Unicode
လုရှင်းစစ်သီးသန့်ခန်းထဲကထွက်သွားတာတွေ့တော့ ချန်ယွဲ့အကြည့်တွေကသွမ့်ကျားရန်အပေါ်ကိုရောက်လာတယ်။
ခနလောက်ရှုပ်ထွေးသွားပီးနောက်မှာတော့တစ်ဖက်လူကmenuကိုယူပီးရှန်းချီလျင့်နဲ့ဆွေးနွေးနေတယ်။
သူ့အပေါ်မှာအကြည့်စူစူးတစ်ခုအမြဲရှိနေတယ်လို့သွမ့်ကျားရန်ခံစားရတယ်။ သူလှည့်ကြည့်လိုက်တော့ ချန်ယွဲ့ကသူ့ကိုကြည့်ပီး အတွေးထဲမှာမျောနေပုံပေါ်တယ်။
သူmenuလိုချင်နေတာလို့သွမ့်ကျားရန်ထင်လိုက်တယ်။ ရှန်းချီလျင့်သွားတော့ သူmenuကိုချန်ယွဲ့ဆီတွန်းပေးလိုက်တယ် "မင်းဘာစားချင်လဲ မှာလေ"
ချန်ယွဲ့ကmenuကိုယူပီးမေးခွန်းကိုဖြေလိုက်တယ် "မင်းအတော်လေးကြည့်ကောင်းမှန်းငါရုတ်တရပ်သိလိုက်တယ်"
သွမ့်ကျားရန်နှိမ့်ချတတ်တဲ့ပုံလေးနဲ့ပြုံးပီးခေါင်းညိမ့်လိုက်တယ် "ကျေးဇူးပါ မင်းလဲမဆိုးပါဘူး"
ချန်ယွဲ့ခနလောက်တိတ်သွားပီးရုတ်တရပိမေးလိုက်တယ် "လုရှင်းစစ်ကကြည့်ကောင်းတယ်လို့မင်းထင်လား?"
သွမ့်ကျားရန်ကတုံ့ဆိုင်းမရှိဘူး "သေချာပေါက်ကြည့်ကောင်းတာပေါ့ ချောလဲချောတယ်သန်လဲသန်မာတယ် ငါ့ထက်တော့နည်းနည်းဆိုးတာပေါ့ကွာ"
ချန်ယွဲ့: " ... "
လုရှင်းစစ်ကစီချွမ်းစားသောက်ဆိုင်ရဲ့တံခါးပေါက်မှာရောက်နေပီးတော့ အရမ်းတွေဝေနေတယ်။
သူစိတ်တွေလဲရှုပ်နေတယ်လို့သူခံစားရတယ်။ ဘာလို့လဲတော့မသိဘူး သူရှန်းချီလျင့်အပေါ်ကိုရန်လိုစိတ်တွေရှိနေတယ်။ ပိုပီးမရှင်းပြနိုင်တဲ့အရာကသူကသူ့ကိုလုံးရန်လဲမစဘူး အစကနေအဆုံးထိစကားတစ်ခွန်းနှစ်ခွန်းတောင်မပြောဘူး ရရှိတဲ့pheromone ကလဲကောင်းမွန်ပီးယဥ်ကျေးပျူငှာတဲ့ပုံစံပဲ။
Pheromone အကြောင်းပြောခါမှ...
ရှန်းချီလျငွနဲ့သွမ့်ကျားရန်နဲ့ကအတူတူနီးနီးကပ်ကပ်ထိုင်နေတယ်။အဲ့ဒီအရင်ကလဲနှစ်ယောက်သားကထိတွေ့မှုရှိတယ်။ သွမ့်ကျားရန်ကိုယ်ပေါ်မှာ ရှန်းချီလျင့်ပိုင်ဆိုင်တဲ့ black tea နံ့နည်းနည်းစွဲနေတုန်းပဲ။
Estrus ကာလဲမှာရှိတုန်းပဲမလား?
Stress disorder ကမပြင်းထန်ဘူးလား?
အဲ့လောက်တခြားသူတွေနဲ့နီးကပ်နေတာနာကျင်တာမခံစားရဘူးလား?
သူသက်ပြင်းချလိုက်ပီး သူ့အံသွားတွေကိုလျှာနဲ့နည်းနည်းပွတ်လိုက်တယ်။ ဒီအချိန်မှာသူ့အတွေးလွန်နေရုံတင်မကဘူး သူ့အတွေးတွေကဆီလျော်မှုမရှိဘူးလို့လဲခံစားရတယ်။
လုရှင်းစစ်ဆေးလိပ်ဖွာလိုက်ပီပြန်လာလိုက်တယ်။
နေ့လည်စာစားပီးတော့ သွမ့်ကျားရန်ပြင်ဆင်စရာရှိလို့အဆောင်ကိုပြန်လာခဲ့တယ်။ စုန့်ရိက နေ့လည်မှာကောင်းတဲ့အရာတွေဖြစ်နိုင်တယ်လို့သူ့ကို့စိတ်အားထက်သန်စွာပြောတယ်။ အဲ့တာကကျောင်းကိုရောက်လာပီးကျောင်းကအဲ့တာနဲ့ပတ်သက်ပီးအစီအစဥ်ဆွဲနေတယ်လို့ကြားတယ်တဲ့။
သေချာပေါက်ပဲ။နေ့လည်အတန်းချိန်မှာကျောက်မင်ကျွင်းကကြေငြာတယ်။ နောက်လကကျောင်းရဲ့ (၈၀)ကြိမ်မြောက်နှစ်ပတ်လည်နေ့ဖြစ်လို့ အထက်တန်းကျောင်းသားတွေကတစ်ခန်းစီကနေအစီအစဥ်တစ်ခုစီရှိတယ်တဲ့။ Class10လုပ်ရမှာက chorus ဖြစ်ပီးတော့ အစမ်းလေ့ကျင့်တာဒီညစမယ်ဆိုပီး။
တစ်ချိန်တည်းမှာပဲABO နဲ့ဆိုင်တဲ့လက်တွေ့လေ့လာမှုတွေဒီလစီစဥ်ပေးမယ်လို့ ကျောက်မင်ကျွင်းကပြောတယ်။ ဘာမတော်တဆမှမရှိဘူးဆိုရင် ဒုတိယနှစ်ကျောင်းသားတွေက Zhao Cheng က ABO ပြတိုက်ကိုသွားရမယ်တဲ့။
သူကြေငြာပီးရုံပဲရှိသေးတယ် သွမ့်ကျားရန်ဘေးကစုန့်ရိက "Zhao Cheng နေရာကောင်းတစ်ခုပဲ"
Zhao Chengကပင်လယ်နားနီးပီးတော့ nightlife ကလဲအရမ်းပေါများတယ်။ပီးတော့ bar တွေလို ဖျော်ဖြေရေးနေရာတွေကလဲနေရာတိုင်းမှာရှိတယ်။စုန့်ရိကစိတ်လှုပ်ရှားနေတယ် "ငါတို့အဲ့ဒီကိုရောက်ရက်ခိုးထကွက်ပီးပျော်ပါးသင့်တယ်မဟုတ်လား?" (nightlife ကညအချိန်မှာလုပ်တဲ့ entertainment တွေ social activities တွေပါတဲ့)
သွမ့်ကျားရန်ကလဲစိတ်ဝင်စားနေတယ် "Zhao Chengကိုတကယ်သွားရမယ်ဆိုရင် ခိုးထွက်ပီးပျော်ပါးကြတာပေါ့"
သူစကပြောပီးရုံပဲရှိသေးတယ်။ ကျောက်မင်ကျွင်းရဲ့အကြည့်ကသူတို့ဆီရောက်လာတယ်။ သူကညီအစ်ကိုနှစ်ယောက်ကိုကြည့်ပီးသူတို့နာမည်တွေတပ်ခေါ်လိုက်တယ် "သွမ့်ကျားရန် စုန့်ရိနဲ့ဘာအကြောင်းတွေပြောနေတာလဲ?"
သွမ့်ကျားရန်ကလန့်သွားပီး သူ့ဦးနှောက်ကိုအလုပ်ပေးလိုက်တယ် "ဆရာမ ကျွန်တော်တို့ကဒီလရဲ့ရက်စွဲတွေကိုရေတွက်နေတာပါ လပတ်စာမေးပွဲကနီးလာတော့ ကျွန်တော်နဲ့စုန့်ရိက တစ်ယောက်နဲ့တစ်ယောက်ကြီးကြပ်ပေးဖို့ဆုံးဖြတ်နေကြတာပါ ကျွန်တော်တို့ကိုဒီလိုအရာတွေနဲ့သက်ရောက်မခံနိုင်ပါဘူး"
စာသင်ခန်းထဲမှာရယ်သံတွေထွက်လာပီး ကျောက်မင်ကျွင်းတောင်ပြုံးလိုက်တယ်။
သတင်းနှစ်ခုကိုကြေငြာပီတော့ ကျောင်းသားတွေလဲစိတ်တက်ကြွနေကြတယ်။ ကျောက်မင်ကျွင်းကသူ့အကြည့်တွေကိုသွမ့်ကျားရန်ဆီကနေဖယ်ခွာသွားပီး တစ်တန်းလုံးဆီလှည့်လိုက်တယ် "အဲ့တာကမှန်တယ် လပတ်စာမေးပွဲကရောက်တော့မယ် စိတ်တည်ငြိမ်အောင်ထားအဲ့လိုအရာတွေပေါ်ဂရုထားမနေနဲ့ စာလေ့လာတာကိုပဲအာရုံစိုက်ကြ"
ညရောက်တော့ ကျောက်မင်းကျွင်းကညနေပိုင်း self-study ချိန်မှာကျောင်းသားတွေကို chorus အစမ်းဆိုဖို့ ဂီတခန်းထဲကိုခါ်သွားတယ်။
Class 10ရဲ့ chorus ကကျောင်းကောင်စီကရေးဖွဲ့ပေးတာဖြစ်တယ်။ကျောက်မင်ကျွင်းသဘောတူတော့ ကျောင်းကောင်စီအဖွဲ့ဝင်တစ်ယောက်က ပုံနှိပ်တဲ့အခန်းကိုသွားပီးနေ့လည်ပိုင်းမှာစာသားတွေထုတ်ပီးဂီတခန်းထဲကကျောင်းသားတိုင်းကိုဝေပေးလိုက်တယ်။
သွမ့်ကျားရန်ကတစ်နာရီကျော်ကျော်လောက်ဆိုပီးတော့ နည်းနည်းပျင်းလာတယ်။ သူကနေရာလွတ်လေးမှာအခွင့်အရေးယူရင်းသူ့ဖုန်းနဲ့ကစားနေလိုက်တယ်။
အဲ့ဒီမှာပုံအသစ်တစ်ခုတက်လာတယ်။
အဲ့တာကကျန်းချီနျန်ပဲ။
သူမကselfie တစ်ခုရိုက်ထားပီး အဲ့တာကရိကျုံးရဲ့ဂိတ်ဝပုံတစ်ခုရောပါတယ်။စာကတော့ သူမကဆုတောင်းထားဟန်ပေါ်တယ်။
သွမ့်ကျားရန်အောက်ကိုဆက်ကြည့်လိုက်တော့ လူအများကြီးသူမကိုနှုတ်ဆက်စကားတွေပြောနေကြတယ်။
ကျန်းချီနျန်ကတခြားနေရာတစ်ခုကိုပြောင်းတော့မှာလို့ သူ့ကိုပြောထားတာကိုသွမ့်ကျားရန်သတိရသွားပီးအံ့ဩသွားတယ်။မျှော်လင့်မထားတာကသူမကခပ်မြန်မြန်ထွက်သွားဖို့ဆုံးဖြတ်လိုက်မယ်လို့။ သွမ့်ကျားရန်ကသူမကိုစာသီးသန့်ပို့လိုက်တယ်။
[မင်းသွားပီလား?]
ခနကြာတော့ သူမဆီကreply ရောက်လာတယ်။
[ငါအဆောင်မှာ luggage သယ်နေတုန်းပဲ]
သွမ့်ကျားရန်ကမတ်တပ်ရပ်လိုက်ပီး ကြည့်လိုက်တော့ ဆရာကမရှိတော့ဘူး။ အခုချိန်ကဂီတခန်းထဲကနေထွက်သွားဖို့အချိန်ကောင်းပဲ။ [ပစ္စည်းတွေကျန်သေးလား? ငါလာပီးကူသယ်ပေးမယ်]
သူကဖုန်းကိုကြည့်ရင်းတံခါးဆီကိုလျှောက်သွားတာကိုတွေ့တော့ စုန့်ရိကသူ့ကိုမြန်မြန်လှမ်းခေါ်လိုက်တယ် "ရှောင်သွမ့် မင်းဘယ်သွားမလို့လဲ?"
သွမ့်ကျားရန်ကနောက်ပြန်လှည့်ပီးပြောလိုက်တယ် "ကျန်းချီနျန်ကသွားတော့မှာ ငါသူ့ကိုလိုက်ပို့မလို့"
သူ့ဖုန်းနဲ့ကစားနေတဲ့လုရှင်းစစ်ကအဲ့တာကိုကြားတော့ သူ့လက်ချောင်းတွေနှုတ်ခမ်းတွေကတင်းခနဲဖြစ်သွားတယ်။
သွမ့်ကျားရန်ရဲ့ပုံရိပ်ကတံခါးအပြင်ဘက်မှာပျောက်ကွယ်သွားတော့ လုရှင်းစစ်ကမတ်တတ်ထရပ်လိုက်တယ်။
မိန်းကလေးအဆောင်က ဂီတခန်းနဲ့သိပ်မဝေးဘူး။ သွမ့်ကျားရန်အောက်ကိုရောက်တော့အရှိန်ကိုနည်းနည်းလေးမြှင့်လိုက်တယ်။မိန်းကလေးအဆောင်အောက်ထပ်ကိုရောက်ဖို့နှစ်လှမ်းသုံးလှမ်းလောက်ပဲလိုတော့တယ်။
တစ်ချက်လှမ်းကြည့်ရုံနဲ့တင်ကျန်းချီနျန်ကိုတွေ့တယ်။
သူကsuitcase တစ်ခုကိုဆွဲထားပီး သူမheadphones ကနေသီချင်းနားထောင်နေတယ်။သူမကသူ့ကိုစောင့်နေပုံပေါ်တယ်။
သူမကရိကျုံးကျောင်းသူတစ်ဦးမဟုတ်တော့လို့ဖြစ်နိုင်တယ်သူကကျောင်းuniform ဝတ်မထားဘူး။ ဆောင်းနှောင်းပိုင်းမှာ ကျန်းချီနျန်ကစကပ်အတိုလေးနဲ့ မီးခိုးရောင်ဖျော့ဖျော့ ခြေအိတ်ရှည်လေးကိုဒူးအထက်ထိဆွဲဝတ်ထားတယ်။ ခြေထောက်လေးတွေကရှည်ပီးလှပတယ်။
သွမ့်ကျားရန်ကသူမကိုအပြုံးတစ်ပွင့်နဲ့နှုတ်ဆက်လိုက်တယ်။
"ဒီနေ့သွားမှာလား?"
ကျန်းချီနျန်ကခေါင်းညိမ့်လိုက်တယ် "ငါပစ္စည်းတွေအကုန်ထုတ်ပီးရွှေ့ပီးသွားပီ ငါ့မှာဒီတစ်ခုပဲကျန်တော့တာ ဒါကိုကျောင်းပါက်ဝအထိဆွဲသွားရမှာ"
ကျန်းချီနျန်ကသူ့လာတဲ့ဘက်ကိုကြည့်လိုက်ပီး "နင်တို့အတန်းမှာစာသင်ချိန်ရှိတယ်မလား?"
"သီချင်းဆိုလေ့ကျင့်ရတာ ကျောင်းပွဲအတွက်" သွမ့်ကျားရန်လဲကျန်းချီနျန်ကိုတစ်ခုခုပြောချင်ပေမဲ့သူမအကြည့်တွေကသူ့နောက်မှာရပ်သွားတာကိုတွေ့လိုက်တယ်။
သွမ့်ကျားရန်နောက်ကလူကိုတွေ့တော့သူမမျက်လုံးတွေကတောက်ပသွားတယ်။
သွမ့်ကျားရန်နဲ့ပြောတုန်းကလိုပေါ့ပေါ့ပါးပါးပါးပုံစံနဲ့ခြားနားစွာ သူမကကလုရှင်းစစ်ကိုနူးနူးညံ့ညံ့ကြည့်နေပီး သိမ်သိမ်မွေ့မွေ့အသံလေးနဲ့ မိန်ကလေးဆန်တဲ့အထူးဆွဲဆောင်မှုတွေကိုဖော်ပြလာတယ် "ဘယ်လိုရောက်လာတာလဲ?"
သွမ့်ကျားရန်ကသူတို့နှစ်ယောက်ကြားကကျန်းချီနျန်ရဲ့ကွဲပြားလှတဲ့ဆက်ဆံမှုကိုသေသေချာချာသတိပေါက်ပြုမိသွားပီး နောက်ကိုလှည့်ပီး လုရှင်းစစ်ကိုကြည့်လိုက်တယ်။
လုရှင်းစစ်ကသူ့ဆီကအကြည့်တစ်ခုရတော့ အပြုံးသေးသေးလေးဖြစ်လာတယ်။ သူကမေးလေးငေါ့ပီးသွမ့်ကျားရန်ကိုညွှန်ပြရင်းလိုရင်းတိုရှင်းပဲပြောလိုက်တယ် "သူ့ကိုလာဖမ်းတာ"
သွမ့်ကျားရန်: " ??? "
လုရှင်းစစ်: "ငါတို့အတန်းကအစမ်းလေ့ကျင့်နေတာကို သူထွက်သွားလို့"
သွမ့်ကျားရန်: "... အဲ့လောက်တော့လက်ခံလို့ရပါတယ်"
ကျန်းချီနျန်ကလုရှင်းစစ်ကိုစိတ်ပျက်မှုအချို့နဲ့ကြည့်လိုက်တယ်။ သူကကျောင်း uniformအကြီးကြီးဝတ်ထားတယ် အဲ့လိုဆိုရင်တောင်သူ့ပုံရိပ်ကတစ်သီးတစ်သန့်နဲ့ကြည့်လို့ကောင်းတုန်းပဲ။
လရောင်နဲ့ ဆောင်းရာသီရဲ့ လမ်းမီးရောင်မှိန်မှိန်တွေအောက်မှာ ကောင်လေးရဲ့မျက်နှာကရှင်းလင်းပီးသေသပ်တယ်။ သူ့မျက်လုံးတွေကသူ့ကိုကြည့်လိုက်တဲ့အချိန်မှာ မထိန်းနိုင်ဘဲနှလုံးခုန်တစ်ချက်ရပ်သွားသလိုပဲ။
သူမကနည်းနည်းဆွဲဆောင်ခံလိုက်ရပီး သတ္တိတွေစုလိုက်တယ် "ငါနင့်ကိုဒါပြောဖို့မရည်ရွယ်ခဲ့ဘူး ဒါပေမဲ့...ငါကျောင်းကမပြန်ခင်နင်ရောက်လာခဲ့တယ်"
ကျန်းချီနျန်ရဲ့ဖြူဖွေးဖွေးပါးပြက်ကတဖြည်းဖြည်းရဲလာတယ်ကိုသွမ့်ကျားရန်တွေ့နေရတယ်။ အဲ့တာကဆိုးရွားတဲ့နိမိတ်ပြခြင်းပဲ။
နောက်ဆုံးတစ်ကြိမ်တုန်းကလုရှင်းစစ်ကသူ့ကိုတိုက်ရိုက်ကြီးငြင်းလိုက်ပီး သူမကိုအရိပ်တစ်ခုလိုပဲ သဘောထားလို့ဖြစ်နိုင်တယ်။ သူပြောပီးတဲ့အခါမှာတော့သူမအကြည့်တွေကိုပြန်ဆုတ်ဖို့ရှက်ရွံ့နေတယ်။ သူကဆက်ပြောလိုက်တယ် "နင်ငါ့ကိုဘာပြောခဲ့လဲဆိုတာအရေးမကြီးပါဘူး ဒါပေမဲ့ ငါနင့်ကိုကြိုက်နေတုန်းပဲ"
သွမ့်ကျားရန်အသည်းကွဲသွားပီး လုရှင်းစစ်လဲအံ့ဩသွားတယ်။
ကျန်းချီနျန်ကအဲ့လောက်ဇွဲကြီးမယ်လို့တစ်ယောက်မှမထင်ထားဘူး။
သွမ့်ကျားရန်လုရှင်းစစ်ကိုကြည့်လိုက်တယ်။
မင်းချီးထုတ်ကောင်။
မင်းဂီတခန်းထဲမှာကောင်းကောင်းမွန်မွန်လေးသီချင်းဆိုပီး ကောင်မလေးကိုနှောင့်ယှက်ဖို့ထွက်မလာခဲ့သင့်ဘူး။
ကျန်းချီနျန်ကထွက်သွားတာတောင် လုရှင်းစစ်ကိုသတိရနေမယ်ဆိုတာကိုတွေးမိတော့သွမ့်ကျားရန်နာကျင်သွားတယ်။သူစိတ်တိုပီးသွားတော့ သွမ့်ကျားရန်ကပါးစပ်လှုပ်ရုံပြောတယ်: မင်းသူမကိုငြင်းလိုက်
လုရှင်းစစ်ကသူ့ကိုခနလောက်ကြည့်ပီးဘာမှမတုံ့ပြန်ဘူး။
သွမ့်ကျားရန်ကတိတ်တိတ်လေးတိုက်တွန်းတယ်: မြန်မြန်!တစ်ခါပဲ!
ကျန်းချီနျန်ကသူစကားပြောပီးတော့သူမကသူ့ကိုတိတ်တိတ်လေးကြည့်နေတယ်။ထင်ထင်ရှားရှားပဲသူမကသူ့ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်နေတာ။
နည်းလမ်းတစ်ခုရှာရမယ် သူမရဲ့အတွေးတွေကိုတိုက်ရိုက်ဖြတ်ရမယ်။ အဲ့လိုမှမဟုတ်ရင် သူမကတခြားနေရာတွေကိုသွားပီးစာလေ့လာရင်လဲသူ့မမှာစိတ်ရှုပ်မှုတွေဖြစ်နိုင်တယ်။သူကိုယ်တိုင်လဲ ဒီအတိုင်းကြီးသူမကမသွားစေချင်ဘူး။
ဘာအချက်ပြမှုမှမရှိပဲ သူ့စိတ်ထဲကိုအတွေးတစ်ခုရုတ်တရပ်ဖြတ်ဝင်လာတယ်။
လုရှင်းစစ်တစ်စက္ကန့်လောက်တွေဝေသွားပီး ဒီအချိန်မှာဒီနည်းလမ်းကအကောင်းဆုံးဆိုပီးတွေးလိုက်တယ်။ သူကလက်လှမ်းလိုက်ပီး သူ့လက်ချောင်းတွေနဲ့သွမ့်ကျားရန်ခါးကိုဆွဲလိုက်ပီး ရင်ခွင်ထဲကိုထည့်လိုက်တယ်။
သူကခေါင်းကိုရင်းနှီးစွာငုံ့လိုက်ပီး ဘာပြဿနာမှမရှိခဲ့တဲ့အတိုင်းသွမ့်ကျားရန်နားရွက်တွေပေါ်မှာအသက်ရှူနေတယ်။ ခနနေရက် သူ့ပါးတွေကိုလုရှင်းစစ်နမ်းလိုက်တော့မှာလားလို့တောင်သွမ့်ကျားရန်ခံစားရလုနီးပါးပဲ။
သူမသိစိတ်အရခန္တာကိုယ်ကိုကျုံ့လိုက်ပေမဲ့ တစ်ဖက်လူကသူ့ခါးကိုလွှတ်မပေးဘဲတင်းတင်းကျပ်ကျပ်နဲ့ ပိုပီးနီးအောင်ဆွဲလိုက်တယ်။
သွမ့်ကျားရန်လဲကြက်သေသေသွားတယ်။
ကျန်းချီနျန်ရောပဲကြက်သေသေတာ။
သွမ့်ကျားရန်ကရှက်ရွံ့နေပီး သူမရဲ့စွဲမက်ဖွယ်ရာလှပတဲ့ဘဲဥပုံမျက်နှာလေးကမယုံနိုင်တဲ့အကြည့်နဲ့မျက်လုံးလေးတွေပြူးနေတာကိုတွေ့လိုက်တယ်။
သူ့ရဲ့မျက်နှာအမူအရာကလဲကျန်းချီနျန်နဲ့ဆင်တူနေမယ်လို့သူခန့်မှန်းမိတယ်။
သူနဲ့အရမ်းရင်းနှီးနေတဲ့လုရှင်းစစ်ရဲ့အနံ့လေးကြောင့်သာမဟုတ်ရင် တခြားသူကသူ့ကိုလူယုတ်မာလိုလာဖက်ကြည့်ပါလား သူလွတ်အောင်ရုန်းပီးသွားပီပဲ။
"မင်းတွေ့တဲ့အတိုင်းပဲ" လုရှင်းစစ်ကဒီအခြေအနေမှာ အသက်ရှင်နေတဲ့လူကသူတစ်ယောက်တည်းဖြစ်တဲ့အတိုင်း အရမ်းစစ်မှန်စွာသရုပ်ဆောင်နေတယ် "ငါနဲ့သွမ့်ကျားရန်နဲ့ကချစ်သူတွေ"
ကျန်းချီနျန်ကစိတ်လျှော့လိုက်ပီး လုရှင်းစစ်စကားတွေရဲ့အဓိပ္ပါယ်ကိုခန့်မှန်းနေတယ်။အဲ့ဒီအချိန်မှာတည့်တိုးဆန်လှတဲ့ စကားတစ်ခွန်းကလွှတ်ခနဲထွက်ပေါ်လာတာကိုသူကြားလိုက်ရတယ် "ဘာကြီး?!"
အဲ့ဒီအသံကအားလုံးကိုနည်းနည်းလန့်သွားစေတယ်။
သွမ့်ကျားရန်ကိုယ်တိုင်လဲလန့်နေတယ် "မင်းဘာပြော- uh!"
နောက်ဆုံးစကားလုံးကပါးစပ်ကတောင်မထွက်သေးဘူး သူ့ခါးကိုလုရှင်းစစ်ကဖွဖွဖျစ်တယ်။
လုရှင်းစစ်အားကမလျော့မတင်းလေး ဒါပေမဲ့ခါးကသွမ့်ကျားရန်ရဲ့အထိမခံတဲ့နေရာဖြစ်နေတယ်။ သူကအဲ့တိုင်းဆတ်ကနဲအလုပ်ခံလိုက်ရတော့ နဂိုတုန်းကရန်မူပီးခက်ထန်တဲ့မေးခွန်းကအဟုန်မရှိတော့ဘူး။အဲ့တာကချွဲနေသလိုမျိုးလေးဖြစ်သွားတယ်။
သွမ့်ကျားရန်သူ့ကိုဒေါသတကြီးကြည့်လိုက်တယ်။
Fu*k ဒါကဘယ်လိုစစ်ဆင်ရေးကြီးလဲ?
လုရှင်းစစ်: "မင်းဟိုတခါကforum ပေါ်ကpost ကိုမတွေ့ဘူးလား? ငါသူနဲ့တွဲနေတာ တစ်လခွဲတောင်ရှိနေပီ"
ကျန်းချီနျန်: " .... "
သွမ့်ကျားရန်: " .... "
လုရှင်းစစ်ဘာကိုဆိုလိုလဲဆိုတာသွမ့်ကျားရန်နားလည်သွားတယ်။ ကျန်းချီနျန်ကသူ့ကိုကြည့်နေတာကိုတွေ့တော့ သူကလုရှင်းစစ်နဲ့အတူချက်ချင်းပြောလိုက်တယ် "အဲ့တာကအမှန်ပဲ ငါတို့ကအရမ်းကြီးမကျော်ကြားချင်ဘူး ဒါပေမဲ့..."
ကျန်းချီနျန်မျက်နှာပေါ်မှာတွေဝေနေတဲ့ပုံစံကိုတွေ့တော့ သွမ့်ကျားရန်နှလုံးသားလေးကညည်းညူနေတယ် "သူ့ကိုကြိုက်တဲ့လူတွေအများကြီးရှိတယ်အဲ့တော့ငါလုံခြုံတယ်လို့မခံစားရဘူး ဒီလိုကောလဟာလတွေရှိနေတာကကောင်းတယ်လို့ငါထင်တယ် အာ့ကြောင့်ငါ post ကိုမဖျက်ခိုင်းတာ"
သူပြောပီးသွားတော့ သူ့မျက်နှာအမူအရာကိုမထိန်းချုပ်နိုင်တော့ သူ့ရဲ့တွန့်လိမ်နေတဲ့ပါးစပ်ကိုကျန်းချီနျန်မြင်သွားမှာကိုကြောက်တယ်။ သူကသူ့ခေါင်းကိုလှည့်လိုက်ပီး ရှက်လွန်းလို့ သူ့ခေါင်းကိုလုရှင်းစစ်လည်ပင်းထဲမှာဖွက်ထားလိုက်တဲ့ဟန်ဆောင်လိုက်တယ်။
သူဖွက်လိုက်တဲ့အချိန်မှာ သူ့ရဲ့သရုပ်ဆောင်နိုင်တဲ့စွမ်းရည်ကိုသွမ့်ကျားရန်အံ့ဩသွားတယ်။
ဘယ်လိုတောင်လျင်မြန်တဲ့တုံ့ပြန်မှုလဲ? ဒါကရုပ်ရှင်ဧကရာဇ်တွေမှာပဲရှိတဲ့အရှိန်မျိုးပဲ။
လုရှင်းစစ်ကကောင်းကောင်းမွန်မွန်ပဲပြောလိုက်တယ် "ဟုတ်တယ်ငါနဲ့သူနဲ့က အဲ့ဒီအရာတွေကိုအယောင်ပြထားရတာ"
သွမ့်ကျားရန်ကအဲ့တာတွေ ဆက်စပ်လိုက်ရင်ထိုးနှက်မှုကအရမ်းကြီးတယ်လို့ထင်တယ်။ သွမ့်ကျားရန်ကစောနလေးတုန်းက ကမောက်ကမဖြစ်သွားတဲ့မျက်နှာအမူအရာကိုပြန်ထိန်းလိုက်တယ်။ သူကခေါင်းထောင်ပီးကျန်းချီနျန်ကိုကြည့်လိုက်တယ်။
လုရှင်းစစ်ကသွမ့်ကျားရန်ရဲ့နဖူးပေါ်ကပွရှုပ်ရှုပ်ဆံပင်တွေကိုအစီအစဥ်ကျအောင်ပြန်လုပ်ပေးလိုက်တယ်။ပီးတော့ကျန်းချီနျန်ကိုကြည့်ပီးရယ်လိုက်တယ် "မင်းဒီစကားလုံးတွေပြောနေရင် သူကနားထောင်နေမှာပဲ တကယ်လို့ငါကမရှင်းပြဘူးဆို ပြန်သွားရင် သူကစိတ်ကောက်လိမ့်မယ်"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်ကတကယ်ခေါင်းငုံ့ပီးအရိုအသေပေးချင်သွားတယ်။
သူနဲ့လုရှင်းစစ်နဲ့ကအပေးအယူမျှနေပီး တကယ်လို movie star ဆိုတဲ့ဂုဏ်ပုဒ်ကိုပေးရမယ်ဆိုရင် ဒီညသူ့တို့ကိုပေးရလိမ့်မယ်။
အဲ့ဒီမြင်ကွင်းကိုကြည့်ပီး ကျန်းချီနျန်ပုံစံကကြောင်တောင်တောင်လေးဖြစ်နေတာကိုသွမ့်ကျားရန်တွေ့လိုက်တယ်။ သိသိသာသာပဲဒီလှုံ့ဆော်မှုကတအားကြီးလွန်းတယ် သူဝမ်းမနည်းရင်မှထူးဆန်းနေအုံးမယ်။
လုရှင်းစစ်ကဆက်ပီးသူ့ကိုလှုံ့ဆော်နေတုန်းပဲ "ငါတို့ရဲ့လျှို့ဝှက်ယှက်ထိန်းပေးဖို့မင်းကိုဒုက္ခပေးရအုံးမယ်"
သွမ့်ကျားရန်လဲသူနဲ့ပူးပေါင်းရုံပဲတတ်နိုင်တယ် "ခနလောက်တော့ ဒီအကြောင်းတွေကိုတခြားသူတွေကိုငါတို့မသိစေချင်သေးဘူး"
သွမ့်ကျားရန်ပြောပီးတော့ သူမရဲ့အတွေးတွေတစ်စစီပြိုကွဲသွားပီလို့ခံစားရတယ်။
ယောက်ျားလေးတစ်ယောက်ဖြစ်ရတာတကယ်ကောင်းတယ်။
ကျန်းချီနျန်ကသူ့ကိုကြည့်လိုက်တယ် နောက်တော့လုရှင်းစစ်ကိုကြည့်တယ်။ နောက်ဆုံးမှာတော့သူမကခေါင်းညိမ့်ပီး တုန်တုန်ယင်ယင်နဲ့ပြောတယ်နင်တို့နှစ်စိတ်အေးလက်အေးနေလို့ရတယ်ဆိုပီး။
သူမကသူတို့ရဲ့သံသယတွေမရှိအောင်ပြောတာကလည်ပင်းထဲကနေလုံးဝညှစ်ထုတ်ထားရပီး သူ့အသံကရှိုက်ငိုနေတယ်လို့သွမ့်ကျားရန်ခံစားရတယ်။
ကျန်းချီနျန်ကသူ့မရဲ့suitcaseကိုဆွဲသွားပီးသူတို့ဘက်ကိုမမြင်ရတာသေချာတော့ သွမ့်ကျားရန်ကလုရှင်းစစ်ရဲ့လက်ဖမိုးကိုဆွဲလိုက်ပီးတခြားလက်တစ်ဖက်ညွှန်ပြတယ်။
လုရှင်းစစ်ကသူ့ကိုလက်မောင်းတွေဖွင့်ပေးတယ်။
သူကသူ့ရင်ခွင်ထဲကနေထွက်သွားတာကိုကြည့်ရင်းလုရှင်းစစ်က သူ့ရဲ့ညိုဖျော့ဖျော့ဆံပင်အစွန်းလေးနဲ့ လည်ပင်းလေးကိုကြည့်နေလိုက်တယ်။
"ဒီနည်းလမ်းကိုမင်းဘယ်လိုတွေးလိုက်လဲ?" သွမ့်ကျားရန်ကသူ့ကိုပြန်လှည့်ကြည့်ရင်းပြောတယ်။ လုရှင်းစစ်ကသူ့ကိုစကားတစ်ခွန်းမှမပြောဘဲဖက်လိုက်တာကိုသတိရတော့ အဲ့တာကနည်းနည်းရီစရာကောင်းတယ်လို့သူထင်တယ် "မင်းကတကယ်ကိုအကြံဉာဏ်တွေနဲ့ပြည့်နေတာပဲ"
"သူ့မျက်လုံးတွေနဲ့လက်တွေ့မြင်လိုက်ရတာကတခြားအရာတွေထက်ပိုပီးအသုံးဝင်တယ်" လုရှင်းစစ်ကသူ့မျက်နှာပေါ်ကပုံမှန်အမူအရာနဲ့နည်းနည်းလေးအောက်ကိုကိုင်းလိုက်တယ် "မင်းရောအဲ့လိုမထင်ဘူးလား?"
သူ့ရဲ့အသံကနည်းနည်းနိမ့်ပီးတော့ သူတိုးကပ်လာတဲ့အခါမှာ alpha တစ်ဦးရဲ့ သူမတူတဲ့ကျူးကျော်မှုကရှင်းလင်းပီးတည့်တိုးဆန်တယ်။
"အဲ့တာကအရမ်းအသုံးဝင်တယ်" သွမ့်ကျားရန်ကပြန်ဖြေလိုက်တယ်။ ရင်ဖိုစရာမြင်ကွင်းကြီးပီးသွားပီးကျန်းချီနျန်တကယ်ထွက်သွားတယ်ဆိုတာကိုသူနားလည်လိုက်တော့ သူရုတ်တရပ်နည်းနည်းပျင်းရိသလိုခံစားရတယ်။
သူမကိုအထူးကြိုက်နှစ်သက်တာလဲမဟုတ်ပါဘူး။ဒါပေမဲ့နည်းနည်းတော့ကြိုက်တယ်လေ။
လုရှင်းစစ်ကသူနည်းနည်းပူဆွေးနေတာကိုတွေ့တော့ပခုံးကိုကိုင်လိုက်တယ် "သွားမယ်"
သွမ့်ကျားရန်ကလုရှင်းစစ်နောက်လိုက်လာပီး နှစ်လမ်းသုံးလှမ်းလောက်အရှေ့ကိုလမ်းလျှောက်ပီးတော့ တစ်ခုခုတော့မှားနေမှန်းရုတ်တရပ်ခံစားလိုက်ရတယ် "ငါအသည်းကွဲနေတယ်လေ မင်းကငါ့ကို chorous သွားပြန်ဆိုခိုင်းအုံးမလို့လား? စိတ်အားတက်ကြွစေတဲ့သီချင်းတွေကို ခါးသက်တဲ့အချစ်သီချင်းတွေအဖြစ်ငါပြောင်းဆိုမိမှာစိုးတယ်"
လုရှင်းစစ်သူ့ကိုပြန်ကြည့်တယ်။
ညနေပိုင်းလေ့လာတဲ့အချိန်ကုန်ဖို့မိနစ်နှစ်ဆယ်လောက်ကျန်နေသေးတယ်။သူလဲမဆိုချင်ဘူး။သူကရပ်လိုက်တယ် "အာ့ဆိုမဆိုနဲ့တော့"
သူကနောက်ပြန်လှည့်ပီးသူ့ကိုကြည့်တာကိုတွေ့တော့သွမ့်ကျားရန်ကသူ့ကိုခနလောက်အစုန်အဆန်ကြည့်လိုက်တယ်။
"မင်းပြောကြည့် ကောင်မလေးတွေကိုဆွဲဆောင်နိုင်တဲ့ကြည့်ကောင်းမှုတွေရှိလား?" သွမ့်ကျားရန်ကသက်ပြင်းတစ်ချက်ချပီးပြောတယ် "မင်းသူ့ကိုစကားနည်းနည်းတောင်ပြောခဲ့တဲ့ပုံမပေါ်ဘူး ဘာလို့သူကမင်းကိုအရမ်းကြိုက်နေတာလဲ?"
သွမ့်ကျားရန်ရဲ့ပယင်းရောင်မျက်လုံးလေးတွေကရိုးသားပုံပေါ်တယ်။
လုရှင်းစစ်ကအဲ့တာကိုကခနလောက်ကြည့်လိုက်ပီး တစ်ဖက်လူရဲ့မျက်လုံးထဲမှာသံသယဖြစ်တဲ့ခံစားချက်အစစ်အမှန်တွေဆိုတုကိုနားလည်လိုက်တယ်။
အဲ့ထဲမှာစိတ်ဓာတ်ကျမှုနည်းနည်းတောင်ပါနေနိုင်တယ်။
လုရှင်းစစ်လဲသက်ပြင်းချလိုက်တယ်။
ဘာတကယ်ဘယ်လိုလုပ်မလဲမသိခနလောက်ဖြစ်သွားတယ်။
ဘယ်သူကမှသူ့ကိုဒီလိုစွမ်းဆောင်နိုင်မှုမရှိတဲ့ခံစားချက်မျိုးမပေးစွမ်းနိုင်ဘူး။
သူကလက်မောင်းတွေကိုဖွင့်လိုက်ပီး သွမ့်ကျားရန်ကိုအချက်ပြလိုက်တယ်။
ကောင်လေးရဲ့နှုတ်ခမ်းတွေကပြုံးနေပီး နည်းနည်းယုတ္တိမတန်သလိုနည်းနည်းလဲအလေးအနက်ထားဟန်ပေါ်တယ် "တစ်ခါပွေ့ဖက်လိုက် မင်းကိုဆွဲဆောင်မှုတစ်ခုပေးမယ်"
လုရှင်းစစ်ကသူ့ကိုကလေးတစ်ယောက်လိုပြုမူနေတယ်လို့သွမ့်ကျားရန်ခံစားရတယ်။
တစ်ဖက်လူရဲ့အပြုအမူကိုရီဖို့နောက်ကျသွားပီ။ လုရှင်းစစ်ကသူ့ကအကြာကြီးနေတာတောင်မတုံ့ပြန်တာတွေ့တော့ လက်လှမ်းလိုက်ပီး သူ့ကိုလက်မောင်းတွေထဲဆွဲသွင်းလိုက်တယ်။
ပထမတစ်ခုမတူဘဲ ဒီတစ်ခါပွေ့ဖက်မှုကသူငယ်ချင်းတစ်ယောက်ရဲ့နှစ်သိမ့်မှုလိုမျိုးနူးညံ့တယ်။
သွမ့်ကျားရန်တစ်ဖက်လူရဲ့ pheromone နံ့လေးကိုရှူရှိုက်လိုက်တယ်။ လရောင်အောက်ကသစ်တောကြီးလိုမျိုး အသီးအရွက်နံ့လေးကရှည်ကြာစွာနဲ့တည်ငြိမ်မှုရှိတယ်။
သူပြုံးပီးပြောလိုက်တာကိုသွမ့်ကျားရန်ကြားလိုက်တယ် "လူတိုင်းကမင်းကိုသဘောကျသွားလိမ့်မယ်"
✨—————✨
Zawgyi
ချန်ယွဲ့: " ... "
ညရောက်တော့ ကျောက်မင်းကျွင်းကညနေပိုင်း self-study ချိန်မှာကျောင်းသားတွေကို chorus အစမ်းဆိုဖို့ ဂီတခန်းထဲကိုခ်ါသွားတယ်။
[မင်းသွားပီလား?]
"ဒီနေ့သွားမှာလား?"
သွမ့်ကျားရန်: " ??? "
မင်းချီးထုတ်ကောင်။
ကျန်းချီနျန်: " .... "
သွမ့်ကျားရန်: " .... "
သွမ့်ကျားရန်: " ... "