ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...

By ZuriLeora

1.2M 188K 9.3K

Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... More

DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨

CHAPTER 58 - Couple

13.9K 2.2K 63
By ZuriLeora

Unicode

သွမ့်ကျားရန်တစ်ယောက်ဖူ့ယွမ်တံခါးလာခေါက်မှနိုးလာတယ်။

ဖူ့ယွမ်ကအပြင်ဘက်ကနေတစ်ခုခုပြောနေပုံရတယ်။ သူ့ကို​ဖက်ထားတဲ့လူဆီကအသံသဲ့သဲ့လေးထွက်လာပီး သူ့ကိုလွှတ်ပေးတယ်။

အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေမှာလုရှင်းစစ်ကထပီးတံခါးဖွင့်ပေးတာကိုကြားလိုက်တယ်။

လုရှင်းစစ်နဲ့ဖူ့ယွမ်ရဲ့အသံကအရမ်းသေးတယ်။ လုရှင်းစစ်ကသူအဆင်ပြေတယ်ဆိုပီးပြောနေတာကိုတော့ သွမ့်ကျားရန်ရေးရေးလေးကြားရတယ်။

အဲ့ဒီစကားတွေကိုသူ့ကိုရည်ညွှန်းတယ်ဆိုတာသိလိုက်တော့ သွမ့်ကျားရန်ကလေထုထဲကpheromone နံ့လေးကိုရူရှိုက်လိုက်တယ်။ အိပ်ထားတာကြောင့်မသက်မသာဖြစ်တာတွေကလဲသက်သာသွားတယ်။

မနေ့ညတုန်းကသူ့ကိုယ်ပေါ်မှာနာကျင်မှုကလဲဘာအကြွင်းအကျန်မှမရှိဘဲပျောက်ကွယ်သွားတယ်။ သူ​မျက်တောင်ခတ်လိုက်ပီးခေါင်းအုံးပေါ်မှာပဲလှဲနေလိုက်တယ်။

သူ့မျက်နှာပေါ်ကိုအရိပ်တစ်ခုကျလာပီး သူ့မျက်လုံးအောက်နားလေးကိုလက်ဖျားနွေးနွေးလေးကလာပွတ်တော့ သွမ့်ကျားရန်မျက်လုံးဖွင့်လိုက်တယ်။

"ဘယ်အချိန်ရှိသွားပီလဲ?" သူပင်ပန်းနေတုန်းပဲ။

"10:30" လုရှင်းစစ်အသံကအရမ်းရှင်းလင်းတယ်။ သူခနနေရင်ထသင့်တယ်လို့သူထင်လိုက်တယ် "ထတော့မလား?"

သွမ့်ကျားရန်ခေါင်းညိမ့်ပြလိုက်တယ်။

သူမနေ့ညကအကြောင်းအရာအတော်များများကိုမှတ်မိတယ်။ သူအိပ်ရာပေါ်မှာထပ်မအိပ်နိုင်တော့ဘူး။.သူတစ်ဖက်ကိုလှိမ့်ချလိုက်ပီး ဖိနပ်စီးနေတုန်းတစ်ခုကိုသတိရသွားတယ် "မင်းမှာကိုယ်လက်သန့်စင်ဖို့ပစ္စည်းတွေဝယ်ပီးသွားပီလား?"

"အန်တီကမနေ့ညကရှာပေးထားတယ်"

သွမ့်ကျားရန်ခေါင်းညိမ့်လိုက်တယ်။

သူဖိနပ်စီးလိုက်ပီးကိုယ်လက်သန့်စင်ဖို့သွားလိုက်တယ်။

နောက်ကျနေပီဖြစ်လို့ ဖူ့ယွမ်ကသူတို့ကိုနင်းချန်မသွားခင်တစ်ခုခုစားဖို့ပြောခဲ့တယ်။

ဖူ့ယွမ်ကသွမ့်ကျားရန်ထိုင်စားနေတာကိုကြည့်ရင်း မျက်လုံးအောက်ကအညိုရောင်အဝိုင်းကြီးကိုကြည့်လိုက်တယ်။

သူအသားကဖြူတဲ့အတွက် သူတစ်နေ့လေးညဥ့်နောက်အောင်နေလိုက်တာနဲ့ မျက်ကွင်းညိိုညိုတွေကသတိပြုလောက်စရာဖြစ်သွားတယ်။

သူမနေ့ညတူန်းကသွမ့်ကျားရန်ရဲ့အခန်းတံခါးကိုအကြိမ်ကြိမ်လာခေါက်တာကိုတုံ့ပြန်မှုမရှိတာကိုသတိရသွားတယ်။ သူနောက်ဆုံးတံခါးကိုဖွင့်ကြည့်လိုက်တော့ သွမ့်ကျားရန်ကအိပ်​ရာပေါ်မှာဖြူဖျော့နေပီ။ သူခနလောက်ဗလာဖြစ်သွားပီးနောက်မှပြန်သတိဝင်တော့ အရေးပေါ်ခန်းကိုမြန်မြန်သွားလိုက်ရတယ်။

ဆရာဝန်ကသွမ့်ကျားရန်ရဲ့အရေပြားပေါ်ကအနီကွက်တွေကိုတွေ့တော့ stress disoder ကြောင့်ဖြစ်ပီး ဖြစ်နေတာကြာလောက်ပလို့ပြောတယ်။

Hai Cheng ဆေးရုံမှာ isolation room ရှာရခက်တဲ့အတွက် သူငယ်ချင်းတစ်ယောက်ကိုကူညီဖို့ဆက်သွယ်နေချိန်မှာ ​ဖုန်းနံပါတ်စိမ်းတစ်ခုကခေါ်လာတယ်။

ဖုန်းရဲ့တစ်ဖက်မှာကောင်လေးတစ်ယောက်ရှိနေတယ်။ သူကသွမ့်ကျားရန်ရဲ့အတန်းဖော်ဖြစ်ကြောင်းပြောတယ်။ ပီးတော့ သွမ့်ကျားရန်ရဲ့ stress disorder ကလဲသက်သာမှာဖြစ်ကြောင်းပြောတယ်။

ပီးတော့သက်သာတာကအဲ့ကောင်လေးရဲ့ pheromone ကြောင့်တဲ့။

သူတို့တွေတွေ့တော့ လုရှင်းစီစ်ကသူ့ကို Ning Chengတုန်းက match report ကိုပြတယ်။​ဆရာဝန်ကအဲ့တာကိုမြင်​တော့ သူ့ pheromone တွေက သွမ့်ကျားရန်ရဲ့အခြေအနေကိုသက်သာစေပီး isolation room မှာနေတာထက်ပိုပီး အကျိုးသက်ရောက်မှုရှိတယ်လို့ပြောတယ်။

ဆရာဝန်ရဲ့အကြုံပြုချက်အတိုင်းသွမ့်ကျားရန်ကိုအိမ်ကိုပြန်ခေါ်လာပီး လုရှင်းစစ်နဲ့တစ်ညအတူတူအိပ်ခိုင်းခဲ့တယ်။

ဖူ့ယွမ်မနက်စာအတူတူစားနေတဲ့ကောင်လေးနှစ်ယောက်ကိုကြည့်လိုက်တယ်။ သွမ့်ကျားရန်ကလုရှင်းစစ်ရဲ့လက်မောင်းကိုကိုင်လိုက်ပီး လိမ္မော်ရည်ခွက်လေးယူပေးဖို့ညွှန်ပြတယ်။

လုရှင်းစစ်ကလဲသွမ့်ကျားရန်အတွက်ချက်ချင်း လိမ္မော်ရည်ခွက်လေးယူပေးတယ်။

ဖူ့ယွမ်ကသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုတွေ့တော့ အစောတုန်းကစိတ်ထဲကသိတ်ပူစရာတွေလဲနည်းနည်းသက်သာသွားတယ်။

သူမနေ့ညတုန်းကလုရှင်းစစ်ရဲ့နာမည်ကိုကြား​တော့ အကြောင်းအရာတော်တော်များများကိုနားလည်သွားချင်တယ်။

အလုပ်ချိန်မဟုတ်တာ​ကိုတောင် Ning Chengက ဆေး​စစ်ချက်ကိုရအောင်ယူနိုင်တယ်။ အဲ့ဒီအရင်တုန်းကလဲချောင်းနန်ရဲ့ကိစ္စကိုလုရှင်းစစ်တို့ကပဲကြားဝင်ဖြေရှင်းခဲ့တာ...ဖူ့ယွမ်သူ့ရှေ့ကသိမ်မွေ့ပီး ယဥ်ယဥ်ကျေးကျေးကောင်လေးကိုကြည့်လိုက်တယ်။ သူ့ကိုကျေးဇူးတင်စကားပြောတဲ့အခါမှာမထိန်းနိုင်ဘဲ နည်းနည်းစိုးရိမ်မှုတွေမြင့်တက်လာတယ်။

လုမိသားစုရဲ့ဆက်ခံသူကငယ်ရွယ်ပေမဲ့လဲ အနာဂတ်မှာဘယ်လိုမျိုးဖြစ်ထွန်းလာမလဲဆိုတာကြည့်ရုံနဲ့တင်သိနိုင်တယ်။ သွမ့်ကျားရန်သာသူနဲ့အတန်းဖော်တွေမဖြစ်ခဲ့ဘူးဆိုရင် သူတို့ရဲ့မိသားစုကဒီလိုမျိုးလူတစ်ယောက်နဲ့ဆက်ဆံဖို့ဆိုတာမဖြစ်နိုင်ဘူး။

သူ့ရှေ့ကကောင်လေးရဲ့အခြေအနေကကောင်းမွန်ပီးတော့ သူကိုယ်တိုင်ကလဲထက်မြက်တယ်။ သူသွမ့်ကျားရန်ခံစားရမှာကိုနည်းနည်းစိုးရိမ်နေတယ်။

နောက်ဆုံးမှာ​တော့ alpha တစ်ယောက်က omega အများကြီးကိုအမှတ်အသားလုပ်လို့ရပေမဲ့ omega ကတော့တစ်သက်လုံး alpha ​တစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းပဲခံရမှာ။ဥပဒေကတစ်လင်တစ်မယားစနစ်ပြဌာန်းထားပေမဲ့လဲ ကိုယ်လုပ်ချင်သလိုလုပ်နေကြတာ။ ချမ်းသာလေလေ မသက်မသာဖြစ်စေတဲ့အရာတွေများလာလေပဲ။

လုရှင်းစစ်က Ning Chengကနေညတွင်းချင်းလာခဲ့သလို သူမကိုသံယတွေရှင်းအောင်လဲ ဆေးစစ်ချက်ကိုပြခဲ့တယ်။ သူကိုယ်တိုင်ပဲအစိုးရိမ်လွန်နေတာဖြစ်မှာပါ။

သူ့မနေ့ညကအဲ့ဒီအကြောင်းကိုတစ်ညလုံးတွေးနေတာအိပ်လို့တောင်မပျော်ခဲ့ဘူး။ သွမ့်ကျားရန်ကိုတကယ်သံသယလွန်နေခဲ့တာ။မနက်ရောကတော့ သူသွမ့်ကျားရန်အခန်းတဲခါးကိုဖွင့်ပီသူတို့ကိုသွား​ကြည့်ခဲ့သေးတယ်။

နှစ်ယောက်သားကအတူတူအိပ်နေပီး လုရှင်းစစ်ရဲ့လက်မောင်းကသွမ့်ကျားရန်ရဲ့ပခုံးပေါ်ကိုတင်ထားတယ်။သူအဲ့တာလေးပဲတွေ့ခဲ့တယ်။

မနေ့ညတုန်းက လုရှင်းစစ်ကသွမ့်ကျားရန်ကိုNing Cheng ကိုပြန်ခေါ်သွားမယ်လို့ပြောခဲ့တယ်။ သူနည်းနည်းတွေဝေနေသေးပေမဲ့စိတ်ထဲမှာ​တော့ အစီအစဥ်တစ်ခုရှိတယ်။

သွမ့်ကျားရန်မနက်စာစားပီးတာကိုစောင့်ပီးတော့ အခန်းထဲကိုတစ်ယောက်တည်းလာခဲ့ဖို့ပြောလိုက်တယ်။

သူမကသူ့ကိုနည်းနည်းပင်ပန်းပုံပေါ်နေတဲ့ပုံစံနဲ့ကြည့်ပီး နူးနူးညံ့ညံ့လေးမေးလိုက်တယ် "သားမှာ stress disorder ဖြစ်နေတာကိုမားကိုဘာလို့မပြောခဲ့တာလဲ?"

"မားစိတ်ပူနေမှာစိုးလို့ပါ" သွမ့်ကျားရန်ကသူမကိုယ်သူမအပြစ်မတင်တာတွေ့မှာ နည်းနည်းသက်သက်သာသာဖြစ်သွားတယ် "ပီးတော့ Ning Chengမှာတုန်းက လုရှင်းစစ်နဲ့သွားပြတော့ ဆရာဝန်ကသူကသားရဲ့ stress disorder ကိုသက်သာအောင်ကူညီပေးနိုင်တယ်တဲ့ အဲ့တာနဲ့သားလဲ​ဒီအကြောင်းကိုမားကိုမပြောလဲရတယ်ဆိုပီတွေးလိုက်တာ"

"အဲ့တာကအရမ်းရှုပ်ထွေးတယ်" ဖူ့ယွမ်ကခေါင်းခါလိုက်တယ် "သားအဲ့ဒီအချိန်တုန်းကသူ့ကိုမတွေ့ခဲ့ဘူးဆို သားမှာမတော်တဆတစ်ခုခုဖြစ်သွားနိုင်တယ်"

သူကပြောရင်းမျက်မှောင်ကျုံ့လိုက်တယ် "အဲ့တာတွေကမားကိုအပြစ်တင်ရမှာပါ အလုပ်ကြောင့်ရော သားညီလေးကြောင့်ရော လွန်ခဲ့တဲ့ခြောက်လလုံး... သားကိုအများကြီးဂရုမစိုက်နိုင်ခဲ့ဘူး"

သွမ့်ကျားရန်ကသူမမျက်လုံးတွေထဲကသူ့ကိုယ်သူအပြစ်တင်နေတာကိုတွေ့တော့ မြန်မြန်သူ့လက်ကိုဆွဲလိုက်တယ် "မား အဲ့လိုကြီးမပြောပါနဲ့"

ဖူ့ယွမ်ကပြောတာရပ်ပီး သူကျောလေးကိုပုတ်ပေးတယ်။

"အဲ့တာကိုမပြော​တော့ဘူး" သူကအကြောင်းအရာကိုပြောင်းလိုက်တယ် "သားရဲ့အတန်းဖော်အကြောင်းပြောရအောင်"

သွမ့်ကျားရန်ကသူမမသိမှာကိုစိုးရိမ်နေတယ် "သူနဲ့သားနဲ့ကဟိုလေ-"

သူကခနတန့်လိုက်ပီး သူ့ပုံစံကပုံမှန်မဟုတ်ဘူး "အတွဲတွေ"

ဖူ့ယွမ်ကအဲ့တာကိုကြားတော့ ပြုံးလိုက်တယ် "မားသိပါတယ် သူပြောပီးသွားပီ"

ဒီနှစ်ယောက်ကဘယ်လိုလေးတွေမှန်းမသိဘူး။ stress disorder ကိုကုသပေးတော့လဲအကူအညီတောင်းတယ်။ အခုကျတော့ အတွဲတွေလို့ပြောရမှာကိုရှက်နေတယ်။

သွမ့်ကျားရန်နှာမှုတ်လိုက်တယ်။သူကနှာခေါင်းလေးကိုနောက်တစ်ခါထပ်ထိပီး သူကိုစိုက်ကြည့်နေတယ်။

သူစိတ်လှုပ်ရှားနေတာကိုကြည့်ပီးဖူ့ယွမ်ခေါင်းခါလိုက်တယ်။ သူပြုံးပီးသွမ့်ကျားရန်လက်လေးကိုကိုင်ပီးဖျစ်လိုက်တယ်။

ခနလောက်ကြာ​တော့ သူမကဖြည်းဖြည်းလေးပြောလိုက်တယ် "အဲ့တာကကောင်းပါတယ် သူ့မှာသားကိုစောင့်ရှောက်ပေးနိုင်စွမ်းရှိတယ် ပီးတော့ သူကသားအပေါ်ကိုအရမ်းကောင်းတယ်"

သွမ့်ကျားရန်ကိုကြည့်ပီး ဖူ့ယွမ်ရဲ့စကားတွေကပြောင်းလဲသွားပြန်တယ်။

"ဒါပေမဲ့ သူကAlpha တစ်ယောက်" ဖူ့ယွမ်ကပရိယာယ်သုံးပီးပြောတယ် "သားကိုယ့်ကိုယ်ကို ကာကွယ်ဖို့လဲသင်ယူမှဖြစ်မယ်နော်"

သွမ့်ကျားရန်ရဲ့ ညဝတ်အင်္ကျီတွေကရှပ်အင်္ကျီပုံစံလေး။ သူက​ည​ကဟိုလှိမ့်ဒီလှိမ့်အိပ်ထားတော့ ဖရိုဖရဲဖြစ်နေတဲ့ အင်္ကျီလည်ပင်းကြောင့် ဖြူဖွေးချောမွေ့​တဲ့လည်ပင်းလေးကိုမြင်နေရတယ်။

သူကအဲ့တာတွေနဲ့လွတ်လွတ်ကင်းကင်းရှိပေမဲ့လဲ ဖူ့ယွမ်က AO ကိစ္စတွေကိုစိုးရိမ်​နေသေးတယ်။ သူလဲအဲ့တာကိုအာရုံစိုက်ထားသင့်တယ်။

"Stress disorder ဖြစ်နေတဲ့omega တစ်ယောက်က gland တွေလဲသေချာမဖွံ့ဖြိုးသေးဘူး အရွယ်ရောက်တဲ့အချိန်မတိုင်ခင်မှာ ကိစ္စတွေအများကြီးကိုခံနိုင်ရည်မရှိဘူး" သူကပြောလိုက်တယ် "အရမ်းကြီးဒုက္ခမခံနဲ့"

သူမအဲ့တာကိုရုတ်တရပ်ကြီးထပြောလိမ့်မယ်လို့သွမ့်ကျားရန်မျှော်လင့်မထားဘူး။

"မဟုတ်ပါဘူး သားတို့ကဘာဖြစ်လို့လဲ မားဘယ်လိုလုပ်အဲ့တာကိုတွေးနေတာလဲ?"သွမ့်ကျားရန်သူ့မေမေကအဲ့ဒီအကြောင်းပိုပြောတာကြားတော့ သူ့နားတွေပူလာတယ် "သားတို့မလုပ်-"

"ဟုတ်ပါပီ" ဖူ့ယွမ်ကိသူ့စကားကိုဖြတ်ပြောလိုက်တယ် "မားကသားကိုသတိပေးတာပါ သားတို့နှစ်ယောက်လုံးကလိမ္မာ​တဲ့ကလေးလေးတွေမှန်းမားသိပါတယ်"

" ... "သွမ့်ကျားရန်စကားမပြောနိုင်ဖြစ်သွားတယ်။

"သူတို့မိသားစုအိမ်ကိုသွားရင် ယဥ်ယဥ်ကျေးကျေးလေးဘယ်လိုပြုမူရမလဲဆိုတာသိရမယ်" ဖူ့ယွမ်ကသူ့နားရွက်တွေနီနေတာတွေ့တော့ တိုးတိုးလေးပြောလိုက်တယ် "မားမနက်တုန်းက ပစ္စည်းအသစ်လေးတွေဝယ်ရအောင်သွားသေးတယ် အဲ့တာတွေကိုပြန်ရင်ယူသွားနော် သူ့မေမေကိုပိုပီးကျေးဇူးတင်ကြောင်းပြောလိုက်အုံး သူမကြောင့်မဟုတ်ရင် သူမနေ့ညကလာနိုင်မှာတောင်မဟုတ်ဘူး"

"ခုတလော ယွင်လေးရဲ့အခြေအနေကအများကြီပိုတည်ငြိမ်လာတယ် ဒီကိစ္စတွေကောင်းကောင်း​ပြီးသွားရင် သူတို့မိသားစုကိုသွားပီးကျေးဇူးတင်စကားပြောလိုက်မယ်"

ဖူ့ယွမ်ကဖြည်းဖြည်းချင်းပြောနေပေမဲ့ကောင်းကောင်းဆုံးဖြတ်ထားတာကိုသွမ့်ကျားရန်တွေ့လိုက်တယ်။သူမနေ့တုန်းကလုရှင်းစစ်နဲ့ပြောသလိုပဲ ဖူ့ယွမ်ကသူ့ရဲ့ stress disorder အကြောင်းသိရင် သေချာပေါက်သူတို့အိမ်ထိသွားပီးကျေးဇူးတင်မှာ။

အဲ့တာကအရမ်းကြီးမြန်မြန်မဟုတ်ပေမဲ့လဲ တကယ်ဖြစ်လာပီ။

Ning Chengကိုပြန်ရောက်တော့ ညနေတောင်စောင်းနေပီ။

လုမိသားစုရဲ့အိမ်တော်က Ning Cheng ရဲ့ စျေးအကြီးဆုံးသောအိမ်ယာတွေရှိတဲ့ Jiangshan Hutong မှာတည်ရှိတယ်။ အပြာရောင်အုပ်ကြွပ် အ​ဖြူရောင်တံတိုင်းနဲ့ ကျောက်တုန်းတွေ မြက်ခင်းလေးတွေနဲ့ ကြီးမားတဲ့အိမ်ကြီးက ဆည်းဆာနေရောင်အောက်မှာ တည်ငြိမ်တဲ့ပုံစံရှိတယ်။

ခြံပေါက်ဝနေကဝင်လာပီးတဲ့အခါမှာ အိမ်ထဲရောက်ဖို့အတွက် ပန်းတွေပွင့်နေတဲ့စင်္ကြံလမ်းလေးကိုလျှောက်လာခဲ့ရတယ်။

ရောက်လာတဲ့အချိန်ကညစာစားချိန်နဲ့ကွက်တိကျနေတယ်။သူတို့ရောက်လာတာကိုတွေ့တဲ့အခါမှာအန်တီကြီးတစ်ယောက်ကအသိပေးလိုက်တော့ ကျန်းယောင်ကအိမ်ထဲကနေထွက်လာတယ်။

ကျန်းယောင်ကလုရှင်းစစ်နဲ့အတူသွမ့်ကျားရန်ကိုတွေ့တော့ မျက်လုံးတွေတောက်သွားပီးပြုံးပြတယ် "ရှင်းစစ်ပြောတာကိုနားထောင်ရ​သလောက်တော့ သားကစပ်တဲ့အစားအစာတွေကိုကြိုက်တယ်တဲ့ ခနနေရင်စားကြ​မယ်"

"ငါ့မားကလက်ရာကောင်းတယ် ဒါပေမဲ့ မီးဖိုချောင်ထဲတစ်နှစ်နေလို့မှတစ်ခါတောင်မဝင်ဖြစ်တော့ဘူး" လုရှင်းစစ်ကပြောတယ် "ဒီနေ့မင်းအတွက်ချက်ပေးတာပဲ"

သွမ့်ကျားရန်ကအဲ့တာကိုကြားတော့ ပယင်းရောင်မျက်လုံးလေးတွေကလခြမ်းလေးလိုကွေးသွားပီးကျေးဇူးတင်လိုက်တယ် "အန်တီ့ကိုဒုက္ခဖြစ်စေမိပီ"

သူကခေါင်းလေးညိမ့်ပီး သွမ့်ကျားရန်ရဲ့ပေါ်နေတဲ့အသားဖြူဖြူလေးကိုကြည့်လိုက်တယ်။ allergy ကြောင့်ဖြစ်တဲ့အနီကွက်တွေကိုမတွေ့တော့မှပဲ စိတ်ကိုလွှတ်ချနိုင်တော့တယ်။

"မြန်မြန်ဝင်ခဲ့တော့လေ" ကျန်းယောင်ကပြောပီး​အရှေ့ကိုထွက်သွားတော့တယ်။

လုရှင်းစစ်နဲ့သွမ့်ကျားရန်လဲနောက်က​လိုက်သွားရင်းဘပခုံးပုတ်ခံလိုက်ရလို့သွမ့်ကျားရန်နောက်ကိုလှည့်ကြည့်လိုက်တယ်။

လုရှင်းစစ်ကသူ့ကိုကြည့်ပီးစနေတယ် "ဒီနေ့အရမ်းကိုယဥ်ကျေးနေပါလား ငါ့အိမ်ကမင်းကိုသဘောမကျမှာစိုးလို့လား?"

သွမ့်ကျားရန်သူ့ကိုခနလောက်စိုက်ကြည့်လိုက်တယ်။

ကျန်းယောင်ကိုလှမ်းကြည့်​တော့မတွေ့တော့ဘူး။ သူတံတောင်ဆစ်နဲ့လုရှင်းစစ်ကိုတိုက်ချလိုက်တယ်။သူဒီလိုစံပြကျောင်းသားမျိုးကိုမမြင်ဖူးဘူး။

သူကစာရွက်လှန်တာထက်မြန်တဲ့အလျင်နဲ့ခေါင်းလှည့်ပီးထွက်သွားတာကိုမြင်တော့ လုရှင်းစစ်မထိန်းနိုင်ပဲရယ်လိုက်ပီးနောက်ကလိုက်သွားတယ်။

အိမ်ထဲကိုရောက်တော့ကျန်းယောင်ကမီးဖိုခန်းထဲကိုအရင်သွားတယ်။ လုရှင်းစစ်ကိုကျသွမ့်ကျားရန်ကိုဧည့်ခန်းထဲခေါ်သွားပီးနားနေဖို့ပြောလိုက်တယ်။

ဧည့်ခင်းတစ်ခုလုံးကမင်ရောင်နဲ့တင့်တယ်လှပနေတယ်။ မဟော်ဂနီရောင် ပရိဘောဂတွေကအကန့်အကန့်​နဲ့နေရာချထားပီး အပင်စိမ်းစိမ်းလေးတွေနဲ့အလှဆင်ထားတယ်။

ဧည့်ခန်းရဲ့ထောင့်နားလေးမှာ အမျိုးသမီးကြီးတစ်ယောက်က ပန်းလေးတွေကိုပြင်နေတယ်။ သူမက လျော့ရဲရဲဖြစ်နေတဲ့ Tang suit ကိုဝတ်ဆင်ထားပီးအပြုအမူကယဥ်ကျေးတယ်။

သွမ့်ကျားရန်တို့ဝင်လာတော့ သူကပန်းတစ်ခိုင်ကိုဖြတ်နေတာ။

သူတို့ကိုတွေ့တော့အမျိုးသမီးကြီးကကတ်ကြေးကို အိမ်အကူအမျိုးသမီးဆီကိုပေးလိုက်တယ်။အရင်ဆုံးလက်ကိုသုတ်ပီးမှသူတို့ကိုပြုံးပြတယ်။

လုရှင်းစစ်ကသွမ့်ကျားရန်ကိုပြောလိုက်တယ် "ဒါကငါ့အဖွား"

သွမ့်ကျားရန်ကသူ့ရှေ့ကအပြုံးတစ်ခုနဲ့အမျိုးသမီးကြီးကိုကြည့်လိုက်တယ်။ ကျန်းယောင်နဲ့တွေ့တုန်းကလိုပဲ အသက်အရွယ်ကြီးတဲ့သူတွေကိုနှုတ်ဆက်သလိုယဥ်ယဥ်ကျေးကျေး​နှုတ်ဆက်လိုက်တယ် "အဖွားနေကောင်းရဲ့လား?"

အမျိုးသမီးကြီးရဲ့အကြည့်တွေကသူ့မျက်နှာကိုဖြတ်သွားပီးအပြုံးတွေကလဲပိုပီးထင်ရှားလာတယ် "ကောင်းပါတယ်"

သူကလုရှင်းစစ်ကိုကြည့်ပီးအပြစ်တင်နေသလိုမျိုးပြောတယ် "ဖွားရဲ့မွေးနေ့တုန်းကတောင်မလာ​ပဲသူ့ဆီမှာရောက်နေတာမထူးဆန်းပါဘူး မင်းမားပြောသလိုဆို မင်းမနေ့ကHai Cheng ကိုသွားပီလူသွားခေါ်တယ်ဆို"

သွမ့်ကျားရန်ကသူမဘာတွေပြောနေလဲဆိုတာနားမလည်တဲ့အတွက် ဘေးနားကလုရှင်းစစ်ကိုကြည့်လိုက်တယ်။

လုရှင်းစစ်ကသူ့ရဲ့အမူအရာကိုတွေ့တော့ လက်ကိုခါလိုက်တယ်။

လုရှင်းစစ်ကသူမကိုပြောလိုက်တယ် "သားသူ့ကိုသွားခေါ်တာ ဖွားကသူနဲ့ရင်းနှီးအောင် ပီးတော့ သူ့ကိုဆယ်စုနှစ်တွေတိုင်အောင်ကြည့်ရမှာ"

အမျိုးသမီးကြီးက သူတို့ပြောတာကိုအာရုံစိုက်နေတဲ့ သွမ့်ကျားရန်ကိုလှမ်းကြည့်လိုက်တယ်။ ပီးတော့ သူကတိုးတိုးလေးပြောလိုက်တယ် "ဒီကလေးလေးကကြည့်ကောင်းပီး ကောင်းကောင်းမွန်​မွန်လေးကြီးပြင်းလာရတာပဲ မင်းမားပြောတာအရဆို စိတ်ထားလေးကလဲအရမ်းကောင်းတယ်တဲ့"

သွမ့်ကျားရန်: " ... "

ဒီအချိန်မှာ အဖွားရှေ့မှာ စိတ်ထားကောင်းကောင်းလေးထားရမယ်လို့ သွမ့်ကျားရန်ဆုံးဖြတ်လိုက်တယ်။

ညစာစားပီးတော့ လုရှင်းစစ်ရဲ့အဖွားကရောက်လာပီး သွမ့်ကျားရန်ကိုဟုန်ပေါင်းအထူကြီးပေးတယ်။ သွမ့်ကျားရန်အံ့ဩသွားပီး​သူမကိုကျေးဇူးတင်စကားပြောလိုက်တယ်။

"ဒါကအဖိုးနဲ့အတူရောပေးတာ" သူကခနလောက်ရပ်သွားပီဆက်ပြောတယ် "ရှင်းစစ်ကပထမဆုံးအိမ်ကိုလူခေါ်လာဖူးတာပဲ သူအရင်တုန်းကတစ်ယောက်ကိုမှမကြိုက်ဖူးဘူး သူမှာတကယ်လို့ကောင်းကောင်းမွန်မွန်မလုပ်တတ်တာတွေရှိရင် သားကသည်းခံပေးပါအုံး"

"မဟုတ်ပါဘူး သူကတကယ်တော်ပါတယ်"သွမ့်ကျားရန်ကအရမ်းယဥ်ယဥ်ကျေးကျေးလေးပြောနေတယ် "သားတို့... သားတို့ကအချင်းချင်ကူညီဖေးမနေကြပါတယ်"

"ဒါကသူလုပ်သင့်တဲ့အရာပါပဲ" အမျိုးသမီးကတကယ်ကိုနူးညံ့ညင်သာတယ် "သားအားတယ်ဆိုရင် ဒီကိုလာကစားလို့ရတယ်"

သူတို့တွေစကားပြောပီးသွားတော့ ကျန်းယောင်ကသူ့ကိုအခန်းတစ်ခုဆီခေါ်သွားတယ်။

သူ့အခန်းနဲ့လုရှင်းစစ်အခန်းကအရမ်းနီးတယ်။သွမ့်ကျားရန်ကအခန်းထဲမှာ suitcase ဖွင့်ပီး အဝတ်အစားလဲဖို့ရှာနေတယ်။တစ်ယောက်ယောက်ကအပြင်ကနေတံခါးလှမ်းခေါက်တယ်။

"ဘယ်သူလဲ?"

"ငါပါ" လုရှင်းစစ်ကတံခါးအပြင်ဘက်မှာ "ငါအထဲဝင်လာလို့ရလား?"

သွမ့်ကျားရန်ဝင်ခိုင်းလိုက်တယ်။

သူအဝတ်အစားတွေရှာနေတာကိုလုရှင်းစစ်တွေ့သွားတယ် "မင်းရေချိုးမလို့လား?"

သွမ့်ကျားရန်ကခေါင်းညိမ့်လိုက်ပီးအဝတ်ဆက်ရှာနေလိုက်တယ်။ သူရှာနေတာနှစ်ခါရှိပီ သူလိုချင်တာကိုအခုထိရှာမတွေ့သေးဘူး။

သွမ့်ကျားရန်မတ်တပ်ရပ်လိုက်တယ် "ငါဒီနေ့ပစ္စည်းတွေထုပ်ပိုးနေရတာနဲ့ပဲ ညဝတ်အင်္ကျီတွေမေ့ကျန်ခဲ့ပီ ငါ့​အမေသာအိမ်မှာ ညဝတ်အင်္ကျီတွေကျန်ခဲ့မှန်းသိရင် ပြောလို့မပီးလောက်တော့ဘူး"

"အာ့ဆိုမင်းညကျရင်ဘာဝတ်အိပ်မှာလဲ?"

"T shirt ပဲဝတ်ရတော့မှာပေါ့" သွမ့်ကျားရန်​ကပြောတယ် "ငါနည်းနည်းထူတဲ့လက်ရှည်အင်္ကျီတွေဝတ်ရမယ်"

သူအဖြူရောင်တီရှပ်တစ်ထည်ဆွဲထုတ်လိုပ်တာကိုလုရှင်းစစ်တွေ့လိုက်တယ်။ သူပြောသလိုပဲ အဲ့တာကိုတကယ်ထူတယ်။

ဒီလိုအဝတ်အစားမျိုးဝတ်အိပ်ရတာ တကယ်မသက်မသာဖြစ်တယ်။ လုရှင်းစစ်ကသူ့suitcase ကိုကြည့်ပီး တစ်ခုခုတွေးမိသွားတယ် "မင်းငါ့ရဲ့ညဝတ်အင်္ကျီတွေဝတ်မလား?"

သွမ့်ကျားရန်သူ့လက်ထဲကအင်္ကျီကိုတစ်လှည့်လုရှင်းစစ်ကိုတစ်လှည့်ကြည့်လိုက်တယ်။နည်းနည်းလောက်တွေဝေသွားပေမဲ့ နောက်ဆုံးမှာ​တော့သူခေါင်းညိမ့်ပြလိုက်တယ်။

သူရေချိုးပီးတော့ နက်ပြာရောင် ညဝတ်အင်္ကျီလေးထဲကိုလက်လျှိုလိုက်တယ်။ သူရှေ့ကညဝတ်အင်္ကျီလေးကိုကြည့်ပီးလုရှင်းစစ်ရဲ့အဝတ်တွေဆိုတာကိုသတိရသွားတယ်။

အဲ့တာကတစ်ဖက်လူရဲ့အသားနဲ့ကပ်နေတယ်လို့တွေးမိတယ်။ အဲ့တာဆို ဒီအဝတ်တွေမှာ alpha ရဲ့ pheromone တွေအများကြီးရောယှက်နေမှာပေါ့...

"Fu*k"သွမ့်ကျားရန်နှာမှုတ်လိုက်တယ်။

သူ သူ့ရဲ့ တီရှပ်ပဲဝတ်လိုက်သင့်လား အဲ့တာကထူတယ်ဆိုပေမဲ့အနည်းဆုံးတော့ ရှုပ်ရှုပ်ထွေးထွေးအတွေးတွေမဖြစ်တော့ဘူးပေါ့။

အဲ့လိုထင်ရတာပါပဲ။

"မင်းပီးသွားပီလား?" လုရှင်းစစ်ကအပြင်ဘက်ကနေ ရေချိုးခန်းတံခါးကိုခေါက်တယ် "တော်တော်ကြာနေပီ"

"ပီးသွားပီ" သွမ့်ကျားရန်ကပြောတယ် "အင်္ကျီဝတ်နေတာ"

အပြင်ဘက်ကကောင်လေးကခနတိတ်သွားတယ်။

"အဝတ်တွေနဲ့တော်ရဲ့လား?" လုရှင်းစစ်ကရုတ်တရပ်မေးလိုက်တယ် "မကြီးဘူးလား?"

သွမ့်ကျားရန်ကမဝတ်ရသေးတဲ့ pajamas လေးကိုကြည့်ပီးပြောလိုက်တယ် "ဝတ်ရတာအဆင်ပြေပါတယ်"

သူဒီအဝတ်တွေကိုဝတ်ရမှာရှက်နေတယ်လို့သူအခုပြောလိုက်သက့်လား? ဒါပေမဲ့အဲ့တိုင်းတွေးမိတော့လဲ အပြင်ဘက်ကလုရှင်းစစ်ကသူ့ကိုဘယ်လိုတောင်လှောင်ရယ်နေမှာလဲ။ လုရှင်းစီကိုပဲရယ်ခိုင်းခွင့်ပြုလိုက်မလား?

ဝတ်လိုက်တော့ အဲ့တာကိုပဲဝတ်လိုက်ပါ​တော့။

သွမ့်ကျားရန်သေချာဆုံးဖြတ်ပီး အင်္ကျီလေးကိုဆွဲယူပီးဝတ်ချလိုက်တော့တယ်။

သူထွက်လာတော့ လုရှင်းစစ်ကအိပ်ရာပေါ်မှာထိုင်ပီဖုန်းကြည့်နေတယ်။

သွမ့်ကျားရန်ရေချိုးခန်းတံခါးကိုဖွင့်ပီးထွက်လာ​တာတွေ့တော့ လုရှင်းစစ်မျက်လုံးပင့်ကြည့်လိုက်တယ်။

အသက်အရွယ်ရလာတာနဲ့ ​alpha နဲ့ omega ကြားကကွာခြားချက်ကပိုပိုကြီးလာတယ်။အထူးသဖြင့်သူတို့အသက်အရွယ်မှာဆို ခန္တာကိုယ်ပုံသဏ္ဍာန်ကသိသိသာသာကိုကွဲပြားလာပီ။

သွမ့်ကျားရန်ကသူ့နဲ့သိပ်မကွာပေမဲ့ အများကြီးပိုပိန်တယ်။ သူနဲ့ကွက်တိဖြစ်နေတဲ့ညဝတ်အင်္ကျီကိုသွမ့်ကျားရန်ဝတ်လိုက်တော့ ကလေးကလူကြီအဝတ်အစားတွေဝတ်​ထားသလိုဖြစ်နေတယ်။

လမ်းလျှောက်ရတာအဆင်မပြေလို့ဖြစ်နိုင်တယ်။ သူကဘောင်းဘီလေးကိုဆွဲမထားတော့ သူရဲ့ဖြူသွယ်သွယ်ခြေထောက်လေးတွေပေါ်နေတယ်။

သူကလမ်းလျှောက်ရင်းဆံပင်ကိုသုတ်နေတယ်။ သူ့ ညဝတ်အင်္ကျီရဲ့လည်ပင်းကလဲနည်းနည်းစိုနေတယ်။

သွမ့်ကျားရန်အဆင်ပြေ​မပြေတော့ မသိဘူး သူကတော့ လှပတဲ့ပုံရိပ်လေးနဲ့သူ့အကြည့်တွေထိပ်တိုက်တွေ့တဲ့အခါမှာ လည်ချောင်းကသတိမထားမိဘဲလိမ့်လိမ့်နေတယ်။

အဲ့ဒါကစိတ်လှုပ်ရှားနေတာမျိုးပေါ့။

လုရှင်းစစ်ကဘာမှမပြောဘဲ သူ့အကြည့်တွေကသူ့ဆီကနေချော်ထွက်မသွားဘူး။ သွမ့်ကျားရန်သူ့နားလေးကဖြတ်လာ​တော့ ခြေထောက်တွေကိုဆန့်ထုတ်လိုက်​တော့ မထင်မှတ်ဘဲသူ့ကိုတားမိသလိုဖြစ်သွားတယ်။

သွမ့်ကျားရန်ကသူခြေထောက်ကိုရုတ်တရပ်ကြီးဆန့်ထုတ်လိုက်မယ်လို့ထင်မထား​တော့ ဟန်ချက်မညီဖြစ်သွားပီး လုရှင်းစစ်ရဲ့လက်မောင်းတွေကြားထဲကိုရောက်သွားတယ်။

ကျတဲ့အရှိန်ကမသေးတော့ လုရှင်းစစ်နဲ့အတူအိပ်ယာပေါ်ကိုတည့်တည့်ကျသွားတယ်။လုရှင်းစစ်ရဲ့ဖုန်းကလဲအိပ်ယာဘေးကိုကျသွားတယ်။

သူသွမ့်ကျားရန်ကိုဒီပုံစံအတိုင်းဖက်ထားရာကနေလှိမ့်ချလိုက်ပီးတစ်ဖက်လူကိုဖိထားလိုက်တယ်။ သူရဲ့လက်ချောင်းလေးတွေကသွမ့်ကျားရန်ရဲ့နားအောက်စွန်းလေးကိုညင်ညင်သာသာလေးထိတွေ့နေတယ်။

သူ့ရဲ့omega လကရုန်းကန်ချင်နေတာကိုတွေ့တော့ သူကသွမ့်ကျားရန်ကိုပြောလိုက်တယ် "မလှုပ်နဲ့ ငါ့ကိုကြည့်ခွင့်ပေး"

တစ်ယောက်ရဲ့အသံရှူသံကိုတစ်ယောက်ကြားရလောက်လုနီးပါးကိုသူတို့နှစ်ယောက်ကနီးကပ်နေကြတယ်။

သွမ့်ကျားရန်ကနည်းနည်းတောင့်တင်းသွားပီးနှုတ်ခမ်းတွေကိုတင်းလိုက်တယ်။ သူရှက်နေပီ "ဘာကိုကြည့်မှာလဲ?"

"မင်းကိုကြည့်မှာ" လုရှင်းစစ်ကဒီအနေအထားအတိုင်းသူ့ကိုကြည့်နေတယ် "မင်းကငါ့ရဲ့အဝတ်အစားတွေဝတ်ထားတယ်"

လုရှင်းစစ်ရဲ့မျက်လုံးတွေကမရှင်းမလင်းအရိပ်အယောင်တွေပေါ်လာပီး သူ့မျက်နှာပေါ်က​ရေးတေးတေး​အပြုံးကြောင့် သူ့ကြည့်ရတာအရမ်းစိတ်ဝင်သားနေပုံပေါ်တယ်။

" ... " သွမ့်ကျားရန်ခေါင်းကိုလှည့်လိုက်ပီးသူ့ကိုမကြည့်တော့ဘူး "ကြည့်လို့ဝပီလား?"

လုရှင်းစစ်ကသူ့မေးတာကိုပြန်မဖြေဘဲ သူ့မျက်နှာကိုစောင်းကြည့်ပီးသူနဲ့တိုင်ပင်နေတယ် "မနက်ဖြန်ကျဧည့်သည်တွေလာမှာ ငါမင်းကိုအချိန်ပြည့်ကြည့်နေလို့မရလောက်ဘူး ငါမင်းကိုယာယီအမှတ်အသားပေးထားရမလား?"

သွမ့်ကျားရန်ခေါင်းညိမ့်လိုက်တယ်။

သူနောက်ကိုလှည့်လိုက်ပီး ခေါင်းအုံးထဲမှာသူ့မျက်နှာကိုမြှုပ်ထားလိုက်တယ်။ သူ့ရဲ့ဖြူဖွေးဖွေး​လည်ပင်းလေးကိုသူ့ဘက်ကအစပြုပီးဖော်ပြလာတယ်။

သူအမှတ်အသားမလုပ်ပေးရတာကြာပီဆို​တော့သွမ့်ကျားရန်ရဲ့လည်ပင်းအသားအရည်လေးကနူးညံ့ချောမွေ့နေပီး အစတုန်းကထားခဲ့တဲ့အရာတွေလဲပျောက်ကုန်ပီ။

လုရှင်းစစ်သူ့ရဲ့လည်ပင်းလေးကိုကြည့်ပီးလိုအင်ဆန္ဒတွေထိုးတက်လာတယ်။

သူ့ရဲ့ gland တွေပေါ်မှာ တစ်သက်စာအမှတ်အသားချန်ထားခဲ့ချင်တယ်။

သူအဲ့တာကိုဘယ်လောက်ကြာကြာစောင့်နေရအုံးမှာလဲ?

လုရှင်းစစ်နည်းနည်းတော့စိတ်ပျက်နေတယ်။

နောက်ထပ်နှစ်နည်းနည်းလောက်စောင့်ပီးလို့ သူမထိန်းနိုင်တော့ရင်....

အမှတ်အသားပေးနေတဲ့အချိန်မှာ သွမ့်ကျားရန်ကမျက်လုံးတွေကိုမှိတ်ထားတယ်။

ဒါကသူနဲ့လုရှင်းစစ်ကြားမှာလေးကြိမ်မြောက်အမှတ်အသားပေးခြင်းပဲ။

Omega ပဲဖြစ်ဖြစ် Alpha ပဲဖြစ်ဖြစ် ယာယီအမှတ်အသားရဲ့အကျိုးသက်ရောက်မှုတွေပေါင်းစပ်ကုန်တာပါပဲ။

အစတုန်းကလုရှင်းစစ်ကထိန်းချုပ်ထားပေမဲ့နောက်ပိုင်းကျပိုပီးကြမ်းလာတယ်။ သူအိပ်ယာထဲမှာသေမတတ်အတင်းအလုပ်ခံနေရတယ်။(mark လုပ်တာပါ😑)

သွမ့်ကျားရန်အိပ်ယာခင်းတွေကိုအတင်းဆွဲဆုပ်ထားတယ်။နောက်ဆုံးမှာတော့ သူမထိန်းနိုင်ဘဲလည်ချောင်းထဲကနေအသံနိမ့်နိမ့်လေးထွက်လာတယ်။

သူ့အသံကalpha ကိုလှုံ့ဆော်ပေးနိုင်ပုံရတယ်။ သူ့လည်ပင်းကိုကိုက်တဲ့အားကပိုပိုပီးများလာတယ်။

ယာယီအမှတ်အသားပေးပီးတဲ့အခါမှာ​တော့ သွမ့်ကျားရန်ပုံမှန်ပြန်ဖြစ်ဖို့အိပ်ယာထဲမှာအချိန်ခနလောက်ယူလိုက်ရတယ်။

သူခေါင်းကိုပွတ်လိုက်ပီးဖြည်းဖြည်းလေးထလိုက်တယ်။ ရုတ်တရပ်တစ်ဖက်လူကမေးလိုက်တာကိုကြားလိုက်တယ် "ငါညကျဘယ်မှာအိပ်ရမလဲ?"

သွမ့်ကျားရန်မရှင်းမလင်းဖြစ်သွားတယ် "မင်းကမင်းအခန်းမှာမအိပ်ဘူးလား?"

လုရှင်းစစ်ကသူ့ကိုတစ်ချက်ကြည့်လာတယ်။

သူလုရှင်းစစ်နဲ့အိပ်ရတာတကယ်စိတ်ထဲမှာဘယ်လိုမှမနေပါဘူး။ ဒါပေမဲ့ကျန်းယောင်ကိုတွေးမိတော့ သူလုရှင်းစီစ်ကိုမအိပ်ခိုင်းသင့်ဘူး "မင်းမားကငါ့အတွက်တစ်ခန်းသပ်သပ်စီစဥ်ပေးထားတာလေ"

"သူကငါဘာလုပ်ချင်ဆိုတာကိုမသိဘူးလို့မင်းတကယ်ထင်နေတာလား?" လုရှင်းစစ်ကသူ့ကိုအပြုံးတစ်ခုနဲ့ပြောတယ် "သူသော့တွေကိုဘယ်မှာထားလဲဆိုတာငါသိတာပဲ ငါအိမ်ထဲတောင်ရောက်နေပီကိုခိုးပီးလုပ်နေရအုံးမှာလား?"

အဲ့ဒါကမှန်တယ်လို့သွမ့်ကျားရန်လဲတွေးမိတယ်။

ဒါပေမဲ့သူများအိမ်မှာ အရမ်းမရိုးသားသလိုမျိုးမဖြစ်ချင်ဘူး။ ပီးတော့သူကဒီကိုပထမဆုံးရောက်ဖူးတာလေ။ တကယ်လို့မအိပ်ခင်မှာကျန်းယောင်ကလုရှင်းစစ်အခန်းကိုလာကြည့်ပါပီတဲ့ လုရှင်းစစ်ရဲ့အခန်းထဲမှာ ဘယ်သူမှမရှိဘူးဆိုတာကြီးကတော့မသင့်တော်ဘူးလေ။

"အာ့ဆို မင်းညလယ်လောက်မှပြန်လာခဲ့" သွမ့်ကျားရန်ခေါင်းညိမ့်ပြတယ် "ငါမင်းအတွက်တံခါးဖွင့်ပေးထားမယ်"

" ... "

"အဲ့တာကလဲစိတ်လှုပ်ရှားစရာကောင်းပါတယ်" သွမ့်ကျားရန်ကသူ့ကိုချော့မော့ဖို့ကြိုးစားနေတယ် "မင်းဒီလိုမျိုးဆိုလဲ ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့ခံစားချက်မျိုးရမှာပဲ အဲ့တာကတစ်သက်မှာတစ်ခါပဲဖြစ်မှာနော် မင်းဘယ်လိုထင်လဲ?"

လုရှင်းစစ်ကသူ့ကြောင့်ရီချလိုက်မိလုနီးပါပဲ။

သူသွမ့်ကျားရန်ရဲ့ခါးကိုလက်တစ်ဖက်နဲ့ပွေ့လိုက်ပီး လက်တစ်ဖက်ကသူ့ရဲ့လည်ပင်းလေးကိုဖွဖွလေးဖိထားတယ်။

အမှတ်အသားလုပ်ပေးတဲ့အချိန်မှာ အဲ့ဒီနားကအသားကအရမ်း sensitive ဖြစ်တယ်။

"အားရယ်" သူခေါ်လိုက်တယ်။

သွမ့်ကျားရန်တစ်ယောက်ကတော့ ဦးနှောက်ကိုလျှပ်စစ်စီးသွားသလိုခံစားလိုက်ရတယ်။

သူ့ရဲ့မျက်လုံးတွေကမျက်ရည်လေးတွေဝိုင်းနေပီး လုရှင်းစစ်ကိုကြည့်လိုက်တယ်။

တစ်ဖက်လူကသူ့ရဲ့လက်ဖဝါးကိုသူ့ရဲ့လည်ကုပ်ပေါ်ကိုတင်လိုက်တယ်။အဲ့ဒီလိုခြိမ်းခြောက်တဲ့အပြုအမူနဲ့အတူသူ့ရဲ့အသံကဖွဖွနှေးနှေးလေးကိုမှ သနားစရာကောင်းသလိုပုံလေးပါပြသလာတယ် "ငါ့ကိုမင်းနဲ့အတူအိပ်ခွင့်ပြုပါနော်"

" ... "

သွမ့်ကျားရန်သူ့ကိုယ်သူလွင့်ထွက်သွားသလိုတောင်ခံစားရတယ်။

✨—————✨

Zawgyi

သြမ့္က်ားရန္တစ္ေယာက္ဖူ႔ယြမ္တံခါးလာေခါက္မွနိုးလာတယ္။

ဖူ႔ယြမ္ကအျပင္ဘက္ကေနတစ္ခုခုေျပာေနပုံရတယ္။ သူ႔ကို​ဖက္ထားတဲ့လူဆီကအသံသဲ့သဲ့ေလးထြက္လာပီး သူ႔ကိုလႊတ္ေပးတယ္။

အိပ္တစ္ဝက္နိုးတစ္ဝက္အေျခအေနမွာလုရွင္းစစ္ကထပီးတံခါးဖြင့္ေပးတာကိုၾကားလိုက္တယ္။

လုရွင္းစစ္နဲ႔ဖူ႔ယြမ္ရဲ့အသံကအရမ္းေသးတယ္။ လုရွင္းစစ္ကသူအဆင္ေျပတယ္ဆိုပီးေျပာေနတာကိုေတာ့ သြမ့္က်ားရန္ေရးေရးေလးၾကားရတယ္။

အဲ့ဒီစကားေတြကိုသူ႔ကိုရည္ညႊန္းတယ္ဆိုတာသိလိုက္ေတာ့ သြမ့္က်ားရန္ကေလထုထဲကpheromone နံ့ေလးကို႐ူရွိုက္လိုက္တယ္။ အိပ္ထားတာေၾကာင့္မသက္မသာျဖစ္တာေတြကလဲသက္သာသြားတယ္။

မေန႔ညတုန္းကသူ႔ကိုယ္ေပၚမွာနာက်င္မွုကလဲဘာအႂကြင္းအက်န္မွမရွိဘဲေပ်ာက္ကြယ္သြားတယ္။ သူ​မ်က္ေတာင္ခတ္လိုက္ပီးေခါင္းအုံးေပၚမွာပဲလွဲေနလိုက္တယ္။

သူ႔မ်က္ႏွာေပၚကိုအရိပ္တစ္ခုက်လာပီး သူ႔မ်က္လုံးေအာက္နားေလးကိုလက္ဖ်ားေႏြးေႏြးေလးကလာပြတ္ေတာ့ သြမ့္က်ားရန္မ်က္လုံးဖြင့္လိုက္တယ္။

"ဘယ္အခ်ိန္ရွိသြားပီလဲ?" သူပင္ပန္းေနတုန္းပဲ။

"10:30" လုရွင္းစစ္အသံကအရမ္းရွင္းလင္းတယ္။ သူခနေနရင္ထသင့္တယ္လို႔သူထင္လိုက္တယ္ "ထေတာ့မလား?"

သြမ့္က်ားရန္ေခါင္းညိမ့္ျပလိုက္တယ္။

သူမေန႔ညကအေၾကာင္းအရာအေတာ္မ်ားမ်ားကိုမွတ္မိတယ္။ သူအိပ္ရာေပၚမွာထပ္မအိပ္နိုင္ေတာ့ဘူး။.သူတစ္ဖက္ကိုလွိမ့္ခ်လိုက္ပီး ဖိနပ္စီးေနတုန္းတစ္ခုကိုသတိရသြားတယ္ "မင္းမွာကိုယ္လက္သန္႔စင္ဖို႔ပစၥည္းေတြဝယ္ပီးသြားပီလား?"

"အန္တီကမေန႔ညကရွာေပးထားတယ္"

သြမ့္က်ားရန္ေခါင္းညိမ့္လိုက္တယ္။

သူဖိနပ္စီးလိုက္ပီးကိုယ္လက္သန္႔စင္ဖို႔သြားလိုက္တယ္။

ေနာက္က်ေနပီျဖစ္လို႔ ဖူ႔ယြမ္ကသူတို႔ကိုနင္းခ်န္မသြားခင္တစ္ခုခုစားဖို႔ေျပာခဲ့တယ္။

ဖူ႔ယြမ္ကသြမ့္က်ားရန္ထိုင္စားေနတာကိုၾကည့္ရင္း မ်က္လုံးေအာက္ကအညိဳေရာင္အဝိုင္းႀကီးကိုၾကည့္လိုက္တယ္။

သူအသားကျဖဴတဲ့အတြက္ သူတစ္ေန႔ေလးညဥ့္ေနာက္ေအာင္ေနလိုက္တာနဲ႔ မ်က္ကြင္းညိိုညိဳေတြကသတိျပဳေလာက္စရာျဖစ္သြားတယ္။

သူမေန႔ညတူန္းကသြမ့္က်ားရန္ရဲ့အခန္းတံခါးကိုအႀကိမ္ႀကိမ္လာေခါက္တာကိုတုံ႔ျပန္မွုမရွိတာကိုသတိရသြားတယ္။ သူေနာက္ဆုံးတံခါးကိုဖြင့္ၾကည့္လိုက္ေတာ့ သြမ့္က်ားရန္ကအိပ္​ရာေပၚမွာျဖဴေဖ်ာ့ေနပီ။ သူခနေလာက္ဗလာျဖစ္သြားပီးေနာက္မွျပန္သတိဝင္ေတာ့ အေရးေပၚခန္းကိုျမန္ျမန္သြားလိုက္ရတယ္။

ဆရာဝန္ကသြမ့္က်ားရန္ရဲ့အေရျပားေပၚကအနီကြက္ေတြကိုေတြ႕ေတာ့ stress disoder ေၾကာင့္ျဖစ္ပီး ျဖစ္ေနတာၾကာေလာက္ပလို႔ေျပာတယ္။

Hai Cheng ေဆး႐ုံမွာ isolation room ရွာရခက္တဲ့အတြက္ သူငယ္ခ်င္းတစ္ေယာက္ကိုကူညီဖို႔ဆက္သြယ္ေနခ်ိန္မွာ ​ဖုန္းနံပါတ္စိမ္းတစ္ခုကေခၚလာတယ္။

ဖုန္းရဲ့တစ္ဖက္မွာေကာင္ေလးတစ္ေယာက္ရွိေနတယ္။ သူကသြမ့္က်ားရန္ရဲ့အတန္းေဖာ္ျဖစ္ေၾကာင္းေျပာတယ္။ ပီးေတာ့ သြမ့္က်ားရန္ရဲ့ stress disorder ကလဲသက္သာမွာျဖစ္ေၾကာင္းေျပာတယ္။

ပီးေတာ့သက္သာတာကအဲ့ေကာင္ေလးရဲ့ pheromone ေၾကာင့္တဲ့။

သူတို႔ေတြေတြ႕ေတာ့ လုရွင္းစီစ္ကသူ႔ကို Ning Chengတုန္းက match report ကိုျပတယ္။​ဆရာဝန္ကအဲ့တာကိုျမင္​ေတာ့ သူ႔ pheromone ေတြက သြမ့္က်ားရန္ရဲ့အေျခအေနကိုသက္သာေစပီး isolation room မွာေနတာထက္ပိုပီး အက်ိဳးသက္ေရာက္မွုရွိတယ္လို႔ေျပာတယ္။

ဆရာဝန္ရဲ့အၾကဳံျပဳခ်က္အတိုင္းသြမ့္က်ားရန္ကိုအိမ္ကိုျပန္ေခၚလာပီး လုရွင္းစစ္နဲ႔တစ္ညအတူတူအိပ္ခိုင္းခဲ့တယ္။

ဖူ႔ယြမ္မနက္စာအတူတူစားေနတဲ့ေကာင္ေလးႏွစ္ေယာက္ကိုၾကည့္လိုက္တယ္။ သြမ့္က်ားရန္ကလုရွင္းစစ္ရဲ့လက္ေမာင္းကိုကိုင္လိုက္ပီး လိေမၼာ္ရည္ခြက္ေလးယူေပးဖို႔ညႊန္ျပတယ္။

လုရွင္းစစ္ကလဲသြမ့္က်ားရန္အတြက္ခ်က္ခ်င္း လိေမၼာ္ရည္ခြက္ေလးယူေပးတယ္။

ဖူ႔ယြမ္ကသူတို႔ႏွစ္ေယာက္ၾကားကဆက္ဆံေရးကိုေတြ႕ေတာ့ အေစာတုန္းကစိတ္ထဲကသိတ္ပူစရာေတြလဲနည္းနည္းသက္သာသြားတယ္။

သူမေန႔ညတုန္းကလုရွင္းစစ္ရဲ့နာမည္ကိုၾကား​ေတာ့ အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကိုနားလည္သြားခ်င္တယ္။

အလုပ္ခ်ိန္မဟုတ္တာ​ကိုေတာင္ Ning Chengက ေဆး​စစ္ခ်က္ကိုရေအာင္ယူနိုင္တယ္။ အဲ့ဒီအရင္တုန္းကလဲေခ်ာင္းနန္ရဲ့ကိစၥကိုလုရွင္းစစ္တို႔ကပဲၾကားဝင္ေျဖရွင္းခဲ့တာ...ဖူ႔ယြမ္သူ႔ေရွ႕ကသိမ္ေမြ႕ပီး ယဥ္ယဥ္ေက်းေက်းေကာင္ေလးကိုၾကည့္လိုက္တယ္။ သူ႔ကိုေက်းဇူးတင္စကားေျပာတဲ့အခါမွာမထိန္းနိုင္ဘဲ နည္းနည္းစိုးရိမ္မွုေတြျမင့္တက္လာတယ္။

လုမိသားစုရဲ့ဆက္ခံသူကငယ္ရြယ္ေပမဲ့လဲ အနာဂတ္မွာဘယ္လိုမ်ိဳးျဖစ္ထြန္းလာမလဲဆိုတာၾကည့္႐ုံနဲ႔တင္သိနိုင္တယ္။ သြမ့္က်ားရန္သာသူနဲ႔အတန္းေဖာ္ေတြမျဖစ္ခဲ့ဘူးဆိုရင္ သူတို႔ရဲ့မိသားစုကဒီလိုမ်ိဳးလူတစ္ေယာက္နဲ႔ဆက္ဆံဖို႔ဆိုတာမျဖစ္နိုင္ဘူး။

သူ႔ေရွ႕ကေကာင္ေလးရဲ့အေျခအေနကေကာင္းမြန္ပီးေတာ့ သူကိုယ္တိုင္ကလဲထက္ျမက္တယ္။ သူသြမ့္က်ားရန္ခံစားရမွာကိုနည္းနည္းစိုးရိမ္ေနတယ္။

ေနာက္ဆုံးမွာ​ေတာ့ alpha တစ္ေယာက္က omega အမ်ားႀကီးကိုအမွတ္အသားလုပ္လို႔ရေပမဲ့ omega ကေတာ့တစ္သက္လုံး alpha ​တစ္ေယာက္ရဲ့ပိုင္ဆိုင္ျခင္းပဲခံရမွာ။ဥပေဒကတစ္လင္တစ္မယားစနစ္ျပဌာန္းထားေပမဲ့လဲ ကိုယ္လုပ္ခ်င္သလိုလုပ္ေနၾကတာ။ ခ်မ္းသာေလေလ မသက္မသာျဖစ္ေစတဲ့အရာေတြမ်ားလာေလပဲ။

လုရွင္းစစ္က Ning Chengကေနညတြင္းခ်င္းလာခဲ့သလို သူမကိုသံယေတြရွင္းေအာင္လဲ ေဆးစစ္ခ်က္ကိုျပခဲ့တယ္။ သူကိုယ္တိုင္ပဲအစိုးရိမ္လြန္ေနတာျဖစ္မွာပါ။

သူ႔မေန႔ညကအဲ့ဒီအေၾကာင္းကိုတစ္ညလုံးေတြးေနတာအိပ္လို႔ေတာင္မေပ်ာ္ခဲ့ဘူး။ သြမ့္က်ားရန္ကိုတကယ္သံသယလြန္ေနခဲ့တာ။မနက္ေရာကေတာ့ သူသြမ့္က်ားရန္အခန္းတဲခါးကိုဖြင့္ပီသူတို႔ကိုသြား​ၾကည့္ခဲ့ေသးတယ္။

ႏွစ္ေယာက္သားကအတူတူအိပ္ေနပီး လုရွင္းစစ္ရဲ့လက္ေမာင္းကသြမ့္က်ားရန္ရဲ့ပခုံးေပၚကိုတင္ထားတယ္။သူအဲ့တာေလးပဲေတြ႕ခဲ့တယ္။

မေန႔ညတုန္းက လုရွင္းစစ္ကသြမ့္က်ားရန္ကိုNing Cheng ကိုျပန္ေခၚသြားမယ္လို႔ေျပာခဲ့တယ္။ သူနည္းနည္းေတြေဝေနေသးေပမဲ့စိတ္ထဲမွာ​ေတာ့ အစီအစဥ္တစ္ခုရွိတယ္။

သြမ့္က်ားရန္မနက္စာစားပီးတာကိုေစာင့္ပီးေတာ့ အခန္းထဲကိုတစ္ေယာက္တည္းလာခဲ့ဖို႔ေျပာလိုက္တယ္။

သူမကသူ႔ကိုနည္းနည္းပင္ပန္းပုံေပၚေနတဲ့ပုံစံနဲ႔ၾကည့္ပီး ႏူးႏူးညံ့ညံ့ေလးေမးလိုက္တယ္ "သားမွာ stress disorder ျဖစ္ေနတာကိုမားကိုဘာလို႔မေျပာခဲ့တာလဲ?"

"မားစိတ္ပူေနမွာစိုးလို႔ပါ" သြမ့္က်ားရန္ကသူမကိုယ္သူမအျပစ္မတင္တာေတြ႕မွာ နည္းနည္းသက္သက္သာသာျဖစ္သြားတယ္ "ပီးေတာ့ Ning Chengမွာတုန္းက လုရွင္းစစ္နဲ႔သြားျပေတာ့ ဆရာဝန္ကသူကသားရဲ့ stress disorder ကိုသက္သာေအာင္ကူညီေပးနိုင္တယ္တဲ့ အဲ့တာနဲ႔သားလဲ​ဒီအေၾကာင္းကိုမားကိုမေျပာလဲရတယ္ဆိုပီေတြးလိုက္တာ"

"အဲ့တာကအရမ္းရွုပ္ေထြးတယ္" ဖူ႔ယြမ္ကေခါင္းခါလိုက္တယ္ "သားအဲ့ဒီအခ်ိန္တုန္းကသူ႔ကိုမေတြ႕ခဲ့ဘူးဆို သားမွာမေတာ္တဆတစ္ခုခုျဖစ္သြားနိုင္တယ္"

သူကေျပာရင္းမ်က္ေမွာင္က်ဳံ႕လိုက္တယ္ "အဲ့တာေတြကမားကိုအျပစ္တင္ရမွာပါ အလုပ္ေၾကာင့္ေရာ သားညီေလးေၾကာင့္ေရာ လြန္ခဲ့တဲ့ေျခာက္လလုံး... သားကိုအမ်ားႀကီးဂ႐ုမစိုက္နိုင္ခဲ့ဘူး"

သြမ့္က်ားရန္ကသူမမ်က္လုံးေတြထဲကသူ႔ကိုယ္သူအျပစ္တင္ေနတာကိုေတြ႕ေတာ့ ျမန္ျမန္သူ႔လက္ကိုဆြဲလိုက္တယ္ "မား အဲ့လိုႀကီးမေျပာပါနဲ႔"

ဖူ႔ယြမ္ကေျပာတာရပ္ပီး သူေက်ာေလးကိုပုတ္ေပးတယ္။

"အဲ့တာကိုမေျပာ​ေတာ့ဘူး" သူကအေၾကာင္းအရာကိုေျပာင္းလိုက္တယ္ "သားရဲ့အတန္းေဖာ္အေၾကာင္းေျပာရေအာင္"

သြမ့္က်ားရန္ကသူမမသိမွာကိုစိုးရိမ္ေနတယ္ "သူနဲ႔သားနဲ႔ကဟိုေလ-"

သူကခနတန္႔လိုက္ပီး သူ႔ပုံစံကပုံမွန္မဟုတ္ဘူး "အတြဲေတြ"

ဖူ႔ယြမ္ကအဲ့တာကိုၾကားေတာ့ ျပဳံးလိုက္တယ္ "မားသိပါတယ္ သူေျပာပီးသြားပီ"

ဒီႏွစ္ေယာက္ကဘယ္လိုေလးေတြမွန္းမသိဘူး။ stress disorder ကိုကုသေပးေတာ့လဲအကူအညီေတာင္းတယ္။ အခုက်ေတာ့ အတြဲေတြလို႔ေျပာရမွာကိုရွက္ေနတယ္။

သြမ့္က်ားရန္ႏွာမွုတ္လိုက္တယ္။သူကႏွာေခါင္းေလးကိုေနာက္တစ္ခါထပ္ထိပီး သူကိုစိုက္ၾကည့္ေနတယ္။

သူစိတ္လွုပ္ရွားေနတာကိုၾကည့္ပီးဖူ႔ယြမ္ေခါင္းခါလိုက္တယ္။ သူျပဳံးပီးသြမ့္က်ားရန္လက္ေလးကိုကိုင္ပီးဖ်စ္လိုက္တယ္။

ခနေလာက္ၾကာ​ေတာ့ သူမကျဖည္းျဖည္းေလးေျပာလိုက္တယ္ "အဲ့တာကေကာင္းပါတယ္ သူ႔မွာသားကိုေစာင့္ေရွာက္ေပးနိုင္စြမ္းရွိတယ္ ပီးေတာ့ သူကသားအေပၚကိုအရမ္းေကာင္းတယ္"

သြမ့္က်ားရန္ကိုၾကည့္ပီး ဖူ႔ယြမ္ရဲ့စကားေတြကေျပာင္းလဲသြားျပန္တယ္။

"ဒါေပမဲ့ သူကAlpha တစ္ေယာက္" ဖူ႔ယြမ္ကပရိယာယ္သုံးပီးေျပာတယ္ "သားကိုယ့္ကိုယ္ကို ကာကြယ္ဖို႔လဲသင္ယူမွျဖစ္မယ္ေနာ္"

သြမ့္က်ားရန္ရဲ့ ညဝတ္အကၤ်ီေတြကရွပ္အကၤ်ီပုံစံေလး။ သူက​ည​ကဟိုလွိမ့္ဒီလွိမ့္အိပ္ထားေတာ့ ဖရိုဖရဲျဖစ္ေနတဲ့ အကၤ်ီလည္ပင္းေၾကာင့္ ျဖဴေဖြးေခ်ာေမြ႕​တဲ့လည္ပင္းေလးကိုျမင္ေနရတယ္။

သူကအဲ့တာေတြနဲ႔လြတ္လြတ္ကင္းကင္းရွိေပမဲ့လဲ ဖူ႔ယြမ္က AO ကိစၥေတြကိုစိုးရိမ္​ေနေသးတယ္။ သူလဲအဲ့တာကိုအာ႐ုံစိုက္ထားသင့္တယ္။

"Stress disorder ျဖစ္ေနတဲ့omega တစ္ေယာက္က gland ေတြလဲေသခ်ာမဖြံ့ၿဖိဳးေသးဘူး အရြယ္ေရာက္တဲ့အခ်ိန္မတိုင္ခင္မွာ ကိစၥေတြအမ်ားႀကီးကိုခံနိုင္ရည္မရွိဘူး" သူကေျပာလိုက္တယ္ "အရမ္းႀကီးဒုကၡမခံနဲ႔"

သူမအဲ့တာကို႐ုတ္တရပ္ႀကီးထေျပာလိမ့္မယ္လို႔သြမ့္က်ားရန္ေမၽွာ္လင့္မထားဘူး။

"မဟုတ္ပါဘူး သားတို႔ကဘာျဖစ္လို႔လဲ မားဘယ္လိုလုပ္အဲ့တာကိုေတြးေနတာလဲ?"သြမ့္က်ားရန္သူ႔ေမေမကအဲ့ဒီအေၾကာင္းပိုေျပာတာၾကားေတာ့ သူ႔နားေတြပူလာတယ္ "သားတို႔မလုပ္-"

"ဟုတ္ပါပီ" ဖူ႔ယြမ္ကိသူ႔စကားကိုျဖတ္ေျပာလိုက္တယ္ "မားကသားကိုသတိေပးတာပါ သားတို႔ႏွစ္ေယာက္လုံးကလိမၼာ​တဲ့ကေလးေလးေတြမွန္းမားသိပါတယ္"

" ... "သြမ့္က်ားရန္စကားမေျပာနိုင္ျဖစ္သြားတယ္။

"သူတို႔မိသားစုအိမ္ကိုသြားရင္ ယဥ္ယဥ္ေက်းေက်းေလးဘယ္လိုျပဳမူရမလဲဆိုတာသိရမယ္" ဖူ႔ယြမ္ကသူ႔နားရြက္ေတြနီေနတာေတြ႕ေတာ့ တိုးတိုးေလးေျပာလိုက္တယ္ "မားမနက္တုန္းက ပစၥည္းအသစ္ေလးေတြဝယ္ရေအာင္သြားေသးတယ္ အဲ့တာေတြကိုျပန္ရင္ယူသြားေနာ္ သူ႔ေမေမကိုပိုပီးေက်းဇူးတင္ေၾကာင္းေျပာလိုက္အုံး သူမေၾကာင့္မဟုတ္ရင္ သူမေန႔ညကလာနိုင္မွာေတာင္မဟုတ္ဘူး"

"ခုတေလာ ယြင္ေလးရဲ့အေျခအေနကအမ်ားႀကီပိုတည္ၿငိမ္လာတယ္ ဒီကိစၥေတြေကာင္းေကာင္း​ၿပီးသြားရင္ သူတို႔မိသားစုကိုသြားပီးေက်းဇူးတင္စကားေျပာလိုက္မယ္"

ဖူ႔ယြမ္ကျဖည္းျဖည္းခ်င္းေျပာေနေပမဲ့ေကာင္းေကာင္းဆုံးျဖတ္ထားတာကိုသြမ့္က်ားရန္ေတြ႕လိုက္တယ္။သူမေန႔တုန္းကလုရွင္းစစ္နဲ႔ေျပာသလိုပဲ ဖူ႔ယြမ္ကသူ႔ရဲ့ stress disorder အေၾကာင္းသိရင္ ေသခ်ာေပါက္သူတို႔အိမ္ထိသြားပီးေက်းဇူးတင္မွာ။

အဲ့တာကအရမ္းႀကီးျမန္ျမန္မဟုတ္ေပမဲ့လဲ တကယ္ျဖစ္လာပီ။

Ning Chengကိုျပန္ေရာက္ေတာ့ ညေနေတာင္ေစာင္းေနပီ။

လုမိသားစုရဲ့အိမ္ေတာ္က Ning Cheng ရဲ့ ေစ်းအႀကီးဆုံးေသာအိမ္ယာေတြရွိတဲ့ Jiangshan Hutong မွာတည္ရွိတယ္။ အျပာေရာင္အုပ္ႂကြပ္ အ​ျဖဴေရာင္တံတိုင္းနဲ႔ ေက်ာက္တုန္းေတြ ျမက္ခင္းေလးေတြနဲ႔ ႀကီးမားတဲ့အိမ္ႀကီးက ဆည္းဆာေနေရာင္ေအာက္မွာ တည္ၿငိမ္တဲ့ပုံစံရွိတယ္။

ၿခံေပါက္ဝေနကဝင္လာပီးတဲ့အခါမွာ အိမ္ထဲေရာက္ဖို႔အတြက္ ပန္းေတြပြင့္ေနတဲ့စႀကႍလမ္းေလးကိုေလၽွာက္လာခဲ့ရတယ္။

ေရာက္လာတဲ့အခ်ိန္ကညစာစားခ်ိန္နဲ႔ကြက္တိက်ေနတယ္။သူတို႔ေရာက္လာတာကိုေတြ႕တဲ့အခါမွာအန္တီႀကီးတစ္ေယာက္ကအသိေပးလိုက္ေတာ့ က်န္းေယာင္ကအိမ္ထဲကေနထြက္လာတယ္။

က်န္းေယာင္ကလုရွင္းစစ္နဲ႔အတူသြမ့္က်ားရန္ကိုေတြ႕ေတာ့ မ်က္လုံးေတြေတာက္သြားပီးျပဳံးျပတယ္ "ရွင္းစစ္ေျပာတာကိုနားေထာင္ရ​သေလာက္ေတာ့ သားကစပ္တဲ့အစားအစာေတြကိုႀကိဳက္တယ္တဲ့ ခနေနရင္စားၾက​မယ္"

"ငါ့မားကလက္ရာေကာင္းတယ္ ဒါေပမဲ့ မီးဖိုေခ်ာင္ထဲတစ္ႏွစ္ေနလို႔မွတစ္ခါေတာင္မဝင္ျဖစ္ေတာ့ဘူး" လုရွင္းစစ္ကေျပာတယ္ "ဒီေန႔မင္းအတြက္ခ်က္ေပးတာပဲ"

သြမ့္က်ားရန္ကအဲ့တာကိုၾကားေတာ့ ပယင္းေရာင္မ်က္လုံးေလးေတြကလျခမ္းေလးလိုေကြးသြားပီးေက်းဇူးတင္လိုက္တယ္ "အန္တီ့ကိုဒုကၡျဖစ္ေစမိပီ"

သူကေခါင္းေလးညိမ့္ပီး သြမ့္က်ားရန္ရဲ့ေပၚေနတဲ့အသားျဖဴျဖဴေလးကိုၾကည့္လိုက္တယ္။ allergy ေၾကာင့္ျဖစ္တဲ့အနီကြက္ေတြကိုမေတြ႕ေတာ့မွပဲ စိတ္ကိုလႊတ္ခ်နိုင္ေတာ့တယ္။

"ျမန္ျမန္ဝင္ခဲ့ေတာ့ေလ" က်န္းေယာင္ကေျပာပီး​အေရွ႕ကိုထြက္သြားေတာ့တယ္။

လုရွင္းစစ္နဲ႔သြမ့္က်ားရန္လဲေနာက္က​လိုက္သြားရင္းဘပခုံးပုတ္ခံလိုက္ရလို႔သြမ့္က်ားရန္ေနာက္ကိုလွည့္ၾကည့္လိုက္တယ္။

လုရွင္းစစ္ကသူ႔ကိုၾကည့္ပီးစေနတယ္ "ဒီေန႔အရမ္းကိုယဥ္ေက်းေနပါလား ငါ့အိမ္ကမင္းကိုသေဘာမက်မွာစိုးလို႔လား?"

သြမ့္က်ားရန္သူ႔ကိုခနေလာက္စိုက္ၾကည့္လိုက္တယ္။

က်န္းေယာင္ကိုလွမ္းၾကည့္​ေတာ့မေတြ႕ေတာ့ဘူး။ သူတံေတာင္ဆစ္နဲ႔လုရွင္းစစ္ကိုတိုက္ခ်လိုက္တယ္။သူဒီလိုစံျပေက်ာင္းသားမ်ိဳးကိုမျမင္ဖူးဘူး။

သူကစာရြက္လွန္တာထက္ျမန္တဲ့အလ်င္နဲ႔ေခါင္းလွည့္ပီးထြက္သြားတာကိုျမင္ေတာ့ လုရွင္းစစ္မထိန္းနိုင္ပဲရယ္လိုက္ပီးေနာက္ကလိုက္သြားတယ္။

အိမ္ထဲကိုေရာက္ေတာ့က်န္းေယာင္ကမီးဖိုခန္းထဲကိုအရင္သြားတယ္။ လုရွင္းစစ္ကိုက်သြမ့္က်ားရန္ကိုဧည့္ခန္းထဲေခၚသြားပီးနားေနဖို႔ေျပာလိုက္တယ္။

ဧည့္ခင္းတစ္ခုလုံးကမင္ေရာင္နဲ႔တင့္တယ္လွပေနတယ္။ မေဟာ္ဂနီေရာင္ ပရိေဘာဂေတြကအကန္႔အကန္႔​နဲ႔ေနရာခ်ထားပီး အပင္စိမ္းစိမ္းေလးေတြနဲ႔အလွဆင္ထားတယ္။

ဧည့္ခန္းရဲ့ေထာင့္နားေလးမွာ အမ်ိဳးသမီးႀကီးတစ္ေယာက္က ပန္းေလးေတြကိုျပင္ေနတယ္။ သူမက ေလ်ာ့ရဲရဲျဖစ္ေနတဲ့ Tang suit ကိုဝတ္ဆင္ထားပီးအျပဳအမူကယဥ္ေက်းတယ္။

သြမ့္က်ားရန္တို႔ဝင္လာေတာ့ သူကပန္းတစ္ခိုင္ကိုျဖတ္ေနတာ။

သူတို႔ကိုေတြ႕ေတာ့အမ်ိဳးသမီးႀကီးကကတ္ေၾကးကို အိမ္အကူအမ်ိဳးသမီးဆီကိုေပးလိုက္တယ္။အရင္ဆုံးလက္ကိုသုတ္ပီးမွသူတို႔ကိုျပဳံးျပတယ္။

လုရွင္းစစ္ကသြမ့္က်ားရန္ကိုေျပာလိုက္တယ္ "ဒါကငါ့အဖြား"

သြမ့္က်ားရန္ကသူ႔ေရွ႕ကအျပဳံးတစ္ခုနဲ႔အမ်ိဳးသမီးႀကီးကိုၾကည့္လိုက္တယ္။ က်န္းေယာင္နဲ႔ေတြ႕တုန္းကလိုပဲ အသက္အရြယ္ႀကီးတဲ့သူေတြကိုႏွုတ္ဆက္သလိုယဥ္ယဥ္ေက်းေက်း​ႏွုတ္ဆက္လိုက္တယ္ "အဖြားေနေကာင္းရဲ့လား?"

အမ်ိဳးသမီးႀကီးရဲ့အၾကည့္ေတြကသူ႔မ်က္ႏွာကိုျဖတ္သြားပီးအျပဳံးေတြကလဲပိုပီးထင္ရွားလာတယ္ "ေကာင္းပါတယ္"

သူကလုရွင္းစစ္ကိုၾကည့္ပီးအျပစ္တင္ေနသလိုမ်ိဳးေျပာတယ္ "ဖြားရဲ့ေမြးေန႔တုန္းကေတာင္မလာ​ပဲသူ႔ဆီမွာေရာက္ေနတာမထူးဆန္းပါဘူး မင္းမားေျပာသလိုဆို မင္းမေန႔ကHai Cheng ကိုသြားပီလူသြားေခၚတယ္ဆို"

သြမ့္က်ားရန္ကသူမဘာေတြေျပာေနလဲဆိုတာနားမလည္တဲ့အတြက္ ေဘးနားကလုရွင္းစစ္ကိုၾကည့္လိုက္တယ္။

လုရွင္းစစ္ကသူ႔ရဲ့အမူအရာကိုေတြ႕ေတာ့ လက္ကိုခါလိုက္တယ္။

လုရွင္းစစ္ကသူမကိုေျပာလိုက္တယ္ "သားသူ႔ကိုသြားေခၚတာ ဖြားကသူနဲ႔ရင္းႏွီးေအာင္ ပီးေတာ့ သူ႔ကိုဆယ္စုႏွစ္ေတြတိုင္ေအာင္ၾကည့္ရမွာ"

အမ်ိဳးသမီးႀကီးက သူတို႔ေျပာတာကိုအာ႐ုံစိုက္ေနတဲ့ သြမ့္က်ားရန္ကိုလွမ္းၾကည့္လိုက္တယ္။ ပီးေတာ့ သူကတိုးတိုးေလးေျပာလိုက္တယ္ "ဒီကေလးေလးကၾကည့္ေကာင္းပီး ေကာင္းေကာင္းမြန္​မြန္ေလးႀကီးျပင္းလာရတာပဲ မင္းမားေျပာတာအရဆို စိတ္ထားေလးကလဲအရမ္းေကာင္းတယ္တဲ့"

သြမ့္က်ားရန္: " ... "

ဒီအခ်ိန္မွာ အဖြားေရွ႕မွာ စိတ္ထားေကာင္းေကာင္းေလးထားရမယ္လို႔ သြမ့္က်ားရန္ဆုံးျဖတ္လိုက္တယ္။

ညစာစားပီးေတာ့ လုရွင္းစစ္ရဲ့အဖြားကေရာက္လာပီး သြမ့္က်ားရန္ကိုဟုန္ေပါင္းအထူႀကီးေပးတယ္။ သြမ့္က်ားရန္အံ့ဩသြားပီး​သူမကိုေက်းဇူးတင္စကားေျပာလိုက္တယ္။

"ဒါကအဖိုးနဲ႔အတူေရာေပးတာ" သူကခနေလာက္ရပ္သြားပီဆက္ေျပာတယ္ "ရွင္းစစ္ကပထမဆုံးအိမ္ကိုလူေခၚလာဖူးတာပဲ သူအရင္တုန္းကတစ္ေယာက္ကိုမွမႀကိဳက္ဖူးဘူး သူမွာတကယ္လို႔ေကာင္းေကာင္းမြန္မြန္မလုပ္တတ္တာေတြရွိရင္ သားကသည္းခံေပးပါအုံး"

"မဟုတ္ပါဘူး သူကတကယ္ေတာ္ပါတယ္"သြမ့္က်ားရန္ကအရမ္းယဥ္ယဥ္ေက်းေက်းေလးေျပာေနတယ္ "သားတို႔... သားတို႔ကအခ်င္းခ်င္ကူညီေဖးမေနၾကပါတယ္"

"ဒါကသူလုပ္သင့္တဲ့အရာပါပဲ" အမ်ိဳးသမီးကတကယ္ကိုႏူးညံ့ညင္သာတယ္ "သားအားတယ္ဆိုရင္ ဒီကိုလာကစားလို႔ရတယ္"

သူတို႔ေတြစကားေျပာပီးသြားေတာ့ က်န္းေယာင္ကသူ႔ကိုအခန္းတစ္ခုဆီေခၚသြားတယ္။

သူ႔အခန္းနဲ႔လုရွင္းစစ္အခန္းကအရမ္းနီးတယ္။သြမ့္က်ားရန္ကအခန္းထဲမွာ suitcase ဖြင့္ပီး အဝတ္အစားလဲဖို႔ရွာေနတယ္။တစ္ေယာက္ေယာက္ကအျပင္ကေနတံခါးလွမ္းေခါက္တယ္။

"ဘယ္သူလဲ?"

"ငါပါ" လုရွင္းစစ္ကတံခါးအျပင္ဘက္မွာ "ငါအထဲဝင္လာလို႔ရလား?"

သြမ့္က်ားရန္ဝင္ခိုင္းလိုက္တယ္။

သူအဝတ္အစားေတြရွာေနတာကိုလုရွင္းစစ္ေတြ႕သြားတယ္ "မင္းေရခ်ိဳးမလို႔လား?"

သြမ့္က်ားရန္ကေခါင္းညိမ့္လိုက္ပီးအဝတ္ဆက္ရွာေနလိုက္တယ္။ သူရွာေနတာႏွစ္ခါရွိပီ သူလိုခ်င္တာကိုအခုထိရွာမေတြ႕ေသးဘူး။

သြမ့္က်ားရန္မတ္တပ္ရပ္လိုက္တယ္ "ငါဒီေန႔ပစၥည္းေတြထုပ္ပိုးေနရတာနဲ႔ပဲ ညဝတ္အကၤ်ီေတြေမ့က်န္ခဲ့ပီ ငါ့​အေမသာအိမ္မွာ ညဝတ္အကၤ်ီေတြက်န္ခဲ့မွန္းသိရင္ ေျပာလို႔မပီးေလာက္ေတာ့ဘူး"

"အာ့ဆိုမင္းညက်ရင္ဘာဝတ္အိပ္မွာလဲ?"

"T shirt ပဲဝတ္ရေတာ့မွာေပါ့" သြမ့္က်ားရန္​ကေျပာတယ္ "ငါနည္းနည္းထူတဲ့လက္ရွည္အကၤ်ီေတြဝတ္ရမယ္"

သူအျဖဴေရာင္တီရွပ္တစ္ထည္ဆြဲထုတ္လိုပ္တာကိုလုရွင္းစစ္ေတြ႕လိုက္တယ္။ သူေျပာသလိုပဲ အဲ့တာကိုတကယ္ထူတယ္။

ဒီလိုအဝတ္အစားမ်ိဳးဝတ္အိပ္ရတာ တကယ္မသက္မသာျဖစ္တယ္။ လုရွင္းစစ္ကသူ႔suitcase ကိုၾကည့္ပီး တစ္ခုခုေတြးမိသြားတယ္ "မင္းငါ့ရဲ့ညဝတ္အကၤ်ီေတြဝတ္မလား?"

သြမ့္က်ားရန္သူ႔လက္ထဲကအကၤ်ီကိုတစ္လွည့္လုရွင္းစစ္ကိုတစ္လွည့္ၾကည့္လိုက္တယ္။နည္းနည္းေလာက္ေတြေဝသြားေပမဲ့ ေနာက္ဆုံးမွာ​ေတာ့သူေခါင္းညိမ့္ျပလိုက္တယ္။

သူေရခ်ိဳးပီးေတာ့ နက္ျပာေရာင္ ညဝတ္အကၤ်ီေလးထဲကိုလက္လၽွိုလိုက္တယ္။ သူေရွ႕ကညဝတ္အကၤ်ီေလးကိုၾကည့္ပီးလုရွင္းစစ္ရဲ့အဝတ္ေတြဆိုတာကိုသတိရသြားတယ္။

အဲ့တာကတစ္ဖက္လူရဲ့အသားနဲ႔ကပ္ေနတယ္လို႔ေတြးမိတယ္။ အဲ့တာဆို ဒီအဝတ္ေတြမွာ alpha ရဲ့ pheromone ေတြအမ်ားႀကီးေရာယွက္ေနမွာေပါ့...

"Fu*k"သြမ့္က်ားရန္ႏွာမွုတ္လိုက္တယ္။

သူ သူ႔ရဲ့ တီရွပ္ပဲဝတ္လိုက္သင့္လား အဲ့တာကထူတယ္ဆိုေပမဲ့အနည္းဆုံးေတာ့ ရွုပ္ရွုပ္ေထြးေထြးအေတြးေတြမျဖစ္ေတာ့ဘူးေပါ့။

အဲ့လိုထင္ရတာပါပဲ။

"မင္းပီးသြားပီလား?" လုရွင္းစစ္ကအျပင္ဘက္ကေန ေရခ်ိဳးခန္းတံခါးကိုေခါက္တယ္ "ေတာ္ေတာ္ၾကာေနပီ"

"ပီးသြားပီ" သြမ့္က်ားရန္ကေျပာတယ္ "အကၤ်ီဝတ္ေနတာ"

အျပင္ဘက္ကေကာင္ေလးကခနတိတ္သြားတယ္။

"အဝတ္ေတြနဲ႔ေတာ္ရဲ့လား?" လုရွင္းစစ္က႐ုတ္တရပ္ေမးလိုက္တယ္ "မႀကီးဘူးလား?"

သြမ့္က်ားရန္ကမဝတ္ရေသးတဲ့ pajamas ေလးကိုၾကည့္ပီးေျပာလိုက္တယ္ "ဝတ္ရတာအဆင္ေျပပါတယ္"

သူဒီအဝတ္ေတြကိုဝတ္ရမွာရွက္ေနတယ္လို႔သူအခုေျပာလိုက္သက့္လား? ဒါေပမဲ့အဲ့တိုင္းေတြးမိေတာ့လဲ အျပင္ဘက္ကလုရွင္းစစ္ကသူ႔ကိုဘယ္လိုေတာင္ေလွာင္ရယ္ေနမွာလဲ။ လုရွင္းစီကိုပဲရယ္ခိုင္းခြင့္ျပဳလိုက္မလား?

ဝတ္လိုက္ေတာ့ အဲ့တာကိုပဲဝတ္လိုက္ပါ​ေတာ့။

သြမ့္က်ားရန္ေသခ်ာဆုံးျဖတ္ပီး အကၤ်ီေလးကိုဆြဲယူပီးဝတ္ခ်လိုက္ေတာ့တယ္။

သူထြက္လာေတာ့ လုရွင္းစစ္ကအိပ္ရာေပၚမွာထိုင္ပီဖုန္းၾကည့္ေနတယ္။

သြမ့္က်ားရန္ေရခ်ိဳးခန္းတံခါးကိုဖြင့္ပီးထြက္လာ​တာေတြ႕ေတာ့ လုရွင္းစစ္မ်က္လုံးပင့္ၾကည့္လိုက္တယ္။

အသက္အရြယ္ရလာတာနဲ႔ ​alpha နဲ႔ omega ၾကားကကြာျခားခ်က္ကပိုပိုႀကီးလာတယ္။အထူးသျဖင့္သူတို႔အသက္အရြယ္မွာဆို ခႏၲာကိုယ္ပုံသ႑ာန္ကသိသိသာသာကိုကြဲျပားလာပီ။

သြမ့္က်ားရန္ကသူ႔နဲ႔သိပ္မကြာေပမဲ့ အမ်ားႀကီးပိုပိန္တယ္။ သူနဲ႔ကြက္တိျဖစ္ေနတဲ့ညဝတ္အကၤ်ီကိုသြမ့္က်ားရန္ဝတ္လိုက္ေတာ့ ကေလးကလူႀကီအဝတ္အစားေတြဝတ္​ထားသလိုျဖစ္ေနတယ္။

လမ္းေလၽွာက္ရတာအဆင္မေျပလို႔ျဖစ္နိုင္တယ္။ သူကေဘာင္းဘီေလးကိုဆြဲမထားေတာ့ သူရဲ့ျဖဴသြယ္သြယ္ေျခေထာက္ေလးေတြေပၚေနတယ္။

သူကလမ္းေလၽွာက္ရင္းဆံပင္ကိုသုတ္ေနတယ္။ သူ႔ ညဝတ္အကၤ်ီရဲ့လည္ပင္းကလဲနည္းနည္းစိုေနတယ္။

သြမ့္က်ားရန္အဆင္ေျပ​မေျပေတာ့ မသိဘူး သူကေတာ့ လွပတဲ့ပုံရိပ္ေလးနဲ႔သူ႔အၾကည့္ေတြထိပ္တိုက္ေတြ႕တဲ့အခါမွာ လည္ေခ်ာင္းကသတိမထားမိဘဲလိမ့္လိမ့္ေနတယ္။

အဲ့ဒါကစိတ္လွုပ္ရွားေနတာမ်ိဳးေပါ့။

လုရွင္းစစ္ကဘာမွမေျပာဘဲ သူ႔အၾကည့္ေတြကသူ႔ဆီကေနေခ်ာ္ထြက္မသြားဘူး။ သြမ့္က်ားရန္သူ႔နားေလးကျဖတ္လာ​ေတာ့ ေျခေထာက္ေတြကိုဆန္႔ထုတ္လိုက္​ေတာ့ မထင္မွတ္ဘဲသူ႔ကိုတားမိသလိုျဖစ္သြားတယ္။

သြမ့္က်ားရန္ကသူေျခေထာက္ကို႐ုတ္တရပ္ႀကီးဆန္႔ထုတ္လိုက္မယ္လို႔ထင္မထား​ေတာ့ ဟန္ခ်က္မညီျဖစ္သြားပီး လုရွင္းစစ္ရဲ့လက္ေမာင္းေတြၾကားထဲကိုေရာက္သြားတယ္။

က်တဲ့အရွိန္ကမေသးေတာ့ လုရွင္းစစ္နဲ႔အတူအိပ္ယာေပၚကိုတည့္တည့္က်သြားတယ္။လုရွင္းစစ္ရဲ့ဖုန္းကလဲအိပ္ယာေဘးကိုက်သြားတယ္။

သူသြမ့္က်ားရန္ကိုဒီပုံစံအတိုင္းဖက္ထားရာကေနလွိမ့္ခ်လိုက္ပီးတစ္ဖက္လူကိုဖိထားလိုက္တယ္။ သူရဲ့လက္ေခ်ာင္းေလးေတြကသြမ့္က်ားရန္ရဲ့နားေအာက္စြန္းေလးကိုညင္ညင္သာသာေလးထိေတြ႕ေနတယ္။

သူ႔ရဲ့omega လက႐ုန္းကန္ခ်င္ေနတာကိုေတြ႕ေတာ့ သူကသြမ့္က်ားရန္ကိုေျပာလိုက္တယ္ "မလွုပ္နဲ႔ ငါ့ကိုၾကည့္ခြင့္ေပး"

တစ္ေယာက္ရဲ့အသံရွူသံကိုတစ္ေယာက္ၾကားရေလာက္လုနီးပါးကိုသူတို႔ႏွစ္ေယာက္ကနီးကပ္ေနၾကတယ္။

သြမ့္က်ားရန္ကနည္းနည္းေတာင့္တင္းသြားပီးႏွုတ္ခမ္းေတြကိုတင္းလိုက္တယ္။ သူရွက္ေနပီ "ဘာကိုၾကည့္မွာလဲ?"

"မင္းကိုၾကည့္မွာ" လုရွင္းစစ္ကဒီအေနအထားအတိုင္းသူ႔ကိုၾကည့္ေနတယ္ "မင္းကငါ့ရဲ့အဝတ္အစားေတြဝတ္ထားတယ္"

လုရွင္းစစ္ရဲ့မ်က္လုံးေတြကမရွင္းမလင္းအရိပ္အေယာင္ေတြေပၚလာပီး သူ႔မ်က္ႏွာေပၚက​ေရးေတးေတး​အျပဳံးေၾကာင့္ သူ႔ၾကည့္ရတာအရမ္းစိတ္ဝင္သားေနပုံေပၚတယ္။

" ... " သြမ့္က်ားရန္ေခါင္းကိုလွည့္လိုက္ပီးသူ႔ကိုမၾကည့္ေတာ့ဘူး "ၾကည့္လို႔ဝပီလား?"

လုရွင္းစစ္ကသူ႔ေမးတာကိုျပန္မေျဖဘဲ သူ႔မ်က္ႏွာကိုေစာင္းၾကည့္ပီးသူနဲ႔တိုင္ပင္ေနတယ္ "မနက္ျဖန္က်ဧည့္သည္ေတြလာမွာ ငါမင္းကိုအခ်ိန္ျပည့္ၾကည့္ေနလို႔မရေလာက္ဘူး ငါမင္းကိုယာယီအမွတ္အသားေပးထားရမလား?"

သြမ့္က်ားရန္ေခါင္းညိမ့္လိုက္တယ္။

သူေနာက္ကိုလွည့္လိုက္ပီး ေခါင္းအုံးထဲမွာသူ႔မ်က္ႏွာကိုျမႇုပ္ထားလိုက္တယ္။ သူ႔ရဲ့ျဖဴေဖြးေဖြး​လည္ပင္းေလးကိုသူ႔ဘက္ကအစျပဳပီးေဖာ္ျပလာတယ္။

သူအမွတ္အသားမလုပ္ေပးရတာၾကာပီဆို​ေတာ့သြမ့္က်ားရန္ရဲ့လည္ပင္းအသားအရည္ေလးကႏူးညံ့ေခ်ာေမြ႕ေနပီး အစတုန္းကထားခဲ့တဲ့အရာေတြလဲေပ်ာက္ကုန္ပီ။

လုရွင္းစစ္သူ႔ရဲ့လည္ပင္းေလးကိုၾကည့္ပီးလိုအင္ဆႏၵေတြထိုးတက္လာတယ္။

သူ႔ရဲ့ gland ေတြေပၚမွာ တစ္သက္စာအမွတ္အသားခ်န္ထားခဲ့ခ်င္တယ္။

သူအဲ့တာကိုဘယ္ေလာက္ၾကာၾကာေစာင့္ေနရအုံးမွာလဲ?

လုရွင္းစစ္နည္းနည္းေတာ့စိတ္ပ်က္ေနတယ္။

ေနာက္ထပ္ႏွစ္နည္းနည္းေလာက္ေစာင့္ပီးလို႔ သူမထိန္းနိုင္ေတာ့ရင္....

အမွတ္အသားေပးေနတဲ့အခ်ိန္မွာ သြမ့္က်ားရန္ကမ်က္လုံးေတြကိုမွိတ္ထားတယ္။

ဒါကသူနဲ႔လုရွင္းစစ္ၾကားမွာေလးႀကိမ္ေျမာက္အမွတ္အသားေပးျခင္းပဲ။

Omega ပဲျဖစ္ျဖစ္ Alpha ပဲျဖစ္ျဖစ္ ယာယီအမွတ္အသားရဲ့အက်ိဳးသက္ေရာက္မွုေတြေပါင္းစပ္ကုန္တာပါပဲ။

အစတုန္းကလုရွင္းစစ္ကထိန္းခ်ဳပ္ထားေပမဲ့ေနာက္ပိုင္းက်ပိုပီးၾကမ္းလာတယ္။ သူအိပ္ယာထဲမွာေသမတတ္အတင္းအလုပ္ခံေနရတယ္။(mark လုပ္တာပါ😑)

သြမ့္က်ားရန္အိပ္ယာခင္းေတြကိုအတင္းဆြဲဆုပ္ထားတယ္။ေနာက္ဆုံးမွာေတာ့ သူမထိန္းနိုင္ဘဲလည္ေခ်ာင္းထဲကေနအသံနိမ့္နိမ့္ေလးထြက္လာတယ္။

သူ႔အသံကalpha ကိုလွုံ႔ေဆာ္ေပးနိုင္ပုံရတယ္။ သူ႔လည္ပင္းကိုကိုက္တဲ့အားကပိုပိုပီးမ်ားလာတယ္။

ယာယီအမွတ္အသားေပးပီးတဲ့အခါမွာ​ေတာ့ သြမ့္က်ားရန္ပုံမွန္ျပန္ျဖစ္ဖို႔အိပ္ယာထဲမွာအခ်ိန္ခနေလာက္ယူလိုက္ရတယ္။

သူေခါင္းကိုပြတ္လိုက္ပီးျဖည္းျဖည္းေလးထလိုက္တယ္။ ႐ုတ္တရပ္တစ္ဖက္လူကေမးလိုက္တာကိုၾကားလိုက္တယ္ "ငါညက်ဘယ္မွာအိပ္ရမလဲ?"

သြမ့္က်ားရန္မရွင္းမလင္းျဖစ္သြားတယ္ "မင္းကမင္းအခန္းမွာမအိပ္ဘူးလား?"

လုရွင္းစစ္ကသူ႔ကိုတစ္ခ်က္ၾကည့္လာတယ္။

သူလုရွင္းစစ္နဲ႔အိပ္ရတာတကယ္စိတ္ထဲမွာဘယ္လိုမွမေနပါဘူး။ ဒါေပမဲ့က်န္းေယာင္ကိုေတြးမိေတာ့ သူလုရွင္းစီစ္ကိုမအိပ္ခိုင္းသင့္ဘူး "မင္းမားကငါ့အတြက္တစ္ခန္းသပ္သပ္စီစဥ္ေပးထားတာေလ"

"သူကငါဘာလုပ္ခ်င္ဆိုတာကိုမသိဘူးလို႔မင္းတကယ္ထင္ေနတာလား?" လုရွင္းစစ္ကသူ႔ကိုအျပဳံးတစ္ခုနဲ႔ေျပာတယ္ "သူေသာ့ေတြကိုဘယ္မွာထားလဲဆိုတာငါသိတာပဲ ငါအိမ္ထဲေတာင္ေရာက္ေနပီကိုခိုးပီးလုပ္ေနရအုံးမွာလား?"

အဲ့ဒါကမွန္တယ္လို႔သြမ့္က်ားရန္လဲေတြးမိတယ္။

ဒါေပမဲ့သူမ်ားအိမ္မွာ အရမ္းမရိုးသားသလိုမ်ိဳးမျဖစ္ခ်င္ဘူး။ ပီးေတာ့သူကဒီကိုပထမဆုံးေရာက္ဖူးတာေလ။ တကယ္လို႔မအိပ္ခင္မွာက်န္းေယာင္ကလုရွင္းစစ္အခန္းကိုလာၾကည့္ပါပီတဲ့ လုရွင္းစစ္ရဲ့အခန္းထဲမွာ ဘယ္သူမွမရွိဘူးဆိုတာႀကီးကေတာ့မသင့္ေတာ္ဘူးေလ။

"အာ့ဆို မင္းညလယ္ေလာက္မွျပန္လာခဲ့" သြမ့္က်ားရန္ေခါင္းညိမ့္ျပတယ္ "ငါမင္းအတြက္တံခါးဖြင့္ေပးထားမယ္"

" ... "

"အဲ့တာကလဲစိတ္လွုပ္ရွားစရာေကာင္းပါတယ္" သြမ့္က်ားရန္ကသူ႔ကိုေခ်ာ့ေမာ့ဖို႔ႀကိဳးစားေနတယ္ "မင္းဒီလိုမ်ိဳးဆိုလဲ ခိုးေၾကာင္ခိုးဝွက္လုပ္ရတဲ့ခံစားခ်က္မ်ိဳးရမွာပဲ အဲ့တာကတစ္သက္မွာတစ္ခါပဲျဖစ္မွာေနာ္ မင္းဘယ္လိုထင္လဲ?"

လုရွင္းစစ္ကသူ႔ေၾကာင့္ရီခ်လိုက္မိလုနီးပါပဲ။

သူသြမ့္က်ားရန္ရဲ့ခါးကိုလက္တစ္ဖက္နဲ႔ေပြ႕လိုက္ပီး လက္တစ္ဖက္ကသူ႔ရဲ့လည္ပင္းေလးကိုဖြဖြေလးဖိထားတယ္။

အမွတ္အသားလုပ္ေပးတဲ့အခ်ိန္မွာ အဲ့ဒီနားကအသားကအရမ္း sensitive ျဖစ္တယ္။

"အားရယ္" သူေခၚလိုက္တယ္။

သြမ့္က်ားရန္တစ္ေယာက္ကေတာ့ ဦးေႏွာက္ကိုလၽွပ္စစ္စီးသြားသလိုခံစားလိုက္ရတယ္။

သူ႔ရဲ့မ်က္လုံးေတြကမ်က္ရည္ေလးေတြဝိုင္းေနပီး လုရွင္းစစ္ကိုၾကည့္လိုက္တယ္။

တစ္ဖက္လူကသူ႔ရဲ့လက္ဖဝါးကိုသူ႔ရဲ့လည္ကုပ္ေပၚကိုတင္လိုက္တယ္။အဲ့ဒီလိုၿခိမ္းေျခာက္တဲ့အျပဳအမူနဲ႔အတူသူ႔ရဲ့အသံကဖြဖြေႏွးေႏွးေလးကိုမွ သနားစရာေကာင္းသလိုပုံေလးပါျပသလာတယ္ "ငါ့ကိုမင္းနဲ႔အတူအိပ္ခြင့္ျပဳပါေနာ္"

" ... "

သြမ့္က်ားရန္သူ႔ကိုယ္သူလြင့္ထြက္သြားသလိုေတာင္ခံစားရတယ္။

✨—————✨

Continue Reading

You'll Also Like

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
228K 35.7K 31
Title-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I trans...
1.4M 139K 129
ZawGyi~~ နာမည္ႀကီးအႏုပညာ႐ွင္ျဖစ္တဲ့Junaဟာ လိင္တူခ်စ္ႀကိဳက္သူျဖစ္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ သူ ့ရဲ ့ အဖြဲ ့ထဲကေန ႏုတ္ထြက္ေပးခဲ့ရတယ္ ၆လအၾကာမွာ 'Han JunRa...
449K 54.3K 120
ကဲ..ဇာတ်လမ်း​အ​ကြောင်းကို​ပြောပြမယ်​နော်🤗 ဘဏ်မှာ ဒါရိုက်တာရာထူးနဲ့အလုပ်လုပ်​နေတဲ့​ ကောင်​လေး ကျန်းယူအန်းနဲ့အဲ့​ကောင်​လေးကို ​တွေ့ဖို့ အစီအစဥ်​တွေနဲ...