伪装学渣
Wei Zhuang Xue Zha
ZAWGYI
ငရြအစ္ကို
"ဒီသူမတူေအာင္ ခမ္းနားထည္ဝါလွတဲ့ ၊ သာယာလွပတဲ့ေန႔တစ္ေန႔မွာ ကၽြႏ္ုပ္တို႔ အမွတ္(၂)လိယန္ေက်ာင္းရဲ႕ (၆၇)ႀကိမ္ေျမာက္ေဆာင္းဦးအားကစားၿပိဳင္ပြဲကို ႀကိဳဆိုလိုက္ပါတယ္ ၊ ေက်ာင္းသားေက်ာင္းသူတို႔ ၊ အက်င့္စာရိတၱ ၊ အသိဉာဏ္ပညာ ၊ ကိုယ္လံုးကိုယ္ထည္ ၊ အလွအပနဲ႔ ကာယအလုပ္ စတဲ့ဘက္ေပါင္းစံုဖြံ့ၿဖိဳးဖို႔ထဲက ဒီကိုယ္လံုးကိုယ္ထည္ဟာဆိုရင္ အားကစားဆိုတာကိုရည္ၫႊန္းတယ္။"
အားကစားပြဲကားမစေသးသည့္တိုင္ ပြဲၾကည့္စင္၌ထိုင္ေနရာေတြမေလာက္ေတာ့ ၊ အားလံုးမွာ အတန္းေတြထဲကေနၿပီး ကြင္းရွိရာစီထိုင္ခံုေတြသယ္ယူၾကေလရာ ေလွကား၌လူေတြျပည့္က်ပ္ကာတိုးေဝွ႕ေနေတာ့၏။
ဌာနမွဴးက်န္း၏ အသံထုတ္လႊင့္ေနမႈမွာလည္း တစ္ေက်ာင္းလံုးပ်ံ႕ကာေနသည္။
"ကိုယ္ခႏၶာက်န္းမာသန္စြမ္းၿပီး အားကစားစိတ္ဓာတ္ရင့္သန္ဖို႔ အားကစားကိုခ်စ္ျမတ္ႏိုးၾကပါ။ ပံုမွန္ဆို အားလံုးေက်ာင္းစာေတြနဲ႔သာအလုပ္မ်ားေနၾကရတာ ဒီေန႔ေတာ့ အားလံုးပဲကြင္းထဲမွာလြတ္လြတ္လပ္လပ္ပ်ံသန္းလိုက္ၾက ၊ ေခၽြးေတြလည္း ထြက္ႏိုင္သမွ်မ်ားမ်ားထြက္လိုက္ၾက. . . . . ."
"ဘာလိုဒီေလာက္ေတာင္ပိတ္က်ပ္ေနရတာတုန္း ၊ မသြားခိုင္းေတာ့ဘူးလားကြ။"
ကြင္းထဲ၌ လြတ္လပ္စြာပ်ံသန္းေနရမည့္ သိမ္းငွက္ထီးတို႔မွာ လက္ရွိတြင္ေတာ့ ေလွကားထိပ္၌ပိတ္မိေနၾက၏။ ေလွကားထိပ္တြင္သာမက ေကာ္ရစ္တာတစ္ေလွ်ာက္လံုးလည္း ဂေလာက္ဂေလာက္ျဖင့္ ပစၥည္းဆြဲေရႊ႕သံမ်ားထြက္ေပၚလို႔ေနသည္ ၊ ပိတ္က်ပ္ေနသည္မွာ မနက္(၇)နာရီလူသြားလူလာျပံဳက်ခ်ိန္အတိုင္းကဲ့သို႔ရွိေနေတာ့၏။
အခန္း(2-3)မွာကား အတန္းေရွ႕ေကာ္ရစ္တာထက္တြင္ေနရာအျပည့္ယူလို႔ထားၾကၿပီး တျခားလူမတိုးႏိုင္သူမ်ားကေတာ့ အတန္းထဲ၌သာရွိေနေလသည္။
ဝမ့္သာတစ္ေယာက္ကား ထိုင္ခံုကိုအေပါက္ဝနားထားခဲ့ၿပီး ဘယ္ေရာက္သြားသည္မသိ ၊ မိနစ္အနည္းငယ္ၾကာသြားၿပီးကာမွ လူပံုၾကားထဲကေနတိုး၍ျပန္ေရာက္လာသည္။
"ငါ့လခြမ္း ၊ ငါးထပ္ေျမာက္ကေနၿပီး ပထမထပ္ထိကိုပိတ္ေနေတာ့တာ ၊ ငါတို႔အရင္ေနခဲ့တဲ့ေက်ာင္းေဆာင္ဆို ပိုေတာင္ဆိုးေသး ၊ အေရွ႕နဲ႔အေနာက္ေဆာင္မွာဆို အတန္းလိုက္ႀကီးဝင္ေဆာင့္ကုန္ၾကတာ။"
"မင္းဒီမဆိုင္တာေတြပဲလုပ္ေန ၊ အဲ့လုပ္ႏိုင္စြမ္းေတြကိုသာ ထိုင္ခံုေရႊ႕တဲ့စီထည့္ရင္ အေစာတည္းကကိုေရႊ႕ၿပီးသြားေလာက္ေပါ့။"
ဟယ့္ေက်ာင္းသည္ ထိုင္ခံုအားအေနာက္ေပါက္ရွိရာတြန္းလာရင္းမွ အျပင္ကျမင္ကြင္းအားေတြ႕လိုက္ခ်ိန္မွာေတာ့ ေရွ႕ဆက္မတိုးေတာ့ ၊ ပါးစပ္တြင္မူlollipopတစ္ေခ်ာင္းငံုထားရင္းမွဆိုလာ၏။
"ေစာင့္ၾကတာေပါ့ ၊ အနည္းဆံုးေတာ့ပိတ္ေတာက္(၁၀)မိနစ္ေလာက္ပါပဲ။"
သူသည္ေျပာၿပီးသည့္ေနာက္ ရွဲ႕ယြီအားလွည့္လို႔ၾကည့္လိုက္သည္။
"ေလာင္ရွဲ႕ ၊ လာပါ့လား?"
ရွဲ႕ယြီသည္ကား တုတ္တုတ္ပင္မလႈပ္ ၊ သူသည္စားပြဲထက္ေမွာက္အိပ္လ်က္ျဖင့္ မ်က္လံုးပင္မဖြင့္ဘဲဆိုလိုက္သည္။
"မလာဘူး ၊ လူတိုးရတာဘယ္နားစိတ္ဝင္စားဖို႔ေကာင္းတုန္း?"
"ငါ့ကိုနံပါတ္ကတ္ျပားကူတက္ေပးစမ္းပါ ၊ ေက်ာဘက္ကိုမမွီလို႔။"
ဟယ့္ေက်ာင္း၏လက္ထဲတြင္ အားကစားကိုယ္စားလွယ္ေဝလို႔သြားသည့္ ကတ္ျပားရွိေန၏ ၊ ပိတ္စျဖင့္ျပဳလုပ္ထားျခင္းျဖစ္ၿပီး အႀကိမ္ဖန္မ်ားစြာသံုးလာခဲ့ျခင္းေၾကာင့္ အစမွာအနည္းငယ္ပင္ဝါလို႔ေနၿပီျဖစ္ကာ ထိုအေပၚ၌နံပါတ္(၄)လံုးပါရွိ၏။
"ျမန္ျမန္ ၊ ငါကတစ္ရြာလံုးရဲ႕ေမွ်ာ္လင့္ခ်က္ေနာ္။"
ရွဲ႕ယြီကေတာ့ မတံု႔ျပန္ပါ။
ဟယ့္ေက်ာင္းကထက္မံဆိုလာျပန္သည့္အခါမွာေတာ့ ရွဲ႕ယြီသည္ထထိုင္လိုက္ရင္းေျပာလိုက္ေတာ့သည္။
"ဝမ့္သာ ၊ တစ္ရြာလံုးရဲ႕ေမွ်ာ္လင့္ခ်က္ဆိုတဲ့စီ နံပါတ္သြားတက္ေပးလိုက္။"
မဆီမဆိုင္ စကားဝိုင္းထဲဆြဲထည့္ခံလိုက္ရသည့္ ဝမ့္သာ : ". . . . . ."
ဝမ့္သာမွာဘယ္ၾကည့္လိုက္ညာၾကည့္လိုက္ျဖင့္ ဟယ့္ေက်ာင္းႏွင့္အၾကည့္စံုသြားခ်ိန္မွာေတာ့ ဟယ့္ေက်ာင္းသည္စကားမဆိုေသာ္ျငား အသံတိတ္စကားဆိုေနေၾကာင္းေတြ႕ရွိလိုက္ရပါ၏ ၊ ဝမ့္သာသည္ သူ၏မ်က္ႏွာထက္ကစာေၾကာင္းအား ဖတ္ႏိုင္လိုက္ပါသည္ - နည္းနည္းပါးပါးသိတတ္စမ္း ၊ ငါကငါ့ထံုေက်ာကိုပဲအလိုရွိတာ ၊ မင္းလာၿပီးစမ္းရဲရင္စမ္းၾကည့္လိုက္ေလ?
ဤသို႔ျဖင့္ဝမ့္သာသည္ ေခါင္းကိုျပန္လွည့္လိုက္ၿပီး နားမၾကားသလိုသာဟန္ေဆာင္လိုက္ရေတာ့သည္။
"အိုင္းယား ၊ ဘယ္လိုျဖစ္လို႔မေရြ႕ၾကေသးတာတုန္း ၊ ဘယ္အခ်ိန္ထိမ်ားပိတ္ေနမွာပါလိမ့္။"
ရွဲ႕ယြီ : ". . . . . ."
ဟယ့္ေက်ာင္းသည္ ဝမ့္သာ၏ကူညီေထာက္ပံ့မႈအား စိတ္ထဲမွတ္ထားလိုက္ပါ၏ ၊ ၿပီးေနာက္မွာေတာ့ ထိုင္ခံုအားျပန္ဆြဲတြန္းလာခဲ့ၿပီး တြယ္ခ်ိတ္ႏွင့္နံပါတ္ျပားအား စားပြဲထက္တင္လို႔ေပးလိုက္ပါသည္။
"ကေလးေလး ၊ မင္းကိုပဲအလုပ္ပိုေစၿပီ။"
ရွဲ႕ယြီသည္ တြယ္ခ်ိတ္အားေကာက္ယူလိုက္ရင္းမွ အလြန္မွလည္းထိုသူ႔အားအပ္နဲ႔အေသကိုထိုးပစ္ခ်င္သြားရသည္။
ဟယ့္ေက်ာင္းသည္ ရွဲ႕ယြီအားေက်ာေပးလို႔ထားလ်က္ ထိုင္ခံုထက္တြင္ေနာက္ျပန္ထိုင္ေန၏ ၊ ဝမ့္သာသည္ကား အေပါက္ဝကေနၿပီးရႈပ္ေထြးေနဟန္ျဖင့္ သူ႔ထံတစ္ခ်က္လွမ္းၾကည့္လာရာ ဟယ့္ေက်ာင္းသည္ျပံဳးလိုက္ရင္းမွ မထီဟန္ျဖင့္ 'yeah' ဟုလက္ဟန္လုပ္ျပလိုက္ပါသည္။
ဝမ့္သာသည္ေခါင္းကိုခါးယမ္းလိုက္မိရင္း မျမင္သလိုသာေနလိုက္ေတာ့သည္။
ရွဲ႕ယြီသည္ တြယ္ခ်ိတ္တို႔ျဖင့္ ထိုသူ႔အကၤ်ီထက္ကနံပါတ္ျပား၏ေထာင့္ေလးဘက္စီအားခ်ိတ္လို႔ေပးလိုက္ပါ၏ ၊ ခ်ိတ္အၿပီးတြင္ေတာ့ မညႇာမတာပင္ ဟယ့္ေက်ာင္း၏ထိုင္ခံုအားတစ္ခ်က္ပိတ္ကန္ပစ္ကာ ထိုသူ႔အားျမန္ျမန္ထြက္သြားခိုင္းလိုက္ေတာ့သည္ ၊ ေလသံမွာလည္း ဝတ္ေက်တမ္းေက်သာ။
"ရၿပီ။"
ဟယ့္ေက်ာင္းသည္ လက္ေနာက္ျပန္၍စမ္းၾကည့္ရာ ေသေသခ်ာခ်ာကိုခ်ိတ္လို႔ေပးထားမွန္းေတြ႕လိုက္ရတာနဲ႔ သူ႔အားခ်ီးက်ဴးမည္ျပင္ခိုက္မွာပင္ ရွဲ႕ယြီကတစ္ခ်က္ပိတ္ကန္လို႔လာျပန္သည္။
အခန္း(3)မွာ ကံမေကာင္းလွေခ် ၊ ပြဲၾကည့္စင္၏မ်က္ႏွာခ်င္းဆိုင္တြင္ရွိသည့္ ေထာင့္ေနရာကေလးတြင္က်ၿပီး ေနပူႀကီးေအာက္၌ျဖစ္သည္။
ထို႔ေနာက္မွာေတာ့ အတန္းအသီးသီးကြင္းထဲထြက္လာၾကေတာ့သည္ ၊ ေလာ္ဝိန္ခ်န္မွာ အားကစားကြင္းကအိမ္သာမွာပင္အဝတ္လဲကာ အတန္းဆိုင္းဘုတ္ကိုေျမႇာက္ကိုင္လ်က္ ေရွ႕ဆံုးမွေလွ်ာက္ထြက္လို႔လာသည္ ၊ ဘယ္နဲ႔ညာတြင္ကား ဟယ့္ေက်ာင္းႏွင့္ရွဲ႕ယြီတို႔ႏွစ္ေယာက္ျဖင့္ အတန္းထဲကလူမ်ားကိုေရွ႕ဆံုးမွဦးေဆာင္၍ ထြက္လို႔လာသည္။
ရႊီခ်င္ခ်င္ေျပာခဲ့သည္အား ယူသံုးရမည္ဆိုလွ်င္ - ဟယ့္ေက်ာင္းရွဲ႕ယြီတို႔ႏွစ္ေယာက္ကသာ ငါတို႔အတန္းကိုမ်က္ႏွာပြင့္ေစမွာ ၊ အလံုးစံုသူတို႔ႏွစ္ေယာက္ကိုပဲအားကိုးရမွာပဲ။
ရႊီခ်င္ခ်င္၏ ဆိုလိုရင္းမွာကား ေခ်ာေမာျခင္းကိုျဖစ္၏ ၊ သို႔တိုင္အျခားအတန္းကသူမ်ားကေတာ့ျဖင့္ ထိုသို႔မေတြးၾကပါ။
အခန္း(3)ခ်ီတက္လာသည္ကိုၾကည့္ရင္း သူတို႔စိတ္ထဲ ထိတ္လန္႔ဆိုသည့္စကားလံုးႏွစ္လံုးသာရွိေလ၏ ၊ ေနာက္ခံတီးလံုးသည္ကား စစ္ခ်ီတက္လာသည့္သီခ်င္းဖြင့္ထားသည့္အျပင္ အေရွ႕ႏွင့္အေနာက္ေဆာင္ကအစ္ကိုႀကီးႏွစ္ဦးမွာ ေရွ႕ကေနအတန္းထဲကလူအေယာက္(၃၀)ခန္႔အားဦးေဆာင္လို႔လာေနရာ ေနာက္စကၠန္႔ပိုင္းအတြင္း၌ အကၤ်ီလက္ေတြကိုပင့္ေခါက္၍ ရန္ပြဲႏႊဲလာေတာ့မေယာင္သာ ခံစားမိၾကရေတာ့သည္။
အလြန္႔အလြန္ကို အ႐ိုင္းဆန္လ်က္ရွိ၏။
သို႔ျဖင့္ေလာ္ဝိန္ခ်န္ဝတ္ထားသည္မွာ ဘယ္လိုပင္စိတ္ဝင္စားဖြယ္ေကာင္းေနပါေစေတာ့ မည္သူမွသူ႔အားမရယ္ရဲၾကပဲရွိၾကသည္။
"ဒီလူေတြဘယ္လိုျဖစ္ၾကတာလဲ. ."
ဟယ့္ေက်ာင္းသည္ ေခါင္းအနည္းငယ္ေစာင္းငဲ့လ်က္ေမးလိုက္၏။
"ရယ္မယ့္သူမရွိဘူး? ရယ္ဖို႔မေကာင္းလို႔လား? ကပ္ရပ္ခန္းက Drag queenထြက္လာခ်ိန္တုန္းကဆိုပြက္ေလာကို႐ိုက္သြားတာေလ ၊ ငါတို႔ကပဲမယွဥ္ႏိုင္လို႔လား? ငါတို႔အတန္းရႈံးၿပီလား?"
ရွဲ႕ယြီ : "႐ုပ္အရမ္းဆိုးလို႔ျဖစ္ေလာက္မယ္။"
ရင္ထဲဓားတစ္ေခ်ာင္းစိုက္ေနေလသည့္ ေလာ္ဝိန္ခ်န္ : ". . . . . . မင္းတို႔ငါ့ခံစားခ်က္ကိုေရာ ထည့္တြက္ၾကရဲ႕လား။"
အားကစားပြဲကား ႏွစ္ရက္ ၊ တာရွည္အေျပးၿပိဳင္ပြဲမွာ မနက္ျဖန္ေန႔လည္ပိုင္းၾကမွျဖစ္သည္ ၊ ယေန႔၌ ဒိုက္ထိုးပြဲတစ္ပြဲသာလွ်င္ဝင္ၿပိဳင္စရာရွိၿပီး ၿပိဳင္ပြဲေနရာသည္ကား အာကစားရံုထဲ၌ျဖစ္သည္။
ေဆာင္းဦးဝင္ေနၿပီျဖစ္သည့္တိုင္ ေန႔လည္ခင္းပိုင္း၌ပူျပင္းကာ ေနကလည္းထိုးေနေသး၏။
ဟယ့္ေက်ာင္းသည္အေပၚဝတ္အားခၽြတ္ကာ ေခါင္းထက္အုပ္၍ေနကာလိုက္ၿပီးေနာက္ ေခါင္းငံု႔၍ဖုန္းၾကည့္မိခိုက္ (၁၀)မိနစ္အလြန္တုန္းကသူ႔ထံဝမ့္သာပို႔ေပးထားသည့္ linkတစ္ခုအားေတြ႕လိုက္ရသည္။
အေၾကာင္းအရာ : Live လႊင့္ ၊ ငါတို႔ေက်ာင္းရဲ႕ နာမည္ႀကီေခ်ာေမာလြန္းလွတဲ့အစ္ကိုႀကီးႏွစ္ေယာက္ --- --- ဒိုက္! ထိုး! ေန! ျခင္း! ငါဆိုမီး႐ွဴးမီးပန္းအလားပဲ မထိန္းႏိုင္မသိမ္းႏိုင္ေပါက္ထြက္ေနၿပီ!
ထိုPost၌ replyေတြေထာင္ခ်ီေအာင္ရွိေနေလၿပီး ေက်ာင္းwebsiteထဲ၌ထိုအေၾကာင္းအရာမွာဆို ဝက္ဝက္ကြဲထိပ္ဆံုးေရာက္လ်က္ရွိသည္။
ဟယ့္ေက်ာင္းသည္ ပံုသံုး/ေလးပံုခန္႔အားၾကည့္ၿပီးေနာက္ ပထမဆံုးတံု႔ျပန္ခ်က္သည္ကား browserကိုပိတ္ပစ္လိုက္ျခင္းေပ ၊ ကန္စြန္းဥအပူကိုေကာက္ကိုင္လိုက္မိသည့္အလားပင္ရွိ၏ ၊ ေနကပဲတအားပူေနလို႔လား သို႔တည္းမဟုတ္ သူကိုယ္တိုင္ကပဲမဆီမဆိုင္ပူလို႔လာတာလား ဆိုတာေတာ့မေျပာတတ္ပါေခ်။
တစ္ခဏမွ်ၾကာၿပီးေနာက္တြင္ေတာ့ ဟယ့္ေက်ာင္းသည္ တဖန္ထိုlinkအားျပန္ဖြင့္လိုက္ပါၿပီး. . . . . . ၿပီးေနာက္မွာေတာ့ သရဲဝင္ပူးခံေနရသည့္အလား ပံုေတြကိုေကာက္saveထားလိုက္မိေတာ့သည္။
စုစုေပါင္း(၃)ပံု ၊ ရံုထဲ၌အလင္းေရာင္ကေကာင္းစြာရွိမေန ၊ ဒါ့အျပင္ခိုး႐ိုက္ထားသူ၏ အရည္အခ်င္းကညံ့ကာ ၊ ေပၚတင္ႀကီးလည္းမ႐ိုက္ရဲျခင္းေၾကာင့္ ႐ိုက္ထားသည့္ပံုမွာဝါးေနေတာ့၏ ၊ မေရရာမျပတ္သားေအာင္ကို ဝါးလ်က္ရွိသည္။
ၾကည့္ရသည္မွာ မရွင္းလင္းေသာ္ျငား ဓာတ္ပံုထဲကအဓိကဇာတ္ေဆာင္ႏွစ္ေယာက္ကား မည္သူေတြဆိုတာကိုေတာ့ျဖင့္ ရွင္းရွင္းလင္းလင္းႀကီးကိုသိရွိႏိုင္ပါ၏။
အဲ့ပါးစပ္ေပါက္က်ယ္လြန္းလွသည့္ဝမ့္သာက သူတစ္ေယာက္တည္းစီကိုသာပို႔ျခင္းမျဖစ္ႏိုင္ပါ ၊ တစ္တန္းလံုးကိုေတာင္ပို႔ၿပီးခ်င္ ပိုၿပီးသြားေလာက္မည္။
ဟယ့္ေက်ာင္းသည္ မရဲတရဲျဖင့္ရွဲ႕ယြီအား တံေတာင္ႏွင့္တို႔ကာေမးလိုက္သည္။
". . . . . . မင္း ေတြ႕ၿပီးၿပီလား?"
"ဘာလဲ?"
ရွဲ႕ယြီသည္ အိပ္ေပ်ာ္ေတာ့မည္အလား မ်က္ဝန္းတို႔ကေမွးစင္းေန၏။
အားကစားကြင္းထဲ၌ လူေတြသြားသြားလာလာရွိေနၾကသည္ ၊ စက္ဘီးတစ္စီးျဖင့္ကြင္းလံုးျပည့္ပတ္ေနသည့္ လုပ္အားေပးေက်ာင္းသား ၊ ေသြးပူေလ့က်င့္ခန္းလုပ္သူမ်ားႏွင့္ --- --- သူတို႔အတန္း၏မီတာ(၁၀၀)လက္ေရြးစင္ သင္းလ်န္႔ဟြာ စသည္ရွိလို႔ေနၾကသည္။
ရႊီခ်င္ခ်င္တို႔တစ္ေတြသည္လည္း အစီအစဥ္ေၾကညာဖို႔ရန္ စာေရးလို႔ေနၾကၿပီး ေက်ာင္းသူသံုး/ေလးေယာက္ႏွင့္အတူ သူတစ္ေၾကာင္းငါတစ္ေၾကာင္းျဖင့္ မိန္႔ခြန္းစာေတြေရးထုတ္ေနေလသည္။
ဟယ့္ေက်ာင္းသည္ စိတ္ထဲကေနေတာ့ ေသခ်ာေပါက္ငါတို႔ႏွစ္ေယာက္ကို cpအေနနဲ႔shipၾကတာျဖစ္ေလာက္မယ္ဟုေျပာမိရေပမယ့္ အျပင္တြင္ေတာ့တိုက္႐ိုက္ႀကီးေျပာခ်လို႔မျဖစ္ေလရာ အစားထိုးၫႊန္း၍သာေျပာလိုက္ေတာ့သည္။
"အဲ့ဟိုဟာေလ။"
ရွဲ႕ယြီသည္ သူ႔အားၾကည့္လာခဲ့၏။
"ဘယ္ဟာလဲ?"
". . . . . ."
အဆံုးမွာေတာ့ ဟယ့္ေက်ာင္းသည္ သူ႔အားလက္ယပ္ေခၚလာ၏ ၊ ရွဲ႕ယြီမွာအင္တင္တင္ျဖင့္ ဟယ့္ေက်ာင္းဘက္သို႔တိုးကပ္သြားလိုက္ရေတာ့သည္။
ဟယ့္ေက်ာင္းသည္ သူ႔အားဝင္လာခဲ့ရန္ အေပၚဝတ္အားေျမႇာက္လို႔ျပလာသည္။ ႏွစ္ဦးသားသည္ ေခါင္းခ်င္းပူးကာ အေပၚဝတ္အကၤ်ီတစ္ထည္ေအာက္၌ ပူးကပ္ကပ္ရွိေနေခ်သည္။ ဖုန္းမွာဟယ့္ေက်ာင္းေပါင္ထက္တင္ထားေလရာ ရွဲ႕ယြီသည္ကိုယ့္ကိုအနည္းငယ္ကိုင္း၍ ေခါင္းငံု႔လို႔ၾကည့္လိုက္သည္။
ရွဲ႕ယြီသည္ကား ေသေသခ်ာခ်ာကိုၾကည့္လ်က္ရွိသည္။
ဟယ့္ေက်ာင္းမွာကေတာ့ျဖင့္ အၾကည့္ေတြသည္ ရွဲ႕ယြီ၏ကုပ္ပိုးထက္ႏွင့္ ထိေတြ႕ပြတ္သပ္လိုက္ပါလွ်င္ ႏူးညံ့လြန္းလွသည့္ဆံပင္ေလးေတြ ၊ ထို႔အျပင္လည္တိုင္ေအာက္ေျခနား၌ ခံုးခံုးေလးထြက္ေနသည့္ ညႇပ္႐ိုးတို႔ထံေရာက္မိရင္းမွ အနည္းငယ္ေနာင္တရလို႔သြားခဲ့၏။
ဘာလို႔ သူ႔ကိုျပလိုက္ရတာတုန္း? ဒါမွမဟုတ္ ျပလိုက္ရင္ သူဘယ္လိုတံု႔ျပန္မလဲဆိုတာကိုၾကည့္ခ်င္မိလို႔လား?
ဟယ့္ေက်ာင္းကိုယ္တိုင္လည္း ဘာကိုရွာေဖြလို႔ရွာေဖြခ်င္ေနမိမွန္း မသဲကြဲဘဲရွိရသည္။
ရွဲ႕ယြီသည္ ေအာက္သို႔ဆြဲဆြဲၾကည့္ေန၏ ၊ commentတို႔မွာ အတူတူခ်ည္းပင္ ၊ အကုန္လံုးကေအာင္သြယ္ေပးေနၾကျခင္း ၊ ဆြဲရင္းဆြဲရင္းျဖင့္ သူ၏လက္ေခ်ာင္းတို႔မွာ 52ထပ္ေျမာက္ကcomment၌တန္႔သြားခဲ့ေတာ့သည္ ၊ ထိုအထပ္ကစာတစ္ေၾကာင္းသည္ကား "ေသာက္လခြမ္းနဲ႔မွပဲ ငါေခါင္းကိုတြန္းပို႔ေပးခ်င္လာၿပီ! နမ္းေလကြာ! နမ္းပစ္လိုက္စမ္း!"
". . . . . ."
ရွဲ႕ယြီသည္ ျဖည္းညင္းစြာမ်က္ေတာင္တို႔အားခတ္လိုက္မိ၏ ၊ ထို႔ေနာက္မွာေတာ့ ပံုမွန္ေလသံျဖင့္ေျပာလာသံအား ဟယ့္ေက်ာင္းၾကားလိုက္ရသည္။
"ဪ ၊ ငါအခုမွေတြ႕တာ။"
ဟယ့္ေက်ာင္းသည္ ဘာေျပာရေကာင္းမွန္းမစဥ္းစားရေသးခင္မွာပင္ ႐ုတ္တရက္ႀကီးအေနာက္ဘက္ရွိအခန္း(3)ကအဖြဲ႕ဝင္မ်ား၏စူးစူးဝါးဝါးေအာ္သံကထြက္ေပၚလို႔လာသည္။
"အားးး --- --- ႀကိဳးစား!"
ကြင္း၏မေဝးလွသည့္ေနရာ၌ သင္းလ်န္႔ဟြာသည္ လက္ႏွစ္ဖက္ကေျပးလမ္းေပၚေထာက္လို႔ထားၿပီး ကိုယ္တစ္ပိုင္းငံု႔ကိုင္းလ်က္ျဖင့္ ေျပးဖို႔ရာအတြက္အသင့္အေနအထားျပင္ဆင္လို႔ထား၏ ၊ ေသနတ္သံထြက္ေပၚလာသည္ႏွင့္ လူတစ္ကိုယ္လံုးကတစ္ရွိန္ထိုးေရွ႕သို႔ေရာက္လို႔သြားသည္မွာ ရႊယ္ေဝးကိုေျပး႐ိုက္တုန္းကထိုညထက္ေတာင္ျမန္ေနေသးေတာ့သည္။
"လွခ်က္ဗ်ာ ၊ အဆင့္(၁)!"
ေလာ္ဝိန္ခ်န္သည္ စိတ္လႈပ္ရွားျခင္းေၾကာင့္ မ်က္ႏွာကရဲလို႔ေနကာ လက္ႏွစ္ဖက္ကိုဆန္႔တန္းထားရင္းေျပာလာ၏။
"သင္းသင္း ငါမင္းကိုအခ်စ္ေတြနဲ႔ေပြ႕ဖက္ေပးမယ္!"
သင္းလ်န္႔ဟြာသည္ကား နဂိုကတည္းကကိုအလြန္ရွက္တက္လြန္းလွသူျဖစ္ရာ ရွက္ေၾကာက္စြာေနလာရင္း ေပါင္းသင္းဆက္ဆံေရးပိုင္း၌လည္းခလုတ္ကန္သင္းျဖစ္လာ၏ ၊ သူသည္ကြင္းထဲမွထြက္လာၿပီးေနာက္ ရွက္ရြံ့စြာဆိုေလသည္။
"မ မ မလိုဘူး။"
သူသည္ေခၽြးတို႔ကိုသုတ္ကာ ထြက္သြားခါနီး၌ ဟယ့္ေက်ာင္းကသူ႔အား ခ်ီးက်ဴးစကားဆိုလိုက္သည္ ၊ ရွဲ႕ယြီသည္လည္း ဘာမွမေျပာဘဲေနလွ်င္ ေအးစက္စက္ႏိုင္သလိုျဖစ္သြားမည္ဟု ခံစားမိရသျဖင့္ တစ္ခြန္းမွ်ဝင္ကာေျပာလိုက္ပါသည္။
"သင္းဟြာလ်န္႔ မဆိုးဘူး။"
". . . . . ."
"သင္းလ်န္႔ဟြာ. ."
ဟယ့္ေက်ာင္းသည္ ရွဲ႕ယြီ၏ေခါင္းအားပုတ္၍ ေလသံတိုးတိုးျဖင့္သတိေပးလိုက္ရသည္။
"သူမ်ားက လ်န္႔ဟြာလို႔ေခၚတယ္ ၊ ဘယ္အခ်ိန္ၾကမွမွတ္မိမွာလဲ?"
ထန္စန္းသည္ေဘးဘက္၌ထိုင္ေနၿပီး လက္ထဲတြင္လည္း Gojiေရေႏြးၾကမ္းဘူးကိုကိုင္လို႔ထားလ်က္ျဖင့္ အိမ္စာေတြလည္းသယ္လာေသးကာ စာစစ္လို႔ေနသည္။ ၾကည့္ရသည္မွာ အသက္ႀကီးႀကီးလူႀကီးတစ္ေယာက္ ထံုးဓာတ္ရေအာင္ေနပူစာလႈံေနသည့္သဖြယ္ပင္ရွိသည္ ၊ ထန္စန္းသည္နႈတ္ဟလာ၏ "ငယ္ရြယ္တာသိပ္ကိုေကာင္းတယ္။" အၾကည့္မ်ားထဲ၌လည္း ႏုပ်ိဳခဲ့စဥ္ကအခ်ိန္မ်ားထံ ျပန္လည္ေအာက္ေမ့ျခင္းတို႔ ကိန္းဝပ္လ်က္ရွိေန၏။
ရႊယ္ေဝးသည္ကား စာအုပ္ကိုကိုင္ထားရင္းမွ ၿပိဳင္ပြဲကိုၾကည့္ရင္း တစ္ဖက္မွလည္း အဂၤလိပ္စာမီးနင္းေတြကိုက်က္ေနေလသည္။
မၾကာခင္မွာပဲ ဒိုက္ထိုးသည့္အလွည့္ေရာက္ေတာ့မည္ျဖစ္သည္။
တိုက္ဆိုင္လြန္းခ်က္မွာ ဒိုင္သူႀကီးကား သူတို႔အတန္း၏ကာယဆရာပင္ျဖစ္ေတာ့၏ ၊ အခန္း(3)ကေက်ာင္းသားမ်ားမွာ သူ႔ကိုေတြ႕သည္ႏွင့္ အားလံုးမွာအနည္းငယ္စိတ္မသက္မသာျဖစ္လို႔လာၾကေတာ့သည္။
ကာယဆရာသည္ လက္ထဲ၌စံခ်ိန္ယူနာရီအားကိုင္လို႔ထားလ်က္မွ ဆိုလာ၏။
"မင္းတို႔ေတြ ႀကိဳးႀကိဳးစားစားလုပ္ၾက ၊ ငါမင္းတို႔ကိုေလ့က်င့္ေပးထားၿပီးသား Top8ထဲမဝင္ဘူးမေျပာႏိုင္ဘူး. . . . . . လာ ၊ အဆင္သင့္ျပင္ၾက ၊ အခ်ိန္(၁)မိနစ္။"
ရွဲ႕ယြီသည္သြားခါနီး၌ အေပၚဝတ္အကၤ်ီအားခၽြတ္လို႔ထားခဲ့ရာ အတြင္းရွိတီရွပ္အျဖဴတစ္ထည္သာက်န္ခဲ့ေလသည္။
ဟယ့္ေက်ာင္းသည္ သူ႔ကိုၾကည့္ၿပီးေနာက္ ေတြးေတြးဆဆျဖင့္ဆိုလာ၏။
"အဝတ္ေလွ်ာ့ဝတ္ထားရင္း လုပ္ရပိုၿပီးအဆင္ေျပတယ္လား? ေလာင္ရွဲ႕ မင္းကပိုင္သားပဲ။"
ရွဲ႕ယြီသည္ စိတ္ထဲမွဆိုလိုက္သည္ ၊ ပူလို႔ကြ။
သို႔တိုင္ စကားေတာင္ထုတ္မေျပာရေသး ဟယ့္ေက်ာင္းကစတင္ခၽြတ္ေနေလၿပီျဖစ္သည္ ၊ sweatshirtအားဆြဲလို႔ခၽြတ္စဥ္အခါ၌ အတြင္းကတစ္ထည္မွာလည္းလိပ္လို႔တက္သြားခဲ့ရာ ခါးေနရာတစ္ဝက္ေလာက္က လွစ္ဟေပၚလို႔လာေတာ့သည္။
ေဘးပတ္လည္ရွိ လူအနည္းစုထံမွ "အား"ဟုေအာ္သံတစ္ခ်က္ႏွင့္ ခပ္အုပ္အုပ္ေအာ္လိုက္သံတို႔ထြက္ေပၚလာခဲ့၏။
"တကယ္ႀကီး လႈပ္ရျပဳရေပါ့ပါးသြားတာပဲ. ."
ဟယ့္ေက်ာင္းသည္ အနည္းငယ္အစမ္းေလ့က်င့္ၾကည့္ၿပီးေနာက္ ရွဲ႕ယြီထံမွတုန္႔ျပန္မႈမရွိသည္ကိုေတြ႕သည့္အခါ လွည့္လို႔ေမးလာသည္။
"ဘာျဖစ္လို႔လဲ?"
ရွဲ႕ယြီကဆိုသည္။
"ငါၾကည့္ရတာေတာ့ မင္းကိုအစ္ကိုေက်ာင္းလို႔ မေခၚတာေကာင္းမယ္။"
ဟယ့္ေက်ာင္းမွာ သိပ္ၿပီးနားမလည္ဘဲရွိရသည္။
"ဟမ္ ၊ ဒါဆိုငါ့ကိုဘယ္လိုေခၚသင့္တာလဲ?"
ရွဲ႕ယြီသည္ လက္အားေျမျပင္ထက္ေထာက္လို႔ထားရင္းမွ ပံုမွန္ေလသံျဖင့္ဆိုလိုက္ေခ်သည္။
"ငရြအစ္ကို။"
( T/N : အစ္ကိုေက်ာင္း = ေက်ာင္းေကာ ၊ ငရြအစ္ကို = ေဆာင္းေကာ ၊ ေက်ာင္းေကာ / ေဆာင္းေကာ အသံထြက္ခပ္ဆင္ဆင္တူေနတာေၾကာင့္ပါ)
ဟယ့္ေက်ာင္းသည္ အေတာ္ၾကာေတြေဝသြားခဲ့ၿပီးေနာက္ ဒါအဆဲခံလိုက္ရတာပဲဟုေကာက္ခ်က္ခ်မိပါေတာ့သည္။
ၾကာခ်ိန္(၁)မိနစ္ ၊ ေရွ႕မိနစ္ဝက္မွာတုန္းကေတာ့ ဟယ့္ေက်ာင္းႏွင့္ ရွဲ႕ယြီတို႔ႏွစ္ဦးသားဟာဆိုလွ်င္ ရင္ေပါင္တန္းအမီျဖစ္လ်က္ရွိသည္။
ၾကည့္ရႈသူမ်ားၾကား၌ အခ်င္းခ်င္းတီးတိုးဆိုေနၾက၏ ၊ ရွဲ႕ယြီသည္ တစ္စံုတစ္ေယာက္၏ စိတ္လႈပ္ရွားေနဟန္ျဖင့္ တိုးတိုးတိတ္တိတ္ဆိုသံအား ခပ္ေရးေရးၾကားလိုက္ရသည္ ၊ ဘာတဲ့ - "ေက်ာင္းwebsiteထဲ postေတြတင္တဲ့အဖြဲ႕ကလား? အား ၊ ငါေရာပဲ ေခါင္းကိုတြန္းပို႔ေပးခ်င္တဲ့အဖြဲ႕ထဲငါေရာပါတယ္။"
"ဆရာထန္ကို တင္ျပပါတယ္ ၊ သတင္းေကာင္းသတင္းေကာင္း ၊ ေက်ာင္းသားဟယ့္ေက်ာင္းနဲ႕ ေက်ာင္းသားရွဲ႕ယြီက ဒိုက္ထိုးၿပိဳင္ပြဲမွာ ပထမနဲ႔ဒုတိယဆုအသီးသီးရၾကတယ္။"
ေလာ္ဝိန္ခ်န္သည္ ထန္စန္းေရွ႕၌စနစ္တက်ရပ္ကာ တပ္ထဲေတြမွာလိုအေလးျပဳလ်က္ တင္ျပလာ၏။
"သူတို႔ႏွစ္ေယာက္ကလြဲ ၊ က်န္တဲ့ေျခာက္ေယာက္လံုးကေတာ့ က်ရႈံးပါတယ္။"
ထန္စန္းသည္ ေခါင္းတဆတ္ဆတ္ညိတ္လ်က္မွ ေဘးတြင္ရွိသည့္ ကတ္ထူဘူးထဲကေန ေရဘူး(၈)ဘူးကိုထုတ္ယူလိုက္ၿပီးေနာက္ လိုက္ေလ်ာညီေထြးဆိုလိုက္ေတာ့သည္။
"အကုန္ဆုခ်ရမယ္ ၊ ဆုႀကီးႀကီးကိုခ်ရမယ္။"
အားကစားကိုယ္စားလွယ္ကမ္းေပးလာသည့္ေရဘူးအား ရွဲ႕ယြီသည္လွမ္းလို႔ယူလိုက္ရင္းမွ ေက်းဇူးဟုဆိုလိုက္၏ ၊ ထို႔ေနာက္ ကြင္းထဲအားသြန္ခြန္စိုက္ေျပးေနသည့္လူမ်ားႏွင့္ အတန္းအလိုက္အားေပးေနၾကသည့္လူမ်ားရွိရာ ေဘးဘီသို႔ေဝ့ဝဲၾကည့္လိုက္မိသည္။
႐ုတ္တရက္မွာပင္ မႏွစ္ကအားကစားပြဲကိုျဖင့္ မည္သို႔မည္ပံုကုန္ဆံုးခဲ့ေလသလဲဆိုသည္အား စဥ္းစားမရေတာ့ေအာင္ပင္ရွိရသည္။
အားကစားကြင္းသို႔ပင္ မေရာက္ျဖစ္ဟန္တူသည္ ၊ နားထဲနားၾကပ္ထိုးထည့္ကာ သီခ်င္းနားေထာင္ရင္းအတန္းထဲ၌အိပ္ေနခဲ့ျခင္းျဖစ္ေလာက္သည္။
ဟယ့္ေက်ာင္းသည္ ပါးစပ္ထဲခ်ိဳခ်ဥ္ငံုလို႔ထားရင္းမွ လက္ဆန္႔၍သူ႔ထံတစ္လံုးလွမ္းေပးလာ၏ ၊ သူစားလားမစားလားအေရးမစိုက္ပါဘဲ ခ်က္ခ်င္းရွဲ႕ယြီလက္ဖဝါးအတြင္းထိုးထည့္ေပးလာခဲ့သည္။ ထို႔ေနာက္ရယ္လ်က္ျဖင့္ သူတို႔ေရွ႕မွျဖတ္ေျပးသြားသည့္ လွ်ိဳခၽြိင္ေဟာက္အားေျပာလိုက္သည္။
"ေဟာက္က်စ္! ႀကိဳးစားထား!"
လွ်ိဳခၽြိင္ေဟာက္သည္ သူတို႔ထံလက္ျပလာၿပီးေနာက္ ေအာ္ကာေျဖလာ၏။
"အခန္း(3) သက္ေတာ္ရာေက်ာ္ရွည္ပါေစ ၊ ငါကအေကာင္းဆံုး!"
ဟယ့္ေက်ာင္းသည္ရယ္ရင္းမွ ထံုခံုေနာက္မွီအားမွီလို႔ထိုင္လိုက္သည္။
ရွဲ႕ယြီသည္ကား ခ်ိဳခ်ဥ္စားရသည္ကိုမည္သို႔မွ်မႏွစ္သက္ပါ ၊ တအားခ်ိဳအီလြန္းသည္ဟု ခံစားရျခင္းေၾကာင့္ေပ ၊ သို႔တိုင္ေခါင္းငံု႔ကာ အခြံပတ္ထားသည္အားၾကည့္ၿပီး အဆံုးတြင္မူဖြင့္ေဖာက္လိုက္မိေတာ့သည္။
ထို႔ေနာက္မွာေတာ့ ရွဲ႕ယြီသည္ ေျပးလမ္းေပၚကအျဖဴေရာင္မ်ဥ္းေျကာင္းမ်ားထံ စိုက္လို႔ၾကည့္မိရင္းမွ စိတ္ထဲကေနဆိုမိ၏ - တကယ္ႀကီးကို ခ်ိဳအီလြန္းတယ္။
လိေမၼာ္အရသာ ၊ အနည္းငယ္လည္းခ်ဥ္၏။
"ခဏေနေက်ာင္းဆင္းရင္ အျပင္ထြက္သြားစားၾကမလား?"
ညေနခင္း အားကစားၿပိဳင္ပြဲၿပီးခါနီး၌ ရွိန္က်ယ္သည္အခန္း(8)ဘက္ကေနလစ္ထြက္လို႔လာသည္။
"အစ္ကိုႀကီးရွဲ႕က လိုက္ေကၽြးမယ္လို႔ေျပာထားေသးတယ္ေလ ၊ ဒီေန႔ကိုေရြးလိုက္ၾကရေအာင္ပါ့လား။"
ရွိန္က်ယ္ႏွင့္ ဟယ့္ေက်ာင္းတို႔က တစ္ေခါက္စီဝယ္ေကၽြးဖူးၿပီး ရွဲ႕ယြီသည္သူမ်ားအေပၚအေႂကြးမတင္ခ်င္တာေၾကာင့္ ေနာက္တစ္ေခါက္ၾက သူဝယ္ေကၽြးမယ္ ဘယ္ေန႔ျဖစ္ျဖစ္ဟု ဆိုခဲ့ဖူးေလသည္။
ဟယ့္ေက်ာင္းသည္ ရွဲ႕ယြီအားလွမ္းလို႔ျကည့္လိုက္၏ ၊ ထံုေက်ာျဖစ္သူကမျငင္းေၾကာင္းေတြ႕ရသည့္အခါ သူသည္လည္းသေဘာတူလိုက္ေတာ့သည္။
"ရတယ္ေလ ၊ ဘာစားၾကမလဲ?"
"က်င္းပန္ကိုေတာ့ ထပ္သြားမစားခ်င္ေတာ့ဘူး. ."
ရွိန္က်ယ္သည္ သူတို႔ေနာက္ရွိေနရာလြတ္တစ္ခံုအားရွာကာဝင္ထိုင္လိုက္ၿပီးေနာက္ အေသအခ်ာကိုစဥ္းစားေနေလသည္။
". . . . . . တကယ္ကေက်ာင္းနားအနီးတစ္ဝိုက္က ဆိုင္ေတြအကုန္မွာစားဖူးတယ္ ၊ ကၽြမ့္ယြမ္လံုၾက ေစ်းလည္းႀကီးၿပီး စားလို႔လည္းမေကာင္းနဲ႔ ၊ ငါတို႔တျခားလမ္းက ဆိုင္ေလးေတြစီသြားအားေပးၾကရင္ေရာ?"
ဤသို႔ျဖင့္ ေက်ာင္းလႊတ္ခ်ိန္မွာေတာ့ သူတို႔သည္ လမ္းသံုးလမ္းအားပတ္လို႔ေလွ်ာက္ၿပီးေနာက္တြင္ စားမည့္ဆိုင္အားဆံုးျဖတ္လိုက္ၾကသည္။
ရွိန္က်ယ္သည္ ေခါင္းေမာ့၍ ဆိုင္နာမည္အားၾကည့္ကာ အနည္းငယ္ပင္ေခါင္းမူးသြားခဲ့၏ ၊ သူသည္လမ္းမႀကီးေတြကိုပတ္ေလွ်ာက္ခဲ့ရတာမဟုတ္ဘဲ ကမ႓ာတစ္ဝက္ေလာက္ကိုပတ္လာၿပီး မူလေနရာျပန္ေရာက္လာသလိုခံစားမိရသည္။
". . . . . . အင္ ၊ ဒီကနာမည္မွည့္တဲ့ပံုစံက ဘယ္လိုျဖစ္လို႔ ငါတို႔ေက်ာင္းနဲ႔ဒီေလာက္ေတာင္ဆင္ေနရတာတုန္း?"
"ေဘးေထာင့္နားမွာက တ်န္႔က်ိရွိတယ္ေလ။"
ရွဲ႕ယြီသည္ ေနာက္ဆံုးမွေလွ်ာက္လာရင္း သတိလွမ္းလို႔ေပးလိုက္သည္။
တ်န္႔က်ိ ၊ နာမည္အျပည့္အစံုသည္ကား တ်န္႔က်စ္က်ိရႈ(အီလက္ထရြန္နစ္နည္းပညာ) ဟုေခၚတြင္၏ ၊ အမွတ္(၂)ႏွင့္အနီးဆံုးတြင္ရွိသည့္ အဆင့္ျမင့္ပညာသင္ေက်ာင္းတစ္ေက်ာင္းပင္။
ပံုမွန္ဆို ေသာၾကာေန႔ေက်ာင္းေစာေစာဆင္းေပးခ်ိန္မ်ား၌ တ်န္႔က်ိကလူမ်ားမွာ အမွတ္(၂)ဂိတ္ေပါက္ဝသို႔လာ၍ လူလာေစာင့္တတ္သည္မ်ိဳးလည္းရွိသည္။ အမွတ္(၂)ကေက်ာင္းသားမ်ားမွာ ျပႆနာရွာလြန္းတတ္ၾကၿပီး ငယ္ရြယ္သည့္ဗီဇအရ ခ်ိန္းကာရန္ပြဲေတြလည္းျဖစ္ၾကသည္။ ရံဖန္ရံခါမ်ား၌ တ်န္႔က်ိကေက်ာင္းသားမ်ားထံ လာကူခ်ေပးဖို႔ဖိတ္ေခၚတတ္ၿပီး ဖုန္းတစ္ခ်က္ဆက္လိုက္တာႏွင့္ လူေတြတစ္ေလွႀကီးေရာက္ခ်လာတတ္သည္။
သို႔တိုင္ အမွတ္(၂)သည္ကားစည္းကမ္းႀကီးလြန္းလွရာ တကယ္ႀကီးခ်ိန္းခ်မည္ဆို ေက်ာင္းႏွင့္ေဝးေဝးမွာသာသြားေရာက္ခ်ၾကမွရေလမည္။
ထမင္းဆိုင္ေလးထဲ၌ သံုး/ေလးဝိုင္းခန္႔မွာ လူေတြအျပည့္ထိုင္ေနၿပီးျဖစ္သည္ ၊ ဟယ့္ေက်ာင္းသည္ တံခါးအားတြန္းဖြင့္ကာ ဝင္ေရာက္လိုက္ေတာ့၏။
"ဒီဆိုင္မွာပဲစားၾကတာေပါ့ ၊ ထပ္ပတ္ေနလို႔ကေတာ့ ညပိုင္းself-studyခ်ိန္ျပီးသြားလိမ့္မယ္ ၊ ငါအိမ္စာေတြမကူးရေသးဘူး။"
ရွဲ႕ယြီသည္လည္း ေဘးလူမ်ားကိုအေရးစိုက္မေနေတာ့ဘဲ ဝင္သြားလိုက္ေတာ့သည္။ ထိုင္ေနရာရွာကာဝင္ထိုင္လိုက္ၿပီးေနာက္ ပန္းကန္ႏွင့္တူအား လက္သုတ္ပဝါျဖင့္ ေသေသခ်ာခ်ာသုတ္ေနလိုက္သည္။
ဟယ့္ေက်ာင္းသည္ လက္ေထာင္ကာဆိုလိုက္၏။
"သူေဌး ၊ မီႏူး။"
အထဲတြင္ထိုင္ေနၾကသည့္ ဝိုင္းအနည္းငယ္ကလူေတြ၏မ်က္ႏွာေတြကိုၾကည့္ရတာေတာ့ျဖင့္ ရင္းႏွွီးေနျခင္းမရွိလွ ၊ ရွိန္က်ယ္၏ဘယ္ဘက္မ်က္ခြံမွာ ႐ုတ္တရက္ႀကီမရပ္မနားလႈပ္လို႔လာသည္။
သူသည္ လိုက္လို႔ဝင္သြားလိုက္ရင္းမွ မသိစိတ္ကေနၿပီး ကိုယ့္အိတ္ကပ္ကိုယ္စမ္းလို႔ၾကည့္မိရ၏ ၊ အင္း. . . . . . ပိုက္ဆံအိတ္ေတာ့ရွိေနေသးသည္။
UNICODE
အခန်း(၄၀)
ငရွအစ်ကို
"ဒီသူမတူအောင် ခမ်းနားထည်ဝါလှတဲ့ ၊ သာယာလှပတဲ့နေ့တစ်နေ့မှာ ကျွန်ုပ်တို့ အမှတ်(၂)လိယန်ကျောင်းရဲ့ (၆၇)ကြိမ်မြောက်ဆောင်းဦးအားကစားပြိုင်ပွဲကို ကြိုဆိုလိုက်ပါတယ် ၊ ကျောင်းသားကျောင်းသူတို့ ၊ အကျင့်စာရိတ္တ ၊ အသိဉာဏ်ပညာ ၊ ကိုယ်လုံးကိုယ်ထည် ၊ အလှအပနဲ့ ကာယအလုပ် စတဲ့ဘက်ပေါင်းစုံဖွံ့ဖြိုးဖို့ထဲက ဒီကိုယ်လုံးကိုယ်ထည်ဟာဆိုရင် အားကစားဆိုတာကိုရည်ညွှန်းတယ်။"
အားကစားပွဲကားမစသေးသည့်တိုင် ပွဲကြည့်စင်၌ထိုင်နေရာတွေမလောက်တော့ ၊ အားလုံးမှာ အတန်းတွေထဲကနေပြီး ကွင်းရှိရာစီထိုင်ခုံတွေသယ်ယူကြလေရာ လှေကား၌လူတွေပြည့်ကျပ်ကာတိုးဝှေ့နေတော့၏။
ဌာနမှူးကျန်း၏ အသံထုတ်လွှင့်နေမှုမှာလည်း တစ်ကျောင်းလုံးပျံ့ကာနေသည်။
"ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး အားကစားစိတ်ဓာတ်ရင့်သန်ဖို့ အားကစားကိုချစ်မြတ်နိုးကြပါ။ ပုံမှန်ဆို အားလုံးကျောင်းစာတွေနဲ့သာအလုပ်များနေကြရတာ ဒီနေ့တော့ အားလုံးပဲကွင်းထဲမှာလွတ်လွတ်လပ်လပ်ပျံသန်းလိုက်ကြ ၊ ချွေးတွေလည်း ထွက်နိုင်သမျှများများထွက်လိုက်ကြ. . . . . ."
"ဘာလိုဒီလောက်တောင်ပိတ်ကျပ်နေရတာတုန်း ၊ မသွားခိုင်းတော့ဘူးလားကွ။"
ကွင်းထဲ၌ လွတ်လပ်စွာပျံသန်းနေရမည့် သိမ်းငှက်ထီးတို့မှာ လက်ရှိတွင်တော့ လှေကားထိပ်၌ပိတ်မိနေကြ၏။ လှေကားထိပ်တွင်သာမက ကော်ရစ်တာတစ်လျှောက်လုံးလည်း ဂလောက်ဂလောက်ဖြင့် ပစ္စည်းဆွဲရွှေ့သံများထွက်ပေါ်လို့နေသည် ၊ ပိတ်ကျပ်နေသည်မှာ မနက်(၇)နာရီလူသွားလူလာပြုံကျချိန်အတိုင်းကဲ့သို့ရှိနေတော့၏။
အခန်း(2-3)မှာကား အတန်းရှေ့ကော်ရစ်တာထက်တွင်နေရာအပြည့်ယူလို့ထားကြပြီး တခြားလူမတိုးနိုင်သူများကတော့ အတန်းထဲ၌သာရှိနေလေသည်။
ဝမ့်သာတစ်ယောက်ကား ထိုင်ခုံကိုအပေါက်ဝနားထားခဲ့ပြီး ဘယ်ရောက်သွားသည်မသိ ၊ မိနစ်အနည်းငယ်ကြာသွားပြီးကာမှ လူပုံကြားထဲကနေတိုး၍ပြန်ရောက်လာသည်။
"ငါ့လခွမ်း ၊ ငါးထပ်မြောက်ကနေပြီး ပထမထပ်ထိကိုပိတ်နေတော့တာ ၊ ငါတို့အရင်နေခဲ့တဲ့ကျောင်းဆောင်ဆို ပိုတောင်ဆိုးသေး ၊ အရှေ့နဲ့အနောက်ဆောင်မှာဆို အတန်းလိုက်ကြီးဝင်ဆောင့်ကုန်ကြတာ။"
"မင်းဒီမဆိုင်တာတွေပဲလုပ်နေ ၊ အဲ့လုပ်နိုင်စွမ်းတွေကိုသာ ထိုင်ခုံရွှေ့တဲ့စီထည့်ရင် အစောတည်းကကိုရွှေ့ပြီးသွားလောက်ပေါ့။"
ဟယ့်ကျောင်းသည် ထိုင်ခုံအားအနောက်ပေါက်ရှိရာတွန်းလာရင်းမှ အပြင်ကမြင်ကွင်းအားတွေ့လိုက်ချိန်မှာတော့ ရှေ့ဆက်မတိုးတော့ ၊ ပါးစပ်တွင်မူlollipopတစ်ချောင်းငုံထားရင်းမှဆိုလာ၏။
"စောင့်ကြတာပေါ့ ၊ အနည်းဆုံးတော့ပိတ်တောက်(၁၀)မိနစ်လောက်ပါပဲ။"
သူသည်ပြောပြီးသည့်နောက် ရှဲ့ယွီအားလှည့်လို့ကြည့်လိုက်သည်။
"လောင်ရှဲ့ ၊ လာပါ့လား?"
ရှဲ့ယွီသည်ကား တုတ်တုတ်ပင်မလှုပ် ၊ သူသည်စားပွဲထက်မှောက်အိပ်လျက်ဖြင့် မျက်လုံးပင်မဖွင့်ဘဲဆိုလိုက်သည်။
"မလာဘူး ၊ လူတိုးရတာဘယ်နားစိတ်ဝင်စားဖို့ကောင်းတုန်း?"
"ငါ့ကိုနံပါတ်ကတ်ပြားကူတက်ပေးစမ်းပါ ၊ ကျောဘက်ကိုမမှီလို့။"
ဟယ့်ကျောင်း၏လက်ထဲတွင် အားကစားကိုယ်စားလှယ်ဝေလို့သွားသည့် ကတ်ပြားရှိနေ၏ ၊ ပိတ်စဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး အကြိမ်ဖန်များစွာသုံးလာခဲ့ခြင်းကြောင့် အစမှာအနည်းငယ်ပင်ဝါလို့နေပြီဖြစ်ကာ ထိုအပေါ်၌နံပါတ်(၄)လုံးပါရှိ၏။
"မြန်မြန် ၊ ငါကတစ်ရွာလုံးရဲ့မျှော်လင့်ချက်နော်။"
ရှဲ့ယွီကတော့ မတုံ့ပြန်ပါ။
ဟယ့်ကျောင်းကထက်မံဆိုလာပြန်သည့်အခါမှာတော့ ရှဲ့ယွီသည်ထထိုင်လိုက်ရင်းပြောလိုက်တော့သည်။
"ဝမ့်သာ ၊ တစ်ရွာလုံးရဲ့မျှော်လင့်ချက်ဆိုတဲ့စီ နံပါတ်သွားတက်ပေးလိုက်။"
မဆီမဆိုင် စကားဝိုင်းထဲဆွဲထည့်ခံလိုက်ရသည့် ဝမ့်သာ : ". . . . . ."
ဝမ့်သာမှာဘယ်ကြည့်လိုက်ညာကြည့်လိုက်ဖြင့် ဟယ့်ကျောင်းနှင့်အကြည့်စုံသွားချိန်မှာတော့ ဟယ့်ကျောင်းသည်စကားမဆိုသော်ငြား အသံတိတ်စကားဆိုနေကြောင်းတွေ့ရှိလိုက်ရပါ၏ ၊ ဝမ့်သာသည် သူ၏မျက်နှာထက်ကစာကြောင်းအား ဖတ်နိုင်လိုက်ပါသည် - နည်းနည်းပါးပါးသိတတ်စမ်း ၊ ငါကငါ့ထုံကျောကိုပဲအလိုရှိတာ ၊ မင်းလာပြီးစမ်းရဲရင်စမ်းကြည့်လိုက်လေ?
ဤသို့ဖြင့်ဝမ့်သာသည် ခေါင်းကိုပြန်လှည့်လိုက်ပြီး နားမကြားသလိုသာဟန်ဆောင်လိုက်ရတော့သည်။
"အိုင်းယား ၊ ဘယ်လိုဖြစ်လို့မရွေ့ကြသေးတာတုန်း ၊ ဘယ်အချိန်ထိများပိတ်နေမှာပါလိမ့်။"
ရှဲ့ယွီ : ". . . . . ."
ဟယ့်ကျောင်းသည် ဝမ့်သာ၏ကူညီထောက်ပံ့မှုအား စိတ်ထဲမှတ်ထားလိုက်ပါ၏ ၊ ပြီးနောက်မှာတော့ ထိုင်ခုံအားပြန်ဆွဲတွန်းလာခဲ့ပြီး တွယ်ချိတ်နှင့်နံပါတ်ပြားအား စားပွဲထက်တင်လို့ပေးလိုက်ပါသည်။
"ကလေးလေး ၊ မင်းကိုပဲအလုပ်ပိုစေပြီ။"
ရှဲ့ယွီသည် တွယ်ချိတ်အားကောက်ယူလိုက်ရင်းမှ အလွန်မှလည်းထိုသူ့အားအပ်နဲ့အသေကိုထိုးပစ်ချင်သွားရသည်။
ဟယ့်ကျောင်းသည် ရှဲ့ယွီအားကျောပေးလို့ထားလျက် ထိုင်ခုံထက်တွင်နောက်ပြန်ထိုင်နေ၏ ၊ ဝမ့်သာသည်ကား အပေါက်ဝကနေပြီးရှုပ်ထွေးနေဟန်ဖြင့် သူ့ထံတစ်ချက်လှမ်းကြည့်လာရာ ဟယ့်ကျောင်းသည်ပြုံးလိုက်ရင်းမှ မထီဟန်ဖြင့် 'yeah' ဟုလက်ဟန်လုပ်ပြလိုက်ပါသည်။
ဝမ့်သာသည်ခေါင်းကိုခါးယမ်းလိုက်မိရင်း မမြင်သလိုသာနေလိုက်တော့သည်။
ရှဲ့ယွီသည် တွယ်ချိတ်တို့ဖြင့် ထိုသူ့အင်္ကျီထက်ကနံပါတ်ပြား၏ထောင့်လေးဘက်စီအားချိတ်လို့ပေးလိုက်ပါ၏ ၊ ချိတ်အပြီးတွင်တော့ မညှာမတာပင် ဟယ့်ကျောင်း၏ထိုင်ခုံအားတစ်ချက်ပိတ်ကန်ပစ်ကာ ထိုသူ့အားမြန်မြန်ထွက်သွားခိုင်းလိုက်တော့သည် ၊ လေသံမှာလည်း ဝတ်ကျေတမ်းကျေသာ။
"ရပြီ။"
ဟယ့်ကျောင်းသည် လက်နောက်ပြန်၍စမ်းကြည့်ရာ သေသေချာချာကိုချိတ်လို့ပေးထားမှန်းတွေ့လိုက်ရတာနဲ့ သူ့အားချီးကျူးမည်ပြင်ခိုက်မှာပင် ရှဲ့ယွီကတစ်ချက်ပိတ်ကန်လို့လာပြန်သည်။
အခန်း(3)မှာ ကံမကောင်းလှချေ ၊ ပွဲကြည့်စင်၏မျက်နှာချင်းဆိုင်တွင်ရှိသည့် ထောင့်နေရာကလေးတွင်ကျပြီး နေပူကြီးအောက်၌ဖြစ်သည်။
ထို့နောက်မှာတော့ အတန်းအသီးသီးကွင်းထဲထွက်လာကြတော့သည် ၊ လော်ဝိန်ချန်မှာ အားကစားကွင်းကအိမ်သာမှာပင်အဝတ်လဲကာ အတန်းဆိုင်းဘုတ်ကိုမြှောက်ကိုင်လျက် ရှေ့ဆုံးမှလျှောက်ထွက်လို့လာသည် ၊ ဘယ်နဲ့ညာတွင်ကား ဟယ့်ကျောင်းနှင့်ရှဲ့ယွီတို့နှစ်ယောက်ဖြင့် အတန်းထဲကလူများကိုရှေ့ဆုံးမှဦးဆောင်၍ ထွက်လို့လာသည်။
ရွှီချင်ချင်ပြောခဲ့သည်အား ယူသုံးရမည်ဆိုလျှင် - ဟယ့်ကျောင်းရှဲ့ယွီတို့နှစ်ယောက်ကသာ ငါတို့အတန်းကိုမျက်နှာပွင့်စေမှာ ၊ အလုံးစုံသူတို့နှစ်ယောက်ကိုပဲအားကိုးရမှာပဲ။
ရွှီချင်ချင်၏ ဆိုလိုရင်းမှာကား ချောမောခြင်းကိုဖြစ်၏ ၊ သို့တိုင်အခြားအတန်းကသူများကတော့ဖြင့် ထိုသို့မတွေးကြပါ။
အခန်း(3)ချီတက်လာသည်ကိုကြည့်ရင်း သူတို့စိတ်ထဲ ထိတ်လန့်ဆိုသည့်စကားလုံးနှစ်လုံးသာရှိလေ၏ ၊ နောက်ခံတီးလုံးသည်ကား စစ်ချီတက်လာသည့်သီချင်းဖွင့်ထားသည့်အပြင် အရှေ့နှင့်အနောက်ဆောင်ကအစ်ကိုကြီးနှစ်ဦးမှာ ရှေ့ကနေအတန်းထဲကလူအယောက်(၃၀)ခန့်အားဦးဆောင်လို့လာနေရာ နောက်စက္ကန့်ပိုင်းအတွင်း၌ အင်္ကျီလက်တွေကိုပင့်ခေါက်၍ ရန်ပွဲနွှဲလာတော့မယောင်သာ ခံစားမိကြရတော့သည်။
အလွန့်အလွန်ကို အရိုင်းဆန်လျက်ရှိ၏။
သို့ဖြင့်လော်ဝိန်ချန်ဝတ်ထားသည်မှာ ဘယ်လိုပင်စိတ်ဝင်စားဖွယ်ကောင်းနေပါစေတော့ မည်သူမှသူ့အားမရယ်ရဲကြပဲရှိကြသည်။
"ဒီလူတွေဘယ်လိုဖြစ်ကြတာလဲ. ."
ဟယ့်ကျောင်းသည် ခေါင်းအနည်းငယ်စောင်းငဲ့လျက်မေးလိုက်၏။
"ရယ်မယ့်သူမရှိဘူး? ရယ်ဖို့မကောင်းလို့လား? ကပ်ရပ်ခန်းက Drag queenထွက်လာချိန်တုန်းကဆိုပွက်လောကိုရိုက်သွားတာလေ ၊ ငါတို့ကပဲမယှဉ်နိုင်လို့လား? ငါတို့အတန်းရှုံးပြီလား?"
ရှဲ့ယွီ : "ရုပ်အရမ်းဆိုးလို့ဖြစ်လောက်မယ်။"
ရင်ထဲဓားတစ်ချောင်းစိုက်နေလေသည့် လော်ဝိန်ချန် : ". . . . . . မင်းတို့ငါ့ခံစားချက်ကိုရော ထည့်တွက်ကြရဲ့လား။"
အားကစားပွဲကား နှစ်ရက် ၊ တာရှည်အပြေးပြိုင်ပွဲမှာ မနက်ဖြန်နေ့လည်ပိုင်းကြမှဖြစ်သည် ၊ ယနေ့၌ ဒိုက်ထိုးပွဲတစ်ပွဲသာလျှင်ဝင်ပြိုင်စရာရှိပြီး ပြိုင်ပွဲနေရာသည်ကား အာကစားရုံထဲ၌ဖြစ်သည်။
ဆောင်းဦးဝင်နေပြီဖြစ်သည့်တိုင် နေ့လည်ခင်းပိုင်း၌ပူပြင်းကာ နေကလည်းထိုးနေသေး၏။
ဟယ့်ကျောင်းသည်အပေါ်ဝတ်အားချွတ်ကာ ခေါင်းထက်အုပ်၍နေကာလိုက်ပြီးနောက် ခေါင်းငုံ့၍ဖုန်းကြည့်မိခိုက် (၁၀)မိနစ်အလွန်တုန်းကသူ့ထံဝမ့်သာပို့ပေးထားသည့် linkတစ်ခုအားတွေ့လိုက်ရသည်။
အကြောင်းအရာ : Live လွှင့် ၊ ငါတို့ကျောင်းရဲ့ နာမည်ကြီချောမောလွန်းလှတဲ့အစ်ကိုကြီးနှစ်ယောက် --- --- ဒိုက်! ထိုး! နေ! ခြင်း! ငါဆိုမီးရှူးမီးပန်းအလားပဲ မထိန်းနိုင်မသိမ်းနိုင်ပေါက်ထွက်နေပြီ!
ထိုPost၌ replyတွေထောင်ချီအောင်ရှိနေလေပြီး ကျောင်းwebsiteထဲ၌ထိုအကြောင်းအရာမှာဆို ဝက်ဝက်ကွဲထိပ်ဆုံးရောက်လျက်ရှိသည်။
ဟယ့်ကျောင်းသည် ပုံသုံး/လေးပုံခန့်အားကြည့်ပြီးနောက် ပထမဆုံးတုံ့ပြန်ချက်သည်ကား browserကိုပိတ်ပစ်လိုက်ခြင်းပေ ၊ ကန်စွန်းဥအပူကိုကောက်ကိုင်လိုက်မိသည့်အလားပင်ရှိ၏ ၊ နေကပဲတအားပူနေလို့လား သို့တည်းမဟုတ် သူကိုယ်တိုင်ကပဲမဆီမဆိုင်ပူလို့လာတာလား ဆိုတာတော့မပြောတတ်ပါချေ။
တစ်ခဏမျှကြာပြီးနောက်တွင်တော့ ဟယ့်ကျောင်းသည် တဖန်ထိုlinkအားပြန်ဖွင့်လိုက်ပါပြီး. . . . . . ပြီးနောက်မှာတော့ သရဲဝင်ပူးခံနေရသည့်အလား ပုံတွေကိုကောက်saveထားလိုက်မိတော့သည်။
စုစုပေါင်း(၃)ပုံ ၊ ရုံထဲ၌အလင်းရောင်ကကောင်းစွာရှိမနေ ၊ ဒါ့အပြင်ခိုးရိုက်ထားသူ၏ အရည်အချင်းကညံ့ကာ ၊ ပေါ်တင်ကြီးလည်းမရိုက်ရဲခြင်းကြောင့် ရိုက်ထားသည့်ပုံမှာဝါးနေတော့၏ ၊ မရေရာမပြတ်သားအောင်ကို ဝါးလျက်ရှိသည်။
ကြည့်ရသည်မှာ မရှင်းလင်းသော်ငြား ဓာတ်ပုံထဲကအဓိကဇာတ်ဆောင်နှစ်ယောက်ကား မည်သူတွေဆိုတာကိုတော့ဖြင့် ရှင်းရှင်းလင်းလင်းကြီးကိုသိရှိနိုင်ပါ၏။
အဲ့ပါးစပ်ပေါက်ကျယ်လွန်းလှသည့်ဝမ့်သာက သူတစ်ယောက်တည်းစီကိုသာပို့ခြင်းမဖြစ်နိုင်ပါ ၊ တစ်တန်းလုံးကိုတောင်ပို့ပြီးချင် ပိုပြီးသွားလောက်မည်။
ဟယ့်ကျောင်းသည် မရဲတရဲဖြင့်ရှဲ့ယွီအား တံတောင်နှင့်တို့ကာမေးလိုက်သည်။
". . . . . . မင်း တွေ့ပြီးပြီလား?"
"ဘာလဲ?"
ရှဲ့ယွီသည် အိပ်ပျော်တော့မည်အလား မျက်ဝန်းတို့ကမှေးစင်းနေ၏။
အားကစားကွင်းထဲ၌ လူတွေသွားသွားလာလာရှိနေကြသည် ၊ စက်ဘီးတစ်စီးဖြင့်ကွင်းလုံးပြည့်ပတ်နေသည့် လုပ်အားပေးကျောင်းသား ၊ သွေးပူလေ့ကျင့်ခန်းလုပ်သူများနှင့် --- --- သူတို့အတန်း၏မီတာ(၁၀၀)လက်ရွေးစင် သင်းလျန့်ဟွာ စသည်ရှိလို့နေကြသည်။
ရွှီချင်ချင်တို့တစ်တွေသည်လည်း အစီအစဉ်ကြေညာဖို့ရန် စာရေးလို့နေကြပြီး ကျောင်းသူသုံး/လေးယောက်နှင့်အတူ သူတစ်ကြောင်းငါတစ်ကြောင်းဖြင့် မိန့်ခွန်းစာတွေရေးထုတ်နေလေသည်။
ဟယ့်ကျောင်းသည် စိတ်ထဲကနေတော့ သေချာပေါက်ငါတို့နှစ်ယောက်ကို cpအနေနဲ့shipကြတာဖြစ်လောက်မယ်ဟုပြောမိရပေမယ့် အပြင်တွင်တော့တိုက်ရိုက်ကြီးပြောချလို့မဖြစ်လေရာ အစားထိုးညွှန်း၍သာပြောလိုက်တော့သည်။
"အဲ့ဟိုဟာလေ။"
ရှဲ့ယွီသည် သူ့အားကြည့်လာခဲ့၏။
"ဘယ်ဟာလဲ?"
". . . . . ."
အဆုံးမှာတော့ ဟယ့်ကျောင်းသည် သူ့အားလက်ယပ်ခေါ်လာ၏ ၊ ရှဲ့ယွီမှာအင်တင်တင်ဖြင့် ဟယ့်ကျောင်းဘက်သို့တိုးကပ်သွားလိုက်ရတော့သည်။
ဟယ့်ကျောင်းသည် သူ့အားဝင်လာခဲ့ရန် အပေါ်ဝတ်အားမြှောက်လို့ပြလာသည်။ နှစ်ဦးသားသည် ခေါင်းချင်းပူးကာ အပေါ်ဝတ်အင်္ကျီတစ်ထည်အောက်၌ ပူးကပ်ကပ်ရှိနေချေသည်။ ဖုန်းမှာဟယ့်ကျောင်းပေါင်ထက်တင်ထားလေရာ ရှဲ့ယွီသည်ကိုယ့်ကိုအနည်းငယ်ကိုင်း၍ ခေါင်းငုံ့လို့ကြည့်လိုက်သည်။
ရှဲ့ယွီသည်ကား သေသေချာချာကိုကြည့်လျက်ရှိသည်။
ဟယ့်ကျောင်းမှာကတော့ဖြင့် အကြည့်တွေသည် ရှဲ့ယွီ၏ကုပ်ပိုးထက်နှင့် ထိတွေ့ပွတ်သပ်လိုက်ပါလျှင် နူးညံ့လွန်းလှသည့်ဆံပင်လေးတွေ ၊ ထို့အပြင်လည်တိုင်အောက်ခြေနား၌ ခုံးခုံးလေးထွက်နေသည့် ညှပ်ရိုးတို့ထံရောက်မိရင်းမှ အနည်းငယ်နောင်တရလို့သွားခဲ့၏။
ဘာလို့ သူ့ကိုပြလိုက်ရတာတုန်း? ဒါမှမဟုတ် ပြလိုက်ရင် သူဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကြည့်ချင်မိလို့လား?
ဟယ့်ကျောင်းကိုယ်တိုင်လည်း ဘာကိုရှာဖွေလို့ရှာဖွေချင်နေမိမှန်း မသဲကွဲဘဲရှိရသည်။
ရှဲ့ယွီသည် အောက်သို့ဆွဲဆွဲကြည့်နေ၏ ၊ commentတို့မှာ အတူတူချည်းပင် ၊ အကုန်လုံးကအောင်သွယ်ပေးနေကြခြင်း ၊ ဆွဲရင်းဆွဲရင်းဖြင့် သူ၏လက်ချောင်းတို့မှာ 52ထပ်မြောက်ကcomment၌တန့်သွားခဲ့တော့သည် ၊ ထိုအထပ်ကစာတစ်ကြောင်းသည်ကား "သောက်လခွမ်းနဲ့မှပဲ ငါခေါင်းကိုတွန်းပို့ပေးချင်လာပြီ! နမ်းလေကွာ! နမ်းပစ်လိုက်စမ်း!"
". . . . . ."
ရှဲ့ယွီသည် ဖြည်းညင်းစွာမျက်တောင်တို့အားခတ်လိုက်မိ၏ ၊ ထို့နောက်မှာတော့ ပုံမှန်လေသံဖြင့်ပြောလာသံအား ဟယ့်ကျောင်းကြားလိုက်ရသည်။
"ဪ ၊ ငါအခုမှတွေ့တာ။"
ဟယ့်ကျောင်းသည် ဘာပြောရကောင်းမှန်းမစဉ်းစားရသေးခင်မှာပင် ရုတ်တရက်ကြီးအနောက်ဘက်ရှိအခန်း(3)ကအဖွဲ့ဝင်များ၏စူးစူးဝါးဝါးအော်သံကထွက်ပေါ်လို့လာသည်။
"အားးး --- --- ကြိုးစား!"
ကွင်း၏မဝေးလှသည့်နေရာ၌ သင်းလျန့်ဟွာသည် လက်နှစ်ဖက်ကပြေးလမ်းပေါ်ထောက်လို့ထားပြီး ကိုယ်တစ်ပိုင်းငုံ့ကိုင်းလျက်ဖြင့် ပြေးဖို့ရာအတွက်အသင့်အနေအထားပြင်ဆင်လို့ထား၏ ၊ သေနတ်သံထွက်ပေါ်လာသည်နှင့် လူတစ်ကိုယ်လုံးကတစ်ရှိန်ထိုးရှေ့သို့ရောက်လို့သွားသည်မှာ ရွှယ်ဝေးကိုပြေးရိုက်တုန်းကထိုညထက်တောင်မြန်နေသေးတော့သည်။
"လှချက်ဗျာ ၊ အဆင့်(၁)!"
လော်ဝိန်ချန်သည် စိတ်လှုပ်ရှားခြင်းကြောင့် မျက်နှာကရဲလို့နေကာ လက်နှစ်ဖက်ကိုဆန့်တန်းထားရင်းပြောလာ၏။
"သင်းသင်း ငါမင်းကိုအချစ်တွေနဲ့ပွေ့ဖက်ပေးမယ်!"
သင်းလျန့်ဟွာသည်ကား နဂိုကတည်းကကိုအလွန်ရှက်တက်လွန်းလှသူဖြစ်ရာ ရှက်ကြောက်စွာနေလာရင်း ပေါင်းသင်းဆက်ဆံရေးပိုင်း၌လည်းခလုတ်ကန်သင်းဖြစ်လာ၏ ၊ သူသည်ကွင်းထဲမှထွက်လာပြီးနောက် ရှက်ရွံ့စွာဆိုလေသည်။
"မ မ မလိုဘူး။"
သူသည်ချွေးတို့ကိုသုတ်ကာ ထွက်သွားခါနီး၌ ဟယ့်ကျောင်းကသူ့အား ချီးကျူးစကားဆိုလိုက်သည် ၊ ရှဲ့ယွီသည်လည်း ဘာမှမပြောဘဲနေလျှင် အေးစက်စက်နိုင်သလိုဖြစ်သွားမည်ဟု ခံစားမိရသဖြင့် တစ်ခွန်းမျှဝင်ကာပြောလိုက်ပါသည်။
"သင်းဟွာလျန့် မဆိုးဘူး။"
". . . . . ."
"သင်းလျန့်ဟွာ. ."
ဟယ့်ကျောင်းသည် ရှဲ့ယွီ၏ခေါင်းအားပုတ်၍ လေသံတိုးတိုးဖြင့်သတိပေးလိုက်ရသည်။
"သူများက လျန့်ဟွာလို့ခေါ်တယ် ၊ ဘယ်အချိန်ကြမှမှတ်မိမှာလဲ?"
ထန်စန်းသည်ဘေးဘက်၌ထိုင်နေပြီး လက်ထဲတွင်လည်း Gojiရေနွေးကြမ်းဘူးကိုကိုင်လို့ထားလျက်ဖြင့် အိမ်စာတွေလည်းသယ်လာသေးကာ စာစစ်လို့နေသည်။ ကြည့်ရသည်မှာ အသက်ကြီးကြီးလူကြီးတစ်ယောက် ထုံးဓာတ်ရအောင်နေပူစာလှုံနေသည့်သဖွယ်ပင်ရှိသည် ၊ ထန်စန်းသည်နှုတ်ဟလာ၏ "ငယ်ရွယ်တာသိပ်ကိုကောင်းတယ်။" အကြည့်များထဲ၌လည်း နုပျိုခဲ့စဉ်ကအချိန်များထံ ပြန်လည်အောက်မေ့ခြင်းတို့ ကိန်းဝပ်လျက်ရှိနေ၏။
ရွှယ်ဝေးသည်ကား စာအုပ်ကိုကိုင်ထားရင်းမှ ပြိုင်ပွဲကိုကြည့်ရင်း တစ်ဖက်မှလည်း အင်္ဂလိပ်စာမီးနင်းတွေကိုကျက်နေလေသည်။
မကြာခင်မှာပဲ ဒိုက်ထိုးသည့်အလှည့်ရောက်တော့မည်ဖြစ်သည်။
တိုက်ဆိုင်လွန်းချက်မှာ ဒိုင်သူကြီးကား သူတို့အတန်း၏ကာယဆရာပင်ဖြစ်တော့၏ ၊ အခန်း(3)ကကျောင်းသားများမှာ သူ့ကိုတွေ့သည်နှင့် အားလုံးမှာအနည်းငယ်စိတ်မသက်မသာဖြစ်လို့လာကြတော့သည်။
ကာယဆရာသည် လက်ထဲ၌စံချိန်ယူနာရီအားကိုင်လို့ထားလျက်မှ ဆိုလာ၏။
"မင်းတို့တွေ ကြိုးကြိုးစားစားလုပ်ကြ ၊ ငါမင်းတို့ကိုလေ့ကျင့်ပေးထားပြီးသား Top8ထဲမဝင်ဘူးမပြောနိုင်ဘူး. . . . . . လာ ၊ အဆင်သင့်ပြင်ကြ ၊ အချိန်(၁)မိနစ်။"
ရှဲ့ယွီသည်သွားခါနီး၌ အပေါ်ဝတ်အင်္ကျီအားချွတ်လို့ထားခဲ့ရာ အတွင်းရှိတီရှပ်အဖြူတစ်ထည်သာကျန်ခဲ့လေသည်။
ဟယ့်ကျောင်းသည် သူ့ကိုကြည့်ပြီးနောက် တွေးတွေးဆဆဖြင့်ဆိုလာ၏။
"အဝတ်လျှော့ဝတ်ထားရင်း လုပ်ရပိုပြီးအဆင်ပြေတယ်လား? လောင်ရှဲ့ မင်းကပိုင်သားပဲ။"
ရှဲ့ယွီသည် စိတ်ထဲမှဆိုလိုက်သည် ၊ ပူလို့ကွ။
သို့တိုင် စကားတောင်ထုတ်မပြောရသေး ဟယ့်ကျောင်းကစတင်ချွတ်နေလေပြီဖြစ်သည် ၊ sweatshirtအားဆွဲလို့ချွတ်စဉ်အခါ၌ အတွင်းကတစ်ထည်မှာလည်းလိပ်လို့တက်သွားခဲ့ရာ ခါးနေရာတစ်ဝက်လောက်က လှစ်ဟပေါ်လို့လာတော့သည်။
ဘေးပတ်လည်ရှိ လူအနည်းစုထံမှ "အား"ဟုအော်သံတစ်ချက်နှင့် ခပ်အုပ်အုပ်အော်လိုက်သံတို့ထွက်ပေါ်လာခဲ့၏။
"တကယ်ကြီး လှုပ်ရပြုရပေါ့ပါးသွားတာပဲ. ."
ဟယ့်ကျောင်းသည် အနည်းငယ်အစမ်းလေ့ကျင့်ကြည့်ပြီးနောက် ရှဲ့ယွီထံမှတုန့်ပြန်မှုမရှိသည်ကိုတွေ့သည့်အခါ လှည့်လို့မေးလာသည်။
"ဘာဖြစ်လို့လဲ?"
ရှဲ့ယွီကဆိုသည်။
"ငါကြည့်ရတာတော့ မင်းကိုအစ်ကိုကျောင်းလို့ မခေါ်တာကောင်းမယ်။"
ဟယ့်ကျောင်းမှာ သိပ်ပြီးနားမလည်ဘဲရှိရသည်။
"ဟမ် ၊ ဒါဆိုငါ့ကိုဘယ်လိုခေါ်သင့်တာလဲ?"
ရှဲ့ယွီသည် လက်အားမြေပြင်ထက်ထောက်လို့ထားရင်းမှ ပုံမှန်လေသံဖြင့်ဆိုလိုက်ချေသည်။
"ငရွအစ်ကို။"
( T/N : အစ်ကိုကျောင်း = ကျောင်းကော ၊ ငရွအစ်ကို = ဆောင်းကော ၊ ကျောင်းကော / ဆောင်းကော အသံထွက်ခပ်ဆင်ဆင်တူနေတာကြောင့်ပါ)
ဟယ့်ကျောင်းသည် အတော်ကြာတွေဝေသွားခဲ့ပြီးနောက် ဒါအဆဲခံလိုက်ရတာပဲဟုကောက်ချက်ချမိပါတော့သည်။
ကြာချိန်(၁)မိနစ် ၊ ရှေ့မိနစ်ဝက်မှာတုန်းကတော့ ဟယ့်ကျောင်းနှင့် ရှဲ့ယွီတို့နှစ်ဦးသားဟာဆိုလျှင် ရင်ပေါင်တန်းအမီဖြစ်လျက်ရှိသည်။
ကြည့်ရှုသူများကြား၌ အချင်းချင်းတီးတိုးဆိုနေကြ၏ ၊ ရှဲ့ယွီသည် တစ်စုံတစ်ယောက်၏ စိတ်လှုပ်ရှားနေဟန်ဖြင့် တိုးတိုးတိတ်တိတ်ဆိုသံအား ခပ်ရေးရေးကြားလိုက်ရသည် ၊ ဘာတဲ့ - "ကျောင်းwebsiteထဲ postတွေတင်တဲ့အဖွဲ့ကလား? အား ၊ ငါရောပဲ ခေါင်းကိုတွန်းပို့ပေးချင်တဲ့အဖွဲ့ထဲငါရောပါတယ်။"
"ဆရာထန်ကို တင်ပြပါတယ် ၊ သတင်းကောင်းသတင်းကောင်း ၊ ကျောင်းသားဟယ့်ကျောင်းနဲ့ ကျောင်းသားရှဲ့ယွီက ဒိုက်ထိုးပြိုင်ပွဲမှာ ပထမနဲ့ဒုတိယဆုအသီးသီးရကြတယ်။"
လော်ဝိန်ချန်သည် ထန်စန်းရှေ့၌စနစ်တကျရပ်ကာ တပ်ထဲတွေမှာလိုအလေးပြုလျက် တင်ပြလာ၏။
"သူတို့နှစ်ယောက်ကလွဲ ၊ ကျန်တဲ့ခြောက်ယောက်လုံးကတော့ ကျရှုံးပါတယ်။"
ထန်စန်းသည် ခေါင်းတဆတ်ဆတ်ညိတ်လျက်မှ ဘေးတွင်ရှိသည့် ကတ်ထူဘူးထဲကနေ ရေဘူး(၈)ဘူးကိုထုတ်ယူလိုက်ပြီးနောက် လိုက်လျောညီထွေးဆိုလိုက်တော့သည်။
"အကုန်ဆုချရမယ် ၊ ဆုကြီးကြီးကိုချရမယ်။"
အားကစားကိုယ်စားလှယ်ကမ်းပေးလာသည့်ရေဘူးအား ရှဲ့ယွီသည်လှမ်းလို့ယူလိုက်ရင်းမှ ကျေးဇူးဟုဆိုလိုက်၏ ၊ ထို့နောက် ကွင်းထဲအားသွန်ခွန်စိုက်ပြေးနေသည့်လူများနှင့် အတန်းအလိုက်အားပေးနေကြသည့်လူများရှိရာ ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်မိသည်။
ရုတ်တရက်မှာပင် မနှစ်ကအားကစားပွဲကိုဖြင့် မည်သို့မည်ပုံကုန်ဆုံးခဲ့လေသလဲဆိုသည်အား စဉ်းစားမရတော့အောင်ပင်ရှိရသည်။
အားကစားကွင်းသို့ပင် မရောက်ဖြစ်ဟန်တူသည် ၊ နားထဲနားကြပ်ထိုးထည့်ကာ သီချင်းနားထောင်ရင်းအတန်းထဲ၌အိပ်နေခဲ့ခြင်းဖြစ်လောက်သည်။
ဟယ့်ကျောင်းသည် ပါးစပ်ထဲချိုချဉ်ငုံလို့ထားရင်းမှ လက်ဆန့်၍သူ့ထံတစ်လုံးလှမ်းပေးလာ၏ ၊ သူစားလားမစားလားအရေးမစိုက်ပါဘဲ ချက်ချင်းရှဲ့ယွီလက်ဖဝါးအတွင်းထိုးထည့်ပေးလာခဲ့သည်။ ထို့နောက်ရယ်လျက်ဖြင့် သူတို့ရှေ့မှဖြတ်ပြေးသွားသည့် လျှိုချွိင်ဟောက်အားပြောလိုက်သည်။
"ဟောက်ကျစ်! ကြိုးစားထား!"
လျှိုချွိင်ဟောက်သည် သူတို့ထံလက်ပြလာပြီးနောက် အော်ကာဖြေလာ၏။
"အခန်း(3) သက်တော်ရာကျော်ရှည်ပါစေ ၊ ငါကအကောင်းဆုံး!"
ဟယ့်ကျောင်းသည်ရယ်ရင်းမှ ထုံခုံနောက်မှီအားမှီလို့ထိုင်လိုက်သည်။
ရှဲ့ယွီသည်ကား ချိုချဉ်စားရသည်ကိုမည်သို့မျှမနှစ်သက်ပါ ၊ တအားချိုအီလွန်းသည်ဟု ခံစားရခြင်းကြောင့်ပေ ၊ သို့တိုင်ခေါင်းငုံ့ကာ အခွံပတ်ထားသည်အားကြည့်ပြီး အဆုံးတွင်မူဖွင့်ဖောက်လိုက်မိတော့သည်။
ထို့နောက်မှာတော့ ရှဲ့ယွီသည် ပြေးလမ်းပေါ်ကအဖြူရောင်မျဉ်းကြောင်းများထံ စိုက်လို့ကြည့်မိရင်းမှ စိတ်ထဲကနေဆိုမိ၏ - တကယ်ကြီးကို ချိုအီလွန်းတယ်။
လိမ္မော်အရသာ ၊ အနည်းငယ်လည်းချဉ်၏။
"ခဏနေကျောင်းဆင်းရင် အပြင်ထွက်သွားစားကြမလား?"
ညနေခင်း အားကစားပြိုင်ပွဲပြီးခါနီး၌ ရှိန်ကျယ်သည်အခန်း(8)ဘက်ကနေလစ်ထွက်လို့လာသည်။
"အစ်ကိုကြီးရှဲ့က လိုက်ကျွေးမယ်လို့ပြောထားသေးတယ်လေ ၊ ဒီနေ့ကိုရွေးလိုက်ကြရအောင်ပါ့လား။"
ရှိန်ကျယ်နှင့် ဟယ့်ကျောင်းတို့က တစ်ခေါက်စီဝယ်ကျွေးဖူးပြီး ရှဲ့ယွီသည်သူများအပေါ်အကြွေးမတင်ချင်တာကြောင့် နောက်တစ်ခေါက်ကြ သူဝယ်ကျွေးမယ် ဘယ်နေ့ဖြစ်ဖြစ်ဟု ဆိုခဲ့ဖူးလေသည်။
ဟယ့်ကျောင်းသည် ရှဲ့ယွီအားလှမ်းလို့ကြည့်လိုက်၏ ၊ ထုံကျောဖြစ်သူကမငြင်းကြောင်းတွေ့ရသည့်အခါ သူသည်လည်းသဘောတူလိုက်တော့သည်။
"ရတယ်လေ ၊ ဘာစားကြမလဲ?"
"ကျင်းပန်ကိုတော့ ထပ်သွားမစားချင်တော့ဘူး. ."
ရှိန်ကျယ်သည် သူတို့နောက်ရှိနေရာလွတ်တစ်ခုံအားရှာကာဝင်ထိုင်လိုက်ပြီးနောက် အသေအချာကိုစဉ်းစားနေလေသည်။
". . . . . . တကယ်ကကျောင်းနားအနီးတစ်ဝိုက်က ဆိုင်တွေအကုန်မှာစားဖူးတယ် ၊ ကျွမ့်ယွမ်လုံကြ စျေးလည်းကြီးပြီး စားလို့လည်းမကောင်းနဲ့ ၊ ငါတို့တခြားလမ်းက ဆိုင်လေးတွေစီသွားအားပေးကြရင်ရော?"
ဤသို့ဖြင့် ကျောင်းလွှတ်ချိန်မှာတော့ သူတို့သည် လမ်းသုံးလမ်းအားပတ်လို့လျှောက်ပြီးနောက်တွင် စားမည့်ဆိုင်အားဆုံးဖြတ်လိုက်ကြသည်။
ရှိန်ကျယ်သည် ခေါင်းမော့၍ ဆိုင်နာမည်အားကြည့်ကာ အနည်းငယ်ပင်ခေါင်းမူးသွားခဲ့၏ ၊ သူသည်လမ်းမကြီးတွေကိုပတ်လျှောက်ခဲ့ရတာမဟုတ်ဘဲ ကမ႓ာတစ်ဝက်လောက်ကိုပတ်လာပြီး မူလနေရာပြန်ရောက်လာသလိုခံစားမိရသည်။
". . . . . . အင် ၊ ဒီကနာမည်မှည့်တဲ့ပုံစံက ဘယ်လိုဖြစ်လို့ ငါတို့ကျောင်းနဲ့ဒီလောက်တောင်ဆင်နေရတာတုန်း?"
"ဘေးထောင့်နားမှာက တျန့်ကျိရှိတယ်လေ။"
ရှဲ့ယွီသည် နောက်ဆုံးမှလျှောက်လာရင်း သတိလှမ်းလို့ပေးလိုက်သည်။
တျန့်ကျိ ၊ နာမည်အပြည့်အစုံသည်ကား တျန့်ကျစ်ကျိရှု(အီလက်ထရွန်နစ်နည်းပညာ) ဟုခေါ်တွင်၏ ၊ အမှတ်(၂)နှင့်အနီးဆုံးတွင်ရှိသည့် အဆင့်မြင့်ပညာသင်ကျောင်းတစ်ကျောင်းပင်။
ပုံမှန်ဆို သောကြာနေ့ကျောင်းစောစောဆင်းပေးချိန်များ၌ တျန့်ကျိကလူများမှာ အမှတ်(၂)ဂိတ်ပေါက်ဝသို့လာ၍ လူလာစောင့်တတ်သည်မျိုးလည်းရှိသည်။ အမှတ်(၂)ကကျောင်းသားများမှာ ပြဿနာရှာလွန်းတတ်ကြပြီး ငယ်ရွယ်သည့်ဗီဇအရ ချိန်းကာရန်ပွဲတွေလည်းဖြစ်ကြသည်။ ရံဖန်ရံခါများ၌ တျန့်ကျိကကျောင်းသားများထံ လာကူချပေးဖို့ဖိတ်ခေါ်တတ်ပြီး ဖုန်းတစ်ချက်ဆက်လိုက်တာနှင့် လူတွေတစ်လှေကြီးရောက်ချလာတတ်သည်။
သို့တိုင် အမှတ်(၂)သည်ကားစည်းကမ်းကြီးလွန်းလှရာ တကယ်ကြီးချိန်းချမည်ဆို ကျောင်းနှင့်ဝေးဝေးမှာသာသွားရောက်ချကြမှရလေမည်။
ထမင်းဆိုင်လေးထဲ၌ သုံး/လေးဝိုင်းခန့်မှာ လူတွေအပြည့်ထိုင်နေပြီးဖြစ်သည် ၊ ဟယ့်ကျောင်းသည် တံခါးအားတွန်းဖွင့်ကာ ဝင်ရောက်လိုက်တော့၏။
"ဒီဆိုင်မှာပဲစားကြတာပေါ့ ၊ ထပ်ပတ်နေလို့ကတော့ ညပိုင်းself-studyချိန်ပြီးသွားလိမ့်မယ် ၊ ငါအိမ်စာတွေမကူးရသေးဘူး။"
ရှဲ့ယွီသည်လည်း ဘေးလူများကိုအရေးစိုက်မနေတော့ဘဲ ဝင်သွားလိုက်တော့သည်။ ထိုင်နေရာရှာကာဝင်ထိုင်လိုက်ပြီးနောက် ပန်းကန်နှင့်တူအား လက်သုတ်ပဝါဖြင့် သေသေချာချာသုတ်နေလိုက်သည်။
ဟယ့်ကျောင်းသည် လက်ထောင်ကာဆိုလိုက်၏။
"သူဌေး ၊ မီနူး။"
အထဲတွင်ထိုင်နေကြသည့် ဝိုင်းအနည်းငယ်ကလူတွေ၏မျက်နှာတွေကိုကြည့်ရတာတော့ဖြင့် ရင်းနှီးနေခြင်းမရှိလှ ၊ ရှိန်ကျယ်၏ဘယ်ဘက်မျက်ခွံမှာ ရုတ်တရက်ကြီမရပ်မနားလှုပ်လို့လာသည်။
သူသည် လိုက်လို့ဝင်သွားလိုက်ရင်းမှ မသိစိတ်ကနေပြီး ကိုယ့်အိတ်ကပ်ကိုယ်စမ်းလို့ကြည့်မိရ၏ ၊ အင်း. . . . . . ပိုက်ဆံအိတ်တော့ရှိနေသေးသည်။