Unicode
အဲ့ဒီစကားတွေကနားထဲကိုဖြတ်ဝင်လာတဲ့အခါမှာတစ်ကိုယ်လုံးအပူတွေတက်လာတယ်။
အဲ့တာက လုရှင်းစစ်ရဲ့နှလုံးသားကိုချိတ်လေးနဲ့ထိုးစိုက်လိုက်သလိုပဲ။
သူသွမ့်ကျားရန်ကိုစိုက်ကြည့်ပီးအကြာကြီးတိတ်ကျသွားတယ်။
တစ်ဖက်လူကအဲ့တိုင်းပြောပီးခါမှာ သူဘယ်လောက်အတင့်ရဲသွားလဲဆိုတာနားလည်သွားပုံပေါ်တယ်။ သူ့မျက်လုံးလေးတွေမှာရှက်ရိပ်တွေသန်းနေပီး နည်းနည်းလေးဉာဏ်မရှိဘဲလုပ်မိသွားတယ်ဆိုတာလေးတွေလဲရှိနေတယ်။
သူတို့တွေကစက္ကန့်အနည်းငယ်လောက်စိုက်ကြည့်နေကြတယ်။
သွမ့်ကျားရန်ထပ်ပီးတောင့်မခံနိုင်တော့ဘူး။
ဒီလိုတစ်ချက်ထိတာနဲ့ပျက်ဆီးသွားမဲ့အခြေအနေကလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေအတွက်အထူးစမ်းသပ်ချက်လားအောက်မေ့ရတယ်။လုရှင်းစစ်ရဲ့မျက်တောင်လေးတွေကအောက်ကိုစိုက်ကြနေပီး သူ့မျက်လုံးတွေအောက်မှာ သိပ်သည်းတဲ့အရိပ်တစ်ခုဖြစ်စေတယ်။
လုရှင်းစစ်ကပရမ်းပတာတွေဖြစ်အောင်မလုပ်မှာမှန်းသူသိတယ်။ ဒါပေမဲ့ တစ်ဖက်လူဘာလုပ်ချင်နေမှန်းလဲသူမသိဘူး။ ဒီလိုအကျဥ်းအကျပ်အခြေအနေကသွမ့်ကျားရန်ကို ထိန်လန့်စေပီး အပြစ်ရှိတဲ့အသိစိတ်ကနေလွတ်ထွက်ချင်တယ်။
ဒီလိုလွတ်မြောက်ချင်တဲ့လှုပ်ရှားမှုကသူ့ရှေ့ကလူရဲ့အာရုံကြောတွေကိုလှုံ့ဆော်ပေးလိုက်ပုံပေါ်တယ်။
သူဆိုဖာပေါ်ကိုတွန်းချခံလိုက်ရတယ်။
ဒီလိုပြောင်းလဲမဲ့အရိပ်အယောင်မရှိတဲ့ပုံကသွမ့်ကျားရန်ကိုရုန်းကန်စေတယ်။ ဒါပေမဲ့သူပိုရုန်းလေလေ တစ်ဖက်လူကပိုဖိလေလေပဲ။
ရှန်းချီလျင့်နဲ့ချန်ယွဲ့ကတော့တစ်ပုဒ်ပီးတစ်ပုဒ်ဆိုနေကြတယ်။
"Sweet words, lies and laughs ..." ချန်ယွဲ့ကဆိုပီးရှန်းချီလိန်ကိုဆက်ဆိုဖို့ခေါင်းနဲ့ညွှန်ပြလိုက်တယ် "ရှန်းလောင်ပန် please"
"Kiss me to the cold squat – Fu*k!ဘာလုပ်နေတာလားဟ!" ရှန်းချီလျင့်ရဲ့အသံကချက်ချင်းပြောင်းသွားတယ်။
လုရှင်းစစ်လဲအခုမှသူတို့လူမြင်ကွင်းမှာပဲရှိသေးတယ်ဆိုတာနားလည်သွားတယ်။သူချွတ်ထားတဲ့ကုတ်အင်္ကျီကိုဆွဲယူလိုက်ပီး သူနဲ့သွမ့်ကျားရန်ပေါ်မှာဖုံးလိုက်တယ်။
အင်္ကျီအောက်မှာ သူနဲ့သွမ့်ကျားရန်ဘာလုပ်နေလဲဆိုတာဘယ်သူမှမမြင်ရတော့ဘူး။
စုန့်ရိကသူတို့ကိုကြည့်လိုက်တယ် "အတန်းခေါင်းဆောင်ကနည်းနည်းများမသွားဘူးလား?"
ကျိုးရှင်ချန်းကအဲ့တာကိုမြင်တော့မြန်မြန်ပြောတယ် "ငါသွားတော့မယ်!!"
သူကအရမ်းတက်ကြွနေတဲ့ပုံပေါ်တယ် "ငါသင်ယူရမယ်"
ချန်ယွဲ့ရဲ့ တုံ့ပြန်မှုကသူတို့အားလုံးထက်ထက်သာသေးတယ်။ သူကခနလောက်ပဲကြည့်ပီးနောက်သီချင်းတစ်ပုဒ်ကိုပြောင်းလိုက်တယ် "သူတို့ဘာသာကျီစားပါစေ ငါတို့ကသီချင်းဆိုကြစို့"
လုရှင်းစစ်အဲ့တိုင်းလုပ်လိုက်တဲ့အခါမှာ သွမ့်ကျားရန်ရဲ့ပယင်းရောင်မျက်လုံးလေးတွေကပြူးကျယ်သွားပီး စောနလေးတုန်းကလက်သည်းလေးတွေနဲ့ခြောက်နေသလိုပုံလေးကလဲပျောက်သွားတယ်။
ပိုပီးပြောရခက်တဲ့အရာကသူ့နှလုံးခုန်နှုန်းတွေကအရမ်းမြန်နေတဲ့အတွက် အာတွေလဲခြောက်လာတယ်။
သူတအားကိုစိတ်တွေခုန်နေပီ။
လုရှင်းစစ်ကသူပြောတဲ့စကားတွေကိုသတိပေးရင်း သွမ့်ကျားရန်ရဲ့နှုတ်ခမ်းရဲရဲဖောင်းဖောင်းလေးကိုပွတ်ပေးနေတယ် "မင်းကငါ့ကိုကိုက်တယ်"
" ... " သွမ့်ကျားရန်ကအခုထိစိတ်မငြိမ်သေးဘူး။သူကအဲ့တိုင်းပြောသံကြားတော့ မယုံသလိုနဲ့ခေါင်းမော့လာတယ် "မင်းကအရမ်းယုတ္တိမတန်တဲ့လူလို့မထင်ဘူးလား?
လုရှင်းစစ်ရဲ့လက်ကနှုတ်ခမ်းစွန်းလေးကိုပွတ်ပေးပီး ပြန်ရုတ်သွားတယ် "ငါတော့အဲ့လိုမထင်ဘူး"
ဣန္ဒြေရရလုပ်နေလို့မရတော့ဘူးပဲ။
ယှဥ်ကြည့်မယ်ဆိုရင် သူကချစ်ရေးချစ်ရာတွေဘာမှမသိတဲ့ တုံးတုံးအအချစ်စရာအဖြူလုံးလေးလိုဖြစ်နေပီ။
သွမ့်ကျားရန်တကယ်ကိုအရှုံးမပေးချင်ဘူး။သူမြန်မြန်ဟန်လုပ်ပြုံးလိုက်တယ် "တောင်းပန်ပါတယ်ငါ့ရဲ့ကောကော မင်းကိုကိုက်မိသွားတယ်"
"ဘာမှဖြစ်ပါဘူး" လုရှင်းစစ်ကသူ့ခေါင်လေးကိုညင်ညင်သာသာပုတ်ပေးတယ် "မင်းရဲ့ကောကောကမင်းကိုစိတ်မဆိုးပါဘူး"
" ... "
နှစ်သစ်ကိုရောက်လာတော့ကျောင်းသားအများစုက ဆောင်းရာသီအားလပ်ရက်မတိုင်ခင် final exam အတွက်အာရုံစိုက်နေကြတယ်။
စာသင်ခန်းထဲမှာ heater ရှိပေမဲ့ အပူချိန်ကွာခြားချက်ကြောင့် ပြတင်းပေါက်မှန်တွေမှာ အဖြူရောင်နှင်းတွေရှိနေပီ။
စုန့်ရိခေါင်းစောင်းကြည့်လိုက်တယ်။ သွမ့်ကျားရန်ကပုစ္ဆာတွေတွက်နေတုန်းပဲ။ သူကဒီ self study ချိန်တစ်ခုလုံးမှာ အဲ့ပုံစံအတိုင်းပဲ။
နှစ်သစ်ကူးကတည်းကကျောင်းသားအများစုက final exam အတွက်စပီးပြင်ဆင်နေကြပီ။ စုန့်ရိမမျှော်လင့်ထားတာက သွမ့်ကျားရန်လဲစာမေးပွဲအတွက်ပြင်ဆင်နေမယ်လို့ပေါ့။
ခေါင်းလောင်းသံမြည်လာတဲ့အခါမှာတော့ သွမ့်ကျားရန်ကလက်ထဲကဘောပင်ကိုတန်းပစ်ချလိုက်တယ်။
သူကခုံစောင်းထဲက lollipop တစ်ခုထုတ်ယူလိုက်ပီး အခွံကိုသုံးလေးငါးကြိမ်ဆွဲဆွဲခွာနေတယ်။ သူ့အပြုအမူကကြမ်းတယ်။
"မင်းပြောကြည့်ကွာ" သွမ့်ကျားရန်ကဘာအမူအရာမှမရှိဘဲ lollipop လေးပါးစပ်ထဲထည့်ရင်းပြောတယ် "ငါတွက်ထားတာနဲ့ အဖြေနဲ့ကဘာလို့အမြဲတမ်းမတူနေတာလဲ?"
စုန့်ရိက lollipop ကိုသွားနဲ့ခြစ်မိနေတဲ့အသံကိုနားထောင်ရင်း အခုချိန်မှာသွမ့်ကျားရန်ခံစားနေရတာကိုသူလုံးဝနားလည်တယ်။
"စာလေ့လာတယ်ဆိုတာ အမှားတွေကိုအဆက်မပြတ်ရှာတဲ့ဖြစ်စဥ်တဲ့" စုန့်ရိကသူ့ကိုနှစ်သိမ့်ပေးနေတယ် "မင်းအခုချိန်မှာအမှားတွေတွေ့ရင်စာမေးပွဲခန်းထဲရောက်ရင်အမှားတွေမလုပ်မိတော့ဘူးပေါ့ကွာ"
"အာ့ဆို စာမေးပွဲခန်းထဲရောက်လဲ အမှားသစ်တွေရှိလာမှာပေါ့" သွမ့်ကျားရန်ကသက်ပြင်းချလိုက်တယ် "အဲ့လိုမှားတာတွေမှာ mitosis နည်းရှိနေတာလား?"
စုန့်ရိကသူ့ရဲ့တော်တော်လေးတတ်နေတဲ့ mitosis အကြောင်းကိုကြားတော့ တွေဝေသွားတယ်။
"ရှောင်သွမ့်" စုန့်ရိထပ်မထိန်းထားနိုင်တော့ဘူး "မင်းတကယ်ကျောင်းသားကောင်းလေးဖြစ်ချင်တာလား?"
"ငါ့မားကတိပေးထားတာ" သွမ့်ကျားရန်က lollipop ကိုက်ကိုက်နေပီး သူ့စကားတွေကမပီမပြင်တွေ "ငါ့မားအပေါ်မှာလိမ်လည်တာမျိုးမဖြစ်ချင်ဘူး"
အဲ့တာကိုကြားတော့ရှေ့တန်းမှာရှိနေတဲ့ကျိုးရှင်ချန်lကလှည့်လာတယ်။
ဟိုတစ်ခါjoint test ပီးကတည်းကသွမ့်ကျားရန်ရဲ့အရှေ့ခုံကကောင်စီအဖွဲ့ဝင်ကနေ ကျိုးရှင်ချန်းနေရာဖြစ်သွားတာ။ကျိုးရှင်ချန်lကသူနဲ့စုန့်ရိပြောနေတာတွေကိုကြားတော့ စောနလေးတုန်းကအိပ်ငိုက်နေတာတွေတောင်ပျောက်သွားတယ်။ "အာ့ဆိုမင်းကနောက်ပိုင်းကျမကစားတော့ဘူးပေါ့ ဟုတ်လား?"
သွမ့်ကျားရန်ကခနလောက်စဥ်းစားပီး ခေါင်းညိမ့်လိုက်တယ် "ငါကကစားတာရော စာလေ့လာတာရောနှစ်ခုလုံးလုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်ချင်တာ"
"Ha ha ha ha ha ha ha ha!" ကျိုးရှင်ချန်းကစရယ်တယ် "မင်းပြန်ပြောကြည့် မင်းကအသားကုန်ကြိုးစားတော့မှာပေါ့?"
စုန်ရိကဖုန်းကိုကိုင်ပီးရယ်ရင်းပြောတယ် "ငါဒီနေ့ပျော်စရာလေးကိုရှန်းချီလျင့်နဲ့ဝေမျှလိုက်အုံးမယ်"
သွမ့်ကျားရန်ရဲ့ဒေါသထွက်ပြပေမဲ့ စုန့်ရိကဘာသက်ရောက်မှုမရှိဘူး။
ခနကြာတော့ စုန့်ရိကရယ်ပီးသွမ့်ကျားရန်ရှေ့ကိုဖုန်းထိုးပြတယ်။ စုန့်ရိကသူပြောတာကိုရှန်းချီလျင့်ကိုပို့တော့ သူက haha ပေါင်းသောင်းခြောက်ထောင်ပြန်ပို့တယ်။
နောက်ပီးတော့ တခြားစကားလုံးတွေလဲပါသေးတယ်။
ငါ့သားလေးတော်တယ် ခ်ခ်။
သွမ့်ကျားရန်ချက်ချင်းရှန်းချီလျင့််ကိုသွားသတ်ပစ်ချင်သွားတယ်။
သူတို့တွေဟာသတွေလုပ်နေချိန်မှာလုရှင်းစစ်က အင်္ဂလိပ်အိမ်စာစာအုပ်တွေကိုင်ပီးဝင်လာတယ်။
အဲ့ဒီမှာ ဆူညံနေပီး သွမ့်ကျားရန်ကပြုံးတောင်မပြုံးဘူး။ လုရှင်းစစ်ကအိမ်စာစာအုပ်တွေကိုသူ့စားပွဲမှာချပီး အရောင်ဖျော့ဖျော့ခေါင်းလေးကိုကိုင်လိုက်တယ်။
"ဘာတွေပြောနေကြတာလဲ?" သူကသွမ့်ကျားရန်ကိုမေးလိုက်တယ် "ဆူညံနေတာပဲ"
"သူတို့ကငါစာကြည့်နေတာကိုနှောင့်ယှက်နေတာ" သွမ့်ကျားရန်ကသူ့ကိုမြင်တာနဲ့စပီးမကျေမနပ်ပြောတော့တယ် "ငါကစာလဲတော်အားကစားလဲတော်ချင်တယ်လို့စိတ်ကူးယဥ်ကြည့်တာကိုသူတို့ကရီနေတာ အဲ့ဒီစိတ်ကူးယဥ်တာကမင်းဆီကနေရလာတာလေ သူတို့ကငါ့ကိုလဲရီတယ် မင်းကိုလဲရီတယ်"
လုရှင်းစစ်ကကျိုးရှန်ချန်းနဲ့စုန့်ရိကိုကြည့်လိုက်တယ်။
သူတို့နှစ်ယောက်ကလုရှင်းစစ်ရှေ့မှာသွမ့်ကျားရန် အဖြူအနက်ပြောင်းပြန်တွေလှန်ပစ်တာကိုကြည့်ပီး လုရှင်းစစ်ကလဲဘာတွေတွေးနေမှန်းလဲမသိတော့ ပါးစပ်ပိတ်ထားရုံပဲတတ်နိုင်တယ်။
သွမ့်ကျားရန်ကထပ်ပီးလောင်စာတွေထပ်ထည့်နေတုန်းပဲ "ရှန်းချီလျင့်ကလဲဒီနေ့ငါ့ကိုမျက်နှာပျက်အောင်လုပ်တယ် မင်းငါ့ကို Class 4 ကိုသွားပီး သူ့ကိုရှင်းပစ်စေချင်လား?"
"ဟုတ်ပါပီကွာ" လုရှင်းစစ်ကသူ့ခေါင်းလေးကိုပွတ်ပေးတယ် သူကသူ့ခုံကနေအင်္ဂလိပ်လေ့ကျင့်ခန်းစာအုပ်ကိုယူလိုက်ပီးသူ့ကိုပေးတယ် "လာပီးစာတမ်းတွေကူလုပ်ပေးပါအုံး"
သွမ့်ကျားရန်ကသဘာဝကျကျပဲလေ့ကျင့်ခန်းစာအုပ်ကိုယူလိုက်ပီးခုံကနေထလိုက်တယ်။
သွမ့်ကျားရန်ကတကယ်အိမ်စာလုပ်သွားတာတွေ့တော့ကျိုးရှင်ချန်းအတော်လေးအံ့ဩသွားတယ် "ထွက်သွားပီလား?စောနလေးတုန်းကပဲသတ်မယ် သတ်မယ်နဲ့ပြောနေတာမလား?"
စုန့်ရိလဲအံ့ဩနေပီးပြုံးပီးပြောလိုက်တယ် "ရှောင်သွမ့်ကအတန်းခေါင်းဆောင်ရှေ့မှာဆိုတော်တော်ချစ်ဖို့ကောင်းတယ်"
သွမ့်ကျားရန်ကလေ့ကျင်းခန်းစာအုပ်ကိုယူပီးတစ်ခုပီးတစ်ခုလုပ်နေတယ်။
"သွမ့်ကော အဲ့တာအိမ်စာလား?"
"သူကဘယ်လိုလုပ်အိမ်စာတွေလုပ်တတ်သွားတာလဲ?"
"မင်းတို့အဲ့တာကိုမကြည့်နဲ့ ဘေးကတစ်ယောက်ကဘယ်သူလဲဆိုတာပဲကြည့်"
"ငါပြောချင်တာကအတန်းခေါင်းဆောင်ကအရမ်းအထင်ကြီစရာကောင်းတယ် ငါတို့အစ်ကိုကြီးတောင်ယဥ်ကျေးသွားတယ်" ကောင်လေးကပြုံးပီးပြောတယ် "ငါသွမ့်ကျားရန်နဲ့အတန်းဖော်ဖြစ်တာတစ်နှစ်တောင်ကျော်ပီ ငါ့အစ်ကိုကြီးရဲ့ ပထမဆုံး assignment ရတဲ့နေ့ကိုမှတ်ကိုထားအုံးမယ်"
တချို့လူတွေလဲလေ့ကျင်းခန်းစာအုပ်တွေကိုဆွဲယူကုန်တော့တယ် "ကျေးဇူး သွမ့်ကော မင်းရဲ့ကောကောကိုလဲကျေးဇူးပါ"
သွမ့်ကျားရန်ကသူတို့ကိုသိပ်ဂရုစိုက်မနေဘူး။ သူတို့ကအေးဆေးမနေပဲသူတို့ကိုရယ်နေတာ။
သူတို့တွေကတမင်သက်သက်သူနဲ့လုရှင်းစစ်ရဲ့ ဆက်ဆံရေးကိုစနေကြတယ်။ သွမ့်ကျားရန်လဲအဲ့တာကိုမငြင်းဘူး။
မနက်ပိုင်းဒုတိယအချိန်က Physics.
သူတို့ကိုphysics သင်တဲ့ဆရာကစိတ်ထားကောင်းတယ်။သူအတန်းထဲဝင်လာတာနဲ့ စာကိုဖြည်းဖြည်းလေးသင်နေတယ်။
Physics ဆရာကလွန်ခဲ့တဲ့အပတ်ကတည်းကအပတ်စဥ်မေးခွန်းစာရွက်တွေအကြောင်းပြောတယ်။ အဲ့ဒီအချိန်တုန်းကသွမ့်ကျားရန်ဆယ်မိနစ်တောင်မခံဘူး အိပ်ပျော်သွားတာ။ ဒီနေ့ကျတော့ final exam ဖြေဖို့လဝက်လောက်ပဲရှိတော့တယ်။ သွမ့်ကျားရန်သေလောက်အောင်အိပ်ချင်နေပေမဲ့လဲ တင်းခံပီးနားထောင်နေတယ်။
လုရှင်းစစ်ကမေးခွန်းတွေလိုက်မှတ်နေပီး သွမ့်ကျားရန်ကစာသက်နေတာကိုအလေးအနက်နားထောင်နေတာကိုတွေ့လိုက်တယ်။
သူအဲ့တာကိုတွေးပီး ချန်ယွဲ့နဲ့ဆွေးနွေးလိုက်တယ်။ သူအတန်းပီးတော့ကျောက်မင်ကျွင်းရုံးခန်းကိုသွားလိုက်တယ်။
သူကပြန်ရောက်တော့ သွမ့်ကျားရန်ကိုပြောလိုက်တယ်။
"စောနတုန်းကအချိန်မှာမအိပ်ဘူးပဲ" သူရဲ့မျက်လုံးလေးတွေကကွေးနေပီး သူ့အသံကရယ်မြူးနေတယ် "ထူးဆန်းလိုက်တာ"
သူအဲ့တိုင်းပြောတာကြားတော့ သွမ့်ကျားရန်ကသူ့ကိုစိုက်ကြည့်နေတယ်။
"မင်းတောင်ငါ့ကိုရယ်နေပီပဲ" သွမ့်ကျားရန်ကဘာအမူအရာမှမရှိဘူး "ငါအရမ်းစိတ်ပျက်သွားပီ"
ချန်ယွဲ့လဲမထိန်းနိုင်ဘဲရယ်လိုက်တယ်။
"စိတ်မပျက်ပါနဲ့ နေရာလဲရအောင်" ချန်ယွဲ့ကပြောတယ် "မင်းအတွက်အားဖြည့်ပေးမဲ့အရာပေးမယ်"
သွမ့်ကျားရန်ကအော်လိုက်တယ် "ဘာကအားဖြည့်ပေးမဲ့အရာလဲ?"
ချန်ယွဲ့ကရယ်နေတဲ့လုရှင်းစစ်ကိုညွှန်ပြတယ် "ဒါကအနာဂတ်မှာမင်းရဲ့တစ်ဦးတည်းမူပိုင်တိုင်ပင်ဖော်ကြီး ဒီနေ့မင်းနဲ့တစ်စားပွဲတည်းစထိုင်မယ်တဲ့ ပျော်ပီလား?"
သွမ့်ကျားရန်ရဲ့စိတ်ထဲမှာချန်ယွဲ့ရဲ့စကားလုံးတွေကထပ်ခါထပ်ခါကြားယောင်နေပီး နောက်ဆုံးမှာတော့အာရုံအားလုံးကတစ်ဦးတည်းမူပိုင်ဆိုတာမှာအခြေချသွားတယ်။
သွမ့်ကျားရန်ရဲ့မျက်လုံးလေးတွေကလယကလယ်နဲ့ သူ့နှုတ်ခမ်းအကွေးလေးကလဲပိုပိုပီးကြီးလာတယ်။
သူလုရှင်းစစ်ရဲ့လက်ကိုရိုက်လိုက်ပီပီတိဖြာမနေတဲ့ပုံစံကလဲလုံးဝမှေးမှိန်မသွားသေးဘူး။
"ငါတစ်ယောက်တည်းရဲ့မူပိုင်လား?"
သူခံစားချက်တွေကိုဖော်ပြတဲ့အမူအရာကရိုးရှင်းပီးတော့ ပိုင်ဆိုလိုစိတ်ကိုလဲလုံးဝဖုံးဖိမထားဘူး။
လုရှင်းစစ်ကရုတ်တရပ်သူရိုက်တာခံလိုက်ရတော့နာသွားတယ်။
သွမ့်ကျားရန်ကတကယ်အားကြီးတယ် သူတစ်ချက်တည်းရိုက်တာကိုသူ့လက်က တဖြည်းဖြည်းနီရဲလာပီ။
သူကဟာသလုပ်လိုက်တယ် တကယ်လဲနာနေတာ သူမနေနိုင်ဘဲရယ်မိတယ် "မင်းအနာဂတ်မှာလဲ အိမ်တွင်းအကြမ်းမှုတွေတကယ်ကြီးလုပ်မှာလား?"
"ဘယ်လိုလုပ်ကောကိုလုပ်မှာလဲ?" သွမ်ကျားရန်ကပျော်ပျော်ရွှင်ရွှင်ပြောတယ် "ဘယ်သူကမှမင်းကိုမလုပ်နိုင်ပါဘူး"
လုရှင်းစစ်သွမ့်ကျားရန်ရဲ့စားပွဲပေါ်ကစာအုပ်တွေကိုကြည့်လိုက်တယ်။
စာစကြည့်ကတည်းကသွမ့်ကျားရန်ကသင်ကြာရေးအထောက်အကူပြုစာအုပ်တွေအများကြီးယူလာတာ။အဲ့တာကကြည့်ရုံနဲ့တင်လန့်စရာကောင်းတယ် "မင်းကိုကူရွှေ့ပေးရအုံးမလား?"
"ရပါတယ် ကိုယ့်ဘာသာလာခဲ့မယ်" သွမ့်ကျားရန်ကသူ့နေရာကိုချက်ချင်းလက်ခံသွားတယ် "ငါရဲ့စားပွဲတူကောင်လေးကိုဒုက္ခမပေးချင်ပါဘူး"
သူကပြောရင်းထပီးစာအုပ်တွေရွှေ့တော့တယ်။
စုန့်ရိကစာအုပ်တွေရွှေ့နေတဲ့သွမ့်ကျားရန်နဲ့လုရှင်းစစ်ကိုကြည့်ပိးသူတို့ဘာတွေစီစဥ်နေလဲဆိုတာနားလည်သွားတယ်။
"ရှောင်သွမ့်" စုန့်ရိကစိတ်လွင့်နေပုံမျိုးပြလာတယ် "မင်းငါ့ကိုမလိုချင်တော့ဘူးလား?"
သွမ့်ကျားရန်ကစာအုပ်တွေရွှေ့ရင်းသူ့ကိုကြည့်လိုက်တယ်။ သူစဥ်းစားလိုက်ပီး စာအုပ်အပုံကြီးကိုကိုင်ရင်းသူ့ကိုညွှန်ပြဖို့ကိုင်းချလိုက်တယ်။
စုန့်ရိကသူနဲ့ကပ်သွားတယ်။
"ငါမင်းကိုမလိချင်တော့ဘူး ငါမင်းအတွက် Alpha တစ်ယောက်ရှာပေးထားတယ် မင်းသူနဲ့ရင်းရင်းနှီးနှီးနေ"သွမ့်ကျားရန်ကချန်ယွဲ့ကိုမေးငေါ့ပြတယ်။ သူကနွေဦးလေပြေလေးလေးလိုပဲဝင့်ကြွားနေတယ်။သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်အောင်သွယ်လုပ်ဖူးတာပဲ "လုပ်စမ်းပါ ငါတို့ကအမြဲတမ်းအဆင့်မြင့်မြင့်နဲ့တရားဝင်တယ် မင်းကသူနဲ့ဆိုရင် giant ကြီးကိုလက်ထပ်လိုက်သလိုပဲ"
စုန့်ရိ: " ... "
ညရောက်တော့ သွမ့်ကျားရန်ကရေချိုးပီးစုန့်ရကနားကြပ်နဲ့ဖုန်းကြည့်နေတယ်။ သွမ့်ကျားရန်ကတံခါးကိုတွန်းဝင်လာပီး အပြင်ဘက်ကနေချမ်းလာတယ်။ စုန့်ရိကတိုးတိုးအသံလေးတွေကြားလိုက်တယ်။ သူအပြင်ဘက်ကနေလေနဲ့နှင်းကြောင့်ချမ်းလာပုံရတယ်။
စုန့်ရိကဖုန်းထဲကပုံကိုကြည့်လိုက်ပီး ရေနွေးလေးသောက်နေတဲ့သွမ့်ကျားရန်ကိုကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ စိတ်နောက်လိုမှုတွေနဲ့စိတ်လှုပ်ရှားနေတယ်။
"ရှောင်သွမ့်" သူကပြောလိုက်တယ် "ဒီကိုလာမင်းကိုကောင်းတဲ့အရာလေးတွေပြမယ်"
"ဘာလဲ?"
သွမ့်ကျားရန်ကအများကြီတွေးမနေဘဲ စုန့်ရိရဲ့အိပ်ယာပေါ်ကိုတက်လာတယ်။ စုန့်ရိကဖုန်းscreen ကိုသူ့ရှေ့ပြလိုက်တယ်။သွမ့်ကျားရန်လဲကြည့်လိုက်တယ်။
သူမထိန်းနိုင်ဘဲပြုံးလိုက်တယ် "မင်းဘာဖြစ်လို့လဲလို့? အဆောင်ကဒါတွေပြရမဲ့နေရာမိုလို့လား?"
"နားကြပ်လိုချင်လား?'
သွမ့်ကျားရန်ခေါင်းခါလိုက်တယ်။သူရေဆာနေပီးငှဲ့ထားတဲ့ရေကိုပဲသတိရတယ် "မင်းဘာသာမင်းကြည့်"
"ဒီမှာ ထာဝရအမှတ်အသားပေးတဲ့ဟာရှိတယ်" စုန့်ရိကသူ့ကျောကိုပုတ်လိုက်တယ် "မင်းမလေ့လာချင်ဘူးလား?"
" ... "သွမ့်ကျားရန်ကမသင်္ကာသလိုခနလောက်တိတ်သွားပီပြန်ပြောလိုက်တယ် "ငါကဘာလို့လေ့လာရမှာလဲ?"
"မင်းကလဲကွာ" စုန့်ရိကလည်ပင်းကိုပွတ်နေပီအဓိပ္ပါယ်ရှိရှိပြုံးတယ် "မင်းနဲ့အတန်းခေါင်းဆောင်ကယာယီအမှတ်အသားသုံးခါတောင်လုပ်ပီးသွားပီ မင်းကမလေ့လာကြည့်ဘူးလား?"
သွမ့်ကျားရန်သူ့ကိုတစ်ချက်ကြည့်ပီးစိတ်မချဖြစ်နေတယ်။
အဆုံးသတ်မှာတော့ သူလဲအရွယ်ရောက်နေတဲ့ကောင်လေးတစ်ယောက်ပဲလေ။ ဒီလိုအရာမျိုးကိုစပ်စုကြည့်ချင်တာပေါ့။သွမ့်ကျားရန်ကနားကြပ်တပ်လိုက်ပီးစုန့်ရိနဲ့အိပ်ယာပေါ်မှာမှီလိုက်တယ်။
စုန့်ရိကလူကပ်တတ်တဲ့ကောင်လေးတစ်ယောက် သူကသူပခုံနားကပ်လာပီပြောတယ် "ငါမင်းနဲ့ AO ဇာတ်လမ်းတစ်ခုကြည့်ရမယ်လို့တွေးတောင်မတွေးမိဘူး ငါတို့အသိုင်းအဝိုင်းမှာပြောကြတာတစ်ခုရှိတယ် သိလား alpha တွေ တစ်သက်စာအမှတ်အသားလုပ်ရင်လေomega ကမျက်ရည်တွေမထိန်းနိုင်ရုံတင်မကဘူး တခြားနေရာတွေကပါအရည်တွေစီကျလာတယ်တဲ့"
သွမ့်ကျားရန်ကြောင်သွားတယ် "ဘာအရည်လဲ?သွားရည်လား?"
စုန့်ရိ: " ... "
စုန့်ရိရုတ်တရပ်ကလေးတစ်ယောက်ကိုအတတ်ဆိုးတွေသင်ပေးတယ်ဆိုပီးအပြစ်ရှိသလိုခံစားရတယ်။
အဲ့တာကိုကြည့်ပါအုံးကွာ။
"Fu*k" သွမ့်ကျားရန်ချာလည်ပတ်လည်ဖြစ်သွားတယ် "ဒါကဘာကြီးလဲ?မဖြစ်နိုင်တာ ဒီလူကသေတော့မဲ့ပုံပဲ – ငါယုံပီ, ငိုနေတာလား?"
"ငိုတာတောင်မရပ်တော့ဘူး O ကမရှောင်ဘူးလား?" Alpha ကအရမ်းများလွန်းတယ်လို့ သွမ့်ကျားရန်ထင်တယ် "ဒီကောင်ကနည်းနည်းပါးပါးလျှော့ပေးလို့မရဘူးလား?"
"Ha ha ha ha ha ha ha!" စုန့်ရိတစ်ယောက်ရယ်ရတာအူတွေပါနာတယ် "အာ့ဆိုမင်း အတန်းခေါင်းဆောင်ကိုခေါ်ပီးအဲ့တာကိုစမ်းကြည့်ပီးရပ်ခိုင်းပါလား အဲ့ကျရင်မင်းသိလိမ့်မယ် hahahahahahhaha!"
အဲ့တာတွေပီးသွားတော့ အချိန်ကမစောတော့ဘူး။
သွမ့်ကျားရန်သူ့အိပ်ယာဆီကိုပြန်လာပီး အိပ်ခန်းထဲကမီကိုပိတ်လိုက်တယ်။အမှောင်ထုကဝင်ရောက်လာတဲ့အခါမှာတော့ အရာအားလုံးကတိတ်ဆိတ်နေတယ်။
သွမ့်ကျားရန်ရဲ့စိတ်ထားမှာအခုညကပုံတွေဖြတ်ခနဲပေါ်ပေါ်လာတယ်။
သူ beta ဖြစ်နေတုန်းကသူ့ရဲ့ relationship မှာ နောက်ထပ်တစ်မျိုးကိုဘယ်တုန်းကမှမတွေးဖူးဘူး။ သူအခု omega ဖြစ်လာတော့ သူကလက်ခံသူနေရာပဲဖြစ်နိုင်တော့တယ်။
သွမ့်ကျားရန်ဖုန်းscreen ပေါ်ကသေလုနီးပါး အော်ငိုနေတဲ့ omegaလေးကိုသတိရသွားပီမျက်မှောင်ကြုံ့လိုက်တယ်။
အရမ်းကြောက်စရာကောင်းပုံပေါ်တယ်။
ဒါပေမဲ့လဲ နောက်ဆုံးကျတော့ omegaလေးကပြုံးပီး alpha ကိုနမ်းလိုက်တယ်။ ကြည့်ရတာ စိတ်အခြေအနေကသိပ်မဆိုးသလိုပဲ။
အဲ့တာကဘာနဲ့တူလဲ...
သူနဲ့လုရှင်းစစ်လဲအနာဂတ်မှာအဲ့လိုလုပ်မှာလား?
သွမ့်ကျားရန်အဲ့တာကိုပိုပီးခက်ခက်ခဲခဲတွေးမိတော့ သူခေါင်းကိုခေါင်းအုံးထဲကိုအတင်းထိုးထည့်ထားပီး မထိန်းနိုင်ဘဲတိုးတိုးလေးရေရွတ်နေမိတယ်။
✨——————✨
Zawgyi
အဲ့ဒီစကားေတြကနားထဲကိုျဖတ္ဝင္လာတဲ့အခါမွာတစ္ကိုယ္လုံးအပူေတြတက္လာတယ္။
အဲ့တာက လုရွင္းစစ္ရဲ့ႏွလုံးသားကိုခ်ိတ္ေလးနဲ႔ထိုးစိုက္လိုက္သလိုပဲ။
သူသြမ့္က်ားရန္ကိုစိုက္ၾကည့္ပီးအၾကာႀကီးတိတ္က်သြားတယ္။
တစ္ဖက္လူကအဲ့တိုင္းေျပာပီးခါမွာ သူဘယ္ေလာက္အတင့္ရဲသြားလဲဆိုတာနားလည္သြားပုံေပၚတယ္။ သူ႔မ်က္လုံးေလးေတြမွာရွက္ရိပ္ေတြသန္းေနပီး နည္းနည္းေလးဉာဏ္မရွိဘဲလုပ္မိသြားတယ္ဆိုတာေလးေတြလဲရွိေနတယ္။
သူတို႔ေတြကစကၠန္႔အနည္းငယ္ေလာက္စိုက္ၾကည့္ေနၾကတယ္။
သြမ့္က်ားရန္ထပ္ပီးေတာင့္မခံနိုင္ေတာ့ဘူး။
ဒီလိုတစ္ခ်က္ထိတာနဲ႔ပ်က္ဆီးသြားမဲ့အေျခအေနကလူေတြရဲ့ စိတ္ပိုင္းဆိုင္ရာအရည္အေသြးေတြအတြက္အထူးစမ္းသပ္ခ်က္လားေအာက္ေမ့ရတယ္။လုရွင္းစစ္ရဲ့မ်က္ေတာင္ေလးေတြကေအာက္ကိုစိုက္ၾကေနပီး သူ႔မ်က္လုံးေတြေအာက္မွာ သိပ္သည္းတဲ့အရိပ္တစ္ခုျဖစ္ေစတယ္။
လုရွင္းစစ္ကပရမ္းပတာေတြျဖစ္ေအာင္မလုပ္မွာမွန္းသူသိတယ္။ ဒါေပမဲ့ တစ္ဖက္လူဘာလုပ္ခ်င္ေနမွန္းလဲသူမသိဘူး။ ဒီလိုအက်ဥ္းအက်ပ္အေျခအေနကသြမ့္က်ားရန္ကို ထိန္လန္႔ေစပီး အျပစ္ရွိတဲ့အသိစိတ္ကေနလြတ္ထြက္ခ်င္တယ္။
ဒီလိုလြတ္ေျမာက္ခ်င္တဲ့လွုပ္ရွားမွုကသူ႔ေရွ႕ကလူရဲ့အာ႐ုံေၾကာေတြကိုလွုံ႔ေဆာ္ေပးလိုက္ပုံေပၚတယ္။
သူဆိုဖာေပၚကိုတြန္းခ်ခံလိုက္ရတယ္။
ဒီလိုေျပာင္းလဲမဲ့အရိပ္အေယာင္မရွိတဲ့ပုံကသြမ့္က်ားရန္ကို႐ုန္းကန္ေစတယ္။ ဒါေပမဲ့သူပို႐ုန္းေလေလ တစ္ဖက္လူကပိုဖိေလေလပဲ။
ရွန္းခ်ီလ်င့္နဲ႔ခ်န္ယြဲ႕ကေတာ့တစ္ပုဒ္ပီးတစ္ပုဒ္ဆိုေနၾကတယ္။
"Sweet words, lies and laughs ..." ခ်န္ယြဲ႕ကဆိုပီးရွန္းခ်ီလိန္ကိုဆက္ဆိုဖို႔ေခါင္းနဲ႔ညႊန္ျပလိုက္တယ္ "ရွန္းေလာင္ပန္ please"
"Kiss me to the cold squat – Fu*k!ဘာလုပ္ေနတာလားဟ!" ရွန္းခ်ီလ်င့္ရဲ့အသံကခ်က္ခ်င္းေျပာင္းသြားတယ္။
လုရွင္းစစ္လဲအခုမွသူတို႔လူျမင္ကြင္းမွာပဲရွိေသးတယ္ဆိုတာနားလည္သြားတယ္။သူခၽြတ္ထားတဲ့ကုတ္အကၤ်ီကိုဆြဲယူလိုက္ပီး သူနဲ႔သြမ့္က်ားရန္ေပၚမွာဖုံးလိုက္တယ္။
အကၤ်ီေအာက္မွာ သူနဲ႔သြမ့္က်ားရန္ဘာလုပ္ေနလဲဆိုတာဘယ္သူမွမျမင္ရေတာ့ဘူး။
စုန္႔ရိကသူတို႔ကိုၾကည့္လိုက္တယ္ "အတန္းေခါင္းေဆာင္ကနည္းနည္းမ်ားမသြားဘူးလား?"
က်ိဳးရွင္ခ်န္းကအဲ့တာကိုျမင္ေတာ့ျမန္ျမန္ေျပာတယ္ "ငါသြားေတာ့မယ္!!"
သူကအရမ္းတက္ႂကြေနတဲ့ပုံေပၚတယ္ "ငါသင္ယူရမယ္"
ခ်န္ယြဲ႕ရဲ့ တုံ႔ျပန္မွုကသူတို႔အားလုံးထက္ထက္သာေသးတယ္။ သူကခနေလာက္ပဲၾကည့္ပီးေနာက္သီခ်င္းတစ္ပုဒ္ကိုေျပာင္းလိုက္တယ္ "သူတို႔ဘာသာက်ီစားပါေစ ငါတို႔ကသီခ်င္းဆိုၾကစို႔"
လုရွင္းစစ္အဲ့တိုင္းလုပ္လိုက္တဲ့အခါမွာ သြမ့္က်ားရန္ရဲ့ပယင္းေရာင္မ်က္လုံးေလးေတြကျပဴးက်ယ္သြားပီး ေစာနေလးတုန္းကလက္သည္းေလးေတြနဲ႔ေျခာက္ေနသလိုပုံေလးကလဲေပ်ာက္သြားတယ္။
ပိုပီးေျပာရခက္တဲ့အရာကသူ႔ႏွလုံးခုန္ႏွုန္းေတြကအရမ္းျမန္ေနတဲ့အတြက္ အာေတြလဲေျခာက္လာတယ္။
သူတအားကိုစိတ္ေတြခုန္ေနပီ။
လုရွင္းစစ္ကသူေျပာတဲ့စကားေတြကိုသတိေပးရင္း သြမ့္က်ားရန္ရဲ့ႏွုတ္ခမ္းရဲရဲေဖာင္းေဖာင္းေလးကိုပြတ္ေပးေနတယ္ "မင္းကငါ့ကိုကိုက္တယ္"
" ... " သြမ့္က်ားရန္ကအခုထိစိတ္မၿငိမ္ေသးဘူး။သူကအဲ့တိုင္းေျပာသံၾကားေတာ့ မယုံသလိုနဲ႔ေခါင္းေမာ့လာတယ္ "မင္းကအရမ္းယုတၱိမတန္တဲ့လူလို႔မထင္ဘူးလား?
လုရွင္းစစ္ရဲ့လက္ကႏွုတ္ခမ္းစြန္းေလးကိုပြတ္ေပးပီး ျပန္႐ုတ္သြားတယ္ "ငါေတာ့အဲ့လိုမထင္ဘူး"
ဣေျႏၵရရလုပ္ေနလို႔မရေတာ့ဘူးပဲ။
ယွဥ္ၾကည့္မယ္ဆိုရင္ သူကခ်စ္ေရးခ်စ္ရာေတြဘာမွမသိတဲ့ တုံးတုံးအအခ်စ္စရာအျဖဴလုံးေလးလိုျဖစ္ေနပီ။
သြမ့္က်ားရန္တကယ္ကိုအရွုံးမေပးခ်င္ဘူး။သူျမန္ျမန္ဟန္လုပ္ျပဳံးလိုက္တယ္ "ေတာင္းပန္ပါတယ္ငါ့ရဲ့ေကာေကာ မင္းကိုကိုက္မိသြားတယ္"
"ဘာမွျဖစ္ပါဘူး" လုရွင္းစစ္ကသူ႔ေခါင္ေလးကိုညင္ညင္သာသာပုတ္ေပးတယ္ "မင္းရဲ့ေကာေကာကမင္းကိုစိတ္မဆိုးပါဘူး"
" ... "
ႏွစ္သစ္ကိုေရာက္လာေတာ့ေက်ာင္းသားအမ်ားစုက ေဆာင္းရာသီအားလပ္ရက္မတိုင္ခင္ final exam အတြက္အာ႐ုံစိုက္ေနၾကတယ္။
စာသင္ခန္းထဲမွာ heater ရွိေပမဲ့ အပူခ်ိန္ကြာျခားခ်က္ေၾကာင့္ ျပတင္းေပါက္မွန္ေတြမွာ အျဖဴေရာင္ႏွင္းေတြရွိေနပီ။
စုန္႔ရိေခါင္းေစာင္းၾကည့္လိုက္တယ္။ သြမ့္က်ားရန္ကပုစၧာေတြတြက္ေနတုန္းပဲ။ သူကဒီ self study ခ်ိန္တစ္ခုလုံးမွာ အဲ့ပုံစံအတိုင္းပဲ။
ႏွစ္သစ္ကူးကတည္းကေက်ာင္းသားအမ်ားစုက final exam အတြက္စပီးျပင္ဆင္ေနၾကပီ။ စုန္႔ရိမေမၽွာ္လင့္ထားတာက သြမ့္က်ားရန္လဲစာေမးပြဲအတြက္ျပင္ဆင္ေနမယ္လို႔ေပါ့။
ေခါင္းေလာင္းသံျမည္လာတဲ့အခါမွာေတာ့ သြမ့္က်ားရန္ကလက္ထဲကေဘာပင္ကိုတန္းပစ္ခ်လိုက္တယ္။
သူကခုံေစာင္းထဲက lollipop တစ္ခုထုတ္ယူလိုက္ပီး အခြံကိုသုံးေလးငါးႀကိမ္ဆြဲဆြဲခြာေနတယ္။ သူ႔အျပဳအမူကၾကမ္းတယ္။
"မင္းေျပာၾကည့္ကြာ" သြမ့္က်ားရန္ကဘာအမူအရာမွမရွိဘဲ lollipop ေလးပါးစပ္ထဲထည့္ရင္းေျပာတယ္ "ငါတြက္ထားတာနဲ႔ အေျဖနဲ႔ကဘာလို႔အျမဲတမ္းမတူေနတာလဲ?"
စုန္႔ရိက lollipop ကိုသြားနဲ႔ျခစ္မိေနတဲ့အသံကိုနားေထာင္ရင္း အခုခ်ိန္မွာသြမ့္က်ားရန္ခံစားေနရတာကိုသူလုံးဝနားလည္တယ္။
"စာေလ့လာတယ္ဆိုတာ အမွားေတြကိုအဆက္မျပတ္ရွာတဲ့ျဖစ္စဥ္တဲ့" စုန္႔ရိကသူ႔ကိုႏွစ္သိမ့္ေပးေနတယ္ "မင္းအခုခ်ိန္မွာအမွားေတြေတြ႕ရင္စာေမးပြဲခန္းထဲေရာက္ရင္အမွားေတြမလုပ္မိေတာ့ဘူးေပါ့ကြာ"
"အာ့ဆို စာေမးပြဲခန္းထဲေရာက္လဲ အမွားသစ္ေတြရွိလာမွာေပါ့" သြမ့္က်ားရန္ကသက္ျပင္းခ်လိုက္တယ္ "အဲ့လိုမွားတာေတြမွာ mitosis နည္းရွိေနတာလား?"
စုန္႔ရိကသူ႔ရဲ့ေတာ္ေတာ္ေလးတတ္ေနတဲ့ mitosis အေၾကာင္းကိုၾကားေတာ့ ေတြေဝသြားတယ္။
"ေရွာင္သြမ့္" စုန္႔ရိထပ္မထိန္းထားနိုင္ေတာ့ဘူး "မင္းတကယ္ေက်ာင္းသားေကာင္းေလးျဖစ္ခ်င္တာလား?"
"ငါ့မားကတိေပးထားတာ" သြမ့္က်ားရန္က lollipop ကိုက္ကိုက္ေနပီး သူ႔စကားေတြကမပီမျပင္ေတြ "ငါ့မားအေပၚမွာလိမ္လည္တာမ်ိဳးမျဖစ္ခ်င္ဘူး"
အဲ့တာကိုၾကားေတာ့ေရွ႕တန္းမွာရွိေနတဲ့က်ိဳးရွင္ခ်န္lကလွည့္လာတယ္။
ဟိုတစ္ခါjoint test ပီးကတည္းကသြမ့္က်ားရန္ရဲ့အေရွ႕ခုံကေကာင္စီအဖြဲ႕ဝင္ကေန က်ိဳးရွင္ခ်န္းေနရာျဖစ္သြားတာ။က်ိဳးရွင္ခ်န္lကသူနဲ႔စုန္႔ရိေျပာေနတာေတြကိုၾကားေတာ့ ေစာနေလးတုန္းကအိပ္ငိုက္ေနတာေတြေတာင္ေပ်ာက္သြားတယ္။ "အာ့ဆိုမင္းကေနာက္ပိုင္းက်မကစားေတာ့ဘူးေပါ့ ဟုတ္လား?"
သြမ့္က်ားရန္ကခနေလာက္စဥ္းစားပီး ေခါင္းညိမ့္လိုက္တယ္ "ငါကကစားတာေရာ စာေလ့လာတာေရာႏွစ္ခုလုံးလုပ္နိုင္တဲ့လူတစ္ေယာက္ျဖစ္ခ်င္တာ"
"Ha ha ha ha ha ha ha ha!" က်ိဳးရွင္ခ်န္းကစရယ္တယ္ "မင္းျပန္ေျပာၾကည့္ မင္းကအသားကုန္ႀကိဳးစားေတာ့မွာေပါ့?"
စုန္ရိကဖုန္းကိုကိုင္ပီးရယ္ရင္းေျပာတယ္ "ငါဒီေန႔ေပ်ာ္စရာေလးကိုရွန္းခ်ီလ်င့္နဲ႔ေဝမၽွလိုက္အုံးမယ္"
သြမ့္က်ားရန္ရဲ့ေဒါသထြက္ျပေပမဲ့ စုန္႔ရိကဘာသက္ေရာက္မွုမရွိဘူး။
ခနၾကာေတာ့ စုန္႔ရိကရယ္ပီးသြမ့္က်ားရန္ေရွ႕ကိုဖုန္းထိုးျပတယ္။ စုန္႔ရိကသူေျပာတာကိုရွန္းခ်ီလ်င့္ကိုပို႔ေတာ့ သူက haha ေပါင္းေသာင္းေျခာက္ေထာင္ျပန္ပို႔တယ္။
ေနာက္ပီးေတာ့ တျခားစကားလုံးေတြလဲပါေသးတယ္။
ငါ့သားေလးေတာ္တယ္ ခ္ခ္။
သြမ့္က်ားရန္ခ်က္ခ်င္းရွန္းခ်ီလ်င့္္ကိုသြားသတ္ပစ္ခ်င္သြားတယ္။
သူတို႔ေတြဟာသေတြလုပ္ေနခ်ိန္မွာလုရွင္းစစ္က အဂၤလိပ္အိမ္စာစာအုပ္ေတြကိုင္ပီးဝင္လာတယ္။
အဲ့ဒီမွာ ဆူညံေနပီး သြမ့္က်ားရန္ကျပဳံးေတာင္မျပဳံးဘူး။ လုရွင္းစစ္ကအိမ္စာစာအုပ္ေတြကိုသူ႔စားပြဲမွာခ်ပီး အေရာင္ေဖ်ာ့ေဖ်ာ့ေခါင္းေလးကိုကိုင္လိုက္တယ္။
"ဘာေတြေျပာေနၾကတာလဲ?" သူကသြမ့္က်ားရန္ကိုေမးလိုက္တယ္ "ဆူညံေနတာပဲ"
"သူတို႔ကငါစာၾကည့္ေနတာကိုေႏွာင့္ယွက္ေနတာ" သြမ့္က်ားရန္ကသူ႔ကိုျမင္တာနဲ႔စပီးမေက်မနပ္ေျပာေတာ့တယ္ "ငါကစာလဲေတာ္အားကစားလဲေတာ္ခ်င္တယ္လို႔စိတ္ကူးယဥ္ၾကည့္တာကိုသူတို႔ကရီေနတာ အဲ့ဒီစိတ္ကူးယဥ္တာကမင္းဆီကေနရလာတာေလ သူတို႔ကငါ့ကိုလဲရီတယ္ မင္းကိုလဲရီတယ္"
လုရွင္းစစ္ကက်ိဳးရွန္ခ်န္းနဲ႔စုန္႔ရိကိုၾကည့္လိုက္တယ္။
သူတို႔ႏွစ္ေယာက္ကလုရွင္းစစ္ေရွ႕မွာသြမ့္က်ားရန္ အျဖဴအနက္ေျပာင္းျပန္ေတြလွန္ပစ္တာကိုၾကည့္ပီး လုရွင္းစစ္ကလဲဘာေတြေတြးေနမွန္းလဲမသိေတာ့ ပါးစပ္ပိတ္ထား႐ုံပဲတတ္နိုင္တယ္။
သြမ့္က်ားရန္ကထပ္ပီးေလာင္စာေတြထပ္ထည့္ေနတုန္းပဲ "ရွန္းခ်ီလ်င့္ကလဲဒီေန႔ငါ့ကိုမ်က္ႏွာပ်က္ေအာင္လုပ္တယ္ မင္းငါ့ကို Class 4 ကိုသြားပီး သူ႔ကိုရွင္းပစ္ေစခ်င္လား?"
"ဟုတ္ပါပီကြာ" လုရွင္းစစ္ကသူ႔ေခါင္းေလးကိုပြတ္ေပးတယ္ သူကသူ႔ခုံကေနအဂၤလိပ္ေလ့က်င့္ခန္းစာအုပ္ကိုယူလိုက္ပီးသူ႔ကိုေပးတယ္ "လာပီးစာတမ္းေတြကူလုပ္ေပးပါအုံး"
သြမ့္က်ားရန္ကသဘာဝက်က်ပဲေလ့က်င့္ခန္းစာအုပ္ကိုယူလိုက္ပီးခုံကေနထလိုက္တယ္။
သြမ့္က်ားရန္ကတကယ္အိမ္စာလုပ္သြားတာေတြ႕ေတာ့က်ိဳးရွင္ခ်န္းအေတာ္ေလးအံ့ဩသြားတယ္ "ထြက္သြားပီလား?ေစာနေလးတုန္းကပဲသတ္မယ္ သတ္မယ္နဲ႔ေျပာေနတာမလား?"
စုန္႔ရိလဲအံ့ဩေနပီးျပဳံးပီးေျပာလိုက္တယ္ "ေရွာင္သြမ့္ကအတန္းေခါင္းေဆာင္ေရွ႕မွာဆိုေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတယ္"
သြမ့္က်ားရန္ကေလ့က်င္းခန္းစာအုပ္ကိုယူပီးတစ္ခုပီးတစ္ခုလုပ္ေနတယ္။
"သြမ့္ေကာ အဲ့တာအိမ္စာလား?"
"သူကဘယ္လိုလုပ္အိမ္စာေတြလုပ္တတ္သြားတာလဲ?"
"မင္းတို႔အဲ့တာကိုမၾကည့္နဲ႔ ေဘးကတစ္ေယာက္ကဘယ္သူလဲဆိုတာပဲၾကည့္"
"ငါေျပာခ်င္တာကအတန္းေခါင္းေဆာင္ကအရမ္းအထင္ႀကီစရာေကာင္းတယ္ ငါတို႔အစ္ကိုႀကီးေတာင္ယဥ္ေက်းသြားတယ္" ေကာင္ေလးကျပဳံးပီးေျပာတယ္ "ငါသြမ့္က်ားရန္နဲ႔အတန္းေဖာ္ျဖစ္တာတစ္ႏွစ္ေတာင္ေက်ာ္ပီ ငါ့အစ္ကိုႀကီးရဲ့ ပထမဆုံး assignment ရတဲ့ေန႔ကိုမွတ္ကိုထားအုံးမယ္"
တခ်ိဳ႕လူေတြလဲေလ့က်င္းခန္းစာအုပ္ေတြကိုဆြဲယူကုန္ေတာ့တယ္ "ေက်းဇူး သြမ့္ေကာ မင္းရဲ့ေကာေကာကိုလဲေက်းဇူးပါ"
သြမ့္က်ားရန္ကသူတို႔ကိုသိပ္ဂ႐ုစိုက္မေနဘူး။ သူတို႔ကေအးေဆးမေနပဲသူတို႔ကိုရယ္ေနတာ။
သူတို႔ေတြကတမင္သက္သက္သူနဲ႔လုရွင္းစစ္ရဲ့ ဆက္ဆံေရးကိုစေနၾကတယ္။ သြမ့္က်ားရန္လဲအဲ့တာကိုမျငင္းဘူး။
မနက္ပိုင္းဒုတိယအခ်ိန္က Physics.
သူတို႔ကိုphysics သင္တဲ့ဆရာကစိတ္ထားေကာင္းတယ္။သူအတန္းထဲဝင္လာတာနဲ႔ စာကိုျဖည္းျဖည္းေလးသင္ေနတယ္။
Physics ဆရာကလြန္ခဲ့တဲ့အပတ္ကတည္းကအပတ္စဥ္ေမးခြန္းစာရြက္ေတြအေၾကာင္းေျပာတယ္။ အဲ့ဒီအခ်ိန္တုန္းကသြမ့္က်ားရန္ဆယ္မိနစ္ေတာင္မခံဘူး အိပ္ေပ်ာ္သြားတာ။ ဒီေန႔က်ေတာ့ final exam ေျဖဖို႔လဝက္ေလာက္ပဲရွိေတာ့တယ္။ သြမ့္က်ားရန္ေသေလာက္ေအာင္အိပ္ခ်င္ေနေပမဲ့လဲ တင္းခံပီးနားေထာင္ေနတယ္။
လုရွင္းစစ္ကေမးခြန္းေတြလိုက္မွတ္ေနပီး သြမ့္က်ားရန္ကစာသက္ေနတာကိုအေလးအနက္နားေထာင္ေနတာကိုေတြ႕လိုက္တယ္။
သူအဲ့တာကိုေတြးပီး ခ်န္ယြဲ႕နဲ႔ေဆြးေႏြးလိုက္တယ္။ သူအတန္းပီးေတာ့ေက်ာက္မင္ကၽြင္း႐ုံးခန္းကိုသြားလိုက္တယ္။
သူကျပန္ေရာက္ေတာ့ သြမ့္က်ားရန္ကိုေျပာလိုက္တယ္။
"ေစာနတုန္းကအခ်ိန္မွာမအိပ္ဘူးပဲ" သူရဲ့မ်က္လုံးေလးေတြကေကြးေနပီး သူ႔အသံကရယ္ျမဴးေနတယ္ "ထူးဆန္းလိုက္တာ"
သူအဲ့တိုင္းေျပာတာၾကားေတာ့ သြမ့္က်ားရန္ကသူ႔ကိုစိုက္ၾကည့္ေနတယ္။
"မင္းေတာင္ငါ့ကိုရယ္ေနပီပဲ" သြမ့္က်ားရန္ကဘာအမူအရာမွမရွိဘူး "ငါအရမ္းစိတ္ပ်က္သြားပီ"
ခ်န္ယြဲ႕လဲမထိန္းနိုင္ဘဲရယ္လိုက္တယ္။
"စိတ္မပ်က္ပါနဲ႔ ေနရာလဲရေအာင္" ခ်န္ယြဲ႕ကေျပာတယ္ "မင္းအတြက္အားျဖည့္ေပးမဲ့အရာေပးမယ္"
သြမ့္က်ားရန္ကေအာ္လိုက္တယ္ "ဘာကအားျဖည့္ေပးမဲ့အရာလဲ?"
ခ်န္ယြဲ႕ကရယ္ေနတဲ့လုရွင္းစစ္ကိုညႊန္ျပတယ္ "ဒါကအနာဂတ္မွာမင္းရဲ့တစ္ဦးတည္းမူပိုင္တိုင္ပင္ေဖာ္ႀကီး ဒီေန႔မင္းနဲ႔တစ္စားပြဲတည္းစထိုင္မယ္တဲ့ ေပ်ာ္ပီလား?"
သြမ့္က်ားရန္ရဲ့စိတ္ထဲမွာခ်န္ယြဲ႕ရဲ့စကားလုံးေတြကထပ္ခါထပ္ခါၾကားေယာင္ေနပီး ေနာက္ဆုံးမွာေတာ့အာ႐ုံအားလုံးကတစ္ဦးတည္းမူပိုင္ဆိုတာမွာအေျခခ်သြားတယ္။
သြမ့္က်ားရန္ရဲ့မ်က္လုံးေလးေတြကလယကလယ္နဲ႔ သူ႔ႏွုတ္ခမ္းအေကြးေလးကလဲပိုပိုပီးႀကီးလာတယ္။
သူလုရွင္းစစ္ရဲ့လက္ကိုရိုက္လိုက္ပီပီတိျဖာမေနတဲ့ပုံစံကလဲလုံးဝေမွးမွိန္မသြားေသးဘူး။
"ငါတစ္ေယာက္တည္းရဲ့မူပိုင္လား?"
သူခံစားခ်က္ေတြကိုေဖာ္ျပတဲ့အမူအရာကရိုးရွင္းပီးေတာ့ ပိုင္ဆိုလိုစိတ္ကိုလဲလုံးဝဖုံးဖိမထားဘူး။
လုရွင္းစစ္က႐ုတ္တရပ္သူရိုက္တာခံလိုက္ရေတာ့နာသြားတယ္။
သြမ့္က်ားရန္ကတကယ္အားႀကီးတယ္ သူတစ္ခ်က္တည္းရိုက္တာကိုသူ႔လက္က တျဖည္းျဖည္းနီရဲလာပီ။
သူကဟာသလုပ္လိုက္တယ္ တကယ္လဲနာေနတာ သူမေနနိုင္ဘဲရယ္မိတယ္ "မင္းအနာဂတ္မွာလဲ အိမ္တြင္းအၾကမ္းမွုေတြတကယ္ႀကီးလုပ္မွာလား?"
"ဘယ္လိုလုပ္ေကာကိုလုပ္မွာလဲ?" သြမ္က်ားရန္ကေပ်ာ္ေပ်ာ္ရႊင္ရႊင္ေျပာတယ္ "ဘယ္သူကမွမင္းကိုမလုပ္နိုင္ပါဘူး"
လုရွင္းစစ္သြမ့္က်ားရန္ရဲ့စားပြဲေပၚကစာအုပ္ေတြကိုၾကည့္လိုက္တယ္။
စာစၾကည့္ကတည္းကသြမ့္က်ားရန္ကသင္ၾကာေရးအေထာက္အကူျပဳစာအုပ္ေတြအမ်ားႀကီးယူလာတာ။အဲ့တာကၾကည့္႐ုံနဲ႔တင္လန္႔စရာေကာင္းတယ္ "မင္းကိုကူေရႊ႕ေပးရအုံးမလား?"
"ရပါတယ္ ကိုယ့္ဘာသာလာခဲ့မယ္" သြမ့္က်ားရန္ကသူ႔ေနရာကိုခ်က္ခ်င္းလက္ခံသြားတယ္ "ငါရဲ့စားပြဲတူေကာင္ေလးကိုဒုကၡမေပးခ်င္ပါဘူး"
သူကေျပာရင္းထပီးစာအုပ္ေတြေရႊ႕ေတာ့တယ္။
စုန္႔ရိကစာအုပ္ေတြေရႊ႕ေနတဲ့သြမ့္က်ားရန္နဲ႔လုရွင္းစစ္ကိုၾကည့္ပိးသူတို႔ဘာေတြစီစဥ္ေနလဲဆိုတာနားလည္သြားတယ္။
"ေရွာင္သြမ့္" စုန္႔ရိကစိတ္လြင့္ေနပုံမ်ိဳးျပလာတယ္ "မင္းငါ့ကိုမလိုခ်င္ေတာ့ဘူးလား?"
သြမ့္က်ားရန္ကစာအုပ္ေတြေရႊ႕ရင္းသူ႔ကိုၾကည့္လိုက္တယ္။ သူစဥ္းစားလိုက္ပီး စာအုပ္အပုံႀကီးကိုကိုင္ရင္းသူ႔ကိုညႊန္ျပဖို႔ကိုင္းခ်လိုက္တယ္။
စုန္႔ရိကသူနဲ႔ကပ္သြားတယ္။
"ငါမင္းကိုမလိခ်င္ေတာ့ဘူး ငါမင္းအတြက္ Alpha တစ္ေယာက္ရွာေပးထားတယ္ မင္းသူနဲ႔ရင္းရင္းႏွီးႏွီးေန"သြမ့္က်ားရန္ကခ်န္ယြဲ႕ကိုေမးေငါ့ျပတယ္။ သူကေႏြဦးေလေျပေလးေလးလိုပဲဝင့္ႂကြားေနတယ္။သူ႔ဘဝမွာပထမဆုံးအႀကိမ္အျဖစ္ေအာင္သြယ္လုပ္ဖူးတာပဲ "လုပ္စမ္းပါ ငါတို႔ကအျမဲတမ္းအဆင့္ျမင့္ျမင့္နဲ႔တရားဝင္တယ္ မင္းကသူနဲ႔ဆိုရင္ giant ႀကီးကိုလက္ထပ္လိုက္သလိုပဲ"
စုန္႔ရိ: " ... "
ညေရာက္ေတာ့ သြမ့္က်ားရန္ကေရခ်ိဳးပီးစုန္႔ရကနားၾကပ္နဲ႔ဖုန္းၾကည့္ေနတယ္။ သြမ့္က်ားရန္ကတံခါးကိုတြန္းဝင္လာပီး အျပင္ဘက္ကေနခ်မ္းလာတယ္။ စုန္႔ရိကတိုးတိုးအသံေလးေတြၾကားလိုက္တယ္။ သူအျပင္ဘက္ကေနေလနဲ႔ႏွင္းေၾကာင့္ခ်မ္းလာပုံရတယ္။
စုန္႔ရိကဖုန္းထဲကပုံကိုၾကည့္လိုက္ပီး ေရေႏြးေလးေသာက္ေနတဲ့သြမ့္က်ားရန္ကိုၾကည့္လိုက္တယ္။ သူ႔မ်က္လုံးထဲမွာ စိတ္ေနာက္လိုမွုေတြနဲ႔စိတ္လွုပ္ရွားေနတယ္။
"ေရွာင္သြမ့္" သူကေျပာလိုက္တယ္ "ဒီကိုလာမင္းကိုေကာင္းတဲ့အရာေလးေတြျပမယ္"
"ဘာလဲ?"
သြမ့္က်ားရန္ကအမ်ားႀကီေတြးမေနဘဲ စုန္႔ရိရဲ့အိပ္ယာေပၚကိုတက္လာတယ္။ စုန္႔ရိကဖုန္းscreen ကိုသူ႔ေရွ႕ျပလိုက္တယ္။သြမ့္က်ားရန္လဲၾကည့္လိုက္တယ္။
သူမထိန္းနိုင္ဘဲျပဳံးလိုက္တယ္ "မင္းဘာျဖစ္လို႔လဲလို႔? အေဆာင္ကဒါေတြျပရမဲ့ေနရာမိုလို႔လား?"
"နားၾကပ္လိုခ်င္လား?'
သြမ့္က်ားရန္ေခါင္းခါလိုက္တယ္။သူေရဆာေနပီးငွဲ႕ထားတဲ့ေရကိုပဲသတိရတယ္ "မင္းဘာသာမင္းၾကည့္"
"ဒီမွာ ထာဝရအမွတ္အသားေပးတဲ့ဟာရွိတယ္" စုန္႔ရိကသူ႔ေက်ာကိုပုတ္လိုက္တယ္ "မင္းမေလ့လာခ်င္ဘူးလား?"
" ... "သြမ့္က်ားရန္ကမသကၤာသလိုခနေလာက္တိတ္သြားပီျပန္ေျပာလိုက္တယ္ "ငါကဘာလို႔ေလ့လာရမွာလဲ?"
"မင္းကလဲကြာ" စုန္႔ရိကလည္ပင္းကိုပြတ္ေနပီအဓိပၸါယ္ရွိရွိျပဳံးတယ္ "မင္းနဲ႔အတန္းေခါင္းေဆာင္ကယာယီအမွတ္အသားသုံးခါေတာင္လုပ္ပီးသြားပီ မင္းကမေလ့လာၾကည့္ဘူးလား?"
သြမ့္က်ားရန္သူ႔ကိုတစ္ခ်က္ၾကည့္ပီးစိတ္မခ်ျဖစ္ေနတယ္။
အဆုံးသတ္မွာေတာ့ သူလဲအရြယ္ေရာက္ေနတဲ့ေကာင္ေလးတစ္ေယာက္ပဲေလ။ ဒီလိုအရာမ်ိဳးကိုစပ္စုၾကည့္ခ်င္တာေပါ့။သြမ့္က်ားရန္ကနားၾကပ္တပ္လိုက္ပီးစုန္႔ရိနဲ႔အိပ္ယာေပၚမွာမွီလိုက္တယ္။
စုန္႔ရိကလူကပ္တတ္တဲ့ေကာင္ေလးတစ္ေယာက္ သူကသူပခုံနားကပ္လာပီေျပာတယ္ "ငါမင္းနဲ႔ AO ဇာတ္လမ္းတစ္ခုၾကည့္ရမယ္လို႔ေတြးေတာင္မေတြးမိဘူး ငါတို႔အသိုင္းအဝိုင္းမွာေျပာၾကတာတစ္ခုရွိတယ္ သိလား alpha ေတြ တစ္သက္စာအမွတ္အသားလုပ္ရင္ေလomega ကမ်က္ရည္ေတြမထိန္းနိုင္႐ုံတင္မကဘူး တျခားေနရာေတြကပါအရည္ေတြစီက်လာတယ္တဲ့"
သြမ့္က်ားရန္ေၾကာင္သြားတယ္ "ဘာအရည္လဲ?သြားရည္လား?"
စုန္႔ရိ: " ... "
စုန္႔ရိ႐ုတ္တရပ္ကေလးတစ္ေယာက္ကိုအတတ္ဆိုးေတြသင္ေပးတယ္ဆိုပီးအျပစ္ရွိသလိုခံစားရတယ္။
အဲ့တာကိုၾကည့္ပါအုံးကြာ။
"Fu*k" သြမ့္က်ားရန္ခ်ာလည္ပတ္လည္ျဖစ္သြားတယ္ "ဒါကဘာႀကီးလဲ?မျဖစ္နိုင္တာ ဒီလူကေသေတာ့မဲ့ပုံပဲ – ငါယုံပီ, ငိုေနတာလား?"
"ငိုတာေတာင္မရပ္ေတာ့ဘူး O ကမေရွာင္ဘူးလား?" Alpha ကအရမ္းမ်ားလြန္းတယ္လို႔ သြမ့္က်ားရန္ထင္တယ္ "ဒီေကာင္ကနည္းနည္းပါးပါးေလၽွာ့ေပးလို႔မရဘူးလား?"
"Ha ha ha ha ha ha ha!" စုန္႔ရိတစ္ေယာက္ရယ္ရတာအူေတြပါနာတယ္ "အာ့ဆိုမင္း အတန္းေခါင္းေဆာင္ကိုေခၚပီးအဲ့တာကိုစမ္းၾကည့္ပီးရပ္ခိုင္းပါလား အဲ့က်ရင္မင္းသိလိမ့္မယ္ hahahahahahhaha!"
အဲ့တာေတြပီးသြားေတာ့ အခ်ိန္ကမေစာေတာ့ဘူး။
သြမ့္က်ားရန္သူ႔အိပ္ယာဆီကိုျပန္လာပီး အိပ္ခန္းထဲကမီကိုပိတ္လိုက္တယ္။အေမွာင္ထုကဝင္ေရာက္လာတဲ့အခါမွာေတာ့ အရာအားလုံးကတိတ္ဆိတ္ေနတယ္။
သြမ့္က်ားရန္ရဲ့စိတ္ထားမွာအခုညကပုံေတြျဖတ္ခနဲေပၚေပၚလာတယ္။
သူ beta ျဖစ္ေနတုန္းကသူ႔ရဲ့ relationship မွာ ေနာက္ထပ္တစ္မ်ိဳးကိုဘယ္တုန္းကမွမေတြးဖူးဘူး။ သူအခု omega ျဖစ္လာေတာ့ သူကလက္ခံသူေနရာပဲျဖစ္နိုင္ေတာ့တယ္။
သြမ့္က်ားရန္ဖုန္းscreen ေပၚကေသလုနီးပါး ေအာ္ငိုေနတဲ့ omegaေလးကိုသတိရသြားပီမ်က္ေမွာင္ၾကဳံ႕လိုက္တယ္။
အရမ္းေၾကာက္စရာေကာင္းပုံေပၚတယ္။
ဒါေပမဲ့လဲ ေနာက္ဆုံးက်ေတာ့ omegaေလးကျပဳံးပီး alpha ကိုနမ္းလိုက္တယ္။ ၾကည့္ရတာ စိတ္အေျခအေနကသိပ္မဆိုးသလိုပဲ။
အဲ့တာကဘာနဲ႔တူလဲ...
သူနဲ႔လုရွင္းစစ္လဲအနာဂတ္မွာအဲ့လိုလုပ္မွာလား?
သြမ့္က်ားရန္အဲ့တာကိုပိုပီးခက္ခက္ခဲခဲေတြးမိေတာ့ သူေခါင္းကိုေခါင္းအုံးထဲကိုအတင္းထိုးထည့္ထားပီး မထိန္းနိုင္ဘဲတိုးတိုးေလးေရရြတ္ေနမိတယ္။
✨——————✨