ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...

By ZuriLeora

1.2M 188K 9.3K

Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... More

DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 58 - Couple
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨

CHAPTER 46 - Watch Movie

12.4K 2.1K 69
By ZuriLeora

Unicode

လုရှင်းစစ်ကရက်အနည်းငယ်လောက်​ကျောင်းမလာခဲ့ဘူး။

ပထမတစ်ရက်မှာတော့ သွမ့်ကျားရန်မှာ ဘာအတွေးမှမရှိဘူး။ ဒုတိယနေ့လေးပုံမှန်အတိုင်းပဲ။ တတိယနေ့ရောက်တော့ သွမ့်ကျားရန်က သူ့နောက်မှာ လွတ်နေတဲ့နေရာလေးကိုခနခနလှည့်ကြည့်မိတယ်။

ညစာကြည့်ချိန်မှာသူစာကြည့်နေတုန်း ချန်ယွဲ့က ပျင်းပျင်းရိရိနဲ့ဖုန်းကစားရင်းသူ့ကိုကြည့်ပီး နှာမှုတ်တယ် "ခွေးကောင်လုမရှိတော့ မင်းမပျင်းဘူးလား?"

သူခေါင်းလှည့်လိုက်တယ်။ သူ့ရဲ့စိတ်ကိုပုတ်ပီးအနှိုးခံလိုက်ရသလိုပဲ သူ့ရဲ့အမူအရာကနည်းနည်းပုံမှန်မဟုတ်ပေမဲ့ သူ့ရဲ့အသံကတော့ပြောင်းလဲမှုမရှိဘူး "ငါလားပျင်းမှာ ငါကဘယ်တော့မှမပျင်းဘူး"

ချန်ယွဲ့ကသူဒီလိုတုံ့ပြန်မယ်လို့ထင်မထားဘူး။ နည်းနည်းအံ့ဩသွားပီးတဲ့နောက်မှာ သူကပြုံးပီးပြောလိုက်တယ် "သူကတော့အတော်လေး​ပျင်းနေတယ် ငါမနေ့ညက league of legends ကစားသေးတယ် သူကမနက်စောစောပိုင်းနာရီတွေမှာ​တောင် ဂိမ်းကစားနေတာ သူ့ကြည့်ရတာအိပ်မပျော်ဘူးထင်တယ်"

သွမ့်ကျားရန်ကအဲ့တာကိုကြားတော့ တိုးတိုးလေးပြောတယ် "မင်းလဲအဲ့တာဖြစ်ဖူးမှာပဲ အရမ်းမသက်မသာဖြစ်တာလား?" အိပ်ရေးရောပျက်လား?

"တကယ်မသက်သာဘူး ငါ susceptible ဖြစ်တဲ့အချိန်တိုင်း နောက်စက္ကန့်အတွင်းမှာပဲ ငါကလူမှုရေးတွေနဲ့ဆန့်ကျင်နေတယ်လို့ခံစားရတယ်" ချန်ယွဲ့ကတစ်ခုခုကိုတွေးမိသွားတယ် "နောက်ဆုံးအကြိမ် ခွေးကောင်လု susceptible ဖြစ်တုန်းကဆို ငါတို့ bar ကိုသွားခဲ့တာ အဲ့တုန်းကသူရန်ဖြစ်ပီး အရိုးတွေချိုးပစ်တာ"

စုန့်ရိကအဲ့တာကိုကြားတော့ စပ်စပ်စုစုဝင်မေးတယ် "အတန်းခေါင်းဆောင်ကအရမ်းကြမ်းတယ်လား?"

ချန်ယွဲ့ကခေါင်းညိမ့်ပြတယ် "သူကအမြဲတမ်းလိုလို ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကောင်းတယ် susceptibility ကာလမှာသူကအရမ်းစိတ်ဓာတ်ကျတတ်တယ် သူကကမောက်ကမဖြစ်သလို ကြောင်တောင်တောင်ဖြစ်နေသလိုခံစားရမယ် မင်းတို့နားလည်လား?"

ချန်ယွဲ့ကပြောပီး​တော့ သွမ့်ကျားရန်ကိုကြည့်လိုက်တယ် "ဘာပဲဖြစ်ဖြစ်ပါ သူက susceptibility ကာလရောက်နေတဲ့အတွက်သူနဲ့ဝေးဝေးမှာ​နေသင့်တယ် သူကမင်းကိုတွေ့ရင် တိုက်ရိုက်ကြီး ပြစ်မှုကျူးလွန်မိလိမ့်မယ်လို့ငါထင်တယ်"

သွမ့်ကျားရန်ခနလောက်တိတ်ဆိတ်သွားတယ်။

လုရှင်းစစ် susceptible ဖြစ်နေတုန်းကသူတို့နှစ်ယောက်အတူတူရှိနေရုံတင်မကဘူး တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်နေခဲ့တာကိုချန်ယွဲ့မသိဘူး။

စုန့်ရိကလုရှင်းစစ် susceptible ဖြစ်တဲ့အကြောင်းအရာတစ်ခုလုံးကိုရှန်းချီလျင့်ဆီကကြားပီးသားဖြစ်တယ်။ အဲ့ဒီအချိန်မှာ စုန့်ရိကဘေးကိုလှည့်လာပီး သွမ့်ကျားရန်ကိုတိုးတိုးလေးပြောတယ် "တကယ်တော့ အတန်းခေါင်းဆောင်ကမင်းကိုခနလေးပဲဖက်ထားတာ အဲ့တာနည်းနည်းသာမန်မဟုတ်ဘူးလို့ ငါလဲထင်တယ်"

သွမ့်ကျားရန်: "????"

သွမ့်ကျားရန်ကအမှန်အတိုင်းပဲမေးလိုက်တယ် "မင်းကသူ့ကိုဘယ်လိုထင်လို့လဲ?"

စုန့်ရိ: "မင်းကတစ်ကိုယ်ရေးကျန်မာရေးအတန်းကိုနားမထောင်ဘူးတော့ မင်းနားမလည်ပါဘူးကွာ"

စုန့်ရိ: "အဲ့ဒီရက်တွေကတောက်လောင်နေပီး mark ပေးရုံလောက်ဆိုမဆိုးဘူးလို့ပြောရမယ်"

သွမ့်ကျားရန်: " ... "

သွမ့်ကျားရန်ကသူ့ရဲ့တည့်တိုးပြောဆိုမှုကြောင့်မထိန်းနိုင်ဘဲတိုးတိုလေးပြောလိုက်တယ် "Fu*k မင်းတစ်နေ့လုံးဘာတွေပဲတွေးနေတာလဲ?"

စုန့်ရိကသူ့ကိုခနလောက်စိုက်ကြည့်ပီးသက်ပြင်းချလိုက်တယ်။

အဲ့ဒီသက်ပြင်းချတဲ့အငွေ့အသက်ထဲမှာ နည်းနည်းစိတ်ဆိုးတာနဲ့ ငြင်းဆန်လို့မရဘူးဆိုတဲ့အငွေ့အသက်တွေပါနေတယ်။ သွမ့်ကျားရန်ကသူသက်ပြင်းချတာကိုဘာမှမတုံ့ပြန်ဘူး။ စုန့်ရိကသူ့ကို​ချစ်စရာကောင်းစွာ​ကြည့်တယ် "မင်းပြောပါအုံး မင်းဘယ်အချိန်မှအရွယ်ရောက်လာမှာလဲ?"

သွမ့်ကျားရန်ကသူ့ရဲ့ကြက်သီးထစရာအသံ​ကြီးကြောင့်စိတ်ညစ်သွားတယ်။သူစုန့်ရိကိုခြိမ်းခြောက်တဲ့အကြည့်နဲ့ကြည့်ပေးလိုက်တယ်။တစ်ဖက်လူကတော့ ဘာတွေဖြစ်လဲမသိဘဲ ပြုံးပြပီးလက်ရမ်းပြတယ်။

လုရှင်းစစ်ကျောင်းလာတဲ့နေ့မှာတော့ သွမ့်ကျားရန်​နောက်ကျမှအိပ်ယာနိုးပီး အတန်းထဲက self-study ချိန်တစ်ဝက်လောက်မှရောက်လာတယ်။

သူကအကျင့်အတိုင်းသူ့နောက်ကခုံကိုကြည့်လိုက်တော့ ကောင်လေးကမေးခွန်းတွေကြည့်နေတာတွေ့တယ်။ သွမ့်ကျားရန်ကသူအမြင်မှားတယ်လို့တွေးပီးထိုင်လိုက်တယ်။

သူကခုံစောင်းထဲchocolate cake ​ဗူးလေးယူလိုက်ပီး ခေါင်းလေးငုံ့လိုက်တယ်။

တစ်စုံတစ်ယောက်ကသူ့နောက်ကနေပခုံးကိုလှမ်းပုတ်တယ်။

"မင်းမနက်စာမစားရသေးဘူးလား?"

သွမ့်ကျားရန်သူ့ကိုခေါင်းညိမ့်ပြလိုက်တယ်။

သွမ့်ကျားရန်နောက်ကိုမှီလိုက်ပီး သူ့ထိုင်ခုံကိုလုရှင်းစစ်စားပွဲဘေးကိုရွှေ့လိုက်တယ် "မင်းအချိန်တိုင်းဂိမ်းကစားနေတာဘယ်နှရက်တောင်လဲ?"

"ငါအိပ်မပျော်လို့" လုရှင်းစစ်: "ချန်ယွဲ့ပြောတာလား?"

သွမ့်ကျားရန်ခေါင်းညိမ့်လိုက်တယ် "သူကမင်းကို league of legends မှာတွေ့တယ်တဲ့"

ဆရာကစင်ပေါ်မှာထိုင်နေတဲ့အတွက် လုရှင်းစစ်ရဲ့အသံကဖွဖွလေးနဲ့​ဖြည်းဖြည်းလေးရယ်။

"မင်းရောဒီရက်တွေအတွင်းအခြေအနေဘယ်လိုလဲ?" သူကသူ့ကိုထပ်မေးတယ် "မင်းငါ့ကိုမလွမ်းဘူးလား?"

သွမ့်ကျားရန်က ပက်ခနဲပြန်လည်ချေပတယ် "မင်းကငါ့ကိုဘယ်လိုလုပ်စေချင်​နေတာလဲ?"

လုရှင်းစစ်ပတ်လည်လှည့်ပီးပြောနေတယ် "မင်းငါ့ကိုလွမ်းနေတယ်လို့တွေးလိုက်လို့ရတယ်မလား?"

သွမ့်ကျားရန်ကသူ့ကိုတိတ်တဆိတ်ကြည့်လိုက်တယ်။

လုရှင်းစစ်ပုံစံကလက်သင့်ခံနိုင်စရာကောင်းပီး တကယ် သနားစရာကောင်းပုံပေါ်နေတယ် "အဲ့ဒီရက်တွေကငါ့အတွက်တော့ခါးသက်လွန်းတယ်"

" ... " သွမ့်ကျားရန်အကြာကြီးတိတ်သွားတယ်။

သူကခုံစောင်းထဲသစ်သီးချိုချဥ်လေးထုတ်ပီး လုရှင်းစစ်စားပွဲပေါ်တင်ပေးလိုက်တယ်။

"မင်းကိုပေးတာ" သွမ့်ကျားရန်​ကပြောလိုက်တယ် "Summoner Canyon ကနေဒုတိယကျောင်းသားလေးပြန်ဖြစ်လာလို့"

နောက်တန်းကလူကသူ့ကိုကြည့်ပီ သကြားလုံးလေးကိုယူလိုက်တယ်။ ပီးတော့အခွံချွတ်လိုက်ပီးသူ့ကိုပြုံးပြတယ်။

ကျောင်းပိတ်ရက်ရဲ့ နေ့လည်ခင်းမှာ ကျောက်မင်ကျွင်းက​လူတိုင်းကို ​ကျောင်းကနေရုပ်ရှင်ကြည့်ဖို့ခေါ်သွားတယ်။

ရုပ်ရှင်မကြည့်ခင်နေ့တုန်းကကျောက်မင်ကျွင်းကကျောင်းသားတွေကို နာမည်မပါဘဲ note လေးတွေရေးခိုင်းပီး vote အများဆုံးဇာတ်ကားကိုရွေးတယ်။ နောက်ဆုံးမှာအတိုကောက်ရေးထားတဲ့ စိတ်လှုပ်ရှားစရာthrillerကားတစ်ခုကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

ဒီဇာတ်ကားကလတ်တလောအတွင်းမှာအရမ်းကျော်​ကြားနေပီးတော့ vote အများဆုံးရတာမထူးဆန်းပါဘူး။ သွမ့်ကျားရန်ကရွေးချယ်ခံရတဲ့ဇာတ်လမ်းကိုကြည့်လိုက်ပီး လုရှင်းစစ်ကိုတခါပြန်ကြည့်လိုက်တယ် "မင်းဒါကိုတွေ့လား? ဒီထဲမှာဆိုကြောက်စရာကောင်းတာတွေပါတယ်"

သရဲအိမ်ထဲဝင်တုန်းကလုရှင်းစစ်ပြောတဲ့သနားစရာကောင်းတဲ့စကားတွေကိုမှတ်မိနေတုန်းပဲ။ အဲ့ဒီအပြင် ဇာတ်ကားရဲ့ review ကိုကြည့်ရုံနဲတင်အတော်လေးလန့်စရာကောင်းတယ်။

အတန်းပီးသွားတော့ ကျိုးရှင်ချန်းကချန်ယွဲ့ကိုရှာနေတယ်။သူကအများကြီးမတွေးဘဲ စူးစမ်းနေတယ် "သူမကြည့်နိုင်တဲ့တစ်ခုခုများရှိလို့လား? သူကအဲ့လိုမျိုးကိုမကြောက်ဘူးငါတို့ညလယ်ကြီးမှာလေThe Dead ကိုကြည့်တာလေ လုကောကတကယ်ကြီးပြုံးနေတာဗျ–Ah! ချန်ယွဲ့မင်းဘာ​လုပ်တာလဲ?!"

လု​ရှင်းစစ် ကျိုးရှင်ချန်းကိုစိုက်ကြည့်နေပီး သူ့ရဲ့အမူအရာကလဲမှေးမှိန်သွားတယ်။

ခနလောက်တော့ သူချန်ယွဲ့လိုလုပ်ပစ်ချင်သွားတယ် ဒီဉာဏ်နည်းတဲ့ကောင်ကို။

သွမ့်ကျားရန်: "အဲ့တာကိုကြည့်တာ အာ့ဆို?"

ကျိုးရှင်ချန်းကရပ်ဖို့နောက်ကျသွားပီမှန်းသိလိုက်တယ်။ သူ့စိတ်ထဲမှာ ကစားကွင်းထဲကပုံရိပ်တစ်ခုနှစ်ခုကဖြတ်ခနဲပေါ်လာပီး ကစားကွင်းထဲကသူ့ရဲ့အရင်အတွေ့အကြုံကိုသတိရသွားတယ်။ သူဖွင့်ပြလိုက်မိပီဆိုတာကိုနားလည်လိုက်တော့ကျိုးရှင်ချန်ရဲ့အသံကရပ်သွားပီး သူ့ရဲ့အမူအရာကလဲကြောက်ရွံ့​ပုံပေါ်လာတယ်။

သွမ့်ကျားရန်ကစေ့စေ့စပ်စပ်နားလည်သွားပီး သူကလုရှင်းစစ်ကိုကြည့်လိုက်တယ် "မင်းကသရုပ်ဆောင်လား?"

အတန်းပီးတဲ့ခေါင်းလောင်း​သံမြည်လာတဲ့အခါမှာတော့ သွမ့်ကျားရန်ကတုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လှည့်သွားတယ်။

သူသရဲအိမ်တုန်းကနေ့ကိုသတိရသေးတယ်။ သရဲမကတံခါးအပြင်ဘက်​ကနေကုတ်ခြစ်နေပီး သူနဲ့လုရှင်းစစ်နဲ့အဝတ်ဗီရိုကြီးထဲမှာ ဆယ်မိနစ်တောင်နေခဲ့ရတာ။ တစ်ဖက်လူကသူ့ရဲ့မျက်လုံးတွေကိုစိုက်ကြည့်နေပီး သူ့ကိုစားဖို့ဆန္ဒရှိပုံပေါ်တဲ့အမူအရာတွေဖော်ပြနေခဲ့တာ။

အဲ့တာကလုရှင်းစစ်ကအဲ့ဒါအတွက် သရဲကြောက်တယ်ဆိုပီးသူ့ကိုလိမ်ညာခဲ့တာပေါ့။

သွမ့်ကျားရန်ပိုပီးရှုပ်ထွေးလာပေမဲ့ စိတ်မဆိုးမိဘူး။ သူကအဲ့လိုအရာတွေကိုလုပ်နိုင်တယ်ဆိုပီးခံစားမိရုံပဲ။

အဲ့ဒီအပြင်သူ့စိတ်ထဲမှာ နည်း​နည်းလေးရှက်ရွံ့သလိုမျိုးလေးလဲရှိနေတယ်။

သွမ့်ကျားရန်လှည့်သွားတာကိုတွေ့တော့ လုရှင်းစစ်ကရှင်းပြဖို့ရည်ရွယ်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ သူ့လက်ကိုပြန်ရုတ်သိမ်းလိုက်တယ်။

သူမေးစေ့လေးကိုကိုင်လိုက်ပီး သက်ပြင်းချလိုက်တယ်။

လုရှင်းစစ်ရဲ့​အကြည့်တွေကဘေးနားမှာ တုံးတုံးအအရပ်နေတဲ့ကျိုးရှင်ချန်းအပေါ်ကိုရောက်သွားပီး မျက်ခုံးပင့်လိုက်တယ်။

သူကစကား​မပြောပေမဲ့သူ့မျက်နှာအမူအရာကတော့ စကားလုံးတွေကိုတိတိကျကျဖော်ပြနေတယ်။

အခုထိမသွားသေးဘူးလား?

ကျိရှင်ချန်းက နှလုံးသားရဲ့ဟိုးအောက်ဆုံးကနေတောင် ကြောက်ရွံ့သွားပီး သူ့ထိုင်ခုံဆီကိုပြေးတော့တယ်။

ကျိုးရှင်ချန်းကထိုင်ခုံကိုပြန်ရောက်တော့ ပိုပီးထိုင်နေလေလေပိုပီးခက်ခဲသလိုလိုခံသားဏလေပဲ။ သူလုရှင်းစစ်ကိုမပြောရဲတော့ ချန်ယွဲ့ကိုဘဲရှာလိုက်တယ် [ယွဲ့! ယွဲ့အာ! ငါတော့သေပီထင်တယ်!]

ချန်ယွဲ့: [အေး မင်းတော့သေပီပဲ...]

ကျိုးရှင်ချန်း: [...]

ချန်ယွဲ့: [ရိုရိုးသားသားအကြံပြုမယ် မင်းခုလောလောဆယ်သူ့ရှေ့ပေါ်မလာရင်ကောင်းမယ်]

ကျိုးရှင်ချန်းကထိန်လန့်နေတယ် ဒါပေမဲ့လဲ မှားနေတယ်လို့ခံစား​ရတယ် [လုကောကဘာလို့သွမ့်ကျားရန်ကိုအခွင့်အရေးယူတာလဲ?သူကလုကောနဲ့ဘာမှမဆိုင်ဘူးလေ]

ချန်ယွဲ့ကသူ့ကိုဂရုစိုက်ဖို့ပျင်းရိနေပီး လက်လေးမြှောက်ပီး full stop တွေပဲနှိပ်လိုက်တယ်။

ရိကျုံးနားမှာ ရုပ်ရှင်ရုံတစ်ခုရှိတယ်။ သက်သောင့်သက်သာ​ဖြစ်စေဖို့အတွက်ကျောက်မင်ကျွင်းတဲ့ကသင့်တော်တဲ့ထိုင်ခုံနေရာတွေစီစဥ်ပေးထားတယ်။

သွမ့်ကျားရန်နဲ့စုန့်ရိကတံခါးကနေအတူတူဝင်လာတယ်။ သူတို့ကိုတွေ့တော့ ကျိုးရှင်ချန်းကလက်ဝှေ့ရမ်းပြတယ် "ဒီဘက်မှာ"

အဲ့ဒီမှာလုရှင်းစစ်လဲရှိနေမှန်းသွမ့်ကျားရန်သိတယ်။ သူနေရာကိုနည်းနည်း​ကြည့်လိုက်ပီး လုရှင်းစစ်နဲ့မထိုင်ရဖို့ဆုံးဖြတ်လိုက်တယ်။

သူတွေးနေတုန်းမှာ စုန့်ရိကနေရာယူပီးသွားပီ။ သူကလုရှင်းစစ်ရဲ့ဘေးတစ်ခုံကျော်မှာဣန္ဒြေမပျက်ထိုင်နေပီး သွမ့်ကျားရန်ထိုင်ဖို့နေရာချန်ပေးထားတယ်။

နေရာလွတ်တစ်ခုပဲကျန်တော့တယ်။

သွမ့်ကျားရန်: " ... "

သူတစ်လှည့်ပြန်စဥ်းစားလိုက်တယ်။ လုရှင်းစစိကသူ့ဆီကဘာမှလုယူမနေသလို သူ့ပိုက်ဆံပျောက်အောင်လုပ်နေတာလဲမဟုတ်ဘူး။ သူ့ဘေးထိုင်လဲပြဿာနာကြီးကြီးမားမားမှမဟုတ်တာဆိုပီးတွေးလိုက်တယ်။

သွမ့်ကျားရန်ကအဲ့တိုင်းတွေးပီး ထိုင်ခုံမှာပြတ်ပြတ်သားသားထိုင်လိုက်တယ်။

သူထိုင်လိုက်တဲ့အခါမှာ သူ့ဘေးကကောင်လေးကလက်ထဲက ပေါက်ပေါက်ဗူးကိုသူ့ဆီကိုကမ်းပေးလာတယ် "စားမလား?"

သွမ့်ကျားရန်ခေါင်းခါလိုက်တယ် "မစားတော့ဘူး"

လုရှင်းစစ်ကအတင်းမတိုက်တွန်းတော့ဘဲ ပေါက်ပေါက်ဗူးလေးကိုပြန်ယူသွားတယ်။

ဇာတ်ကားကစလာနေပီ။

ဒါကရှုပ်ထွေးတဲ့ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်းရိုက်ထားတဲ့ရုပ်ရှင်ကတစ်ကားဖြစ်တယ်။ သွမ့်ကျားရန်အတွက်တော့ဒီဇာတ်ကားက energetic ဖြစ်ပေမဲ့ ပြစ်မှုကျူးလွန်လွန်းရုံသာမက အရမ်းမရှင်းလင်းဘူး။သူသေးငယ်တဲ့အသေးစိတ်အကြောင်းအရာလေးတွေကိုလွတ်သွားတယ်လို့ခံစားရတယ်။

သွမ့်ကျားရန်စုန့်ရိကိုတွန်းပီး တိုးတိုးလေးပြောတယ် "အခုလေးတင်ပေါ်လာတဲ့ဓာတ်ပုံဘောင်လေ,အမျိုးသမီးကြီးရဲ့မျက်နှာပေါ်မှာသွေးတွေရှိလား?"

စုန့်ရိကသူ့ထက်တောင်အံ့ဩနေတဲ့ပုံပေါက်တယ် "မင်းဘာ​ကိုပြောနေတာလဲ?"

သွမ့်ကျားရန်: " ... "

"အမျိုးသမီးကြီးက ပထမဆုံး victim ရဲ့ပထမဇနီး သူကအရင်တုန်းကရဲကို အင်တာဗျူးတဲ့သတင်းထောက်တစ်ယောက်ဆိုလဲဟုတ်တယ် သူကလူသတ်သမါးကိုသတိမထားမိပဲ ဓာတ်ပုံရိုက်မိသွားတာ" ကြောက်ရွံ့မှုကအခြားသူတွေအပေါ်ကိုလွှမ်မိုးနေပေမဲ့လဲ လုရှင်းစစ်ရဲ့အသံကတော့ပေါ့ပါးတယ် "သွေးကလူသတ်သမားရဲ့သွေး အရိပ်အမြွက်ပြတာတွေကအနောက်မှာကျန်ခဲ့ပီ"

သွမ့်ကျားရန်ကကသူ့ဘေးကကောင်လေးရှင်းပြတာကိုကြားပီး ဇာတ်ကြောင်းကိုနားလည်သွားတော့ သူကနည်းနည်းစိတ်မပါတော့သလိုခံစားရတယ်။

သူကမောက်မောက်မာပဲမေးလိုက်တယ် "ငါနားမလည်ဘူးလို့မင်းထင်နေတာလား?"

လုရှင်းစစ်: "မဟုတ်ပါဘူး ငါက–" သူ့ကိုပြောမလို့လုပ်နေတဲ့စကားတွေတောင်မဆုံးသေးဘူး။

သွမ့်ကျားရန်ကထပ်ပြောလိုက်တယ် "ငါတကယ်နားမလည်ဘူး"

လုရှင်းစစ်: " ... "

သွမ့်ကျားရန်: "မင်းကဘယ်လိုတောင်အရမ်းတော်နိုင်ရတာလဲ? ကြည့်ပါအုံးအကုန်လုံးမင်းသိနေတာချည်းပဲ ချက်ချင်းတုန့်ပြန်နိုင်​တာကတော့ ပထမတန်းစားပဲ အတင့်ရဲပီးဂရုစိုက်တာတွေတင်မကဘူး မယုံနိုင်စရာကောင်းတာတွေကိုလဲမင်းလုပ်နိုင်တာပဲ"

လုရှင်းစစ်: " ... "

အဲ့ဒီစကားကသူ့ကိုချီမွမ်းနေတယ်ဆိုပေမဲ့ နားထောင်ကြည့်ရင် အတင်းကြီးလုပ်ယူထားသလိုပဲ။

လုရှင်းစစ်ကတိတ်တိတ်လေးအကြောင်းအရာကိုပြောင်းလိုက်တယ် "ငါအဲ့တာကိုခနလောက်နားမလည်တော့သလိုပဲ ငါတို့ဆွေးနွေးကြည့်မလား?"

သွမ့်ကျားရန်ကဘာမှမပြောတော့ဘူး။

ဇာတ်လမ်းကအံ့ဩစရာအခိုက်အတန့်ကိုရောက်လာတဲ့အချိန်မှာသွမ့်ကျားရန်စပီး ရှုပ်ထွေးလာတယ်။

သူရူးကြောင်ကြောင်ပုံစံနဲ့စုန့်ရိကိုအရင်ကြည့်လိုက်တော့ မျှော်လင့်လို့မရမှန်းသိသွားတယ်။ သွမ့်ကျားရန်ကမထိန်းနိုင်ဘဲလုရှင်းစစ်ရှိနေတဲ့ဘက်ကိုမျက်နှာမူလိုက်ပီး သူ့ခေါင်းကိုပြန်လှည့်ဖို့ခက်ခဲသွားတယ်။

သူနည်းနည်းလေးလှုပ်ရှားနေတာကိုသတိပြုမိတော့ လုရှင်းစစ်ကသူ့ဘက်ကိုလှည့်လာတယ်။

ရုပ်ရုံရုံထဲကဇာတ်ကားရဲ့အသံတွေကအရမ်းအံ့အားသင့်စရာကောင်းတယ်။ အဲ့ဒီလိုဆူညံနေတဲ့ပတ်ဝန်းကျင်မှာကောင်လေးရဲ့ အသံနိမ့်နိမ့်လေးကရှင်းလင်းပီးပေါ့ပါးတယ်။

"လူသတ်သမားကအစတုန်းကရဲအိုကြီးကိုသတ်ဖို့အစီအစဥ်ဆွဲထားတာ အဲ့ဒီရဲရဲ့အချိန်ဇယားကိုသူ့အခန်နံရံမှာကပ်ထားတယ်ဒါပေမဲ့နောက်ပိုင်းမှာ သူကမှုခင်းဆရာဝန်နဲ့အခြေအနေကိုက်ညီမှုရှိတယ်ဆိုတာတွေ့သွားပီး သူ့ရဲ့ပစ်မှတ်ကိုပြောင်းလိုက်တာ" လုရှင်းစစ်: "လူသတ်သမားကသူတို့နဲ့ရင်းနှီးမှုရှိတယ်​ အနည်းဆုံးတော့ သူတို့တွေကသူ့ကိုမကြာခဏတွေ့ဖူးတယ်"

သွမ့်ကျားရန်ကအာရုံစိုက်နေပီး ဇာတ်ကြောင်းကိုနားလည်ဖို့ သူ့ရဲ့ logic အတိုင်းလိုက်စဥ်းစားနေတယ်။သူကသဲလွန်စတော်တော်များများကိုနားလည်ချင်ပီးတော့ သုံးသပ်တဲ့အတွေ့အကြုံကလဲချွန်မြလာတယ်။

သွမ့်ကျားရန်ခေါင်းညိမ့်လိုက်တယ်။

သူ့ဘက်ကနေငြိမ်ငြိမ်လေးတုန့်ပြန်နေပီးလုရှင်းစစ်တွေ့​တော့ သွမ့်ကျားရန်ရဲ့ရိုးတို့ရှန်းတန်းခံစားချက်တွေကတဖြည်းဖြည်းပျောက်ကွယ်သွားပီမှန်းသူခံစားလို့ရတယ်။

​အမွှေး​ထူထူကြောင်လေးတစ်ကောင်လိုပဲ သူနည်းနည်းသက်သောင့်သက်သာဖြစ်သွားတယ်။

သူနားမလည်တဲ့နေရာရောက်တော့ သွမ့်ကျားရန်ကခေါင်းထောင်လာပီးအကျင့်အတိုင်းသူ့ဘေးကိုလှည့်ကြည့်လိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ သူဘေးကလူကဘာစကားမှမပြောတော့ဘူး။

သွမ့်ကျားရန်ကမထိန်းနိုင်ဘဲ သူ့ကိုဘေးတိုက်မေးလိုက်တယ် "မင်းဘာလို့မပြောတော့တာလဲ? မင်းလဲနားမလည်ဘူးလား?"

Screen အကြီးကြီးပေါ်ကအလင်းရောင်ကလုရှင်းစစ်ရဲ့မျက်နှာပေါ်ကိုကျနေပီး သူ့ရဲ့မျက်တောင်လေးတွေကအောက်လေးကိုကျနေပီး သူ့မျက်လုံးလေးတွေကလဲကြည်လင်နေတာပဲ။

ဒီရှုထောင့်ကနေဆိုရင် မျက်လုံးပုံစံလေးကနည်းနည်းခြားနားသွားပီး မက်မွန်ပွင့်လိုလေးဖြစ်သွားတယ်။

"ငါတွေး​နေတာ ငါမင်းကိုအရင်တုန်းကမလိမ်ခဲ့သင့်ဘူး" သူကခနရပ်သွားတယ် "ဒါပေမဲ့ အဲ့တာကငါမင်းကိုနှောင့်ယှက်ချင်လို့မဟုတ်ပါဘူး"

သွမ့်ကျားရန်: "...ငါစိတ်မဆိုးပါဘူး"

သူ့အောက်နှုတ်ခမ်းစွန်းလေးကိုလျှာလေးနဲ့သပ်လိုက်တယ် "ဒီတိုင်းနည်းနည်းမသက်မသာဖြစ်ရုံပဲ"

သူ့​ဘက်ကလျှော့ပေးတာကိုတွေ့တော့ လုရှင်းစစ်ရဲ့မျက်လုံးလေးတွေကနူးညံ့သွားတယ်။

"အင်းပါ မင်းစိတ်မဆိုးဘူးဆိုတာငါသိပါတယ်" သူ့အသံကမနိမ့်မမြင့်လေးကိုမှ အချိန်ခနကြာမှ "ဘာလို့ဆို မင်းကသွမ့်ကျားရန်လေ"

သူ့ရဲ့အဆွယ်ကောင်းမှု​ကြောင့်သွမ့်ကျားရန်ကစိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရရော သက်သက်သာသာဖြစ်သွားတယ်။

လုရှင်းစစ်ကခြောက်ပြစ်ကင်းသဲလဲစင်တယ် လို့သူခံစားရတယ်။ သူအဲ့တာကိုပြန်ပီးမချေပနိုင်နိုင်ဘူး ပီးတော့ဒီတိုင်းလဲလျစ်လျူမထားနိုင်ဘူး။

နည်းနည်းတော့ကို့ရို့ကားယားဖြစ်တာပေါ့။

သွမ့်ကျားရန်အတည်ကြီးပြောလိုက်တယ် "လုကော ငါကဘယ်လိုလူသားလဲ ဆိုတဲ့ခေါင်းစဥ်နဲ့မင်းစာအုပ်ထုတ်ခဲ့ရင် ငါဝယ်ကိုဝယ်မယ်"

ရုပ်ရှင်ရုံထဲကထွက်လာတော့ သွမ့်ကျားရန်ကmilk tea ဝယ်ချင်တယ်။ လုရှင်းစစ်ကသူ့နောက်ကနေလိုက်လာပေးတယ်။

ကျိုးရှင်ချန်းကသူတိူ့နှစ်ယောက်အတူတူထွက်သွားပီး အရှေ့ကိုရောက်ဖို့ဆန္ဒရှိနေတာကိုတွေ့လိုက်တယ် "မင်းတို့ပြန်တည့်..."

ချန်ယွဲ့ကဒီအရူးကောင်းကိုချုပ်ထားပီး​ မျက်လုံးကနေတဆင့် ပါးစပ်မဟဖို့အချက်ပြလိုက်တယ်။

Milk teaမှာတဲ့အခါမှာ သွမ့်ကျားရန်ကဆိုင်ရဲ့ signboard ကိုကြည့်ပီးမှာလိုက်တယ်။

လုရှင်းစစ်ကဒီလိုအရာမျိုးတွေသောက်ရတာတကယ်သဘောမကျဘူး။ သူကခနလောက်ပဲဖြစ်ဖြစ်သွမ့်ကျားရန်နဲ့အတူရှိနေချင်ရုံပဲ။ သူကပေါ့ပေါ့ပါးပါးပဲပြောလိုက်တယ် "သူ့လိုပဲ"

သူတို့နှစ်ယောင်လုံးကကောင်းကောင်းမွန်မွန်လေးကြီးပြင်းလာတာဆိုတော့ အရောင်းစာရေးလေးကမထိန်းနိုင်ပဲသူတို့ကိုထပ်ထပ်ပီးကြည့်နေတယ်။

မသွားခင်မှာအရောင်စားရေးလေးကကြင်ကြင်နာနာသတိပေးတယ် "ကျွန်မတို့မိသားစုရဲ့ milk tea ပူအောင်လုပ်ထားတာပါ သောက်တဲ့အခါမှာဂရုစိုက်ပါ အပူလောင်နေမယ်​"

သွမ့်ကျားရန်ကကျေးဇူးတင်ကြောင်းပြောခဲ့တယ်။

ဒါပေမဲ့သူထွက်လာတဲ့အခါမှာတော့​အရောင်းစားရေးလေးရဲ့စကားကိုစိတ်ထဲမထားတော့ဘူး။ သူကပိုက်လေးကိုခွက်ထဲထည့်လိုက်ပီး ကြုံသလိုတစ်ငုံစုပ်လိုက်တယ်။

အဲ့ဒီအချိန်မှာသွမ့်ကျားရန်ထွေးထုတ်မိလုနီးပါးပဲ။

လုရှင်းစစ်ကမေးလာတယ် "အဲ့တာကပူတယ်လား?"

သွမ့်ကျားရန်ကပူနေတာကိုသည်းခံပီးမျိချလိုက်တယ်။ ဒီလိုအရာမျိုးက သူ့ကိုပါအတူဆွဲခေါ်ရမယ်လို့သူတွေးမိတယ်။ သွမ့်ကျားရန်ကသူ့ကိုမလှည့်စားနိုင်မှာစိုးလို့ သူပြောတဲ့အခါမှာ acting skill တွေထုတ်သုံးလိုက်တယ် "မပူဘူး"

လုရှင်းစစ်ကအများကြီးတွေးမနေတေယ့ဘဲ ပိုက်လေးထည့်ပီး တစ်ငုံသောက်လိုက်တယ်။

ခန​ကြာတော့ သူ့ရဲ့မျက်လုံးလေးတွေကနည်းနည်းပြူးလာပီး သူ့မျက်လုံးတွေကထူးဆန်းတဲ့အကြည့်တစ်ခုဖော်ပြလာတယ်။

ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ သူကသွမ့်ကျားရန်ကစားတာခံလိုက်ရတယ်။သူ​သွမ့်ကျားရန်ကိုကြည့်လိုက်တယ်။

"Hahahahahahahahahahahahahaha" သွမ့်ကျားရန်ကသူ့ရဲ့အူလည်လည်ပုံစံလေးကိုမြင်တော့ မထိန်းနိုင်တော့ပဲ စရီတော့တယ်။

လုရှင်းစစ်က milk tea ကိုအတင်းမျိုချလိုက်တယ်။ သူ့ရဲ့လျှာဖျားလေးမှာတွေမှာအပူလောင်သွားလို့အဖုပိစိလေးတွေတောင်ထွက်နေပီ "မင်းတမင်သက်သက်လုပ်တာလား?"

"ငါလဲအရမ်းပူသွားတာ" သူကမရိုးမသားရယ်လိုက်တယ်။ သူ့မျက်နှာကဆိုးရွားနေတယ် "ငါနည်းနည်းစိတ်လှုပ်ရှားနေတာ ကံကောင်းလို့မင်းကိုငါလိမ်နိုင်ခဲ့​ပီကွ"

လုရှင်းစစ်ကကသူ့ကိုကျေးဇူးတင်လိုက်ပီး သူ့ကိုပြုံးတုံးတုံလေး​ကြည့်နေလိုက်တယ်။

"ဟေး လုရှင်းစစ်" ရုတ်တရပ်သွမ့်ကျားရန်ကသူ့ကိုလှမ်းအော်တယ်။

သွမ့်ကျားရန်ကသူ့လက်​ထဲကပူနေတဲ့ milk tea ကိုလှုပ်နေတာကိုတွေ့တယ်။

"ငါလဲမင်းကိုတစ်ခါလိမ်ပီးသွားပီ ငါတို့ညီတူညီမျှဖြစ်သွားပီ"

✨——————✨

Zawgyi

လုရွင္းစစ္ကရက္အနည္းငယ္ေလာက္​ေက်ာင္းမလာခဲ့ဘူး။

ပထမတစ္ရက္မွာေတာ့ သြမ့္က်ားရန္မွာ ဘာအေတြးမွမရွိဘူး။ ဒုတိယေန႔ေလးပုံမွန္အတိုင္းပဲ။ တတိယေန႔ေရာက္ေတာ့ သြမ့္က်ားရန္က သူ႔ေနာက္မွာ လြတ္ေနတဲ့ေနရာေလးကိုခနခနလွည့္ၾကည့္မိတယ္။

ညစာၾကည့္ခ်ိန္မွာသူစာၾကည့္ေနတုန္း ခ်န္ယြဲ႕က ပ်င္းပ်င္းရိရိနဲ႔ဖုန္းကစားရင္းသူ႔ကိုၾကည့္ပီး ႏွာမွုတ္တယ္ "ေခြးေကာင္လုမရွိေတာ့ မင္းမပ်င္းဘူးလား?"

သူေခါင္းလွည့္လိုက္တယ္။ သူ႔ရဲ့စိတ္ကိုပုတ္ပီးအႏွိုးခံလိုက္ရသလိုပဲ သူ႔ရဲ့အမူအရာကနည္းနည္းပုံမွန္မဟုတ္ေပမဲ့ သူ႔ရဲ့အသံကေတာ့ေျပာင္းလဲမွုမရွိဘူး "ငါလားပ်င္းမွာ ငါကဘယ္ေတာ့မွမပ်င္းဘူး"

ခ်န္ယြဲ႕ကသူဒီလိုတုံ႔ျပန္မယ္လို႔ထင္မထားဘူး။ နည္းနည္းအံ့ဩသြားပီးတဲ့ေနာက္မွာ သူကျပဳံးပီးေျပာလိုက္တယ္ "သူကေတာ့အေတာ္ေလး​ပ်င္းေနတယ္ ငါမေန႔ညက league of legends ကစားေသးတယ္ သူကမနက္ေစာေစာပိုင္းနာရီေတြမွာ​ေတာင္ ဂိမ္းကစားေနတာ သူ႔ၾကည့္ရတာအိပ္မေပ်ာ္ဘူးထင္တယ္"

သြမ့္က်ားရန္ကအဲ့တာကိုၾကားေတာ့ တိုးတိုးေလးေျပာတယ္ "မင္းလဲအဲ့တာျဖစ္ဖူးမွာပဲ အရမ္းမသက္မသာျဖစ္တာလား?" အိပ္ေရးေရာပ်က္လား?

"တကယ္မသက္သာဘူး ငါ susceptible ျဖစ္တဲ့အခ်ိန္တိုင္း ေနာက္စကၠန္႔အတြင္းမွာပဲ ငါကလူမွုေရးေတြနဲ႔ဆန္႔က်င္ေနတယ္လို႔ခံစားရတယ္" ခ်န္ယြဲ႕ကတစ္ခုခုကိုေတြးမိသြားတယ္ "ေနာက္ဆုံးအႀကိမ္ ေခြးေကာင္လု susceptible ျဖစ္တုန္းကဆို ငါတို႔ bar ကိုသြားခဲ့တာ အဲ့တုန္းကသူရန္ျဖစ္ပီး အရိုးေတြခ်ိဳးပစ္တာ"

စုန္႔ရိကအဲ့တာကိုၾကားေတာ့ စပ္စပ္စုစုဝင္ေမးတယ္ "အတန္းေခါင္းေဆာင္ကအရမ္းၾကမ္းတယ္လား?"

ခ်န္ယြဲ႕ကေခါင္းညိမ့္ျပတယ္ "သူကအျမဲတမ္းလိုလို ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္နိုင္စြမ္းေကာင္းတယ္ susceptibility ကာလမွာသူကအရမ္းစိတ္ဓာတ္က်တတ္တယ္ သူကကေမာက္ကမျဖစ္သလို ေၾကာင္ေတာင္ေတာင္ျဖစ္ေနသလိုခံစားရမယ္ မင္းတို႔နားလည္လား?"

ခ်န္ယြဲ႕ကေျပာပီး​ေတာ့ သြမ့္က်ားရန္ကိုၾကည့္လိုက္တယ္ "ဘာပဲျဖစ္ျဖစ္ပါ သူက susceptibility ကာလေရာက္ေနတဲ့အတြက္သူနဲ႔ေဝးေဝးမွာ​ေနသင့္တယ္ သူကမင္းကိုေတြ႕ရင္ တိုက္ရိုက္ႀကီး ျပစ္မွုက်ဴးလြန္မိလိမ့္မယ္လို႔ငါထင္တယ္"

သြမ့္က်ားရန္ခနေလာက္တိတ္ဆိတ္သြားတယ္။

လုရွင္းစစ္ susceptible ျဖစ္ေနတုန္းကသူတို႔ႏွစ္ေယာက္အတူတူရွိေန႐ုံတင္မကဘူး တစ္ေယာက္နဲ႔တစ္ေယာက္ေပြ႕ဖက္ေနခဲ့တာကိုခ်န္ယြဲ႕မသိဘူး။

စုန္႔ရိကလုရွင္းစစ္ susceptible ျဖစ္တဲ့အေၾကာင္းအရာတစ္ခုလုံးကိုရွန္းခ်ီလ်င့္ဆီကၾကားပီးသားျဖစ္တယ္။ အဲ့ဒီအခ်ိန္မွာ စုန္႔ရိကေဘးကိုလွည့္လာပီး သြမ့္က်ားရန္ကိုတိုးတိုးေလးေျပာတယ္ "တကယ္ေတာ့ အတန္းေခါင္းေဆာင္ကမင္းကိုခနေလးပဲဖက္ထားတာ အဲ့တာနည္းနည္းသာမန္မဟုတ္ဘူးလို႔ ငါလဲထင္တယ္"

သြမ့္က်ားရန္: "????"

သြမ့္က်ားရန္ကအမွန္အတိုင္းပဲေမးလိုက္တယ္ "မင္းကသူ႔ကိုဘယ္လိုထင္လို႔လဲ?"

စုန္႔ရိ: "မင္းကတစ္ကိုယ္ေရးက်န္မာေရးအတန္းကိုနားမေထာင္ဘူးေတာ့ မင္းနားမလည္ပါဘူးကြာ"

စုန္႔ရိ: "အဲ့ဒီရက္ေတြကေတာက္ေလာင္ေနပီး mark ေပး႐ုံေလာက္ဆိုမဆိုးဘူးလို႔ေျပာရမယ္"

သြမ့္က်ားရန္: " ... "

သြမ့္က်ားရန္ကသူ႔ရဲ့တည့္တိုးေျပာဆိုမွုေၾကာင့္မထိန္းနိုင္ဘဲတိုးတိုေလးေျပာလိုက္တယ္ "Fu*k မင္းတစ္ေန႔လုံးဘာေတြပဲေတြးေနတာလဲ?"

စုန္႔ရိကသူ႔ကိုခနေလာက္စိုက္ၾကည့္ပီးသက္ျပင္းခ်လိုက္တယ္။

အဲ့ဒီသက္ျပင္းခ်တဲ့အေငြ႕အသက္ထဲမွာ နည္းနည္းစိတ္ဆိုးတာနဲ႔ ျငင္းဆန္လို႔မရဘူးဆိုတဲ့အေငြ႕အသက္ေတြပါေနတယ္။ သြမ့္က်ားရန္ကသူသက္ျပင္းခ်တာကိုဘာမွမတုံ႔ျပန္ဘူး။ စုန္႔ရိကသူ႔ကို​ခ်စ္စရာေကာင္းစြာ​ၾကည့္တယ္ "မင္းေျပာပါအုံး မင္းဘယ္အခ်ိန္မွအရြယ္ေရာက္လာမွာလဲ?"

သြမ့္က်ားရန္ကသူ႔ရဲ့ၾကက္သီးထစရာအသံ​ႀကီးေၾကာင့္စိတ္ညစ္သြားတယ္။သူစုန္႔ရိကိုၿခိမ္းေျခာက္တဲ့အၾကည့္နဲ႔ၾကည့္ေပးလိုက္တယ္။တစ္ဖက္လူကေတာ့ ဘာေတြျဖစ္လဲမသိဘဲ ျပဳံးျပပီးလက္ရမ္းျပတယ္။

လုရွင္းစစ္ေက်ာင္းလာတဲ့ေန႔မွာေတာ့ သြမ့္က်ားရန္​ေနာက္က်မွအိပ္ယာနိုးပီး အတန္းထဲက self-study ခ်ိန္တစ္ဝက္ေလာက္မွေရာက္လာတယ္။

သူကအက်င့္အတိုင္းသူ႔ေနာက္ကခုံကိုၾကည့္လိုက္ေတာ့ ေကာင္ေလးကေမးခြန္းေတြၾကည့္ေနတာေတြ႕တယ္။ သြမ့္က်ားရန္ကသူအျမင္မွားတယ္လို႔ေတြးပီးထိုင္လိုက္တယ္။

သူကခုံေစာင္းထဲchocolate cake ​ဗူးေလးယူလိုက္ပီး ေခါင္းေလးငုံ႔လိုက္တယ္။

တစ္စုံတစ္ေယာက္ကသူ႔ေနာက္ကေနပခုံးကိုလွမ္းပုတ္တယ္။

"မင္းမနက္စာမစားရေသးဘူးလား?"

သြမ့္က်ားရန္သူ႔ကိုေခါင္းညိမ့္ျပလိုက္တယ္။

သြမ့္က်ားရန္ေနာက္ကိုမွီလိုက္ပီး သူ႔ထိုင္ခုံကိုလုရွင္းစစ္စားပြဲေဘးကိုေရႊ႕လိုက္တယ္ "မင္းအခ်ိန္တိုင္းဂိမ္းကစားေနတာဘယ္ႏွရက္ေတာင္လဲ?"

"ငါအိပ္မေပ်ာ္လို႔" လုရွင္းစစ္: "ခ်န္ယြဲ႕ေျပာတာလား?"

သြမ့္က်ားရန္ေခါင္းညိမ့္လိုက္တယ္ "သူကမင္းကို league of legends မွာေတြ႕တယ္တဲ့"

ဆရာကစင္ေပၚမွာထိုင္ေနတဲ့အတြက္ လုရွင္းစစ္ရဲ့အသံကဖြဖြေလးနဲ႔​ျဖည္းျဖည္းေလးရယ္။

"မင္းေရာဒီရက္ေတြအတြင္းအေျခအေနဘယ္လိုလဲ?" သူကသူ႔ကိုထပ္ေမးတယ္ "မင္းငါ့ကိုမလြမ္းဘူးလား?"

သြမ့္က်ားရန္က ပက္ခနဲျပန္လည္ေခ်ပတယ္ "မင္းကငါ့ကိုဘယ္လိုလုပ္ေစခ်င္​ေနတာလဲ?"

လုရွင္းစစ္ပတ္လည္လွည့္ပီးေျပာေနတယ္ "မင္းငါ့ကိုလြမ္းေနတယ္လို႔ေတြးလိုက္လို႔ရတယ္မလား?"

သြမ့္က်ားရန္ကသူ႔ကိုတိတ္တဆိတ္ၾကည့္လိုက္တယ္။

လုရွင္းစစ္ပုံစံကလက္သင့္ခံနိုင္စရာေကာင္းပီး တကယ္ သနားစရာေကာင္းပုံေပၚေနတယ္ "အဲ့ဒီရက္ေတြကငါ့အတြက္ေတာ့ခါးသက္လြန္းတယ္"

" ... " သြမ့္က်ားရန္အၾကာႀကီးတိတ္သြားတယ္။

သူကခုံေစာင္းထဲသစ္သီးခ်ိဳခ်ဥ္ေလးထုတ္ပီး လုရွင္းစစ္စားပြဲေပၚတင္ေပးလိုက္တယ္။

"မင္းကိုေပးတာ" သြမ့္က်ားရန္​ကေျပာလိုက္တယ္ "Summoner Canyon ကေနဒုတိယေက်ာင္းသားေလးျပန္ျဖစ္လာလို႔"

ေနာက္တန္းကလူကသူ႔ကိုၾကည့္ပီ သၾကားလုံးေလးကိုယူလိုက္တယ္။ ပီးေတာ့အခြံခၽြတ္လိုက္ပီးသူ႔ကိုျပဳံးျပတယ္။

ေက်ာင္းပိတ္ရက္ရဲ့ ေန႔လည္ခင္းမွာ ေက်ာက္မင္ကၽြင္းက​လူတိုင္းကို ​ေက်ာင္းကေန႐ုပ္ရွင္ၾကည့္ဖို႔ေခၚသြားတယ္။

႐ုပ္ရွင္မၾကည့္ခင္ေန႔တုန္းကေက်ာက္မင္ကၽြင္းကေက်ာင္းသားေတြကို နာမည္မပါဘဲ note ေလးေတြေရးခိုင္းပီး vote အမ်ားဆုံးဇာတ္ကားကိုေရြးတယ္။ ေနာက္ဆုံးမွာအတိုေကာက္ေရးထားတဲ့ စိတ္လွုပ္ရွားစရာthrillerကားတစ္ခုၾကည့္ဖို႔ဆုံးျဖတ္လိုက္တယ္။

ဒီဇာတ္ကားကလတ္တေလာအတြင္းမွာအရမ္းေက်ာ္​ၾကားေနပီးေတာ့ vote အမ်ားဆုံးရတာမထူးဆန္းပါဘူး။ သြမ့္က်ားရန္ကေရြးခ်ယ္ခံရတဲ့ဇာတ္လမ္းကိုၾကည့္လိုက္ပီး လုရွင္းစစ္ကိုတခါျပန္ၾကည့္လိုက္တယ္ "မင္းဒါကိုေတြ႕လား? ဒီထဲမွာဆိုေၾကာက္စရာေကာင္းတာေတြပါတယ္"

သရဲအိမ္ထဲဝင္တုန္းကလုရွင္းစစ္ေျပာတဲ့သနားစရာေကာင္းတဲ့စကားေတြကိုမွတ္မိေနတုန္းပဲ။ အဲ့ဒီအျပင္ ဇာတ္ကားရဲ့ review ကိုၾကည့္႐ုံနဲတင္အေတာ္ေလးလန္႔စရာေကာင္းတယ္။

အတန္းပီးသြားေတာ့ က်ိဳးရွင္ခ်န္းကခ်န္ယြဲ႕ကိုရွာေနတယ္။သူကအမ်ားႀကီးမေတြးဘဲ စူးစမ္းေနတယ္ "သူမၾကည့္နိုင္တဲ့တစ္ခုခုမ်ားရွိလို႔လား? သူကအဲ့လိုမ်ိဳးကိုမေၾကာက္ဘူးငါတို႔ညလယ္ႀကီးမွာေလThe Dead ကိုၾကည့္တာေလ လုေကာကတကယ္ႀကီးျပဳံးေနတာဗ်–Ah! ခ်န္ယြဲ႕မင္းဘာ​လုပ္တာလဲ?!"

လု​ရွင္းစစ္ က်ိဳးရွင္ခ်န္းကိုစိုက္ၾကည့္ေနပီး သူ႔ရဲ့အမူအရာကလဲေမွးမွိန္သြားတယ္။

ခနေလာက္ေတာ့ သူခ်န္ယြဲ႕လိုလုပ္ပစ္ခ်င္သြားတယ္ ဒီဉာဏ္နည္းတဲ့ေကာင္ကို။

သြမ့္က်ားရန္: "အဲ့တာကိုၾကည့္တာ အာ့ဆို?"

က်ိဳးရွင္ခ်န္းကရပ္ဖို႔ေနာက္က်သြားပီမွန္းသိလိုက္တယ္။ သူ႔စိတ္ထဲမွာ ကစားကြင္းထဲကပုံရိပ္တစ္ခုႏွစ္ခုကျဖတ္ခနဲေပၚလာပီး ကစားကြင္းထဲကသူ႔ရဲ့အရင္အေတြ႕အၾကဳံကိုသတိရသြားတယ္။ သူဖြင့္ျပလိုက္မိပီဆိုတာကိုနားလည္လိုက္ေတာ့က်ိဳးရွင္ခ်န္ရဲ့အသံကရပ္သြားပီး သူ႔ရဲ့အမူအရာကလဲေၾကာက္ရြံ့​ပုံေပၚလာတယ္။

သြမ့္က်ားရန္ကေစ့ေစ့စပ္စပ္နားလည္သြားပီး သူကလုရွင္းစစ္ကိုၾကည့္လိုက္တယ္ "မင္းကသ႐ုပ္ေဆာင္လား?"

အတန္းပီးတဲ့ေခါင္းေလာင္း​သံျမည္လာတဲ့အခါမွာေတာ့ သြမ့္က်ားရန္ကတုံ႔ဆိုင္းျခင္းမရွိဘဲ ျပန္လွည့္သြားတယ္။

သူသရဲအိမ္တုန္းကေန႔ကိုသတိရေသးတယ္။ သရဲမကတံခါးအျပင္ဘက္​ကေနကုတ္ျခစ္ေနပီး သူနဲ႔လုရွင္းစစ္နဲ႔အဝတ္ဗီရိုႀကီးထဲမွာ ဆယ္မိနစ္ေတာင္ေနခဲ့ရတာ။ တစ္ဖက္လူကသူ႔ရဲ့မ်က္လုံးေတြကိုစိုက္ၾကည့္ေနပီး သူ႔ကိုစားဖို႔ဆႏၵရွိပုံေပၚတဲ့အမူအရာေတြေဖာ္ျပေနခဲ့တာ။

အဲ့တာကလုရွင္းစစ္ကအဲ့ဒါအတြက္ သရဲေၾကာက္တယ္ဆိုပီးသူ႔ကိုလိမ္ညာခဲ့တာေပါ့။

သြမ့္က်ားရန္ပိုပီးရွုပ္ေထြးလာေပမဲ့ စိတ္မဆိုးမိဘူး။ သူကအဲ့လိုအရာေတြကိုလုပ္နိုင္တယ္ဆိုပီးခံစားမိ႐ုံပဲ။

အဲ့ဒီအျပင္သူ႔စိတ္ထဲမွာ နည္း​နည္းေလးရွက္ရြံ့သလိုမ်ိဳးေလးလဲရွိေနတယ္။

သြမ့္က်ားရန္လွည့္သြားတာကိုေတြ႕ေတာ့ လုရွင္းစစ္ကရွင္းျပဖို႔ရည္ရြယ္လိုက္ေပမဲ့ ေနာက္ဆုံးမွာေတာ့ သူ႔လက္ကိုျပန္႐ုတ္သိမ္းလိုက္တယ္။

သူေမးေစ့ေလးကိုကိုင္လိုက္ပီး သက္ျပင္းခ်လိုက္တယ္။

လုရွင္းစစ္ရဲ့​အၾကည့္ေတြကေဘးနားမွာ တုံးတုံးအအရပ္ေနတဲ့က်ိဳးရွင္ခ်န္းအေပၚကိုေရာက္သြားပီး မ်က္ခုံးပင့္လိုက္တယ္။

သူကစကား​မေျပာေပမဲ့သူ႔မ်က္ႏွာအမူအရာကေတာ့ စကားလုံးေတြကိုတိတိက်က်ေဖာ္ျပေနတယ္။

အခုထိမသြားေသးဘူးလား?

က်ိရွင္ခ်န္းက ႏွလုံးသားရဲ့ဟိုးေအာက္ဆုံးကေနေတာင္ ေၾကာက္ရြံ့သြားပီး သူ႔ထိုင္ခုံဆီကိုေျပးေတာ့တယ္။

က်ိဳးရွင္ခ်န္းကထိုင္ခုံကိုျပန္ေရာက္ေတာ့ ပိုပီးထိုင္ေနေလေလပိုပီးခက္ခဲသလိုလိုခံသားဏေလပဲ။ သူလုရွင္းစစ္ကိုမေျပာရဲေတာ့ ခ်န္ယြဲ႕ကိုဘဲရွာလိုက္တယ္ [ယြဲ႕! ယြဲ႕အာ! ငါေတာ့ေသပီထင္တယ္!]

ခ်န္ယြဲ႕: [ေအး မင္းေတာ့ေသပီပဲ...]

က်ိဳးရွင္ခ်န္း: [...]

ခ်န္ယြဲ႕: [ရိုရိုးသားသားအႀကံျပဳမယ္ မင္းခုေလာေလာဆယ္သူ႔ေရွ႕ေပၚမလာရင္ေကာင္းမယ္]

က်ိဳးရွင္ခ်န္းကထိန္လန္႔ေနတယ္ ဒါေပမဲ့လဲ မွားေနတယ္လို႔ခံစား​ရတယ္ [လုေကာကဘာလို႔သြမ့္က်ားရန္ကိုအခြင့္အေရးယူတာလဲ?သူကလုေကာနဲ႔ဘာမွမဆိုင္ဘူးေလ]

ခ်န္ယြဲ႕ကသူ႔ကိုဂ႐ုစိုက္ဖို႔ပ်င္းရိေနပီး လက္ေလးေျမႇာက္ပီး full stop ေတြပဲႏွိပ္လိုက္တယ္။

ရိက်ဳံးနားမွာ ႐ုပ္ရွင္႐ုံတစ္ခုရွိတယ္။ သက္ေသာင့္သက္သာ​ျဖစ္ေစဖို႔အတြက္ေက်ာက္မင္ကၽြင္းတဲ့ကသင့္ေတာ္တဲ့ထိုင္ခုံေနရာေတြစီစဥ္ေပးထားတယ္။

သြမ့္က်ားရန္နဲ႔စုန္႔ရိကတံခါးကေနအတူတူဝင္လာတယ္။ သူတို႔ကိုေတြ႕ေတာ့ က်ိဳးရွင္ခ်န္းကလက္ေဝွ႕ရမ္းျပတယ္ "ဒီဘက္မွာ"

အဲ့ဒီမွာလုရွင္းစစ္လဲရွိေနမွန္းသြမ့္က်ားရန္သိတယ္။ သူေနရာကိုနည္းနည္း​ၾကည့္လိုက္ပီး လုရွင္းစစ္နဲ႔မထိုင္ရဖို႔ဆုံးျဖတ္လိုက္တယ္။

သူေတြးေနတုန္းမွာ စုန္႔ရိကေနရာယူပီးသြားပီ။ သူကလုရွင္းစစ္ရဲ့ေဘးတစ္ခုံေက်ာ္မွာဣေျႏၵမပ်က္ထိုင္ေနပီး သြမ့္က်ားရန္ထိုင္ဖို႔ေနရာခ်န္ေပးထားတယ္။

ေနရာလြတ္တစ္ခုပဲက်န္ေတာ့တယ္။

သြမ့္က်ားရန္: " ... "

သူတစ္လွည့္ျပန္စဥ္းစားလိုက္တယ္။ လုရွင္းစစိကသူ႔ဆီကဘာမွလုယူမေနသလို သူ႔ပိုက္ဆံေပ်ာက္ေအာင္လုပ္ေနတာလဲမဟုတ္ဘူး။ သူ႔ေဘးထိုင္လဲျပႆာနာႀကီးႀကီးမားမားမွမဟုတ္တာဆိုပီးေတြးလိုက္တယ္။

သြမ့္က်ားရန္ကအဲ့တိုင္းေတြးပီး ထိုင္ခုံမွာျပတ္ျပတ္သားသားထိုင္လိုက္တယ္။

သူထိုင္လိုက္တဲ့အခါမွာ သူ႔ေဘးကေကာင္ေလးကလက္ထဲက ေပါက္ေပါက္ဗူးကိုသူ႔ဆီကိုကမ္းေပးလာတယ္ "စားမလား?"

သြမ့္က်ားရန္ေခါင္းခါလိုက္တယ္ "မစားေတာ့ဘူး"

လုရွင္းစစ္ကအတင္းမတိုက္တြန္းေတာ့ဘဲ ေပါက္ေပါက္ဗူးေလးကိုျပန္ယူသြားတယ္။

ဇာတ္ကားကစလာေနပီ။

ဒါကရွုပ္ေထြးတဲ့ကြင္းဆက္လူသတ္သမားတစ္ေယာက္အေၾကာင္းရိုက္ထားတဲ့႐ုပ္ရွင္ကတစ္ကားျဖစ္တယ္။ သြမ့္က်ားရန္အတြက္ေတာ့ဒီဇာတ္ကားက energetic ျဖစ္ေပမဲ့ ျပစ္မွုက်ဴးလြန္လြန္း႐ုံသာမက အရမ္းမရွင္းလင္းဘူး။သူေသးငယ္တဲ့အေသးစိတ္အေၾကာင္းအရာေလးေတြကိုလြတ္သြားတယ္လို႔ခံစားရတယ္။

သြမ့္က်ားရန္စုန္႔ရိကိုတြန္းပီး တိုးတိုးေလးေျပာတယ္ "အခုေလးတင္ေပၚလာတဲ့ဓာတ္ပုံေဘာင္ေလ,အမ်ိဳးသမီးႀကီးရဲ့မ်က္ႏွာေပၚမွာေသြးေတြရွိလား?"

စုန္႔ရိကသူ႔ထက္ေတာင္အံ့ဩေနတဲ့ပုံေပါက္တယ္ "မင္းဘာ​ကိုေျပာေနတာလဲ?"

သြမ့္က်ားရန္: " ... "

"အမ်ိဳးသမီးႀကီးက ပထမဆုံး victim ရဲ့ပထမဇနီး သူကအရင္တုန္းကရဲကို အင္တာဗ်ဴးတဲ့သတင္းေထာက္တစ္ေယာက္ဆိုလဲဟုတ္တယ္ သူကလူသတ္သမါးကိုသတိမထားမိပဲ ဓာတ္ပုံရိုက္မိသြားတာ" ေၾကာက္ရြံ့မွုကအျခားသူေတြအေပၚကိုလႊမ္မိုးေနေပမဲ့လဲ လုရွင္းစစ္ရဲ့အသံကေတာ့ေပါ့ပါးတယ္ "ေသြးကလူသတ္သမားရဲ့ေသြး အရိပ္အႁမြက္ျပတာေတြကအေနာက္မွာက်န္ခဲ့ပီ"

သြမ့္က်ားရန္ကကသူ႔ေဘးကေကာင္ေလးရွင္းျပတာကိုၾကားပီး ဇာတ္ေၾကာင္းကိုနားလည္သြားေတာ့ သူကနည္းနည္းစိတ္မပါေတာ့သလိုခံစားရတယ္။

သူကေမာက္ေမာက္မာပဲေမးလိုက္တယ္ "ငါနားမလည္ဘူးလို႔မင္းထင္ေနတာလား?"

လုရွင္းစစ္: "မဟုတ္ပါဘူး ငါက–" သူ႔ကိုေျပာမလို႔လုပ္ေနတဲ့စကားေတြေတာင္မဆုံးေသးဘူး။

သြမ့္က်ားရန္ကထပ္ေျပာလိုက္တယ္ "ငါတကယ္နားမလည္ဘူး"

လုရွင္းစစ္: " ... "

သြမ့္က်ားရန္: "မင္းကဘယ္လိုေတာင္အရမ္းေတာ္နိုင္ရတာလဲ? ၾကည့္ပါအုံးအကုန္လုံးမင္းသိေနတာခ်ည္းပဲ ခ်က္ခ်င္းတုန္႔ျပန္နိုင္​တာကေတာ့ ပထမတန္းစားပဲ အတင့္ရဲပီးဂ႐ုစိုက္တာေတြတင္မကဘူး မယုံနိုင္စရာေကာင္းတာေတြကိုလဲမင္းလုပ္နိုင္တာပဲ"

လုရွင္းစစ္: " ... "

အဲ့ဒီစကားကသူ႔ကိုခ်ီမြမ္းေနတယ္ဆိုေပမဲ့ နားေထာင္ၾကည့္ရင္ အတင္းႀကီးလုပ္ယူထားသလိုပဲ။

လုရွင္းစစ္ကတိတ္တိတ္ေလးအေၾကာင္းအရာကိုေျပာင္းလိုက္တယ္ "ငါအဲ့တာကိုခနေလာက္နားမလည္ေတာ့သလိုပဲ ငါတို႔ေဆြးေႏြးၾကည့္မလား?"

သြမ့္က်ားရန္ကဘာမွမေျပာေတာ့ဘူး။

ဇာတ္လမ္းကအံ့ဩစရာအခိုက္အတန္႔ကိုေရာက္လာတဲ့အခ်ိန္မွာသြမ့္က်ားရန္စပီး ရွုပ္ေထြးလာတယ္။

သူ႐ူးေၾကာင္ေၾကာင္ပုံစံနဲ႔စုန္႔ရိကိုအရင္ၾကည့္လိုက္ေတာ့ ေမၽွာ္လင့္လို႔မရမွန္းသိသြားတယ္။ သြမ့္က်ားရန္ကမထိန္းနိုင္ဘဲလုရွင္းစစ္ရွိေနတဲ့ဘက္ကိုမ်က္ႏွာမူလိုက္ပီး သူ႔ေခါင္းကိုျပန္လွည့္ဖို႔ခက္ခဲသြားတယ္။

သူနည္းနည္းေလးလွုပ္ရွားေနတာကိုသတိျပဳမိေတာ့ လုရွင္းစစ္ကသူ႔ဘက္ကိုလွည့္လာတယ္။

႐ုပ္႐ုံ႐ုံထဲကဇာတ္ကားရဲ့အသံေတြကအရမ္းအံ့အားသင့္စရာေကာင္းတယ္။ အဲ့ဒီလိုဆူညံေနတဲ့ပတ္ဝန္းက်င္မွာေကာင္ေလးရဲ့ အသံနိမ့္နိမ့္ေလးကရွင္းလင္းပီးေပါ့ပါးတယ္။

"လူသတ္သမားကအစတုန္းကရဲအိုႀကီးကိုသတ္ဖို႔အစီအစဥ္ဆြဲထားတာ အဲ့ဒီရဲရဲ့အခ်ိန္ဇယားကိုသူ႔အခန္နံရံမွာကပ္ထားတယ္ဒါေပမဲ့ေနာက္ပိုင္းမွာ သူကမွုခင္းဆရာဝန္နဲ႔အေျခအေနကိုက္ညီမွုရွိတယ္ဆိုတာေတြ႕သြားပီး သူ႔ရဲ့ပစ္မွတ္ကိုေျပာင္းလိုက္တာ" လုရွင္းစစ္: "လူသတ္သမားကသူတို႔နဲ႔ရင္းႏွီးမွုရွိတယ္​ အနည္းဆုံးေတာ့ သူတို႔ေတြကသူ႔ကိုမၾကာခဏေတြ႕ဖူးတယ္"

သြမ့္က်ားရန္ကအာ႐ုံစိုက္ေနပီး ဇာတ္ေၾကာင္းကိုနားလည္ဖို႔ သူ႔ရဲ့ logic အတိုင္းလိုက္စဥ္းစားေနတယ္။သူကသဲလြန္စေတာ္ေတာ္မ်ားမ်ားကိုနားလည္ခ်င္ပီးေတာ့ သုံးသပ္တဲ့အေတြ႕အၾကဳံကလဲခၽြန္ျမလာတယ္။

သြမ့္က်ားရန္ေခါင္းညိမ့္လိုက္တယ္။

သူ႔ဘက္ကေနၿငိမ္ၿငိမ္ေလးတုန္႔ျပန္ေနပီးလုရွင္းစစ္ေတြ႕​ေတာ့ သြမ့္က်ားရန္ရဲ့ရိုးတို႔ရွန္းတန္းခံစားခ်က္ေတြကတျဖည္းျဖည္းေပ်ာက္ကြယ္သြားပီမွန္းသူခံစားလို႔ရတယ္။

​အေမႊး​ထူထူေၾကာင္ေလးတစ္ေကာင္လိုပဲ သူနည္းနည္းသက္ေသာင့္သက္သာျဖစ္သြားတယ္။

သူနားမလည္တဲ့ေနရာေရာက္ေတာ့ သြမ့္က်ားရန္ကေခါင္းေထာင္လာပီးအက်င့္အတိုင္းသူ႔ေဘးကိုလွည့္ၾကည့္လိုက္တယ္။

ဒီတစ္ႀကိမ္မွာေတာ့ သူေဘးကလူကဘာစကားမွမေျပာေတာ့ဘူး။

သြမ့္က်ားရန္ကမထိန္းနိုင္ဘဲ သူ႔ကိုေဘးတိုက္ေမးလိုက္တယ္ "မင္းဘာလို႔မေျပာေတာ့တာလဲ? မင္းလဲနားမလည္ဘူးလား?"

Screen အႀကီးႀကီးေပၚကအလင္းေရာင္ကလုရွင္းစစ္ရဲ့မ်က္ႏွာေပၚကိုက်ေနပီး သူ႔ရဲ့မ်က္ေတာင္ေလးေတြကေအာက္ေလးကိုက်ေနပီး သူ႔မ်က္လုံးေလးေတြကလဲၾကည္လင္ေနတာပဲ။

ဒီရွုေထာင့္ကေနဆိုရင္ မ်က္လုံးပုံစံေလးကနည္းနည္းျခားနားသြားပီး မက္မြန္ပြင့္လိုေလးျဖစ္သြားတယ္။

"ငါေတြး​ေနတာ ငါမင္းကိုအရင္တုန္းကမလိမ္ခဲ့သင့္ဘူး" သူကခနရပ္သြားတယ္ "ဒါေပမဲ့ အဲ့တာကငါမင္းကိုေႏွာင့္ယွက္ခ်င္လို႔မဟုတ္ပါဘူး"

သြမ့္က်ားရန္: "...ငါစိတ္မဆိုးပါဘူး"

သူ႔ေအာက္ႏွုတ္ခမ္းစြန္းေလးကိုလၽွာေလးနဲ႔သပ္လိုက္တယ္ "ဒီတိုင္းနည္းနည္းမသက္မသာျဖစ္႐ုံပဲ"

သူ႔​ဘက္ကေလၽွာ့ေပးတာကိုေတြ႕ေတာ့ လုရွင္းစစ္ရဲ့မ်က္လုံးေလးေတြကႏူးညံ့သြားတယ္။

"အင္းပါ မင္းစိတ္မဆိုးဘူးဆိုတာငါသိပါတယ္" သူ႔အသံကမနိမ့္မျမင့္ေလးကိုမွ အခ်ိန္ခနၾကာမွ "ဘာလို႔ဆို မင္းကသြမ့္က်ားရန္ေလ"

သူ႔ရဲ့အဆြယ္ေကာင္းမွု​ေၾကာင့္သြမ့္က်ားရန္ကစိတ္ပိုင္းဆိုင္ရာအရာေရာ႐ုပ္ပိုင္းဆိုင္ရာအရေရာ သက္သက္သာသာျဖစ္သြားတယ္။

လုရွင္းစစ္ကေျခာက္ျပစ္ကင္းသဲလဲစင္တယ္ လို႔သူခံစားရတယ္။ သူအဲ့တာကိုျပန္ပီးမေခ်ပနိုင္နိုင္ဘူး ပီးေတာ့ဒီတိုင္းလဲလ်စ္လ်ဴမထားနိုင္ဘူး။

နည္းနည္းေတာ့ကို႔ရို႔ကားယားျဖစ္တာေပါ့။

သြမ့္က်ားရန္အတည္ႀကီးေျပာလိုက္တယ္ "လုေကာ ငါကဘယ္လိုလူသားလဲ ဆိုတဲ့ေခါင္းစဥ္နဲ႔မင္းစာအုပ္ထုတ္ခဲ့ရင္ ငါဝယ္ကိုဝယ္မယ္"

႐ုပ္ရွင္႐ုံထဲကထြက္လာေတာ့ သြမ့္က်ားရန္ကmilk tea ဝယ္ခ်င္တယ္။ လုရွင္းစစ္ကသူ႔ေနာက္ကေနလိုက္လာေပးတယ္။

က်ိဳးရွင္ခ်န္းကသူတိူ႔ႏွစ္ေယာက္အတူတူထြက္သြားပီး အေရွ႕ကိုေရာက္ဖို႔ဆႏၵရွိေနတာကိုေတြ႕လိုက္တယ္ "မင္းတို႔ျပန္တည့္..."

ခ်န္ယြဲ႕ကဒီအ႐ူးေကာင္းကိုခ်ဳပ္ထားပီး​ မ်က္လုံးကေနတဆင့္ ပါးစပ္မဟဖို႔အခ်က္ျပလိုက္တယ္။

Milk teaမွာတဲ့အခါမွာ သြမ့္က်ားရန္ကဆိုင္ရဲ့ signboard ကိုၾကည့္ပီးမွာလိုက္တယ္။

လုရွင္းစစ္ကဒီလိုအရာမ်ိဳးေတြေသာက္ရတာတကယ္သေဘာမက်ဘူး။ သူကခနေလာက္ပဲျဖစ္ျဖစ္သြမ့္က်ားရန္နဲ႔အတူရွိေနခ်င္႐ုံပဲ။ သူကေပါ့ေပါ့ပါးပါးပဲေျပာလိုက္တယ္ "သူ႔လိုပဲ"

သူတို႔ႏွစ္ေယာင္လုံးကေကာင္းေကာင္းမြန္မြန္ေလးႀကီးျပင္းလာတာဆိုေတာ့ အေရာင္းစာေရးေလးကမထိန္းနိုင္ပဲသူတို႔ကိုထပ္ထပ္ပီးၾကည့္ေနတယ္။

မသြားခင္မွာအေရာင္စားေရးေလးကၾကင္ၾကင္နာနာသတိေပးတယ္ "ကၽြန္မတို႔မိသားစုရဲ့ milk tea ပူေအာင္လုပ္ထားတာပါ ေသာက္တဲ့အခါမွာဂ႐ုစိုက္ပါ အပူေလာင္ေနမယ္​"

သြမ့္က်ားရန္ကေက်းဇူးတင္ေၾကာင္းေျပာခဲ့တယ္။

ဒါေပမဲ့သူထြက္လာတဲ့အခါမွာေတာ့​အေရာင္းစားေရးေလးရဲ့စကားကိုစိတ္ထဲမထားေတာ့ဘူး။ သူကပိုက္ေလးကိုခြက္ထဲထည့္လိုက္ပီး ၾကဳံသလိုတစ္ငုံစုပ္လိုက္တယ္။

အဲ့ဒီအခ်ိန္မွာသြမ့္က်ားရန္ေထြးထုတ္မိလုနီးပါးပဲ။

လုရွင္းစစ္ကေမးလာတယ္ "အဲ့တာကပူတယ္လား?"

သြမ့္က်ားရန္ကပူေနတာကိုသည္းခံပီးမ်ိခ်လိုက္တယ္။ ဒီလိုအရာမ်ိဳးက သူ႔ကိုပါအတူဆြဲေခၚရမယ္လို႔သူေတြးမိတယ္။ သြမ့္က်ားရန္ကသူ႔ကိုမလွည့္စားနိုင္မွာစိုးလို႔ သူေျပာတဲ့အခါမွာ acting skill ေတြထုတ္သုံးလိုက္တယ္ "မပူဘူး"

လုရွင္းစစ္ကအမ်ားႀကီးေတြးမေနေတယ့ဘဲ ပိုက္ေလးထည့္ပီး တစ္ငုံေသာက္လိုက္တယ္။

ခန​ၾကာေတာ့ သူ႔ရဲ့မ်က္လုံးေလးေတြကနည္းနည္းျပဴးလာပီး သူ႔မ်က္လုံးေတြကထူးဆန္းတဲ့အၾကည့္တစ္ခုေဖာ္ျပလာတယ္။

ျပန္လည္တုံ႔ျပန္တဲ့အေနနဲ႔ သူကသြမ့္က်ားရန္ကစားတာခံလိုက္ရတယ္။သူ​သြမ့္က်ားရန္ကိုၾကည့္လိုက္တယ္။

"Hahahahahahahahahahahahahaha" သြမ့္က်ားရန္ကသူ႔ရဲ့အူလည္လည္ပုံစံေလးကိုျမင္ေတာ့ မထိန္းနိုင္ေတာ့ပဲ စရီေတာ့တယ္။

လုရွင္းစစ္က milk tea ကိုအတင္းမ်ိဳခ်လိုက္တယ္။ သူ႔ရဲ့လၽွာဖ်ားေလးမွာေတြမွာအပူေလာင္သြားလို႔အဖုပိစိေလးေတြေတာင္ထြက္ေနပီ "မင္းတမင္သက္သက္လုပ္တာလား?"

"ငါလဲအရမ္းပူသြားတာ" သူကမရိုးမသားရယ္လိုက္တယ္။ သူ႔မ်က္ႏွာကဆိုးရြားေနတယ္ "ငါနည္းနည္းစိတ္လွုပ္ရွားေနတာ ကံေကာင္းလို႔မင္းကိုငါလိမ္နိုင္ခဲ့​ပီကြ"

လုရွင္းစစ္ကကသူ႔ကိုေက်းဇူးတင္လိုက္ပီး သူ႔ကိုျပဳံးတုံးတုံေလး​ၾကည့္ေနလိုက္တယ္။

"ေဟး လုရွင္းစစ္" ႐ုတ္တရပ္သြမ့္က်ားရန္ကသူ႔ကိုလွမ္းေအာ္တယ္။

သြမ့္က်ားရန္ကသူ႔လက္​ထဲကပူေနတဲ့ milk tea ကိုလွုပ္ေနတာကိုေတြ႕တယ္။

"ငါလဲမင္းကိုတစ္ခါလိမ္ပီးသြားပီ ငါတို႔ညီတူညီမၽွျဖစ္သြားပီ"

✨——————✨

Continue Reading

You'll Also Like

61.4K 5.9K 108
လူသားေတြ ေနထိုင္တဲ့ ဒီၿဂိဳဟ္ကို ကမ႓ာ‌ေျမလို႔ သမုတ္တယ္ဆိုရင္ ကြၽန္ေတာ့္သီးသန႔္ေနႏိုင္ရာ ကိုယ္ပိုင္ၿဂိဳဟ္ငယ္ဟာ "ခ်စ္လြန္းလ်ွံ " လို႔ အမည္ရပါတယ္... လ...
230K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
240K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.4M 139K 129
ZawGyi~~ နာမည္ႀကီးအႏုပညာ႐ွင္ျဖစ္တဲ့Junaဟာ လိင္တူခ်စ္ႀကိဳက္သူျဖစ္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ သူ ့ရဲ ့ အဖြဲ ့ထဲကေန ႏုတ္ထြက္ေပးခဲ့ရတယ္ ၆လအၾကာမွာ 'Han JunRa...