Unicode
ညပိုင်းအတွေးလွန်သွားတဲ့ရလဒ်အနေနဲ့တော့ သွမ့်ကျားရန်အိပ်ရေးဝဝမအိပ်လိုက်ရတာပဲ။
စာသင်ခန်းထဲရောက်ကတည်းက သူမကြာခဏဆိုသလိုသမ်းနေတာကိုလုရှင်းစစ်တွေ့ရတယ် "အိပ်ငိုက်နေတာလား?"
သွမ့်ကျားရန်ခေါင်းညိမ့်ပြတယ်။
လုရှင်းစစ်: "မနေ့ညတုန်းကဘာလုပ်နေလို့လဲ?"
သူကဒီတိုင်းမေးခွန်းလေးတစ်ခုမေးတာပါပဲ။ သွမ့်ကျားရန်ကရုတ်တရပ်ခေါင်းကြီးလှည့်လာပီးသူ့ကိုစိုက်ကြည့်မယ်လို့သူထင်မထားဘူး။
သုံးလေးစက္ကန့်လောက်စိုက်ကြည့်ပီးတဲ့အခါမှာတော့...
သွမ့်ကျားရန်ကအပြစ်ရှိသလိုဝန်ခံချက်ကြီးကိုငြင်းဆန်လိုက်တယ် "ဘာမှလုပ်ဘူး"
သူအဲ့တာကိုရိုရိုးသားသားမရှင်းပြနိုင်ဘူး။ သူမနေ့ညတုန်းက ကယောက်ကယက်အတွေးတွေနဲ့အိပ်တောင်မပျော်ဘူး။ နောက်ဆုံးကျလုရှင်းစစ်နဲ့ပတ်သက်တဲ့အိပ်မက်တစ်ခုမက်ခဲ့ပုံပေါ်တယ်။
လုရှင်းစစ်ကသူ့ကိုကြည့်ပီးပြုံးပြတယ်။
သွမ့်ကျားရန်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကအရမ်းနွမ်းနယ်နေတယ်။ဒါပေမဲ့ဒီနေ့ကသူနဲ့လုရှင်းစစ်အတူတူထိုင်ရမဲ့ပထမဆုံးနေ့ဆိုတော့ သူစိတ်လှုပ်ရှားနေတယ်။သွမ့်ကျားရန်အချိန်ဇယားကိုကြည့်လိုက်တော့ ပထမဆုံးအချိန်က physicsတဲ့။
သူထိန်းမထားနိုင်မှာစိုးတယ်။ သူခုံစောင်းထဲကသကြားလုံးဗူးလေးကိုထိလိုက်ပီး အိပ်ချင်လာရင်တစ်ခုစားဖို့ပြင်ဆင်လိုက်တယ်။
သွမ့်ကျားရန်ပါးစပ်ထဲမှာသကြားလုံးတစ်လုံးငုံရင်း လက်ထဲမှာဘောပင်ကိုင်လိုက်တယ်။
သူပထမတုန်းကတော့စိတ်အခြေအနေကကောင်းကောင်းမွန်မွန်ပါပဲ။ physics ဆရာက ပထမဆုံး choice question တွေပြောတုန်းကသူအကြမ်းဖျင်းနားလည်သေးတယ်။
ဒါပေမဲ့ electric field အကြောင်းသင်တဲ့အခါမှတော့ပြထားတဲ့ electromagnetic field ကိုကြည့်ပီး ဘယ်လိုလုပ်မျက်လုံးတွေကမည်းမှောင်သွားလဲမသိဘူး။
သွမ့်ကျားရန်ရဲ့ပါးစပ်ထဲကသကြားလုံးကကုန်သွားတယ် ဘောပင်ကလဲလက်ထဲကကျသွားတယ်။
သူ့ခေါင်းကတဖြည်းဖြည်းငိုက်ကျသွားတယ်။
လုရှင်းစစ်ကတွက်ချက်နေရင်းသူ့ကိုလှမ်းကြည့်လိုက်တယ်။ သူ့ခေါင်းကငိုက်စိုက်လေးကျပီးအိပ်ပျော်နေပုံပေါ်နေတာကိုတွေ့လိုက်ရတယ်။
လုရှင်းစစ်သူ့လက်မောင်းလေးကိုပုတ်ပေးလိုက်တယ်။
သွမ့်ကျားရန်ကအပုတ်ခံလိုက်ရတော့ သတိပြန်လည်လာတယ်။ မျက်လုံးတွေအတင်းဖွင့်ပီး blackboard ပေါ်ကိုပြန်ပီအာရုံစိုက်လိုက်တယ်။
သူကတိုးတိုးလေးပြောလိုက်တယ် "ငါတစ်ခါအိပ်ပျော်သွားရင် ငါ့ကိုထပ်ရိုက်လိုက်"
လုရှင်းစစ်ကခေါင်းညိမ့်ပြလိုက်တယ်။
မေးခွန်းတစ်ခုပီးတော့ လုရှင်းစစ်ကလှည့်ကြည့်လိုက်ပြန်တယ်။
စောနလေးတုန်းကတက်ကြွနေတဲ့ခေါင်လေးကအခုငိုက်စိုက်ကျနေကြန်ပီ။
သူခနလောက်တွေဝေသွားတယ်။.သွမ့်ကျားရန်တောင်ဆိုးထားတဲ့အတိုင်းနှိုးလိုက်ရမလားဆိုပီး။သူအိပ်တာကိုပဲအနှောင့်အယှက်ပေးလိုက်တော့တယ်။ တစ်ဖက်လူကသူ့ကိုသတိမရှိသလိုစိုက်ကြည့်ပီးမှ ဘာဖြစ်နေတယ်ဆိုတာနားလည်သွားတယ်။ လုရှင်းစး်ကသူ့ကြောင့်လန့်သွားတယ်ထင်ပီး တက်တက်ကြွကြွမေးလိုက်တယ် "လုကော မင်းမနက်ပိုင်းဆိုအိပ်မငိုက်ဘူးလား?"
"မအိပ်ငိုက်တာများတယ်"
"ငါလဲမအိပ်ငိုက်ချင်ပါဘူး" သွမ့်ကျားရန်ကလက်ထဲကကျသွားတဲ့ဘောပင်ကိုပြန်ကောက်ရင်းပြောတယ် "မင်းကိုအများကြီးစိတ်ကူးယဥ်နေတာ"
အဲ့စကားပြောဖို့ကသိပ်မကြာပါဘူး။ လုရှင်းစစ်နောက်ထပ်ဘောပင်ပြုတ်ကျသံကိုကြားလိုက်ရပြန်တယ်။
သူ့ဘေးကိုကြည့်လိုက်တော့ စားပွဲဖော်အသစ်လေးကမျက်လုံးတွေမှိတ်သွားပြန်ပီ။
သွမ့်ကျားရန်ကောင်းကောင်းမအိပ်ခဲ့ရလို့ထင်တယ်။ သူ့မျက်လုံးလေးတွေအောက်မှာ အညိုဖျော့ဖျော့အဝိုင်းလေးရှိနေတယ်။ သူ့ရဲ့ဘေးတစ်စောင်းပုံလေးကအရမ်းမျက်စိစားတယ်။ မျက်ခုံးရိုးလေးလေးတွေနှာတံလေးတွေကပျိုမျစ်နုနယ်တယ်။ စာသင်ခန်းရဲ့တောက်ပတဲ့မီးရောင်အောက်မှာ သူ့အသားအရည်ကဖောက်ပီးမြင်ရတဲ့အဖြူရောင်ကြွေထည်လေးအတိုင်းပဲ။
လုရှင်စစ်နည်းနည်းထပ်ကြည့်မိတယ်။ သူကမေးလေးကိုလက်နဲ့ထောက်ထားတာ။ အဆုံးမှာတော့ သူမပြုံးဘဲမနေနိုင်ဘူး။
သူတို့မိသားစုကကလေးတွေကကျတော့ အိပ်ငိုက်မသွားရအောင်သူတို့ကိုသူတို့ကြိုးစားထားရတယ်။
သွမ့်ကျားရန်ကထောက်ထားတဲ့လက်ကယိုင်သွားတာနဲ့လူကချက်ချင်းပြုတ်ကျသွားတယ်။
လုရှင်းစစ်ကသူ့လက်ကိုကိုင်လိုက်ပီး စားပွဲပေါ်ကိုဖြည်းဖြည်းလေးဆွဲလိုက်ရတယ်။
တစ်စုံတစ်ယောက်ကသူ့ကိုဂရုစိုက်ပေးနေတာကိုသွမ့်ကျားရန်ရေးရေးလေးခံစားမိတော့ မျက်လုံးတွေကိုပွတ်လိုက်ပီး ဘေးကိုကြည့်လိုက်တယ်။
"အိပ်လေ" သူ့ကိုသက်သောင့်သက်သာဖြစ်အောင်ပြောနေတာကိုကြားလိုက်တယ် "အတန်းပီးရင်ဒီစာတွေပြန်သင်ပေးမယ်"
သွမ့်ကျားရန်အတွက်တော့စီစဥ်ထားတာတွေအတိုင်းလိုက်နေရတာကတကယ်ခက်ခဲတယ်။
သူအလယ်တန်းတက်ကတည်းက အိပ်တာတွေအတန်းလစ်တာတွေကပုံမှန်လုပ်နေတဲ့အရာတွေပဲ။အဲ့ဒီအချိန်တွေတုန်းကဆို သူဘယ်တော့မှစာမလေ့လာဘူး။ သူ့ဘေးကသူငယ်ချင်းတွေကိုလျစ်လျူရှုခိုင်းထားရုံတင်မကဘူး ဆရာတွေကလဲနည်းနည်းပဲသူ့ကိုဂရုထားတယ်။
အင်္ဂလိပ်ဆရာကအခုလေးတင် attributive clause အကြောင်းပြောပီးသွားတာ။ သူကအတန်းထဲကိုဝေ့ကြည့်လိုက်တယ် "သွမ့်ကျားရန် မေးခွန်းနံပါတ်ရှစ်မှာရွေးရမဲ့အကြောင်းပြောပါအုံး"
သွမ့်ကျားရန်အကြောင်းအရာကိုကြည့်လိုက်ပီး တုံးဆိုင်းစွာပြောတယ် "ကွက်လပ်နေရာကနေရာကိုရည်ညွှန်းတဲ့အတွက် where ကိုရွေးပါတယ်"
"Great!" အင်္ဂလိပ်ဆရာကစိတ်လှုပ်ရှားနေတယ်။ သူ့ရဲ့အသုံးမကျတဲ့သားလေးကဖြေနိုင်မဲ့ရက်ရှိလာလိမ့်လို့သူမထင်ထားဘူး "လူတိုင်းအားပေးလိုက်ကြပါအုံး"
တစ်တန်းလုံးကလက်ခုပ်တီးပေးပီး ချန်ယွဲ့က လေခေါက်မှုတ်ပြတယ်။
သွမ့်ကျားရန်ကခုံမှါထိုင်လိုက်ပီ မေးခွန်းဖြေနိုင်တဲ့အတွက်ရှင်းမပြတတ်တဲ့ရှက်ရွံ့မှုတွေရှိနေတယ်။
ရှေ့စားပွဲနောက်စားပွဲထိုင်တာနဲ့ယှဥ်ရင် စားပွဲအတူတူထိုင်တာကအများကြီးအဆင်ပြေတယ်။ တစ်ခါတစ်လေမှာ ဆရာကသူနားမလည်တဲ့ knowledge point တွေပြောပြမယ်ဆိုရင် ဘေးမှာရှိနေတဲ့လုရှင်းစစ်ကိုမေးလိုက်တယ်။တစ်ဖက်လူရဲ့အဖြေတွေကြောင့်သူကဆရာပြောတာတွေကိုအမှီလိုက်နိုင်တယ်။
ကျောင်းမှာအတန်းတက်ပီးလို့ညအဆောင်ရောက်ရင်လဲသွမ့်ကျားရန်ကအိမ်စာတွေပြန်လုပ်တယ်။
စုန့်ရိကသူအိမ်စာစလုပ်တော့ပထမတုန်းကလန့်နေပီးသူကအဲ့တိုင်းပဲဆက်လုပ်နေတာတွေ့တော့သူကအံ့ဩနေတယ်။ သွမ့်ကျားရန်ကစာအတိုလေးတွေရေးပီး သင်္ချာပုစ္ဆာကိုမတွက်တတ်ဖြစ်နေတာကိုတွေ့တော့စုန့်ရိကသူ့ကိုသတိပေးလိုက်တယ် "မင်းအတန်းခေါင်းဆောင်ကိုခေါ်ချင်လား?"
သွမ့်ကျားရန်ခနလောက်တွေဝေသွားတယ်။
သူတစ်ညလေးပဲရှိသေးတာတောင် မေးခွန်းတွေမဖြေတတ်တော့ဘူး။ အဲ့ဒီအပြင်သူကတစ်ကိုယ်ကောင်ဆန်စွာနဲ့ပဲမေးခွန်းတွေဖြေရင်းလုရှင်းစီရဲ့အသံလေးကြားချင်နေတယ်။ သွမ့်ကျားရန် လုရှင်းစစ်ကို message လှမ်းပို့လိုက်တယ်။ [မင်းဘာလုပ်နေလဲ?]
ခနကြာတော့တစ်ဖက်လူဆီကပြန်စာရလာတယ် [မေးခွန်းတွေဖြေနေတာ]
သွမ့်ကျားရန်ကသူ့ကိုနှောင့်ယှက်မိမှာစိုးလို့ခနလောက်တွေဝေသွားတယ်။.တစ်ဖက်လူကစာဆက်ပို့တယ် [ဘာဖြစ်လို့လဲ?]
[ငါပုစ္ဆာတစ်ခုကိုနားမလည်ဖြစ်နေတယ် ငါအဲ့တာကိုနှစ်ခါတောင်တွက်ပီးသွားပီ] သွမ့်ကျားရန်မေးလိုက်တယ် [ငါ့ကိုဖုန်းလှမ်းခေါ်လို့ရလား?]
လုရှင်းစစ်ကသူ့ကိုလှမ်းခေါ်တယ်။
သွမ့်ကျားရန်ကဖုန်းကိုင်လိုက်ပီးအလောတကြီးပြောတယ် "ခနစောင့်အုံး နားကြပ်သွားရှာလိုက်အုံးမယ်"
သူကအပေါ်အင်္ကျီအိပ်ကပ်ထဲကိုမြန်မြန်ရှာရင်းပြောတယ်။ နားကြပ်တွေတွေ့တော့ သွမ့်ကျားရန်ကမပီးသေးတဲ့ပုစ္ဆာတွေကိုဓာတ်ပုံရိုက်ပီးပို့လိုက်တယ်။
လုရှင်းစစ်ကမေးခွန်းတွေကိုချက်ချင်းမဖတ်ပဲ သူ့ကိုမေးလိုက်တယ် "နောက်ကျနေပီလေ မနားသေးဘူးလား?"
"မင်းလဲအတူတူပဲမဟုတ်လား?"သွမ့်ကျားရန်သတိမထားမိဘူး နားကြပ်ကြိုးကိုကလိနေမိတယ် "မင်းကအိမ်ပြန်ရောက်ရင်စာပြန်မကြည့်တော့ဘူးလို့ငါကထင်နေတာဏ္ဍ
"ငါကအဲ့လောက်ကြီးယုံကြည်ချက်မရှိပါဘူး" လုရှင်းစစ်ကပြုံးနေပုံပေါ်တယ်။ သူကစပီးမေးခွန်းတွေဖက်လှည့်လိုက်တယ် "regression equation လား?"
သွမ့်ကျားရန်ဘက်ကလဲပြန်တုံ့ပြန်လိုက်တယ်။
အပြင်ဘက်မှာမိုးလေးတွေကစပီးတဖြောက်ဖြောက်ရွာလာတယ်။ ဆောင်းရာသီမှာမိုးရွာတဲ့ညတွေဆို လေထုကစိုထိုင်းအေးစက်တယ်။
သွမ့်ကျားရန်ဖုန်းတစ်ဖက်ကကောင်လေးအသံကိုနားထောင်နေတယ်။ လုရှင်းစစ်ကသူပုစ္ဆာဖြေရှင်းနည်းအဆင့်ဆင့်ကိုနားလည်သွားတဲ့အထိစိတ်ရှည်ရှည်ရှင်းပြနေတယ်။
လုရှင်းစစ်စာတွေရှင်းပြပီးတဲ့အခါမှာသွမ့်ကျားရန်ဖုန်းမချဖို့ဆုံးဖြတ်လိုက်တယ်။
သူ့အတွေးတွေကအဝေးကိုရွက်လွှင့်သွားတယ်။ သူ့ဘက်ကတုံ့ပြန်မှုမရတော့ လုရှင်းစစ်ကခေါ်လိုက်တယ် "အားရယ်"
" ... " သွမ့်ကျားရန်ကအတွေးတွေကိုချက်ချင်းဖွင့်ပြောမိသွားတယ် "ငါမင်းကိုမြင်ချင်တယ်"
အသံထွက်သွားတာနဲ့သွမ့်ကျားရန်နည်းနည်းရှက်သွားတယ်။
သူကမေးခွန်းတွေကိုသေချာရှင်းပြနေတာကိုသူကတခြားအတွေးတွေတွေးနေတယ်။
လုရှင်းစစ်ကသူ့ရဲ့ရုတ်တရပ်တောင်းဆိုမှုကိုနားထောင်ပီးသူစိတ်ရှုပ်နေတာကိုသတိပြုမိသွားပုံရတယ်။
သွမ့်ကျားရန်မှန်တယ်။
Video request တစ်ခုကချက်ချင်းရောက်လာတယ်။
စုန့်ရိကရေချိုးသွားတဲ့အတွက်အိပ်ခန်းထဲမှာသူတစ်ယောက်ပဲရှိတယ်။ သူမြန်မြန် accept လုပ်လိုက်တယ်။
သူကစားပွဲပေါ်ကမီးအိမ်လေးကိုသေချာနေရာချလိုက်တယ်။ အဲ့တာမှသူ့မျက်နှာပေါ်ကိုအလင်းရောက်ကျပီးသေသေချာချာလင်းနေမှာ။ တစ်ချိန်တည်းမှာပဲတစ်ဖက်ကမြင်ကွင်းကိုတွေ့လိုက်ရတယ်။
ကျောင်းသားတွေနေတဲ့အဆောင်နဲ့ယှဥ်ရင် လုရှင်းစစ်ရဲ့အခန်းကပိုပီးနေရာကျယ်တယ်။
သူကရိုးရှင်းသပ်ရပ်ပီးတော့တစ်ခန်လုံးအဖြူရောင်။ သွမ့်ကျားရန်ရဲ့ရှုထောင့်ကနေဆိုသူပထမဆုံးမြင်ရတာကစားပွဲပေါ်ကလေ့ကျင့်ခန်းစာအုပ်။ အဝေးဆုံးမြင်ရတဲ့နေရာကတော့ အိပ်ရာရဲ့အစွန်း။
လုရှင်းစစ်ကဘောပင်လေးတစ်ချောင်းကိုင်ပီး သူ့ကိုပြုံးကြည့်နေတယ်။
သူကအခုလေးတင်ရေးချိုပီးတာဖြစ်နိုင်တယ်။ သူ့ရဲ့အနက်ရောင်ဆံပင်လေးတွေကပျော့ပျော့လေးစင်းကျနေတယ်။ သူ့ရဲ့မျက်လုံးလေးတွေကသွယ်သွယ်လေးကိုမှနူးညံ့နေတယ်။ သူ့အိမ်မှာဆိုတော့ သူ့ပုံစံကလုံးဝကိုသက်သောင့်သက်သာဖြစ်နေတယ်။
သွမ့်ကျားရန်ကသူ့ကိုပထမဆုံးအကြိမ်အဖြစ်ဒီလိုမြင်ဖူးတာ။ သူသတိလက်လွတ်တံတွေးမျိုချမိသွားတယ်။
နားကြပ်ကြောင့်လားတော့မသိဘူး။ သူ့ရဲ့မျိုချသံကိုတစ်ဖက်လူကကြားသွားပုံရတယ်။ သူလုရှင်းစစ်ပြောတာကိုရှင်းရှင်းလင်းလင်းကြားရတယ်။
သူကတမင်တကာသူ့ကိုစနေတယ် "ဗိုက်ဆာလို့လား?"
နားကြပ်တပ်ထားလို့သူ့ရဲ့အသံကသူ့နားထဲမှာပြည့်နေတယ်။ သွမ့်ကျားရန်သူ့ကိုရယ်လိုက်တယ်။
နောက်ဆုံးမှာသွမ့်ကျားရန်လဲသူ့ကိုပြန်ပီးစလိုက်တယ်။
"မင်းအရမ်းလှတယ်" သွမ့်ကျားရန်ကတမင်တကာနီးသွားအောင်ဖုန်းကိုဆွဲလိုက်တယ် "အရမ်းလှတဲ့မင်းလေးကဘယ်သူလေးပါလိမ့်?"
သွမ့်ကျားရန်ကစသာစနေတာ သူ့အခြေအနေကဘယ်လိုဖြစ်နေမှန်းမသိဘူး။
စုန့်ရိကအအေးကြောက်တဲ့အတွက်အဆောင်မှာအပူကိုအရမ်းကြီးမြှင့်ထားတဲ့အတွက် သွမ့်ကျားရန်ကနွေရာသီဝတ်တဲ့အဝတ်တွေပဲဝတ်ထားတယ်။
ချောမွေ့တဲ့အသားဖြူဖြူလေးကscreen ကိုပေါ်မှာအပြည့်ပေါ်နေပီး သွမ့်ကျားရန်စကားပြောတဲ့အခါမှာ ဖွဖွလေးဆိုတော့ အရောင်ဖျော့ဖျော့နှုတ်ခမ်းလေးတွေကတလှုပ်လှုပ်နဲ့။
လုရှင်းစစ်ကသူ့ဟာသလုပ်နေတာကိုကြည့်နေပီး သူ့ခံစားနေရတာတွေကိုတော့ဖိနှိပ်ထားတယ်။
သွမ့်ကျားရန်ကသူစကားမပြောတာတွေ့တော့ သူပြောတာထဲမှာပိတ်မိသွားပီထင်လိုက်တယ်။ သွမ့်ကျားရန်ကရုတ်တရပ်ဉာဏ်ကွန့်မြူးလိုက်ပီး ယုတ်ယုတ်မာမာကြီးပြုံးလိုက်တယ် "ငါအခုတလောစာတွေအရမ်းကြိုးစားနေတယ်မလား?"
"ကြိုးစားတယ်လေ" လုရှင်းစစ်ကသူပြောတာကိုလိုက်ပြောပေးတယ်။
"အာ့ဆိုမင်းငါ့ကိုအားပေးရမယ်မလား?"သွမ့်ကျားရန်ကဆက်ပြောလိုက်ပီး screen ကိုဖွဖွလေးနှိပ်လိုက်တယ် "ငါဆုပေးတာလိုချင်တယ်"
သူကအရမ်းတက်ကြွတဲ့အတွက် သူ့ရဲ့neckline လေးကပိုပီးပေါ်လာတယ်။ သူ့ရဲ့ညှပ်ရိုးလေးကအချိုင့်ထင်းထင်းလေးဖြစ်လာတယ်။
လုရှင်းစစ်ကသူ့ကိုပြုံးပြလိုက်ပီး သူ့နှလုံးသားထဲနစ်မြုပ်ထားတဲ့ ဆန္ဒတွေကနည်းနည်းချင်းစီကြီးထွားလာတယ်။
သူလည်ချောင်းတွေခြောက်နေပီးအသံကလဲမှိုင်းနေတယ် "မင်းဘာလိုချင်လို့လဲ?"
သွမ့်ကျားရန်ကတော့ဘာမှမသိပဲရဲရဲဝံ့ဝံ့ပြောနေတုန်းပဲ "မနက်ဖြန်ကျောင်းရောက်ရင် ငါ့ကိုနမ်းရမယ်"
သွမ့်ကျားရန်ကလုရှင်းစစ်တိုးတိုးလးပဲပြောနေတာကိုကြည့်နေပီး ဒီတစ်ခါတော့သူနိုင်ပီဆိုပီး အတော်လေးကျေနပ်နေတယ်။
သူမနက်နိုးတော့လဲ သူမနေ့တုန်းကကစားခဲ့တာကိုတွေးပီး အရမ်းကျေနပ်နေတုန်းပဲ။
Class 10 ကိုသွားရမှာကျေနပ်စရာကြီး။
စာသင်ခန်းတံခါးနားရောက်တော့ သူတဖြည်းဖြည်းနှေးသွားတာတွေ့တော့ စုန့်ရိကမေးလိုက်တယ် "မင်းခြေထောက်နာလို့လား?"
သွမ့်ကျားရန်ကခေါင်းခါလိုက်တယ်။ သူထပ်ပီးအမေးမခံချင်တဲ့အတွက် အခန်းထဲကိုပဲချက်ချင်းပြေးဝင်လိုက်တယ်။
သူဝင်လိုက်တော့ သူ့ရဲ့စားပွဲဖော်လေးကဖုန်းကစားနေတာကိုတွေ့လိုက်တယ်။
"Morning" သွမ့်ကျားရန်ကအရင်စပီးနှုတ်ဆက်လိုက်တယ်။
လုရှင်းစစ်လဲသူ့ကိုပြန်နှုတ်ဆက်တယ်။
သွမ့်ကျားရန်ကသူ့မျက်နှာပေါ်ကအရိပ်အယောင်ကိုတွေကိုသတိမထားမိဘူး။သူကလုရှင်းစစ်မေ့လိုက်ပီလို့ပဲတွေးလိုက်တယ်။ သူကလက်ဆန့်ပီးခုံကိုဆွဲလိုက်တယ်။
"မနေ့က မင်းပြောတာ ငါမင်းကိုနမ်းချင်တယ်" လုရှင်းစစ်ကရုတ်တရပ်ပြောလိုက်တယ် "ငါမင်းလျှာကိုထိလို့ရလား?"
သွမ့်ကျားရန်ကူရာကယ်ရာမဲ့သွားပီး ခုံဆွဲနေတာကရပ်သွားတယ်။
သူကဒီတိုင်းကြီးမငြင်းဘူး "မင်းကနှုတ်ခမ်းကိုနမ်းတာလားမျက်နှာကိုနမ်းတာလားလို့ဘာလို့မမေးတာလဲ?"
"မဟုတ်ဘူး ငါနှုတ်ခမ်းကိုပိုနမ်းချင်တယ်" လုရှင်းစစ်ကသူ့ကိုတိုးတိုးလေးပြောနေတုန်းပဲ "ဒီနေ့ဘယ်အချိန်လောက်အဆင်ပြေမယ်လို့မင်းထင်လဲ?"
သွမ့်ကျားရန်ဘာမှမပြောဘူး။
သူကတိတ်တိတ်လေးအကြာကြီးစဥ်းစားနေပီး မပီမပြင်ပြောတယ် "မင်းကငါအရိပ်အခြေပြတာစောင့်"
"အင်း" လုရှင်းစစ်ကသက်ပြင်းချတယ် "ဖြစ်နိုင်သမျှမြန်မြန်နော် ငါသိပ်စိတ်မရှည်ဘူး"
" ... "
မနေ့ညကမိုးဖွဲဖွဲတွေကဆက်ရွာနေတုန်းပဲ။ မှောင်မည်းနေပီတော့ ပြတင်းပေါက်တွေကလဲရုတ်တရပ်ခမ်းနားလာတယ်။
ကောင်းကင်ပေါ်မှာလျှပ်စီးကြောင်းတွေနဲ့မိုးချုန်းသံတွေနဲ့တုန်ဟီးနေတယ်။ပြတင်းပေါက်တွေတံခါးတွေပိတ်ထားတာတောင် စာသင်ခန်းထဲကနေသည်းကြီးမည်းကြီးရွာနေတဲ့မိုးသံတွေကိုကြားနေရတယ်။
Final exam နားနီးနေပီးဆိုတော့ ကျောက်မင်ကျွင်းက self study ချိန်မှာကျောင်းသားတွေကိုပဲချန်ထားခဲ့တယ်။ သွမ့်ကျားရန်ကမေးခွန်းတစ်ခုကိုဖြေဖို့ဦးနှောက်ကိုညှဥ်းပန်းနေရတယ်။ ဒါပေမဲ့သူ့စိတ်ထဲမှာဘာမှမရှိသလို အကြာကြီးနေတာတောင်ဘာအကြံဉာဏ်မှမထွက်ဘူး။
စိတ်ရှုပ်နေတာနဲ့ပဲ လက်ထဲကဘောပင်ကမတော်တဆအောက်ကိုပြုတ်ကျသွားတယ်။
သွမ့်ကျားရန်အောက်ကိုငုံ့ကြည့်လိုက်တော့ဘောပင်ကိုမတွေ့ဘူး။ အာ့ကြောင့်သူခုံကိုဆွဲဖွင့်ရင်းဒူးထောက်ပီးရှာလိုက်တယ်။
သူလှုပ်ရှားနေတာကဖွဖွလေးမှမဟုတ်တာ။ ဘေးမှာ မေးခွန်းတွေဖြေနေတဲ့လုရှင်းစစ်ကစားပွဲကိုကိုင်လိုက်ပီးသူ့မျက်လုံးတွေကသူ့မျက်နှာပေါ်ကိုကျရောက်သွားတယ်။
သူကခေါင်းငုံ့ထားတဲ့အတွက် သူ့ရဲ့အညိုရောင်ဖျော့ဖျော့မျက်တောင်လေးတွေကစင်းကျနေပီး မြင်နေရတဲ့နှုတ်ခမ်းပုံလေးကလဲလှပတယ်။
သွမ့်ကျားရန်နောက်ဆုံးမှာတော့ သူ့ဘောပင်လေးကိုတွေ့လိုက်တယ်။ သူစဥ်းစားမနေဘဲ လုရှင်းစစ်ရဲ့ပေါင်ကိုထိလိုက်တယ်။ လုရှင်းစစ်ကငုံ့ကြည့်လာတဲ့အခါမှာတော့ သူကသူ့ခြေထောက်နားကဘောပင်လေးကိုညွှန်ပြလိုက်တယ် "မင်းအဲ့တာကိုကန်ပေး"
ဘောပင်လေးကလိမ့်လာတယ်။
သူဘောပင်လေးရတော့ထမလို့လုပ်လိုက်တယ်။လုရှင်းစစ်ကသူ့ရဲ့လည်ပင်းလေးကိုဖွဖွလေးဖျစ်ထားတယ်။
"မလုပ်ရသေးတဲ့တစ်ခုခုရှိနေတယ်လို့မင်းမထင်ဘူးလား?"
သွမ့်ကျားရန်ကစားပွဲအောက်မှာဖိထားခံရတော့မသက်မသာဖြစ်နေတယ်။ "ဘာလဲ?ငါအပေါ်ရောက်လာမှပြော"
လုရှင်းစစ်ကဟန်လုပ်ပြုံးလိုက်ပီး ဖြည်းဖြည်းလေးသတိပေးတယ် "မင်းငါ့ကိုအချက်ပေးမှာကိုစောင့်နေတာ"
သွမ့်ကျားရန်တစ်ချက်ကြည့်လိုက်ပီး ပြောစရာစကားတွေလည်ချောင်းထဲမှာကပ်ကုန်တယ်။
မနေ့ညတုန်းကဒီအခြေအနေမှာသူအရမ်းကျေနပ်နေတာ။ ဒါပေမဲ့ဒါကိုလုပ်ရမယ်ဆိုတော့တကယ်ရှက်နေတယ်။ ဒီနေ့ကြတော့ အဲ့ဒီအကြောင်းအရာကိုတမင်သက်သက်ကိုရှောင်နေတာ။
သွမ့်ကျားရန်ကသူ့ကိုဆင်ခြေဆင်လက်ဆင်နားရွက်တွေနဲ့မွန်းအောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ် "မင်းမမေ့နဲ့အုံး မင်းကြည့်ကြည့်လေ ငါတို့အားလုံးကျောင်း–လုရှင်းစစ်!"
အေးစက်စက်လက်ချောင်းတွေကသူ့လက်ကောက်ဝတ်တွေကိုဖုံးအုပ်လာတယ်။
သူ့လက်ကောက်ဝတ်တွေကအချုပ်ခံနေရပီး သူကဘေးမှာ ငုပ်တုပ်လေးထိုင်နေရတယ်။
သွမ့်ကျားရန်အသံကျယ်ကျယ်လဲမလုပ်ရဲဘူး။ သူဆွဲတာကိုငြိမ်ခံနေရုံပဲတတ်နိုင်တယ်။
သူတို့တွေကစာသင်ခန်းရဲ့နောက်ဆုံးတန်းမှာဆိုရင်တောင် သူကအနောက်တံခါးဘေးမှာထိုင်နေရတာ။ လုရှင်းစစ်ကသူ့ရှေ့မှာရှိနေတဲ့အတွက် လူအများစုကသူ့ခန္တာကိုယ်နဲ့အကွယ်ခံနေရတယ်။ သူတို့ဘာလုပ်နေလဲဆိုတာကိုတစ်စုံတစ်ယောက်မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမဲ့လဲသွမ့်ကျားရန်ရှုပ်ထွေးနေတုန်းပဲ။
လုရှင်းစစ်ကအဲ့လောက်သတ္တိကောင်းမယ်လို့သူလုံးဝမစဥ်းစားထားဘူ။
လင်းထိန်နေတဲ့စာသင်ခန်းနေထဲမှာ စာရွက်လှန်တဲ့အသံနဲ့ စာဆွေးနွေးသံတိုးတိုးလေးတွေရှိနေတယ်။ alpha ရဲ့သိပ်သည်းတဲ့ ဖိနှိပ်လိုမှုနဲ့ တစ်ဖက်လူရဲ့အငွေ့အသက်ကအရမ်းလွှမ်းမိုးနိုင်တယ်။
သွမ့်ကျားရန်ခန္တာကိုယ်ကတောင့်သွားပီး ပုန်းနေချင်မိတယ်။ လက်တစ်ဖက်ကသူ့နောက်ကျောကိုရောက်လာပီး သူ့ကိုကြင်ကြင်နာနာပွတ်သပ်ပေးနေတယ်။
လုရှင်းစစ်ရဲ့သိပ်စိတ်မရှည်ဘူးဆိုတာကဟာသမဟုတ်မှန်းသူနားလည်လိုက်တယ်။
အဲ့ဒီလိုပိုင်စိုးပိုင်နင်းနိုင်မှုကတအားပြင်းထန်တဲ့အတွက် တားနိုင်စွမ်းမရှိဘဲလျှံထွက်ကျတော့မတတ်ဘဲ။
သွမ့်ကျားရန်သူ့အငွေ့အသက်ကြောင့်မူးဝေနေပီး သူအဲ့တာလုပ်မှာကိုတားဖို့ကြိုးစားနေတယ်။
တစ်ဖက်လူရဲ့လက်ချောင်းတွေကသူ့နှုတ်ခမ်းကိုဖျစ်ထားပီး စကားလုံးတွေကနူးညံ့ပေမဲ့အန္တရာယ်ရှိတယ်။
"ဒါကမင်းလိုချင်တဲ့အရာပဲ မင်းပုန်းရှောင်မှာကိုခွင့်မပြုဘူး"
နောက်ဆုံးမှာတော့ လုရှင်းစစ်ရဲ့လက်ဖဝါးကသူ့ခေါင်းကိုတွန်းလိုက်ပီး သူ့ကိုနမ်းဖို့အတွက်တွန်းအားပေးခံလိုက်ရတယ်။
✨——————✨
Zawgyi
ညပိုင္းအေတြးလြန္သြားတဲ့ရလဒ္အေနနဲ႔ေတာ့ သြမ့္က်ားရန္အိပ္ေရးဝဝမအိပ္လိုက္ရတာပဲ။
စာသင္ခန္းထဲေရာက္ကတည္းက သူမၾကာခဏဆိုသလိုသမ္းေနတာကိုလုရွင္းစစ္ေတြ႕ရတယ္ "အိပ္ငိုက္ေနတာလား?"
သြမ့္က်ားရန္ေခါင္းညိမ့္ျပတယ္။
လုရွင္းစစ္: "မေန႔ညတုန္းကဘာလုပ္ေနလို႔လဲ?"
သူကဒီတိုင္းေမးခြန္းေလးတစ္ခုေမးတာပါပဲ။ သြမ့္က်ားရန္က႐ုတ္တရပ္ေခါင္းႀကီးလွည့္လာပီးသူ႔ကိုစိုက္ၾကည့္မယ္လို႔သူထင္မထားဘူး။
သုံးေလးစကၠန္႔ေလာက္စိုက္ၾကည့္ပီးတဲ့အခါမွာေတာ့...
သြမ့္က်ားရန္ကအျပစ္ရွိသလိုဝန္ခံခ်က္ႀကီးကိုျငင္းဆန္လိုက္တယ္ "ဘာမွလုပ္ဘူး"
သူအဲ့တာကိုရိုရိုးသားသားမရွင္းျပနိုင္ဘူး။ သူမေန႔ညတုန္းက ကေယာက္ကယက္အေတြးေတြနဲ႔အိပ္ေတာင္မေပ်ာ္ဘူး။ ေနာက္ဆုံးက်လုရွင္းစစ္နဲ႔ပတ္သက္တဲ့အိပ္မက္တစ္ခုမက္ခဲ့ပုံေပၚတယ္။
လုရွင္းစစ္ကသူ႔ကိုၾကည့္ပီးျပဳံးျပတယ္။
သြမ့္က်ားရန္ရဲ့႐ုပ္ပိုင္းဆိုင္ရာအေျခအေနေတြကအရမ္းႏြမ္းနယ္ေနတယ္။ဒါေပမဲ့ဒီေန႔ကသူနဲ႔လုရွင္းစစ္အတူတူထိုင္ရမဲ့ပထမဆုံးေန႔ဆိုေတာ့ သူစိတ္လွုပ္ရွားေနတယ္။သြမ့္က်ားရန္အခ်ိန္ဇယားကိုၾကည့္လိုက္ေတာ့ ပထမဆုံးအခ်ိန္က physicsတဲ့။
သူထိန္းမထားနိုင္မွာစိုးတယ္။ သူခုံေစာင္းထဲကသၾကားလုံးဗူးေလးကိုထိလိုက္ပီး အိပ္ခ်င္လာရင္တစ္ခုစားဖို႔ျပင္ဆင္လိုက္တယ္။
သြမ့္က်ားရန္ပါးစပ္ထဲမွာသၾကားလုံးတစ္လုံးငုံရင္း လက္ထဲမွာေဘာပင္ကိုင္လိုက္တယ္။
သူပထမတုန္းကေတာ့စိတ္အေျခအေနကေကာင္းေကာင္းမြန္မြန္ပါပဲ။ physics ဆရာက ပထမဆုံး choice question ေတြေျပာတုန္းကသူအၾကမ္းဖ်င္းနားလည္ေသးတယ္။
ဒါေပမဲ့ electric field အေၾကာင္းသင္တဲ့အခါမွေတာ့ျပထားတဲ့ electromagnetic field ကိုၾကည့္ပီး ဘယ္လိုလုပ္မ်က္လုံးေတြကမည္းေမွာင္သြားလဲမသိဘူး။
သြမ့္က်ားရန္ရဲ့ပါးစပ္ထဲကသၾကားလုံးကကုန္သြားတယ္ ေဘာပင္ကလဲလက္ထဲကက်သြားတယ္။
သူ႔ေခါင္းကတျဖည္းျဖည္းငိုက္က်သြားတယ္။
လုရွင္းစစ္ကတြက္ခ်က္ေနရင္းသူ႔ကိုလွမ္းၾကည့္လိုက္တယ္။ သူ႔ေခါင္းကငိုက္စိုက္ေလးက်ပီးအိပ္ေပ်ာ္ေနပုံေပၚေနတာကိုေတြ႕လိုက္ရတယ္။
လုရွင္းစစ္သူ႔လက္ေမာင္းေလးကိုပုတ္ေပးလိုက္တယ္။
သြမ့္က်ားရန္ကအပုတ္ခံလိုက္ရေတာ့ သတိျပန္လည္လာတယ္။ မ်က္လုံးေတြအတင္းဖြင့္ပီး blackboard ေပၚကိုျပန္ပီအာ႐ုံစိုက္လိုက္တယ္။
သူကတိုးတိုးေလးေျပာလိုက္တယ္ "ငါတစ္ခါအိပ္ေပ်ာ္သြားရင္ ငါ့ကိုထပ္ရိုက္လိုက္"
လုရွင္းစစ္ကေခါင္းညိမ့္ျပလိုက္တယ္။
ေမးခြန္းတစ္ခုပီးေတာ့ လုရွင္းစစ္ကလွည့္ၾကည့္လိုက္ျပန္တယ္။
ေစာနေလးတုန္းကတက္ႂကြေနတဲ့ေခါင္ေလးကအခုငိုက္စိုက္က်ေနၾကန္ပီ။
သူခနေလာက္ေတြေဝသြားတယ္။.သြမ့္က်ားရန္ေတာင္ဆိုးထားတဲ့အတိုင္းႏွိုးလိုက္ရမလားဆိုပီး။သူအိပ္တာကိုပဲအေႏွာင့္အယွက္ေပးလိုက္ေတာ့တယ္။ တစ္ဖက္လူကသူ႔ကိုသတိမရွိသလိုစိုက္ၾကည့္ပီးမွ ဘာျဖစ္ေနတယ္ဆိုတာနားလည္သြားတယ္။ လုရွင္းစး္ကသူ႔ေၾကာင့္လန္႔သြားတယ္ထင္ပီး တက္တက္ႂကြႂကြေမးလိုက္တယ္ "လုေကာ မင္းမနက္ပိုင္းဆိုအိပ္မငိုက္ဘူးလား?"
"မအိပ္ငိုက္တာမ်ားတယ္"
"ငါလဲမအိပ္ငိုက္ခ်င္ပါဘူး" သြမ့္က်ားရန္ကလက္ထဲကက်သြားတဲ့ေဘာပင္ကိုျပန္ေကာက္ရင္းေျပာတယ္ "မင္းကိုအမ်ားႀကီးစိတ္ကူးယဥ္ေနတာ"
အဲ့စကားေျပာဖို႔ကသိပ္မၾကာပါဘူး။ လုရွင္းစစ္ေနာက္ထပ္ေဘာပင္ျပဳတ္က်သံကိုၾကားလိုက္ရျပန္တယ္။
သူ႔ေဘးကိုၾကည့္လိုက္ေတာ့ စားပြဲေဖာ္အသစ္ေလးကမ်က္လုံးေတြမွိတ္သြားျပန္ပီ။
သြမ့္က်ားရန္ေကာင္းေကာင္းမအိပ္ခဲ့ရလို႔ထင္တယ္။ သူ႔မ်က္လုံးေလးေတြေအာက္မွာ အညိဳေဖ်ာ့ေဖ်ာ့အဝိုင္းေလးရွိေနတယ္။ သူ႔ရဲ့ေဘးတစ္ေစာင္းပုံေလးကအရမ္းမ်က္စိစားတယ္။ မ်က္ခုံးရိုးေလးေလးေတြႏွာတံေလးေတြကပ်ိဳမ်စ္ႏုနယ္တယ္။ စာသင္ခန္းရဲ့ေတာက္ပတဲ့မီးေရာင္ေအာက္မွာ သူ႔အသားအရည္ကေဖာက္ပီးျမင္ရတဲ့အျဖဴေရာင္ေႂကြထည္ေလးအတိုင္းပဲ။
လုရွင္စစ္နည္းနည္းထပ္ၾကည့္မိတယ္။ သူကေမးေလးကိုလက္နဲ႔ေထာက္ထားတာ။ အဆုံးမွာေတာ့ သူမျပဳံးဘဲမေနနိုင္ဘူး။
သူတို႔မိသားစုကကေလးေတြကက်ေတာ့ အိပ္ငိုက္မသြားရေအာင္သူတို႔ကိုသူတို႔ႀကိဳးစားထားရတယ္။
သြမ့္က်ားရန္ကေထာက္ထားတဲ့လက္ကယိုင္သြားတာနဲ႔လူကခ်က္ခ်င္းျပဳတ္က်သြားတယ္။
လုရွင္းစစ္ကသူ႔လက္ကိုကိုင္လိုက္ပီး စားပြဲေပၚကိုျဖည္းျဖည္းေလးဆြဲလိုက္ရတယ္။
တစ္စုံတစ္ေယာက္ကသူ႔ကိုဂ႐ုစိုက္ေပးေနတာကိုသြမ့္က်ားရန္ေရးေရးေလးခံစားမိေတာ့ မ်က္လုံးေတြကိုပြတ္လိုက္ပီး ေဘးကိုၾကည့္လိုက္တယ္။
"အိပ္ေလ" သူ႔ကိုသက္ေသာင့္သက္သာျဖစ္ေအာင္ေျပာေနတာကိုၾကားလိုက္တယ္ "အတန္းပီးရင္ဒီစာေတြျပန္သင္ေပးမယ္"
သြမ့္က်ားရန္အတြက္ေတာ့စီစဥ္ထားတာေတြအတိုင္းလိုက္ေနရတာကတကယ္ခက္ခဲတယ္။
သူအလယ္တန္းတက္ကတည္းက အိပ္တာေတြအတန္းလစ္တာေတြကပုံမွန္လုပ္ေနတဲ့အရာေတြပဲ။အဲ့ဒီအခ်ိန္ေတြတုန္းကဆို သူဘယ္ေတာ့မွစာမေလ့လာဘူး။ သူ႔ေဘးကသူငယ္ခ်င္းေတြကိုလ်စ္လ်ဴရွုခိုင္းထား႐ုံတင္မကဘူး ဆရာေတြကလဲနည္းနည္းပဲသူ႔ကိုဂ႐ုထားတယ္။
အဂၤလိပ္ဆရာကအခုေလးတင္ attributive clause အေၾကာင္းေျပာပီးသြားတာ။ သူကအတန္းထဲကိုေဝ့ၾကည့္လိုက္တယ္ "သြမ့္က်ားရန္ ေမးခြန္းနံပါတ္ရွစ္မွာေရြးရမဲ့အေၾကာင္းေျပာပါအုံး"
သြမ့္က်ားရန္အေၾကာင္းအရာကိုၾကည့္လိုက္ပီး တုံးဆိုင္းစြာေျပာတယ္ "ကြက္လပ္ေနရာကေနရာကိုရည္ညႊန္းတဲ့အတြက္ where ကိုေရြးပါတယ္"
"Great!" အဂၤလိပ္ဆရာကစိတ္လွုပ္ရွားေနတယ္။ သူ႔ရဲ့အသုံးမက်တဲ့သားေလးကေျဖနိုင္မဲ့ရက္ရွိလာလိမ့္လို႔သူမထင္ထားဘူး "လူတိုင္းအားေပးလိုက္ၾကပါအုံး"
တစ္တန္းလုံးကလက္ခုပ္တီးေပးပီး ခ်န္ယြဲ႕က ေလေခါက္မွုတ္ျပတယ္။
သြမ့္က်ားရန္ကခုံမွါထိုင္လိုက္ပီ ေမးခြန္းေျဖနိုင္တဲ့အတြက္ရွင္းမျပတတ္တဲ့ရွက္ရြံ့မွုေတြရွိေနတယ္။
ေရွ႕စားပြဲေနာက္စားပြဲထိုင္တာနဲ႔ယွဥ္ရင္ စားပြဲအတူတူထိုင္တာကအမ်ားႀကီးအဆင္ေျပတယ္။ တစ္ခါတစ္ေလမွာ ဆရာကသူနားမလည္တဲ့ knowledge point ေတြေျပာျပမယ္ဆိုရင္ ေဘးမွာရွိေနတဲ့လုရွင္းစစ္ကိုေမးလိုက္တယ္။တစ္ဖက္လူရဲ့အေျဖေတြေၾကာင့္သူကဆရာေျပာတာေတြကိုအမွီလိုက္နိုင္တယ္။
ေက်ာင္းမွာအတန္းတက္ပီးလို႔ညအေဆာင္ေရာက္ရင္လဲသြမ့္က်ားရန္ကအိမ္စာေတြျပန္လုပ္တယ္။
စုန္႔ရိကသူအိမ္စာစလုပ္ေတာ့ပထမတုန္းကလန္႔ေနပီးသူကအဲ့တိုင္းပဲဆက္လုပ္ေနတာေတြ႕ေတာ့သူကအံ့ဩေနတယ္။ သြမ့္က်ားရန္ကစာအတိုေလးေတြေရးပီး သခၤ်ာပုစၧာကိုမတြက္တတ္ျဖစ္ေနတာကိုေတြ႕ေတာ့စုန္႔ရိကသူ႔ကိုသတိေပးလိုက္တယ္ "မင္းအတန္းေခါင္းေဆာင္ကိုေခၚခ်င္လား?"
သြမ့္က်ားရန္ခနေလာက္ေတြေဝသြားတယ္။
သူတစ္ညေလးပဲရွိေသးတာေတာင္ ေမးခြန္းေတြမေျဖတတ္ေတာ့ဘူး။ အဲ့ဒီအျပင္သူကတစ္ကိုယ္ေကာင္ဆန္စြာနဲ႔ပဲေမးခြန္းေတြေျဖရင္းလုရွင္းစီရဲ့အသံေလးၾကားခ်င္ေနတယ္။ သြမ့္က်ားရန္ လုရွင္းစစ္ကို message လွမ္းပို႔လိုက္တယ္။ [မင္းဘာလုပ္ေနလဲ?]
ခနၾကာေတာ့တစ္ဖက္လူဆီကျပန္စာရလာတယ္ [ေမးခြန္းေတြေျဖေနတာ]
သြမ့္က်ားရန္ကသူ႔ကိုေႏွာင့္ယွက္မိမွာစိုးလို႔ခနေလာက္ေတြေဝသြားတယ္။.တစ္ဖက္လူကစာဆက္ပို႔တယ္ [ဘာျဖစ္လို႔လဲ?]
[ငါပုစၧာတစ္ခုကိုနားမလည္ျဖစ္ေနတယ္ ငါအဲ့တာကိုႏွစ္ခါေတာင္တြက္ပီးသြားပီ] သြမ့္က်ားရန္ေမးလိုက္တယ္ [ငါ့ကိုဖုန္းလွမ္းေခၚလို႔ရလား?]
လုရွင္းစစ္ကသူ႔ကိုလွမ္းေခၚတယ္။
သြမ့္က်ားရန္ကဖုန္းကိုင္လိုက္ပီးအေလာတႀကီးေျပာတယ္ "ခနေစာင့္အုံး နားၾကပ္သြားရွာလိုက္အုံးမယ္"
သူကအေပၚအကၤ်ီအိပ္ကပ္ထဲကိုျမန္ျမန္ရွာရင္းေျပာတယ္။ နားၾကပ္ေတြေတြ႕ေတာ့ သြမ့္က်ားရန္ကမပီးေသးတဲ့ပုစၧာေတြကိုဓာတ္ပုံရိုက္ပီးပို႔လိုက္တယ္။
လုရွင္းစစ္ကေမးခြန္းေတြကိုခ်က္ခ်င္းမဖတ္ပဲ သူ႔ကိုေမးလိုက္တယ္ "ေနာက္က်ေနပီေလ မနားေသးဘူးလား?"
"မင္းလဲအတူတူပဲမဟုတ္လား?"သြမ့္က်ားရန္သတိမထားမိဘူး နားၾကပ္ႀကိဳးကိုကလိေနမိတယ္ "မင္းကအိမ္ျပန္ေရာက္ရင္စာျပန္မၾကည့္ေတာ့ဘူးလို႔ငါကထင္ေနတာ႑
"ငါကအဲ့ေလာက္ႀကီးယုံၾကည္ခ်က္မရွိပါဘူး" လုရွင္းစစ္ကျပဳံးေနပုံေပၚတယ္။ သူကစပီးေမးခြန္းေတြဖက္လွည့္လိုက္တယ္ "regression equation လား?"
သြမ့္က်ားရန္ဘက္ကလဲျပန္တုံ႔ျပန္လိုက္တယ္။
အျပင္ဘက္မွာမိုးေလးေတြကစပီးတေျဖာက္ေျဖာက္ရြာလာတယ္။ ေဆာင္းရာသီမွာမိုးရြာတဲ့ညေတြဆို ေလထုကစိုထိုင္းေအးစက္တယ္။
သြမ့္က်ားရန္ဖုန္းတစ္ဖက္ကေကာင္ေလးအသံကိုနားေထာင္ေနတယ္။ လုရွင္းစစ္ကသူပုစၧာေျဖရွင္းနည္းအဆင့္ဆင့္ကိုနားလည္သြားတဲ့အထိစိတ္ရွည္ရွည္ရွင္းျပေနတယ္။
လုရွင္းစစ္စာေတြရွင္းျပပီးတဲ့အခါမွာသြမ့္က်ားရန္ဖုန္းမခ်ဖို႔ဆုံးျဖတ္လိုက္တယ္။
သူ႔အေတြးေတြကအေဝးကိုရြက္လႊင့္သြားတယ္။ သူ႔ဘက္ကတုံ႔ျပန္မွုမရေတာ့ လုရွင္းစစ္ကေခၚလိုက္တယ္ "အားရယ္"
" ... " သြမ့္က်ားရန္ကအေတြးေတြကိုခ်က္ခ်င္းဖြင့္ေျပာမိသြားတယ္ "ငါမင္းကိုျမင္ခ်င္တယ္"
အသံထြက္သြားတာနဲ႔သြမ့္က်ားရန္နည္းနည္းရွက္သြားတယ္။
သူကေမးခြန္းေတြကိုေသခ်ာရွင္းျပေနတာကိုသူကတျခားအေတြးေတြေတြးေနတယ္။
လုရွင္းစစ္ကသူ႔ရဲ့႐ုတ္တရပ္ေတာင္းဆိုမွုကိုနားေထာင္ပီးသူစိတ္ရွုပ္ေနတာကိုသတိျပဳမိသြားပုံရတယ္။
သြမ့္က်ားရန္မွန္တယ္။
Video request တစ္ခုကခ်က္ခ်င္းေရာက္လာတယ္။
စုန္႔ရိကေရခ်ိဳးသြားတဲ့အတြက္အိပ္ခန္းထဲမွာသူတစ္ေယာက္ပဲရွိတယ္။ သူျမန္ျမန္ accept လုပ္လိုက္တယ္။
သူကစားပြဲေပၚကမီးအိမ္ေလးကိုေသခ်ာေနရာခ်လိုက္တယ္။ အဲ့တာမွသူ႔မ်က္ႏွာေပၚကိုအလင္းေရာက္က်ပီးေသေသခ်ာခ်ာလင္းေနမွာ။ တစ္ခ်ိန္တည္းမွာပဲတစ္ဖက္ကျမင္ကြင္းကိုေတြ႕လိုက္ရတယ္။
ေက်ာင္းသားေတြေနတဲ့အေဆာင္နဲ႔ယွဥ္ရင္ လုရွင္းစစ္ရဲ့အခန္းကပိုပီးေနရာက်ယ္တယ္။
သူကရိုးရွင္းသပ္ရပ္ပီးေတာ့တစ္ခန္လုံးအျဖဴေရာင္။ သြမ့္က်ားရန္ရဲ့ရွုေထာင့္ကေနဆိုသူပထမဆုံးျမင္ရတာကစားပြဲေပၚကေလ့က်င့္ခန္းစာအုပ္။ အေဝးဆုံးျမင္ရတဲ့ေနရာကေတာ့ အိပ္ရာရဲ့အစြန္း။
လုရွင္းစစ္ကေဘာပင္ေလးတစ္ေခ်ာင္းကိုင္ပီး သူ႔ကိုျပဳံးၾကည့္ေနတယ္။
သူကအခုေလးတင္ေရးခ်ိဳပီးတာျဖစ္နိုင္တယ္။ သူ႔ရဲ့အနက္ေရာင္ဆံပင္ေလးေတြကေပ်ာ့ေပ်ာ့ေလးစင္းက်ေနတယ္။ သူ႔ရဲ့မ်က္လုံးေလးေတြကသြယ္သြယ္ေလးကိုမွႏူးညံ့ေနတယ္။ သူ႔အိမ္မွာဆိုေတာ့ သူ႔ပုံစံကလုံးဝကိုသက္ေသာင့္သက္သာျဖစ္ေနတယ္။
သြမ့္က်ားရန္ကသူ႔ကိုပထမဆုံးအႀကိမ္အျဖစ္ဒီလိုျမင္ဖူးတာ။ သူသတိလက္လြတ္တံေတြးမ်ိဳခ်မိသြားတယ္။
နားၾကပ္ေၾကာင့္လားေတာ့မသိဘူး။ သူ႔ရဲ့မ်ိဳခ်သံကိုတစ္ဖက္လူကၾကားသြားပုံရတယ္။ သူလုရွင္းစစ္ေျပာတာကိုရွင္းရွင္းလင္းလင္းၾကားရတယ္။
သူကတမင္တကာသူ႔ကိုစေနတယ္ "ဗိုက္ဆာလို႔လား?"
နားၾကပ္တပ္ထားလို႔သူ႔ရဲ့အသံကသူ႔နားထဲမွာျပည့္ေနတယ္။ သြမ့္က်ားရန္သူ႔ကိုရယ္လိုက္တယ္။
ေနာက္ဆုံးမွာသြမ့္က်ားရန္လဲသူ႔ကိုျပန္ပီးစလိုက္တယ္။
"မင္းအရမ္းလွတယ္" သြမ့္က်ားရန္ကတမင္တကာနီးသြားေအာင္ဖုန္းကိုဆြဲလိုက္တယ္ "အရမ္းလွတဲ့မင္းေလးကဘယ္သူေလးပါလိမ့္?"
သြမ့္က်ားရန္ကစသာစေနတာ သူ႔အေျခအေနကဘယ္လိုျဖစ္ေနမွန္းမသိဘူး။
စုန္႔ရိကအေအးေၾကာက္တဲ့အတြက္အေဆာင္မွာအပူကိုအရမ္းႀကီးျမႇင့္ထားတဲ့အတြက္ သြမ့္က်ားရန္ကေႏြရာသီဝတ္တဲ့အဝတ္ေတြပဲဝတ္ထားတယ္။
ေခ်ာေမြ႕တဲ့အသားျဖဴျဖဴေလးကscreen ကိုေပၚမွာအျပည့္ေပၚေနပီး သြမ့္က်ားရန္စကားေျပာတဲ့အခါမွာ ဖြဖြေလးဆိုေတာ့ အေရာင္ေဖ်ာ့ေဖ်ာ့ႏွုတ္ခမ္းေလးေတြကတလွုပ္လွုပ္နဲ႔။
လုရွင္းစစ္ကသူ႔ဟာသလုပ္ေနတာကိုၾကည့္ေနပီး သူ႔ခံစားေနရတာေတြကိုေတာ့ဖိႏွိပ္ထားတယ္။
သြမ့္က်ားရန္ကသူစကားမေျပာတာေတြ႕ေတာ့ သူေျပာတာထဲမွာပိတ္မိသြားပီထင္လိုက္တယ္။ သြမ့္က်ားရန္က႐ုတ္တရပ္ဉာဏ္ကြန္႔ျမဴးလိုက္ပီး ယုတ္ယုတ္မာမာႀကီးျပဳံးလိုက္တယ္ "ငါအခုတေလာစာေတြအရမ္းႀကိဳးစားေနတယ္မလား?"
"ႀကိဳးစားတယ္ေလ" လုရွင္းစစ္ကသူေျပာတာကိုလိုက္ေျပာေပးတယ္။
"အာ့ဆိုမင္းငါ့ကိုအားေပးရမယ္မလား?"သြမ့္က်ားရန္ကဆက္ေျပာလိုက္ပီး screen ကိုဖြဖြေလးႏွိပ္လိုက္တယ္ "ငါဆုေပးတာလိုခ်င္တယ္"
သူကအရမ္းတက္ႂကြတဲ့အတြက္ သူ႔ရဲ့neckline ေလးကပိုပီးေပၚလာတယ္။ သူ႔ရဲ့ညႇပ္ရိုးေလးကအခ်ိဳင့္ထင္းထင္းေလးျဖစ္လာတယ္။
လုရွင္းစစ္ကသူ႔ကိုျပဳံးျပလိုက္ပီး သူ႔ႏွလုံးသားထဲနစ္ျမဳပ္ထားတဲ့ ဆႏၵေတြကနည္းနည္းခ်င္းစီႀကီးထြားလာတယ္။
သူလည္ေခ်ာင္းေတြေျခာက္ေနပီးအသံကလဲမွိုင္းေနတယ္ "မင္းဘာလိုခ်င္လို႔လဲ?"
သြမ့္က်ားရန္ကေတာ့ဘာမွမသိပဲရဲရဲဝံ့ဝံ့ေျပာေနတုန္းပဲ "မနက္ျဖန္ေက်ာင္းေရာက္ရင္ ငါ့ကိုနမ္းရမယ္"
သြမ့္က်ားရန္ကလုရွင္းစစ္တိုးတိုးလးပဲေျပာေနတာကိုၾကည့္ေနပီး ဒီတစ္ခါေတာ့သူနိုင္ပီဆိုပီး အေတာ္ေလးေက်နပ္ေနတယ္။
သူမနက္နိုးေတာ့လဲ သူမေန႔တုန္းကကစားခဲ့တာကိုေတြးပီး အရမ္းေက်နပ္ေနတုန္းပဲ။
Class 10 ကိုသြားရမွာေက်နပ္စရာႀကီး။
စာသင္ခန္းတံခါးနားေရာက္ေတာ့ သူတျဖည္းျဖည္းေႏွးသြားတာေတြ႕ေတာ့ စုန္႔ရိကေမးလိုက္တယ္ "မင္းေျခေထာက္နာလို႔လား?"
သြမ့္က်ားရန္ကေခါင္းခါလိုက္တယ္။ သူထပ္ပီးအေမးမခံခ်င္တဲ့အတြက္ အခန္းထဲကိုပဲခ်က္ခ်င္းေျပးဝင္လိုက္တယ္။
သူဝင္လိုက္ေတာ့ သူ႔ရဲ့စားပြဲေဖာ္ေလးကဖုန္းကစားေနတာကိုေတြ႕လိုက္တယ္။
"Morning" သြမ့္က်ားရန္ကအရင္စပီးႏွုတ္ဆက္လိုက္တယ္။
လုရွင္းစစ္လဲသူ႔ကိုျပန္ႏွုတ္ဆက္တယ္။
သြမ့္က်ားရန္ကသူ႔မ်က္ႏွာေပၚကအရိပ္အေယာင္ကိုေတြကိုသတိမထားမိဘူး။သူကလုရွင္းစစ္ေမ့လိုက္ပီလို႔ပဲေတြးလိုက္တယ္။ သူကလက္ဆန္႔ပီးခုံကိုဆြဲလိုက္တယ္။
"မေန႔က မင္းေျပာတာ ငါမင္းကိုနမ္းခ်င္တယ္" လုရွင္းစစ္က႐ုတ္တရပ္ေျပာလိုက္တယ္ "ငါမင္းလၽွာကိုထိလို႔ရလား?"
သြမ့္က်ားရန္ကူရာကယ္ရာမဲ့သြားပီး ခုံဆြဲေနတာကရပ္သြားတယ္။
သူကဒီတိုင္းႀကီးမျငင္းဘူး "မင္းကႏွုတ္ခမ္းကိုနမ္းတာလားမ်က္ႏွာကိုနမ္းတာလားလို႔ဘာလို႔မေမးတာလဲ?"
"မဟုတ္ဘူး ငါႏွုတ္ခမ္းကိုပိုနမ္းခ်င္တယ္" လုရွင္းစစ္ကသူ႔ကိုတိုးတိုးေလးေျပာေနတုန္းပဲ "ဒီေန႔ဘယ္အခ်ိန္ေလာက္အဆင္ေျပမယ္လို႔မင္းထင္လဲ?"
သြမ့္က်ားရန္ဘာမွမေျပာဘူး။
သူကတိတ္တိတ္ေလးအၾကာႀကီးစဥ္းစားေနပီး မပီမျပင္ေျပာတယ္ "မင္းကငါအရိပ္အေျချပတာေစာင့္"
"အင္း" လုရွင္းစစ္ကသက္ျပင္းခ်တယ္ "ျဖစ္နိုင္သမၽွျမန္ျမန္ေနာ္ ငါသိပ္စိတ္မရွည္ဘူး"
" ... "
မေန႔ညကမိုးဖြဲဖြဲေတြကဆက္ရြာေနတုန္းပဲ။ ေမွာင္မည္းေနပီေတာ့ ျပတင္းေပါက္ေတြကလဲ႐ုတ္တရပ္ခမ္းနားလာတယ္။
ေကာင္းကင္ေပၚမွာလၽွပ္စီးေၾကာင္းေတြနဲ႔မိုးခ်ဳန္းသံေတြနဲ႔တုန္ဟီးေနတယ္။ျပတင္းေပါက္ေတြတံခါးေတြပိတ္ထားတာေတာင္ စာသင္ခန္းထဲကေနသည္းႀကီးမည္းႀကီးရြာေနတဲ့မိုးသံေတြကိုၾကားေနရတယ္။
Final exam နားနီးေနပီးဆိုေတာ့ ေက်ာက္မင္ကၽြင္းက self study ခ်ိန္မွာေက်ာင္းသားေတြကိုပဲခ်န္ထားခဲ့တယ္။ သြမ့္က်ားရန္ကေမးခြန္းတစ္ခုကိုေျဖဖို႔ဦးေႏွာက္ကိုညႇဥ္းပန္းေနရတယ္။ ဒါေပမဲ့သူ႔စိတ္ထဲမွာဘာမွမရွိသလို အၾကာႀကီးေနတာေတာင္ဘာအႀကံဉာဏ္မွမထြက္ဘူး။
စိတ္ရွုပ္ေနတာနဲ႔ပဲ လက္ထဲကေဘာပင္ကမေတာ္တဆေအာက္ကိုျပဳတ္က်သြားတယ္။
သြမ့္က်ားရန္ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ေဘာပင္ကိုမေတြ႕ဘူး။ အာ့ေၾကာင့္သူခုံကိုဆြဲဖြင့္ရင္းဒူးေထာက္ပီးရွာလိုက္တယ္။
သူလွုပ္ရွားေနတာကဖြဖြေလးမွမဟုတ္တာ။ ေဘးမွာ ေမးခြန္းေတြေျဖေနတဲ့လုရွင္းစစ္ကစားပြဲကိုကိုင္လိုက္ပီးသူ႔မ်က္လုံးေတြကသူ႔မ်က္ႏွာေပၚကိုက်ေရာက္သြားတယ္။
သူကေခါင္းငုံ႔ထားတဲ့အတြက္ သူ႔ရဲ့အညိဳေရာင္ေဖ်ာ့ေဖ်ာ့မ်က္ေတာင္ေလးေတြကစင္းက်ေနပီး ျမင္ေနရတဲ့ႏွုတ္ခမ္းပုံေလးကလဲလွပတယ္။
သြမ့္က်ားရန္ေနာက္ဆုံးမွာေတာ့ သူ႔ေဘာပင္ေလးကိုေတြ႕လိုက္တယ္။ သူစဥ္းစားမေနဘဲ လုရွင္းစစ္ရဲ့ေပါင္ကိုထိလိုက္တယ္။ လုရွင္းစစ္ကငုံ႔ၾကည့္လာတဲ့အခါမွာေတာ့ သူကသူ႔ေျခေထာက္နားကေဘာပင္ေလးကိုညႊန္ျပလိုက္တယ္ "မင္းအဲ့တာကိုကန္ေပး"
ေဘာပင္ေလးကလိမ့္လာတယ္။
သူေဘာပင္ေလးရေတာ့ထမလို႔လုပ္လိုက္တယ္။လုရွင္းစစ္ကသူ႔ရဲ့လည္ပင္းေလးကိုဖြဖြေလးဖ်စ္ထားတယ္။
"မလုပ္ရေသးတဲ့တစ္ခုခုရွိေနတယ္လို႔မင္းမထင္ဘူးလား?"
သြမ့္က်ားရန္ကစားပြဲေအာက္မွာဖိထားခံရေတာ့မသက္မသာျဖစ္ေနတယ္။ "ဘာလဲ?ငါအေပၚေရာက္လာမွေျပာ"
လုရွင္းစစ္ကဟန္လုပ္ျပဳံးလိုက္ပီး ျဖည္းျဖည္းေလးသတိေပးတယ္ "မင္းငါ့ကိုအခ်က္ေပးမွာကိုေစာင့္ေနတာ"
သြမ့္က်ားရန္တစ္ခ်က္ၾကည့္လိုက္ပီး ေျပာစရာစကားေတြလည္ေခ်ာင္းထဲမွာကပ္ကုန္တယ္။
မေန႔ညတုန္းကဒီအေျခအေနမွာသူအရမ္းေက်နပ္ေနတာ။ ဒါေပမဲ့ဒါကိုလုပ္ရမယ္ဆိုေတာ့တကယ္ရွက္ေနတယ္။ ဒီေန႔ၾကေတာ့ အဲ့ဒီအေၾကာင္းအရာကိုတမင္သက္သက္ကိုေရွာင္ေနတာ။
သြမ့္က်ားရန္ကသူ႔ကိုဆင္ေျခဆင္လက္ဆင္နားရြက္ေတြနဲ႔မြန္းေအာင္လုပ္မယ္လို႔ဆုံးျဖတ္လိုက္တယ္ "မင္းမေမ့နဲ႔အုံး မင္းၾကည့္ၾကည့္ေလ ငါတို႔အားလုံးေက်ာင္း–လုရွင္းစစ္!"
ေအးစက္စက္လက္ေခ်ာင္းေတြကသူ႔လက္ေကာက္ဝတ္ေတြကိုဖုံးအုပ္လာတယ္။
သူ႔လက္ေကာက္ဝတ္ေတြကအခ်ဳပ္ခံေနရပီး သူကေဘးမွာ ငုပ္တုပ္ေလးထိုင္ေနရတယ္။
သြမ့္က်ားရန္အသံက်ယ္က်ယ္လဲမလုပ္ရဲဘူး။ သူဆြဲတာကိုၿငိမ္ခံေန႐ုံပဲတတ္နိုင္တယ္။
သူတို႔ေတြကစာသင္ခန္းရဲ့ေနာက္ဆုံးတန္းမွာဆိုရင္ေတာင္ သူကအေနာက္တံခါးေဘးမွာထိုင္ေနရတာ။ လုရွင္းစစ္ကသူ႔ေရွ႕မွာရွိေနတဲ့အတြက္ လူအမ်ားစုကသူ႔ခႏၲာကိုယ္နဲ႔အကြယ္ခံေနရတယ္။ သူတို႔ဘာလုပ္ေနလဲဆိုတာကိုတစ္စုံတစ္ေယာက္ျမင္ဖို႔ဆိုတာမျဖစ္နိုင္ဘူး။ ဒါေပမဲ့လဲသြမ့္က်ားရန္ရွုပ္ေထြးေနတုန္းပဲ။
လုရွင္းစစ္ကအဲ့ေလာက္သတၱိေကာင္းမယ္လို႔သူလုံးဝမစဥ္းစားထားဘူ။
လင္းထိန္ေနတဲ့စာသင္ခန္းေနထဲမွာ စာရြက္လွန္တဲ့အသံနဲ႔ စာေဆြးေႏြးသံတိုးတိုးေလးေတြရွိေနတယ္။ alpha ရဲ့သိပ္သည္းတဲ့ ဖိႏွိပ္လိုမွုနဲ႔ တစ္ဖက္လူရဲ့အေငြ႕အသက္ကအရမ္းလႊမ္းမိုးနိုင္တယ္။
သြမ့္က်ားရန္ခႏၲာကိုယ္ကေတာင့္သြားပီး ပုန္းေနခ်င္မိတယ္။ လက္တစ္ဖက္ကသူ႔ေနာက္ေက်ာကိုေရာက္လာပီး သူ႔ကိုၾကင္ၾကင္နာနာပြတ္သပ္ေပးေနတယ္။
လုရွင္းစစ္ရဲ့သိပ္စိတ္မရွည္ဘူးဆိုတာကဟာသမဟုတ္မွန္းသူနားလည္လိုက္တယ္။
အဲ့ဒီလိုပိုင္စိုးပိုင္နင္းနိုင္မွုကတအားျပင္းထန္တဲ့အတြက္ တားနိုင္စြမ္းမရွိဘဲလၽွံထြက္က်ေတာ့မတတ္ဘဲ။
သြမ့္က်ားရန္သူ႔အေငြ႕အသက္ေၾကာင့္မူးေဝေနပီး သူအဲ့တာလုပ္မွာကိုတားဖို႔ႀကိဳးစားေနတယ္။
တစ္ဖက္လူရဲ့လက္ေခ်ာင္းေတြကသူ႔ႏွုတ္ခမ္းကိုဖ်စ္ထားပီး စကားလုံးေတြကႏူးညံ့ေပမဲ့အႏၲရာယ္ရွိတယ္။
"ဒါကမင္းလိုခ်င္တဲ့အရာပဲ မင္းပုန္းေရွာင္မွာကိုခြင့္မျပဳဘူး"
ေနာက္ဆုံးမွာေတာ့ လုရွင္းစစ္ရဲ့လက္ဖဝါးကသူ႔ေခါင္းကိုတြန္းလိုက္ပီး သူ႔ကိုနမ္းဖို႔အတြက္တြန္းအားေပးခံလိုက္ရတယ္။
✨——————✨