှုတ်လိုက်ခါမှာ သူဖူယွမ်ကိုသတိရသွားတယ်။ သူတစ်ကယ်လို့အော်ခေါ်လိုက်မယ်ဆိုရင် လုံးဝကသောင်းကနင်းတွေဖြစ်သွားနိုင်တယ်ဆိုတာနားလည်လိုက်တယ်။ ရှန်းချီလျင့်ကကြင်ကြင်နာနာလေးကြည့်လိုက်တယ် "ရှောင်သွမ့် မင်နဲ့လုကောအရမ်းကြီးမြန်မြန်လက်ထပ်လိမ့်မယ်လို့ငါတွေးမထားဘူး ဒီနေ့တော့ မင်းတို့နှစ်ယောက်လက်ထပ်တာကိုကြည့်နေရပီ"
သွမ့်ကျားရန်: " ... "
တကယ်လို့လူကြီးတွေမရှိဘူးဆိုရင် သွမ့်ကျားရန်နည်းနည်းလောက်ပြန်ခံပြောမိမှာပဲ။
ကျန်းယောင်ကပြုံးပီးပြောလာတယ် "သူတို့မင်္ဂလာပွဲကိုဒီနေ့လာပေးတဲ့အတွက်ကျေးဇူးပါ"
ဖူ့ယွမ်ကလဲ ဝိုက်ခွက်လေးပင့်ပီးပြောတယ် "နေရာကဒီနေရာမှာဆိုတော့ မင်းတို့လာရတာဒုက္ခများသွားပါပြီ"
အမျိုးသမီးကြီနှစ်ဦးကပြုံးပီးယဥ်ယဥ်ကျေးနဲ့ကျေးဇူးတင်စကားပြောနေတော့ နဂိုတုန်းဆူညံနေတဲ့ကောင်လေးတွေက စည်းနဲ့ကမ်းနဲ့ငြိမ်ငြိမ်လေးတွေဖြစ်သွားတယ်။
"အန်တီကယဥ်ကျေးနေပြန်ပါပြီဗျာ" "ဒုက္ခမများပါဘူး တကယ်ကိုပြဿာနာမရှိပါဘူးဗျာ" ကျွန်တော်တို့ကဒီကိုနွေရာသီအပန်းဖြေဖို့အတွက်ရောလာတာပါဗျ" အစရှိတဲ့စကားတွေကိုနားထောင်ပီး ကျန်းယောင်ကခွက်ထဲကဝိုင်ကိုတစ်ငုံသောက်ပီး လုရှင်းစစ်ဘက်ကိုလှည့်လိုက်တယ် "သားတို့ကဒီမှာပဲထိုင်နေတော့မှာလား? ခနနေရင်ကမ်းစပ်ကိုသွားကစားကြလေ"
လုရှင်းစစ်ကခေါင်းငြိမ့်ပြလိုက်တယ်။
လူကြီးတွေထွက်သွားတော့ လုရှင်းစစ်လဲလွတ်လွတ်လပ်လပ်ဖြစ်သွားတယ်။ သွမ့်ကျားရန်ကသူ့ထိုင်နေတဲ့နေရာကနေထလိုက်ပီး စုန့်ရိဘေးကိုသွားထိုင်လိုက်တယ်။ စုန့်ရိကသူ့လက်ချောင်းလေးပေါ်ကလက်စွပ်လေးကိုကြည့်လိုက်ပီး ပြုံးလိုက်တယ် "ရှောင်သွမ့် အခုဆိုမင်းကမိသားစုတစ်ခုရှိလာပီ"
လူကြီးတွေထွက်သွားတာစောင့်ရတာတကယ်ခက်ခဲတာပဲ သူတို့ကကစားဖို့မစောင့်နိုင်တော့ဘူး "သားလေး လာပါအုံးဒီဖေဖေကကြည့်ရအောင် လက်ထပ်ပီးတာနဲ့လက်မထပ်ခင်ဘာတွေကွာသွားလဲဆိုတာ... Fu*k ငါ့သားလေးကအခုထိချောနေဆဲချောနေမြဲပဲ"
သူပြောလိုက်တဲ့အခါမှာဘေးနားကနေရယ်သံတွေထွက်လာပီးသွမ့်ကျားရန်လဲလိုက်ရယ်လိုက်တယ် "အာ့ဆို မင်းလဲတစ်ယောက်ယူလိုက်လေ"
ရှန်းချီလျင့်: "နိုး နိုး နိုး ဒီဖေဖေကအရမ်းချောတာနဲ့တင်ရာဇဝတ်မှုမြောက်နေလောက်ပီ"
သွမ့်ကျားရန်သူ့ကိုမရယ်ခင်မှာပဲ ရှန်းချီလျင့်ကလုရှင်းစစ်ဘက်လှည့်ပီးပြောလိုက်တယ် "လုကော တစ်ခွက်လောက်သောက်ကြရအောင်"
သူကပြောပီးတော့ လုရှင်းစစ်အတွက် ဝိုင်ငှဲ့ပေးလိုက်တယ် "သူကမင်းကိုလက်ထပ်လိုက်လို့ ငါတို့တကယ်စိတ်သက်သာရာရတယ် သူကတဲ့တိုးဆန်တော့ သူ့ကိုပဲကြည့်နေတဲ့လူတစ်ယောက်ရတာတကယ်ကိုကောင်းတယ်"
သွမ့်ကျားရန်ကရေရေရာရာပြောနေတဲ့ရှန်းချီလိန်ကိုကြည့်လိုက်တယ်။ ရှန်းချီလျင့်ကဝိုင်ခွက်လေးကိုလှုပ်ရင်း လုရှင်းစစ်မျက်နှာကိုကြည့်လိုက်တယ်။
"ငါမင်းတို့နှစ်ယောက်လုံးကိုတကယ်မနာလိုတယ် စောစောတွေ့ပီးလက်ထပ်သွားတာ ငါ့သူငယ်ချင်းကိုရှုပ်ရှုပ်ထွေးထွေးကိစ္စတွေမကြုံစေဖို့ငါမျှော်လင့်တယ်" သူ့နှုတ်ခမ်းလေးကတွန့်သွားပီး အတည်ကြီးပြောနေတယ် "တကယ်လို့အနာဂတ်မှာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါတို့ကသူမပျော်မရွှင်ဖြစ်နေမှာကိုသေချာပေါက်မကြည့်နိုင်ဘူး"
"အတန်းခေါင်ဆောင် သူကဒီတိုင်းပြောနေတာပါ" စုန့်ရိကပြုံးပီးဝင်ပြောလိုက်တယ် "မင်းကရှောင်သွမ့်အတွက်ကောင်းတာတွေပဲလုပ်ပေးနိုင်မှာပါ"
"မင်းစိတ်အေးလက်အေးနေလို့ရပါတယ်" လုရှင်းစစ်ကရှန်းချီလျင့်ခွက်ကိုသူ့ဘက်အရင်စတိုက်လိုက်တယ် "ငါကသူနဲ့နေရမှာကိုမပျှော်မရွှင်ဖြစ်မှာမဟုတ်သလို သူ့ကိုလဲဘယ်တော့မှဝမ်းနည်းအောင်မလုပ်ပါဘူး"
Alpha နှစ်ယောက်ကတစ်ခနလောက်စိုက်ကြည့်နေပီး ရှန်းချီလျင့်ကသူ့ဘက်ကအလေးအနက်ပြောတာကိုလျှော့မတွက်ဘူးဆိုတာကိုတွေ့တော့ သူကသူ့ရဲ့နဂိုပုံစံအတိုင်းပြန်ဖြစ်သွားတယ် "အာ့ဆို လုကော ငါ့သားကိုမင်းလက်ထဲအပ်ပါတယ်ကွာ"
လုရှင်းစစ်ကခွက်ကိုချလိုက်ပီး သူ့ပခုံးကိုပုတ်ပေးလိုက်တယ်။
ကုလီကလဲမထိန်းနိုင်ဘဲထောက်ခံလိုက်တယ် "နင်သေချာပေါက်ရှောင်သွမ့်အပေါ်ကောင်းရမယ် မဟုတ်ရင်ငါကအချစ်ကိုအယုံအကြည်ရှိတော့မှာမဟုတ်ဘူး"
ကျိုးရှင်ချန်းကအဲ့တာကိုကြားတော့ မြန်မြန်ဝင်ပြောလိုက်တယ် "လုကော မင်းနဲ့သွမ့်ကျားရန်ထာဝရအမြဲပျော်ပျော်ရွှင်ရွှင်ရှိပါစေလို့ငါဆုတောင်းပါတယ်ကွာ!"
ချန်ယွဲ့ကသူတို့တွေပြောနေတာကိုနားထောင်ပီး ရှန်ပိန်ကိုသူ့ခွက်ထဲလောင်းထည့်လိုက်တယ် "ငါအဲ့တာတွေနားထောင်ရတာသဘောမကျဘူး မင်းကသူနဲ့ကောလိပ်တစ်ခုတည်းမနေရတော့ ခွေးကောင်လုကသူ့ကိုပဲကပ်နေတယ်ဆိုတာမမြင်ရဘူး ငါကတော့တွေ့နေရတယ် အာ့ကြောင့်မို့ငါကတော့သေချာပေါက်အဲ့လိုအရာတွေကိုမတွေးဘူး"
"သွမ့်ကျားရန် ငါမင်းကိုဒီတစ်ခွက်နဲ့လေးစားသမှုပြုပါတယ်ကွာ" ချန်ယွဲ့ကစတစ်ဝက်အတည်တစ်ဝက်နဲ့ပြောတယ် "ငါတကယ်ပြောမယ် မင်းသူ့ကိုသဝန်တိုအောင်မလုပ်နဲ့နော် ငါတို့ကသူ့ရဲ့ဒေါသကိုမထိန်းနိုင်ဘူး"
"အာ့ဆို ငါလဲတကယ်ပြောပြမယ်" သွမ့်ကျားရန်ကချန်ယွဲ့ရဲ့ခွက်နှုတ်ခမ်းကိုသူ့ခွက်နဲ့ထိလိုက်ပီး "ငါကသူ့ထက်ကောင်းတဲ့သူကိုမရှာနိုင်သလို ရှာဖို့လဲမလိုအပ်ဘူး"
"မင်းကိုငါယုံပါတယ်"
သွမ့်ကျားရန်ကခေါင်းညိမ့်လိုက်ပီး ခွက်ထဲကရှန်ပိန်ကိုသောက်လိုက်တယ်ဖယ
လုရှင်းစစ်ကသူ့ဘက်ကိုလှည့်ပီးတိုးတိုးလေးပြောတယ် "လျှော့သောက်နော် ခနနေရင်ရေကူးသွားရအုံးမှာမဟုတ်လား?"
သွမ့်ကျားရန်ကသူ့စကားကိုနားထောင်ပီး သူ့လက်ထဲကရှန်ပိန်ခွက်ကိုဘေးနားမှာချထားလိုက်တော့တယ်။
လူတစ်ယောက်ကသူ့တို့ရဲ့အပြုအမူသေးသေးလေးတွေကိုတွေ့သွပီးပြောလာတယ် "ငါအထက်တန်းတုန်းက မင်းတို့လက်ထပ်မယ်ဆိုတာ တကယ်တွေးကိုတွေးမထားတဲ့အရာပဲ"
"အဲ့တုန်းကသွမ့်ကျားရန်ကအတန်းခေါင်းဆောင်ကိုတကယ်မုန်းတာကွ ဘယ်အချိန်ဘယ်နေရာရောက်ရောက် သူကမုန်းတဲ့ခံစားချက်တန်းထွက်လာတယ်"
"မင်းကအဲ့ဒီတုန်းကတကယ်ကြီးကိုပြဿာနာရှာနိုင်တာ" ချန်ယွဲ့ကသွမ့်ကျားရန်ဘက်ကိုမျက်နှာမူလိုက်တယ် "ငါ basketball ကစားပွဲတစ်ခုကိုမှတ်မိသေးတယ် ငါတို့ကဒုတိယနှစ်တွေနဲ့ချိန်းထားတာ သူကခွေးကောင်လုလာတာကိုတွေ့တာနဲ့လှည့်ထွက်သွားတာပဲ"
သွမ့်ကျားရန်ကရယ်လိုက်ပီး သူလုပ်ခဲ့တဲ့ရူးကြောင်ကြောင်အရာတွေကိုမငြင်းဆန်ခဲ့ဘူး။
"အမှန်အတိုင်းပြောရမယ်ဆိုရင် သွမ့်ကောကနောက်ပိုင်း omega ဖြစ်သွားမယ်လို့ငါထင်မထားဘူး"
"ငါတို့ထင်မထားတဲ့ကိစ္စတွေကအများကြီးရှိတယ် ဘေးအခန်းကစာပေကော်မတီအဖွဲ့ကမင်းရဲ့နတ်ဘုရားမလေးလေ သူကကလေးလေးတောင်မွေးပီးသွားပီကွ"
"တကယ်ကြီး?" ကောင်လေးကအော်လိုက်တယ် "ငါ့အထက်တုန်းကသူ့ we chat ကိုသွားမ add ရဲခဲ့တာ သွားပါပြီကွာ"
သွမ့်ကျားရန်ကသူတို့စကားတွေပဲပြောနေတာကိုတွေ့တော့ တိုက်တွန်းလိုက်တယ် "မင်းတို့ညီအစ်ကိုတွေစုံနေပီမလား ငါတို့ကမ်းခြေကိုသွားကြမယ်လေ"
"Fu*k" ကျိုးရှင်ချန်းကသူ့ကိုလှည့်ကြည့်လာတယ် "မင်းကလက်ထပ်ပီးသွားပီကွ မင်းကိုလုကောကိုကြည့်လိုက်းမ်း ပီးတော့ကိုယ့်ကိုယ်ကိုလဲပြန်ကြည့်အုံး ဘာလို့မူလတန်းကျောင်းသားလေးလိုလုပ်နေတာလဲ?"
သွမ့်ကျားရန်ကသူ့ကိုဝလာတယ်ဆိုတာသတိပေးဖို့စိတ်မဝင်စားဘူး။ သူကတမျိုးပြောင်းလိုက်တယ် "မင်းအစားလေးနည်းနည်းလျှော့စားအုံး ခနနေရင်ရေထဲလဲမြုပ်သွားအုံးမယ်"
"ဘာ! မင်းပြန်ပြောစမ်း ငါကမြုပ်သွားမယ်ဟုတ်လား?"
"Ha ha ha ha ha ha အစားအများကြီးစားရင်ရေထဲမြုပ်တယ်ဆိုတာခုမှပဲသိတော့တယ်" တချို့ကောင်လေးတွေကတူတွေကိုဘေးမှာချထားလိုက်တော့တယ် "ကောင်းပြီ ငါကတော့မစားတော့ဘူး"
လူတိုင်းကစားပီးခါနီးတွေဖြစ်နေတော့ သူလဲဆက်မပြောတိုင်ဘဲသူ့တူလေးကိုလဲဘေးကိုချလိုက်ရတော့တယ်။
Hotel ကိုရေကူးဝတ်စုံတွေသွားပြန်လဲပီးတဲ့ပခါမှာကမ်းခြေကိုသွားကြတယ်။ နေရောင်ကပင်လယ်ပြင်ပေါ်မှာတံလျှပ်ထစေတယ်။ဒီအချိန်မှာ အပူချိန်ကအနွေးဆုံးဖြစ်ပီး နေရောင်ကြောင့်နည်းနည်းပူနေတဲ့သဲမွမွလေးတွေကခြေချောင်းလေးတွေကြားကနေထွက်ထွက်လာတယ်။
သွမ့်ကျားရန်ကသူ့အင်္ကျီကိုချွတ်လိုက်တဲ့အခါမှာ စုန့်ရိကသူ့ကိုစိုက်ကြည့်နေတာတွေ့တော့ လှည့်ပီးမေးလိုက်တယ် "ဘာဖြစ်လို့လဲ?"
စုန့်ရိကအကြည့်တွေပြန်ရုတ်လိုက်ပီး အူးမြူးနေတဲ့အပြုံးနဲ့ "မင်းကိုယ်ပေါ်ကအချစ်ရဲ့အကြွင်းအကျန်လေးတွေကိုကြည့်နေတာ"
သွမ့်ကျားရန်ကသူ့ခေါင်းကိုခေါက်လိုက်ပီး သူ့အဝတ်တွေကိုခုံရှည်ပေါ်ကိုပစ်တင်လိုက်တယ်။ စုန့်ရိကသူ့ရဲ့လှပတဲ့ body line တွေကိုကြည့်ရင်း မထိန်းနိုင်ဘဲတိုးတိုးလေးပြောတယ် "ရှောင်သွမ့် မင်းကအရမ်းဖြူတာပဲ အတန်းခေါင်းဆောင်ကမင်းကိုထိရတာအရမ်းကြိုက်တယ်မလား?"
စုန့်ရိကိုတော့ သွမ့်ကျားရန်လဲထိန်းမနိုင်ဘူး။
သူကမ်းခြေကိုသွားမလို့လုပ်တဲ့အချိန်မှာ ရုတ်တရပ်လူနှစ်ယောက်စကားပြောနေတာကိုကြားလိုက်ရတယ်။
"ခွေးကောင်လု" ချန်ယွဲ့ကအမှတ်တမဲ့နဲ့ သူ့ကျောပေည်ကိုအကြည့်ရောက်သွားတယ် "မင်းကျောကုန်းမှာဘာတွေလဲ?"
သွမ့်ကျားရန်လဲကြည့်ကြည့်လိုက်တော့ alpha ရဲ့ကျယ်ပြန့်ပီးသန်မာတဲ့ကျောပြင်ပေါ်မှာ အနီရောင်အမှတ်အသားတိမ်တိမ်လေးတွေရှိနေတယ်။
သူကဒီမှာရေကူးချင်တဲ့အတွက် လွန်ခဲ့တဲ့ရက်တွေတုန်းကလုရှင်းစစ်ကသူ့အပေါ်မှာအမှတ်အသားတွေချန်မထားခဲ့သင့်ဘူးဒါပေမဲ့ သူလဲထပ်ပီးတောင့်မခံနိုင်တော့တာနဲ့ပဲ သူလုရှင်းစစ်ကိုကုတ်ခြစ်မိသွားတယ်။
သွမ့်ကျားရန်ကအဲ့ဒီခြစ်ရာတိမ်တိမ်လေးတွေကိုကြည့်ပီး သူ့ရဲ့ရှားရှားပါးပါးအပြစ်ရှိသလိုခံစားချက်ကြီးကနေ့အလင်းရောင်အောက်မှာဘွင်းဘွင်းကြီးပေါ်လာတယ်။
လုရှင်းစစ်ကတော့ပြုံးပီးပြောလာပါတယ် "ဒီတိုင်းနည်းနည်းallerigic ဖြစ်တာနဲ့တူတယ်"
ချန်ယွဲ့ကတော့ သက်ပြင်းချတယ်။ စုန့်ရိလဲနားထောင်နေပီး သွမ့်ကျားရန်ကိုတိတ်တိတ်လေးလက်မထောင်ပြရင်း ပါးစပ်လှုပ်ရုံပြောလာတယ်: တော်တယ်။
နေ့လည်ခင်းမှာ ပင်လယ်အော်ကြီးကလင်းထိန်နေပီး အသက်နှစ်ဆယ်ပတ်လည်လူငယ်လေးတွေအရမ်းပျော်နေကြတယ်။ သူတို့တွေကမင်္ဂလာပွဲလာတက်နဲ့မတူဘဲ အတန်းဖော်တွေပြန်လည်တွေ့ဆုံတဲ့ပွဲလိုမျိုးဖြစ်နေတယ်။
ညနေခင်းအစောပိုင်းလောက်မှာ သွမ့်ကျားရန်ကမ်းပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
နေ့လည်ခင်းတစ်ခုလုံးအရမ်းကစားထားတာဆိုတော့ သွမ့်ကျားရန်နည်းနည်းတော့ပင်ပန်းနေပီ။ သူကခုံပေါ်မှာအရိုးမရှိသလိုမျိုးပျော့ခွေပီးထိုင်နေတာကိုစုန့်ရိတွေ့လိုက်ရတယ်။ သူကတော့ပထက်တန်းကျောင်းတုန်းကနဲ့တစ်ပုံစံတည်းပဲ။ သူကမထိန်းနိုင်ဘဲဟာသလုပ်လိုက်တယ် "အစ်ကို မင်းကျောင်းuniform လေးဝတ်ပီး ရိကျုံးကိုသွားမယ်ဆိုရင်တောင် ကျောင်းစောင့်ကမင်းကိုအထက်တန်းကျောင်းသားမဟုတ်မှန်းမသိလောက်ဘူး"
"အဲ့တာကအတင်းတွန်းအားပေးခံရလို့ကွ" သွမ့်ကျားရန်ကပင်လယ်ထဲမှာရှိနေသေးတဲ့ လုရှင်းစစ်ကိုညွှန်ပြလိုက်တယ် "သူဘာလို့ကျောင်းမှာ မအိပ်ငိုက်လဲဆိုတာငါသိသွားပီ သူကညတိုင်း ဆယ့်နှစ်နာရီမှာအိပ်တယ် မနက်ကျရင်သူကငါ့ကိုထဖို့နှိုးတယ် သူနဲ့အတူတူအိပ်နေရတော့ သူ့လိုပဲကျန်းကျန်းမာမာရှိနေတာပေါ့"
သွမ့်ကျားရန်ကသူတခြားသူတွေနဲ့ ဂိမ်းကစားချင်တဲ့ညတွေကိုသတိရသွားတယ်။ သူလုရှင်းစစ်ကြောင့်အိပ်ယာထဲကိုဆွဲခေါ်ခံလိုက်ရတာချည်းပဲ သူမထိန်းနိုင်ဘဲအော်လိုက်တယ် "တကယ်ကြီးကိုသူကပုံမှန်ကောလိပ်ကျောင်းသားနဲ့လုံးဝမတူဘူး"
စုန့်ရိကတော့ အဓိကကိုပဲအာရုံစိုက်ထားတယ် "ဆိုလိုတာက နှစ်ယောက်သားကညတိုင်းတစ်အိပ်ယာတည်းအိပ်တာပေါ့"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်: "ဒါကိုမင်းသိသွားပီပဲ မင်းအရမ်းတော်တယ်"
စုန့်ရိကရယ်လိုက်တယ်: "မင်းကိုမေးစရာရှိတယ်"
သွမ့်ကျားရန်: "မေးလေ"
သူတို့နှစ်ယောက်အတူတူနေတာသိသွားတာကြောင့် စုန့်ရိကအသံတိုးတိုးနဲ့ သိပ်အဆင်မပြေတဲ့မေးခွန်းမေးလာတယ် "မင်းတစ်သက်သာအမှတ်အသားပေးခံရပီးပီလား?"
သွမ့်ကျားရန်ကခေါင်းယမ်းလိုက်တယ်။
စုန့်ရိ: "Fu*k "
သူတို့တွေကကောလိပ်ပထမနှစ်ကတည်းကအတူတူနေကြတာဆိုတောလ သူတို့တွေလုပ်သင့်လား မလုပ်သင့်လားစဥ်းစားနေကြတာလား? ဒီလိုပုံစံတွေးလို့လဲသူ့ကိုအပြစ်တင်လို့မရဘူးလေ သူ့တို့ပတ်ဝန်းကျင်က ao အတွဲတွေကလဲ အတူတူနေပီးတာတောင် အမှတ်အသားမရှိတဲ့လူတွေရှိသေးတာပဲ။ Alpha အနည်းငယ်က နောက်ဆုံးအချိန်ထိ omega ရဲ့လှုံ့ဆော်မှုကိုခံနိုင်ရည်ရှိကြတယ်။
စုန့်ရိကပြောလာတယ် "နှစ်တွေတောင်ကြာပီကို သူကအရမ်းသည်းခံနိုင်တာပဲ"
သွမ့်ကျားရန်ကအဲ့တာကိုကြားတော့ရယ်လိုက်တယ် "သူကအဲ့လောက်အဆိုးကြီးမဟုတ်ပါဘူး"
သူတို့အဲ့ဒီအရာတွေလုပ်တဲ့အချိန်းတိုင်းမှာ လုရှင်းစစ်ကသူ့ကိုအမှတ်အသားလုပ်ဖို့ ထူးထူးခြားခြားလိုအင်ဆန္ဒတွေကိုမပြသဘူး။
စုန့်ရိကနားထောင်ပီးတော့ သွမ့်ကျားရန်ကိုရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်လာတယ်။
သူတို့အတူတူနေတာဘယ်လောက်တောင်ကြာပီလဲ? သူကalpha အတွက်မပြင်ဆင်ထားဘူးလား? အဲ့တာကလုရှင်းစစ်ဆိုရင်တောင်သေချာပေါက်...
စုန့်ရိကသတိပေးလိုက်တယ် "မင်းအဲ့ဒီအပိုင်းကိုတွေးထားပီးပီလား? တကယ်လို့မင်းတို့အမှတ်အသားလုပ်မယ်ဆိုရင် ကြိုပီးဆေးသောက်ထားတာကအကောင်းဆုံးပဲ"
A နဲ့ O တစ်သက်တာအမှတ်အသားလုပ်ကြတဲ့အခါမှာ omega ကကိုယ်ဝန်ရနိုင်တဲ့အခွင့်အရေးက 80% ထက်ပိုများတယ်။ အဲ့တာကိုကယကာကွယ်ဖို့အတွက် omega အများစုကသန္ဓေတားဆေးတွေကြိုသောက်ကြတယ်။
သွမ့်ကျားရန်ကအစတုန်းကအုန်းရည်သောက်နေတာဖြစ်ပီး စုန့်ရိပြောတာကိုကြားတော့ သူ့လှုပ်ရှားမှုတွေရပ်သွားတယ်။
သူ့စုန့်ရိကိုကြည့်ပီအမှန်တိုင်းပြောလိုက်တယ် "ငါဆေးသောက်ထားမယ် အဲ့တာကိုလိုမလားဆိုတာတော့ငါမသိဘူး"
စုန့်ရိကအဲ့တာကိုကြားတော့ အံ့အားသင့်သွားတယ်။
သွမ့်ကျားရန်ကဒီလိုအရာတွေကိုတင်းခံထားအုံးမယ်လို့သုန့်ရိထင်ထားတာ။ သူကဒီလိုပြောင်းလဲမှုမျိုးကိုလွယ်လင့်တကူလက်ခံနိုင်ရုံသာမက သူကသန္ဓေတားဆေးကိုပဲကိုယ်တိုင်ဝယ်ထားလိမ့်မယ်လို့စုန့်ရိမထင်ခဲ့ရိုးအမှန်ပါ။
သွမ့်ကျားရန်: "ကြည့်ကြည့် သူလိုချင်တယ်ဆိုရင်ဆေးကိုနာရီဝက်ကြိုသောက်ရမှာထင်တယ်"
စုန့်ရိကအခုထိအံ့အားသင့်နေတုန်းပဲ "အာ့ဆို စမ်းကြည့်မလို့လား?"
သွမ့်ကျားရန်ကအရမ်းတည့်တိုးဆန်တယ်: "ခနနေရင်မေးလိုက်မယ်လေ"
စုန့်ရိ: " ... "
သူလဲအဲ့ဒါကိုစဥ်းစားနေပီး သူနဲ့လုရှင်းစစ်နေရမဲ့အခန်းထဲရောက်တော့ သွမ့်ကျားရန်ကလက်ထဲကဆေးဗူးကိုကစားနေရင်း ရေချိုးခန်းထဲကရေကျသံကိုနားထောင်နေတယ်။ သူ့မှာဒီလိုတုံ့ဆိုင်းမှုမျိုးဆိုတာရှိခဲတယ်။
သူမှတ်မိသေးတယ်.သူဒီဆေးကိုသွားဝယ်တော့ အရောင်းစာရေးမလေးကသူတစ်ယောက်တည်းလာဝယ်တာကိုတွေ့တော့သူ့ကိုအသက်ငယ်သေးတဲ့ပုံပဲဆိုပီးပြောတယ်။ စိုးရိမ်တကြီးနဲ့မေးနေပီး သူကဒီဆေးကဘာလဲဆိုတာမသိတော့ အရောင်းစာရေးလေးကသူကဘာလို့ရှင်နဲ့မလာတာလဲ သူအိမ်ထောင်ရေးဖောက်ပြန်မှာစိုးလို့လားစတဲ့မေးခွန်းတွေမေးလာခဲ့တယ်။
ဒီဆေးကိုဝယ်တဲ့လူအများစုကတစ်သက်တာအမှတ်အသားပေးတဲ့သူတွေဖြစ်ပီး omega တစ်ယောက်ကသူကိုယ်တိုင်သန္ဓေတားဆေးလာဝယ်တယ်ဆိုတာကအရမ်းမလျော်ကန်တဲ့ပုံပေါ်နေတယ်။
လုရှင်းစစ်ကလမ်းလျှောက်ရင်းဆံပင်သုတ်နေတာကိုမြင်လိုက်တော့ သွမ့်ကျားရန်ကသာမန်ကာလျှံမေးတဲ့ဟန်ဆောင်ပီးမေးလိုက်တယ် "မင်းအခန်းထဲမဝင်ခင်တုန်းကချန်ယွဲ့တို့မင်းကိုဘာပြောနေတာလဲ?"
လုရှင်းစစ်ကသဘက်ကိုဘေးမှာချလိုက်တယ် "သူတို့ပြောတာကသူတို့တံခါးကိုပိတ်ထားမယ် နောက်နေ့နေ့လည်ထိသူတို့ကငါတို့ကိုဖွင့်မပေးဘူးတဲ့"
သူကအိပ်ယာဘေးမှာထိုင်နေတဲ့ သွမ့်ကျားရန်ကိုကြည့်လိုက်ပီး သူတစ်ခါမှမမြင်ဖူးတဲ့ဗူးလေးကိုကိုင်ထားတာကိုတွေ့တော့ ပေါ့ပေါ့ပါးပါးပဲမေးလိုက်တယ် "မင်းဘာယူလာတာလဲ?"
သွမ့်ကျားရန်ကသူချက်ချင်းကြီးတွေ့သွားလိမ့်မယ်လို့မျှော်လင့်မထားဘူး။ သူခနလောက်တွေဝေနေပီး ဗူးလေးကိုအိပ်ယာဘေးမှာတင်လိုက်တယ် "ဒါလေး"
ဗူးလေးမှာအင်္ဂလိပ်စာလုံးတွေနဲ့ရေးထားပီး ထိပ်ဆုံးမှာရှိနေတာစာလုံးကိုတွေ့တော့ လုရှင်းစစ်ရဲ့မျက်လုံးတွေနက်မှောင်သွားတယ်။ သူကအင်္ကျီဝတ်ဖို့အချိန်မယူတော့ပဲ အဝတ်အစားတွေကိုခုံပေါ်နောက်ပြန်ပစ်တင်လိုက်ပီး အိပ်ယာဆီကိုလျှောက်လာတယ်။
သူတို့နှစ်ယောက်မှာတစ်ယောက်ကထိုင်နေပီးတစ်ယောက်ကမတ်တပ်ရပ်နေတယ်။ alpha ရဲ့ခြေလက်တွေကကျစ်လစ်သန်မာပီး ကြွက်သွားတိုင်းမှာပေါက်ကွဲထွက်တော့မဲ့စွမ်းအားတွေပါဝင်နေတယ်။ သူကငုံ့ကြည့်နေတဲ့အခါမှာတော့ လုံးဝအဖိနှိပ်ခံထားရသလိုခံစားရလိမ့်မယ်။
သူကသူ့လက်ဖဝါးနဲ့သွမ့်ကျားရန်ရဲ့မျက်နှာလေးကိုဆွဲယူလိုက်ရင်း သူ့ကိုထိတ်လန့်သွားစေမိမှာစိုးရိမ်နေတဲ့ပုံနဲ့ သူကတိုးတိုးဖွဖွလေးပြောလာတယ် "မင်းဒါကိုဝယ်ထားတာဘယ်လောက်ကြာပီလဲ?"
သွမ့်ကျားရန်ကလက်ဖဝါးဆီကအပူချိန်ကိုခံစားနေရပီး သူ့ကိုဖုံးကွယ်မထားခဲ့ဘူး "ဟိုတစ်ပါတ်က"
"မင်းကဒါကိုအစောကြီးတွေးထားတာလား?" လုရှင်းစစ်ကသူ့ကိုပြောတယ်။ ဒါကတကယ်ကိုသည်းခံဖို့ခက်ခဲတာပဲ။ သူကသွမ့်ကျားရန်ရဲ့နားရွက်ဆီကိုငုံ့ချလိုက်တယ် "နာမှာမကြောက်ဘူးလား?"
သွမ့်ကျားရန်ကအစတုန်းကမကြောက်ဘူးလို့ပြောမလို့ပဲ။ ဒါပေမဲ့ တစ်သက်တာအမှတ်အသားပေးတဲ့ဖြစ်စဥ်တစ်လျှောက်မှာလုပ်ဆောင်ရမဲ့အဆင့်တိုင်းကိုသူတွေးကြည့်လို့ရတယ်။ အဆင့်တိုင်းကခက်ခဲတဲ့ပုံပေါက်တယ်။ သူခနလောက်တုံ့ဆိုင်းသွားတယ် "အာ့ဆို မင်းကဖွဖွလေးလုပ်လေ"
သူ့အသံထွက်လာတဲ့အချိန်မှာ သူကခပ်ပြင်းပြင်းအတွန်းခံလိုက်ရပီး လူကအိပ်ယာပေါ်ကိုတိုက်ရိုက်ကျသွားတယ်။
သူ့ရှေ့က alpha ကသူ့ပခုံးတွေကတင်းတင်းဆုပ်ကိုင်ထားပီး သူတောင်နည်းနည်းနာကျင်လာရတယ်။ သွမ့်ကျားရန်ပါးစပ်ဟပီးပြောမလိုလုပ်လိုက်တဲ့အခါမှာ သူ့နှုတ်ခမ်းတွေကပိတ်ဆို့ခံလိုက်ရတယ်။
သူလုရှင်းစစ်ရဲ့ဒီပုံစံမျိုးကိုမြင်ရခဲတယ်။ Alpha ပိုင်ဆိုင်တဲ့ pheromones ကရိုးသားမှုမရှိရှုပ်ထွေးလာပီး လုံးဝကိုထိန်းချုပ်မှုကနေလွတ်ထွက်လုမိနီးပါးပဲ။
မလွတ်မြောက်နိုင်တော့ဘူး။ သွမ့်ကျားရန်ကရိုးရှင်းစွာနဲ့ပဲတစ်ဖက်လူရဲ့လည်ပင်းဆီကိုလက်လှမ်းလိုက်တယ်။
သူသူနဲ့နာခံမှုကိုသတိပြုမိပီး သူ့ကိုမျိုချမတတ်ဖြစ်နေတဲ့ alpha ကတဖြည်းဖြည်းနဲ့အနမ်းကိုရပ်တန့်လိုက်တဲ့အချိန်စောင့်ရမယ်။
လုရှင်းစစ်သူ့လက်မောင်းတွေထဲကလူသားလေးကိုကြည့်လိုက်တယ်။
သွမ့်ကျားရန်ရဲ့ ဆံပင်အရောင်ကြောင့် သူကကောလိပ်ရောက်နေတာတောင် သူ့မျက်နှာလေးကအရမ်းနုနယ်နေတုန်းပဲ။
လုရှင်းစစ်မျက်ခုံးပင့်ပီး အနည်းငယ်တုန်နေတဲ့အရောင်ဖျော့ဖျော့မျက်တောင်လေးတွေကိုကြည့်မိတဲ့အခါမှာတော့ သူ့နှလုံးသားရဲ့နေရာတစ်ခုကထိန်းချုပ်မှုမရှိစွာပဲ ပြိုလဲပျက်ဆီးသွားတယ်။
သူအတင်းဖိနှိပ်ထားခဲ့ရတဲ့ မှောင်မိုက်ကြမ်းတမ်းတဲ့အတွေးတွေက အသိတရားမရှိစွာထွက်ပေါ်လာတယ်။
"မင်းအဲ့တာကိုတွေးပီးသွားပီလား?" သူ့ရဲ့အသက်ရှူငွေ့တွေကပူနွေးနေပီး သူကတိုးတိုးလေးပြောတယ် "မင်းရဲ့ gland သာမန် omega တွေနဲ့မတူဘူး တစ်သက်တာအမှတ်အသားပေးပီးသွားရင်လုံးဝသန့်စင်ပစ်လို့မရတော့ဘူး"
"မင်းကိုငါတစ်ခါအမှတ်အသားပေးလိုက်တာနဲ့ မင်းကငါနဲ့ချည်နှောင်ပီးသားဖြစ်သွားမှာ" သူ့စကားလုံးတွေပြင်းပြင်းထန်ထန်ထွက်မသွားစေဖို့သူ့ကိုယ်သူအရမ်းထိန်းချုပ်ထားရတယ် "ငါ့ရဲ့ဘေးမှာဆို မင်းရဲ့ရနံ့ကိုအနံ့ရမဲ့ alpha ဆိုတာမရှိဘူး ငါကမင်းရဲ့ခန္တာကိုယ်ထဲမှာ ငါ့ရဲ့pheromones တွေအမြဲတမ်းချန်ထားခဲ့မှာ"
အဲ့ဒါတွေကိုသိပီးသားဖြစ်ပေမဲ့လဲ ဒီတိုင်းအချိန်သင့်အခါသင့်ဖော်ပြလာတဲ့အခါမှာတော့ သွမ့်ကျားရန်ရှင်းမပြတတ်လောက်အောင်ပူလောင်လာတယ်။
သူကခေါင်းညိမ့်ပီးပြောလိုက်တယ် "ပိုပီးကောင်းကောင်းတွေးစမ်းပါ"
သူ့ရဲ့အပြုအမူကြောင့် လုရှင်းစစ်ကသူ့ရဲ့စိတ်ဆန္ဒတွေကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်ဆိုတာကိုသူခံစားနေရတယ်။
သွမ့်ကျားရန်မော့ကြည့်လိုက်ပီး သူ့လည်ပင်းတွေကိုမြန်မြန်ပွတ်သပ်လိုက်တယ်။
"မင်းက estrus ကာလမဟုတ်ဘူး တစ်သက်တာအမှတ်အသားပေမဲ့ကြာချိန်အရဆိုမင်းခံနိုင်မှာမဟုတ်ဘူး" လုရှင်းစစ်ကဆေးဗူးလေးကိုသွမ့်ကျားရန်လက်ထဲညင်ညင်သာသာတွန်းပေးလိုက်တယ်။ သူ့ကဒီဆေးကိုကိုယ်တိုင်ဝယ်ခဲ့တယ်ဆိုပီးတွေးရတာစိတ်ဝင်စားစရာကောင်းတယ်။ လုရှင်းစီကမျက်ခုံးတွေကိုဖြေလျော့လိုက်ပီးပြုံးလိုက်တယ် "ဒီဆေးတွေကိုဒီညမသုံးရတာတော့နှမြောစရာပဲ"
"Alpha ကသူ့ pheromones ကိုသုံးပီး omega ကို estrus ချက်ချင်းဝင်အောင်လုပ်လို့ရတယ်" သွမ့်ကျားရန်ကရုတ်တရပ်ပြောလိုက်တယ်။
လုရှင်းစစ်ကသူမှားများကြားမိတာလားဆိုပီး မျက်ခုံးပင့်ပီး သူ့ကိုစိုက်ကြည့်လာတယ်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါ့ရဲ့ estrus ကာလဆိုပေမဲ့လဲ" သူ့ကိုစိုက်ကြည့်နေတာကိုသွမ့်ကျားရန်တွေ့တော့ ခဏလောက်တန့်သွားပီးဆက်ပြောလိုက်တယ် "မင်းကပိုပီးစောစောဖြစ်စေချင်တယ်ဆိုလဲကိစ္စမရှိပါဘူး"
လုရှင်းစစ်ကလုံးဝကိုသည်းခံထားရပီး သူ့ရဲ့ကျိုးကြောင်ဆင်ခြင်နိုင်မှုတွေကိုထိန်းချုပ်ရင်း သူတွေးနေတာကိုရှင်းပြတယ် "အဲဒါကလုပ်လို့ရပေမဲ့ သက်သောင့်သက်သာမရှိဖြစ်သွားနိုင်တယ်"
"ဘာမှမဖြစ်ပါဘူး" သွမ့်ကျားရန်ကသူတိတ်နေတာကိုတွေ့တော့ ပြုံးပြလိုက်တယ် "ငါမင်းကိုပြောစရာရှိတယ်"
သူကသန္ဓေတားဆေးဗူးလေးကိုညွှန်ပြလိုက်တယ် "မင်းရေချိုးနေတုန်းကငါဆေးလုံးသောက်ပီးသွားပီ"
သွမ့်ကျားရန်ဘက်ကဦးဆောင်လိုက်ပီး သူ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တယ် "လာပါ"
AO mark က လူနှစ်ယောက်ရဲ့ချက်ချင်းမေတ္တာကိုလှပစွာထုပ်ပိုးလိုက်ပီး တံဆိပ်ကပ်နှိပ်လိုက်သလိုပဲ။
ဒါပေမဲ့ တကယ်အမှတ်အသားလုပ်တဲ့အခါ အရေးကြီးတဲ့အချိန်မှာ omega တစ်ယောက်ရဲ့ ပင်ကိုဗီဇအရသွမ့်ကျားရန်အရမ်းနာကျင်ရတယ်။
စိတ်ရောကိုယ်ရောကအချုပ်နှောင်ခံလိုက်ရပီး စိတ်တွေကကယောင်ချောက်ခြားဖြစ်စွာနဲ့ လုံခြုံတဲ့ခံစားချက်မျိုးဆိုတာလဲမရှိဘူး။
သူ့ကိုအမှတ်အသားပေးနေတဲ့လူကသူချစ်ရတဲ့သူဆိုတာကို အထပ်ခါခါနှလုံးသွင်းထားခဲ့တာတောင် သူလွတ်မြောက်ချင်နေတုန်းပဲ။
နောက်ဆုံးမှာတော့ omega တွေကအမှတ်အသားပေးခံရတဲ့အချိန်မှာ အသက်ရှူရပ်မတတ်ဘာလို့ငိုကြလဲဆိုတာသွမ့်ကျားရန်သိသွားပီ။
ဒီဖြစ်ရပ်မှာ လူတွေကတကယ်ကိုကြေမွသွားသလိုပဲ။
မျက်ရည်တွေကပယင်းရောင်မျက်ဝန်းလေးတွေစီကနေတစ်ပေါက်ချင်းစီ စီးကျရင်းမေးဘေးကိုရှပ်တိုက်သွားတယ်။
သူသတိရှိတစ်ဝက်မရှိတစ်ဝက်ဖြစ်နေချိန်မှာ တစ်စုံတစ်ယောက်ကသူ့နာမည်ကိုခေါ်နေတယ်ဆိုတာ သွမ့်ကျားရန်ကြားလိုက်ရတယ်။
အသံတိုးဖွဖွနဲ့သူ့ရဲ့ချစ်စနိုးနာမည်ကိုအထပ်ထပ်ခေါ်ဆိုရင်း သူ့ကိုချော့မော့နှစ်သိမ့်ဖို့ကြိုးစားနေတယ်။
သူလုရှင်းစစ်ရဲ့အသံကိုမျက်ရည်တွေကြားထဲကနေခံစားလို့ရတယ်။
တစ်ဖက်လူကသူ့ကိုကတိတွေပေးနေတာကိုသွမ့်ကျားရန်ဝေဝေဝါးဝါးကြားနေရတယ်။
သူပြောတာက ငါမင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ မင်းကိုဂရုစိုက်ပါ့မယ် မငိုပါနဲ့လားကွာတဲ့။
သွမ့်ကျားရန်ကအားနည်းတဲ့လေးသံလေးနဲ့ပဲကတိပေးလိုက်တယ်။
နောက်ပိုင်းမှာ ဒါကသွမ့်ကျားရန်ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာကိုလုရှင်းစစ်နားလည်သွားခဲ့တယ်။
"မင်းငိုချင်တဲ့အခါမှာ ငိုချလိုက်ပါ" လုရှင်းစစ်ပါးရဲရဲလေးကိုမွှေးကြူလိုက်ရင်း နူးညံ့တဲ့အသံလေးနဲ့ပြောတယ် "ကြောက်တော့ကြောက်မသွားပါနဲ့"
သွမ့်ကျားရန်ကဒီအချိန်မှာ သူဘယ်လောက်သနားစရာကောင်းနေလဲဆိုတာကိုလဲမတွေးနိုင်တော့ဘူး။
ခဏအကြာမှာ သူ့ဦးနှောက်တစ်ခါလုံးဗလာဖြစ်သွားတယ်ဆိုတာကိုသူခံစားလိုက်ရတယ်။ သူ့ရဲ့ Alpha ကိုဖက်တွယ်ထားကလွဲရင် သူ့ဘာကိုမှမခံစားနိုင်တော့ဘူး။
တစ်ဖက်လူကသူ့ကိုတောင်းဆိုချက်တစ်ခုပြောလာတဲ့အခါမှာတော့ သွမ့်ကျားရန်ထိတ်လန့်တကြားမျက်တောင်ခတ်မိတယ် "ဘာကြီး?"
"သူတို့မနက်တုန်းကပြောနေတဲ့ဟာကိုကြားချင်တယ်"
"ဘာကိုကြားချင်တာလဲ..." သွမ့်ကျားရန်မှာပြန်စဥ်းစားဖို့ကိုတောင်အားမရှိတော့ဘူး။
လုရှင်းစစ်ကအဲ့တာကိုသတိထားမိတော့ နှုတ်ခမ်းလေးတွေပွင့်ဟလာပီး သူကြားချင်တဲ့ဟာကိုပြောပြတယ်။
သွမ့်ကျားရန်အသက်ပြင်းပြင်းရှိုက်လိုက်ပီး နောက်ဆုံးမှာတော့ သူ့မှာဘာနည်းလမ်းမှမရှိတော့ဘူး။ လုရှင်းစစ်ကိုပဲ တွယ်ဖက်ထားနိုင်တယ်လေ။
သူ့အသံကအနည်းငယ်တုန်ခါနေပီး ငိုသံတွေပြည့်နေတဲ့အခန်းလေးရဲ့ အရပ်မျက်နှာအသီးသီးကိုပျံ့နှံ့သွားစေဖို့အထိတော့မစွမ်းသာခဲ့ဘူး။
သူ့ကိုညှာတာဖို့တောင်းခံနေတဲ့အသံငယ်က–
"လောင်ကုန်း"
✨.........THE END.......✨
နောက်တစ်ပိုင်းမှာ မထည့်ရသေးတဲ့ fanart လေးတွေရှိတယ်။
Zawgyi
ခဏခဏခ်န္ယြဲ႕ကစေနာက္ေနတာနဲ႔ပဲ မဂၤလာပြဲကစီစဥ္ထားတဲ့အတိုင္းေတာ့လြယ္လြယ္ကူကူၿပီးမသြားဘူး။
သြမ့္က်ားရန္နဲ႔လုရွင္းစစ္ကသူ႔မိဘေတြနဲ႔အတူဧည့္သည္ေတြကိုလိုက္ႏွုတ္ဆက္ေနပီး ေနာက္ဆုံးမွာေတာ့ သူတို႔အထက္တန္းအတန္းေဖာ္ေတြနားမွာရပ္လိုက္တယ္။
သူတို႔ႏွစ္ေယာက္အတူတူလာတာကိုေတြ႕ေတာ့ ရွန္းခ်ီလ်င့္ကတူေလးကိုခ်ပီး ပထမဆုံးသားေလးဆိုပီးေအာ္ေခၚလိုက္တယ္။
"သား–"
စုန္႔ရိကေဘးကေနႏွာမွုတ္လိုက္ခါမွာ သူဖူယြမ္ကိုသတိရသြားတယ္။ သူတစ္ကယ္လို႔ေအာ္ေခၚလိုက္မယ္ဆိုရင္ လုံးဝကေသာင္းကနင္းေတြျဖစ္သြားနိုင္တယ္ဆိုတာနားလည္လိုက္တယ္။ ရွန္းခ်ီလ်င့္ကၾကင္ၾကင္နာနာေလးၾကည့္လိုက္တယ္ "ေရွာင္သြမ့္ မင္နဲ႔လုေကာအရမ္းႀကီးျမန္ျမန္လက္ထပ္လိမ့္မယ္လို႔ငါေတြးမထားဘူး ဒီေန႔ေတာ့ မင္းတို႔ႏွစ္ေယာက္လက္ထပ္တာကိုၾကည့္ေနရပီ"
သြမ့္က်ားရန္: " ... "
တကယ္လို႔လူႀကီးေတြမရွိဘူးဆိုရင္ သြမ့္က်ားရန္နည္းနည္းေလာက္ျပန္ခံေျပာမိမွာပဲ။
က်န္းေယာင္ကျပဳံးပီးေျပာလာတယ္ "သူတို႔မဂၤလာပြဲကိုဒီေန႔လာေပးတဲ့အတြက္ေက်းဇူးပါ"
ဖူ႔ယြမ္ကလဲ ဝိုက္ခြက္ေလးပင့္ပီးေျပာတယ္ "ေနရာကဒီေနရာမွာဆိုေတာ့ မင္းတို႔လာရတာဒုကၡမ်ားသြားပါၿပီ"
အမ်ိဳးသမီးႀကီႏွစ္ဦးကျပဳံးပီးယဥ္ယဥ္ေက်းနဲ႔ေက်းဇူးတင္စကားေျပာေနေတာ့ နဂိုတုန္းဆူညံေနတဲ့ေကာင္ေလးေတြက စည္းနဲ႔ကမ္းနဲ႔ၿငိမ္ၿငိမ္ေလးေတြျဖစ္သြားတယ္။
"အန္တီကယဥ္ေက်းေနျပန္ပါၿပီဗ်ာ" "ဒုကၡမမ်ားပါဘူး တကယ္ကိုျပႆာနာမရွိပါဘူးဗ်ာ" ကၽြန္ေတာ္တို႔ကဒီကိုေႏြရာသီအပန္းေျဖဖို႔အတြက္ေရာလာတာပါဗ်" အစရွိတဲ့စကားေတြကိုနားေထာင္ပီး က်န္းေယာင္ကခြက္ထဲကဝိုင္ကိုတစ္ငုံေသာက္ပီး လုရွင္းစစ္ဘက္ကိုလွည့္လိုက္တယ္ "သားတို႔ကဒီမွာပဲထိုင္ေနေတာ့မွာလား? ခနေနရင္ကမ္းစပ္ကိုသြားကစားၾကေလ"
လုရွင္းစစ္ကေခါင္းၿငိမ့္ျပလိုက္တယ္။
လူႀကီးေတြထြက္သြားေတာ့ လုရွင္းစစ္လဲလြတ္လြတ္လပ္လပ္ျဖစ္သြားတယ္။ သြမ့္က်ားရန္ကသူ႔ထိုင္ေနတဲ့ေနရာကေနထလိုက္ပီး စုန္႔ရိေဘးကိုသြားထိုင္လိုက္တယ္။ စုန္႔ရိကသူ႔လက္ေခ်ာင္းေလးေပၚကလက္စြပ္ေလးကိုၾကည့္လိုက္ပီး ျပဳံးလိုက္တယ္ "ေရွာင္သြမ့္ အခုဆိုမင္းကမိသားစုတစ္ခုရွိလာပီ"
လူႀကီးေတြထြက္သြားတာေစာင့္ရတာတကယ္ခက္ခဲတာပဲ သူတို႔ကကစားဖို႔မေစာင့္နိုင္ေတာ့ဘူး "သားေလး လာပါအုံးဒီေဖေဖကၾကည့္ရေအာင္ လက္ထပ္ပီးတာနဲ႔လက္မထပ္ခင္ဘာေတြကြာသြားလဲဆိုတာ... Fu*k ငါ့သားေလးကအခုထိေခ်ာေနဆဲေခ်ာေနျမဲပဲ"
သူေျပာလိုက္တဲ့အခါမွာေဘးနားကေနရယ္သံေတြထြက္လာပီးသြမ့္က်ားရန္လဲလိုက္ရယ္လိုက္တယ္ "အာ့ဆို မင္းလဲတစ္ေယာက္ယူလိုက္ေလ"
ရွန္းခ်ီလ်င့္: "နိုး နိုး နိုး ဒီေဖေဖကအရမ္းေခ်ာတာနဲ႔တင္ရာဇဝတ္မွုေျမာက္ေနေလာက္ပီ"
သြမ့္က်ားရန္သူ႔ကိုမရယ္ခင္မွာပဲ ရွန္းခ်ီလ်င့္ကလုရွင္းစစ္ဘက္လွည့္ပီးေျပာလိုက္တယ္ "လုေကာ တစ္ခြက္ေလာက္ေသာက္ၾကရေအာင္"
သူကေျပာပီးေတာ့ လုရွင္းစစ္အတြက္ ဝိုင္ငွဲ႕ေပးလိုက္တယ္ "သူကမင္းကိုလက္ထပ္လိုက္လို႔ ငါတို႔တကယ္စိတ္သက္သာရာရတယ္ သူကတဲ့တိုးဆန္ေတာ့ သူ႔ကိုပဲၾကည့္ေနတဲ့လူတစ္ေယာက္ရတာတကယ္ကိုေကာင္းတယ္"
သြမ့္က်ားရန္ကေရေရရာရာေျပာေနတဲ့ရွန္းခ်ီလိန္ကိုၾကည့္လိုက္တယ္။ ရွန္းခ်ီလ်င့္ကဝိုင္ခြက္ေလးကိုလွုပ္ရင္း လုရွင္းစစ္မ်က္ႏွာကိုၾကည့္လိုက္တယ္။
"ငါမင္းတို႔ႏွစ္ေယာက္လုံးကိုတကယ္မနာလိုတယ္ ေစာေစာေတြ႕ပီးလက္ထပ္သြားတာ ငါ့သူငယ္ခ်င္းကိုရွုပ္ရွုပ္ေထြးေထြးကိစၥေတြမၾကဳံေစဖို႔ငါေမၽွာ္လင့္တယ္" သူ႔ႏွုတ္ခမ္းေလးကတြန္႔သြားပီး အတည္ႀကီးေျပာေနတယ္ "တကယ္လို႔အနာဂတ္မွာတစ္ခုခုျဖစ္ခဲ့မယ္ဆိုရင္ ငါတို႔ကသူမေပ်ာ္မရႊင္ျဖစ္ေနမွာကိုေသခ်ာေပါက္မၾကည့္နိုင္ဘူး"
"အတန္းေခါင္ေဆာင္ သူကဒီတိုင္းေျပာေနတာပါ" စုန္႔ရိကျပဳံးပီးဝင္ေျပာလိုက္တယ္ "မင္းကေရွာင္သြမ့္အတြက္ေကာင္းတာေတြပဲလုပ္ေပးနိုင္မွာပါ"
"မင္းစိတ္ေအးလက္ေအးေနလို႔ရပါတယ္" လုရွင္းစစ္ကရွန္းခ်ီလ်င့္ခြက္ကိုသူ႔ဘက္အရင္စတိုက္လိုက္တယ္ "ငါကသူနဲ႔ေနရမွာကိုမေပၽွာ္မရႊင္ျဖစ္မွာမဟုတ္သလို သူ႔ကိုလဲဘယ္ေတာ့မွဝမ္းနည္းေအာင္မလုပ္ပါဘူး"
Alpha ႏွစ္ေယာက္ကတစ္ခနေလာက္စိုက္ၾကည့္ေနပီး ရွန္းခ်ီလ်င့္ကသူ႔ဘက္ကအေလးအနက္ေျပာတာကိုေလၽွာ့မတြက္ဘူးဆိုတာကိုေတြ႕ေတာ့ သူကသူ႔ရဲ့နဂိုပုံစံအတိုင္းျပန္ျဖစ္သြားတယ္ "အာ့ဆို လုေကာ ငါ့သားကိုမင္းလက္ထဲအပ္ပါတယ္ကြာ"
လုရွင္းစစ္ကခြက္ကိုခ်လိုက္ပီး သူ႔ပခုံးကိုပုတ္ေပးလိုက္တယ္။
ကုလီကလဲမထိန္းနိုင္ဘဲေထာက္ခံလိုက္တယ္ "နင္ေသခ်ာေပါက္ေရွာင္သြမ့္အေပၚေကာင္းရမယ္ မဟုတ္ရင္ငါကအခ်စ္ကိုအယုံအၾကည္ရွိေတာ့မွာမဟုတ္ဘူး"
က်ိဳးရွင္ခ်န္းကအဲ့တာကိုၾကားေတာ့ ျမန္ျမန္ဝင္ေျပာလိုက္တယ္ "လုေကာ မင္းနဲ႔သြမ့္က်ားရန္ထာဝရအျမဲေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိပါေစလို႔ငါဆုေတာင္းပါတယ္ကြာ!"
ခ်န္ယြဲ႕ကသူတို႔ေတြေျပာေနတာကိုနားေထာင္ပီး ရွန္ပိန္ကိုသူ႔ခြက္ထဲေလာင္းထည့္လိုက္တယ္ "ငါအဲ့တာေတြနားေထာင္ရတာသေဘာမက်ဘူး မင္းကသူနဲ႔ေကာလိပ္တစ္ခုတည္းမေနရေတာ့ ေခြးေကာင္လုကသူ႔ကိုပဲကပ္ေနတယ္ဆိုတာမျမင္ရဘူး ငါကေတာ့ေတြ႕ေနရတယ္ အာ့ေၾကာင့္မို႔ငါကေတာ့ေသခ်ာေပါက္အဲ့လိုအရာေတြကိုမေတြးဘူး"
"သြမ့္က်ားရန္ ငါမင္းကိုဒီတစ္ခြက္နဲ႔ေလးစားသမွုျပဳပါတယ္ကြာ" ခ်န္ယြဲ႕ကစတစ္ဝက္အတည္တစ္ဝက္နဲ႔ေျပာတယ္ "ငါတကယ္ေျပာမယ္ မင္းသူ႔ကိုသဝန္တိုေအာင္မလုပ္နဲ႔ေနာ္ ငါတို႔ကသူ႔ရဲ့ေဒါသကိုမထိန္းနိုင္ဘူး"
"အာ့ဆို ငါလဲတကယ္ေျပာျပမယ္" သြမ့္က်ားရန္ကခ်န္ယြဲ႕ရဲ့ခြက္ႏွုတ္ခမ္းကိုသူ႔ခြက္နဲ႔ထိလိုက္ပီး "ငါကသူ႔ထက္ေကာင္းတဲ့သူကိုမရွာနိုင္သလို ရွာဖို႔လဲမလိုအပ္ဘူး"
"မင္းကိုငါယုံပါတယ္"
သြမ့္က်ားရန္ကေခါင္းညိမ့္လိုက္ပီး ခြက္ထဲကရွန္ပိန္ကိုေသာက္လိုက္တယ္ဖယ
လုရွင္းစစ္ကသူ႔ဘက္ကိုလွည့္ပီးတိုးတိုးေလးေျပာတယ္ "ေလၽွာ့ေသာက္ေနာ္ ခနေနရင္ေရကူးသြားရအုံးမွာမဟုတ္လား?"
သြမ့္က်ားရန္ကသူ႔စကားကိုနားေထာင္ပီး သူ႔လက္ထဲကရွန္ပိန္ခြက္ကိုေဘးနားမွာခ်ထားလိုက္ေတာ့တယ္။
လူတစ္ေယာက္ကသူ႔တို႔ရဲ့အျပဳအမူေသးေသးေလးေတြကိုေတြ႕သြပီးေျပာလာတယ္ "ငါအထက္တန္းတုန္းက မင္းတို႔လက္ထပ္မယ္ဆိုတာ တကယ္ေတြးကိုေတြးမထားတဲ့အရာပဲ"
"အဲ့တုန္းကသြမ့္က်ားရန္ကအတန္းေခါင္းေဆာင္ကိုတကယ္မုန္းတာကြ ဘယ္အခ်ိန္ဘယ္ေနရာေရာက္ေရာက္ သူကမုန္းတဲ့ခံစားခ်က္တန္းထြက္လာတယ္"
"မင္းကအဲ့ဒီတုန္းကတကယ္ႀကီးကိုျပႆာနာရွာနိုင္တာ" ခ်န္ယြဲ႕ကသြမ့္က်ားရန္ဘက္ကိုမ်က္ႏွာမူလိုက္တယ္ "ငါ basketball ကစားပြဲတစ္ခုကိုမွတ္မိေသးတယ္ ငါတို႔ကဒုတိယႏွစ္ေတြနဲ႔ခ်ိန္းထားတာ သူကေခြးေကာင္လုလာတာကိုေတြ႕တာနဲ႔လွည့္ထြက္သြားတာပဲ"
သြမ့္က်ားရန္ကရယ္လိုက္ပီး သူလုပ္ခဲ့တဲ့႐ူးေၾကာင္ေၾကာင္အရာေတြကိုမျငင္းဆန္ခဲ့ဘူး။
"အမွန္အတိုင္းေျပာရမယ္ဆိုရင္ သြမ့္ေကာကေနာက္ပိုင္း omega ျဖစ္သြားမယ္လို႔ငါထင္မထားဘူး"
"ငါတို႔ထင္မထားတဲ့ကိစၥေတြကအမ်ားႀကီးရွိတယ္ ေဘးအခန္းကစာေပေကာ္မတီအဖြဲ႕ကမင္းရဲ့နတ္ဘုရားမေလးေလ သူကကေလးေလးေတာင္ေမြးပီးသြားပီကြ"
"တကယ္ႀကီး?" ေကာင္ေလးကေအာ္လိုက္တယ္ "ငါ့အထက္တုန္းကသူ႔ we chat ကိုသြားမ add ရဲခဲ့တာ သြားပါၿပီကြာ"
သြမ့္က်ားရန္ကသူတို႔စကားေတြပဲေျပာေနတာကိုေတြ႕ေတာ့ တိုက္တြန္းလိုက္တယ္ "မင္းတို႔ညီအစ္ကိုေတြစုံေနပီမလား ငါတို႔ကမ္းေျခကိုသြားၾကမယ္ေလ"
"Fu*k" က်ိဳးရွင္ခ်န္းကသူ႔ကိုလွည့္ၾကည့္လာတယ္ "မင္းကလက္ထပ္ပီးသြားပီကြ မင္းကိုလုေကာကိုၾကည့္လိုက္းမ္း ပီးေတာ့ကိုယ့္ကိုယ္ကိုလဲျပန္ၾကည့္အုံး ဘာလို႔မူလတန္းေက်ာင္းသားေလးလိုလုပ္ေနတာလဲ?"
သြမ့္က်ားရန္ကသူ႔ကိုဝလာတယ္ဆိုတာသတိေပးဖို႔စိတ္မဝင္စားဘူး။ သူကတမ်ိဳးေျပာင္းလိုက္တယ္ "မင္းအစားေလးနည္းနည္းေလၽွာ့စားအုံး ခနေနရင္ေရထဲလဲျမဳပ္သြားအုံးမယ္"
"ဘာ! မင္းျပန္ေျပာစမ္း ငါကျမဳပ္သြားမယ္ဟုတ္လား?"
"Ha ha ha ha ha ha အစားအမ်ားႀကီးစားရင္ေရထဲျမဳပ္တယ္ဆိုတာခုမွပဲသိေတာ့တယ္" တခ်ိဳ႕ေကာင္ေလးေတြကတူေတြကိုေဘးမွာခ်ထားလိုက္ေတာ့တယ္ "ေကာင္းၿပီ ငါကေတာ့မစားေတာ့ဘူး"
လူတိုင္းကစားပီးခါနီးေတြျဖစ္ေနေတာ့ သူလဲဆက္မေျပာတိုင္ဘဲသူ႔တူေလးကိုလဲေဘးကိုခ်လိုက္ရေတာ့တယ္။
Hotel ကိုေရကူးဝတ္စုံေတြသြားျပန္လဲပီးတဲ့ပခါမွာကမ္းေျခကိုသြားၾကတယ္။ ေနေရာင္ကပင္လယ္ျပင္ေပၚမွာတံလၽွပ္ထေစတယ္။ဒီအခ်ိန္မွာ အပူခ်ိန္ကအေႏြးဆုံးျဖစ္ပီး ေနေရာင္ေၾကာင့္နည္းနည္းပူေနတဲ့သဲမြမြေလးေတြကေျခေခ်ာင္းေလးေတြၾကားကေနထြက္ထြက္လာတယ္။
သြမ့္က်ားရန္ကသူ႔အကၤ်ီကိုခၽြတ္လိုက္တဲ့အခါမွာ စုန္႔ရိကသူ႔ကိုစိုက္ၾကည့္ေနတာေတြ႕ေတာ့ လွည့္ပီးေမးလိုက္တယ္ "ဘာျဖစ္လို႔လဲ?"
စုန္႔ရိကအၾကည့္ေတြျပန္႐ုတ္လိုက္ပီး အူးျမဴးေနတဲ့အျပဳံးနဲ႔ "မင္းကိုယ္ေပၚကအခ်စ္ရဲ့အႂကြင္းအက်န္ေလးေတြကိုၾကည့္ေနတာ"
သြမ့္က်ားရန္ကသူ႔ေခါင္းကိုေခါက္လိုက္ပီး သူ႔အဝတ္ေတြကိုခုံရွည္ေပၚကိုပစ္တင္လိုက္တယ္။ စုန္႔ရိကသူ႔ရဲ့လွပတဲ့ body line ေတြကိုၾကည့္ရင္း မထိန္းနိုင္ဘဲတိုးတိုးေလးေျပာတယ္ "ေရွာင္သြမ့္ မင္းကအရမ္းျဖဴတာပဲ အတန္းေခါင္းေဆာင္ကမင္းကိုထိရတာအရမ္းႀကိဳက္တယ္မလား?"
စုန္႔ရိကိုေတာ့ သြမ့္က်ားရန္လဲထိန္းမနိုင္ဘူး။
သူကမ္းေျခကိုသြားမလို႔လုပ္တဲ့အခ်ိန္မွာ ႐ုတ္တရပ္လူႏွစ္ေယာက္စကားေျပာေနတာကိုၾကားလိုက္ရတယ္။
"ေခြးေကာင္လု" ခ်န္ယြဲ႕ကအမွတ္တမဲ့နဲ႔ သူ႔ေက်ာေပည္ကိုအၾကည့္ေရာက္သြားတယ္ "မင္းေက်ာကုန္းမွာဘာေတြလဲ?"
သြမ့္က်ားရန္လဲၾကည့္ၾကည့္လိုက္ေတာ့ alpha ရဲ့က်ယ္ျပန္႔ပီးသန္မာတဲ့ေက်ာျပင္ေပၚမွာ အနီေရာင္အမွတ္အသားတိမ္တိမ္ေလးေတြရွိေနတယ္။
သူကဒီမွာေရကူးခ်င္တဲ့အတြက္ လြန္ခဲ့တဲ့ရက္ေတြတုန္းကလုရွင္းစစ္ကသူ႔အေပၚမွာအမွတ္အသားေတြခ်န္မထားခဲ့သင့္ဘူးဒါေပမဲ့ သူလဲထပ္ပီးေတာင့္မခံနိုင္ေတာ့တာနဲ႔ပဲ သူလုရွင္းစစ္ကိုကုတ္ျခစ္မိသြားတယ္။
သြမ့္က်ားရန္ကအဲ့ဒီျခစ္ရာတိမ္တိမ္ေလးေတြကိုၾကည့္ပီး သူ႔ရဲ့ရွားရွားပါးပါးအျပစ္ရွိသလိုခံစားခ်က္ႀကီးကေန႔အလင္းေရာင္ေအာက္မွာဘြင္းဘြင္းႀကီးေပၚလာတယ္။
လုရွင္းစစ္ကေတာ့ျပဳံးပီးေျပာလာပါတယ္ "ဒီတိုင္းနည္းနည္းallerigic ျဖစ္တာနဲ႔တူတယ္"
ခ်န္ယြဲ႕ကေတာ့ သက္ျပင္းခ်တယ္။ စုန္႔ရိလဲနားေထာင္ေနပီး သြမ့္က်ားရန္ကိုတိတ္တိတ္ေလးလက္မေထာင္ျပရင္း ပါးစပ္လွုပ္႐ုံေျပာလာတယ္: ေတာ္တယ္။
ေန႔လည္ခင္းမွာ ပင္လယ္ေအာ္ႀကီးကလင္းထိန္ေနပီး အသက္ႏွစ္ဆယ္ပတ္လည္လူငယ္ေလးေတြအရမ္းေပ်ာ္ေနၾကတယ္။ သူတို႔ေတြကမဂၤလာပြဲလာတက္နဲ႔မတူဘဲ အတန္းေဖာ္ေတြျပန္လည္ေတြ႕ဆုံတဲ့ပြဲလိုမ်ိဳးျဖစ္ေနတယ္။
ညေနခင္းအေစာပိုင္းေလာက္မွာ သြမ့္က်ားရန္ကမ္းေပၚကိုျပန္တက္လာခဲ့လိုက္တယ္။
ေန႔လည္ခင္းတစ္ခုလုံးအရမ္းကစားထားတာဆိုေတာ့ သြမ့္က်ားရန္နည္းနည္းေတာ့ပင္ပန္းေနပီ။ သူကခုံေပၚမွာအရိုးမရွိသလိုမ်ိဳးေပ်ာ့ေခြပီးထိုင္ေနတာကိုစုန္႔ရိေတြ႕လိုက္ရတယ္။ သူကေတာ့ပထက္တန္းေက်ာင္းတုန္းကနဲ႔တစ္ပုံစံတည္းပဲ။ သူကမထိန္းနိုင္ဘဲဟာသလုပ္လိုက္တယ္ "အစ္ကို မင္းေက်ာင္းuniform ေလးဝတ္ပီး ရိက်ဳံးကိုသြားမယ္ဆိုရင္ေတာင္ ေက်ာင္းေစာင့္ကမင္းကိုအထက္တန္းေက်ာင္းသားမဟုတ္မွန္းမသိေလာက္ဘူး"
"အဲ့တာကအတင္းတြန္းအားေပးခံရလို႔ကြ" သြမ့္က်ားရန္ကပင္လယ္ထဲမွာရွိေနေသးတဲ့ လုရွင္းစစ္ကိုညႊန္ျပလိုက္တယ္ "သူဘာလို႔ေက်ာင္းမွာ မအိပ္ငိုက္လဲဆိုတာငါသိသြားပီ သူကညတိုင္း ဆယ့္ႏွစ္နာရီမွာအိပ္တယ္ မနက္က်ရင္သူကငါ့ကိုထဖို႔ႏွိုးတယ္ သူနဲ႔အတူတူအိပ္ေနရေတာ့ သူ႔လိုပဲက်န္းက်န္းမာမာရွိေနတာေပါ့"
သြမ့္က်ားရန္ကသူတျခားသူေတြနဲ႔ ဂိမ္းကစားခ်င္တဲ့ညေတြကိုသတိရသြားတယ္။ သူလုရွင္းစစ္ေၾကာင့္အိပ္ယာထဲကိုဆြဲေခၚခံလိုက္ရတာခ်ည္းပဲ သူမထိန္းနိုင္ဘဲေအာ္လိုက္တယ္ "တကယ္ႀကီးကိုသူကပုံမွန္ေကာလိပ္ေက်ာင္းသားနဲ႔လုံးဝမတူဘူး"
စုန္႔ရိကေတာ့ အဓိကကိုပဲအာ႐ုံစိုက္ထားတယ္ "ဆိုလိုတာက ႏွစ္ေယာက္သားကညတိုင္းတစ္အိပ္ယာတည္းအိပ္တာေပါ့"
သြမ့္က်ားရန္: " ... "
သြမ့္က်ားရန္: "ဒါကိုမင္းသိသြားပီပဲ မင္းအရမ္းေတာ္တယ္"
စုန္႔ရိကရယ္လိုက္တယ္: "မင္းကိုေမးစရာရွိတယ္"
သြမ့္က်ားရန္: "ေမးေလ"
သူတို႔ႏွစ္ေယာက္အတူတူေနတာသိသြားတာေၾကာင့္ စုန္႔ရိကအသံတိုးတိုးနဲ႔ သိပ္အဆင္မေျပတဲ့ေမးခြန္းေမးလာတယ္ "မင္းတစ္သက္သာအမွတ္အသားေပးခံရပီးပီလား?"
သြမ့္က်ားရန္ကေခါင္းယမ္းလိုက္တယ္။
စုန္႔ရိ: "Fu*k "
သူတို႔ေတြကေကာလိပ္ပထမႏွစ္ကတည္းကအတူတူေနၾကတာဆိုေတာလ သူတို႔ေတြလုပ္သင့္လား မလုပ္သင့္လားစဥ္းစားေနၾကတာလား? ဒီလိုပုံစံေတြးလို႔လဲသူ႔ကိုအျပစ္တင္လို႔မရဘူးေလ သူ႔တို႔ပတ္ဝန္းက်င္က ao အတြဲေတြကလဲ အတူတူေနပီးတာေတာင္ အမွတ္အသားမရွိတဲ့လူေတြရွိေသးတာပဲ။ Alpha အနည္းငယ္က ေနာက္ဆုံးအခ်ိန္ထိ omega ရဲ့လွုံ႔ေဆာ္မွုကိုခံနိုင္ရည္ရွိၾကတယ္။
စုန္႔ရိကေျပာလာတယ္ "ႏွစ္ေတြေတာင္ၾကာပီကို သူကအရမ္းသည္းခံနိုင္တာပဲ"
သြမ့္က်ားရန္ကအဲ့တာကိုၾကားေတာ့ရယ္လိုက္တယ္ "သူကအဲ့ေလာက္အဆိုးႀကီးမဟုတ္ပါဘူး"
သူတို႔အဲ့ဒီအရာေတြလုပ္တဲ့အခ်ိန္းတိုင္းမွာ လုရွင္းစစ္ကသူ႔ကိုအမွတ္အသားလုပ္ဖို႔ ထူးထူးျခားျခားလိုအင္ဆႏၵေတြကိုမျပသဘူး။
စုန္႔ရိကနားေထာင္ပီးေတာ့ သြမ့္က်ားရန္ကိုရွုပ္ေထြးတဲ့အၾကည့္နဲ႔ၾကည့္လာတယ္။
သူတို႔အတူတူေနတာဘယ္ေလာက္ေတာင္ၾကာပီလဲ? သူကalpha အတြက္မျပင္ဆင္ထားဘူးလား? အဲ့တာကလုရွင္းစစ္ဆိုရင္ေတာင္ေသခ်ာေပါက္...
စုန္႔ရိကသတိေပးလိုက္တယ္ "မင္းအဲ့ဒီအပိုင္းကိုေတြးထားပီးပီလား? တကယ္လို႔မင္းတို႔အမွတ္အသားလုပ္မယ္ဆိုရင္ ႀကိဳပီးေဆးေသာက္ထားတာကအေကာင္းဆုံးပဲ"
A နဲ႔ O တစ္သက္တာအမွတ္အသားလုပ္ၾကတဲ့အခါမွာ omega ကကိုယ္ဝန္ရနိုင္တဲ့အခြင့္အေရးက 80% ထက္ပိုမ်ားတယ္။ အဲ့တာကိုကယကာကြယ္ဖို႔အတြက္ omega အမ်ားစုကသေႏၶတားေဆးေတြႀကိဳေသာက္ၾကတယ္။
သြမ့္က်ားရန္ကအစတုန္းကအုန္းရည္ေသာက္ေနတာျဖစ္ပီး စုန္႔ရိေျပာတာကိုၾကားေတာ့ သူ႔လွုပ္ရွားမွုေတြရပ္သြားတယ္။
သူ႔စုန္႔ရိကိုၾကည့္ပီအမွန္တိုင္းေျပာလိုက္တယ္ "ငါေဆးေသာက္ထားမယ္ အဲ့တာကိုလိုမလားဆိုတာေတာ့ငါမသိဘူး"
စုန္႔ရိကအဲ့တာကိုၾကားေတာ့ အံ့အားသင့္သြားတယ္။
သြမ့္က်ားရန္ကဒီလိုအရာေတြကိုတင္းခံထားအုံးမယ္လို႔သုန္႔ရိထင္ထားတာ။ သူကဒီလိုေျပာင္းလဲမွုမ်ိဳးကိုလြယ္လင့္တကူလက္ခံနိုင္႐ုံသာမက သူကသေႏၶတားေဆးကိုပဲကိုယ္တိုင္ဝယ္ထားလိမ့္မယ္လို႔စုန္႔ရိမထင္ခဲ့ရိုးအမွန္ပါ။
သြမ့္က်ားရန္: "ၾကည့္ၾကည့္ သူလိုခ်င္တယ္ဆိုရင္ေဆးကိုနာရီဝက္ႀကိဳေသာက္ရမွာထင္တယ္"
စုန္႔ရိကအခုထိအံ့အားသင့္ေနတုန္းပဲ "အာ့ဆို စမ္းၾကည့္မလို႔လား?"
သြမ့္က်ားရန္ကအရမ္းတည့္တိုးဆန္တယ္: "ခနေနရင္ေမးလိုက္မယ္ေလ"
စုန္႔ရိ: " ... "
သူလဲအဲ့ဒါကိုစဥ္းစားေနပီး သူနဲ႔လုရွင္းစစ္ေနရမဲ့အခန္းထဲေရာက္ေတာ့ သြမ့္က်ားရန္ကလက္ထဲကေဆးဗူးကိုကစားေနရင္း ေရခ်ိဳးခန္းထဲကေရက်သံကိုနားေထာင္ေနတယ္။ သူ႔မွာဒီလိုတုံ႔ဆိုင္းမွုမ်ိဳးဆိုတာရွိခဲတယ္။
သူမွတ္မိေသးတယ္.သူဒီေဆးကိုသြားဝယ္ေတာ့ အေရာင္းစာေရးမေလးကသူတစ္ေယာက္တည္းလာဝယ္တာကိုေတြ႕ေတာ့သူ႔ကိုအသက္ငယ္ေသးတဲ့ပုံပဲဆိုပီးေျပာတယ္။ စိုးရိမ္တႀကီးနဲ႔ေမးေနပီး သူကဒီေဆးကဘာလဲဆိုတာမသိေတာ့ အေရာင္းစာေရးေလးကသူကဘာလို႔ရွင္နဲ႔မလာတာလဲ သူအိမ္ေထာင္ေရးေဖာက္ျပန္မွာစိုးလို႔လားစတဲ့ေမးခြန္းေတြေမးလာခဲ့တယ္။
ဒီေဆးကိုဝယ္တဲ့လူအမ်ားစုကတစ္သက္တာအမွတ္အသားေပးတဲ့သူေတြျဖစ္ပီး omega တစ္ေယာက္ကသူကိုယ္တိုင္သေႏၶတားေဆးလာဝယ္တယ္ဆိုတာကအရမ္းမေလ်ာ္ကန္တဲ့ပုံေပၚေနတယ္။
လုရွင္းစစ္ကလမ္းေလၽွာက္ရင္းဆံပင္သုတ္ေနတာကိုျမင္လိုက္ေတာ့ သြမ့္က်ားရန္ကသာမန္ကာလၽွံေမးတဲ့ဟန္ေဆာင္ပီးေမးလိုက္တယ္ "မင္းအခန္းထဲမဝင္ခင္တုန္းကခ်န္ယြဲ႕တို႔မင္းကိုဘာေျပာေနတာလဲ?"
လုရွင္းစစ္ကသဘက္ကိုေဘးမွာခ်လိုက္တယ္ "သူတို႔ေျပာတာကသူတို႔တံခါးကိုပိတ္ထားမယ္ ေနာက္ေန႔ေန႔လည္ထိသူတို႔ကငါတို႔ကိုဖြင့္မေပးဘူးတဲ့"
သူကအိပ္ယာေဘးမွာထိုင္ေနတဲ့ သြမ့္က်ားရန္ကိုၾကည့္လိုက္ပီး သူတစ္ခါမွမျမင္ဖူးတဲ့ဗူးေလးကိုကိုင္ထားတာကိုေတြ႕ေတာ့ ေပါ့ေပါ့ပါးပါးပဲေမးလိုက္တယ္ "မင္းဘာယူလာတာလဲ?"
သြမ့္က်ားရန္ကသူခ်က္ခ်င္းႀကီးေတြ႕သြားလိမ့္မယ္လို႔ေမၽွာ္လင့္မထားဘူး။ သူခနေလာက္ေတြေဝေနပီး ဗူးေလးကိုအိပ္ယာေဘးမွာတင္လိုက္တယ္ "ဒါေလး"
ဗူးေလးမွာအဂၤလိပ္စာလုံးေတြနဲ႔ေရးထားပီး ထိပ္ဆုံးမွာရွိေနတာစာလုံးကိုေတြ႕ေတာ့ လုရွင္းစစ္ရဲ့မ်က္လုံးေတြနက္ေမွာင္သြားတယ္။ သူကအကၤ်ီဝတ္ဖို႔အခ်ိန္မယူေတာ့ပဲ အဝတ္အစားေတြကိုခုံေပၚေနာက္ျပန္ပစ္တင္လိုက္ပီး အိပ္ယာဆီကိုေလၽွာက္လာတယ္။
သူတို႔ႏွစ္ေယာက္မွာတစ္ေယာက္ကထိုင္ေနပီးတစ္ေယာက္ကမတ္တပ္ရပ္ေနတယ္။ alpha ရဲ့ေျခလက္ေတြကက်စ္လစ္သန္မာပီး ႂကြက္သြားတိုင္းမွာေပါက္ကြဲထြက္ေတာ့မဲ့စြမ္းအားေတြပါဝင္ေနတယ္။ သူကငုံ႔ၾကည့္ေနတဲ့အခါမွာေတာ့ လုံးဝအဖိႏွိပ္ခံထားရသလိုခံစားရလိမ့္မယ္။
သူကသူ႔လက္ဖဝါးနဲ႔သြမ့္က်ားရန္ရဲ့မ်က္ႏွာေလးကိုဆြဲယူလိုက္ရင္း သူ႔ကိုထိတ္လန္႔သြားေစမိမွာစိုးရိမ္ေနတဲ့ပုံနဲ႔ သူကတိုးတိုးဖြဖြေလးေျပာလာတယ္ "မင္းဒါကိုဝယ္ထားတာဘယ္ေလာက္ၾကာပီလဲ?"
သြမ့္က်ားရန္ကလက္ဖဝါးဆီကအပူခ်ိန္ကိုခံစားေနရပီး သူ႔ကိုဖုံးကြယ္မထားခဲ့ဘူး "ဟိုတစ္ပါတ္က"
"မင္းကဒါကိုအေစာႀကီးေတြးထားတာလား?" လုရွင္းစစ္ကသူ႔ကိုေျပာတယ္။ ဒါကတကယ္ကိုသည္းခံဖို႔ခက္ခဲတာပဲ။ သူကသြမ့္က်ားရန္ရဲ့နားရြက္ဆီကိုငုံ႔ခ်လိုက္တယ္ "နာမွာမေၾကာက္ဘူးလား?"
သြမ့္က်ားရန္ကအစတုန္းကမေၾကာက္ဘူးလို႔ေျပာမလို႔ပဲ။ ဒါေပမဲ့ တစ္သက္တာအမွတ္အသားေပးတဲ့ျဖစ္စဥ္တစ္ေလၽွာက္မွာလုပ္ေဆာင္ရမဲ့အဆင့္တိုင္းကိုသူေတြးၾကည့္လို႔ရတယ္။ အဆင့္တိုင္းကခက္ခဲတဲ့ပုံေပါက္တယ္။ သူခနေလာက္တုံ႔ဆိုင္းသြားတယ္ "အာ့ဆို မင္းကဖြဖြေလးလုပ္ေလ"
သူ႔အသံထြက္လာတဲ့အခ်ိန္မွာ သူကခပ္ျပင္းျပင္းအတြန္းခံလိုက္ရပီး လူကအိပ္ယာေပၚကိုတိုက္ရိုက္က်သြားတယ္။
သူ႔ေရွ႕က alpha ကသူ႔ပခုံးေတြကတင္းတင္းဆုပ္ကိုင္ထားပီး သူေတာင္နည္းနည္းနာက်င္လာရတယ္။ သြမ့္က်ားရန္ပါးစပ္ဟပီးေျပာမလိုလုပ္လိုက္တဲ့အခါမွာ သူ႔ႏွုတ္ခမ္းေတြကပိတ္ဆို႔ခံလိုက္ရတယ္။
သူလုရွင္းစစ္ရဲ့ဒီပုံစံမ်ိဳးကိုျမင္ရခဲတယ္။ Alpha ပိုင္ဆိုင္တဲ့ pheromones ကရိုးသားမွုမရွိရွုပ္ေထြးလာပီး လုံးဝကိုထိန္းခ်ဳပ္မွုကေနလြတ္ထြက္လုမိနီးပါးပဲ။
မလြတ္ေျမာက္နိုင္ေတာ့ဘူး။ သြမ့္က်ားရန္ကရိုးရွင္းစြာနဲ႔ပဲတစ္ဖက္လူရဲ့လည္ပင္းဆီကိုလက္လွမ္းလိုက္တယ္။
သူသူနဲ႔နာခံမွုကိုသတိျပဳမိပီး သူ႔ကိုမ်ိဳခ်မတတ္ျဖစ္ေနတဲ့ alpha ကတျဖည္းျဖည္းနဲ႔အနမ္းကိုရပ္တန္႔လိုက္တဲ့အခ်ိန္ေစာင့္ရမယ္။
လုရွင္းစစ္သူ႔လက္ေမာင္းေတြထဲကလူသားေလးကိုၾကည့္လိုက္တယ္။
သြမ့္က်ားရန္ရဲ့ ဆံပင္အေရာင္ေၾကာင့္ သူကေကာလိပ္ေရာက္ေနတာေတာင္ သူ႔မ်က္ႏွာေလးကအရမ္းႏုနယ္ေနတုန္းပဲ။
လုရွင္းစစ္မ်က္ခုံးပင့္ပီး အနည္းငယ္တုန္ေနတဲ့အေရာင္ေဖ်ာ့ေဖ်ာ့မ်က္ေတာင္ေလးေတြကိုၾကည့္မိတဲ့အခါမွာေတာ့ သူ႔ႏွလုံးသားရဲ့ေနရာတစ္ခုကထိန္းခ်ဳပ္မွုမရွိစြာပဲ ၿပိဳလဲပ်က္ဆီးသြားတယ္။
သူအတင္းဖိႏွိပ္ထားခဲ့ရတဲ့ ေမွာင္မိုက္ၾကမ္းတမ္းတဲ့အေတြးေတြက အသိတရားမရွိစြာထြက္ေပၚလာတယ္။
"မင္းအဲ့တာကိုေတြးပီးသြားပီလား?" သူ႔ရဲ့အသက္ရွူေငြ႕ေတြကပူေႏြးေနပီး သူကတိုးတိုးေလးေျပာတယ္ "မင္းရဲ့ gland သာမန္ omega ေတြနဲ႔မတူဘူး တစ္သက္တာအမွတ္အသားေပးပီးသြားရင္လုံးဝသန္႔စင္ပစ္လို႔မရေတာ့ဘူး"
"မင္းကိုငါတစ္ခါအမွတ္အသားေပးလိုက္တာနဲ႔ မင္းကငါနဲ႔ခ်ည္ေႏွာင္ပီးသားျဖစ္သြားမွာ" သူ႔စကားလုံးေတြျပင္းျပင္းထန္ထန္ထြက္မသြားေစဖို႔သူ႔ကိုယ္သူအရမ္းထိန္းခ်ဳပ္ထားရတယ္ "ငါ့ရဲ့ေဘးမွာဆို မင္းရဲ့ရနံ့ကိုအနံ့ရမဲ့ alpha ဆိုတာမရွိဘူး ငါကမင္းရဲ့ခႏၲာကိုယ္ထဲမွာ ငါ့ရဲ့pheromones ေတြအျမဲတမ္းခ်န္ထားခဲ့မွာ"
အဲ့ဒါေတြကိုသိပီးသားျဖစ္ေပမဲ့လဲ ဒီတိုင္းအခ်ိန္သင့္အခါသင့္ေဖာ္ျပလာတဲ့အခါမွာေတာ့ သြမ့္က်ားရန္ရွင္းမျပတတ္ေလာက္ေအာင္ပူေလာင္လာတယ္။
သူကေခါင္းညိမ့္ပီးေျပာလိုက္တယ္ "ပိုပီးေကာင္းေကာင္းေတြးစမ္းပါ"
သူ႔ရဲ့အျပဳအမူေၾကာင့္ လုရွင္းစစ္ကသူ႔ရဲ့စိတ္ဆႏၵေတြကိုထိန္းခ်ဳပ္ဖို႔ႀကိဳးစားေနတယ္ဆိုတာကိုသူခံစားေနရတယ္။
သြမ့္က်ားရန္ေမာ့ၾကည့္လိုက္ပီး သူ႔လည္ပင္းေတြကိုျမန္ျမန္ပြတ္သပ္လိုက္တယ္။
"မင္းက estrus ကာလမဟုတ္ဘူး တစ္သက္တာအမွတ္အသားေပမဲ့ၾကာခ်ိန္အရဆိုမင္းခံနိုင္မွာမဟုတ္ဘူး" လုရွင္းစစ္ကေဆးဗူးေလးကိုသြမ့္က်ားရန္လက္ထဲညင္ညင္သာသာတြန္းေပးလိုက္တယ္။ သူ႔ကဒီေဆးကိုကိုယ္တိုင္ဝယ္ခဲ့တယ္ဆိုပီးေတြးရတာစိတ္ဝင္စားစရာေကာင္းတယ္။ လုရွင္းစီကမ်က္ခုံးေတြကိုေျဖေလ်ာ့လိုက္ပီးျပဳံးလိုက္တယ္ "ဒီေဆးေတြကိုဒီညမသုံးရတာေတာ့ႏွေျမာစရာပဲ"
"Alpha ကသူ႔ pheromones ကိုသုံးပီး omega ကို estrus ခ်က္ခ်င္းဝင္ေအာင္လုပ္လို႔ရတယ္" သြမ့္က်ားရန္က႐ုတ္တရပ္ေျပာလိုက္တယ္။
လုရွင္းစစ္ကသူမွားမ်ားၾကားမိတာလားဆိုပီး မ်က္ခုံးပင့္ပီး သူ႔ကိုစိုက္ၾကည့္လာတယ္။
"လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက ငါ့ရဲ့ estrus ကာလဆိုေပမဲ့လဲ" သူ႔ကိုစိုက္ၾကည့္ေနတာကိုသြမ့္က်ားရန္ေတြ႕ေတာ့ ခဏေလာက္တန္႔သြားပီးဆက္ေျပာလိုက္တယ္ "မင္းကပိုပီးေစာေစာျဖစ္ေစခ်င္တယ္ဆိုလဲကိစၥမရွိပါဘူး"
လုရွင္းစစ္ကလုံးဝကိုသည္းခံထားရပီး သူ႔ရဲ့က်ိဳးေၾကာင္ဆင္ျခင္နိုင္မွုေတြကိုထိန္းခ်ဳပ္ရင္း သူေတြးေနတာကိုရွင္းျပတယ္ "အဲဒါကလုပ္လို႔ရေပမဲ့ သက္ေသာင့္သက္သာမရွိျဖစ္သြားနိုင္တယ္"
"ဘာမွမျဖစ္ပါဘူး" သြမ့္က်ားရန္ကသူတိတ္ေနတာကိုေတြ႕ေတာ့ ျပဳံးျပလိုက္တယ္ "ငါမင္းကိုေျပာစရာရွိတယ္"
သူကသေႏၶတားေဆးဗူးေလးကိုညႊန္ျပလိုက္တယ္ "မင္းေရခ်ိဳးေနတုန္းကငါေဆးလုံးေသာက္ပီးသြားပီ"
သြမ့္က်ားရန္ဘက္ကဦးေဆာင္လိုက္ပီး သူ႔မ်က္ႏွာကိုတစ္ခ်က္ၾကည့္လိုက္တယ္ "လာပါ"
AO mark က လူႏွစ္ေယာက္ရဲ့ခ်က္ခ်င္းေမတၱာကိုလွပစြာထုပ္ပိုးလိုက္ပီး တံဆိပ္ကပ္ႏွိပ္လိုက္သလိုပဲ။
ဒါေပမဲ့ တကယ္အမွတ္အသားလုပ္တဲ့အခါ အေရးႀကီးတဲ့အခ်ိန္မွာ omega တစ္ေယာက္ရဲ့ ပင္ကိုဗီဇအရသြမ့္က်ားရန္အရမ္းနာက်င္ရတယ္။
စိတ္ေရာကိုယ္ေရာကအခ်ဳပ္ေႏွာင္ခံလိုက္ရပီး စိတ္ေတြကကေယာင္ေခ်ာက္ျခားျဖစ္စြာနဲ႔ လုံျခဳံတဲ့ခံစားခ်က္မ်ိဳးဆိုတာလဲမရွိဘူး။
သူ႔ကိုအမွတ္အသားေပးေနတဲ့လူကသူခ်စ္ရတဲ့သူဆိုတာကို အထပ္ခါခါႏွလုံးသြင္းထားခဲ့တာေတာင္ သူလြတ္ေျမာက္ခ်င္ေနတုန္းပဲ။
ေနာက္ဆုံးမွာေတာ့ omega ေတြကအမွတ္အသားေပးခံရတဲ့အခ်ိန္မွာ အသက္ရွူရပ္မတတ္ဘာလို႔ငိုၾကလဲဆိုတာသြမ့္က်ားရန္သိသြားပီ။
ဒီျဖစ္ရပ္မွာ လူေတြကတကယ္ကိုေၾကမြသြားသလိုပဲ။
မ်က္ရည္ေတြကပယင္းေရာင္မ်က္ဝန္းေလးေတြစီကေနတစ္ေပါက္ခ်င္းစီ စီးက်ရင္းေမးေဘးကိုရွပ္တိုက္သြားတယ္။
သူသတိရွိတစ္ဝက္မရွိတစ္ဝက္ျဖစ္ေနခ်ိန္မွာ တစ္စုံတစ္ေယာက္ကသူ႔နာမည္ကိုေခၚေနတယ္ဆိုတာ သြမ့္က်ားရန္ၾကားလိုက္ရတယ္။
အသံတိုးဖြဖြနဲ႔သူ႔ရဲ့ခ်စ္စနိုးနာမည္ကိုအထပ္ထပ္ေခၚဆိုရင္း သူ႔ကိုေခ်ာ့ေမာ့ႏွစ္သိမ့္ဖို႔ႀကိဳးစားေနတယ္။
သူလုရွင္းစစ္ရဲ့အသံကိုမ်က္ရည္ေတြၾကားထဲကေနခံစားလို႔ရတယ္။
တစ္ဖက္လူကသူ႔ကိုကတိေတြေပးေနတာကိုသြမ့္က်ားရန္ေဝေဝဝါးဝါးၾကားေနရတယ္။
သူေျပာတာက ငါမင္းကိုေကာင္းေကာင္းမြန္မြန္ဆက္ဆံမွာပါ မင္းကိုဂ႐ုစိုက္ပါ့မယ္ မငိုပါနဲ႔လားကြာတဲ့။
သြမ့္က်ားရန္ကအားနည္းတဲ့ေလးသံေလးနဲ႔ပဲကတိေပးလိုက္တယ္။
ေနာက္ပိုင္းမွာ ဒါကသြမ့္က်ားရန္ထိန္းခ်ဳပ္လို႔ရတဲ့အရာမဟုတ္ဘူးဆိုတာကိုလုရွင္းစစ္နားလည္သြားခဲ့တယ္။
"မင္းငိုခ်င္တဲ့အခါမွာ ငိုခ်လိုက္ပါ" လုရွင္းစစ္ပါးရဲရဲေလးကိုေမႊးၾကဴလိုက္ရင္း ႏူးညံ့တဲ့အသံေလးနဲ႔ေျပာတယ္ "ေၾကာက္ေတာ့ေၾကာက္မသြားပါနဲ႔"
သြမ့္က်ားရန္ကဒီအခ်ိန္မွာ သူဘယ္ေလာက္သနားစရာေကာင္းေနလဲဆိုတာကိုလဲမေတြးနိုင္ေတာ့ဘူး။
ခဏအၾကာမွာ သူ႔ဦးေႏွာက္တစ္ခါလုံးဗလာျဖစ္သြားတယ္ဆိုတာကိုသူခံစားလိုက္ရတယ္။ သူ႔ရဲ့ Alpha ကိုဖက္တြယ္ထားကလြဲရင္ သူ႔ဘာကိုမွမခံစားနိုင္ေတာ့ဘူး။
တစ္ဖက္လူကသူ႔ကိုေတာင္းဆိုခ်က္တစ္ခုေျပာလာတဲ့အခါမွာေတာ့ သြမ့္က်ားရန္ထိတ္လန္႔တၾကားမ်က္ေတာင္ခတ္မိတယ္ "ဘာႀကီး?"
"သူတို႔မနက္တုန္းကေျပာေနတဲ့ဟာကိုၾကားခ်င္တယ္"
"ဘာကိုၾကားခ်င္တာလဲ..." သြမ့္က်ားရန္မွာျပန္စဥ္းစားဖို႔ကိုေတာင္အားမရွိေတာ့ဘူး။
လုရွင္းစစ္ကအဲ့တာကိုသတိထားမိေတာ့ ႏွုတ္ခမ္းေလးေတြပြင့္ဟလာပီး သူၾကားခ်င္တဲ့ဟာကိုေျပာျပတယ္။
သြမ့္က်ားရန္အသက္ျပင္းျပင္းရွိုက္လိုက္ပီး ေနာက္ဆုံးမွာေတာ့ သူ႔မွာဘာနည္းလမ္းမွမရွိေတာ့ဘူး။ လုရွင္းစစ္ကိုပဲ တြယ္ဖက္ထားနိုင္တယ္ေလ။
သူ႔အသံကအနည္းငယ္တုန္ခါေနပီး ငိုသံေတြျပည့္ေနတဲ့အခန္းေလးရဲ့ အရပ္မ်က္ႏွာအသီးသီးကိုပ်ံ႕ႏွံ့သြားေစဖို႔အထိေတာ့မစြမ္းသာခဲ့ဘူး။
သူ႔ကိုညႇာတာဖို႔ေတာင္းခံေနတဲ့အသံငယ္က–
"ေလာင္ကုန္း"
✨.........THE END.......✨
ေနာက္တစ္ပိုင္းမွာ မထည့္ရေသးတဲ့ fanart ေလးေတြရွိတယ္။