ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.4M 234K 22.4K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၂)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အခန်း(၃၃)

9.5K 1.8K 95
By Meng_L

伪装学渣
Wei Zhuang Xue Zha


ZAWGYI


ငါ့ရဲ႕ကေလးေလးက ဘာေၾကာင့္မင္းကိုရယ္ျပရမွာလဲ?


ဟယ့္ေက်ာင္းသည္ သူ႔အေၾကာင္းသူအားအေရးမထားဟန္ျဖင့္ ေျပာလို႔လာသည္။

သူ႔ပံုစံက မိသားစုကြဲကြာေနျခင္းကိုေတာင္ စိတ္ထဲမထားဟန္ေပါက္ေန၏ ၊ မေမွ်ာ္လင့္ထားပါဘဲ ေမေမက ညီမေလးအားေခၚကာ ႏိုင္ငံကေနထြက္ခြာလို႔သြားသည္ ၊ ထြက္သြားခ်ိန္တုန္းကဆို ညီမေလးမွာအသက္(၃)ႏွစ္သာလွ်င္ရွိေသးကာ စကားပင္ေကာင္းစြာမေျပာတတ္ေသးဘဲ ကိုကိုဟုေအာ္၍ သူ႔ေနာက္ကေနတေကာက္ေကာက္ကပ္လိုက္တတ္တုန္းပဲရွိေသးေလသည္။

Cႏိုင္ငံသို႔ေရာက္ခါစႏွစ္တုန္းကဆို ဟယ့္ရွီးသည္ေအာ္ဟစ္ငိုလ်က္ သူ႔ကိုကိုအားရွာေတာ့သည္ ၊ သို႔ေသာ္ျငားလည္း ကေလးဆိုေတာ့ေမ့လြယ္ေပ်ာက္လြယ္ေလရာ အခ်ိန္ၾကာလာတာနဲ႔အမွ် အထူးသျဖင့္ေက်ာင္းတက္ရတဲ့အရြယ္ေရာက္ၿပီးေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ဒီကိုကိုဟာဆိုလွ်င္ ငယ္ငယ္ေလးတုန္းကလက္ကမလႊတ္ႏိုင္ေအာင္သေဘာက်ခဲ့ရသည့္ ကစားစရာအ႐ုပ္လိုမ်ိဳးျဖစ္သြားခဲ့လ်က္ ေခတ္ကုန္သြားတာနဲ႔ ေခ်ာင္ထိုးပစ္လိုက္သကဲ့သို႔ရွိေလသည္။

ဟယ့္ေက်ာင္းသည္ ေျပာေနစဥ္၌ မ်က္ႏွာအမူအရာေျပာင္းလဲျခင္းတို႔မရွိ ၊ ဒါ့အျပင္အေျခအေနေကာင္းေနဟန္ပင္ေပါက္သည္။ ကံေကာင္းသည္က ကေလးမေလးမွာငယ္ေနေသးတာေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားအား ခဏခ်င္းတြင္းေမ့ေပ်ာက္ႏိုင္သည္။

ၿပီးေနာက္ ဘဝအသစ္၌ေမြ႕ေလ်ာ္ႏိုင္၏။

ရွဲ႕ယြီမွာ ဘာေျပာရေကာင္းမွန္းမသိသည္ေၾကာင့္ ဘာမွမေျပာဘဲသာေနလိုက္ေတာ့သည္။

". . . . . . ငါတစ္ေခါက္ထပ္ၿပီးရွင္းေအာင္ေျပာမယ္ေနာ္ ၊ တကယ္ပါ အဲ့ေလာက္လည္းဝမ္းနည္းဖို႔ေကာင္းမေနပါဘူး ၊ ၿပီးေတာ့ အတိတ္ေမ့သြားတဲ့ ရင္နာစရာဇာတ္လမ္းတြဲမ်ိဳးမွမဟုတ္တာ ၊ ငါနဲ႔ရင္းႏွီးမႈမရွိေတာ့ရံုေလးပါပဲ။"

ဟယ့္ေက်ာင္းကေျပာသည္။

"သူကဂိမ္းေတာ္ေတာ္ေဆာ့တတ္တယ္ ၊ တစ္ေခါက္တစ္ေခါက္ဝင္လိုက္တိုင္းမွာ ဂိမ္းထဲကပစၥည္းတို႔ levelတို႔အျပင္ ေသနာေကာင္ဂိမ္းေရာကပါေျပာင္းကုန္တာေတြ႕ရတယ္ ၊ ေတြးၾကည့္ရင္နည္းနည္းေတာ့လန္႔ဖို႔ေကာင္းတယ္။"

ဟယ့္ေက်ာင္းဆိုတဲ့ဒီလူ႔EQကေလ တကယ္ကိုတမူထူးေနခ်က္ပဲ။

သူ႔ရဲ႕EQက နိမ့္တာလားျမင့္တာလားကိုေတာ့ ေျပာလို႔မတတ္ ၊ အႏွစ္ခ်ဳပ္လိုက္ရင္ေတာ့ သူကိုယ္သူရင္ထဲထိေနေလသည့္ ဒရာမာခင္းလြန္းလွသည့္ ဒရာမာကင္းတစ္ေယာက္ပါေပ။ ဥပမာအေနနဲ႔ဆိုရရင္ေတာ့ ယခုကိစၥ--- --- ဟယ့္ေက်ာင္း၏ အေဝးေရာက္ေနတဲ့Cႏိုင္ငံက ညီမေလး ၊ ဂိမ္းထဲဝင္လိုက္တာနဲ႔ ကိုယ္မေဆာ့ရေသးတဲ့မေက်ာ္ျဖတ္ႏိုင္ေသးတဲ့ levelေတြကေဆာ့ၿပီးျဖစ္ေနတာတို႔ ၊ ခက္ခက္ခဲခဲနဲ႔ကိုႀကိဳးစားေအာင္ျမင္ၿပီးရထားသည့္ ဂိမ္းထဲကေကာင္ေလးကလည္း ႐ုတ္တရက္ႀကီးထြက္ေျပးသြားတာတို႔ေပါ့။

ေနာက္ၿပီးေတာ့ ဟယ့္ေက်ာင္းရဲ႕ကိုယ့္ကိုယ္ကိုယ္သာလွ်င္ရင္ထဲထိ ၊ ေကာင္ကင္ေရာကမ႓ာေျမႀကီးပါ ရင္ထဲထိေနေလၿပီး တစ္ပါးသူရဲ႕ကိစၥၾကေတာ့ ရင္ထဲမေရာက္ေတာ့ဆိုတာမ်ိဳးေတြ။

ရွဲ႕ယြီသည္ေျပာလိုက္၏။

"မင္းကလန္႔တယ္? အရမ္းလည္းရင္ထဲထိတယ္လို႔ေရာ မင္းေတြးမၾကည့္ဘူးလား?"

ဟယ့္ေက်ာင္းက ပန္းေဘာင္ေပၚ ေဆာင့္ေၾကာင့္ထိုင္လိုက္ရင္း ရယ္လို႔လာသည္။

"မင္းအသာေနပါကြာ ၊ ေသးေသးပိစိေလာက္ေတာ့ရွိတယ္ထင္ရတာပဲ။"

ရွဲ႕ယြီသည္ကား တစ္ပါးသူ၏ဇာတ္လမ္းေတြကိုသိခ်င္တဲ့ဆႏၵမ်ိဳးလံုးဝမွရွိမေန ၊ ဒီလူကအ႐ူးအေပါေကာင္ပဲဟုသာလွ်င္ ေတြးမိ၏။

အျခားသူေတြေတာ့ သိခ်င္မွသိမည္ေပမယ့္ သူကေတာ့ရွင္းရွင္းလင္းလင္းႀကီးကိုသိသည္။ ဒီအခ်ိန္အေတာေတြအတြင္း၌ ဟယ့္ေက်ာင္းတစ္ေယာက္ အသိဉာဏ္နည္းပါးလွသည့္ဂိမ္းေတြေဆာ့ေနသည္ကို သူမ်က္ဝါးထင္ထင္ျမင္ေနရတာျဖစ္သည္ ၊ အတန္းတက္တုန္းလည္းေဆာ့ အတန္းဆင္းေတာ့လည္းေဆာ့ ၊ တစ္ခါတစ္ေလ ညသန္းေခါင္ႀကီး screenshot ဆြဲထားသည္အားသူ႔စီပို႔ကာ ဒီဖိနပ္ႏွစ္ရံထဲက ဘယ္တစ္ရံေရြးရမလဲဟုပင္ေမးတတ္သည္။

သူ႔အေနနဲ႔ဆို ဒါကငါ့ေသာက္လုပ္မွမဟုတ္တာဟု ေတြးေနသင့္တာေပမယ့္ သရဲဝင္ပူးသြားပံုရသည္ ၊ ရွဲ႕ယြီသည္ ဘယ္လိုေတာင္ေတြးလိုက္မိလဲဆိုတာ ကိုယ့္ကိုယ္တိုင္ပင္မသိေတာ့ ၊ သူသည္႐ုတ္တရက္ကိုယ္ကိုကိုင္းၫြတ္မိလ်က္ အသိျပန္ဝင္လာခ်ိန္မွာေတာ့ သူ၏လက္မွာဟယ့္ေက်ာင္းေခါင္းထက္ေရာက္ႏွင့္ေနေလၿပီ။

ႏွစ္ဦးသား အတန္ငယ္ေၾကာင္အမ္းသြားခဲ့ၾက၏။

ဟယ့္ေက်ာင္း၏ဆံပင္တို႔ကတိုေလရာ ပုတ္လိုက္မိစဥ္၌ လက္ပင္အနည္းငယ္စူးသည္။

ရွဲ႕ယြီသည္ 'သူ႔ကိုတြန္းခ်ပစ္လိုက္' ႏွင့္ 'ခ်က္ခ်င္းလက္ျပန္႐ုပ္ၿပီးလွည့္ထြက္လာလိုက္' ဆိုသည့္ႏွစ္ခုၾကားအေနာက္ကတစ္ခုကိုသာလွ်င္ ေရြးလိုက္ေတာ့သည္။

"ငါသြားၿပီ။"

"အတူတူသြားမယ္ေလ. ."

ဟယ့္ေက်ာင္းသည္ ခုန္ဆင္းလိုက္ရင္းမွေနာက္ကေနတစ္ပါတည္းလိုက္ကာ ေလွ်ာက္ရင္းမွလက္နဲ႔မိမိေခါင္းထိပ္ကိုယ္ကိုယ္စမ္းလို႔ၾကည့္၏။

"ငါ့ေခါင္းေပၚတစ္ခုခုရွိလို႔လား? မင္းဘာလို႔ အဲ့ေလာက္ျမန္ျမန္သြားေနရတာတုန္း?"






ရွဲ႕ယြီသည္ျပန္ေရာက္တာနဲ႔ ေရခ်ိဳးကာ ဆံပင္ေတြကိုျဖင့္ေျခာက္ေအာင္မသုတ္ဘဲထားလ်က္ ကုတင္ေဘးေဆာင့္ေၾကာင့္ထိုင္ခ်ရင္း ကုတင္ေအာက္ထဲလက္ဆန္႔နႈိက္ကာ ခရီးေဆာင္အိတ္အားဆြဲလို႔ထုတ္လိုက္ပါသည္။

အထဲရွိအကုန္လံုးမွာ စာလုပ္ရာမွာအသံုးဝင္သည့္ပစၥည္းပစၥယေတြႏွင့္ နမူနာေမးခြန္းစာအုပ္တို႔စသည္ သူပံုမွန္လုပ္ထားတဲ့မွတ္စုစာအုပ္ေတြနဲ႔ ေသတၱာအျပည့္ပင္ျဖစ္ေလသည္။ ပံုမွန္အားျဖင့္သူတို႔တစ္ေတြမွာ ကုတင္ေအာက္တြင္သာရွိလ်က္ ၿငိမ္ၿငိမ္သက္သက္ေသာ့ခတ္ခံထားရ၏။

သူသည္ စိတ္တည္ၿငိမ္သြားေအာင္ ပုစၧာနည္းနည္းပါးပါးေလာက္လုပ္လိုက္သင့္သည္ဟု ေတြးမိ၏။

ရွဲ႕ယြီသည္ ခရီးေဆာင္အိတ္ေဘးနားေဆာင့္ေၾကာင့္ထိုင္ရင္း မိနစ္အနည္းငယ္ေလာက္စိုက္လို႔ၾကည့္ကာ လက္ေခ်ာင္းတို႔က《5.3》နမူနာေမးခြန္းစာအုပ္အဖံုးကိုထိကာပြတ္ရင္းမွ သူသည္ေခါင္းေထာင္၍ ျပတင္းေပါက္အျပင္ဘက္သို႔လွမ္းလို႔ၾကည့္လိုက္သည္။ ညအေမွာင္ထဲ၌ မွိန္ေဖ်ာ့ေဖ်ာ့ၾကယ္ပြင့္အခ်ိဳ႕အား ျဖန္႔ၾကက္ႀကဲပက္လို႔ထား၏။ ဘယ္လိုျဖစ္သည္မသိ ၊ သူသည္႐ုတ္တရက္ ဟယ့္ေက်ာင္းရဲ႕လမ္းမီးတိုင္ေအာက္ေဆာင့္ေၾကာင့္ထိုင္ေနစဥ္က ျပံဳးလိုက္သည့္ထိုအျပံဳးအားျပန္လည္ေအာက္ေမ့လာရသည္။ ေတာက္ပလ်က္ရွိသည့္ထိုအျပံဳးမွာ ညအေမွာင္ကိုေတာင္ေဖာက္ဖ်က္သြားႏိုင္သကဲ့သို႔ရွိ၏။

ဟယ့္ေက်ာင္းကိုၾကည့္လိုက္ရင္ျဖင့္ ေန႔ရက္တိုင္းပူပင္ေၾကာင့္ၾကမဲ့ကာ ေၾကာ့ရွင္းရည္မြန္ေနတတ္သည္။

သူ႔တြင္ေပ်ာ္ျမဴးစရာေတြဘယ္ကရၿပီး ဘယ္ေလာက္မ်ားမ်ားေတာင္ရွိေနသလဲ ရွဲ႕ယြီသိခ်င္စမ္းမိ၏။ ေရွ႕ႏွစ္ရက္တုန္းကဆိုလည္း ထိုသူသည္ဆိုဒါအခ်ိဳရည္အားေသာက္လို႔ကုန္တာနဲ႔ ေနာက္တစ္ဗူးကိုထပ္ေသာက္ရင္း ဗူးအဖံုးအားေနာက္ဆံုးတန္းကေနၿပီး ေရွ႕ဆံုးတန္းစီပစ္ေပါက္လို႔ လွ်ိဳခၽြိင္ေဟာက္တို႔တစ္ေတြအား ဟိတ္ဟန္ထုတ္လိုက္ေသးသည္။

"အားလံုးပဲ ထိၾကည့္ၾက ၊ ထိၾကည့္ၾက. . . . . . တစ္ေန႔တာလံုးအတြက္ကံေကာင္းျခင္းေတြရေလေအာင္ အစ္ကိုႀကီးရဲ႕ဗူးအဖံုးကိုထိၿပီးစတင္လိုက္ၾက။"

ရႊီခ်င္ခ်င္မွာ နမူနာေမးခြန္းေဟာင္းေတြလုပ္ေနရင္းမွ အလြန္ပင္မ်က္ႏွာသာမေပးဘဲရွိလွသည္။

"ဘာႀကီးတုန္း ၊ နင္ကိုယ္နင္ lucky fishမ်ားထင္ေနတာလား?"

"အစ္မခ်င္ ဘယ္လိုေတာင္ေျပာခ်တာတုန္း ၊ ငါ့အစ္ကိုေက်ာင္းက မိန္းကေလးေတြကိုဆိုမ႐ိုက္လို႔သာေပါ့ ၊ အစ္ကိုေက်ာင္းေရ ငါကေတာ့သူနဲ႔မတူဘူးေနာ္ ၊ ငါကမင္းကိုအားေပးတယ္. ."

ဝမ့္သာသည္ေျပာရင္း ေစာင္းပါးရိပ္ျခည္ေတြပါေျပာလို႔လာသည္။

"အာ ၊ ငါထိလိုက္ၿပီ ၊ ဒီထဲကေမွာ္စြမ္းအင္ေတြကိုငါခံစားမိတယ္ ၊ ဘုရားေရ ၊ ကြဲျပားျခားနားတဲ့ဟိုးအေဝးကလာတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အစြမ္းမ်ိဳးပဲ--- --- အစ္ကိုေက်ာင္း ၊ ငါေရနည္းနည္းဆာလာလို႔ ဒီကံေကာင္းျခင္းဗူးအဖံုးေလး ဒီကညီေလးကိုေပးအပ္ႏိုင္မလား?"

"မရဘူး. ."

ဟယ့္ေက်ာင္းသည္ ျပန္လို႔လွမ္းယူလိုက္၏။

"ငါ့ထံုေက်ာကိုေပးမလို႔ ခ်န္ထားရဦးမယ္။"

သို႔တိုင္ရွဲ႕ယြီကေတာ့ အသိအမွတ္မျပဳပါေခ် ၊ သူသည္စာသင္ခန္းထဲဝင္လာလာခ်င္း ဗူးအဖံုးကိုေတြ႕တာနဲ႔ တစ္ေၾကာင္းတည္းသာလွ်င္ေျပာလို႔လာသည္။

"အမႈိက္ပံုးထဲပစ္မွာဆိုလည္း ကိုယ္ဘာသာသြားပစ္ေခ်။"

ရွဲ႕ယြီသည္ ထိုအထိေတြးလာမိၿပီးေနာက္မွ ယခုတေလာသူ႔အေတြးထဲ 'ဟယ့္ေက်ာင္း' ဆိုသည့္စကားလံုးႏွစ္လံုးေပၚေပၚလာသည့္ အႀကိမ္နႈန္းဟာဆိုလွ်င္ တစ္ျဖည္းျဖည္းပိုပိုၿပီးမ်ားလာေၾကာင္း ႐ုတ္တရက္ႀကီးသတိထားမိသြားသည္။

သူ႔တြင္ ေသာက္ေခ်ာထံုေက်ာတစ္ေယာက္ရွိမွန္း က်ိဳးသာ့ေလေတာင္သိရွိေနေလၿပီး တစ္ခါတစ္ေလႏွစ္ေယာက္သားဖုန္းေျပာမိၾကသည့္အခါတိုင္းလည္း အၿမဲလိုလို႐ုတ္ျခည္းစကားလမ္းေၾကာင္းမွာ တစ္စံုတစ္ေယာက္ေသာေသာက္ေခ်ာႀကီးအေၾကာင္းစီေရာက္ေရာက္သြားတတ္သည္။

က်ိဳးသာ့ေလတစ္ေယာက္ သူေျပာသည္မ်ားကိုနားေထာင္ေနရင္းမွတလြဲပင္ထင္လာကာ တစ္ေခါက္ကဆိုေမးလို႔ပင္လာသည္။

"မင္းတို႔ႏွစ္ေယာက္က တအားခင္ၾကတာလား? ရွဲ႕Boss မင္းကိုသိလာတာၾကာလွၿပီ မင္းသူငယ္ခ်င္းထားတာ ဒါပထမဆံုးေတြ႕ဖူးတာပဲ ၊ ငါျဖင့္စိတ္ထဲ သားအတြက္ဂုဏ္ယူတဲ့အေဖႀကီးတစ္ေယာက္လိုေတာင္ခံစားလာရတယ္။"

ရွဲ႕ယြီတစ္ေယာက္ ကုရႊယ္လန္ႏွင့္အတူ ေဟးေရႊလမ္းသို႔ေရာက္လာခါစအခ်ိန္တုန္းကဆို သာ့ေလမွာေဟးေရႊလမ္း၏ကေလးဗိုလ္ျဖစ္ေလၿပီး အလြန္မွလည္း႐ိုင္းလွသည္။ သူသည္ သူတို႔နယ္ပယ္ႏွင္႔ ႐ုပ္ရည္သြင္ျပင္ ၊ ဟန္အမူအရာ ၊စ႐ိုက္တို႔နဲ႔ကိုက္ညီမႈလံုးလံုးမရွိပါသည့္ ထိုလူႏွစ္ဦး အေဝးေျပးဘတ္စကားေပၚမွဆင္းလာသည္ကို ၾကည့္ေနမိသည္။

နာရီ(၄၀)ေက်ာ္ၾကာကားစီးလို႔လာရၿပီး ခရီးအလြန္ပန္းေနသည္ျဖစ္ေသာ္ျငားလည္း ႏွစ္ဦးသားမွာသတိတစ္ခ်က္မွမလြတ္ဘဲ ႏိုးႏိုးၾကားၾကားရွိေနေခ်သည္။ အထူးသျဖင့္ ထိုငယ္ရြယ္သည့္တစ္ေယာက္ ၊ မ်က္ဝန္းအိမ္ထဲဓားတစ္ေခ်ာင္းျမဳပ္ထားသည့္အလား အၾကည့္တို႔စူးရွကာ မည္သူ႔မဆိုအားလိုက္လံအကဲျဖတ္ေနသကဲ့သို႔ရွိသည္။

သာ့ေလသည္ ငယ္တုန္းကဆိုဘုမသိဘမသိျဖင့္ ရွဲ႕ယြီကိုေတြ႕စဥ္အခါက မိန္းကေလးဟုပင္ထင္လိုက္ေသး၏။ ဒီကေလးမေလးကေတာ္ေတာ္ေလးကိုလွတာပဲဟုခံစားမိရရင္း တစ္ဖက္လူအား ေက်ာက္ခဲေသးေသးေလးျဖင့္ပစ္ေပါက္ကာ သူသေဘာက်ေၾကာင္းေဖာ္ျပေလသည္။ ဘယ္သူသိမည္လဲ ၊ ဒုတိယေျမာက္ေန႔ေလက်စ္၏အေဖႏွင့္အေမတို႔အလုပ္သြားခ်ိန္၌ ေအးစက္စက္ရွိလွသည့္ 'ကေလးမေလး'မွာ အိမ္တိုင္ရာအေရာက္လက္စားလာေခ်ေလ၏။ ေဒါသလည္းအလြန္းထြက္ေနေလၿပီး ခ်က္ခ်င္းပဲသူ႔အားဖမ္းဆြဲကား ေျမျပင္ထက္၌ဖိခ်ဳပ္လို႔ထားၿပီး သူ႔အားဆြဲထိုးေတာ့သည္။

"မင္းဘယ္သူ႔ကိုေက်ာက္ခဲနဲ႔ပစ္ေပါက္လိုက္တာ? ယဥ္ေက်းမႈနားမလည္ဘူးလား? ငါမင္းကို လူဘယ္လိုလုပ္ရလဲဆံုးမေပးရမလား?"





ခင္သလား? ရွဲ႕ယြီသည္ မိမိကိုယ္ကိုယ္ေမးစမ္းၾကည့္မိ၏။

သူႏွင့္ဟယ့္ေက်ာင္းနဲ႔က ၊ ခင္တယ္လို႔ေတာ့လည္းသတ္မွတ္၍မရပါ။






ဒီအပတ္ထဲ၌ လပတ္စာေမးပြဲေၾကာင့္ နည္းနည္းစိတ္လႈပ္ရွားရတာကလြဲ က်န္တဲ့ရက္အနည္းငယ္ကေတာ့ အေၾကာင္းထူးမရွိပံုမွန္အတိုင္းပဲၿပီးဆံုးလို႔သြားသည္။

ရႊဲရွီရွိန္းတစ္ေယာက္သာလွ်င္ ယခုအထိလက္မေလွ်ာ့ေသးဘဲရွိေခ်သည္။ ေန႔တိုင္းရွဲ႕ယြီႏွင့္ဟယ့္ေက်ာင္းတို႔ႏွစ္ေယာက္အားလာရွာကာ သူတို႔ႏွစ္ေယာက္အား သူ႔ရဲ႕စာလုပ္ဖို႔ဖြဲ႕ထားသည့္အဖြဲ႕ထဲဝင္ခိုင္းေတာ့သည္။ အတူတကြစာႀကိဳးစားၿပီး အတန္းရဲ႕ပ်မ္းမွ်အမွတ္ေပါင္းကိုျမႇင့္တင္မည္ဟူ၏။

"4.3 မွတ္ ၊ ဒါကငါတို႔အခန္းနဲ႔ အခန္း(1)ရဲ႕ ပွ်မ္းမွ်ကြာဟတဲ့အမွတ္ပဲ။"

ရႊဲရွီရွိန္းမွာ နာမည္ေက်ာ္ၾကားပါေလသည့္ ဒီအစ္ကိုႀကီးႏွစ္ေယာက္အား နည္းနည္းေလးမွမေၾကာက္ေခ် ၊ ထို႔အျပင္ အစ္ကိုႀကီးေတြ လူကို႐ိုက္တတ္မွန္းလည္းသိတဲ့အတြက္ အသက္ေဘးကိုစြန္႔ဖို႔ဝန္ေလးမေနဘူးဟုပင္ သူကဆိုေသးေလသည္။

"ငါတို႔အခန္းရဲ႕စာလုပ္ဖို႔ကို တာဝန္ယူထားတဲ့ အဖြဲ႕ဝင္လည္းျဖစ္ေနေတာ့ ဒီလိုအေျခအေနမ်ိဳးကို ဒီအတိုင္းဆက္မထားႏိုင္ဘူး --- --- ဘာေၾကာင့္မင္းတို႔က စာမလုပ္ခ်င္ၾကတာလဲ? စာလုပ္ရတာဒီေလာက္စိတ္ဝင္စားဖို႔ေကာင္းတဲ့ဟာ ၊ စာေလ့လာမေနမွေတာ့ လူ႔ဘဝဆိုတာ ဘာမ်ားအဓိပၸာယ္ရွိေနဦးမွာလဲ? အကယ္လို႔ မင္းတို႔ ငါ့ကိုယံုရင္ အခ်င္းခ်င္းအခြင့္အေရးတစ္ခုေလာက္ေတာ့ေပးၾကည့္ၾကရေအာင္။"

ရႊဲရွီရွိန္းကေတာ့ တကယ္ကိုေခြး႐ူးရဲ႕ ဒုတိယေျမာက္မ်ိဳးဆက္ပါပင္ ၊ ဟယ့္ေက်ာင္းသည္ လူကိုတကယ္ႀကီးလည္း ႐ိုက္လို႔မျဖစ္သည္ေၾကာင့္ ၾကံရာမရသာျဖစ္မိရသည္။

"သူငယ္ခ်င္း ၊ ငါ့အထင္ေတာ့ အခ်င္းခ်င္းလြတ္ေပးထားတာပဲေကာင္းမယ္ထင္တယ္။"

ရွဲ႕ယြီကေတာ့ မညႇာမတာပါဘဲေျပာခ်ပစ္၏ ၊ 'ဒါကမင္းေစာက္လုပ္မဟုတ္သလို ငါ့ေစာက္လုပ္လည္းမဟုတ္ဘူး' ဟူသည့္ေဆာင္ပုဒ္တစ္ခုကိုပင္ေျပာလိုက္ေသးသည္။ ရႊဲရွီရွိန္းကေတာ့ နည္းနည္းေလးမွမမႈပါဘဲ သူသည္ေနာက္တစ္ေခါက္ေတာင္ထပ္ေျပာလာခဲ့သည္။

"4.3 မွတ္ ၊ ဒါကငါတို႔အခန္းနဲ႔ အခန္း(1)ရဲ႕ ပွ်မ္းမွ်ကြာဟတဲ့အမွတ္။"

ရႊဲရွီရွိန္းတစ္ေယာက္ တစ္ပြဲတည္းနဲ႔နာမည္ရလို႔ရသြား၏ ၊ ဝမ့္သာထံကေနၿပီး 'အခန္း(3)၏ႀကီးႏိုင္ငယ္ညႇဥ္း ဆင့္ကဲႏိုင္ရာစားတဲ့ထဲမွာထိပ္ဆံုးေရာက္ေနသည့္ေယာက္်ား' ဟူသည့္ဘြဲ႕ပင္ ေပးအပ္ခံရေလသည္။





"အဲ့ေလာက္ေတာင္ေၾကာက္ဖို႔ေကာင္းတာလား?"

ဝမ့္သာထံမွ စာျပန္လာသည္ကိုၾကည့္ၿပီးေနာက္ ရွိန္က်ယ္သည္ေခါင္းေထာင္လိုက္ရင္း ဒီႏွစ္ရက္အတြင္း၌ အခန္း(8)သို႔လာၿပီးအေျခခ်အျမစ္တြယ္ေနသည့္ အစ္ကိုႀကီးႏွစ္ေယာက္အားၾကည့္လိုက္ပါသည္။

". . . . . . ဒါေၾကာင့္မင္းတို႔ႏွစ္ေယာက္က ဒီရက္ပိုင္းထဲမွာ ငါတို႔အခန္းကိုပဲေရာက္ေရာက္လာေနၾကတာကိုး ၊ အစ္ကိုႀကီးရွဲ႕ယြီ ၊ ငါတို႔အတန္းထဲကေက်ာင္းသားေတြ အခုတေလာတအားကိုပဲတိတ္ဆိတ္ေနၾကတာ မင္းသတိထားမိရဲ႕လား?"

ရွဲ႕ယြီသည္ ေထာင့္တြင္ထိုင္ေနရင္း ေခါင္းငံု႔ဖုန္းသံုးေနရာမွ အဘယ္ေၾကာင့္စကားလမ္းေၾကာင္းက သူ႔ဘက္သို႔ဦးတည္လာမွန္းမသိဘဲရွိရေလသည္။

"ငါ?"

ဟယ့္ေက်ာင္းသည္ကား သိကၽြမ္းသူမ်ားေပါသည့္အျပင္ ယန္ဝိန္ယြမ္ကိစၥၿပီးသည့္ေနာက္ပိုင္းသူတို႔အတန္း၌ အမ်ားကလက္ခံလာၾကၿပီး ဘာမဆိုင္ညာမဆိုင္ ဂုဏ္သတင္းႀကီးလို႔ပင္လာခဲ့သည္။ ရွဲ႕ယြီၾကေတာ့မတူေပ ၊ အခ်ိန္မေရြး သူ႔နာမည္အားၾကားသည္ႏွင့္ကို ေၾကာက္ဒူးတုန္လာၾကတုန္းပဲရွိေသးေလသည္။

ရွိန္က်ယ္ကဆိုသည္။

"ဟုတ္တယ္ေလ ၊ မင္းရယ္တာ ငါျဖင့္မျမင္ဖူးေသးဘူး ၊ ရင္းႏွွီးမႈကိုေဖာ္ျပတဲ့အေနနဲ႔ မင္းတစ္ခ်က္ေလာက္ရယ္ျပၾကည့္ရင္ေရာ? ငါ့အခန္းထဲကအတန္းသားေတြဆို တဆတ္ဆတ္ေတာင္တုန္ေနရွာတာ။"

ရွဲ႕ယြီသည္ ေခါင္းေထာင္ၾကည့္လိုက္ေလရာ အမွန္ပင္လူအခ်ိဳ႕သူ႔အားခိုးလို႔ၾကည့္ေနသည္ကိုေတြ႕လိုက္ရသည္။ သူ႔အၾကည့္ေတြ သူတို႔ဘက္စီေရာက္လာမွန္းသိသည္ႏွင့္ သူခိုးလူမိသြားသကဲ့သို႔ ေခါင္းေတြျပန္လည္ငံု႔လို႔သြားၾကေတာ့သည္။

ရွဲ႕ယြီသည္ အဲ့လို႔ဆိုလည္း သူတို႔ကိုဆက္သာတုန္ေနခိုင္းလိုက္ဟူ၍ ေျပာမည္ျပင္ခိုက္ ဟယ့္ေက်ာင္းက ႐ုတ္တရက္ႀကီးေဘးကေနထေျပာလို႔လာသည္။

" ငါ့ရဲ႕ကေလးေလးက ဘာေၾကာင့္မင္းကိုရယ္ျပရမွာလဲ?"

ရွိန္က်ယ္၏ဦးေႏွာက္မွာဆို ႐ုတ္တရက္ႀကီးအလုပ္မလုပ္ေတာ့။

". . . . . . ဟမ္?"

ရွဲ႕ယြီ၏လက္တို႔မွာလည္း တုံ့ဆိုင္းလို႔သြားခဲ့၏။ ဖုန္းစခရင္ထက္ရွိဂိမ္းမွာ နဂိုကေတာ့ေဆာ့ေနတာအေကာင္းကိုမွ ႐ုတ္တရက္ထိန္းခ်ဳပ္မႈကင္းလြတ္သြားသည့္အခါမွာေတာ့ ေရေျမာင္းထဲသို႔ျပဳတ္က်၍သြားေတာ့သည္။ ေရွ႕ကေျပးထားခဲ့သည့္ မီတာ(၂၀၀၀)ပင္အကုန္အလဟႆျဖစ္၍သြားေတာ့၏။

ရွိန္က်ယ္မွာ မိမိနားၾကားမမွားမွန္းေသခ်ာေနသည္ေၾကာင့္ 'အစ္ကိုေက်ာင္း ၊ မင္းသဝန္တိုတာလား?' ဟုေမးခ်င္မိရေပမယ့္ ဟယ့္ေက်ာင္းဆိုတာက အၿမဲလိုလိုေနာက္ေျပာင္ေနတတ္သူမို႔ ဒီစကားကအတည္ဟုတ္မဟုတ္ဆိုတာ မေသခ်ာဘဲရွိရသည္။ စကားမဆိုဘဲေနရင္လည္း ကသိကေအာက္ျဖစ္လာမည္စိုးသျဖင့္ ေျခာက္ကပ္ကပ္ရယ္လိုက္မိရင္းမွ. .

"ဟားဟား ၊ ဟိုမွာ ၊ မင္းတို႔ၾကည့္စမ္း ၊ အျပင္ဘက္က ေနမင္းႀကီးကသိပ္ေကာင္းတာပဲ ၊ ေနထိုးလို႔ကေတာ့ေတာ္ေတာ္ႀကီးကိုပူေလာက္မွာ။"

သူေျပာၿပီးသည့္ေနာက္ အေျခအေနကပိုလို႔ေတာင္ ကသိကေအာက္ျဖစ္၍လာသည္. . . . . . တိတိက်က်ဆိုရေသာ္ ကသိကေအာက္ျဖစ္တာဆိုလို႔ သူတစ္ေယာက္တည္းသာ ၊ ေဘးကႏွစ္ေယာက္နားကထြက္ျပဴေနသည့္ ေလထုမွာေတာ့ ကသိကေအာက္ျဖစ္သည္ဆိုတာထက္ သိမ္ေမြ႕နက္နဲေနဟန္ပိုလို႔ေပါက္၏။

အဆံုးမွာေတာ့ ရွဲ႕ယြီသည္႐ုတ္တရက္ထရပ္လိုက္ပါျပီး အလြန္တရာမွနာမည္ၾကားတာနဲ႔ကို ဖိတ္ဖိတ္တုန္သြားေစမည့္တစ္စံုတစ္ရာအားျပဳလုပ္လို႔လာသည္။ သူသည္အက်ႌလက္အနားတို႔ကိုပင့္ေခါက္တင္လိုက္ၿပီးေနာက္ ဟယ့္ေက်ာင္းအားလက္ညႇိုးထိုးလ်က္ဆို၏။

"ထြက္လာခဲ့။"

အခန္း(8)တစ္ခန္းလံုး တုန္လႈပ္ကုန္ၾကေတာ့သည္။

အခ်ိန္ကိုက္ဆိုသလို ေက်ာင္းတက္ေခါင္းေလာင္းကျမည္လို႔လာၿပီး ဌာနမွဴးက်န္းမွာ ေလာင္ထန္ကိုလာရွာရင္း ေလာင္ထန္နဲ႔အတူလွမ္းထြက္လို႔လာ၏။ ရံုခန္းအေပါက္ဝမွလွမ္းၾကည့္လိုက္သည္ႏွင့္ ထိုႏွစ္ေယာက္လံုးေထြးေနသည္ကို ျမင္လိုက္ရေတာ့သည္။

"မင္းတို႔ႏွစ္ေယာက္ ဘာလုပ္ေနၾကတာလဲ? အခ်င္းခ်င္းေပြ႕ဖက္ၿပီးဘာလုပ္ေနၾကတာလဲ?"

ဌာနမွဴးက်န္း၏အသံက ေကာ္ရစ္တာတစ္ခုလံုးလြင့္ပ်ံလို႔သြားလ်က္ အထူးသျဖင့္ 'အခ်င္းခ်င္းေပြ႕ဖက္' ဆိုသည့္ဒြိဟျဖစ္ေစသည့္ စကားလံုးတို႔ေၾကာင့္ အခန္း(1)မွစလို႔ အခန္း(8)အထိက ျပတင္းေပါက္နားကပ္လ်က္ရွိၾကသည့္ ေက်ာင္းသားအကုန္လံုးရဲ႕ေခါင္းေတြမွာလည္း တိုင္ပင္မထားပါဘဲၿပိဳင္တူထြက္ျပဴ၍ၾကည့္လာၾကသည္။

ရွဲ႕ယြီရဲ႕လက္က ဟယ့္ေက်ာင္း၏ေကာ္လံစကိုဆြဲလို႔ထားတုန္းရွိၿပီး ဟယ့္ေက်ာင္းလက္တစ္ဖက္ကမူ ရွဲ႕ယြီ၏ခါးထက္ခပ္ဖြဖြေနရာယူလို႔ထားေလသည္။

ရွိသမွ်လူမ်ား : ". . . . . ."

ေသာၾကာေန႔၏ ေနာက္ဆံုးအခ်ိန္က တ႐ုတ္စာျဖစ္၏။

ထန္စန္းသည္အတန္းၿပီးသည့္ေနာက္ ဖတ္စာအုပ္အားပိတ္လိုက္ေလၿပီး မွာၾကားေတာ့သည္။

"ဒီတစ္ပတ္ေက်ာင္းပိတ္ရက္အတြက္ အိမ္စာေတြကေတာ့ ဒါေတြပဲ ၊ ေက်ာင္းပိတ္တာနဲ႔ အ႐ူးအမူးေပ်ာ္ပါးမေနၾကနဲ႔ဦး . . . . . . အေဆာင္ေနတဲ့သူေတြ စေန၊တနဂၤေႏြပိတ္ရက္မွာ အကုန္အိမ္ျပန္ၾကမွာလား? ေက်ာင္းမွာပဲေနရစ္ခဲ့မယ့္သူေတြကေတာ့ ဆရာ့စီလာၿပီးနာမည္စာရင္းလာေပးထားၾက။"

ရွဲ႕ယြီကေတာ့ အတန္းခ်ိန္တစ္ခုလံုးေမွာက္အိပ္လို႔ေနတာျဖစ္သည္ ၊ ဟယ့္ေက်ာင္းမွာ လ်စ္လ်ဴရႈမခံႏိုင္စြာျဖင့္ ထံုေက်ာ၏ပုခံုးအား ေဘာပင္ျဖင့္ထိုးလိုက္ပါ၏။

"မင္းပိတ္ရက္အိမ္ျပန္မွာလား? စိတ္ဆိုးေနေသးတုန္းလား။"

"ငါမင္းကိုမထိုးမိေအာင္ထိန္းထားတာေနာ္ ၊ မင္းလာလာၿပီးမဆြစမ္းနဲ႔။"

ရွဲ႕ယြီသည္ေခါင္းကိုငဲ့ေစာင္း၍သူ႔အားၾကည့္လာသည္။

ဟယ့္ေက်ာင္းက ထပ္လို႔ဆိုလိုက္၏။

"ငါေမးတာကို မင္းျပန္မေျဖရေသးဘူးေနာ္။"

"ျပန္မွာ. ."

ရွဲ႕ယြီကေျပာသည္။

"ငါ့အေမေမြးေန႔ေလ ၊ ပိတ္ရက္ေသခ်ာေပါက္ျပန္မွျဖစ္မွာ။"





UNICODE




အခန်း(၃၃)
ငါ့ရဲ့ကလေးလေးက ဘာကြောင့်မင်းကိုရယ်ပြရမှာလဲ?


ဟယ့်ကျောင်းသည် သူ့အကြောင်းသူအားအရေးမထားဟန်ဖြင့် ပြောလို့လာသည်။

သူ့ပုံစံက မိသားစုကွဲကွာနေခြင်းကိုတောင် စိတ်ထဲမထားဟန်ပေါက်နေ၏ ၊ မမျှော်လင့်ထားပါဘဲ မေမေက ညီမလေးအားခေါ်ကာ နိုင်ငံကနေထွက်ခွာလို့သွားသည် ၊ ထွက်သွားချိန်တုန်းကဆို ညီမလေးမှာအသက်(၃)နှစ်သာလျှင်ရှိသေးကာ စကားပင်ကောင်းစွာမပြောတတ်သေးဘဲ ကိုကိုဟုအော်၍ သူ့နောက်ကနေတကောက်ကောက်ကပ်လိုက်တတ်တုန်းပဲရှိသေးလေသည်။

Cနိုင်ငံသို့ရောက်ခါစနှစ်တုန်းကဆို ဟယ့်ရှီးသည်အော်ဟစ်ငိုလျက် သူ့ကိုကိုအားရှာတော့သည် ၊ သို့သော်ငြားလည်း ကလေးဆိုတော့မေ့လွယ်ပျောက်လွယ်လေရာ အချိန်ကြာလာတာနဲ့အမျှ အထူးသဖြင့်ကျောင်းတက်ရတဲ့အရွယ်ရောက်ပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ဒီကိုကိုဟာဆိုလျှင် ငယ်ငယ်လေးတုန်းကလက်ကမလွှတ်နိုင်အောင်သဘောကျခဲ့ရသည့် ကစားစရာအရုပ်လိုမျိုးဖြစ်သွားခဲ့လျက် ခေတ်ကုန်သွားတာနဲ့ ချောင်ထိုးပစ်လိုက်သကဲ့သို့ရှိလေသည်။

ဟယ့်ကျောင်းသည် ပြောနေစဉ်၌ မျက်နှာအမူအရာပြောင်းလဲခြင်းတို့မရှိ ၊ ဒါ့အပြင်အခြေအနေကောင်းနေဟန်ပင်ပေါက်သည်။ ကံကောင်းသည်က ကလေးမလေးမှာငယ်နေသေးတာကြောင့် ကိစ္စတော်တော်များများအား ခဏချင်းတွင်းမေ့ပျောက်နိုင်သည်။

ပြီးနောက် ဘဝအသစ်၌မွေ့လျော်နိုင်၏။

ရှဲ့ယွီမှာ ဘာပြောရကောင်းမှန်းမသိသည်ကြောင့် ဘာမှမပြောဘဲသာနေလိုက်တော့သည်။

". . . . . . ငါတစ်ခေါက်ထပ်ပြီးရှင်းအောင်ပြောမယ်နော် ၊ တကယ်ပါ အဲ့လောက်လည်းဝမ်းနည်းဖို့ကောင်းမနေပါဘူး ၊ ပြီးတော့ အတိတ်မေ့သွားတဲ့ ရင်နာစရာဇာတ်လမ်းတွဲမျိုးမှမဟုတ်တာ ၊ ငါနဲ့ရင်းနှီးမှုမရှိတော့ရုံလေးပါပဲ။"

ဟယ့်ကျောင်းကပြောသည်။

"သူကဂိမ်းတော်တော်ဆော့တတ်တယ် ၊ တစ်ခေါက်တစ်ခေါက်ဝင်လိုက်တိုင်းမှာ ဂိမ်းထဲကပစ္စည်းတို့ levelတို့အပြင် သေနာကောင်ဂိမ်းရောကပါပြောင်းကုန်တာတွေ့ရတယ် ၊ တွေးကြည့်ရင်နည်းနည်းတော့လန့်ဖို့ကောင်းတယ်။"

ဟယ့်ကျောင်းဆိုတဲ့ဒီလူ့EQကလေ တကယ်ကိုတမူထူးနေချက်ပဲ။

သူ့ရဲ့EQက နိမ့်တာလားမြင့်တာလားကိုတော့ ပြောလို့မတတ် ၊ အနှစ်ချုပ်လိုက်ရင်တော့ သူကိုယ်သူရင်ထဲထိနေလေသည့် ဒရာမာခင်းလွန်းလှသည့် ဒရာမာကင်းတစ်ယောက်ပါပေ။ ဥပမာအနေနဲ့ဆိုရရင်တော့ ယခုကိစ္စ--- --- ဟယ့်ကျောင်း၏ အဝေးရောက်နေတဲ့Cနိုင်ငံက ညီမလေး ၊ ဂိမ်းထဲဝင်လိုက်တာနဲ့ ကိုယ်မဆော့ရသေးတဲ့မကျော်ဖြတ်နိုင်သေးတဲ့ levelတွေကဆော့ပြီးဖြစ်နေတာတို့ ၊ ခက်ခက်ခဲခဲနဲ့ကိုကြိုးစားအောင်မြင်ပြီးရထားသည့် ဂိမ်းထဲကကောင်လေးကလည်း ရုတ်တရက်ကြီးထွက်ပြေးသွားတာတို့ပေါ့။

နောက်ပြီးတော့ ဟယ့်ကျောင်းရဲ့ကိုယ့်ကိုယ်ကိုယ်သာလျှင်ရင်ထဲထိ ၊ ကောင်ကင်ရောကမ႓ာမြေကြီးပါ ရင်ထဲထိနေလေပြီး တစ်ပါးသူရဲ့ကိစ္စကြတော့ ရင်ထဲမရောက်တော့ဆိုတာမျိုးတွေ။

ရှဲ့ယွီသည်ပြောလိုက်၏။

"မင်းကလန့်တယ်? အရမ်းလည်းရင်ထဲထိတယ်လို့ရော မင်းတွေးမကြည့်ဘူးလား?"

ဟယ့်ကျောင်းက ပန်းဘောင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ရယ်လို့လာသည်။

"မင်းအသာနေပါကွာ ၊ သေးသေးပိစိလောက်တော့ရှိတယ်ထင်ရတာပဲ။"

ရှဲ့ယွီသည်ကား တစ်ပါးသူ၏ဇာတ်လမ်းတွေကိုသိချင်တဲ့ဆန္ဒမျိုးလုံးဝမှရှိမနေ ၊ ဒီလူကအရူးအပေါကောင်ပဲဟုသာလျှင် တွေးမိ၏။

အခြားသူတွေတော့ သိချင်မှသိမည်ပေမယ့် သူကတော့ရှင်းရှင်းလင်းလင်းကြီးကိုသိသည်။ ဒီအချိန်အတောတွေအတွင်း၌ ဟယ့်ကျောင်းတစ်ယောက် အသိဉာဏ်နည်းပါးလှသည့်ဂိမ်းတွေဆော့နေသည်ကို သူမျက်ဝါးထင်ထင်မြင်နေရတာဖြစ်သည် ၊ အတန်းတက်တုန်းလည်းဆော့ အတန်းဆင်းတော့လည်းဆော့ ၊ တစ်ခါတစ်လေ ညသန်းခေါင်ကြီး screenshot ဆွဲထားသည်အားသူ့စီပို့ကာ ဒီဖိနပ်နှစ်ရံထဲက ဘယ်တစ်ရံရွေးရမလဲဟုပင်မေးတတ်သည်။

သူ့အနေနဲ့ဆို ဒါကငါ့သောက်လုပ်မှမဟုတ်တာဟု တွေးနေသင့်တာပေမယ့် သရဲဝင်ပူးသွားပုံရသည် ၊ ရှဲ့ယွီသည် ဘယ်လိုတောင်တွေးလိုက်မိလဲဆိုတာ ကိုယ့်ကိုယ်တိုင်ပင်မသိတော့ ၊ သူသည်ရုတ်တရက်ကိုယ်ကိုကိုင်းညွတ်မိလျက် အသိပြန်ဝင်လာချိန်မှာတော့ သူ၏လက်မှာဟယ့်ကျောင်းခေါင်းထက်ရောက်နှင့်နေလေပြီ။

နှစ်ဦးသား အတန်ငယ်ကြောင်အမ်းသွားခဲ့ကြ၏။

ဟယ့်ကျောင်း၏ဆံပင်တို့ကတိုလေရာ ပုတ်လိုက်မိစဉ်၌ လက်ပင်အနည်းငယ်စူးသည်။

ရှဲ့ယွီသည် 'သူ့ကိုတွန်းချပစ်လိုက်' နှင့် 'ချက်ချင်းလက်ပြန်ရုပ်ပြီးလှည့်ထွက်လာလိုက်' ဆိုသည့်နှစ်ခုကြားအနောက်ကတစ်ခုကိုသာလျှင် ရွေးလိုက်တော့သည်။

"ငါသွားပြီ။"

"အတူတူသွားမယ်လေ. ."

ဟယ့်ကျောင်းသည် ခုန်ဆင်းလိုက်ရင်းမှနောက်ကနေတစ်ပါတည်းလိုက်ကာ လျှောက်ရင်းမှလက်နဲ့မိမိခေါင်းထိပ်ကိုယ်ကိုယ်စမ်းလို့ကြည့်၏။

"ငါ့ခေါင်းပေါ်တစ်ခုခုရှိလို့လား? မင်းဘာလို့ အဲ့လောက်မြန်မြန်သွားနေရတာတုန်း?"






ရှဲ့ယွီသည်ပြန်ရောက်တာနဲ့ ရေချိုးကာ ဆံပင်တွေကိုဖြင့်ခြောက်အောင်မသုတ်ဘဲထားလျက် ကုတင်ဘေးဆောင့်ကြောင့်ထိုင်ချရင်း ကုတင်အောက်ထဲလက်ဆန့်နှိုက်ကာ ခရီးဆောင်အိတ်အားဆွဲလို့ထုတ်လိုက်ပါသည်။

အထဲရှိအကုန်လုံးမှာ စာလုပ်ရာမှာအသုံးဝင်သည့်ပစ္စည်းပစ္စယတွေနှင့် နမူနာမေးခွန်းစာအုပ်တို့စသည် သူပုံမှန်လုပ်ထားတဲ့မှတ်စုစာအုပ်တွေနဲ့ သေတ္တာအပြည့်ပင်ဖြစ်လေသည်။ ပုံမှန်အားဖြင့်သူတို့တစ်တွေမှာ ကုတင်အောက်တွင်သာရှိလျက် ငြိမ်ငြိမ်သက်သက်သော့ခတ်ခံထားရ၏။

သူသည် စိတ်တည်ငြိမ်သွားအောင် ပုစ္ဆာနည်းနည်းပါးပါးလောက်လုပ်လိုက်သင့်သည်ဟု တွေးမိ၏။

ရှဲ့ယွီသည် ခရီးဆောင်အိတ်ဘေးနားဆောင့်ကြောင့်ထိုင်ရင်း မိနစ်အနည်းငယ်လောက်စိုက်လို့ကြည့်ကာ လက်ချောင်းတို့က《5.3》နမူနာမေးခွန်းစာအုပ်အဖုံးကိုထိကာပွတ်ရင်းမှ သူသည်ခေါင်းထောင်၍ ပြတင်းပေါက်အပြင်ဘက်သို့လှမ်းလို့ကြည့်လိုက်သည်။ ညအမှောင်ထဲ၌ မှိန်ဖျော့ဖျော့ကြယ်ပွင့်အချို့အား ဖြန့်ကြက်ကြဲပက်လို့ထား၏။ ဘယ်လိုဖြစ်သည်မသိ ၊ သူသည်ရုတ်တရက် ဟယ့်ကျောင်းရဲ့လမ်းမီးတိုင်အောက်ဆောင့်ကြောင့်ထိုင်နေစဉ်က ပြုံးလိုက်သည့်ထိုအပြုံးအားပြန်လည်အောက်မေ့လာရသည်။ တောက်ပလျက်ရှိသည့်ထိုအပြုံးမှာ ညအမှောင်ကိုတောင်ဖောက်ဖျက်သွားနိုင်သကဲ့သို့ရှိ၏။

ဟယ့်ကျောင်းကိုကြည့်လိုက်ရင်ဖြင့် နေ့ရက်တိုင်းပူပင်ကြောင့်ကြမဲ့ကာ ကြော့ရှင်းရည်မွန်နေတတ်သည်။

သူ့တွင်ပျော်မြူးစရာတွေဘယ်ကရပြီး ဘယ်လောက်များများတောင်ရှိနေသလဲ ရှဲ့ယွီသိချင်စမ်းမိ၏။ ရှေ့နှစ်ရက်တုန်းကဆိုလည်း ထိုသူသည်ဆိုဒါအချိုရည်အားသောက်လို့ကုန်တာနဲ့ နောက်တစ်ဗူးကိုထပ်သောက်ရင်း ဗူးအဖုံးအားနောက်ဆုံးတန်းကနေပြီး ရှေ့ဆုံးတန်းစီပစ်ပေါက်လို့ လျှိုချွိင်ဟောက်တို့တစ်တွေအား ဟိတ်ဟန်ထုတ်လိုက်သေးသည်။

"အားလုံးပဲ ထိကြည့်ကြ ၊ ထိကြည့်ကြ. . . . . . တစ်နေ့တာလုံးအတွက်ကံကောင်းခြင်းတွေရလေအောင် အစ်ကိုကြီးရဲ့ဗူးအဖုံးကိုထိပြီးစတင်လိုက်ကြ။"

ရွှီချင်ချင်မှာ နမူနာမေးခွန်းဟောင်းတွေလုပ်နေရင်းမှ အလွန်ပင်မျက်နှာသာမပေးဘဲရှိလှသည်။

"ဘာကြီးတုန်း ၊ နင်ကိုယ်နင် lucky fishများထင်နေတာလား?"

"အစ်မချင် ဘယ်လိုတောင်ပြောချတာတုန်း ၊ ငါ့အစ်ကိုကျောင်းက မိန်းကလေးတွေကိုဆိုမရိုက်လို့သာပေါ့ ၊ အစ်ကိုကျောင်းရေ ငါကတော့သူနဲ့မတူဘူးနော် ၊ ငါကမင်းကိုအားပေးတယ်. ."

ဝမ့်သာသည်ပြောရင်း စောင်းပါးရိပ်ခြည်တွေပါပြောလို့လာသည်။

"အာ ၊ ငါထိလိုက်ပြီ ၊ ဒီထဲကမှော်စွမ်းအင်တွေကိုငါခံစားမိတယ် ၊ ဘုရားရေ ၊ ကွဲပြားခြားနားတဲ့ဟိုးအဝေးကလာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အစွမ်းမျိုးပဲ--- --- အစ်ကိုကျောင်း ၊ ငါရေနည်းနည်းဆာလာလို့ ဒီကံကောင်းခြင်းဗူးအဖုံးလေး ဒီကညီလေးကိုပေးအပ်နိုင်မလား?"

"မရဘူး. ."

ဟယ့်ကျောင်းသည် ပြန်လို့လှမ်းယူလိုက်၏။

"ငါ့ထုံကျောကိုပေးမလို့ ချန်ထားရဦးမယ်။"

သို့တိုင်ရှဲ့ယွီကတော့ အသိအမှတ်မပြုပါချေ ၊ သူသည်စာသင်ခန်းထဲဝင်လာလာချင်း ဗူးအဖုံးကိုတွေ့တာနဲ့ တစ်ကြောင်းတည်းသာလျှင်ပြောလို့လာသည်။

"အမှိုက်ပုံးထဲပစ်မှာဆိုလည်း ကိုယ်ဘာသာသွားပစ်ချေ။"

ရှဲ့ယွီသည် ထိုအထိတွေးလာမိပြီးနောက်မှ ယခုတလောသူ့အတွေးထဲ 'ဟယ့်ကျောင်း' ဆိုသည့်စကားလုံးနှစ်လုံးပေါ်ပေါ်လာသည့် အကြိမ်နှုန်းဟာဆိုလျှင် တစ်ဖြည်းဖြည်းပိုပိုပြီးများလာကြောင်း ရုတ်တရက်ကြီးသတိထားမိသွားသည်။

သူ့တွင် သောက်ချောထုံကျောတစ်ယောက်ရှိမှန်း ကျိုးသာ့လေတောင်သိရှိနေလေပြီး တစ်ခါတစ်လေနှစ်ယောက်သားဖုန်းပြောမိကြသည့်အခါတိုင်းလည်း အမြဲလိုလိုရုတ်ခြည်းစကားလမ်းကြောင်းမှာ တစ်စုံတစ်ယောက်သောသောက်ချောကြီးအကြောင်းစီရောက်ရောက်သွားတတ်သည်။

ကျိုးသာ့လေတစ်ယောက် သူပြောသည်များကိုနားထောင်နေရင်းမှတလွဲပင်ထင်လာကာ တစ်ခေါက်ကဆိုမေးလို့ပင်လာသည်။

"မင်းတို့နှစ်ယောက်က တအားခင်ကြတာလား? ရှဲ့Boss မင်းကိုသိလာတာကြာလှပြီ မင်းသူငယ်ချင်းထားတာ ဒါပထမဆုံးတွေ့ဖူးတာပဲ ၊ ငါဖြင့်စိတ်ထဲ သားအတွက်ဂုဏ်ယူတဲ့အဖေကြီးတစ်ယောက်လိုတောင်ခံစားလာရတယ်။"

ရှဲ့ယွီတစ်ယောက် ကုရွှယ်လန်နှင့်အတူ ဟေးရွှေလမ်းသို့ရောက်လာခါစအချိန်တုန်းကဆို သာ့လေမှာဟေးရွှေလမ်း၏ကလေးဗိုလ်ဖြစ်လေပြီး အလွန်မှလည်းရိုင်းလှသည်။ သူသည် သူတို့နယ်ပယ်နှင့် ရုပ်ရည်သွင်ပြင် ၊ ဟန်အမူအရာ ၊စရိုက်တို့နဲ့ကိုက်ညီမှုလုံးလုံးမရှိပါသည့် ထိုလူနှစ်ဦး အဝေးပြေးဘတ်စကားပေါ်မှဆင်းလာသည်ကို ကြည့်နေမိသည်။

နာရီ(၄၀)ကျော်ကြာကားစီးလို့လာရပြီး ခရီးအလွန်ပန်းနေသည်ဖြစ်သော်ငြားလည်း နှစ်ဦးသားမှာသတိတစ်ချက်မှမလွတ်ဘဲ နိုးနိုးကြားကြားရှိနေချေသည်။ အထူးသဖြင့် ထိုငယ်ရွယ်သည့်တစ်ယောက် ၊ မျက်ဝန်းအိမ်ထဲဓားတစ်ချောင်းမြုပ်ထားသည့်အလား အကြည့်တို့စူးရှကာ မည်သူ့မဆိုအားလိုက်လံအကဲဖြတ်နေသကဲ့သို့ရှိသည်။

သာ့လေသည် ငယ်တုန်းကဆိုဘုမသိဘမသိဖြင့် ရှဲ့ယွီကိုတွေ့စဉ်အခါက မိန်းကလေးဟုပင်ထင်လိုက်သေး၏။ ဒီကလေးမလေးကတော်တော်လေးကိုလှတာပဲဟုခံစားမိရရင်း တစ်ဖက်လူအား ကျောက်ခဲသေးသေးလေးဖြင့်ပစ်ပေါက်ကာ သူသဘောကျကြောင်းဖော်ပြလေသည်။ ဘယ်သူသိမည်လဲ ၊ ဒုတိယမြောက်နေ့လေကျစ်၏အဖေနှင့်အမေတို့အလုပ်သွားချိန်၌ အေးစက်စက်ရှိလှသည့် 'ကလေးမလေး'မှာ အိမ်တိုင်ရာအရောက်လက်စားလာချေလေ၏။ ဒေါသလည်းအလွန်းထွက်နေလေပြီး ချက်ချင်းပဲသူ့အားဖမ်းဆွဲကား မြေပြင်ထက်၌ဖိချုပ်လို့ထားပြီး သူ့အားဆွဲထိုးတော့သည်။

"မင်းဘယ်သူ့ကိုကျောက်ခဲနဲ့ပစ်ပေါက်လိုက်တာ? ယဉ်ကျေးမှုနားမလည်ဘူးလား? ငါမင်းကို လူဘယ်လိုလုပ်ရလဲဆုံးမပေးရမလား?"





ခင်သလား? ရှဲ့ယွီသည် မိမိကိုယ်ကိုယ်မေးစမ်းကြည့်မိ၏။

သူနှင့်ဟယ့်ကျောင်းနဲ့က ၊ ခင်တယ်လို့တော့လည်းသတ်မှတ်၍မရပါ။






ဒီအပတ်ထဲ၌ လပတ်စာမေးပွဲကြောင့် နည်းနည်းစိတ်လှုပ်ရှားရတာကလွဲ ကျန်တဲ့ရက်အနည်းငယ်ကတော့ အကြောင်းထူးမရှိပုံမှန်အတိုင်းပဲပြီးဆုံးလို့သွားသည်။

ရွှဲရှီရှိန်းတစ်ယောက်သာလျှင် ယခုအထိလက်မလျှော့သေးဘဲရှိချေသည်။ နေ့တိုင်းရှဲ့ယွီနှင့်ဟယ့်ကျောင်းတို့နှစ်ယောက်အားလာရှာကာ သူတို့နှစ်ယောက်အား သူ့ရဲ့စာလုပ်ဖို့ဖွဲ့ထားသည့်အဖွဲ့ထဲဝင်ခိုင်းတော့သည်။ အတူတကွစာကြိုးစားပြီး အတန်းရဲ့ပျမ်းမျှအမှတ်ပေါင်းကိုမြှင့်တင်မည်ဟူ၏။

"4.3 မှတ် ၊ ဒါကငါတို့အခန်းနဲ့ အခန်း(1)ရဲ့ ပျှမ်းမျှကွာဟတဲ့အမှတ်ပဲ။"

ရွှဲရှီရှိန်းမှာ နာမည်ကျော်ကြားပါလေသည့် ဒီအစ်ကိုကြီးနှစ်ယောက်အား နည်းနည်းလေးမှမကြောက်ချေ ၊ ထို့အပြင် အစ်ကိုကြီးတွေ လူကိုရိုက်တတ်မှန်းလည်းသိတဲ့အတွက် အသက်ဘေးကိုစွန့်ဖို့ဝန်လေးမနေဘူးဟုပင် သူကဆိုသေးလေသည်။

"ငါတို့အခန်းရဲ့စာလုပ်ဖို့ကို တာဝန်ယူထားတဲ့ အဖွဲ့ဝင်လည်းဖြစ်နေတော့ ဒီလိုအခြေအနေမျိုးကို ဒီအတိုင်းဆက်မထားနိုင်ဘူး --- --- ဘာကြောင့်မင်းတို့က စာမလုပ်ချင်ကြတာလဲ? စာလုပ်ရတာဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ဟာ ၊ စာလေ့လာမနေမှတော့ လူ့ဘဝဆိုတာ ဘာများအဓိပ္ပာယ်ရှိနေဦးမှာလဲ? အကယ်လို့ မင်းတို့ ငါ့ကိုယုံရင် အချင်းချင်းအခွင့်အရေးတစ်ခုလောက်တော့ပေးကြည့်ကြရအောင်။"

ရွှဲရှီရှိန်းကတော့ တကယ်ကိုခွေးရူးရဲ့ ဒုတိယမြောက်မျိုးဆက်ပါပင် ၊ ဟယ့်ကျောင်းသည် လူကိုတကယ်ကြီးလည်း ရိုက်လို့မဖြစ်သည်ကြောင့် ကြံရာမရသာဖြစ်မိရသည်။

"သူငယ်ချင်း ၊ ငါ့အထင်တော့ အချင်းချင်းလွတ်ပေးထားတာပဲကောင်းမယ်ထင်တယ်။"

ရှဲ့ယွီကတော့ မညှာမတာပါဘဲပြောချပစ်၏ ၊ 'ဒါကမင်းစောက်လုပ်မဟုတ်သလို ငါ့စောက်လုပ်လည်းမဟုတ်ဘူး' ဟူသည့်ဆောင်ပုဒ်တစ်ခုကိုပင်ပြောလိုက်သေးသည်။ ရွှဲရှီရှိန်းကတော့ နည်းနည်းလေးမှမမှုပါဘဲ သူသည်နောက်တစ်ခေါက်တောင်ထပ်ပြောလာခဲ့သည်။

"4.3 မှတ် ၊ ဒါကငါတို့အခန်းနဲ့ အခန်း(1)ရဲ့ ပျှမ်းမျှကွာဟတဲ့အမှတ်။"

ရွှဲရှီရှိန်းတစ်ယောက် တစ်ပွဲတည်းနဲ့နာမည်ရလို့ရသွား၏ ၊ ဝမ့်သာထံကနေပြီး 'အခန်း(3)၏ကြီးနိုင်ငယ်ညှဉ်း ဆင့်ကဲနိုင်ရာစားတဲ့ထဲမှာထိပ်ဆုံးရောက်နေသည့်ယောက်ျား' ဟူသည့်ဘွဲ့ပင် ပေးအပ်ခံရလေသည်။





"အဲ့လောက်တောင်ကြောက်ဖို့ကောင်းတာလား?"

ဝမ့်သာထံမှ စာပြန်လာသည်ကိုကြည့်ပြီးနောက် ရှိန်ကျယ်သည်ခေါင်းထောင်လိုက်ရင်း ဒီနှစ်ရက်အတွင်း၌ အခန်း(8)သို့လာပြီးအခြေချအမြစ်တွယ်နေသည့် အစ်ကိုကြီးနှစ်ယောက်အားကြည့်လိုက်ပါသည်။

". . . . . . ဒါကြောင့်မင်းတို့နှစ်ယောက်က ဒီရက်ပိုင်းထဲမှာ ငါတို့အခန်းကိုပဲရောက်ရောက်လာနေကြတာကိုး ၊ အစ်ကိုကြီးရှဲ့ယွီ ၊ ငါတို့အတန်းထဲကကျောင်းသားတွေ အခုတလောတအားကိုပဲတိတ်ဆိတ်နေကြတာ မင်းသတိထားမိရဲ့လား?"

ရှဲ့ယွီသည် ထောင့်တွင်ထိုင်နေရင်း ခေါင်းငုံ့ဖုန်းသုံးနေရာမှ အဘယ်ကြောင့်စကားလမ်းကြောင်းက သူ့ဘက်သို့ဦးတည်လာမှန်းမသိဘဲရှိရလေသည်။

"ငါ?"

ဟယ့်ကျောင်းသည်ကား သိကျွမ်းသူများပေါသည့်အပြင် ယန်ဝိန်ယွမ်ကိစ္စပြီးသည့်နောက်ပိုင်းသူတို့အတန်း၌ အများကလက်ခံလာကြပြီး ဘာမဆိုင်ညာမဆိုင် ဂုဏ်သတင်းကြီးလို့ပင်လာခဲ့သည်။ ရှဲ့ယွီကြတော့မတူပေ ၊ အချိန်မရွေး သူ့နာမည်အားကြားသည်နှင့်ကို ကြောက်ဒူးတုန်လာကြတုန်းပဲရှိသေးလေသည်။

ရှိန်ကျယ်ကဆိုသည်။

"ဟုတ်တယ်လေ ၊ မင်းရယ်တာ ငါဖြင့်မမြင်ဖူးသေးဘူး ၊ ရင်းနှှီးမှုကိုဖော်ပြတဲ့အနေနဲ့ မင်းတစ်ချက်လောက်ရယ်ပြကြည့်ရင်ရော? ငါ့အခန်းထဲကအတန်းသားတွေဆို တဆတ်ဆတ်တောင်တုန်နေရှာတာ။"

ရှဲ့ယွီသည် ခေါင်းထောင်ကြည့်လိုက်လေရာ အမှန်ပင်လူအချို့သူ့အားခိုးလို့ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူ့အကြည့်တွေ သူတို့ဘက်စီရောက်လာမှန်းသိသည်နှင့် သူခိုးလူမိသွားသကဲ့သို့ ခေါင်းတွေပြန်လည်ငုံ့လို့သွားကြတော့သည်။

ရှဲ့ယွီသည် အဲ့လို့ဆိုလည်း သူတို့ကိုဆက်သာတုန်နေခိုင်းလိုက်ဟူ၍ ပြောမည်ပြင်ခိုက် ဟယ့်ကျောင်းက ရုတ်တရက်ကြီးဘေးကနေထပြောလို့လာသည်။

" ငါ့ရဲ့ကလေးလေးက ဘာကြောင့်မင်းကိုရယ်ပြရမှာလဲ?"

ရှိန်ကျယ်၏ဦးနှောက်မှာဆို ရုတ်တရက်ကြီးအလုပ်မလုပ်တော့။

". . . . . . ဟမ်?"

ရှဲ့ယွီ၏လက်တို့မှာလည်း တုံ့ဆိုင်းလို့သွားခဲ့၏။ ဖုန်းစခရင်ထက်ရှိဂိမ်းမှာ နဂိုကတော့ဆော့နေတာအကောင်းကိုမှ ရုတ်တရက်ထိန်းချုပ်မှုကင်းလွတ်သွားသည့်အခါမှာတော့ ရေမြောင်းထဲသို့ပြုတ်ကျ၍သွားတော့သည်။ ရှေ့ကပြေးထားခဲ့သည့် မီတာ(၂၀၀၀)ပင်အကုန်အလဟဿဖြစ်၍သွားတော့၏။

ရှိန်ကျယ်မှာ မိမိနားကြားမမှားမှန်းသေချာနေသည်ကြောင့် 'အစ်ကိုကျောင်း ၊ မင်းသဝန်တိုတာလား?' ဟုမေးချင်မိရပေမယ့် ဟယ့်ကျောင်းဆိုတာက အမြဲလိုလိုနောက်ပြောင်နေတတ်သူမို့ ဒီစကားကအတည်ဟုတ်မဟုတ်ဆိုတာ မသေချာဘဲရှိရသည်။ စကားမဆိုဘဲနေရင်လည်း ကသိကအောက်ဖြစ်လာမည်စိုးသဖြင့် ခြောက်ကပ်ကပ်ရယ်လိုက်မိရင်းမှ. .

"ဟားဟား ၊ ဟိုမှာ ၊ မင်းတို့ကြည့်စမ်း ၊ အပြင်ဘက်က နေမင်းကြီးကသိပ်ကောင်းတာပဲ ၊ နေထိုးလို့ကတော့တော်တော်ကြီးကိုပူလောက်မှာ။"

သူပြောပြီးသည့်နောက် အခြေအနေကပိုလို့တောင် ကသိကအောက်ဖြစ်၍လာသည်. . . . . . တိတိကျကျဆိုရသော် ကသိကအောက်ဖြစ်တာဆိုလို့ သူတစ်ယောက်တည်းသာ ၊ ဘေးကနှစ်ယောက်နားကထွက်ပြူနေသည့် လေထုမှာတော့ ကသိကအောက်ဖြစ်သည်ဆိုတာထက် သိမ်မွေ့နက်နဲနေဟန်ပိုလို့ပေါက်၏။

အဆုံးမှာတော့ ရှဲ့ယွီသည်ရုတ်တရက်ထရပ်လိုက်ပါပြီး အလွန်တရာမှနာမည်ကြားတာနဲ့ကို ဖိတ်ဖိတ်တုန်သွားစေမည့်တစ်စုံတစ်ရာအားပြုလုပ်လို့လာသည်။ သူသည်အကျႌလက်အနားတို့ကိုပင့်ခေါက်တင်လိုက်ပြီးနောက် ဟယ့်ကျောင်းအားလက်ညှိုးထိုးလျက်ဆို၏။

"ထွက်လာခဲ့။"

အခန်း(8)တစ်ခန်းလုံး တုန်လှုပ်ကုန်ကြတော့သည်။

အချိန်ကိုက်ဆိုသလို ကျောင်းတက်ခေါင်းလောင်းကမြည်လို့လာပြီး ဌာနမှူးကျန်းမှာ လောင်ထန်ကိုလာရှာရင်း လောင်ထန်နဲ့အတူလှမ်းထွက်လို့လာ၏။ ရုံခန်းအပေါက်ဝမှလှမ်းကြည့်လိုက်သည်နှင့် ထိုနှစ်ယောက်လုံးထွေးနေသည်ကို မြင်လိုက်ရတော့သည်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ? အချင်းချင်းပွေ့ဖက်ပြီးဘာလုပ်နေကြတာလဲ?"

ဌာနမှူးကျန်း၏အသံက ကော်ရစ်တာတစ်ခုလုံးလွင့်ပျံလို့သွားလျက် အထူးသဖြင့် 'အချင်းချင်းပွေ့ဖက်' ဆိုသည့်ဒွိဟဖြစ်စေသည့် စကားလုံးတို့ကြောင့် အခန်း(1)မှစလို့ အခန်း(8)အထိက ပြတင်းပေါက်နားကပ်လျက်ရှိကြသည့် ကျောင်းသားအကုန်လုံးရဲ့ခေါင်းတွေမှာလည်း တိုင်ပင်မထားပါဘဲပြိုင်တူထွက်ပြူ၍ကြည့်လာကြသည်။

ရှဲ့ယွီရဲ့လက်က ဟယ့်ကျောင်း၏ကော်လံစကိုဆွဲလို့ထားတုန်းရှိပြီး ဟယ့်ကျောင်းလက်တစ်ဖက်ကမူ ရှဲ့ယွီ၏ခါးထက်ခပ်ဖွဖွနေရာယူလို့ထားလေသည်။

ရှိသမျှလူများ : ". . . . . ."

သောကြာနေ့၏ နောက်ဆုံးအချိန်က တရုတ်စာဖြစ်၏။

ထန်စန်းသည်အတန်းပြီးသည့်နောက် ဖတ်စာအုပ်အားပိတ်လိုက်လေပြီး မှာကြားတော့သည်။

"ဒီတစ်ပတ်ကျောင်းပိတ်ရက်အတွက် အိမ်စာတွေကတော့ ဒါတွေပဲ ၊ ကျောင်းပိတ်တာနဲ့ အရူးအမူးပျော်ပါးမနေကြနဲ့ဦး . . . . . . အဆောင်နေတဲ့သူတွေ စနေ၊တနင်္ဂနွေပိတ်ရက်မှာ အကုန်အိမ်ပြန်ကြမှာလား? ကျောင်းမှာပဲနေရစ်ခဲ့မယ့်သူတွေကတော့ ဆရာ့စီလာပြီးနာမည်စာရင်းလာပေးထားကြ။"

ရှဲ့ယွီကတော့ အတန်းချိန်တစ်ခုလုံးမှောက်အိပ်လို့နေတာဖြစ်သည် ၊ ဟယ့်ကျောင်းမှာ လျစ်လျူရှုမခံနိုင်စွာဖြင့် ထုံကျော၏ပုခုံးအား ဘောပင်ဖြင့်ထိုးလိုက်ပါ၏။

"မင်းပိတ်ရက်အိမ်ပြန်မှာလား? စိတ်ဆိုးနေသေးတုန်းလား။"

"ငါမင်းကိုမထိုးမိအောင်ထိန်းထားတာနော် ၊ မင်းလာလာပြီးမဆွစမ်းနဲ့။"

ရှဲ့ယွီသည်ခေါင်းကိုငဲ့စောင်း၍သူ့အားကြည့်လာသည်။

ဟယ့်ကျောင်းက ထပ်လို့ဆိုလိုက်၏။

"ငါမေးတာကို မင်းပြန်မဖြေရသေးဘူးနော်။"

"ပြန်မှာ. ."

ရှဲ့ယွီကပြောသည်။

"ငါ့အမေမွေးနေ့လေ ၊ ပိတ်ရက်သေချာပေါက်ပြန်မှဖြစ်မှာ။"

Continue Reading

You'll Also Like

3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
1.4M 139K 129
ZawGyi~~ နာမည္ႀကီးအႏုပညာ႐ွင္ျဖစ္တဲ့Junaဟာ လိင္တူခ်စ္ႀကိဳက္သူျဖစ္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ သူ ့ရဲ ့ အဖြဲ ့ထဲကေန ႏုတ္ထြက္ေပးခဲ့ရတယ္ ၆လအၾကာမွာ 'Han JunRa...
1.2M 188K 78
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I just translate.Fully credit to original...