伪装学渣
Wei Zhuang Xue Zha
ZAWGYI
ဒိုက္ထိုးျခင္း
Drag Queenလုပ္မည့္ကိစၥအား ေက်ာ္မသြားၾကဘဲရွိပံုရသည္။ လွ်ိဳခၽြိင္ေဟာက္တို႔တစ္ေတြမွာ ေလာင္ထန္သတိမထားမိခ်ိန္ကိုအခြင့္ေကာင္းယူၿပီး ၾကားအားလပ္ခ်ိန္၌အမ်ားသံုးကြန္ျပဴတာကိုသံုးၿပီး ဂါဝန္ရွာေဖြၾကေတာ့သည္။
"ဒီတစ္ထည္ဘယ္လိုေနလဲ ၊ ဇာပန္းထိုးႀကိဳးသိုင္းနဲ႔ဆိုေတာ့ princessဆန္ဆန္ရွိတယ္ ၊ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ခ်စ္အာရံုၾကားက ျမင့္ျမတ္တဲ့ဂုဏ္သေရကိုပါေပၚလြင္ေစတာေပါ့။"
ဝမ့္သာ : "ဒီmaid ဝတ္စံုကိုပဲေရြးၾကရေအာင္ပါ့လား ၊ ဒါေကာင္းတယ္ဒါေကာင္းတယ္ ၊ ၾကည့္ရတာအေတာ္ကိုဆြဲေဆာင္ျဖားေယာင္းႏိုင္စြမ္းရွိတယ္ကြ။"
အသက္ရွင္ခ်င္စိတ္ကိုမရွိေတာ့သည့္ ေလာ္ဝိန္ခ်န္ : ". . . . . ."
"အေပၚကဟိုတစ္ထည္ ၊ အေပၚကိုဆြဲ. ."
ရွဲ႕ယြီႏွင့္သတ္လို႔ၿပီးသြားသည့္ေနာက္မွာေတာ့ ဟယ့္ေက်ာင္းသည္ကိုယ္ကိုငံု႔ကိုင္းကာ လက္တစ္ဖက္တည္းျဖင့္ ထိုင္ခံုကိုဆြဲမ၍ျပန္ေထာင္လိုက္ပါၿပီး ပြဲထဲဝင္ပါကာဆိုေတာ့သည္။
"အဲ့တစ္ထည္မဟုတ္ဘူး ၊ အေပၚထပ္ဆြဲဦး။"
"ဘယ္တစ္ထည္လဲ?"
လွ်ိဳခၽြိင္ေဟာက္သည္ အေတာ္ၾကာေအာင္အေပၚသို႔ဆြဲၾကည့္သည့္တိုင္ လိုက္ဖက္မည္ကိုမေတြ႕ဘဲရွိေခ်သည္ ၊ ဆြဲရင္းဆြဲရင္းႏွင့္ နားမလည္ျဖစ္လာရရင္းမွ. .
"အစ္ကိုေက်ာင္း ၊ မင္းအျမင္မွားတာမ်ားလား?"
ထို႔ေနာက္မွာေတာ့ ဟယ့္ေက်ာင္းသည္ေျဗာင္ပင္ တစ္ခန္းလံုး၏ေရွ႕၌ မိမိ၏အဝတ္အစားဆင္ေပးသည့္အရည္အခ်င္းအားထုတ္ေဖာ္ျပသလို႔လာပါေတာ့သည္။
"အေပၚကေနေအာက္ကိုေရရင္ တတိယေျမာက္တစ္ခု ၊ အဲ့ဒါေကာင္းတယ္။"
စခရင္ထက္တြင္ေတာ့ အနီနဲ႔အစိမ္းမလိုက္မဖက္ျဖင့္ ေခြးေခ်းေရာင္ေပါက္ေနေလသည့္ ဂါဝန္တစ္ထည္ ၊ peonyပန္းထိုးတို႔ျဖင့္ကိုယ္က်ပ္ဂါဝန္ရွည္တစ္ထည္ပင္။
"မင္းတို႔က ဘာလိုငါ့ကိုအဲ့လိုၾကည့္ေနၾကတာတုန္း?"
ဟယ့္ေက်ာင္းသည္ေနရာတြင္ထိုင္လိုက္ရင္း projector ကိုၾကည့္ကာ တဖန္ထံုေက်ာကိုပါၾကည့္လိုက္ျပန္သည္။
"မင္းေရာဘယ္လိုထင္လဲ ၊ အဲ့ဒီတစ္ထည္မေကာင္းဘူးလား?"
လွ်ိဳခၽြိင္ေဟာက္တို႔တစ္ေတြခမ်ာ လံုးဝကို ဒီအန္ခ်င္စရာေကာင္းလွသည့္ဂါဝန္ႀကီးႏွင့္ ဟယ့္ေက်ာင္း၏စာႏွင့္ပတ္သက္လွ်င္လည္း လန္႔စရာေကာင္းလွေအာင္ အလွရသအျပည့္သေဘာေတြ႕မႈမ်ားေၾကာင့္ ထိတ္လန္႔ဆြံ့အလ်က္ျဖင့္ ေျပာခ်င္သည့္စကားလံုးေထာင္ေသာင္းတို႔ပင္ လည္ေခ်ာင္းဝ၌တစ္ဆို႔ကာေနေတာ့သည္။
ရွဲ႕ယြီကေျပာလို႔လာသည္။
"မင္းစိတ္ထဲမွာက ဘယ္လိုမ်ားထင္သတုန္း?"
ဟယ့္ေက်ာင္း : "ငါ့အထင္ကေတာ့ အဆင္ေျပသလားလို႔ ၊ ဒါကဂိမ္းထဲမွာသာဆို ေသခ်ာေပါက္အမွတ္ျပည့္ကိုရမွာ။"
"ပိုက္ဆံနဲ႔ဝယ္ကစားတဲ့ေကာင္ကမ်ား ေျပာပိုင္ခြင့္ရွိမေနဘူး။"
"မင္းငါ့ကိုယံုလိုက္စမ္းပါ။"
"ပါးစပ္ပိတ္။"
"မင္း ဒီအေရာင္အဆင္းကိုၾကည့္စမ္း ၊ ရႊန္းစိုေနခ်က္က. . . . . ."
"ရႊန္းစိုတယ္?"
ရွဲ႕ယြီသည္ တစ္ခ်က္တည္းျဖင့္ ေသြးထြက္ေအာင္မွန္လွစြာ သေရာပစ္လိုက္ပါသည္။
"ရင္ျပင္မွာသီခ်င္းဖြင့္ကၾကတဲ့ အန္တီႀကီးေတြရဲ႕အႀကိဳက္ေတာင္ မင္းထက္ဆိုးမွာမဟုတ္ဘူးကြ။"
ရွဲ႕ယြီေျပာအၿပီးမွာေတာ့ ဝမ့္သာကတစ္ေျဖာင္းေျဖာင္းျဖင့္လက္ခုပ္တီးလာ၏။
"ေျပာတာေကာင္းတယ္ ၊ လက္ရာေျမာက္ခ်က္ဗ်ာ။"
လွ်ိဳခၽြိင္ေဟာက္ : "အစ္ကိုယြီအတြက္ လက္မေထာင္တယ္။"
ဟယ့္ေက်ာင္း : ". . . . . ."
ဟယ့္ေက်ာင္းရဲ႕ဗရြတ္ရႊတ္တလုပ္မႈမ်ားေၾကာင့္ ေလာ္ဝိန္ခ်န္၏စိတ္အေျခအေနမွလည္း ႐ိုလာကိုစတာစီးေနရသလို တက္လိုက္က်လိုက္ျဖင့္ရွိရ၏ ၊ နႈိင္းယွဥ္လို႔ၾကည့္မည္ဆိုပါက သူသည္ ေရွ႕က႐ိုဆန္လွသည့္Princessဝတ္စံု ႏွင့္ Maidဝတ္စံုတို႔ကမွ ပိုၿပီးလက္ခံဖို႔ရာသိပ္မခက္ဟု႐ုတ္တရက္ခံစားလာရသည္။
ဤသို႔ျဖင့္ ေလာ္ဝိန္ခ်န္သည္လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္ပါၿပီး နာနာက်င္က်င္ျဖင့္ဆိုလိုက္ပါသည္။
"ဒါ ၊ ဒါဆို ခုနကဟာအရင္ျပတဲ့တစ္ထည္ကိုပဲေရြးလိုက္မယ္။"
"အစ္ကိုေက်ာင္း ၊ ေတာ္တယ္!"
ဝမ့္သာမွာ အေတြးေခါင္သြားျခင္းသာ ၊ အသိျပန္ဝင္လာခ်ိန္တြင္ေတာ့ ဟယ့္ေက်ာင္းကတမင္တကာ႐ုပ္အဆိုးဆံုးတစ္ထည္အားေရြးၿပီး အားကစားကိုယ္စားလွယ္ကိုဆြေပးျခင္းျဖစ္မည္ဟု ေတြးမိလိုက္ရာ ဟယ့္ေက်ာင္းထံလက္မေထာင္ျပလိုက္ပါၿပီး ရႊင္ပ်စြာျဖင့္ေျပာလိုက္ေတာ့သည္။
"မင္းရဲ႕လွည့္ကြက္ေတြကေတာ့ အထင္ႀကီးေလာက္စရာပါပဲ။"
"ဒါပဲေလ ၊ လက္ခံလိုက္စမ္းပါ. ."
ဟယ့္ေက်ာင္းသည္ ဇေဝဇဝါျဖစ္ေနေပသည့္တိုင္ လိုက္ေလ်ာညီေထြးရွိလွေအာင္ေတာ့ျပန္ေျပာလိုက္ႏိုင္ၿပီး ထို႔ေနာက္တြင္မူရွဲ႕ယြီနားအနားတိုးကပ္၍ တီးတိုးေမးလိုက္၏။
"သူကငါ့လာခ်ီးက်ဴးၿပီးဘာလုပ္တာလဲ?"
ရွဲ႕ယြီသည္ လက္ဆန္႔၍သာ ထိုသူ၏ေခါင္းအားအေဝးသို႔တြန္းဖယ္ပစ္လိုက္ေတာ့သည္ ၊ သူအခုစကားသိပ္ၿပီးေျပာခ်င္ေနတာမဟုတ္။
ေနာက္ဆံုးခ်ိန္အၿပီးမွာေတာ့ အားလံုးမွာအေစာကတည္းကစာအုပ္ေတြသိမ္းလို႔ထားၾကၿပီးျဖစ္ရာ အိမ္ျပန္ဖို႔ရန္ျပင္ဆင္ေနၾကေတာ့သည္။ အသင္းက်ေက်ာင္းသားသည္လည္း ႀကိဳတင္ၿပီးေက်ာက္သင္ပုန္းအားဖ်က္ၿပီးေနၿပီျဖစ္သည္။
အေဆာင္ေနေက်ာင္းသားမ်ားကေတာ့ ညစာဘာစားရမည္လဲကိုသာ ပိုလို႔အေလးထားေနၾကသည္။ ဟယ့္ေက်ာင္းသည္ေနာက္ဆံုးခ်ိန္စတက္စဥ္ကတည္းက ေခါင္းငံု႔၍ဖုန္းကိုသာသံုးေနေလၿပီး ၾကားထဲေလာင္ဝူသတိမထားမိခ်ိန္အခြင့္ေကာင္းယူလ်က္ တိတ္တိတ္ေလးလစ္ထြက္ကာဖုန္းဆက္ေတာ့သည္။
က်င္းပန္စားေသာက္ဆိုင္သည္ကား လက္တေလာ၌ေက်ာင္းသို႔အေရာက္ပို႔ေပးသည့္ ဝန္ေဆာင္မႈလုပ္ေနျခင္းျဖစ္ရာ ေဖာက္သည္မ်ားထံမက္ေဆ့ခ်္ပို႔၍အေၾကာင္းၾကားေလသည္။
ဟယ့္ေက်ာင္းသည္ လွမ္းမွာၿပီးေနာက္ေမးလိုက္၏။
"ဘယ္လာပို႔မွာလဲ ဘယ္အေပါက္လဲ?"
ရွိန္က်ယ္သည္တစ္ကိုယ္လံုး စီးကရက္နံ့တစ္လႈိင္လႈိင္ျဖင့္ ေခ်ာင္းဆိုးေနရင္းမွသန္႔စင္ခန္းတြင္းမွထြက္လို႔လာသည္။ သူသည္ေဆးလိပ္နံ့ေတြေပ်ာက္သြားေစရန္ ကိုယ္ထက္ေလသန္႔ေဆးအားဖ်န္းရန္ျပင္ေနရင္းမွ ေခါင္းတစ္ခ်က္အလွည့္၌ လက္တစ္ဖက္ကေဘာင္းဘီအိတ္ကပ္ထဲထည့္လို႔ ေလွကားေကြ႕ေထာင့္နား၌နံရံကိုေက်ာမွီၿပီး ရပ္ေနေလသည့္ သူ၏အစ္ကိုေက်ာင္းအားလွမ္းေတြ႕လိုက္ရသည္။
"အစ္ကိုေက်ာင္း ၊ ဘာလုပ္ေနတာလဲ?"
ရွိန္က်ယ္သည္ ကိုယ္ထက္ဖ်န္းရင္းမွ ေလွ်ာက္လို႔သြားလိုက္၏။
ဟယ့္ေက်ာင္းသည္ တစ္ခ်က္သာလွည့္ၾကည့္လိုက္ၿပီး ခြန္းတံု႔မျပန္ပါဘဲ ခဏမွ်စဥ္းစားၿပီးေနာက္ ဖုန္းထဲသို႔'ငါးတစ္ပြဲယူဦးမယ္' ဟုလွမ္းေျပာလိုက္ပါၿပီး သူသည္ေျပာၿပီးေနာက္ ဖုန္းနဲ႔နည္းနည္းခြာလိုက္ၿပီးမွသာ ရွိန္က်ယ္ကိုၾကည့္လို႔လာေတာ့သည္။
"က်င္းပန္မွာ မင္းအရင္တစ္ေခါက္တုန္းက မွာထားတဲ့ငါးဟင္းနာမည္ကဘာလဲ?"
ရွိန္က်ယ္ : "ဟမ္? ဘာငါးလဲ ၊ ေအာက္ျပဳတ္က်သြားတဲ့တစ္ပြဲလား? ကကတစ္ငါးေပါင္းေလ ၊ ဘာျဖစ္လို႔လဲ?"
"ဘာမွမျဖစ္ဘူး. ."
ဟယ့္ေက်ာင္းသည္ ဟင္းနာမည္အားေျပာလို႔မွာလိုက္ၿပီးကာမွ ေျပာလို႔လာသည္။
"ကေလးေလးကႀကိဳက္လို႔။"
ရွိန္က်ယ္မွာ လက္ပင္တစ္ခ်က္မွ်တုန္ယင္လို႔သြားသည္။
". . . . . . ငိုးမ။"
ေက်ာင္းဆင္းေခါင္းေလာင္းထိုးလာခ်ိန္တြင္ Deliသမားရဲ႕ဖုန္းကလည္း အခ်ိန္ကိုက္ပင္ဝင္လို႔လာသည္။
ဟယ့္ေက်ာင္းသည္ ေအာက္ထပ္ဆင္းကာသြားေရာက္ယူလိုက္၏ ၊ စာသင္ခန္းထဲ၌လူလည္းသိပ္ၿပီးမက်န္ေတာ့ေခ် ၊ အေဆာင္ေနသူမ်ားက ကန္တင္း၌ထမင္းသြားစားေနၾကၿပီျဖစ္ၿပီး အသင္းက်ေက်ာင္းသားသာလွ်င္ တံျမက္စည္းလွည္းသန္႔ရွင္းေရးလုပ္ဖို႔က်န္ေနခဲ့ေလသည္။
အတန္းထဲအေတာ္ေလးကို တိတ္ဆိတ္လို႔သြားေတာ့၏။
ရွဲ႕ယြီသည္ အလြန္ပ်င္းရိၿငီးေငြ႕စြာျဖင့္ထိုင္ေနမိသည္။ ဟယ့္ေက်ာင္းတစ္ေယာက္ ဘာျဖစ္သည္မသိပါ ၊ ေက်ာင္းဆင္းခါနီး၌ သူ႔အားထိုကဲ့သို႔ေျပာလာ၏ "မင္းဒီမွာပဲေနေနာ္ ၊ ဘယ္ကိုမွမသြားနဲ႔" ၊ စကားမဆံုးေသးခင္ ရွဲ႕ယြီထံမွတစ္ခ်က္ေတာ့ပိတ္ကန္ခံလိုက္ရ၏။
ေနာက္ဆံုးအခ်ိန္ကသခၤ်ာခ်ိန္ျဖစ္ကာ ဝူက်ိန္႔သည္ နာမည္ႀကီးေက်ာင္းရဲ႕လပတ္စားေမးပြဲတုန္းကပါလာသည့္ ပုစၧာပံုစံအသစ္အေၾကာင္းေျပာလို႔သြားသည္ ၊ သို႔တိုင္အေသးစိတ္ရွင္းျပျခင္းေတာ့မဟုတ္။
ရွဲ႕ယြီသည္ အားယားၿပီးပ်င္းလြန္းေနျခင္းေၾကာင့္ ဖုန္းထဲက Memoထဲ၌ေျဖရွင္းနည္းေတြခ်လို႔ေရးေနလိုက္ၿပီးေနာက္ စာရြက္တစ္ရြက္အားဆြဲထုတ္ကာ အၾကမ္းျခစ္ဖို႔ျပင္လိုက္သည္။
သူ႔၌ေဘာပင္တစ္ေခ်ာင္းသာလွ်င္ရွိ၏ --- --- လပတ္စာေမးပြဲအခါသမယကိုျဖတ္ေက်ာ္ၿပီးေနာက္ စာညံ့သူမ်ားစုေဝးရာေနရာ၌သူေတြ႕ရွိခဲ့ရသည္မွာ အေျခခံအားျဖင့္အားလံုး၌ စာေရးကိရိယာအျပည့္အစံုမရွိၾကျခင္းဆိုတာပင္ ၊ ခဲဖ်က္မရွိရင္မရွိ ဒါမွမဟုတ္ 2Bခဲတံမရွိတာတို႔ အျပင္ကို ေျဖဆိုရာတြင္သံုးရမည့္ မင္စိုေဘာပင္ပင္မပါလာတာမ်ိဳးရွိေလသည္။
တစ္ဖြဲ႕လံုးမွ်၍သံုးၾကၿပီး မင္းငါ့ကိုကယ္ ၊ ငါမင္းကိုကယ္မယ္ျဖင့္ အေျဖလႊာ၌ခဲစားေဖာင္တိန္သံုးၿပီးေျဖတဲ့သူေတြပင္အမ်ားႀကီးရွိသည္။
ရွဲ႕ယြီ၏ထိုတစ္ေခ်ာင္းတည္းေသာ ေဘာပင္မွာမေတာ္တဆေအာက္သို႔သံုး/ေလးခါ ျပဳတ္က်ၿပီးေနာက္ ေရးရင္းေရးရင္းမင္ထြက္မလာေတာ့ ၊ သူသည္လႊင့္သာပစ္လိုက္ၿပီး သံုးဖို႔ရာအတြက္ ဟယ့္ေက်ာင္းစားပြဲထက္ေဘာပင္သြားလို႔ရွာလိုက္သည္။
ေက်ာင္းတက္ေနခ်ိန္ ဂိမ္းေဆာ့ဖို႔ရန္အကာအကြယ္ရေလေအာင္ ဟယ့္ေက်ာင္းစားပြဲကရႈပ္ပြလို႔ေနၿပီး ဘာသာစံုပင္စာအုပ္ေတြအထပ္လိုက္တင္လို႔ထားရွိသည္။
ရွဲ႕ယြီသည္လွန္ေလွာရွာသည့္တိုင္ ေဘာပင္ကိုျဖင့္ရွာမေတြ႕ရဘဲ သခၤ်ာစာအုပ္ထဲကေန ထူးဆန္းသည့္စာရြက္တစ္ရြက္ကိုသာလွ်င္ ရွာလို႔ေတြ႕သြားခဲ့သည္။ ဟိတ္ဟန္အျပည့္လက္ေရးဆက္ေတြနဲ႔ ဘာေတြဘယ္လိုေရးထားသည္မသိရ ၊ ၾကည့္ရသည္မွာေျဖရွင္းနည္းလိုမ်ိဳးေတာ့ အနည္းငယ္တူသည့္တိုင္ သူသည္ေသခ်ာၾကည့္ခ်ိန္မရလိုက္ပါ ၊ ဟယ့္ေက်ာင္းမွာ အိတ္ႀကီးတစ္အိတ္အားဆြဲ၍ အတန္းထဲဝင္ေရာက္လာေတာ့သည္။
"တစ္ခ်က္ေလာက္သိမ္းေပးပါဦး ၊ စားပြဲေပၚကစာအုပ္ေတြအကုန္ဖယ္ ၊ ညစာအတြက္ခ်စရာေနရာမရွိေတာ့ဘူး။"
ရွဲ႕ယြီသည္ စာရြက္အားျပန္၍သာညႇပ္ထားလိုက္ေတာ့သည္။
ဟင္းေလး/ငါးပြဲခန္႔ေလာက္ပါရွိကာ တစ္ပြဲစီအားတစ္ခါသံုးဘူးမ်ားျဖင့္ထည့္လို႔ထားၿပီး ထမင္းႏွစ္ဘူးလည္းပါေသးသည္။
ရွဲ႕ယြီသည္ ထိုငါးဟင္းအားၾကည့္မိသည့္အခါ အလြန္ရင္းႏွီးေနသလိုလည္းခံစားမိရ၏။
ဟယ့္ေက်ာင္းသည္ တူကိုဆြဲခြာလိုက္ၿပီးေနာက္ ကကတစ္ငါးထက္က ၾကက္သြန္နီဖက္မ်ားအားေရြးလို႔ဖယ္ပစ္လိုက္ၿပီး ထိုငါးဟင္းခြက္အားထံုေက်ာဘက္သို႔တြန္းပို႔ေပးလိုက္ပါသည္။
"အာ ၊ နံရံေက်ာ္ၿပီးယူထားရတာေလ ၊ ေျပာေတာ့ၾကေက်ာင္းအေရာက္ပို႔တဲ့ ၊ ေစာက္နံရံႀကီးျခားထားၿပီးကို ေက်ာင္းအေရာက္ပို႔တာလားပဲ။"
ရွဲ႕ယြီသည္ ကိုယ္တိုင္မွာအစားေရြးေခ်းမ်ားလွသူမွန္းသိပါ၏ ၊ မဒမ္ကုဆိုလွ်င္ ဟင္းခ်က္ေလတိုင္းသတိထားၿပီးကိုခ်က္ရေလသည္ ၊ ဒါနဲ႔ ဟယ့္ေက်ာင္းဒီတစ္ေခါက္မွာတာေတြက သူမႀကိဳက္တာေတြကိုဖယ္ၿပီး သူ႔အႀကိဳက္ေတြကိုပဲမွာထားျခင္းပင္။
အရင္တစ္ေခါက္က သူ႔အားဘာအစားေတြေရွာင္သလဲဟု ဟယ့္ေက်ာင္းေမးလာဖူးသည္အား ေရးေရးမွ်သတိရမိလာ၏။ မဟုတ္မွ အဲ့ငေပါေကာင္က တစ္ေလွ်ာက္လံုးပဲမွတ္ထားတာမ်ားလား?
"စားေလ ၊ ဘာလုပ္ေနတာလဲ. ."
ဟယ့္ေက်ာင္းက ေျပာလာသည္။
"ငါ့ခြံ့အေကၽြးေစာင့္ေနတာလား? မရတာေတာ့မဟုတ္ဘူးေနာ္ ၊ မင္းငါ့ကို အစ္ကိုလို႔သာတစ္ခ်က္ေခၚလိုက္ ၊ ငါဆိုတဲ့ဒီလူက ေကာင္းေကာင္းေျပာရင္ရပါတယ္။"
ရွဲ႕ယြီသည္ တူအားေကာက္ယူၿပီး ဆြဲခြာဖို႔လုပ္ရင္းမွဆိုလိုက္၏။
"မင္းကေသခ်င္ေနတာလား?"
ဝမ့္သာတစ္ေယာက္ထမင္းစားၿပီးေနာက္မွာေတာ့ milk teaဘူးအားကိုင္လ်က္ သီခ်င္းဟစ္ရင္းေကာ္ရစ္တာထက္ေလွ်ာက္လို႔လာသည္။ တံခါးေပါက္ဝေရာက္ခ်ိန္မွာေတာ့ အနံ့ရလိုက္သည္ေၾကာင့္ ဝင္ကာၾကည့္မိ၏။
"မင္းတို႔ႏွစ္ေယာက္က လြန္လြန္းလိုက္တာ ၊ ဒီေန႔ကန္တင္းကဟင္းေတြဆိုတာ ေပါ့ရႊတ္ေနတာပဲ ၊ ၿပီးေတာ့ေန႔လည္ကက်န္တဲ့ထမင္းေအးေအးႀကီးေတြ. . . . . . မင္းတို႔ကေတာ့စိုေျပေနလိုက္တာမ်ား။"
ဟယ့္ေက်ာင္းသည္ ေနာက္ဆံုးက်န္သည့္ထမင္းႏွစ္လုတ္အားသြတ္ရင္း ေျပာလိုက္သည္။
"မင္းလည္း အေတာ္ေလးစိုေျပေနတာပဲမဟုတ္ဘူးလား ၊ milk teaကဘယ္ကဝယ္တာလဲ ၊ ေသာက္ေကာင္းလား?"
"အေပါက္ဝနားက Fudanဆိုတဲ့ဆိုင္က milk teaေလ. ."
ဝမ့္သာကဆိုသည္။
"မဆိုးပါဘူး ၊ bubble teaကိုမွ bubbleေတြမေတြ႕ရတာမ်ိဳးေပါ့။"
ရွဲ႕ယြီသည္ ေမးလိုက္၏။
"အဲ့ဒါကို မင္းကဝယ္ေသးတယ္။"
ဝမ့္သာ : "အမွန္အတိုင္းဆိုရရင္ေတာ့ ၊ Fudan ကငါ့ရဲ႕အိပ္မက္ေလ။"
(Fudan = Fudan University in Shanghai)
". . . . . ."
အားလံုး၏စိတ္မွာ ဒီတစ္ပတ္လံုးလံုး အားကစားၿပိဳင္ပြဲထံ၌သာလွ်င္ရွိေနေလသည္။
တစ္တန္းလံုးဆင္တူဝတ္မည့္အကၤ်ီအား ရႊီခ်င္ခ်င္ကေရြးခ်ယ္ျပီး sweatshirtအမ်ိဳးအစားအားေရြးလိုက္ေလသည္။ အေတာ္ေလးအသံုးလည္းဝင္သလို သာမန္အခ်ိန္မ်ားတြင္လည္းဆက္ၿပီးဝတ္လို႔ရ၏။ ေလာ္ဝိန္ခ်န္သည္ကား က်က္သေရတင့္တယ္ကာ ျမင့္ျမတ္လွသည့္Princessဝတ္စံုကိုဝတ္ဆင္လို႔ထားၿပီး ကြင္းထဲဆင္းရေတာ့မည့္အခ်ိန္၌ လက္ကိုင္ပိုစတာအားဆြဲေျမႇာက္ကာ အေရွ႕ဆံုးသို႔ေလွ်ာက္လို႔သြားေတာ့သည္။
ကာယဆရာမွာဆို အားလံုးအားလြတ္လြတ္လပ္လပ္ေလ့က်င့္ခ်ိန္ေပးလို႔ထားသည့္အျပင္ တာဝန္ယူၫႊန္ျပေပးျခင္းမ်ိဳးလည္းလုပ္ေပးပါသည္။
"ဘယ္သူေတြ ဒိုက္ထိုးဖို႔စာရင္းေပးထားၾကလဲ?"
သံလံုးပစ္မည့္လက္ေရြးစင္အား ၫႊန္ျပလို႔အၿပီးမွာေတာ့ ေလာင္ရႊိုက္သည္ဝီစီကိုမႈတ္ရင္းေလွ်ာက္လို႔လာသည္။
"ဒိုက္ထိုးမွာဘယ္သူေတြလဲ? (၈)ေယာက္စာရင္းေပးထားတယ္မလား ၊ အားလံုးဘဲထြက္လာၿပီး မင္းတို႔ရဲ႕လုပ္ႏိုင္စြမ္းကိုျပသၾကစမ္း။"
ဟယ့္ေက်ာင္း ရွဲ႕ယြီႏွင့္ပါဝင္ၾကသူမ်ားထြက္လို႔လာၾက၏။
"မင္းအႀကိမ္အေရအတြက္ဘယ္ေလာက္လုပ္ႏိုင္လဲဆိုတာကိုတြက္မွာမဟုတ္ဘူးေနာ္ ၊ ဒိုင္သူႀကီးက မင္းရဲ႕လုပ္ေဆာင္ခ်က္ စံခ်ိန္မီမမီဆိုတာကိုၾကည့္မွာ ၊ မႏွစ္ကအားကစားပြဲမွာတုန္းကဆို ၊ ပီ --- --- ဟိုပထမလက္ေရြးစင္ဆို လုပ္တာေတာ္ေတာ္ေလး အားပါၿပီး ဘယ္သူ႔ထက္မဆိုကိုျမန္တာမွေလ ၊ နိမ့္ခ်ည္ျမင့္ခ်ည္နဲ႔ ေတာ္ေတာ္ျမန္တယ္ေျပာရမယ္ ၊ ဒါေပမယ့္ ရလဒ္ကၾကေတာ့. . . ငါမင္းတို႔ကိုေျပာမယ္ေနာ္ ၊ အေႏွးဆံုးတစ္ေယာက္ကႏိုင္သြားပါေလေရာ။"
ကာယဆရာမွာ သူတို႔အားဒိုက္ထိုးခိုင္းထားၿပီးေနာက္ အစအဆံုးေျပာၾကားလို႔ေနသည္မွာ စေရလို႔ရၿပီဟုပင္မေျပာရေသး ေက်ာင္းသားတစ္ေယာက္မွာ မေတာင့္ထားႏိုင္ေတာ့ဘဲလဲက်သြားေတာ့၏။
တစ္ေယာက္လဲက်သြားသည္ႏွင့္ Dominoအခ်ပ္ေလးေတြလိုမ်ိဳးပင္ ေနာက္ကလိုက္ၿပီး သံုး/ေလးေယာက္ခန္႔သည္လည္းလဲကုန္ၾကေတာ့သည္။
ဟယ့္ေက်ာင္းကေတာ့ ဘယ္လိုမွမေန ၊ သူ႔အားဆက္ၿပီးထိုးခိုင္းေနလွ်င္ေတာင္ အေတာ္ၾကာေအာင္လုပ္ႏိုင္ပါေသးသည္။ သို႔တိုင္ေဘးကလူေတြအကုန္ကထိုင္ခ်ကုန္ၾကၿပီျဖစ္ရာ ဆက္လုပ္ေနလည္း ေၾကာင္ေတာင္ေတာင္ႏိုင္လွသည္မို႔ ခဏအၾကာမွာေတာ့ ရွဲ႕ယြီႏွင့္အတူထိုင္သာခ်လိုက္ၾကေတာ့သည္။
ကာယဆရာမွာ ေျခလွမ္းတို႔အားရပ္လ်က္ေျပာလာေတာ့၏။
". . . . . . မင္းတို႔ဒီအဖြဲ႕က ေပ်ာ့လြန္းပါလားကြ ၊ ဒီဘာမဟုတ္တာေလးကို မင္းတို႔ကမရေတာ့ဘူး ၊ အားကစားပြဲမွာ အဆင့္ေကာင္းေကာင္းမရခ်င္ၾကဘူးလား? !"
ရွဲ႕ယြီသည္ နဂိုကေတာ့ကာယခ်ိန္ကိုလစ္ၿပီး အေဆာင္ျပန္စာၾကည့္မလို႔ရွိေပသည့္တိုင္ ေလာ္ဝိန္ခ်န္မွာ အားကစားပြဲအတြက္ျပင္ဆင္ဖို႔ရန္ တစ္ခန္းလံုးကိုဆြဲေခၚေတာ့သည္။
ဒိုက္ထိုးၾကရမည့္လက္ေရြးစင္(၈)ဦးမွာ ကြင္းေျမျပင္ထက္ထိုင္လ်က္ရွိၾက၏ ၊ ေဘးပတ္ပတ္လည္မွာေတာ့ ပထမႏွစ္ကဂ်ဴနီယာညီငယ္ညီမငယ္တို႔က သူ႔အတြဲနဲ႔သူၾကက္ေတာင္႐ိုက္ေနၾကသည္။
ၾကက္ေတာင္မွာ အားကစားကြင္းထဲပ်ံဝဲေနလ်က္ ျမင့္တက္သြားလိုက္ ျပဳတ္က်သြားလိုက္ျဖင့္။
"မင္းဘယ္ေလာက္လုပ္ႏိုင္လဲ?"
ဟယ့္ေက်ာင္းက ေမးလို႔လာသည္။
ရွဲ႕ယြီသည္ ေရွ႕ကၾကက္ေတာင္႐ိုက္ေနသည့္တစ္ေယာက္ ေရွ႕သို႔သံုး/ေလးလွမ္းမွ်တိုးသြားၿပီးေနာက္ ခုန္ကာၾကက္ေတာက္ကိုလွမ္း႐ိုက္ပံုအားၾကည့္ေနရင္းမွ ေျပာလိုက္၏။
"မသိဘူး ၊ ေရမထားဖူးဘူး။"
"ခဏေနၾက ၿပိဳင္ၾကည့္ၾကမလား?"
ကာယဆရာမွာ သူတို႔အားၿပိဳင္ဖို႔ရာအခြင့္အေရးမေပးေခ် ၊ သူသည္သူ႔မွာရွိသည့္ အစြမ္းအစကိုထုတ္ျပလာ၏ ၊ ဒီတိုေတာင္းလွသည့္အတန္းခ်ိန္တစ္ခ်ိန္တည္းမွာပဲ သူတို႔၏ဒိုက္ထိုးျခင္းအရည္အခ်င္းအား ဘယ္တုန္းကမွမၾကံဳစဖူးေလာက္မည့္ levelအထိကိုျမင့္တက္လာေအာင္လုပ္မည္ဟု ဆိုလာပါေတာ့သည္။
"လုပ္မယ္လုပ္မယ္လုပ္မယ္. ."
ဝမ့္သာကလက္ေထာင္လာ၏။
"နည္းျပ ၊ ကၽြန္ေတာ္သင္ခ်င္တယ္။"
ကာယဆရာမွာ ရယ္လိုက္ရင္းမွ ေလးေလးနက္နက္ေျပာလိုက္ပါသည္။
"ဒါဆို စလိုက္ၾကရေအာင္။"
ရွဲ႕ယြီသည္ တစ္စံုတစ္ရာမေကာင္းသည့္ ခံစားခ်က္မ်ိဳးရကာ စိတ္ထဲထင့္လို႔သြားခဲ့၏။
ေနာက္(၂)မိနစ္ခန္႔အၾကာမွာေတာ့ သူ႔၏စိတ္ထင့္ျခင္းမွာ အမွန္တကယ္ႀကီးကိုျဖစ္၍လာပါေတာ့သည္။
အားကစားကြင္းထဲက ၾကက္ေတာင္တို႔မွာပ်ံဝဲမေနၾကေတာ့ေခ် ၊ ေဘးပတ္ပတ္လည္ကေနၿပီး 'ဝိုး' ဟုဝိုင္းေအာ္ၾကသည့္အသံေတြသာထြက္လို႔လာပါေလ၏။
ကာယဆရာမွာ ေဘးနားေဆာင့္ေၾကာင့္ထိုင္လ်က္မွေျပာလာပါသည္။
"မဂဏန္းက်တဲ့ေက်ာင္းသားေတြက ပက္လက္လဲအိပ္ေနမယ္။ စံုဂဏန္းသမားေတြ စၾကေတာ့ ၊ ငါတစ္ခါေရရင္တစ္ခါလုပ္ ၊ (၅၀)ျပည့္ရင္နားမယ္။"
ရွဲ႕ယြီသည္ ဟယ့္ေက်ာင္း၏ေအာက္၌လဲလို႔ေနရရင္းမွ ရႈပ္ေထြးေနသည့္ခံစားခ်က္တို႔ျဖင့္ ေလးတြဲ႕တြဲ႕ရွိလွစြာ စကားတစ္လံုးအားဖ်စ္ထုတ္ေျပာခ်မိေတာ့သည္။
". . . . . . Fuck."
ဟယ့္ေက်ာင္း၏လက္ႏွစ္ဖက္မွာ ရွဲ႕ယြီပုခံုး၏ေဘးတစ္ဖက္တစ္ခ်က္စီ၌ ေထာက္လို႔ထားလ်က္ျဖင့္ လူတစ္ကိုယ္လံုးကလက္ေကာက္ဝတ္ကိုအားျပဳကာ ကိုယ္တစ္ပိုင္းကိုမတ္၍ေထာက္ကန္လို႔ထားသည္။ ရွဲ႕ယြီႏွင့္ကအကြာအေဝးေလးနည္းနည္းသာလွ်င္ကြာေဝးကာ သူသည္အဆက္မျပတ္အေနအထားကိုထိန္းလို႔ထားရရင္းမွ တကယ္လည္းဒီကစားနည္းကထူးဆန္းသည္ဟု ခံစားလာမိသည့္အခါ မေနႏိုင္ေတာ့ဘဲရယ္လ်က္ေျပာမိသည္။
"ဒါဘယ္သူတီထြင္လိုက္တာတုန္း ၊ ထူးခၽြန္ခ်က္ပဲ ၊ တကယ္ကို မၾကံဳစဖူးတဲ့level ျမင့္ျမင့္ပဲကြ။"
ဝမ့္သာတစ္ေယာက္မွာလည္း မ်က္ရည္ေလးမ်ားပင္က်ခ်င္လာရၿပီး သူ႔အေပၚကေဘာ္ဒါအားလွမ္းလို႔ေျပာလိုက္သည္။
"ႀကိဳးစားထား ၊ ဒါကိုသာေတာင့္မထားႏိုင္လို႔ကေတာ့ အဲ့ၾကျပႆနာႀကီးႀကီးတက္သြားႏိုင္တယ္ေနာ္။"
အေပၚကေဘာ္ဒါမွာလည္း အလြန္ပင္ေယာက္ယက္ခတ္လို႔ေနေလသည္။
"ငါ ငါ ငါအေကာင္းဆံုးႀကိဳးစားပါ့မယ္။"
သူတို႔တစ္ေတြ အေနအထားမွန္သြားၿပီဆိုပါမွ ကာယဆရာက ဝီစီအားပထမဆံုးအေနႏွင့္မႈတ္လိုက္ေတာ့၏။
"တစ္!"
ဟယ့္ေက်ာင္းသည္ ကိုယ္ကိုေအာက္သို႔နိမ့္လိုက္၏ ၊ နိမ့္ခ်မိေလ ရွဲ႕ယြီႏွင့္အကြာအေဝးကပိုလို႔နီးကပ္လာေလပင္ ၊ ႀကိဳးစားၿပီးထိန္းထားသည့္တိုင္ ခႏၶာကိုယ္မွာတစ္ဖက္လူကို ေရးေရးကေလးေတာ့သြားေရာက္ထိေတြ႕မိ၏ ၊ ပါးလႊာသည့္အဝတ္အစားတို႔သာလွ်င္ျခားေလရာ ကိုယ္အပူခ်ိန္မ်ားမွာဆို အဝတ္စကိုပင္ထိုးေဖာက္လ်က္ တစ္ဖက္လူ၏ကိုယ္ထက္သို႔ပင္သြားေရာက္ဟပ္ေနေတာ့သည္။ ႏွလံုးခုန္သံႏွင့္တကြ အသက္႐ွဴထုတ္ရာမွထြက္လာၾကသည့္ေလေငြ႕ေႏြးေႏြးတို႔သည္လည္း ေရာေႏွာေပါင္းစပ္မိကုန္ၾကေတာ့သည္။
ဟယ့္ေက်ာင္းသည္ ခုနတုန္းကေတာ့ ဒီထူးျခားလွပါသည့္ဒိုက္ထိုးျခင္းအေပၚ ရယ္ႏိုင္ေနေသးေပသည့္တိုင္ ယခုအခ်ိန္မွာေတာ့လံုးဝကိုမရယ္ႏိုင္ပါေတာ့ေခ်။
ႏွစ္ဦးသားမွာ မလႊဲမေရွာင္သာျဖင့္ တစ္ဖက္လူ၏မ်က္ႏွာကိုသာလွ်င္ၾကည့္လို႔ေနၾကရသည္ ၊ ထို႔အျပင္အနီးကပ္ဆြဲခ်ဲ႕ထားသလိုပင္ရွိေန၏ --- --- တစ္ဖက္လူ၏ မ်က္လံုး ၊ ႏွာတံ ၊ မ်က္ေတာင္တို႔အျပင္ မ်က္ႏွာထက္ကအမူအရာေသးေသးေလးတစ္ခုခ်င္းစီကအစကို ရွင္းလင္းျပတ္သားစြာျမင္ေတြ႕ေနရသည္။
တကယ္တမ္းၾက ရွဲ႕ယြီ၏မ်က္ဝန္းေအာက္ေျခေထာင့္နား၌ အလြန္အလြန္ေသးငယ္လွပါသည့္ မွဲ႕ေလးတစ္လံုးရွိေနခဲ့သည္ေပ။
ဟယ့္ေက်ာင္းသည္ ႐ုတ္တရက္ႀကီး အနည္းငယ္သည္းမခံႏိုင္ျဖစ္လာရ၏ ၊ မည္သူကအရင္ေတာင့္မထားႏိုင္ေတာ့ဘဲ ပစ္လဲက်မလဲ ၊ ထိုအခါၾကမွသာ ဒီရွည္လ်ားၾကာျမင့္လွပါသည့္ အၾကည့္ခ်င္းဆံုေနရမႈက အဆံုးသတ္သြားမည္ျဖစ္သည္။
သူသည္လက္ေခ်ာင္းတို႔အားလႈပ္ရွားလိုက္မိေလရာ လက္ဖဝါးျပင္၌ေခၽြးေတြပင္ထြက္လို႔ေနမွန္း သိရွိလိုက္ရေတာ့သည္။
____________
ဟုတ္ပါတယ္~ ရွဲ႕ယြီရဲ႕ဘယ္ဘက္မ်က္ဝန္းေအာက္နားေလးမွာ မွဲ႕ေလးပါပါတယ္ ၊ ငေပါေကာင္ဟယ့္ေက်ာင္းကအခုမွေတြ႕သြားတာ😁 ၊ manhuaဖတ္ေနတဲ့သူေတြကေတာ့ သတိထားမိမွာပါ. .
FACT - ရွဲ႕ယြီက နံနံပင္ ၊ ၾကက္သြန္နီ ၊ ၾကည္သြန္ျဖဴမစားဘူး ၊ အရမ္းခ်ိဳလြန္းတာေတြ ၊ ဆီအရမ္းမ်ားတာေတြ ၊ ညႇီလြန္းတာေတြလည္းမစားဘူး ၊ အစပ္မစားဘူး စသျဖင့္. . အနံ့အရမ္းျပင္းတဲ့သိုးသားဆိုလည္းမစားပါဘူးတဲ့ ၊ ဒါေတြကိုဟယ့္ေက်ာင္းတစ္ေယာက္တည္းကပဲမွတ္မိပါသတဲ့ကြယ္☹️💙
ဒါနဲ႔ေလ ဒီWZXZ manhuaကို fbမွာ trans ေပးေနတဲ့ pgတစ္ခုေတြ႕ထားပါတယ္ Dive into Danmei-verse ဆိုတဲ့pgမွာပါ အဲ့မွာသြားၿပီးဖတ္ရႈႏိုင္ပါတယ္ေနာ္. .
အားလံုးပဲ ဂ႐ုစိုက္ၾကပါ~
UNICODE
အခန်း(၃၈)
ဒိုက်ထိုးခြင်း
Drag Queenလုပ်မည့်ကိစ္စအား ကျော်မသွားကြဘဲရှိပုံရသည်။ လျှိုချွိင်ဟောက်တို့တစ်တွေမှာ လောင်ထန်သတိမထားမိချိန်ကိုအခွင့်ကောင်းယူပြီး ကြားအားလပ်ချိန်၌အများသုံးကွန်ပြူတာကိုသုံးပြီး ဂါဝန်ရှာဖွေကြတော့သည်။
"ဒီတစ်ထည်ဘယ်လိုနေလဲ ၊ ဇာပန်းထိုးကြိုးသိုင်းနဲ့ဆိုတော့ princessဆန်ဆန်ရှိတယ် ၊ ကြည်နူးဆွတ်ပျံ့ဖွယ်ချစ်အာရုံကြားက မြင့်မြတ်တဲ့ဂုဏ်သရေကိုပါပေါ်လွင်စေတာပေါ့။"
ဝမ့်သာ : "ဒီmaid ဝတ်စုံကိုပဲရွေးကြရအောင်ပါ့လား ၊ ဒါကောင်းတယ်ဒါကောင်းတယ် ၊ ကြည့်ရတာအတော်ကိုဆွဲဆောင်ဖြားယောင်းနိုင်စွမ်းရှိတယ်ကွ။"
အသက်ရှင်ချင်စိတ်ကိုမရှိတော့သည့် လော်ဝိန်ချန် : ". . . . . ."
"အပေါ်ကဟိုတစ်ထည် ၊ အပေါ်ကိုဆွဲ. ."
ရှဲ့ယွီနှင့်သတ်လို့ပြီးသွားသည့်နောက်မှာတော့ ဟယ့်ကျောင်းသည်ကိုယ်ကိုငုံ့ကိုင်းကာ လက်တစ်ဖက်တည်းဖြင့် ထိုင်ခုံကိုဆွဲမ၍ပြန်ထောင်လိုက်ပါပြီး ပွဲထဲဝင်ပါကာဆိုတော့သည်။
"အဲ့တစ်ထည်မဟုတ်ဘူး ၊ အပေါ်ထပ်ဆွဲဦး။"
"ဘယ်တစ်ထည်လဲ?"
လျှိုချွိင်ဟောက်သည် အတော်ကြာအောင်အပေါ်သို့ဆွဲကြည့်သည့်တိုင် လိုက်ဖက်မည်ကိုမတွေ့ဘဲရှိချေသည် ၊ ဆွဲရင်းဆွဲရင်းနှင့် နားမလည်ဖြစ်လာရရင်းမှ. .
"အစ်ကိုကျောင်း ၊ မင်းအမြင်မှားတာများလား?"
ထို့နောက်မှာတော့ ဟယ့်ကျောင်းသည်ဗြောင်ပင် တစ်ခန်းလုံး၏ရှေ့၌ မိမိ၏အဝတ်အစားဆင်ပေးသည့်အရည်အချင်းအားထုတ်ဖော်ပြသလို့လာပါတော့သည်။
"အပေါ်ကနေအောက်ကိုရေရင် တတိယမြောက်တစ်ခု ၊ အဲ့ဒါကောင်းတယ်။"
စခရင်ထက်တွင်တော့ အနီနဲ့အစိမ်းမလိုက်မဖက်ဖြင့် ခွေးချေးရောင်ပေါက်နေလေသည့် ဂါဝန်တစ်ထည် ၊ peonyပန်းထိုးတို့ဖြင့်ကိုယ်ကျပ်ဂါဝန်ရှည်တစ်ထည်ပင်။
"မင်းတို့က ဘာလိုငါ့ကိုအဲ့လိုကြည့်နေကြတာတုန်း?"
ဟယ့်ကျောင်းသည်နေရာတွင်ထိုင်လိုက်ရင်း projector ကိုကြည့်ကာ တဖန်ထုံကျောကိုပါကြည့်လိုက်ပြန်သည်။
"မင်းရောဘယ်လိုထင်လဲ ၊ အဲ့ဒီတစ်ထည်မကောင်းဘူးလား?"
လျှိုချွိင်ဟောက်တို့တစ်တွေခမျာ လုံးဝကို ဒီအန်ချင်စရာကောင်းလှသည့်ဂါဝန်ကြီးနှင့် ဟယ့်ကျောင်း၏စာနှင့်ပတ်သက်လျှင်လည်း လန့်စရာကောင်းလှအောင် အလှရသအပြည့်သဘောတွေ့မှုများကြောင့် ထိတ်လန့်ဆွံ့အလျက်ဖြင့် ပြောချင်သည့်စကားလုံးထောင်သောင်းတို့ပင် လည်ချောင်းဝ၌တစ်ဆို့ကာနေတော့သည်။
ရှဲ့ယွီကပြောလို့လာသည်။
"မင်းစိတ်ထဲမှာက ဘယ်လိုများထင်သတုန်း?"
ဟယ့်ကျောင်း : "ငါ့အထင်ကတော့ အဆင်ပြေသလားလို့ ၊ ဒါကဂိမ်းထဲမှာသာဆို သေချာပေါက်အမှတ်ပြည့်ကိုရမှာ။"
"ပိုက်ဆံနဲ့ဝယ်ကစားတဲ့ကောင်ကများ ပြောပိုင်ခွင့်ရှိမနေဘူး။"
"မင်းငါ့ကိုယုံလိုက်စမ်းပါ။"
"ပါးစပ်ပိတ်။"
"မင်း ဒီအရောင်အဆင်းကိုကြည့်စမ်း ၊ ရွှန်းစိုနေချက်က. . . . . ."
"ရွှန်းစိုတယ်?"
ရှဲ့ယွီသည် တစ်ချက်တည်းဖြင့် သွေးထွက်အောင်မှန်လှစွာ သရောပစ်လိုက်ပါသည်။
"ရင်ပြင်မှာသီချင်းဖွင့်ကကြတဲ့ အန်တီကြီးတွေရဲ့အကြိုက်တောင် မင်းထက်ဆိုးမှာမဟုတ်ဘူးကွ။"
ရှဲ့ယွီပြောအပြီးမှာတော့ ဝမ့်သာကတစ်ဖြောင်းဖြောင်းဖြင့်လက်ခုပ်တီးလာ၏။
"ပြောတာကောင်းတယ် ၊ လက်ရာမြောက်ချက်ဗျာ။"
လျှိုချွိင်ဟောက် : "အစ်ကိုယွီအတွက် လက်မထောင်တယ်။"
ဟယ့်ကျောင်း : ". . . . . ."
ဟယ့်ကျောင်းရဲ့ဗရွတ်ရွှတ်တလုပ်မှုများကြောင့် လော်ဝိန်ချန်၏စိတ်အခြေအနေမှလည်း ရိုလာကိုစတာစီးနေရသလို တက်လိုက်ကျလိုက်ဖြင့်ရှိရ၏ ၊ နှိုင်းယှဉ်လို့ကြည့်မည်ဆိုပါက သူသည် ရှေ့ကရိုဆန်လှသည့်Princessဝတ်စုံ နှင့် Maidဝတ်စုံတို့ကမှ ပိုပြီးလက်ခံဖို့ရာသိပ်မခက်ဟုရုတ်တရက်ခံစားလာရသည်။
ဤသို့ဖြင့် လော်ဝိန်ချန်သည်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပါပြီး နာနာကျင်ကျင်ဖြင့်ဆိုလိုက်ပါသည်။
"ဒါ ၊ ဒါဆို ခုနကဟာအရင်ပြတဲ့တစ်ထည်ကိုပဲရွေးလိုက်မယ်။"
"အစ်ကိုကျောင်း ၊ တော်တယ်!"
ဝမ့်သာမှာ အတွေးခေါင်သွားခြင်းသာ ၊ အသိပြန်ဝင်လာချိန်တွင်တော့ ဟယ့်ကျောင်းကတမင်တကာရုပ်အဆိုးဆုံးတစ်ထည်အားရွေးပြီး အားကစားကိုယ်စားလှယ်ကိုဆွပေးခြင်းဖြစ်မည်ဟု တွေးမိလိုက်ရာ ဟယ့်ကျောင်းထံလက်မထောင်ပြလိုက်ပါပြီး ရွှင်ပျစွာဖြင့်ပြောလိုက်တော့သည်။
"မင်းရဲ့လှည့်ကွက်တွေကတော့ အထင်ကြီးလောက်စရာပါပဲ။"
"ဒါပဲလေ ၊ လက်ခံလိုက်စမ်းပါ. ."
ဟယ့်ကျောင်းသည် ဇဝေဇဝါဖြစ်နေပေသည့်တိုင် လိုက်လျောညီထွေးရှိလှအောင်တော့ပြန်ပြောလိုက်နိုင်ပြီး ထို့နောက်တွင်မူရှဲ့ယွီနားအနားတိုးကပ်၍ တီးတိုးမေးလိုက်၏။
"သူကငါ့လာချီးကျူးပြီးဘာလုပ်တာလဲ?"
ရှဲ့ယွီသည် လက်ဆန့်၍သာ ထိုသူ၏ခေါင်းအားအဝေးသို့တွန်းဖယ်ပစ်လိုက်တော့သည် ၊ သူအခုစကားသိပ်ပြီးပြောချင်နေတာမဟုတ်။
နောက်ဆုံးချိန်အပြီးမှာတော့ အားလုံးမှာအစောကတည်းကစာအုပ်တွေသိမ်းလို့ထားကြပြီးဖြစ်ရာ အိမ်ပြန်ဖို့ရန်ပြင်ဆင်နေကြတော့သည်။ အသင်းကျကျောင်းသားသည်လည်း ကြိုတင်ပြီးကျောက်သင်ပုန်းအားဖျက်ပြီးနေပြီဖြစ်သည်။
အဆောင်နေကျောင်းသားများကတော့ ညစာဘာစားရမည်လဲကိုသာ ပိုလို့အလေးထားနေကြသည်။ ဟယ့်ကျောင်းသည်နောက်ဆုံးချိန်စတက်စဉ်ကတည်းက ခေါင်းငုံ့၍ဖုန်းကိုသာသုံးနေလေပြီး ကြားထဲလောင်ဝူသတိမထားမိချိန်အခွင့်ကောင်းယူလျက် တိတ်တိတ်လေးလစ်ထွက်ကာဖုန်းဆက်တော့သည်။
ကျင်းပန်စားသောက်ဆိုင်သည်ကား လက်တလော၌ကျောင်းသို့အရောက်ပို့ပေးသည့် ဝန်ဆောင်မှုလုပ်နေခြင်းဖြစ်ရာ ဖောက်သည်များထံမက်ဆေ့ချ်ပို့၍အကြောင်းကြားလေသည်။
ဟယ့်ကျောင်းသည် လှမ်းမှာပြီးနောက်မေးလိုက်၏။
"ဘယ်လာပို့မှာလဲ ဘယ်အပေါက်လဲ?"
ရှိန်ကျယ်သည်တစ်ကိုယ်လုံး စီးကရက်နံ့တစ်လှိုင်လှိုင်ဖြင့် ချောင်းဆိုးနေရင်းမှသန့်စင်ခန်းတွင်းမှထွက်လို့လာသည်။ သူသည်ဆေးလိပ်နံ့တွေပျောက်သွားစေရန် ကိုယ်ထက်လေသန့်ဆေးအားဖျန်းရန်ပြင်နေရင်းမှ ခေါင်းတစ်ချက်အလှည့်၌ လက်တစ်ဖက်ကဘောင်းဘီအိတ်ကပ်ထဲထည့်လို့ လှေကားကွေ့ထောင့်နား၌နံရံကိုကျောမှီပြီး ရပ်နေလေသည့် သူ၏အစ်ကိုကျောင်းအားလှမ်းတွေ့လိုက်ရသည်။
"အစ်ကိုကျောင်း ၊ ဘာလုပ်နေတာလဲ?"
ရှိန်ကျယ်သည် ကိုယ်ထက်ဖျန်းရင်းမှ လျှောက်လို့သွားလိုက်၏။
ဟယ့်ကျောင်းသည် တစ်ချက်သာလှည့်ကြည့်လိုက်ပြီး ခွန်းတုံ့မပြန်ပါဘဲ ခဏမျှစဉ်းစားပြီးနောက် ဖုန်းထဲသို့'ငါးတစ်ပွဲယူဦးမယ်' ဟုလှမ်းပြောလိုက်ပါပြီး သူသည်ပြောပြီးနောက် ဖုန်းနဲ့နည်းနည်းခွာလိုက်ပြီးမှသာ ရှိန်ကျယ်ကိုကြည့်လို့လာတော့သည်။
"ကျင်းပန်မှာ မင်းအရင်တစ်ခေါက်တုန်းက မှာထားတဲ့ငါးဟင်းနာမည်ကဘာလဲ?"
ရှိန်ကျယ် : "ဟမ်? ဘာငါးလဲ ၊ အောက်ပြုတ်ကျသွားတဲ့တစ်ပွဲလား? ကကတစ်ငါးပေါင်းလေ ၊ ဘာဖြစ်လို့လဲ?"
"ဘာမှမဖြစ်ဘူး. ."
ဟယ့်ကျောင်းသည် ဟင်းနာမည်အားပြောလို့မှာလိုက်ပြီးကာမှ ပြောလို့လာသည်။
"ကလေးလေးကကြိုက်လို့။"
ရှိန်ကျယ်မှာ လက်ပင်တစ်ချက်မျှတုန်ယင်လို့သွားသည်။
". . . . . . ငိုးမ။"
ကျောင်းဆင်းခေါင်းလောင်းထိုးလာချိန်တွင် Deliသမားရဲ့ဖုန်းကလည်း အချိန်ကိုက်ပင်ဝင်လို့လာသည်။
ဟယ့်ကျောင်းသည် အောက်ထပ်ဆင်းကာသွားရောက်ယူလိုက်၏ ၊ စာသင်ခန်းထဲ၌လူလည်းသိပ်ပြီးမကျန်တော့ချေ ၊ အဆောင်နေသူများက ကန်တင်း၌ထမင်းသွားစားနေကြပြီဖြစ်ပြီး အသင်းကျကျောင်းသားသာလျှင် တံမြက်စည်းလှည်းသန့်ရှင်းရေးလုပ်ဖို့ကျန်နေခဲ့လေသည်။
အတန်းထဲအတော်လေးကို တိတ်ဆိတ်လို့သွားတော့၏။
ရှဲ့ယွီသည် အလွန်ပျင်းရိငြီးငွေ့စွာဖြင့်ထိုင်နေမိသည်။ ဟယ့်ကျောင်းတစ်ယောက် ဘာဖြစ်သည်မသိပါ ၊ ကျောင်းဆင်းခါနီး၌ သူ့အားထိုကဲ့သို့ပြောလာ၏ "မင်းဒီမှာပဲနေနော် ၊ ဘယ်ကိုမှမသွားနဲ့" ၊ စကားမဆုံးသေးခင် ရှဲ့ယွီထံမှတစ်ချက်တော့ပိတ်ကန်ခံလိုက်ရ၏။
နောက်ဆုံးအချိန်ကသင်္ချာချိန်ဖြစ်ကာ ဝူကျိန့်သည် နာမည်ကြီးကျောင်းရဲ့လပတ်စားမေးပွဲတုန်းကပါလာသည့် ပုစ္ဆာပုံစံအသစ်အကြောင်းပြောလို့သွားသည် ၊ သို့တိုင်အသေးစိတ်ရှင်းပြခြင်းတော့မဟုတ်။
ရှဲ့ယွီသည် အားယားပြီးပျင်းလွန်းနေခြင်းကြောင့် ဖုန်းထဲက Memoထဲ၌ဖြေရှင်းနည်းတွေချလို့ရေးနေလိုက်ပြီးနောက် စာရွက်တစ်ရွက်အားဆွဲထုတ်ကာ အကြမ်းခြစ်ဖို့ပြင်လိုက်သည်။
သူ့၌ဘောပင်တစ်ချောင်းသာလျှင်ရှိ၏ --- --- လပတ်စာမေးပွဲအခါသမယကိုဖြတ်ကျော်ပြီးနောက် စာညံ့သူများစုဝေးရာနေရာ၌သူတွေ့ရှိခဲ့ရသည်မှာ အခြေခံအားဖြင့်အားလုံး၌ စာရေးကိရိယာအပြည့်အစုံမရှိကြခြင်းဆိုတာပင် ၊ ခဲဖျက်မရှိရင်မရှိ ဒါမှမဟုတ် 2Bခဲတံမရှိတာတို့ အပြင်ကို ဖြေဆိုရာတွင်သုံးရမည့် မင်စိုဘောပင်ပင်မပါလာတာမျိုးရှိလေသည်။
တစ်ဖွဲ့လုံးမျှ၍သုံးကြပြီး မင်းငါ့ကိုကယ် ၊ ငါမင်းကိုကယ်မယ်ဖြင့် အဖြေလွှာ၌ခဲစားဖောင်တိန်သုံးပြီးဖြေတဲ့သူတွေပင်အများကြီးရှိသည်။
ရှဲ့ယွီ၏ထိုတစ်ချောင်းတည်းသော ဘောပင်မှာမတော်တဆအောက်သို့သုံး/လေးခါ ပြုတ်ကျပြီးနောက် ရေးရင်းရေးရင်းမင်ထွက်မလာတော့ ၊ သူသည်လွှင့်သာပစ်လိုက်ပြီး သုံးဖို့ရာအတွက် ဟယ့်ကျောင်းစားပွဲထက်ဘောပင်သွားလို့ရှာလိုက်သည်။
ကျောင်းတက်နေချိန် ဂိမ်းဆော့ဖို့ရန်အကာအကွယ်ရလေအောင် ဟယ့်ကျောင်းစားပွဲကရှုပ်ပွလို့နေပြီး ဘာသာစုံပင်စာအုပ်တွေအထပ်လိုက်တင်လို့ထားရှိသည်။
ရှဲ့ယွီသည်လှန်လှောရှာသည့်တိုင် ဘောပင်ကိုဖြင့်ရှာမတွေ့ရဘဲ သင်္ချာစာအုပ်ထဲကနေ ထူးဆန်းသည့်စာရွက်တစ်ရွက်ကိုသာလျှင် ရှာလို့တွေ့သွားခဲ့သည်။ ဟိတ်ဟန်အပြည့်လက်ရေးဆက်တွေနဲ့ ဘာတွေဘယ်လိုရေးထားသည်မသိရ ၊ ကြည့်ရသည်မှာဖြေရှင်းနည်းလိုမျိုးတော့ အနည်းငယ်တူသည့်တိုင် သူသည်သေချာကြည့်ချိန်မရလိုက်ပါ ၊ ဟယ့်ကျောင်းမှာ အိတ်ကြီးတစ်အိတ်အားဆွဲ၍ အတန်းထဲဝင်ရောက်လာတော့သည်။
"တစ်ချက်လောက်သိမ်းပေးပါဦး ၊ စားပွဲပေါ်ကစာအုပ်တွေအကုန်ဖယ် ၊ ညစာအတွက်ချစရာနေရာမရှိတော့ဘူး။"
ရှဲ့ယွီသည် စာရွက်အားပြန်၍သာညှပ်ထားလိုက်တော့သည်။
ဟင်းလေး/ငါးပွဲခန့်လောက်ပါရှိကာ တစ်ပွဲစီအားတစ်ခါသုံးဘူးများဖြင့်ထည့်လို့ထားပြီး ထမင်းနှစ်ဘူးလည်းပါသေးသည်။
ရှဲ့ယွီသည် ထိုငါးဟင်းအားကြည့်မိသည့်အခါ အလွန်ရင်းနှီးနေသလိုလည်းခံစားမိရ၏။
ဟယ့်ကျောင်းသည် တူကိုဆွဲခွာလိုက်ပြီးနောက် ကကတစ်ငါးထက်က ကြက်သွန်နီဖက်များအားရွေးလို့ဖယ်ပစ်လိုက်ပြီး ထိုငါးဟင်းခွက်အားထုံကျောဘက်သို့တွန်းပို့ပေးလိုက်ပါသည်။
"အာ ၊ နံရံကျော်ပြီးယူထားရတာလေ ၊ ပြောတော့ကြကျောင်းအရောက်ပို့တဲ့ ၊ စောက်နံရံကြီးခြားထားပြီးကို ကျောင်းအရောက်ပို့တာလားပဲ။"
ရှဲ့ယွီသည် ကိုယ်တိုင်မှာအစားရွေးချေးများလှသူမှန်းသိပါ၏ ၊ မဒမ်ကုဆိုလျှင် ဟင်းချက်လေတိုင်းသတိထားပြီးကိုချက်ရလေသည် ၊ ဒါနဲ့ ဟယ့်ကျောင်းဒီတစ်ခေါက်မှာတာတွေက သူမကြိုက်တာတွေကိုဖယ်ပြီး သူ့အကြိုက်တွေကိုပဲမှာထားခြင်းပင်။
အရင်တစ်ခေါက်က သူ့အားဘာအစားတွေရှောင်သလဲဟု ဟယ့်ကျောင်းမေးလာဖူးသည်အား ရေးရေးမျှသတိရမိလာ၏။ မဟုတ်မှ အဲ့ငပေါကောင်က တစ်လျှောက်လုံးပဲမှတ်ထားတာများလား?
"စားလေ ၊ ဘာလုပ်နေတာလဲ. ."
ဟယ့်ကျောင်းက ပြောလာသည်။
"ငါ့ခွံ့အကျွေးစောင့်နေတာလား? မရတာတော့မဟုတ်ဘူးနော် ၊ မင်းငါ့ကို အစ်ကိုလို့သာတစ်ချက်ခေါ်လိုက် ၊ ငါဆိုတဲ့ဒီလူက ကောင်းကောင်းပြောရင်ရပါတယ်။"
ရှဲ့ယွီသည် တူအားကောက်ယူပြီး ဆွဲခွာဖို့လုပ်ရင်းမှဆိုလိုက်၏။
"မင်းကသေချင်နေတာလား?"
ဝမ့်သာတစ်ယောက်ထမင်းစားပြီးနောက်မှာတော့ milk teaဘူးအားကိုင်လျက် သီချင်းဟစ်ရင်းကော်ရစ်တာထက်လျှောက်လို့လာသည်။ တံခါးပေါက်ဝရောက်ချိန်မှာတော့ အနံ့ရလိုက်သည်ကြောင့် ဝင်ကာကြည့်မိ၏။
"မင်းတို့နှစ်ယောက်က လွန်လွန်းလိုက်တာ ၊ ဒီနေ့ကန်တင်းကဟင်းတွေဆိုတာ ပေါ့ရွှတ်နေတာပဲ ၊ ပြီးတော့နေ့လည်ကကျန်တဲ့ထမင်းအေးအေးကြီးတွေ. . . . . . မင်းတို့ကတော့စိုပြေနေလိုက်တာများ။"
ဟယ့်ကျောင်းသည် နောက်ဆုံးကျန်သည့်ထမင်းနှစ်လုတ်အားသွတ်ရင်း ပြောလိုက်သည်။
"မင်းလည်း အတော်လေးစိုပြေနေတာပဲမဟုတ်ဘူးလား ၊ milk teaကဘယ်ကဝယ်တာလဲ ၊ သောက်ကောင်းလား?"
"အပေါက်ဝနားက Fudanဆိုတဲ့ဆိုင်က milk teaလေ. ."
ဝမ့်သာကဆိုသည်။
"မဆိုးပါဘူး ၊ bubble teaကိုမှ bubbleတွေမတွေ့ရတာမျိုးပေါ့။"
ရှဲ့ယွီသည် မေးလိုက်၏။
"အဲ့ဒါကို မင်းကဝယ်သေးတယ်။"
ဝမ့်သာ : "အမှန်အတိုင်းဆိုရရင်တော့ ၊ Fudan ကငါ့ရဲ့အိပ်မက်လေ။"
(Fudan = Fudan University in Shanghai)
". . . . . ."
အားလုံး၏စိတ်မှာ ဒီတစ်ပတ်လုံးလုံး အားကစားပြိုင်ပွဲထံ၌သာလျှင်ရှိနေလေသည်။
တစ်တန်းလုံးဆင်တူဝတ်မည့်အင်္ကျီအား ရွှီချင်ချင်ကရွေးချယ်ပြီး sweatshirtအမျိုးအစားအားရွေးလိုက်လေသည်။ အတော်လေးအသုံးလည်းဝင်သလို သာမန်အချိန်များတွင်လည်းဆက်ပြီးဝတ်လို့ရ၏။ လော်ဝိန်ချန်သည်ကား ကျက်သရေတင့်တယ်ကာ မြင့်မြတ်လှသည့်Princessဝတ်စုံကိုဝတ်ဆင်လို့ထားပြီး ကွင်းထဲဆင်းရတော့မည့်အချိန်၌ လက်ကိုင်ပိုစတာအားဆွဲမြှောက်ကာ အရှေ့ဆုံးသို့လျှောက်လို့သွားတော့သည်။
ကာယဆရာမှာဆို အားလုံးအားလွတ်လွတ်လပ်လပ်လေ့ကျင့်ချိန်ပေးလို့ထားသည့်အပြင် တာဝန်ယူညွှန်ပြပေးခြင်းမျိုးလည်းလုပ်ပေးပါသည်။
"ဘယ်သူတွေ ဒိုက်ထိုးဖို့စာရင်းပေးထားကြလဲ?"
သံလုံးပစ်မည့်လက်ရွေးစင်အား ညွှန်ပြလို့အပြီးမှာတော့ လောင်ရွှိုက်သည်ဝီစီကိုမှုတ်ရင်းလျှောက်လို့လာသည်။
"ဒိုက်ထိုးမှာဘယ်သူတွေလဲ? (၈)ယောက်စာရင်းပေးထားတယ်မလား ၊ အားလုံးဘဲထွက်လာပြီး မင်းတို့ရဲ့လုပ်နိုင်စွမ်းကိုပြသကြစမ်း။"
ဟယ့်ကျောင်း ရှဲ့ယွီနှင့်ပါဝင်ကြသူများထွက်လို့လာကြ၏။
"မင်းအကြိမ်အရေအတွက်ဘယ်လောက်လုပ်နိုင်လဲဆိုတာကိုတွက်မှာမဟုတ်ဘူးနော် ၊ ဒိုင်သူကြီးက မင်းရဲ့လုပ်ဆောင်ချက် စံချိန်မီမမီဆိုတာကိုကြည့်မှာ ၊ မနှစ်ကအားကစားပွဲမှာတုန်းကဆို ၊ ပီ --- --- ဟိုပထမလက်ရွေးစင်ဆို လုပ်တာတော်တော်လေး အားပါပြီး ဘယ်သူ့ထက်မဆိုကိုမြန်တာမှလေ ၊ နိမ့်ချည်မြင့်ချည်နဲ့ တော်တော်မြန်တယ်ပြောရမယ် ၊ ဒါပေမယ့် ရလဒ်ကကြတော့. . . ငါမင်းတို့ကိုပြောမယ်နော် ၊ အနှေးဆုံးတစ်ယောက်ကနိုင်သွားပါလေရော။"
ကာယဆရာမှာ သူတို့အားဒိုက်ထိုးခိုင်းထားပြီးနောက် အစအဆုံးပြောကြားလို့နေသည်မှာ စရေလို့ရပြီဟုပင်မပြောရသေး ကျောင်းသားတစ်ယောက်မှာ မတောင့်ထားနိုင်တော့ဘဲလဲကျသွားတော့၏။
တစ်ယောက်လဲကျသွားသည်နှင့် Dominoအချပ်လေးတွေလိုမျိုးပင် နောက်ကလိုက်ပြီး သုံး/လေးယောက်ခန့်သည်လည်းလဲကုန်ကြတော့သည်။
ဟယ့်ကျောင်းကတော့ ဘယ်လိုမှမနေ ၊ သူ့အားဆက်ပြီးထိုးခိုင်းနေလျှင်တောင် အတော်ကြာအောင်လုပ်နိုင်ပါသေးသည်။ သို့တိုင်ဘေးကလူတွေအကုန်ကထိုင်ချကုန်ကြပြီဖြစ်ရာ ဆက်လုပ်နေလည်း ကြောင်တောင်တောင်နိုင်လှသည်မို့ ခဏအကြာမှာတော့ ရှဲ့ယွီနှင့်အတူထိုင်သာချလိုက်ကြတော့သည်။
ကာယဆရာမှာ ခြေလှမ်းတို့အားရပ်လျက်ပြောလာတော့၏။
". . . . . . မင်းတို့ဒီအဖွဲ့က ပျော့လွန်းပါလားကွ ၊ ဒီဘာမဟုတ်တာလေးကို မင်းတို့ကမရတော့ဘူး ၊ အားကစားပွဲမှာ အဆင့်ကောင်းကောင်းမရချင်ကြဘူးလား? !"
ရှဲ့ယွီသည် နဂိုကတော့ကာယချိန်ကိုလစ်ပြီး အဆောင်ပြန်စာကြည့်မလို့ရှိပေသည့်တိုင် လော်ဝိန်ချန်မှာ အားကစားပွဲအတွက်ပြင်ဆင်ဖို့ရန် တစ်ခန်းလုံးကိုဆွဲခေါ်တော့သည်။
ဒိုက်ထိုးကြရမည့်လက်ရွေးစင်(၈)ဦးမှာ ကွင်းမြေပြင်ထက်ထိုင်လျက်ရှိကြ၏ ၊ ဘေးပတ်ပတ်လည်မှာတော့ ပထမနှစ်ကဂျူနီယာညီငယ်ညီမငယ်တို့က သူ့အတွဲနဲ့သူကြက်တောင်ရိုက်နေကြသည်။
ကြက်တောင်မှာ အားကစားကွင်းထဲပျံဝဲနေလျက် မြင့်တက်သွားလိုက် ပြုတ်ကျသွားလိုက်ဖြင့်။
"မင်းဘယ်လောက်လုပ်နိုင်လဲ?"
ဟယ့်ကျောင်းက မေးလို့လာသည်။
ရှဲ့ယွီသည် ရှေ့ကကြက်တောင်ရိုက်နေသည့်တစ်ယောက် ရှေ့သို့သုံး/လေးလှမ်းမျှတိုးသွားပြီးနောက် ခုန်ကာကြက်တောက်ကိုလှမ်းရိုက်ပုံအားကြည့်နေရင်းမှ ပြောလိုက်၏။
"မသိဘူး ၊ ရေမထားဖူးဘူး။"
"ခဏနေကြ ပြိုင်ကြည့်ကြမလား?"
ကာယဆရာမှာ သူတို့အားပြိုင်ဖို့ရာအခွင့်အရေးမပေးချေ ၊ သူသည်သူ့မှာရှိသည့် အစွမ်းအစကိုထုတ်ပြလာ၏ ၊ ဒီတိုတောင်းလှသည့်အတန်းချိန်တစ်ချိန်တည်းမှာပဲ သူတို့၏ဒိုက်ထိုးခြင်းအရည်အချင်းအား ဘယ်တုန်းကမှမကြုံစဖူးလောက်မည့် levelအထိကိုမြင့်တက်လာအောင်လုပ်မည်ဟု ဆိုလာပါတော့သည်။
"လုပ်မယ်လုပ်မယ်လုပ်မယ်. ."
ဝမ့်သာကလက်ထောင်လာ၏။
"နည်းပြ ၊ ကျွန်တော်သင်ချင်တယ်။"
ကာယဆရာမှာ ရယ်လိုက်ရင်းမှ လေးလေးနက်နက်ပြောလိုက်ပါသည်။
"ဒါဆို စလိုက်ကြရအောင်။"
ရှဲ့ယွီသည် တစ်စုံတစ်ရာမကောင်းသည့် ခံစားချက်မျိုးရကာ စိတ်ထဲထင့်လို့သွားခဲ့၏။
နောက်(၂)မိနစ်ခန့်အကြာမှာတော့ သူ့၏စိတ်ထင့်ခြင်းမှာ အမှန်တကယ်ကြီးကိုဖြစ်၍လာပါတော့သည်။
အားကစားကွင်းထဲက ကြက်တောင်တို့မှာပျံဝဲမနေကြတော့ချေ ၊ ဘေးပတ်ပတ်လည်ကနေပြီး 'ဝိုး' ဟုဝိုင်းအော်ကြသည့်အသံတွေသာထွက်လို့လာပါလေ၏။
ကာယဆရာမှာ ဘေးနားဆောင့်ကြောင့်ထိုင်လျက်မှပြောလာပါသည်။
"မဂဏန်းကျတဲ့ကျောင်းသားတွေက ပက်လက်လဲအိပ်နေမယ်။ စုံဂဏန်းသမားတွေ စကြတော့ ၊ ငါတစ်ခါရေရင်တစ်ခါလုပ် ၊ (၅၀)ပြည့်ရင်နားမယ်။"
ရှဲ့ယွီသည် ဟယ့်ကျောင်း၏အောက်၌လဲလို့နေရရင်းမှ ရှုပ်ထွေးနေသည့်ခံစားချက်တို့ဖြင့် လေးတွဲ့တွဲ့ရှိလှစွာ စကားတစ်လုံးအားဖျစ်ထုတ်ပြောချမိတော့သည်။
". . . . . . Fuck."
ဟယ့်ကျောင်း၏လက်နှစ်ဖက်မှာ ရှဲ့ယွီပုခုံး၏ဘေးတစ်ဖက်တစ်ချက်စီ၌ ထောက်လို့ထားလျက်ဖြင့် လူတစ်ကိုယ်လုံးကလက်ကောက်ဝတ်ကိုအားပြုကာ ကိုယ်တစ်ပိုင်းကိုမတ်၍ထောက်ကန်လို့ထားသည်။ ရှဲ့ယွီနှင့်ကအကွာအဝေးလေးနည်းနည်းသာလျှင်ကွာဝေးကာ သူသည်အဆက်မပြတ်အနေအထားကိုထိန်းလို့ထားရရင်းမှ တကယ်လည်းဒီကစားနည်းကထူးဆန်းသည်ဟု ခံစားလာမိသည့်အခါ မနေနိုင်တော့ဘဲရယ်လျက်ပြောမိသည်။
"ဒါဘယ်သူတီထွင်လိုက်တာတုန်း ၊ ထူးချွန်ချက်ပဲ ၊ တကယ်ကို မကြုံစဖူးတဲ့level မြင့်မြင့်ပဲကွ။"
ဝမ့်သာတစ်ယောက်မှာလည်း မျက်ရည်လေးများပင်ကျချင်လာရပြီး သူ့အပေါ်ကဘော်ဒါအားလှမ်းလို့ပြောလိုက်သည်။
"ကြိုးစားထား ၊ ဒါကိုသာတောင့်မထားနိုင်လို့ကတော့ အဲ့ကြပြဿနာကြီးကြီးတက်သွားနိုင်တယ်နော်။"
အပေါ်ကဘော်ဒါမှာလည်း အလွန်ပင်ယောက်ယက်ခတ်လို့နေလေသည်။
"ငါ ငါ ငါအကောင်းဆုံးကြိုးစားပါ့မယ်။"
သူတို့တစ်တွေ အနေအထားမှန်သွားပြီဆိုပါမှ ကာယဆရာက ဝီစီအားပထမဆုံးအနေနှင့်မှုတ်လိုက်တော့၏။
"တစ်!"
ဟယ့်ကျောင်းသည် ကိုယ်ကိုအောက်သို့နိမ့်လိုက်၏ ၊ နိမ့်ချမိလေ ရှဲ့ယွီနှင့်အကွာအဝေးကပိုလို့နီးကပ်လာလေပင် ၊ ကြိုးစားပြီးထိန်းထားသည့်တိုင် ခန္ဓာကိုယ်မှာတစ်ဖက်လူကို ရေးရေးကလေးတော့သွားရောက်ထိတွေ့မိ၏ ၊ ပါးလွှာသည့်အဝတ်အစားတို့သာလျှင်ခြားလေရာ ကိုယ်အပူချိန်များမှာဆို အဝတ်စကိုပင်ထိုးဖောက်လျက် တစ်ဖက်လူ၏ကိုယ်ထက်သို့ပင်သွားရောက်ဟပ်နေတော့သည်။ နှလုံးခုန်သံနှင့်တကွ အသက်ရှူထုတ်ရာမှထွက်လာကြသည့်လေငွေ့နွေးနွေးတို့သည်လည်း ရောနှောပေါင်းစပ်မိကုန်ကြတော့သည်။
ဟယ့်ကျောင်းသည် ခုနတုန်းကတော့ ဒီထူးခြားလှပါသည့်ဒိုက်ထိုးခြင်းအပေါ် ရယ်နိုင်နေသေးပေသည့်တိုင် ယခုအချိန်မှာတော့လုံးဝကိုမရယ်နိုင်ပါတော့ချေ။
နှစ်ဦးသားမှာ မလွှဲမရှောင်သာဖြင့် တစ်ဖက်လူ၏မျက်နှာကိုသာလျှင်ကြည့်လို့နေကြရသည် ၊ ထို့အပြင်အနီးကပ်ဆွဲချဲ့ထားသလိုပင်ရှိနေ၏ --- --- တစ်ဖက်လူ၏ မျက်လုံး ၊ နှာတံ ၊ မျက်တောင်တို့အပြင် မျက်နှာထက်ကအမူအရာသေးသေးလေးတစ်ခုချင်းစီကအစကို ရှင်းလင်းပြတ်သားစွာမြင်တွေ့နေရသည်။
တကယ်တမ်းကြ ရှဲ့ယွီ၏မျက်ဝန်းအောက်ခြေထောင့်နား၌ အလွန်အလွန်သေးငယ်လှပါသည့် မှဲ့လေးတစ်လုံးရှိနေခဲ့သည်ပေ။
ဟယ့်ကျောင်းသည် ရုတ်တရက်ကြီး အနည်းငယ်သည်းမခံနိုင်ဖြစ်လာရ၏ ၊ မည်သူကအရင်တောင့်မထားနိုင်တော့ဘဲ ပစ်လဲကျမလဲ ၊ ထိုအခါကြမှသာ ဒီရှည်လျားကြာမြင့်လှပါသည့် အကြည့်ချင်းဆုံနေရမှုက အဆုံးသတ်သွားမည်ဖြစ်သည်။
သူသည်လက်ချောင်းတို့အားလှုပ်ရှားလိုက်မိလေရာ လက်ဖဝါးပြင်၌ချွေးတွေပင်ထွက်လို့နေမှန်း သိရှိလိုက်ရတော့သည်။
____________
ဟုတ်ပါတယ်~ ရှဲ့ယွီရဲ့ဘယ်ဘက်မျက်ဝန်းအောက်နားလေးမှာ မှဲ့လေးပါပါတယ် ၊ ငပေါကောင်ဟယ့်ကျောင်းကအခုမှတွေ့သွားတာ😁 ၊ manhuaဖတ်နေတဲ့သူတွေကတော့ သတိထားမိမှာပါ. .
FACT - ရှဲ့ယွီက နံနံပင် ၊ ကြက်သွန်နီ ၊ ကြည်သွန်ဖြူမစားဘူး ၊ အရမ်းချိုလွန်းတာတွေ ၊ ဆီအရမ်းများတာတွေ ၊ ညှီလွန်းတာတွေလည်းမစားဘူး ၊ အစပ်မစားဘူး စသဖြင့်. . အနံ့အရမ်းပြင်းတဲ့သိုးသားဆိုလည်းမစားပါဘူးတဲ့ ၊ ဒါတွေကိုဟယ့်ကျောင်းတစ်ယောက်တည်းကပဲမှတ်မိပါသတဲ့ကွယ်☹️💙
ဒါနဲ့လေ ဒီWZXZ manhuaကို fbမှာ trans ပေးနေတဲ့ pgတစ်ခုတွေ့ထားပါတယ် Dive into Danmei-verse ဆိုတဲ့pgမှာပါ အဲ့မှာသွားပြီးဖတ်ရှုနိုင်ပါတယ်နော်. .
အားလုံးပဲ ဂရုစိုက်ကြပါ~