ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...

Bởi ZuriLeora

1.2M 188K 9.3K

Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... Xem Thêm

DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 58 - Couple
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨

CHAPTER 59 - Taste

13.4K 2K 71
Bởi ZuriLeora

Unicode

သူကလူရှင်းစစ်ရဲ့လက်မောင်းတွေကြားထဲမှာ ခန္တာကိုယ်တစ်ဝက်လောက်မြုပ်နေပီး တစ်ဖက်လူရဲ့အငွေ့အသက်နဲ့လွှမ်းခြုံခံထားရတယ်။

လေထုထဲမှာ လွင့်မျောနေတဲ့ phromone ကသူ့ကိုချော့မော့ပီးဖျားယောင်းနေပုံပေါ်တယ်။

လုရှင်းစစ်နဲ့ကပ်နေတဲ့သူ့ရဲ့နားကပူတက်လာပီး လည်ပင်းတွေထိတောင်ကူးစက်လာတယ်။ ပီးတော့ သူ့ခန္တာကိုယ်တစ်ဝက်ထက်ပိုပီးကိုပူတက်လာမဲ့အလားအလာရှိနေတယ်။

အရိုးတွေကလဲထုံကျဥ်ပီးမလှုပ်နိုင်ဖြစ်နေတယ်။

သွမ့်ကျားရန်နှုတ်ခမ်းသပ်လိုက်ပီး တစ်ဖက်လူရဲ့ရှားရှားပါးပါးပျော့ညံ့မှုလေးကြောင့်အံ့ဩသွားတယ်။ လုရှင်းစစ်ကရန်မူသလိုအပြုအမူမျိုးနဲ့ဒီလိုအသံလေးလုပ်ပီးပြောလာမယ်လို့ သူမျှော်လင့်မထားဘူး။

အဲ့တာကိုလုံးဝကိုတားဆီးနိုင်စွမ်းကင်းမဲ့စေတယ်။

သွမ့်ကျားရန်ကိုယ့်ကိုယ်စိတ်ဖြေလျှော့နေရပေမဲ့လဲ ဘယ်လိုမှပုံမှန်အခြေအနေကိုပြန်မရောက်နိုင်ဖြစ်နေတယ်။ နောက်ဆုံးမှာတော့သူဘာမှမစဥ်းစားတော့ဘဲ ခေါင်း​ကိုပဲလေးလေးပင်ပင်ညိမ့်ပြလိုက်တေယ့တယ်။

"ကောင်းပြီလေ" သူကစိတ်ရှုပ်နေသလိုပြန်ဖြေတယ် "အာ့ဆိုလဲ အိပ်ပေါ့"

နူးနူးညံ့ညံ့အနမ်းတစ်ပွင့်ကသူ့နှုတ်ခမ်းတွေပေါ်ကိုကျရောက်လာတယ်။

နည်းနည်းခုခံချင်သလိုပုံလေးနဲ့ပဲ သွမ့်ကျားရန်ကသူနဲ့ပူးပေါင်းလာတယ်။လျှာလေးကိုဆန့်လိုက်​တော့ တစ်ဖက်လူကလဲရှောင်လွှဲခြင်းမရှိဘူး။

လုရှင်းစစ်ကသူ့ရဲ့ မခုခံသလိုလိုနဲ့ မနာလိုသလိုဖြစ်နေတဲ့ပုံလေးကိုတွေ့တော့ ရုတ်တရပ်ရယ်လိုက်တယ်။

သူရယ်ပီးတော့ သွမ့်ကျားရန်ရဲ့ နဝေတိမ်တောင်နဲ့ဒေါသထွက်နေတာလေးကိုပဲအပေးအယူမျှမျှနဲ့ဆက်နမ်းလိုက်တယ်။

"အားရယ်" လုရှင်းစစ်ကအပြုံးတစ်ခုနဲ့အတူထပ်ခေါ်တယ် "အားရယ်"

"ဘာလဲ?" သွမ့်ကျားရန်ကသူလှောင်ရယ်တာကိုခံနေရတယ်။သူအဲ့လိုကြီးအသုံးမကျဖြစ်သွားတာမျိုးမဖြစ်ချင်ဘူး။ သွမ့်ကျားရန်နှာမှုတ်လိုက်တယ် "မင်းတအားခက်ခက်ခဲခဲတွေမှလုပ်ချင်တာလား? ရယ်လို့မဝသေးဘူးလား? မ​င်းပြော​တော့ မင်း - "

"အဲ့တိုင်းမင်းကိုပြောလို့လား?" လုရှင်းစစ်ရဲ့မျက်လုံးလေးတွေကကွေးသွားတယ် "မင်းကအရမ်းချစ်စရာကောင်းတာပဲ"

" ... "

အဲ့ဒီအချိန်မှာ သွမ့်ကျားရန်ထဆဲမိလုနီးပါးပဲ။

ဒီကောင်ကသူ့ရဲ့မျက်နှာကိုဘယ်လိုမြင်နေလဲဆိုတာ သူမစဥ်းစားတတ်ဖြစ်နေတယ်။

ပိုပီးလန့်စရာကောင်းတာကသူကပက်ခနဲအတင်းပြန်မေးမိတာပဲ။ လူကပေါင်တစ်ထောင်တူနဲ့တဒုန်းဒုန်းအထုခံနေရသလိုပဲ။သူ့မေမေကရောပဲ လူကိုချစ်စရာလေးဆိုပီးလျှော့တွက်ထားတယ်။

သူကတကယ်အသုံးမကျတာလား?

သွမ့်ကျားရန်သူ့ကိုသူအသုံးချခံရတာလွယ်တယ်လို့ခံစားရတယ် "ချစ်စရာကောင်းတယ်ဆိုတာက ချောမောတဲ့ကောင်လေးတစ်ယောက်ကိုဖော်ပြတဲ့အသုံးအနှုန်းဟုတ်လို့လား? လုရှင်းစစ်မင်းခုတလောရူးကြောင်ကြောင်နဲ့  မင်းရေရောချိုးပီးပီလား? မင်းငါ့ကိုလာထိနေသေးတယ်"

"ငါမင်းကိုလာမရှာခင်ချိုးထားတယ်"

လုရှင်းစစ်ကသူ့လက်နှစ်ဖက်ကိုကွေးပီး သူ့ရင်ဘတ်ပေါ်ကိုတင်ထားလိုက်တယ်။

သွမ့်ကျားရန်ရဲ့ခါးကိုဖက်ထားတဲ့လက်မောင်းကလဲ နည်းနည်းပိုပီးတင်းကျပ်လာတယ်။

သူ့လက်မောင်းထဲကဟာလေးကနွေးနွေးလေး ခါးလေးကလဲသိမ်သိမ်လေး။

Stress disorder ရဲ့တိုက်ခိုက်မှုခံနေတဲ့အတောအတွင်းမှာ လုရှင်းစစ်ရဲ့ pheromone တွေကသူ့အပေါ်ကိုသေလောက်အောင်ဆွဲဆောင်မှုရှိတယ်။

ခနလောက်အဖက်ခံထားရပီးတော့ သူ့ရဲ့စိတ်ထားကလဲနူးညံ့သွားတယ်။ နောက်ဆုံးမှာ​တော့ သူကိုယ်တိုင်ကပဲ လုရှင်းစစ့ရဲ့ရင်ခွင်တွေကြားထဲကိုလိုလိုလားလားဝင်လိုက်ပီး သက်သောင့်သက်သာဖြစ်တဲ့အနေအထားတစ်ခုကိုရှာလိုက်တယ်။

သူလုရှင်းစစ်ကိုကြည့်လိုက်တော့ သူ့ကိုလွှတ်ပေးမဲ့အရိပ်အယောင်တောင်မရှိဘူး။

"ဆယ်နာရီထိုးတော့မယ်ထင်တယ်" သွမ့်ကျားရန်တိုးတိုးလေးရေရွတ်လိုက်တယ် "အိပ်တော့မလား? ငါနေမကောင်းမဖြစ်တာနှစ်ပေါင်းရှစ်ရာလောက်တောင်ရှိပီ"

"စကား​စမြည်ပြောမယ်ဆိုရင်ရော?"

"ဘာအကြောင်းပြောမှာလဲ?"

"ပြောကြည့် မင်းငါ့မိသားစုကိုဘယ်လိုထင်လဲ?" လုရှင်းစစ်ကသူ့နားနားမှာသက်ပြင်းချတယ် "ငါတို့ကတစ်သက်လုံးနေသွားရမှာလေ"

သွမ့်ကျားရန်အောင်မြင်မှုကြီးအပိုင်ရလိုက်သလိုပဲ။ သူ့နှလုံးသားကိုဖွင့်ပြလိုက်တော့ သွမ့်ကျားရန်တကယ်ကြည်နူးမိတယ်။

သွမ့်ကျားရန်ကတမင်သက်သက်အနောက်ကိုတစ်လှမ်းဆုတ်လိုက်တယ်။ သူ့နှုတ်ခမ်းတွေမှာတည်တည်ငြိမ်ငြိမ်အပြုံးတစ်ခုနဲ့သူ့မျက်နှာလေးပေါင်းစပ်လိုက်တဲ့အခါမှာ​တော့ သူ့ခံစားချက်တွေကပျံ့ကျဲပါးလွှာသွားတယ်။

"အဲ့တာဆို ကျန်တဲ့ဘဝသက်တမ်းအကြောင်း​စပြောတော့မှာလား?"

"ငါကမင်းမိဘတွေနဲ့တွေ့ပီးသွားပီ မင်းငါ့ကိုတာဝန်ယူရမယ်" လုရှင်းစစ်က​သူ့ကိုအပြစ်ပေးသလိုပုံနဲ့ခေါင်းလေးကိုထုလိုက်တယ် "အဲ့လိုမှမဟုတ်ရင် မင်းကငါ့ခံစားချက်တွေကိုကစားတာပဲ"

"အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာဘယ်သူမှမပြောနိုင်ဘူး" သွမ့်ကျားရန်သူ့ကိုစလိုက်တယ် "နောက်ပိုင်းကျငါကမင်းကိုမကြိုက်တာမျိုးဖြစ်သွားနိုင်တယ် မင်းလဲပဲငါ့ကိုမကြိုက်တာမျိုးပေါ့"

သူပြန်အဆွဲခံလိုက်ရတယ်။

သွမ့်ကျားရန်မှာခုခံနိုင်စွမ်းမရှိဘဲ နဂိုပုံစံအတိုင်းပြန်အဖက်ခံလိုက်ရတယ်။

သူတို့နှစ်ယောက်ကအရမ်းနီးကပ်နေပီး ခေါင်းလေးငုံ့​လိုက်ရုံနဲ့နမ်းမိတော့မဲ့ အကွာအဝေးလောက်ရောက်နေတယ်။

ကောင်လေးကသူ့ကျောကိုဖွဖွလေးဖိလိုက်ပီး အတည်ပြောတာလား စတာ​လားတော့မသိဘူး သူ့မျက်လုံးထဲကအဓိပ္ပါယ်ကမရှင်းလင်းဘူး "ငါမင်းကိုမကြိုက်တာမျိုးဖြစ်လာမှာမဟုတ်ဘူး"

" ... "

"မင်းကငါ့ကိုကြိုက်တယ်လို့ပြောပီးပီ အာ့ကြောင့်မို့ တစ်ချိန်လုံးငါ့ကိုပဲကြိုက်ရတော့မှာ" သူစကားပြောတဲ့နှုန်းကမနှေးဘူး။ သူကသူခိုင်ခိုင်မြဲမြဲသတ်မှတ်ထားတဲ့အချက်ကိုဒီအခြေအနေကိုသွမ့်ကျားရန်ကိုရှင်းပြနေပုံပေါ်တယ် "မင်းကငါ့အပိုင်ဖြစ်နေသရွေ့ မင်းငါ့ကိုဘယ်လိုပဲပြဿနာရှာရှာ ဘယ်လိုဟာသမျိုးပဲလုပ်လုပ် ဘာကမှအရေးမကြီးတော့ဘူး"

သွမ့်ကျားရန်သူ့ပြောနတဲ့ပုံလေးကိုကြည့်ပီးသူ့နှလုံးကအရမ်းခုန်လာသလို နားလည်ရခက်တဲ့ ကျေနပ်မှုတွေကလဲကြီးထွားလာတယ်။

ကျေနပ်မှုတွေ စပ်စုလိုမှုတွေအောက်မှာပဲ သူ့ကိုယ်သူဘယ်လောက်အတင့်ရဲနေတယ်ဆိုတာသူသိတယ်။ သူလုရှင်းစစ်ရဲ့အောက်ဆုံးစည်းကိုဘယ်လိုစမ်းသပ်ရမလဲဆိုတာတောင်မသိတော့ဘူး။

"တကယ်လို့မင်းနောင်တရမယ်ဆိုရင်ရော မင်းဘာလုပ်မှာလဲ?"

လုရှင်းစစ်ကချက်ချင်းမဖြေဘူး။

သွမ့်ကျားရန်သူ့ရဲ့ခေါင်းကိုထိလိုက်တယ်။ သူကစိတ်လှုပ်ရှားစရာလုပ်ရတာကိုကြိုက်တဲ့ဗီဇရှိတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်။

အဲ့တာကမလုံလောက်သေးဘူးလား။ သူရဲ့ ခြေဖဝါးအေးအေးတွေက Alpha ရဲ့ခြေသလုံးကိုသွားထိလိုက်တယ် "ပြောလေ"

"တစ်သက်စာအမှတ်အသားကိုဘယ်လိုလုပ်လဲဆိုတာမင်းသိလား?" လုရှင်းစစ်ကခါးပေါ်မှာရှိနေတဲ့သူ့လက်တွေကိုပိုပီးတင်းကျပ်လာတယ်။

အဲ့ဒီမှာ omega တစ်ယောက်ရှိတယ်...

သွမ့်ကျားရန်သူကြည့်ဖူးတဲ့ဇာတ်လမ်းကိုသတိရသွားတော့ မျက်နှာပူလာပီး သူ့ရှေ့မှာလဲကျတော့မလိုတောင်ဖြစ်သွားတယ်။

"အဲ့တာကအရမ်းနာတယ်" ကြည့်ရတာသွမ့်ကျားရန်ကအဲ့တာကိုစိုးရိမ်နေပုံပေါ်တယ်။ သူသွမ့်ကျားရန်ရဲ့​လှပတဲ့မျက်နှာလေးကိုစိုက်ကြည့်လိုက်ပီး ရုတ်တရပ်ပြုံးလိုက်တယ် "အဲ့ဒီလိုအရာမျိုးကတကယ်ကိုအတော်လေးရက်စက်တယ်"

သွမ့်ကျားရန်ကသူ့ရဲ့ရယ်နေတဲ့မျက်နှာ​​ကိုကြည့်လိုက်ပီးခနလောက်စကား​မပြောနိုင်ဖြစ်သွားတယ်။

"တစ်သက်စာအမှတ်အသားကဖယ်ရှားပစ်လို့ရတယ်လေ"သွမ့်ကျားရန်ကသူ့မေး​​စေ့ကိုလာထိတဲ့အခါမှာပြောလိုက်တယ်။

"မင်းတစ်ခါဖယ်ရှားပစ်ရင် မင်းကိုပြန်ဆွဲပီးနောက်တစ်ခါထပ်ပီးအမှတ်အသားပေးမှာ"လုရှင်းစစ်ကခနလောက်ရပ်သွားပီဆက်ပြောတယ် "မင်းခန္တာကိုယ်ကတောင့်မခံနိုင်တော့ရင် မင်းကငါနဲ့ပဲနေရတော့မှာ"

အတိတ်တုန်းကသွမ့်ကျားရန်ကဒီလိုစည်းမျဥ်းတွေနဲ့ချုပ်နှောင်ထားတာကိုမုန်းတဲ့လူမျိုး။

"ဟုတ်ပါပီ လုကောရဲ့" သွမ့်ကျားရန်ကပြုံးလိုက်တယ် "မင်းလုပ်ချင်တာမှန်သမျှလုပ်လို့လို့ရတယ်"

သူလုရှင်းစစ်ကိုစိုက်ကြည့်လိုက်တယ်။ နောက်တော့ သူရှေ့ကလူကိုဆွဲလိုက်ပီး လက်မောင်းတွေဖွင့်ပီးဖက်လိုက်တယ် "ငါမင်းကိုတာဝန်ယူမှာပါ"

လုရှင်းစစ်ပြောသလိုပဲ နောက်နေ့ကျ လုအိမ်တော်ကိုဧည့်သည်တွေအများကြီးရောက်လာတယ်။

ဆွေမျိုးတွေမိတ်ဆွေတွေရောရှိနေပီးစားပွဲရဲ့အဆုံးမှာလုရှင်းစစ်ကနံပါတ်တွေစီပေးဖို့အခေါ်ခံရတယ်။

ကျန်းယောင်ကသူ့ကိုကဒ်ကစားမလားလို့ခေါ်ပေမဲ့ သွမ့်ကျားရန်ကမကစားချင်ဘူး။ ကျန်းယောင်ကသူငြင်းတာကိုတွေ့တော့ သူဘကအမျိုးသမီးတစ်ယောက်ကိုမေးလိုက်တယ် "လုချောက်ရန် တစ်ယောက်ဂိမ်းကစားနေတာလား?ဘာဂိမ်းပါလိမ့်?"

"League တစ်ခုဖြစ်မယ်ထင်တယ်" အမျိုးသမီးကခေါင်းခါလိုက်တယ် "ကျွန်မသိပ်မသိဘူး သူကသူ့အခန်းထဲမှာ"

"ရှင်းစစ်ရဲ့ညီဝမ်းကွဲလေးကိုရှာပီးဂိမ်းကစားချင်လား? သားတို့အတူတူဂိမ်းကစားလို့ရတယ်" ကျန်းယောင်ကလုချောက်ရန်ရှိနေတဲ့အခန်းနေရာကိုညွှန်ပြတယ် "ဦးငယ်တစ်ယောက်လာရင် လုရှင်းစစ်ကိုသားတို့ဆီကိုလွှတ်လိုက်မယ်"

သွမ့်ကျားရန်သဘောတူလိုက်တယ်။

သွမ့်ကျားရန်လဲအလုပ်မရှိတာနဲ့ပဲ အနောက်ဘက်ကအခန်းကိုသွားလိုက်တယ်။ တံခါးပိတ်ထားတဲ့ အခန်းထဲမှာ ဂိမ်းကစားနေတဲ့ကလေးတစ်ယောက်ရှိတယ်။

ဒီကလေးကအလယ်တန်းကျောင်းသား​ဖြစ်လောက်တယ်။ ဒါမှမဟုတ်အထက်တန်းစတက်တဲ့ကလေးလေးဖြစ်လောက်တယ်။ သူ့မျက်နှာလေးပေါ်မှာ ကလေးဆန်မှုလေးတွေရှိနေသေးတယ်။

သွမ့်ကျားရန်နောက်ဆုံးမှာသူပါဝင်လို့ရတဲ့နေရာတစ်ခုတွေ့သွားပီ။ သူတစ်ဖက်လူရဲ့နောက်ကိုပုတ်လိုက််တယ် "အတူတူကစားမလား?"

လုချောက်ရန်ကအခုလေးတင် rank တစ်ခုပြုတ်သွားတော့သူ့ကိုမကြည့်ဘူး စိတ်မပါလက်မပါနဲ့မေးတယ် "ဘယ်အပိုင်းဘယ်နေရာလဲ?"

"Electric Master" သွမ့်ကျားရန်ပြောလိုက်တယ် "ငါကစားတတ်တယ် အဲ့ဂိမ်းပဲကစားကြမယ်"

"!" ​လုချောက်ရန်ကသူ့ကိုစိတ်လှုပ်တရှားပြန်လှည့်ကြည့်လာတယ် "အစ်ကို!လာထိုင်! ကျွန်တော်ကွန်ပျူတာကူ​ရွှေ့ပေးမယ်!

သူကပြောရင်းနဲ့ချက်ချင်းထရပ်လိုက်ပေမဲ့ သူတန့်သွားတယ်။ သူကကွန်ပျူတာကိုဘယ်ကိုရွှေ့ရမလဲမသိတဲ့ပုံပေါ်တယ်။ သူကပဲစပီးအကြုံပြုလိုက်တယ် "လုရှင်းစစ်အခန်းကိုသွားရအောင်"

"ကိုကြီးကိုသိတယ်လား?"ချောက်ရန်ကတွေဝေသွားတယ် " ကျွန်တော်အခုထိကိုကြီးရဲ့အခန်းကိုမဝင်ဖူးသေးဘူး ပီးတော့သူကပုံမှန်ဆိုသူ့အခန်းကိုမဝင်ခိုင်းဘူး"

Alpha တွေကကိုယ်ပိုင်နယ်မြေအပေါ်ကိုပြင်းထန်တဲ့ခံစားချက်တွေရှိတယ်။ Alpha တစ်ယောက်ရဲ့သီးသန့်နယ်မြေထဲကိုခွင့်ပြုချက်မရှိဘဲဝင်တာကမယဥ်ကျေးရာရောက်တယ်။

လုချောက်ရန်ကိုယ်တိုင်ကလဲalpha တစ်ယောက်ဖြစ်တယ်။သူကအသက်သိပ်မကြီးသေးပေမဲ့လဲ ဂရုစိုက်ရမဲ့အရာတွေကိုသိတယ်။

"ဘာမှဖြစ်ဘူး" သွမ့်ကျားရန်ကအဲ့ဒီကိုသွားနေပီ "သူဘာမှပြောမှမဟုတ်ဘူး"

လုချောက်ရန်ကအလယ်တန်းတတိယနှစ်ကျောင်းသားဖြစ်တယ်။ သူ့ရဲ့ဝမ်းကွဲအစ်ကိုရဲ့အဆင့်တွေကအရမ်းကောင်းမွန်ပီး သူတို့အငယ်လေးတွေအတွက်တော့ role model ဖြစ်တယ်။ ဘာမှလုပ်စရာမရှိဘူးဆိုရင် သူ့အမေကလုရှင်းစစ်အကြောင်းပြောပီး သူ့ကိုဆုံးမလေ့ရှိတယ်။

သူ့ဝမ်းကွဲအစ်ကိုကအဆင့်အတန်းမြင့်တဲ့တခြားအိမ်တော်ကကလေးတစ်ယောက်ဖြစ်မယ်ခို့လုရှောက်ရန်တွေးမိတယ်။ တစ်ခါတစ်ရံဆုံပေမဲ့လဲ လုရှင်းစစ်နဲ့တစ်နှစ်အတွင်းတွေ့ရတဲ့အကြိမ်ကအတော်လေးနည်းပါးတယ်။ သူလုရှင်းစီနဲ့မရင်းနှီးပေမဲ့လဲ သူ့ကိုကြောက်ရွံ့ရိုသေမှုတော့ရှိတယ်။

သွမ့်ကျားရန်ကလုရှင်းစစ်နဲ့ရင်းနှီးနေတာကိုတွေ့တော့ သူတွေဝေသွားတယ် "ကျားရန်ကောကိုကြီးကိုမေးကြည့်ချင်သေးလား?"

တဲ့တိုးလုပ်တတ်တဲ့သွမ့်ကျားရန်နဲ့ယှဥ်ရင် သူကလုရှင်းစစ်ရဲ့အခန်းထဲဝင်ရမှာကိုသူခိုးတစ်ယောက်လိုပဲခံစားရတယ်။

"အာ့ဆိုမင်းသွားပြောလိုက်လေ" သွမ့်ကျားရန်က notebook လေးကိုယူလိုက်တယ် "ငါအောက်ထပ်ကိုဆင်းရမှာပျင်းတယ်"

အိမ်အကြီးကြီးနေရတာတအားစိတ်အနှောင့်အယှက်ဖြစ်တယ်။ မာကျောက်ကစားနေတဲ့နေရာကနေဆို လှည့်ပတ်ပီးသွားနေရအုံးမှာ။

"ထားလိုက်​တော့" လုချောက်ရန်ကကပြောလိုက်တယ်။ သူက point တွေကိုသတိရသွားပီကိစ္စကြီးတွေကိုပြီးအောင်လုပ်သင့်တယ်လို့ဆုံးဖြတ်လိုက်တယ် "ကျွန်တော်တို့ဂိမ်းအရင်ကစားကြမယ်"

အခန်းထဲဝင်ပီးတော့ သူတို့နှစ်ယောက်နဲ့တခြားသူငယ်ချင်းတွေနဲ့စပီလက်ရည်စမ်းတော့တယ်။

"သူ့ကိုသတ် သူ့ကိုသတ် သူ့ကိုသတ် - my God! ကျားရန်ကော မင်းကအရမ်းမိုက်တာပဲ!" လုချောက်ရန်ကscreen ပေါ်ကရန်သူတွေကိုတိုက်နေတဲ့ တောက်ပနေတဲ့မြင်ကွင်းကိုကြည့်ပီးအံ့ဩနေတယ် "ပုံမှန် Sword magic က life နှစ်ခုပဲရှိတာ အစ်ကို့ရဲ့ sword magicကျ life သုံးခုတောင်ရှိတယ်! အစ်ကိုက Resurrection A နဲ့လာတဲ့သူပဲ!"

"ညီလေးရဲ့ Frost Witch ကလဲအရမ်းကောင်းတယ်" သွမ့်ကျားရန်ကသူ့ကိုစိတ်လှုပ်ရှားစွာကြည့်ပီး မျက်နှာ​သာပေးတယ် "Canyon Bully"

"ကျားရန်ကော!"

"တိတိ!"

"ချောက်ရန် အသံနည်းနည်းတိုးအုံး" လုချောက်ရန်ရဲ့ဒုတိယအန်တီကတံခါးခေါက်ပီးလှမ်းပြောတယ် "အောက်မှာ မာကျောက်ကစားနေတဲ့သူတွေတောင်ကြားနေရတယ်"

သူမကပြောပီး​တော့ လုချောက်ရန်ဘေးကသွမ့်ကျားရန်ကိုကြည့်လိုက်တယ်။

ဒီကလေးကကြည့်ရတာ...

လုရှင်းစစ်ရောက်လာ​တဲ့အထိ သွမ့်ကျားရန်က​လုချောက်ရန်နဲ့ နာရီအနည်းငယ်လောက်ဂိမ်းအတူကစားပေးနေတယ်။

လုရှင်းစစ်အခန်းထဲဝင်လာ​တော့ လုချောက်ရန်ကအော်ဟစ်နေပီး သွမ့်ကျားရန်နဲ့အရမ်းနီးကပ်နေတယ်။

"သူကtower နှစ်ခုကိုဖျက်ဆီးပီးတော့ ကျွန်တော့်ကို အနိုင်ယူတယ် သူကရူးနေတယ်လို့ထင်လား?"

"ငါသူ့ကိုအဆုံးသတ်လိုက်မယ်" သွမ့်ကျားရန်ရဲ့လက်ချောင်းတွေက keyboard ကိုမြန်မြန်နှိပ်နေတယ်။ "ငါတို့ရဲ့ရန်လေးကို​ရိုက်ရဲတယ်ပေါ့ ဒီနေ့သူ့ဆံပင်တွေကိုဆေးကြောပစ်ဖို့ စမ်းချောင်းဆီကိုပြန်သွားမယ်"

လုရှင်းစစ်ကသူတို့ပြောနေတာတွေကိုကြား​တော့ မျက်ခုံးပင့်လိုက်တယ်။

သွမ့်ကျားရန်ရဲ့လူမှုဆက်ဆံရေးကကောင်းပီး လုချောင်ရန်ကလဲရင်းနှီးလွယ်တဲ့လူတစ်ယောက်မှန်းသူသိပါတယ်။ ဒါပေမဲ့ ရန်လေးလို့ခေါ်ရလောက်အောင် ဘယ်လောက်ကြာသေးလို့လဲ?

"​Nice! ကျားရန်ကော ရဲ့ အရည်အချင်းကတော့ လုံးဝကို perfect ပဲ!"

ဒီအရွယ်လေးပဲရှိသေးတဲ့လုချောက်ရန်ကရဲ့သူ့ရဲ့ alpha ဗီဇကိုသိပ်ပီးမထိန်းချုပ်နိုင်သေးဘူး။ ဂိမ်းကစားတော့အရမ်းစိတ်လှုပ်ရှားလို့ဖြစ်နိုင််တယ် သူ့ရဲ့pheromone တွေကမတော်တဆထွက်လာတတ်တယ်။

သွမ့်ကျားရန်ဆီမှာ လုချောက်ရန်ရဲ့အနံ့နည်းနည်းကျန်မေခဲ့တယ်။

တခြားalpha တစ်ယောက်ရဲ့ရနံ့။

သွမ့်ကျားရန်ကလုချောင်ရန်နဲ့ကစားတဲ့နေရာမှာနစ်မြုပ်နေတယ်။ လုချောက်ရန်ကအတော်လေးတော်တယ်လို့သူခံစားရတယ်။ ကစားတဲ့နည်းကနည်းနည်းလေးဆိုးပေမဲ့ အောင်မြင်မှုတွေရနိုင်တယ်။

သွမ့်ကျားရန်ကသူ့ရဲ့စွမ်းရည်တွေကိုကလေးတွေရှေ့မှာပြသမလို့လုပ်နေချိန်မှာတစ်စုံတစ်ယောက်ကသူ့ကိုနောက်ကနေလာဖက်တယ်။

လက်တစ်ဖက်က သူmouse ကိုင်ထားတဲ့ညာဖက်လက်ပေါ်ကိုကျရောက်လာတယ်။

သူကလုရှင်းစစ်ရဲ့လက်မောင်းတွေ​နဲ့ဝန်းရံခံနေရပီး တိုးတိုလေးပြောတာကိုကြားလိုက်တယ်။

"စစ်သည်တစ်ယောက်ကူလုပ်ပေးမယ်"

သွမ့်ကျားရန်ကလက်ချောင်းလေးတွေကိုဖိလိုက်ပီး မျက်လုံးနည်းနည်းပင့်လိုက်တယ် "မင်းကစားလို့ပီးသွားပီလား?"

လုရှင်းစစ်ကခေါင်းညိမ့်ပြတယ်။

လုချောက်ရန်ကသူတို့နှစ်ယောက်ရဲ့နီးကပ်နေတဲ့အနေအထားကိုမြင်တော့ သူတို့ကိုခနလောက်ကြည့်နေတယ်။

အဲ့တာကအဲ့လိုပဲကိုး။

သူခြောက်ကပ်ကပ်ခေါ်လိုက်တယ် "ကိုကြီး"

သူခုမှသတိရတယ်။ သူတို့မိသားစုကလူကြီးတွေပြောနေတာ လုရှင်းစစ်ကomega တစ်ယောက်ကိုခေါ်လာပီး သူကဒီရက်တွေမှာ လုအိမ်တော်မှာနေနေတာတဲ့။

အကြီးအကဲတွေကအရမ်းအံ့ဩသွားတယ်။ ဒါပေမဲ့လဲ Mrs.Lu ရဲ့လက်ခံမှုဆိုတော့ ကောင်းမွန်တဲ့ပုံရတယ်။ ကျန်းယောင်ကအရမ်းကျေနပ်နေတဲ့ပုံပေါ်တယ်။ သူကဟာသတွေတောင်ပြောနေသေးတယ်။ သူကအသက်တောင်​မကြီးသေးပေမဲ့ သိပ်မကြာခင်လက်ထပ်ပွဲရှိလာတော့မယ်ဆိုပီး။ ဒီအတိုင်းဆိုရင် သွမ့်ကျားရန်ကအဲ့ဒီomega ပေါ့။

လုချောက်နန်စိတ်ထဲမှာငိုကြွေးနေတယ်။

သူသွမ့်ကျားရန်အပေါ်မှာ pheromone တွေမတော်တဆချန်ထားမိခဲ့ပုံပေါ်တယ်။

အဲ့တာကလွန်သွားတယ်။

လုရှင်းစစ်ကိုမပြောနဲ့အုံး A တစ်ယောက်ရဲ့ချစ်ခြင်းကိုပြောရမယ်ဆိုရင် သူ့ရဲ့ omega ပေါ်မှာ pheromone တစ်ခုရှိနေရင် သေချာပေါက်ဒေါသထွက်မှာ။

လုရှင်းစစ်ကပြောလိုက်တယ် "ဒါကပြီးခါနီးပြီမလား?"

သွမ့်ကျားရန်လဲ 'အင်း' လိုက်လိုက်တယ်။

"ဆက်ကစားအုံးမှာလား?" လုရှင်းစစ်ကသူပြန်ဖြေမှာကိုမစောင့်ဘဲဆက်ပြောတယ် "မင်းနားချင်နေပီလား?"

သွမ့်ကျားရန်မနေ့ညကစောစောအိပ်ထားတော့ အခုသူနည်းနည်းအိပ်ချင်နေပီ။ပီးတော့ သကတစ်ခါတည်းနဲ့ နာရီနဲ့ချီပီးဂိမ်းကသားထားတာ။ သူခေါင်းညိမ့်လိုက်ပီး အကြံပေးတာကိုလက်ခံလိုက်တယ်။

အခန်းထဲပြန်ရောက်​တော့ သွမ့်ကျားရန်ကပုံမှန်လိုပဲ ရေချိုးလိုက်တယ်။

မနေ့ညကလိုပဲ လုရှင်းစစ်ကလဲသူ့အခန်းထဲကိုဝင်လာတယ်။

သွမ့်ကျားရန်ထွက်လာ​တော့ သူကသု့ကိုနှုတ်ဆက်ပီးမေးစေ့ကိုသွမ့်ကျားရန်ရဲ့ပခုံးပေါ်တင်လိုက်တယ်။ သူကနှာခေါင်းလေးတရှုံ့ရှုံ့နဲ့ သူ့ခန္တာကိုယ်ကိုအနံ့ခံနေတယ်။

သွမ့်ကျားရန်သူ့ကြောင့်ယားလာတော့ ပြုံးပီးမေးလိုက်တယ် "မင်းဘာတွေလုပ်နေတာလဲ?"

"​လုချောက်ရန်ရဲ့ pheromone ကိုအနံ့ရနေတုန်းပဲ" သူပွင့်ပွင့်လင်းလင်းပဲပြောလိုက်ပေမဲ့သူမျက်မှောင်ကျုံ့ထားတယ်။ သူအရမ်းကျေနပ်တာမဟုတ်ဘူး "မင်းဘာလို့အဲ့တာတွေကိုကုန်အောင်မဆေးကြောခဲ့တာလဲ?"

သွမ့်ကျားရန်ကသူ့ကိုယ်ပေါ်မှာ alpha pheromone ရှိနေမှန်းတောင်မသိဘူး။ လုရှင်းစစ်သူ့ကိုထိနေတာကို​ကြည့်လိုက်တော့ တစ်ဖက်လူရဲ့ pheromone တွေကိုဖုံးအုပ်ချင်နေပုံရတယ်။

"မင်းကဒီလိုမျိုး..." သွမ့်ကျားရန်သူပြောနေတာကိုနောက်မှနားလည်သွားတယ် "မင်းသဝန်တိုနေတာလား? ဒါပေမဲ့သူကမင်းညီလေးလေ"

သွမ့်ကျားရန်ကနောက်ပိုင်းနာမှာရှုပ်ထွေးနေတဲ့ပုံနဲ့ပြောတယ်။

လုရှင်းစစ်သူ့ကိုကြည့်လိုက်တယ်။

သူတကယ်ကြီးမပျော်မရွှင်ဖြစ်နေပေမဲ့ ​လုချောက်ရန်ကိုဂရုစိုက်တယ်လို့မဆိုလိုဘူး။

သွမ့်ကျားရန်နဲ့ပိုပီးနီးကပ်ချင်လို့ဒီအခွင့်အရေးကိုအသုံးချနေတာကခပ်များများရယ်ပါ။

သူ့ကိုဘယ်လောက်ထိသဘောကျမှန်းပြောချင်တယ်။

သူကပိုပီးနီးသွားအောင်တိုးလိုက်တယ်။သူကနည်းနည်းရန်လိုနေတဲ့အသံနဲ့ "မရဘူးလား?"

သွမ့်ကျားရန်သူ့ရဲ့ထင်ရှားတဲ့မျက်ခုံးနဲ့မျက်လုံးနက်နက်လေးတွေကိုကြည့်လိုက်တယ်။

ရုတ်တရပ်ကြီသူနှလုံးသားကရေကန်ကြီးလိုပြောင်းလဲသွားတယ်။

"အဲ့တိုင်းမင်းကိုပြောလို့လား?" သွမ့်ကျားရန်ကမနေ့တုန်းကသူပြောတဲ့ပုံကိုသင်ယူထားတယ်။ သူကတမင်သက်သက်အသံကို​ဖြည်းဖြည်းလေးဆွဲလိုက်တယ် "မင်းကအရမ်းချစ်စရာကောင်းတာပဲ"

မျက်လုံးနှစ်စုံကအကြည့်ချင်းဆုံနေတယ်။

လုရှင်းစစ်ကဘာမှမပြောဘူး။

လုရှင်းစစ်လဲ မနေ့ညကသူဖြစ်သလိုအကူအညီမဲ့တဲ့ခံစားချက်မျိုးရှိနေပီလို့ သွမ့်ကျားရန်တွေးလိုက်တယ်။

ဒါပေမဲ့သူကပြောတာကလုံးဝကြီးစနေတာမဟုတ်ဘူး။ လုရှင်းစစ်ကတကယ်ချစ်စရာကောင်းတယ်။

လုရှင်းစစ်စကား​မပြောနိုင်ဖြစ်သွားတာကတော်တော်ကိုရှားတယ်။ တစ်ဖက်လူကတိတ်နေတာကိုတွေ့တော့ သွမ့်ကျားရန်အရမ်းကို​ဂုဏ်ယူနေတယ်။

လုရှင်းစစ်ကရုတ်တရပ်အကြည့်တွေရုတ်ပီး သူ့ပခုံးကြားထဲကိုခေါင်းလေးပြန်မြှုပ်ပီး ဘာအသံမှထွက်မလာတော့ဘူး။

သွမ့်ကျားရန်မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။

လုရှင်းစစ်တကယ်စကားမပြောနိုင်ဖြစ်နေတယ်လို့သူထင်လိုက်တယ်။

"လုကော တကယ်ကြီးမပျော်နေတာလား?" သွမ့်ကျားရန်မတွေးဖူးဘူး တစ်နေ့ကျရင် alpha တစ်ယောက်နဲ့ သူ့ရဲ့နိယာမတွေကိုဆွေးနွေးရလိမ့်မယ်လို့ "အာ့ဆိုငါရေတစ်ခါထပ်ချိုးလိုက်ရမလား?"

သူအသံထွက်လာတဲ့အချိန်မှာပဲ သွမ့်ကျားရန်နာသွားတယ်။ သူမျက်လုံးစွန်းလေးကနေ သူ့လည်ပင်းပေါ်ကလုရှင်းစစ်နှုတ်ခမ်းလေးကိုတွေ့လိုက်တယ်။

သူကသူ့ကိုငြိမ်ငြိမ်လေးကိုက်နေတာပဲ။

✨——————✨

Zawgyi

သူကလူရွင္းစစ္ရဲ့လက္ေမာင္းေတြၾကားထဲမွာ ခႏၲာကိုယ္တစ္ဝက္ေလာက္ျမဳပ္ေနပီး တစ္ဖက္လူရဲ့အေငြ႕အသက္နဲ႔လႊမ္းျခဳံခံထားရတယ္။

ေလထုထဲမွာ လြင့္ေမ်ာေနတဲ့ phromone ကသူ႔ကိုေခ်ာ့ေမာ့ပီးဖ်ားေယာင္းေနပုံေပၚတယ္။

လုရွင္းစစ္နဲ႔ကပ္ေနတဲ့သူ႔ရဲ့နားကပူတက္လာပီး လည္ပင္းေတြထိေတာင္ကူးစက္လာတယ္။ ပီးေတာ့ သူ႔ခႏၲာကိုယ္တစ္ဝက္ထက္ပိုပီးကိုပူတက္လာမဲ့အလားအလာရွိေနတယ္။

အရိုးေတြကလဲထုံက်ဥ္ပီးမလွုပ္နိုင္ျဖစ္ေနတယ္။

သြမ့္က်ားရန္ႏွုတ္ခမ္းသပ္လိုက္ပီး တစ္ဖက္လူရဲ့ရွားရွားပါးပါးေပ်ာ့ညံ့မွုေလးေၾကာင့္အံ့ဩသြားတယ္။ လုရွင္းစစ္ကရန္မူသလိုအျပဳအမူမ်ိဳးနဲ႔ဒီလိုအသံေလးလုပ္ပီးေျပာလာမယ္လို႔ သူေမၽွာ္လင့္မထားဘူး။

အဲ့တာကိုလုံးဝကိုတားဆီးနိုင္စြမ္းကင္းမဲ့ေစတယ္။

သြမ့္က်ားရန္ကိုယ့္ကိုယ္စိတ္ေျဖေလၽွာ့ေနရေပမဲ့လဲ ဘယ္လိုမွပုံမွန္အေျခအေနကိုျပန္မေရာက္နိုင္ျဖစ္ေနတယ္။ ေနာက္ဆုံးမွာေတာ့သူဘာမွမစဥ္းစားေတာ့ဘဲ ေခါင္း​ကိုပဲေလးေလးပင္ပင္ညိမ့္ျပလိုက္ေတယ့တယ္။

"ေကာင္းၿပီေလ" သူကစိတ္ရွုပ္ေနသလိုျပန္ေျဖတယ္ "အာ့ဆိုလဲ အိပ္ေပါ့"

ႏူးႏူးညံ့ညံ့အနမ္းတစ္ပြင့္ကသူ႔ႏွုတ္ခမ္းေတြေပၚကိုက်ေရာက္လာတယ္။

နည္းနည္းခုခံခ်င္သလိုပုံေလးနဲ႔ပဲ သြမ့္က်ားရန္ကသူနဲ႔ပူးေပါင္းလာတယ္။လၽွာေလးကိုဆန္႔လိုက္​ေတာ့ တစ္ဖက္လူကလဲေရွာင္လႊဲျခင္းမရွိဘူး။

လုရွင္းစစ္ကသူ႔ရဲ့ မခုခံသလိုလိုနဲ႔ မနာလိုသလိုျဖစ္ေနတဲ့ပုံေလးကိုေတြ႕ေတာ့ ႐ုတ္တရပ္ရယ္လိုက္တယ္။

သူရယ္ပီးေတာ့ သြမ့္က်ားရန္ရဲ့ နေဝတိမ္ေတာင္နဲ႔ေဒါသထြက္ေနတာေလးကိုပဲအေပးအယူမၽွမၽွနဲ႔ဆက္နမ္းလိုက္တယ္။

"အားရယ္" လုရွင္းစစ္ကအျပဳံးတစ္ခုနဲ႔အတူထပ္ေခၚတယ္ "အားရယ္"

"ဘာလဲ?" သြမ့္က်ားရန္ကသူေလွာင္ရယ္တာကိုခံေနရတယ္။သူအဲ့လိုႀကီးအသုံးမက်ျဖစ္သြားတာမ်ိဳးမျဖစ္ခ်င္ဘူး။ သြမ့္က်ားရန္ႏွာမွုတ္လိုက္တယ္ "မင္းတအားခက္ခက္ခဲခဲေတြမွလုပ္ခ်င္တာလား? ရယ္လို႔မဝေသးဘူးလား? မ​င္းေျပာ​ေတာ့ မင္း - "

"အဲ့တိုင္းမင္းကိုေျပာလို႔လား?" လုရွင္းစစ္ရဲ့မ်က္လုံးေလးေတြကေကြးသြားတယ္ "မင္းကအရမ္းခ်စ္စရာေကာင္းတာပဲ"

" ... "

အဲ့ဒီအခ်ိန္မွာ သြမ့္က်ားရန္ထဆဲမိလုနီးပါးပဲ။

ဒီေကာင္ကသူ႔ရဲ့မ်က္ႏွာကိုဘယ္လိုျမင္ေနလဲဆိုတာ သူမစဥ္းစားတတ္ျဖစ္ေနတယ္။

ပိုပီးလန္႔စရာေကာင္းတာကသူကပက္ခနဲအတင္းျပန္ေမးမိတာပဲ။ လူကေပါင္တစ္ေထာင္တူနဲ႔တဒုန္းဒုန္းအထုခံေနရသလိုပဲ။သူ႔ေမေမကေရာပဲ လူကိုခ်စ္စရာေလးဆိုပီးေလၽွာ့တြက္ထားတယ္။

သူကတကယ္အသုံးမက်တာလား?

သြမ့္က်ားရန္သူ႔ကိုသူအသုံးခ်ခံရတာလြယ္တယ္လို႔ခံစားရတယ္ "ခ်စ္စရာေကာင္းတယ္ဆိုတာက ေခ်ာေမာတဲ့ေကာင္ေလးတစ္ေယာက္ကိုေဖာ္ျပတဲ့အသုံးအႏွုန္းဟုတ္လို႔လား? လုရွင္းစစ္မင္းခုတေလာ႐ူးေၾကာင္ေၾကာင္နဲ႔  မင္းေရေရာခ်ိဳးပီးပီလား? မင္းငါ့ကိုလာထိေနေသးတယ္"

"ငါမင္းကိုလာမရွာခင္ခ်ိဳးထားတယ္"

လုရွင္းစစ္ကသူ႔လက္ႏွစ္ဖက္ကိုေကြးပီး သူ႔ရင္ဘတ္ေပၚကိုတင္ထားလိုက္တယ္။

သြမ့္က်ားရန္ရဲ့ခါးကိုဖက္ထားတဲ့လက္ေမာင္းကလဲ နည္းနည္းပိုပီးတင္းက်ပ္လာတယ္။

သူ႔လက္ေမာင္းထဲကဟာေလးကေႏြးေႏြးေလး ခါးေလးကလဲသိမ္သိမ္ေလး။

Stress disorder ရဲ့တိုက္ခိုက္မွုခံေနတဲ့အေတာအတြင္းမွာ လုရွင္းစစ္ရဲ့ pheromone ေတြကသူ႔အေပၚကိုေသေလာက္ေအာင္ဆြဲေဆာင္မွုရွိတယ္။

ခနေလာက္အဖက္ခံထားရပီးေတာ့ သူ႔ရဲ့စိတ္ထားကလဲႏူးညံ့သြားတယ္။ ေနာက္ဆုံးမွာ​ေတာ့ သူကိုယ္တိုင္ကပဲ လုရွင္းစစ့ရဲ့ရင္ခြင္ေတြၾကားထဲကိုလိုလိုလားလားဝင္လိုက္ပီး သက္ေသာင့္သက္သာျဖစ္တဲ့အေနအထားတစ္ခုကိုရွာလိုက္တယ္။

သူလုရွင္းစစ္ကိုၾကည့္လိုက္ေတာ့ သူ႔ကိုလႊတ္ေပးမဲ့အရိပ္အေယာင္ေတာင္မရွိဘူး။

"ဆယ္နာရီထိုးေတာ့မယ္ထင္တယ္" သြမ့္က်ားရန္တိုးတိုးေလးေရရြတ္လိုက္တယ္ "အိပ္ေတာ့မလား? ငါေနမေကာင္းမျဖစ္တာႏွစ္ေပါင္းရွစ္ရာေလာက္ေတာင္ရွိပီ"

"စကား​စျမည္ေျပာမယ္ဆိုရင္ေရာ?"

"ဘာအေၾကာင္းေျပာမွာလဲ?"

"ေျပာၾကည့္ မင္းငါ့မိသားစုကိုဘယ္လိုထင္လဲ?" လုရွင္းစစ္ကသူ႔နားနားမွာသက္ျပင္းခ်တယ္ "ငါတို႔ကတစ္သက္လုံးေနသြားရမွာေလ"

သြမ့္က်ားရန္ေအာင္ျမင္မွုႀကီးအပိုင္ရလိုက္သလိုပဲ။ သူ႔ႏွလုံးသားကိုဖြင့္ျပလိုက္ေတာ့ သြမ့္က်ားရန္တကယ္ၾကည္ႏူးမိတယ္။

သြမ့္က်ားရန္ကတမင္သက္သက္အေနာက္ကိုတစ္လွမ္းဆုတ္လိုက္တယ္။ သူ႔ႏွုတ္ခမ္းေတြမွာတည္တည္ၿငိမ္ၿငိမ္အျပဳံးတစ္ခုနဲ႔သူ႔မ်က္ႏွာေလးေပါင္းစပ္လိုက္တဲ့အခါမွာ​ေတာ့ သူ႔ခံစားခ်က္ေတြကပ်ံ႕က်ဲပါးလႊာသြားတယ္။

"အဲ့တာဆို က်န္တဲ့ဘဝသက္တမ္းအေၾကာင္း​စေျပာေတာ့မွာလား?"

"ငါကမင္းမိဘေတြနဲ႔ေတြ႕ပီးသြားပီ မင္းငါ့ကိုတာဝန္ယူရမယ္" လုရွင္းစစ္က​သူ႔ကိုအျပစ္ေပးသလိုပုံနဲ႔ေခါင္းေလးကိုထုလိုက္တယ္ "အဲ့လိုမွမဟုတ္ရင္ မင္းကငါ့ခံစားခ်က္ေတြကိုကစားတာပဲ"

"အနာဂတ္မွာဘာေတြျဖစ္မလဲဆိုတာဘယ္သူမွမေျပာနိုင္ဘူး" သြမ့္က်ားရန္သူ႔ကိုစလိုက္တယ္ "ေနာက္ပိုင္းက်ငါကမင္းကိုမႀကိဳက္တာမ်ိဳးျဖစ္သြားနိုင္တယ္ မင္းလဲပဲငါ့ကိုမႀကိဳက္တာမ်ိဳးေပါ့"

သူျပန္အဆြဲခံလိုက္ရတယ္။

သြမ့္က်ားရန္မွာခုခံနိုင္စြမ္းမရွိဘဲ နဂိုပုံစံအတိုင္းျပန္အဖက္ခံလိုက္ရတယ္။

သူတို႔ႏွစ္ေယာက္ကအရမ္းနီးကပ္ေနပီး ေခါင္းေလးငုံ႔​လိုက္႐ုံနဲ႔နမ္းမိေတာ့မဲ့ အကြာအေဝးေလာက္ေရာက္ေနတယ္။

ေကာင္ေလးကသူ႔ေက်ာကိုဖြဖြေလးဖိလိုက္ပီး အတည္ေျပာတာလား စတာ​လားေတာ့မသိဘူး သူ႔မ်က္လုံးထဲကအဓိပၸါယ္ကမရွင္းလင္းဘူး "ငါမင္းကိုမႀကိဳက္တာမ်ိဳးျဖစ္လာမွာမဟုတ္ဘူး"

" ... "

"မင္းကငါ့ကိုႀကိဳက္တယ္လို႔ေျပာပီးပီ အာ့ေၾကာင့္မို႔ တစ္ခ်ိန္လုံးငါ့ကိုပဲႀကိဳက္ရေတာ့မွာ" သူစကားေျပာတဲ့ႏွုန္းကမေႏွးဘူး။ သူကသူခိုင္ခိုင္ျမဲျမဲသတ္မွတ္ထားတဲ့အခ်က္ကိုဒီအေျခအေနကိုသြမ့္က်ားရန္ကိုရွင္းျပေနပုံေပၚတယ္ "မင္းကငါ့အပိုင္ျဖစ္ေနသေရြ႕ မင္းငါ့ကိုဘယ္လိုပဲျပႆနာရွာရွာ ဘယ္လိုဟာသမ်ိဳးပဲလုပ္လုပ္ ဘာကမွအေရးမႀကီးေတာ့ဘူး"

သြမ့္က်ားရန္သူ႔ေျပာနတဲ့ပုံေလးကိုၾကည့္ပီးသူ႔ႏွလုံးကအရမ္းခုန္လာသလို နားလည္ရခက္တဲ့ ေက်နပ္မွုေတြကလဲႀကီးထြားလာတယ္။

ေက်နပ္မွုေတြ စပ္စုလိုမွုေတြေအာက္မွာပဲ သူ႔ကိုယ္သူဘယ္ေလာက္အတင့္ရဲေနတယ္ဆိုတာသူသိတယ္။ သူလုရွင္းစစ္ရဲ့ေအာက္ဆုံးစည္းကိုဘယ္လိုစမ္းသပ္ရမလဲဆိုတာေတာင္မသိေတာ့ဘူး။

"တကယ္လို႔မင္းေနာင္တရမယ္ဆိုရင္ေရာ မင္းဘာလုပ္မွာလဲ?"

လုရွင္းစစ္ကခ်က္ခ်င္းမေျဖဘူး။

သြမ့္က်ားရန္သူ႔ရဲ့ေခါင္းကိုထိလိုက္တယ္။ သူကစိတ္လွုပ္ရွားစရာလုပ္ရတာကိုႀကိဳက္တဲ့ဗီဇရွိတဲ့လူတစ္ေယာက္ျဖစ္နိုင္တယ္။

အဲ့တာကမလုံေလာက္ေသးဘူးလား။ သူရဲ့ ေျခဖဝါးေအးေအးေတြက Alpha ရဲ့ေျခသလုံးကိုသြားထိလိုက္တယ္ "ေျပာေလ"

"တစ္သက္စာအမွတ္အသားကိုဘယ္လိုလုပ္လဲဆိုတာမင္းသိလား?" လုရွင္းစစ္ကခါးေပၚမွာရွိေနတဲ့သူ႔လက္ေတြကိုပိုပီးတင္းက်ပ္လာတယ္။

အဲ့ဒီမွာ omega တစ္ေယာက္ရွိတယ္...

သြမ့္က်ားရန္သူၾကည့္ဖူးတဲ့ဇာတ္လမ္းကိုသတိရသြားေတာ့ မ်က္ႏွာပူလာပီး သူ႔ေရွ႕မွာလဲက်ေတာ့မလိုေတာင္ျဖစ္သြားတယ္။

"အဲ့တာကအရမ္းနာတယ္" ၾကည့္ရတာသြမ့္က်ားရန္ကအဲ့တာကိုစိုးရိမ္ေနပုံေပၚတယ္။ သူသြမ့္က်ားရန္ရဲ့​လွပတဲ့မ်က္ႏွာေလးကိုစိုက္ၾကည့္လိုက္ပီး ႐ုတ္တရပ္ျပဳံးလိုက္တယ္ "အဲ့ဒီလိုအရာမ်ိဳးကတကယ္ကိုအေတာ္ေလးရက္စက္တယ္"

သြမ့္က်ားရန္ကသူ႔ရဲ့ရယ္ေနတဲ့မ်က္ႏွာ​​ကိုၾကည့္လိုက္ပီးခနေလာက္စကား​မေျပာနိုင္ျဖစ္သြားတယ္။

"တစ္သက္စာအမွတ္အသားကဖယ္ရွားပစ္လို႔ရတယ္ေလ"သြမ့္က်ားရန္ကသူ႔ေမး​​ေစ့ကိုလာထိတဲ့အခါမွာေျပာလိုက္တယ္။

"မင္းတစ္ခါဖယ္ရွားပစ္ရင္ မင္းကိုျပန္ဆြဲပီးေနာက္တစ္ခါထပ္ပီးအမွတ္အသားေပးမွာ"လုရွင္းစစ္ကခနေလာက္ရပ္သြားပီဆက္ေျပာတယ္ "မင္းခႏၲာကိုယ္ကေတာင့္မခံနိုင္ေတာ့ရင္ မင္းကငါနဲ႔ပဲေနရေတာ့မွာ"

အတိတ္တုန္းကသြမ့္က်ားရန္ကဒီလိုစည္းမ်ဥ္းေတြနဲ႔ခ်ဳပ္ေႏွာင္ထားတာကိုမုန္းတဲ့လူမ်ိဳး။

"ဟုတ္ပါပီ လုေကာရဲ့" သြမ့္က်ားရန္ကျပဳံးလိုက္တယ္ "မင္းလုပ္ခ်င္တာမွန္သမၽွလုပ္လို႔လို႔ရတယ္"

သူလုရွင္းစစ္ကိုစိုက္ၾကည့္လိုက္တယ္။ ေနာက္ေတာ့ သူေရွ႕ကလူကိုဆြဲလိုက္ပီး လက္ေမာင္းေတြဖြင့္ပီးဖက္လိုက္တယ္ "ငါမင္းကိုတာဝန္ယူမွာပါ"

လုရွင္းစစ္ေျပာသလိုပဲ ေနာက္ေန႔က် လုအိမ္ေတာ္ကိုဧည့္သည္ေတြအမ်ားႀကီးေရာက္လာတယ္။

ေဆြမ်ိဳးေတြမိတ္ေဆြေတြေရာရွိေနပီးစားပြဲရဲ့အဆုံးမွာလုရွင္းစစ္ကနံပါတ္ေတြစီေပးဖို႔အေခၚခံရတယ္။

က်န္းေယာင္ကသူ႔ကိုကဒ္ကစားမလားလို႔ေခၚေပမဲ့ သြမ့္က်ားရန္ကမကစားခ်င္ဘူး။ က်န္းေယာင္ကသူျငင္းတာကိုေတြ႕ေတာ့ သူဘကအမ်ိဳးသမီးတစ္ေယာက္ကိုေမးလိုက္တယ္ "လုေခ်ာက္ရန္ တစ္ေယာက္ဂိမ္းကစားေနတာလား?ဘာဂိမ္းပါလိမ့္?"

"League တစ္ခုျဖစ္မယ္ထင္တယ္" အမ်ိဳးသမီးကေခါင္းခါလိုက္တယ္ "ကၽြန္မသိပ္မသိဘူး သူကသူ႔အခန္းထဲမွာ"

"ရွင္းစစ္ရဲ့ညီဝမ္းကြဲေလးကိုရွာပီးဂိမ္းကစားခ်င္လား? သားတို႔အတူတူဂိမ္းကစားလို႔ရတယ္" က်န္းေယာင္ကလုေခ်ာက္ရန္ရွိေနတဲ့အခန္းေနရာကိုညႊန္ျပတယ္ "ဦးငယ္တစ္ေယာက္လာရင္ လုရွင္းစစ္ကိုသားတို႔ဆီကိုလႊတ္လိုက္မယ္"

သြမ့္က်ားရန္သေဘာတူလိုက္တယ္။

သြမ့္က်ားရန္လဲအလုပ္မရွိတာနဲ႔ပဲ အေနာက္ဘက္ကအခန္းကိုသြားလိုက္တယ္။ တံခါးပိတ္ထားတဲ့ အခန္းထဲမွာ ဂိမ္းကစားေနတဲ့ကေလးတစ္ေယာက္ရွိတယ္။

ဒီကေလးကအလယ္တန္းေက်ာင္းသား​ျဖစ္ေလာက္တယ္။ ဒါမွမဟုတ္အထက္တန္းစတက္တဲ့ကေလးေလးျဖစ္ေလာက္တယ္။ သူ႔မ်က္ႏွာေလးေပၚမွာ ကေလးဆန္မွုေလးေတြရွိေနေသးတယ္။

သြမ့္က်ားရန္ေနာက္ဆုံးမွာသူပါဝင္လို႔ရတဲ့ေနရာတစ္ခုေတြ႕သြားပီ။ သူတစ္ဖက္လူရဲ့ေနာက္ကိုပုတ္လိုက္္တယ္ "အတူတူကစားမလား?"

လုေခ်ာက္ရန္ကအခုေလးတင္ rank တစ္ခုျပဳတ္သြားေတာ့သူ႔ကိုမၾကည့္ဘူး စိတ္မပါလက္မပါနဲ႔ေမးတယ္ "ဘယ္အပိုင္းဘယ္ေနရာလဲ?"

"Electric Master" သြမ့္က်ားရန္ေျပာလိုက္တယ္ "ငါကစားတတ္တယ္ အဲ့ဂိမ္းပဲကစားၾကမယ္"

"!" ​လုေခ်ာက္ရန္ကသူ႔ကိုစိတ္လွုပ္တရွားျပန္လွည့္ၾကည့္လာတယ္ "အစ္ကို!လာထိုင္! ကၽြန္ေတာ္ကြန္ပ်ဴတာကူ​ေရႊ႕ေပးမယ္!

သူကေျပာရင္းနဲ႔ခ်က္ခ်င္းထရပ္လိုက္ေပမဲ့ သူတန္႔သြားတယ္။ သူကကြန္ပ်ဴတာကိုဘယ္ကိုေရႊ႕ရမလဲမသိတဲ့ပုံေပၚတယ္။ သူကပဲစပီးအၾကဳံျပဳလိုက္တယ္ "လုရွင္းစစ္အခန္းကိုသြားရေအာင္"

"ကိုႀကီးကိုသိတယ္လား?"ေခ်ာက္ရန္ကေတြေဝသြားတယ္ " ကၽြန္ေတာ္အခုထိကိုႀကီးရဲ့အခန္းကိုမဝင္ဖူးေသးဘူး ပီးေတာ့သူကပုံမွန္ဆိုသူ႔အခန္းကိုမဝင္ခိုင္းဘူး"

Alpha ေတြကကိုယ္ပိုင္နယ္ေျမအေပၚကိုျပင္းထန္တဲ့ခံစားခ်က္ေတြရွိတယ္။ Alpha တစ္ေယာက္ရဲ့သီးသန္႔နယ္ေျမထဲကိုခြင့္ျပဳခ်က္မရွိဘဲဝင္တာကမယဥ္ေက်းရာေရာက္တယ္။

လုေခ်ာက္ရန္ကိုယ္တိုင္ကလဲalpha တစ္ေယာက္ျဖစ္တယ္။သူကအသက္သိပ္မႀကီးေသးေပမဲ့လဲ ဂ႐ုစိုက္ရမဲ့အရာေတြကိုသိတယ္။

"ဘာမွျဖစ္ဘူး" သြမ့္က်ားရန္ကအဲ့ဒီကိုသြားေနပီ "သူဘာမွေျပာမွမဟုတ္ဘူး"

လုေခ်ာက္ရန္ကအလယ္တန္းတတိယႏွစ္ေက်ာင္းသားျဖစ္တယ္။ သူ႔ရဲ့ဝမ္းကြဲအစ္ကိုရဲ့အဆင့္ေတြကအရမ္းေကာင္းမြန္ပီး သူတို႔အငယ္ေလးေတြအတြက္ေတာ့ role model ျဖစ္တယ္။ ဘာမွလုပ္စရာမရွိဘူးဆိုရင္ သူ႔အေမကလုရွင္းစစ္အေၾကာင္းေျပာပီး သူ႔ကိုဆုံးမေလ့ရွိတယ္။

သူ႔ဝမ္းကြဲအစ္ကိုကအဆင့္အတန္းျမင့္တဲ့တျခားအိမ္ေတာ္ကကေလးတစ္ေယာက္ျဖစ္မယ္ခို႔လုေရွာက္ရန္ေတြးမိတယ္။ တစ္ခါတစ္ရံဆုံေပမဲ့လဲ လုရွင္းစစ္နဲ႔တစ္ႏွစ္အတြင္းေတြ႕ရတဲ့အႀကိမ္ကအေတာ္ေလးနည္းပါးတယ္။ သူလုရွင္းစီနဲ႔မရင္းႏွီးေပမဲ့လဲ သူ႔ကိုေၾကာက္ရြံ့ရိုေသမွုေတာ့ရွိတယ္။

သြမ့္က်ားရန္ကလုရွင္းစစ္နဲ႔ရင္းႏွီးေနတာကိုေတြ႕ေတာ့ သူေတြေဝသြားတယ္ "က်ားရန္ေကာကိုႀကီးကိုေမးၾကည့္ခ်င္ေသးလား?"

တဲ့တိုးလုပ္တတ္တဲ့သြမ့္က်ားရန္နဲ႔ယွဥ္ရင္ သူကလုရွင္းစစ္ရဲ့အခန္းထဲဝင္ရမွာကိုသူခိုးတစ္ေယာက္လိုပဲခံစားရတယ္။

"အာ့ဆိုမင္းသြားေျပာလိုက္ေလ" သြမ့္က်ားရန္က notebook ေလးကိုယူလိုက္တယ္ "ငါေအာက္ထပ္ကိုဆင္းရမွာပ်င္းတယ္"

အိမ္အႀကီးႀကီးေနရတာတအားစိတ္အေႏွာင့္အယွက္ျဖစ္တယ္။ မာေက်ာက္ကစားေနတဲ့ေနရာကေနဆို လွည့္ပတ္ပီးသြားေနရအုံးမွာ။

"ထားလိုက္​ေတာ့" လုေခ်ာက္ရန္ကကေျပာလိုက္တယ္။ သူက point ေတြကိုသတိရသြားပီကိစၥႀကီးေတြကိုၿပီးေအာင္လုပ္သင့္တယ္လို႔ဆုံးျဖတ္လိုက္တယ္ "ကၽြန္ေတာ္တို႔ဂိမ္းအရင္ကစားၾကမယ္"

အခန္းထဲဝင္ပီးေတာ့ သူတို႔ႏွစ္ေယာက္နဲ႔တျခားသူငယ္ခ်င္းေတြနဲ႔စပီလက္ရည္စမ္းေတာ့တယ္။

"သူ႔ကိုသတ္ သူ႔ကိုသတ္ သူ႔ကိုသတ္ - my God! က်ားရန္ေကာ မင္းကအရမ္းမိုက္တာပဲ!" လုေခ်ာက္ရန္ကscreen ေပၚကရန္သူေတြကိုတိုက္ေနတဲ့ ေတာက္ပေနတဲ့ျမင္ကြင္းကိုၾကည့္ပီးအံ့ဩေနတယ္ "ပုံမွန္ Sword magic က life ႏွစ္ခုပဲရွိတာ အစ္ကို႔ရဲ့ sword magicက် life သုံးခုေတာင္ရွိတယ္! အစ္ကိုက Resurrection A နဲ႔လာတဲ့သူပဲ!"

"ညီေလးရဲ့ Frost Witch ကလဲအရမ္းေကာင္းတယ္" သြမ့္က်ားရန္ကသူ႔ကိုစိတ္လွုပ္ရွားစြာၾကည့္ပီး မ်က္ႏွာ​သာေပးတယ္ "Canyon Bully"

"က်ားရန္ေကာ!"

"တိတိ!"

"ေခ်ာက္ရန္ အသံနည္းနည္းတိုးအုံး" လုေခ်ာက္ရန္ရဲ့ဒုတိယအန္တီကတံခါးေခါက္ပီးလွမ္းေျပာတယ္ "ေအာက္မွာ မာေက်ာက္ကစားေနတဲ့သူေတြေတာင္ၾကားေနရတယ္"

သူမကေျပာပီး​ေတာ့ လုေခ်ာက္ရန္ေဘးကသြမ့္က်ားရန္ကိုၾကည့္လိုက္တယ္။

ဒီကေလးကၾကည့္ရတာ...

လုရွင္းစစ္ေရာက္လာ​တဲ့အထိ သြမ့္က်ားရန္က​လုေခ်ာက္ရန္နဲ႔ နာရီအနည္းငယ္ေလာက္ဂိမ္းအတူကစားေပးေနတယ္။

လုရွင္းစစ္အခန္းထဲဝင္လာ​ေတာ့ လုေခ်ာက္ရန္ကေအာ္ဟစ္ေနပီး သြမ့္က်ားရန္နဲ႔အရမ္းနီးကပ္ေနတယ္။

"သူကtower ႏွစ္ခုကိုဖ်က္ဆီးပီးေတာ့ ကၽြန္ေတာ့္ကို အနိုင္ယူတယ္ သူက႐ူးေနတယ္လို႔ထင္လား?"

"ငါသူ႔ကိုအဆုံးသတ္လိုက္မယ္" သြမ့္က်ားရန္ရဲ့လက္ေခ်ာင္းေတြက keyboard ကိုျမန္ျမန္ႏွိပ္ေနတယ္။ "ငါတို႔ရဲ့ရန္ေလးကို​ရိုက္ရဲတယ္ေပါ့ ဒီေန႔သူ႔ဆံပင္ေတြကိုေဆးေၾကာပစ္ဖို႔ စမ္းေခ်ာင္းဆီကိုျပန္သြားမယ္"

လုရွင္းစစ္ကသူတို႔ေျပာေနတာေတြကိုၾကား​ေတာ့ မ်က္ခုံးပင့္လိုက္တယ္။

သြမ့္က်ားရန္ရဲ့လူမွုဆက္ဆံေရးကေကာင္းပီး လုေခ်ာင္ရန္ကလဲရင္းႏွီးလြယ္တဲ့လူတစ္ေယာက္မွန္းသူသိပါတယ္။ ဒါေပမဲ့ ရန္ေလးလို႔ေခၚရေလာက္ေအာင္ ဘယ္ေလာက္ၾကာေသးလို႔လဲ?

"​Nice! က်ားရန္ေကာ ရဲ့ အရည္အခ်င္းကေတာ့ လုံးဝကို perfect ပဲ!"

ဒီအရြယ္ေလးပဲရွိေသးတဲ့လုေခ်ာက္ရန္ကရဲ့သူ႔ရဲ့ alpha ဗီဇကိုသိပ္ပီးမထိန္းခ်ဳပ္နိုင္ေသးဘူး။ ဂိမ္းကစားေတာ့အရမ္းစိတ္လွုပ္ရွားလို႔ျဖစ္နိုင္္တယ္ သူ႔ရဲ့pheromone ေတြကမေတာ္တဆထြက္လာတတ္တယ္။

သြမ့္က်ားရန္ဆီမွာ လုေခ်ာက္ရန္ရဲ့အနံ့နည္းနည္းက်န္ေမခဲ့တယ္။

တျခားalpha တစ္ေယာက္ရဲ့ရနံ့။

သြမ့္က်ားရန္ကလုေခ်ာင္ရန္နဲ႔ကစားတဲ့ေနရာမွာနစ္ျမဳပ္ေနတယ္။ လုေခ်ာက္ရန္ကအေတာ္ေလးေတာ္တယ္လို႔သူခံစားရတယ္။ ကစားတဲ့နည္းကနည္းနည္းေလးဆိုးေပမဲ့ ေအာင္ျမင္မွုေတြရနိုင္တယ္။

သြမ့္က်ားရန္ကသူ႔ရဲ့စြမ္းရည္ေတြကိုကေလးေတြေရွ႕မွာျပသမလို႔လုပ္ေနခ်ိန္မွာတစ္စုံတစ္ေယာက္ကသူ႔ကိုေနာက္ကေနလာဖက္တယ္။

လက္တစ္ဖက္က သူmouse ကိုင္ထားတဲ့ညာဖက္လက္ေပၚကိုက်ေရာက္လာတယ္။

သူကလုရွင္းစစ္ရဲ့လက္ေမာင္းေတြ​နဲ႔ဝန္းရံခံေနရပီး တိုးတိုေလးေျပာတာကိုၾကားလိုက္တယ္။

"စစ္သည္တစ္ေယာက္ကူလုပ္ေပးမယ္"

သြမ့္က်ားရန္ကလက္ေခ်ာင္းေလးေတြကိုဖိလိုက္ပီး မ်က္လုံးနည္းနည္းပင့္လိုက္တယ္ "မင္းကစားလို႔ပီးသြားပီလား?"

လုရွင္းစစ္ကေခါင္းညိမ့္ျပတယ္။

လုေခ်ာက္ရန္ကသူတို႔ႏွစ္ေယာက္ရဲ့နီးကပ္ေနတဲ့အေနအထားကိုျမင္ေတာ့ သူတို႔ကိုခနေလာက္ၾကည့္ေနတယ္။

အဲ့တာကအဲ့လိုပဲကိုး။

သူေျခာက္ကပ္ကပ္ေခၚလိုက္တယ္ "ကိုႀကီး"

သူခုမွသတိရတယ္။ သူတို႔မိသားစုကလူႀကီးေတြေျပာေနတာ လုရွင္းစစ္ကomega တစ္ေယာက္ကိုေခၚလာပီး သူကဒီရက္ေတြမွာ လုအိမ္ေတာ္မွာေနေနတာတဲ့။

အႀကီးအကဲေတြကအရမ္းအံ့ဩသြားတယ္။ ဒါေပမဲ့လဲ Mrs.Lu ရဲ့လက္ခံမွုဆိုေတာ့ ေကာင္းမြန္တဲ့ပုံရတယ္။ က်န္းေယာင္ကအရမ္းေက်နပ္ေနတဲ့ပုံေပၚတယ္။ သူကဟာသေတြေတာင္ေျပာေနေသးတယ္။ သူကအသက္ေတာင္​မႀကီးေသးေပမဲ့ သိပ္မၾကာခင္လက္ထပ္ပြဲရွိလာေတာ့မယ္ဆိုပီး။ ဒီအတိုင္းဆိုရင္ သြမ့္က်ားရန္ကအဲ့ဒီomega ေပါ့။

လုေခ်ာက္နန္စိတ္ထဲမွာငိုေႂကြးေနတယ္။

သူသြမ့္က်ားရန္အေပၚမွာ pheromone ေတြမေတာ္တဆခ်န္ထားမိခဲ့ပုံေပၚတယ္။

အဲ့တာကလြန္သြားတယ္။

လုရွင္းစစ္ကိုမေျပာနဲ႔အုံး A တစ္ေယာက္ရဲ့ခ်စ္ျခင္းကိုေျပာရမယ္ဆိုရင္ သူ႔ရဲ့ omega ေပၚမွာ pheromone တစ္ခုရွိေနရင္ ေသခ်ာေပါက္ေဒါသထြက္မွာ။

လုရွင္းစစ္ကေျပာလိုက္တယ္ "ဒါကၿပီးခါနီးၿပီမလား?"

သြမ့္က်ားရန္လဲ 'အင္း' လိုက္လိုက္တယ္။

"ဆက္ကစားအုံးမွာလား?" လုရွင္းစစ္ကသူျပန္ေျဖမွာကိုမေစာင့္ဘဲဆက္ေျပာတယ္ "မင္းနားခ်င္ေနပီလား?"

သြမ့္က်ားရန္မေန႔ညကေစာေစာအိပ္ထားေတာ့ အခုသူနည္းနည္းအိပ္ခ်င္ေနပီ။ပီးေတာ့ သကတစ္ခါတည္းနဲ႔ နာရီနဲ႔ခ်ီပီးဂိမ္းကသားထားတာ။ သူေခါင္းညိမ့္လိုက္ပီး အႀကံေပးတာကိုလက္ခံလိုက္တယ္။

အခန္းထဲျပန္ေရာက္​ေတာ့ သြမ့္က်ားရန္ကပုံမွန္လိုပဲ ေရခ်ိဳးလိုက္တယ္။

မေန႔ညကလိုပဲ လုရွင္းစစ္ကလဲသူ႔အခန္းထဲကိုဝင္လာတယ္။

သြမ့္က်ားရန္ထြက္လာ​ေတာ့ သူကသု႔ကိုႏွုတ္ဆက္ပီးေမးေစ့ကိုသြမ့္က်ားရန္ရဲ့ပခုံးေပၚတင္လိုက္တယ္။ သူကႏွာေခါင္းေလးတရွုံ႔ရွုံ႔နဲ႔ သူ႔ခႏၲာကိုယ္ကိုအနံ့ခံေနတယ္။

သြမ့္က်ားရန္သူ႔ေၾကာင့္ယားလာေတာ့ ျပဳံးပီးေမးလိုက္တယ္ "မင္းဘာေတြလုပ္ေနတာလဲ?"

"​လုေခ်ာက္ရန္ရဲ့ pheromone ကိုအနံ့ရေနတုန္းပဲ" သူပြင့္ပြင့္လင္းလင္းပဲေျပာလိုက္ေပမဲ့သူမ်က္ေမွာင္က်ဳံ႕ထားတယ္။ သူအရမ္းေက်နပ္တာမဟုတ္ဘူး "မင္းဘာလို႔အဲ့တာေတြကိုကုန္ေအာင္မေဆးေၾကာခဲ့တာလဲ?"

သြမ့္က်ားရန္ကသူ႔ကိုယ္ေပၚမွာ alpha pheromone ရွိေနမွန္းေတာင္မသိဘူး။ လုရွင္းစစ္သူ႔ကိုထိေနတာကို​ၾကည့္လိုက္ေတာ့ တစ္ဖက္လူရဲ့ pheromone ေတြကိုဖုံးအုပ္ခ်င္ေနပုံရတယ္။

"မင္းကဒီလိုမ်ိဳး..." သြမ့္က်ားရန္သူေျပာေနတာကိုေနာက္မွနားလည္သြားတယ္ "မင္းသဝန္တိုေနတာလား? ဒါေပမဲ့သူကမင္းညီေလးေလ"

သြမ့္က်ားရန္ကေနာက္ပိုင္းနာမွာရွုပ္ေထြးေနတဲ့ပုံနဲ႔ေျပာတယ္။

လုရွင္းစစ္သူ႔ကိုၾကည့္လိုက္တယ္။

သူတကယ္ႀကီးမေပ်ာ္မရႊင္ျဖစ္ေနေပမဲ့ ​လုေခ်ာက္ရန္ကိုဂ႐ုစိုက္တယ္လို႔မဆိုလိုဘူး။

သြမ့္က်ားရန္နဲ႔ပိုပီးနီးကပ္ခ်င္လို႔ဒီအခြင့္အေရးကိုအသုံးခ်ေနတာကခပ္မ်ားမ်ားရယ္ပါ။

သူ႔ကိုဘယ္ေလာက္ထိသေဘာက်မွန္းေျပာခ်င္တယ္။

သူကပိုပီးနီးသြားေအာင္တိုးလိုက္တယ္။သူကနည္းနည္းရန္လိုေနတဲ့အသံနဲ႔ "မရဘူးလား?"

သြမ့္က်ားရန္သူ႔ရဲ့ထင္ရွားတဲ့မ်က္ခုံးနဲ႔မ်က္လုံးနက္နက္ေလးေတြကိုၾကည့္လိုက္တယ္။

႐ုတ္တရပ္ႀကီသူႏွလုံးသားကေရကန္ႀကီးလိုေျပာင္းလဲသြားတယ္။

"အဲ့တိုင္းမင္းကိုေျပာလို႔လား?" သြမ့္က်ားရန္ကမေန႔တုန္းကသူေျပာတဲ့ပုံကိုသင္ယူထားတယ္။ သူကတမင္သက္သက္အသံကို​ျဖည္းျဖည္းေလးဆြဲလိုက္တယ္ "မင္းကအရမ္းခ်စ္စရာေကာင္းတာပဲ"

မ်က္လုံးႏွစ္စုံကအၾကည့္ခ်င္းဆုံေနတယ္။

လုရွင္းစစ္ကဘာမွမေျပာဘူး။

လုရွင္းစစ္လဲ မေန႔ညကသူျဖစ္သလိုအကူအညီမဲ့တဲ့ခံစားခ်က္မ်ိဳးရွိေနပီလို႔ သြမ့္က်ားရန္ေတြးလိုက္တယ္။

ဒါေပမဲ့သူကေျပာတာကလုံးဝႀကီးစေနတာမဟုတ္ဘူး။ လုရွင္းစစ္ကတကယ္ခ်စ္စရာေကာင္းတယ္။

လုရွင္းစစ္စကား​မေျပာနိုင္ျဖစ္သြားတာကေတာ္ေတာ္ကိုရွားတယ္။ တစ္ဖက္လူကတိတ္ေနတာကိုေတြ႕ေတာ့ သြမ့္က်ားရန္အရမ္းကို​ဂုဏ္ယူေနတယ္။

လုရွင္းစစ္က႐ုတ္တရပ္အၾကည့္ေတြ႐ုတ္ပီး သူ႔ပခုံးၾကားထဲကိုေခါင္းေလးျပန္ျမႇုပ္ပီး ဘာအသံမွထြက္မလာေတာ့ဘူး။

သြမ့္က်ားရန္မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္လိုက္တယ္။

လုရွင္းစစ္တကယ္စကားမေျပာနိုင္ျဖစ္ေနတယ္လို႔သူထင္လိုက္တယ္။

"လုေကာ တကယ္ႀကီးမေပ်ာ္ေနတာလား?" သြမ့္က်ားရန္မေတြးဖူးဘူး တစ္ေန႔က်ရင္ alpha တစ္ေယာက္နဲ႔ သူ႔ရဲ့နိယာမေတြကိုေဆြးေႏြးရလိမ့္မယ္လို႔ "အာ့ဆိုငါေရတစ္ခါထပ္ခ်ိဳးလိုက္ရမလား?"

သူအသံထြက္လာတဲ့အခ်ိန္မွာပဲ သြမ့္က်ားရန္နာသြားတယ္။ သူမ်က္လုံးစြန္းေလးကေန သူ႔လည္ပင္းေပၚကလုရွင္းစစ္ႏွုတ္ခမ္းေလးကိုေတြ႕လိုက္တယ္။

သူကသူ႔ကိုၿငိမ္ၿငိမ္ေလးကိုက္ေနတာပဲ။

✨——————✨

Đọc tiếp

Bạn Cũng Sẽ Thích

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
125K 17.5K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
449K 54.3K 120
ကဲ..ဇာတ်လမ်း​အ​ကြောင်းကို​ပြောပြမယ်​နော်🤗 ဘဏ်မှာ ဒါရိုက်တာရာထူးနဲ့အလုပ်လုပ်​နေတဲ့​ ကောင်​လေး ကျန်းယူအန်းနဲ့အဲ့​ကောင်​လေးကို ​တွေ့ဖို့ အစီအစဥ်​တွေနဲ...