ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.3M 233K 22.2K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၂)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အခန်း(၃၁)

11.6K 1.9K 165
By Meng_L

伪装学渣
Wei Zhuang Xue Zha




ZAWGYI



အဘိုး? အင္း ၊ ေျမးေလး


ရွဲ႕ယြီေျပာၿပီးသည့္ေနာက္ ဟယ့္ေက်ာင္းမွာအေတာ္ၾကာသည္အထိ စကားမဆိုေခ်။

ထိုအေၾကာင္းအရာေခါင္းစဥ္ ဒီလိုနဲ႔ပဲအဆံုးသတ္ေလာက္ေတာ့မည္ဟု ထင္လာခ်ိန္ၾကကာမွ ဟယ့္ေက်ာင္းက႐ုတ္တရက္တစ္ခြန္းဆိုလာခဲ့သည္။

"ငါ့ကိုယ္ငါထင္တာကေတာ့ ေခ်ာတာတအားပဲလို႔။"






ႏွစ္ဦးသားမွာ ေဘးခ်င္းယွဥ္လ်က္ ကြင္းေျမကြက္လပ္ထက္လဲအိပ္လို႔ေနၾကရာ အေနအထားကအနည္းငယ္ အ႐ိုင္းဆန္လ်က္ရွိသည္။ ဒီေလာက္အထိကိုေမာဟိုက္ေနၾကျခင္းျဖစ္ေလရာ ဘယ္လိုအေနအထားျဖစ္ေနပါေစ ဂ႐ုစိုက္ဖို႔အားအင္ဆိုတာရွိမေနေတာ့ေခ်။ ဟယ့္ေက်ာင္းသည္ ေျခပစ္လက္ပစ္ေနေနရင္းမွ မိမိကိုယ္ရဲ႕အပူခ်ိန္က ေျမျပင္ကအပူခ်ိန္ထက္ကို အနည္းငယ္ပိုလို႔ပင္ျမင့္ေနမွန္းသိလိုက္ရသည္။

ရွဲ႕ယြီမွာ သူ႔အားေလွာင္ရယ္ဖို႔ရာအားမရွိ ၊ ဒီလူရဲ႕အေရထူပံုကိုေတာ့ သူအၿမဲေအာခ်ရသည္။ ႏွစ္ခ်က္ေလာက္ပိတ္ကန္ပစ္ဖို႔ ေျခေထာက္ကိုေရႊ႕၍ကန္ထည့္လိုက္ေပမယ့္ ဟယ့္ေက်ာင္းက႐ုတ္တရက္ထလို႔ထိုင္လိုက္ျခင္းေၾကာင့္ ကန္တာမထိလိုက္ေတာ့။ ဟယ့္ေက်ာင္းက ဆက္လက္ေျပာလို႔လာသည္။

"တကယ္ ၊ ငါ့ထက္ေခ်ာတဲ့လူ မင္းေတြ႕ဖူးလား ၊ မ်ားျပားလွတဲ့လူပင္လယ္ႀကီးထဲမွာ ငါလိုလူကိုသိရတာနဲ႔ကို လံုေလာက္တယ္. . .  . . ."





ရွဲ႕ယြီသည္ေျပာလိုက္၏။

"မင္းကေတာ့ တက္ႂကြေနတုန္းပဲေနာ္။"

ဟယ့္ေက်ာင္း : "ခဲတံဝိညာဥ္ကေတာင္ မရွိဘူးေျပာခဲ့တာေနာ္။"

သူတို႔တစ္ေတြ ခဲတံေထာက္ ဝိညာဥ္ေခၚတာကစားခဲ့ၾကသည့္ ထိုညေနပိုင္းself-studyအခ်ိန္ကိုပင္ ရွဲ႕ယြီျပန္သတိရမိလာကာ ႐ုတ္တရက္ ရယ္ပင္ရယ္ခ်င္လာရသည္။

(Recall - အဲ့ဒါကစားၾကတုန္းက ဟယ့္ေက်ာင္းက 'ကမ႓ာေပၚမွာ ငါ့ထက္ေခ်ာတဲ့လူရွိေသးလား' ဆိုၿပီးေမးခဲ့ပါတယ္)

"ရွိတယ္ေလ ၊ မရွိဘူးလို႔ဘယ္သူေျပာ. ."

ရွဲ႕ယြီမွာ ေနာက္ေျပာင္ခ်င္စိတ္ကေလးထြက္ျပဴလို႔လာသည္ေၾကာင့္ သူ႔ကိုၾကည့္ကာထို႔ေနာက္ ကိုယ့္ကိုယ္ကိုယ္လက္ညႇိုးထိုးျပလိုက္၏။

"မင္းအဘိုး ငါရွိတယ္။"

ဟယ့္ေက်ာင္း : "အဘိုး?"

ရွဲ႕ယြီကျပန္လို႔ထူးလိုက္ပါသည္။

"အင္း ၊ ေျမးေလး။"





"မင္းေမ. . ငါ့ကိုအသာစီးသြားတာေပါ့ေလ ကေလးေလး။"

မ်ိဳးဆက္ႏွစ္ဆက္ေတာင္ ႐ုတ္တရက္ႀကီးနိမ့္က်လို႔သြားခဲ့သည္။ ဟယ့္ေက်ာင္းသည္ ရယ္လိုက္ရင္းမွ ရွဲ႕ယြီ၏ေကာ္လံစအားသြားလို႔ဆြဲလိုက္ၿပီး ရက္စက္ခက္ထန္ေလသည့္ဟန္ ျပဳမူဟန္ေဆာင္လိုက္ပါသည္။ ရလဒ္သည္ကား လက္ကအားကိုမထိန္းမိလိုက္ရဘဲရွိၿပီး မထင္ထားသည္မွာလည္း ရွဲ႕ယြီကလဲအိပ္လ်က္သာေနရင္း ျပန္မလုပ္ဘဲ ဟယ့္ေက်ာင္းအားလုပ္ခ်င္သလိုသာလုပ္ေစျခင္းေပ။

သတိမထားမိဘဲ ဆြဲလိုက္တာအားလြန္သြားခဲ့ျခင္းေၾကာင့္ အကၤ်ီေကာ္လာကခပ္က်ယ္က်ယ္ပြင့္ဟလို႔သြားေတာ့သည္။

ရွဲ႕ယြီက နဂိုကတည္းကအသားျဖဴေလရာ ေျပးထားတာေရာ ေနပူမိတာေရာေၾကာင့္ ယခုအခါၾကည့္ရသည္မွာ အသားအေရကအနည္းငယ္ရဲလို႔ေနၿပီး ျဖဴရာမွျဖည္းျဖည္းေလးခ်င္း ပန္းေရာင္သန္းလို႔လာလ်က္ရွိသည္။ လူငယ္၏ခႏၶာကက်စ္လ်စ္ကာ လွပလို႔ေနျခင္းက လူကိုအနည္းငယ္ဆြဲေဆာင္ေလသည္။

"အခုကၾက ဘယ္သူကဘယ္သူ႔ကို အသာစီးေနတာပါလိမ့္. ."

ရွဲ႕ယြီသည္ ဟယ့္ေက်ာင္း၏လက္အားပုတ္လိုက္ပါသည္။

"လက္လႊတ္။"

ဟယ့္ေက်ာင္းသည္ လက္ကိုလႊတ္ေပးလိုက္ပါၿပီး မူလေနရာမွာပင္ျပန္ထိုင္ကာတစ္ခဏၾကာၾကက္ေသေသေနမိ၏ ၊ ၿပီးကာမွ ျပန္လို႔လဲအိပ္ခ်လ်က္ ေျခာက္ကပ္ကပ္နဲ႔ ထိန္းကာဆိုလိုက္ပါသည္။

"မင္း. . .  . . . မင္းရဲ႕ခႏၶာကိုယ္အခ်ိဳးအစားက မဆိုးဘူးပဲ။"

ရွဲ႕ယြီမွာ သေဘာထားေကာင္းေနစြာျဖင့္ ေနာက္ကလိုက္လို႔ေျပေျပျပစ္ျပစ္ဆိုလာခဲ့သည္။

"ေက်းဇူး ၊ မင္းလည္းမဆိုးပါဘူး။"






ဦးေႏွာက္ထဲက သပြတ္အူလိုရႈပ္ေထြးေနသည့္ အေတြးေရယာဥ္တို႔က ႐ုတ္ျခည္းရပ္တန္႔သြားသလို ဟယ့္ေက်ာင္းမွာ မိမိခုနကဘာကိုစိတ္အေႏွာက္အယွက္ျဖစ္ေနခဲ့သည္ကိုပင္ ေမ့လုနီးျဖစ္သြားခဲ့သည္။ သို႔တိုင္ ဟယ့္ေက်ာင္းမွာပူေနသလို ခံစားေနမိရတုန္းျဖစ္သည္။ လည္ေခ်ာင္းဝမွေန ရင္ဘက္တစ္ေလွ်ာက္ အသက္ရွဴမဝသလိုျဖင့္ ေဖာ္ျပလို႔မရသည့္ပူေလာင္ေနျခင္းမ်ိဳး။

အနည္းငယ္ ေလာင္ၿမိဳက္လို႔ေနသည္။

ဘယ္လိုေတြေတြးေနမိသည္ကို ဟယ့္ေက်ာင္းလည္းမသိေတာ့ ၊ ေခါင္းကေနာက္လို႔ေနၿပီး သရဲဝင္ပူးခံေနရသလိုရွိကာ မိမိေဘာင္းဘီခြၾကားေနရာစီ တိတ္တဆိတ္ခိုးလို႔မ်က္စိတစ္ခ်က္ေဝ့ၾကည့္လိုက္မိ္ပါေလ၏။

. . .  . . .

ဟယ့္ေက်ာင္းရဲ႕အေတြးလမ္းေၾကာင္းက သံုး/ေလးေနရာေလာက္ကိုေကြ႕ၿပီး ဟိုးအေဝးႀကီးကိုထြက္ေျပးေရာက္ရွိေနသည္ကိုျဖင့္ ရွဲ႕ယြီကေတာ့သတိမထားမိပါေခ်။ သူသည္လဲေနရင္းမွ ေကာင္းကင္ထက္ခဏၾကာၾကည့္ေနမိၿပီး ၾကည့္လို႔ပ်င္းသည့္အခါ မ်က္ဝန္းတို႔ကိုမွိတ္ထားလိုက္၏။ ေလးဘက္ေလးလံက တိတ္ဆိတ္လ်က္ရွိၿပီး ဟယ့္ေက်ာင္းရဲ႕အသက္ရွဴသံကိုပင္ သူၾကားလို႔ေနရသည္။

ဒါ့အျပင္ တစ္ဖက္လူရဲ႕ အခုခ်ိန္ထိကိုရပ္တန္႔သြားျခင္းမရွိေသးသည့္ ျမန္ဆန္ေနသည့္ႏွလံုးခုန္သံကိုပါၾကားလို႔ေနရသည္။ တစ္ခဏအၾကာ၌ ရွဲ႕ယြီသည္မ်က္ဝန္းတို႔အားမွိတ္ထားလ်က္မွ ေမးလိုက္ပါ၏။

"ႏွလံုးခုန္နႈန္းက ျမန္လြန္းေနတယ္ ၊ အရမ္းေမာလို႔လား?"

ဟယ့္ေက်ာင္းမွာ မ်က္ႏွာကိုပြတ္လိုက္ရင္းမွ  မည္သို႔ေျပာရမည္မသိရွိေနရသည္။

"အာ. . ဟုတ္တယ္. . .  . . . ေျပးတာအရမ္းေမာသြားလို႔။"





ေလာ္ဝိန္ခ်န္ကေတာ့ ၁၀ပတ္ဝန္းက်င္ေလာက္သာပတ္ေျပးကာ ပတ္ေျပးအၿပီးမွာေတာ့ ေျမျပင္ေပၚပစ္လဲခ်ပစ္လိုက္ေတာ့သည္။ သူတို႔ႏွင့္ဆို ကစားကြင္းတစ္ဝက္စာအကြာအေဝးမွာရွိေလသည္။

သူသည္အေမာေျဖလို႔ဝတာႏွင္႔ မုန္းေစ်းတန္းသြားကာ ေရဝယ္ရင္းမွ အ႐ူးလိုေျပးၾကသည့္ အတန္းေဖာ္ႏွစ္ေယာက္အတြက္ပါ အလ်ဥ္းသင့္ႏွစ္ဘူးဝယ္လာခဲ့လိုက္သည္။ သူသည္အားကစားကြင္းအားပတ္လို႔ ရွဲ႕ယြီႏွင့္ဟယ့္ေက်ာင္းတို႔ႏွစ္ေယာက္ေဘးေလွ်ာက္လို႔သြားလိုက္ၿပီး ေဆာင့္ေၾကာင့္ထိုင္ခ်ရင္းမွ ေရဘူးအားကမ္းေပးလိုက္ပါသည္။

"ဝါး မင္းတို႔ႏွစ္ေယာက္ ၊ (၁၅)ပတ္? တကယ္ႀကီး(၁၅)ပတ္ေျပးတာေပါ့?"

ေရခဲေရမွာ ေအးစက္လ်က္ရွိေနတုန္းပင္ျဖစ္သည္။

ရွဲ႕ယြီ : "ေက်းဇူးပဲ။"

ဟယ့္ေက်ာင္းသည္ ထထိုင္၍ေရဘူးကိုယူလိုက္ပါၿပီး ဘူးအဖံုးကိုလွည့္ဖြင့္ကာဘူးတစ္ဝက္ေလာက္ထိ ေမာ့ေသာက္ခ်ပစ္လိုက္ေတာ့သည္။

"အစြမ္းထက္တယ္ဟုတ္ ၊ ေၾကာက္သြားၿပီမလား ၊ (၁၅)ပတ္လို႔ေျပာထားမွေတာ့ (၁၅)ပတ္ေပါ့။"

"ေတာ္တယ္ ေတာ္တယ္. ."

ေလာ္ဝိန္ခ်န္သည္ လာရင္းအေၾကာင္းရင္းအား ဆိုလိုက္ပါသည္။

"ဒီလို ၊ ေဆာင္းဦးအားကစားၿပိဳင္ပြဲၾကရင္ မင္းတို႔ႏွစ္ေယာက္ တာရွည္ေျပးပြဲမွာဝင္ေျပးၾကပါ့လား။"





အေၾကာင္းအရာေခါင္းစဥ္ေျပာင္းသြားတာ ျမန္ခ်က္ေၾကာင့္ ဟယ့္ေက်ာင္းမွာ ခ်က္ခ်င္းခြန္းတံု႔မျပန္လိုက္ႏိုင္။

"ဟမ္?"

ထို႔အျပင္ ရွဲ႕ယြီအတြက္ၾကလည္း ဤသည္မွာပထမဆံုးၿပိဳင္ပြဲမွာအဖြဲ႕နဲ႔ဝင္ပါဖို႔ဖိတ္ေခၚခံရျခင္းျဖစ္သည္။ တာရွည္ေျပးဖို႔က ကိစၥမရွိေပ ၊ သို႔တိုင္အခန္း(3)ရဲ႕အားကစားအဖြဲ႕ဝင္ကေတာ့ အလြန္ကိုတက္ႂကြလ်က္ရွိပါ၏ ၊ အားကစားၿပိဳင္ပြဲအတြက္ကမူ ဘာျပႆနာမွမေပၚလွ်င္ေတာင္ ေနာက္ထပ္လဝက္ခန္႔မွ်လိုေသးသည္။ အခ်ိန္အတိအက်ကိုပင္ ထုတ္ျပန္မလာေသးေခ်။

သို႔ေပသည့္ ေလာ္ဝိန္ခ်န္ကိုယ္တိုင္ကေတာ့ ေခါင္းရမ္းျပလာခဲ့၏။

"ဟင္း ၊ လူ႔ဘဝဆိုတာ လက္ေဖ်ာက္တစ္ခ်က္တီးစာအခ်ိန္သာသာပဲ ရွိတာမဟုတ္လား။"

ရွဲ႕ယြီ : ". . . . . ."

ဟယ့္ေက်ာင္း : ". . . . . ."
ဘ႐ိုေရ မင္းရဲ႕ဒီအေတြးအေခၚအသိဉာဏ္က နည္းနည္းေတာ့ျမင့္သား။

ခဏၾကာေျပာဆိုျဖစ္ၾကၿပီးေနာက္ သံုးဦးသားထရပ္ကာ အတန္းသို႔ျပန္လာခဲ့ၾကသည္။





ေကာ္ရစ္တာတစ္ေလွ်ာက္ျဖတ္ေလွ်ာက္လာခဲ့ၾကရာ၌ အတန္းတိုင္းအကုန္ ဆူညံပြက္ေလာ႐ိုက္ေနသည္ေတြ႕လိုက္ၾကရသည္။ တိတ္ဆိတ္ၿငိမ္သက္ျခင္းဆိုတာကို ကိုယ္စားျပဳဖို႔ပင္ မထိန္းသိမ္းထားႏိုင္ၾကေတာ့ဘဲ ဝက္ဝက္ကြဲဆူညံကာေနသည္။

"ဆူညံေနတာပဲ. ."

အခန္း(8)ကိုျဖတ္ေက်ာ္လာစဥ္၌ ရွိန္က်ယ္တို႔တစ္ေတြမွာ ကာရာအိုေကဆိုေနၾကသည္။ ဟယ့္ေက်ာင္းသည္ နားမကန္းခ်င္၍ နားတစ္ဖက္ထဲလက္ေခ်ာင္းထိုးထည့္ထားမိရင္း ဆက္လို႔ေျပာသည္။

"ဘယ္လိုျဖစ္လို႔ ငါတို႔အတန္းကၾကအသံတစ္သံမွမထြက္တာပါလိမ့္ လိုက္ကာေတြအကုန္လံုးကိုလည္းလံုေနေအာင္ခ်ထားေသး ၊ တိတ္ဆိတ္ေနလိုက္တာမ်ား ငါတို႔အတန္းရဲ႕ပံုမွန္အေနအထားနဲ႔ေတာင္ မတူပါ့လား။"

ဟယ့္ေက်ာင္းသည္ေျပာရင္းျဖင့္ အခန္း(3)ရဲ႕တံခါးအားဆြဲလို႔ဖြင့္လိုက္သည္။

ပိတ္ကားအႀကီးႀကီးထက္၌ ႐ုပ္ရွင္ျပသလ်က္ရွိေနေလ၏ ၊ ႐ုပ္ရွင္ကတစ္ဝက္သို႔ပင္ေရာက္ေနၿပီျဖစ္သည္။

လွ်ိဳခၽြိင္ေဟာက္မွာ အတန္းေခါင္းေဆာင္ျဖစ္သည့္အားေလ်ာ္စြာ တာဝန္ဝတၱရားအရထိုင္ခံုမ၍ စင္ျမင့္ေဘးတြင္ထိုင္ေနေလၿပီး တံခါးေပါက္နားလႈပ္ရွားမႈေတြ႕တာႏွင့္ mouseကိုဆြဲၿပီး ႐ုပ္ရွင္ကိုပိတ္လိုက္ေလသည္။





"ငါ့ျဖင့္လန္႔သြားတာပဲ. ."

ဝင္လာတာက သူတို႔သံုးေယာက္ျဖစ္ေနတာလည္းေတြ႕ေရာ လွ်ိဳခၽြိင္ေဟာက္သည္ ႐ုပ္ရွင္အားျပန္လို႔ဖြင့္လိုက္ပါသည္။

"ငါ့အထင္ဘယ္သူမ်ားပါလိမ့္လို႔ ၊ လာ ငါတို႔ဆက္ၾကည့္ၾကမယ္။ ေလာင္းတဲ့ထဲပါမယ္ဆိုရင္ေတာ့ ဝမ့္သာစီသြားၿပီးစာရင္းေပးရပါမယ္ ၊ ဝယ္မယ္ဆံုးျဖတ္ၿပီးရင္ေတာ့ ျပန္ျပင္လို႔မရပါဘူး။"

လိုက္ကာေတြကိုခ်လို႔ထားသည္မွာ ေလပင္တိုးလို႔မရ ၊ မီးေတြကိုလည္းအကုန္ပိတ္လို႔ထားရာ သူတို႔အား တကယ္ကို႐ုပ္ရွင္ရံုအေသးေလးထဲ ေရာက္ေနသလိုခံစားရေစသည္။

ရွဲ႕ယြီကေတာ့ နားမလည္ဘဲရွိရသည္။

"မင္းတို႔ကဘာလုပ္ေနၾကတာလဲ?"

"ဘယ္တစ္ေယာက္က လူသတ္သမားလဲဆိုၿပီး ခန္႔မွန္းေနၾကတာ. ."

ဝမ့္သာက သူတို႔အားမိတ္ဆက္ေပးလာသည္။

"ဒါက လွ်ိဳ႕ဝွက္ဆန္းၾကယ္ သည္းထိတ္ရင္ဖို႐ုပ္ရွင္ကား ၊ ေလာင္းေၾကးက ငါးျပား ၊ ဧည့္သည္တို႔ေလာင္းေၾကးထပ္ၾကမွာပါလား?"

"ေတာ္ၿပီ ေတာ္ၿပီ ၊ ဒီလိုက ငါရယ္ေလာင္ရွဲ႕ရယ္အေနနဲ႔ေျပာရရင္ မမွ်တဘူးပဲ ၊ အေရွ႕ကေျပာသြားတာေတြ ဘာတစ္ခုမွမွမသိလိုက္ရတဲ့ဟာ. ."

ဟယ့္ေက်ာင္းသည္ ေျပာၿပီးေနာက္ ဆက္လက္ခ်ီးက်ဴးလိုက္ပါ၏။

"ဒါနဲ႔ မင္တို႔ကစီးပြားေရးအေတြးအေခၚေတြ တယ္ရွိၾကပါလား ၊ အဲ့ဒါကိုေတာ့ ငါမျဖစ္မေနဝန္ခံတယ္။"






ဒုတိယႏွစ္ေတြအားလံုး၏ ေပ်ာ္ပြဲရြင္ပြဲေတြမွာ နာရီဝက္ပင္မျပည့္လိုက္ဘဲ ဌာနမွဴးက်န္းကိုယ္တိုင္လာေရာက္ဖ်က္စီးျခင္းခံလိုက္ၾကရသည္။

"ေကာင္းၿပီေလ ၊ ငါစာသြားစစ္ေနတုန္းကို မင္းတို႔က ေျဗာင္းဆန္ေနၾကတယ္ေပါ့ေလ။"

ေခြး႐ူးမွာ အခန္း(8)ကေနစလို႔ တစ္ေလွ်ာက္လံုးဆဲ၍လာသည္။

"အခန္း(8)က စာသင္ခန္းကို KTVလုပ္ပစ္ၾကတယ္ ၊ မင္တို႔အခန္းကၾက ႐ုပ္ရွင္ရံု ၊ အားလံုးပဲ အၾကံဉာဏ္ေတြတယ္ေပါၾကတာပါလား။ ဒီတစ္ေခါက္စာေမးပြဲကို ဘယ္လိုပံုစံေျဖထားၾကတယ္ဆိုတာကိုေရာ ကိုယ့္ကိုယ္ကိုယ္သိၾကရဲ႕လား ၊ အဲ့ေလာက္ေပ်ာ္ေန ျမဴးေနၾကတယ္ေပါ့? !"

ဟယ့္ေက်ာင္းသည္ ရွဲ႕ယြီနားအနားကပ္လို႔ တီးတိုးေျပာလိုက္ပါသည္။

"ဘယ္လိုေနေန ကိုယ္ေတြအားလံုးေသရေတာ့မယ့္အတူတူ ၿငိမ္းေအးစြာေသရတာပိုေကာင္းမယ္။"

ဌာနမွဴးက်န္းသည္ ေနာက္ဆံုးတန္းအားလက္ညႇိုးထိုးေျပာလာ၏။

"မင္းတို႔က ေခါင္းခ်င္းဆိုင္ၿပီးတီးတိုး ဘာေတြေျပာေနၾကတာလဲ ၊ (၁၅)ပတ္ေျပးရတာ မလံုေလာက္ေသးဘူးေပါ့?"

ဟယ့္ေက်ာင္းသည္ 'ဘာမွမေျပာပါဘူး' ဟုေျပာရန္ၾကံတုန္းရွိေသး သူ႔ေဘးနားရွိတ႐ုတ္ျပည္ရဲ႕အေကာင္းဆံုးေသာထံုေက်ာမွာ သူ႔အားေနာက္ေက်ာဓားနဲ႔ထိုးလို႔လာပါေတာ့သည္ ---  --- ရွဲ႕ယြီသည္ ခုနေလးကဟယ့္ေက်ာင္းေျပာသည့္စကားအား တစ္ေခါက္ျပန္လို႔ေဖာက္သည္ခ်ေလသည္။

တစ္ခန္းလံုးပဲ ဝါးလံုးကြဲရယ္ၾကေတာ့၏။





"အဲ့ေလာက္ေသခ်င္ေနတာ ငါမင္းကိုကူညီရတာေပါ့. ."

ဌာနမွဴးက်န္းမွာ ေဒါသအလြန္ထြက္ေနေလၿပီ။

"ဟယ့္ေက်ာင္း ၊ မင္းဒီကထြက္သြားစမ္း ၊ ေကာ္ရစ္တာမွာ သြားရပ္ေနေခ်။"

". . . . . ."

ဟယ့္ေက်ာင္းမွာ ေနသားက်ေနေလၿပီျဖစ္ရာ ထြက္သြားသည့္ ကိုယ္ေနဟန္ထားမွာဆို ကၽြမ္းက်င္လွပလို႔ပင္ေနေတာ့သည္။






ဌာနမွဴးက်န္းမွာေတာ့ ေျပာမၿပီးႏိုင္ေသးသည့္ စာတမ္းတိုအနည္းငယ္ပင္ ပါးစပ္ထဲေျပာဖို႔က်န္ေနေသးေလရာ ဟယ့္ေက်ာင္းကိုေမာင္းထုတ္ၿပီးေနာက္ ဆက္လက္လက္ခ်ာ႐ိုက္ေတာ့သည္ ၊ အခန္း(3)မွာတင္ ေျပာလို႔မၿပီးဆံုးႏိုင္ေတာ့ေခ်။ ဟယ့္ေက်ာင္းမွာ ရပ္ရတာပ်င္းလာသည္ႏွင့္ တိတ္တိတ္ေလးႏွစ္လွမ္းေလာက္ေနာက္ျပန္ဆုပ္ကာ အေနာက္ေပါက္တံခါးေဘးေဘာင္ကိုမွီလ်က္မွ ရွဲ႕ယြီနဲ႔စကားသြားလို႔ေျပာေတာ့သည္။

"ကေလးေလး ၊ မင္းအဲ့လိုလုပ္တာကေတာ့ တရားမမွ်တတာပဲ။"

ရွဲ႕ယြီကျပန္လို႔ခြန္းတံု႔ျပန္လိုက္ပါ၏။

"မင္းက တအားအာရံုေနာက္ဖို႔ေကာင္းတယ္။"






". . .  . . . အေဆာင္ေနတဲ့သူျဖစ္ရဲ႕သားနဲ႔ ေနာက္က်ၾကတဲ့ျဖစ္ရပ္ေၾကာင့္ မင္းတို႔ကိုျပဳျပင္ကုသေပဖို႔ ငါတို႔ေတြနည္းလမ္းရွာေတြ႕ထားတယ္။"

ဌာနမွဴးက်န္းမွာ အတန္းကိုအျပစ္ေျပာရာကေနၿပီး အေဆာင္ေနၿပီးေက်ာင္းေနာက္က်တဲ့စီေရာက္လို႔သြားျပန္ပါသည္။

"ဒီမွာထိုင္ေနတဲ့ အေဆာင္ေနေက်ာင္းသားမ်ား မနက္ျဖန္မနက္ကေနစၿပီး မင္းတို႔ အိပ္ရာကေနထဖို႔အတြက္ ခြန္အားတစ္ခုခံစားရေစရမယ္။"






အိပ္ရာထဖို႔ခြန္အား။

ဒါႀကီးက ေမယိုးတဲ့မွ လံုးဝလူထသတ္ခ်င္လာတဲ့ ခံစားခ်က္ႀကီး။

ေနာက္တစ္ေန႔မနက္၌ အေဆာင္၏အသံလႊင့္စနစ္ကေနၿပီး နားကြဲလုမတတ္အသံထြက္ေပၚလို႔လာေတာ့သည္ ၊ ႏိုင္ငံေတာ္ကို သစၥာေစာင့္သိမယ္ ဆိုသည့္သီခ်င္းတစ္ပုဒ္မွာ အားလံုး၏နားထဲပဲ့တင္႐ိုက္လို႔ေနေတာ့၏။

"အခ်က္ျပမီးခိုးလံုးတို႔ထြက္ျပဴရာ~ က်ယ္ေျပာလွသည့္ ေျမာက္အရပ္စီ~ လွမ္းေမွ်ာ္ၾကည့္ပါလို႔~ နဂါးတို႔ျမည္ဟိန္းသံ~ ျမင္းဟီသံရွည္တို႔~"

"ႏိုင္ငံကို ခုခံကာကြယ္လို႔ နယ္စပ္ေတြကိုခ်ဲ႕ထြင္ဖို႔ ကၽြန္ေတာ္မ်ိဳးဆႏၵရွိပါ၏~ ခံညားလွသည့္တ႐ုတ္ျပည္ႀကီး အရပ္ရပ္က်ယ္ျပန္႔ေစမည္~"

ရဲစြမ္းသတၱိႏွင့္ စိတ္ထက္သန္ျပင္းျပမႈတို႔အျပည့္ျဖင့္ အံ့ခ်ီးဖြယ္ ျမင့္မားလွသည့္ရည္မွန္းခ်က္ဆႏၵတို႔က အမိေျမရွိေယာက္်ားတစ္ေယာက္ခ်င္းစီတိုင္းရဲ႕ ေသြးတို႔ကိုဆူေဝလာေစသည္! ေကာက္ကာငင္ကာ ေပၚထြက္လာသည့္ တာဝန္ဆိုသည့္အသိႏွင့္ စိတ္အားထက္သန္စြာ သင္ယူခ်င္စိတ္တို႔ မျပတ္ဆူေဝလာေစ၏!





မနက္(၆)နာရီအခ်ိန္ ၊ အေဆာင္ထဲကလူအကုန္လံုးအား တကယ္ပဲဆူေဝလာေစပါသည္။

သူတို႔သည္ အိပ္ယာထက္မွထလို႔ ဖိနပ္စီးဖို႔ပင္ဂ႐ုမစိုက္ႏိုင္ၾကေတာ့ပဲ အလ်င္စလိုျဖင့္တံခါးကိုဖြင့္ကာေမးရင္းျပဳရင္းမွ မတိုင္ပင္ထားပါပဲ စကားလံုးႏွစ္လံုးျဖင့္ၿပိဳင္တူဆဲဆိုမိၾကေတာ့၏ - "ငါလိုး!"

"ဘယ္လိုျဖစ္တာတုန္း ၊ ဘာအေျခအေနႀကီးလဲ ၊ (၆)နာရီပဲရွိေသးတဲ့ဟာ လူကိုမအိပ္ခိုင္းေတာ့ဘူးလား?"

"ဘယ္ေကာင္ သီခ်င္းဖြင့္တာလဲကြ? !"

ဟယ့္ေက်ာင္းသည္ ေစာင္ကိုအေပၚသို႔ဆြဲယူလိုက္ၿပီး သီခ်င္းတစ္ပုဒ္အၿပီးကိုသည္းခံေနလိုက္ဖို႔ဆံုးျဖတ္လိုက္သည္။

တကယ္တမ္းေနာက္ဆံုးၾကေတာ့ ထိုအသံလႊင့္ေနျခင္းက ေခါင္းကိုက္လို႔ပင္လာေစၿပီး ထပ္ေပါင္းဆိုသလို အျပင္ဘက္ကမၿပီးႏိုင္မစီးႏိုင္ ဆဲဆိုသံမ်ားေၾကာင့္ သည္းမခံႏိုင္ေတာ့ေခ်။ လက္သီးကိုဆုပ္လ်က္ ထထိုင္လိုက္မိ၏။

". . .  . . . ဘာတုန္းကြာ။"

ညအိပ္ထားၿပီးေနာက္ မေန႔က(၁၅)ပတ္ပတ္ေျပးထားတဲ့အက်ိဳးဆက္က ထြက္ေပၚလို႔လာသည္။ အထူးသျဖင့္ ေရွ႕မၾကာေသးခင္ကရထားသည့္ ေျခခ်င္းဝတ္ကဒဏ္ရာကလည္း ျပင္းျပင္းထန္ထန္အၾကာႀကီးေျပးထားသည့္ဖိစီးမႈကိုပါခံထားရေတာ့ပိုဆိုးသည္။

ဟယ့္ေက်ာင္းသည္ ဆံပင္ေတြကိုဆြဲလို႔ဖြလိုက္ၿပီးေနာက္ ကုတင္ေပၚမွဆင္းကာ ဖိနပ္စီး၍ျဖည္းျဖည္းေဆးေဆးျဖင့္ တံခါးေပါက္ထံေလွ်ာက္လို႔သြားလိုက္သည္။ တံခါးကိုဆြဲဖြင့္ၿပီးေနာက္ အမ်ားနည္းတူ ေအာ္ေျပာလိုက္ပါသည္။

"အဲ့ေလာက္ေတာင္ ေႏွာက္ယွက္ရသလားကြ ၊ ႏိုင္ငံေတာ္ကို သစၥာေစာင့္သိမယ္? သိပ္ရတာေပါ့ကြာ။"

ဟယ့္ေက်ာင္း၏အသံကမက်ယ္ေသာ္လည္း သူ႔အသံကသိသာေပၚလြင္၏ ၊ ေလယူေလသိမ္းက အၿမဲအဆံုးမွာဆိုမသိမသာေလးျမင့္လို႔သြားတတ္ၿပီး က်ီစယ္စကားတို႔ကိုလည္း ဂ႐ုမစိုက္စြာျဖင့္ ၾကားညႇပ္ေျပာတတ္ပါေသးသည္။





တစ္ေယာက္ကဆို သူ႔ကိုေတြ႕တာနဲ႔  မေက်မနပ္ျဖစ္ေနသည္မ်ားကိုရပ္ကာ နႈတ္ဆက္လို႔လာ၏။

"အစ္ကိုေက်ာင္း ေမာနင္း။"

ဟယ့္ေက်ာင္းသည္ ဘာမွျပန္မေျပာပါဘဲ သမ္းေဝလိုက္ၿပီးေနာက္ လက္ျပ၍သာထိုတစ္ေယာက္အား အသိအမွတ္ျပဳဟန္ျပလိုက္ပါသည္။ ၿပီးေနာက္ မ်က္ႏွာခ်င္းဆိုင္ကတံခါးစီေလွ်ာက္သြားလိုက္ၿပီး စိတ္ခ်မ္းသာစရာရွိလည္းအတူမွ်ခံ ၊ အခက္အခဲရွိလည္းအတူမွ်ခံဆိုတဲ့စိတ္ရွိလွစြာျဖင့္ တံခါးေခါက္၍ရွဲ႕ယြီအား ေအာ္ေခၚေတာ့သည္။

"ေလာင္ရွဲ႕ ၊ ထေတာ့ေလ ေလာင္ရွဲ႕. . .  . . . ဒီလိုျဖစ္ေနတာေတာင္ အိပ္ေပ်ာ္တယ္လား?"

ဟယ့္ေက်ာင္းမွာ ဆံပင္တို႔ကရႈပ္ပြေနၿပီး အကၤ်ီကလည္း သပ္သပ္ရပ္ရပ္ရွိမေနေခ် ၊ တံခါးကိုအေတာ္ၾကာေခါက္ေနေပမယ့္ တံု႔ျပန္မႈကမရွိ။ ကံေကာင္းခ်င္ေတာ့ 'ႏိုင္ငံေတာ္ကို သစၥာေစာင့္သိမယ္' ဆိုတာကလည္းပိတ္လို႔သြားတာနဲ႔ အိပ္ယာထဲျပန္သြားၿပီးဆက္အိပ္ဖို႔ရာ စိတ္ကူးေနတုန္း ေရွ႕ကတံခါးမွာ ကၽြီခနဲပြင့္လို႔လာသည္။

"မင္းေမယိုးနဲ႔မွ မၿပီးေတာ့ဘူးလား. ."

ရွဲ႕ယြီသည္ နားထဲထိုးထည့္လို႔ထားသည့္ နားဆို႔အားဆြဲထုတ္လိုက္ပါၿပီး တံခါးေဘးေဘာင္ကိုမွီရင္း သူ႔ကိုၾကည့္လာသည္။

"ေျပာစရာရွိတာ ျမန္ျမန္ေျပာ။"

ရွဲ႕ယြီက ႀကိဳဆိုလားမႀကိဳဆိုဘူးလားဆိုတာကို ဂ႐ုမထားပါဘဲ သူသည္အခန္းတြင္းသို႔လွမ္းဝင္လိုက္သည္။ ဟယ့္ေက်ာင္းမွာ သူ႔ေဘးနားမွျဖတ္လ်က္ ဝင္လို႔သြားေတာ့သည္။

"မနက္စာသြားစားဖို႔ မင္းကိုလာေခၚတာ။"

ရွဲ႕ယြီသည္ တံခါးမပိတ္ေသးပါဘဲ တံခါးေပါက္ဝတြင္သာရပ္လ်က္ သူ႔အားၾကည့္ေနမိသည္ ၊ မ်က္ဝန္းအၾကည့္ေတြထဲမွာေတာ့ 'ထြက္သြားစမ္း' ဆိုသည့္စကားလံုးသံုးလံုးထင္ဟပ္လို႔ေနပါ၏။

ဟယ့္ေက်ာင္းကေတာ့ မျမင္သလိုသာဟန္ေဆာင္ေနလိုက္သည္။





အသံလႊင့္စက္ကေန သီခ်င္းသံရပ္သြားေပသည့္တိုင္ ဌာနမွဴးက်န္း၏မိန္႔ခြန္းကေတာ့ စတင္လာခဲ့ၿပီျဖစ္သည္။

"ဟယ္လို ဟယ္လို? ၾကားၾကလား ၊ အာ ၊ ဟုတ္ၿပီ ၊ ေက်ာင္းသားအားလံုးပဲ ေကာင္းေသာမနက္ခင္းေလးပါ ၊ တစ္ရက္တာအစီအစဥ္ေတြခ်ဖို႔က မနက္ေစာေစာကတည္းကစတင္တာေကာင္းတယ္တဲ့. . .  . . ."

ဟယ့္ေက်ာင္းမွာ လံုးဝေရွာ့ရလို႔သြား၏။

"ဖာ့ခ္ ၊ မၿပီးေသးဘူးလား?"

ရွဲ႕ယြီကေတာ့ လက္ကိုေျမႇာက္၍ နားထင္ကိုသာပြတ္ေနမိေတာ့သည္။

ဒီအတိုင္းသာဆို သူဆက္အိပ္ခ်င္ေတာင္ အိပ္လို႔မရေတာ့ ၊ တံခါးကိုသာပိတ္လိုက္ရၿပီး မ်က္ႏွာသစ္ဖို႔သာသြားလိုက္ေတာ့သည္။

"မေန႔ကသခၤ်ာဘာသာကေတာ့ တကယ္ပဲ ၊ သခၤ်ာဆရာျမင္လို႔ကေတာ့ စိတ္လႈပ္ရွားလြန္းၿပီး မ်က္ရည္ေတာင္က်သြားေလာက္မယ္. ."

ရွဲ႕ယြီမွာသြားတိုက္လို႔ေနၿပီး ဟယ့္ေက်ာင္းကေတာ့ အခန္းထဲကကိုယ္ပိုင္သန္႔စင္ခန္း၏အေပါက္ဝနားရပ္ကာ နံရံကိုမွီထားရင္း သူ႔ႏွင့္လာစကားမ်ားလို႔ေနသည္။

"သူငါ့ကိုခ်ီးက်ဴးလာမွာကို မင္းေစာင့္ၾကည့္ေနလိုက္ ၊ ဘယ္တုန္းကမွ ငါပုစၧာေတြေျဖရင္ ဒီေလာက္ေကာင္းေကာင္းမပိုင္ဖူးဘူး ၊ အခုျကပုစၧာတိုင္းကိုသိေနေတာ့တာ. . .  . . ."

ရွဲ႕ယြီသည္ သြားတိုက္လို႔ၿပီးေနာက္ ေရကိုလက္ျဖင့္ခံလ်က္ မ်က္ႏွာသစ္သည္။

"ဒီတစ္ေခါက္ေတာ့ ေသခ်ာေပါက္ေအာင္မွာ" ဟုဟယ့္ေက်ာင္းေျပာလာခိုက္တြင္ ရွဲ႕ယြီသည္မ်က္ႏွာသုတ္ၿပီးသြားၿပီျဖစ္ရာ ထိုတဘက္အားဟယ့္ေက်ာင္းမ်က္ႏွာထက္ ပစ္ေပါက္ထည့္လိုက္ေတာ့သည္။

ဒီအေၾကာင္းမေျပာတာ ေကာင္းလိမ့္မယ္ ၊ လပတ္စာေမးပြဲအေၾကာင္းေျပာလာတာႏွင့္ ရွဲ႕ယြီမွာေခါင္းေျခာက္လာသလိုခံစားလာရသည္။ စိတ္ထဲကေနလည္း ေတြးလိုက္ပါ၏ ၊ မင္းကခ်ီးကိုေအာင္ေန။





"ဘာလုပ္တာလဲ. ."

ဟယ့္ေက်ာင္းသည္ မ်က္ႏွာေပၚက တဘက္အားယူလိုက္ပါ၏။

"အိပ္ယာႏိုးႏိုးျခင္း ထြက္တဲ့ေဒါသလား?"

ရွဲ႕ယြီသည္ လက္အားေဘာင္းဘီရွည္၏ဇစ္ေနရာနားထားထားရင္း ဇစ္အားအနည္းငယ္ေလာက္ဆြဲလို႔ခ်ေနၿပီျဖစ္ရာ ဘာလုပ္မည္မွန္းအသိသာႀကီးရွိလွေလသည္။

"တံခါးကိုပိတ္ခဲ့ၿပီး ဒီနားကထြက္သြားလိုက္ေတာ့။"

"ဘာကိုရွက္ေနတာလဲ ၊ ေယာက္်ားေလးခ်င္းပဲဟာ။"

ဟယ့္ေက်ာင္းသည္ ပါးစပ္ကေနသာထိုသို႔ဆိုေပမယ့္ အလိုက္သင့္ကိုယ္ကိုတစ္ဖက္သို႔လွည့္လိုက္ပါၿပီး စာေရးစားပြဲရွိရာဘက္ထြက္လာခဲ့လိုက္ပါသည္။

ရွဲ႕ယြီသည္ ေဘာင္းဘီဇစ္အားဆြဲလို႔ဖြင့္ရင္း သူ႔အားအေရးစိုက္မေနေတာ့ေခ်။





မေန႔ကေန႔လည္ပိုင္း သခၤ်ာေျဖတုန္းက ရွဲ႕ယြီမွာထိန္းေျဖရမည့္အမွတ္ကိုသိခ်င္တာေၾကာင့္ ေျဖေနတုန္းတစ္ဝက္မွာ ဟယ့္ေက်ာင္းအား ေျဖတာဘယ္လိုေနလဲေမးခဲ့ေသးသည္။

ေမးခြန္းလႊာထက္က ပုစၧာတိုင္းလိုလိုက အတန္းခ်ိန္မဟုတ္တဲ့အခ်ိန္ေတြမွာလုပ္ရတဲ့ေလ့က်င့္ခန္းထဲကျဖစ္ၿပီး အလွည့္အေျပာင္းေလးနည္းနည္းသာလွ်င္လုပ္လို႔ထားတာျဖစ္သည္။ ဥပမာဆိုရလွ်င္ 10ကို 20လို႔ေျပာင္းထားတာမ်ိဳးေလးေတြသာ ၊ အမွတ္နည္းနည္းသာရလို႔ကေတာ့ အဲ့ဒါေသခ်ာေပါက္မွတ္ဉာဏ္ခ်ိဳ႕ယြင္းေနတာနဲ႔ တူသြားမွာပင္။

ေျဖတာမဆိုးပါဘူးဟု ဟယ့္ေက်ာင္းေျပာလာတဲ့အခ်ိန္တုန္းကဆို သူ႔မွာယံုေနမိေသး၏။

တကယ္တမ္း ဟယ့္ေက်ာင္းက ပံုမွန္ဆိုစာကိုလံုးဝလိုက္နားမေထာင္ဘူးဆိုတာမ်ိဳးလည္းမဟုတ္ ၊ အရင္တစ္ေခါက္ သခၤ်ာဆရာကိုေဒါသထြက္ေအာင္ လုပ္ထားမိကတည္းက သခၤ်ာအခ်ိန္ဆို သူ႔မွာေကာင္းေကာင္းေနရသည္မဟုတ္ ၊ ဖုန္းလည္းေဆာ့လို႔မျဖစ္တာေၾကာင့္ မျဖစ္မေနေက်ာက္သင္ပုန္းကိုသာၾကည့္လို႔ေန႐သည္။

သူတကယ္ႀကီး နားလည္လားနာမလည္လား ဆိုတာေတာ့မသိ ၊ ဘာျဖစ္ျဖစ္ကို ဒီလူ႔ပါးစပ္က အၿမဲထိုသို႔သာေျပာေလသည္။

"ဒီလိုကိုး ၊ ေတာ္ေတာ္လြယ္သားပဲ ၊ အဲ့ပုစၧာကိုမင္းနားလည္လား ၊ ငါေတာ့နားလည္တယ္။"

ဒင္းလားနားလည္. . .  . . . ေသာက္အဓိပၸာယ္မရွိ။

အေျဖလႊာေတြသိမ္းေနစဥ္ ရွဲ႕ယြီသည္ သူ႔အေျဖလႊာအားတစ္ခ်က္လွမ္းလို႔ၾကည့္လိုက္ရာ ဟယ့္ေက်ာင္းသည္လံုးဝကိုပဲ သူ႔ရဲ႕ယံုၾကည္ေနမိျခင္းအား စိတ္ပ်က္ေစသည္ကို သိလိုက္ရသည္။





ဟယ့္ေက်ာင္းသည္ အခန္းထဲႏွစ္ပတ္ေလာက္ပတ္ၿပီးေနာက္ အဆံုး၌ရွဲ႕ယြီ၏ကုတင္ထက္ သြားလို႔ထိုင္လိုက္ပါသည္။

ရွဲ႕ယြီသည္ အိမ္သာတက္ၿပီးေနာက္ တစ္ခါတည္းအိမ္သာခန္းအား သန္႔ရွင္းေရးလုပ္လိုက္ေတာ့သည္။ သူလက္ေဆးၿပီးလို႔ ထြက္လာခ်ိန္မွာေတာ့ ကိစၥရွိရွိမရွိရွိတံခါးလာလာေခါက္ ၊ ပါးစပ္ကေနလည္း မနက္စာစားမယ္ဆိုၿပီးလာလာေအာ္တတ္သည့္ဟယ့္ေက်ာင္းတစ္ေယာက္ သူ႔ကုတင္ထက္အိပ္ေပ်ာ္ေနသည္ကိုေတြ႕လိုက္ရသည္။

ဟယ့္ေက်ာင္း၏ အေပၚဝတ္အကၤ်ီမွာ အေပၚသို႔လိပ္တက္ေန၏ ၊ လူကၾကည့္ေတာ့သာ ပိန္ပိန္ရွည္ရွည္ျဖစ္ေနေပမယ့္ ရွိသင့္သည္တို႔ေတာ့ရွိေလသည္။

ခါးနဲ႔ဝမ္းဗိုက္စပ္ၾကားေနရာတြင္ အထူးသျဖင့္အသက္ရွဴလိုက္တိုင္းနိမ့္လိုက္ျမင့္လိုက္ျဖင့္ ႂကြက္သားစိုင္တို႔ခပ္ေရးေရးထင္းလို႔ေနသည္။ သို႔တိုင္ ငယ္ရြယ္ပ်ိဳမ်စ္ေနျခင္းက ထိုအရာတို႔အား သိသိသာသာကိုအားေပ်ာ့ေနေစသည္။

ဟယ့္ေက်ာင္း၏မ်က္ႏွာတစ္ျခမ္းက ေစာင္ပံုၾကားထဲျမဳပ္ေနသည္။

ရွဲ႕ယြီသည္ လက္ေကာက္ဝတ္ကအဆစ္ကိုလွည့္ကာလႈပ္ရွားရင္းမွ အလြန္မွလည္းလူတစ္ေယာက္ေယာက္ကို ထိုးပစ္ခ်င္လာမိရသည္။





လပတ္စာေမးပြဲၿပီးေနာက္မွာေတာ့ အမွတ္ကဘယ္လိုျဖစ္ေနေန အားလံုးမွာအရင္အတိုင္းျပန္လို႔ ေပ်ာ္ရႊင္စရာဘဝေလးဆိုတဲ့အတိုင္း လြတ္လပ္ေပါ့ပါးလို႔သြားၾကသည္။

မနက္ခင္းေက်ာင္းဝန္းအတြင္းဝင္လာၾကသည့္ေက်ာင္းသားမ်ားမွာ သေဘာက်သည့္အႏုပညာရွင္ေတြအေၾကာင္း စသည္ မေန႔ညကလႊင့္တာနာမည္ႀကီးသြားသည့္ ဇာတ္လမ္းတြဲေတြအေၾကာင္းအေလးထားေျပာဆိုေနၾကေတာ့သည္။ ေခြး႐ူးကေတာ့ မနက္ခင္းေခါင္းေလာင္းထိုးသံႏွင့္အတူ ေက်ာင္းေပါက္ဝတြင္ရပ္လ်က္ ေနာက္က်သူမ်ားအားေစာင့္ဖမ္းလ်က္ရွိသည္။

အမွတ္(၂)ကဆရာေတြရဲ႕ စာစစ္စြမ္းရည္ကေတာ့ ျမန္လွေပသည္ ၊ ညဆိုအေျဖလႊာေတြကိုသယ္သြားၿပီး အခ်ိန္ပိုဆင္းကာဆက္လို႔စစ္ၾကရာ ေနာက္တစ္ေန႔ဆို အမွတ္ထြက္လို႔ပင္ရႏိုင္ၿပီျဖစ္သည္။

ဝမ့္သာမွာ ၾကားထဲေက်ာင္းဆင္းေနခ်ိန္တစ္ခ်ိန္လံုး ဆရာမ်ားရံုးခန္းအေပါက္ဝ၌ေဆာင့္ေၾကာင့္ထိုင္ကာ ေခါင္းကိုေစာင္း နားရြက္ကိုတံခါးမွာကပ္လို႔ေနေလသည္။ ထန္စန္းတစ္ေယာက္အမႈိက္သြားပစ္ရန္ တံခါးဖြင့္လာခ်ိန္ၾကကာမွ အျမန္ထရပ္လို႔ တစ္ဖက္သို႔လွည့္ကာ သန္႔စင္ခန္းရွိရာဘက္ေျပးပုန္းေတာ့သည္။

"မင္းေနဦး. ."

ထန္စန္းဆိုတာကလည္း မ်က္လံုးကန္းေနတာမဟုတ္တဲ့အတြက္ သူသည္ ဝမ့္သာအားလက္ယပ္ေခၚလိုက္ပါသည္။

"လာခဲ့။"

ထန္စန္းဒီကိုစေျပာင္းလာခါစတုန္းက အျခားဆရာေတြစီကေနၿပီး ဒီကေလးက ေထာင့္ကေနခိုးနားေထာင္ရတာတအားႀကိဳက္တာဟု ေျပာသံအားၾကားဖူးသည္။ ဒီေန႔ေတာ့ ကိုယ္တိုင္မ်က္ျမင္ေတြ႕လိုက္ရ၏။ သူသည္အမႈိက္အိတ္ကိုကိုင္ထားရင္းမွ ေရွ႕သို႔အနည္းငယ္လွမ္းသြားလိုက္ၿပီး ေမးလိုက္ပါသည္။

"ဘာေတြၾကားလိုက္လဲ?"

ဝမ့္သာကေျပာသည္။

"ကၽြန္ေတာ္တို႔အတန္းက အနိမ့္ဆံုး ၊ ဒုတိယႏွစ္ေတြအားလံုးထဲကမွ အဆင့္(၁)နဲ႔(၂)ကို ကၽြန္ေတာ္တို႔အတန္းထဲကပဲရတယ္ ၊ ဒါေပမယ့္ဘိတ္ေခ်းအဆင့္ေတြ။ ပ်မ္းမွ်အမွတ္ေပါင္းကေတာ့ အခန္း(2)ကအျမင့္ဆံုး ၊ တစ္ေယာက္က သခၤ်ာမွာအမွတ္ျပည့္ရတယ္ ၊ ရႊီခ်င္ခ်င္က အဂၤလိပ္စာေျဖထားတာမဆိုးဘူး. . .  . . . ေဘးကပ္ရပ္အတန္းက အဂၤလိပ္စာဆရာမက ေနာက္လဆိုမဂၤလာေဆာင္ေတာ့မယ္။"

ထန္စန္းသည္ ဝမ့္သာေခါင္းအတြင္း ဝိုးတဝါးျမင္ေယာင္ၾကည့္မိသည္။ အဲ့ေလာက္အမ်ားႀကီးသိလိမ့္မယ္လို႔လည္း တကယ္ႀကီးမထင္ထားခဲ့။

"မင္းနားရဲ႕ နားေထာင္ႏိုင္စြမ္းကေတာ့ အံ့ဖြယ္ပါပဲ ၊ မင္းမွာနားဘယ္ႏွစ္ခုမ်ားပါေနတာတုန္း? ထပ္ေရာရွိေသးလား?"

ဝမ့္သာ : "မရွိေတာ့ပါဘူး ၊ အားလံုးတင္ျပၿပီးသြားပါၿပီ။"

အတန္းတက္ေတာ့မွာျဖစ္တာေၾကာင့္ ထန္စန္းမွာသူ႔အားသင္ျပေပးေနဖို႔အခ်ိန္ကမရွိေတာ့။

"အခ်ိန္အားေနရင္ စာမ်ားမ်ားဖတ္ ၊ အတန္းသြားတက္ေခ်ေတာ့. . ဒါနဲ႔ ---  --- ေန႔လည္က်ရင္ ဟယ့္ေက်ာင္းကိုဆရာ့ရံုးခန္းလာခိုင္းလိုက္ဦး။"

ဝမ့္သာသည္ ခပ္ျမန္ျမန္ေခါင္းၿငိမ့္လိုက္၏။

ထန္စန္းသည္ ေလွ်ာက္ထြက္လာခဲ့ၿပီးမွ ျပန္လွည့္လိုက္ရင္း ေျပာလိုက္သည္။

". . .  . . . ရွဲ႕ယြီကိုပါတစ္ခါတည္း လာခဲ့ခိုင္းလိုက္။"





စာသင္ခန္းထဲ၌။

ဟယ့္ေက်ာင္းသည္ ေနရာတြင္ထိုင္လ်က္ ရွဲ႕ယြီႏွင့္အတူ ႏွစ္ေယာက္သား ေရွ႕အခ်ိန္တုန္းက အႏိုင္အရႈံးမကြဲသည့္ စာရြက္နဲ႔ေဘာပင္ကိုသာသံုးကာ ကိုယ္ဘာသာလုပ္ေဆာ့လို႔ရသည့္ ---  --- Five in a Rowဆိုသည္အားေဆာ့ေနသည္။ ေရွ႕တ႐ုတ္စာအခ်ိန္တုန္းက ႏွစ္ေယာက္သား 2:2 သေရက်လို႔ထားတာျဖစ္သည္။

(Five in a row - စာရြက္ေပၚအကြက္ဆြဲၿပီး O ရယ္ X ရယ္နဲ႔တန္းသြားေအာင္ေဆာ့ရတဲ့ဟာပါ ၊ ကိုယ္ေတြဒီမွာေဆာ့ေနၾက ၃ခုတန္းသြားရင္ႏိုင္တဲ့ဟာေလး ၊ ဒီမွာကၾက၅ခုတန္းမွပါ)

ဟယ့္ေက်ာင္းရဲ႕ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေတြးေခၚႏိုင္စြမ္းရည္ကေတာ့ ျမင့္မားၿပီး ေရွ႕တန္းကိုလည္း ထူးျခားစြာရွည္ရွည္ဆြဲတတ္သည္။ ရွဲ႕ယြီက ၅ခုတန္းေတာ့မည့္အခါတိုင္း ဟယ့္ေက်ာင္းက ၾကားဝင္ဝင္ေျခထိုးခံတတ္သည္။ ဟယ့္ေက်ာင္းရဲ႕ ဉာဏ္ရည္အရဆို ဒါကမေတာ္တဆႏိုင္သြားတာလား ဘာလားေတာ့ ရွဲ႕ယြီလည္းမသိပါ။

ဝမ့္သာသည္ ေက်ာင္းတက္ေခါင္းေလာင္းသံႏွင့္အတူ ျပန္ေရာက္လို႔လာသည္။

"အစ္ကိုေက်ာင္း အစ္ကိုယြီ ၊ ေလာင္ထန္က ေန႔လည္ၾကရင္ မင္းတို႔ႏွစ္ေယာက္ကို သူ႔ရံုးခန္းလာခဲ့ဖို႔ေခၚေနတယ္ ၊ မင္းတို႔ႏွစ္ေယာက္က . . .  . . . ဘယ္လိုျဖစ္လို႔ေျဖတိုင္း ေနာက္ဆံုးအဆင့္ခ်ည္းရေနၾကတာလဲ?"

ဟယ့္ေက်ာင္းသည္ ဒါကိုၾကားတာနဲ႔ ဝမ့္သာတစ္ေယာက္အဆင့္ေတြၾကားလာခဲ့မွန္း သိလိုက္ေလရာ ေဘာပင္ကိုခ်၍ေမးလိုက္ပါသည္။

"ငါေရာ? ငါကေနာက္ဆံုးကေရရင္ဘယ္ေလာက္လဲ?"

ရွဲ႕ယြီကေတာ့ ရလဒ္ကိုမွန္းဆၿပီးျဖစ္ရကာ ေခါင္းပင္ေမာ့ၾကည့္မေနေတာ့။

ေမွ်ာ္လင့္ထားသလိုပါပင္ ဝမ့္သာကေျပာလို႔လာသည္။

"ေနာက္ဆံုးကေရရင္ အဆင့္(၁) ၊ ၿပီးေတာ့ မင္းသခၤ်ာမွာ (၁၀)မွတ္ပဲရတယ္။"





ဟယ့္ေက်ာင္းၾကည့္ရတာ ကယ္တင္လို႔ပင္မရေအာင္ သူ႔ကိုယ္သူေအာင္တယ္ဆိုတဲ့ အိပ္မက္ထဲပဲနစ္ေနသလိုပံုစံျဖင့္ '၁၀မွတ္'ဆိုတဲ့စာလံုးႏွစ္လံုးကိုလည္းၾကားလိုက္ေရာ လန္႔ဖ်န္႔သြားပါေလသည္။

"ကိန္းဂဏန္း(၁)လံုးဆိုတာကေနလြတ္ၿပီး ငါကတစ္ဆင့္တက္လာတာေပါ့ေလ။"

ဝမ့္သာကဆိုသည္။

"ဟုတ္တယ္မလား ၊ ေတာ္ခ်က္ႀကီးပဲ ၊ ငါတို႔အတန္းရဲ႕ ပံုမွန္ပ်မ္းမွ်အမွတ္ကို (၂)မွတ္တိတိေလွ်ာ့က်သြားေစတာပဲ။"

ဝမ့္သာသည္ေျပာၿပီးေနာက္မွ ဟယ့္ေက်ာင္းက စိတ္ဓာတ္အနည္းငယ္က်ေနသလိုရွိသည္ကို ေတြ႕လိုက္ရာ ေမးမိရ၏။

"အစ္ကိုေက်ာင္း ဘာျဖစ္လို႔လဲ?"

"ထားလိုက္ သူ႔အေရးစိုက္မေနနဲ႔ ၊ သူကအိပ္ရာကေနကိုႏိုးကိုမလာေသးတာ. ."

ရွဲ႕ယြီကေျပာသည္။

"သခၤ်ာဆရာခ်ီးက်ဴးမွာကို ေစာင့္ေနတာေလ. . .  . . . အိပ္အိပ္ ၊ အိပ္မက္ထဲမွာဆိုဘာမဆိုျဖစ္တယ္။"

ဝမ့္သာမွာ အခုေနာက္ပိုင္း ရွဲ႕ယြီနဲ႔ကလည္းမဆိုစေလာက္ရင္းႏွီးလာသည္ဟု ခံစားမိရျခင္းေၾကာင့္ ေရွ႕ေနာက္မစဥ္းစားဘဲေျပာခ်လိုက္ေတာ့သည္။

"အစ္ကိုယြီ ၊ မင္းကအမွတ္(၂၀) ၊ မင္းတို႔ႏွစ္ေယာက္က အတူတူနဲ႔အႏူႏူပါပဲ ၊ ဘယ္နားမွပိုတယ္သာတယ္မရွိပါဘူး။"

ရွဲ႕ယြီ : ". . .  . . . မင္းကရန္စတာလား?"

ဟယ့္ေက်ာင္းမွာ ၾကားၿပီးေနာက္ ခ်က္ခ်င္းပဲရယ္လို႔လာေတာ့သည္ ၊ ရယ္ရင္းရယ္ရင္း ရယ္သံမွာပိုလို႔ပင္က်ယ္ေလာင္လာေတာ့၏။





ေန႔လည္ပိုင္း၌ ထန္စန္းမွာ ေစာေစာစားလို႔ၿပီးတာနဲ႔ ရံုးခန္းသို႔အျမန္ျပန္လာခဲ့ၿပီး ေနာက္ဆံုးကေရရင္ အဆင့္(၁)နဲ႔(၂)ဆိုသည့္ ေက်ာင္းသားႏွစ္ေယာက္ ရံုးခန္းသို႔လာမည္ကိုေစာင့္ေနလိုက္သည္။

သူသည္ ေျပာဖို႔ရာစကားတခ်ိဳ႕အားအၾကမ္းစီကာေရးေနရင္းမွ ေနာက္ေတာ့လက္တန္းပဲေျပာဖို႔ ဆံုးျဖတ္လိုက္ေတာ့သည္။

"ဆရာထန္ ၊ သူတို႔ႏွစ္ေယာက္က အထက္တန္းပထမႏွစ္ကတည္းက အဲ့လိုပဲ. ."

ေဘးနားကအျခားဆရာတစ္ေယာက္မွာ ထိုႏွစ္ေယာက္ရဲ႕အေျဖလႊာတို႔အား အေတာ္ၾကာေအာင္စိစစ္လို႔ေနသည့္ ထန္စန္းအားၾကည့္ရင္းမွ ေန႔လည္ၾကရင္လည္း ေခၚေျပာဖို႔ခ်ိန္းထားသည္ကိုပါ ၾကားတာနဲ႔ေျပာလို႔လာသည္။

"ဆရာပံုမွန္သာသင္ရတယ္ ၊ သူတို႔ကမွ လိုက္နားမေထာင္ခ်င္တဲ့ဟာ မတတ္ႏိုင္ဘူးေပါ့။ ကၽြန္ေတာ္အခုလိုေျပာတာက ဆရာ့ကိုဘယ္လိုလုပ္ပါ ၊ သူတို႔ကိုလက္ေလွ်ာ့လိုက္ ဆိုတဲ့ပံုစံေျပာတာမဟုတ္ပါဘူး ၊ သူတို႔ႏွစ္ေယာက္ကိုက. . .  . . . တကယ္ပါ ၊ နည္းလမ္းကိုမရွိေတာ့တာ ၊ မတတ္ႏိုင္ဘူး။"

ထန္စန္းသည္ ဟယ့္ေက်ာင္းႏွင့္ ရွဲ႕ယြီတို႔၏အေျဖလႊာတို႔အား ဆက္လက္လွန္လို႔ၾကည့္ေနရင္းမွ ထိုဆရာေျပာလာသည္မ်ားကိုလည္း ဆန္႔က်င္မေနပါ ၊ မိမိလုပ္ေနသည္မ်ားအား မည္သူကမွ်အသိအမွတ္မျပဳဆိုၿပီးလည္း နည္းနည္းမွေတြးမေနဘဲ ေျပာလိုက္၏။

"ကၽြန္ေတာ္ ပံုမွန္အတိုင္းပဲသင္ေနတာပါပဲ ၊ ကၽြန္ေတာ္တတ္ႏိုင္သေလာက္ အေကာင္းဆံုးျဖစ္ေအာင္ႀကိဳစားေတာ့သင္ရမွာေပါ့ --- --- အခုကအေကာင္းဆံုးမႀကိဳးစားရေသးဘူးေလ။"

ဆယ္မိနစ္ေက်ာ္ေလာက္ၾကာခ်ိန္မွာေတာ့ ႏွစ္ေယာက္သားေရာက္လို႔လာကာ ေရွ႕ဆင့္ေနာက္ဆင့္ တံခါးေခါက္လာခဲ့သည္။

"ေရာက္ပါၿပီ။"

ထန္စန္းသည္ လက္ထဲကသင္ၾကားေရးစာအုပ္ကိုပိတ္လိုက္ၿပီး ေျပာလိုက္သည္။

"ဝင္ခဲ့။"






ေလာင္ထန္ဘာလို႔ သူတို႔ကိုေခၚလည္းဆိုတာက မွန္းရမခက္ပါ ၊ အဆင့္အတြက္အျပစ္တင္ဖို႔သာရွိေပမည္။ အထက္တန္းပထမႏွစ္တုန္းကလည္း ဒီလိုပဲသူတို႔ကိုေခၚၿပီးေျပာၾကတာပါပဲ ၊ ေျပာတာေတာ့ေျပာတာေပမယ့္ ေျပာၿပီးသြားရင္ေတာ့လည္း ေျပာတာသာရွိတာဒီပံုစံကဒီပံုစံပင္။

ဟယ့္ေက်ာင္းပံုစံကေတာ့ သက္ေသာင့္သက္သာပင္ ၊ စဥ္းစားၾကည့္ေတာ့လည္း ဒီလိုအေျခအေနမ်ိဳးက ခဏခဏျဖစ္ေနၾကမို႔လည္းပါသည္။

"မင္းတို႔ႏွစ္ေယာက္ ထိုင္. ."

ထန္စန္းသည္ အေျဖလႊာအား စားပြဲထက္တင္လိုက္၏။

"ဆရာ မင္တို႔ကိုေမးခ်င္လို႔ ၊ စာသင္ရတဲ့အေပၚ ဘယ္ေနရာေတြမွာ အခက္အခဲေတြမ်ားရွိသလဲ? ထုတ္ေျပာျပရင္ ဆရာတို႔အတူႀကိဳးစားၿပီး ေျဖရွင္းၾကည့္လို႔ရတာေပါ့။"

အျခားအဓိပၸာယ္နဲ႔ဆိုရေသာ္ 'မင္းတို႔ႏွစ္ေယာက္က ဘယ္လိုျဖစ္လို႔ ဒီေလာက္နိမ့္တဲ့အမွတ္ထြက္လာၾကရတာလဲ' ဟူ၏။

ရွဲ႕ယြီကေတာ့ ဘာအေၾကာင္းျပခ်က္မွမေပး ၊ ဘာလို႔ဆို အေျဖမွန္ေတြကိုသိလြန္းလို႔ေတာင္ တမင္ေရွာင္ၿပီးေျဖခဲ့တာေတြေလ ၊ ေျပာလိုက္ရင္ ဆရာလန္႔သြားမွာေတာင္စိုးရသည္။

ဟယ့္ေက်ာင္းကေတာ့ ေရွာေရွာရွဴရွဴပင္ေျဖလို႔လာသည္။

"အားလံုးကို အခက္အခဲရွိေနတာ။"

"ဟယ့္ေက်ာင္း ၊ တစ္ေလာေလးကဆို ငါ မင္းတို႔အတန္းပိုင္နဲ႔ကို အခုတေလာမင္းကသခၤ်ာအခ်ိန္ေတြမွာေတာ္ေတာ္ေလးမဆိုးဘူးဆိုၿပီး ခ်ီးက်ဴးေနၾကေသးတာ. ."

ေျပာေနစဥ္တြင္ သခၤ်ာဆရာမွာေန႔လည္စာစားၿပီးျဖစ္၍ ရံုးခန္းထဲဝင္လို႔လာ၏ ၊ လက္ထဲ၌လည္း သြားၾကားထိုးတံအားကိုင္လို႔ထားသည္။

"အခုၾက ေျဖတာဘယ္လိုျဖစ္ရတာလဲ?"

ဟယ့္ေက်ာင္းမွာ ဘာမွမေျပာေတာ့ေခ်။





ရွဲ႕ယြီမွာ ထံုေက်ာအစားေျဖလို႔ေပးလိုက္ပါသည္။

"သင္ေနခ်ိန္တုန္းကေတာ့ သူလည္း သူဘာသာနားလည္တယ္ဆိုၿပီးထင္ေနတာ။"

ဒီတစ္ေခါက္အလွည့္က်သူကေတာ့ သခၤ်ာဆရာပင္ျဖစ္ကာ ဘာျပန္ေျပာရေကာင္းမည္မသိျဖစ္လို႔သြားေတာ့သည္။ သူသည္ေခါင္းကိုရမ္းလ်က္ ကိုယ့္ေနရာကိုယ္သာ ျပန္သြားထိုင္လိုက္ေတာ့သည္။

"မင္းတို႔. . .  . . . မင္းတို႔ကေတာ့ေလ တကယ္ကိုလူထူးဆန္းေတြပါပဲ။"





____________





UNICODE



အခန်း(၃၁)
အဘိုး? အင်း မြေးလေး


ရှဲ့ယွီပြောပြီးသည့်နောက် ဟယ့်ကျောင်းမှာအတော်ကြာသည်အထိ စကားမဆိုချေ။

ထိုအကြောင်းအရာခေါင်းစဉ် ဒီလိုနဲ့ပဲအဆုံးသတ်လောက်တော့မည်ဟု ထင်လာချိန်ကြကာမှ ဟယ့်ကျောင်းကရုတ်တရက်တစ်ခွန်းဆိုလာခဲ့သည်။

"ငါ့ကိုယ်ငါထင်တာကတော့ ချောတာတအားပဲလို့။"






နှစ်ဦးသားမှာ ဘေးချင်းယှဉ်လျက် ကွင်းမြေကွက်လပ်ထက်လဲအိပ်လို့နေကြရာ အနေအထားကအနည်းငယ် အရိုင်းဆန်လျက်ရှိသည်။ ဒီလောက်အထိကိုမောဟိုက်နေကြခြင်းဖြစ်လေရာ ဘယ်လိုအနေအထားဖြစ်နေပါစေ ဂရုစိုက်ဖို့အားအင်ဆိုတာရှိမနေတော့ချေ။ ဟယ့်ကျောင်းသည် ခြေပစ်လက်ပစ်နေနေရင်းမှ မိမိကိုယ်ရဲ့အပူချိန်က မြေပြင်ကအပူချိန်ထက်ကို အနည်းငယ်ပိုလို့ပင်မြင့်နေမှန်းသိလိုက်ရသည်။

ရှဲ့ယွီမှာ သူ့အားလှောင်ရယ်ဖို့ရာအားမရှိ ၊ ဒီလူရဲ့အရေထူပုံကိုတော့ သူအမြဲအောချရသည်။ နှစ်ချက်လောက်ပိတ်ကန်ပစ်ဖို့ ခြေထောက်ကိုရွှေ့၍ကန်ထည့်လိုက်ပေမယ့် ဟယ့်ကျောင်းကရုတ်တရက်ထလို့ထိုင်လိုက်ခြင်းကြောင့် ကန်တာမထိလိုက်တော့။ ဟယ့်ကျောင်းက ဆက်လက်ပြောလို့လာသည်။

"တကယ် ၊ ငါ့ထက်ချောတဲ့လူ မင်းတွေ့ဖူးလား ၊ များပြားလှတဲ့လူပင်လယ်ကြီးထဲမှာ ငါလိုလူကိုသိရတာနဲ့ကို လုံလောက်တယ်. . .  . . ."





ရှဲ့ယွီသည်ပြောလိုက်၏။

"မင်းကတော့ တက်ကြွနေတုန်းပဲနော်။"

ဟယ့်ကျောင်း : "ခဲတံဝိညာဉ်ကတောင် မရှိဘူးပြောခဲ့တာနော်။"

သူတို့တစ်တွေ ခဲတံထောက် ဝိညာဉ်ခေါ်တာကစားခဲ့ကြသည့် ထိုညနေပိုင်းself-studyအချိန်ကိုပင် ရှဲ့ယွီပြန်သတိရမိလာကာ ရုတ်တရက် ရယ်ပင်ရယ်ချင်လာရသည်။

(Recall - အဲ့ဒါကစားကြတုန်းက ဟယ့်ကျောင်းက 'ကမ႓ာပေါ်မှာ ငါ့ထက်ချောတဲ့လူရှိသေးလား' ဆိုပြီးမေးခဲ့ပါတယ်)

"ရှိတယ်လေ ၊ မရှိဘူးလို့ဘယ်သူပြော. ."

ရှဲ့ယွီမှာ နောက်ပြောင်ချင်စိတ်ကလေးထွက်ပြူလို့လာသည်ကြောင့် သူ့ကိုကြည့်ကာထို့နောက် ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးပြလိုက်၏။

"မင်းအဘိုး ငါရှိတယ်။"

ဟယ့်ကျောင်း : "အဘိုး?"

ရှဲ့ယွီကပြန်လို့ထူးလိုက်ပါသည်။

"အင်း ၊ မြေးလေး။"





"မင်းမေ. . ငါ့ကိုအသာစီးသွားတာပေါ့လေ ကလေးလေး။"

မျိုးဆက်နှစ်ဆက်တောင် ရုတ်တရက်ကြီးနိမ့်ကျလို့သွားခဲ့သည်။ ဟယ့်ကျောင်းသည် ရယ်လိုက်ရင်းမှ ရှဲ့ယွီ၏ကော်လံစအားသွားလို့ဆွဲလိုက်ပြီး ရက်စက်ခက်ထန်လေသည့်ဟန် ပြုမူဟန်ဆောင်လိုက်ပါသည်။ ရလဒ်သည်ကား လက်ကအားကိုမထိန်းမိလိုက်ရဘဲရှိပြီး မထင်ထားသည်မှာလည်း ရှဲ့ယွီကလဲအိပ်လျက်သာနေရင်း ပြန်မလုပ်ဘဲ ဟယ့်ကျောင်းအားလုပ်ချင်သလိုသာလုပ်စေခြင်းပေ။

သတိမထားမိဘဲ ဆွဲလိုက်တာအားလွန်သွားခဲ့ခြင်းကြောင့် အင်္ကျီကော်လာကခပ်ကျယ်ကျယ်ပွင့်ဟလို့သွားတော့သည်။

ရှဲ့ယွီက နဂိုကတည်းကအသားဖြူလေရာ ပြေးထားတာရော နေပူမိတာရောကြောင့် ယခုအခါကြည့်ရသည်မှာ အသားအရေကအနည်းငယ်ရဲလို့နေပြီး ဖြူရာမှဖြည်းဖြည်းလေးချင်း ပန်းရောင်သန်းလို့လာလျက်ရှိသည်။ လူငယ်၏ခန္ဓာကကျစ်လျစ်ကာ လှပလို့နေခြင်းက လူကိုအနည်းငယ်ဆွဲဆောင်လေသည်။

"အခုကကြ ဘယ်သူကဘယ်သူ့ကို အသာစီးနေတာပါလိမ့်. ."

ရှဲ့ယွီသည် ဟယ့်ကျောင်း၏လက်အားပုတ်လိုက်ပါသည်။

"လက်လွှတ်။"

ဟယ့်ကျောင်းသည် လက်ကိုလွှတ်ပေးလိုက်ပါပြီး မူလနေရာမှာပင်ပြန်ထိုင်ကာတစ်ခဏကြာကြက်သေသေနေမိ၏ ၊ ပြီးကာမှ ပြန်လို့လဲအိပ်ချလျက် ခြောက်ကပ်ကပ်နဲ့ ထိန်းကာဆိုလိုက်ပါသည်။

"မင်း. . .  . . . မင်းရဲ့ခန္ဓာကိုယ်အချိုးအစားက မဆိုးဘူးပဲ။"

ရှဲ့ယွီမှာ သဘောထားကောင်းနေစွာဖြင့် နောက်ကလိုက်လို့ပြေပြေပြစ်ပြစ်ဆိုလာခဲ့သည်။

"ကျေးဇူး ၊ မင်းလည်းမဆိုးပါဘူး။"






ဦးနှောက်ထဲက သပွတ်အူလိုရှုပ်ထွေးနေသည့် အတွေးရေယာဉ်တို့က ရုတ်ခြည်းရပ်တန့်သွားသလို ဟယ့်ကျောင်းမှာ မိမိခုနကဘာကိုစိတ်အနှောက်အယှက်ဖြစ်နေခဲ့သည်ကိုပင် မေ့လုနီးဖြစ်သွားခဲ့သည်။ သို့တိုင် ဟယ့်ကျောင်းမှာပူနေသလို ခံစားနေမိရတုန်းဖြစ်သည်။ လည်ချောင်းဝမှနေ ရင်ဘက်တစ်လျှောက် အသက်ရှူမဝသလိုဖြင့် ဖော်ပြလို့မရသည့်ပူလောင်နေခြင်းမျိုး။

အနည်းငယ် လောင်မြိုက်လို့နေသည်။

ဘယ်လိုတွေတွေးနေမိသည်ကို ဟယ့်ကျောင်းလည်းမသိတော့ ၊ ခေါင်းကနောက်လို့နေပြီး သရဲဝင်ပူးခံနေရသလိုရှိကာ မိမိဘောင်းဘီခွကြားနေရာစီ တိတ်တဆိတ်ခိုးလို့မျက်စိတစ်ချက်ဝေ့ကြည့်လိုက်မိ်ပါလေ၏။

. . .  . . .

ဟယ့်ကျောင်းရဲ့အတွေးလမ်းကြောင်းက သုံး/လေးနေရာလောက်ကိုကွေ့ပြီး ဟိုးအဝေးကြီးကိုထွက်ပြေးရောက်ရှိနေသည်ကိုဖြင့် ရှဲ့ယွီကတော့သတိမထားမိပါချေ။ သူသည်လဲနေရင်းမှ ကောင်းကင်ထက်ခဏကြာကြည့်နေမိပြီး ကြည့်လို့ပျင်းသည့်အခါ မျက်ဝန်းတို့ကိုမှိတ်ထားလိုက်၏။ လေးဘက်လေးလံက တိတ်ဆိတ်လျက်ရှိပြီး ဟယ့်ကျောင်းရဲ့အသက်ရှူသံကိုပင် သူကြားလို့နေရသည်။

ဒါ့အပြင် တစ်ဖက်လူရဲ့ အခုချိန်ထိကိုရပ်တန့်သွားခြင်းမရှိသေးသည့် မြန်ဆန်နေသည့်နှလုံးခုန်သံကိုပါကြားလို့နေရသည်။ တစ်ခဏအကြာ၌ ရှဲ့ယွီသည်မျက်ဝန်းတို့အားမှိတ်ထားလျက်မှ မေးလိုက်ပါ၏။

"နှလုံးခုန်နှုန်းက မြန်လွန်းနေတယ် ၊ အရမ်းမောလို့လား?"

ဟယ့်ကျောင်းမှာ မျက်နှာကိုပွတ်လိုက်ရင်းမှ  မည်သို့ပြောရမည်မသိရှိနေရသည်။

"အာ. . ဟုတ်တယ်. . .  . . . ပြေးတာအရမ်းမောသွားလို့။"





လော်ဝိန်ချန်ကတော့ ၁၀ပတ်ဝန်းကျင်လောက်သာပတ်ပြေးကာ ပတ်ပြေးအပြီးမှာတော့ မြေပြင်ပေါ်ပစ်လဲချပစ်လိုက်တော့သည်။ သူတို့နှင့်ဆို ကစားကွင်းတစ်ဝက်စာအကွာအဝေးမှာရှိလေသည်။

သူသည်အမောဖြေလို့ဝတာနှင့် မုန်းစျေးတန်းသွားကာ ရေဝယ်ရင်းမှ အရူးလိုပြေးကြသည့် အတန်းဖော်နှစ်ယောက်အတွက်ပါ အလျဉ်းသင့်နှစ်ဘူးဝယ်လာခဲ့လိုက်သည်။ သူသည်အားကစားကွင်းအားပတ်လို့ ရှဲ့ယွီနှင့်ဟယ့်ကျောင်းတို့နှစ်ယောက်ဘေးလျှောက်လို့သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချရင်းမှ ရေဘူးအားကမ်းပေးလိုက်ပါသည်။

"ဝါး မင်းတို့နှစ်ယောက် ၊ (၁၅)ပတ်? တကယ်ကြီး(၁၅)ပတ်ပြေးတာပေါ့?"

ရေခဲရေမှာ အေးစက်လျက်ရှိနေတုန်းပင်ဖြစ်သည်။

ရှဲ့ယွီ : "ကျေးဇူးပဲ။"

ဟယ့်ကျောင်းသည် ထထိုင်၍ရေဘူးကိုယူလိုက်ပါပြီး ဘူးအဖုံးကိုလှည့်ဖွင့်ကာဘူးတစ်ဝက်လောက်ထိ မော့သောက်ချပစ်လိုက်တော့သည်။

"အစွမ်းထက်တယ်ဟုတ် ၊ ကြောက်သွားပြီမလား ၊ (၁၅)ပတ်လို့ပြောထားမှတော့ (၁၅)ပတ်ပေါ့။"

"တော်တယ် တော်တယ်. ."

လော်ဝိန်ချန်သည် လာရင်းအကြောင်းရင်းအား ဆိုလိုက်ပါသည်။

"ဒီလို ၊ ဆောင်းဦးအားကစားပြိုင်ပွဲကြရင် မင်းတို့နှစ်ယောက် တာရှည်ပြေးပွဲမှာဝင်ပြေးကြပါ့လား။"





အကြောင်းအရာခေါင်းစဉ်ပြောင်းသွားတာ မြန်ချက်ကြောင့် ဟယ့်ကျောင်းမှာ ချက်ချင်းခွန်းတုံ့မပြန်လိုက်နိုင်။

"ဟမ်?"

ထို့အပြင် ရှဲ့ယွီအတွက်ကြလည်း ဤသည်မှာပထမဆုံးပြိုင်ပွဲမှာအဖွဲ့နဲ့ဝင်ပါဖို့ဖိတ်ခေါ်ခံရခြင်းဖြစ်သည်။ တာရှည်ပြေးဖို့က ကိစ္စမရှိပေ ၊ သို့တိုင်အခန်း(3)ရဲ့အားကစားအဖွဲ့ဝင်ကတော့ အလွန်ကိုတက်ကြွလျက်ရှိပါ၏ ၊ အားကစားပြိုင်ပွဲအတွက်ကမူ ဘာပြဿနာမှမပေါ်လျှင်တောင် နောက်ထပ်လဝက်ခန့်မျှလိုသေးသည်။ အချိန်အတိအကျကိုပင် ထုတ်ပြန်မလာသေးချေ။

သို့ပေသည့် လော်ဝိန်ချန်ကိုယ်တိုင်ကတော့ ခေါင်းရမ်းပြလာခဲ့၏။

"ဟင်း ၊ လူ့ဘဝဆိုတာ လက်ဖျောက်တစ်ချက်တီးစာအချိန်သာသာပဲ ရှိတာမဟုတ်လား။"

ရှဲ့ယွီ : ". . . . . ."

ဟယ့်ကျောင်း : ". . . . . ."
ဘရိုရေ မင်းရဲ့ဒီအတွေးအခေါ်အသိဉာဏ်က နည်းနည်းတော့မြင့်သား။

ခဏကြာပြောဆိုဖြစ်ကြပြီးနောက် သုံးဦးသားထရပ်ကာ အတန်းသို့ပြန်လာခဲ့ကြသည်။





ကော်ရစ်တာတစ်လျှောက်ဖြတ်လျှောက်လာခဲ့ကြရာ၌ အတန်းတိုင်းအကုန် ဆူညံပွက်လောရိုက်နေသည်တွေ့လိုက်ကြရသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းဆိုတာကို ကိုယ်စားပြုဖို့ပင် မထိန်းသိမ်းထားနိုင်ကြတော့ဘဲ ဝက်ဝက်ကွဲဆူညံကာနေသည်။

"ဆူညံနေတာပဲ. ."

အခန်း(8)ကိုဖြတ်ကျော်လာစဉ်၌ ရှိန်ကျယ်တို့တစ်တွေမှာ ကာရာအိုကေဆိုနေကြသည်။ ဟယ့်ကျောင်းသည် နားမကန်းချင်၍ နားတစ်ဖက်ထဲလက်ချောင်းထိုးထည့်ထားမိရင်း ဆက်လို့ပြောသည်။

"ဘယ်လိုဖြစ်လို့ ငါတို့အတန်းကကြအသံတစ်သံမှမထွက်တာပါလိမ့် လိုက်ကာတွေအကုန်လုံးကိုလည်းလုံနေအောင်ချထားသေး ၊ တိတ်ဆိတ်နေလိုက်တာများ ငါတို့အတန်းရဲ့ပုံမှန်အနေအထားနဲ့တောင် မတူပါ့လား။"

ဟယ့်ကျောင်းသည်ပြောရင်းဖြင့် အခန်း(3)ရဲ့တံခါးအားဆွဲလို့ဖွင့်လိုက်သည်။

ပိတ်ကားအကြီးကြီးထက်၌ ရုပ်ရှင်ပြသလျက်ရှိနေလေ၏ ၊ ရုပ်ရှင်ကတစ်ဝက်သို့ပင်ရောက်နေပြီဖြစ်သည်။

လျှိုချွိင်ဟောက်မှာ အတန်းခေါင်းဆောင်ဖြစ်သည့်အားလျော်စွာ တာဝန်ဝတ္တရားအရထိုင်ခုံမ၍ စင်မြင့်ဘေးတွင်ထိုင်နေလေပြီး တံခါးပေါက်နားလှုပ်ရှားမှုတွေ့တာနှင့် mouseကိုဆွဲပြီး ရုပ်ရှင်ကိုပိတ်လိုက်လေသည်။





"ငါ့ဖြင့်လန့်သွားတာပဲ. ."

ဝင်လာတာက သူတို့သုံးယောက်ဖြစ်နေတာလည်းတွေ့ရော လျှိုချွိင်ဟောက်သည် ရုပ်ရှင်အားပြန်လို့ဖွင့်လိုက်ပါသည်။

"ငါ့အထင်ဘယ်သူများပါလိမ့်လို့ ၊ လာ ငါတို့ဆက်ကြည့်ကြမယ်။ လောင်းတဲ့ထဲပါမယ်ဆိုရင်တော့ ဝမ့်သာစီသွားပြီးစာရင်းပေးရပါမယ် ၊ ဝယ်မယ်ဆုံးဖြတ်ပြီးရင်တော့ ပြန်ပြင်လို့မရပါဘူး။"

လိုက်ကာတွေကိုချလို့ထားသည်မှာ လေပင်တိုးလို့မရ ၊ မီးတွေကိုလည်းအကုန်ပိတ်လို့ထားရာ သူတို့အား တကယ်ကိုရုပ်ရှင်ရုံအသေးလေးထဲ ရောက်နေသလိုခံစားရစေသည်။

ရှဲ့ယွီကတော့ နားမလည်ဘဲရှိရသည်။

"မင်းတို့ကဘာလုပ်နေကြတာလဲ?"

"ဘယ်တစ်ယောက်က လူသတ်သမားလဲဆိုပြီး ခန့်မှန်းနေကြတာ. ."

ဝမ့်သာက သူတို့အားမိတ်ဆက်ပေးလာသည်။

"ဒါက လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုရုပ်ရှင်ကား ၊ လောင်းကြေးက ငါးပြား ၊ ဧည့်သည်တို့လောင်းကြေးထပ်ကြမှာပါလား?"

"တော်ပြီ တော်ပြီ ၊ ဒီလိုက ငါရယ်လောင်ရှဲ့ရယ်အနေနဲ့ပြောရရင် မမျှတဘူးပဲ ၊ အရှေ့ကပြောသွားတာတွေ ဘာတစ်ခုမှမှမသိလိုက်ရတဲ့ဟာ. ."

ဟယ့်ကျောင်းသည် ပြောပြီးနောက် ဆက်လက်ချီးကျူးလိုက်ပါ၏။

"ဒါနဲ့ မင်တို့ကစီးပွားရေးအတွေးအခေါ်တွေ တယ်ရှိကြပါလား ၊ အဲ့ဒါကိုတော့ ငါမဖြစ်မနေဝန်ခံတယ်။"






ဒုတိယနှစ်တွေအားလုံး၏ ပျော်ပွဲရွင်ပွဲတွေမှာ နာရီဝက်ပင်မပြည့်လိုက်ဘဲ ဌာနမှူးကျန်းကိုယ်တိုင်လာရောက်ဖျက်စီးခြင်းခံလိုက်ကြရသည်။

"ကောင်းပြီလေ ၊ ငါစာသွားစစ်နေတုန်းကို မင်းတို့က ဗြောင်းဆန်နေကြတယ်ပေါ့လေ။"

ခွေးရူးမှာ အခန်း(8)ကနေစလို့ တစ်လျှောက်လုံးဆဲ၍လာသည်။

"အခန်း(8)က စာသင်ခန်းကို KTVလုပ်ပစ်ကြတယ် ၊ မင်တို့အခန်းကကြ ရုပ်ရှင်ရုံ ၊ အားလုံးပဲ အကြံဉာဏ်တွေတယ်ပေါကြတာပါလား။ ဒီတစ်ခေါက်စာမေးပွဲကို ဘယ်လိုပုံစံဖြေထားကြတယ်ဆိုတာကိုရော ကိုယ့်ကိုယ်ကိုယ်သိကြရဲ့လား ၊ အဲ့လောက်ပျော်နေ မြူးနေကြတယ်ပေါ့? !"

ဟယ့်ကျောင်းသည် ရှဲ့ယွီနားအနားကပ်လို့ တီးတိုးပြောလိုက်ပါသည်။

"ဘယ်လိုနေနေ ကိုယ်တွေအားလုံးသေရတော့မယ့်အတူတူ ငြိမ်းအေးစွာသေရတာပိုကောင်းမယ်။"

ဌာနမှူးကျန်းသည် နောက်ဆုံးတန်းအားလက်ညှိုးထိုးပြောလာ၏။

"မင်းတို့က ခေါင်းချင်းဆိုင်ပြီးတီးတိုး ဘာတွေပြောနေကြတာလဲ ၊ (၁၅)ပတ်ပြေးရတာ မလုံလောက်သေးဘူးပေါ့?"

ဟယ့်ကျောင်းသည် 'ဘာမှမပြောပါဘူး' ဟုပြောရန်ကြံတုန်းရှိသေး သူ့ဘေးနားရှိတရုတ်ပြည်ရဲ့အကောင်းဆုံးသောထုံကျောမှာ သူ့အားနောက်ကျောဓားနဲ့ထိုးလို့လာပါတော့သည် ---  --- ရှဲ့ယွီသည် ခုနလေးကဟယ့်ကျောင်းပြောသည့်စကားအား တစ်ခေါက်ပြန်လို့ဖောက်သည်ချလေသည်။

တစ်ခန်းလုံးပဲ ဝါးလုံးကွဲရယ်ကြတော့၏။





"အဲ့လောက်သေချင်နေတာ ငါမင်းကိုကူညီရတာပေါ့. ."

ဌာနမှူးကျန်းမှာ ဒေါသအလွန်ထွက်နေလေပြီ။

"ဟယ့်ကျောင်း ၊ မင်းဒီကထွက်သွားစမ်း ၊ ကော်ရစ်တာမှာ သွားရပ်နေချေ။"

". . . . . ."

ဟယ့်ကျောင်းမှာ နေသားကျနေလေပြီဖြစ်ရာ ထွက်သွားသည့် ကိုယ်နေဟန်ထားမှာဆို ကျွမ်းကျင်လှပလို့ပင်နေတော့သည်။






ဌာနမှူးကျန်းမှာတော့ ပြောမပြီးနိုင်သေးသည့် စာတမ်းတိုအနည်းငယ်ပင် ပါးစပ်ထဲပြောဖို့ကျန်နေသေးလေရာ ဟယ့်ကျောင်းကိုမောင်းထုတ်ပြီးနောက် ဆက်လက်လက်ချာရိုက်တော့သည် ၊ အခန်း(3)မှာတင် ပြောလို့မပြီးဆုံးနိုင်တော့ချေ။ ဟယ့်ကျောင်းမှာ ရပ်ရတာပျင်းလာသည်နှင့် တိတ်တိတ်လေးနှစ်လှမ်းလောက်နောက်ပြန်ဆုပ်ကာ အနောက်ပေါက်တံခါးဘေးဘောင်ကိုမှီလျက်မှ ရှဲ့ယွီနဲ့စကားသွားလို့ပြောတော့သည်။

"ကလေးလေး ၊ မင်းအဲ့လိုလုပ်တာကတော့ တရားမမျှတတာပဲ။"

ရှဲ့ယွီကပြန်လို့ခွန်းတုံ့ပြန်လိုက်ပါ၏။

"မင်းက တအားအာရုံနောက်ဖို့ကောင်းတယ်။"






". . .  . . . အဆောင်နေတဲ့သူဖြစ်ရဲ့သားနဲ့ နောက်ကျကြတဲ့ဖြစ်ရပ်ကြောင့် မင်းတို့ကိုပြုပြင်ကုသပေဖို့ ငါတို့တွေနည်းလမ်းရှာတွေ့ထားတယ်။"

ဌာနမှူးကျန်းမှာ အတန်းကိုအပြစ်ပြောရာကနေပြီး အဆောင်နေပြီးကျောင်းနောက်ကျတဲ့စီရောက်လို့သွားပြန်ပါသည်။

"ဒီမှာထိုင်နေတဲ့ အဆောင်နေကျောင်းသားများ မနက်ဖြန်မနက်ကနေစပြီး မင်းတို့ အိပ်ရာကနေထဖို့အတွက် ခွန်အားတစ်ခုခံစားရစေရမယ်။"






အိပ်ရာထဖို့ခွန်အား။

ဒါကြီးက မေယိုးတဲ့မှ လုံးဝလူထသတ်ချင်လာတဲ့ ခံစားချက်ကြီး။

နောက်တစ်နေ့မနက်၌ အဆောင်၏အသံလွှင့်စနစ်ကနေပြီး နားကွဲလုမတတ်အသံထွက်ပေါ်လို့လာတော့သည် ၊ နိုင်ငံတော်ကို သစ္စာစောင့်သိမယ် ဆိုသည့်သီချင်းတစ်ပုဒ်မှာ အားလုံး၏နားထဲပဲ့တင်ရိုက်လို့နေတော့၏။

"အချက်ပြမီးခိုးလုံးတို့ထွက်ပြူရာ~ ကျယ်ပြောလှသည့် မြောက်အရပ်စီ~ လှမ်းမျှော်ကြည့်ပါလို့~ နဂါးတို့မြည်ဟိန်းသံ~ မြင်းဟီသံရှည်တို့~"

"နိုင်ငံကို ခုခံကာကွယ်လို့ နယ်စပ်တွေကိုချဲ့ထွင်ဖို့ ကျွန်တော်မျိုးဆန္ဒရှိပါ၏~ ခံညားလှသည့်တရုတ်ပြည်ကြီး အရပ်ရပ်ကျယ်ပြန့်စေမည်~"

ရဲစွမ်းသတ္တိနှင့် စိတ်ထက်သန်ပြင်းပြမှုတို့အပြည့်ဖြင့် အံ့ချီးဖွယ် မြင့်မားလှသည့်ရည်မှန်းချက်ဆန္ဒတို့က အမိမြေရှိယောက်ျားတစ်ယောက်ချင်းစီတိုင်းရဲ့ သွေးတို့ကိုဆူဝေလာစေသည်! ကောက်ကာငင်ကာ ပေါ်ထွက်လာသည့် တာဝန်ဆိုသည့်အသိနှင့် စိတ်အားထက်သန်စွာ သင်ယူချင်စိတ်တို့ မပြတ်ဆူဝေလာစေ၏!





မနက်(၆)နာရီအချိန် ၊ အဆောင်ထဲကလူအကုန်လုံးအား တကယ်ပဲဆူဝေလာစေပါသည်။

သူတို့သည် အိပ်ယာထက်မှထလို့ ဖိနပ်စီးဖို့ပင်ဂရုမစိုက်နိုင်ကြတော့ပဲ အလျင်စလိုဖြင့်တံခါးကိုဖွင့်ကာမေးရင်းပြုရင်းမှ မတိုင်ပင်ထားပါပဲ စကားလုံးနှစ်လုံးဖြင့်ပြိုင်တူဆဲဆိုမိကြတော့၏ - "ငါလိုး!"

"ဘယ်လိုဖြစ်တာတုန်း ၊ ဘာအခြေအနေကြီးလဲ ၊ (၆)နာရီပဲရှိသေးတဲ့ဟာ လူကိုမအိပ်ခိုင်းတော့ဘူးလား?"

"ဘယ်ကောင် သီချင်းဖွင့်တာလဲကွ? !"

ဟယ့်ကျောင်းသည် စောင်ကိုအပေါ်သို့ဆွဲယူလိုက်ပြီး သီချင်းတစ်ပုဒ်အပြီးကိုသည်းခံနေလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

တကယ်တမ်းနောက်ဆုံးကြတော့ ထိုအသံလွှင့်နေခြင်းက ခေါင်းကိုက်လို့ပင်လာစေပြီး ထပ်ပေါင်းဆိုသလို အပြင်ဘက်ကမပြီးနိုင်မစီးနိုင် ဆဲဆိုသံများကြောင့် သည်းမခံနိုင်တော့ချေ။ လက်သီးကိုဆုပ်လျက် ထထိုင်လိုက်မိ၏။

". . .  . . . ဘာတုန်းကွာ။"

ညအိပ်ထားပြီးနောက် မနေ့က(၁၅)ပတ်ပတ်ပြေးထားတဲ့အကျိုးဆက်က ထွက်ပေါ်လို့လာသည်။ အထူးသဖြင့် ရှေ့မကြာသေးခင်ကရထားသည့် ခြေချင်းဝတ်ကဒဏ်ရာကလည်း ပြင်းပြင်းထန်ထန်အကြာကြီးပြေးထားသည့်ဖိစီးမှုကိုပါခံထားရတော့ပိုဆိုးသည်။

ဟယ့်ကျောင်းသည် ဆံပင်တွေကိုဆွဲလို့ဖွလိုက်ပြီးနောက် ကုတင်ပေါ်မှဆင်းကာ ဖိနပ်စီး၍ဖြည်းဖြည်းဆေးဆေးဖြင့် တံခါးပေါက်ထံလျှောက်လို့သွားလိုက်သည်။ တံခါးကိုဆွဲဖွင့်ပြီးနောက် အများနည်းတူ အော်ပြောလိုက်ပါသည်။

"အဲ့လောက်တောင် နှောက်ယှက်ရသလားကွ ၊ နိုင်ငံတော်ကို သစ္စာစောင့်သိမယ်? သိပ်ရတာပေါ့ကွာ။"

ဟယ့်ကျောင်း၏အသံကမကျယ်သော်လည်း သူ့အသံကသိသာပေါ်လွင်၏ ၊ လေယူလေသိမ်းက အမြဲအဆုံးမှာဆိုမသိမသာလေးမြင့်လို့သွားတတ်ပြီး ကျီစယ်စကားတို့ကိုလည်း ဂရုမစိုက်စွာဖြင့် ကြားညှပ်ပြောတတ်ပါသေးသည်။





တစ်ယောက်ကဆို သူ့ကိုတွေ့တာနဲ့  မကျေမနပ်ဖြစ်နေသည်များကိုရပ်ကာ နှုတ်ဆက်လို့လာ၏။

"အစ်ကိုကျောင်း မောနင်း။"

ဟယ့်ကျောင်းသည် ဘာမှပြန်မပြောပါဘဲ သမ်းဝေလိုက်ပြီးနောက် လက်ပြ၍သာထိုတစ်ယောက်အား အသိအမှတ်ပြုဟန်ပြလိုက်ပါသည်။ ပြီးနောက် မျက်နှာချင်းဆိုင်ကတံခါးစီလျှောက်သွားလိုက်ပြီး စိတ်ချမ်းသာစရာရှိလည်းအတူမျှခံ ၊ အခက်အခဲရှိလည်းအတူမျှခံဆိုတဲ့စိတ်ရှိလှစွာဖြင့် တံခါးခေါက်၍ရှဲ့ယွီအား အော်ခေါ်တော့သည်။

"လောင်ရှဲ့ ၊ ထတော့လေ လောင်ရှဲ့. . .  . . . ဒီလိုဖြစ်နေတာတောင် အိပ်ပျော်တယ်လား?"

ဟယ့်ကျောင်းမှာ ဆံပင်တို့ကရှုပ်ပွနေပြီး အင်္ကျီကလည်း သပ်သပ်ရပ်ရပ်ရှိမနေချေ ၊ တံခါးကိုအတော်ကြာခေါက်နေပေမယ့် တုံ့ပြန်မှုကမရှိ။ ကံကောင်းချင်တော့ 'နိုင်ငံတော်ကို သစ္စာစောင့်သိမယ်' ဆိုတာကလည်းပိတ်လို့သွားတာနဲ့ အိပ်ယာထဲပြန်သွားပြီးဆက်အိပ်ဖို့ရာ စိတ်ကူးနေတုန်း ရှေ့ကတံခါးမှာ ကျွီခနဲပွင့်လို့လာသည်။

"မင်းမေယိုးနဲ့မှ မပြီးတော့ဘူးလား. ."

ရှဲ့ယွီသည် နားထဲထိုးထည့်လို့ထားသည့် နားဆို့အားဆွဲထုတ်လိုက်ပါပြီး တံခါးဘေးဘောင်ကိုမှီရင်း သူ့ကိုကြည့်လာသည်။

"ပြောစရာရှိတာ မြန်မြန်ပြော။"

ရှဲ့ယွီက ကြိုဆိုလားမကြိုဆိုဘူးလားဆိုတာကို ဂရုမထားပါဘဲ သူသည်အခန်းတွင်းသို့လှမ်းဝင်လိုက်သည်။ ဟယ့်ကျောင်းမှာ သူ့ဘေးနားမှဖြတ်လျက် ဝင်လို့သွားတော့သည်။

"မနက်စာသွားစားဖို့ မင်းကိုလာခေါ်တာ။"

ရှဲ့ယွီသည် တံခါးမပိတ်သေးပါဘဲ တံခါးပေါက်ဝတွင်သာရပ်လျက် သူ့အားကြည့်နေမိသည် ၊ မျက်ဝန်းအကြည့်တွေထဲမှာတော့ 'ထွက်သွားစမ်း' ဆိုသည့်စကားလုံးသုံးလုံးထင်ဟပ်လို့နေပါ၏။

ဟယ့်ကျောင်းကတော့ မမြင်သလိုသာဟန်ဆောင်နေလိုက်သည်။





အသံလွှင့်စက်ကနေ သီချင်းသံရပ်သွားပေသည့်တိုင် ဌာနမှူးကျန်း၏မိန့်ခွန်းကတော့ စတင်လာခဲ့ပြီဖြစ်သည်။

"ဟယ်လို ဟယ်လို? ကြားကြလား ၊ အာ ၊ ဟုတ်ပြီ ၊ ကျောင်းသားအားလုံးပဲ ကောင်းသောမနက်ခင်းလေးပါ ၊ တစ်ရက်တာအစီအစဉ်တွေချဖို့က မနက်စောစောကတည်းကစတင်တာကောင်းတယ်တဲ့. . .  . . ."

ဟယ့်ကျောင်းမှာ လုံးဝရှော့ရလို့သွား၏။

"ဖာ့ခ် ၊ မပြီးသေးဘူးလား?"

ရှဲ့ယွီကတော့ လက်ကိုမြှောက်၍ နားထင်ကိုသာပွတ်နေမိတော့သည်။

ဒီအတိုင်းသာဆို သူဆက်အိပ်ချင်တောင် အိပ်လို့မရတော့ ၊ တံခါးကိုသာပိတ်လိုက်ရပြီး မျက်နှာသစ်ဖို့သာသွားလိုက်တော့သည်။

"မနေ့ကသင်္ချာဘာသာကတော့ တကယ်ပဲ ၊ သင်္ချာဆရာမြင်လို့ကတော့ စိတ်လှုပ်ရှားလွန်းပြီး မျက်ရည်တောင်ကျသွားလောက်မယ်. ."

ရှဲ့ယွီမှာသွားတိုက်လို့နေပြီး ဟယ့်ကျောင်းကတော့ အခန်းထဲကကိုယ်ပိုင်သန့်စင်ခန်း၏အပေါက်ဝနားရပ်ကာ နံရံကိုမှီထားရင်း သူ့နှင့်လာစကားများလို့နေသည်။

"သူငါ့ကိုချီးကျူးလာမှာကို မင်းစောင့်ကြည့်နေလိုက် ၊ ဘယ်တုန်းကမှ ငါပုစ္ဆာတွေဖြေရင် ဒီလောက်ကောင်းကောင်းမပိုင်ဖူးဘူး ၊ အခုကြပုစ္ဆာတိုင်းကိုသိနေတော့တာ. . .  . . ."

ရှဲ့ယွီသည် သွားတိုက်လို့ပြီးနောက် ရေကိုလက်ဖြင့်ခံလျက် မျက်နှာသစ်သည်။

"ဒီတစ်ခေါက်တော့ သေချာပေါက်အောင်မှာ" ဟုဟယ့်ကျောင်းပြောလာခိုက်တွင် ရှဲ့ယွီသည်မျက်နှာသုတ်ပြီးသွားပြီဖြစ်ရာ ထိုတဘက်အားဟယ့်ကျောင်းမျက်နှာထက် ပစ်ပေါက်ထည့်လိုက်တော့သည်။

ဒီအကြောင်းမပြောတာ ကောင်းလိမ့်မယ် ၊ လပတ်စာမေးပွဲအကြောင်းပြောလာတာနှင့် ရှဲ့ယွီမှာခေါင်းခြောက်လာသလိုခံစားလာရသည်။ စိတ်ထဲကနေလည်း တွေးလိုက်ပါ၏ ၊ မင်းကချီးကိုအောင်နေ။





"ဘာလုပ်တာလဲ. ."

ဟယ့်ကျောင်းသည် မျက်နှာပေါ်က တဘက်အားယူလိုက်ပါ၏။

"အိပ်ယာနိုးနိုးခြင်း ထွက်တဲ့ဒေါသလား?"

ရှဲ့ယွီသည် လက်အားဘောင်းဘီရှည်၏ဇစ်နေရာနားထားထားရင်း ဇစ်အားအနည်းငယ်လောက်ဆွဲလို့ချနေပြီဖြစ်ရာ ဘာလုပ်မည်မှန်းအသိသာကြီးရှိလှလေသည်။

"တံခါးကိုပိတ်ခဲ့ပြီး ဒီနားကထွက်သွားလိုက်တော့။"

"ဘာကိုရှက်နေတာလဲ ၊ ယောက်ျားလေးချင်းပဲဟာ။"

ဟယ့်ကျောင်းသည် ပါးစပ်ကနေသာထိုသို့ဆိုပေမယ့် အလိုက်သင့်ကိုယ်ကိုတစ်ဖက်သို့လှည့်လိုက်ပါပြီး စာရေးစားပွဲရှိရာဘက်ထွက်လာခဲ့လိုက်ပါသည်။

ရှဲ့ယွီသည် ဘောင်းဘီဇစ်အားဆွဲလို့ဖွင့်ရင်း သူ့အားအရေးစိုက်မနေတော့ချေ။





မနေ့ကနေ့လည်ပိုင်း သင်္ချာဖြေတုန်းက ရှဲ့ယွီမှာထိန်းဖြေရမည့်အမှတ်ကိုသိချင်တာကြောင့် ဖြေနေတုန်းတစ်ဝက်မှာ ဟယ့်ကျောင်းအား ဖြေတာဘယ်လိုနေလဲမေးခဲ့သေးသည်။

မေးခွန်းလွှာထက်က ပုစ္ဆာတိုင်းလိုလိုက အတန်းချိန်မဟုတ်တဲ့အချိန်တွေမှာလုပ်ရတဲ့လေ့ကျင့်ခန်းထဲကဖြစ်ပြီး အလှည့်အပြောင်းလေးနည်းနည်းသာလျှင်လုပ်လို့ထားတာဖြစ်သည်။ ဥပမာဆိုရလျှင် 10ကို 20လို့ပြောင်းထားတာမျိုးလေးတွေသာ ၊ အမှတ်နည်းနည်းသာရလို့ကတော့ အဲ့ဒါသေချာပေါက်မှတ်ဉာဏ်ချို့ယွင်းနေတာနဲ့ တူသွားမှာပင်။

ဖြေတာမဆိုးပါဘူးဟု ဟယ့်ကျောင်းပြောလာတဲ့အချိန်တုန်းကဆို သူ့မှာယုံနေမိသေး၏။

တကယ်တမ်း ဟယ့်ကျောင်းက ပုံမှန်ဆိုစာကိုလုံးဝလိုက်နားမထောင်ဘူးဆိုတာမျိုးလည်းမဟုတ် ၊ အရင်တစ်ခေါက် သင်္ချာဆရာကိုဒေါသထွက်အောင် လုပ်ထားမိကတည်းက သင်္ချာအချိန်ဆို သူ့မှာကောင်းကောင်းနေရသည်မဟုတ် ၊ ဖုန်းလည်းဆော့လို့မဖြစ်တာကြောင့် မဖြစ်မနေကျောက်သင်ပုန်းကိုသာကြည့်လို့နေရသည်။

သူတကယ်ကြီး နားလည်လားနာမလည်လား ဆိုတာတော့မသိ ၊ ဘာဖြစ်ဖြစ်ကို ဒီလူ့ပါးစပ်က အမြဲထိုသို့သာပြောလေသည်။

"ဒီလိုကိုး ၊ တော်တော်လွယ်သားပဲ ၊ အဲ့ပုစ္ဆာကိုမင်းနားလည်လား ၊ ငါတော့နားလည်တယ်။"

ဒင်းလားနားလည်. . .  . . . သောက်အဓိပ္ပာယ်မရှိ။

အဖြေလွှာတွေသိမ်းနေစဉ် ရှဲ့ယွီသည် သူ့အဖြေလွှာအားတစ်ချက်လှမ်းလို့ကြည့်လိုက်ရာ ဟယ့်ကျောင်းသည်လုံးဝကိုပဲ သူ့ရဲ့ယုံကြည်နေမိခြင်းအား စိတ်ပျက်စေသည်ကို သိလိုက်ရသည်။





ဟယ့်ကျောင်းသည် အခန်းထဲနှစ်ပတ်လောက်ပတ်ပြီးနောက် အဆုံး၌ရှဲ့ယွီ၏ကုတင်ထက် သွားလို့ထိုင်လိုက်ပါသည်။

ရှဲ့ယွီသည် အိမ်သာတက်ပြီးနောက် တစ်ခါတည်းအိမ်သာခန်းအား သန့်ရှင်းရေးလုပ်လိုက်တော့သည်။ သူလက်ဆေးပြီးလို့ ထွက်လာချိန်မှာတော့ ကိစ္စရှိရှိမရှိရှိတံခါးလာလာခေါက် ၊ ပါးစပ်ကနေလည်း မနက်စာစားမယ်ဆိုပြီးလာလာအော်တတ်သည့်ဟယ့်ကျောင်းတစ်ယောက် သူ့ကုတင်ထက်အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။

ဟယ့်ကျောင်း၏ အပေါ်ဝတ်အင်္ကျီမှာ အပေါ်သို့လိပ်တက်နေ၏ ၊ လူကကြည့်တော့သာ ပိန်ပိန်ရှည်ရှည်ဖြစ်နေပေမယ့် ရှိသင့်သည်တို့တော့ရှိလေသည်။

ခါးနဲ့ဝမ်းဗိုက်စပ်ကြားနေရာတွင် အထူးသဖြင့်အသက်ရှူလိုက်တိုင်းနိမ့်လိုက်မြင့်လိုက်ဖြင့် ကြွက်သားစိုင်တို့ခပ်ရေးရေးထင်းလို့နေသည်။ သို့တိုင် ငယ်ရွယ်ပျိုမျစ်နေခြင်းက ထိုအရာတို့အား သိသိသာသာကိုအားပျော့နေစေသည်။

ဟယ့်ကျောင်း၏မျက်နှာတစ်ခြမ်းက စောင်ပုံကြားထဲမြုပ်နေသည်။

ရှဲ့ယွီသည် လက်ကောက်ဝတ်ကအဆစ်ကိုလှည့်ကာလှုပ်ရှားရင်းမှ အလွန်မှလည်းလူတစ်ယောက်ယောက်ကို ထိုးပစ်ချင်လာမိရသည်။





လပတ်စာမေးပွဲပြီးနောက်မှာတော့ အမှတ်ကဘယ်လိုဖြစ်နေနေ အားလုံးမှာအရင်အတိုင်းပြန်လို့ ပျော်ရွှင်စရာဘဝလေးဆိုတဲ့အတိုင်း လွတ်လပ်ပေါ့ပါးလို့သွားကြသည်။

မနက်ခင်းကျောင်းဝန်းအတွင်းဝင်လာကြသည့်ကျောင်းသားများမှာ သဘောကျသည့်အနုပညာရှင်တွေအကြောင်း စသည် မနေ့ညကလွှင့်တာနာမည်ကြီးသွားသည့် ဇာတ်လမ်းတွဲတွေအကြောင်းအလေးထားပြောဆိုနေကြတော့သည်။ ခွေးရူးကတော့ မနက်ခင်းခေါင်းလောင်းထိုးသံနှင့်အတူ ကျောင်းပေါက်ဝတွင်ရပ်လျက် နောက်ကျသူများအားစောင့်ဖမ်းလျက်ရှိသည်။

အမှတ်(၂)ကဆရာတွေရဲ့ စာစစ်စွမ်းရည်ကတော့ မြန်လှပေသည် ၊ ညဆိုအဖြေလွှာတွေကိုသယ်သွားပြီး အချိန်ပိုဆင်းကာဆက်လို့စစ်ကြရာ နောက်တစ်နေ့ဆို အမှတ်ထွက်လို့ပင်ရနိုင်ပြီဖြစ်သည်။

ဝမ့်သာမှာ ကြားထဲကျောင်းဆင်းနေချိန်တစ်ချိန်လုံး ဆရာများရုံးခန်းအပေါက်ဝ၌ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကိုစောင်း နားရွက်ကိုတံခါးမှာကပ်လို့နေလေသည်။ ထန်စန်းတစ်ယောက်အမှိုက်သွားပစ်ရန် တံခါးဖွင့်လာချိန်ကြကာမှ အမြန်ထရပ်လို့ တစ်ဖက်သို့လှည့်ကာ သန့်စင်ခန်းရှိရာဘက်ပြေးပုန်းတော့သည်။

"မင်းနေဦး. ."

ထန်စန်းဆိုတာကလည်း မျက်လုံးကန်းနေတာမဟုတ်တဲ့အတွက် သူသည် ဝမ့်သာအားလက်ယပ်ခေါ်လိုက်ပါသည်။

"လာခဲ့။"

ထန်စန်းဒီကိုစပြောင်းလာခါစတုန်းက အခြားဆရာတွေစီကနေပြီး ဒီကလေးက ထောင့်ကနေခိုးနားထောင်ရတာတအားကြိုက်တာဟု ပြောသံအားကြားဖူးသည်။ ဒီနေ့တော့ ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရ၏။ သူသည်အမှိုက်အိတ်ကိုကိုင်ထားရင်းမှ ရှေ့သို့အနည်းငယ်လှမ်းသွားလိုက်ပြီး မေးလိုက်ပါသည်။

"ဘာတွေကြားလိုက်လဲ?"

ဝမ့်သာကပြောသည်။

"ကျွန်တော်တို့အတန်းက အနိမ့်ဆုံး ၊ ဒုတိယနှစ်တွေအားလုံးထဲကမှ အဆင့်(၁)နဲ့(၂)ကို ကျွန်တော်တို့အတန်းထဲကပဲရတယ် ၊ ဒါပေမယ့်ဘိတ်ချေးအဆင့်တွေ။ ပျမ်းမျှအမှတ်ပေါင်းကတော့ အခန်း(2)ကအမြင့်ဆုံး ၊ တစ်ယောက်က သင်္ချာမှာအမှတ်ပြည့်ရတယ် ၊ ရွှီချင်ချင်က အင်္ဂလိပ်စာဖြေထားတာမဆိုးဘူး. . .  . . . ဘေးကပ်ရပ်အတန်းက အင်္ဂလိပ်စာဆရာမက နောက်လဆိုမင်္ဂလာဆောင်တော့မယ်။"

ထန်စန်းသည် ဝမ့်သာခေါင်းအတွင်း ဝိုးတဝါးမြင်ယောင်ကြည့်မိသည်။ အဲ့လောက်အများကြီးသိလိမ့်မယ်လို့လည်း တကယ်ကြီးမထင်ထားခဲ့။

"မင်းနားရဲ့ နားထောင်နိုင်စွမ်းကတော့ အံ့ဖွယ်ပါပဲ ၊ မင်းမှာနားဘယ်နှစ်ခုများပါနေတာတုန်း? ထပ်ရောရှိသေးလား?"

ဝမ့်သာ : "မရှိတော့ပါဘူး ၊ အားလုံးတင်ပြပြီးသွားပါပြီ။"

အတန်းတက်တော့မှာဖြစ်တာကြောင့် ထန်စန်းမှာသူ့အားသင်ပြပေးနေဖို့အချိန်ကမရှိတော့။

"အချိန်အားနေရင် စာများများဖတ် ၊ အတန်းသွားတက်ချေတော့. . ဒါနဲ့ ---  --- နေ့လည်ကျရင် ဟယ့်ကျောင်းကိုဆရာ့ရုံးခန်းလာခိုင်းလိုက်ဦး။"

ဝမ့်သာသည် ခပ်မြန်မြန်ခေါင်းငြိမ့်လိုက်၏။

ထန်စန်းသည် လျှောက်ထွက်လာခဲ့ပြီးမှ ပြန်လှည့်လိုက်ရင်း ပြောလိုက်သည်။

". . .  . . . ရှဲ့ယွီကိုပါတစ်ခါတည်း လာခဲ့ခိုင်းလိုက်။"





စာသင်ခန်းထဲ၌။

ဟယ့်ကျောင်းသည် နေရာတွင်ထိုင်လျက် ရှဲ့ယွီနှင့်အတူ နှစ်ယောက်သား ရှေ့အချိန်တုန်းက အနိုင်အရှုံးမကွဲသည့် စာရွက်နဲ့ဘောပင်ကိုသာသုံးကာ ကိုယ်ဘာသာလုပ်ဆော့လို့ရသည့် ---  --- Five in a Rowဆိုသည်အားဆော့နေသည်။ ရှေ့တရုတ်စာအချိန်တုန်းက နှစ်ယောက်သား 2:2 သရေကျလို့ထားတာဖြစ်သည်။

(Five in a row - စာရွက်ပေါ်အကွက်ဆွဲပြီး O ရယ် X ရယ်နဲ့တန်းသွားအောင်ဆော့ရတဲ့ဟာပါ ၊ ကိုယ်တွေဒီမှာဆော့နေကြ ၃ခုတန်းသွားရင်နိုင်တဲ့ဟာလေး ၊ ဒီမှာကကြ၅ခုတန်းမှပါ)

ဟယ့်ကျောင်းရဲ့ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်းရည်ကတော့ မြင့်မားပြီး ရှေ့တန်းကိုလည်း ထူးခြားစွာရှည်ရှည်ဆွဲတတ်သည်။ ရှဲ့ယွီက ၅ခုတန်းတော့မည့်အခါတိုင်း ဟယ့်ကျောင်းက ကြားဝင်ဝင်ခြေထိုးခံတတ်သည်။ ဟယ့်ကျောင်းရဲ့ ဉာဏ်ရည်အရဆို ဒါကမတော်တဆနိုင်သွားတာလား ဘာလားတော့ ရှဲ့ယွီလည်းမသိပါ။

ဝမ့်သာသည် ကျောင်းတက်ခေါင်းလောင်းသံနှင့်အတူ ပြန်ရောက်လို့လာသည်။

"အစ်ကိုကျောင်း အစ်ကိုယွီ ၊ လောင်ထန်က နေ့လည်ကြရင် မင်းတို့နှစ်ယောက်ကို သူ့ရုံးခန်းလာခဲ့ဖို့ခေါ်နေတယ် ၊ မင်းတို့နှစ်ယောက်က . . .  . . . ဘယ်လိုဖြစ်လို့ဖြေတိုင်း နောက်ဆုံးအဆင့်ချည်းရနေကြတာလဲ?"

ဟယ့်ကျောင်းသည် ဒါကိုကြားတာနဲ့ ဝမ့်သာတစ်ယောက်အဆင့်တွေကြားလာခဲ့မှန်း သိလိုက်လေရာ ဘောပင်ကိုချ၍မေးလိုက်ပါသည်။

"ငါရော? ငါကနောက်ဆုံးကရေရင်ဘယ်လောက်လဲ?"

ရှဲ့ယွီကတော့ ရလဒ်ကိုမှန်းဆပြီးဖြစ်ရကာ ခေါင်းပင်မော့ကြည့်မနေတော့။

မျှော်လင့်ထားသလိုပါပင် ဝမ့်သာကပြောလို့လာသည်။

"နောက်ဆုံးကရေရင် အဆင့်(၁) ၊ ပြီးတော့ မင်းသင်္ချာမှာ (၁၀)မှတ်ပဲရတယ်။"





ဟယ့်ကျောင်းကြည့်ရတာ ကယ်တင်လို့ပင်မရအောင် သူ့ကိုယ်သူအောင်တယ်ဆိုတဲ့ အိပ်မက်ထဲပဲနစ်နေသလိုပုံစံဖြင့် '၁၀မှတ်'ဆိုတဲ့စာလုံးနှစ်လုံးကိုလည်းကြားလိုက်ရော လန့်ဖျန့်သွားပါလေသည်။

"ကိန်းဂဏန်း(၁)လုံးဆိုတာကနေလွတ်ပြီး ငါကတစ်ဆင့်တက်လာတာပေါ့လေ။"

ဝမ့်သာကဆိုသည်။

"ဟုတ်တယ်မလား ၊ တော်ချက်ကြီးပဲ ၊ ငါတို့အတန်းရဲ့ ပုံမှန်ပျမ်းမျှအမှတ်ကို (၂)မှတ်တိတိလျှော့ကျသွားစေတာပဲ။"

ဝမ့်သာသည်ပြောပြီးနောက်မှ ဟယ့်ကျောင်းက စိတ်ဓာတ်အနည်းငယ်ကျနေသလိုရှိသည်ကို တွေ့လိုက်ရာ မေးမိရ၏။

"အစ်ကိုကျောင်း ဘာဖြစ်လို့လဲ?"

"ထားလိုက် သူ့အရေးစိုက်မနေနဲ့ ၊ သူကအိပ်ရာကနေကိုနိုးကိုမလာသေးတာ. ."

ရှဲ့ယွီကပြောသည်။

"သင်္ချာဆရာချီးကျူးမှာကို စောင့်နေတာလေ. . .  . . . အိပ်အိပ် ၊ အိပ်မက်ထဲမှာဆိုဘာမဆိုဖြစ်တယ်။"

ဝမ့်သာမှာ အခုနောက်ပိုင်း ရှဲ့ယွီနဲ့ကလည်းမဆိုစလောက်ရင်းနှီးလာသည်ဟု ခံစားမိရခြင်းကြောင့် ရှေ့နောက်မစဉ်းစားဘဲပြောချလိုက်တော့သည်။

"အစ်ကိုယွီ ၊ မင်းကအမှတ်(၂၀) ၊ မင်းတို့နှစ်ယောက်က အတူတူနဲ့အနူနူပါပဲ ၊ ဘယ်နားမှပိုတယ်သာတယ်မရှိပါဘူး။"

ရှဲ့ယွီ : ". . .  . . . မင်းကရန်စတာလား?"

ဟယ့်ကျောင်းမှာ ကြားပြီးနောက် ချက်ချင်းပဲရယ်လို့လာတော့သည် ၊ ရယ်ရင်းရယ်ရင်း ရယ်သံမှာပိုလို့ပင်ကျယ်လောင်လာတော့၏။





နေ့လည်ပိုင်း၌ ထန်စန်းမှာ စောစောစားလို့ပြီးတာနဲ့ ရုံးခန်းသို့အမြန်ပြန်လာခဲ့ပြီး နောက်ဆုံးကရေရင် အဆင့်(၁)နဲ့(၂)ဆိုသည့် ကျောင်းသားနှစ်ယောက် ရုံးခန်းသို့လာမည်ကိုစောင့်နေလိုက်သည်။

သူသည် ပြောဖို့ရာစကားတချို့အားအကြမ်းစီကာရေးနေရင်းမှ နောက်တော့လက်တန်းပဲပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

"ဆရာထန် ၊ သူတို့နှစ်ယောက်က အထက်တန်းပထမနှစ်ကတည်းက အဲ့လိုပဲ. ."

ဘေးနားကအခြားဆရာတစ်ယောက်မှာ ထိုနှစ်ယောက်ရဲ့အဖြေလွှာတို့အား အတော်ကြာအောင်စိစစ်လို့နေသည့် ထန်စန်းအားကြည့်ရင်းမှ နေ့လည်ကြရင်လည်း ခေါ်ပြောဖို့ချိန်းထားသည်ကိုပါ ကြားတာနဲ့ပြောလို့လာသည်။

"ဆရာပုံမှန်သာသင်ရတယ် ၊ သူတို့ကမှ လိုက်နားမထောင်ချင်တဲ့ဟာ မတတ်နိုင်ဘူးပေါ့။ ကျွန်တော်အခုလိုပြောတာက ဆရာ့ကိုဘယ်လိုလုပ်ပါ ၊ သူတို့ကိုလက်လျှော့လိုက် ဆိုတဲ့ပုံစံပြောတာမဟုတ်ပါဘူး ၊ သူတို့နှစ်ယောက်ကိုက. . .  . . . တကယ်ပါ ၊ နည်းလမ်းကိုမရှိတော့တာ ၊ မတတ်နိုင်ဘူး။"

ထန်စန်းသည် ဟယ့်ကျောင်းနှင့် ရှဲ့ယွီတို့၏အဖြေလွှာတို့အား ဆက်လက်လှန်လို့ကြည့်နေရင်းမှ ထိုဆရာပြောလာသည်များကိုလည်း ဆန့်ကျင်မနေပါ ၊ မိမိလုပ်နေသည်များအား မည်သူကမျှအသိအမှတ်မပြုဆိုပြီးလည်း နည်းနည်းမှတွေးမနေဘဲ ပြောလိုက်၏။

"ကျွန်တော် ပုံမှန်အတိုင်းပဲသင်နေတာပါပဲ ၊ ကျွန်တော်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ကြိုစားတော့သင်ရမှာပေါ့ --- --- အခုကအကောင်းဆုံးမကြိုးစားရသေးဘူးလေ။"

ဆယ်မိနစ်ကျော်လောက်ကြာချိန်မှာတော့ နှစ်ယောက်သားရောက်လို့လာကာ ရှေ့ဆင့်နောက်ဆင့် တံခါးခေါက်လာခဲ့သည်။

"ရောက်ပါပြီ။"

ထန်စန်းသည် လက်ထဲကသင်ကြားရေးစာအုပ်ကိုပိတ်လိုက်ပြီး ပြောလိုက်သည်။

"ဝင်ခဲ့။"






လောင်ထန်ဘာလို့ သူတို့ကိုခေါ်လည်းဆိုတာက မှန်းရမခက်ပါ ၊ အဆင့်အတွက်အပြစ်တင်ဖို့သာရှိပေမည်။ အထက်တန်းပထမနှစ်တုန်းကလည်း ဒီလိုပဲသူတို့ကိုခေါ်ပြီးပြောကြတာပါပဲ ၊ ပြောတာတော့ပြောတာပေမယ့် ပြောပြီးသွားရင်တော့လည်း ပြောတာသာရှိတာဒီပုံစံကဒီပုံစံပင်။

ဟယ့်ကျောင်းပုံစံကတော့ သက်သောင့်သက်သာပင် ၊ စဉ်းစားကြည့်တော့လည်း ဒီလိုအခြေအနေမျိုးက ခဏခဏဖြစ်နေကြမို့လည်းပါသည်။

"မင်းတို့နှစ်ယောက် ထိုင်. ."

ထန်စန်းသည် အဖြေလွှာအား စားပွဲထက်တင်လိုက်၏။

"ဆရာ မင်တို့ကိုမေးချင်လို့ ၊ စာသင်ရတဲ့အပေါ် ဘယ်နေရာတွေမှာ အခက်အခဲတွေများရှိသလဲ? ထုတ်ပြောပြရင် ဆရာတို့အတူကြိုးစားပြီး ဖြေရှင်းကြည့်လို့ရတာပေါ့။"

အခြားအဓိပ္ပာယ်နဲ့ဆိုရသော် 'မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလောက်နိမ့်တဲ့အမှတ်ထွက်လာကြရတာလဲ' ဟူ၏။

ရှဲ့ယွီကတော့ ဘာအကြောင်းပြချက်မှမပေး ၊ ဘာလို့ဆို အဖြေမှန်တွေကိုသိလွန်းလို့တောင် တမင်ရှောင်ပြီးဖြေခဲ့တာတွေလေ ၊ ပြောလိုက်ရင် ဆရာလန့်သွားမှာတောင်စိုးရသည်။

ဟယ့်ကျောင်းကတော့ ရှောရှောရှူရှူပင်ဖြေလို့လာသည်။

"အားလုံးကို အခက်အခဲရှိနေတာ။"

"ဟယ့်ကျောင်း ၊ တစ်လောလေးကဆို ငါ မင်းတို့အတန်းပိုင်နဲ့ကို အခုတလောမင်းကသင်္ချာအချိန်တွေမှာတော်တော်လေးမဆိုးဘူးဆိုပြီး ချီးကျူးနေကြသေးတာ. ."

ပြောနေစဉ်တွင် သင်္ချာဆရာမှာနေ့လည်စာစားပြီးဖြစ်၍ ရုံးခန်းထဲဝင်လို့လာ၏ ၊ လက်ထဲ၌လည်း သွားကြားထိုးတံအားကိုင်လို့ထားသည်။

"အခုကြ ဖြေတာဘယ်လိုဖြစ်ရတာလဲ?"

ဟယ့်ကျောင်းမှာ ဘာမှမပြောတော့ချေ။





ရှဲ့ယွီမှာ ထုံကျောအစားဖြေလို့ပေးလိုက်ပါသည်။

"သင်နေချိန်တုန်းကတော့ သူလည်း သူဘာသာနားလည်တယ်ဆိုပြီးထင်နေတာ။"

ဒီတစ်ခေါက်အလှည့်ကျသူကတော့ သင်္ချာဆရာပင်ဖြစ်ကာ ဘာပြန်ပြောရကောင်းမည်မသိဖြစ်လို့သွားတော့သည်။ သူသည်ခေါင်းကိုရမ်းလျက် ကိုယ့်နေရာကိုယ်သာ ပြန်သွားထိုင်လိုက်တော့သည်။

"မင်းတို့. . .  . . . မင်းတို့ကတော့လေ တကယ်ကိုလူထူးဆန်းတွေပါပဲ။"

Continue Reading

You'll Also Like

1.2M 187K 78
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I just translate.Fully credit to original...
42.4K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
97.1K 4.1K 29
မိဘ သဘောတူထားတဲ့ လူကို မယူနိုင်ဘူးလို့ တစ်ထစ်ချ ပြောဆိုထားတဲ့ ကောင်လေးတစ်ယောက် မထင်မှတ်ဘဲ ချစ်မိသွားချိန် လယ်လောက်ထိ ဂျေဝင်ပြီး ဆိုးမလဲဆိုတာ ဖတ် ပေးက...
35K 1.2K 36
unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္ရဲ့ တမူမတူညီတဲ့စာေရးပံုနဲ႔ မတူညီတဲ့ဇာတ္အ...