Unicode
သူတို့ရဲ့နေရာကအတော်လေးမြင့်တယ်။ သူတို့တွေပြေးတဲ့အခါမှာ သဘာဝကျကျပဲသူတို့ကရှေ့ကနေဦးဆောင်ပြေးနေတယ်။
Ning Cheng ရဲ့အကျော်ကြားဆုံးနေရာတစ်ခုဖြစ်တဲ့ University Town ကနေစပြေးခဲ့တယ်။ဆောင်းနှောင်းရဲ့ညပိုင်းတွေမှာ ကန်ဘေးကသစ်ပင်တွေကပြောင်ရှင်းနေပီး လမ်းဘေးတစ်ဖက်တစ်ချက်မှာ နင်းလိုက်ရင်မီးခိုးရောင်ပြောင်းသွားတဲ့နှင်းတွေပဲရှိနေတယ်။
ခနလောက်ပြေးပီးသွားတဲ့အခါမှာ လူတွေကလဲတဖြည်းဖြည်းကျဲသွားတယ်။ သွမ့်ကျားရန်ကအဖွဲ့ထဲမှာ ဆိုင်းငံ့ခြင်းမရှိဘဲပြေးနေတာတွေ့တော့ သူ့ဘေးကကောင်လေးကသွမ့်ကျားရန်ကိုလှမ်းအော်တယ်။
"ရောင်းရင်း ဘယ်ကျောင်းကလဲ?" စကားပြောတဲ့ကောင်လေးကသူနဲ့လုရှင်းစစ်ကိုသေချာကြည့်နေပီး "မင်းတို့ fluorescent ring လေးတွေကြည့်ရအောင် နင်းဆေးတက္ကသိုလ်ကလား? ကျောင်းကဘယ်တစ်ခုလဲ?"
သွမ့်ကျားရန်: "မဟုတ်ဘူး ဒါကအစ်မတစ်ယောက်ဒီတိုင်းပဲပေးတာ"
လုရှင်းစစ်: "ကျွန်တော်တို့နှစ်ယောက်လုံးအထက်တန်းကျောင်းသားတွေ"
ကောင်လေးကလိုက်ပြောတယ်: "အထက်တန်းကျောင်း"
အမျိုးသား အမျိုးသမီးတွေက သူတို့ကအထက်တန်းကျောင်းသားလို့ပြောတာကြားတော့ စိတ်ဝင်တစားကြည့်လာကြတယ် "မင်းတို့ကအတန်းလစ်လာတာလား? အတွဲတွေလား?"
လုရှင်းစစ်: "မဟုတ်ပါဘူး ကျွန်တော်ကသူ့..."
သူကအစတုန်းကသူ့ရဲ့အတန်းဖော်လို့ပြောမလို့ဘဲဒါပေမဲ့နောက်တော့စကားလုံးတစ်ခုသူ့စိတ်ထဲရောက်လာတယ်။ လုရှင်းစစ်: "သူ့ရဲ့ပိုးပန်းသူ"
ကောင်လေးတွေကနားထောင်ပီး ရယ်လိုက်တယ်။
ကောင်မလေးတွေကလဲသူနဲ့သွမ့်ကျားရန်ကိုတိတ်တိတ်လေးလေ့လာရင်းရယ်နေကြတယ်။
သွမ့်ကျားရန်ကခေါင်းလေးမော့ပီး ဘာအမူအရာမှမရှိဘဲလုရှင်းစစ်ကိုကြည့်ပီးရယ်တယ်။
လုရှင်းစစ်ကသူ့ရဲ့အကြည့်ကိုရတော့ ဖွဖွလေးပြုံးလိုက်ပီး ဟန်ဆောင်မူရာပိုပြတယ် "ကျောင်းလူဆိုးလေးကလဲ ငါ့ကိုမရယ်ပါနဲ့ ငါနည်းနည်းတောင်ရှက်လာပီ"
သွမ့်ကျားရန်: " ... "
မင်းကဘယ်လိုရှက်ရမလဲဆိုတာသိသေးတာလားဆိုပီးပြန်မေးလိုက်တယ်။
"မရယ်နဲ့ မရယ်ပါနဲ့ မရယ်ပါနဲ့ဆို"
"Hey... ခုခေတ်ကလေးတွေရဲ့အချစ်ကဘာလို့အရမ်းစောနေကြတာလဲ?"
"ငါလဲနောက်ကျပီးမှဖွင့်ပြောခဲ့တာ" ဖြတ်ပြောတဲ့ကောင်မလေးတစ်ယောက်ရှိလာတယ် "အထက်တန်းတုန်းကသုံးနှစ်တောင်တိတ်တိတ်လေးကြိတ်ကြိုက်ခဲ့တာ ငါ့သူ့ကိုအထက်တန်းအောင်တဲ့ထိဖွင့်မပြောရဲခဲ့ဘူး အခုတော့နောင်တတွေရနေပီ"
ကောင်မလေးကထွက်သွားရင်းပြောတော့ လုရှင်းစစ်ကခေါင်းညိမ့်ပြတယ် "အစ်မ ကအစ်မကြိုက်တဲ့သူကိုရပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်!"
"အေးပါ အေးပါ" ဘေးကကောင်မလေးကသွမ့်ကျားရန်ကပြောလိုက်တယ် "လူဆိုးကောင်လေး မင်းသူ့ကိုစဥ်းစားပေးလိုက်အုံး!မင်းတို့ ကောလိပ်ကိုရောက်သွားရင် မင်းဘေးနားကကောင်လေးတွေကအထက်တန်းကကောင်လေးတွေလောက်မကောင်းဘူးဆိုတာသိလာလိမ့်မယ်"
သွမ့်ကျားရန်ကလုရှင်းစစ်ထက်စိတ်လှုပ်ရှားနေတဲ့အစ်မကိုကြည့်လိုက်တယ်။ ကျွန်တော်ကကောင်မလေးတွေကိုပဲကြိုက်တာ ကောင်လေးတွေရဲ့ကြည့်ကောင်းမှုတွေကကျွန့်တော့်အပေါ်မှာအများကြီးသက်ရောက်မှုမရှိဘူးဆိုပီး သူပြောပစ်ချင်တယ်။
ဒါပေမဲ့ဒီအခြေအနေမှာ သူအဲ့တာကိုပြောမထွက်ဘူး။
သွမ့်ကျားရန်ကရှုပ်ထွေးနေတဲ့စိတ်အခြေအနေနဲ့ပဲခေါင်းညိမ့်ပြလိုက်တယ်။
သူခေါင်းညိမ့်ပြတာတွေ့တော့ ကောလိပ်ကျောင်းသားတွေကပိုပီး စိတ်လှုပ်ရှားကုန်ပီး နောက်ဆုံးမှာတက်တက်ကြွကြွပြောလာတယ် "ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရင် ငါတို့ဆေးကျောင်းကိုစဥ်းစားနော်!" သူကပြောပီးတော့အဝေးကိုထွက်ပြေးသွားတော့တယ်။
အဲ့ဒီညကသွားခဲ့တဲ့အကွာအဝေးကအရမ်းရှည်တယ်။ အစတုန်းကလူတိုင်းကအတူတူပြေးနိုင်ပေမဲ့ နောက်ပိုင်းကျလူအများစုကထွက်သွားဖို့ပဲရွေးလိုက်တယ်။
သွမ့်ကျားရန်လဲအပြင်ကိုပဲထွက်လိုက်တယ်။သူညစာမစားရသေးဘူး။ ပီးတော့နည်းနည်းလေးလဲပင်ပန်းနေတယ်။ သူလမ်းဘေးဆိုင်တန်းလေးတွေနားဖြတ်သွားတော့ သူလုရှင်းစစ်ကိုပြောလိုက်ပီး နှစ်ယောက်သား ဒီနားမှာပဲရပ်လိုက်တယ်။သူတို့ကဆိုင်တစ်ဆိုင်ရွေးလိုက်ပီး ထိုင်လိုက်တယ်။
လုရှင်းစစ်ကဗိုက်မဆာဘူး သူကသွမ့်ကျားရန်စားတာကိုပဲထိုင်ကြည့်နေတယ်။ ကြည့်ရတာအရမ်းပူလို့ထင်တယ် သွမ့်ကျားရန်ကဖြည်းဖြည်းလေးစားနေတယ်။
ဆက်ပြေးတဲ့လူတွေကသူတို့ဘေးကနေဖြတ်သွားတယ်။
သွမ့်ကျားရန်ကအဲ့လူတွေကိုစိတ်ဝင်စားနေပုံပေါ်တယ်။ သူကအဲ့ဒီလူတွေကိုဆက်ကြည့်နေတယ်။ လုရှင်းစစ်မေးလိုက်တယ် "ပိုသက်သာလာပီလား?"
"အဆင်ပြေပါတယ်" သွမ့်ကျားရန်ကသူ့အကြည့်တွေကိုပြန်ရုတ်လိုက်တယ် "ငါတို့ခနနေရင်ဆက်ပြေးမလား?"
"မင်းပြေးချင်ရင် ဆက်ပြေးမယ်လေ"
သွမ့်ကျားရန်ကခေါင်းညိမ့်လိုက်ပီးဆက်စားမလို့လုပ်လိုက်တယ်။
"ဒီညဘာလို့မပျော်နေတာလဲ?" လုရှင်းစစ်ကတိုးတိုးလးပြောတယ် " ငါ့ကိုပြောပြနိုင်မလား?"
" ... " အကြာကြီးနေတော့ သွမ့်ကျားရန်အသံလေးကမရှင်းမလင်းလေးထွက်လာတယ် "တကယ်တော့ ဘာမှဖြစ်ပါဘူး ငါ့မားက Hai Cheng ကိုရွှေ့သွားတာ ငါ့မိဘတွေကအစောကြီးတည်းကကွဲထားတာ ငါဒီလောက်ကြီးတဲ့အထိသူပဲကျွေးမွေးလာတာ"
သူပြောတာတွေကနည်းနည်းကပြောင်းကပြန်ဖြစ်နေတယ်။ သူကဘာမှမဖြစ်သလိုပြောနေပေမဲ့ ဒီဖြစ်ရပ်ရဲ့အကျိုးသက်ရောက်မှုကိုလူတိုင်းသိနိုင်ပါတယ်။
လုရှင်းစစ်ခနလောက်တွေဝေသွားတယ်။
သူကတခြားသူတွေရဲ့မိသားစုကိစ္စတွေကိုအကြံဉာဏ်မပေးတတ်ဘူး။ သူသွမ့်ကျားရန်စိတ်ဓာတ်ကျနေမယ်ဆိုတာခန့်မှန်းမိတယ်။ သူတဖက်လူကိုမေးခွန်းတွေမေးဖို့တုံ့ဆိုင်းမိပေမဲ့လဲ တစ်ဖက်လူရဲ့ခံစားချက်တွေကိုပိုပီး သိချင်တယ်။
ဒါပေမဲ့သူမေးပီးတော့လဲ သူ့မှာနောင်တတချို့ရနေတယ်။ သူကပါးစပ်ဟပီး သွမ့်ကျားရန်ကိုမေးမြန်းခဲ့တာ။
အခြေအနေကသူစိတ်ကူးထားတာထက်တောင်ပိုဆိုးနေတယ်။
"မင်း..." သူပါးစပ်ဟပီးစကားပြောမလို့လုပ်လိုက်တယ်။
"ငါကျောင်းကိုအရင်ပြန်လာတာ ဒါကနည်းနည်းစိတ်ညစ်စရာကောင်းတယ်" သွမ့်ကျားရန်ကသူ့ကိုကြားဖြတ်ပြောတယ် "အခုအဆင်ပြေသွားပါပီ"
သူကလုရှင်းစစ်တွေဝေနေတာကိုတွေ့တော့ သူ့ဘက်ကစပီစကားလမ်းလွှဲလိုက်တယ် "ဆယ်နာရီတောင်ထိုးခါနီးနေပီ မင်းအိမ်ကိုမပြန်သေးရင် မင်းမားကတစ်ခုခုပြောတော့မှာမလား?"
"ငါသူ့ကိုစောနလေးကပြောပီးပီ" လုရှင်းစစ်ကတစ်ခုခုကိုပြန်တွေးနေပီး သူ့ရဲ့အသံကတော့အမည်တပ်လို့မရဘူး "သူမကအတော်လေးစိတ်ဆိုးနေတယ်"
သွမ့်ကျားရန်ကသူ့ကိုမော့ကြည့်လိုက်တယ်။
"ငါကသူ့ကိုပြောလိုက်တယ် သားကမားရဲ့ချွေးမလေးကိုအဖော်ပြုပေးနေတယ်လို့" သူ့မျက်လုံးလေးတွေကတွန့်သွားပီး မျက်လုံးတွေထဲမှာပွင့်ထွက်လာတဲ့အလင်းရောင်လေးတွေရှိနေတယ် "အဲ့ကျတော့ သူကစိတ်မဆိုးတော့ဘူး ငါ့ကိုပြန်မလာရင်ပိုတောင်ကောင်းသေးတယ်တဲ့"
သူကအရမ်းမမျှတသလိုအရမ်းစိတ်ကြီးဝင်တာပဲ။
သွမ့်ကျားရန်နဲ့လုရှင်းစစ်ကနောက်စက္ကန့်အတွင်းမှာပဲ ဘယ်လိုဖြစ်မှန်းမသိဘဲ သူတို့နှလုံးသားတွေကပူလောင်လာတယ်။ သွမ့်ကျားရန်ကအကြည့်တွေကိုရှောင်လွှဲလိုက်ပီးအသံကလဲယောင်တောင်ပေါင်တောင်တောင်ဖြစ်နေတယ် "မင်းလိမ်လိုက်တာမဟုတ်လား? မင်းကမင်းရဲ့ရှေ့စားပွဲကလူကိုအဖော်ပြုပေးတာလေ"
လုရှင်းစစ်ကဘာမှပြန်မပြောဘူး။
သူကသူ့ကိုအပြုံးတစ်ခုနဲ့ငေးကြည့်နေပီး ဟန်ဆောင်နေတဲ့ကလေးလေးကိုကြည့်နေတဲ့ပုံနဲ့။
သွမ့်ကျားရန်ကသူ့ရဲ့အစကတည်းကနားလည်ထားမှုကိုသတိရသွားတယ်။ ဒီကောင်ကတကယ်ကြီးသေချာနေတာပဲ သူ့ကိုလိုက်တာအပါအဝင်ပေါ့။
သူကနည်းနည်းလေးနောက်ပြန်ဆုတ်နေသရွေ့ လုရှင်းစစ်ကသူ့ရဲ့ပျော့ကွက်တွေကိုအမြဲဖမ်းမိတယ်။ သူကအဲ့တာကိုဖိနှိပ်ထားပေမဲ့လဲ ဘယ်တုန်းကမှသူ့ဘက်ကလဲတကယ်ကြီးခုခံတာတော့မရှိဘူး။
အဲ့တာကိုနားလည်တော့ သွမ့်ကျားရန်ကနက်နဲသိမ်မွေ့သလိုခံစားရပီး စိတ်ထဲမှာကျိန်ဆဲလိုက်တယ်။
ညအချိန်ကမနက်စောစောပိုင်းနာရီတွေထိတောင်ရောက်သွားပီး ပင်ပန်းမှုကလဲ ရစ်ပတ်လွှမ်းခြုံလာတယ်။
လုရှင်းစစ်ကမြေပုံကိုကြည့်လိုက်တယ်။ ဒီနေရာကကျောင်းကနေအလှမ်းဝေးနေပီ။ သွမ့်ကျားရန်ကအဆောင်ပိတ်တဲ့အချိန်ကိုတောင်ကျော်ပီးသွားပီ။ သွမ့်ကျားရန်ကတဆက်တည်းနဲ့အများကြီသမ်းနေတာကိုတွေ့တော့ လုရှင်းစစ်ကပြောလိုက်တယ် "မင်းပြန်သွားချင်ပီလား?"
သွမ့်ကျားရန်ကသာမန်ကာလျှံကာပဲပြန်ဖြေတယ် "ငါကအိမ်ကိုပြန်မှာ မင်းလဲအိမ်ပြန်တော့မလား?"
"ငါမင်းကိုအရင်ပြန်လိုက်ပို့ပေးမယ်"
အဲ့တာကိုကြားတော့ သွမ့်ကျားရန်ရဲ့အိပ်ငိုက်မှုတွေကလွင့်စင်သွားတယ်။
သူကသမ်းလို့ထွက်လာတဲ့မျက်ရည်တွေကိုလက်နဲ့ပွတ်လိုက်တယ် "မင်းလိုက်ပို့ဖို့မလိုပါဘူး ငါကားငှားလိုက်မယ် မင်းပြန်တော့လေ"
"ငါမင်းကိုလိုက်ပို့မယ်" သူကဆက်ပြောတယ် "အရမ်းနောက်ကျနေပီး ငါမင်းကိုတစ်ယောက်ထဲအိမ်ပြန်လွှတ်ဖို့စိတ်မချဘူး"
သွမ့်ကျားရန်နဲ့သူနဲ့က တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေကြတယ်။
သွမ့်ကျားရန်စကားမပြောတာတွေ့တော့ လုရှင်းစစ်ကပြောလိုက်တယ် "မင်းက omega လေ ငါမင်းကိုအပြင်ထွက်ကစားရအောင်ခေါ်သွားခဲ့တာလေ ငါကမင်းကို taxi နဲ့အိမ်ကိုတစ်ယောက်တည်းပြန်ခိုင်းရင် ငါအရမ်းလွန်မသွားဘူးလား?"
အမှတ်အသားအပေးမခံရသေးတဲ့omega တစ်ယောက် ညကြီးအချိန်မတော် တစ်ယောက်တည်းရှိနေတယ်ဆိုတာ ကိစ္စသေးသေးလေးမဟုတ်ဘူး။
Gender ကိစ္စတွေကိုဂရုမစိုက်လေ့ရှိတဲ့သွမ့်ကျားရန်တောင် ဒါကတကယ်အဓိပ္ပာယ်ရှိမှန်းဝန်ခံရမယ်။
သွမ့်ကျားရန်ကအဲ့တာကိုခနလောက်တွေးလိုက်ပီး ခေါင်းပဲညိမ့်ပြလိုက်တယ်။
ဖူ့ယွမ်ထားခဲ့တဲ့အိမ်ကခနလေးပဲမနေခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့လဲသူကအိမ်မှုကိစ္စတွေလုပ်တဲ့သူကိုပုံမှန်ရှင်းလင်းပေးထားဖို့ပြောထားတော့အိမ်ကသန့်ရှင်းသပ်ရပ်နေတယ်။
သွမ့်ကျားရန်ကတံခါးဖွင့်လိုက်ပီး ရပ်နေတဲ့ လုရှင်းစစ်ကိုတွေ့တော့ခနလောက်တွေဝေသွားပီး ဖိနပ်စင်ပေါ်က slipper တစ်ရံထုတ်ပေးလိုက်တယ်။
"ငါဒီတစ်ရံကိုအခုထိမစီးရသေးဘူး" သူကိုယ်တိုင်လဲတစ်ရံစီးပီးအခန်းထဲဝင်သွားတယ်။ လုရှင်းစစ်ကိုတော့တံခါးဝမှာပဲချန်ထားခဲ့တယ်။
လုရှင်းစစ်ကဖိနပ်တွေကိုလဲလိုက်ပီးတစ်အိမ်လုံးကိုလျှောက်ကြည့်လိုက်တယ်။
ဧည့်ခန်ကကျယ်ဝန်းပီးတော့ ပြင်ဆင်ထားတဲ့အရောင်ကလဲ သက်သောင့်သက်သာဖြစ်တဲ့ အရောင်ဖျော့ဖျော့လေး။ ကြမ်းပြင်ကနေမျက်နှာကျက်ထိရှိတဲ့မှန်ပြတင်းအပြင်ဘက်မှာတော့ လေသာခန်းရှိတယ်။ ကောင်းကင်ကမှောင်မည်းနေပီဆိုပေမဲ့လဲ လေသာဆောင်ပေါ်မှာစိုက်ထားတဲ့အပင်လေးတွေကိုမြင်နေရတယ်။
လုရှင်းစစ်စာအုပ်စင်စီကိုသွားကြည့်လိုက်တော့ ဓာတ်ပုံတွေအများကြီကိုတွေ့တယ်။
ဖူ့ယွမ်နဲ့သွမ့်ကျားရန်ရဲ့ပုံတွေလဲရှိပေမဲ့တော်တော်များများကတော့ သွမ့်ကျားရန်တစ်ယောက်တည်းရဲ့ပုံတွေဖြစ်တယ်။သူ့ပုံစံလေးကကာလအမျိုးမျိုးကပုံတွေရှိတယ်။ အများဆုံးကတော့ အလယ်တန်းနဲ့အထက်တန်းကပုံတွေ။ အလယ်တန်းတုန်းကသွမ့်ကျားရန်ကအခုထက်ပိုပိန်ပီး အသားလေးကလဲဖြူဥနေတာပဲ။ ကောင်လေးရဲ့ကလေးဆန်တဲ့ခံစားချက်တွေကမှေးမှိန်မသွားဘူး။
အရမ်းချစ်စရာကောင်းတယ်။
လုရှင်းစစ်ကအရင်တုန်းကပုံတွေကိုတွေ့တော့ သူ့မျက်ခုံးလေးတွေကပါနူးညံ့သွားတယ် "မင်းဒီမှာကလေးဘဝတည်းကနေတာလား?"
"မဟုတ်ဘူး" သွမ့်ကျားရန်ကရေခဲသေတ္တာနားသွားလိုက်ပီးကြည့်လိုက်တော့ အခုတော့မလွှင့်ပစ်သေးတဲ့ cola ဗူးတွေတွေ့တယ်။ သူကသူ့အတွက်တစ်ဗူးလုရှင်းစစ်အတွက်တစ်ဗူးထုတ်ယူလာလိုက်တယ်။ "နောက်မှာပြောင်းလာတာ"
"အထက်တန်းတက်ရအောင်လား?"
သွမ့်ကျားရန်: "ငါအလယ်တန်းတက်တာ ရိကျုံးမှာမဟုတ်ဘူး ငါ့မားနဲ့ဆရာမကျောက်ကတက္ကသိုလ်တက်တုန်းကအတန်းဖော်တွေ ငါ့မားကငါတက်တဲ့အလယ်တန်းကျောင်းကဖရိုဖရဲဖြစ်တယ်လို့တွေးပီးအထက်တန်းကျတော့ ရိကျုံးကိုပြောင်းလိုက်တာ"
"အံ့ဩစရာတော့မဟုတ်ပါဘူး..."
"အမ်း"
"မင်းကြားဖူးလား? Ning Cheng စန်းကျုံးက သွေးနံ့နဲ့ညှီတယ်ဆိုတာ " လုရှင်းစစ်က လူနေမှုမြင့်တဲ့အငွေ့အသက်တွေရောယှက်နေတဲ့ ဆောင်ပုဒ်ကိုကနည်းနည်းဒွိဟဖြစ်စရာကောင်းတယ်ဆိုပီး နောက်ထပ်ထပ်ပြောလိုက်တယ် "ကျောင်းကိုဓားတစ်လက်ယူသွားတာအကောင်းဆုံးဆိုပီးလဲ ကြားဖူးသေးတယ်"
"ဘာလို့ချဲ့ကားပြောနေတာလဲ?" သွမ့်ကျားရန်လဲပြုံးလိုက်တယ် "ငါ့မှာဓားတစ်လက်မှမရှိပါဘူး"
"မင်းအဲ့မှာသုံးနှစ်တောင်အလယ်တန်းတက်တော့ သုံးနှစ်လုံးကျောင်းလူဆိုးလေးလုပ်သေးလား?"
သွမ့်ကျားရန်ကရိုးရိုးသားသားပဲခေါင်းခါလိုက်တယ် "အဲ့ဒီအချိန်တုန်းကငါကအရမ်းငယ်သေးတယ် အဲ့ဒီတုန်းကကျောင်းလူဆိုးကောင်ကိုအနိုင်မယူနိုင်သေးဘူး"
" ... " လုရှင်းစစ်ကသွမ့်ကျားရန်အလယ်တန်းတုန်းကပုံလေးကိုကြည့်လိုက်ပီးမျက်မှောင်ကြုံ့လိုက်တယ်။
ဒီလိုမျိုးအရာကလူတွေရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုဆုံးရှုံးစေတာဖြစ်နိုင်တယ်။
သူနည်းနည်းနားမလည်ဘူး။တစ်စုံတစ်ယောက်ကလှပတဲ့မျက်နှာနဲ့ချစ်စရာကောင်လေးကိုဒီတိုင်းကြီးရိုက်ပုတ်နိုင်ပါ့မလား?
"ဒါပေမဲ့ငါအလယ်တန်းအောင်တော့ အထက်တန်းကစီနီယာတွေကငါ့နောက်ကိုလိုက်ပီးပါးပါးခေါ်ကြတယ် ပါးပါးကျောင်းပြောင်းတာကိုဂုဏ်ယူပါတယ်ဆိုပီးပြောကြတယ်" သွမ့်ကျားရန်ကအဲ့ဒီနှစ်တွေတုန်းကအကြောင်းတွေကိုပြန်တွေးပီးတော့ အဆုံးသတ်လိုက်တယ် "ဒါပါပဲ"
အဲ့ဒါပြောပီသွားတော့ သွမ့်ကျားရန်ကခေါင်းငုံ့သွားတယ်။ လုရှင်းစစ်ကသူ့ရဲ့အလယ်တန်းအောင်လက်မှတ်ပေးတုန်းကရိုက်တဲ့ပုံလေးကိုကြည့်လိုက်တယ်။
အဲ့ဒီအလယ်တန်းကျောင်းကတကယ်ဆိုးလောက်တယ်။ ဓာတ်ပုံထဲကကျောင်းသားတွေကကျောင်း uniform တောင်ဝတ်မထားကြဘူး။
အလယ်တန်းကျောင်းသားတွေကြားထဲမှာသွမ့်ကျားရန်ရဲ့အရပ်ကတော်တော်လေးရှည်တယ်။
သူကနောက်ဆုံးတန်းမှာရပ်နေပီး လည်ပင်းအဝိုင်းနဲ့အဖြူရောင်တီရှပ်တစ်ထည်ဝတ်ထားတယ်။ လူတွေအများကြီးကြားထဲမှာရောက်နေတာတောင် ကောင်လေးရဲ့ညှပ်ရိုးတွေကထင်ရှားနေတာပဲ။
သူကကင်မရာကိုပျင်းပျင်းရိရိကြည့်နေပီး နှုတ်ခမ်းတွေကဂရုမစိုက်ဘဲတွန့်ကွေးနေတယ်။ သူကအတန်းငယ်နေတာတောင် သူ့ရဲ့မျက်နှာလှလှလေးမှာ မက်မောစရာကောင်းတဲ့သဘောထားတွေပြည့်နေတယ်။
"ငါမင်းကိုစောစောသိချင်မိတယ်" လုရှင်းစစ်ကခနလောက်ရပ်သွားပီး တိုတိုးလေးပြောတယ် "ငါမင်းကိုအရိုက်မခံစေချင်ဘူး"
သူ့အသံလေးကမနိမ့်မမြင့်လကိုမှနူးညံ့မှုတွေပါရောပါနေတယ်။
နှလုံးသားလေးနေထိုင်မကောင်းတာကသွမ့်ကျားရန်အပေါ်ကိုတစ်ခါသက်ရောက်လာပြန်ပီ။
"လုကော မင်းအဲ့ဒီတုန်းကကျောင်းလူဆိုးကောင်ကိုအထင်မသေးသင့်ဘူး မင်းကငါ့ကိုသိတယ်ဆိုရင်တောင် အသုံးမဝင်ဘူး" သွမ့်ကျားရန်ကမျက်လုံးတွေကိုဖွင့်လိုက်ပီး ဖြစ်နိုင်သမျှမြန်မြန် relax ဖြစ်ဖို့ကြိုးစားနေရတယ်။ သူ့နှလုံးသားထဲကတဟုန်ထိုးဖြစ်နေတာတွေကိုစိမ့်မထွက်လာစေချင်ဘူး "ငါလဲသူ့ကိုနှစ်နှစ်ကြာမှဒီဆူးကိုဖယ်ရှားပစ်ပီး သူ့ကိုမြေကြီးပေါ်မှာလှဲသိပ်ခဲ့တာ"
"မင်းနဲ့အတူအရိုက်ခံရဖို့ဆိုတာမဖြစ်နိုင်ဘူး" လုရှင်းစစ်ကဘာတွေတွေးနေမှန်းမသိ ရေရွတ်နေတယ်။
" ... " သွမ့်ကျားရန်: "မင်းကိုဘယ်သူရိုက်ရဲမှာမို့လို့ မင်းရိုက်တာကသေမဲ့လမ်းကိုရှာတာနဲ့အတူတူမဟုတ်လား?"
အဲ့တာပြောပီးတော့သွမ့်ကျားရန်ကရုတ်တရပ်နှာမွန်လာတယ်။ သူသည်းခံကြည့်တယ် မရဘူး နောက်တော့မထိန်းနိုင်ဘဲ သမ်းဝေမိတယ်။
သူဒီညဘာလို့ဒီလောက်သမ်းနေလဲမသိဘူး။ သွမ့်ကျားရန်က ပင်ပန်းနွမ်းနယ်မှုတွေကိုဖော်ပြလာတယ်။ လုရှင်းစစ်က ဓာတ်ပုံတွေဆီကနေအကြည့်ခွာလိုက်ပီး သူ့ကိုမနှောင့်ယှက်ချင်တဲ့ဧည့်သည်တစ်ယောက်လို့ပြုမူလိုက်တယ် သူ့အသံကတော့နူးညံ့နေတယ် "နောက်ကျနေပီပဲ ငါပြန်သင့်ပီ မင်းစောစောအနားယူသင့်တယ်"
သွမ့်ကျားရန်အချိန်ကိုကြည့်လိုက်တယ်။
ဆယ့်နှစ်တောင်ခွဲပီးပီ။
သွမ့်ကျားရန်ကတွေဝေသွားတယ် "မင်းကိုအိမ်ကdriverလာကြိုမှာလား?"
လုရှင်းစစ်ကသူ့ရဲ့ပယင်းရောင်မျက်လုံးလေးတွေကိုကြည့်လိုက်တယ် သူကဘာပြဿနာမှမရှိဘူးလို့ခံစားမိတဲ့အတိုင်းသူ့ရဲ့စိတ်အခြေအနေကပုံမှန်ပဲ "သူကဆယ့်နှစ်နာရီဆိုအလုပ်ဆင်းပီ taxi ပဲငှားသွားလိုက်တော့မယ်"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်ရဲ့နှုတ်ခမ်းတွေကလှုပ်သွားတယ်။ သူကလုရှင်းစစ်ဧည့်ခန်းထဲကနေထွက်သွားတာကိုကြည့်နေတယ် သူကကုန်သွားတဲ့ coke ဗူးကိုအမှိုက်ပုံးထဲကိုပစ်ဖို့လဲမမေ့ခဲ့ဘူး သူကတံခါးပေါက်နားရောက်တော့ ဖိနပ်တွေလဲဝတ်နေတယ်။
သွမ့်ကျားရန်ကအဲ့ဒီမြင်ကွင်းကိုကြည့်နေပီးသူ့စိတ်ထဲရှင်းမပြတတ်အောင် သူကသူ့ကိုအနိုင်ကျင့်နေသလိုမျိုးခံစားရတယ်။
ခနကြာတော့ သွမ့်ကျားရန်ပါးစပ်ကနေစကားလုံးတွေထွက်ကိလာတယ် "မင်းမပြန်နဲ့တော့ နောက်ကျနေပီ"
ပြောပီးခါမှာ သွမ့်ကျားရန်ကကသူဘာလုပ်နေတာကိုနားလည်သွားပီးသူ့လျှာကိုကိုက်မိမတတ်ဖြစ်သွားတယ်။
သူဘာတွေလုပ်နေတာလဲ?
သူနဲ့လုရှင်းစစ်ရဲ့ဒီလိုဆက်ဆံရေးမျိုးမှာ သူကတစ်ဖက်လူကိုတကယ်ကြီးနေဖို့ပြောခဲ့တယ်။
လုရှင်းစစ်ကအဲ့တာကိုကြားတော့ သူလုပ်နေတာတွေရပ်ပီး သူ့ကိုလှည့်ကြည့်တယ်။
သူကသွမ့်ကျားရန်ရဲ့စိတ်ရှုပ်နေပုံပေါ်တဲ့အမူအရာလေးကိုလဲအလွတ်မခံဘူး။ ဒီဖိတ်ခေါ်မှုကြောင့်သူနှလုံးသားလေးကပျော်ရွှင်သွားပေမဲ့ အပြင်ဘက်မှာတော့ ပုံမှန်အတိုင်းပဲ "အရမ်းဒုက္ခများမှာစိုးလို့လား?"
ပြောပီတော့ သူကသွမ့်ကျားရန်ပါးစပ်ဟမှာကိုမစောင့်ပဲ တစ်ဖက်လူနောက်ဆုတ်မှာကိုလုရှင်းစစ်ပိတ်လိုက်တယ် "အာ့ဆို ငါဆိုဖာပေါ်မှာပဲအိပ်လိုက်မယ်"
ဒီသခင်လေးကဆိုဖာပေါ်မှာတောင်အိပ်မယ်လို့ပြောတာကိုကြားတော့ သွမ့်ကျားရန်ကပြောသင့်လားမပြောသင့်လားခနလောက်မသိဖြစ်သွားတယ်။
စုန့်ရိသာ လုရှင်းစစ်ကဒီမှာအိပ်မယ်ဆိုတာသိရင် သူ့ဆီကိုတန်းတန်းမတ်မတ်ရောက်လာလိမ့်မယ်။
သွမ့်ကျားရန်ကိုယ်တိုင်လဲလုရှင်းစစ်ကို ဆိုဖာပေါ်မှာအိပ်ခိုင်းတာကနည်းနည်းအနိုင့်ကျင့်မိသလိုခံစားရတယ်။
ဒီအချိန်မှာတစ်ဖက်လူကတော့ နည်းနည်းလေးမှနစ်နာတယ်လို့မခံစားရပဲ ဆက်ပြောနေတယ် "မင်းတို့အိမ်မှာစောင်အပိုတွေရှိလား ?အဲ့တာမဟုတ်ရင် အဝတ်ထူထူတွေရှိလား?"
"အင်း" သွမ့်ကျားရန်ရဲ့အတွေးတွေကမသိလိုက်မသိဘာသာပဲပျောက်ကွယ်သွားပီး တစ်ဖက်လူမေးတဲ့မေးခွန်ကိုပဲစဥ်းစားလိုက်တော့တယ် "ငါ့မှာအလဲအလှယ်လုပ်လို့ရအောင် အိပ်ယာနှစ်ခုမားထားခဲ့တယ် ငါမင်းအတွက်သွားယူပေးမယ်"
သွမ့်ကျားရန်ကသူ့အခန်းထဲကိုလှည့်ဝင်သွားတာတွေ့တော့ လုရှင်းစစ်ကသူ့ရဲ့နောက်ကျောလေးကိုကြည့်ရင်းပီး နောက်ဆုံးမှာတော့ သူ့နှုတ်ခမ်းလေးတွေကအပေါ်ကိုနည်းနည်းလေးတွန့်တက်သွားတယ်။
အရမ်းကောင်းတာပဲ။
သူတွေးမိတာကသွမ့်ကျားရန်ကအပြင်ဘက်ပိုင်းကသီးခြားဆန်မှုနဲ့မတူပဲ စိတ်ထားလေးကတကယ်ကိုနူးညံ့လွယ်တယ်။
အရမ်းမစောတော့တဲ့အတွက်နှစ်ယောက်သားကဆေးကြောသန့်စင်ပီးတဲ့နောက်မှာ မတူညီတဲ့အခန်းတွေထဲဝင်ပီး လှဲလိုက်ကြတော့တယ်။
သွမ့်ကျားရန်လှဲလိုက်တဲ့အခါမှာပုံမှန်အတိုင်းပဲမျက်လုံးတွေပိတ်လိုက်တယ်။
ဘာဖြစ်လို့လဲမသိဘူး။ သူတကယ်အိပ်လို့မပျော်ဘူး။ သူထထိုင်ကြည့်တော့လဲတကယ်ကြီးနိုးနိုးကြားကြားဖြစ်နေတယ်။
အတွေးပေါင်းစုံကတစ်ခုပီးတစ်ခုဝင်ရောက်လာတယ်။သူပထမဆုံးလေဆိပ်အကြောင်းတွေးမိတယ်။ ဖူ့ယွမ်နဲ့ဟဲယွင်ရှန့်ကိုတွေးတယ်။ သူနောက်ဆုံးမှာတော့ ဒီပြိုကွဲနေတဲ့အတွေးအပိုင်းအစတွေကိုဦးနှောက်ထဲကနေညှစ်ထုတ်လိုက်တယ်။ သူညပိုင်းပြေးတုန်းက မြင်ခဲ့ရတဲ့အလင်းရောင်တွေအကြောင်းသတိရသွားတယ်။
ရောင်စုံအလင်းတွေရဲ့ကျက်သရေရှိမှုကလူအုပ်ကြီထဲမှာပွင့်ဖူးနေတယ်။ ညအမှောင်ယံအတွင်းမှတစ်လက်လက်တောက်နေတဲ့မြစ်တစ်စင်းလိုပဲ။
အဲ့ဒီပုံရိပ်တွေကနောက်ဆုံးမှာကောင်လေးတစ်ယောက်ရဲ့မျက်လုံးနက်နက်လေးတွေဆီမှာအခြေချသွားတယ်။
တစ်ဖက်လူရဲ့မသိမ်းဆည်းထားတဲ့ဆန္ဒ ပေါ့ပေါ့ပါးပါးအသံလေးနဲ့ သူကသူလိုချင်တာကိုပြောခဲ့တာ။
အဲ့တိုင်းပြောခဲ့တဲ့ကောင်လေးကအခုတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာအိပ်ပျော်နေလောက်ပီလို့သွမ့်ကျားရန်တွေးလိုက်တယ်။
သူတို့နှစ်ယောက်ကြားနံရံတစ်ခုပဲခြားတယ်။
သွမ့်ကျားအိပ်ငိုက်နေတဲ့ အကောင်းဆုံးအိပ်စက်ချိန်ကကုန်လွန်သွားတဲ့အတွက် အချိန်တိုလေးအတွင်းသူအိပ်ပျော်မှာမဟုတ်မှန်းသွမ့်ကျားရန်နားလည်လိုက်တယ်။ သူအိပ်ယာပေါ်ကနေထလိုက်ပီး လုရှင်းစစ်အိပ်ပျော်နေတာလေးကိုကြည့်ချင်သွားတယ်။
သွမ့်ကျားရန်ကအခန်းတံခါးကိုလော့ခ်မချထားဘူး။ သူတံခါးကိုဖွင့်ပီးတော့ အသံလေးနှိမ့်ပီးမဝံ့မရဲခေါ်လိုက်တယ် "လုရှင်းစစ်"
သူပြန်ဖြေမှာကိုနေ့ဝက်လောက်မစောင့်ချင်တော့ဘူး။
သွမ့်ကျားရန်ဧည့်ခန်းဆီကိုဖွဖွလေးလျှောက်သွားလိုက်တယ်။ သူကဆိုဖာနားမှာဖြည်းဖြည်းလေးလျှောက်သွားနေပီး တစ်ဖက်လူရဲ့နာမည်ကိုတိုးတိုးလေးခေါ်နေတယ်။
ဆိုဖာပေါ်ကကောင်လေးကမျက်လုံးလေးတွေကိုမှိတ်ထားတယ်။ မျက်လွှာလေးကကျနေပီး အသက်ရှူသံလေးကဖျော့ဖျော့လေး။
သွမ့်ကျားရန်အဲ့တာကိုခနလောက်ကြည့်နေတာတောင် နိုးမဲ့အရိပ်အယောင်တွေမတွေ့ရဘူး။ သူမထိန်းနိုင်ဘဲတိုးတိုးလေးပြောလိုက်တယ် "မင်းကဝက်လား? အိပ်ယာပြောင်းတာတောင်ဘာမှမဖြစ်ဘူး?"
ဘယ်သူမှပြန်လည်ဖြေကြားခြင်းမရှိဘူး။
ဒီအခြေအနေကနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်လို့သွမ့်ကျားရန်ခံစားရတယ်။ သူခါးလေးကိုင်းပီးတစ်ဖက်လူကိုသေချာလေ့လာနေလိုက်တယ်။ "မင်းကနေရာသေးသေးလေးမှာအိပ်နေရတာအဆင်မပြေဖြစ်တယ်လို့မခံစားရဘူးလား?"
သူကပြောရင်းမျက်လုံးတွေကအပြင်ဘက်ကိုထွက်နေတဲ့ခြေထောက်တွေပေါ်ရောက်သွားတယ် "ခြေထောက်တွေကိုလဲဆန့်လို့မရဘူး ငါတော့မင်းအစားမသက်မသာဖြစ်လိုက်တာ"
လုရှင်းစစ်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရတယ်။ ပြတင်းပေါက်ကနေဖြတ်ဝင်လာတဲ့အလင်းရောင်ကြောင့်ရော သွမ့်ကျားရန်ကအမှောင်နဲနည်းနည်းကျင့်သားရလာတာရောကြောင့် သူ့ရဲ့ပုံစံကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။
နှာတံစင်းစင်း နှုတ်ခမ်းပါးပါးလေး။
မျက်ခွံလေးတွေဖွင့်ထားရင် သူ့မျက်လုံးလေးတွေအရမ်းကြည့်ကောင်းတယ်။ မျက်တောင်လေးတွေကရှည်ရှည်လေးတွေပေမဲ့ ကော့တက်မနေဘူး။ အာ့ကြောင့်မို့ ဒီမျက်လုံးတွေအကြည့်ခံရတိုင်းလူတိုင်း မပြောပြတတ်တဲ့ ချည့်နဲ့တဲ့ခံစားမှုမျိုးရစေတယ်။
သွမ့်ကျားရန်ကအဲ့ဒီမျက်နှာလေးကိုအကြာကြီကြည့်နေပီး မထိန်းနိုင်ဘဲခံစားချက်တွေနဲ့ သက်ပြင်းချလိုက်တယ် "အတော်လေးကြည့်ကောင်းတာပဲ"
သူကသူ့ဘာသာပြောရင်းရယ်ချင်သွားတယ် "ငါတို့လုကောကအရမ်းချောပေမဲ့လဲငါ့ထက်တော့နည်းနည်းရုပ်ဆိုးတယ်"
သူကလုရှင်းစစ်ကိုတိတ်တိတ်လေးကြည့်ရင်းသူ့ဘာသာစကားတွေတိုးတိုးလေးပြောနေတာ။ တဖြည်းဖြည်းနဲ့နည်းနည်းအာခေါင်ခြောက်လာတော့ သူ့မှာဘာလို့ဒီမူမမှန်တဲ့တုံ့ပြန်မှုကြီးရှိလာမှန်းမစဥ်းစားတတ်ဖြစ်နေတယ်။
ဝအောင်ကြည့်ပီးတော့ သွမ့်ကျားရန်ကကိုယ်ကိုပြန်မတ်လိုက်တယ်။
သူထလိုက်တဲ့အချိန်မှာပဲ သူလက်တစ်ဖက်ကိုအားပြင်းပြင်းနဲ့အဆွဲခံလိုက်ရတယ်။
သွမ့်ကျားရန်ကပြင်ဆင်ထားခြင်းမရှိတဲ့အတွက် ဆိုဖာပေါ်မှာရှိနေတဲ့ကောင်လေးရဲ့လက်မောင်းတွေကြားထဲဆွဲသွင်းခံလိုက်ရတယ်။ သူခနလောက်ဘာဖြစ်လုပ်ရမှန်မသိဖြစ်သွားတယ်။ ပီးခါမှာလျှောချလို့ရမှန်းသတိထားမိတယ်။ လုရှင်းစစ်ကသူ့ခါးကိုကိုင်ထားပီး သူ့ဘာသာထိုင်ခိုင်းလိုက်တယ်။
အကွာအဝေးကအရမ်းအရမ်းနီကပ်လာတယ်။
သွမ့်ကျားရန်သူနဲ့နီးကပ်နေတဲ့ပိတ်ထားတဲ့မျက်လုံးတွေကိုကြည့်လိုက်တယ်။
သူ့ခါးကိုဆုပ်ကိုင်ထားတဲ့လက်ချောင်းလေးတွေကတင်းကျပ်နေပီး ကောင်လေးရဲ့ပူနွေးတဲ့ဝင်သက်ထွက်သက်တွေကသွမ့်ကျားရန်ရဲ့နားပေါ်ကိုဖြတ်သွားတယ်။ သူ့အသံကအိပ်ငိုက်နေမှုကြောင့်နှာသံလေးရောနေတယ်။
"အိပ်မပျော်ဘူးလား?"
✨——————✨
Zawgyi
သူတို႔ရဲ့ေနရာကအေတာ္ေလးျမင့္တယ္။ သူတို႔ေတြေျပးတဲ့အခါမွာ သဘာဝက်က်ပဲသူတို႔ကေရွ႕ကေနဦးေဆာင္ေျပးေနတယ္။
Ning Cheng ရဲ့အေက်ာ္ၾကားဆုံးေနရာတစ္ခုျဖစ္တဲ့ University Town ကေနစေျပးခဲ့တယ္။ေဆာင္းေႏွာင္းရဲ့ညပိုင္းေတြမွာ ကန္ေဘးကသစ္ပင္ေတြကေျပာင္ရွင္းေနပီး လမ္းေဘးတစ္ဖက္တစ္ခ်က္မွာ နင္းလိုက္ရင္မီးခိုးေရာင္ေျပာင္းသြားတဲ့ႏွင္းေတြပဲရွိေနတယ္။
ခနေလာက္ေျပးပီးသြားတဲ့အခါမွာ လူေတြကလဲတျဖည္းျဖည္းက်ဲသြားတယ္။ သြမ့္က်ားရန္ကအဖြဲ႕ထဲမွာ ဆိုင္းငံ့ျခင္းမရွိဘဲေျပးေနတာေတြ႕ေတာ့ သူ႔ေဘးကေကာင္ေလးကသြမ့္က်ားရန္ကိုလွမ္းေအာ္တယ္။
"ေရာင္းရင္း ဘယ္ေက်ာင္းကလဲ?" စကားေျပာတဲ့ေကာင္ေလးကသူနဲ႔လုရွင္းစစ္ကိုေသခ်ာၾကည့္ေနပီး "မင္းတို႔ fluorescent ring ေလးေတြၾကည့္ရေအာင္ နင္းေဆးတကၠသိုလ္ကလား? ေက်ာင္းကဘယ္တစ္ခုလဲ?"
သြမ့္က်ားရန္: "မဟုတ္ဘူး ဒါကအစ္မတစ္ေယာက္ဒီတိုင္းပဲေပးတာ"
လုရွင္းစစ္: "ကၽြန္ေတာ္တို႔ႏွစ္ေယာက္လုံးအထက္တန္းေက်ာင္းသားေတြ"
ေကာင္ေလးကလိုက္ေျပာတယ္: "အထက္တန္းေက်ာင္း"
အမ်ိဳးသား အမ်ိဳးသမီးေတြက သူတို႔ကအထက္တန္းေက်ာင္းသားလို႔ေျပာတာၾကားေတာ့ စိတ္ဝင္တစားၾကည့္လာၾကတယ္ "မင္းတို႔ကအတန္းလစ္လာတာလား? အတြဲေတြလား?"
လုရွင္းစစ္: "မဟုတ္ပါဘူး ကၽြန္ေတာ္ကသူ႔..."
သူကအစတုန္းကသူ႔ရဲ့အတန္းေဖာ္လို႔ေျပာမလို႔ဘဲဒါေပမဲ့ေနာက္ေတာ့စကားလုံးတစ္ခုသူ႔စိတ္ထဲေရာက္လာတယ္။ လုရွင္းစစ္: "သူ႔ရဲ့ပိုးပန္းသူ"
ေကာင္ေလးေတြကနားေထာင္ပီး ရယ္လိုက္တယ္။
ေကာင္မေလးေတြကလဲသူနဲ႔သြမ့္က်ားရန္ကိုတိတ္တိတ္ေလးေလ့လာရင္းရယ္ေနၾကတယ္။
သြမ့္က်ားရန္ကေခါင္းေလးေမာ့ပီး ဘာအမူအရာမွမရွိဘဲလုရွင္းစစ္ကိုၾကည့္ပီးရယ္တယ္။
လုရွင္းစစ္ကသူ႔ရဲ့အၾကည့္ကိုရေတာ့ ဖြဖြေလးျပဳံးလိုက္ပီး ဟန္ေဆာင္မူရာပိုျပတယ္ "ေက်ာင္းလူဆိုးေလးကလဲ ငါ့ကိုမရယ္ပါနဲ႔ ငါနည္းနည္းေတာင္ရွက္လာပီ"
သြမ့္က်ားရန္: " ... "
မင္းကဘယ္လိုရွက္ရမလဲဆိုတာသိေသးတာလားဆိုပီးျပန္ေမးလိုက္တယ္။
"မရယ္နဲ႔ မရယ္ပါနဲ႔ မရယ္ပါနဲ႔ဆို"
"Hey... ခုေခတ္ကေလးေတြရဲ့အခ်စ္ကဘာလို႔အရမ္းေစာေနၾကတာလဲ?"
"ငါလဲေနာက္က်ပီးမွဖြင့္ေျပာခဲ့တာ" ျဖတ္ေျပာတဲ့ေကာင္မေလးတစ္ေယာက္ရွိလာတယ္ "အထက္တန္းတုန္းကသုံးႏွစ္ေတာင္တိတ္တိတ္ေလးႀကိတ္ႀကိဳက္ခဲ့တာ ငါ့သူ႔ကိုအထက္တန္းေအာင္တဲ့ထိဖြင့္မေျပာရဲခဲ့ဘူး အခုေတာ့ေနာင္တေတြရေနပီ"
ေကာင္မေလးကထြက္သြားရင္းေျပာေတာ့ လုရွင္းစစ္ကေခါင္းညိမ့္ျပတယ္ "အစ္မ ကအစ္မႀကိဳက္တဲ့သူကိုရပါေစလို႔ကၽြန္ေတာ္ဆုေတာင္းေပးပါတယ္!"
"ေအးပါ ေအးပါ" ေဘးကေကာင္မေလးကသြမ့္က်ားရန္ကေျပာလိုက္တယ္ "လူဆိုးေကာင္ေလး မင္းသူ႔ကိုစဥ္းစားေပးလိုက္အုံး!မင္းတို႔ ေကာလိပ္ကိုေရာက္သြားရင္ မင္းေဘးနားကေကာင္ေလးေတြကအထက္တန္းကေကာင္ေလးေတြေလာက္မေကာင္းဘူးဆိုတာသိလာလိမ့္မယ္"
သြမ့္က်ားရန္ကလုရွင္းစစ္ထက္စိတ္လွုပ္ရွားေနတဲ့အစ္မကိုၾကည့္လိုက္တယ္။ ကၽြန္ေတာ္ကေကာင္မေလးေတြကိုပဲႀကိဳက္တာ ေကာင္ေလးေတြရဲ့ၾကည့္ေကာင္းမွုေတြကကၽြန္႔ေတာ့္အေပၚမွာအမ်ားႀကီးသက္ေရာက္မွုမရွိဘူးဆိုပီး သူေျပာပစ္ခ်င္တယ္။
ဒါေပမဲ့ဒီအေျခအေနမွာ သူအဲ့တာကိုေျပာမထြက္ဘူး။
သြမ့္က်ားရန္ကရွုပ္ေထြးေနတဲ့စိတ္အေျခအေနနဲ႔ပဲေခါင္းညိမ့္ျပလိုက္တယ္။
သူေခါင္းညိမ့္ျပတာေတြ႕ေတာ့ ေကာလိပ္ေက်ာင္းသားေတြကပိုပီး စိတ္လွုပ္ရွားကုန္ပီး ေနာက္ဆုံးမွာတက္တက္ႂကြႂကြေျပာလာတယ္ "ေကာလိပ္ဝင္ခြင့္စာေမးပြဲေျဖရင္ ငါတို႔ေဆးေက်ာင္းကိုစဥ္းစားေနာ္!" သူကေျပာပီးေတာ့အေဝးကိုထြက္ေျပးသြားေတာ့တယ္။
အဲ့ဒီညကသြားခဲ့တဲ့အကြာအေဝးကအရမ္းရွည္တယ္။ အစတုန္းကလူတိုင္းကအတူတူေျပးနိုင္ေပမဲ့ ေနာက္ပိုင္းက်လူအမ်ားစုကထြက္သြားဖို႔ပဲေရြးလိုက္တယ္။
သြမ့္က်ားရန္လဲအျပင္ကိုပဲထြက္လိုက္တယ္။သူညစာမစားရေသးဘူး။ ပီးေတာ့နည္းနည္းေလးလဲပင္ပန္းေနတယ္။ သူလမ္းေဘးဆိုင္တန္းေလးေတြနားျဖတ္သြားေတာ့ သူလုရွင္းစစ္ကိုေျပာလိုက္ပီး ႏွစ္ေယာက္သား ဒီနားမွာပဲရပ္လိုက္တယ္။သူတို႔ကဆိုင္တစ္ဆိုင္ေရြးလိုက္ပီး ထိုင္လိုက္တယ္။
လုရွင္းစစ္ကဗိုက္မဆာဘူး သူကသြမ့္က်ားရန္စားတာကိုပဲထိုင္ၾကည့္ေနတယ္။ ၾကည့္ရတာအရမ္းပူလို႔ထင္တယ္ သြမ့္က်ားရန္ကျဖည္းျဖည္းေလးစားေနတယ္။
ဆက္ေျပးတဲ့လူေတြကသူတို႔ေဘးကေနျဖတ္သြားတယ္။
သြမ့္က်ားရန္ကအဲ့လူေတြကိုစိတ္ဝင္စားေနပုံေပၚတယ္။ သူကအဲ့ဒီလူေတြကိုဆက္ၾကည့္ေနတယ္။ လုရွင္းစစ္ေမးလိုက္တယ္ "ပိုသက္သာလာပီလား?"
"အဆင္ေျပပါတယ္" သြမ့္က်ားရန္ကသူ႔အၾကည့္ေတြကိုျပန္႐ုတ္လိုက္တယ္ "ငါတို႔ခနေနရင္ဆက္ေျပးမလား?"
"မင္းေျပးခ်င္ရင္ ဆက္ေျပးမယ္ေလ"
သြမ့္က်ားရန္ကေခါင္းညိမ့္လိုက္ပီးဆက္စားမလို႔လုပ္လိုက္တယ္။
"ဒီညဘာလို႔မေပ်ာ္ေနတာလဲ?" လုရွင္းစစ္ကတိုးတိုးလးေျပာတယ္ " ငါ့ကိုေျပာျပနိုင္မလား?"
" ... " အၾကာႀကီးေနေတာ့ သြမ့္က်ားရန္အသံေလးကမရွင္းမလင္းေလးထြက္လာတယ္ "တကယ္ေတာ့ ဘာမွျဖစ္ပါဘူး ငါ့မားက Hai Cheng ကိုေရႊ႕သြားတာ ငါ့မိဘေတြကအေစာႀကီးတည္းကကြဲထားတာ ငါဒီေလာက္ႀကီးတဲ့အထိသူပဲေကၽြးေမြးလာတာ"
သူေျပာတာေတြကနည္းနည္းကေျပာင္းကျပန္ျဖစ္ေနတယ္။ သူကဘာမွမျဖစ္သလိုေျပာေနေပမဲ့ ဒီျဖစ္ရပ္ရဲ့အက်ိဳးသက္ေရာက္မွုကိုလူတိုင္းသိနိုင္ပါတယ္။
လုရွင္းစစ္ခနေလာက္ေတြေဝသြားတယ္။
သူကတျခားသူေတြရဲ့မိသားစုကိစၥေတြကိုအႀကံဉာဏ္မေပးတတ္ဘူး။ သူသြမ့္က်ားရန္စိတ္ဓာတ္က်ေနမယ္ဆိုတာခန္႔မွန္းမိတယ္။ သူတဖက္လူကိုေမးခြန္းေတြေမးဖို႔တုံ႔ဆိုင္းမိေပမဲ့လဲ တစ္ဖက္လူရဲ့ခံစားခ်က္ေတြကိုပိုပီး သိခ်င္တယ္။
ဒါေပမဲ့သူေမးပီးေတာ့လဲ သူ႔မွာေနာင္တတခ်ိဳ႕ရေနတယ္။ သူကပါးစပ္ဟပီး သြမ့္က်ားရန္ကိုေမးျမန္းခဲ့တာ။
အေျခအေနကသူစိတ္ကူးထားတာထက္ေတာင္ပိုဆိုးေနတယ္။
"မင္း..." သူပါးစပ္ဟပီးစကားေျပာမလို႔လုပ္လိုက္တယ္။
"ငါေက်ာင္းကိုအရင္ျပန္လာတာ ဒါကနည္းနည္းစိတ္ညစ္စရာေကာင္းတယ္" သြမ့္က်ားရန္ကသူ႔ကိုၾကားျဖတ္ေျပာတယ္ "အခုအဆင္ေျပသြားပါပီ"
သူကလုရွင္းစစ္ေတြေဝေနတာကိုေတြ႕ေတာ့ သူ႔ဘက္ကစပီစကားလမ္းလႊဲလိုက္တယ္ "ဆယ္နာရီေတာင္ထိုးခါနီးေနပီ မင္းအိမ္ကိုမျပန္ေသးရင္ မင္းမားကတစ္ခုခုေျပာေတာ့မွာမလား?"
"ငါသူ႔ကိုေစာနေလးကေျပာပီးပီ" လုရွင္းစစ္ကတစ္ခုခုကိုျပန္ေတြးေနပီး သူ႔ရဲ့အသံကေတာ့အမည္တပ္လို႔မရဘူး "သူမကအေတာ္ေလးစိတ္ဆိုးေနတယ္"
သြမ့္က်ားရန္ကသူ႔ကိုေမာ့ၾကည့္လိုက္တယ္။
"ငါကသူ႔ကိုေျပာလိုက္တယ္ သားကမားရဲ့ေခၽြးမေလးကိုအေဖာ္ျပဳေပးေနတယ္လို႔" သူ႔မ်က္လုံးေလးေတြကတြန္႔သြားပီး မ်က္လုံးေတြထဲမွာပြင့္ထြက္လာတဲ့အလင္းေရာင္ေလးေတြရွိေနတယ္ "အဲ့က်ေတာ့ သူကစိတ္မဆိုးေတာ့ဘူး ငါ့ကိုျပန္မလာရင္ပိုေတာင္ေကာင္းေသးတယ္တဲ့"
သူကအရမ္းမမၽွတသလိုအရမ္းစိတ္ႀကီးဝင္တာပဲ။
သြမ့္က်ားရန္နဲ႔လုရွင္းစစ္ကေနာက္စကၠန္႔အတြင္းမွာပဲ ဘယ္လိုျဖစ္မွန္းမသိဘဲ သူတို႔ႏွလုံးသားေတြကပူေလာင္လာတယ္။ သြမ့္က်ားရန္ကအၾကည့္ေတြကိုေရွာင္လႊဲလိုက္ပီးအသံကလဲေယာင္ေတာင္ေပါင္ေတာင္ေတာင္ျဖစ္ေနတယ္ "မင္းလိမ္လိုက္တာမဟုတ္လား? မင္းကမင္းရဲ့ေရွ႕စားပြဲကလူကိုအေဖာ္ျပဳေပးတာေလ"
လုရွင္းစစ္ကဘာမွျပန္မေျပာဘူး။
သူကသူ႔ကိုအျပဳံးတစ္ခုနဲ႔ေငးၾကည့္ေနပီး ဟန္ေဆာင္ေနတဲ့ကေလးေလးကိုၾကည့္ေနတဲ့ပုံနဲ႔။
သြမ့္က်ားရန္ကသူ႔ရဲ့အစကတည္းကနားလည္ထားမွုကိုသတိရသြားတယ္။ ဒီေကာင္ကတကယ္ႀကီးေသခ်ာေနတာပဲ သူ႔ကိုလိုက္တာအပါအဝင္ေပါ့။
သူကနည္းနည္းေလးေနာက္ျပန္ဆုတ္ေနသေရြ႕ လုရွင္းစစ္ကသူ႔ရဲ့ေပ်ာ့ကြက္ေတြကိုအျမဲဖမ္းမိတယ္။ သူကအဲ့တာကိုဖိႏွိပ္ထားေပမဲ့လဲ ဘယ္တုန္းကမွသူ႔ဘက္ကလဲတကယ္ႀကီးခုခံတာေတာ့မရွိဘူး။
အဲ့တာကိုနားလည္ေတာ့ သြမ့္က်ားရန္ကနက္နဲသိမ္ေမြ႕သလိုခံစားရပီး စိတ္ထဲမွာက်ိန္ဆဲလိုက္တယ္။
ညအခ်ိန္ကမနက္ေစာေစာပိုင္းနာရီေတြထိေတာင္ေရာက္သြားပီး ပင္ပန္းမွုကလဲ ရစ္ပတ္လႊမ္းျခဳံလာတယ္။
လုရွင္းစစ္ကေျမပုံကိုၾကည့္လိုက္တယ္။ ဒီေနရာကေက်ာင္းကေနအလွမ္းေဝးေနပီ။ သြမ့္က်ားရန္ကအေဆာင္ပိတ္တဲ့အခ်ိန္ကိုေတာင္ေက်ာ္ပီးသြားပီ။ သြမ့္က်ားရန္ကတဆက္တည္းနဲ႔အမ်ားႀကီသမ္းေနတာကိုေတြ႕ေတာ့ လုရွင္းစစ္ကေျပာလိုက္တယ္ "မင္းျပန္သြားခ်င္ပီလား?"
သြမ့္က်ားရန္ကသာမန္ကာလၽွံကာပဲျပန္ေျဖတယ္ "ငါကအိမ္ကိုျပန္မွာ မင္းလဲအိမ္ျပန္ေတာ့မလား?"
"ငါမင္းကိုအရင္ျပန္လိုက္ပို႔ေပးမယ္"
အဲ့တာကိုၾကားေတာ့ သြမ့္က်ားရန္ရဲ့အိပ္ငိုက္မွုေတြကလြင့္စင္သြားတယ္။
သူကသမ္းလို႔ထြက္လာတဲ့မ်က္ရည္ေတြကိုလက္နဲ႔ပြတ္လိုက္တယ္ "မင္းလိုက္ပို႔ဖို႔မလိုပါဘူး ငါကားငွားလိုက္မယ္ မင္းျပန္ေတာ့ေလ"
"ငါမင္းကိုလိုက္ပို႔မယ္" သူကဆက္ေျပာတယ္ "အရမ္းေနာက္က်ေနပီး ငါမင္းကိုတစ္ေယာက္ထဲအိမ္ျပန္လႊတ္ဖို႔စိတ္မခ်ဘူး"
သြမ့္က်ားရန္နဲ႔သူနဲ႔က တစ္ေယာက္နဲ႔တစ္ေယာက္စိုက္ၾကည့္ေနၾကတယ္။
သြမ့္က်ားရန္စကားမေျပာတာေတြ႕ေတာ့ လုရွင္းစစ္ကေျပာလိုက္တယ္ "မင္းက omega ေလ ငါမင္းကိုအျပင္ထြက္ကစားရေအာင္ေခၚသြားခဲ့တာေလ ငါကမင္းကို taxi နဲ႔အိမ္ကိုတစ္ေယာက္တည္းျပန္ခိုင္းရင္ ငါအရမ္းလြန္မသြားဘူးလား?"
အမွတ္အသားအေပးမခံရေသးတဲ့omega တစ္ေယာက္ ညႀကီးအခ်ိန္မေတာ္ တစ္ေယာက္တည္းရွိေနတယ္ဆိုတာ ကိစၥေသးေသးေလးမဟုတ္ဘူး။
Gender ကိစၥေတြကိုဂ႐ုမစိုက္ေလ့ရွိတဲ့သြမ့္က်ားရန္ေတာင္ ဒါကတကယ္အဓိပၸာယ္ရွိမွန္းဝန္ခံရမယ္။
သြမ့္က်ားရန္ကအဲ့တာကိုခနေလာက္ေတြးလိုက္ပီး ေခါင္းပဲညိမ့္ျပလိုက္တယ္။
ဖူ႔ယြမ္ထားခဲ့တဲ့အိမ္ကခနေလးပဲမေနခဲ့တာမဟုတ္ဘူး။ ဒါေပမဲ့လဲသူကအိမ္မွုကိစၥေတြလုပ္တဲ့သူကိုပုံမွန္ရွင္းလင္းေပးထားဖို႔ေျပာထားေတာ့အိမ္ကသန္႔ရွင္းသပ္ရပ္ေနတယ္။
သြမ့္က်ားရန္ကတံခါးဖြင့္လိုက္ပီး ရပ္ေနတဲ့ လုရွင္းစစ္ကိုေတြ႕ေတာ့ခနေလာက္ေတြေဝသြားပီး ဖိနပ္စင္ေပၚက slipper တစ္ရံထုတ္ေပးလိုက္တယ္။
"ငါဒီတစ္ရံကိုအခုထိမစီးရေသးဘူး" သူကိုယ္တိုင္လဲတစ္ရံစီးပီးအခန္းထဲဝင္သြားတယ္။ လုရွင္းစစ္ကိုေတာ့တံခါးဝမွာပဲခ်န္ထားခဲ့တယ္။
လုရွင္းစစ္ကဖိနပ္ေတြကိုလဲလိုက္ပီးတစ္အိမ္လုံးကိုေလၽွာက္ၾကည့္လိုက္တယ္။
ဧည့္ခန္ကက်ယ္ဝန္းပီးေတာ့ ျပင္ဆင္ထားတဲ့အေရာင္ကလဲ သက္ေသာင့္သက္သာျဖစ္တဲ့ အေရာင္ေဖ်ာ့ေဖ်ာ့ေလး။ ၾကမ္းျပင္ကေနမ်က္ႏွာက်က္ထိရွိတဲ့မွန္ျပတင္းအျပင္ဘက္မွာေတာ့ ေလသာခန္းရွိတယ္။ ေကာင္းကင္ကေမွာင္မည္းေနပီဆိုေပမဲ့လဲ ေလသာေဆာင္ေပၚမွာစိုက္ထားတဲ့အပင္ေလးေတြကိုျမင္ေနရတယ္။
လုရွင္းစစ္စာအုပ္စင္စီကိုသြားၾကည့္လိုက္ေတာ့ ဓာတ္ပုံေတြအမ်ားႀကီကိုေတြ႕တယ္။
ဖူ႔ယြမ္နဲ႔သြမ့္က်ားရန္ရဲ့ပုံေတြလဲရွိေပမဲ့ေတာ္ေတာ္မ်ားမ်ားကေတာ့ သြမ့္က်ားရန္တစ္ေယာက္တည္းရဲ့ပုံေတြျဖစ္တယ္။သူ႔ပုံစံေလးကကာလအမ်ိဳးမ်ိဳးကပုံေတြရွိတယ္။ အမ်ားဆုံးကေတာ့ အလယ္တန္းနဲ႔အထက္တန္းကပုံေတြ။ အလယ္တန္းတုန္းကသြမ့္က်ားရန္ကအခုထက္ပိုပိန္ပီး အသားေလးကလဲျဖဴဥေနတာပဲ။ ေကာင္ေလးရဲ့ကေလးဆန္တဲ့ခံစားခ်က္ေတြကေမွးမွိန္မသြားဘူး။
အရမ္းခ်စ္စရာေကာင္းတယ္။
လုရွင္းစစ္ကအရင္တုန္းကပုံေတြကိုေတြ႕ေတာ့ သူ႔မ်က္ခုံးေလးေတြကပါႏူးညံ့သြားတယ္ "မင္းဒီမွာကေလးဘဝတည္းကေနတာလား?"
"မဟုတ္ဘူး" သြမ့္က်ားရန္ကေရခဲေသတၱာနားသြားလိုက္ပီးၾကည့္လိုက္ေတာ့ အခုေတာ့မလႊင့္ပစ္ေသးတဲ့ cola ဗူးေတြေတြ႕တယ္။ သူကသူ႔အတြက္တစ္ဗူးလုရွင္းစစ္အတြက္တစ္ဗူးထုတ္ယူလာလိုက္တယ္။ "ေနာက္မွာေျပာင္းလာတာ"
"အထက္တန္းတက္ရေအာင္လား?"
သြမ့္က်ားရန္: "ငါအလယ္တန္းတက္တာ ရိက်ဳံးမွာမဟုတ္ဘူး ငါ့မားနဲ႔ဆရာမေက်ာက္ကတကၠသိုလ္တက္တုန္းကအတန္းေဖာ္ေတြ ငါ့မားကငါတက္တဲ့အလယ္တန္းေက်ာင္းကဖရိုဖရဲျဖစ္တယ္လို႔ေတြးပီးအထက္တန္းက်ေတာ့ ရိက်ဳံးကိုေျပာင္းလိုက္တာ"
"အံ့ဩစရာေတာ့မဟုတ္ပါဘူး..."
"အမ္း"
"မင္းၾကားဖူးလား? Ning Cheng စန္းက်ဳံးက ေသြးနံ့နဲ႔ညႇီတယ္ဆိုတာ " လုရွင္းစစ္က လူေနမွုျမင့္တဲ့အေငြ႕အသက္ေတြေရာယွက္ေနတဲ့ ေဆာင္ပုဒ္ကိုကနည္းနည္းဒြိဟျဖစ္စရာေကာင္းတယ္ဆိုပီး ေနာက္ထပ္ထပ္ေျပာလိုက္တယ္ "ေက်ာင္းကိုဓားတစ္လက္ယူသြားတာအေကာင္းဆုံးဆိုပီးလဲ ၾကားဖူးေသးတယ္"
"ဘာလို႔ခ်ဲ႕ကားေျပာေနတာလဲ?" သြမ့္က်ားရန္လဲျပဳံးလိုက္တယ္ "ငါ့မွာဓားတစ္လက္မွမရွိပါဘူး"
"မင္းအဲ့မွာသုံးႏွစ္ေတာင္အလယ္တန္းတက္ေတာ့ သုံးႏွစ္လုံးေက်ာင္းလူဆိုးေလးလုပ္ေသးလား?"
သြမ့္က်ားရန္ကရိုးရိုးသားသားပဲေခါင္းခါလိုက္တယ္ "အဲ့ဒီအခ်ိန္တုန္းကငါကအရမ္းငယ္ေသးတယ္ အဲ့ဒီတုန္းကေက်ာင္းလူဆိုးေကာင္ကိုအနိုင္မယူနိုင္ေသးဘူး"
" ... " လုရွင္းစစ္ကသြမ့္က်ားရန္အလယ္တန္းတုန္းကပုံေလးကိုၾကည့္လိုက္ပီးမ်က္ေမွာင္ၾကဳံ႕လိုက္တယ္။
ဒီလိုမ်ိဳးအရာကလူေတြရဲ့ေဝဖန္ပိုင္းျခားနိုင္စြမ္းကိုဆုံးရွုံးေစတာျဖစ္နိုင္တယ္။
သူနည္းနည္းနားမလည္ဘူး။တစ္စုံတစ္ေယာက္ကလွပတဲ့မ်က္ႏွာနဲ႔ခ်စ္စရာေကာင္ေလးကိုဒီတိုင္းႀကီးရိုက္ပုတ္နိုင္ပါ့မလား?
"ဒါေပမဲ့ငါအလယ္တန္းေအာင္ေတာ့ အထက္တန္းကစီနီယာေတြကငါ့ေနာက္ကိုလိုက္ပီးပါးပါးေခၚၾကတယ္ ပါးပါးေက်ာင္းေျပာင္းတာကိုဂုဏ္ယူပါတယ္ဆိုပီးေျပာၾကတယ္" သြမ့္က်ားရန္ကအဲ့ဒီႏွစ္ေတြတုန္းကအေၾကာင္းေတြကိုျပန္ေတြးပီးေတာ့ အဆုံးသတ္လိုက္တယ္ "ဒါပါပဲ"
အဲ့ဒါေျပာပီသြားေတာ့ သြမ့္က်ားရန္ကေခါင္းငုံ႔သြားတယ္။ လုရွင္းစစ္ကသူ႔ရဲ့အလယ္တန္းေအာင္လက္မွတ္ေပးတုန္းကရိုက္တဲ့ပုံေလးကိုၾကည့္လိုက္တယ္။
အဲ့ဒီအလယ္တန္းေက်ာင္းကတကယ္ဆိုးေလာက္တယ္။ ဓာတ္ပုံထဲကေက်ာင္းသားေတြကေက်ာင္း uniform ေတာင္ဝတ္မထားၾကဘူး။
အလယ္တန္းေက်ာင္းသားေတြၾကားထဲမွာသြမ့္က်ားရန္ရဲ့အရပ္ကေတာ္ေတာ္ေလးရွည္တယ္။
သူကေနာက္ဆုံးတန္းမွာရပ္ေနပီး လည္ပင္းအဝိုင္းနဲ႔အျဖဴေရာင္တီရွပ္တစ္ထည္ဝတ္ထားတယ္။ လူေတြအမ်ားႀကီးၾကားထဲမွာေရာက္ေနတာေတာင္ ေကာင္ေလးရဲ့ညႇပ္ရိုးေတြကထင္ရွားေနတာပဲ။
သူကကင္မရာကိုပ်င္းပ်င္းရိရိၾကည့္ေနပီး ႏွုတ္ခမ္းေတြကဂ႐ုမစိုက္ဘဲတြန္႔ေကြးေနတယ္။ သူကအတန္းငယ္ေနတာေတာင္ သူ႔ရဲ့မ်က္ႏွာလွလွေလးမွာ မက္ေမာစရာေကာင္းတဲ့သေဘာထားေတြျပည့္ေနတယ္။
"ငါမင္းကိုေစာေစာသိခ်င္မိတယ္" လုရွင္းစစ္ကခနေလာက္ရပ္သြားပီး တိုတိုးေလးေျပာတယ္ "ငါမင္းကိုအရိုက္မခံေစခ်င္ဘူး"
သူ႔အသံေလးကမနိမ့္မျမင့္လကိုမွႏူးညံ့မွုေတြပါေရာပါေနတယ္။
ႏွလုံးသားေလးေနထိုင္မေကာင္းတာကသြမ့္က်ားရန္အေပၚကိုတစ္ခါသက္ေရာက္လာျပန္ပီ။
"လုေကာ မင္းအဲ့ဒီတုန္းကေက်ာင္းလူဆိုးေကာင္ကိုအထင္မေသးသင့္ဘူး မင္းကငါ့ကိုသိတယ္ဆိုရင္ေတာင္ အသုံးမဝင္ဘူး" သြမ့္က်ားရန္ကမ်က္လုံးေတြကိုဖြင့္လိုက္ပီး ျဖစ္နိုင္သမၽွျမန္ျမန္ relax ျဖစ္ဖို႔ႀကိဳးစားေနရတယ္။ သူ႔ႏွလုံးသားထဲကတဟုန္ထိုးျဖစ္ေနတာေတြကိုစိမ့္မထြက္လာေစခ်င္ဘူး "ငါလဲသူ႔ကိုႏွစ္ႏွစ္ၾကာမွဒီဆူးကိုဖယ္ရွားပစ္ပီး သူ႔ကိုေျမႀကီးေပၚမွာလွဲသိပ္ခဲ့တာ"
"မင္းနဲ႔အတူအရိုက္ခံရဖို႔ဆိုတာမျဖစ္နိုင္ဘူး" လုရွင္းစစ္ကဘာေတြေတြးေနမွန္းမသိ ေရရြတ္ေနတယ္။
" ... " သြမ့္က်ားရန္: "မင္းကိုဘယ္သူရိုက္ရဲမွာမို႔လို႔ မင္းရိုက္တာကေသမဲ့လမ္းကိုရွာတာနဲ႔အတူတူမဟုတ္လား?"
အဲ့တာေျပာပီးေတာ့သြမ့္က်ားရန္က႐ုတ္တရပ္ႏွာမြန္လာတယ္။ သူသည္းခံၾကည့္တယ္ မရဘူး ေနာက္ေတာ့မထိန္းနိုင္ဘဲ သမ္းေဝမိတယ္။
သူဒီညဘာလို႔ဒီေလာက္သမ္းေနလဲမသိဘူး။ သြမ့္က်ားရန္က ပင္ပန္းႏြမ္းနယ္မွုေတြကိုေဖာ္ျပလာတယ္။ လုရွင္းစစ္က ဓာတ္ပုံေတြဆီကေနအၾကည့္ခြာလိုက္ပီး သူ႔ကိုမေႏွာင့္ယွက္ခ်င္တဲ့ဧည့္သည္တစ္ေယာက္လို႔ျပဳမူလိုက္တယ္ သူ႔အသံကေတာ့ႏူးညံ့ေနတယ္ "ေနာက္က်ေနပီပဲ ငါျပန္သင့္ပီ မင္းေစာေစာအနားယူသင့္တယ္"
သြမ့္က်ားရန္အခ်ိန္ကိုၾကည့္လိုက္တယ္။
ဆယ့္ႏွစ္ေတာင္ခြဲပီးပီ။
သြမ့္က်ားရန္ကေတြေဝသြားတယ္ "မင္းကိုအိမ္ကdriverလာႀကိဳမွာလား?"
လုရွင္းစစ္ကသူ႔ရဲ့ပယင္းေရာင္မ်က္လုံးေလးေတြကိုၾကည့္လိုက္တယ္ သူကဘာျပႆနာမွမရွိဘူးလို႔ခံစားမိတဲ့အတိုင္းသူ႔ရဲ့စိတ္အေျခအေနကပုံမွန္ပဲ "သူကဆယ့္ႏွစ္နာရီဆိုအလုပ္ဆင္းပီ taxi ပဲငွားသြားလိုက္ေတာ့မယ္"
သြမ့္က်ားရန္: " ... "
သြမ့္က်ားရန္ရဲ့ႏွုတ္ခမ္းေတြကလွုပ္သြားတယ္။ သူကလုရွင္းစစ္ဧည့္ခန္းထဲကေနထြက္သြားတာကိုၾကည့္ေနတယ္ သူကကုန္သြားတဲ့ coke ဗူးကိုအမွိုက္ပုံးထဲကိုပစ္ဖို႔လဲမေမ့ခဲ့ဘူး သူကတံခါးေပါက္နားေရာက္ေတာ့ ဖိနပ္ေတြလဲဝတ္ေနတယ္။
သြမ့္က်ားရန္ကအဲ့ဒီျမင္ကြင္းကိုၾကည့္ေနပီးသူ႔စိတ္ထဲရွင္းမျပတတ္ေအာင္ သူကသူ႔ကိုအနိုင္က်င့္ေနသလိုမ်ိဳးခံစားရတယ္။
ခနၾကာေတာ့ သြမ့္က်ားရန္ပါးစပ္ကေနစကားလုံးေတြထြက္ကိလာတယ္ "မင္းမျပန္နဲ႔ေတာ့ ေနာက္က်ေနပီ"
ေျပာပီးခါမွာ သြမ့္က်ားရန္ကကသူဘာလုပ္ေနတာကိုနားလည္သြားပီးသူ႔လၽွာကိုကိုက္မိမတတ္ျဖစ္သြားတယ္။
သူဘာေတြလုပ္ေနတာလဲ?
သူနဲ႔လုရွင္းစစ္ရဲ့ဒီလိုဆက္ဆံေရးမ်ိဳးမွာ သူကတစ္ဖက္လူကိုတကယ္ႀကီးေနဖို႔ေျပာခဲ့တယ္။
လုရွင္းစစ္ကအဲ့တာကိုၾကားေတာ့ သူလုပ္ေနတာေတြရပ္ပီး သူ႔ကိုလွည့္ၾကည့္တယ္။
သူကသြမ့္က်ားရန္ရဲ့စိတ္ရွုပ္ေနပုံေပၚတဲ့အမူအရာေလးကိုလဲအလြတ္မခံဘူး။ ဒီဖိတ္ေခၚမွုေၾကာင့္သူႏွလုံးသားေလးကေပ်ာ္ရႊင္သြားေပမဲ့ အျပင္ဘက္မွာေတာ့ ပုံမွန္အတိုင္းပဲ "အရမ္းဒုကၡမ်ားမွာစိုးလို႔လား?"
ေျပာပီေတာ့ သူကသြမ့္က်ားရန္ပါးစပ္ဟမွာကိုမေစာင့္ပဲ တစ္ဖက္လူေနာက္ဆုတ္မွာကိုလုရွင္းစစ္ပိတ္လိုက္တယ္ "အာ့ဆို ငါဆိုဖာေပၚမွာပဲအိပ္လိုက္မယ္"
ဒီသခင္ေလးကဆိုဖာေပၚမွာေတာင္အိပ္မယ္လို႔ေျပာတာကိုၾကားေတာ့ သြမ့္က်ားရန္ကေျပာသင့္လားမေျပာသင့္လားခနေလာက္မသိျဖစ္သြားတယ္။
စုန္႔ရိသာ လုရွင္းစစ္ကဒီမွာအိပ္မယ္ဆိုတာသိရင္ သူ႔ဆီကိုတန္းတန္းမတ္မတ္ေရာက္လာလိမ့္မယ္။
သြမ့္က်ားရန္ကိုယ္တိုင္လဲလုရွင္းစစ္ကို ဆိုဖာေပၚမွာအိပ္ခိုင္းတာကနည္းနည္းအနိုင့္က်င့္မိသလိုခံစားရတယ္။
ဒီအခ်ိန္မွာတစ္ဖက္လူကေတာ့ နည္းနည္းေလးမွနစ္နာတယ္လို႔မခံစားရပဲ ဆက္ေျပာေနတယ္ "မင္းတို႔အိမ္မွာေစာင္အပိုေတြရွိလား ?အဲ့တာမဟုတ္ရင္ အဝတ္ထူထူေတြရွိလား?"
"အင္း" သြမ့္က်ားရန္ရဲ့အေတြးေတြကမသိလိုက္မသိဘာသာပဲေပ်ာက္ကြယ္သြားပီး တစ္ဖက္လူေမးတဲ့ေမးခြန္ကိုပဲစဥ္းစားလိုက္ေတာ့တယ္ "ငါ့မွာအလဲအလွယ္လုပ္လို႔ရေအာင္ အိပ္ယာႏွစ္ခုမားထားခဲ့တယ္ ငါမင္းအတြက္သြားယူေပးမယ္"
သြမ့္က်ားရန္ကသူ႔အခန္းထဲကိုလွည့္ဝင္သြားတာေတြ႕ေတာ့ လုရွင္းစစ္ကသူ႔ရဲ့ေနာက္ေက်ာေလးကိုၾကည့္ရင္းပီး ေနာက္ဆုံးမွာေတာ့ သူ႔ႏွုတ္ခမ္းေလးေတြကအေပၚကိုနည္းနည္းေလးတြန္႔တက္သြားတယ္။
အရမ္းေကာင္းတာပဲ။
သူေတြးမိတာကသြမ့္က်ားရန္ကအျပင္ဘက္ပိုင္းကသီးျခားဆန္မွုနဲ႔မတူပဲ စိတ္ထားေလးကတကယ္ကိုႏူးညံ့လြယ္တယ္။
အရမ္းမေစာေတာ့တဲ့အတြက္ႏွစ္ေယာက္သားကေဆးေၾကာသန္႔စင္ပီးတဲ့ေနာက္မွာ မတူညီတဲ့အခန္းေတြထဲဝင္ပီး လွဲလိုက္ၾကေတာ့တယ္။
သြမ့္က်ားရန္လွဲလိုက္တဲ့အခါမွာပုံမွန္အတိုင္းပဲမ်က္လုံးေတြပိတ္လိုက္တယ္။
ဘာျဖစ္လို႔လဲမသိဘူး။ သူတကယ္အိပ္လို႔မေပ်ာ္ဘူး။ သူထထိုင္ၾကည့္ေတာ့လဲတကယ္ႀကီးနိုးနိုးၾကားၾကားျဖစ္ေနတယ္။
အေတြးေပါင္းစုံကတစ္ခုပီးတစ္ခုဝင္ေရာက္လာတယ္။သူပထမဆုံးေလဆိပ္အေၾကာင္းေတြးမိတယ္။ ဖူ႔ယြမ္နဲ႔ဟဲယြင္ရွန္႔ကိုေတြးတယ္။ သူေနာက္ဆုံးမွာေတာ့ ဒီၿပိဳကြဲေနတဲ့အေတြးအပိုင္းအစေတြကိုဦးေႏွာက္ထဲကေနညႇစ္ထုတ္လိုက္တယ္။ သူညပိုင္းေျပးတုန္းက ျမင္ခဲ့ရတဲ့အလင္းေရာင္ေတြအေၾကာင္းသတိရသြားတယ္။
ေရာင္စုံအလင္းေတြရဲ့က်က္သေရရွိမွုကလူအုပ္ႀကီထဲမွာပြင့္ဖူးေနတယ္။ ညအေမွာင္ယံအတြင္းမွတစ္လက္လက္ေတာက္ေနတဲ့ျမစ္တစ္စင္းလိုပဲ။
အဲ့ဒီပုံရိပ္ေတြကေနာက္ဆုံးမွာေကာင္ေလးတစ္ေယာက္ရဲ့မ်က္လုံးနက္နက္ေလးေတြဆီမွာအေျခခ်သြားတယ္။
တစ္ဖက္လူရဲ့မသိမ္းဆည္းထားတဲ့ဆႏၵ ေပါ့ေပါ့ပါးပါးအသံေလးနဲ႔ သူကသူလိုခ်င္တာကိုေျပာခဲ့တာ။
အဲ့တိုင္းေျပာခဲ့တဲ့ေကာင္ေလးကအခုေတာ့ ဧည့္ခန္းထဲကဆိုဖာေပၚမွာအိပ္ေပ်ာ္ေနေလာက္ပီလို႔သြမ့္က်ားရန္ေတြးလိုက္တယ္။
သူတို႔ႏွစ္ေယာက္ၾကားနံရံတစ္ခုပဲျခားတယ္။
သြမ့္က်ားအိပ္ငိုက္ေနတဲ့ အေကာင္းဆုံးအိပ္စက္ခ်ိန္ကကုန္လြန္သြားတဲ့အတြက္ အခ်ိန္တိုေလးအတြင္းသူအိပ္ေပ်ာ္မွာမဟုတ္မွန္းသြမ့္က်ားရန္နားလည္လိုက္တယ္။ သူအိပ္ယာေပၚကေနထလိုက္ပီး လုရွင္းစစ္အိပ္ေပ်ာ္ေနတာေလးကိုၾကည့္ခ်င္သြားတယ္။
သြမ့္က်ားရန္ကအခန္းတံခါးကိုေလာ့ခ္မခ်ထားဘူး။ သူတံခါးကိုဖြင့္ပီးေတာ့ အသံေလးႏွိမ့္ပီးမဝံ့မရဲေခၚလိုက္တယ္ "လုရွင္းစစ္"
သူျပန္ေျဖမွာကိုေန႔ဝက္ေလာက္မေစာင့္ခ်င္ေတာ့ဘူး။
သြမ့္က်ားရန္ဧည့္ခန္းဆီကိုဖြဖြေလးေလၽွာက္သြားလိုက္တယ္။ သူကဆိုဖာနားမွာျဖည္းျဖည္းေလးေလၽွာက္သြားေနပီး တစ္ဖက္လူရဲ့နာမည္ကိုတိုးတိုးေလးေခၚေနတယ္။
ဆိုဖာေပၚကေကာင္ေလးကမ်က္လုံးေလးေတြကိုမွိတ္ထားတယ္။ မ်က္လႊာေလးကက်ေနပီး အသက္ရွူသံေလးကေဖ်ာ့ေဖ်ာ့ေလး။
သြမ့္က်ားရန္အဲ့တာကိုခနေလာက္ၾကည့္ေနတာေတာင္ နိုးမဲ့အရိပ္အေယာင္ေတြမေတြ႕ရဘူး။ သူမထိန္းနိုင္ဘဲတိုးတိုးေလးေျပာလိုက္တယ္ "မင္းကဝက္လား? အိပ္ယာေျပာင္းတာေတာင္ဘာမွမျဖစ္ဘူး?"
ဘယ္သူမွျပန္လည္ေျဖၾကားျခင္းမရွိဘူး။
ဒီအေျခအေနကနည္းနည္းစိတ္ဝင္စားစရာေကာင္းတယ္လို႔သြမ့္က်ားရန္ခံစားရတယ္။ သူခါးေလးကိုင္းပီးတစ္ဖက္လူကိုေသခ်ာေလ့လာေနလိုက္တယ္။ "မင္းကေနရာေသးေသးေလးမွာအိပ္ေနရတာအဆင္မေျပျဖစ္တယ္လို႔မခံစားရဘူးလား?"
သူကေျပာရင္းမ်က္လုံးေတြကအျပင္ဘက္ကိုထြက္ေနတဲ့ေျခေထာက္ေတြေပၚေရာက္သြားတယ္ "ေျခေထာက္ေတြကိုလဲဆန္႔လို႔မရဘူး ငါေတာ့မင္းအစားမသက္မသာျဖစ္လိုက္တာ"
လုရွင္းစစ္ကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနပုံရတယ္။ ျပတင္းေပါက္ကေနျဖတ္ဝင္လာတဲ့အလင္းေရာင္ေၾကာင့္ေရာ သြမ့္က်ားရန္ကအေမွာင္နဲနည္းနည္းက်င့္သားရလာတာေရာေၾကာင့္ သူ႔ရဲ့ပုံစံကိုရွင္းရွင္းလင္းလင္းျမင္ေနရတယ္။
ႏွာတံစင္းစင္း ႏွုတ္ခမ္းပါးပါးေလး။
မ်က္ခြံေလးေတြဖြင့္ထားရင္ သူ႔မ်က္လုံးေလးေတြအရမ္းၾကည့္ေကာင္းတယ္။ မ်က္ေတာင္ေလးေတြကရွည္ရွည္ေလးေတြေပမဲ့ ေကာ့တက္မေနဘူး။ အာ့ေၾကာင့္မို႔ ဒီမ်က္လုံးေတြအၾကည့္ခံရတိုင္းလူတိုင္း မေျပာျပတတ္တဲ့ ခ်ည့္နဲ႔တဲ့ခံစားမွုမ်ိဳးရေစတယ္။
သြမ့္က်ားရန္ကအဲ့ဒီမ်က္ႏွာေလးကိုအၾကာႀကီၾကည့္ေနပီး မထိန္းနိုင္ဘဲခံစားခ်က္ေတြနဲ႔ သက္ျပင္းခ်လိုက္တယ္ "အေတာ္ေလးၾကည့္ေကာင္းတာပဲ"
သူကသူ႔ဘာသာေျပာရင္းရယ္ခ်င္သြားတယ္ "ငါတို႔လုေကာကအရမ္းေခ်ာေပမဲ့လဲငါ့ထက္ေတာ့နည္းနည္း႐ုပ္ဆိုးတယ္"
သူကလုရွင္းစစ္ကိုတိတ္တိတ္ေလးၾကည့္ရင္းသူ႔ဘာသာစကားေတြတိုးတိုးေလးေျပာေနတာ။ တျဖည္းျဖည္းနဲ႔နည္းနည္းအာေခါင္ေျခာက္လာေတာ့ သူ႔မွာဘာလို႔ဒီမူမမွန္တဲ့တုံ႔ျပန္မွုႀကီးရွိလာမွန္းမစဥ္းစားတတ္ျဖစ္ေနတယ္။
ဝေအာင္ၾကည့္ပီးေတာ့ သြမ့္က်ားရန္ကကိုယ္ကိုျပန္မတ္လိုက္တယ္။
သူထလိုက္တဲ့အခ်ိန္မွာပဲ သူလက္တစ္ဖက္ကိုအားျပင္းျပင္းနဲ႔အဆြဲခံလိုက္ရတယ္။
သြမ့္က်ားရန္ကျပင္ဆင္ထားျခင္းမရွိတဲ့အတြက္ ဆိုဖာေပၚမွာရွိေနတဲ့ေကာင္ေလးရဲ့လက္ေမာင္းေတြၾကားထဲဆြဲသြင္းခံလိုက္ရတယ္။ သူခနေလာက္ဘာျဖစ္လုပ္ရမွန္မသိျဖစ္သြားတယ္။ ပီးခါမွာေလၽွာခ်လို႔ရမွန္းသတိထားမိတယ္။ လုရွင္းစစ္ကသူ႔ခါးကိုကိုင္ထားပီး သူ႔ဘာသာထိုင္ခိုင္းလိုက္တယ္။
အကြာအေဝးကအရမ္းအရမ္းနီကပ္လာတယ္။
သြမ့္က်ားရန္သူနဲ႔နီးကပ္ေနတဲ့ပိတ္ထားတဲ့မ်က္လုံးေတြကိုၾကည့္လိုက္တယ္။
သူ႔ခါးကိုဆုပ္ကိုင္ထားတဲ့လက္ေခ်ာင္းေလးေတြကတင္းက်ပ္ေနပီး ေကာင္ေလးရဲ့ပူေႏြးတဲ့ဝင္သက္ထြက္သက္ေတြကသြမ့္က်ားရန္ရဲ့နားေပၚကိုျဖတ္သြားတယ္။ သူ႔အသံကအိပ္ငိုက္ေနမွုေၾကာင့္ႏွာသံေလးေရာေနတယ္။
"အိပ္မေပ်ာ္ဘူးလား?"
✨——————✨