Unicode
ဘွဲ့နှင်းသဘင်အခမ်းအနားက သူတို့စာမေးပွဲဖြေပီး လဝက်လောက်အကြာမှာကျင်းပခဲ့တယ်။
အခမ်းအနားကအခုထိမစသေးပေမဲ့လဲ အထက်တန်းတတိယနှစ်ကိုအောင်မြင်သူတွေကသက်ဆိုင်ရာသူတို့စာသင်ခန်းတွေထဲမှာ စောင့်ဆိုင်းနေကြတယ်။ Class10 ထဲကိုသွမ့်ကျားရန်ဝင်လိုက်တဲ့အချိန်မှာ air conditioner ရဲ့အေးစိမ့်စိမ့်အထိအတွေနဲ့အတူ ဆူညံတဲ့ရယ်မောသံတွေကိုကြားလိုက်ရတယ်။
သွမ့်ကျားရန်စာသင်ခန်းထဲကိုဝင်လာတဲ့အခါမှာ စကားပြောနေတဲ့ကောင်လေးတွေကတမင်သက်သက်အသံကိုမြှင့်လိုက်တယ်။
"ငါဒီနေ့ကျောင်းကိုလာတော့ ကျောင်းပေါက်ဝမှာ Maybach တစ်စီးရပ်ထားတာတွေ့ခဲ့တာ ငါ့စိတ်ထဲမှာတော့ ဝါး ကျောင်းမှာ ချမ်းသာတဲ့လူတွေအများကြီးပဲပေါ့ ငါတွေးပီးရုံပဲရှိသေးတယ် အတန်ခေါင်းဆောင်ကိုတွေ့လိုက်တယ်ကွာ ငါလဲ ဪ Maybach ဆိုတာအတန်းခေါင်းဆောင်အတွက်တော့ သာမန်ပါပဲလို့တွေးပီးသွားမလို့လုပ်တဲ့အချိန်မှာ သွမ့်ကျားရန်ကနောက်ကဆင်းလာတာကိုတွေ့လိုက်တယ်ကွ ငါ့ကောင်တို့ရ" ကောင်လေးကခနရပ်ပီး မေးလိုက်တယ် "ဒါကဘာဆိုလိုတာပါလိမ့်နော်?"
သူ့ဘေးကကောင်လေးကလဲ အလိုလိုနားလည်နေပီးတော့ ပြုံးလိုက်တယ် "ဘာကိုဆိုလိုလဲဆိုတော့ သွမ့်ကောက မနေ့ညကသူ့ကိုယ်ပိုင်အိမ်မှာ မရှိခဲ့ဘူးဆိုတဲ့သဘောပေါ့ကွာ"
"ဒါကမင်းတို့တွေငါ့ကိုလဝက်လောက်မတွေ့တော့ နာချင်နေပီဆိုတဲ့သဘောမဟုတ်လား" သွမ့်ကျားရန်ကကောင်လေးရဲ့ပခုံးကိုကိုင်လိုက်တယ် "ငါမင်းကို ဦးစားပေးအနေနဲ့ရိုက်သင့်လား?"
"Hey သွမ့်ကော!" ကောင်လေးကခေါင်းလှည့်လာပီး ပျော်ရွှင်စွာပြုံးလိုက်တယ် "ငါမင်းကိုမမြင်ဘူး ဒီရှုပ်ရှုပ်ထွေးထွေးတွေကိုမကြားပါဘူး"
သွမ့်ကျားရန်ကအိတ်ကိုစားပွဲပေါ်ကိုပစ်တင်လိုက်ပီး ပြုံး လိုက်တယ် "ဟုတ်ပါပီ ရပါတယ်ကွ"
အစတုန်းကစကားပြောနေတဲ့ကောင်လေးက သွမ့်ကျားရန်ဘေးကိုကြည့်လိုက်တော့တစ်ယောက်မှုမတွေ့ဘူး "အတန်းခေါင်းဆောင်ကမင်းနဲ့အတူမလာဘူးလား?"
"သူ့ကိုဆရာမကျောက်ကခေါ်သွားတယ် ဓာတ်ပုံရိုက်ဖို့နဲ့တူတယ်"
သွမ့်ကျားရန်ကပြောရင်းထိုင်လိုက်တယ်။
သူထိုင်ရုံပဲရှိသေးတယ် စာသင်ခန်းရဲ့တံခါးပေါက်ဝကနေ ဟန်ဆောင်ပန်ဆောင်အော်သံတစ်ခုကိုကြားလိုက်တယ်။ သွမ့်ကျားရန်မျက်လုံးပင့်ကြည့်လိုက်တော့ တံခါးနားမှာလုရှင်းစစ်ကိုတွေ့လိုက်တယ်။
ချန်ယွဲ့က microphone ကြီးကိုင်ထားသလိုပုံမျိုးလုပ်လိုက်ပီး ထက်ထက်သန်သန်နဲ့ပြောလာတယ် "မင်းတို့မြင်ပီးပီလား? ဒီနှစ်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲပထမဆုရှင်ကြီး ငါတို့ဆီကိုလာနေပါပီ ဒီနေ့မှာခွေးကောင်လုကတအားတွေကိုတောက်ပနေတာငါမယုံကြည်နိုင်ဘူး"
"ချန်ပီယံကြီးကပြောပါအုံး ကျွန်တော်တို့ထိုင်ရမလား ထရမလား?"
"ထိုင်ပါဗျ" လုရှင်းစစ်ကသူတို့တွေအရမ်းစိတ်လှုပ်ရှားနေတာကိုတွေ့တော့ ပြုံးလိုက်တယ် "ငါထစေချင်တယ်ဆိုကာမှ ထ"
"ငါပြောရင်တစ်ယောက်မှနားမထောင်ဘူး လုကောပြောတော့ အကုန်လုံးထိုင်သွားရောပဲ"
"မင်းဘယ်လိုပြောလိုက်တာလဲ? ရွှေရောင်အဆင့်မှာတံခွန်စိုက်ထားပီးတော့ ဒုတိယမြောက် ပျော်ပွဲရွှင်ပွဲလေးရောဘယ်အချိန်လုပ်မလဲ?"
သူအဲ့တာကိုပြောပီးတော့ Class 10 ထဲမှာရယ်သံတွေထွက်လာတယ်။
လုရှင်းစစ်ကပါရယ်မောနေတော့ ကောင်မလေးတွေကပြုံးရယ်နေပီး မျက်လွှာမချနိုင်ဖြစ်နေကြတယ်။ ကောင်လေးတွေကတော့ လုရှင်းစစ်ရယ်လေငိုချင်လာလေပဲ။
"မြင်တယ်မလား?အတန်းခေါင်းဆောင်ကရယ်နေပီ လက်ထပ်ပွဲကစီကိုစီစဥ်တော့မှာ"
"လုကော အခန်းတံခါးကိုပိတ်ပီး အမှန်တရားလေးတွေပြောလိုက်ကြရအောင် ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားတာ လဝက်တောင်ရှိပီ မင်းမဖြတ်တော့ဘူးမလား?"
"Fu*k" သွမ့်ကျားရန်သည်းမခံနိုင်တော့ဘူး "မင်းတို့ဘယ်လိုတွေဖြစ်နေကြတာလဲ ဒီနေ့မှအသည်းအသန်ဖြစ်နေကြတယ်"
ပတ်ဝန်းကျင်ကလေထုကသက်ဝင်လှုပ်ရှားနေပီး စုန့်ရိကလဲပြုံးပီး သူ့ကိုလှည့်ကြည့်လာတယ် "မင်းလဲဒီလဝက်မှာစိတ်လှုပ်ရှားရတယ်မလား?"
"စိတ်လှုပ်ရှားတယ်လေ" သွမ့်ကျားရန်ကစုန့်ရိရဲ့မျက်နှာလေးကိုကိုင်ကြည့်လိုက်တယ် "အခုတွေ့တော့လဲ လဝက်လောက်မတွေ့ဘဲနေရတဲ့အငယ်ဆုံးသားလေးကိုပြန်တွေ့ရသလိုပဲ"
" ... "
အဲ့ဒီလိုကို့ရို့ကားယားတွေပြောနေတဲ့အချိန်မှာ ကျောက်မင်ကျွင်းကအခန်းထဲကိုဝင်လာတယ်။
သူမကဂါဝန်တစ်ထည်ဝတ်ထားပီးတော့ မိတ်ကပ်ပါးပါးလေးလဲလိမ်းထားသေးတယ်။ သူ့ကြည့်ရတာ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့အမျိုးသမီးတစ်ဦးပုံပေါက်နေတယ်။
စာသင်ခန်ထဲမှာထိုင်နေတဲ့ကျောင်းသားတွေကိုမြင်တော့ သူ့မျက်လုံးတွေပင့်လိုက်ပီး နွေးထွေးမှုလေးတွေပြည့်လျှံသွားတယ်။
ကျိုးရှင်ချန်းကသူ့ကိုမြင်တော့ မထိန်းနိုင်ဘဲပြောလိုက်တယ် "ဆရာမ ဒီနေ့အရမ်းကြည့်ကောင်းနေတယ်"
သူ့ဘေးကကောင်လေးကလဲချက်ချင်းပြန်ပက်လိုက်တယ် "မင်းကဒီတိုင်းပြောတော့ ဆရာမကဘယ်တုန်းကကြည့်မကောင်းတာရှိလို့လဲ?"
"ဆရာမကျောက် သားတို့ကိုစိတ်ပူစရာမလိုတော့ပါဘူးဗျ သားတို့ကိုယ့်ကိုယ့်ကိုဂရုစိုက်ပါ့မယ်ဗျ"
သွမ့်ကျားရန်လဲမထိန်းနိုင်ဘဲပြောမိတယ် "ဆရာမကျောက် ကျွန်တော်တို့ကိုတွေ့တော့ ပျော်တယ်မလား?"
"ပျော်တာပေါ့" ကျောက်မင်ကျွင်းကအပြုံးတစ်ခုနဲ့ခေါင်းညိမ့်လိုက်ပီး ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်နေတယ် "မမြင်ရတာလဝက်လောက်ပဲရှိသေးပေမဲ့ တော်တော်အရွယ်ရောက်လာကြပီပဲ"
အဲ့ဒီစကားသံထွက်လာတော့ အတန်းထဲမှာတဟက်ဟက်ရယ်သံလေးတွေထွက်လာတယ်။
သူ့ရဲ့ကျောင်းသားလေးတွေကအခုထိပြဿနာရှာချင်နေသေးတယ်ဆိုတာရိပ်မိလိပြ်တော့ ကျောက်မင်ကျွင်းကအချိန်မှီရပ်လိုက်တယ် "ဟုတ်ပါပြီ နောက်မှပြောကြတာပေါ့ အခုတော့ ကော်ရစ်ဒါကိုသွားပီး ခန်းမထဲဝင်ဖို့အဆင့်ပြင်ထားကြတော့"
ခန်းမထဲက ပရိတ်သတ်တွေထိုင်တဲ့နေရာကအတော်ကျယ်ဝန်းတယ်။ မီးရောင်နဲ့နေရောင်ကအတွင်းပိုင်းကိုလင်းလင်းထိန်စေတယ်။ ထိုင်ခုံအတန်းလိုက်မှာ အထက်တန်းအောင်မြင်တဲ့သူတွေနဲ့ပြည့်နေတယ်။
ဒီနှစ်မှာပြည်နယ်တစ်ခုလုံးရဲ့ထိပ်ဆုံးကျောင်းသားပါရှိနေတော့ ဆရာ ဆရာမတွေအပြင် ကျောင်းအုပ်ဆရာကြီး နဲ့ဒုကျောင်းအုပ်တို့ပါရှိနေကြတယ်။ သတင်းထောက်တွေကလဲဒီကိုရောက်နေတယ်။
သွမ့်ကျားရန်သူ့ခေါင်းထိပ်ကဖြည်းဖြည်းလေးရွေ့နေတဲ့ ကင်မရာကိုကြည့်လိုက်တယ်။ အဲ့တာကစင့်မြင့်နဲ့ မိန့်ခွန်းပြောနေတဲ့ ညွှန်ကြားရေးမှူးကျန်းဆီလှည့်သွားတယ်။
"ချန်ကေရှိတ်ပီးသွားရင် မင်းအပေါ်ကိုတက်ရလိမ့်မယ် ငါကအောက်ကနေအားပေးနေမယ်" သွမ့်ကျားရန်ကသူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်တယ် "professional water army"
"အင်းပါ" လုရှင်းစစ်ကသူ့ဘက်ကိုခေါင်းလှည့်လာတယ် "ခနကြာလို့မင်းသွားရင်လဲ ငါကအောက်ကနေ အားပေးနေမယ်"
အရှေ့တန်းမှာထိုင်နေတဲ့ ကုလီကသူတို့ပြောနေတာကိုကြားတော့သူတို့ဘက်ကိုလှည့်လာပီး ကင်မရာလေးကိုမြှောက်ပြတယ် "နင်တို့ဒီနေ့စကားပြောရမှာမလား? ငါအဆင့်ဖြစ်နေပီ"
"နင်ငါ့ဆီကကင်မရာငှားကသူတို့အတွက်ပေါ့?" ကျိုးရှင်ချနကဝင်ပြောတယ် "နင်ကငါ့ကိုရိုက်ပေးမယ်လို့ထင်ထားတာ"
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပီးတဲ့ညက ကျိုးရှင်ချန်းကသူတို့နဲ့အတူမပျော်ပါးဘူး။ သူကNing Chengရဲ့တဝက်ကျော်ကျော်လောက်ကိုပြေးပီး ကုလီကိုရှာနေခဲ့တယ်။
သူတို့နှစ်ယောက်ကညလယ်လောက်မှစကားပြောလိုက်ရပီး သူတို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်လက်တွဲမဖြုတ်နိုက်ကြသေးဘူး။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ကကြိုးစားရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။
ချန်ယွဲ့ကအဲ့တာကိုကြားတော့ ဝင်မေးတယ် "ငါခွေးကောင်လုကိုတော့မမေးတော့ဘူး ကျားရန် မင်းပြောရမဲ့ဟာကိုချရေးထားလား?"
"ငါကချရေးထားစရာလိုမှာလားကွ" သွမ့်ကျားရန်ကအရမ်းယုံကြည်မှုတွေရှိနေတယ် "ငါကလက်တန်းပြောမှာ"
"အဲ့တာကရူးလောက်စရာပဲ" ချန်ယွဲ့ကရယ်လိုက်တယ်။
လက်ခုပ်သံတွေကဘေးပတ်ဝမ်းကျင်ကနေထွက်ပေါ်လာပီး ညွှန်ကြားရေးမှူးကျန်းကစင်ပေါ်ကနေဆင်းလာတယ်။အမျိုးသမီးအစီအစဥ်မှူးက microphone ကိုကောက်ကိုင်လိုက်တယ် "ဆရာဆရာမတွေ ကျောင်းသားတွေအားလုံးရဲ့ပူးပေါင်းအားထုတ်မှုကြောင့် ဒီနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲက လတ်တလောနှစ်တွေအတွင်းမှာထူးချွန်အပြောင်မြောက်ဆုံးနှစ်ဖြစ်ခဲ့တယ် အဆင့်မြင့်မြင့်နဲ့အောင်မြင်ခဲ့တယ်ကျောင်းသားသုံးဆယ်ထဲကမှ ကျောင်းသားလုရှင်းစီဟာ အမှတ်ပေါင်း703 နဲ့ပြည်နယ်တစ်ခုလုံးရဲ့အထူးချွန်ဆုံးဖြစ်ခဲ့ပါတယ် ထိပ်ဆုံးကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းသားတွေကိုယ်စားပြုမိန့်ခွန်းပြောကြားပေးဖို့ လုရှင်းစစ်ကိုဩဘာပေးလိုက်ကြပါစို့"
အစီအစဥ်မှူးရဲ့အသံဆုံးသွားတဲ့ sport class ဆီကအသံအကျယ်ကြီးထွက်လာတယ် "ဟေး!"
သွမ့်ကျားရန်ကလဲနောက်ကောက်ကျမကျန်ခဲ့ဘူး "လုကော!"
သူတို့တွေကအရှေ့နဲ့အနောက်နှစ်ခုလုံးကနေအသံညံညံတွေထွက်ပေါ်လာတယ်။ပတ်ပတ်လည်ကကောင်လေးတွေကလဲ လက်ခေါက်မှုတ်သူကမှုတ် လေချွန်တဲ့သူကသူနဲ့ အရပ်မျက်နှာပေါင်းစုံကနေနားကနမတတ်ဩဘာပေးကြတယ်။ လုရှင်းစစ်လဲမထိန်းနိုင်ဘဲပြုံးမိတယ်။ အပေါ်ကနေတွဲလောင်းကျနေတဲ့ကင်မရာကသူ့မျက်နှာကိုမျက်နှာမူထားပီး သူ့နောက်ကျောဘက်ဆီကscreen ကြီးပေါ်မှာသူ့ပုံရိပ်ကထက်ဟပ်နေတယ်။ သူ့ရဲ့ပြောင်းလဲသွားတဲ့မျက်နှာအမူအရာတစ်ခုချင်းစီကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။
တစ်ချိန်တည်းမှာပဲသွမ့်ကျားရန်တစ်ယောက်အော်သံတချို့ကိုပြတ်ပြတ်သားသား ကြားလိုက်ရတယ်။
ဒီနေ့ဘွဲ့နှင်းသဘင်အခမ်းအနားကိုပြန်လာတဲ့အခါမှာ လူတိုင်းကကျောင်း uniform ဝတ်ဖို့အသိပေးခံရတယ်။ စင်ပေါ်ကကောင်လေးကသန့်ရှင်းသပ်ရပ်ပီးချောမောလှတယ်။ သူကရိုးရိုးသာမန် uniform လေးဝတ်ထားတာတောင်စိတ်ကြည်နူးစရာကောင်းလှတယ်။ ကျောင်းသားထောင်ပေါင်းများစွာထဲမှာ သူ့ရဲ့ပုံပန်းသွင်ပြင်က သူများထက်တစ်မူထူးကဲလှတယ်။
သွမ့်ကျားရန်သွားကိုလျှာနဲ့သပ်လိုက်ပီး ရုတ်တရပ်အသံကိုမြှင့်လိုက်တယ် "ရှင်းစစ်!မင်းအရမ်းချောတယ်!"
သူအော်လိုက်တာကိုကြားတဲ့အချိန်မှာတော့ သူ့ဘေးပတ်ပတ်လည်မှာအုတ်အော်သောင်းနင်းဖြစ်သွားတယ်။
စင်ပေါ်ကလုရှင်းစစ်ရဲ့အပြုံးတွေကလဲ ပိုပိုပီးနက်ရှိုင်းတောက်ပလာတယ်။
သူကသွမ့်ကျားရန်ရှိနေဆီကိုလှည့်ကြည့်လိုက်ပီး သူ့အသံကmicrophone ကနေတတင့်ခန်းမကျယ်ကြီးဆီကိုပျံ့လွင့်လာတယ်။
"ဆရာ ဆရာမများ အတန်းဖော်များ နဲ့တက်ရောက်လာသောလူကြီးမင်းများခင်ဗျ ကျွန်တော့အနေနဲ့ဒီနေရာမှာရပ်ပီး ကျောင်းသားကိုယ်စားပြုတစ်ယောက်အနေနဲ့စကားပြောခွင့်ရတာအရမ်းဂုဏ်ယူဝမ်းမြောက်မိပါတယ် ကျွန်တော့်ကိုအထက်တန်းသုံးနှစ်လုံးမှာ ဆရာဆရာမတွေအတန်းဖော်တွေ မြောက်များစွာဆီကနေအကူအညီတွေရခဲ့ပါတယ်...."
သူကအဲ့တိုင်းလဲပြောရော Class 10 ကကျောင်းသားလေးတွေကအောက်မှာတီးတိုးသဖန်းပိုးလုပ်နေကြတယ်။
"အတန်းခေါင်းဆောင်ကငါတို့အကြောင်းပြောပီးသွားတဲ့အခါကျရင်ငါတို့ဆောင်ပုဒ်တစ်ခုကြွေးကြော်မလား?" တစ်ယောက်ကအလင်းတစ်ချက်ပွင့်သွားတယ် " The boss"
"မင်းဘာလို့မခေါ်လဲ လုရှင်းစစ်666"
"Ha ha ha ha ha ha ha မကောင်းပါဘူးကွာ"
"ဆောင်ပုဒ်အော်တာကြီးကလွှမ်းမိုးမှုမရှိဘူး" သွမ့်ကျားရန်ကသူ့အိတ်ထဲကနေစာရွက်တွေအထပ်လိုက်ဆွဲထုတ်လိုက်တယ် "ဒီထက်ပိုပီးလွှမ်းမိုးမှုရှိတာလုပ်ရအောင်"
" ... "
"အဲ့တာကဘာကြီးလဲ?"
သူကအိတ်ထဲကနေ highlighter ဆွဲထုတ်တာမြင်တော့ သူတို့ခနလောက်တိတ်သွားတယ်။
သွမ့်ကျားရန်က highlighter ကိုတစ်ယောက်ချင်းစီ ဘေးပတ်ပတ်လည်ကိုလက်ကမ်းပေးလိုက်တယ် "ကျေးဇူးပြ၍တစ်ယောက်ကိုစာတစ်ကြောင်းစီရေးပီး ငါတို့ကသူ့ရဲ့ပွဲဦးထွက်သလိုမျိုးလုပ်ပေးရမယ်"
"ငါတို့ကဖြည့်ပေးရမယ် သွမ့်ကောအဲ့လိုမျိုးဆိုလိုတာလား?"
"ဝါး ဒါကကောင်းလိုက်တာ"
" သွမ့်ကျားရန်မင်းက ကြယ်တွေ(LXC ကိုရည်ရွယ်)ဆီလိုက်ဖို့အဆင့်သင့်ဖြစ်နေပီလား?... Ha ha ha ha ha ချန်ယွဲ့မင်းမှာစာတစ်လုံးအချစ်တစ်ခုရှိလား?အဲ့တာကဇာတ်လမ်းရဲ့အပိုင်းအစလေးတွေကိုရောင်းစားနေတဲ့အတိုင်းပဲ"
စင်မြင့်ပေါ်မှာလုရှင်းစစ်ကမိန်ခွန်းအဆုံးသတ်ကိုရောက်နေပီ "လာမဲ့နေ့ရက်တွေမှာ ကျောင်းသားကျောင်းသူတွေကသူတို့ရဲ့ကိုယ်ပိုင်ပန်းတိုင်ဆီကိုအရောက်လှမ်းနိုင်ပီး တောက်ပတဲ့အနာဂတ်ပိုင်ဆိုင်ဖို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ"
"ပီးတော့မယ်ထင်တယ် ညီအစ်ကိုတို့ဂေအဆင်သင့်ပြင်ထားတော့"
"3, 2, 1–"
"အားလုံး မြှောက်လိုက်တော့!"
လက်ခုပ်သံတွေကခန်းမတစ်ခုလုံးမှာသောသောညံသွားတယ်။ စင်ပေါ်ကလုရှင်းစစ်ကတော့ microphone လေးကိုချပီး အောက်ကိုဆင်းဖို့ပြင်လိုက်တယ်။ Class 10 နေရာမှာတော့ ကျောင်းသားတွေကသူတို့ရေးထားတဲ့စာရွက်တွေကိုဆက်တိုက်မြှောက်လာကြတယ်။
သူတို့ရေးထားတဲ့စရွက်ဖြူဖြူတွေကအများကြီးရှိနေပီး စာရွက်တိုင်းကအနံ့လေးတွေမွှေးနေတယ်။
[နတ်ဘုရားလေးဆီသို့ ချီးကျူးဂုဏ်ပြုခြင်းများထဲမှတစ်ခု]
[Class 10 မှာမင်းရှိတာကအံဩစရာကောင်းလွန်းပါတယ်]
[လုရှင်းစစ်!နိဟောင် NB!]
[703! ထိပ်ဆုံးပဲ]
[နင်းချန်, ရိကျုံး ထက်ဘယ်ကျောင်းကမှာပိုပီးဆရာမကျနိုင်ဘူး]
[ရှောင် (heart) လု (heart) စာမေးပွဲ (heart) ပုံမျိုး (heart) အချစ်တွေ (heart) သင်ပေးမယ် ]
.......
ဒီလိုပြောင်းလဲမှုကြောင့် ပရိတ်သတ်တွေဆီကလက်ခုပ်သံတွေကပိုပိုပြင်းထန်လာသလိုကျောင်းသားတွေရဲ့ ရယ်သံမောသံတွေကလဲကျောင်းခေါင်မိုးထိပျံ့လွင့်နေတယ်။ လုရှင်းစီကခနလောက်ကြောင်သွားပီး မျက်လုံးတွေနာ်းနည်းပင့်လိုက်ပီး သူနှုတ်ခမ်းတွေကနေအပြုံးတစ်ပွင့်ဖူးပွက့်လာတော့တယ်။
သွမ့်ကျားရန်ကရယ်ပီးပြောလိုက်တယ် "ငါတို့မျှားတာတော်တာပဲ"
"အတော်လေးတော်တယ်" ချန်ယွဲ့ကသူ့လက်ထဲကစာရွက်လေးကိုလှုပ်ရင်းရယ်လိုက်တယ် "ဘာမှဖြစ်ပါဘူး မင်းတစ်သက်လုံးမျှားထားလိုက်တော့"
ဆရာတွေဆီကနေကျောင်းသားတွေအသံတိုးဖို့စာတစ်ဆောင်ထုတ်ပြန်လိုက်ပေမဲ့လဲ အထက်တန်အောင်လေးတွေကအရမ်းကိုစိတ်လှုပ်ရှားနေတဲ့အတွက် ဆရာတွေကလဲတစ်ယောက်မှလူကိုယ်တိုင်လာပီးမရပ်ခိုင်းတော့ဘူး။
ရယ်မောသံတွေကြားထဲမှာ သွမ့်ကျားရန်ပေါ့ပေါ့ပါးပါးပဲမေးလိုက်တယ် "ချန်ယွဲ့ မင်းဘယ်သွားမှာလဲ?"
"ခွေးကောင်လုနဲ့တစ်ကျောင်းတည်းအတူတူတက်ဖြစ်မယ်လားမသိဘူး တကယ်လို့ငါတို့ကျောင်းမတူဘူးဆိုရင်လဲ မင်းကိုပြောပြမယ်လေ အတူတူအပြင်ထွက်ပီး ဂိမ်းကစားကြတာပေါ့"
"အင်း" သွမ့်ကျားရန်ကမျက်လုံးပင့်လိုက်တယ် "တကယ်လို့ omega ကောင်းလေးတစ်ယောက်နဲ့တွေ့ရင် အဲ့တာလေးနဲ့မင်းကိုမိတ်ဆက်ပေးမယ်"
သူပြောနေတုန်းမှာပဲ သူ့ဘေးနားကိုတစ်စုံတစ်ယောက်ကလာထိုင်တယ်။
လုရှင်းစစ်ကသွမ့်ကျားရန်ပေါင်ပေါ်က အနံ့မွှေးမွှေးလေးနဲ့ရေးထားတဲ့ စာရွက်ဖြူဖြူလေးကိုလက်လှမ်းပီးယူလိုက်ပီး မျက်လုံးမှေးကြည့်လိုက်တယ်။
[မင်းကိုဒူးထောက်ပီးအရိုအသေးပေးပါတယ် ဒုန်းဒုန်းဒုန်း!]
လုရှင်းစစ်ကပျော်နေတယ် "ဒါကမင်းဘယ်လိုတွေးမိတာလဲ?"
သူမိန့်ခွန်းပြောနေတဲ့အချိန်မှာ ပရိသိတ်တွေအားလုံးလိုလိုကငြိမ်ငြိမ်လေးထိုင်နေကြတော့ လှုပ်လှုပ်ရွရွဖြစ်နေတဲ့ Class 10 အုပ်စုကထင်ထင်ရှားရှားဖြစ်နေတယ်။ စာရွက်တွေ highlighter တွေနဲ့အလုပ်ရှုပ်နေတဲ့သွမ့်ကျားရန်ရဲ့လှုပ်ရှားမှုတွေကိုအပေါ်ကနေရှင်းရှင်းလင်းလင်းမြင်နေရတယ်။
သွမ့်ကျားရန်ကပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်ပီးခေါင်းညိမ့်ပီး သူလုပ်တာကိုပြောမလို့လုပ်လိုက်တယ်။ လုရှင်းစစ်ရဲ့လက်ချောင်းလေးတွေကသူ့မျက်နှာဆီရောက်လာပီး သူ့ပါးလေးကိုညှစ်ပစ်လိုက်တယ်။
"တော်တော်လေးဖန်တီးတတ်တာပဲ ငါစင်ပေါ်မှာထိန်းမရတောင်ဖြစ်သွားမလိုပဲ"
သွမ့်ကျားရန်ကပါးလအဖျစ်ခံနေရတော့ သူ့အသံကမပီမပြင်ဖြစ်နေတယ် "မင်းကျေနပ်တယ်မလား မင်းအတွက်ဖန်တီးပေးတာ"
"ကျေနပ်တယ် ခနနေကျရင် မင်းကိုဘာဆုပေးရပါ့မလဲ?" လုရှင်းစစ်ကရယ်လိုက်ပီးပြောလိုက်တယ် "မင်းရဲ့စာရွက်တွေလဲကုန်သွားပီး လက်ခုပ်တီးပီးအားပေးတာကလဲမဆန်းတော့ဘူး..."
သွမ့်ကျားရန်သူဘာကိုဦးတည်နေလဲဆိုတာသတိထားမိသွားပီး သူလက်ကိုဘယ်ထားရမှန်းမသိဖြစ်နေတယ်။ သူလုရှင်းစစ်ကိုလူတွေအများကြီးရှိနေတာ်လို့သတိပေးမလိုလုပ်တဲ့အချိန်မှာ လုရှင်းစီကတိုးတိုးလေးသက်ပြင်းချလိုက်ပီး ဝင့်ဝင့်ဝါဝါမေးလိုက်တယ် "တခြားစိတ်ဝင်စားစရာအကြံလေးတွေရှိသေးလား?"
" ... "
"မင်းအခုမပေးချင်ရင်လဲညကျမှပေးပေါ့"
သွမ့်ကျားရန်ကသူပြောတာပီးသွားတော့ဘလက်တွေကိုပုံမှန်လိုပဲအောက်ကိုချလိုက်ပီး ပြန်ထိုင်လိုက်တယ်။ တခြားဖြစ်စဥ်တွေကတော့ဆက်သွားနေတုန်းပဲ။
သွမ့်ကျားရန်ကလက်ကိုဝှေ့ပီး သူ့ကိုအနားကိုတိုးဖို့အမူအရာပြလိုက်တယ်။ သူကရိုးရိုးသားပုံစံပဲမေးလိုက်တယ် "ကော်လိပ်ဝင်ခွင့်စာမေးပွဲကထိပ်တန်းကျောင်းသားကြီးက လူနဲ့သားရိုင်းကောင်အဖြစ်ကို လွယ်လင့်တကူပဲအပြောင်းအလဲလုပ်နိုင်တယ်မလား?"
" ... "
"အံံ့ဩစရာကောင်းတဲ့ မိန့်ခွန်းအတွက်ကျောင်းသားကိုယ်စားပြုကိုအထူးကျေးဇူးတင်ရှိပါတယ်" စင်မြင့်ပေါ်မှာ အမျိုးသမီးအစီအစဥ်မှူးရဲ့နှုတ်ခမ်းကအပြုံးတွေနဲ့ပြည့်နေတယ် "ဒီသုံးနှစ်အတွင်းမှာ ကျောင်းသားတော်တော်များများကစာတွေအရမ်းကြိုးစားလာကြပီး ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလဲအံ့ဩစရာကောင်းတဲ့တိုးတက့မှုတွေကိုပြသခဲ့တယ် Class10ရဲ့ကိုယ်စားပြုအနေမိန့်ခွန်းပြောဖို့ သွမ့်ကျားရန်ကိုဖိတ်ခေါ်ပါရစေ"
သွမ့်ကျားရန်ကရုတ်တရပ်သူ့နာမည်ကြားတဲ့အခါမှာ လူကတောင့်ခနဲဖြစ်သွားတော့ လုရှင်းစစ်ကသူ့ကိုပုတ်ပေးတယ်။
စောနလေးတုန်းကလုရှင်းစစ်ရဲ့မိန့်ခွန်းပီးတော့ဆူညံသံတွေကြောင့်ဖြစ်နိုင်တယ် ပတ်ဝန်းကျင်ကအရမ်းကိုသက်သောင့်သက်သာဖြစ်တယ်။
သွမ့်ကျားရန်ထသွားတာမြင်တော့ဘယ်သူကစအော်လိုက်လဲတော့မသိဘူး "ကျောင်းလူဆိုးလေး!"
"လုပ်ထားကွ! ကျောင်းလူဆိုးလေးကပြောင်းလဲသွားတဲ့လုပ်ဆောင်မှုတွေကိုပြောပြလိမ့်မယ်"
"ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီပြပွဲက knowledge blind zone ကိုထိတွေ့မှုအကြောင်းပြောမှာ"
"ဟုတ်တာပေါ့" သွမ့်ကျားရန်က microphone ကိုယူပီးပြောလိုက်တယ် "ကျွန်တော် အထက်တန်းဒုတိယနှစ်ကနေစပီး စာကြိုးစားခဲ့တယ် နောက်ဆုံးမှာကျွန်တော်အောင်မြင်မှုဆိုတာကိုထိတွေ့ခွင့်ရတော့ မယုံနိုင်စရာကောင်းလောက်အောင်အံ့ဩဖို့ကောင်းတယ်လို့ခံစားခဲ့ရတယ်"
သူ့ရဲ့မျက်လုံးတွေကပရိသတ်တွေကိုဖြတ်သွားပီး ရင်းနှီးနေတဲ့မျက်နှာလေးပေါ်ကိုကျရောက်သွားတယ် "လူတိုင်းလိုလိုကဲ့သို့ပဲ ကျွန်တော်က စာမေးပွဲကျတဲ့အတွက်ကိုယ့်ကိုယ်ပိုင်စိတ်ဝင်စားရာကိုငြင်းဆန်ခဲ့တယ် အမှန်တိုင်းပြောရမယ်ဆိုရင် အင်တာနက်ဂိမ်းတွေကစားရတာကစာလေ့လာရတာထက်ပိုပီးပျော်စရာကောင်းပါတယ်"
သူအဲ့တာကိုပြောလိုက်တဲ့အချိန်မှာ ကျောင်းသားတွေဆီကတိုးတိုးတစ်ဖုံကျယ်ကျယ်တစ်မျိုးရယ်သံေတွထွက်လာတယ်။
"ဒါပေမဲ့ ကျွန်တော်ကအင်တာနက်ဂိမ်းတွေကိုပဲသုံးနှစ်လုံးကစားနေခဲ့မယ်ဆိုရင် အခုအချိန်မှာကျွန်တော်နောင်တတွေတပွေ့တပိုက်ဖြစ်နေခဲ့လောက်ပီ" သွမ့်ကျားရန်ကပြောပီး သူ့မျက်လုံးတွေက Class 10 ဘက်ကိုရောက်သွားပီး လုရှင်းစစ်ရဲ့မျက်လုံးတွေကိုတည့်တည့်ကြည့်လိုက်တယ် "မျှော်လင့်ချက်တွေကိုမဖြည့်စည်းဘဲ ဒီတိုင်းကြီးအဆုံးရှုံးခံလိုက်ရလို့ဆိုပီး ကျွန်တော်နောင်တရနေရလိမ့်မယ်" ရွေးချယ်ဖို့အခွင့်အရေးတစ်ခုအနေနဲ့"
သူလူအုပ်ထဲကလုရှင်းစစ်ကိုကြည့်နေပီး တစ်ဖက်လူကတစ်ခုခုကိုခစားမိလို့ထင်ပါရဲ့မျက်လုံးလေးတွေပင့်လာတယ်။
သွမ့်ကျားရန်ကခနလောက်တတိတ်သွားပီးသူ့စိတ်ကိုပြန်ပြင်ဆင်လိုက်တယ်။
သူ့နှုတ်ခမ်းလေးတွေကနောက်တစ်ခါပြန်ပွင့်လာခဲ့တယ်။
"တကယ်လို့မင်းမှာ မင်းကြိုက်တဲ့သူ ဒါမှမဟုတ်မင်းချစ်တဲ့သူတစ်ယောက်ရှိနေခဲ့မယ်ဆိုရင်..."
"သူကသာမန်လူတွေလက်လှမ်းလို့မမှိီတဲ့အထိတော်လွန်းထက်မြက်လွန်းတဲ့လူတစ်ယောက်ဆိုရင်..."
သွမ့်ကျားရန်ပြောတာကိုကြားတော့ ပရိသိတ်တွေကအံ့ဩသွားတယ်။
သူကအထက်တန်အောင်းသွားခဲ့ပီဆိုရင်တောင် ကျောင်းအုပ်ကြီးတွေဆရာတွေရှေ့မှာ သူ့ရဲ့အချစ်ကိုဖော်ထုတ်ပြတာကတကယ်ကြီးကိုလက်တွေ့မဆန်လွန်းဘူး။
လုရှင်းစစ်ကစင်ပေါ်ကသွမ့်ကျားရန်ကိုကြည့်နေခဲ့တယ်။ အခုအချိန်မှာသူခံစားရတာတစ်ခုကသူ့ရဲ့နှလုံးသားလေးကနူးညံ့နေပီး သူ့ရဲ့နှုတ်ခမ်းတွေကလဲထိန်းမနိုင်သိမ်းမရအပေါ်ကိုကွေးတက်နေပီဆိုတာပဲ။
သွမ့်ကျားရန်ရဲ့နားရွက်လေးတွေရဲနေတာကိုသူရှင်းရှင်းလင်းလင်းမြင်နေရတယ်။
ရှက်ရွံ့မှုတွေအပိုင်းစီးရထားတဲ့သူ့ကို့ကြည့်နေတဲ့မျက်လုံးလေးတွေကလဲတောက်ပပီးကြည်လင်နေတယ်။
ဘေးနားကစီစဥ်ပေးတာကိုတာဝန်ယူရတဲ့ ကေျာင်းသားလေးကခနလောက်တွန့်ဆုတ်သွားပီး ကျောက်မင်ကျွင်းကိုလှမ်းကြည့်လိုက်တယ် "ဆရာမကျောက် ဆရာမအခန်းထဲကျောင်းသားလေးလေ...microphone ကိုအသံပိတ်ပေးစေချင်လား?"
ကျောက်မင်ကျွင်းကစင်ပေါ်ကသွမ့်ကျားရန်ကိုကြည့်နေပီး ဘာမှမပြောဘူး။
ကျောင်းသားလေးကဘာတုံ့ပြန်မှုမှမရတော့ microphone ကိုသွားယူမလို့လုပ်လိုက်တယ်။
ကျောက်မင်ကျွင်းကလက်လှမ်းတားလိုက်ပီးခေါင်းယမ်းပြတယ် "သူကို့ပြောခွင့်ပေးထားလိုက်"
" – ကောလိပ်ဝင်ခွင့်စာမေးပွဲကိိုကောင်းကောင်းဖြေဆိုပီး မင်းကိုယ်တိုင်သူ့အနာဂတ်ဆီကိုလျှောက်လှမ်းလိုက်ပါ"
ဇွန်လရဲ့ပန်းပွင့်လေးတွေက သံတိုင်တွေဆီမှာခိုကပ်နားနေပီး လေပူလေးတွေလဲတိုက်ခတ်နေတယ်။ သစ်ပင်အကိုင်းအလက်တွေရဲ့အရိပ်က လမ်းပေါ်မှာ လှုပ်ရှားပျံ့နှံ့နေပီး ပျားပိတုန်းတို့ရဲ့တဝီဝီအသံလေးတွေကလဲထွက်ပေါ်နေတယ်။
ခနကြာရင်သူတို့တွေလဲ ဒီကျောင်းတော်ကြီးကိုနှုတ်ဆက်ခွဲခွာရတော့မယ်။
"ကျွန်တော်ကတော့ကျွန်တော်သွားချင်တဲ့နေရာကိုရောက်ရှိလာခဲ့ပီ လူတိုင်းလဲသွားရောက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်" သွမ့်ကျားရန်ကရပ်လိုက်ပီးပြုံးလိုက်တယ် "Happy graduation"
ပျော်ရွှင်စရာကောင်းတဲ့အထက်တန်းအောင်မြင်မှု။
ငယ်ရွယ်နုနယ်မှုနဲ့ချစ်ခြင်းမေတ္တာ။
အရာအရာတိုင်းကပျော်ရွှင်စရာကောင်းမွန်လှပါတယ်။
✨—————✨
Zawgyi
" ... "
သူ့ရဲ့ကျောင်းသားလေးတွေကအခုထိပြဿနာရှာချင်နေသေးတယ်ဆိုတာရိပ်မိလိပ်ြတော့ ကျောက်မင်ကျွင်းကအချိန်မှီရပ်လိုက်တယ် "ဟုတ်ပါပြီ နောက်မှပြောကြတာပေါ့ အခုတော့ ကော်ရစ်ဒါကိုသွားပီး ခန်းမထဲဝင်ဖို့အဆင့်ပြင်ထားကြတော့"
" ... "
"အဲ့တာကဘာကြီးလဲ?"
"ဝါး ဒါကကောင်းလိုက်တာ"
"3, 2, 1–"
[လုရှင်းစစ်!နိဟောင် NB!]
[703! ထိပ်ဆုံးပဲ]
.......
" ... "
" ... "
"အံ့ဩစရာကောင်းတဲ့ မိန့်ခွန်းအတွက်ကျောင်းသားကိုယ်စားပြုကိုအထူးကျေးဇူးတင်ရှိပါတယ်" စင်မြင့်ပေါ်မှာ အမျိုးသမီးအစီအစဉ်မှူးရဲ့နှုတ်ခမ်းကအပြုံးတွေနဲ့ပြည့်နေတယ် "ဒီသုံးနှစ်အတွင်းမှာ ကျောင်းသားတော်တော်များများကစာတွေအရမ်းကြိုးစားလာကြပီး ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလဲအံ့ဩစရာကောင်းတဲ့တိုးတက့မှုတွေကိုပြသခဲ့တယ် Class10ရဲ့ကိုယ်စားပြုအနေမိန့်ခွန်းပြောဖို့ သွမ့်ကျားရန်ကိုဖိတ်ခေါ်ပါရစေ"
သူအဲ့တာကိုပြောလိုက်တဲ့အချိန်မှာ ကျောင်းသားတွေဆီကတိုးတိုးတစ်ဖုံကျယ်ကျယ်တစ်မျိုးရယ်သံတွေထွက်လာတယ်။
"သူကသာမန်လူတွေလက်လှမ်းလို့မမှီတဲ့အထိတော်လွန်းထက်မြက်လွန်းတဲ့လူတစ်ယောက်ဆိုရင်..."
ဘေးနားကစီစဉ်ပေးတာကိုတာဝန်ယူရတဲ့ ကျောင်းသားလေးကခနလောက်တွန့်ဆုတ်သွားပီး ကျောက်မင်ကျွင်းကိုလှမ်းကြည့်လိုက်တယ် "ဆရာမကျောက် ဆရာမအခန်းထဲကျောင်းသားလေးလေ...microphone ကိုအသံပိတ်ပေးစေချင်လား?"
" – ကောလိပ်ဝင်ခွင့်စာမေးပွဲကိုကောင်းကောင်းဖြေဆိုပီး မင်းကိုယ်တိုင်သူ့အနာဂတ်ဆီကိုလျှောက်လှမ်းလိုက်ပါ"
✨—————✨