ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...
By ZuriLeora
1.2M 188K 9.3K
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... More
DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 58 - Couple
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 2
Extra 3
Extra 4
✨✨✨
Extra 1
14.9K 1.9K 88
By ZuriLeora
Unicode
စက်တင်ဘာလအစောပိုင်းမှာ ကောလိပ်တွတက္ကသိုလ်တွေကလဲကျောင်းသားသစ်တွေစပီးလက်ခံတယ်။
သွမ့်ကျားရန်ရဲ့တက္ကသိုလ်ကလုရှင်းစစ်နဲ့လမ်းတစ်လမ်းပဲရှားတယ်။ လမ်းရဲ့ဟိုတစ်ဖက်မှာကကျောင်းလူဆိုလေးတက်ချင်တဲ့ ကောလိပ် D ဖြစ်ပီးတော့ သွမ့်ကျားရန်ကကောလိပ် A မှာတက်ရတယ်။
ကောလိပ် A ကလဲကျောင်းကောင်းတစ်ခုဖြစ်တယ်။ ကောလိပ်ကျောင်းတွေကိုအဆင့်ခွဲကြည့်မယ်ဆိုရင်တော့ သိပ်မဆိုးလှဘူးပြောရမယ်။ ဒါပေမဲ့ဟိုဘက်က အ​ကျော်ကြားဆုံးကျောင်းနဲ့ယှဥ်ကြည့်ရင်တော့ နည်းနည်းကမောက်မကနိုင်တယ်​။
အစီရင်ခံစာတင်တဲ့နေ့မှာ သွမ့်ကျားရန်က suitcase လေးဆွဲပီး အဆောင်တံခါးဆီကိုလမ်းလျှောက်သွားလိုက်တော့ သူ့ရဲ့အခန်းဖော်နှစ်ယောက်ကိုတွေ့လိုက်ရတယ်။
တစ်ယောက်က baby face လေးနဲ့ဖြစ်ပီး နောက်တစ်ယောက်ကဖြူဖတ်ဖြူရော်ခုထိအိပ်ယာကမနိုးသေးတဲ့ပုံပေါက်နေတယ်။
Baby face လေးကပြောနေတယ် "ငါကိုယုံပါဆိုကွာ! သောက်ရမ်းကြီးကိုချောလွန်းပါတယ်ဆို!"
သွမ့်ကျားရန်က​ဝင်ပြောလိုက်တယ် "မင်းကိုယုံပါတယ်!သောရမ်းကြီးကိုချောလွန်းတယ်!"
အခန်းထဲကလူနှစ်ယောက်ကတစ်ချိန်တည်းပဲသူ့ဆီကိုလှည့်ကြည့်လာတယ်။ သွမ့်ကျားရန်ကသူတို့နှစ်ယောက်နဲ့အကြည့်ချင်းဆုံလိုက်ပီး နှုတ်ဆက်လိုက်တယ် "Hello"
"Hello, hello" baby face လေးကတက်တက်ကြွကြွပြောတယ် "အခန်းဖော်အသစ်လား?"
အိပ်ချင်မူးတူးနဲ့ဟာလေးကသေချာပြူးကြည့်ပီး ရုတ်တရပ်ပြောလာတယ် "အခန်းဖော်အသစ်ကလဲအရမ်းချောတယ် မင်းပြောတဲ့တက္ကသိုလ်ကျောင်းသားကသူ့တစ်ဝက်လောက်ချောလား?"
"အတူတူလောက်ပါပဲ" baby face လေးကသွမ့်ကျားကိုကြည့်လိုက်ပီး သင့်သင့်တော်တော်လေးဖြေတယ် "တစ်ယောက်တစ်မျိုးစီပေါ့ကွာ"
"ဟုတ်ပါပီ" အိပ်ချင်မူးတူးဟာလေးကခေါင်းညိမ့်လိုက်တယ် "မင်းလေကြီးနေတာ"
" ... "
သွမ့်ကျားရန်ကသူတို့ချင်းအတော်လေး ရင်းနှီးပုံရတာကိုတွေ့တော့ သိလိုစိတ်နဲ့မေးလိုက်တယ် "မင်းတို့အချင်းချင်းသိတယ်လား?"
"အထက်တန်းကျောင်းတုန်းကအတန်းဖော်တွေလေ အဆောင်ကအတူတူခွဲပေးလိမ့််လို့ထင်မထားဘူး" baby face လေးကသူ့ကိုယ့်သူမိတ်ဆက်လာတယ် "ငါ့နာမည်က ရှရန်ပါ သူကတော့ လင်းတု"
"ငါကသွမ့်ကျားရန်" သွမ့်ကျားရန်ကသူ့အိတ်ကိုဆွဲရင်းမေးလိုက်တယ် "မင်းတို့ဘာပြောနေတာလဲ?"
"ငါလေမနေ့တုန်းကငါ့သူငယ်ချင်းနဲ့မုန့်စျေးတန်းကိုသွားတော့ အရမ်းသန်မာတဲ့ alpha တစ်ယောက်ကိုတွေ့ခဲ့တယ်" ရှရန်ကအဲ့တာကိုပြောတဲ့အချိန်မှာအရမ်းတက်ကြွနေတယ် "ငါအဲ့တာကိုစုံစမ်းနေတာ သူကဟိုဘက်လမ်းကတက္ကသိုလ်ကများဖြစ်နေမလားလို့ သူလဲငါတို့လိုပဲ freshman ပဲ သူကြောင့်လေ တက္ကသိုလ်က forum တွေထဲမှာ ဆူညံနေပီ"
သွမ့်ကျားရန်က သူ့အိတ်ကိုဟိုဘေးကိုရွှေ့နေရင်း အဲ့ဒါကိုကြားတော့ "Wow"
ရှရန်ကသူထောက်ခံတာကိုတွေ့တော့ သက်ပြင်းချလိုက်တယ် "သူကလေ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းကျောင်းသားဖြစ်ခဲ့တာထင်တယ်"
သွမ့်ကျားရန်" ? "
လင်းတုကမျက်တောင်လေးပုတ်ခတ်ပုန်ခတ်လုက်လိုက်တယ် "ကြည့်ရတာနဲ့တင် စိတ်လှုပ်ရှားစရာကြီးပေါ့"
ရှရန်: "ကောင်ချောလေး​တွေကို အသိအမှတ်ပြုစမ်းပါ သူ့နောက်ကို omega တွေအများကြီး လိုက်နေကြတာ သူကအဆင့်မြင့်မြင်ထဲကဖြစ်လောက်တယ် ငါတော့အဲ့လောက်သတ္တိမရှိဘူး"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်အတင်းထိန်းထားပေမဲ့လဲသည်းမခံနိုင်တော့ဘူး "သူ့နာမည်ကလုရှင်းစး်လား?"
ရှရန်ကခေါင်းညိမ့်ပြရင်းပြုံးလိုက်တယ် "မင်းလဲ forum ကြည့်တယ်လား?"
သွမ့်ကျားရန်လဲပြန်ပြုံးပြလိုက်တယ် "သူကငါ့ boyfriend လေ"
ရှရန်: " ... "
ရှရန်: "ငါတောင်းပန်ပါတယ်!! ငါမသိလို့!!! ငါကဒီတိုင်းပဲပြောလိုက်တာ!!!!"
သွမ့်ကျားရန်ကသူ့ရဲ့မျက်နှာရဲရဲလေးနဲ့တောင်းပန်တဲ့မျက်လုံးလေးတွေနဲ့ကြည့်နေတာတွေ့တော့ ခေါင်းယမ်းပြလိုက်တယ် "ရပါတယ်"
လင်းတုကစိုက်ကြည့်လာတယ် "တစ်ရက်လောက်ကုန်သွားရင် နောက်တစ်ယောက်ပြောင်းသွားလိမ့်မယ်"
ညနေပိုင်းမှာ A ​ကျောင်းက freshman လေးတွေမနက်ဖြန်စစ်ရေးလေ့ကျင့်ဖို့ရှိတယ်ဆိုပီး အသိပေးခဲ့တယ်။
A ကျောင်းတင်မကဘူး ဘေးနားကကျောင်းတွေရောစစ်ရေးလေ့ကျင့်ဖို့စုစည်းရောက်ရှိလာတယ်။ စက်တင်ဘာကအရမ်းလင်းထိန်နေပီး နေရောင်ကလဲအရမ်းပြင်းတယ်။
သွမ့်ကျားရန်တို့ foreign language major ကလူတွေကစာကြည့်တိုက်အောက်နားလေးနားမှာ ရပ်နေရပီးယောကျ်ားလေးမိန်းကလေးသပ်သပ်စီခွဲထားတယ်။ အပူချိန်ပြင်းတဲ့အတွက်ကြောင့် omega နှစ်ယောက်ပဲကျန်ခဲ့တော့တယ်။
ရှရန်နဲ့လင်းတုသူတို့နှစ်ယောက်လုံးက beta တွေ။ နားတဲ့အချိန်မှာ  ရှရန်ကအဖွဲ့ထဲကတစ်ယောက်တည်းသော omega လေးကိုကြည့်ပီး မထိန်းနိုင်​ပဲမေးလိုက်တယ် "မင်းမပင်ပန်းဘူးလား? Omega အများကြီးကအနားယူ​ရအောင်သွားကုန်ပီလေ"
"ကံကောင်းလို့" သွမ့်ကျားရန်ကခနနားလိုက်ပီး မျက်နှာပေါ်ကချွေးတွေကိုသုတ်လိုက်တယ်။ သူကရေဗူးလေးကိုယူပီတစ်ငုံသောက်လိုက်တယ် "ငါတို့ပီးမှာက ငါးနာရီမှမလား?"
သူလုရှင်းစစ်ကိုအရင်တုန်းကမေးထားသေးတယ်။ သူက ငါးနာရီခွဲမှတပ်ဖြုတ်မှာဖြစ်တဲ့အတွက် လုရှင်းစး်ကိုခနလောက်ကြည့်ဖို့ သွမ့်ကျားရန်အစီအစဥ်ဆွဲထားတယ်။
သင်တန်းနည်းပြက သူတို့ပြောတာကိုကြားတော့ သူတို့ဖက်ကိုခေါင်းလှည့်လာပီအထူးအဆန်းလိုကြည့်လာတယ် "မင်းကomegaလား?"
သွမ့်ကျားရန်ခေါင်းညိမ့်ပြလိုက်တယ်။
သူတို့ရဲ့နည်းပြကတခြားသူတွေဘက်ကိုလှည့်ပီးအကျယ်ကြီးအော်ပြောလိမ့်မယ်လို့ သူမျှော်လင့်မထားဘူး "မင်းတို့အားလုံး ဒီအတန်းဖော်လေးကိုအတုယူသင့်တယ်! omega ဖြစ်တဲ့သူကတောင်မပင်ပန်းတာ မင်းတို့ alpha တွေအနားယူဖို့အပြေးအလွှားသွားမလို့လား?!"
နည်းပြရဲ့အသံကအရမ်းကျယ်ပီးတော့ နေရာတိုင်းကကျောင်းသားတွေက သိချင်တဲ့မျက်လုံးလေးတွေနဲ့လှမ်းကြည့်လာတယ်။
တက္ကသိုလ်နယ်မြေတွေမှာ​တောင် omega ဆိုတာကအဖိုးတန်တဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။ အဲ့ဒီအပြင် သွမ့်ကျားရန်က အရမ်းလှပပြီး တစ်နေ့လုံးခြောက်ခြောက်ကပ်ကပ်နေရာတာတောင် သူ့အသားအရည်ကမျက်စိကျိန်းလောက်အောင်တောက်ပနေတုန်းပဲ။
အနီးနားကနေဘယ်သူအော်လိုက်လဲတော့မသိဘူး "အံ့အားသင့်စရာပဲ"
သွမ့်ကျားရန်နားထောင်ပီးမနေနိုင်ဘဲပြုံးမိတယ်။
သူရယ်ပီးရုံပဲရှိသေးတယ် alpha တွေဆီကနေအလွန်အမင်းချီးကျူးတဲ့ခပ်မြူးမြူးအသံတွေထွက်လာတယ် "ရှောင်တိတိ! ဒီဘေးကကိုယ့်သူငယ်ချင်းကမင်းကိုယ်တို့နဲ့လာဆက်သွယ်မှာကိုမျှော်လင့်နေတယ်တဲ့ အတင်းပြောခိုင်းနေလို့!"
"မင်းအမေကြီးကိုပဲသွားမျှော်နေ" သူ့ဘေးက alpha တစ်ယောက်ကသူ့ကိုခပ်ဖွဖွ​ထိုးလိုက်တယ် "မင်းသွားချင်ရင်မင်းဘာသာမင်းသွား ဒီလောင်ဇီကိုတော့အဖော်လာမခေါ်နဲ့"
ကောလိပ် A ကငါးနာရီထိုးတဲ့အချိန်မှာစစ်ရေးလေ့ကျင့်တာပြီးဆုံးသွားတယ်။
သွမ့်ကျားရန်က supermarket တစ်ခုဆီပနေ ရေအေးတစ်ဗူးဝယ်လိုက်ပီး ကောလိပ် D ဘက်ကိုသွားလိုက်တယ်။
D ကောလိပ်ရဲ့ ကျောင်းဂိတ်ဝအကြီးကြီးက ထောင်စုနှစ်မှာတစ်ခုအဖြစ်လှပတင့်တယ်စွါနှစ်ပေါင်းရာချီအောင်ရပ်တည်နေနိုင်ခဲ့တယ်။အဖြူရောင်စကျင်ကျောက်လေးတွေအကန့်အကန့်နဲ့ခင်းထားတဲ့ အဝင်လမ်းမအကျယ်ကြီးရှိနေပီး ပတ်ဝန်းကျင်ကခမ်းနားကြီးကျယ်လှတယ်။
သွမ့်ကျားရန်က စိန်ပန်းပင်တွေစိုက်ထားတဲ့ လမ်းလေးအတိုင်း campus ထဲကိုလမ်းလျှောက်သွားလိုက်တယ်။ သူလမ်းဆုံကိုရောက်လာတော့ ဆေးရုံရဲ့နေရာကဘယ်နေရာမှာရှိနေလဲဆိုပီး လူတစ်ယောက်ကိုမေးကြည့်လိုက်တယ်။
ခနနေရင် တန်းဖြုတ်တော့မှာမိုလို့ဖြစ်​နိုင်တယ် သွမ့်ကျားရန်ကလုရှင်းစသ်ရှိနေတဲ့အတန်းကိုရောက်တော့ သူတို့ရဲ့နည်းပြကကျောင်းသားတွေကိုစကားပြောနေတယ်။
သွမ့်ကျားရန်ကလူပုံအလယ်ကလုရှင်းစီစ်ကိုတစ်ချက်ကြည့်ရုံနဲ့တွေ့လိုက်တယ်။
သူကကျောင်းကပေးထားတဲ့စစ်ဝတ်စုံကိုဝတ်ထားတယ်။ အပြာနဲ့အစိမ်းရောစပ်ထားတဲ့ဝတ်စုံကလူတိုင်းနဲ့မလိုက်ဖက်ပေမဲ့လဲ ကြည့်ကောင်းတဲ့ကောင်လေးတွေဝတ်ထားတော့ မျက်စိစားစရာဖြစ်နေတယ်။ အရပ်ရှည်ပီးငယ်ရွယ်တဲ့ alpha လေးရဲ့မျက်နှာကလွှမ်းမိုးနိုင်ပီး အနည်းငယ်ကြမ်းတမ်းတဲ့သဘောတရားနဲ့မွေးဖွားခဲ့တော့ အခုလိုဝတ်စုံနဲ့တန်းစီနေတဲ့အခါမှာတော့ လိုက်ဖက်ညီမှုကပေါက်ကွဲထွက်လာသလိုခံစားချက်မျိုးပေးစွမ်း​နိုင်တယ်။
"ဟိုကျောင်းသားလေး ဟုတ်တယ် နောက်ဆုံး row ကအရပ်ရှည်ဆုံးတစ်ယောက်"နည်းပြတွေကလဲငယ်ငယ်ရွယ်ရွယ်လေးတွေဖြစ်ပီး ကျောင်းသားတော်တော်များများနဲ့အသက်အတူတူဖြစ်တယ်။ စစ်တပ်ကနေရှားရှားပါးပါးပြောင်းရွှေ့ခံထားရတာ​ဆိုတော့ လူတိုင်းနဲ့စကားပြောပီ တက်ကြွတဲ့ပတ်ဝန်း​ကျင်မျိုးဖန်တီးရတာသဘောကျတယ်။ "မင်းထွက်ခဲ့ အရှေ့ကိုလာခဲ့"
လုရှင်းစစ်ကအဖွဲ့ထဲကနေထွက်လာတယ်။
သူကသူ့ကိုရည်ရွယ်ပီးးအခေါ်ခံရပီး လမ်တစ်လျှောက်လုံးလူတိုင်းရဲ့အကြည့်တွေကိုခံရပေမဲ့လဲ သူကနည်းနည်းလေးမှရှက်ရွံ့တယ်ဆိုတာမရှိပဲ ထိပ်ဆုံးမှာမတ်တပ်ရပ်လိုက်တယ်။
အဖွဲ့ထဲမှာတီးတိုးပြောဆိုသံတွေရှိနေပီး တချို့ကောင်လေးတွေလက်ခေါက်မှုတ်ပေးနေကြတယ်။
နည်းပြကဘာလုပ်ချင်လို့လဲဆိုတာကလူတိုင်းကမခန့်မှန်းနိုင်ဖြစ်နေတယ်။ နည်းပြသူ့မေးကိုပွတ်လိုက်ပီး ရုတ်တရပ်ပြောလိုက်တယ် "ငါ့ဘေးနားကအတန်းတွေကမင်းကိုခိုးခိုးကြည့်နေတာကိုငါတွေ့လိုက်ရတယ် ငါတို့ဘေးနားကကောင်မလေးတစ်ယောက်ဆိုတစ်ခုမှတောင်မှန်မှန်မလုပ်နိုင်ဘူး"
အဲ့ဒီစကားတွေထွက်လာတဲ့အချိန်မှာလူတိုင်းကဘေးကိုဖြတ်ခနဲကြည့်လိုက်ပီးရယ်လိုက်ကြတယ်။ နည်းပြကအသံကိုမြှင့်လိုက်တယ် "ကြည့်လို့ဝပီးလား! ခိုးကြည့်မ​နေကြနဲ့တော့!"
လေထုကပူနွေးနေပီး တစ်ယောက်ကထအော်လိုက်တယ် "နည်းပြခင်ဗျ သူကကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးရဲ့ထိပ်ဆုံးကျောင်းသား!"
နည်းပြကသူ့ကိုတစ်ချက်ကြည့်လာပီး ​ရှင်းရှင်းလင်းလင်းပြောလာတယ် "ထိပ်တန်းကျောင်းသားလဲဖြစ်နေသေးတာလား? အကြည့်ခံရတာမထူးဆန်းပါဘူး ကြည့်ကြည့်ရအောင်!"
သူကပြောပီးလုရှင်းလုရှင်းစစ်ကိုနောက်တစ်ခါထပ်ကြည့်လာတယ် "သူတို့ကိုကြည့်ခိုင်းမယ်​ အဆင်ပြေတယ်မလား?"
လုရှင်းစစ်ကပြုံးပီးခေါင်းညိမ့်ပြလိုက်တယ်။ သူ့မျက်လုံးတွေကရွှေ့လိုတဲ့ဆန္ဒမရှိပေမဲ့လဲ သိပ်မဝေးတဲ့တစ်နေရာမှတစ်ယောက်သောသူလကရပ်နေတာကို​သူတွေ့လိုက်ရတယ်။
သူကသူ့ရဲ့မျက်လုံးလေးတွေကိုကြည့်လိုက်ပီး သူ့ရဲ့မျက်ဝန်းတွေကလဲနူးညံ့သွားတယ်။
သွမ့်ကျားရန်ရပ်နေတဲ့နေရာအနားမှာ စစ်ရေးလေ့ကျင့်ရတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်။ လုရှင်းစစ်ကဒီဘက်ကိုကြည့်နေတာတွေ့တော့ ကောင်မလေးကသူ့ဘေးကတစ်ယောက်ရဲ့ခါးကိုဖွဖွလေးပုတ်လိုက်ပီး အသံလေးကိုနှိမ့်လိုက်တယ်။
"ဗိုလ်ကြီးကဒီဘက်ကိုလှည့်ကြည့်ခိုင်းထားလို့လား? မြန်မြန်ကြည့်ပေးပါအုံး ငါ့ foundation တွေပျက်နေပီလားလို့?"
"မပျက်ဘူး နင်တိတ်တိတ်လေးနှုတ်ခမ်းနီဆိုးလို့ရတယ်" ဘေးနားကကောင်မလေးကရှက်သွေးတွေဖြာနေကြပီး ထိန်းမထားနိုင်ကြဘူး "Ah Ah တကယ်ချောတာပဲ!"
"နင်မနေ့ညက post ကိုတွေ့ပီးပီလား? အတွင်းသိလူတချို့ကပြောတာသူ့မိသားစုနောက်ခံကအရမ်းအင်အားကြီးတယ်တဲ့ နင်မြို့လယ်ခေါင်မှာမြေဝယ်လို့ရပီပဲ"
"အရမ်းကြီးချဲ့ကားမနေလွန်းဘူးလားဟ?"
"ချန်ပီယံကြီး" နည်းပြကရုတ်တရပ်ထခေါ်တယ် "ငါသူတို့အစားမေးပေးမလို့ မင်းကsingle လား?"
"နည်းပြကိုအစီရင်ခံပါတယ်" ဘေးနားကနေအသံတစ်ခုထွက်လာတယ် "သူ့မှာချစ်သူရှိပါတယ်"
သွမ့်ကျားရန်အသံကရုတ်တရပ်ဆန်လွန်းစွာထွက်ပေါ်လာတဲ့အတွက် လူတိုင်းကအဲ့ဒီနေရာကိုလှမ်းကြည့်လာကြတယ်။
သွမ့်ကျားရန်ကအပေါ်ပိုင်းမှာ တီရှပ်အဖြူလေးဝတ်ထားပီး ပွယောင်းယောင် camouflage pant ကလဲသူနဲ့လိုက်ဖက်ညီညီဝတ်ဆင်ထားတယ်။ ဒီမြင်ကွင်းကအရမ်းစိတ်ဝင်စားစရာကောင်းတယ်လို့သူထင်နေတာကြောင့်ဖြစ်နိုင်တယ် သူ့နှုတ်ခမ်းအစွန်းလေးတွေကနည်းနည်းကွေးတက်နေတယ်။
ဘေးနားကကောင်မလေးကသွမ့်ကျားရန်ကိုခေါင်းထဲဒိန်းခနဲဖြစ်သွားတယ်။.သူကတိုးတိုးလေးပြောလိုက်တယ် "ငါသေပါတော့မယ် မောင်လေးချောချောလေးတွေအများကြီးရှိနေတယ်"
"ဒါလေးကဝတ္ထုတွေထဲမှာပါတဲ့ ခပ်ချောချောဗီလိန်လေးတွေလိိုမျက်နှာလေး"
"ဒါကနည်းနည်းဝမ်းနည်းစရာကောင်းတယ်လို့ငါထင်ပေမဲ့ သူကအရမ်းကြည့်ကောင်းတယ်"
နည်းပြကရုတ်တရပ်ကြီးလူတစ်ယောက်ဘွားခနဲပေါ်လာမယ်လို့မထင်ထားတဲ့အတွက်သတိလက်လွတ်မေးလိုက်တယ် "မင်းကသူ့ကိုသိလား?"(လုရှင်းစစ်ချစ်သူကိုသိတယ်လားအဲ့လိုမျိုးသဘောပါ)
သွမ့်ကျားရန်ကသူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်တယ် "ဒီမှာလေ"
ဒီမှာရှိနေတဲ့လူတွေကအခုမှသတိပြန်လည်လာပီးရယ်လိုက်တယ်။
နည်းပြတောင်မှမထိန်းနိုင်ဘဲရယ်နေတယ်။ အဲ့ဒီအချိန်မှာ သူတို့တွေကဝစီသံကိုကြားလိုက်ရတယ်။
"ဟုတ်​ပါပီ ဒီနေရာမှာပဲစကားပြောကြတော့" နည်းပြကပြောတယ် "မင်းတို့အချစ်တွေမနှောင့်နှေးစေနဲ့"
အဲ့ဒီအသံကြားပီးတဲ့အချိန်မှာ လုရှင်းစစ်ကသွမ့်ကျားရန်ဆီကိုလျှောက်လာတယ်။ သူလာတာကိုတွေ့တော့ သွမ့်ကျားရန်ရဲ့နှုတ်ခမ်းလေးတွေကပိုကွေးတက်သွားပီး မျက်လုံးလေးတွေကပါကွေးကွေးလေးဖြစ်သွားတယ်။
လုရှင်းစစ်ကသူ့အနားရောက်လာတဲ့အခါမှာတော့ သွမ့်ကျားရန်ကသူ့လက်တစ်ကမ်းစာမှာရှိနေတဲ့လုရှင်းစစ်ကိုမော့ကြည့်လိုက်တယ်။
လုရှင်းစစ်ကအထက်တန်းအောင်ပီးခါမှအရပ်ပိုရှည်လာတယ်လို့သွမ့်ကျားရန်တွေးလိုက်မိတယ်။ သူအခုဒီလူကိုစကားပြောဖို့ဆို အထက်တန်းတုန်းကမော့ရတာထက်ပိုပီးမော့ကြည့်နေရတယ်။
"Forum မှာအုတ်အော်သောင်းနင်းဖြစ်နေတယ်ကြားလို့ ဒီကိုအလည်လာတာ" သွမ့်ကျားရန်ကရုတ်တရပ်ပြောလာတယ် "ငါရဲ့လုကောကဒီနှစ်မှာလဲအရှုံးမရှိဘူးပဲ ငါတစ်နေ့လည်လုံးလေ့ကျင့်ပီးတော့ အခုကျတော့ ကောလိပ် D ​ဆီကိုအလည်လာရတယ် university town ကြီးကိုစွန့်လွှတ်ရမယ်ဆိုတာအိပ်မက်မဟုတ်ဘူးပဲ"
"ပရမ်းပတာတွေမပြောနဲ့"
လုရှင်းစစ်ကဝမ်းသာနေပီး သူ့ဆီကိုလက်လှမ်းလာတယ်။
သူကသွမ့်ကျားရန်ရဲ့လက်ကောက်ဝတ်လေးလှမ်းဆွဲလိုက်ပီး တဖြည်းဖြည်းအောက်ကိုဆင်းသွားရာကနေလက်ချောင်းအချင်းချင်းသွယ်ယှက်လိုက်ပီး လက်ဖဝါးနှစ်ခုကိုထပ်တူကျစေလိုက်တယ်။
သွမ့်ကျားရန်ကဆက်ပြောနေတုန်းပဲ "တကယ်လို့ဒီနေ့ငါမလါခဲ့ဘူးဆိုရင် မင်းကိုရေအပြေးအလွှားလာတိုက်မဲ့ကောင်မလေးတွေရှိနေမှာမလား?"
လုရှင်းစစ်ကသွမ့်ကျားရန်ပြောတာကိုအပီးထိနားထောင်နေပီး သွမ့်ကျားရန်သဝန်တိုနေတယ်ဆိုနားလည်ဖို့နောက်ကျသွားတယ်။
သွမ့်ကျားရန်မျက်နှာအပြုံးတွေနဲ့ပြည့်နေပေမဲ့လဲ သူ့အသံကပေါ့ပေါ့လျော့လျော့ရှိနေတယ်။ ဒါပေမဲ့လဲ သူကသူ့ကိုလေ့လာကြည့်နေတယ်လို့ လုရှင်းစီခံစားရတယ်။
အဲ့ဒီခန့်မှန်းချက်ကြောင့် လုရှင်းစစ်ရဲ့နှလုံးသားလေးကချိုမြိန်သွားတယ်။ သူကခေါင်းလေးငုံ့ပီး သွမ့်ကျားရန်ရဲ့မျက်နှာအမူအရာတစ်ခုချင်းစီတိုင်းကိုဂရုတစိုက်လိုက်ကြည့်နေလိုက်တယ်။
သူကပေါက်ကရတွေပြောနေတာမဟုတ်ဘူးဆိုတာကိုသက်သေပြဖို့အတွက် သွမ့်ကျားရန်က သိပ်မဝေးတဲ့နေရာမှာရှိတဲ့ဆံပင်ရှည်ရှည်လေးတွေပျံ့ဝဲနေတဲ့ အဝါရောင်ဝတ်စုံနဲ့ကျောင်းသူလေးကိုညွှန်ပြလိုက်တယ် "ဒီကျောင်းသူလေးဆိုရင် ဆိုင်မှာဆယ်မိနစ်တောင်ကျော်တယ် ငါ့အထင်သူက​ကြည့်နေ..."
သွမ့်ကျားရန်စကားတွေကပြီးဆုံးတောင်မပြောလိုက်ရဘူး။
လုရှင်းစစ်ကရုတ်တရပ်ကြီးအရှေ့ကိုတိုးလာပီး သူ့ကိုနမ်းလိုက်တယ်။
အချိန်ကအရမ်းတိုတောင်းသလို လုရှင်းစစ်ကပြန်ခွာသွားတဲ့အချိန်မှာလဲ နားရွက်လေးကိုလျက်သွားတယ်။
အချိန်တစ်ခုထိ လူတိုင်းရဲ့မျက်လုံးတွေကသူတို့ဆီမှာကပ်ညိကုန်တယ်။
မိန်းကလေးအဖွဲ့ထဲမှာအော်​သံတွေပေါ်လာသလိုယောကျ်ားလေးတွေဆီကစိတ်လှုပ်တရှားရေရွတ်သံတွေလဲထွက်လာတယ်။တစ်ယောက်က video ရိုက်ဖို့ဖုန်းကိုမြန်မြန်ထုတ်လိုက်တယ်။ သူတို့ရဲ့နည်းပြကအစတုန်းကထွက်သွားတော့မလို့လုက်ပီး နောက်ပြန်လှည့်လာတယ် "Hey, hey ဟိုကျောင်းသားနှစ်ယောက် ဖြည်းဖြည်း ဖြည်းဖြည်း"
နည်းပြကပြောလိုက်တဲ့အသံကကျယ်​တေော့ပိုပီးအကြည့်ခံရတယ်။
သူကရုတ်တရပ်ကြီအဲ့လိုလုပ်လိမ့်မယ်လို့ သွမ့်ကျားရန်မျှော်လင့်မထားဘူး။ ခနကြာ​တော့ သူ သူ့ကိုရှက်ဝဲဝဲလေးကြည့်လိုက်တယ်။
"အခုငါ့ကိုရေပေးမဲ့ကောင်မလေးတ်ယောက်မှမရှိတော့ဘူး" လုရှင်းစစ်ကသူ့ရဲ့ရှက်ရဲနေတဲ့ပုံလေးကိုကြည့်ပီး ခေါင်းလေးကိုပွတ်လိုက်တယ် သူ့မျက်လုံးလေးတွေနူးညံ့ညင်သာမှုအပြည့်နဲ့ "ငါ့မှာမင်းတစ်ယောက်တည်းပဲရှိတော့တယ်"
ပထမဆုံးစစ်ရေးလေ့ကျင့်တာဖြစ်တဲ့အတွက်ဒီလိုပူလောင်နေတဲ့ နေပူကြီးထဲမှာအကြာကြီးရပ်ရတာကကျောင်းသားအများစုအတွက်အတော်လေးခက်ခဲတယ်။
ပထမဆုံးလေ့ကျင့်ရတာဖြစ်လို့ပင်းပန်းတဲ့အတွက်ရော မနက်ဖြန်ကျစောစောထရမှာဖြစ်တဲ့အတွက်ကြောင့်ရော သွမ့်ကျားရန်ကအဆောင်ကိုပြန်ပီးရေချိုးပီးပီးချင်းပဲ​အိပ်ပျော်သွားတယ်။.လုရှင်းစစ်ကိုလဲစာမပို့နိုင်တော့ဘူး။
ရက်အနည်းငယ်လောက်ထိ သွမ့်ကျားရန်မှာသူ့ကိဂြရုသိုက်ဖို့အချိန်မရှိဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာ​တော့ လုရှင်းစစ်တစ်ယောက်ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘူး။ သူ့အခန်းဖော်တွေပြောတဲ့စကားအရ မုန့်စျေးတန်းမှာ လက်ဖက်ရည်ဆိုင်ကောင်းကောင်းတစ်ခုရှိတယ်တဲ့။ သူကmilk tea နှစ်ခွက်ဝယ်လိုက်ပီး သွမ့်ကျားရန်ညပိုင်းလေ့ကျင့်တာကိုသွားကြည့်လိုက်တယ်။
ညအချိန်မှာ ကောလိပ်Aကပေါ့ပေါ့ပါးအချိန်ဖြုန်းတဲ့လူတွေနဲ့ပြည့်နေတယ်။ ကြာ်တွေအများကြီးနဲ့အတူလရောင်ကထိန်ထိန်သာနေပီး ခြုံပုတ်နားလေးတွေကိုနီးသွားတဲ့အခါတိုင်း အင်းဆက်တွေရဲ့စူးရှရှအော်သံတွေကိုကြားနေရတယ်။
လုရှင်းစစ်ကလေ့ကျင်းရေးကွင်းပြင်ဆီကိုရောက်သွားတော့ ကျောင်းသားတွေက​မြေကြီပေါ်မှာ အဖွဲ့လိုက်ထိုင်နေကြပီး နည်းပြကသီချင်းဆိုနေတာကိုတွေ့လိုက်တယ်။
သူအဲ့ဒီအဖွဲ့ထဲကိုပတ်ကြည့်ပေမဲ့လဲ သွမ့်ကျားရန်ရဲ့အရိပ်အယောင်ကိုမမြင်ရဘူး။ သူကforeign language သင်တဲ့သူတွေဘယ်နေရာမှာရှိလဲ​ဆိုပီးမေးမလို့လုပ်တဲ့အချိန်မှာ သိပ်မဝေးတဲ့နေရာကနေအသံတစ်ခုထွက်ပေါ်လာတယ်။
သူအဲ့ဒီနေရာကိုလှမ်းကြည့်လိုက်တယ်။
လူအများအပြားကဘေးနားမှာဝိုင်းကြည့်နေကြပီး အဲ့တာကmajor နှစ်ခုရဲ့basketball ကစားကွင့်ဖြစ်ပုံရတယ်။
လုရှင်းစစ်အကြည့်တွေကတန့်သွားပီး ကွင်းလယ်ကကောင်လေးအပေါ်ကိုသက်ဆင်းသွားတယ်။
သွမ့်ကျားရန် camouflage jacket ကိုချွတ်ထားပီး လက်ထဲက basketball ကိုမြေကြီးပေါ်မှာပုတ်နေတယ်။ သူကသူ့ရှေ့က နောက်ခံကစားသမားကိုသေချာစိုက်ကြည့်နေတယ်။
နောက်ခံကစားသမားကဘောလုံးကိုဖြတ်လုတဲ့အခါမှာတော့ သွမ့်ကျားရန်ကအမြင်လွှဲတဲ့လှုပ်ရှားမှုနဲ့အတူတစ်ခြားတစ်ဖက်ကိုယိမ်းလိုက်တယ်။ သူက penalty area ထဲကိုပြေးသွားလိုက်ပီးရောက်တာနဲ့ဘောလုံးကိုခုန်သွင်းလိုက်တယ်။
အဲ့ဒီသပ်ရပ်လှပတဲ့ဂိုးနဲ့အတူလူထုထဲကနေအော်ဟစ်အားပေးသံတွေထွက်လာတယ်။
လုရှင်းစစ်ကသူ့ဘေးနားမှာစကားပြောနေတဲ့ကောင်လေးနှစ်ယောက်ကိုသတိထားမိသွားတယ် "ရေပေးဝေရေးက ရှုံးမယ်လို့မင်းထင်လား?"
"Foreign language ဌာန​ကအတော်လေးကြမ်းတယ်"
"တစ်ယောက်ချင်းဖြစ်ဖြစ် အတွဲလိုက်ဖြစ်ဖြစ်တော်တော်တော်လေးတော်ကြတယ် foreign language က omega ကိုမင်းသိတယ်မလား?"
"မင်းလွန်ခဲ့တဲ့ရက်တွေတုန်းကအလယ်တန်းကသူငယ်ချင်းတွေကိုလျှောက်မေးနေတာမလား?" နောက်တစ်ယောက်ကပြုံးပီးပြောတယ် "ဘာလို့လဲ မင်းလိုက်ပိုးချင်လို့လား?"
"နည်းနည်းပေါ့" ကောင်လေးကပြုံးပီးခေါင်းငြိမ့်လိုက်တယ် "ဒီလိုကစားတတ်တဲ့ omega မျိုးလေးဆိုတာတွေ့ရခဲ့တယ်လေ"
"ကစားတာတောင်လှနေတုန်းပဲ ဟုတ်တယ်မလား?"
ကောင်လေးကမငြင်းဘူး "သူ့မှာချစ်သူရှိလားတော့ငါလဲမသိဘူး"
"မရှိလောက်ပါဘူး သူနဲ့တွဲသွားတွဲလာလုပ်တာမျိုးမမြင်မိဘူး"
လုရှင်းစစ်ကသူတို့ပြောနေတာတွေကိုနားထောင်ပီး ကွင်းထဲကသွမ့်ကျားရန်ကိုတည်တည်ငြိမ်ငြိမ်ပဲကြည့်နေလိုက်တယ်။
ကစားပွဲအဆုံးသတ်မှာတော့ ရေပေးဝေရေးနဲ့တူးမြောင်းဆောက်လုပ်ရေးကလူတွေကရှုံးသွားပီး နည်းပြကသူတို့ကိုကစားကွင်းထဲကိုခေါ်သွားတယ်။ နိုင်ငံခြားဘာသာစကားဌာနရဲ့အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ သွမ့်ကျားရန်ကအကြီးတန်းကအစ်ကိုအစ်မတွေဆီကနေအားပေးသံတွေအများကြီးရခဲ့တယ်။ လူတစ်ယောက်ကသူ့ကိုရေအေးအေးလေးယူမလားဆိုပီးလာမေးတယ်။ သူယူမလို့လုပ်တဲ့အချိန်မှာ ကွင်းအပြင်ဘက်ကရင်းနှိးနေတဲ့ပုံရိပ်လေယကိုတွေ့သွားတယ်။
သွမ့်ကျားရန်သူ့ဆီကိုအမြန်သွားလိုက်တယ်။
သံဆူးကြိုးတွေကိုဖြတ်ပီး သူ့ရှေ့ကalpha ကောင်လေးကိုပြုံးရိပ်သန်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်တယ် "မင်းဘယ်လိုရောက်လာတာလဲ?"
"မင်းကိုတွေ့ချင်လို့"
"ခနစောင့်" သွမ့်ကျားရန်ကကွင်းထဲ​ကနေထွက်လာပီး လုရှင်းစစ်လက်ထဲကmilk tea ကိုယူလိုက်တယ် "ဘာအရသာလဲ?"
"Oolong milk" လုရှင်းစစ်ကသူ့လက်နဲ့ သွမ့်ကျားရန်ရဲ့မေးလေးကိုကိုင်လိုက်တယ်။ ဘေးနားကောင်လေးတွေကတစ်ယောက်နဲ့တစ်ယောက်ကြည့်ပီး သူတို့ရှေ့ကမြင်ကွင်းကိုကြည့်လိုက်တယ်။
သူတို့တွေကတစ်ဖက်လူရဲ့ကောင်လေးအကြောင်းကိုသူ့အရှေ့မှာပြောပီးရုံပဲရှိသေးတယ်လေ။
မင်းတို့ဆိုရင်ရောဘယ်လိုတွေးနေမလဲ?
လုရှင်းစစ်ကခွက်​ထဲကိုပိုက်လေးထည့်ပေးလိုက်တယ် "ပျော်နေပီလား?"
သွမ့်ကျားရန်ကခေါင်းငြိမ့်ပြတယ်။
"သွားကြစို့" လုရှင်းစစ်ကသွမ့်ကျားရန်ရဲ့လက်လေးကိုဆွဲရင်းပြောတယ်။
သွမ့်ကျားရန်ကသတိရှိရှိရှောင်လိုက်တယ် "ငါ basketball ကိုင်ထားတာ ညစ်ပတ်နေတယ်"
"ဘာမှဖြစ်ပါဘူး" လုရှင်းစစ်ကသူ့လက်ကိုတင်းတင်းလေးကိုင်ပီး အဝေးကိုခေါ်သွားတော့တယ် "ဒီနားမှာ toilet ရှိလား?သွားဆေးမယ်လေ"
အားကစားကွင်းနဲ့သိပ်မဝေးတဲ့နေရာမှာ ရေချိုခန်းရှိတယ်။ သွမ့်ကျားရန်ကလက်ဆေးပီးတော့ လုရှင်းစစ်ကိုစစ်ရေးလေ့ကျင့်တာမှာပျော်စရာကောင်းလာဆိုပီမေးမလို့လုပ်လိုက်တယ်။ သူ့နောက်က alpha ကသူ့ဆီကိုမှီချလာပီး ကျစ်လျစ်တဲ့လက်မောင်းကသူ့ပခုံးပေါ်ကိုရောက်လာပီး လက်ဖမိုးကအမှုမဲ့အမှတ်မဲ့နဲ့ သူလည်ပင်းကိုလာထိနေတယ်။
ရေချိုးခန်းထဲမှာ သူတို့နှစ်ယောက်ပဲရှိနေပီး ဒီအချိန်မှာ ဖြတ်သွားဖြတ်လာဆိုတာကလဲမရှိသလောက်ပဲ။
"ငါ့ကိုယ်ပေါ်မှာချွေးတွေနဲ့" သွမ့်ကျားရန်ကရှောင်လိုက်တယ် "ဖက်မထားနဲ့"
သူ့နောက်ကကောင်လေးကသူ့ကိုပိုပီးတင်းတင်းဖက်လာလိမ့်မယ်လို့သူမျှော်လင့်မထားဘူး။ ရုတ်တရပ် သူ့ gland ပေါ်မှာ နွေးထွေးတဲ့အထိအတွေ့တစ်ခုဖြစ်တည်လာတယ်။
အဲ့ဒီနောက်မှာ စူးခနဲခံစားချက်တစ်ခု။
သွမ့်ကျားရန်အံ့အားသင့်သွားတယ်။ လုရှင်းစီကသူ့ရဲ့လည်ကုပ်ကိုတိုက်ရိုက်ကိုက်လိုက်တာတဲ့။ ဒါပေမဲ့ ဒီကိုက်တာလေးကသူပိုင်ဆိုင်တယ်ဆိုတာလေးကိုပြချင်တဲ့အနေနဲ့ကိုက်လိုက်တာဖြစ်တယ်။
သွမ့်ကျားရန်ရဲ့ဆံပင်လေးတွေကိုနမ်းရှိုက်ပီးတော့လုရှင်းစစ်ရဲ့ခေါင်း​က​ဘေးနားလေးကိုစောင်းသွားပီး နား​လေးနားကပ်ပီးပြောလာတယ် "အားရယ်"
"အင်း"
"စစ်ရေးလေ့ကျင့်တာပီးရင် ငါနဲ့ပြောင်းနေနော်" လုရှင်းစသ်ရဲ့လေငွေ့တွေကသူ့နားကိုထိခတ်နေတော့ယားကျိကျိနဲ့ "ငါမင်းကိုမတွေ့ရတာသုံးလေးရက်တောင်မကဘူး ငါအဲ့တာကြီးနဲ့အသားမကျဘူး"
သူတို့အစီအစဥ်နဲ့သူတို့လဲအဆင်ပြေနေတာပဲ။ စစ်သင်တန်းမှာ သူတို့ကအတန်းဖော်တွေနဲ့ရင်းရင်းနှီးနှီးဖြစ်သွားမယ်။ စစ်​သင်တန်းပီးသွားရင်တော့ သူတို့ကအတူတူနေဖို့ပြောင်းလိုက်မယ်။
သွမ့်ကျားရန်ကဘာမှပြန်လှန်ပြောစရာလဲမရှိတော့ ခေါင်းပဲညိမ့်ပြလိုက်တယ်။
လုရှင်းစစ်ကသူ့ရဲ့မေးလေးကိုဆွဲလှည့်လိုက်ပီး သူ့ရဲ့နှုတ်ခမ်းဖောင်းဖောင်းလေးတွေကတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ကိုချီကျူးလာတယ် "ဘောလုံးကစားတာကအရမ်းတော်တယ် အရင်တုန်းကအတိုင်းပဲ"
​အမြဲတမ်းတောက်ပနေတယ်။
သူတစ်ဖက်လူကိုချန်မထားချင်ခဲ့လောက်အောင်ထိတောက်ပလွန်းတယ်လို့သူခံစားရတယ်။ တခြားတစ်ဖက်မှာလဲ သွမ့်ကျားရန်ကသူမမြင်နိုင်တဲ့နေရာမှာ​တစ်ယောက်တည်းနေလိမ့်မယ်ဆိုပီးလဲသူအသေအခါမပြောရဲဘူး။
သူနည်းနည်းလေးအတွေးလွန်နေတာဒါမှမဟုတ်သံသယလွန်ကဲနေတာဖြစ်ကောင်းဖြစ်နိုင်တယ်။
သွမ့်ကျားရန်​ကတော့ သူစိတ်အခြေအနေကိုမသိဘူး သူကရယ်မောနေတုန်းပဲ "ကောလိပ် D ကကျောင်းသားကချီးကျူးတော့ ဂုဏ်ယူမိပါတယ်"
လုရှင်းစစ်လဲပြုံးပီး လည်ပင်း​ဘေးနားကဖြူဖျောဖျော့အသားလေးကိုနမ်းလိုက်တယ်။
သူအားကအရမ်းကြီးတယ်။ သွမ့်ကျားရန်ကနောက်ကနေအဖက်ခံထားရပီး သူနမ်းတာကိုခွင့်ပြုထားရတယ်။
အဲ့တာလဲပြီးသွားရော သွမ့်ကျားရန်ရဲ့နှလုံးခုန်သံတွေမြန်လာပါလေရော။ alpha ရဲ့အနမ်းနဲ့အတူသူ့ရဲ့​ဦးနှောက်ကပါလောင်ကျွမ်းတော့မလိုပဲ။
သွမ့်ကျားရန်အမှုမဲ့အမှတ်မဲ့နဲ့ မှန်ထဲကသူတို့နှစ်ယောက်ပုံရိပ်ကိုတွေ့လိုက်တယ်။ သူ့နှလုံးသားလေးကဆောင့်ခုန်သွားပီး အကြည့်ကိုမြန်မြန်လွှဲလိုက်ရတယ်။
သွမ့်ကျားရန်အဆောင်ကိုပြန်လာတော့ ထုတ်လာတဲ့barbecueကိုသူ့စားပွဲပေါ်မှာချလိုက်တယ် "ငါမင်းတို့အတွက်ဝယ်လာတာ ဒီမှာတင်ထားလိုက်မယ်နော် ခနနေရင်စားလို့ရပီ"
"Wow ကျေးဇူးတင်ပါတယ်သွမ့်ကော ဗိုက်ဆယနေတာနဲ့အတော်ပဲ" ရှရန်ကအိပ်ယာပေါ်ကနေဆင်းလာရင်း​ပြောတယ် "မင်းboyfriend နဲ့အပြင်သွားတာလား?"
ဒီနေ့ညကစားတုန်းက ကွင်းအပြင်ဘက်ကလုရှင်းစစ်ကိုရှရန်လဲတွေ့ခဲ့တယ်။
အဲ့တာလေးကအမှတ်တရကောင်းတစ်ခုလိုပဲ။ သွမ့်ကျားရန်ကတစ်ခြားတစ်ဖက်မှာရပ်နေပီးစကားပြောနေတာ အဲ့ဒီမြင်ကွင်းလေးကတကယ်ကို​မျက်စိဖမ်းစားနိုင်တယ်။
သွမ့်ကျားရန်ကခေါင်းညိမ့်လိုက်တယ်။ တစ်ညလုံးလှုပ်လှုပ်ရှားရှားလုပ်ထားရတော့ သူရေချိုးပစ်ချင်နေပီ "ရေချိုးခန်းထဲမှာလူရှိလား?"
"လင်းတုရယ်ရေချိုးနေတယ် ခနနေရင်ထွက်လာ​တော့မှာပါ" ရှရန်ကbarbecue ယူမလိုလုပ်နေရင် အမှတ်တမဲ့နဲ့ သွမ့်ကျားရန်လည်ပင်းပေါ်ကအနီရောင်​​ကြီးကိုတွေ့သွားတယ်။
"မင်းရဲ့ boyfriendက..." ရှရန်ကပြောတယ် "ထားပါ​တော့"
နူးညံ့ညင်သာတဲ့ပုံလေးနဲ့ ထက်သန်တဲ့စိတ်ဆန္ဒတွေပိုင်ဆိုင်ထားတာပဲ။
"ဒါပေမဲ့လဲ အဲ့ဒါကကောင်းပါတယ် ဒီနေ့ငါ့ကိုမင်းကsingle လားဆိုပီးလူတစ်ယောက်လာမေးသေးတယ် မင်းမနက်ဖြန်အဲ့ဒီကိုသွားရင် လူတိုင်းကမင်းလည်ပင်းပေါ်ကဟာကိုတွေ့သွားပီး – မင်းမှာပိုင်ရှင်ရှိပီးသားဆိုတာသိသွားလိမ့်မယ်"
ရှရန်ကအဲ့ဒါကိုပြောပီးတော့ရုတ်တရပ်တစ်ခုခုကိုသတိရသွားတယ် "သူကမဟုတ်မှလွဲရော...." တမင်သက်သက်များဒီမြင်သာတဲ့ hickey ရာကြီးချန်ထားခဲ့တာလား?
သွမ့်ကျားရန်လဲရုတ်တရပ်သတိပြန်လည်လာတယ်။ ဘာလို့လုရှင်းစစ်ကလက်ဆေးကန်ရှေ့မှာဒီလိုအပြုအမူမျိုးလုပ်တာလဲ။
အဲ့ဒီအချိန်မှာဖုန်းကတုန်လာပီး သွမ့်ကျားရန်ငုံ့ကြည့်လိုက်တယ်။
အဲ့ဒါကလုရှင်းစစ်ဆီကစာပဲ။
[အဆောင်ကိုရောက်ပီလား?]
[ရောက်ပီ] သွမ့်ကျားရန်ကခနလောက်စဥ်းစားလိုက်ပီး သူ့ကိုစဖို့messageတစ်ခုထပ်ပို့လိုက်တယ် [ရှာလကာရည်အိုးလေး]
✨—————✨
Zawgyi
" ... "
"အထက်တန်းကျောင်းတုန်းကအတန်းဖော်တွေလေ အဆောင်ကအတူတူခွဲပေးလိမ့်လို့ထင်မထားဘူး" baby face လေးကသူ့ကိုယ့်သူမိတ်ဆက်လာတယ် "ငါ့နာမည်က ရှရန်ပါ သူကတော့ လင်းတု"
"ငါလေမနေ့တုန်းကငါ့သူငယ်ချင်းနဲ့မုန့်ဈေးတန်းကိုသွားတော့ အရမ်းသန်မာတဲ့ alpha တစ်ယောက်ကိုတွေ့ခဲ့တယ်" ရှရန်ကအဲ့တာကိုပြောတဲ့အချိန်မှာအရမ်းတက်ကြွနေတယ် "ငါအဲ့တာကိုစုံစမ်းနေတာ သူကဟိုဘက်လမ်းကတက္ကသိုလ်ကများဖြစ်နေမလားလို့ သူလဲငါတို့လိုပဲ freshman ပဲ သူကြောင့်လေ တက္ကသိုလ်က forum တွေထဲမှာ ဆူညံနေပီ"
သွမ့်ကျားရန်က သူ့အိတ်ကိုဟိုဘေးကိုရွေ့နေရင်း အဲ့ဒါကိုကြားတော့ "Wow"
သွမ့်ကျားရန်" ? "
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်အတင်းထိန်းထားပေမဲ့လဲသည်းမခံနိုင်တော့ဘူး "သူ့နာမည်ကလုရှင်းစ်းလား?"
ရှရန်: " ... "
သူတို့ရဲ့နည်းပြကတခြားသူတွေဘက်ကိုလှည့်ပီးအကျယ်ကြီးအော်ပြောလိမ့်မယ်လို့ သူမျှော်လင့်မထားဘူး "မင်းတို့အားလုံး ဒီအတန်းဖော်လေးကိုအတုယူသင့်တယ်! omega ဖြစ်တဲ့သူကတောင်မပင်ပန်းတာ မင်းတို့ alpha တွေအနားယူဖို့အပြေးအလွားသွားမလို့လား?!"