ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...

Bởi ZuriLeora

1.2M 188K 9.3K

Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... Xem Thêm

DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 58 - Couple
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨

CHAPTER 57 - Midnight

13K 2.2K 169
Bởi ZuriLeora

Unicode

Final exam ပြီးသွားတော့ ကျောင်းကကျောင်းသားတိုင်းကို ဆောင်းရာသီအားလပ်ရက်ပေးတယ်။

စာမေးပွဲရလဒ်တွေထွက်တဲ့နေ့မှာသွမ့်ကျားရန်ကHai Cheng ကိုရောက်နေပီ။

ရမှတ်မှတ်တမ်းကိုကြည့်ပီးသွမ့်ကျားရန်အံ့ဩပီးရင်းအံ့ဩနေတယ်။ သူ့အဆင့်က 462 တဲ့။ final exam ရဲ့ခက်ခဲမှုကပါးပါးလေးမဟုတ်ဘူး။ သူ့အဆင့်ကျသွားမယ်ထင်ထားတာ နည်းနည်းတောင်ထပ်တက်လာလိမ့်မယ်လို့သူထင်မထားဘူး။

ဖူ့ယွမ်ကသူ့ရဲ့ရလဒ်ကိုကြည့်ပီး အံ့ဩပျော်ရွှင်နေတယ်။ ဒီတစ်ကြိမ်မှာအများကြီးတိုးတက်လာမှုကိုဂုဏ်ပြုဖို့အတွက် သူအချိန်ရှိရင် သွမ့်ကျားရန်သွားတဲ့နေရာတိုင်းကိုအ​ဖော်လိုက်ပြုပေးတယ်။ သွမ့်ကျားရန်အကြိုက်ဆုံးအရာတွေလဲဝယ်ပေးခဲ့တယ်။

ဖူ့ယွမ်မြင်တာကတော့သူကဂိမ်းပဲမကြာခဏကစားနေပီး အိမ်ကကွန်ပျူတာနဲ့လဲထားတယ်။ သွမ့်ကျားရန်ကkeyboard ပေါ်မှာတတောက်တောက်နှိပ်ပီးကျေနပ်နေတယ်။

ဒုတိယနေ့ညမှာလဲသွမ့်ကျားရန်ကကွန်ပျူတာအသစ်လေးကိုပဲကိုင်နေတယ်။ ဖူ့ယွမ်ကသူ့ကိုစားစရာတွေလာပေးပြီး TV ခနကြည့်ပီးသူတို့နဲ့ကဒ်ကစားမလားမေတယ်။

သွမ့်ကျားရန်ဟိုင်းချန်မှာနေနေရပေမဲ့သူကျင့်သားမရသေးဘူး။ သူကဂိမ်းကစားရင်းအလုပ်ရှုပ်နေဟန်ပဲဟန်ဆောင်လိုက်တယ်."မား အပြင်ထွက်နှင့် သားတို့အားလုံး ဒီမှာရှင်းနေ– hey! ကြည့်ကြည့် သားရဲ့အသင်းဖော်တွေသါးကိုသတိပေးနေပီ သားဂိမ်းအရင်ကစားလိုက်အုံးမယ်"

ဖူ့ယွမ်ကဂိမ်းတွေအကြောင်းကိုနားမလည်ဘူး။ သူက keyboard ပေါ်မှာတတောက်တောက်နဲ့နှိပ်နေတာ ကြည့်ရတာမအားပုံပေါ်တယ်။ သူအရင်ထွက်သွားရုံပဲတတ်နိုင်တယ် "သားပျင်းလာရင်အပြင်ထွက်လာပီး မားတို့နဲ့ ကဒ်လာကစားနော်"

သူကပြောရင်းသွမ့်ကျားရန်ရဲ့ကစားမက်နေတဲ့ပုံကိုတွေ့တော့ မသက်မသာခံစားရတယ် "အရမ်းအကြာကြီးမကစားနဲ့နော် မျက်လုံးကိုအနားပေးဖို့လဲသတိရအုံး"

သွမ့်ကျားရန်ခေါင်းညိမ့်ပြလိုက်တယ်။

ဖူ့ယွမ်ထွက်သွားတဲ့အခါမှာတော့ သွမ့်ကျားရန်ကkeyboard ပေါ်ကလက်တွေကိုအောက်ကိုချပီးဆန့်ထုတ်လိုက်တယ်။

တရုတ်နှစ်သစ်ကူးကလူတွေကိုစိတ်ပျက်သွားစေတဲ့အထိကိုကြာလွန်းတယ်။ သူစောင့်နေရတာ ဆယ်မိနစ်လောက်တောင်ကျော်နေပီ။(အဝိုင်းလည်နေတာဖြစ်လောက်တယ်)

ပျင်းလိုက်တာ။ ရုတ်တရပ်သူပင်ပန်းသလိုခံစားရတယ်။

ရင်းနှီးနေတဲ့နာကျင်မှု​က မြီးညှောင့်ရိုးကနေတွားတက်လာတယ်။ သွမ့်ကျားရန်သူ့ခန္တာကိုယ်ကတဖြည်းဖြည်းပူလာတာကိုခံစားရတယ်။

သူရဲ့ပုံမှန်မဟုတ်တဲ့ estrus ဖြစ်လာပီမှန်းသူသိလိုက်တယ်။ဒီအချိန်မှာတော့ ဒီတစ်ခါအရမ်းကံမကောင်းတာပဲလို့သွမ့်ကျားရန်ခံစားရတယ်။

ဘာလို့နောက်ကျမှမဖြစ်တာလဲ New year အလယ်ကြီးမှာမှကွာ...

သူထိုင်ခုံပေါ်ကထလိုက်ပီးသူ့ရဲ့ inhibitor ယူဖို့ အိပ်ယာဘေးကစားပွဲဆီကိုမြန်မြန်သွားလိုက်တယ်။

သူ inhibitor ထိုးနေတုန်းမှာ သူလက်မောင်းကတဆစ်ဆစ်ဖြစ်နေပီး သူ့အသားကလဲနီရဲလာတယ်။ သူ​အလောတကြီးဖြစ်နေတဲ့အချိန်မှာ game system ကနေလဲ သူ့ရဲ့rank ကိုပြနေပီ။

သွမ့်ကျားရန် inhibitor ထိုးပီးသွားတော့ စောနလေးတုန်းကမကောင်းမွန်တဲ့ခံစားချက်ကတဖြည်းဖြည်းအနည်ထိုင်သွားတယ်။ဒါပေမဲ့လဲ stress disorder ကြောင့်ဖြစ်တဲ့ နာကျင်မှုကပိုပိုပီးပြင်းထန်လာတယ်။

ဂိမ်းစဖို့စက္ကန့်အနည်းငယ်လောက်ကျန်နေသေးပေမဲ့ သွမ့်ကျားရန်တွေဝေနေတယ်။ သူမကစားချင်ဘူး။

ဒီအခြေအနေမှာဆို သူကစားတာကတခြားသူတွေကိုပါဆွဲချသလိုဖြစ်သွားလိမ့်မယ်။သူဖိနပ်တွေကိုကန်ချွတ်လိုက်ပီး အိပ်ယာကိုတက်လိုက်ရင်းစောင်ခြုံလိုက်တယ်။

စောင်တစ်ထည်းတည်းက alpha pheromone တွေကနဲ့သီးသန့်ခွဲမထုတ်ပေးနိုင်ဘူး။ alpha တွေဘယ်နှယောက်တောင်များရှိနေလဲမသိဘူး ထူးဆန်းတဲ့ pheromone တွေကသူ့အရေပြားထဲကိုနည်းနည်းချင်းဆီတိုးဝင်နေပီး ထောင်ပေါင်းများစွာသောအပ်တွေက သူ့ကိုထိုးစိုက်နေသလိုပဲ။

အဲ့လိုဖြစ်နေတာဘယ်လောက်ကြာသွားမှန်းမသိဘူး။ နောက်ဆုံးမှာတော့ သွမ့်ကျားရန်တောင့်မခံနိုင်တော့ဘူး။ သူဖုန်းကိုယူလိုက်ပီး contact list ထဲမှာလုရှင်းစစ်နာမည်ကိုရှာလိုက်တယ်။

သူလုရှင်းစစ်နဲ့ဖုန်း​ပြောပီးအာရုံလွှဲချင်တယ်။

သူဖုန်းခေါ်လိုက်ပီးသိပ်မကြာခင်မှာဘဲတစ်ဖက်လူကဖုန်းပြန်ဖြေလာတယ်။

သူ့အသံကိုကြားတော့ သွမ့်ကျားရန်အံ့ဩသွားပီးတိုးတိုးလေးပြောတယ် "မင်းမြန်မြန်ကိုင်တာပဲ"

"ကစားလို့ပီးပီးချင်း မင်းလှမ်းခေါ်တာလေ" လုရှင်းစစ်ကသူ့ကိုပြောတယ် "မင်းဂိမ်းထဲမှာလဲအမြဲမနေပါဘူး ငါ့ကိုဂရုမစိုက်တော့ဘူးလား?"

သွမ့်ကျားရန်တိတ်တိတ်လေးနှုတ်ခမ်းမဲ့လိုက်တယ်။ သူ့ခန္တာကိုယ်ကနာကျင်နေတုန်းပဲ။သူအောက်နှုတ်ခမ်းကိုကိုက်ပီးနာကျင်မှုကိုလျစ်လျူရှုဖို့ကြိုးစားလိုက်တယ် "အဲ့တိုင်းမဟုတ်ပါဘူး ငါဂိမ်းပဲကစားနေလို့"

သူခနလောက်တန့်လိုက်တယ် "မင်းနေ့တိုင်းပျော်ရတယ်မလား? ရက်နည်းနည်းလောက်တုန်းကကျိုးရှန်ချန်းကသီချင်းဆိုရအောင်အဖွဲ့လိုက်သွားတယ်တဲ့ မင်းရောလိုက်သွားသေးလား?"

နှစ်သစ်ကူးအကြိုနေ့အကြောင်းတွေးမိတော့ သွမ့်ကျားရန်ကတစ်ညလုံးဂိမ်းကစားနေလောက်တယ်။ သူက ဟိုမှာနှစ်သစ်ကူးနေမှာဖြစ်လို့သိပ်ပီးသက်သောင့်သက်သာဖြစ်မှာမဟုတ်ဘူးလို့ လုရှင်းစစ်တွေးလိုက်တယ်။

သူ့ကြောင့်နည်းနည်းသောကရောက်ပီးခေါင်းစဥ်ပြောင်းလိုက်တယ်။

"ဒီနေ့ ငါတို့အိမ်ကိုအမျိုးတွေအများကြီးလာတယ် မားနဲ့သူတို့နဲ့တင်မပြည့်လို့ဆိုလို့ ငါပါဝင်ပါလိုက်တယ်" လုရှင်းစစ်ကပြောတယ် "ငါတို့တွေမာကျောက်ကစားတာ ငါပိုက်ဆံအများကြီးပဲနိုင်တာ"

လုရှင်းစစ်ရဲ့အများကြီဆိုကတည်းကနည်းနည်းနောနောမဟုတ်တာသေချာတယ်။

"ပြောပါအုံး လုကော လောင်းကစားဘုရင်ဆိုတဲ့နာမည်ကမင်းဟာမဟုတ်ဘူးဆိုတာ" သွမ့်ကျားရန်တကယ်နေလို့ထိုင်လို့မကောင်းဘူး။ သူ့နဖူးမှာသွေးတွေဆောင့်တိုးနေတယ်။ သူအိပ်ယာထဲမှာလူးလိမ့်ရင်းပေါ့ပေါ့ပါးပါးပဲပြောလိုက်တယ် "မင်းတစ်ညတည်းနဲ့ချမ်းသာသွားတယ်မလား? ငါ့ကိုလဲပေးပါအုံး"

တစ်ဖက်ကနူးညံ့တဲ့ဖြေသံလေးထွက်လာတယ် "မင်းကိုအဝတ်တွေဝယ်ပေးရမှာ​လား?"

"မဟုတ်ပါဘူး" သွမ့်ကျားရန်အစတုန်းကဒီတိုင်းဟာသလုပ်တာ။ သူကလေးလေးနက်နင်တွေးလိုက်ပီး မြန်မြန်ပြောလိုက်တယ် "ငါ့ကို skin ဝယ်ပေး Kasha ရဲ့ new skin လိုချင်တယ် ငါလဲမင်းအတွက် Akali တစ်ခုစီစဥ်ပေးမယ်လေ"

သူစကားပြောတဲ့အခါမှာ estus ကြောင့်ရောစိတ်ရှုပ်နေတာရောကြောင့်ပြောတဲ့ပုံကတအားပြင်းထန်တယ်။ သူလုရှင်းစစ်ရယ်လိုက်တာကိုရှင်းရှင်းလင်းလင်းကြားလိုက်တယ်။

ရယ်ပီးသွား​တော့ လုရှင်းစစ်ကစောနလေးတုန်းကအကြောင်းကိုပြန်မပြော​တော့ဘူး။ သူ့အသံကနည်းနည်းမြင့်နေတယ် "မင်းဘာလုပ်နေလဲ?"

"စောနလေးကဂိမ်းကစားနေတာ" သွမ့်ကျားရန်ကပြောတယ် "အဲ့တာပီးတော့ – အား!"

ရုတ်တရပ်သူ့နောက်ကျောကနေနာကျင်လာတယ်။ သွမ့်ကျားရန်ခြေထောက်တွေကိုကွေးလိုက်ပီးမထိန်းနိုင်ဘဲအော်လိုက်မိတယ်။

လုရှင်းစစ်ကရယ်ချင်နေတုန်းပဲ။သူဂိမ်းထဲမှာနေချင်သေးတယ်။ သူကသူ့ရဲ့ပုံမှန်မဟုတ်တဲ့အော်သံကိုကြားတော့ သူမရယ်နိုင်​တော့ဘူး သူ့အသံထဲမှာအလျင်လိုမှုတွေ​ပါနေတယ် "ဘာဖြစ်လို့လဲ?"

ခနကြာ​တော့ သွမ့်ကျားရန်ရဲ့အဖြေကိုကြားလိုက်တယ်။

နာကျင်မှုကြောင့်ဖြစ်နိုင်တယ်။ သွမ့်ကျားရန်အသံကနည်းနည်းတုန်နေတယ်။ လုရှင်းစစ်ကသူမှားကြားမိတာလားလို့တောင်ထင်မိသွားတယ်။

"ငါ့ရဲ့ estrus ကာလကရောက်လာပီ ပီးတော့ stress disorder လဲဖြစ်နေတယ်..." သွမ့်ကျားရန်ပင့်သက်တစ်ခါရှိုက်လိုက်တယ်။ သူအိပ်ယာခင်းတွေကိုဆွဲပီး ပြောလိုက်တယ် "ငါနေမကောင်းမဖြစ်တာတော်တော်ကြာနေပီဆိုတော့ အဲ့တာကိုကျင့်သားမရသေးဘူး"

သွမ့်ကျားရန်ကပြောရင်းသူ့အခြေအနေကိုဂရုတစိုက်ကြည့်လိုက်တယ်။ သူ့ကိုယ်ပေါ်က allergy အနီရောင်အကွက်တွေကပိုပိုကြီးလာပီ။

"အဲ့တာဖြစ်တာဘယ်လောက်ကြာပီလဲ?"

"ငါမသိဘူး...နာရီဝက်လောက်ကဖြစ်​နိုင်တယ်" သွမ့်ကျားရန်ကအရမ်းနာကျင်လွန်းလို့စကား​ပြောတဲ့အခါမှာပြတ်တောင်းပြတ်တောင်းဖြစ်နေရတယ်။

သူခနရပ်လိုက်ပီး အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ် "မင်းပြောကြည့် ငါဆေးရုံကိုသွားသင့်လား? ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ isolation room တွေကနေရာမရှိလောက်တော့ဘူး"

သူဟဲယွင်ရှန့်ကိုလူနာမေးရအောင်ဆေးရုံကိုသွား​တော့ New year မှာမတော်တဆဖြစ်မှာစိုးပီး ဆရာဝန်ကို omega တွေအတွက် isolation room ရှိသေးလားဆိုပီးသီးသန့်သွားမေးခဲ့သေးတယ်။ ဒါပေမဲ့လဲတရုတ်နှစ်သစ်ကူးကြောင့် Hai Cheng ကအဓိကဆေးရုံတွေမှာ isolation room တွေကလူတွေနဲ့ပြည့်နေပီ။ သူတကယ်လို့isolation room လိုချင်တယ်ဆိုရင် နောက်လအတွက်ပဲရက်ချိန်းပေးထားလို့ရမယ်တဲ့။

သွမ့်ကျားရန်ကသူ့ကိုယ်သူစကားပြောနေပုံပေါ်တယ် "ငါအိပ်​မပျော်သွားချင်ဘူး ငါအိပ်သွားရင်... ငါပြန်နိုးလာအုံးမှာလား?"

သူပိုပီးပြောလေ ပိုပီးမသက်မသာဖြစ်လေပဲ။သူစောင်အစွန်လေးကို ကျစ်ကျစ်ပါအောင်ကိုင်ထားရတယ်။

လုရှင်းစစ်ကသူ့ရဲ့အားနည်းနေတဲ့အသံကိုကြားတော့ ကြားဖြတ်ပြောလိုက်တယ် "စကားမပြောနဲ့တော့နော် နားလိုက်"

သွမ့်ကျားရန်က'အင်း'လိုက်လိုက်တယ်။

လုရှင်းစစ်ကတစ်ခုခုပြောနေပုံပေါ်​ပေမဲ့ သွမ့်ကျားရန်အာရုံတွေကနာကျင်မှု​ပေါ်ကိုပဲကျရောက်နေပီး ​ရှင်းရှင်းလင်းလင်းမကြားရဘူး။

"ငါ့ကိုစောင့်နေ" ဆိုပီးပြောလိုက်တဲ့ပုံပေါ်တယ်။

ဒါပေမဲ့သူဘာကိုစောင့်နေရမှာလဲ။သွမ့်ကျားရန်ခုလေးတင်ဘာတွေပြောသွားလဲဆိုတာကိုပြန်စဥ်းစားပေမဲ့သူ့ဦးနှောက်ကပိုပိုပီး မပြတ်မသားဖြစ်လာတယ်။စိတ်ကလဲသတိရတစ်ချက်မရတစ်ချက်နဲ့။

သူဖူ်ယွမ်ကိုခေါ်ချင်ပေမဲ့သူ့မှာအသံလေးတစ်ခုထွက်ဖို့အတွက်တောင်အားမရှိတော့ဘူး။

သူသတိလစ်သွားခဲ့ပြီ။

သွမ့်ကျားရန်သတိပြန်လည်လာတဲ့အခါမှာတော့သူ့ကိုလက်တစ်စုံကထွေးပွေ့ထားတယ်လို့ခံစားရတယ်။ သူ့ကိုတစ်ယောက်ယောက်ကဖက်ထားတာပဲ။

သူ့ကိုဖက်ထားတဲ့ခန္တာကိုယ်ကအရပ်ရှည်ပီး သူ့တစ်ကိုယ်လုံးကိုလက်မောင်းတွေကြားမှာမြှုပ်ထားနိုင်တယ်။ တစ်ဖက်လူဆီက မြက်နံ့သင်းသင်းလေးက ဆောင်းရာသီမနက်ခင်းကနှင်းတွေလိုသန့်စင်လွန်းတယ်။

ဘာအနံ့မှရောယှက်နေခြင်းမရှိတဲ့ သူကြိုက်တဲ့ကိုယ်ငွေ့လေးက stress disorder ကြောင့်ဖြစ်တဲ့ နာကျင်မှုတွေကိုဖြေသိမ့်ပေးနေတယ်။

ရင်းနှီးနေကျ pheromone နံ့လေးကြောင့်သွမ့်ကျားရန်မယုံကြည်နိုင်စွာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အနီးမှာရှိနေတဲ့လုရှင်းစစ်ကိုတွေ့လိုက်တယ်။

သူတို့တွေကအိပ်ယာတစ်ခုတည်းပေါ်မှာလဲလျောင်းနေပီး တစ်ဖက်လူကသူနိုးလာတာတွေ့မှာ သူ့မျက်ခုံးတွေလဲပြေလျော့သွားတော့တယ်။

သွမ့်ကျားရန်ကသူရဲကောင်းဆန်ဆန်အနာသတ်သတ်မျဥ်းတွေရှိတဲ့ မျက်နှာရှင်းရှင်းလေးကိုကြည့်လိုက်ပီး သူ့နှလုံးသားလေးက နူးညံံံ့နေတဲ့အရာတစ်ခုခုထဲမှာစိမ်နေရသလိုမျိုးခံစားရတယ်။ နှလုံးခုန်နှုန်းတွေကလဲမထိန်းနိုင်ဘဲအရှိန်တွေမြင့်ကုန်တယ်။

"မင်းဘယ်လိုလုပ်ဒီမှာရှိနေတာလဲ?" ​သွမ့်ကျားရန်ဘေးနားကိုဝေ့ဝဲပီးကြည့်လိုက်တေယ့ သူ့ကသူ့ရဲ့နဂိုအိပ်ယာပေါ်မှာပဲရှိနေသေးတာကိုတွေ့လိုက်ရတယ်။ သူမထိန်းနိုင်ဘဲလုရှင်းစစ်ရဲ့လက်မောင်းကိုထိုးကြည့်လိုက်တယ် "ငါအိပ်မက်မက်နေတာလား?"

လုရှင်းစစ်က​သူ့မေးခွန်းကိုပြန်မဖြေဘဲ လက်လှမ်းပီး သူ့ရဲ့ပွစာကျဲနေတဲ့ဆံပင်လေးတွေကိုခွဲပေးတယ်။ သူကသူ့ကိုစိုက်ကြည့်နေတယ် "နာနေသေးလား?"

"နည်းနည်းပဲနာတော့တယ် အရင်ကထက်အများကြီးပိုသက်သာလာပီ" သွမ့်ကျားရန်ကအမှန်အတိုင်းပဲပြောလိုက်တယ်။ သူ့မျက်နှာပေါ်ကအထိအတွေ့အရ သူ့​ရှေ့ကအရာရာတိုင်းက ထင်ယောင်ထင်မှာမဟုတ်မှန်းသိလိုက်တယ် "မင်းဘယ်လိုလာတာလဲ?အရမ်းနောက်ကျနေပီလေ"

"အိမ်ကလိုက်ပို့တာ"

"မောင်းတာအရမ်းမမြန်လွန်းဘူးလား?" သွမ့်ကျားရန်အပြင်ဘက်ကကောင်းကင်ကိုလှမ်းကြည့်လိုက်ပီးမှောင်နေတုန်းမှန်းသိလိုက်တယ် "Ning Chengကနေ Hai Chengထိဆို သုံးလေးနာရီလောက်မောင်းရတယ်လေ"

လုရှင်းစစ်ကသူ့ရဲ့သိချင်နေတဲ့မျက်လုံးလေးတွေကိုကြည့်ပီးခနလောက်နှုတ်ဆိတ်သွားတယ်။

နောက်ဆုံးမှာတော့ သူအမှန်တိုင်းပဲဝန်ခံလိုက်တယ် "ကိုယ်ပိုင်လေယာဥ်နဲ့"

သွမ့်ကျားရန်အဲ့ဒီအဖြေကိုကြားတော့ ဖြတ်ခနဲကြည့်လိုက်တယ်။

သူလုရှင်းစစ်ကို အဲ့လိုမျိုးလာလိမ့်မယ်လို့ထင်မထားဘူး။ ဒါပေမဲ့လဲသူ့ရဲ့ identity နဲ့ပေါင်းပီးတွေးကြည့်မယ်ဆိုရင်တော့ ဘာမှမထူးဆန်းဘူးလို့ခံစားရတယ်။

ခနကြာ​တော့သွမ့်ကျားရန်ကပြုံးပီးလုရှင်းစစ်ကိုမေးလိုက်တယ် "အာ့ဆိုမင်းတို့မိသားစုအပြင်သွားရင် လေယာဥ်ကြီးနဲ့သွားတာပေါ့?"

လုရှင်းစစ်ကလက်ဆစ်လေးတွေကသွမ့်ကျားရန်ရဲ့ခေါင်းလေးကိုကြင်ကြင်နာနာခေါက်လိုက်တယ် "မင်းဘယ်လိုထင်လဲ?"

"ငါအခုထိprivate jet မမြင်ဖူးသေးဘူး သိချင်လို့" သူကပြောရင်းအဓိက​အကြောင်းကိုရုတ်တရပ်သတိရသွားတယ်။

သူကဟာသလုပ်နေတာတွေကိုရပ်လိုက်တယ် "မင်းကဒီကိုညလယ်လောက်ကြီးအပြေးရောက်လာတာ ဘယ်သူတွေသိလဲ?"

လုရှင်းစစ်စကားပြောမှာကိုစောင့်ရင်းဖူ့ယွမ်ကိုတွေးမိသွားတယ် "ငါ့မားသိလား?သူကမင်းကိုဝင်ခွင့်ပြုတယ်လား?ငါ့အထင်သူကမင်းကိုငါနဲ့တစ်အိပ်ရာထဲမနေခွင့်မပြုလောက်ဘူးမလား?"

သူကရပ်နားမရှိဘဲမေးခွန်းတွေတသီတတန်းကြီးမေးလိုက်တယ်။

သွမ့်ကျားရန်အဲ့ဒီအကြောင်းကိုအရမ်းကြီးသိချင်နေတာတော့မဟုတ်ပါဘူး။ လုရှင်းစစ်ကိုအရမ်းကြီးရုတ်တရပ်ဆန်ဆန်တွေ့တော့ သူ့ဆီကိုရောက်လာတာလေ။ သူ့ကသူ့ဆီကိုရောက်လာမယ်လို့ဘယ်သူမှတွေးမိမှာမဟုတ်ဘူးလေ။ သူ့ကိုမေးကြည့်ချင်တယ်။

သွမ့်ကျားရန်ရဲ့အဲ့လိုမေးနေပုံလေးကလုရှင်းစစ်ရဲ့နှုတ်ခမ်းလေးတွေကိုတွန့်ကွေးသွားစေတယ်။

သူတစ်ဖက်လူရဲ့ရနံ့လေးကိုတကယ်ကြိုက်တယ်။ ပင်လယ်နဲ့သစ်တောလိုမျိုး တစ်ဖက်လူကိုတည်ငြိမ်သွားစေတဲ့တွန်းအားတစ်ခုရှိနေပုံပေါ်တယ်။

လုရှင်းစစ်ကကယောက်ကယက်ဖြစ်နေတဲ့သွမ့်ကျားရန်ကိုအစောကတည်းကသူ့(DJY)နောက်ကျောဘက်မှာရှိနေတဲ့ သူ့လက်နဲ့ ကျောလေးကိုချောမော့သလိုပွတ်ပေးလိုက်တယ်။

သူသွမ့်ကျားရန်ကိုကြည့်လိုက်ပီး သူ့ပုံစံလေးကညင်သာသွားတယ် "မမှတ်မိဘူးလား?ငါရောက်လာ​တော့မင်းကဆေးရုံမှာလဲနေတာ"

သွမ့်ကျားရန်ကလုရှင်းစစ်ပြောတာကိုမယုံဘူးဆိုတာမရှိဘူး။ သူကသူ့မေ့နေတုန်းကဟာကိုစေ့စေ့စပ်စပ်တွေးကြည့်လိုက်တယ် "အာ့ဆိုမင်းက..."

"မင်းမေမေကိုအဲ့ဒီအကြောင်းရှင်းပြဖို့ဆေးရုံကိုသွားတယ် ပီးတော့ ဆရာဝန်ကိုလဲ Ninh Cheng တုန်းက match report ကိုလဲပြလိုက်တယ် အဲ့တာတွေလဲပီးသွားရော သူတို့မင်းကိုပြန်ခေါ်သွားဖို့သဘောတူလိုက်ရော"လုရှင်းစစ်ကစိတ်ရှည်လက်ရှည်နဲ့ပဲပြောနေတယ် "ငါ့မားကငါ Hai Cheng ကိုရောက်နေတာကိုလဲသိတယ် မင်းနဲ့အတူတူလှဲနေတာကိုလဲသိတယ်"

သူကအပြုံးတစ်ခုနဲ့ပြောတယ် "ငါအခုဒီမှာအိပ်နေတာကနှစ်​ဖက်မိဘတွေရဲ့သဘောတူညီမှုတွေရပီးမှ အာ့ကြောင့်မို့မင်းစိုးရိမ်စရာမလိုပါဘူး"

သွမ့်ကျားရန်ကသူပြောတာကိုနားထောင်ပီးနှာမှုတ်လိုက်တယ်။

လုရှင်းစစ်ကဒီလောက်အချိန်လေးနဲ့သူ့ကိုစိတ်ပူစေတဲ့အရာတွေကိုဖြေရှင်းခဲ့လဲဆိုတာသူအတော်လေးနားမလည်နိုင်ဖြစ်နေတယ်။

လုရှင်းစစ်ကိုသူ့ရဲ့မရှင်းလင်းတဲ့အကြည့်တွေနဲ့စောင်းကြည့်လိုက်တယ်။

သူ့ရဲ့ပုံစံကနည်းနည်းလေးအထင်ကြီးနေသလိုဖြစ်ပီး သူ့ရဲ့ပယင်းရောင်မျက်လုံးလေးတွေကလဲအံ့ဩနေသလိုမျိုးလေး ပီးတော့ သတိမထားမိဘဲ ချစ်ခင်နှစ်သက်မှုလေးတစ်စွန်းတစ်စကိုလဲဖော်ပြနေတယ်။

ဒီလိုသဘဝဆန်ဆန်နဲ့ ရိုးရှင်းတဲ့ချစ်ခြင်းတရားကသူ့ကိုခြွင်းချက်မရှိကျေနပ်စေနိုင်တယ်။

အဲ့ဒါကကိစ္စတစ်ခု ထားလိုက်တော့ အချိန်ကသူ့ကိုသွမ့်ကျားရန်နဲ့ဒီလိုအရာတွေလုပ်ဖို့ခွင့်မပြုသေးဘူး။ သူသွမ့်ကျားရန်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ် "သုံးနာရီတောင်ထိုးတော့မယ် အရင်အိပ်လိုက်အုံး မေးစရာတွေရှိရင်လဲနောက်နေ့မှဖြေပေးမယ်"

အချိန်ကိုကြားတာနဲ့သွမ့်ကျားရန်ကခေါင်းညိမ့်ပြတယ်။

သူလုရှင်းစစ်ရဲ့လည်ပင်းတွေကြားထဲမှာသူ့ခေါင်းကိုမြှုပ်ထားလိုက်တယ်။သူကနေရာကိုသေချာချိန်ညှိပီးရုတ်တရပ်ကိစ္စတစ်ခုကိုသတိရသွားတယ်။

သူကတစ်ဖက်လူရဲ့ရင်ခွင်ထဲမှာဒီပုံစံလေးအတိုင်းနေရင်းမေးလိုက်တယ် "ငါအခုအိပ်တော့မှာ မနက်ဖြန်အထိစောင့်ပီး ပြန်တော့မှာလား?"

လုရှင်းစစ်ကသူ့ရဲ့နူးနူးညံ့ညံ့ခေါင်းလေးကိုထိလိုက်တယ်။

"မနက်ဖြန်ကပြန်ကိုပြန်ရမှာ မားကအရမ်းစိတ်ပူနေတယ်"

သွမ့်ကျားရန်ကသူအဲ့တိုင်းပြောတာကိုနားထောင်ပီးကိုယ့်ကိုယ်ကိုတောင့်ထားရတယ်။

သူလုရှင်းစစ်ကိုမပြန်စေချင်ဘူး။ ဒါပေမဲ့လဲသူဆက်ပီးဒုက္ခမပေးချင်ဘူး။

မနက်ဖြန်ကျအိပ်ယာထရင်လုရှင်းစစ်ကို ယာယီအမှတ်အသားတောင်းရမှာလား?

သူအဲ့တာကိုတွေးနေတုန်းမှာ သူ့ကောင်လေးကဆက်ပြောတယ် "ဒါပေမဲ့လဲ မင်းငါနဲ့အတူပြန်လိုက်နိုင်လားဆိုတာငါတွေးပူနေတာ"

သွမ့်ကျားရန်ကအဲ့တာကိုကြားတော့ ခေါင်းလေးကိုနောက်ပြန်ဆုတ်ပီး သူ့ကိုတည့််တည့်စိုက်ကြည့်တယ်။

သွမ့်ကျားရန်ကသိပ်မသေချာလို့ပြန်မေးလိုက်တယ် "မင်းဘာပြောနေတာလဲ?"

"ငါနဲ့ပြန်လိုက်ခဲ့လေ"လုရှင်းစစ်ကသူ့ရဒ့တွေဝေနေတဲ့ပုံလေးကိုတွေ့တော့သူနှလုံးသားလေးကနူးညံ့သွားတယ် "ငါ့ရဲ့မားကလဲမင်းကိုတွေ့ချင်နေတယ်"

သွမ့်ကျားရန်ကနှစ်သစ်ကူးဒီမှာနေရတာမပျော်မှန်းသူသိတယ်။ အခုတော့stress disorder ကြောင့်သူ့ကိုပြန်ခေါ်သွားဖို့အကြောင်းပြချက်ရသွားပီဖြစ်တယ်။

သွမ့်ကျားရန်သူနဲ့တကယ်လိုက်သွားချင်တယ်။ ဒါပေမဲ့လုရှင်းစစ်ရဲ့မိသားစုနောက်ခံကိုတွေးမိတော့ သူ့နှလုံးသားထဲမှာနည်းနည်းတင်းကျပ်နေသလိုပဲ။

သွမ့်ကျားရန်ကစနောက်တာတစ်ဝက်အစစ်အမှန်တစ်ဝက်နဲ့ပြောလိုက်တယ် "ငါမင်းမိဘတွေကိုမတွေ့ချင်ဘူး ငါကအရမ်းချောပေမဲ့လဲ မိဘတိုင်းငါ့ကိုသဘောကျမယ်လို့တော့ အာမမခံနိုင်ဘူး"

"စိတ်ဓာတ်မကျပါနဲ့" လုရှင်းစစ်ကပြုံးလိုက်တယ် "မင်းကမားကိုအခုထိတောင်သေချာမတွေ့ရသေးဘူးလေ"

သူစိတ်လှုပ်ရှားနေတာကိုသူမမြင်ဘူးလားဆိုတာသွမ့်ကျားရန်မသိဘူး။ ဒါပေမဲ့လဲ လုရှင်းစစ်ရဲ့စိတ်သဘာထားကပုံမှန်ပဲဆိုတာတွေ့လိုက်တယ်။ သူကသူ့ကိုယုံကြည်တဲ့အတွက်ကြောင့် ဒီကိစ္စကိုသူလုပ်နိုင်တယ်လို့သွမ့်ကျားရန်ခံစားရတယ်။

မနက်ဖြန်အတွက်အစီအစဥ်တွေကိုလက်ခံပီးသွားတဲ့နောက်မှာ သူနောက်ထပ်တစ်ခုကိုသတိရသွားတယ် "ငါ့မားကိုရောဘယ်လိုလုပ်မလဲ? ငါ့မှာ stress disorder ရှိမှန်း​သူ့ကိုမပြောပြထားဘူး ငါသတိလစ်သွား​တော့ သူလန့်သွားလောက်တယ်"

"သူကမင်းကြောင့်တကယ် သေမတတ်လန့်သွားတာ ငါအန်တီကိုအဲ့ဒီအကြောင်းပြောပြထါးတယ် သူကမင်းသဘောတဲ့ မင်းသဘောတူရင်ငါနဲ့Ning Cheng ကိုမနက်ဖြန်ပြန်လိုက်လို့ရတယ်တဲ့" လုရှင်းစစ်ကသူ့ရဲ့မျက်နှာလေးကိုကုပ်ခြစ်နေပီး သူ့ကိုညင်ညင်သာသာအပြစ်တင်နေတယ် "ဒီလိုအရေးကြီးတဲ့ဟာကို မင်းရဲ့မေမေကိုဘာလို့​မပြောပြတာလဲ?"

"ငါကမင်းကူညီနေရင်ရပီလို့တွေးလိုက်တာ" သူ့ကိုဒီလိုကုပ်ခြစ်ခွင့်ပြုထားရတာကိုသွမ့်ကျားရန်ရှက်နေတယ် "သူ့မှာအမြဲတမ်းလုပ်စရာတွေအများကြီးရှိနေတော့ စိတ်ပူစရာတွေများတယ် သူ့ကိုအဲ့ဒီအကြောင်းပြောပြလိုက်ရင် သူကငါ့ကိုမင်းတို့အိမ်ကိုခေါ်လာပီး ​ကျေးဇူးတင်းခိုင်းလိမ့်မယ်"

"အဲ့တာကအတူတူလိုပါပဲ" လုရှင်းစစ်ကဒီနေ့ညဖူ့ယွမ်ရဲ့တုံ့ပြန်မှုကိုသတိရသွားတယ် "အန်တီကကျေးဇူးတင်ပီးသွားပီ"

သွမ့်ကျားရန်ကအဲ့တာကိုကြားတော့ နည်းနည်းရှက်သွားတယ်။

သူဘာတွေးနေလဲဆိုတာလုရှင်းစစ်ကသိတော့ပြောလိုက်တယ် "သူက​မင်းကြောင့်လန့်သွားတာ အရင်အိပ်လိုက်​ နောက်နေ့မှသူ့ကိုရှင်းပြလိုက်တော့"

"အဲ့တာပဲကောင်းပါတယ်"

သွမ့်ကျားရန်ကလှဲချလိုက်ပီးဘေးကိုကိုင်းလိုက်တယ်။

သူလုရှင်းစစ်ကိုဒီညဆွဲထားပီး စကားတွေလဲအများကြီး​ပြောခဲ့တယ်။ အရေးကြီးဆုံးအရာကိုသူပြောဖို့မေ့တော့မလိုပဲ။

"ငါမင်းကိုအခုထိကျေးဇူးမတင်ရသေးဘူး"

လုရှင်းစစ်ကမျက်လုံးပင့်လိုက်တယ်။ သွမ့်ကျားရန်ကအဲ့တာကိုတွေးမိမယ်လို့သူထင်မထားဘူး။

လက်မောင်းဖြူဖြူလေးတစ်ခုကသူ့ပခုံးတွေပေါ်ကိုရောက်လာတယ်။

ဒီ estrus omega လေးမှာတိမ်လေးလိုပေါ့ပေါ့ပါးပါးရနံ့လေးရှိတယ်။ သူဘာကြိုက်လဲဆိုတာသိတဲ့အတိုင်းသွမ့်ကျားရန်ကကိုယ်ကိုကိုင်းပီး သူ့နှုတ်ခမ်းလေးတွေကိုထိလိုက်တယ်။.ပီးတော့ သူ့ကိုမျက်လုံးလေးတွေကွေးကျသွားတဲ့အထိပြုံးပြတယ်။

"ကျေးဇူးပါကောကော"

~~~~~~~
နေမကောင်းဘူးဆိုတာနဲ့ညလယ်ကြီးရောက်နေလဲကိစ္စမရှိဘူး private jet ကြီးနဲ့ရောက်လာတာ🤢🤢လုကောလိုကောင်လေးလိုချင်ရင် novel ထဲရောက်သွားမှရမယ်ထင်တယ်😢

✨——————✨

Zawgyi

Final exam ၿပီးသြားေတာ့ ေက်ာင္းကေက်ာင္းသားတိုင္းကို ေဆာင္းရာသီအားလပ္ရက္ေပးတယ္။

စာေမးပြဲရလဒ္ေတြထြက္တဲ့ေန႔မွာသြမ့္က်ားရန္ကHai Cheng ကိုေရာက္ေနပီ။

ရမွတ္မွတ္တမ္းကိုၾကည့္ပီးသြမ့္က်ားရန္အံ့ဩပီးရင္းအံ့ဩေနတယ္။ သူ႔အဆင့္က 462 တဲ့။ final exam ရဲ့ခက္ခဲမွုကပါးပါးေလးမဟုတ္ဘူး။ သူ႔အဆင့္က်သြားမယ္ထင္ထားတာ နည္းနည္းေတာင္ထပ္တက္လာလိမ့္မယ္လို႔သူထင္မထားဘူး။

ဖူ႔ယြမ္ကသူ႔ရဲ့ရလဒ္ကိုၾကည့္ပီး အံ့ဩေပ်ာ္ရႊင္ေနတယ္။ ဒီတစ္ႀကိမ္မွာအမ်ားႀကီးတိုးတက္လာမွုကိုဂုဏ္ျပဳဖို႔အတြက္ သူအခ်ိန္ရွိရင္ သြမ့္က်ားရန္သြားတဲ့ေနရာတိုင္းကိုအ​ေဖာ္လိုက္ျပဳေပးတယ္။ သြမ့္က်ားရန္အႀကိဳက္ဆုံးအရာေတြလဲဝယ္ေပးခဲ့တယ္။

ဖူ႔ယြမ္ျမင္တာကေတာ့သူကဂိမ္းပဲမၾကာခဏကစားေနပီး အိမ္ကကြန္ပ်ဴတာနဲ႔လဲထားတယ္။ သြမ့္က်ားရန္ကkeyboard ေပၚမွာတေတာက္ေတာက္ႏွိပ္ပီးေက်နပ္ေနတယ္။

ဒုတိယေန႔ညမွာလဲသြမ့္က်ားရန္ကကြန္ပ်ဴတာအသစ္ေလးကိုပဲကိုင္ေနတယ္။ ဖူ႔ယြမ္ကသူ႔ကိုစားစရာေတြလာေပးၿပီး TV ခနၾကည့္ပီးသူတို႔နဲ႔ကဒ္ကစားမလားေမတယ္။

သြမ့္က်ားရန္ဟိုင္းခ်န္မွာေနေနရေပမဲ့သူက်င့္သားမရေသးဘူး။ သူကဂိမ္းကစားရင္းအလုပ္ရွုပ္ေနဟန္ပဲဟန္ေဆာင္လိုက္တယ္."မား အျပင္ထြက္ႏွင့္ သားတို႔အားလုံး ဒီမွာရွင္းေန– hey! ၾကည့္ၾကည့္ သားရဲ့အသင္းေဖာ္ေတြသါးကိုသတိေပးေနပီ သားဂိမ္းအရင္ကစားလိုက္အုံးမယ္"

ဖူ႔ယြမ္ကဂိမ္းေတြအေၾကာင္းကိုနားမလည္ဘူး။ သူက keyboard ေပၚမွာတေတာက္ေတာက္နဲ႔ႏွိပ္ေနတာ ၾကည့္ရတာမအားပုံေပၚတယ္။ သူအရင္ထြက္သြား႐ုံပဲတတ္နိုင္တယ္ "သားပ်င္းလာရင္အျပင္ထြက္လာပီး မားတို႔နဲ႔ ကဒ္လာကစားေနာ္"

သူကေျပာရင္းသြမ့္က်ားရန္ရဲ့ကစားမက္ေနတဲ့ပုံကိုေတြ႕ေတာ့ မသက္မသာခံစားရတယ္ "အရမ္းအၾကာႀကီးမကစားနဲ႔ေနာ္ မ်က္လုံးကိုအနားေပးဖို႔လဲသတိရအုံး"

သြမ့္က်ားရန္ေခါင္းညိမ့္ျပလိုက္တယ္။

ဖူ႔ယြမ္ထြက္သြားတဲ့အခါမွာေတာ့ သြမ့္က်ားရန္ကkeyboard ေပၚကလက္ေတြကိုေအာက္ကိုခ်ပီးဆန္႔ထုတ္လိုက္တယ္။

တ႐ုတ္ႏွစ္သစ္ကူးကလူေတြကိုစိတ္ပ်က္သြားေစတဲ့အထိကိုၾကာလြန္းတယ္။ သူေစာင့္ေနရတာ ဆယ္မိနစ္ေလာက္ေတာင္ေက်ာ္ေနပီ။(အဝိုင္းလည္ေနတာျဖစ္ေလာက္တယ္)

ပ်င္းလိုက္တာ။ ႐ုတ္တရပ္သူပင္ပန္းသလိုခံစားရတယ္။

ရင္းႏွီးေနတဲ့နာက်င္မွု​က ၿမီးေညႇာင့္ရိုးကေနတြားတက္လာတယ္။ သြမ့္က်ားရန္သူ႔ခႏၲာကိုယ္ကတျဖည္းျဖည္းပူလာတာကိုခံစားရတယ္။

သူရဲ့ပုံမွန္မဟုတ္တဲ့ estrus ျဖစ္လာပီမွန္းသူသိလိုက္တယ္။ဒီအခ်ိန္မွာေတာ့ ဒီတစ္ခါအရမ္းကံမေကာင္းတာပဲလို႔သြမ့္က်ားရန္ခံစားရတယ္။

ဘာလို႔ေနာက္က်မွမျဖစ္တာလဲ New year အလယ္ႀကီးမွာမွကြာ...

သူထိုင္ခုံေပၚကထလိုက္ပီးသူ႔ရဲ့ inhibitor ယူဖို႔ အိပ္ယာေဘးကစားပြဲဆီကိုျမန္ျမန္သြားလိုက္တယ္။

သူ inhibitor ထိုးေနတုန္းမွာ သူလက္ေမာင္းကတဆစ္ဆစ္ျဖစ္ေနပီး သူ႔အသားကလဲနီရဲလာတယ္။ သူ​အေလာတႀကီးျဖစ္ေနတဲ့အခ်ိန္မွာ game system ကေနလဲ သူ႔ရဲ့rank ကိုျပေနပီ။

သြမ့္က်ားရန္ inhibitor ထိုးပီးသြားေတာ့ ေစာနေလးတုန္းကမေကာင္းမြန္တဲ့ခံစားခ်က္ကတျဖည္းျဖည္းအနည္ထိုင္သြားတယ္။ဒါေပမဲ့လဲ stress disorder ေၾကာင့္ျဖစ္တဲ့ နာက်င္မွုကပိုပိုပီးျပင္းထန္လာတယ္။

ဂိမ္းစဖို႔စကၠန္႔အနည္းငယ္ေလာက္က်န္ေနေသးေပမဲ့ သြမ့္က်ားရန္ေတြေဝေနတယ္။ သူမကစားခ်င္ဘူး။

ဒီအေျခအေနမွာဆို သူကစားတာကတျခားသူေတြကိုပါဆြဲခ်သလိုျဖစ္သြားလိမ့္မယ္။သူဖိနပ္ေတြကိုကန္ခၽြတ္လိုက္ပီး အိပ္ယာကိုတက္လိုက္ရင္းေစာင္ျခဳံလိုက္တယ္။

ေစာင္တစ္ထည္းတည္းက alpha pheromone ေတြကနဲ႔သီးသန္႔ခြဲမထုတ္ေပးနိုင္ဘူး။ alpha ေတြဘယ္ႏွေယာက္ေတာင္မ်ားရွိေနလဲမသိဘူး ထူးဆန္းတဲ့ pheromone ေတြကသူ႔အေရျပားထဲကိုနည္းနည္းခ်င္းဆီတိုးဝင္ေနပီး ေထာင္ေပါင္းမ်ားစြာေသာအပ္ေတြက သူ႔ကိုထိုးစိုက္ေနသလိုပဲ။

အဲ့လိုျဖစ္ေနတာဘယ္ေလာက္ၾကာသြားမွန္းမသိဘူး။ ေနာက္ဆုံးမွာေတာ့ သြမ့္က်ားရန္ေတာင့္မခံနိုင္ေတာ့ဘူး။ သူဖုန္းကိုယူလိုက္ပီး contact list ထဲမွာလုရွင္းစစ္နာမည္ကိုရွာလိုက္တယ္။

သူလုရွင္းစစ္နဲ႔ဖုန္း​ေျပာပီးအာ႐ုံလႊဲခ်င္တယ္။

သူဖုန္းေခၚလိုက္ပီးသိပ္မၾကာခင္မွာဘဲတစ္ဖက္လူကဖုန္းျပန္ေျဖလာတယ္။

သူ႔အသံကိုၾကားေတာ့ သြမ့္က်ားရန္အံ့ဩသြားပီးတိုးတိုးေလးေျပာတယ္ "မင္းျမန္ျမန္ကိုင္တာပဲ"

"ကစားလို႔ပီးပီးခ်င္း မင္းလွမ္းေခၚတာေလ" လုရွင္းစစ္ကသူ႔ကိုေျပာတယ္ "မင္းဂိမ္းထဲမွာလဲအျမဲမေနပါဘူး ငါ့ကိုဂ႐ုမစိုက္ေတာ့ဘူးလား?"

သြမ့္က်ားရန္တိတ္တိတ္ေလးႏွုတ္ခမ္းမဲ့လိုက္တယ္။ သူ႔ခႏၲာကိုယ္ကနာက်င္ေနတုန္းပဲ။သူေအာက္ႏွုတ္ခမ္းကိုကိုက္ပီးနာက်င္မွုကိုလ်စ္လ်ဴရွုဖို႔ႀကိဳးစားလိုက္တယ္ "အဲ့တိုင္းမဟုတ္ပါဘူး ငါဂိမ္းပဲကစားေနလို႔"

သူခနေလာက္တန္႔လိုက္တယ္ "မင္းေန႔တိုင္းေပ်ာ္ရတယ္မလား? ရက္နည္းနည္းေလာက္တုန္းကက်ိဳးရွန္ခ်န္းကသီခ်င္းဆိုရေအာင္အဖြဲ႕လိုက္သြားတယ္တဲ့ မင္းေရာလိုက္သြားေသးလား?"

ႏွစ္သစ္ကူးအႀကိဳေန႔အေၾကာင္းေတြးမိေတာ့ သြမ့္က်ားရန္ကတစ္ညလုံးဂိမ္းကစားေနေလာက္တယ္။ သူက ဟိုမွာႏွစ္သစ္ကူးေနမွာျဖစ္လို႔သိပ္ပီးသက္ေသာင့္သက္သာျဖစ္မွာမဟုတ္ဘူးလို႔ လုရွင္းစစ္ေတြးလိုက္တယ္။

သူ႔ေၾကာင့္နည္းနည္းေသာကေရာက္ပီးေခါင္းစဥ္ေျပာင္းလိုက္တယ္။

"ဒီေန႔ ငါတို႔အိမ္ကိုအမ်ိဳးေတြအမ်ားႀကီးလာတယ္ မားနဲ႔သူတို႔နဲ႔တင္မျပည့္လို႔ဆိုလို႔ ငါပါဝင္ပါလိုက္တယ္" လုရွင္းစစ္ကေျပာတယ္ "ငါတို႔ေတြမာေက်ာက္ကစားတာ ငါပိုက္ဆံအမ်ားႀကီးပဲနိုင္တာ"

လုရွင္းစစ္ရဲ့အမ်ားႀကီဆိုကတည္းကနည္းနည္းေနာေနာမဟုတ္တာေသခ်ာတယ္။

"ေျပာပါအုံး လုေကာ ေလာင္းကစားဘုရင္ဆိုတဲ့နာမည္ကမင္းဟာမဟုတ္ဘူးဆိုတာ" သြမ့္က်ားရန္တကယ္ေနလို႔ထိုင္လို႔မေကာင္းဘူး။ သူ႔နဖူးမွာေသြးေတြေဆာင့္တိုးေနတယ္။ သူအိပ္ယာထဲမွာလူးလိမ့္ရင္းေပါ့ေပါ့ပါးပါးပဲေျပာလိုက္တယ္ "မင္းတစ္ညတည္းနဲ႔ခ်မ္းသာသြားတယ္မလား? ငါ့ကိုလဲေပးပါအုံး"

တစ္ဖက္ကႏူးညံ့တဲ့ေျဖသံေလးထြက္လာတယ္ "မင္းကိုအဝတ္ေတြဝယ္ေပးရမွာ​လား?"

"မဟုတ္ပါဘူး" သြမ့္က်ားရန္အစတုန္းကဒီတိုင္းဟာသလုပ္တာ။ သူကေလးေလးနက္နင္ေတြးလိုက္ပီး ျမန္ျမန္ေျပာလိုက္တယ္ "ငါ့ကို skin ဝယ္ေပး Kasha ရဲ့ new skin လိုခ်င္တယ္ ငါလဲမင္းအတြက္ Akali တစ္ခုစီစဥ္ေပးမယ္ေလ"

သူစကားေျပာတဲ့အခါမွာ estus ေၾကာင့္ေရာစိတ္ရွုပ္ေနတာေရာေၾကာင့္ေျပာတဲ့ပုံကတအားျပင္းထန္တယ္။ သူလုရွင္းစစ္ရယ္လိုက္တာကိုရွင္းရွင္းလင္းလင္းၾကားလိုက္တယ္။

ရယ္ပီးသြား​ေတာ့ လုရွင္းစစ္ကေစာနေလးတုန္းကအေၾကာင္းကိုျပန္မေျပာ​ေတာ့ဘူး။ သူ႔အသံကနည္းနည္းျမင့္ေနတယ္ "မင္းဘာလုပ္ေနလဲ?"

"ေစာနေလးကဂိမ္းကစားေနတာ" သြမ့္က်ားရန္ကေျပာတယ္ "အဲ့တာပီးေတာ့ – အား!"

႐ုတ္တရပ္သူ႔ေနာက္ေက်ာကေနနာက်င္လာတယ္။ သြမ့္က်ားရန္ေျခေထာက္ေတြကိုေကြးလိုက္ပီးမထိန္းနိုင္ဘဲေအာ္လိုက္မိတယ္။

လုရွင္းစစ္ကရယ္ခ်င္ေနတုန္းပဲ။သူဂိမ္းထဲမွာေနခ်င္ေသးတယ္။ သူကသူ႔ရဲ့ပုံမွန္မဟုတ္တဲ့ေအာ္သံကိုၾကားေတာ့ သူမရယ္နိုင္​ေတာ့ဘူး သူ႔အသံထဲမွာအလ်င္လိုမွုေတြ​ပါေနတယ္ "ဘာျဖစ္လို႔လဲ?"

ခနၾကာ​ေတာ့ သြမ့္က်ားရန္ရဲ့အေျဖကိုၾကားလိုက္တယ္။

နာက်င္မွုေၾကာင့္ျဖစ္နိုင္တယ္။ သြမ့္က်ားရန္အသံကနည္းနည္းတုန္ေနတယ္။ လုရွင္းစစ္ကသူမွားၾကားမိတာလားလို႔ေတာင္ထင္မိသြားတယ္။

"ငါ့ရဲ့ estrus ကာလကေရာက္လာပီ ပီးေတာ့ stress disorder လဲျဖစ္ေနတယ္..." သြမ့္က်ားရန္ပင့္သက္တစ္ခါရွိုက္လိုက္တယ္။ သူအိပ္ယာခင္းေတြကိုဆြဲပီး ေျပာလိုက္တယ္ "ငါေနမေကာင္းမျဖစ္တာေတာ္ေတာ္ၾကာေနပီဆိုေတာ့ အဲ့တာကိုက်င့္သားမရေသးဘူး"

သြမ့္က်ားရန္ကေျပာရင္းသူ႔အေျခအေနကိုဂ႐ုတစိုက္ၾကည့္လိုက္တယ္။ သူ႔ကိုယ္ေပၚက allergy အနီေရာင္အကြက္ေတြကပိုပိုႀကီးလာပီ။

"အဲ့တာျဖစ္တာဘယ္ေလာက္ၾကာပီလဲ?"

"ငါမသိဘူး...နာရီဝက္ေလာက္ကျဖစ္​နိုင္တယ္" သြမ့္က်ားရန္ကအရမ္းနာက်င္လြန္းလို႔စကား​ေျပာတဲ့အခါမွာျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနရတယ္။

သူခနရပ္လိုက္ပီး အသံနိမ့္နိမ့္နဲ႔ေျပာလိုက္တယ္ "မင္းေျပာၾကည့္ ငါေဆး႐ုံကိုသြားသင့္လား? ဒါေပမဲ့ ဒီရက္ပိုင္းေတြမွာ isolation room ေတြကေနရာမရွိေလာက္ေတာ့ဘူး"

သူဟဲယြင္ရွန္႔ကိုလူနာေမးရေအာင္ေဆး႐ုံကိုသြား​ေတာ့ New year မွာမေတာ္တဆျဖစ္မွာစိုးပီး ဆရာဝန္ကို omega ေတြအတြက္ isolation room ရွိေသးလားဆိုပီးသီးသန္႔သြားေမးခဲ့ေသးတယ္။ ဒါေပမဲ့လဲတ႐ုတ္ႏွစ္သစ္ကူးေၾကာင့္ Hai Cheng ကအဓိကေဆး႐ုံေတြမွာ isolation room ေတြကလူေတြနဲ႔ျပည့္ေနပီ။ သူတကယ္လို႔isolation room လိုခ်င္တယ္ဆိုရင္ ေနာက္လအတြက္ပဲရက္ခ်ိန္းေပးထားလို႔ရမယ္တဲ့။

သြမ့္က်ားရန္ကသူ႔ကိုယ္သူစကားေျပာေနပုံေပၚတယ္ "ငါအိပ္​မေပ်ာ္သြားခ်င္ဘူး ငါအိပ္သြားရင္... ငါျပန္နိုးလာအုံးမွာလား?"

သူပိုပီးေျပာေလ ပိုပီးမသက္မသာျဖစ္ေလပဲ။သူေစာင္အစြန္ေလးကို က်စ္က်စ္ပါေအာင္ကိုင္ထားရတယ္။

လုရွင္းစစ္ကသူ႔ရဲ့အားနည္းေနတဲ့အသံကိုၾကားေတာ့ ၾကားျဖတ္ေျပာလိုက္တယ္ "စကားမေျပာနဲ႔ေတာ့ေနာ္ နားလိုက္"

သြမ့္က်ားရန္က'အင္း'လိုက္လိုက္တယ္။

လုရွင္းစစ္ကတစ္ခုခုေျပာေနပုံေပၚ​ေပမဲ့ သြမ့္က်ားရန္အာ႐ုံေတြကနာက်င္မွု​ေပၚကိုပဲက်ေရာက္ေနပီး ​ရွင္းရွင္းလင္းလင္းမၾကားရဘူး။

"ငါ့ကိုေစာင့္ေန" ဆိုပီးေျပာလိုက္တဲ့ပုံေပၚတယ္။

ဒါေပမဲ့သူဘာကိုေစာင့္ေနရမွာလဲ။သြမ့္က်ားရန္ခုေလးတင္ဘာေတြေျပာသြားလဲဆိုတာကိုျပန္စဥ္းစားေပမဲ့သူ႔ဦးေႏွာက္ကပိုပိုပီး မျပတ္မသားျဖစ္လာတယ္။စိတ္ကလဲသတိရတစ္ခ်က္မရတစ္ခ်က္နဲ႔။

သူဖူ္ယြမ္ကိုေခၚခ်င္ေပမဲ့သူ႔မွာအသံေလးတစ္ခုထြက္ဖို႔အတြက္ေတာင္အားမရွိေတာ့ဘူး။

သူသတိလစ္သြားခဲ့ၿပီ။

သြမ့္က်ားရန္သတိျပန္လည္လာတဲ့အခါမွာေတာ့သူ႔ကိုလက္တစ္စုံကေထြးေပြ႕ထားတယ္လို႔ခံစားရတယ္။ သူ႔ကိုတစ္ေယာက္ေယာက္ကဖက္ထားတာပဲ။

သူ႔ကိုဖက္ထားတဲ့ခႏၲာကိုယ္ကအရပ္ရွည္ပီး သူ႔တစ္ကိုယ္လုံးကိုလက္ေမာင္းေတြၾကားမွာျမႇုပ္ထားနိုင္တယ္။ တစ္ဖက္လူဆီက ျမက္နံ့သင္းသင္းေလးက ေဆာင္းရာသီမနက္ခင္းကႏွင္းေတြလိုသန္႔စင္လြန္းတယ္။

ဘာအနံ့မွေရာယွက္ေနျခင္းမရွိတဲ့ သူႀကိဳက္တဲ့ကိုယ္ေငြ႕ေလးက stress disorder ေၾကာင့္ျဖစ္တဲ့ နာက်င္မွုေတြကိုေျဖသိမ့္ေပးေနတယ္။

ရင္းႏွီးေနက် pheromone နံ့ေလးေၾကာင့္သြမ့္က်ားရန္မယုံၾကည္နိုင္စြာ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူ႔အနီးမွာရွိေနတဲ့လုရွင္းစစ္ကိုေတြ႕လိုက္တယ္။

သူတို႔ေတြကအိပ္ယာတစ္ခုတည္းေပၚမွာလဲေလ်ာင္းေနပီး တစ္ဖက္လူကသူနိုးလာတာေတြ႕မွာ သူ႔မ်က္ခုံးေတြလဲေျပေလ်ာ့သြားေတာ့တယ္။

သြမ့္က်ားရန္ကသူရဲေကာင္းဆန္ဆန္အနာသတ္သတ္မ်ဥ္းေတြရွိတဲ့ မ်က္ႏွာရွင္းရွင္းေလးကိုၾကည့္လိုက္ပီး သူ႔ႏွလုံးသားေလးက ႏူးညံံံ့ေနတဲ့အရာတစ္ခုခုထဲမွာစိမ္ေနရသလိုမ်ိဳးခံစားရတယ္။ ႏွလုံးခုန္ႏွုန္းေတြကလဲမထိန္းနိုင္ဘဲအရွိန္ေတြျမင့္ကုန္တယ္။

"မင္းဘယ္လိုလုပ္ဒီမွာရွိေနတာလဲ?" ​သြမ့္က်ားရန္ေဘးနားကိုေဝ့ဝဲပီးၾကည့္လိုက္ေတယ့ သူ႔ကသူ႔ရဲ့နဂိုအိပ္ယာေပၚမွာပဲရွိေနေသးတာကိုေတြ႕လိုက္ရတယ္။ သူမထိန္းနိုင္ဘဲလုရွင္းစစ္ရဲ့လက္ေမာင္းကိုထိုးၾကည့္လိုက္တယ္ "ငါအိပ္မက္မက္ေနတာလား?"

လုရွင္းစစ္က​သူ႔ေမးခြန္းကိုျပန္မေျဖဘဲ လက္လွမ္းပီး သူ႔ရဲ့ပြစာက်ဲေနတဲ့ဆံပင္ေလးေတြကိုခြဲေပးတယ္။ သူကသူ႔ကိုစိုက္ၾကည့္ေနတယ္ "နာေနေသးလား?"

"နည္းနည္းပဲနာေတာ့တယ္ အရင္ကထက္အမ်ားႀကီးပိုသက္သာလာပီ" သြမ့္က်ားရန္ကအမွန္အတိုင္းပဲေျပာလိုက္တယ္။ သူ႔မ်က္ႏွာေပၚကအထိအေတြ႕အရ သူ႔​ေရွ႕ကအရာရာတိုင္းက ထင္ေယာင္ထင္မွာမဟုတ္မွန္းသိလိုက္တယ္ "မင္းဘယ္လိုလာတာလဲ?အရမ္းေနာက္က်ေနပီေလ"

"အိမ္ကလိုက္ပို႔တာ"

"ေမာင္းတာအရမ္းမျမန္လြန္းဘူးလား?" သြမ့္က်ားရန္အျပင္ဘက္ကေကာင္းကင္ကိုလွမ္းၾကည့္လိုက္ပီးေမွာင္ေနတုန္းမွန္းသိလိုက္တယ္ "Ning Chengကေန Hai Chengထိဆို သုံးေလးနာရီေလာက္ေမာင္းရတယ္ေလ"

လုရွင္းစစ္ကသူ႔ရဲ့သိခ်င္ေနတဲ့မ်က္လုံးေလးေတြကိုၾကည့္ပီးခနေလာက္ႏွုတ္ဆိတ္သြားတယ္။

ေနာက္ဆုံးမွာေတာ့ သူအမွန္တိုင္းပဲဝန္ခံလိုက္တယ္ "ကိုယ္ပိုင္ေလယာဥ္နဲ႔"

သြမ့္က်ားရန္အဲ့ဒီအေျဖကိုၾကားေတာ့ ျဖတ္ခနဲၾကည့္လိုက္တယ္။

သူလုရွင္းစစ္ကို အဲ့လိုမ်ိဳးလာလိမ့္မယ္လို႔ထင္မထားဘူး။ ဒါေပမဲ့လဲသူ႔ရဲ့ identity နဲ႔ေပါင္းပီးေတြးၾကည့္မယ္ဆိုရင္ေတာ့ ဘာမွမထူးဆန္းဘူးလို႔ခံစားရတယ္။

ခနၾကာ​ေတာ့သြမ့္က်ားရန္ကျပဳံးပီးလုရွင္းစစ္ကိုေမးလိုက္တယ္ "အာ့ဆိုမင္းတို႔မိသားစုအျပင္သြားရင္ ေလယာဥ္ႀကီးနဲ႔သြားတာေပါ့?"

လုရွင္းစစ္ကလက္ဆစ္ေလးေတြကသြမ့္က်ားရန္ရဲ့ေခါင္းေလးကိုၾကင္ၾကင္နာနာေခါက္လိုက္တယ္ "မင္းဘယ္လိုထင္လဲ?"

"ငါအခုထိprivate jet မျမင္ဖူးေသးဘူး သိခ်င္လို႔" သူကေျပာရင္းအဓိက​အေၾကာင္းကို႐ုတ္တရပ္သတိရသြားတယ္။

သူကဟာသလုပ္ေနတာေတြကိုရပ္လိုက္တယ္ "မင္းကဒီကိုညလယ္ေလာက္ႀကီးအေျပးေရာက္လာတာ ဘယ္သူေတြသိလဲ?"

လုရွင္းစစ္စကားေျပာမွာကိုေစာင့္ရင္းဖူ႔ယြမ္ကိုေတြးမိသြားတယ္ "ငါ့မားသိလား?သူကမင္းကိုဝင္ခြင့္ျပဳတယ္လား?ငါ့အထင္သူကမင္းကိုငါနဲ႔တစ္အိပ္ရာထဲမေနခြင့္မျပဳေလာက္ဘူးမလား?"

သူကရပ္နားမရွိဘဲေမးခြန္းေတြတသီတတန္းႀကီးေမးလိုက္တယ္။

သြမ့္က်ားရန္အဲ့ဒီအေၾကာင္းကိုအရမ္းႀကီးသိခ်င္ေနတာေတာ့မဟုတ္ပါဘူး။ လုရွင္းစစ္ကိုအရမ္းႀကီး႐ုတ္တရပ္ဆန္ဆန္ေတြ႕ေတာ့ သူ႔ဆီကိုေရာက္လာတာေလ။ သူ႔ကသူ႔ဆီကိုေရာက္လာမယ္လို႔ဘယ္သူမွေတြးမိမွာမဟုတ္ဘူးေလ။ သူ႔ကိုေမးၾကည့္ခ်င္တယ္။

သြမ့္က်ားရန္ရဲ့အဲ့လိုေမးေနပုံေလးကလုရွင္းစစ္ရဲ့ႏွုတ္ခမ္းေလးေတြကိုတြန္႔ေကြးသြားေစတယ္။

သူတစ္ဖက္လူရဲ့ရနံ့ေလးကိုတကယ္ႀကိဳက္တယ္။ ပင္လယ္နဲ႔သစ္ေတာလိုမ်ိဳး တစ္ဖက္လူကိုတည္ၿငိမ္သြားေစတဲ့တြန္းအားတစ္ခုရွိေနပုံေပၚတယ္။

လုရွင္းစစ္ကကေယာက္ကယက္ျဖစ္ေနတဲ့သြမ့္က်ားရန္ကိုအေစာကတည္းကသူ႔(DJY)ေနာက္ေက်ာဘက္မွာရွိေနတဲ့ သူ႔လက္နဲ႔ ေက်ာေလးကိုေခ်ာေမာ့သလိုပြတ္ေပးလိုက္တယ္။

သူသြမ့္က်ားရန္ကိုၾကည့္လိုက္ပီး သူ႔ပုံစံေလးကညင္သာသြားတယ္ "မမွတ္မိဘူးလား?ငါေရာက္လာ​ေတာ့မင္းကေဆး႐ုံမွာလဲေနတာ"

သြမ့္က်ားရန္ကလုရွင္းစစ္ေျပာတာကိုမယုံဘူးဆိုတာမရွိဘူး။ သူကသူ႔ေမ့ေနတုန္းကဟာကိုေစ့ေစ့စပ္စပ္ေတြးၾကည့္လိုက္တယ္ "အာ့ဆိုမင္းက..."

"မင္းေမေမကိုအဲ့ဒီအေၾကာင္းရွင္းျပဖို႔ေဆး႐ုံကိုသြားတယ္ ပီးေတာ့ ဆရာဝန္ကိုလဲ Ninh Cheng တုန္းက match report ကိုလဲျပလိုက္တယ္ အဲ့တာေတြလဲပီးသြားေရာ သူတို႔မင္းကိုျပန္ေခၚသြားဖို႔သေဘာတူလိုက္ေရာ"လုရွင္းစစ္ကစိတ္ရွည္လက္ရွည္နဲ႔ပဲေျပာေနတယ္ "ငါ့မားကငါ Hai Cheng ကိုေရာက္ေနတာကိုလဲသိတယ္ မင္းနဲ႔အတူတူလွဲေနတာကိုလဲသိတယ္"

သူကအျပဳံးတစ္ခုနဲ႔ေျပာတယ္ "ငါအခုဒီမွာအိပ္ေနတာကႏွစ္​ဖက္မိဘေတြရဲ့သေဘာတူညီမွုေတြရပီးမွ အာ့ေၾကာင့္မို႔မင္းစိုးရိမ္စရာမလိုပါဘူး"

သြမ့္က်ားရန္ကသူေျပာတာကိုနားေထာင္ပီးႏွာမွုတ္လိုက္တယ္။

လုရွင္းစစ္ကဒီေလာက္အခ်ိန္ေလးနဲ႔သူ႔ကိုစိတ္ပူေစတဲ့အရာေတြကိုေျဖရွင္းခဲ့လဲဆိုတာသူအေတာ္ေလးနားမလည္နိုင္ျဖစ္ေနတယ္။

လုရွင္းစစ္ကိုသူ႔ရဲ့မရွင္းလင္းတဲ့အၾကည့္ေတြနဲ႔ေစာင္းၾကည့္လိုက္တယ္။

သူ႔ရဲ့ပုံစံကနည္းနည္းေလးအထင္ႀကီးေနသလိုျဖစ္ပီး သူ႔ရဲ့ပယင္းေရာင္မ်က္လုံးေလးေတြကလဲအံ့ဩေနသလိုမ်ိဳးေလး ပီးေတာ့ သတိမထားမိဘဲ ခ်စ္ခင္ႏွစ္သက္မွုေလးတစ္စြန္းတစ္စကိုလဲေဖာ္ျပေနတယ္။

ဒီလိုသဘဝဆန္ဆန္နဲ႔ ရိုးရွင္းတဲ့ခ်စ္ျခင္းတရားကသူ႔ကိုႁခြင္းခ်က္မရွိေက်နပ္ေစနိုင္တယ္။

အဲ့ဒါကကိစၥတစ္ခု ထားလိုက္ေတာ့ အခ်ိန္ကသူ႔ကိုသြမ့္က်ားရန္နဲ႔ဒီလိုအရာေတြလုပ္ဖို႔ခြင့္မျပဳေသးဘူး။ သူသြမ့္က်ားရန္ကိုရင္ခြင္ထဲဆြဲသြင္းလိုက္တယ္ "သုံးနာရီေတာင္ထိုးေတာ့မယ္ အရင္အိပ္လိုက္အုံး ေမးစရာေတြရွိရင္လဲေနာက္ေန႔မွေျဖေပးမယ္"

အခ်ိန္ကိုၾကားတာနဲ႔သြမ့္က်ားရန္ကေခါင္းညိမ့္ျပတယ္။

သူလုရွင္းစစ္ရဲ့လည္ပင္းေတြၾကားထဲမွာသူ႔ေခါင္းကိုျမႇုပ္ထားလိုက္တယ္။သူကေနရာကိုေသခ်ာခ်ိန္ညႇိပီး႐ုတ္တရပ္ကိစၥတစ္ခုကိုသတိရသြားတယ္။

သူကတစ္ဖက္လူရဲ့ရင္ခြင္ထဲမွာဒီပုံစံေလးအတိုင္းေနရင္းေမးလိုက္တယ္ "ငါအခုအိပ္ေတာ့မွာ မနက္ျဖန္အထိေစာင့္ပီး ျပန္ေတာ့မွာလား?"

လုရွင္းစစ္ကသူ႔ရဲ့ႏူးႏူးညံ့ညံ့ေခါင္းေလးကိုထိလိုက္တယ္။

"မနက္ျဖန္ကျပန္ကိုျပန္ရမွာ မားကအရမ္းစိတ္ပူေနတယ္"

သြမ့္က်ားရန္ကသူအဲ့တိုင္းေျပာတာကိုနားေထာင္ပီးကိုယ့္ကိုယ္ကိုေတာင့္ထားရတယ္။

သူလုရွင္းစစ္ကိုမျပန္ေစခ်င္ဘူး။ ဒါေပမဲ့လဲသူဆက္ပီးဒုကၡမေပးခ်င္ဘူး။

မနက္ျဖန္က်အိပ္ယာထရင္လုရွင္းစစ္ကို ယာယီအမွတ္အသားေတာင္းရမွာလား?

သူအဲ့တာကိုေတြးေနတုန္းမွာ သူ႔ေကာင္ေလးကဆက္ေျပာတယ္ "ဒါေပမဲ့လဲ မင္းငါနဲ႔အတူျပန္လိုက္နိုင္လားဆိုတာငါေတြးပူေနတာ"

သြမ့္က်ားရန္ကအဲ့တာကိုၾကားေတာ့ ေခါင္းေလးကိုေနာက္ျပန္ဆုတ္ပီး သူ႔ကိုတည့္္တည့္စိုက္ၾကည့္တယ္။

သြမ့္က်ားရန္ကသိပ္မေသခ်ာလို႔ျပန္ေမးလိုက္တယ္ "မင္းဘာေျပာေနတာလဲ?"

"ငါနဲ႔ျပန္လိုက္ခဲ့ေလ"လုရွင္းစစ္ကသူ႔ရဒ့ေတြေဝေနတဲ့ပုံေလးကိုေတြ႕ေတာ့သူႏွလုံးသားေလးကႏူးညံ့သြားတယ္ "ငါ့ရဲ့မားကလဲမင္းကိုေတြ႕ခ်င္ေနတယ္"

သြမ့္က်ားရန္ကႏွစ္သစ္ကူးဒီမွာေနရတာမေပ်ာ္မွန္းသူသိတယ္။ အခုေတာ့stress disorder ေၾကာင့္သူ႔ကိုျပန္ေခၚသြားဖို႔အေၾကာင္းျပခ်က္ရသြားပီျဖစ္တယ္။

သြမ့္က်ားရန္သူနဲ႔တကယ္လိုက္သြားခ်င္တယ္။ ဒါေပမဲ့လုရွင္းစစ္ရဲ့မိသားစုေနာက္ခံကိုေတြးမိေတာ့ သူ႔ႏွလုံးသားထဲမွာနည္းနည္းတင္းက်ပ္ေနသလိုပဲ။

သြမ့္က်ားရန္ကစေနာက္တာတစ္ဝက္အစစ္အမွန္တစ္ဝက္နဲ႔ေျပာလိုက္တယ္ "ငါမင္းမိဘေတြကိုမေတြ႕ခ်င္ဘူး ငါကအရမ္းေခ်ာေပမဲ့လဲ မိဘတိုင္းငါ့ကိုသေဘာက်မယ္လို႔ေတာ့ အာမမခံနိုင္ဘူး"

"စိတ္ဓာတ္မက်ပါနဲ႔" လုရွင္းစစ္ကျပဳံးလိုက္တယ္ "မင္းကမားကိုအခုထိေတာင္ေသခ်ာမေတြ႕ရေသးဘူးေလ"

သူစိတ္လွုပ္ရွားေနတာကိုသူမျမင္ဘူးလားဆိုတာသြမ့္က်ားရန္မသိဘူး။ ဒါေပမဲ့လဲ လုရွင္းစစ္ရဲ့စိတ္သဘာထားကပုံမွန္ပဲဆိုတာေတြ႕လိုက္တယ္။ သူကသူ႔ကိုယုံၾကည္တဲ့အတြက္ေၾကာင့္ ဒီကိစၥကိုသူလုပ္နိုင္တယ္လို႔သြမ့္က်ားရန္ခံစားရတယ္။

မနက္ျဖန္အတြက္အစီအစဥ္ေတြကိုလက္ခံပီးသြားတဲ့ေနာက္မွာ သူေနာက္ထပ္တစ္ခုကိုသတိရသြားတယ္ "ငါ့မားကိုေရာဘယ္လိုလုပ္မလဲ? ငါ့မွာ stress disorder ရွိမွန္း​သူ႔ကိုမေျပာျပထားဘူး ငါသတိလစ္သြား​ေတာ့ သူလန္႔သြားေလာက္တယ္"

"သူကမင္းေၾကာင့္တကယ္ ေသမတတ္လန္႔သြားတာ ငါအန္တီကိုအဲ့ဒီအေၾကာင္းေျပာျပထါးတယ္ သူကမင္းသေဘာတဲ့ မင္းသေဘာတူရင္ငါနဲ႔Ning Cheng ကိုမနက္ျဖန္ျပန္လိုက္လို႔ရတယ္တဲ့" လုရွင္းစစ္ကသူ႔ရဲ့မ်က္ႏွာေလးကိုကုပ္ျခစ္ေနပီး သူ႔ကိုညင္ညင္သာသာအျပစ္တင္ေနတယ္ "ဒီလိုအေရးႀကီးတဲ့ဟာကို မင္းရဲ့ေမေမကိုဘာလို႔​မေျပာျပတာလဲ?"

"ငါကမင္းကူညီေနရင္ရပီလို႔ေတြးလိုက္တာ" သူ႔ကိုဒီလိုကုပ္ျခစ္ခြင့္ျပဳထားရတာကိုသြမ့္က်ားရန္ရွက္ေနတယ္ "သူ႔မွာအျမဲတမ္းလုပ္စရာေတြအမ်ားႀကီးရွိေနေတာ့ စိတ္ပူစရာေတြမ်ားတယ္ သူ႔ကိုအဲ့ဒီအေၾကာင္းေျပာျပလိုက္ရင္ သူကငါ့ကိုမင္းတို႔အိမ္ကိုေခၚလာပီး ​ေက်းဇူးတင္းခိုင္းလိမ့္မယ္"

"အဲ့တာကအတူတူလိုပါပဲ" လုရွင္းစစ္ကဒီေန႔ညဖူ႔ယြမ္ရဲ့တုံ႔ျပန္မွုကိုသတိရသြားတယ္ "အန္တီကေက်းဇူးတင္ပီးသြားပီ"

သြမ့္က်ားရန္ကအဲ့တာကိုၾကားေတာ့ နည္းနည္းရွက္သြားတယ္။

သူဘာေတြးေနလဲဆိုတာလုရွင္းစစ္ကသိေတာ့ေျပာလိုက္တယ္ "သူက​မင္းေၾကာင့္လန္႔သြားတာ အရင္အိပ္လိုက္​ ေနာက္ေန႔မွသူ႔ကိုရွင္းျပလိုက္ေတာ့"

"အဲ့တာပဲေကာင္းပါတယ္"

သြမ့္က်ားရန္ကလွဲခ်လိုက္ပီးေဘးကိုကိုင္းလိုက္တယ္။

သူလုရွင္းစစ္ကိုဒီညဆြဲထားပီး စကားေတြလဲအမ်ားႀကီး​ေျပာခဲ့တယ္။ အေရးႀကီးဆုံးအရာကိုသူေျပာဖို႔ေမ့ေတာ့မလိုပဲ။

"ငါမင္းကိုအခုထိေက်းဇူးမတင္ရေသးဘူး"

လုရွင္းစစ္ကမ်က္လုံးပင့္လိုက္တယ္။ သြမ့္က်ားရန္ကအဲ့တာကိုေတြးမိမယ္လို႔သူထင္မထားဘူး။

လက္ေမာင္းျဖဴျဖဴေလးတစ္ခုကသူ႔ပခုံးေတြေပၚကိုေရာက္လာတယ္။

ဒီ estrus omega ေလးမွာတိမ္ေလးလိုေပါ့ေပါ့ပါးပါးရနံ့ေလးရွိတယ္။ သူဘာႀကိဳက္လဲဆိုတာသိတဲ့အတိုင္းသြမ့္က်ားရန္ကကိုယ္ကိုကိုင္းပီး သူ႔ႏွုတ္ခမ္းေလးေတြကိုထိလိုက္တယ္။.ပီးေတာ့ သူ႔ကိုမ်က္လုံးေလးေတြေကြးက်သြားတဲ့အထိျပဳံးျပတယ္။

"ေက်းဇူးပါေကာေကာ"

~~~~~~~
ေနမေကာင္းဘူးဆိုတာနဲ႔ညလယ္ႀကီးေရာက္ေနလဲကိစၥမရွိဘူး private jet ႀကီးနဲ႔ေရာက္လာတာ🤢🤢လုေကာလိုေကာင္ေလးလိုခ်င္ရင္ novel ထဲေရာက္သြားမွရမယ္ထင္တယ္😢

✨——————✨

Đọc tiếp

Bạn Cũng Sẽ Thích

1.4M 139K 129
ZawGyi~~ နာမည္ႀကီးအႏုပညာ႐ွင္ျဖစ္တဲ့Junaဟာ လိင္တူခ်စ္ႀကိဳက္သူျဖစ္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ သူ ့ရဲ ့ အဖြဲ ့ထဲကေန ႏုတ္ထြက္ေပးခဲ့ရတယ္ ၆လအၾကာမွာ 'Han JunRa...
228K 35.7K 31
Title-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I trans...
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
1.4M 176K 150
BL