Unicode
သူ့အသံကအရမ်းနီးကပ်ပီး သဘာဝကျကျနဲ့ဩရှရှလေး။
သွမ့်ကျားရန်ကသူဖက်တာခံနေရတဲ့အတွက်သူ့ခန္တာကိုယ်ကသူ့ရဲ့ရနံ့တွေနဲ့ရောယှက်နေတယ်။
Down jacket ကလဲသွမ့်ကျားရန်ရဲ့လက်ထဲမှာကိုင်ထားပီး သူ့အဝတ်တွေကပါးပါးလေး။ လုရှင်းစစ်ကအဲ့လိုကြီးပုံကြီးလုပ်နေတာဆိုတော့ သူ့ရဲ့ခါးကိုချုပ်ကိုင်ထားတဲ့လက်တွေ ဂရုစိုက်မှုအပြည့်နဲ့ပွေ့ဖက်မှုတွေကိုသူရှင်းရှင်းလင်းလင်းခံစားနေရတယ်။
တမင်သက်သက်လားမရည်ရွယ်ရွယ်ပဲလားတော့မသိ သူ့ခါးတွေပေါ်မှာရှိနေတဲ့လက်ချောင်းတွေကအောက်ကိုနည်းနည်းလေးလျှောကျသွားတယ်။ လက်တွေရဲ့အထိအတွေ့အတိုင်းမတော်တဆပုံမျိုးနဲ့။ သွမ့်ကျားရန်သူ့ကိုမျက်စိဝေ့ပီးကြည့်လိုက်တယ်။
လုရှင်းစစ်ကတိုးတိုးလေးပြောလိုက်တယ် "မင်းကအရမ်းပိန်တယ်"
သွမ့်ကျားရန်ဦးနှောက်တွေပူလောင်နေပီး သူ့အသားရည်ကလဲလျှပ်စီးကြောင်းတွေဖြတ်စီးနေတဲ့အတိုင်းဖိန်းတိန်းတိန်းရှိန်းရှိန်းနဲ့။ သူသတိလက်လွတ်ကိုယ်ကိုကျုံ့လိုက်ပေမဲ့ ခန္တာကိုယ်ရဲ့တစ်ဝက်လောက်ကထုံနေတယ်။
"မင်းတွေးကြည့်စမ်းပါအုံး" သွမ့်ကျားရန်ကစိတ်လျှော့ပီး ရိုးရိုးသားသားလေးပဲမေးလိုက်တယ် "ဘယ်သူကပိုပီးဆိုးတာလဲဆိုတာကို"
လုရှင်းစစ်ကပြန်ပီးချေပမနေတော့ဘူး။
ခနကြာတော့ လုရှင်းစစ်သူ့အသံထဲပြုံးရိပ်သန်းသန်းလေးနဲ့ပြောတယ် "ကံကောင်းလို့ မင်းရှိနေလို့ မဟုတ်ရင် မီးရှူးမီးပန်းတွေကြားမှာငါ့မှာအရိပ်လေးတစ်ခုပဲရှိနေလိမ့်မယ်"
ကောင်းကင်မှာမီးပန်းတွေကအခုထိရှိနေတုန်းပဲ ပေါက်ထွက်လာတဲ့အသံတွေကဆောင်းရာသီ မိုးချုန်းသံလိုပဲ။
သူကပြောနေရင်း သူ့လက်မောင်းတွေကြားကသွမ့်ကျားရန်ကတောင့်တောင့်လေးဖြစ်နေတုန်းဆိုတာခံစားမိတော့ တဖြည်းဖြည်းလေးလျှော့ပေးလိုက်တယ်။ တစ်ဖက်လူကတိတ်တိတ်လေးပြောလျော့လာတယ်။ လုရှင်းစစ်ကသူ့လက်ထဲကကောင်လေးကိုလွှတ်ပေးမလို့လုပ်လိုက်တယ်။
အဲ့ဒီအချိန်မှာ ဖြူဖြူဖွေးဖွေးလက်သွယ်သွယ်လေးကဘေးကနေသူ့ခါးကိုချိတ်တွယ်လာတယ်။
သွမ့်ကျားရန်ကသူ့ကိုဖက်ထားရင်း သူ့နားထဲထဲမှာခပ်ဖွဖွလေးရယ်နေတယ် "အဲ့တာကဘာမှဖြစ်ပါဘူး ငါ့ရဲ့ကောင်လေးကဒီလိုအရာတွေကိုကြောက်နေမယ်ဆိုရင်ကြားရတာ တကယ်မလွယ်တာပဲ"
သူ့အသံကဝေ့ဝဲနေပီး ဟာသလုပ်ပီးသူ့မျက်နှာဖြတ်ရိုက်လိုက်သလိုပဲဆိုပေမဲ့လဲ ရှင်းမပြတတ်အောင်အတည်ပေါက်ကြီးလိုလဲဖြစ်နေတယ်။
လုရှင်းစစ်မထိန်းနိုင်ဘဲသူ့ကိုပိုပီးတင်းတင်းကျပ်ကျပ်ဖက်ထားမိတယ်။ပထမဆုံးအကြိမ်အဖြစ်တစ်စုံတစ်ယောက်က သူ့ရဲ့ချပ်ဝတ်တန်ဆာတွေဆုံးရှုံးအောင်လုပ်နိုင်တယ်ဆိုတာ သူသိတာပဲ။
တည်တည်ငြိမ်ငြိမ်နဲ့ပြောနေတဲ့ပုံစံနဲ့ခြားနားစွာသွမ့်ကျားရန်ရဲ့နှလုံးခုန်နှုန်းတွေကအရမ်းမြန်ဆန်နေပီ။ သူတစ်စုံတစ်ယောက်နဲ့တွေးဝှေ့ပွေ့ဖက်တယ်ဆိုတာရှားတယ်။ပီးတော့ သူ့ရဲ့ခါးနေရာ က sensitive ဖြစ်လွန်းတယ်။ လုရှင်းစစ်ကသူ့ကိုအဲ့တိုင်းဖက်ထားတာအခါမှာ နည်းနည်းတော့သည်းမခံနိုင်ဖြစ်တာပေါ့။
ဒါပေမဲ့သူနဲ့လုရှင်းစစ်မှာဆိုရင် အချစ်အကြောင်းတွေပြောတဲ့သူကလုရှင်းစစ်လေ။အခုလိုဖက်ထားလို့ပေါ့ အဲ့လိုမှမဟုတ်ရင်သူမျက်နှာမပြရဲတော့ဘူး။
မီးပန်းတွေနောက်တစ်ခါထပ်ပေါက်လာတဲ့အထိလုရှင်းစစ်ကသူ့ကိုလွှတ်ပေးမဲ့စိတ်ကူးမရှိသေးဘူး။
ရှက်ရွံ့တာပြေသွားတဲ့အခါမှာ သွမ့်ကျားရန်နောက်ဆုံးမထိန်းနိုင်တော့ဘူး။ သူမဝံ့မရဲလေးမေးလိုက်တယ် "လုကော ငါတို့ဘယ်လောက်ကြာကြာထပ်ဖက်ထားအုံးမှာလဲ?"
သွမ့်ကျားရန်ကသူ့လက်မောင်းတွေကြားထဲကထွက်ပြေးချင်တာကိုသူသတိပြုမိတော့ ကောင်လေးကထပ်ပီးငြိမ်ငြိမ်မနေတော့ဘူးဆိုတာသိလိုက်တယ် "အဲ့တိုင်းမဟုတ်ပါဘူး"
စကားသံထွက်လာပီးတာနဲ့ သူကခေါင်းလေးကိုငုံံချလိုက်ပီး သွမ့်ကျားရန်ရဲ့နှုတ်ခမ်းတွေကိုအပိုင်သိမ်းလိုက်တယ်။
သွမ့်ကျားရန်: " ! "
သွမ့်ကျားရန်လုံးဝကြက်သေသေသွားတယ်။
ဘုရားရေ, ဒီလိုအချစ်မျိုးဘယ်မှာရှိလို့လဲရည်စားဖြစ်ပီးတာနဲ့နမ်းလိုက်တာတဲ့။
ပီးတော့...
တစ်ဖက်လူကသူ့နှုတ်ခမ်းတွေကိုပြင်းပြင်းပြပြထိတွေ့နေပီး သူ့မျက်နှာကိုထိန်းကိုင်ထားတယ်။ သူ့မျက်နှာနဲ့လည်ပင်းတွေနီရဲနေပီ။
သွမ့်ကျားရန်အဲ့ဒီနေရာမှာပဲ တုံးတုံးအအရပ်နေပီး တစ်ဖက်သူကိုလှုပ်ရှားခွင့်ပြုထားတယ်။ လုရှင်းစစ်ရဲ့လျှာကသူ့သွားတွေကိုထိတွေ့လာတဲ့အခါမှာတော့ သွမ့်ကျားရန်ငြိမ်မနေနိုင်တော့ဘူး။
သူရှောင်လိုက်ပေမဲ့လက်တစ်ဖက်ကသူ့ခေါင်းနောက်ဖက်ကိုဖုံးအုပ်ထားပီး လုရှင်းစစ်ကသူ့ဆီကိုတခါပြန်တွန်းလိုက်တယ်။
အဲ့ဒီလိုကျဥ်းကျဥ်းကျပ်ကျပ်နဲ့တွန်းထိုးလှုပ်ရှားနေရတာက သွမ့်ကျားရန်ကိုစိတ်လိုက်မာန်ပါလုပ်ချင်စိတ်တွေဖြစ်အောင်လှုံ့ဆော်ပေးနိုင်တယ်။သူ့ကိုမရတုန်းတုန်းကတော့ နူးနူးညံ့ညံ့လေးနဲ့ အခုကျတော့ သူ့ရဲ့အားကြီးလုပ်တဲ့ပုံစံကိုပြသလာတော့ သွမ့်ကျားရန်ရှင်းမပြတတ်ဘဲ လှည့်စားခံရတဲ့ခံစားနေရတယ်။
သူခံစားချက်တွေကသူ့မျက်နှာပေါ်မှာချရေးထားတဲ့အတိုင်းပေါ်လွင်နေတယ်။ လုရှင်းစစ်ကသူ့ရှေ့ကမျက်လုံးလေးတွေကမသက်မသာဖြစ်တဲ့ပုံမျိုးဖော်ပြလာတော့ သွမ့်ကျားရန်ခေါင်းနောက်ကလက်တွေသတ်မရှိဘဲ ပိုပီးတွန်းလာတယ်။ သူဒါကမြင်တဲ့အခါမှာ သူလိုချင်တဲ့အရာကဒါဘဲဆိုတာလုရှင်းစစ်သိတယ်။
ဖမ်းရခက်တဲ့လူတွေက အများကြီးအနိုင်ကျင့်မခံနိုင်ကြဘူး။
သူဒီမှာရပ်သင့်နေပီဆိုတာ ကျိုးကြောင်းဆင်ခြင်တတ်တဲ့လုရှင်းစစ်ကသိတယ်။ Alpha တစ်ယောက်ရဲ့ပိုင်ဆိုင်လိုတဲ့ဆန္ဒကမထိန်းချုပ်နိုင်ဖြစ်နေရင်တောင်မှပေါ့။
သူ့ရဲ့သွားတွေကသွမ့်ကျားရန်ရဲ့ နှုတ်ခမ်းလေးတွေကိုအမှုမဲ့အမှတ်မဲ့ကိုက်မိလိုက်ပီး မျက်ရည်ဝဲသွားတဲ့မျက်ဝန်းတစ်စုံကိုဖြစ်သွားစေတယ်။
အဆုံးသတ်မှာတော့ သွမ့်ကျားရန်ကomega တစ်ယောက်လေ သဘာဝကိုကဒီလိုအနမ်းမျိုးမှာ သူ့ကိုသက်သောင့်သက်သာဖြစ်စေတယ်။ သူ့ပုံစံကနည်းနည်းကို့ရို့ကားယားလေးဖြစ်နေပေမဲ့ အနမ်းကြောင့်သတိပြန်မလည်နိုင်ဖြစ်နေသလိုမျိုးလေး။
"အားရယ်" ကောင်လေးရဲ့အသံကလိုအင်ဆန္ဒတွေနဲ့ရောယှက်နေပီး ဖွဖွလေးကိုမှနှေးနှေးလေး "မင်းကိုကြိုက်လိုက်တာကွာ"
" ... " သွမ့်ကျားရန်ကအခုတွေ ရှက်ရဲရဲနေတာကမလျော့သေးဘူး အဲ့တာတွေကအကျပ်ကိုင်ခံလိုက်ရသလိုပဲမြန်မြန်ထပ်ပီးပျံ့နှံ့သွားပြန်တယ်။
"ငါ့ရဲ့ပထမဆုံးချစ်မိတဲ့တစ်ယောက်" လုရှင်းစစ်ရဲ့လက်မလေးကသွမ့်ကျားရန်ရဲ့မျက်လုံးလေးနားကိုနူးနူးညံ့ပွတ်သပ်နေတယ် "အဲ့တာကနည်းနည်းအတွေ့အကြုံမရှိဘူး"
သူ့လက်ချောင်းရဲ့အပူချိန်ကြောင့်ဖြစ်နိုင်တယ်။တစ်ဖက်လူရဲ့မျက်တောင်လေးတွေကမထိန်းချုပ်နိုင်ဘဲတုန်ခါနေတယ်။
အဲ့ဒီလိုဇီဝကမ္မအားနည်းမှုလေးတွေကို လုရှင်းစစ်ကိုယ်တိုင်လဲသဘောကျတယ်။
ဒီမှာသူကရီဝေဝေတွေဖြစ်နေချိန်မှာ လုရှင်းစစ်ကဘာလို့တည်တည်ငြိမ်ငြိမ်စကားပြောနိုင်နေလဲဆိုတာသွမ့်ကျားရန်မစဥ်းစားနိုင်ဖြစ်နေတယ်။ ပထမဆုံးအကြိမ်နမ်းတာပဲကို နည်းနည်းတော့ဟန်မပျက်လေးလုပ်မှပေါ့။
တကယ်ကိုအထူးဖြစ်တဲ့သားရိုင်းကောင်တွေ။
တချိုလူတွေကျတော့လဲအချစ်ရေးမှာ သန်သန်မာမာမွေးဖွားလာတာဖြစ်နိုင်တယ်။ သွမ့်ကျားရန်သူ့ရဲ့အဖျားတက်နေသလိုနီရဲနေတဲ့မျက်နှာနဲ့ယှဥ်ကြည့်မိတော့ ရုတ်တရပ်သူ့အပူတွေမြင့်တက်မလာတော့ဘူး။
သွမ့်ကျားရန်ကမျက်နှာမပျက်ဖို့အတွက် driver အိုကြီးတစ်ယောက်လိုပဲကျွမ်းကျွမ်းကျင်ကျင်ဝေဖန်ပေးလိုက်တယ် "အဆင်ပြေပါတယ် အဲ့တာကကောင်းပါတယ်"
လုရှင်းစစ်ကခနလောက်တိတ်သွားပီး သူ့ခေါင်းလေးကိုညင်ညင်သာသာပွတ်လိုက်တယ်။
သွမ့်ကျားရန်ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပီးအများကြီးမသိပေမဲ့ဒီလိုပြောပုံကိုသုံးသပ်ကြည့်ရမယ်ဆိုရင်သွမ့်ကျားရန်ဘက်လဲကျွမ်းကျွမ်းကျင်ကျင်ပြန်တုံ့ပြန်သင့်တယ်။
First kiss ကသူ့ဟာမဟုတ်တော့ သူမပျော်တော့ဘူး။
အနာဂတ်ကျရင်တော့ သွမ့်ကျားရန်ကသူ့ကိုပထမဆုံးအကြိမ်ကိုပေးနိုင်ပါတယ်လေ။
သွမ့်ကျားရန်ကသူအရမ်းနူးညံ့နေပီး အတွေးနက်နေပုံကိုတွေ့တော့ သူရုတ်တရပ်နောင်တရသွားတယ်။
သူစောနလေးတုန်းကနားလည်မှုလွဲသွားစေတဲ့အပြုအမူကိုရှင်းပြချင်ပေမဲ့ဖုန်းကရုတ်တရပ်မြည်လာတယ်။
သွမမ့်ကျားရန်ရဲ့စိတ်တွေကပရမ်းပတာဖြစ်နေတာ။ သူကဖုန်းကိုထုတ်ပီမတော်တဆ speaker ကိုနှိပ်မိသွားတယ်။
စုန့်ရိရဲ့အသံကတစ်ဖက်ကနေထွက်လာတယ်။သူကလုရှင်းစစ်ကိုဆွဲပီးသူတို့ကွင်းကနေထွက်လာတာကိုပဲသူမြင်ခဲ့တာ။ အဲ့ဒီအချိန်မှာသူကအရမ်းစိတ်လှုပ်ရှားနေတယ် "ရှောင်သွမ့်!မင်းအတန်းခေါင်းဆောင်နဲ့ဘယ်ကိုသွားတာလဲ! မင်းတဖက်လူကိုဘာလုပ်ချင်နေတာလဲ?!"
သွမ့်ကျားရန်ဒီအဖြူအမဲပြောင်းပြန်လှန်ပီးမေးမြန်းမှုကြီးကိုမကြားနိုင်တော့ဘူး။ဖုန်းကိုလွှင့်ပစ်မိမလိုတောင်ဖြစ်သွားတယ်။
သူခနလောက်ရပ်သွားပီးသူ့ကိုယ်သူတည်ငြိမ်အောင်ကြိုးစားလိုက်တယ်။သူ့အသံကနမ်းပီးထားတဲ့အချိန်ဖြစ်လို့နည်းနည်းအက်ရှနေတယ် "ငါကသူ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ?"
သူပြောရင်း speaker ကိုပြန်ပိတ်ဖို့လိုတယ်လို့ခံစားရတယ်။
လုရှင်းစစ်ကအဲ့ဒီအချိန်မှာ သူ့လက်ကောက်ဝတ်ကိုလှမ်းကိုင်ပီးခေါင်းရမ်းပြတယ်။
သွမ့်ကျားရန်ကခနလောက်တွေဝေသွားပေမဲ့လဲ speaker ကိုပြန်မပိတ်လိုက်တော့ဘူး။
စုန့်ရိကဘာတွေမှန်းမသိ လုရှင်းစစ်ကြောင့်ဗလုံးဗထွေးတွေပြောတော့တယ် "မင်းကသူများသားသမီးကိုဆွဲပီးလူအုပ်ကြားထဲကနေထွက်သွားတာလေ နောက်စက္ကန့်အတွင်းမှာမင်းကသူ့ကိုနမ်းတော့မယ်လို့ပြောမယ်ဆိုခါမှငါယုံအုံးမယ် မင်းတို့တကယ်ဘာလုပ်နေတာလဲ?"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်လုရှင်းစစ်ကိုကြည့်လိုက်တယ်။ တစ်ဖက်လူကအဲ့ဒီစကားကိုကြားတော့ တိတ်တိတ်လေးပြုံးနေပီး သူ့မျက်လုံးတွေကသူ့နှုတ်ခမ်းတွေပေါ်ရောက်နေတယ်။
နမ်းတာကတော့နမ်းတာပါပဲဒီဖြစ်စဥ်ရဲ့ပြုလုပ်သူနဲ့ခံရတဲ့သူပဲနေရာပြောင်းဖို့လိုအပ်တာ။
အနမ်းခံထားရတဲ့နှုတ်ခမ်းကပူနေတုန်းပဲလို့သူခံစားနေရတယ်။ လုရှင်းစစ်ရဲ့ရှေ့မှာစုန့်ရိရဲ့စိတ်ကူးပေါက်ရာတွေလျှောက်ပြောနေတာကိုကြားတော့ သွမ့်ကျားရန်နည်းနည်းရှက်လာတယ်။သူစကားပြောနေတဲ့အကြောင်းအရာကိုချက်ချင်းပြောင်းပစ်လိုက်တယ် "မင်းတို့ငါ့ကိုရှာနေတာလား?"
"မင်းတို့ပြန်လာပီလား?" စုန့်ရိကသူတို့ရှိနေတဲ့နေရာကိုပြောလိုက်တယ် "ငါတို့ KTV ခန်းထဲမှာ"
သွမ့်ကျားရန်ကလုရှင်းစစ်ကိုဘေးတိုက်ကြည့်လိုက်တော့ တစ်ဖက်လူကသူ့ကိုအသံမထွက်ပဲပြောတယ်:မင်းနဲ့အတူတူပဲ
သွမ့်ကျားရန်ကခနလောက်စဥ်းစားလိုက်တယ် "ပြန်လာပီ အခန်းနံပါတ်ဘယ်လောက်လဲ?"
သူတို့တွေရောက်သွားတော့ KTV ကအတော်လေးမြူးကြွနေပီ။
ရှန်းချီလျင့်ကသူတို့နှစ်ယောက်အခန်းတံခါးကိုတွန်းပီးဝင်လာတာတွေ့တော့ သူကထက်ထက်သန်သန်ပြောလိုက်တယ် "ဝင်လာတဲ့တဲ့ငါသူငယ်ချင်းလေးတွေ!မင်းတို့ရဲ့လက်တွေကိုဆန့်ထုတ်လိုက်! K သီချင်းတွေရဲ့မျိုးဆက်သစ်ဘုရင်က ပေါ်ထွက်လာတော့မယ် ကျေးဇူးပြု၍လက်ခုပ်ဩဘာလေးတွေပေးကြပါအုံး!"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်: " မင်းသီချင်းမဆိုဘဲဘာတွေလျှောက်အော်နေတာလဲ?"
အစတုန်းကချန်ယွဲ့ကသီချင်းဆိုနေတာ သူကအဲ့တာကိုကြားတော့ရပ်သွားတယ်။သူကစကားကိုဒီတိုင်းမပြောဘူး microphone နဲ့အော်ချတယ် "ခွေးကောင်လု! မင်းတို့ဘာတွေလုပ်နေတာလဲ?!"
ရှန်းချီလျင့်ကလဲနောက်ကနေလိုက်ပြောတယ် "သေချာပေါက်အဲ့တာကဖြစ်သင့်တဲ့ကိစ္စပဲ လက်ချင်းတွဲထွက်သွားပီး ပြန်လာတော့သာမန်သူငယ်ချင်းမျိုးမဟုတ်တော့ဘူး!"
ချန်ယွဲ့: "ရှန်းလောင်ပန်မှန်တယ်!"
ရှန်းချီလျင့်: "ချန်းလောင်ပန်ကအရမ်းသဘောကောင်းတာပဲ!"
သွမ့်ကျားရန်ကနှာမှုတ်လိုက်တယ်။သူ့နှုတ်ခမ်းတွေကဖောင်းဖောင်းလေးဖြစ်နေပီး သူ့အသံမှာတော့နည်းနည်းစိတ်ပျက်မှုတွေပါနေတယ် "မင်းတို့ဘာတွေပြောနေကြတာလဲ?"
သူကလူတွေရှေ့မှာပြောရတာရှက်လို့မဟုတ်ပါဘူး တအားတက်ကြွနေတဲ့ဒီကြက်ဖနှစ်ကောင်ရဲ့အမောက်တွေကိုချိုးပစ်ချင်လို့။
ချန်ယွဲ့နဲ့ရှန်းချီလျင့်ကတစ်ယောက်နဲ့တစ်ယောက်ကြည့်နေပီးတစ်ယောက်စီရဲ့မျက်လုံးထဲမှာတွေဝေမှုတွေစိတ်ရှုပ်ထွေးမှုတွေကိုမြင်နေရတယ်။
မဖြစ်သေးဘူးလား?
အားလုံးအဆင်ပြေရဲ့သားနဲ့ဒီနှစ်ယောက်ကဘာလို့အခုထိမဖြစ်သေးတာလဲ?
လုရှင်းစစ်ရဲ့မျက်လုံးတွေကဝေ့ဝဲသွားပီး အခန်းထဲကလူတွေကသူတို့ရဲ့အသိအကျွမ်းတွေပဲ အနှေးနဲ့အမြန်သူတို့ရဲ့ relationship ကိုသိသွားမှာပဲ။
ဘာမှဖုံးကွယ်စရာမလိုပါဘူး။
လုရှင်းစစ်ကလူတွေသူတို့ကိုရှင်းရှင်းလင်းလင်းမြင်ရအောင်အရှေ့ကိုနည်းနည်းတိုးလိုက်တယ် တချိန်ထဲမှာပဲအသံကိုနည်းနည်းမြှင့်လိုက်ပီးပြုံးလိုက်တယ် "အခုလေးတင်တွဲလိုက်တာ"
ခနလောက်အခန်းထဲကလူတွေတိတ်ကျသွားတယ်။
လုရှင်းစစ်ကသူ့လက်ကိုရုတ်တရပ်ဆွဲလိုက်မယ်လို့သွမ့်ကျားရန်မျှော်လင့်မထားဘူး။
သွမ့်ကျားရန်လဲသတိလက်လွတ်လွတ်အောင်လုပ်ကြည့်ပေမဲ့လှုပ်လို့တောင်မရဘူး။လုရှင်းစစ်ကိုကိုင်ခွင့်ပြု၍ပဲတတ်နိုင်တော့တယ်။
အခုပဲထွက်ပီးကိုက်ချင်နေတဲ့ ခွေးလေးကကျိုးနွံသွားသလိုပဲ။
လူတိုင်းရဲ့မျက်လုံးတွေကသွယ်ယှက်ထားတဲ့လက်ချောင်းတွေပေါ်ကျသွားတယ်။
"အထက်တန်းကျောင်းသားလေးတွေလက်ချင်းကိုင်ထားတယ် အဲ့တာကပျော်ရွှင်စရာကိစ္စမဟုတ်လို့ဘာဖြစ်နိုင်သေးလို့လဲ?" သူတို့တွေအားလုံးကသူတို့ကိုပဲကြည့်နေတော့ သွမ့်ကျားရန်ကအရင်တုန်းကတည်ငြိမ်နေပုံနဲ့မတူတော့ပဲနည်းနည်းမသက်မသာဖြစ်လာတယ်။
သူ့ကိုသိတဲ့လူတိုင်းသူရှက်နေတယ်ဆိုတာာသိတယ်။
ရှန်းချီလျင့်နားလည်တယ် သွမ့်ကျားရန်ကမရှက်တတ်ဘူး သူကတစ်ယောက်တည်းသောသူကိုပဲရှက်နေတယ်ဆိုတာ။
ချန်ယွဲ့ကအရင်စတုံ့ပြန်လိုက်တယ် "Fu*k!ငါတို့ရဲ့လုကိုဂုဏ်ပြုပါတယ်ကွာ 17 နှစ်နဲ့တစ်ကိုယ်တော့ဘဝကနေဒီညလွတ်မြောက်သွားပီ ပွဲကျင်းပဖို့ဆယ်ဝိုင်းလောက်ကျွေးသင့်တယ်လို့မထင်ဘူးလား?!"
ရှန်းချီလျင့်ကလဲစားပွဲပေါ်ကmicrophone တစ်ခုကိုဆွဲယူလိုက်တယ် "ငါ့ရဲ့သားလေးရေ Congratulations အောင်အောင်မြင်မြင်နဲ့လေးနှစ်လုံးကွက်လပ်ဖြစ်နေတဲ့နေရာကိုဖြည့်နိုင်လို့!"
ချန်ယွဲ့ကတွက်ကြည့်လိုက်တယ် "မဟုတ်ပါဘူး သွမ့်ကျားရန်နောက်ဆုံးအကြိမ်ရည်းစားထားတာဘယ်တုန်းကလဲ?"
ရှန်းချီလျင့်ကသွမ့်ကျားရန်ရဲ့အရင်တုန်းကအကြောင်းကိုဖွင့်ပြလိုက်တယ် "သူနောက်ဆုံးရည်စားရည်းစားထားတာနှစ်ရက်တည်းရယ်! ဖြူဖြူစင်စင်ပဲ အဲ့ကောင်ကခုမှနမ်းဖူးတာ!"
ရှန်းချီလျင့်က microphone နဲ့အော်နေတော့ တစ်ခန်းလုံးမှာ အနမ်းဆိုတာကြီးပဲပဲ့တင့်သံထပ်နေတယ်။
သွမ့်ကျားရန်ကထိုင်ပီးနေပီ။ သူအဲ့ကောင်ကိုထပီးပြားကပ်သွားအောင်မလုပ်ချင်တော့ဘူး။
လုရှင်းစစ်ကသွမ့်ကျားရန်ကိုဘေးတိုက်ကြည့်လိုက်တယ်။ တစ်ဖက်လူကထိတ်လန့်နေတယ်ဆိုတဲ့စကားလုံးနဲ့တောင်ဖော်ပြလို့ရတယ်။
သူသွမ့်ကျားရန်ရဲ့လက်ချောင်းလေးတွေက်ုတင်းတင်းကျပ်ကျပ်ကိုင်လိုက်ပီး သူ့နှုတ်ခမ်းတွေပေါ်ကအပြုံးကလဲပိုပိုပီးထင်ရှားလာတယ်။
ကျိုးရှင်ချန်းတစ်ယောက်ကတော့ဒီနေ့အတက်အကျတွေအများကြီးကြုံနေရတယ်။လုရှင်းစစ်ကသွမ့်ကျားရန်ကိုလူတွေကြားထဲမှာဖွင့်ပြောတာကိုကြားရတဲ့ shockကနေ သူတို့နှစ်ယောက်တွဲနေပီဆိုတာပါသိတော့ double shockဖြစ်သွားတယ်။သွမ့်ကျားရန်ကနှစ်ရက်ပဲတွဲတယ်ဆိုတာကြားတော့ ရူးရူးမူးမူးရယ်တော့တယ် "Ha ha ha ha ha ha ha ha ရှောင်သွမ့်ရ!ငါကမင်းကိုအတော်လေးကျွမ်းတယ်ထင်တာ!ငါမင်းကိုမှားတွက်မိတာပဲ!"
ကျိုးရှင်ချန်းနဲ့ရှန်းချီလျင့်ကိုသွမ့်ကျားရန်ကန်ပစ်ချင်တယ်။
သူအဲ့လိုအရီခံရတာကိုဂရုမစိုက်ပါဘူး။ သူဂရုစိုက်တာကလုရှင်းစစ်ရှေ့မှာ လူတွေရီတာခံနေရတာပဲ။
ပိုပီးဆိုးတာကသူကလုရှင်းစစ်ရှေ့မှာ ဟန်ဆောင်ထားတာလေ။ သူကျွမ်းကျင်ယောင်ဆောင်တာတော်တယ်လို့ခန့်မှန်းထားတာ ဘယ်သူထင်မှာလဲ နာရီခွဲလောက်အတွင်းမှာ သူပြောတာတွေကကပြောင်းကပြန်တွေအဖြစ်ပွင့်ထွက်လာကုန်လိမ့်မယ်လို့။
"First kiss ဆိုတာကောင်းတဲ့အရာပဲ ငါ့အတွက်တန်ဖိုးရှိတယ်" လုရှင်းစစ်ကသူ့ဘက်ကိုကြည့်လိုက်တယ်။ သူ့အသံကနိမ့်နိမ့်လေးကိုမှရယ်ရိပ်လေးတွေသန်းနေတယ် "ငါကအဲ့တာလေးကိုတန်ဖိုးထားမှာပါ"
"မင်းဟာလဲငါ့အတွက်တန်ဖိုးရှိပါတယ်"သူကမျက်နှာတည်တည်ကြီးနဲ့ပြောတယ် "ငါတို့လုကောမှာဘာပြဿနာမှမရှိပါဘူး"
သူကအစပိုင်းမှာတည်တည်ကြီးဖြစ်နေပေမဲ့နောက်စကားကျနည်းနည်းရှုပ်ထွေးနေသလိုပဲ။
လုရှင်းစစ်ကသူ့ကိုရယ်မလို့လုပ်လိုက်တဲ့အချိန်မှာ ရှန်းချီလျင့်ကနောက်ထပ်မုန်တိုင်းတစ်ခုထပ်စလိုက်တယ် "အဲ့တာကဖြစ်ပီးသွားပီးဆိုတော့ နည်းနည်းပြောစရာလေးတွေရှိသေးတယ်"
ချန်ယွဲ့နဲ့ရှန်းချီလျင့်နှစ်ယောက်သားကပူးပေါင်းနေပီး ရှန်းချီလျင့်ပြောတာကိုစည်းချက်လိုက်ပေးနေတယ် "ဘာပြောမလို့လဲ ရှန်းလောင်ပန် ပြောလေ"
ရှန်းချီလျင့်ရဲ့အတွေးကစတင်လာပီ "ဘယ်သူကပိုကြီးလဲ?"
ချန်ယွဲ့ကသူပြောတာကိုနားလည်တော့အော်နေတယ် "ခွေးကောင်လု!ခွေးကောင်လုကတစ်လကျော်ပိုကြီးတယ်!"
ရှန်းချီလျင့်: "သားလေး မင်းကတခြားသူနဲ့ချစ်ကြိုက်တဲ့အတွက်အနည်းဆုံးတော့ကောလို့ခေါ်ရမယ်မလား?"
သွမ့်ကျားရန်ကဆက်ပီးသည်းမခံနိုင်တော့ဘူး "ဘောကိုခေါ်!မင်းငါနဲ့မျက်နှာချင်းမဆိုင်ချင်တော့ဘူးလား ရပ်လိုက်တော့"
သူကပြောပီးတော့ ဘေးမှာထိုင်ရယ်နေတဲ့စုန့်ရိကိုလှမ်းအော်လိုက်တယ် "အဲ့ကောင်ကိုတိတ်တိတ်နေခိုင်းစမ်းပါ သီချင်းရဲ့စစ်မှန်တဲ့အဓိပ္ပါယ်မသိဘဲ အစကနေအဆုံးထိလျှောက်အော်နေတယ် အဲ့တာကကပ်ပဲ"
ရှန်းချီလျင့်ကစိတ်မဆိုးဘူး: "ငါ့သားလေးအတွက်သီချင်းပဲ ဒီဖေဖေကတာဝန်ရှိတာပေါ့သီချင်းရဲ့key ကိုနည်းနည်းတော့ဖမ်းဆုပ်ရခက်တာပေါ့"
ချန်ယွဲ့: "ဘာမှဖြစ်ဘူး ငါမင်းနဲ့အတူတူဆိုပေးမယ်"
ရှန်းချီလျင့်: "ချန်းလောင်ပန်!"
ချန်းယွဲ့: "ရှန်းလောင်ပန်!"
သူတို့နှစ်ယောက်ကခမ်မြန်မြန်ပဲ friendship ကြီးထူထောင်ပီးစပီးပျော်ပျော်ရွှင်ရွှင်သီချင်းဆိုကြတော့တယ်။
သွမ့်ကျားရန်အဲ့နှစ်ကောင်ကိုမကြည့်ချင်တော့ဘူး။ သူ့အမြင်အာရုံကဆိုဖာပေါ်မှာနည်းနည်းပျင်းရိရိနဲ့ထိုင်နေတဲ့လုရှင်းစစ်ပေါ်ကိုရောက်သွားတယ်။
ကောင်လေးရဲ့မျက်လုံးကနက်နက်လေးကိုမှ မျက်လုံးရဲ့အစွန်းမှာမျက်ရစ်တိမ်တိမ်လေးရှိသေးတယ်။ လည်ပင်းကလဲ သန့်ရှင်းလှပပီး ဖွေးဖွေးလေး။
အဲ့ဒီလိုကြည့်ကောင်းတဲ့ကောင်လေးကအခုသူ့ကောင်လေးဖြစ်နေပီ။
ခုနလေးတုန်းကစနောက်တဲ့ဟာကသူ့နှလုံးသားထဲမှာထပ်ပီးဖိနှိပ်မထားနိုင်တော့ဘူး။သွမ့်ကျားရန်ကသူ့နားထဲကိုရဲရဲဝံ့သွားပီးခေါ်လိုက်တယ် "ကောကော"
လုရှင်းစစ်ကြောင်သွားတယ်။
ကောကောလို့ခေါ်သံလေးကဖွဖွလေးကိုမှရယ်ရိပ်လေးသန်းနေတယ် အရိုးဖြတ်တဲ့ဓားတစ်ခေါင်းလိုပဲ သူ့ရဲ့ဆင်ခြင်တုံတရားတွေကိုတစ်လက်မချင်းစီဖြတ်တောက်ပစ်တယ်။
သူသွမ့်ကျားရန်ကိုကြည့်လိုက်တယ် သူခံစားချက်တွေကတော့နက်နဲပီး နည်းနည်းစိတ်ဓာတ်ကျနေသလိုတောင်ဖြစ်နေတယ်။သူ့နှုတ်ခမ်းတွေကိုလဲတင်းတင်းစေ့ထားတယ်။
သွမ့်ကျားရန်ကတော့အသစ်အဆန်းတစ်ထုကိုမြင်လိုက်ရသလိုပဲ။သူအဲ့တိုင်းခေါ်လိုက်တာကလုရှင်းစစ်ကိုအဲ့လိုreaction ကြီးဖြစ်သွားမယ်လို့မျှော့်လင့်မထားဘူး။ အဲ့ဒီနောက်မှာသူမထိန်းနိုင်ဘဲရယ်လိုက်တယ်။ သူ့မျက်လုံးလေးတွေကလခြမ်းလေးလိုကွေးသွားတယ်။
သူ့ရဲ့သဘာဝကိုကအဲ့တိုင်းလေး ဖြူစင်ပီးတော့လွတ်လပ်မှုရှိတယ်။ တစ်ခါတလေမှာတော့ ပျော်ရွှင်တယ်ဆိုတာထက်ကိုတယ်။
အခုလိုပဲ သူကထပ်တိုးလာပီး လုရှင်းစစ်နားထဲကိုစကားတွေခြွေချနေတယ်။
"ကောကော" သူကပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ် "အဲ့တာကတကယ် ငါလဲပထမဆုံးအကြိမ်နမ်းဖူးတာပဲ"
လုရှင်းစစ်မထိန်းနိုင်တော့ဘူး။
သူလက်တွေကိုသွမ့်ကျားရန်ရဲ့လည်ကုပ်လေးပေါ်တင်ထားထိန်းချုပ်ချင်ပုံနဲ့ဖွဖွလေးဖျစ်တယ်။
သွမ့်ကျားရန်ကကြောင်လေးတစ်ကောင်လိုအဖျစ်ခံနေရတယ်။ နည်းနည်းလိပ်ပြာမသန့်သလိုပဲယားလဲယားတယ်။ ရုတ်တရပ်ထပ်ပီးမီးရှို့ဖို့အကြံရသွားတယ်။
သူခနလောက်တွေဝေသွားတယ်။ သူတကယ်ရှက်နေတာ ဒါပေမဲ့လဲ လုရှင်းစစ်ရဲ့reaction ကိုလဲသူတကယ်ကြည့်ချင်တယ်။
သွမ့်ကျားရန်ဆုံးဖြတ်လိုက်တယ်။
သူကိုင်းချလိုက်ပီး လုရှင်းစစ်ရဲ့နားထဲကိုတိုးတိုးလေးပြောလိုက်တယ် "နောက်တစ်ခါကျရင် မင်းလျှာကိုအထဲကိုထည့်လို့ရတယ် ငါမင်းကိုမကိုက်ဘူး"
✨——————✨
Zawgyi
စကားသံထွက်လာပီးတာနဲ့ သူကခေါင်းလေးကိုငုံချလိုက်ပီး သွမ့်ကျားရန်ရဲ့နှုတ်ခမ်းတွေကိုအပိုင်သိမ်းလိုက်တယ်။
သွမ့်ကျားရန်: " ! "
ပီးတော့...
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်: " ... "
မဖြစ်သေးဘူးလား?
✨——————✨