ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...
By ZuriLeora
1.3M 189K 10K
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... More
DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 58 - Couple
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨
CHAPTER 64 - I Will
11.3K 2K 126
By ZuriLeora
Unicode
သူ့အသံကခံစားချက်ကင်းမဲ့နေပီး စကားလုံးတွေကအေးစက်တယ်။
သူကထူးထူးခြားခြားထိတ်လန့်စရာကောင်းနေတဲ့သွင်ပြင်မဟုတ်ပေမဲ့လဲ သူ့ရဲ့အေးစက်မှုန်မှိုင်းနေတဲ့အသံက ဟွာဟန်အတွက်တော့ဒီမြင်ကွင်းကိုမြင်နေရတာကအတော်လေးလန့်စရာကောင်းတယ်။
စန်းကျုံးကကောင်ဆိုးလေးတွေကခနလောက်ကြောင်ရပ်နေပီး ရုတ်တရပ်သူတို့တွေက one-one fight ရမှာမဟုတ်မှန်းနားလည်သွားတယ်။
သူတို့တွေက group လိုက်ချရအောင်ရောက်လာတာပဲ။
အစတုန်းကရည်ရွယ်ချက်ကဟေးဖျီနဲ့ချရမှာဆိုပေမဲ့ အခုတော့ သွမ့်ကျားရန်ဆီကိုဦးတည်ချက်ပြောင်းသွားတယ်။ သွမ့်ကျားရန်ကရိကျုံးကလူဖြစ်ပီးတော့ ဟွာဟန်ကိုလဲအောင်ချထားတော့သေချာပေါက်သူကရန်သူပဲ။
ဟွာဟန်နဲ့ရင်းနှီးတဲ့ကောင်လေး​တချို့ကချဖို့မစောင့်နိုင်တော့ဘူး။ ​ဘယ်သူကအရင်စအော်ပီး သွမ့်ကျားရန်ဆီကိုပြေး​လာလဲတော့မသိဘူး။
သွမ့်ကျားရန်ကဟွာဟန်ကိုပြင်းပြင်းထန်ထန်ရိုက်ပီးသွားတော့ သူ့ဒေါသတွေလဲပြေသွားပီ။ သူကရှောင်လိုက်ပီး သူတို့နဲ့ထပ်ချဖို့စိတ်ကူးမရှိဘူး။
ဒါပေမဲ့တစ်ဖက်ကအတွေးတွေကသူနဲ့လုံးဝခြားနားတယ်။ သူဖရိုဖရဲဖြစ်နေချိန်မှာ ဟွာဟန်ကမြေကြီးပေါ်ကနေကုန်းထလာပီး အသက်ရှူမဝသလိုပုံပေါ်နေတယ်။ဟေးဖျီကဟွာဟန်ဆီကနေအလင်းတစ်ချက်လက်သွားတာကိုမြင်လိုက်တဲ့အခါမှာ သူလဲမဖမ်းမိတော့ ကျယ်လောင်စွာသတိပေးရုံပဲတတ်နိုင်တယ် "ဓား!သူ့မှာဓားရှိတယ်!"
ဒါပေမဲ့လဲအဲ့တာကနောက်ကျသွားတယ်။
သွမ့်ကျားရန်ရဲ့ဘယ်ဘက်လက်ပေါ်ကိုဓားအဖျားဖြတ်သွားပီး သူ့ရဲ့လက်ဖြူပေါ်ကနေသွေးတွေအများကြီစီးကျလာတယ်။
ဟွာဟန်မှာပြန်ထဖို့အားရှိသေးလိမ့်မယ်လို့သူထင်မထားဘူး။
ခွေးရူးတစ်ကောင်လိုပြေားလာတဲ့ ဟွာဟန်ကိုကြည့်ပီး သွမ့်ကျားရန်ကို့ရိုးကားယားဖြစ်သွားတယ်။ သူတင်မဟုတ်ဘူး ဘေး​ကကောင်တွေလဲလန့်သွားတယ်။
သွေးမြင်တဲ့အဓိပ္ပါယ်နဲ့သွေးမမြင်ရတဲ့အခြေအနေကခြားနားသွားပီ။
သာမန်အထက်တန်းကျောင်းသားတွေကဘယ်သူမှဓားကိုတမင်သာသာယူလာမှမဟူတ်ဘူး။ ဓပါလာတဲ့ဆိုးရွားတဲ့အရာတစ်ခုဖြစ်လာဖို့လွယ်ကူတယ် အခြေအနေဆိုးရင်ဆိုးသလောက် သေဆုံးတာမျိုးတွေပါရှိလာနိုင်တယ်။
အဲ့ဒီအပြင် သွမ့်ကျားရန်ဒဏ်ရာရတဲ့လက်အခြေအနေကတစ်ချက်ကြည့်ရုံနဲ့တင်အတော်လေး​ကြောက်စရာကောင်းတယ်။
ဟွာဟန်ကဓားကိုကိုင်ထားတုန်းဖြစ်ပီးကောက်ကောက်ကျစ်ကျစ်ပြုံးတယ် "အာ့ဆိုရင်ရော တွန်းအပေးအုံးမှာလား?စကားမပြောနိုင်တော့ဘူးလား? အဲ့တာကခေါင်းတွေမူးဝေမလာဘူးလား?"
သွမ့်ကျားရန်က​မျက်လွှာပင့်လိုက်ပီး သူ့မျက်နှာကိုဒဏ်ရာရနေတဲ့လက်နဲ့ပဲထိုးချပစ်တယ်။
ဟွာဟန်မှာနှာခေါင်းပေါက်ထဲမှာပူခနဲဖြစ်သွားပီး မျက်လုံးတွေပြာဝေသွားတယ်။သူအောက်ကိုငုံ့ကြည့်လိုက်တော့ မြေကြီးပေါ်မှာသွေးတွေကိုတွေ့တယ်။
သူခနလောက်ကြောင်သွားပီး ခနနေတော့သူနှာခေါင်းသွေးတွေထွက်နေပီမှန်းသိလိုက်တယ်။
ဟွာဟန်နာကျင်စွာနဲ့နှာခေါင်းကိုထိလိုက်တယ်။ သွမ့်ကျားရန်ကအဲ့တာကိုတွေ့တော့ ဒဏ်ရာရနေတဲ့ဘယ်ဘက်လက်ကိုကိုင်ပီး ပြုံးရင်းပြောလိုက်တယ် "ငါ့ကိုခေါင်းမူးလားလို့မင်းပြောလိုက်တာလားလို့?"
​မြေပြင်ပေါ်ကသူ့ရဲ့သွေးတွေနဲ့အတူသူ့ရဲ့ လှောင်ရယ်သံကအတော်လေးအရှက်ရစေတယ်။
သူ့ရဲ့အပြုအမူကစန်းကျုံးကကောင်လေးတွေရဲ့ဒေါသကိုလုံးဝနှိုးဆွ​နိုင်တယ်။ စန်းကျုံးကကောင်တွေကသွမ့်ကျားရန်ဆီကိုဦးတည်လာတာကိုတွေ့တော့ဟေးဖျီကဘေးကိုအပြေးရောက်လာတယ် "မင်းတို့ကချချင်တာပေါ့ရတယ်လေ!"
ဟေးဖျီဝင်ပါတာကိုတွေ့တော့ သူ့နောက်ကအဖော်တွေကလဲရှေ့ကိုတိုးလာတယ်။
"ငါတို့ရဲ့ကျောင်းလူဆိုးလေးကိုဝင်ကူမယ်မယ်ဘယ်သူတွေသဘောတူလဲ?"
"မင်းတို့ကအဖွဲ့ထဲမှာ ဓားလေးတစ်လက်ရှိတာနဲ့ ကန်တွေမြစ်တွေကိုသိမ်းမယ်ပေါ့?"
"ရိကျုံးကညီအစ်ကိုတို့ဒီကောင်တွေကိုကျောင်းမှန်းကန်မှန်းသိအောင်ဆုံးမလိုက်ကြရအောင်"
ရင်းဟွားဖန်ကဟွာဟန်ရဲ့လက်ထဲကဓားကိုအဝေးကိုကန်ထုတ်လိုက်တယ်။ ပီးတော့လူအုပ်ထဲဝင်ပီအော်ပြောလိုက်တယ် "ဟွာဟန်!မင်းကငါ့ကိုမျက်နှာပျက်စေတာပဲ!ငါမင်းကိုသတ်မယ်!"
ရင်းဟွားဖန်ကရန်သူဘက်ကနေပြောနေတာကိုတွေ့တော့ စန်းကျုံးကကောင်တွေဘာလုပ်ရမှန်းမသိဖြစ်နေတယ် "ကောကျိရယ် မင်းရောဘယ်လို့လဲ!ဘယ်ဘက်ကိုကူမှာလဲ?"
ရင်းဟွားဖန်ကသန်မာတော့ သူ့ကိုပြန်ဖြေလာတယ် "သေချာပေါက်အစ်ကို့ကိုပဲကူညီမှာပေါ့! ဟွာဟန်ကအထူးခွေးတစ်ကောင်လို့မထင်ဘူးလား?မင်းကသူ့ကိုဦးဆောင်ရတာပဲ"
စန်းကျုံးကကျောင်းသားတွေမှာနဂိုတုန်းကရင်းဟွားဖန်ကခေါင်းဆောင်။ အခုတော့ သူတို့အတွင်းမှာပဲ ကိုးလို့ကန့်လန့်တွေဖြစ်ကုန်ပီ။
"Fu*k ငါတကယ်ရန်မဖြစ်ချင်တော့ဘူး"
"ဒီတိုင်းဖြစ်နေတာဘယ်သူ့ကိုချရမလဲမသိတော့ဘူး"
"မင်းရဲ့အစ်ကိုကြီးကအရမ်းကြောက်စရာကောင်းတယ် ဒဏ်ရာရနေတာတောင်နှစ်ယောက်ယလောက်နဲ့တိုက်နိုင်တယ် သူတို့နဲ့ပဲပေါင်းမယ်"
"ခုကခုနှစ်ယောက်သုံ​ဖွဲ့ဖြစ်သွားတာလား ဘယ်ဘက်ကပါရမှာလားဟ?"
"ရိုးရိုးသားသား​ပြောရမယ်ဆိုရင် နှစ်ဆယ့်ရှစ်"
"...ညီအစ်ကိုတို့ရပ်လို့မ​ရဘူးလား?"
ဟေးဖျီကအပေါင်းအပါတွေကိုအော်ပီးစိတ်ဓာတ်မြှင့်လိုက်တယ် "ရှက်စရာအကောင်းဆုံးထဲကတစ်ခုပဲ, kill!!!!"
အဖွဲ့သုံးဖွဲ့ဆီကနေအသံတွေထွက်လာတယ်။
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်ကရုတ်တရပ်ဒီအခြေအနေမှာ ဝင်ပါချင်စိတ်မရှိတော့ဘူး။
တခြားသူတွေချနေတဲ့အချိန်မှာ သူကတစ်ယောက်တည်းအေးဆေးနေနေလိုက်တယ်။ သွမ့်ကျားရန်သူတို့တွေချနေတာကိုပြည့်နေလိုက်တယ် ခနကြာ​တော့ သူတို့တွေကရန်ဖြစ်နေတဲ့ဗဟိုနေရာကနေဘေးတွေကျဲသွားကြတယ်။
ဒီဖိုက်တာတွေကြားထဲမှာ အထိနာဆုံးက ဟွာဟန်နဲ့သူ့ရဲ့အဖွဲ့ပဲ။ နောက်ပိုင်းကျ ရင်းဟွားဖန်နဲ့ဟေးဖျီရဲ့အပေါင်းအပါတွေကတစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်သွားပီး ဟွာဟန်နဲ့တခြားသူတွေကိုနှစ်ဖက်လုံးကထိုးနှက်ချက်တွေကို​ခံခိုင်းတော့တယ်။
အဆုံးသတ်မှာတော့ သူ​တို့တွေကအထက်တန်းကျောင်းသားတွေဖြစ်ပီး တစ်ဖက်နဲ့တစ်ဖက်ကနက်နဲတဲ့ရန်ငြိုးတွေမရှိတော့ တိုက်ခိုက်တာတွေကတဖြည်းဖြည်းအားလျော့သွားကြတယ်။
အဲ့ဒီအချိန်ရောက်ခါမှ သွမ့်ကျားရန်ကနှစ်ဖက်လုံးကိုအားလျှော့လိုက်ဖို့ပြောလိုက်တယ် "ဟျောင့်တွေ ရန်မဖြစ်ကြနဲ့တော့ ညနေပိုင်း self study ချိန်ကစတော့မယ် စာသင်ခန်းထဲကိုသွားမယ်ဆိုသွား အင်တာနက်ကဖေးဆိုလဲသွားတော့ အရေးမပါတဲ့ရန်ပွဲတွေနဲ့ ငယ်ဘဝကိုမဖျက်ဆီးစမ်းနဲ့"
သွမ့်ကျားရန်ကပြောရင်းပြောရင်းနဲ့ ရန်ပွဲကိုနာမည်တစ်ခုတပ်ပေးလိုက်တယ် "နောက်တစ်ခါထပ်ချဖို့တကယ်မလိုတော့ဘူး ငါတို့ဖြစ်ပျက်သွား​တာတွေကို full stop ချလိုက်တော့ ဟွာဟန်ကလွဲပီးကျန်တဲ့လူတွေကညီအစ်ကိုကောင်းတွေပဲ"
ဟွာဟန်ကအော်လိုက်တယ် "သွမ့်ကျားရန် နင့်မေကြီးတော် –"
ရင်းဟွားဖန်နဲ့ဟေးဖျီကသူ့ကိုလက်သီးတစ်ချက်စီကျွေးလိုက်တယ်။
သွမ့်ကျားရန်စကားတွေကကလေးဆန်တယ်ဆိုပေမဲ့လဲအတော်လေးယုတ္တိရှိတယ်။ နောက်တစ်ခါထပ်ချဖို့တကယ်စိတ်ဝင်စားစရာမရှိဘူး။
ဖြည်းဖြည်းချင်းနှစ်ဖက်လုံးကရပ်သွားတယ်။
သွမ့်ကျားရန်နဲ့ဟွာဟန်ကလွဲပီး ကျန်တဲ့သူတွေကဒဏ်ရာအသေးလေးတွေပဲရကြတယ်။ လူတွေအများကြီနဲ့ဆန့်ကျင်သလိုဖြစ်သွားတော့ ဟွာဟန်ကိုတစ်ယောက်တည်းလမ်းကြားလေးမှာ သူ့အပေါင်းအပါတွေကချန်ခဲ့တယ်။
ဟွာဟန်ထွက်သွားတဲ့အခါမှ သွမ့်ကျားရန်သူ့လက်မောင်းကိုကြည့်လိုက်တယ်။
ဒဏ်ရာကမသေးတဲ့အပြင် ဟွာဟန်ကိုပါထပ်ထိုးထားတော့ သွေးတွေကလုံးဝမရပ်ဘဲဖြစ်နေတယ်။
"သွမ့်ကော မင်းဒါကိုလုပ်ရအုံးမယ် အနည်းဆုံးတော့ပတ်တီးစည်းရမယ်လေ" ရင်းဟွားဖန်ကသွမ့်ကျားရန်လက်ပေါ်ကအနာကိုကြည့်ပီး မထိန်းနိုင်ဘဲပြောမိတယ် "မေးခိုင်ပိုးဝင်သွားရင်ဘယ်လိုလုပ်မလဲ?"
ဟေးဖျီကဒီလိုအခြေအနေနဲ့ရင်းနှီးတယ် "ဒီနားမှာဆေးခန်းတစ်ခုရှိတယ် အဲ့ဒီက boss ရဲ့ နည်းလမ်းတွေကလဲအတော်လေးကောင်းတယ်"
သွမ့်ကျားရန်ခေါင်းညိမ့်လိုက်တယ်။
ဟေးဖျီပြောတဲ့ဆေးခန်းက အဲ့ဒီလမ်းထဲမှာ ​နည်းနည်းပဲလမ်းလျှောက်ရတယ်။
ဆေးခန်းက boss ကလူငယ်လေးတစ်ယောက်ဖြစ်ပီး​​ဟေးဖျီရင်းနှီးနေပီ။boss ကသူ့ကိုမြင်တော့လှမ်းနှုတ်ဆက်တယ် "Hey ဘာကိုထိပြန်ပီလား?
"ကျွန်တော်မဟုတ်ဘူး" ဟေးဖျီ ကပြောတယ် "ကျွန်တော့်သူငယ်ချင်း"
Boss ရဲ့အကြည့်တွေကသွမ့်ကျားရန်ဆီကိုရောက်သွားပီး လက်ပေါ်ကဒဏ်ရာပေါ်ကိုရောက်သွားတယ်။
"ကောင်ချောလေးကအနာတရဖြစ်ရုံတင်မကတော့ဘူး ခုနှစ်ချက်ရှစ်ချက်လောက်ချုပ်ရတော့မယ်" boss ကသွမ့်ကျားရန်ရဲ့ဒဏ်ရာကိုအကြမ်းဖျင်းကြည့်လိုက်တယ် "ဒီနေရမှာထိုင် မင်းကိုဆေးပေးမယ် ထုံဆေးနဲ့ဆိုရတယ်မလား?"
သွမ့်ကျားရန်ကရတယ်ပြန်ပြောလိုက်တယ်။
အပ်နေချုပ်နေတဲ့ပချိန်မှာ ရင်းဟွားဖန်ကသွမ့်ကျားရန်ရဲ့လက်ကအရေပြားပေါ်ကိုထိုးထိုးဝင်သွားတဲ့အပ်ကွေးကွေးကြီးကို​တွေ့လိုက်တယ်။ ကွဲနေတဲ့ဒဏ်ရာပေါ်မှာ ချုပ်ရိုးကလွန်ထိုးနေတာကို​​မြင်တဲ့အခါမှာတော့ မထိန်းနိုင်ဘဲ မျက်လုံးကိုအတင်းအုပ်ထားလိုက်တယ်။
​ဟေးဖျီကမေးမြန်းလိုက်တယ် "မင်းဘာလုပ်နေတာလဲ?"
ရင်းဟွားဖန်: "ငါကချွန်တာတွေကိုကြောက်တယ်!ဒီမြင်ကွင်းကိုမကြည့်နိုင်ဘူး!"
ဟေးဖျီ: " ... "
ရင်းဟွားဖန်: "သွမ့်ကော!မင်းအရမ်းနာမှာပဲ!"
သွမ့်ကျားရန်ကထုံဆေးအရှိန်ကြောင့်ထူးပီးနာတာမျိုးမရှိဘူး။ သူရင်းဟွားဖန်ကိုရယ်မလို့လုပ်လိုက်ပီးတစ်ခုခုကိုရုတ်တရပ်သတိရသွားတယ်။
သူညစာစားမဲ့ဟာကိုလုံးဝမေ့သွားတာပဲ။
Milk tea ကလဲရန်ဖြစ်တဲ့နေရာမှာ ပစ်ထားခဲ့တာ။
Milk tea ကိုအာရုံစိုက်တာမဟုတ်ဘူး အာရုံစိုက်တာကလုရှင်းစစ် ...
သွမ့်ကျားရန်ဖုန်းကိုထိမလို့လုပ်လိုက်ပေမဲ့ boss ကသူ့ကိုအာရုံပျက်တယ်ဆိုတဲ့အကြည့်နဲ့ကြည်ပီး သူ့ကိုတားလိုက်တယ် "မရှုပ်နဲ့စမ်း!"
Boss တစ်ယောက်ချုပ်လို့ပီးသွားတဲ့အခါမှာတော့ သွမ့်ကျားရန်ဖုန်းကိုမြန်မြန်ကြည့်လိုက်တယ်။ သူ mised call ပေါင်းရှစ်ရာလောက်ကို​တွေ့လိုက်တယ်။
သွမ့်ကျားရန်အကြမ်းဖျင်းကြည့်ကြည့်လိုက်တော့ အားလုံးကလုရှင်းစီခေါ်ထားတာ။ သွမ့်ကျားရန်သူ့ရဲ့ဘယ်ဘက်လက်ကိုကြည့်ပီတိတ်ကျသွားတယ်။
သူတိတ်နေတုန်းမှာ WeChat ကနေကျိုးရှင်းချန်ဆီကနေ စာတွေတစ်စောင်ပီးတစ်စောင်ရောက်လာတယ်။
[ရှောင်သွမ့် မင်းဘာလုပ်နေတာလဲ]
[ညစာစားအုံးမှာမလား? လုကောကမင်းကိုရှာချင်နေတယ်]
[ငါ့ရဲ့ဆန်ပြုတ်လေးရော?]
မင်းဆန်ပြုတ်သောက်ဖို့ကြသိတယ်လို့ပြန်ပြောလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ဖုန်းလေးကရုတ်တရပ်တုန်လာတယ်။
သွမ့်ကျားရန် Caller ID ကိုကြည့်ပီးရုတ်တရပ်အကြံတစ်ခုရသွားတယ်။
အငှားဖုန်ဖြေမယ်။
ဟေးဖျီကသူဖုန်းကိုပဲစိုက်ကြည့်နေတာတွေ့တော့ သတိပေးတယ် "သွမ့်ကျားရန် မင်းရူးနေလား?ဖုန်း​ဖြေလေ"
ရင်းဟွားဖန်: "ဘယ်သူခေါ်တာလဲ?"
ဟေးဖျီကမှတ်ထားတာလေးကိုကြည့်လိုက်တယ် "ငါတျဲ"
ရင်းဟွားဖန်ကလန့်သွားတယ် "မင်းတျဲကဘယ်သူလဲ"
သွမ့်ကျားရန်စိတ်ပြန်လည်လာတယ်။ သူခနလောက်တွေဝေသွားပေမဲ့ ဖုန်းဖြေမလို့လုပ်လိုက်တယ်။
အေးစက်စက်အသံကဆေးခန်းလေးရဲ့တံခါးကနေထွက်လာတယ်။
"သွမ့်ကျားရန်" အသံပိုင်ရှင်ကိုတော့ဖော်ပြစရာမလိုတော့ပါဘူး။ သူကနှေးနှေးလေးပြောနေတယ် "မင်းကအဝေးကြီးသွားလိုက်ရတာပဲ"
တံခါးအပြင်ဘက်မှာရပ်နေတဲ့ကောင်လေးကအရပ်ရှည်ရှည်သွယ်သွယ်လေး။ ကောင်လေးရဲ့မျက်လုံးတွေကအခန်းထဲကိုဝေ့ကြည့်လိုက်ပီး နောက်ဆုံးမှာ​တော့ သွမ့်ကျားရန်ရဲ့ဒဏ်ရာရနေတဲ့ဘယ်ဘက်​လက်ပေါ်ကိုကျသွားတယ်။
အဖြူရောင်ပတ်တီးကအထပ်ထပ်ပတ်ထားပီ ပတ်ထားတာကတော်တော်ကြီးတယ်။ အဲ့ဒီအောက်အနာကဘယ်လိုဖြစ်နေမှန်းသိချင်သေးရဲ့။
လုရှင်းစစ်ကအဲ့တာကိုကြည့်နေတာကိုသတိပြုမိတော့ သွမ့်ကျားရန်တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။
ရင်းဟွားဖန်ကလုရှင်းစစ်အသံရဲ့အေးစက်မှုကြောင့်ရုတ်တရပ်ကြောင်သွားတယ် "ဒီကောင်ကဘယ်သူလဲ? နည်းနည်းတော့ရင်းနှီးနေသလိုပဲ သူကရန်လာစတာလား?"
ဟေးဖျီကသူ့ကိုမြန်မြန်ပြောလိုက်တယ် "ပါးစပ်ပိတ်ထားစမ်း"
ရင်းဟွားဖန်ကမမောမပန်းမေးနေတယ် "သူကဘယ်သူလဲ?"
ဟေးဖျီကတိုးတိုးလေးပြောတယ် "မင်းရဲ့အစ်ကိုကြီးရဲ့ချစ်သူ"
ရင်းဟွားဖန်ကပါးစပ်ကိုအုပ်လိုက်ပီ လက်ငါးချောင်းထဲကနေသက်ပြင်းချတယ် "F**k မရီးလား?"
ဟေးဖျီ: " ???? "
သူအဲ့တာကိုချက်ချင်းကြီတွေ့သွားလိမ့်မယ်လို့သွမ့်ကျားရန်ထင်မထားဘူး။ သူသတိပြန်ဝင်လာတော့တံခါးဆီကိုပြေးသွားလိုက်တယ်။
လုရှင်းစစ်ကသွမ့်ကျားရန်ရဲ့လက်ကောက်ဝတ်ကိုညင်ညင်သာသာလေးကိုင်လိုက်တယ်။
သူဂရုတစိုက်ကြည့်လိုက်ပီး သွမ့်ကျားရန်မှာ ဘယ်ဘက်လက်ကဒဏ်ရာတစ်ခုပဲရှိမှန်းအတည်ပြုလိုက်တယ်။ သူပါးစပ်ဟလာတယ် "နာလား?"
သွမ့်ကျားရန်မနာဘူးပြောချင်ပေမဲ့ သူထုံဆေးရှိန်မပြယ်သေးတော့ ခံရတာသိပ်မသိသာဘူး။
လုရှင်းစစ်မျက်နှာကကြည့်ရဆိုးနေတာကိုတွေ့တော့ သွမ့်ကျားရန်ဉာဏ်ကွန့်မြူးလိုက်ပီး သူ့ဆန္ဒအရခေါင်းညိမ့်လိုက်တယ် "နာတယ်"
လုရှင်းစစ်ကသူ့လက်ပေါ်ကဆေးနံ့ကိုရတော့တိုးတိုးလေးမေးတယ် "ဘယ်နှချက်ချုပ်လိုက်ရလဲ?"
သွမ့်ကျားရန်ကအပြစ်ရှိသလိုခံစားရတယ် "ခုနှစ်ချက်"
" ... " လုရှင်းစစ်မျက်မှောင်​ကျုံ့လိုက်တယ်။
ရင်းဟွားဖန်ကသူ့တို့နှစ်ယောက်ကြားကနားလာ်ရခက်တဲ့လေထုကိုတွေ့တော့ "ဟွာလေ မေးရအုံးမယ် ငါ့မရီး–"
ဟေးဖျီ: "မင်းဘယ်သူ့ကိုမရီးခေါ်နေတာလဲ?"
ရင်းဟွားဖန်: "ငါလေ ငါ့အစ်မ မဟုတ်ပါဘူး ဒီကအချောလေး မင်းငါ့အစ်ကိုကြီးနဲ့ရင်းနှီးနေတာဘယ်လောက်ကြာပီလဲ?"
ဟေးဖျီကသူ့ကိုကြည့်လိုက်တယ် "မင်းအင်တာနက်ကိုလျှောက်မကြည့်ကြည့်ဖူးဘူးလား?"
ရင်းဟွားဖန်: "ဟမ်?"
ဟေးဖျီ: "နင်းချန်ရဲ့ABO forum post နံပါတ် 10024 အဲ့တာကိုနှိပ်ပီး love story တစ်ခုကိုကြည့်စမ်းပါ"
ဟေးဖျီကသက်ပြချရင်းပြောတယ် "ငါ့အဲ့ဒီ post ကိုမှတ်မိနေသေးတုန်းပဲ"
ရင်းဟွားဖန်: " ... "
ဟေးဖျီနဲ့ရင်းဟွားဖန်ရဲ့သက်သောင့်သက်သာလေထုကဘာလှုပ်ရှားမှုမှမရှိဘူး။ သွမ့်ကျားရန်ကလုရှင်းစစ်ဆီမှာအစစ်ဆေးခံနေရတော့ စိတ်ကအတက်အကျနဲ့။
သူလုရှင်းစစ်ကိုကြည့်ပီးပြောလိုက်တယ် "ငါ milk tea သွားဝယ်တာ ပြီးတော့လမ်းကြားလေးမှာ ဟေးဖျီနဲ့အလယ်တန်းတုန်းကအတန်းဖော်တစ်ယောက်ကိုတွေ့တယ် သူ့တို့တွေကသူတို့အပေါင်းအပါတွေနဲ့စုနေကြတာ..."
လုရှင်းစစ်ကမျက်ခုံးပင့်ပီးကြည့်နေတော့ သွမ့်ကျားရန်ကရန်ဖြစ်ဖို့ဆိုတဲ့စကားလုံးကိုပြန်မျိုချလိုက်တယ်။
သွမ့်ကျားရန်ကခေါင်းလှည့်ပီး ဟေးဖျီနဲ့ရင်းဟွားဖန်ကိုလဲလာရှင်းပြပေးဖို့ပြောမလို့လုပ်လိုက်တယ်။
ဟေးဖျီကသူ့ရဲ့အကြည့်ကိုတွေ့တာနဲ့ချက်ချင်းပြောလိုက်တယ် "Hey အရင်ပြန်ကြစို့"
ရင်းဟွားဖန်ကလဲတက်ကြွနေတယ် "အေး မင်းတို့စကားပြောနေတာကိုမနှောင့်ယှက်တော့ပါဘူး ​မင်းမှာပြောစရာရှိရင်လဲ အခုမပြောနဲ့အုံး"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန် ဒီနှစ်ကောင်ကိုမြေမြှုပ်ပစ်ဖို့မစောင့်နိုင်ဖြစ်သွားတယ်။
ဆေးခန်းပေါ်ကဝကြီးမှာပိတ်နေတာကမသင့်လျော်တော့ သူတို့ပြန်သွားတော့ သူတို့နှစ်ယောက်လဲထွက်လာလိုက်တယ်။ လုရှင်းစစ်ကကျောင်းဂိတ်ဆီကိုသွားနေတယ်။
သွမ့်ကျားရန်ကစည်းနဲ့ကမ်းနဲ့သူ့ကိုကိုင်ထားတဲ့ပုံလေးကိုကြည့်ရတာ မိဘရှေ့မှာ အမှလုပ်မိတဲ့ကလေးလေးနဲ့တူနေတယ်။ လုရှင်းစစ်ကရုတ်တရပ်မေးလိုက်တယ် "သူတို့ကဘာလုပ်နေတာလဲ?"
" ... ဒီအတိုင်းသိပ်အရေးမပါတာပါ ငါကဝင်ပါလိုက်ရုံပဲ"
လုရှင်းစစ်ကသူ့ကိုစကားထောက်ပေးတယ် "လက်ကဒဏ်ရာအကြောင်းကျန်သေးတယ်"
ဒဏ်ရာကသိပ်မကြီးပါဘူးလို့သွမ့်ကျားရန်ပြောမလို့လုပ်တဲ့အချိန်မှာ လုရှင်းစစ်ရဲ့လက်ဖျားလေးတွေကသူ့လက်ပေါ်ကပတ်တီးကိုဖြည်းဖြည်းလေးထိနေတယ် "ဘယ်လိုလုပ်ဒဏ်ရာရတာလဲ?"
သူ့လက်ပေါ်ကိုပွတ်သပ်နေတဲ့တစ်ဖက်လူရဲ့အထိအတွေ့ကိုခံသားမိတော့ သွမ့်ကျားရန်နည်းနည်းတုံ့ဆိုင်းသွားတယ် "ဓား"
လုရှင်းစစ်လက်​ချောင်းတွေကရပ်သွားပီး သူ့မျက်လုံးထဲကခံစားချက်တွေကနည်းနည်းလွင့်ထွက်သွားတယ်။
သွမ့်ကျားရန်ကအဲ့တာကိုတွေ့တော့ မြန်မြန်ရှင်းပြလိုက်တယ် "ငါကအစတုန်းကရန်မဖြစ်ချင်ပါဘူး ငါကအဲ့ဒီလမ်းထဲမှာနှစ်ဖက်လုံးနဲ့သိတော့ စကားနည်းနည်းလောက်ပြောလိုပ်တာ ဒါပေမဲ့တချို့ကောင်တွေလဲရှိသေးတယ်..."
ဟွာဟန်ကိုရည်ညွှန်းပီပြောတဲ့အခါမှာ သွမ့်ကျားရန်အသံကပုံမှန်မဟုတ်ဘူး။
လုရှင်းစစ်ရှေ့မှာ အဲ့ဒီစကားတွေမပြောချင်တော့ သွမ့်ကျားရန်ကမပီမပြင်ပြောတယ် "စန်းကျုံးကကျောင်းသားတွေမှာ ဓားပါတဲ့တစ်ယောက်ရှိတယ် ငါလဲသူယူလာမယ်လို့ထင်မထားဘူးလေ အဲ့တာနဲ့မတော်တဆခြစ်မိသွားတာ"
"သူ့မှဘယ်လိုလုပ်ဓားရှိနေတာလဲ?"
"မသိဘူး ငါတို့ဘက်မှာတော့ဓားပါဘူး" သွမ့်ကျားရန်ကပြန်ပြောလိုက်တယ် "ဒါပေမဲ့ ငါ့သူ့ကိုထိုးလိုက်တာ နှာခေါင်းသွေးလျှံသွားပုံရတယ်"
"ဒါပေမဲ့ မင်းကဓားနဲ့ခြစ်မိတယ်လေ သူကဘာမှမဖြစ်ဘူး" လုရှင်းစစ်အဲ့ဒီမြင်ကွင်းကိုမြင်ယောင်ကြည့်လိုက်ပီး သွမ့်ကျားရန်လက်ကိုအားနဲ့ဆွဲလိုက်တယ် "သူကဘာပြောလို့ မင်းကအရမ်းစိတ်ဆိုးသွားတာလဲ?"
"သူ​ပြောတာက... ဒီတိုင်းခပ်အအ ကိစ္စတွေပါပဲ" သွမ့်ကျားရန်ကဆက်ပြောနေတယ် "ငါသူနဲ့ပဲရန်ဖြစ်တာပါ နောက်ပိုင်းကျသူတို့တွေချတော့ ငါဘေးထွက်နေတာ"
သူပြောပီတဲ့အခါမှာ သူရှင်းပြတာကမရှင်းဘူးလို့ခံစားလိုက်ရပီး လုရှင်းစစ်ကိုကြည့်လိုက်တယ်။
လုရှင်းစစ်ကဘာမှမမေးသလို ဘာမှလဲမပြော​တော့ဘူး။ သူ့ကိုလမ်းတလျှောက်ဆွဲခေါ်သွားတယ်။
ရိကျုံးကလူအများစုကသူနဲ့လုရှင်းစစ်ကိုသိတယ်။ လမ်းတလျှောက်မှာ သူတို့ဆီကအကြည့်တွေရရှိခဲ့တယ်။ သွမ့်ကျားရန်ကကလန်ကဆန်ပြန်လုပ်လိုက်တယ် သူလမ်းတလျှောက်လုံးအဆွဲမခံချင်ဘူး "လုကောငါတို့ကျောင်းပေါက်ဝတောင်ရောက်ပီလေ မင်းဆက်ဆွဲနေအုံးမှာလား?"
လုရှင်းစး်ကသူ့ကိုတစ်ချက်လှည့်ကြည့်ပီး သူ့ကိုလွှတ်မပေးဘဲ အထက်တန်းဆောင်ဆီကိုဆက်ပီးဆွဲခေါ်သွားတယ်။
သွမ့်ကျားရန်သူ့ကိုပြောလဲမရတော့ ဒီတိုင်းပဲထားလိုက်တော့တယ်။
သူတို့တွေစာသင်ခန်းတံခါးဝကိုရောက်တော့သူ့တို့ရဲ့ကျောင်းကောင်စီအဖွဲ့ဝင်ကောင်မလေးကစာအုပ်အထပ်လိုက်ကြီနဲ့အခန်းထဲကနေထွက်လာတယ်။ ကောင်မလေးကခြေလျှော်သွားပုံရတယ် စာအုပ်တွေကလျှောကျမလိုဖြစ်သွားတယ်။
သွမ့်ကျားရန်ကဆတ်ခနဲ့ လက်လှမ်းပီးကူညီပေးတဲ့အခါမှာ လုရှင်းစစ်ကသူ့ကိုဆွဲပီး သူ့အစားလုပ်ပေးတယ်။
"ကျေးဇူးပါအတန်းခေါင်းဆောင်" ​ကောင်မလေးကသူ့ကိုကျေးဇူးတောင်​တင်သွားသေးတယ်။ သူ့အကြည့်တွေက သွမ့်ကျားရန်ရဲ့ပတ်တီးစည်းထားတဲ့ဘာ်လက်ပေါ်ကိုရောက်သွားတယ် "သွမ့်ကျားရန်ဘာဖြစ်တာလဲ?"
"ဒီတိုင်းခြစ်မိတာ"
"အဲ့တာကအရမ်းဆိုးလား?" ကောင်မလေးကစိတ်ပူပေးတယ် "ဂရုစိုက်အုံး ညာဘက်မဟုတ်လို့တော်သေးတယ် အဲ့တာဆိုစာရေးလို့ရမှာမဟုတ်ဘူး"
သွမ့်ကျားရန်ခေါင်းညိမ့်လိုက်တယ်။
ကိစ္စတွေအများကြီးဖြစ်သွားတော့ သွမ့်ကျားရန်မှာ ညစာစားချိန်မရှိလိုက်ဘူး။ စာသင်ခန်းထဲပြန်ရောက်တော့ ခုံစောင်းထဲက snack တွေပဲထုတ်ပီးဖြည်းဖြည်းချင်းစားနေလိုက်တယ်။
Self-study ချိန်ဆိုတော့ စာသင်ခန်းကတိတ်ဆိတ်နေတယ်။ သူစားလို့ထွက်လာတဲ့ကျိုးတိုးကျဲတဲအသံတွေကြားရတာလုရှင်းစစ်အတွက်သိပ်အဆင်မပြေလှဘူး။
သွမ့်ကျားရန်ကညစာမစားရသေးတဲ့အပြင် ခုနှစ်ချက်တောင်ချုပ်ရတာဆိုတော့ သွေးတွေလဲအများကြီကုန်သွားလောက်တယ်ဆိုတာကိုသူတွေးမိသွားတယ်။
သူတစ်ဖက်လူကိုပဲတစ်ချိန်လုံးစိုက်ကြည့်နေပီး စိတ်လိုလက်ရသာလုပ်ကိုင်ပစ်ချင်တော့တယ်။
သူစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အချိန်မှာ ချန်ယွဲ့ကနောက်ကိုလှည့်ပီး ခုံကိုလာခေါက်တယ်။ သူကဘာလုပ်တာလဲလို့မေးမလို့လုပ်တဲ့အချိန်မှာ တစ်ဖက်လူကဖုန်းကိုလှုပ်ပြတယ်။
သူဖုန်းကိုကြည့်လိုက်တော့ ချန်ယွဲ့​ကpost တစ်ခုသူ့ကိုပို့ထားတာ။[ဒါကိုကြည့်]
လုရှင်းစစ်ကခေါင်းစဥ်ကိုကြည့်ဖို့စိတ်မရှည့်တာနဲ့ပဲချက်ချင်းနှိပ်ကြည့်လိုက်တယ်။
[ညနေတုန်းကကျောင်းသားအများစုက ညစာစားဖို့စိတ်ရောက်နေတဲ့အချိန်မှာ back street မှာ​တော့ ရန်ပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။
မျက်မြင်တွေ့ခဲ့တဲ့လူတစ်ယောက်အနေနဲ့အရာအာလုံးကိုပြောပြဖို့လိုအပ်တယ်လို့ခံစားရပါတယ်။ ရန်ပွဲက ကျောင်းလူဆိုးလေးနဲ့ စန်းကျုံးကဟွာဟန်အမည်ရကျောင်းသားတစ်ယောက်ကနေစတင်ခဲ့ပါတယ် နောက်ဆုံးမှာ​တော့ တစ်ယောက်ချင်းကနေ ရိကျုံးနဲ့စန်းကျုံးဆိုပီးအုပ်စုလိုက်ရန်ပွဲဖြစ်သွားခဲ့ပီး သမိုင်းကြောင်းအရဆိုပြောင်းလဲမှုပေါ့နော်။
အစတုန်းကတော့ရိုရိုးလေးစကားများရုံ​ပါပဲ။ငါတို့ဘာမှန်းမသိလိုက်ခင်မှာပဲ ကျောင်းလူဆိုးလေးက ဟွာဟန်ရှေ့ကိုf-key နဲ့ဖြတ်ခနဲရောက်သွားတယ် အဲ့ဒီနောက်မှာနောက်ထပ် e-skill နဲ့ ဟွာဟန်ကိုချောင်ပိတ်လိုက်ပါတယ်။ တစ်ဖက်လူကလှည့်ကွက်တစ်ခုထုတ်သုံးခဲ့တယ်။
Ning Cheng ရဲ့သက်တမ်းတလျှောက်မှာ လူတွေကိုဘယ်တုန်းကမှအဓိပ္ပါယ်မရှိဘဲမရိုက်ဘူး။
ဒါဆိုကျောင်းလူဆိုးလေးကရုတ်ရပ်ဘာလို့လူကိုရိုက်တာလဲ?
ဘာလို့လဲဆိုတော့ ဟွာဟန်က ​​ကျောင်းရဲ့အသည်းကျော်လေးအကြောင်းမကောင်းပြောလို့ပါ။
အဲ့ဒါနဲ့ပဲကျောင်းလူဆိုးလေးကဒေါသထွက်သွားတာပေါ့ ပိုပီကောင်းတာကတော့ သတ်ပစ်လိုက်ရင်ပေါ့ 66666 ငါတခြားဟာတွေထပ်မပြော​တော့ဘူး။]
["ပြောကြပါအုန်း ငါဒီညသေတော့မှာလား"မားမားကမင်းရဲ့အချစ်အတွက်ငိုကြွေးနေပါပီ]
[ပုံမှန်အခြေအနေတွေမှာဆို O အတွက်ရန်ဖြစ်တာ ဒီတစ်ခုပဲ O ကရန်ဖြစ်တာ]
[ငါဒီအချိန်မှာ ဘယ်သူ့ကိုမနာလိုဖြစ်ရမှန်းမသိတော့ဘူး ဒါနဲ့စကားမစပ် ဟွာဟန်ဆိုတာဘယ်သူကြီးတုန်း?]
.....
.....
လုရှင်းစစ်ဒါကိုဖတ်ပတော့ သွမ့်ကျားရန်ဘာလို့ရန်ပွဲ​အတွက်အကြောင်းပြချက်ကိုမရေ​မရာဖြေနေလဲဆိုတာသိသွားတယ်။
သူစိတ်ဆိုးနေတုန်းဆိုပေမဲ့လဲနှလုံးသားလေးကနူးညံ့သွားပီ။ သူကစိတ်လိုလက်ရသာလုပ်ချင်တာ သူ့ကိုကျဘယ်လိုကာကွယ်ရမှန်းမသိဘူး။
"မင်းလဲဒါကိုကြည့်နေတာလား?" သွမ့်ကျားရန်ကဘယ်အချိန်သူ့ဘေးနရောက်လာမှန်းမသိလိုက်ဘူး "ဒီကောင်ပြောတာကနည်းနည်းချဲ့ကားထားတာ ငါ့ရဲ့ skill တွေကအဲ့level လောက်ထိမရောက်သေးဘူး ဒါပေမဲ့ ဟွာဟန်ကတော့တကယ်ရှင်းပစ်ရမဲ့ကောင်ပဲ ဒါကသူ့ဘာသာသူရွပိုးထိုးနေတာ"
သွမ့်ကျားရန်ကသူ့ကိုစကားပြောချင်နေတယ်ဆိုတာတွေ့နိုင်တယ်။
လုရှင်းစစိသူ့လက်ထဲ snacks ကိုကြည့်လိုက်တယ် "ဒီအာလူးကြော်တွေကအရသာရှိတယ်လား?"
"ပုံမှန်ဆိုရင်ပေါ့" သွမ့်ကျားရန်ကအမှန်တိုင်းပြောတယ် "အများကြီစားရင်တော့အီလည်လည်ကြီးဖြစ်တယ်"
"မစားနဲ့တော့" သူဖုန်းကိုနှိပ်လိုက်ပီးသွမ့်ကျားရန်ကိုမျက်နှာချင်းဆိုင်လိုက်တယ် "ကျောင်းဆင်းရင်စားဖို့မင်းကိုခေါ်သွားပေးမယ်"
သွမ့်ကျားရန်ကအားလူးကြော်တွေကိုဆက်စားမလို့လုပ်လိုက်ပေမဲ့အဲ့တာကိုကြားတော့ မျက်လုံးတွေအရောင်တောက်ပီး ခေါင်းညိမ့်လိုက်တယ်။
ရိကျုံး​နဲ့နည်းနည်းလေးဝေးတဲ့နေရာမှာ ဖွင့်ထားတာနှစ်ပေါင်းကြာပီဖြစ်တဲ့ Cantonese ​စားသောက်ဆိုင်တစ်ခုရှိတယ်။
ဆိုင်ထဲမှာကျောင်းသားတွေသာမကညပိုင်းဆင်းတဲ့ရုံးဝန်ထမ်းတွေလဲရှိတယ်။ နွေးထွေး​တဲ့မီးရောင်ဝါဝါကဆိုင်ထဲမှာဖောက်ထွင်းမြင်နေရပီး ချက်ပြုတ်ဆောင်ထဲကရေနွေးငွေ့ တွေကိုပါလှမ်းမြင်နေရတယ်။
"ကျိုးရှင်ချန်းပြေတာတော့ သူမနေ့ညကဒီမှာစားပီးနောက်ကျတဲ့အထိနေတာဆိုပဲ" လုရှင်းစစ်ကmenu ကိုသူ့ကိုကမ်းပေးတယ် "ဘာစားမလဲ?"'
သွမ့်ကျားရန်ကဆန်ခေါက်ဆွဲကျော်နဲ့တခြားဗိုက်ပြည့်မဲ့စားစရာတချို့ကိုမှာလိုက်တယ်။
မှာထား​တာတွေရောက်တော့ သွမ့်ကျားရန်ကမေးလိုက်တယ် "မင်းရောစားအုံးမလား?ငါမှာထား​တာတွေအများကြီးပဲတစ်ယောက်တည်းမကုန်ဘူး"
လုရှင်းစစ်ကဗိုက်မဆာပေမဲ့လဲသူနဲ့အတူကူစားပေးတယ်။
"ငါရန်မဖြစ်သင့်ဘူး" သွမ့်ကျားရန်ကအခြေအနေကြည့်ပီး သူ့ဘက်ကစဝန်ခံလိုက်တယ် "ဒါပေမဲ့ ဟွာဟန်ကမင်းအကြောင်းကိုကောင်းကောင်းမပြောတော့ ငါသည်းမခံနိုင်ဘူး"
လုရှင်းစစ်ကသူ့ကိုကြည့်ပီးရုတ်တရပ်သက်ပြင်းချတယ်။
သွမ့်ကျားရန်ကမြန်မြန်ပြောလိုက်တယ် "ငါနောက်ပိုင်းကျသည်းခံနိုင်အောင်ကြိုးစား​ပါ့မယ် ထိန်းမထားနိုင်ရောင်တစ်ဖက်မှာ ဓားပါမပါကိုအရင်ဆုံးကြည့်မယ်"
"မင်းကအရွယ်ရောက်တော့မယ် မင်းကအထက်စီးဆန်ခဲ့တယ်ဆိုရင်တောင် မင်းကဆိုးဆိုးရွားရွားတွေမပြောဘူး အဲ့ဒီလိုကပဲငါ့ကိုဆွဲဆောင်နိုင်ခဲ့တာ​ဖြစ်နိုင်တယ်" လုရှင်းစစ်ကသူတတ်နိုင်သမျှနားလည်သွားစေချင်တယ်ဆိုတဲ့ပုံနဲ့ဖြည်းဖြည်းလေယပြောနေတယ် "ဒါပေမဲ့ အခုတော့ခြားနားသွားပီ ငါကြောက်နေတယ်"
​သွမ့်ကျားရန်ကြောင်သွားတယ်။
"မင်းထိခိုက်မှာကိုငါကြောက်တယ် မင်းကိုမကာကွယ်နိုင်မှာကိုငါကြောက်တယ် မင်းတုရွှီချန်နဲ့ရန်ဖြစ်တယ် ချောင်းနန်နဲ့ချတယ် ဒီနေ့စန်းကျုံးကကောင်လေးနဲ့ရန်ဖြစ်တာတွေအဲ့ဒါတွေကပြဿာနာကြီးကြီးမားမား​မဟုတ်ဘူး ဒါပေမဲ့ ငါနောက်ပိုင်းရင်ဆိုင်ရမှာတွေကိုငါကြောက်တယ်"
" ... " သွမ့်ကျားရန်အစတုန်းက ငါ့အထင်​မင်းကအခိုင်ခံ့ဆုံးကျောထောက်နောက်ခံဆိုပီးဟာသလုပ်မလို့ပြင်လိုက်ပေမဲ့ သူ့စကားလုံးတွေနောက်ကခံစားချက်ကိုတွေးမိတော့တိတ်သွားတယ်။
"ငါကြောက်တယ် မင်းကလူတွေကိုတိုက်ခိုက်နိုင်တယ်ဆိုရင်တောင် ငါမင်းကိုရှာတွေ့တဲ့အခါမှာအရာအားလုံးကနောက်ကျသွားမှာကို" ညနေတုန်းကသွမ့်ကျားရန်ဖုန်းမကိုင်တာကိုတော့မပြော​တော့ဘူး။ လုရှင်းစစ်အသံကရပ်သွားပီး ခနကြာတော့ဆက်ပြောတယ် "နောက်တစ်ခါတွေကျငါ့ကိုပြောပြနိုင်မလား?"
သူ့ဆီကနေစူးစူးစိုက်စိုက်အကြည့်ခံနေရတော့ဘသွမ့်ကျားရန်ရဲ့နှလုံးခုန်သံတွေကမထိန်းချုပ်နိုင်ဘဲပိုပီးမြန်မြန်ခုန်ခုန်လာတယ်။
ခက်ခက်ခဲခဲနဲပဲသွမ့်ကျားရန်ခေါင်းညိမ့်ပြလိုက်တယ်။
ခနကြာတော့
"အာ့ဆို ငါလုပ်ပီတိုင်းမင်းကိုပြန်တင်ပြရမှာပေါ့" သွမ့်ကျားရန်အဲ့ဒီမြင်ကွင်းကိုတွေးကြည့်တယ် "အဲ့တာကနည်းနည်းတော့ကြောင်တောင်တောင်နိုင်သလိုပဲ"
လုရှင်းစစ်ကသူ့ကိုကြည့်လိုက်တယ် "နောက်ပိုင်းကျရန်မဖြစ်တော့ဘူးလို့ပြောတဘယ်သူလဲ?"
သွမ့်ကျားရန်သူ့နှာခေါင်းလေးကိုမလုံမလဲထိလိုက်တယ်။
"ငါကရန်မဖြစ်အောင်ကြိုးစားမယ်လို့ပြောတာပါ" သွမ့်ကျားရန်ကလှည့်ပတ်ပြောရင်း သူ့ကိုကိုင်ဖို့ကြိုစားလိုက်တယ် "အဓိကအကြောင်းကတော့ အဲ့ဒီခွေးကောင် ဟွာဟန်ကငါ့ရဲ့ပျော့ကွက်ကိုလာထိလို့ပဲ ငါတကယ်သည်းမခံနိုင်ဘူး သူ့ကငါ့ကိုပြောနေရင် အဲ့လောက်ဒေါသဖြစ်မှာမဟုတ်ဘူး ငါသူ့ကိုပြောကိုမပြောချင်းဘူး သူကငါ့ကိုဘယ်လိုတွေးနေလဲမသိဘူး..."
"ငါပြောအုံးမယ်" လုရှင်းစစ်ကသူ့ကိုကြည့်လိုက်တယ် "ငါမင်းကိုအခုထိဘာမှမပြောရသေးဘူး"
လုရှင်းစစ်ကသူ့ကိုပြောစရာတစ်ခုခုရှိလောက်တယ်လို့တွေးလိုက်ပီး သူ့စကားတွေကိုရပ်ပီးသူ့ကိုပြန်ကြည့်လိုက်တယ်။
လုရှင်းစစ်ကပြုံးလိုက်တယ် "ငါ့အတွက်နဲ့တိုက်ခိုက်(ရန်ဖြစ်) ပေးလို့ကျေးဇူးတင်ပါတယ်"
ကောင်လေးကသူ့ကိုကြည့်ဖို့ကိုင်းထားရပီး မီးရောင်အောက်ကမျက်နှာလေးကရှင်းသန့်နေတာပဲ။
သူ့မျက်လုံးနက်နက်လေးတွေကကြည်ကြည်လေးကိုမှာ မျက်လုံးအစွန်းလေးကအထဲကိုတွန့်သွားတယ်။ မရယ်တဲ့အခါမှာ အားပျော့သွားစေပီး ရယ်လိုက်တဲ့အခါမှာနူးညံ့မှုအပြည့်နဲ့ရှက်သွားဖြာစေတယ်။
အဲ့ဒီအချိန်မှာ သွမ့်ကျားရန်ထွက်မလာတဲ့စိတ်ကူးတစ်ခုကိုရုတ်တရပ်ရလိုက်တယ်။
အဲ့ဒါကသူ့ဘဝမှာမြင်ဖူးသမျှတွေထဲကအလှဆုံးမျက်လုံးလေးကြောင့်ဖြစ်နိုင်တယ်။
သွမ့်ကျားရန်မထိန်းနိုင်ဘဲခေါ်လိုက်တယ် "လုရှင်းစစ်"
နာမည်အခေါ်ခံရတဲ့ကောင်လေးကပြန်တုံ့ပြန်လာပီး သူ့ကိုတိတ်တိတ်လငေးကြည့်နေတယ်။
သူအများကြီးပြောချင်ပေမဲ့ ရှုပ်ရှပ်ခတ်နေတဲ့အတွေးတွေကဦးနှောက်ဆီရောက်သွားတာအခါမှာ မီးရှုးမီးပန်းတွေလိုပေါက်ထွက်သွားပီး ရှုပ်ထွေးတဲ့ပြာမှုန်လေးတွေပဲကျန်ခဲ့တော့တယ်။
နောက်ဆုံးမှာ​တော့ သူရိုးရှင်းတဲ့ဝန်ခံချက်တစ်ခုကိုပဲဖွင့်ဟလိုက်တယ်။
"ငါအနာဂတ်မှာမင်းလောက်အားကြီးလာမှာမဟုတ်ဘူး ဒါပေမဲ့ဘငါရှာလို့ရသမျှပိုက်ဆံတွေကိုမင်းကိုပေးမယ် မင်းရဲ့ susceptibility ကာလမှာ မင်းနဲ့အတူအဖော်ပြုပေးမယ်"
သွမ့်ကျားရန်ကသူ့လက်ကိုဆွဲပီးပြောလိုက်တယ်။
"ငါမင်းကိုကာကွယ်ပေးအုံးမှာပဲ"
✨——————✨
Zawgyi