ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.4M 235K 22.4K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၂)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အခန်း(၃၅)

9.5K 1.8K 62
By Meng_L

伪装学渣
Wei Zhuang Xue Zha



ZAWGYI



အိမ္စာအစားေရးေပးၿပီး နားလည္မႈယူၾကမယ္


ရွဲ႕ယြီသည္ သူ႔ထံရွိစိတ္ရႈပ္ခံျပင္းေနျခင္း ၊ သည္းမခံႏိုင္ျခင္းတို႔ျဖည္းျဖည္းခ်င္းေလွ်ာ့ပါးလို႔သြားပါေၾကာင္း ကိုယ္တိုင္မူသတိမထားမိခဲ့ေခ်။

သူသည္ စာရြက္ေလးအားျပန္လို႔ေခါက္လိုက္ပါၿပီး အမႈိက္ပံုးေဘးနားႏွစ္စကၠန္႔မွ်ေတြေဝေနခဲ့ၿပီးေနာက္တြင္မူ မပစ္ျဖစ္လိုက္ေတာ့။

ဟယ့္ေက်ာင္းထံတြင္ တစ္စံုတစ္ရာေသာထူးျခားခ်က္တို႔ရွိေလ၏။

သူ႔၏ ဘာကိုမွေလးေလးနက္နက္မရွိ ၊ ဂ႐ုမစိုက္တဲ့ပံုစံကိုယ္ကကို သူ႔အားအျပည့္အဝပင္ေၾကာ့ရွင္းလွသည့္ဟန္ပန္ထင္ဟပ္ေစသည္။






အမွတ္ေတြအဆင့္ေတြနည္းခ်က္က ၾကည့္တဲ့သူေသြးဆူေဒါသထြက္လာေစေလာက္မည္ ၊ ဘာသာရပ္ဆရာတိုင္း အနည္းငယ္ေလးအေျဖလႊာအားၾကည့္မိသည္ႏွင့္ အၿမဲငိုရမလိုလိုရယ္ရမလိုလိုပင္ျဖစ္ကာ ေခါင္းကိုက္လာရစၿမဲ။ သို႔ေသာ္ျငား ရံဖန္ရံခါအတန္းၿပီးခ်ိန္တို႔၌ ဝူက်ိန္႔(သခ်ၤာဆရာ)သည္ ဟယ့္ေက်ာင္းအားေဘာလံုးကန္ဖို႔လာရွာတတ္သည္။

"ေကာင္ေလး ၊ သခၤ်ာခ်ိန္တုန္းကမင္းဘာလဲေျပာထားတာေလ ၊ ေန႔လည္ၾကကြင္းကိုလာခဲ့ ၊ ငါမင္းကိုသင္ခန္းစာေပးေပးမယ္။"

ထိုကိစၥမွာ ရွဲ႕ယြီႏွင့္လံုးလံုးေသာ္မွ်မသက္ဆိုင္ ၊ သို႔ေပသည့္ အဘယ့္ေၾကာင့္မွန္းမူမသိပါ ဟယ့္ေက်ာင္းတစ္ေယာက္နာမည္ေခၚအဆူခံရေလတိုင္းတြင္ သူပါေရာေႏွာပါတတ္ၿမဲျဖစ္သည္။

ဝူက်ိန္႔သည္ ရွဲ႕ယြီကိုပါလက္ညႇိုးထိုးလို႔လာ၏။

"ဟိုေကာင္ေလး မင္းေရာလာခဲ့။"

ဤသို႔ျဖင့္ ေန႔လည္စာစားၿပီးေနာက္၌ ကြင္းစီသို႔ဟယ့္ေက်ာင္းရဲ႕ဆြဲေခၚျခင္းအားခံရေတာ့သည္။ ထို႔အျပင္ ဝမ့္သာ ၊ ေလာ္ဝိန္ခ်န္တို႔ကပါအားျဖည့္ပါဝင္လို႔လာၾကသည္။

ဝူက်ိန္႔ဘက္တြင္ေတာ့ အဖြဲ႕ကေတာင့္၏ ၊ ေလာင္ထန္ကလြဲၿပီး ကပ္ရပ္ခန္းကသမိုင္းဆရာအျပင္ကို ဌာနမွဴးက်န္းေတာင္ပါေသးေလသည္။

ဝူက်ိန္႔၏ေျမျဖဴခဲပစ္ေပါက္သည့္အရည္အခ်င္းကေတာ့တိက်ေကာင္းမြန္လွေပမယ့္ ေဘာလံုးကန္တာမွာေတာ့ သိပ္ၿပီးမေကာင္းလွပါ ၊ တကယ္ကေန႔တိုင္းရံုးခန္းထဲမွာပဲအထိုင္မ်ားၿပီး အားကစားမလုပ္ျဖစ္ျခင္းေၾကာင့္လည္းပါ၏ ၊ ထို႔အျပင္အသက္ကလည္းရလာၿပီး အ႐ိုးအဆစ္တို႔မွာလည္း လူငယ္ေတြနဲ႔ဆိုယွဥ္လို႔မရေတာ့။

"ငါတို႔ဒီလိုလုပ္ရေအာင္ ၊ ခဏေနၾကရင္လႊတ္ထားမယ္။"

ပြဲအလယ္နားခ်ိန္၌ ဟယ့္ေက်ာင္းကတီးတိုးဆိုလာ၏။

"ေခြး႐ူးတို႔တစ္ေတြကို အရင္ဂိုးအနည္းငယ္ေလာက္သြင္းပါေစဦး။"

ဝမ့္သာကေျပာသည္။

"အစ္ကိုေက်ာင္း ၊ ဒီလိုၾကခက္သြားလိမ့္မယ္ေနာ္ ၊ သူတို႔ကစေကးတကယ္ေကာင္းတာ ၊ ငါကမင္းနဲ႔လည္းယွဥ္ႏိုင္တာမဟုတ္ဘူး ၊ ဟန္ေတြပန္ေတြလုပ္ရမွာတအားခက္ရင္ ငါေတာ့ျဖစ္မယ္မထင္ဘူး။"

ဟယ့္ေက်ာင္းသည္ ေဆာင့္ေၾကာင့္ထခ်ရင္း ဝမ့္သာ၏ေခါင္းကိုတစ္ခ်က္ပုတ္လိုက္၏။

"ခ်ီးကိုခက္ ၊ ငါမင္းကိုသင္ေပးမယ္။ သူတို႔ဂိုးသြင္းတဲ့အခ်ိန္ မင္းကဒီလိုဒူးေထာက္ခ်လိုက္ လုပ္တတ္လား ၊ ၿပီးရင္အလြန္အားမလိုအားမရျဖစ္ေနတဲ့ပံုစံမ်ိဳးနဲ႔ ေျမျပင္ကိုလက္သီးနဲ႔ထိုးခ်ပစ္ၿပီး အမွားလုပ္လိုက္မိလို႔ အရမ္းေနာင္တရသြားတဲ့ပံုစံမ်ိဳးလုပ္. . . . . ."

ဝမ့္သာသည္ နားေထာင္ၿပီးေနာက္ ေၾကာင္အလို႔ပင္သြားေတာ့သည္။

"အဲ့ေလာက္ႀကီးက ခ်ဲ႕ကားရာမေရာက္ဘူးလား?"

"ဒရာမာခင္းလြန္းတယ္ ၊ မင္းဘာသာမင္းပဲသ႐ုပ္ေဆာင္. ."

ရွဲ႕ယြီသည္ေဘးတစ္ဖက္၌ ေဆာင့္ေၾကာင့္ထိုင္လ်က္ လက္ထဲတြင္မူေရဘူးကိုကိုင္ထားကာအဖံုးဖံုးရင္းေျပာလိုက္သည္။

"အျခားသူေတြသြားၿပီးဆြဲေခၚမေနနဲ႔။"

"ဒါကအကုန္အတူပူးေပါင္းပါဝင္ဖို႔လိုအပ္တယ္. ."

ဟယ့္ေက်ာင္းကထပ္မံဆိုလိုက္သည္။

"မင္းကအျခားသူမွမဟုတ္တာ ၊ မင္းကငါ့ထံုေက်ာေလ။"

ရွဲ႕ယြီပင္ျပန္လည္ခြန္းတံု႔မျပန္ရေသး ေလာ္ဝိန္ခ်န္ကအရင္ထရပ္ကာ မပါဝင္ခ်င္ေၾကာင္းေျပာလာပါေတာ့သည္။

"ေဘာလံုးကိုဟန္ေဆာင္ကန္မယ္ ၊ ဒါကာယစိတ္ဓာတ္ကို ဆန္႔က်င္ရာေရာက္တာပဲ ၊ ငါေတာ့လက္မခံဘူး။"

ဟယ့္ေက်ာင္း : ". . . . . ."

ေလာင္ဝူ၏ေဘာလံုးကန္အစြမ္းအစအရ သူတို႔ကလည္း လႊတ္လို႔သာေပးထားလိုက္သည္။ ဝမ့္သာဆိုလွ်င္ ဟယ့္ေက်ာင္း၏အၾကံေပးခ်က္အားနားေထာင္ၿပီး ဟန္ေဆာင္ပင္ပစ္လဲခ်တတ္ေနၿပီျဖစ္သည္။ သို႔ေပသည့္ ေလာ္ဝိန္ခ်န္ကေတာ့ အေလွ်ာ့ေပးလႊတ္ထားတာမ်ိဳးအားေသေတာင္မလုပ္ေခ် ၊ ဤသို႔ျဖင့္ ဟယ့္ေက်ာင္းသည္ 'ဆိုးဝါးလွသည့္အဖြဲ႕သား'အျဖစ္ခံယူလ်က္ ေလာ္ဝိန္ခ်န္၏စြမ္းေဆာင္မႈတို႔အား အားကုန္သံုး၍လိုက္လံဖိႏွိပ္ခ်ဳပ္ခ်ယ္ေတာ့သည္။

ေလာ္ဝိန္ခ်န္မွာ နာက်င္ခံစားလို႔ပင္သြားရ၏။

"အစ္ကိုေက်ာင္း မင္းဘာလုပ္တာလဲ ၊ မင္းကဘယ္အဖြဲ႕ကတုန္း. . . . . . အစ္ကိုယြီ သူ႔ကိုထိန္းဦး။"

ရွဲ႕ယြီ : "ဘာလို႔ငါလဲ ၊ ငါ့ေသာက္လုပ္မဟုတ္ဘူး။"

အဆံုးတြင္ကား ဝူက်ိန္႔တို႔တစ္ေတြမွာေတာ့ ေဘာလံုးကန္တဲ့ထဲစ်ာန္ဝင္ကာ တက္ႂကြလန္းဆန္းလ်က္ရွိေနၾကၿပီး အသက္(၁၈)ႏွစ္သို႔ျပန္ေရာက္သြားသလိုခံစားမိၾကေလသည္။

ေနာက္တစ္ပြဲထပ္ကန္ဖို႔ကိုပင္ ႀကိဳခ်ိန္းလို႔သြားေသးေတာ့၏။





စာဖတ္ခန္းထဲမွ အသံတို႔မွာတျဖည္းျဖည္းနဲ႔တိုးလို႔သြားသည္။

သူတို႔ရန္ျဖစ္ေနသည္အားအေတာ္ၾကာနားေထာင္ၿပီးေနာက္တြင္ေတာ့ ရွဲ႕ယြီလည္းအေၾကာင္းရင္းအားနားလည္သေဘာေပါက္လုနီးရွိသြားခဲ့သည္။ အႏွစ္ခ်ဳပ္ရေသာ္ က်ံုးက်ယ္ငယ္ငယ္တုန္းက သူ႔အေမသူ႔အတြက္ဝယ္ေပးထားသည့္ေဖာင္တိန္ဟာဆိုလွ်င္ မေတာ္တဆထိမိၿပီး က်ံုးေကာ္ေဖးေၾကာင့္ေအာက္ျပဳတ္က်သြားခဲ့ေလရာ ေဘာသီးေႂကြ၍မင္မထြက္လာေတာ့ေခ်။

(၃)ႏွစ္တိုင္တိုင္ရွိလာခဲ့ျပီ ေျဖရွင္းလို႔မၿပီးႏိုင္သည့္ျပႆနာမွာ ထိုအေျခအေနေၾကာင့္ထပ္မံေပါက္ကြဲလို႔လာေခ်ျပန္သည္။

က်ံုးက်ယ္တစ္ေယာက္မွာ အရြယ္ပင္ေရာက္ေနၿပီျဖစ္သည့္တိုင္ ဘယ္လိုျဖစ္လို႔သူႏွင့္အတိုက္အခံျပႆနာတက္ေအာင္လုပ္ေနေသးတာပါလိမ့္ဟု က်ံုးေကာ္ေဖးေတြးမိရသည္။

"ရွင္တို႔ႏွစ္ေယာက္လံုးပဲ စိတ္ေလွ်ာ့ၾကပါေတာ့ ၊ ဒီလိုဆက္ရန္ျဖစ္ေနၿပီး ေျဖရွင္းလို႔ရတာလည္းမဟုတ္ဘူး။"

ကုရႊယ္လန္မွာ စာဖတ္ခန္းထဲကေနလိုက္လို႔ထြက္လာသည္။

က်ံုးက်ယ္သည္ ကားေသာ့အားဆြဲယူ၍ အျပင္ဘက္သို႔ေလွ်ာက္လို႔သြားရင္းမွ. .

"စိတ္ေလွ်ာ့ရမယ္? က်ဳပ္အမ်ားႀကီးစိတ္ေလွ်ာ့ထားတာ။"

က်ံုးေကာ္ေဖးသည္လည္း ေဒါသထြက္လို႔ေန၏ ၊ အထူးသျဖင့္ က်ံုးက်ယ္၏ဆင္ျခင္တံုတရားကင္းမဲ့ကာ လြန္က်ဴးလွသည့္စကားေတြသူ႔အားေျပာလာျခင္းေပ ၊ သို႔ေပသည့္သူသည္စိတ္မထိန္းႏိုင္ဘဲရွိရရင္းမွ ေလွကားခြင္၌ရပ္လ်က္ေမးလိုက္သည္။

"ျပန္လာခဲ့စမ္း ၊ မင္းဘယ္သြားတာလဲ? မင္းကအိမ္မွာမေနဘဲ ဘယ္သြားေနမလို႔လဲ?"

က်ံုးက်ယ္မွာကား လွည့္လို႔ပင္မၾကည့္ ၊ လံုးဝေသခ်ာသည္မွာေတာ့ Barသို႔သြားကာအခ်ိန္ျဖဳန္းလ်က္ တစ္ကိုယ္လံုးအရက္နံ့ႏွင့္အထီးက်န္ဆန္မႈတို႔လႊမ္းျခံဳလို႔ေနပစ္လိုက္လိမ့္မည္သာ။





တကယ္တမ္းအိမ္မွာရွိေနရတာကလည္း ဘာစိတ္ဝင္စားဖြယ္ရာမွမရွိ ၊ ထမင္းစားၿပီးသည္ႏွင့္ အခန္းထဲသာေအာင္းကာ တစ္ခါတစ္ေလသာ့ေလႏွင့္အတူ ဂိမ္းခဏတျဖဳတ္ေဆာ့ျဖစ္သည္သာရွိသည္။

ဝမ့္သာတစ္ေယာက္အိမ္သို႔ျပန္သြားၿပီးေနာက္ ပို႔လို႔လာသည့္စာတိုအတိုင္းပင္ျဖစ္ေနေလေတာ့သည္ - အိမ္ေရာက္ ၊ အားယားေနၿပီး ပ်င္းဖို႔ေကာင္း ၊ ေတြေဝေနရင္းနဲ႔ အခ်ိန္ေတြကုန္ဆံုး သြား ဆိုသကဲ့သို႔ပင္။

"မင္းအဲ့ဘက္ကိုမသြားဘဲ ငါ့ကိုလာကူညီစမ္းပါကြ. ."

က်ိဳးသာ့ေလမွာ ဂိမ္းေဆာ့ေလတိုင္း ရွဲ႕ယြီရဲ႕မေကာင္းတဲ့အက်င့္အားသိေလသည္။ ဂိမ္းကစားတဲ့သူေတြထဲ solo playမွာ ရွဲ႕ယြီထက္ပိုၿပီးသင့္ေလ်ာ္မည့္သူ သူမေတြ႕ဖူးေသးေခ် ၊ သိလို႔သာသိေနတာ ဒီေလာက္ႏွစ္ေတြၾကာေနလည္း သူ႔မွာက်င့္သားမရေသးပါ။

"ငါေသေတာ့မွာကို မင္းမျမင္ဘူးလား ရွဲ႕Bossရဲ႕ ၊ မင္းကမခံရေတာ့ မနာဘူးေပါ့ေလဟုတ္လား. . . . . . အား ငါလိုး ၊ သြားၿပီ သြားၿပီ။"

ရွဲ႕ယြီကေတာ့ မလႈပ္မယွက္နဲ႔ပင္။

"မင္းကညံ့တာကိုး။"

". . . . . ."

"ငါကညံ့တာ. ."

က်ိဳးသာ့ေလက စေနာက္လို႔ဆိုလိုက္ပါသည္။

"ငါဒီလိုေတြျဖစ္တာ ဘယ္သူ႔ေၾကာင့္မို႔တုန္း ၊ မင္းလိုမ်ိဳး ရန္သူထက္ေတာင္ရက္စက္တဲ့အဖြဲ႕သားကို ဘယ္သူကမ်ားခံႏိုင္ရည္ရွိမတဲ့လဲ ၊ ဟမ္? !"

ရွဲ႕ယြီသည္ ႏွစ္ပြဲေလာက္ေဆာ့အၿပီးမွာေတာ့ အခ်ိန္အားၾကည့္ကာ ေျပာလိုက္သည္။

"မင္းပဲေဆာ့ေတာ့ ၊ ငါထြက္ၿပီ။"

က်ိဳးသာ့ေလမွာ တစ္ခုခုအားေမ့ေနသလိုခံစားေနရရင္းမွ ရွဲ႕ယြီ၏ထြက္ၿပီဟုေျပာလာခ်ိန္ၾကမွ ေခါင္းကိုထုမိရင္း သတိရလို႔သြားေတာ့သည္။

"ဒီေန႔ကအန္တီလန္ရဲ႕ေမြးေန႔မဟုတ္လား။"

"ငါေမ့ေတာ့မလို႔ ၊ ငါ့ဆုေတာင္းစကား အန္တီလန္႔ထံပါးေပးဦး ၊ ပိုပိုၿပီးလွလာပါေစ ၊ အရာရာျပည့္စံုေပ်ာ္ရႊင္ပါေစလို႔. ."

က်ိဳ႕သာ့ေလက အျပစ္တင္ဆိုလာျပန္ေသးသည္။

"မင္းဘာလို႔ငါ့ကိုႀကိဳသတိမေပးတာလဲ။"





ေအာက္ထက္ရွိ ဧည့္သည္အေပါင္းတို႔မွာ မျပန္ၾကေသး။

ကုရႊယ္လန္၏ေမြးေန႔ ၊ မဒမ္ကုမွာ အထူးတလည္ေမြးေန႔ပြဲဆိုတာမ်ိဳးေတြမျပဳလုပ္ေသာ္ျငား လူေတြေတာ္ေတာ္မ်ားမ်ား အိမ္သို႔အလွ်ိဳလွ်ိဳေရာက္လို႔လာၾက၏ ၊ လက္ေဆာင္ေတြကိုလည္းစားပြဲထက္စုျပံဳတင္လို႔ထားခဲ့ၾကသည္။

က်ံုးေကာ္ေဖးဆိုသည္မွာကား စီးပြားေရးေလာက၌အထြတ္အထိပ္အေနအထားမွာရွိျခင္းေၾကာင့္ ဒီမဒမ္က်ံုးအားဘယ္လိုပင္ျကည့္မရရွိေနၾကေပသည့္တိုင္ လက္ေဆာင္ေတြမွာအေရအတြက္ရွိသင့္သေလာက္ေတာ့ရွိၾကပါသည္။

"မင္းကိုႀကိဳသတိေပးၿပီး ဘာလုပ္ရမွာလဲ. ."

ရွဲ႕ယြီသည္ ဂိမ္းထဲကထြက္လိုက္၏ ၊ ေျခေထာပ္တစ္ဖက္ကိုျဖင့္ ထိုင္ခံုအစြန္းနားတင္ကာထားမိသည္ ၊ ကြန္ျပဴတာၾကည့္တာၾကာသြားျခင္းေၾကာင့္ အနည္ငယ္လူကနံုးလို႔ေနသည္။

"မင္းကပလတ္စတစ္ပန္းအတုေတြေပးဦးမလို႔လား?"

က်ိဳးသာ့ေလကဆိုသည္။

"မင္းပလတ္စတစ္ဆိုၿပီးအထင္ေသးမေနနဲ႔ ၊ အတုျဖစ္ေပမယ့္ သူတို႔ကဘယ္ေတာ့မွညႇိုးမသြားေတာ့ဘူးေလ ၊ ငါ့ရဲ႕လက္ေဆာင္တိုင္းက အသံုးတည့္ပါတယ္ကြ။"

"ဒါဆို ေႏြရာသီႀကီး မာဖလာေပးတာကလည္း အသံုးတည့္တယ္ေခၚတာပဲလား?"

က်ိဳးသာ့ေလမွာ မိမိလက္ေဆာင္ေရြးရာ၌ခၽြတ္ယြင္းခ်က္ရွိေနျခင္းကို ဝန္မခံလိုဘဲရွိရာ စကားကတ္လို႔သာေျပာလိုက္သည္။

". . . . . . ေဆာင္းရာသီဆိုတာ အေႏွးနဲ႔အျမန္ေရာက္လာမွာပဲေလ။"

"ငါမင္းကိုခ်ီးမြမ္းေပးရဦးမလား။"





ည(၆)နာရီ (၇)နာရီေလာက္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ားျပန္လို႔သြားၾကၿပီျဖစ္သည္။

တစ္အိမ္လံုးလည္း တိတ္ဆိတ္ၿငိမ္သက္လို႔သြားေတာ့၏ ၊ အိမ္ေဖာ္တို႔က အသီးပန္းကန္ေတြသိမ္းကာ တံျမက္စည္းလွည္း ၊ စားပြဲေတြသုတ္လ်က္ရွိၿပီး က်ံုးေကာ္ေဖးကေတာ့ ဧည့္သည္ေတြကိုလိုက္ပို႔နႈတ္ဆက္ေနေလသည္။

ကုရႊယ္လန္မွာ အနည္းငယ္ပင္ပန္းသလိုရွိတာနဲ႔ အေပၚထပ္သို႔တက္ရန္ျပင္ကာ မီးဖိုေခ်ာင္ကိုျဖတ္အေလွ်ာက္၌ ရွဲ႕ယြီရွိေနသည္ကိုေတြ႕လိုက္ရသည္။ ခါးထက္တြင္ေအပရြန္အားဝတ္လို႔ထားၿပီး အကၤ်ီလက္တို႔အားလည္း အေပၚသို႔ပင့္ေခါက္တင္လို႔ထားသည္။ လက္ထဲတြင္မူ အသီးအရြက္တို႔ကိုကိုင္ထားလ်က္မွ ေရပိုက္ေခါင္းေအာက္တြင္ ေသေသခ်ာခ်ာေဆးေၾကာေနေလသည္။

အိုးထဲရွိေရတို႔မွာ ဆူပြက္လို႔လာေနၿပီျဖစ္ကာ အေပၚသို႔အေငြ႕ေတြ႐ိုက္လ်က္ရွိ၏။ ရွဲ႕ယြီသည္လက္ဆန္႔၍ အိုးအဖံုးအားလွပ္လိုက္ပါၿပီး ေခါက္ဆြဲအားထည့္လိုက္သည္။ သူလုပ္ကိုင္ေနပံုတို႔မွာ အသားက်လ်က္ရွိၿပီး နည္းနည္းေလးမွျဖစ္ကတတ္ဆန္းရွိမေန။

ရွဲ႕ယြီမွာ မီးဖိုေခ်ာင္ႏွင့္မစိမ္းသက္လွ ၊ အရင္ကုရႊယ္လန္တစ္ေယာက္အလုပ္မအား၍ သူ႔အားဂ႐ုမစိုက္ႏိုင္သည့္အခ်ိန္မ်ား၌ ညစာအားသာ့ေလတို႔ ၊ အန္တီေမတို႔စီပင္သြားစားခဲ့သည္မဟုတ္ ၊ ကိုယ္တိုင္ပင္မီးေမႊးကာေခါက္ဆြဲတစ္ပန္းကန္ ဒါမွမဟုတ္လည္း ထမင္းေၾကာ္ကာစားျဖစ္ေလသည္။

ကုရႊယ္လန္သည္အသံမေပးမိဘဲ မီးဖိုခန္းအေပါက္ဝ၌ရပ္လ်က္ၾကည့္ေနမိသည္။

အလြန္႐ိုးရွင္းလွပါသည့္ ေခါက္ဆြဲတစ္ပန္းကန္ ၊ မုန္ညင္းစိမ္း ၊ ႏုပ္ႏုပ္ဆင္းထားသည့္ၾကက္သြန္နီ ၊ ၾကက္ဥေၾကာ္တို႔ပါေလသည္။

လူငယ္ေလးမွာ ေခါင္းငံု႔လ်က္ျဖင့္ မ်က္ဝန္းတို႔က အာရံုစူးစိုက္မႈအျပည့္ရွိေနေလသည္။

ကုရႊယ္လန္သည္ ၾကည့္ရင္းၾကည့္ရင္း မ်က္ဝန္းတို႔ကမသိလိုက္မသိဘာသာျဖင့္ စိုစြတ္လို႔လာသည္။ သူသည္ေက်ာေပး၍ရပ္ကာ မ်က္ဝန္းေထာင့္တို႔အားပြတ္သုတ္မိ၏။

ရွဲ႕ယြီသည္ ဘာမွမ်ားမ်ားစားစားမေျပာေခ် ၊ ကုရႊယ္လန္တစ္ေယာက္ေခါက္ဆြဲအားတစ္လုတ္ၿပီးတစ္လုတ္ျဖင့္စားလို႔ၿပီးကာၾကမွပင္ သူကဆိုလိုက္သည္။

"မား ၊ ေမြးေန႔မွာေပ်ာ္ရႊင္ပါေစ။"

ကုရႊယ္လန္သည္ေခါင္းညိတ္ကာ ညင္ညင္သာသာအသိအမွတ္ျပဳလိုက္ေလသည္။

သူမသည္ဟန္ေဆာင္ပန္ေဆာင္ေတြလည္း ေျပာမထြက္ျခင္းေၾကာင့္ အဆံုး၌ဤသို႔သာလွ်င္ေျပာလိုက္၏။

"မေစာေတာ့ဘူး ၊ သြားအိပ္ေတာ့ေလ ၊ မနက္ျဖန္ၾကေက်ာင္းလည္းတက္ရဦးမွာ။"





မနက္ျဖန္ဆို တနလၤာသို႔ျပန္ေရာက္ေပမည္။ ရွဲ႕ယြီသည္ကုတင္ထက္လဲေနရင္းမွ ဖုန္းပိတ္ေတာ့မည္ျပင္ခိုက္မွာပင္ noti barထက္စာတိုႏွစ္ေစာင္ေပၚလို႔လာ၏ ၊ အခ်ိန္ကပ္ကေလးပင္။

QQတြင္friendျဖစ္ေနသည့္ ဟယ့္ေက်ာင္းထံမွ။

-ေလာင္ရွဲ႕ ၊ ငါပစၥည္းေကာင္းေလးေတြ႕
ထားတယ္။

-Add WeChat 1502XXX7043 ၊ အိမ္စာအစားေရးေပးၿပီး နားလည္မႈယူၾကမယ္။

ရွဲ႕ယြီ၏ လက္ေခ်ာင္းတို႔မွာစခရင္ထက္ေထာက္လ်က္သားရွိေနရင္း အေတာ္ၾကာကာမွပင္အေမးသေကၤတတစ္ခုပို႔လိုက္၏ - ?

ဟယ့္ေက်ာင္း - ငါတို႔ႏွစ္ကတဲ့ ၊ အထူးျပဳအေနနဲ႔အိမ္စာအစားေရးေပးမွာ။

ဟယ့္ေက်ာင္း - ရွိန္က်ယ္ကေတာ့ေျပာတယ္ အဲ့လူကသူ႔အလုပ္မွာေတာ္ေတာ္ကၽြမ္းက်င္တာတဲ့ ၊ ေစ်းကလည္းသင့္ၿပီး လက္ေရးကိုလည္းတုၿပီးေရးတတ္ေသးတယ္တဲ့ ၊ ဌာနမွဴးက်န္းေတာင္သတိမထားမိဘူးဆိုပဲ။

ဟယ့္ေက်ာင္း - ၿပီးေတာ့ တစ္ခါမိသြားရင္ ဆယ္ခါအစားျပန္ေပးမွာတဲ့။

ရွဲ႕ယြီ - အဲ့ဒီေတာ့?

ရွဲ႕ယြီမွာ မိမိအေနျဖင့္ေက်ာင္းသားဆိုးေတြလုပ္ရပ္ႏွင့္ပတ္သက္သည့္အေပၚအသိအျမင္တို႔မွာနည္းပါးေသးပါေၾကာင္း ခံစားမိလိုက္သည္။ သူ႔အေနႏွင့္အရည္အခ်င္းမျပည့္မွီေသး။

-မင္းနဲ႔ voice callေျပာမယ္ ၊ အခုေျပာလို႔အဆင္ေျပလား?

စိတ္မဝင္စားေပသည့္တိုင္ ရွဲ႕ယြီသည္တက္ႂကြစြာပင္ျပန္လို႔ေျဖလိုက္သည္။

-ေကာင္းၿပီေလ။

ေနာက္တစ္စကၠန္႔မွာပင္ ဟယ့္ေက်ာင္းထံမွဖိတ္ေခၚမႈတစ္ခုေရာက္ရွိလို႔လာ၏။

သာမန္voice callပဲထင္မွတ္ကာ ရွဲ႕ယြီသည္လည္း ေသခ်ာမၾကည့္မိလိုက္ပါေခ်။

ရလဒ္သည္ကား သူႏွိပ္၍လက္ခံၿပီးေနာက္တြင္မူ ဖုန္းစခရင္အလယ္၌ ေရခ်ိဳးလို႔ၿပီးခါစျဖင့္ တစ္ကိုယ္လံုးတြင္လည္း အတြင္းခံေဘာင္းဘီေလးတစ္ထည္သာလွ်င္ဝတ္လို႔ထားသည့္ ဟယ့္ေက်ာင္းကေပၚလို႔လာေတာ့သည္။

". . . . . ."

ဟယ့္ေက်ာင္းသည္ ေခါင္းပင္မသုတ္ရေသး ၊ ေျခဗလာျဖင့္ၾကမ္းခင္းထက္ရပ္လ်က္ျဖင့္ ခါးကိုငံု႔ကာ ကုတင္ေဘးတြင္အကၤ်ီေရြးလ်က္ရွိေခ်သည္။ လက္ျပင္႐ိုး ၊ ေက်ာ႐ိုးတို႔မွာသူ၏လႈပ္ရွားမႈအလိုက္ ေတာင့္ေတာင့္တင္းတင္းရွိလွ၏ ၊ လည္တိုင္ထက္တြင္မူ ႀကိဳးအနီေလးဆြဲထားလ်က္သားျဖင့္ လူငယ္ဆန္ဆန္အားမာန္အျပည့္တက္ႂကြမႈတို႔ ထင္ဟပ္လ်က္ရွိေခ်သည္။

ရွဲ႕ယြီသည္ ႏွစ္စကၠန္႔မွ်တံု႔ဆိုင္းသြားၿပီးေနာက္မွ ဆိုလိုက္၏။

"မင္းကဘာလုပ္ခ်င္တာလဲ? ညစ္တီးညစ္ပတ္နဲ႔မင္းရဲ႕အနက္ေရာင္underwearကိုျပသဖို႔လား?"

"Fuck. ."

ဟယ့္ေက်ာင္းကိုယ္တိုင္လည္း လန္႔ဖ်န္႔သြားရၿပီး အကၤ်ီအားေကာက္ယူ၍လွည့္ၾကည့္လိုက္သည္။

". . . . . . ဒါဘာတုန္း။"

ဟယ့္ေက်ာင္းမွာအကၤ်ီဝတ္ဖို႔အလုပ္မ်ားေနျခင္းေၾကာင့္ voice callႏွိပ္ရမည့္အစား အမွတ္တမဲ့ျဖင့္video callအားသြားေရာက္ႏွိပ္မိလိုက္ျခင္းျဖစ္သည္။

ရွဲ႕ယြီဘက္မွာက အလင္းေရာင္သိပ္ၿပီးမေကာင္းလွ ၊ အနည္းငယ္ေမွာင္လို႔ေနၿပီး ၾကည့္ရသည္မွာေတာ့ကုတင္ထက္လဲအိပ္ေနဟန္ရွိ၏ ၊ ဟယ့္ေက်ာင္းသည္ ခပ္ျမန္ျမန္သာအကၤ်ီေဘာင္းဘီတို႔အားေကာက္ဝတ္လိုက္ရေတာ့သည္။

"လက္ေခ်ာ္သြားတာရယ္ ၊ မင္းအဲ့လိုမ်က္ႏွာေဘးမလုပ္နဲ႔ေလကြာ ၊ မင္းပဲအက်ိဳးအျမတ္ရသြားတာ အသိသာႀကီးဟာ ၊ အစ္ကို႔ရဲ႕ကိုယ္လံုးက. . . . . ."

"ကိစၥမရွိရင္ ငါခ်လိုက္ေတာ့မယ္။"

ဟယ့္ေက်ာင္းမွာ မိမိbodyအေၾကာင္းႂကြားလံုးထုတ္မယ့္အေရးအား ရပ္လိုက္ရေတာ့၏။

"ကိစၥရွိတယ္ ၊ ဟုတ္တယ္ ၊ ဟိုအစားေရးေပးမယ့္ဟာ။"

အစားေရးေပးတာတစ္ခုအတြက္နဲ႔ကို ဟယ့္ေက်ာင္းကဘာလိုလို႔ သူတစ္ေယာက္တည္းကိုပဲရွာၿပီးစကားေျပာဖို႔လိုအပ္သလဲဆိုသည္ကိုျဖင့္ ရွဲ႕ယြီလည္းမသိသည္ေၾကာင့္ စဥ္းစားမေနဘဲေမးလိုက္ေတာ့သည္။

"ႏွစ္ေယာက္စာအိမ္စာဆို 20%ေလွ်ာ့ေပးမွာမို႔လို႔လား?"

"မဟုတ္ဘူး. ."

ဟယ့္ေက်ာင္းကေျပာလာသည္။

"ငါမင္းကိုေပးလိုက္တဲ့စာရြက္ေလ မင္းသိမ္းထားေသးလား ၊ ဘာအိမ္စာေတြလဲဆိုၿပီးကူးထားတဲ့ဟာေလ? ငါၾကည့္ၿပီးကိုယ္ဘာကိုယ္ ဘာေတြေရးလို႔ေရးထားမွန္းနားမလည္ေနလို႔။"

". . . . . ."

ရွဲ႕ယြီသည္ စိတ္ေအးေအးထားလ်က္ျဖင့္ အယုတၱအနတၱညစ္ညစ္ညမ္းညမ္းေတြမပါဘဲ ဟယ့္ေက်ာင္းအား '႐ိုေသသမႈျဖင့္သာ နႈတ္ခြန္းဆက္' လိုက္ပါသည္။ ေယဘုယ်အဓိပၸာယ္မွာေတာ့ တည္ၿငိမ္ေအးခ်မ္းလွပါသည့္ေနရာတစ္ေနရာ၌သူ႔အားသြားလို႔ေနခိုင္းလိုက္ျခင္းသာ ၊ ၿပီးေနာက္မွာေတာ့ video callအားပိတ္ဖို႔ျပင္လိုက္သည္။

"မင္းစမ္းၾကည့္ၾကည့္ပါလား ၊ လိုရမည္ရေပါ့ ငါ့စာလံုးေတြနဲ႔ မင္းက ဆက္ႏႊယ္မႈေကာင္းေကာင္းရွိခ်င္ရွိေနမွာ။"

"မင္းေမးရမွာက အစားေရးေပးမယ့္သူနဲ႔ မင္းရဲ႕စာလံုးေတြသာ ဆက္ႏႊယ္မႈေကာင္းေကာင္းရွိမရွိဆိုတာပဲ. ."

ရွဲ႕ယြီသည္ေျပာလိုက္၏။

"သူမင္းရဲ႕အဲ့ဒီပံုစံလိုမ်ိဳး ေရးႏိုင္ပါ့မလားလို႔ေလ။"

ရွဲ႕ယြီသည္ေျပာၿပီးတာႏွင့္ တန္း၍ခလုတ္ႏွိပ္ကာခ်ပစ္လိုက္ေတာ့သည္။ ဖုန္းမ်က္ႏွာျပင္မွာကား home screenရွိရာသို႔ျပန္လည္ေရာက္ရွိသြားလ်က္ အေစာကတည္းက uninstallဖို႔ေမ့ေနေလသည့္ ပညာရွိအသီးဆိုသည့္appဟာဆိုလွ်င္ 'ဂိမ္း'ဆိုသည့္အကန္႔ထဲရွိလို႔ေနဆဲျဖစ္လ်က္ အစိမ္းေရာင္အကြက္ကေလးမွာမ်က္စိပေဒသာေတာ့ရွိလွေပ၏။

မသိလိုက္မသိဘာသာျဖင့္ ျပတင္းေပါက္အျပင္ဘက္တြင္ကား အေမွာင္ထုကႀကီးစိုးလို႔လာေနၿပီျဖစ္သည္။ ေလသည္ျပတင္းအျပင္ဘက္မွ ေအးျမမႈကိုသယ္ေဆာင္လ်က္ ဝင္ေရာက္လို႔လာေနသည္။

ရွဲ႕ယြီသည္ မ်က္ဝန္းတို႔အားမွိတ္လိုက္ေလ၏ ၊ အသိစိတ္တို႔တျဖည္းျဖည္းေလွ်ာ့နည္းလို႔လာေနသည့္တိုင္ သူသည္ ေႏြရာသီကုန္ဆံုးေတာ့မည္ဆိုတာကိုေတာ့ သတိမူမိသည္။

ထိုပူျပင္းကာ မြန္းက်ပ္လ်က္ရွိလွပါေသာေႏြ ၊ ဖုန္းထဲမွေန 'မင္းေမယိုးငါ့လက္နက္ကိုလုသြားတာ' ဆိုသည့္က်ိဳးသာ့ေလ၏ေအာ္သံ ၊ ဟယ့္ေက်ာင္း၏ သူ႔maskအနက္ကိုခၽြတ္ရင္းမွရယ္လ်က္ျဖင့္ 'ငါက(၈)ႏိုင္ငံေသြးေႏွာ' ဟုဆိုလာခဲ့ပါသည့္ ထိုေႏြရာသီဟာဆိုလွ်င္ ကုန္ဆံုးေတာ့မည္ပဲျဖစ္ေလသည္။







UNICODE



အခန်း(၃၅)
အိမ်စာအစားရေးပေးပြီး နားလည်မှုယူကြမယ်


ရှဲ့ယွီသည် သူ့ထံရှိစိတ်ရှုပ်ခံပြင်းနေခြင်း ၊ သည်းမခံနိုင်ခြင်းတို့ဖြည်းဖြည်းချင်းလျှော့ပါးလို့သွားပါကြောင်း ကိုယ်တိုင်မူသတိမထားမိခဲ့ချေ။

သူသည် စာရွက်လေးအားပြန်လို့ခေါက်လိုက်ပါပြီး အမှိုက်ပုံးဘေးနားနှစ်စက္ကန့်မျှတွေဝေနေခဲ့ပြီးနောက်တွင်မူ မပစ်ဖြစ်လိုက်တော့။

ဟယ့်ကျောင်းထံတွင် တစ်စုံတစ်ရာသောထူးခြားချက်တို့ရှိလေ၏။

သူ့၏ ဘာကိုမှလေးလေးနက်နက်မရှိ ၊ ဂရုမစိုက်တဲ့ပုံစံကိုယ်ကကို သူ့အားအပြည့်အဝပင်ကြော့ရှင်းလှသည့်ဟန်ပန်ထင်ဟပ်စေသည်။






အမှတ်တွေအဆင့်တွေနည်းချက်က ကြည့်တဲ့သူသွေးဆူဒေါသထွက်လာစေလောက်မည် ၊ ဘာသာရပ်ဆရာတိုင်း အနည်းငယ်လေးအဖြေလွှာအားကြည့်မိသည်နှင့် အမြဲငိုရမလိုလိုရယ်ရမလိုလိုပင်ဖြစ်ကာ ခေါင်းကိုက်လာရစမြဲ။ သို့သော်ငြား ရံဖန်ရံခါအတန်းပြီးချိန်တို့၌ ဝူကျိန့်(သချင်္ာဆရာ)သည် ဟယ့်ကျောင်းအားဘောလုံးကန်ဖို့လာရှာတတ်သည်။

"ကောင်လေး ၊ သင်္ချာချိန်တုန်းကမင်းဘာလဲပြောထားတာလေ ၊ နေ့လည်ကြကွင်းကိုလာခဲ့ ၊ ငါမင်းကိုသင်ခန်းစာပေးပေးမယ်။"

ထိုကိစ္စမှာ ရှဲ့ယွီနှင့်လုံးလုံးသော်မျှမသက်ဆိုင် ၊ သို့ပေသည့် အဘယ့်ကြောင့်မှန်းမူမသိပါ ဟယ့်ကျောင်းတစ်ယောက်နာမည်ခေါ်အဆူခံရလေတိုင်းတွင် သူပါရောနှောပါတတ်မြဲဖြစ်သည်။

ဝူကျိန့်သည် ရှဲ့ယွီကိုပါလက်ညှိုးထိုးလို့လာ၏။

"ဟိုကောင်လေး မင်းရောလာခဲ့။"

ဤသို့ဖြင့် နေ့လည်စာစားပြီးနောက်၌ ကွင်းစီသို့ဟယ့်ကျောင်းရဲ့ဆွဲခေါ်ခြင်းအားခံရတော့သည်။ ထို့အပြင် ဝမ့်သာ ၊ လော်ဝိန်ချန်တို့ကပါအားဖြည့်ပါဝင်လို့လာကြသည်။

ဝူကျိန့်ဘက်တွင်တော့ အဖွဲ့ကတောင့်၏ ၊ လောင်ထန်ကလွဲပြီး ကပ်ရပ်ခန်းကသမိုင်းဆရာအပြင်ကို ဌာနမှူးကျန်းတောင်ပါသေးလေသည်။

ဝူကျိန့်၏မြေဖြူခဲပစ်ပေါက်သည့်အရည်အချင်းကတော့တိကျကောင်းမွန်လှပေမယ့် ဘောလုံးကန်တာမှာတော့ သိပ်ပြီးမကောင်းလှပါ ၊ တကယ်ကနေ့တိုင်းရုံးခန်းထဲမှာပဲအထိုင်များပြီး အားကစားမလုပ်ဖြစ်ခြင်းကြောင့်လည်းပါ၏ ၊ ထို့အပြင်အသက်ကလည်းရလာပြီး အရိုးအဆစ်တို့မှာလည်း လူငယ်တွေနဲ့ဆိုယှဉ်လို့မရတော့။

"ငါတို့ဒီလိုလုပ်ရအောင် ၊ ခဏနေကြရင်လွှတ်ထားမယ်။"

ပွဲအလယ်နားချိန်၌ ဟယ့်ကျောင်းကတီးတိုးဆိုလာ၏။

"ခွေးရူးတို့တစ်တွေကို အရင်ဂိုးအနည်းငယ်လောက်သွင်းပါစေဦး။"

ဝမ့်သာကပြောသည်။

"အစ်ကိုကျောင်း ၊ ဒီလိုကြခက်သွားလိမ့်မယ်နော် ၊ သူတို့ကစကေးတကယ်ကောင်းတာ ၊ ငါကမင်းနဲ့လည်းယှဉ်နိုင်တာမဟုတ်ဘူး ၊ ဟန်တွေပန်တွေလုပ်ရမှာတအားခက်ရင် ငါတော့ဖြစ်မယ်မထင်ဘူး။"

ဟယ့်ကျောင်းသည် ဆောင့်ကြောင့်ထချရင်း ဝမ့်သာ၏ခေါင်းကိုတစ်ချက်ပုတ်လိုက်၏။

"ချီးကိုခက် ၊ ငါမင်းကိုသင်ပေးမယ်။ သူတို့ဂိုးသွင်းတဲ့အချိန် မင်းကဒီလိုဒူးထောက်ချလိုက် လုပ်တတ်လား ၊ ပြီးရင်အလွန်အားမလိုအားမရဖြစ်နေတဲ့ပုံစံမျိုးနဲ့ မြေပြင်ကိုလက်သီးနဲ့ထိုးချပစ်ပြီး အမှားလုပ်လိုက်မိလို့ အရမ်းနောင်တရသွားတဲ့ပုံစံမျိုးလုပ်. . . . . ."

ဝမ့်သာသည် နားထောင်ပြီးနောက် ကြောင်အလို့ပင်သွားတော့သည်။

"အဲ့လောက်ကြီးက ချဲ့ကားရာမရောက်ဘူးလား?"

"ဒရာမာခင်းလွန်းတယ် ၊ မင်းဘာသာမင်းပဲသရုပ်ဆောင်. ."

ရှဲ့ယွီသည်ဘေးတစ်ဖက်၌ ဆောင့်ကြောင့်ထိုင်လျက် လက်ထဲတွင်မူရေဘူးကိုကိုင်ထားကာအဖုံးဖုံးရင်းပြောလိုက်သည်။

"အခြားသူတွေသွားပြီးဆွဲခေါ်မနေနဲ့။"

"ဒါကအကုန်အတူပူးပေါင်းပါဝင်ဖို့လိုအပ်တယ်. ."

ဟယ့်ကျောင်းကထပ်မံဆိုလိုက်သည်။

"မင်းကအခြားသူမှမဟုတ်တာ ၊ မင်းကငါ့ထုံကျောလေ။"

ရှဲ့ယွီပင်ပြန်လည်ခွန်းတုံ့မပြန်ရသေး လော်ဝိန်ချန်ကအရင်ထရပ်ကာ မပါဝင်ချင်ကြောင်းပြောလာပါတော့သည်။

"ဘောလုံးကိုဟန်ဆောင်ကန်မယ် ၊ ဒါကာယစိတ်ဓာတ်ကို ဆန့်ကျင်ရာရောက်တာပဲ ၊ ငါတော့လက်မခံဘူး။"

ဟယ့်ကျောင်း : ". . . . . ."

လောင်ဝူ၏ဘောလုံးကန်အစွမ်းအစအရ သူတို့ကလည်း လွှတ်လို့သာပေးထားလိုက်သည်။ ဝမ့်သာဆိုလျှင် ဟယ့်ကျောင်း၏အကြံပေးချက်အားနားထောင်ပြီး ဟန်ဆောင်ပင်ပစ်လဲချတတ်နေပြီဖြစ်သည်။ သို့ပေသည့် လော်ဝိန်ချန်ကတော့ အလျှော့ပေးလွှတ်ထားတာမျိုးအားသေတောင်မလုပ်ချေ ၊ ဤသို့ဖြင့် ဟယ့်ကျောင်းသည် 'ဆိုးဝါးလှသည့်အဖွဲ့သား'အဖြစ်ခံယူလျက် လော်ဝိန်ချန်၏စွမ်းဆောင်မှုတို့အား အားကုန်သုံး၍လိုက်လံဖိနှိပ်ချုပ်ချယ်တော့သည်။

လော်ဝိန်ချန်မှာ နာကျင်ခံစားလို့ပင်သွားရ၏။

"အစ်ကိုကျောင်း မင်းဘာလုပ်တာလဲ ၊ မင်းကဘယ်အဖွဲ့ကတုန်း. . . . . . အစ်ကိုယွီ သူ့ကိုထိန်းဦး။"

ရှဲ့ယွီ : "ဘာလို့ငါလဲ ၊ ငါ့သောက်လုပ်မဟုတ်ဘူး။"

အဆုံးတွင်ကား ဝူကျိန့်တို့တစ်တွေမှာတော့ ဘောလုံးကန်တဲ့ထဲစျာန်ဝင်ကာ တက်ကြွလန်းဆန်းလျက်ရှိနေကြပြီး အသက်(၁၈)နှစ်သို့ပြန်ရောက်သွားသလိုခံစားမိကြလေသည်။

နောက်တစ်ပွဲထပ်ကန်ဖို့ကိုပင် ကြိုချိန်းလို့သွားသေးတော့၏။





စာဖတ်ခန်းထဲမှ အသံတို့မှာတဖြည်းဖြည်းနဲ့တိုးလို့သွားသည်။

သူတို့ရန်ဖြစ်နေသည်အားအတော်ကြာနားထောင်ပြီးနောက်တွင်တော့ ရှဲ့ယွီလည်းအကြောင်းရင်းအားနားလည်သဘောပေါက်လုနီးရှိသွားခဲ့သည်။ အနှစ်ချုပ်ရသော် ကျုံးကျယ်ငယ်ငယ်တုန်းက သူ့အမေသူ့အတွက်ဝယ်ပေးထားသည့်ဖောင်တိန်ဟာဆိုလျှင် မတော်တဆထိမိပြီး ကျုံးကော်ဖေးကြောင့်အောက်ပြုတ်ကျသွားခဲ့လေရာ ဘောသီးကြွေ၍မင်မထွက်လာတော့ချေ။

(၃)နှစ်တိုင်တိုင်ရှိလာခဲ့ပြီ ဖြေရှင်းလို့မပြီးနိုင်သည့်ပြဿနာမှာ ထိုအခြေအနေကြောင့်ထပ်မံပေါက်ကွဲလို့လာချေပြန်သည်။

ကျုံးကျယ်တစ်ယောက်မှာ အရွယ်ပင်ရောက်နေပြီဖြစ်သည့်တိုင် ဘယ်လိုဖြစ်လို့သူနှင့်အတိုက်အခံပြဿနာတက်အောင်လုပ်နေသေးတာပါလိမ့်ဟု ကျုံးကော်ဖေးတွေးမိရသည်။

"ရှင်တို့နှစ်ယောက်လုံးပဲ စိတ်လျှော့ကြပါတော့ ၊ ဒီလိုဆက်ရန်ဖြစ်နေပြီး ဖြေရှင်းလို့ရတာလည်းမဟုတ်ဘူး။"

ကုရွှယ်လန်မှာ စာဖတ်ခန်းထဲကနေလိုက်လို့ထွက်လာသည်။

ကျုံးကျယ်သည် ကားသော့အားဆွဲယူ၍ အပြင်ဘက်သို့လျှောက်လို့သွားရင်းမှ. .

"စိတ်လျှော့ရမယ်? ကျုပ်အများကြီးစိတ်လျှော့ထားတာ။"

ကျုံးကော်ဖေးသည်လည်း ဒေါသထွက်လို့နေ၏ ၊ အထူးသဖြင့် ကျုံးကျယ်၏ဆင်ခြင်တုံတရားကင်းမဲ့ကာ လွန်ကျူးလှသည့်စကားတွေသူ့အားပြောလာခြင်းပေ ၊ သို့ပေသည့်သူသည်စိတ်မထိန်းနိုင်ဘဲရှိရရင်းမှ လှေကားခွင်၌ရပ်လျက်မေးလိုက်သည်။

"ပြန်လာခဲ့စမ်း ၊ မင်းဘယ်သွားတာလဲ? မင်းကအိမ်မှာမနေဘဲ ဘယ်သွားနေမလို့လဲ?"

ကျုံးကျယ်မှာကား လှည့်လို့ပင်မကြည့် ၊ လုံးဝသေချာသည်မှာတော့ Barသို့သွားကာအချိန်ဖြုန်းလျက် တစ်ကိုယ်လုံးအရက်နံ့နှင့်အထီးကျန်ဆန်မှုတို့လွှမ်းခြုံလို့နေပစ်လိုက်လိမ့်မည်သာ။





တကယ်တမ်းအိမ်မှာရှိနေရတာကလည်း ဘာစိတ်ဝင်စားဖွယ်ရာမှမရှိ ၊ ထမင်းစားပြီးသည်နှင့် အခန်းထဲသာအောင်းကာ တစ်ခါတစ်လေသာ့လေနှင့်အတူ ဂိမ်းခဏတဖြုတ်ဆော့ဖြစ်သည်သာရှိသည်။

ဝမ့်သာတစ်ယောက်အိမ်သို့ပြန်သွားပြီးနောက် ပို့လို့လာသည့်စာတိုအတိုင်းပင်ဖြစ်နေလေတော့သည် - အိမ်ရောက် ၊ အားယားနေပြီး ပျင်းဖို့ကောင်း ၊ တွေဝေနေရင်းနဲ့ အချိန်တွေကုန်ဆုံး သွား ဆိုသကဲ့သို့ပင်။

"မင်းအဲ့ဘက်ကိုမသွားဘဲ ငါ့ကိုလာကူညီစမ်းပါကွ. ."

ကျိုးသာ့လေမှာ ဂိမ်းဆော့လေတိုင်း ရှဲ့ယွီရဲ့မကောင်းတဲ့အကျင့်အားသိလေသည်။ ဂိမ်းကစားတဲ့သူတွေထဲ solo playမှာ ရှဲ့ယွီထက်ပိုပြီးသင့်လျော်မည့်သူ သူမတွေ့ဖူးသေးချေ ၊ သိလို့သာသိနေတာ ဒီလောက်နှစ်တွေကြာနေလည်း သူ့မှာကျင့်သားမရသေးပါ။

"ငါသေတော့မှာကို မင်းမမြင်ဘူးလား ရှဲ့Bossရဲ့ ၊ မင်းကမခံရတော့ မနာဘူးပေါ့လေဟုတ်လား. . . . . . အား ငါလိုး ၊ သွားပြီ သွားပြီ။"

ရှဲ့ယွီကတော့ မလှုပ်မယှက်နဲ့ပင်။

"မင်းကညံ့တာကိုး။"

". . . . . ."

"ငါကညံ့တာ. ."

ကျိုးသာ့လေက စနောက်လို့ဆိုလိုက်ပါသည်။

"ငါဒီလိုတွေဖြစ်တာ ဘယ်သူ့ကြောင့်မို့တုန်း ၊ မင်းလိုမျိုး ရန်သူထက်တောင်ရက်စက်တဲ့အဖွဲ့သားကို ဘယ်သူကများခံနိုင်ရည်ရှိမတဲ့လဲ ၊ ဟမ်? !"

ရှဲ့ယွီသည် နှစ်ပွဲလောက်ဆော့အပြီးမှာတော့ အချိန်အားကြည့်ကာ ပြောလိုက်သည်။

"မင်းပဲဆော့တော့ ၊ ငါထွက်ပြီ။"

ကျိုးသာ့လေမှာ တစ်ခုခုအားမေ့နေသလိုခံစားနေရရင်းမှ ရှဲ့ယွီ၏ထွက်ပြီဟုပြောလာချိန်ကြမှ ခေါင်းကိုထုမိရင်း သတိရလို့သွားတော့သည်။

"ဒီနေ့ကအန်တီလန်ရဲ့မွေးနေ့မဟုတ်လား။"

"ငါမေ့တော့မလို့ ၊ ငါ့ဆုတောင်းစကား အန်တီလန့်ထံပါးပေးဦး ၊ ပိုပိုပြီးလှလာပါစေ ၊ အရာရာပြည့်စုံပျော်ရွှင်ပါစေလို့. ."

ကျို့သာ့လေက အပြစ်တင်ဆိုလာပြန်သေးသည်။

"မင်းဘာလို့ငါ့ကိုကြိုသတိမပေးတာလဲ။"





အောက်ထက်ရှိ ဧည့်သည်အပေါင်းတို့မှာ မပြန်ကြသေး။

ကုရွှယ်လန်၏မွေးနေ့ ၊ မဒမ်ကုမှာ အထူးတလည်မွေးနေ့ပွဲဆိုတာမျိုးတွေမပြုလုပ်သော်ငြား လူတွေတော်တော်များများ အိမ်သို့အလျှိုလျှိုရောက်လို့လာကြ၏ ၊ လက်ဆောင်တွေကိုလည်းစားပွဲထက်စုပြုံတင်လို့ထားခဲ့ကြသည်။

ကျုံးကော်ဖေးဆိုသည်မှာကား စီးပွားရေးလောက၌အထွတ်အထိပ်အနေအထားမှာရှိခြင်းကြောင့် ဒီမဒမ်ကျုံးအားဘယ်လိုပင်ကြည့်မရရှိနေကြပေသည့်တိုင် လက်ဆောင်တွေမှာအရေအတွက်ရှိသင့်သလောက်တော့ရှိကြပါသည်။

"မင်းကိုကြိုသတိပေးပြီး ဘာလုပ်ရမှာလဲ. ."

ရှဲ့ယွီသည် ဂိမ်းထဲကထွက်လိုက်၏ ၊ ခြေထောပ်တစ်ဖက်ကိုဖြင့် ထိုင်ခုံအစွန်းနားတင်ကာထားမိသည် ၊ ကွန်ပြူတာကြည့်တာကြာသွားခြင်းကြောင့် အနည်ငယ်လူကနုံးလို့နေသည်။

"မင်းကပလတ်စတစ်ပန်းအတုတွေပေးဦးမလို့လား?"

ကျိုးသာ့လေကဆိုသည်။

"မင်းပလတ်စတစ်ဆိုပြီးအထင်သေးမနေနဲ့ ၊ အတုဖြစ်ပေမယ့် သူတို့ကဘယ်တော့မှညှိုးမသွားတော့ဘူးလေ ၊ ငါ့ရဲ့လက်ဆောင်တိုင်းက အသုံးတည့်ပါတယ်ကွ။"

"ဒါဆို နွေရာသီကြီး မာဖလာပေးတာကလည်း အသုံးတည့်တယ်ခေါ်တာပဲလား?"

ကျိုးသာ့လေမှာ မိမိလက်ဆောင်ရွေးရာ၌ချွတ်ယွင်းချက်ရှိနေခြင်းကို ဝန်မခံလိုဘဲရှိရာ စကားကတ်လို့သာပြောလိုက်သည်။

". . . . . . ဆောင်းရာသီဆိုတာ အနှေးနဲ့အမြန်ရောက်လာမှာပဲလေ။"

"ငါမင်းကိုချီးမွမ်းပေးရဦးမလား။"





ည(၆)နာရီ (၇)နာရီလောက်မှာတော့ လူတော်တော်များများပြန်လို့သွားကြပြီဖြစ်သည်။

တစ်အိမ်လုံးလည်း တိတ်ဆိတ်ငြိမ်သက်လို့သွားတော့၏ ၊ အိမ်ဖော်တို့က အသီးပန်းကန်တွေသိမ်းကာ တံမြက်စည်းလှည်း ၊ စားပွဲတွေသုတ်လျက်ရှိပြီး ကျုံးကော်ဖေးကတော့ ဧည့်သည်တွေကိုလိုက်ပို့နှုတ်ဆက်နေလေသည်။

ကုရွှယ်လန်မှာ အနည်းငယ်ပင်ပန်းသလိုရှိတာနဲ့ အပေါ်ထပ်သို့တက်ရန်ပြင်ကာ မီးဖိုချောင်ကိုဖြတ်အလျှောက်၌ ရှဲ့ယွီရှိနေသည်ကိုတွေ့လိုက်ရသည်။ ခါးထက်တွင်အေပရွန်အားဝတ်လို့ထားပြီး အင်္ကျီလက်တို့အားလည်း အပေါ်သို့ပင့်ခေါက်တင်လို့ထားသည်။ လက်ထဲတွင်မူ အသီးအရွက်တို့ကိုကိုင်ထားလျက်မှ ရေပိုက်ခေါင်းအောက်တွင် သေသေချာချာဆေးကြောနေလေသည်။

အိုးထဲရှိရေတို့မှာ ဆူပွက်လို့လာနေပြီဖြစ်ကာ အပေါ်သို့အငွေ့တွေရိုက်လျက်ရှိ၏။ ရှဲ့ယွီသည်လက်ဆန့်၍ အိုးအဖုံးအားလှပ်လိုက်ပါပြီး ခေါက်ဆွဲအားထည့်လိုက်သည်။ သူလုပ်ကိုင်နေပုံတို့မှာ အသားကျလျက်ရှိပြီး နည်းနည်းလေးမှဖြစ်ကတတ်ဆန်းရှိမနေ။

ရှဲ့ယွီမှာ မီးဖိုချောင်နှင့်မစိမ်းသက်လှ ၊ အရင်ကုရွှယ်လန်တစ်ယောက်အလုပ်မအား၍ သူ့အားဂရုမစိုက်နိုင်သည့်အချိန်များ၌ ညစာအားသာ့လေတို့ ၊ အန်တီမေတို့စီပင်သွားစားခဲ့သည်မဟုတ် ၊ ကိုယ်တိုင်ပင်မီးမွှေးကာခေါက်ဆွဲတစ်ပန်းကန် ဒါမှမဟုတ်လည်း ထမင်းကြော်ကာစားဖြစ်လေသည်။

ကုရွှယ်လန်သည်အသံမပေးမိဘဲ မီးဖိုခန်းအပေါက်ဝ၌ရပ်လျက်ကြည့်နေမိသည်။

အလွန်ရိုးရှင်းလှပါသည့် ခေါက်ဆွဲတစ်ပန်းကန် ၊ မုန်ညင်းစိမ်း ၊ နုပ်နုပ်ဆင်းထားသည့်ကြက်သွန်နီ ၊ ကြက်ဥကြော်တို့ပါလေသည်။

လူငယ်လေးမှာ ခေါင်းငုံ့လျက်ဖြင့် မျက်ဝန်းတို့က အာရုံစူးစိုက်မှုအပြည့်ရှိနေလေသည်။

ကုရွှယ်လန်သည် ကြည့်ရင်းကြည့်ရင်း မျက်ဝန်းတို့ကမသိလိုက်မသိဘာသာဖြင့် စိုစွတ်လို့လာသည်။ သူသည်ကျောပေး၍ရပ်ကာ မျက်ဝန်းထောင့်တို့အားပွတ်သုတ်မိ၏။

ရှဲ့ယွီသည် ဘာမှများများစားစားမပြောချေ ၊ ကုရွှယ်လန်တစ်ယောက်ခေါက်ဆွဲအားတစ်လုတ်ပြီးတစ်လုတ်ဖြင့်စားလို့ပြီးကာကြမှပင် သူကဆိုလိုက်သည်။

"မား ၊ မွေးနေ့မှာပျော်ရွှင်ပါစေ။"

ကုရွှယ်လန်သည်ခေါင်းညိတ်ကာ ညင်ညင်သာသာအသိအမှတ်ပြုလိုက်လေသည်။

သူမသည်ဟန်ဆောင်ပန်ဆောင်တွေလည်း ပြောမထွက်ခြင်းကြောင့် အဆုံး၌ဤသို့သာလျှင်ပြောလိုက်၏။

"မစောတော့ဘူး ၊ သွားအိပ်တော့လေ ၊ မနက်ဖြန်ကြကျောင်းလည်းတက်ရဦးမှာ။"





မနက်ဖြန်ဆို တနင်္လာသို့ပြန်ရောက်ပေမည်။ ရှဲ့ယွီသည်ကုတင်ထက်လဲနေရင်းမှ ဖုန်းပိတ်တော့မည်ပြင်ခိုက်မှာပင် noti barထက်စာတိုနှစ်စောင်ပေါ်လို့လာ၏ ၊ အချိန်ကပ်ကလေးပင်။

QQတွင်friendဖြစ်နေသည့် ဟယ့်ကျောင်းထံမှ။

-လောင်ရှဲ့ ၊ ငါပစ္စည်းကောင်းလေးတွေ့
ထားတယ်။

-Add WeChat 1502XXX7043 ၊ အိမ်စာအစားရေးပေးပြီး နားလည်မှုယူကြမယ်။

ရှဲ့ယွီ၏ လက်ချောင်းတို့မှာစခရင်ထက်ထောက်လျက်သားရှိနေရင်း အတော်ကြာကာမှပင်အမေးသင်္ကေတတစ်ခုပို့လိုက်၏ - ?

ဟယ့်ကျောင်း - ငါတို့နှစ်ကတဲ့ ၊ အထူးပြုအနေနဲ့အိမ်စာအစားရေးပေးမှာ။

ဟယ့်ကျောင်း - ရှိန်ကျယ်ကတော့ပြောတယ် အဲ့လူကသူ့အလုပ်မှာတော်တော်ကျွမ်းကျင်တာတဲ့ ၊ စျေးကလည်းသင့်ပြီး လက်ရေးကိုလည်းတုပြီးရေးတတ်သေးတယ်တဲ့ ၊ ဌာနမှူးကျန်းတောင်သတိမထားမိဘူးဆိုပဲ။

ဟယ့်ကျောင်း - ပြီးတော့ တစ်ခါမိသွားရင် ဆယ်ခါအစားပြန်ပေးမှာတဲ့။

ရှဲ့ယွီ - အဲ့ဒီတော့?

ရှဲ့ယွီမှာ မိမိအနေဖြင့်ကျောင်းသားဆိုးတွေလုပ်ရပ်နှင့်ပတ်သက်သည့်အပေါ်အသိအမြင်တို့မှာနည်းပါးသေးပါကြောင်း ခံစားမိလိုက်သည်။ သူ့အနေနှင့်အရည်အချင်းမပြည့်မှီသေး။

-မင်းနဲ့ voice callပြောမယ် ၊ အခုပြောလို့အဆင်ပြေလား?

စိတ်မဝင်စားပေသည့်တိုင် ရှဲ့ယွီသည်တက်ကြွစွာပင်ပြန်လို့ဖြေလိုက်သည်။

-ကောင်းပြီလေ။

နောက်တစ်စက္ကန့်မှာပင် ဟယ့်ကျောင်းထံမှဖိတ်ခေါ်မှုတစ်ခုရောက်ရှိလို့လာ၏။

သာမန်voice callပဲထင်မှတ်ကာ ရှဲ့ယွီသည်လည်း သေချာမကြည့်မိလိုက်ပါချေ။

ရလဒ်သည်ကား သူနှိပ်၍လက်ခံပြီးနောက်တွင်မူ ဖုန်းစခရင်အလယ်၌ ရေချိုးလို့ပြီးခါစဖြင့် တစ်ကိုယ်လုံးတွင်လည်း အတွင်းခံဘောင်းဘီလေးတစ်ထည်သာလျှင်ဝတ်လို့ထားသည့် ဟယ့်ကျောင်းကပေါ်လို့လာတော့သည်။

". . . . . ."

ဟယ့်ကျောင်းသည် ခေါင်းပင်မသုတ်ရသေး ၊ ခြေဗလာဖြင့်ကြမ်းခင်းထက်ရပ်လျက်ဖြင့် ခါးကိုငုံ့ကာ ကုတင်ဘေးတွင်အင်္ကျီရွေးလျက်ရှိချေသည်။ လက်ပြင်ရိုး ၊ ကျောရိုးတို့မှာသူ၏လှုပ်ရှားမှုအလိုက် တောင့်တောင့်တင်းတင်းရှိလှ၏ ၊ လည်တိုင်ထက်တွင်မူ ကြိုးအနီလေးဆွဲထားလျက်သားဖြင့် လူငယ်ဆန်ဆန်အားမာန်အပြည့်တက်ကြွမှုတို့ ထင်ဟပ်လျက်ရှိချေသည်။

ရှဲ့ယွီသည် နှစ်စက္ကန့်မျှတုံ့ဆိုင်းသွားပြီးနောက်မှ ဆိုလိုက်၏။

"မင်းကဘာလုပ်ချင်တာလဲ? ညစ်တီးညစ်ပတ်နဲ့မင်းရဲ့အနက်ရောင်underwearကိုပြသဖို့လား?"

"Fuck. ."

ဟယ့်ကျောင်းကိုယ်တိုင်လည်း လန့်ဖျန့်သွားရပြီး အင်္ကျီအားကောက်ယူ၍လှည့်ကြည့်လိုက်သည်။

". . . . . . ဒါဘာတုန်း။"

ဟယ့်ကျောင်းမှာအင်္ကျီဝတ်ဖို့အလုပ်များနေခြင်းကြောင့် voice callနှိပ်ရမည့်အစား အမှတ်တမဲ့ဖြင့်video callအားသွားရောက်နှိပ်မိလိုက်ခြင်းဖြစ်သည်။

ရှဲ့ယွီဘက်မှာက အလင်းရောင်သိပ်ပြီးမကောင်းလှ ၊ အနည်းငယ်မှောင်လို့နေပြီး ကြည့်ရသည်မှာတော့ကုတင်ထက်လဲအိပ်နေဟန်ရှိ၏ ၊ ဟယ့်ကျောင်းသည် ခပ်မြန်မြန်သာအင်္ကျီဘောင်းဘီတို့အားကောက်ဝတ်လိုက်ရတော့သည်။

"လက်ချော်သွားတာရယ် ၊ မင်းအဲ့လိုမျက်နှာဘေးမလုပ်နဲ့လေကွာ ၊ မင်းပဲအကျိုးအမြတ်ရသွားတာ အသိသာကြီးဟာ ၊ အစ်ကို့ရဲ့ကိုယ်လုံးက. . . . . ."

"ကိစ္စမရှိရင် ငါချလိုက်တော့မယ်။"

ဟယ့်ကျောင်းမှာ မိမိbodyအကြောင်းကြွားလုံးထုတ်မယ့်အရေးအား ရပ်လိုက်ရတော့၏။

"ကိစ္စရှိတယ် ၊ ဟုတ်တယ် ၊ ဟိုအစားရေးပေးမယ့်ဟာ။"

အစားရေးပေးတာတစ်ခုအတွက်နဲ့ကို ဟယ့်ကျောင်းကဘာလိုလို့ သူတစ်ယောက်တည်းကိုပဲရှာပြီးစကားပြောဖို့လိုအပ်သလဲဆိုသည်ကိုဖြင့် ရှဲ့ယွီလည်းမသိသည်ကြောင့် စဉ်းစားမနေဘဲမေးလိုက်တော့သည်။

"နှစ်ယောက်စာအိမ်စာဆို 20%လျှော့ပေးမှာမို့လို့လား?"

"မဟုတ်ဘူး. ."

ဟယ့်ကျောင်းကပြောလာသည်။

"ငါမင်းကိုပေးလိုက်တဲ့စာရွက်လေ မင်းသိမ်းထားသေးလား ၊ ဘာအိမ်စာတွေလဲဆိုပြီးကူးထားတဲ့ဟာလေ? ငါကြည့်ပြီးကိုယ်ဘာကိုယ် ဘာတွေရေးလို့ရေးထားမှန်းနားမလည်နေလို့။"

". . . . . ."

ရှဲ့ယွီသည် စိတ်အေးအေးထားလျက်ဖြင့် အယုတ္တအနတ္တညစ်ညစ်ညမ်းညမ်းတွေမပါဘဲ ဟယ့်ကျောင်းအား 'ရိုသေသမှုဖြင့်သာ နှုတ်ခွန်းဆက်' လိုက်ပါသည်။ ယေဘုယျအဓိပ္ပာယ်မှာတော့ တည်ငြိမ်အေးချမ်းလှပါသည့်နေရာတစ်နေရာ၌သူ့အားသွားလို့နေခိုင်းလိုက်ခြင်းသာ ၊ ပြီးနောက်မှာတော့ video callအားပိတ်ဖို့ပြင်လိုက်သည်။

"မင်းစမ်းကြည့်ကြည့်ပါလား ၊ လိုရမည်ရပေါ့ ငါ့စာလုံးတွေနဲ့ မင်းက ဆက်နွှယ်မှုကောင်းကောင်းရှိချင်ရှိနေမှာ။"

"မင်းမေးရမှာက အစားရေးပေးမယ့်သူနဲ့ မင်းရဲ့စာလုံးတွေသာ ဆက်နွှယ်မှုကောင်းကောင်းရှိမရှိဆိုတာပဲ. ."

ရှဲ့ယွီသည်ပြောလိုက်၏။

"သူမင်းရဲ့အဲ့ဒီပုံစံလိုမျိုး ရေးနိုင်ပါ့မလားလို့လေ။"

ရှဲ့ယွီသည်ပြောပြီးတာနှင့် တန်း၍ခလုတ်နှိပ်ကာချပစ်လိုက်တော့သည်။ ဖုန်းမျက်နှာပြင်မှာကား home screenရှိရာသို့ပြန်လည်ရောက်ရှိသွားလျက် အစောကတည်းက uninstallဖို့မေ့နေလေသည့် ပညာရှိအသီးဆိုသည့်appဟာဆိုလျှင် 'ဂိမ်း'ဆိုသည့်အကန့်ထဲရှိလို့နေဆဲဖြစ်လျက် အစိမ်းရောင်အကွက်ကလေးမှာမျက်စိပဒေသာတော့ရှိလှပေ၏။

မသိလိုက်မသိဘာသာဖြင့် ပြတင်းပေါက်အပြင်ဘက်တွင်ကား အမှောင်ထုကကြီးစိုးလို့လာနေပြီဖြစ်သည်။ လေသည်ပြတင်းအပြင်ဘက်မှ အေးမြမှုကိုသယ်ဆောင်လျက် ဝင်ရောက်လို့လာနေသည်။

ရှဲ့ယွီသည် မျက်ဝန်းတို့အားမှိတ်လိုက်လေ၏ ၊ အသိစိတ်တို့တဖြည်းဖြည်းလျှော့နည်းလို့လာနေသည့်တိုင် သူသည် နွေရာသီကုန်ဆုံးတော့မည်ဆိုတာကိုတော့ သတိမူမိသည်။

ထိုပူပြင်းကာ မွန်းကျပ်လျက်ရှိလှပါသောနွေ ၊ ဖုန်းထဲမှနေ 'မင်းမေယိုးငါ့လက်နက်ကိုလုသွားတာ' ဆိုသည့်ကျိုးသာ့လေ၏အော်သံ ၊ ဟယ့်ကျောင်း၏ သူ့maskအနက်ကိုချွတ်ရင်းမှရယ်လျက်ဖြင့် 'ငါက(၈)နိုင်ငံသွေးနှော' ဟုဆိုလာခဲ့ပါသည့် ထိုနွေရာသီဟာဆိုလျှင် ကုန်ဆုံးတော့မည်ပဲဖြစ်လေသည်။

Continue Reading

You'll Also Like

1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
1.2M 189K 78
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I just translate.Fully credit to original...
42.7K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
570K 20.3K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...