ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...

By ZuriLeora

1.2M 188K 9.3K

Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... More

DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 18 - Relay Race
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 58 - Couple
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨

CHAPTER 21 - Tunnel

17.8K 2.6K 139
By ZuriLeora

Unicode

ဗုဒ္ဓဟူးနေ့ညတိုင်းမှာအင်္ဂလိပ်စာဆရာကအမြဲတမ်းအပတ်စဥ်စာမေးပွဲစစ်တယ်။

ညစာစားချိန်ရောက်တော့ သွမ့်ကျားရန်အတော်လေးစိတ်လွင့်နေတယ်။ သူနှစ်နာရီလောက်အင်္ဂလိပ်စာဖြေဖို့တွေးကြည့်ရုံနဲ့တင် တော်တော်လေးပျင်းရိနေတယ်။

အဲ့ဒီအချိန်မှာ ရှန်းချီလျင့်​​ဆီကစာရောက်လာတယ်။ တဖက်လူကသူ့ကို online game ကစားရအောင်ခေါ်ထားတာ။ သွမ်ကျားရန်မျက်လုံးတွေအရောက်လက်သွားတယ်။

သူစုန့်ရိကိုမေးလိုက်တယ် "မင်းစာမေးပွဲဖြေဖို့သွားချင်လား?"

" ဘာဖြစ်လို့လဲ?"

" ရှန်းချီလျင့်ကငါ့ကိုonline game ကစားရအောင်တဲ့ မင်းသွားနိုင်မလားတဲ့"

"သွားမယ်" စုန့်ရိနဲနဲပျော်သွားတယ် "သူကဘာဖြစ်တာလဲ? လွန်ခဲ့တဲ့ရက်နည်းနည်းကသူပဲဒီ semester အတွက်စာကြည့်ရအုံးမယ်"

သွမ့်ကျားရန်နဲ့စုန့်ရိတို့လိုမဟုတ်ဘူး ရှန်းချီလျင့်ရဲ့(စာမေးပွဲမှာ) ​ဆောင်ရွက်နိုင်မှုကအတော်လေးကောင်းတယ်။ သူက liberal arts မှာနဲနဲလေးညံ့ပေမဲ့ တရုတ်စာနားလည်သုံးသပ်မှုမှာတော့ အတန်းထဲမှာထိပ်တန်းအဆင့်ပဲ။

" သူတို့အတန်းတွေကကြိုဖြေထားလောက်တယ် ဒီနေ့ညဆရာတွေကသူတို့ကိုကိုယ့်ဘာသာစာကျက်ခိုင်းထားတာ သူကစိတ်မဝင်စားစရာမကောင်းဘူးတဲ့"

" အင်း " စုန့်ရိက​ပြောတယ် " အာ့ဆိုငါတို့သူ့ကို Ionia မှာတွေ့မယ်လေ "

ရိကျုံးအနီးတဝိုက်မှာ Internet cafe တွေအများကြီးရှိတယ်။ အတန်းလစ်တဲ့ကျောင်းသားလေးတွေအတွက်ကတော့ဒီနေရာလေး​ကပျော်စံ​ရာပေါ့။

ရှန်းချီလျင့်ကသူတို့အမြဲသွားဖြစ်တဲ့ Internet cafe မှာရောက်နှင့်နေပီ။ သူ့ဘေးကထိုင်ခုံနှစ်ခုမှာ ရေခဲစိမ်လိမ္မော်ရည်တစ်ခွက်ချထားတာကို သွမ့်ကျားရန်တွေ့လိုက်တယ်။ သွမ့်ကျားရန်သိလိုက်တယ် ဒီနေရာကရှန်းချီလျင့် သူနဲ့စုန့်ရိအတွက်နေရာဦးထားတယ်ဆိုတာ။ သွမ်ကျားရန်ကထိုင်ခုံလေးဆွဲပီးထိုင်လိုက်တယ်။

Internet cafe မှာလူတွေက​ပြည့်လုနီးပါးရှိနေပီး ဆေးလိပ်နံ့တွေကလဲမွှန်နေတာပဲ။

Internet cafe ထဲစဝင်တည်းက သူဖုံးအုပ်မထားတဲ့အရေပြားတွေကယားယံပီးတော့ခေါင်းလဲမူးနောက်နောက်ဖြစ်နေတယ်လို့ သွမ့်ကျားရန်ဝါးဝါးလေးခံစားမိတယ်။

ရှန်းချီလျင့်ကသူမျက်မှောင်ကျုံ့ပီးဘာမှမလုပ်သေးတာတွေ့တော့ သူကထူးထူးဆန်းဆန်းမေးလာတယ် "မင်းအိမ်ကိုအကြာကြီးမပြန်တာဆိုတော့ ဒီကိုနောက်တစ်ခါရောက်တော့ အားလုံးကိုထူးဆန်းတယ်ထင်နေတာလား?"

" ဘာကြီးလဲ?"

"Internet cafe ကမင်းရဲ့ဒုတိယအိမ်ပဲလေ" ရှန်းချီလျင့်ကသူစိတ်လွင့်နေတုန်းပဲဆိုတာကိုတွေ့တော့ သူ့ရဲ့ power button ကိုထိဖို့လက်လှမ်းလိုက်တယ် "မင်းဘယ်လိုဖွင့်ရမလဲဆိုတါတောင်မေ့နေတာပဲ လာလာ ဒီဖေဖေကမင်းကိုသင်ပေးမှာပေါ့"

သွမ့်ကျားရန်ကပြုံးလိုက်ပီးသူ့ကို​နဲနဲတွန်းလိုက်တယ်။ ပီးတော့ power button ကိုနှိပ်လိုက်တယ်။

သွမ့်ကျားရန်ကအချိန်အကြာကြီးကစားခဲ့ပေမဲ့ မသက်မသာဖြစ်တဲ့ခံစားကြီးကပျောက်ကွယ်မသွားဘူး။ ဒါပေမဲ့တိုးလဲတိုးမလာခဲ့ဘူး။ သူဂိမ်းထဲဝင်ပီး အာရုံလွှဲထားတော့ အဲ့ဒါကိုလဲတဖြည်းဖြည်းမေ့သွားတယ်။

" ရှောင်သွမ့်" စုန့်ရိကရုတ်တရပ်ခေါ်လိုက်တယ် " ခနနေကျရင် ​ဆရာမကျောက်က Class meeting ငါ့ကိုပြောတယ် ငါတို့ပြန်သွားမှာလား?"

"ဘာ?"

သွမ့်ကျားရန်က headphone တပ်ထားတော့ မကြားရဖြစ်နေတယ်။

"Class meeting!" စုန့်ရိအသံက​ကျယ်လာတယ် "ငါတို့ trip ထွက်ရတော့မှာထင်တယ်"

"Oh!!" သွမ်ကျားရန်ကအချိန်ကိုကြည့်လိုက်တယ် "ငါတို့ဒီတစ်ခါကစားပီးရင်ပြန်ကြမယ်လေ"

စုန့်ရိကခေါင်းညိမ့်တယ်။ရှန်းချီလျင့်ကမေးတယ် "မင်းတို့ ဘယ်နေရာကိုသွားကြမှာလဲ? ငါတို့ကJingshanဘုရားကျောင်းကိုသွားခဲ့တယ်.... ပြန်ဆုတ်! ပြန်ဆုတ် Kenan လာနေပီ!! သွမ့်ကျားရန်ဘာလို့ပြေးနေတာလဲ!! ငါ့ကိုကူပိတ်ပေး!"

ရှန်းချီလျင့်အရူးလိုပြောနေပေမဲ့လဲ သူ့hero လေးကတော့ ရန်သူသတ်တာခံလိုက်ရတယ်။ သူခေါင်းလှည့်လာပီး သွမ့်ကျားရန်ကိုကြည့်လိုက်တယ် "မင်းသိလားမင်းရဲ့အပြုအမူကအသင်းဖော်တွေကိုရောင်းစားတယ်လို့ခေါ်တယ်ဆိုတာ?"

သွမ့်ကျားရန်နှာမှုတ်လိုက်တယ်: " မဟုတ်ဘူး ငါလဲအသင်းဖော်တွေနဲ့အတူသေတော့မှာပဲမလား?"

ရှန်းချီလျင့်: "ဆန်ကုန်မြေလေးကောင်"

သွမ့်ကျားရန်: "အတူတူဝေမျှရမှာပေါ့"

ရှန်းချီလျင့်: "မင်းဘာပြောနေတာလဲ"

သွမ့်ကျားရန်: "66666 တကယ်ချောချောမောလေးသေသွားတာပဲ"

ရှန်းချီလျင့်: " ... "

Class meeting ရှိသေးတာမို့ ဒါပီးတော့ စုန့်ရိနဲ့သူလဲစာသင်ခန်းထဲပြတ်လာခဲ့တယ်။

စိတ်ထဲထင်တာလားတော့မသိဘူး။ သွမ့်ကျားရန်သူ့ခုံမှာထိုင်ပီးပီးချင်းပဲ Internet cafe မှာတုန်းကခံစားရတဲ့ မသက်မသာဖြစ်မှုတွေကပျောက်ကွယ်သွားတယ်။ တစ်ကိုယ်လုံးကစိတ်အခြေအနေ(ခံစားချက်) တွေလဲအရမ်းကောင်းမွန်သွားတယ်။

သူအဲ့တာကိုစဥ်းစားချိန်တောင်မရသေးဘူး။ ချန်ယွဲ့ကသူ့ကိုမေးလာတယ် "ဂိမ်းကကစားလို့ပြီးသွားတာလား?"

သွမ်ကျားရန်​ကနောက်ပြန်လှည့်လာတယ် "မင်းဘယ်လိုသိတာလဲ?"

ချန်ယွဲ့ကပြုံးရင်းပြောတယ် "မင်းနဲ့စုန့်ရိမှာ ဆေးလိပ်နံ့တွေရှိနေတာ ကျောင်းနားမှာဆေးလိပ်နံ့တွေထူထူထည်းထည်းရှိတဲ့နေရာဆိုလို့ internet cafe တွေပဲရှိတာလေ ငါခန့်မှန်းကြည့်တာ "

သွမ်ကျားရန်ကသူ​ပြောတာနားထောင်ရင်းခေါင်းလေးငုံ့ပီးသူ့လက်ကောက်ဝတ်ကိုနမ်းကြည့််တယ် "မင်းတို့တွေမှာ ခွေးနှာခေါင်းတွေရှိတာလား ငါတော့ဘာမှအနံ့မရဘူး"

သူကသူ့လက်ကောက်ဝတ်ကိုအသေအချာကြီးနမ်းနေတုန်းဆိုတာလုရှင်းစစ်တွေ့တော့ သူကအရှေ့ကိုရုတ်တရပ်ကြီးကိုင်းလိုက်ပီး "internet cafe မှာ မင်းက alpha တစ်ယောက်ရဲ့ဘေးမှာထိုင်နေခဲ့တယ် သူ့ရဲ့ pheromone က black tea"

သွမ်ကျားရန်အံ့ဩသွားတယ်။ လုရှင်းစစ်ကရှန်းချီလျင့်အကြောင်းပြောနေတာပဲ။

သွမ့်ကျားရန်မျက်နှာပေါ်က​အံ့အားသင့်​နေတဲ့အမူအရာကိုတွေ့တော့ ချန်ယွဲ့ကပြုံးပီးပြောလိုက်တယ် "သူကအရမ်းအနံ့ခံကောင်းတယ် သူ့နဲ့လက်ထပ်ချင်တဲ့သူကအနာဂတ်မှာဖောက်ပြန်​ချင်တယ်ဆိုရင် beta ပဲရှာလို့ရမယ် အဲ့လိုမှမဟုတ်ရင် သူအိမ်ပြန်ရောက်တာနဲ့သူကအဲ့ဒီအကြောင်းတွေသိသွားလိမ့််မယ်"

စုန့်ရိကအစတုန်းကခုံတွေးစီနေတာအဲ့တာကိုကြားတော့ သူလဲစကားဝိုင်းထဲဝင်လာတယ် "ဘယ်သူကအတန်းခေါင်းဆောင်ကိုလက်ထပ်ပီးတခြားတစ်ယောက်ကိုရှာမှလဲ အဲ့လောက်ကြီးမတုံးအလောက်ပါဘူး"

ချန်းယွီ: " ha ha ha "

လုရှင်းစစ်ရဲ့မျက်လုံးတွေကတော့ သွမ့်ကျားရန်မျက်နှာပေါ်မှာပဲရှိသေးတယ်။ သူကအရေးမစိုက်သလိုနဲ့ "သူမင်းကိုဖက်ခဲ့တာလား? အနံ့ကတအားပြင်းတယ်"

"ဟင့်အင်း" သွမ့်ကျားရန်ကပေါ့ပေါ့ပါးပါးပဲပြန်ဖြေတယ် "အနားကိုနီးနီးကပ်ကပ်ထိုင်လို့ဖြစ်နိုင််တယ် "

သူပြောပီးရုံပဲရှိသေး ကျောက်မင်ကျွင်းကစာသင်ခန်းထဲကိုဝင်လာတယ်။

စာသင်ခန်းတစ်ခုလုံးကိုသူကဝေ့ကြည့်လိုက်တယ်။ ကျောင်းသားအများစုကဆောင်းဦးခရီးစဥ်​အကြောင်သိပီးဖြစ်လို့ ဒီအချိန်မှာသူတို့တွေကသူ့ကိုကြည့်ရင်းကျောက်မင်ကျွင်းကြေငြာမှာကိုစောင့်နေကြတယ်။

ကျောက်မင်းကျွင်းကအချိန်ဆွဲမနေဘူး "သောကြာနဲ့စနေ နှစ်ရက်မှာ ကျောင်းကဆောင်းဦးခရီးစဥ်အတွက်အဖွဲ့ဖွဲ့ပေးထားတယ် ငါတို့အတန်းနဲ့ Class 9 နဲ့ Xiaoyanshanကို တစ်ညသွားမယ် နောက်နေ့နေ့လည်ကျပြန်လာရမယ်... "

သူ့စကားတောင်မဆုံးသေးဘူး ဆောင်းဦးခရီးစဥ်ဆိုတဲ့ စကားလုံးက ဒယ်အိုးပေါ်ကျသွားတဲ့ရေလိုပဲ(ရှဲခနဲ) စိတ်လှုပ်​ရှားမှုကြောင်းတစ်တန်းလုံး ခလောက်ဆန်နေတယ်။

"လူတိုင်းအတွက်ကျောင်းကအားလပ်ရက်အပန်းဖြေနေရာတစ်ခုကိုကြိုတင်စာရင်းသွင်းထားတယ် အဲ့မှာ standard room တွေ single room တွေရှိတယ်တဲ့ မင်းတို့ room card ရပီးရင်မင်းတို့ဘာသာအခန်းတွေခွဲကြ" စာသင်ခန်းထဲမှာစကားသံတွေနဲ့ အုတ်အော်သောင်းနင်းကိုဖြစ်လို့။ ကျောက်မင်ကျွင်းကအပြုံးလေးနဲံခေါင်းခါလိုက်တယ် "ကောင်လေးတွေနဲ့ကောင်မလေးတွေနဲ့အတူနေလို့မရဘူးနော်"

"ဒုတိယနှစ်ကတတိယနှစ်ထက်ပိုကောင်းတယ် "စုန့်ရိကပြောတယ် " ငါကြားတာကတော့ တတိယနှစ်အတွက်ဆောင်ဦးခရီးစဥ်ကတော့ သင်္ချာမေးခွန်းနောက်ဆုံးဆယ်စုံတဲ့ နှစ်ရက်နဲ့တစ်ညမေးခွန်းပင်လယ်ထဲမှာလက်​ပစ်ကူးရမယ်တဲ့ "

သွမ့်ကျားရန်ကလေးလေးပင်ပင်ရယ်ရင်းစိတ်မချဖြစ်နေတယ်။ သူတစ်ခုခုကိုရုတ်တရပ်သတိရသွားတော့ နောက်ကလေးကိုမှီပီးလုရှင်းစစ်ကိုတိုးတိုးလေးပြောတယ် "ငါ့ကိုကြည့်ပေးပါအုံး ငါလည်ကုပ်မှာ အနီကွက်တွေရှိလားလို့"

သွမ့်ကျားရန်တွက်ချက်ကြည့်လိုက်တယ်။ သူ့ရဲ့ နောက်ဆုံး estrus ဖြစ်တာလဝက်ကျော်​နေပီ။ omega တစ်ယောက်​အဖြစ်ကူးပြောင်းခါစဆိုရင် estrus ကာလကမတည်ငြိမ်သေးဘူး။ သူဒီနေ့ညအဆင်မပြေဖြစ်နေတာ stress disorder ကြောင့်ဖြစ်နိုင်တယ်။

ဒါပေမဲ့သူအနီကွက်တွေကိုခနလောက်မမြင်ရဘူး။ သူ့ရဲ့ sensitive အဖြစ်ဆုံးgland တွေကိုလဲကြည့်လို့မရနိုင်ဘူးလေ။

"မရှိဘူး" လုရှင်းစစ်မျက်လုံးတွေကဖြူဖြူဖွေးဖွေးလည်ပင်းပေါ်ကိုရှပ်ပြေးသွားတယ် "မင်းအဆင်မပြေဖြစ်နေလို့လား?"

"တစ်ခုတော့ရှိတော့" သွမ်ကျားရန်ကသူပြောတာကိုနားထောင်ပီးပြောတယ် "ငါကောင်းကောင်းမအိပ်ရလို့ဖြစ်နိုင်တယ်"

Xiaoyanshan က Ning Chengရဲ့အပြင်ဘက်မှာရှိတယ်။ အောက်တိုဘာလရဲ့ အစပိုင်းဖြစ်လို့ ကောင်းကင်ကြီးကကြည်လင်နေပီး နေမင်းကြီးကတော့လူတွေကိုပျင်းရိငြီးငွေ့စေတယ်။

ကျောင်းကားပေါ်မှာ ကျိုးရှင်ချန်းကလူသွားလမ်းရဲ့တစ်ဖက်မှာရှိနေပီးတော့ အရမ်းစိတ်လှုပ်ရှားနေတယ် "ငါကြားဖူးတာ Xiaoyanshan မှာစွန့်ပစ်ထားတဲ့ရထားလမ်းဥမင်ရှိတယ်တဲ့အဲ့ဒီမှာအရင်တုန်းကလူတွေသေဖူးတယ်တဲ့ ညညဆိုအဲ့ဒီဥမင်ထဲမှာအမျိုးသမီးတစ်ယောက်ငိုကြွေးသံအသက်ရှူသံတွေကြားရတယ်တဲ့ မင်းအဲ့တာကိုသွားမကြည့်ချင်ဘူးလား..."

သွမ့်ကျားရန်ကနဲနဲခေါင်းမူးနေပီး တစ်ကိုယ်လုံးကမသက်မသာဖြစ်နေတယ်။ လှုပ်နေလို့ နေမကောင်း​သလိုဖြစ်နေပေမဲ့သူကအဲ့ဒီနေရာကိုစိတ်ဝင်စားနေတယ် "တကယ်လား ငါတို့သွားကြမလား?"

" အေး ငါ့မှာအဲ့ဒီမှာနေတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် သူပြောတာတော့အဲ့ဒါကအရမ်းစိတ်လှုပ်ရှားစရာကောင်တယ်တဲ့" ကျိုးရှင်ချန်းကပြောလိုက်တယ် "ငါတို့လူထပ်ရှာရအောင် လူအများကြီးရှိတာပဲကို"

သွမ့်ကျားရန်ကြည့်လိုက်တော့ လုရှင်းစစ်နဲ့ချန်ယွဲ့ကထိုင်ခုံသုံးလေးတန်းလောက်ခြားပီးအရှေ့တန်းမှာထိုင်နေကြတယ်။ သွမ့်ကျားရန်ကသူ့ရှေ့ကကောင်မလေးရဲ့ပခုံးကိုပုတ်လိုက်တယ် "မင်းလုရှင်းစစ်ကိုတစ်ဆင့်​ပြောပေးလိုရမလား ငါတို့ဥမင်ရထားလမ်းကိုသွားကစားကြမလားလို့ ငါကြားတာတော့အဲ့တာကအတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့"

အားကစားပွဲပီးသွား​ကတည်းက သွမ့်ကျားရန်အပေါ် Class 10 ကလူတွေရဲ့အမြင်ကအနည်းနဲ့အများတော့ပြောင်းလဲသွားကြတယ်။သူတို့တွေကကစားရအောင်သွားမယ်ဆိုတာကြားတော့ကောင်မလေးတွေလဲစိတ်ဝင်စားကြတယ် "နင်တို့ကစိတ်လှုပ်ရှားစရာတွေရှာဖို့လား?"

သွမ့်ကျရန်ကပြောလိုက်တယ် "နင်တို့ရောသွားမလား လူ​များတော့ပိုပျော်ရတာပေါ့"

သူမခေါင်မညိမ့်ရသေးဘူး သူ့ဘေးကကောင်မလေးကလာပြောတယ် "သွမ်ကျားရန် ငါလဲသွားချင််တယ်"

သူတို့စကားပြောနေတာကွာဟသွားတော့ ကောင်မလေးတွေကစိတ်နဲနဲပျံ့သွားပီးသူရှေ့ကကောင်လေးကိုရိုက်လိုက်တယ် "ငါ့ကိုတဆင့်စကားပြောဖို့ကူညီပေး သွမ့်ကျားရန်ကစိတ်လှုပ်ရှားစရာတွေရှာရအောင် အတန်းခေါင်းဆောင်ကိုသွားမလားလို့မေးတယ်လို့"

"ဘာကြီး သူကလုကောနဲ့စိတ်လှုပ်ရှားစရာကိစ္စလေးတွေရှာချင်တယ် ဟုတ်လား?"

ကောင်မလေးကသွမ့်ကျားရန်နဲ့ဆွေးနွေးရင်းအလုပ်ရှုပ်နေတယ်။ ကောင်လေးဘယ်လောက်အံ့ဩသွားတယ်ဆိုတာအရေးမထားဘူး သာမန်ကာလျှံကာပဲခေါင်းညိမ့်လိုက်တယ်။

လမ်းတလျှောက်လုံးတဆင့်စကားဖြတ်သွားတဲ့ရလဒ်အနေနဲ့ အဆုံးရောက်သွားတော့ လုရှင်းစီကိုပြောရမဲ့ကောင်လေးကစကားမပြောနိုင်ဖြစ်သွားတယ်။

" လုကော " ကောင်လေးကတွန့်ဆုတ်ဆုတ်နဲ့​ပြောလိုက်တယ် "သွမ့်ကျားရန်ကမင်းကိုမေးတယ် စိတ်လှုပ်ရှားစရာကိစ္စလေးတွေကိုသူနဲ့ကစားချင်လားတဲ့"

ချန်ယွဲ့ကအစတုန်းကမီးခြစ်ရှာနေတာအဲ့တာကိုကြားတော့ လက်ချော်ပီးမီခြစ်ကအောက်ကိုတည့်တည့်ကြီးကျသွားတယ်။

လုရှင်းစစ်ကမေးလိုက်တယ် "သူတကယ်အဲ့တိုင်းပြောတာလား?"

အဲ့ဒီအချိန်မှာပဲကျောင်းကားကကျောင်းကစီမံထားတဲ့အပန်းဖြေနေရာကိုရာက်လို့ကားကရပ်သွားတယ်။ သွမ်ကျားရန်ကနောက်ကနေလှမ်းအော်တယ် "လုရှင်းစစ်မင်းမသွားနိုင်ဘူးလား?"

ချန်ယွဲ့အနောက်ကိုလှည့်လိုက်တယ် သူအမူအရာကြီးကတော့တောင့်တောင့်ကြီးနဲ့။ ချန်ယွဲ့ကစွန့်ပစ်ခံရသလိုခံစားနေရတယ်လို့သွမ့်ကျားရန်ထင်လိုက်တယ်။ သူကရုတ်တရပ်ပြောလိုက်တယ် "ချန်ယွဲ့!အတူတူကစားရအောင်!အဲ့တာကတကယ်စိတ်လှုပ်ရှားဖို့ကောင်းလောက်တယ်!"

ချန်ယွဲ့: "... အဲ့တာကအတူတူကစားလို့ရသေးလို့လား?တစ်ခုခုမဖြစ်ဘူးဆိုတာမင်းသေချာလို့လား?"

သွမ်ကျားရန်ရှင်းမပြတတ်ဖြစ်နေတယ်: "ဘာလို့မဟုတ်ရမှာလဲ လူများလေ​ပိုပျော်စရာကောင်းလေပဲလေ"

လုရှင်းစစ်ကသူ့ကိုမေးလိုက်တယ် "မင်းဘယ်ကိုသွားကစားမှာလဲ"

သွမ့်ကျားရန်: "ဥမင်ရထားလမ်း!အဲ့ဒီမှာသရဲတစ်ကောင်ရှိတယ်!"

ကျိုးရှင်ချန်း: "ဘယ်သူကလှည့်ကွက်တွေကစားချင်နေတာလဲ!

သူတို့နှစ်ယောက်ကအတူတူပြောဆိုနေတာကြားတော့ဘေးနားကလူတွေကလဲစိတ်ဝင်စားလာကြတယ် "Hey!ငါကိုလဲတစ်ယောက်အဖြစ်ခေါ်လိုက်!"

"ငါအထင်ငါလဲသွားချင်တယ်!"

" Xiao yanshan မှာရှိတဲ့ဥမင်ကအရမ်းကျော်ကြားတယ် ​အရင်ကသတင်းတွေလဲရှိခဲ့ဖူးတယ်ထင်တယ် ဒါပေမဲ့ကျိုးရှင်ချန်းမင်းသရဲကြောက်တယ်မလား? ငါတို့နောက်ဆုံးအကြိမ်တုန်းကသရဲကားကြည့်တော့ မင်းအော်ဟစ်ပီးငိုနေတာလေ အဲ့တုန်းကသနားစရာကောင်းလိုက်တာ "

"... ငါကသရဲကားပဲကြောက်တာ ဒီလောင်ဇီကအဲ့ဒီဥမင်ကိုမကြောက်ဘူး"

ကား​ထဲကထွက်လာတော့ သွမ်ကျားရန်ကနဲနဲလေးမသက်မသာဖြစ်နေပီး နားထင်ကိုနှိပ်နေတယ်။ သူသူ့ကိုသူပြန်ကြည့်တော့ အနီကွက်တွေကဘယ်နေရမှာမှမရှိ​တာကိုတွေ့လိုက်တယ်။စုန့်ရိကသူ့စီကိုပြေးလာပီး သွမ်ကျားရန်တစ်နေရာထဲမှာရပ်နေတာတွေ့တော့ လက်လှမ်းပီးသူ့ကိုထိလိုက်တယ် "ရှောင်သွမ့်! မင်းဘယ်မှာနေချင်လဲ? room card! အခန်းတွေကအရင်ရောက်တဲ့လူအရင်ယူစနစ်နဲ့ရမှာ"

သွမ့်ကျားရန်လဲromm cardရဲ့ဆွဲဆောင်မှုကြောင့်သူ့အာရုံတွေလဲလှုံ့ဆော်ခံလိုက်ရတယ်။ သူအရှိန်နဲ့ပြေးတော့ စုန့်ရိလဲသက်ပြင်းချရတော့တယ်။

စုန့်ရိကသူ့​လက်မောင်းနာသွားတယ် "သွမ့်ကျားရန် မင်းဖြေးဖြေးပြေးပါကွ! ငါ့လက်မင်းကြောင့်ပြတ်တော့မယ်!"

သွမ့်ကျားရန်: "မဟုတ်ဘူး single room လေးကငါ့ကိုခေါ်နေတာ "

စုန့်ရိ: " ... "

ကျောင်းကစာရင်းပေးထားတဲ့အပန်းဖြေနေရာက တောင်ဘေးမှာတည်ရှိတယ်။ အခန်းတွေခွဲပီးတော့ luggage တွေနေရာချပီးတော့ ကျောက်မင်းကျွင်းကသူတို့ကိုလွတ်လွတ်လပ်လပ်သွားခိုင်းတော့တယ်။

စောနလေးတုန်းကဥမင်ကိုသွားဖို့သဘောတူခဲ့တဲ့ကျောင်းသားတွေက villa ရဲ့အပြင်ဘက်မှာစုဝေးနေကြတယ်။ တချို့ကောင်လေးတွေကစိတ်လှုပ်ရှားစွာတိုက်တွန်းနေကြတယ် "မြန်မြန် ဘယ်နေရာကိုသွားကြမှာလဲ"

ကျိုးရှင်ချန်း: "ငါ့သူငယ်ချင်းအရင်ကပြောတာကတော့ ဥမင်ရထားလမ်းက Qing ling အပိုင်းမှာရှိတယ် သွားလို့ရမဲ့လမ်းက Qing ling မှာရှိတာ မင်းတို့လမ်းလျှောက်ရင်းတွေ့လိမ့်မယ် ဒါပေမဲ့လမ်းညွှန်ကဘာလဲ...?"

သွမ်ကျားရန်က​သူပြောတာနားထောင်နေတယ် "မင်းရူးနေလား"

ကျိုးရှင်ချန်းကဖုန်းကိုသူ့ကိုပေးတယ် "ငါကရူးနေတာ ဒီကိုလာ"

သွမ့်ကျားရန်ကလမ်းကြောင်းကိုနားမလည်သေးဘူး။ သွမ့်ကျားရန်သူ့ဘေးနားကလူရဲ့ပခုံးကိုပုတ်လိုက်တယ် "လုရှင်းစစ် ဒါကိုတစ်ချက်ကြည့်ကြည့် ငါတို့ဘယ်နေရာကိုသွားမှာလဲ"

ကျိုးရှင်းရှန်ကသူလုပ်နေတာအရာကိုနားမလည်ဖြစ်နေတယ် "ကြည့်နေတာကြာပီကို မင်းနားမလည်ဘူးလား?"

သွမ့်ကျားရန်ကပေါ့ပေါ့ပါးပါးပဲပြောတယ် "... ဒါပေမဲ့ငါကဘယ်သူ့ကိုအကူအညီတောင်းရမလဲဆိုတာသိတယ် သူသိနေသရွေ့ငါလဲသိတယ် တကယ်ဉာဏ်ပညာရှိတဲ့လူမျိုးဆိုတာ မေးမြန်းဖို့မရှက်တဲ့ငါလိုလူမျိုးကိုပြောတာ"

ကျိုးရှင်ချန်းမနေနိုင်ဘဲမေးလိုက်တယ် "လုကော မင်းသူဘာပြောတယ်ဆိုတာ​နားထောင်နေတာပဲ သူ့ကိုမကူညီနဲ့"

လုရှင်းစစ်ကလမ်းကြောင်းကိုကြည့်နေပီး သူတို့နှစ်ယောက်ကဆူညံနေတယ်။ သူကခေါင်းတော့ထောင်မလာဘူး "ဘာတွေပြောနေတာလဲ"

သွမ်ကျားရန်: "...ဘာမှဖြစ်ဘူးငါမင်းကိုမေးတာကိုပြောနေတာ"

ကျိုးရှင်ချန်း: "လုကော မင်းအရမ်းဘက်လိုက်တာပဲ"

သွမ့်ကျားရန်ကကျိုးရှင်ချန်းကိုကြည့်လိုက်ပီးရယ်သံစွက်နေတဲ့အသံနဲ့မေးလိုက်တယ် "ငါ့ဘက်လိုက်တာ အဲ့တော့မင်းဘာဖြစ်ချင်လဲ?"

သူစကားပြောလိုက်ရင် သူ့ရဲ့ပယင်းရောင်မျက်လုံးလေးတွေကသတိမထားမိဘဲမှေးမှေးသွားပီး အထက်စီးဆန်တဲ့ပုံပေါ်ပေမဲ့ လူတွေကိုမနှစ်မြို့စေတဲ့ပုံမျိုးတော့မဟုတ်ဘူး။

သွမ့်ကျားရန်ရဲ့မြောက်တက်နေတဲ့ပုံကို(ဘဝင်လေဟပ်)မြင်တော့ လုရှင်းစစ်ကသူ့ခေါင်းကိုပုတ်လိုက်တယ် "မင်းလဲစကားနည်းနည်းလျှော့ပြော"

ချန်ယွဲ့ကမထိန်းနိုင်ဘဲဘေးမှာရယ်နေတယ် "ဒါကမျှမျှတတကိုင်တွယ်တာလား? မျှမျှတတဖြေရှင်းပေးတယ်လို့ခေါ်ရမှာလား?"

သူတို့ဦးတည်ချက်သတ်မှတ်ပီးတော့ ခြေလျင်လမ်းကနေ ဥမင်ဆီကိုလမ်းလျှောက်သွားကြတယ်။

ကျိုးရှင်ချန်းရဲ့သူငယ်ချင်းပြောသလိုပဲ ဥမင်ရထားလမ်းကထူးခြားတယ်။ ဂူကြီးကိုအစိမ်းရောင်အပင်တွေနဲ့ဖုံးအုပ်ထားတယ်။ အဝင်ဝကနေလှမ်းကြည့်မယ်ဆိုရင် မှောင်မည်းနေပီး ထွက်ပေါက်ကဘယ်နေရာမှာမှန်းတောင်မမြင်ရဘူး။

ဥမင်ထဲဝင်တော့ လှရှင်းစစ်မျက်ခုံးနဲနဲတွန့်ချိုးသွားတယ်။

သူ သွမ်ကျားရန်ရဲ့လည်ပင်းပေါ်မှာအနီကွက်လေးတွေမြင်လိုက်သလိုပဲ။ ဂူကမှောင်နေလို့ သူအမြင်မှားလားဆိုတာသူမသေချာဘူး။

လုရှင်းစစ်ကဖြည်းဖြည်းလေးနဲ့တိတ်တိတ်လေးသွမ်ကျားရန်နောက်ကိုလျှောက်သွားလိုက်တယ်။

သူအနားကိုပိုကပ်လာလေ သွမ့်ကျားရန်ရဲ့ pheromone အနံ့ကိုပိုရလာလေပဲ။ အနံ့လေးကဖျော့ဖျော့လေးပေမဲ့ သာမန်အခြေအနေတွေမှာ​ဆို omega တွေကရနံ့တားဆေးတွေသုံးထားလို့ pheromone အနံ့ကမထွက်ဘူး။

သွမ့်ကျားရန်ရဲ့လည်ပင်းကအနီရောင်ပြောင်းနေလားဆိုပီးသူသိချင်မိတယ်။ဒါပေမဲ့ဥမင်ကအရမ်းမှောင်လွန်းတယ်။ အကြာကြီးလမ်းလျှောက်ပီးတာတောင် လုရှင်းစစ်ရှင်းရှင်းလင်းလင်းမမြင်ရသေးဘူး။

သူတို့ဘေးကကောင်မလေးကနောက်တော့မနေနိုင်ဘဲတိုးတိုးလေးပြောလိုက်တယ်။

"နင်တို့နှစ်ယောက်... သရဲကြောက်လို့လား"

သူ့အသံကမကျယ်ပေမဲ့ တိတ်ဆိတ်နေတဲ့ဂူထဲမှာတော့ပြတ်ပြတ်သားသားကြားရတယ်။ လူအားလုံးကလှည့်ကြည့်လာကြတယ်။

" အတန်းခေါင်းဆောင် ရှောင်သွမ့်နဲ့နေ" စုန့်ရိကပြောတယ် "သူကသရဲတွေမကြောက်ဘူး"

စုန့်ရိပြောတာကြားတော့ သွမ့်ကျားရန်နောက်ကိုလှည့်ကြည့်လိုက်တယ်။ သူနဲ့​ခြေလှမ်းနည်းနည်းဝေးတဲ့နေရာမှာရှိ​နေတဲ့လုရှင်းစစ်ကို​တွေ့လိုက်တယ်။

သွမ်ကျားရန်ကနောက်ကိုလှည့်လာပီးပြုံးလိုက်တယ် "မင်းသရဲကြောက်လို့လား"

လုရှင်းစစ်ပြန်ဖြေမှာကိုမစောင့်ဘဲ လူအုပ်ထဲကနေ အာမေဋိတ်အမှတ်အသားလေးတွေ(!!!!!) တန်းစီပီထွက်ပေါ်လာတယ်။

"ငါ့ရဲ့လည်ပင်းပေါ်တစ်ခုခုကျလာတယ်!" ကောင်မလေးကတခြားတစ်ယောက်ရဲ့လက်ကို​ဆွဲလိုက်တယ် "ကူကြည့်ပေးပါအုံး!"

"အဲ့တာကြမ်းပိုးလား" ဘယ်သူ(စ)နောက်တစ်ဝက်စိတ်ပျက်မှုတစ်ဝက်နဲ့ပြောလဲတော့မသိဘူး "ဒီလိုဂူထဲမှာ နံရံတွေကတွားသွားကောင်တွေနဲ့ပြည်​နေတာ"

အစကတည်းကကောင်မလေးကကြောက်လို့ငိုတော့မလို့ဖြစ်နေတာတွေ့တော့ ကျိုးရှင်ချန်းကအဲ့ကောင်လကိုလှည့်​ပြောလိုက်တယ် "တော်လောက်ပီ ​လျှောက်မပြောကြနဲ့"

ရေစက်ကျသံတွေကိုလူသံတွေကဖုံးလွှမ်းထားတယ်။ ချန်ယွဲ့ကခနလောက်နားထောဂ်လိုက်ပီး "အဲ့တာရေတွေဖြစ်လောက်တယ် နင့်ဖုန်းနဲ့ဓာတ်ပုံရိုက်ကြည့်လိုက်"

သူတို့တွေဥမင်ရဲ့အလယ်လောက်ရောက်တော့ အမြင်အာရုံတွေကအမှောင်အတိပဲ။သူတို့ဘေးနားကလူတွေကိုတောင်မြင်ဖို့မဖြစ်နိုင်တော့ဘူး။

ကောင်မလေးရဲ့လည်ပင်းပေါ်ကိုကျတဲ့ဟာကိုရေလို့ပဲယူဆပီးလူတိုင်းကအရှေ့ကိုပဲဆက်လျှောက်နေကြတယ်။ သွမ့်ကျားရန်ကအရှေ့ကနေတည့်တည့်သွားနေတော့ သူပျောက်သွားမှာကိုလုရှင်းစစ်ကြောက်လန့်မိတယ်။ သူသတိမထားမိဘဲသူ့ရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်။

သူအဲ့တာကိုဆွဲပီးကာမှသူမှားမှန်းခံစားမိပီးလွှတ်ပေးမလို့လုပ်ပေမဲ့ အဆွဲခံထားရတဲ့တစ်ယောက်က​နောက်ကိုလှည့်ကြည့်လာတယ်။

သွမ့်ကျားရန်နှုတ်ခမ်းလေးတွေကအပေါ်ကိုကော့တက်သွားပီး လူဆိုးဆန်ဆန်လေးပြုံးလိုက်တယ်။ သူအရှေ့ကိုနည်းနည်းလေးတိုးလာပီး အသံလေးကိုနှိမ့်လိုက်တယ် "မင်းကြောက်တယ်ဆိုရင် ငါ့ကိုတိတ်တိတ်လေးပြောလေ ငါမင်းကိုမရယ်ပါဘူးသူတို့ကိုလဲမပြောပြဘူး"

အမှောင်ထုထဲမှာလုရှင်းစစ်ကသူ့ရဲ့လေငွေ့နွေးနွေးလေးကိုခံစားမိတယ်။

Pheromone နံ့ချိုချိုမွှေးမွှေးလေးကလဲစိမ့်ထွက်နေပီး တခြားအနံ့မရှိတဲ့အတွက်ပိုင်ရှင်တစ်ယောက်အနေနဲ့လျစ်လျူရှုဖို့ဆိုတာခက်ခဲတယ်။(DJYကိုmarkထားတာဆိုတော့ပိုင်ရှင်ပေါ့နော)

"ကောင်းပြီ" သွမ်ကျားရန်ကထပ်ကပ်လာတယ်"မင်းပြောလေ"

တစ်ဖက်လူဆီကမစောင့်နိုင်တာကိုခံစားမိတော့ လုရှင်းစစ်အနည်းငယ်ရီချင်သွားတယ်။သွမ်ကျားရန်ကသူ့ကိုစူးစူးစိုက်စိုက်ကြည့်နေတော့ လုရှင်းစစ်ခနလောက်တွေးပီးတော့ ဆန့်ကျင်ဘက်ကိုပြောလိုက်တယ် "ငါကြောက်တယ်"

သွမ်ကျားရန်ကသူလိုချင်တဲ့အဖြေရတော့ လျှို့ဝှက်ချက်ကိုလူတိုင်းနဲ့မျှဝေမလို့လုပ်တယ် "အတန်းခေါင်းဆောင်ကပြောတယ်သူ–"

လုရှင်းစစ်ကသူ့ပါးစပ်ကို​မြန်မြန်ပိတ်လိုက်တယ်။

"ဘာလဲ?"

"လုကောဘာဖြစ်လို့လဲ?"

မီးရောင်တွေကသူတို့အပေါ်လှမ်းထိုးတော့မှာမြင်တော့ လုရှင်းစစ်ကတိတ်တိတ်လေးပြောလိုက်တယ် "ငါအဆင်ပြေတယ် ကိုယ့်လမ်းကိုယ်သွား"

တခြား​သူတွေကလုရှင်းစစ်ကြောင့်အံ့ဩသွားတာတွေ့တော့ သွမ်ကျားရန်ကသူ့မျက်လုံးတွေကိုမယုံကြည်သလိုဖွင့်လိုက်တယ် "woowoowu!!! ခွေးကောင်!!"

လှရှင်းစစ်ကသူ့နားထဲကိုကပ်ပြောလိုက်တယ် "သူတို့တွေကိုမပြောဘူးလို့မင်းမပြောခဲ့ဘူးလား ငါ့ကိုညာတာလား?"

သူရဲ့အာငွေ့လေးကသူ့နားတလျှောက်ဖြတ်သွားတယ်။ အရမ်းနီးကပ်လွန်းအကွာအဝေးကြောင့် သွမ်ကျားရန်သူ့လက်မောင်တွေကြားကနေလွတ်မြောင်ချင်တယ် "woowoowoowoo!! လွှတ်ပေး!!"

လုရှင်းစစ်ကသူအရမ်းရုန်းနေတာတွေ့တော့ တကယ်လို့သူတက်လုပ်မယ်ဆို သွ​မ့်ကျားရန်ရဲ့မျက်နှာကသူ့ကြောင့်နီရဲသွားလိမ့်မယ်။

သူ့မျက်လုံးတွေကကယိမ်းကယိုင်တွေဖြစ်လာပီးလည်ပင်းကလဲတင်းကျပ်သွားတယ်။

"ငါမင်းကိုလွှတ်ပေးမယ် အဓိပ္ပါယ်မရှိတာတွေလျှောက်​မပြောနဲ့"

သူအသံထွက်လာတာနဲ့ သွမ့်ကျားရန်ကခပ်မြန်မြန်ခေါင်းညိမ့်လိုက်တယ်။ သူ့မျက်လုံးထဲကခံစားချက်တွေကတော့သိပ်မကောင်းဘူး။

လုရှင်းစစ်ခနလောက်တုန့်ဆိုင်းသွားပေမဲ့လဲလွှတ်ပေးလိုက်တယ်။ သွမ့်ကျားရန်ကလွတ်သွားတာနဲ့ သူမျက်နှာကိုချက်ချင်းလှည့်လိုက်ပီး လူတွေကိုလှမ်းအော်လိုက်တယ် "လု–"

လုရှင်းစီကအစောတည်းကကြိုပြင်ဆင်ထားတော့ တန်းပီးနောက်တစ်ခါထပ်ဖိထားတယ်။

သွမ်ကျားရန်ကနှစ်ခါလောက်အချုပ်ခံထားရတော့ သူ့ကိုရိုက်ဖို့မစောင့်နိုင်တော့ဘူး။ ဒါပေမဲ့သူလုရှင်းစီကိုခုခံနိုင်ဖို့အားမရှိဘူး။ တစ်ဖက်လူကသူ့ကိုနောက်​ကနေဖိထားပီး ပါးစပ်ကိုလက်တစ်ဖက်နဲ့ပိတ်ထားတယ်။ သူ့တစ်ကိုယ်လုံးကသူ့လက်မောင်းတွေကြားနစ်ဝင်တော့မလို့ပဲ။ ပီးတော့သူ့မှာရုန်းကန်ဖို့အားလဲမရှိဘူး။

"ပျော်စရာကောင်းလား?"

သွမ်ကျားရန်ကသူ့မှာအခွင့်အရေးမရှိတာသိတော့ ဘာမှမပြောတော့ဘူး။

သူ့ရဲ့ရှာရှားပါးပါးငြမ်နေတာကိုတွေ့တော့ လုရှင်းစစ်ဘာကိုစဥ်းစားရမိသွားလဲမသိ ရုတ်တရပ်ရယ်လိုက်တယ်။

သူ့ရဲ့တမင်လုပ်တဲ့ရယ်သံက ကိုယ့်လက်ချောင်တွေတောင်မမြင်ရ​တဲ့ဘဥမင်နဲ့​ပါပေါင်းစပ်ထားတော့ သွမ့်ကျားရန်ကိုသူနဲ့အတန်းဖော်တစ်ယောက်မဟုတ်ဘဲ လမ်းလွဲရောက်လူသတ်သမားလို့ခံစားမိစေတယ်။

သူလုရှင်းစစ်ပြောတာကိုကြားလိုက်တယ် "ငါတို့ဒီပုံစံနဲ့အပြင်ထွက်မှာလား"

" ... " ဘာ!

"ဘာလိုဖြစ်ဖြစ်ငါကကြောက်တော့ ဒီလိုပုံစံကပိုလုံခြုံတယ် မင်းဘယ်လိုထင်လဲ"

" ... " မင်းရူးနေလား! !

သူကအရမ်းလူးလွန့်နေတဲ့အတွက်ကြောင့်လုရှင်းစစ်ကသူ့ကိုလွှတ်ပေးလိုက်တယ်။ သွမ်ကျားရန်လဲတစ်ဖက်လူရဲ့မ​ပျော်ရွှင်တဲ့ဟာကိုလိုက်နှောင့်ယှက်မနေတော့ဘူး။

သူလုရှင်းစစ်ကိုပြင်းပြင်းထန်ထန်ကြည့်လိုက်တယ်။ တစ်ဖက်လူကသူ့ရဲ့အေးခဲစေတဲ့အကြည့်တွေကိုလက်ခံရရှိပေမဲ့ ဘာမှတော့မပြောဘူ

ရုတ်တရပ်သွမ့်ကျားရန်ကလက်လှမ်းလိုက်တယ်။

"ကိုင်လိုက်"

လုရှင်းစစ်ကဥမင်ထဲမှာရေးရေးလေးမြင်နေရတဲ့ဝိုးတိုးဝါးတားလက်မောင်းလေးကိုကြည့်လိုက်တယ်။ပီးတော့ သူ့ကိုပြန်ကြည့်တယ်။

"လုရှင်းစစ် မင်းမကြောက်ဘူးလား?" သွမ်ကျားရန်ကတိုက်တွန်းတယ် "လာပါ သူတို့တွေအဝေးကြီးရောက်သွားပီ"

လုရှင့်စစ်ကသူ့လက်ကိုဆန့်ထုတ်လိုက်တယ်။ သူ(DJY)ကအနည်းငယ်စိတ်မရှည်ပေမဲ့လဲ သူ့ကိုစောင့်နေတုန်းပဲ။

ဒီအချိန်မှာအမှန်တရားကိုသာပြောပြလိုက်ရင် သွမ့်ကျားရန်ကသူ့ဆီကိုအတင်းဝင်လာပီးတိုက်ခိုက်နိုင်တယ်လို့သူတွေးမိတယ်။

လုရှင်းစစ်ကသူ့လက်ကောက်ဝတ်ကိုဆွဲပီး သူ့လက်ချောင်းတွေနဲ့ချိတ်လိုက်တယ်။ သူသူ့လက်ကိုကိုင်လိုက်တဲ့အချိန် ဖျတ်ခနဲအကြည့်တစ်ခုကိုရရှိခဲ့တယ်။

သွမ့်ကျားရန်လက်ကောက်ဝတ်ကသူ့လက်ထဲမှာမြုပ်သွားမယ်လို့သူထင်မထားဘူး။ alpha တွေရဲ့ကျယ်ပြန့်တဲ့အရိုးဖွဲ့စည်းပုံ သန်မာတဲ့ကြွက်သားတွေရှိတဲ့လက်နဲ့ယှဥ်ရင် သူ့လက်အောက်ကလက်ကောက်ဝတ်လေးကတော်တော်လေးပါးလျတယ်။

သွမ့်ကျားရန်ကသူ သူ့ကိုဆွဲလိုက်တာတွေ့တော့ သူခြေထောက်လေးကြွပီးအရှေ့ကိုသွားတော့တယ်။

သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်တွန်းလားဆွဲလားလုပ်နေတဲ့အချိန်မှာတခြားသူတွေကအဝေးကြီးတောင်ရောက်နှင့်နေပီ။ သူတို့တွေကိုမှီတဲ့အချိန်မှာအမှောင်ထဲကျင့်သားရသွားတဲ့အတွက် လေထုကပေါ့ပေါ့ပါးပါးလေးဖြစ်လာတယ်။

လမ်းတလျှောက်မှာရေကျသံတွေကအထူးပြတ်သားတယ်။

လူတိုင်းကရယ်မောပီးစကားပြောနေပီး စွန့်စွန့်စားစားလေထုမရှိတာတွေ့တော့ သွမ့်ကျားရန်ကမျက်လုံးလေးပေကလပ်ပေကလပ်လုက်လိုက်တယ်။

"ဒီရေတွေကနီနေသလိုပဲမင်းတို့​တွေ့လား" သွမ့်ကျားရန်ကသူ့လက်​ချောင်းလေးတွေကိုတရှုံ့ရှုံ့နမ်းလိုက်တယ် "တကယ်ကြီးကွ ညှီနံလိုလိုဘာလိုလိုအနံ့ရသလိုပဲ"

သူအဲ့တာကိုပြောတော့ နဂိုတည်းကကြောက်နေတဲ့လူတွေက​ပြောလာကြတယ် "ဒီဥမင်ထဲကအနံ့ကြီးကထူးဆန်းတယ်လို့ငါလဲပြောချင်နေတာ"

စုန့်ရိကသူ့တို့ရင်တွင်းစကားတွေ​ကြားတော့ "ရှောင်သွမ့် လူတွေကိုတမင်သက်သက်လျှောက်ခြောက်နေတာမလား"

"မင်းမော့ကြည့်ကြည့်" သွမ်ကျားရန်ကပြောတယ် "အဲ့မှာတစ်ခုခုရှိနေတာလား?"

"Fu*k me သွမ့်ကောမင်းစကားပြောတာရပ်လိုက်လို့မရဘူးလား?"

သွမ့်ကျားရန်ကမလှုပ်မရှားပဲ "Ahhh ဒါကဘာကြီးလဲ?"

သူစကားပြောပီးတော့ လုရှင်းစစ်ကိုနဲနဲလေးရိုက်လိုက်တယ်။

သူတို့နှစ်ယောက်ပဲကြားနိုင်တဲ့အသံလေးနဲ့သွမ်ကျားရန်တိုးတိုးလေးပြောတာကိုလုရှင်းစစ်ကြားလိုက်တယ်: "ပြေး"

အဲ့တာပြောပီးပီးချင်းပဲ သွမ်ကျားရန်ကသူ့ကိုစူးစူးစိုက်စိုက်ကြည့်လိုက်တယ် "တကယ်–အပေါ်မှာ–ဘာကြီးမှန်းမသိ–ရှိတယ်! လုရှင်းစစ် မင်းကိုကြည့်ပီးရယ်နေတယ်!"

လုရှင်းစစ်: " ... "

လုရှင်းစစ်ကလဲသူနဲ့အတူလိုက်ပူးပေါင်းပေးတယ်။

သူတို့နှစ်ယောက်တစ်ကယ်ပြေးသွားတာတော့ ကြောက်နေ့တဲ့လူအနည်းငယ်ခြေထောက်တွေမြှောက်ပီး သူတို့နောက်လိုက်ပြေးတယ်။

သူတို့ရဲ့အပြုအမူက ကျန်တဲ့လူတွေကိုလဲပြေးဖို့စေခိုင်းလိုက်သလိုပဲ။ သွမ်ကျားရန်ပြောတာကိုနားမထောင်သင့်ဘူးဆိုပီးတွန့်ဆုတ်နေတဲ့ကျောင်းသားတွေလဲ ဒီအချိန်မှာတော့နှစ်ယောက်တွဲသုံးယောက်တွဲပြေး​ကြတော့တယ်။

ဘယ်ကောင်မလေးကနောက်ဆုံးမှာမထိန်းနိုင်ဘဲအော်လိုက်လဲတော့မသိဘူး။

"Ah ah ah ah ah–!!"

"Fu*k me Fu*k me Fu*k —!!"

"မဟုတ်ဘူး! မင်းတို့ဘာလို့ပြေးနေတာလဲ!မင်းတို့ဘာလို့ပြေးနေတာလဲလို့!"

"လုကောတို့ရောပြေးနေတာ!လု!ကော!အားလုံး!ပြေး!မင်းတို့မပြေးသေးဘူးလား!"

အဲ့ဒီစကားလုံးတွေကစည်းရုံးသိမ်းသွင်းနိုင်လွန်းတယ်။ ချန်ယွဲ့ကအစတုန်းကပြေးဖို့မရည်ရွယ်ပေမဲ့အဲ့တာကြားတော့တွေဝေသွားတယ်။

လုရှင်းစစ်ကပြေးနေတာလား?

ချန်ယွဲ့ခနလောက်​တွန့်ဆုတ်နေပေမဲ့အရှေ့ကိုတဟုန်ထိုးပြေးတော့တယ်။ မပြေးတဲ့ကောင်လေးတွေလဲဒီနေရာမှာဆက်မရပ်နိုင်တော့ဘူး။

ကျိုးရှင်ချန်းကစိုးရိမ်းတကြီးပြောတယ် "ချန်ယွဲ့! မင်းဘယလုပ်နေတာလဲ! ဘယ်သူကခွေးလဲ!!"

ချန်ယွဲ့ကပြေးရင်းအော်ပြောတယ် "ဒီလောင်ဇီက​ခွေး!မင်းခွေးတစ်ကောင်ရဲ့ဘဝကိုသိလား!"

ကျိုးရှင်ချန်းရုတ်တရပ်နားလည်သွားတယ် "အဲ့တာကအဓိပ္ပါယ်ရှိတယ်! ချန်ယွဲ့! ငါ့ကိုစောင့်အုံး!!"

နောက်ကရှုတ်ရှပ်ခတ်နေတဲ့ခြေသံတွေအော်သံတွေကြားတော့ သွမ့်ကျားရန်ကရယ်ချင်တာအောင့်ထားရတာဗိုက်တွေတောင်နာတယ်။ တကယ်လို့လုရှင်းစစ်သာရှေ့ကိုမဆွဲဘူးဆိုရင် သူဂူနံရံမှာကပ်ပီးခွီနေမှာ။

ဥမင်ထဲကနေပြေးထွက်​လာတဲ့အချိန်မှာ သွမ့်ကျားရန်မထိန်းနိုင်တော့ဘဲ တစ်ကိုယ်လုံးလှုပ်ပီးစတင်ပီးရယ်တော့တယ်။

"လုရှင်းစစ်ရ ဘယ်လိုတောင်... hahahaha မင်းကခုတကယ်ခွေးတစ်ကောင်ပဲ... hahahaha..."

လုရှင်းစစ်သူ့ကိုအကူအညီမဲ့တဲ့ပုံနဲ့ကြည့်လိုက်တယ်။ သူသွမ့်ကျားရန်ရဲ့ရယ်မြူးရိပ်သန်းနေတဲ့မျက်လုံးတွေ​ကိုမြင်တော့ဘမထိန်းနိုင်ပဲပြုံးလိုက်တယ်။

အစတုန်းကသူနှုတ်ခမ်းလေးတွေတွန့်ကွေးနေရုံဆိုပေမဲ့ အဲ့ဒီအကြောင်းကိုပိုတွေးလေ ပိုပီးရယ်ချင်လာလေပဲ။ သူခေါင်းလေးငုံ့ပီး ပခုံးလေးတွေကတုန်နေတယ်။ နောက်ဆုံးတော့သူလဲမထိန်းနိုင်ဘဲရယ်လိုက်တော့တယ်။

Class10ကကျောင်းသားတွေအပြင်ဘက်ကို​ထွက်လာတော့ သူတို့နှစ်ယောက်ကအဲ့မှာရပ်ပီး​ရယ်နေတာကိုတွေ့လိုက်ရတယ်။

ခုတော့လူတိုင်းဘာတွေ​ဖြစ်နေလဲဆိုတာနားလည်သွားတယ်။

ကျိုးရှင်ချန်းကပြုံးရင်းဆူလိုက်တယ် "သွမ့်ကျားရန်မင်းလှည့်စားတာတော်တယ် တကယ်ကြီးလိုသရုပ်ဆောင်နေတာ"

"လုကောနဲ့ သွမ့်ကော ဘာဖြစ်တာလဲ? အားးး ငါတို့ကလုကောတို့လှည့်ကွက်ထဲရောက်သွားတာပဲ"

နောက်ဆုံးမှထွက်လာတဲ့ကောင်မလေးတွေကသူတို့ရင်ဘတ်တွေထုနေရတယ် "နင်တို့ကြောင့်သူတို့သေမတတ်ကြောက်သွားကြတာ ဒါပေမဲ့ဒါကတကယ်ပျော်စရာကောင်းတယ်..."

သွမ့်ကျားရန်ကရယ်လို့ဝသွားပီးတော့ပြောလိုက်တယ် "ငါလဲမထိန်းနိုင်ဘူး? ဘယ်သူအရင်အော်လိုက်တာလဲ? အဲ့တာကတအားစူးတာပဲ"

ကောင်မလေးတွေထဲကတစ်ယောက်ကသူ့ကိုယ်သူလက်ညှိုးထိုးပြတယ် "ငါနှလုံးသားထဲကနေတောင်ကြောက်သွားတယ်"

"အစ်မကတအားစွမ်းတာပဲ" သွမ့်ကျားရန်ပြောပီးတော်မထိန်းနိုင်ဘဲရီပြန်တယ် ကောင်မလေးကလဲနောက်ကလိုက်ရီတယ်။

ရုတ်တရပ်တစ်ယောက်ယောက်ကပြောလိုက်တယ် "အဲ့တာကအရမ်းလှတယ် "

သူ့အကြည့်တွေနောက်ုကိုတခြားသူတွေလဲလိုက်ကြည့်ကြတယ် "နေဝင်ချိန်တောင်ရောက်နေပီပဲ"

ဥမင်ရဲ့ထွက်ပေါက်က Ning Chengရဲ့အနောက်ဘက်မှာရှိတယ်။ သူတို့တွေထွက်လာတော့ ညနေဆည်းဆာချိန်ရဲ့နောက်ဆုံးချိန်ကိုမှီရုံလမှီတယ်။

မှိန်မှိန်လေးတောက်ပနေတဲ့ညနေခင်းရောင်ခြည်ကကောင်းကင်ကြီးမှာပျံ့နှံ့နေပီး တစ်လွှာပီးတစ်လွှာ တိမ်တိုက်တွေထဲမှာနစ်မြုပ်သွားတာကလိမ္မော်နီရောင်ပင်လယ်ပြင်လိုပဲ။

အဲ့တာခမ်းနားတင့်တယ်လွန်းတယ်။

လူအုပ်ကြီးလဲတဖြည်းဖြည်းနဲ့တိတ်ဆိတ်သွားတယ်။

ကောင်မလေးတွေကဓာတ်ပုံရိုက်ပီးတော့ မထိန်းနိုင်ဘဲတိုးတိုးလေးပြောကြတယ် "အထက်တန်းအောင်သွားရင် ငါတို့နောက်တစ်ခါပြန်လာကြမလား"

သူမမေးခွန်းကနဲနဲလေးထိခိုက်လွယ်​တယ်။ ကောင်လေးတွေကတစ်ယောက်နဲ့တစ်ယောက်ကြည့်နေပီး ဘာပြောရမှန်းမသ်ဖြစ်နေတယ်။

"ရတယ်လေ" သွမ်ကျားရန်ကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်။ သူကကောင်မလကိုလှည့်ကြည့်လိုက်တယ် "နောက်တစ်ခါငါမင်းတို့ကိုထပ်ခြောက်ရင် ငါနင့်ကိုအသက်ရှုခွင့်တော့ပေးပါ့မယ်"

" နောက်တစ်ခါကျရင် ငါခွေးမဖြစ်ချင်ဘူး" လုရှင်းစစ်ကသူ့ပခုံးကိုတိုက်လိုက်တယ် "မင်းကိုယ်တိုင်ပဲဖြစ်နိုင်မလား"

"အာ့ဆိုမင်းစိတ်အေးအေးထား ငါအဲ့အကြောင်းကိုစဥ်းစားလိုက်အုံးမယ်"

လူအုပ်ထဲကနေရယ်သံတွေထွက်လာတယ်။

မေးခွန်းမေးတဲ့ကောင်မလေးကသူတို့ကိုကြည့်ပီး နှုတ်ခမ်းသပ်ပီးပြုံးလိုက်တယ်။

The author has something to say: ခွေးတစ်ကောင်မဖြစ်နဲ့နောက်တစ်ခါခင်ပွန်းဖြစ်။

~~~~~

*အဲ့ဒီမှာခွေးလို့သုံးတာကလေ ခွေးပြေးဝက်ပြေးပြေးရတာတို့ လှည့်စားတာတို့ကိုသုံးတာဖြစ်မယ်ထင်တယ်။

✨ —————✨

Zawgyi

ဗုဒၶဟူးေန႔ညတိုင္းမွာအဂၤလိပ္စာဆရာကအျမဲတမ္းအပတ္စဥ္စာေမးပြဲစစ္တယ္။

ညစာစားခ်ိန္ေရာက္ေတာ့ သြမ့္က်ားရန္အေတာ္ေလးစိတ္လြင့္ေနတယ္။ သူႏွစ္နာရီေလာက္အဂၤလိပ္စာေျဖဖို႔ေတြးၾကည့္႐ုံနဲ႔တင္ ေတာ္ေတာ္ေလးပ်င္းရိေနတယ္။

အဲ့ဒီအခ်ိန္မွာ ရွန္းခ်ီလ်င့္​​ဆီကစာေရာက္လာတယ္။ တဖက္လူကသူ႔ကို online game ကစားရေအာင္ေခၚထားတာ။ သြမ္က်ားရန္မ်က္လုံးေတြအေရာက္လက္သြားတယ္။

သူစုန္႔ရိကိုေမးလိုက္တယ္ "မင္းစာေမးပြဲေျဖဖို႔သြားခ်င္လား?"

" ဘာျဖစ္လို႔လဲ?"

" ရွန္းခ်ီလ်င့္ကငါ့ကိုonline game ကစားရေအာင္တဲ့ မင္းသြားနိုင္မလားတဲ့"

"သြားမယ္" စုန္႔ရိနဲနဲေပ်ာ္သြားတယ္ "သူကဘာျဖစ္တာလဲ? လြန္ခဲ့တဲ့ရက္နည္းနည္းကသူပဲဒီ semester အတြက္စာၾကည့္ရအုံးမယ္"

သြမ့္က်ားရန္နဲ႔စုန္႔ရိတို႔လိုမဟုတ္ဘူး ရွန္းခ်ီလ်င့္ရဲ့(စာေမးပြဲမွာ) ​ေဆာင္ရြက္နိုင္မွုကအေတာ္ေလးေကာင္းတယ္။ သူက liberal arts မွာနဲနဲေလးညံ့ေပမဲ့ တ႐ုတ္စာနားလည္သုံးသပ္မွုမွာေတာ့ အတန္းထဲမွာထိပ္တန္းအဆင့္ပဲ။

" သူတို႔အတန္းေတြကႀကိဳေျဖထားေလာက္တယ္ ဒီေန႔ညဆရာေတြကသူတို႔ကိုကိုယ့္ဘာသာစာက်က္ခိုင္းထားတာ သူကစိတ္မဝင္စားစရာမေကာင္းဘူးတဲ့"

" အင္း " စုန္႔ရိက​ေျပာတယ္ " အာ့ဆိုငါတို႔သူ႔ကို Ionia မွာေတြ႕မယ္ေလ "

ရိက်ဳံးအနီးတဝိုက္မွာ Internet cafe ေတြအမ်ားႀကီးရွိတယ္။ အတန္းလစ္တဲ့ေက်ာင္းသားေလးေတြအတြက္ကေတာ့ဒီေနရာေလး​ကေပ်ာ္စံ​ရာေပါ့။

ရွန္းခ်ီလ်င့္ကသူတို႔အျမဲသြားျဖစ္တဲ့ Internet cafe မွာေရာက္ႏွင့္ေနပီ။ သူ႔ေဘးကထိုင္ခုံႏွစ္ခုမွာ ေရခဲစိမ္လိေမၼာ္ရည္တစ္ခြက္ခ်ထားတာကို သြမ့္က်ားရန္ေတြ႕လိုက္တယ္။ သြမ့္က်ားရန္သိလိုက္တယ္ ဒီေနရာကရွန္းခ်ီလ်င့္ သူနဲ႔စုန္႔ရိအတြက္ေနရာဦးထားတယ္ဆိုတာ။ သြမ္က်ားရန္ကထိုင္ခုံေလးဆြဲပီးထိုင္လိုက္တယ္။

Internet cafe မွာလူေတြက​ျပည့္လုနီးပါးရွိေနပီး ေဆးလိပ္နံ့ေတြကလဲမႊန္ေနတာပဲ။

Internet cafe ထဲစဝင္တည္းက သူဖုံးအုပ္မထားတဲ့အေရျပားေတြကယားယံပီးေတာ့ေခါင္းလဲမူးေနာက္ေနာက္ျဖစ္ေနတယ္လို႔ သြမ့္က်ားရန္ဝါးဝါးေလးခံစားမိတယ္။

ရွန္းခ်ီလ်င့္ကသူမ်က္ေမွာင္က်ဳံ႕ပီးဘာမွမလုပ္ေသးတာေတြ႕ေတာ့ သူကထူးထူးဆန္းဆန္းေမးလာတယ္ "မင္းအိမ္ကိုအၾကာႀကီးမျပန္တာဆိုေတာ့ ဒီကိုေနာက္တစ္ခါေရာက္ေတာ့ အားလုံးကိုထူးဆန္းတယ္ထင္ေနတာလား?"

" ဘာႀကီးလဲ?"

"Internet cafe ကမင္းရဲ့ဒုတိယအိမ္ပဲေလ" ရွန္းခ်ီလ်င့္ကသူစိတ္လြင့္ေနတုန္းပဲဆိုတာကိုေတြ႕ေတာ့ သူ႔ရဲ့ power button ကိုထိဖို႔လက္လွမ္းလိုက္တယ္ "မင္းဘယ္လိုဖြင့္ရမလဲဆိုတါေတာင္ေမ့ေနတာပဲ လာလာ ဒီေဖေဖကမင္းကိုသင္ေပးမွာေပါ့"

သြမ့္က်ားရန္ကျပဳံးလိုက္ပီးသူ႔ကို​နဲနဲတြန္းလိုက္တယ္။ ပီးေတာ့ power button ကိုႏွိပ္လိုက္တယ္။

သြမ့္က်ားရန္ကအခ်ိန္အၾကာႀကီးကစားခဲ့ေပမဲ့ မသက္မသာျဖစ္တဲ့ခံစားႀကီးကေပ်ာက္ကြယ္မသြားဘူး။ ဒါေပမဲ့တိုးလဲတိုးမလာခဲ့ဘူး။ သူဂိမ္းထဲဝင္ပီး အာ႐ုံလႊဲထားေတာ့ အဲ့ဒါကိုလဲတျဖည္းျဖည္းေမ့သြားတယ္။

" ေရွာင္သြမ့္" စုန္႔ရိက႐ုတ္တရပ္ေခၚလိုက္တယ္ " ခနေနက်ရင္ ​ဆရာမေက်ာက္က Class meeting ငါ့ကိုေျပာတယ္ ငါတို႔ျပန္သြားမွာလား?"

"ဘာ?"

သြမ့္က်ားရန္က headphone တပ္ထားေတာ့ မၾကားရျဖစ္ေနတယ္။

"Class meeting!" စုန္႔ရိအသံက​က်ယ္လာတယ္ "ငါတို႔ trip ထြက္ရေတာ့မွာထင္တယ္"

"Oh!!" သြမ္က်ားရန္ကအခ်ိန္ကိုၾကည့္လိုက္တယ္ "ငါတို႔ဒီတစ္ခါကစားပီးရင္ျပန္ၾကမယ္ေလ"

စုန္႔ရိကေခါင္းညိမ့္တယ္။ရွန္းခ်ီလ်င့္ကေမးတယ္ "မင္းတို႔ ဘယ္ေနရာကိုသြားၾကမွာလဲ? ငါတို႔ကJingshanဘုရားေက်ာင္းကိုသြားခဲ့တယ္.... ျပန္ဆုတ္! ျပန္ဆုတ္ Kenan လာေနပီ!! သြမ့္က်ားရန္ဘာလို႔ေျပးေနတာလဲ!! ငါ့ကိုကူပိတ္ေပး!"

ရွန္းခ်ီလ်င့္အ႐ူးလိုေျပာေနေပမဲ့လဲ သူ႔hero ေလးကေတာ့ ရန္သူသတ္တာခံလိုက္ရတယ္။ သူေခါင္းလွည့္လာပီး သြမ့္က်ားရန္ကိုၾကည့္လိုက္တယ္ "မင္းသိလားမင္းရဲ့အျပဳအမူကအသင္းေဖာ္ေတြကိုေရာင္းစားတယ္လို႔ေခၚတယ္ဆိုတာ?"

သြမ့္က်ားရန္ႏွာမွုတ္လိုက္တယ္: " မဟုတ္ဘူး ငါလဲအသင္းေဖာ္ေတြနဲ႔အတူေသေတာ့မွာပဲမလား?"

ရွန္းခ်ီလ်င့္: "ဆန္ကုန္ေျမေလးေကာင္"

သြမ့္က်ားရန္: "အတူတူေဝမၽွရမွာေပါ့"

ရွန္းခ်ီလ်င့္: "မင္းဘာေျပာေနတာလဲ"

သြမ့္က်ားရန္: "66666 တကယ္ေခ်ာေခ်ာေမာေလးေသသြားတာပဲ"

ရွန္းခ်ီလ်င့္: " ... "

Class meeting ရွိေသးတာမို႔ ဒါပီးေတာ့ စုန္႔ရိနဲ႔သူလဲစာသင္ခန္းထဲျပတ္လာခဲ့တယ္။

စိတ္ထဲထင္တာလားေတာ့မသိဘူး။ သြမ့္က်ားရန္သူ႔ခုံမွာထိုင္ပီးပီးခ်င္းပဲ Internet cafe မွာတုန္းကခံစားရတဲ့ မသက္မသာျဖစ္မွုေတြကေပ်ာက္ကြယ္သြားတယ္။ တစ္ကိုယ္လုံးကစိတ္အေျခအေန(ခံစားခ်က္) ေတြလဲအရမ္းေကာင္းမြန္သြားတယ္။

သူအဲ့တာကိုစဥ္းစားခ်ိန္ေတာင္မရေသးဘူး။ ခ်န္ယြဲ႕ကသူ႔ကိုေမးလာတယ္ "ဂိမ္းကကစားလို႔ၿပီးသြားတာလား?"

သြမ္က်ားရန္​ကေနာက္ျပန္လွည့္လာတယ္ "မင္းဘယ္လိုသိတာလဲ?"

ခ်န္ယြဲ႕ကျပဳံးရင္းေျပာတယ္ "မင္းနဲ႔စုန္႔ရိမွာ ေဆးလိပ္နံ့ေတြရွိေနတာ ေက်ာင္းနားမွာေဆးလိပ္နံ့ေတြထူထူထည္းထည္းရွိတဲ့ေနရာဆိုလို႔ internet cafe ေတြပဲရွိတာေလ ငါခန္႔မွန္းၾကည့္တာ "

သြမ္က်ားရန္ကသူ​ေျပာတာနားေထာင္ရင္းေခါင္းေလးငုံ႔ပီးသူ႔လက္ေကာက္ဝတ္ကိုနမ္းၾကည့္္တယ္ "မင္းတို႔ေတြမွာ ေခြးႏွာေခါင္းေတြရွိတာလား ငါေတာ့ဘာမွအနံ့မရဘူး"

သူကသူ႔လက္ေကာက္ဝတ္ကိုအေသအခ်ာႀကီးနမ္းေနတုန္းဆိုတာလုရွင္းစစ္ေတြ႕ေတာ့ သူကအေရွ႕ကို႐ုတ္တရပ္ႀကီးကိုင္းလိုက္ပီး "internet cafe မွာ မင္းက alpha တစ္ေယာက္ရဲ့ေဘးမွာထိုင္ေနခဲ့တယ္ သူ႔ရဲ့ pheromone က black tea"

သြမ္က်ားရန္အံ့ဩသြားတယ္။ လုရွင္းစစ္ကရွန္းခ်ီလ်င့္အေၾကာင္းေျပာေနတာပဲ။

သြမ့္က်ားရန္မ်က္ႏွာေပၚက​အံ့အားသင့္​ေနတဲ့အမူအရာကိုေတြ႕ေတာ့ ခ်န္ယြဲ႕ကျပဳံးပီးေျပာလိုက္တယ္ "သူကအရမ္းအနံ့ခံေကာင္းတယ္ သူ႔နဲ႔လက္ထပ္ခ်င္တဲ့သူကအနာဂတ္မွာေဖာက္ျပန္​ခ်င္တယ္ဆိုရင္ beta ပဲရွာလို႔ရမယ္ အဲ့လိုမွမဟုတ္ရင္ သူအိမ္ျပန္ေရာက္တာနဲ႔သူကအဲ့ဒီအေၾကာင္းေတြသိသြားလိမ့္္မယ္"

စုန္႔ရိကအစတုန္းကခုံေတြးစီေနတာအဲ့တာကိုၾကားေတာ့ သူလဲစကားဝိုင္းထဲဝင္လာတယ္ "ဘယ္သူကအတန္းေခါင္းေဆာင္ကိုလက္ထပ္ပီးတျခားတစ္ေယာက္ကိုရွာမွလဲ အဲ့ေလာက္ႀကီးမတုံးအေလာက္ပါဘူး"

ခ်န္းယြီ: " ha ha ha "

လုရွင္းစစ္ရဲ့မ်က္လုံးေတြကေတာ့ သြမ့္က်ားရန္မ်က္ႏွာေပၚမွာပဲရွိေသးတယ္။ သူကအေရးမစိုက္သလိုနဲ႔ "သူမင္းကိုဖက္ခဲ့တာလား? အနံ့ကတအားျပင္းတယ္"

"ဟင့္အင္း" သြမ့္က်ားရန္ကေပါ့ေပါ့ပါးပါးပဲျပန္ေျဖတယ္ "အနားကိုနီးနီးကပ္ကပ္ထိုင္လို႔ျဖစ္နိုင္္တယ္ "

သူေျပာပီး႐ုံပဲရွိေသး ေက်ာက္မင္ကၽြင္းကစာသင္ခန္းထဲကိုဝင္လာတယ္။

စာသင္ခန္းတစ္ခုလုံးကိုသူကေဝ့ၾကည့္လိုက္တယ္။ ေက်ာင္းသားအမ်ားစုကေဆာင္းဦးခရီးစဥ္​အေၾကာင္သိပီးျဖစ္လို႔ ဒီအခ်ိန္မွာသူတို႔ေတြကသူ႔ကိုၾကည့္ရင္းေက်ာက္မင္ကၽြင္းေၾကျငာမွာကိုေစာင့္ေနၾကတယ္။

ေက်ာက္မင္းကၽြင္းကအခ်ိန္ဆြဲမေနဘူး "ေသာၾကာနဲ႔စေန ႏွစ္ရက္မွာ ေက်ာင္းကေဆာင္းဦးခရီးစဥ္အတြက္အဖြဲ႕ဖြဲ႕ေပးထားတယ္ ငါတို႔အတန္းနဲ႔ Class 9 နဲ႔ Xiaoyanshanကို တစ္ညသြားမယ္ ေနာက္ေန႔ေန႔လည္က်ျပန္လာရမယ္... "

သူ႔စကားေတာင္မဆုံးေသးဘူး ေဆာင္းဦးခရီးစဥ္ဆိုတဲ့ စကားလုံးက ဒယ္အိုးေပၚက်သြားတဲ့ေရလိုပဲ(ရွဲခနဲ) စိတ္လွုပ္​ရွားမွုေၾကာင္းတစ္တန္းလုံး ခေလာက္ဆန္ေနတယ္။

"လူတိုင္းအတြက္ေက်ာင္းကအားလပ္ရက္အပန္းေျဖေနရာတစ္ခုကိုႀကိဳတင္စာရင္းသြင္းထားတယ္ အဲ့မွာ standard room ေတြ single room ေတြရွိတယ္တဲ့ မင္းတို႔ room card ရပီးရင္မင္းတို႔ဘာသာအခန္းေတြခြဲၾက" စာသင္ခန္းထဲမွာစကားသံေတြနဲ႔ အုတ္ေအာ္ေသာင္းနင္းကိုျဖစ္လို႔။ ေက်ာက္မင္ကၽြင္းကအျပဳံးေလးနဲံေခါင္းခါလိုက္တယ္ "ေကာင္ေလးေတြနဲ႔ေကာင္မေလးေတြနဲ႔အတူေနလို႔မရဘူးေနာ္"

"ဒုတိယႏွစ္ကတတိယႏွစ္ထက္ပိုေကာင္းတယ္ "စုန္႔ရိကေျပာတယ္ " ငါၾကားတာကေတာ့ တတိယႏွစ္အတြက္ေဆာင္ဦးခရီးစဥ္ကေတာ့ သခၤ်ာေမးခြန္းေနာက္ဆုံးဆယ္စုံတဲ့ ႏွစ္ရက္နဲ႔တစ္ညေမးခြန္းပင္လယ္ထဲမွာလက္​ပစ္ကူးရမယ္တဲ့ "

သြမ့္က်ားရန္ကေလးေလးပင္ပင္ရယ္ရင္းစိတ္မခ်ျဖစ္ေနတယ္။ သူတစ္ခုခုကို႐ုတ္တရပ္သတိရသြားေတာ့ ေနာက္ကေလးကိုမွီပီးလုရွင္းစစ္ကိုတိုးတိုးေလးေျပာတယ္ "ငါ့ကိုၾကည့္ေပးပါအုံး ငါလည္ကုပ္မွာ အနီကြက္ေတြရွိလားလို႔"

သြမ့္က်ားရန္တြက္ခ်က္ၾကည့္လိုက္တယ္။ သူ႔ရဲ့ ေနာက္ဆုံး estrus ျဖစ္တာလဝက္ေက်ာ္​ေနပီ။ omega တစ္ေယာက္​အျဖစ္ကူးေျပာင္းခါစဆိုရင္ estrus ကာလကမတည္ၿငိမ္ေသးဘူး။ သူဒီေန႔ညအဆင္မေျပျဖစ္ေနတာ stress disorder ေၾကာင့္ျဖစ္နိုင္တယ္။

ဒါေပမဲ့သူအနီကြက္ေတြကိုခနေလာက္မျမင္ရဘူး။ သူ႔ရဲ့ sensitive အျဖစ္ဆုံးgland ေတြကိုလဲၾကည့္လို႔မရနိုင္ဘူးေလ။

"မရွိဘူး" လုရွင္းစစ္မ်က္လုံးေတြကျဖဴျဖဴေဖြးေဖြးလည္ပင္းေပၚကိုရွပ္ေျပးသြားတယ္ "မင္းအဆင္မေျပျဖစ္ေနလို႔လား?"

"တစ္ခုေတာ့ရွိေတာ့" သြမ္က်ားရန္ကသူေျပာတာကိုနားေထာင္ပီးေျပာတယ္ "ငါေကာင္းေကာင္းမအိပ္ရလို႔ျဖစ္နိုင္တယ္"

Xiaoyanshan က Ning Chengရဲ့အျပင္ဘက္မွာရွိတယ္။ ေအာက္တိုဘာလရဲ့ အစပိုင္းျဖစ္လို႔ ေကာင္းကင္ႀကီးကၾကည္လင္ေနပီး ေနမင္းႀကီးကေတာ့လူေတြကိုပ်င္းရိၿငီးေငြ႕ေစတယ္။

ေက်ာင္းကားေပၚမွာ က်ိဳးရွင္ခ်န္းကလူသြားလမ္းရဲ့တစ္ဖက္မွာရွိေနပီးေတာ့ အရမ္းစိတ္လွုပ္ရွားေနတယ္ "ငါၾကားဖူးတာ Xiaoyanshan မွာစြန္႔ပစ္ထားတဲ့ရထားလမ္းဥမင္ရွိတယ္တဲ့အဲ့ဒီမွာအရင္တုန္းကလူေတြေသဖူးတယ္တဲ့ ညညဆိုအဲ့ဒီဥမင္ထဲမွာအမ်ိဳးသမီးတစ္ေယာက္ငိုေႂကြးသံအသက္ရွူသံေတြၾကားရတယ္တဲ့ မင္းအဲ့တာကိုသြားမၾကည့္ခ်င္ဘူးလား..."

သြမ့္က်ားရန္ကနဲနဲေခါင္းမူးေနပီး တစ္ကိုယ္လုံးကမသက္မသာျဖစ္ေနတယ္။ လွုပ္ေနလို႔ ေနမေကာင္း​သလိုျဖစ္ေနေပမဲ့သူကအဲ့ဒီေနရာကိုစိတ္ဝင္စားေနတယ္ "တကယ္လား ငါတို႔သြားၾကမလား?"

" ေအး ငါ့မွာအဲ့ဒီမွာေနတဲ့သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ သူေျပာတာေတာ့အဲ့ဒါကအရမ္းစိတ္လွုပ္ရွားစရာေကာင္တယ္တဲ့" က်ိဳးရွင္ခ်န္းကေျပာလိုက္တယ္ "ငါတို႔လူထပ္ရွာရေအာင္ လူအမ်ားႀကီးရွိတာပဲကို"

သြမ့္က်ားရန္ၾကည့္လိုက္ေတာ့ လုရွင္းစစ္နဲ႔ခ်န္ယြဲ႕ကထိုင္ခုံသုံးေလးတန္းေလာက္ျခားပီးအေရွ႕တန္းမွာထိုင္ေနၾကတယ္။ သြမ့္က်ားရန္ကသူ႔ေရွ႕ကေကာင္မေလးရဲ့ပခုံးကိုပုတ္လိုက္တယ္ "မင္းလုရွင္းစစ္ကိုတစ္ဆင့္​ေျပာေပးလိုရမလား ငါတို႔ဥမင္ရထားလမ္းကိုသြားကစားၾကမလားလို႔ ငါၾကားတာေတာ့အဲ့တာကအေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းတယ္လို႔"

အားကစားပြဲပီးသြား​ကတည္းက သြမ့္က်ားရန္အေပၚ Class 10 ကလူေတြရဲ့အျမင္ကအနည္းနဲ႔အမ်ားေတာ့ေျပာင္းလဲသြားၾကတယ္။သူတို႔ေတြကကစားရေအာင္သြားမယ္ဆိုတာၾကားေတာ့ေကာင္မေလးေတြလဲစိတ္ဝင္စားၾကတယ္ "နင္တို႔ကစိတ္လွုပ္ရွားစရာေတြရွာဖို႔လား?"

သြမ့္က်ရန္ကေျပာလိုက္တယ္ "နင္တို႔ေရာသြားမလား လူ​မ်ားေတာ့ပိုေပ်ာ္ရတာေပါ့"

သူမေခါင္မညိမ့္ရေသးဘူး သူ႔ေဘးကေကာင္မေလးကလာေျပာတယ္ "သြမ္က်ားရန္ ငါလဲသြားခ်င္္တယ္"

သူတို႔စကားေျပာေနတာကြာဟသြားေတာ့ ေကာင္မေလးေတြကစိတ္နဲနဲပ်ံ႕သြားပီးသူေရွ႕ကေကာင္ေလးကိုရိုက္လိုက္တယ္ "ငါ့ကိုတဆင့္စကားေျပာဖို႔ကူညီေပး သြမ့္က်ားရန္ကစိတ္လွုပ္ရွားစရာေတြရွာရေအာင္ အတန္းေခါင္းေဆာင္ကိုသြားမလားလို႔ေမးတယ္လို႔"

"ဘာႀကီး သူကလုေကာနဲ႔စိတ္လွုပ္ရွားစရာကိစၥေလးေတြရွာခ်င္တယ္ ဟုတ္လား?"

ေကာင္မေလးကသြမ့္က်ားရန္နဲ႔ေဆြးေႏြးရင္းအလုပ္ရွုပ္ေနတယ္။ ေကာင္ေလးဘယ္ေလာက္အံ့ဩသြားတယ္ဆိုတာအေရးမထားဘူး သာမန္ကာလၽွံကာပဲေခါင္းညိမ့္လိုက္တယ္။

လမ္းတေလၽွာက္လုံးတဆင့္စကားျဖတ္သြားတဲ့ရလဒ္အေနနဲ႔ အဆုံးေရာက္သြားေတာ့ လုရွင္းစီကိုေျပာရမဲ့ေကာင္ေလးကစကားမေျပာနိုင္ျဖစ္သြားတယ္။

" လုေကာ " ေကာင္ေလးကတြန္႔ဆုတ္ဆုတ္နဲ႔​ေျပာလိုက္တယ္ "သြမ့္က်ားရန္ကမင္းကိုေမးတယ္ စိတ္လွုပ္ရွားစရာကိစၥေလးေတြကိုသူနဲ႔ကစားခ်င္လားတဲ့"

ခ်န္ယြဲ႕ကအစတုန္းကမီးျခစ္ရွာေနတာအဲ့တာကိုၾကားေတာ့ လက္ေခ်ာ္ပီးမီျခစ္ကေအာက္ကိုတည့္တည့္ႀကီးက်သြားတယ္။

လုရွင္းစစ္ကေမးလိုက္တယ္ "သူတကယ္အဲ့တိုင္းေျပာတာလား?"

အဲ့ဒီအခ်ိန္မွာပဲေက်ာင္းကားကေက်ာင္းကစီမံထားတဲ့အပန္းေျဖေနရာကိုရာက္လို႔ကားကရပ္သြားတယ္။ သြမ္က်ားရန္ကေနာက္ကေနလွမ္းေအာ္တယ္ "လုရွင္းစစ္မင္းမသြားနိုင္ဘူးလား?"

ခ်န္ယြဲ႕အေနာက္ကိုလွည့္လိုက္တယ္ သူအမူအရာႀကီးကေတာ့ေတာင့္ေတာင့္ႀကီးနဲ႔။ ခ်န္ယြဲ႕ကစြန္႔ပစ္ခံရသလိုခံစားေနရတယ္လို႔သြမ့္က်ားရန္ထင္လိုက္တယ္။ သူက႐ုတ္တရပ္ေျပာလိုက္တယ္ "ခ်န္ယြဲ႕!အတူတူကစားရေအာင္!အဲ့တာကတကယ္စိတ္လွုပ္ရွားဖို႔ေကာင္းေလာက္တယ္!"

ခ်န္ယြဲ႕: "... အဲ့တာကအတူတူကစားလို႔ရေသးလို႔လား?တစ္ခုခုမျဖစ္ဘူးဆိုတာမင္းေသခ်ာလို႔လား?"

သြမ္က်ားရန္ရွင္းမျပတတ္ျဖစ္ေနတယ္: "ဘာလို႔မဟုတ္ရမွာလဲ လူမ်ားေလ​ပိုေပ်ာ္စရာေကာင္းေလပဲေလ"

လုရွင္းစစ္ကသူ႔ကိုေမးလိုက္တယ္ "မင္းဘယ္ကိုသြားကစားမွာလဲ"

သြမ့္က်ားရန္: "ဥမင္ရထားလမ္း!အဲ့ဒီမွာသရဲတစ္ေကာင္ရွိတယ္!"

က်ိဳးရွင္ခ်န္း: "ဘယ္သူကလွည့္ကြက္ေတြကစားခ်င္ေနတာလဲ!

သူတို႔ႏွစ္ေယာက္ကအတူတူေျပာဆိုေနတာၾကားေတာ့ေဘးနားကလူေတြကလဲစိတ္ဝင္စားလာၾကတယ္ "Hey!ငါကိုလဲတစ္ေယာက္အျဖစ္ေခၚလိုက္!"

"ငါအထင္ငါလဲသြားခ်င္တယ္!"

" Xiao yanshan မွာရွိတဲ့ဥမင္ကအရမ္းေက်ာ္ၾကားတယ္ ​အရင္ကသတင္းေတြလဲရွိခဲ့ဖူးတယ္ထင္တယ္ ဒါေပမဲ့က်ိဳးရွင္ခ်န္းမင္းသရဲေၾကာက္တယ္မလား? ငါတို႔ေနာက္ဆုံးအႀကိမ္တုန္းကသရဲကားၾကည့္ေတာ့ မင္းေအာ္ဟစ္ပီးငိုေနတာေလ အဲ့တုန္းကသနားစရာေကာင္းလိုက္တာ "

"... ငါကသရဲကားပဲေၾကာက္တာ ဒီေလာင္ဇီကအဲ့ဒီဥမင္ကိုမေၾကာက္ဘူး"

ကား​ထဲကထြက္လာေတာ့ သြမ္က်ားရန္ကနဲနဲေလးမသက္မသာျဖစ္ေနပီး နားထင္ကိုႏွိပ္ေနတယ္။ သူသူ႔ကိုသူျပန္ၾကည့္ေတာ့ အနီကြက္ေတြကဘယ္ေနရမွာမွမရွိ​တာကိုေတြ႕လိုက္တယ္။စုန္႔ရိကသူ႔စီကိုေျပးလာပီး သြမ္က်ားရန္တစ္ေနရာထဲမွာရပ္ေနတာေတြ႕ေတာ့ လက္လွမ္းပီးသူ႔ကိုထိလိုက္တယ္ "ေရွာင္သြမ့္! မင္းဘယ္မွာေနခ်င္လဲ? room card! အခန္းေတြကအရင္ေရာက္တဲ့လူအရင္ယူစနစ္နဲ႔ရမွာ"

သြမ့္က်ားရန္လဲromm cardရဲ့ဆြဲေဆာင္မွုေၾကာင့္သူ႔အာ႐ုံေတြလဲလွုံ႔ေဆာ္ခံလိုက္ရတယ္။ သူအရွိန္နဲ႔ေျပးေတာ့ စုန္႔ရိလဲသက္ျပင္းခ်ရေတာ့တယ္။

စုန္႔ရိကသူ႔​လက္ေမာင္းနာသြားတယ္ "သြမ့္က်ားရန္ မင္းေျဖးေျဖးေျပးပါကြ! ငါ့လက္မင္းေၾကာင့္ျပတ္ေတာ့မယ္!"

သြမ့္က်ားရန္: "မဟုတ္ဘူး single room ေလးကငါ့ကိုေခၚေနတာ "

စုန္႔ရိ: " ... "

ေက်ာင္းကစာရင္းေပးထားတဲ့အပန္းေျဖေနရာက ေတာင္ေဘးမွာတည္ရွိတယ္။ အခန္းေတြခြဲပီးေတာ့ luggage ေတြေနရာခ်ပီးေတာ့ ေက်ာက္မင္းကၽြင္းကသူတို႔ကိုလြတ္လြတ္လပ္လပ္သြားခိုင္းေတာ့တယ္။

ေစာနေလးတုန္းကဥမင္ကိုသြားဖို႔သေဘာတူခဲ့တဲ့ေက်ာင္းသားေတြက villa ရဲ့အျပင္ဘက္မွာစုေဝးေနၾကတယ္။ တခ်ိဳ႕ေကာင္ေလးေတြကစိတ္လွုပ္ရွားစြာတိုက္တြန္းေနၾကတယ္ "ျမန္ျမန္ ဘယ္ေနရာကိုသြားၾကမွာလဲ"

က်ိဳးရွင္ခ်န္း: "ငါ့သူငယ္ခ်င္းအရင္ကေျပာတာကေတာ့ ဥမင္ရထားလမ္းက Qing ling အပိုင္းမွာရွိတယ္ သြားလို႔ရမဲ့လမ္းက Qing ling မွာရွိတာ မင္းတို႔လမ္းေလၽွာက္ရင္းေတြ႕လိမ့္မယ္ ဒါေပမဲ့လမ္းညႊန္ကဘာလဲ...?"

သြမ္က်ားရန္က​သူေျပာတာနားေထာင္ေနတယ္ "မင္း႐ူးေနလား"

က်ိဳးရွင္ခ်န္းကဖုန္းကိုသူ႔ကိုေပးတယ္ "ငါက႐ူးေနတာ ဒီကိုလာ"

သြမ့္က်ားရန္ကလမ္းေၾကာင္းကိုနားမလည္ေသးဘူး။ သြမ့္က်ားရန္သူ႔ေဘးနားကလူရဲ့ပခုံးကိုပုတ္လိုက္တယ္ "လုရွင္းစစ္ ဒါကိုတစ္ခ်က္ၾကည့္ၾကည့္ ငါတို႔ဘယ္ေနရာကိုသြားမွာလဲ"

က်ိဳးရွင္းရွန္ကသူလုပ္ေနတာအရာကိုနားမလည္ျဖစ္ေနတယ္ "ၾကည့္ေနတာၾကာပီကို မင္းနားမလည္ဘူးလား?"

သြမ့္က်ားရန္ကေပါ့ေပါ့ပါးပါးပဲေျပာတယ္ "... ဒါေပမဲ့ငါကဘယ္သူ႔ကိုအကူအညီေတာင္းရမလဲဆိုတာသိတယ္ သူသိေနသေရြ႕ငါလဲသိတယ္ တကယ္ဉာဏ္ပညာရွိတဲ့လူမ်ိဳးဆိုတာ ေမးျမန္းဖို႔မရွက္တဲ့ငါလိုလူမ်ိဳးကိုေျပာတာ"

က်ိဳးရွင္ခ်န္းမေနနိုင္ဘဲေမးလိုက္တယ္ "လုေကာ မင္းသူဘာေျပာတယ္ဆိုတာ​နားေထာင္ေနတာပဲ သူ႔ကိုမကူညီနဲ႔"

လုရွင္းစစ္ကလမ္းေၾကာင္းကိုၾကည့္ေနပီး သူတို႔ႏွစ္ေယာက္ကဆူညံေနတယ္။ သူကေခါင္းေတာ့ေထာင္မလာဘူး "ဘာေတြေျပာေနတာလဲ"

သြမ္က်ားရန္: "...ဘာမွျဖစ္ဘူးငါမင္းကိုေမးတာကိုေျပာေနတာ"

က်ိဳးရွင္ခ်န္း: "လုေကာ မင္းအရမ္းဘက္လိုက္တာပဲ"

သြမ့္က်ားရန္ကက်ိဳးရွင္ခ်န္းကိုၾကည့္လိုက္ပီးရယ္သံစြက္ေနတဲ့အသံနဲ႔ေမးလိုက္တယ္ "ငါ့ဘက္လိုက္တာ အဲ့ေတာ့မင္းဘာျဖစ္ခ်င္လဲ?"

သူစကားေျပာလိုက္ရင္ သူ႔ရဲ့ပယင္းေရာင္မ်က္လုံးေလးေတြကသတိမထားမိဘဲေမွးေမွးသြားပီး အထက္စီးဆန္တဲ့ပုံေပၚေပမဲ့ လူေတြကိုမႏွစ္ၿမိဳ႕ေစတဲ့ပုံမ်ိဳးေတာ့မဟုတ္ဘူး။

သြမ့္က်ားရန္ရဲ့ေျမာက္တက္ေနတဲ့ပုံကို(ဘဝင္ေလဟပ္)ျမင္ေတာ့ လုရွင္းစစ္ကသူ႔ေခါင္းကိုပုတ္လိုက္တယ္ "မင္းလဲစကားနည္းနည္းေလၽွာ့ေျပာ"

ခ်န္ယြဲ႕ကမထိန္းနိုင္ဘဲေဘးမွာရယ္ေနတယ္ "ဒါကမၽွမၽွတတကိုင္တြယ္တာလား? မၽွမၽွတတေျဖရွင္းေပးတယ္လို႔ေခၚရမွာလား?"

သူတို႔ဦးတည္ခ်က္သတ္မွတ္ပီးေတာ့ ေျခလ်င္လမ္းကေန ဥမင္ဆီကိုလမ္းေလၽွာက္သြားၾကတယ္။

က်ိဳးရွင္ခ်န္းရဲ့သူငယ္ခ်င္းေျပာသလိုပဲ ဥမင္ရထားလမ္းကထူးျခားတယ္။ ဂူႀကီးကိုအစိမ္းေရာင္အပင္ေတြနဲ႔ဖုံးအုပ္ထားတယ္။ အဝင္ဝကေနလွမ္းၾကည့္မယ္ဆိုရင္ ေမွာင္မည္းေနပီး ထြက္ေပါက္ကဘယ္ေနရာမွာမွန္းေတာင္မျမင္ရဘူး။

ဥမင္ထဲဝင္ေတာ့ လွရွင္းစစ္မ်က္ခုံးနဲနဲတြန္႔ခ်ိဳးသြားတယ္။

သူ သြမ္က်ားရန္ရဲ့လည္ပင္းေပၚမွာအနီကြက္ေလးေတြျမင္လိုက္သလိုပဲ။ ဂူကေမွာင္ေနလို႔ သူအျမင္မွားလားဆိုတာသူမေသခ်ာဘူး။

လုရွင္းစစ္ကျဖည္းျဖည္းေလးနဲ႔တိတ္တိတ္ေလးသြမ္က်ားရန္ေနာက္ကိုေလၽွာက္သြားလိုက္တယ္။

သူအနားကိုပိုကပ္လာေလ သြမ့္က်ားရန္ရဲ့ pheromone အနံ့ကိုပိုရလာေလပဲ။ အနံ့ေလးကေဖ်ာ့ေဖ်ာ့ေလးေပမဲ့ သာမန္အေျခအေနေတြမွာ​ဆို omega ေတြကရနံ့တားေဆးေတြသုံးထားလို႔ pheromone အနံ့ကမထြက္ဘူး။

သြမ့္က်ားရန္ရဲ့လည္ပင္းကအနီေရာင္ေျပာင္းေနလားဆိုပီးသူသိခ်င္မိတယ္။ဒါေပမဲ့ဥမင္ကအရမ္းေမွာင္လြန္းတယ္။ အၾကာႀကီးလမ္းေလၽွာက္ပီးတာေတာင္ လုရွင္းစစ္ရွင္းရွင္းလင္းလင္းမျမင္ရေသးဘူး။

သူတို႔ေဘးကေကာင္မေလးကေနာက္ေတာ့မေနနိုင္ဘဲတိုးတိုးေလးေျပာလိုက္တယ္။

"နင္တို႔ႏွစ္ေယာက္... သရဲေၾကာက္လို႔လား"

သူ႔အသံကမက်ယ္ေပမဲ့ တိတ္ဆိတ္ေနတဲ့ဂူထဲမွာေတာ့ျပတ္ျပတ္သားသားၾကားရတယ္။ လူအားလုံးကလွည့္ၾကည့္လာၾကတယ္။

" အတန္းေခါင္းေဆာင္ ေရွာင္သြမ့္နဲ႔ေန" စုန္႔ရိကေျပာတယ္ "သူကသရဲေတြမေၾကာက္ဘူး"

စုန္႔ရိေျပာတာၾကားေတာ့ သြမ့္က်ားရန္ေနာက္ကိုလွည့္ၾကည့္လိုက္တယ္။ သူနဲ႔​ေျခလွမ္းနည္းနည္းေဝးတဲ့ေနရာမွာရွိ​ေနတဲ့လုရွင္းစစ္ကို​ေတြ႕လိုက္တယ္။

သြမ္က်ားရန္ကေနာက္ကိုလွည့္လာပီးျပဳံးလိုက္တယ္ "မင္းသရဲေၾကာက္လို႔လား"

လုရွင္းစစ္ျပန္ေျဖမွာကိုမေစာင့္ဘဲ လူအုပ္ထဲကေန အာေမဋိတ္အမွတ္အသားေလးေတြ(!!!!!) တန္းစီပီထြက္ေပၚလာတယ္။

"ငါ့ရဲ့လည္ပင္းေပၚတစ္ခုခုက်လာတယ္!" ေကာင္မေလးကတျခားတစ္ေယာက္ရဲ့လက္ကို​ဆြဲလိုက္တယ္ "ကူၾကည့္ေပးပါအုံး!"

"အဲ့တာၾကမ္းပိုးလား" ဘယ္သူ(စ)ေနာက္တစ္ဝက္စိတ္ပ်က္မွုတစ္ဝက္နဲ႔ေျပာလဲေတာ့မသိဘူး "ဒီလိုဂူထဲမွာ နံရံေတြကတြားသြားေကာင္ေတြနဲ႔ျပည္​ေနတာ"

အစကတည္းကေကာင္မေလးကေၾကာက္လို႔ငိုေတာ့မလို႔ျဖစ္ေနတာေတြ႕ေတာ့ က်ိဳးရွင္ခ်န္းကအဲ့ေကာင္လကိုလွည့္​ေျပာလိုက္တယ္ "ေတာ္ေလာက္ပီ ​ေလၽွာက္မေျပာၾကနဲ႔"

ေရစက္က်သံေတြကိုလူသံေတြကဖုံးလႊမ္းထားတယ္။ ခ်န္ယြဲ႕ကခနေလာက္နားေထာဂ္လိုက္ပီး "အဲ့တာေရေတြျဖစ္ေလာက္တယ္ နင့္ဖုန္းနဲ႔ဓာတ္ပုံရိုက္ၾကည့္လိုက္"

သူတို႔ေတြဥမင္ရဲ့အလယ္ေလာက္ေရာက္ေတာ့ အျမင္အာ႐ုံေတြကအေမွာင္အတိပဲ။သူတို႔ေဘးနားကလူေတြကိုေတာင္ျမင္ဖို႔မျဖစ္နိုင္ေတာ့ဘူး။

ေကာင္မေလးရဲ့လည္ပင္းေပၚကိုက်တဲ့ဟာကိုေရလို႔ပဲယူဆပီးလူတိုင္းကအေရွ႕ကိုပဲဆက္ေလၽွာက္ေနၾကတယ္။ သြမ့္က်ားရန္ကအေရွ႕ကေနတည့္တည့္သြားေနေတာ့ သူေပ်ာက္သြားမွာကိုလုရွင္းစစ္ေၾကာက္လန္႔မိတယ္။ သူသတိမထားမိဘဲသူ႔ရဲ့လက္ေမာင္းကိုလွမ္းဆြဲလိုက္တယ္။

သူအဲ့တာကိုဆြဲပီးကာမွသူမွားမွန္းခံစားမိပီးလႊတ္ေပးမလို႔လုပ္ေပမဲ့ အဆြဲခံထားရတဲ့တစ္ေယာက္က​ေနာက္ကိုလွည့္ၾကည့္လာတယ္။

သြမ့္က်ားရန္ႏွုတ္ခမ္းေလးေတြကအေပၚကိုေကာ့တက္သြားပီး လူဆိုးဆန္ဆန္ေလးျပဳံးလိုက္တယ္။ သူအေရွ႕ကိုနည္းနည္းေလးတိုးလာပီး အသံေလးကိုႏွိမ့္လိုက္တယ္ "မင္းေၾကာက္တယ္ဆိုရင္ ငါ့ကိုတိတ္တိတ္ေလးေျပာေလ ငါမင္းကိုမရယ္ပါဘူးသူတို႔ကိုလဲမေျပာျပဘူး"

အေမွာင္ထုထဲမွာလုရွင္းစစ္ကသူ႔ရဲ့ေလေငြ႕ေႏြးေႏြးေလးကိုခံစားမိတယ္။

Pheromone နံ့ခ်ိဳခ်ိဳေမႊးေမႊးေလးကလဲစိမ့္ထြက္ေနပီး တျခားအနံ့မရွိတဲ့အတြက္ပိုင္ရွင္တစ္ေယာက္အေနနဲ႔လ်စ္လ်ဴရွုဖို႔ဆိုတာခက္ခဲတယ္။(DJYကိုmarkထားတာဆိုေတာ့ပိုင္ရွင္ေပါ့ေနာ)

"ေကာင္းၿပီ" သြမ္က်ားရန္ကထပ္ကပ္လာတယ္"မင္းေျပာေလ"

တစ္ဖက္လူဆီကမေစာင့္နိုင္တာကိုခံစားမိေတာ့ လုရွင္းစစ္အနည္းငယ္ရီခ်င္သြားတယ္။သြမ္က်ားရန္ကသူ႔ကိုစူးစူးစိုက္စိုက္ၾကည့္ေနေတာ့ လုရွင္းစစ္ခနေလာက္ေတြးပီးေတာ့ ဆန္႔က်င္ဘက္ကိုေျပာလိုက္တယ္ "ငါေၾကာက္တယ္"

သြမ္က်ားရန္ကသူလိုခ်င္တဲ့အေျဖရေတာ့ လၽွို႔ဝွက္ခ်က္ကိုလူတိုင္းနဲ႔မၽွေဝမလို႔လုပ္တယ္ "အတန္းေခါင္းေဆာင္ကေျပာတယ္သူ–"

လုရွင္းစစ္ကသူ႔ပါးစပ္ကို​ျမန္ျမန္ပိတ္လိုက္တယ္။

"ဘာလဲ?"

"လုေကာဘာျဖစ္လို႔လဲ?"

မီးေရာင္ေတြကသူတို႔အေပၚလွမ္းထိုးေတာ့မွာျမင္ေတာ့ လုရွင္းစစ္ကတိတ္တိတ္ေလးေျပာလိုက္တယ္ "ငါအဆင္ေျပတယ္ ကိုယ့္လမ္းကိုယ္သြား"

တျခား​သူေတြကလုရွင္းစစ္ေၾကာင့္အံ့ဩသြားတာေတြ႕ေတာ့ သြမ္က်ားရန္ကသူ႔မ်က္လုံးေတြကိုမယုံၾကည္သလိုဖြင့္လိုက္တယ္ "woowoowu!!! ေခြးေကာင္!!"

လွရွင္းစစ္ကသူ႔နားထဲကိုကပ္ေျပာလိုက္တယ္ "သူတို႔ေတြကိုမေျပာဘူးလို႔မင္းမေျပာခဲ့ဘူးလား ငါ့ကိုညာတာလား?"

သူရဲ့အာေငြ႕ေလးကသူ႔နားတေလၽွာက္ျဖတ္သြားတယ္။ အရမ္းနီးကပ္လြန္းအကြာအေဝးေၾကာင့္ သြမ္က်ားရန္သူ႔လက္ေမာင္ေတြၾကားကေနလြတ္ေျမာင္ခ်င္တယ္ "woowoowoowoo!! လႊတ္ေပး!!"

လုရွင္းစစ္ကသူအရမ္း႐ုန္းေနတာေတြ႕ေတာ့ တကယ္လို႔သူတက္လုပ္မယ္ဆို သြ​မ့္က်ားရန္ရဲ့မ်က္ႏွာကသူ႔ေၾကာင့္နီရဲသြားလိမ့္မယ္။

သူ႔မ်က္လုံးေတြကကယိမ္းကယိုင္ေတြျဖစ္လာပီးလည္ပင္းကလဲတင္းက်ပ္သြားတယ္။

"ငါမင္းကိုလႊတ္ေပးမယ္ အဓိပၸါယ္မရွိတာေတြေလၽွာက္​မေျပာနဲ႔"

သူအသံထြက္လာတာနဲ႔ သြမ့္က်ားရန္ကခပ္ျမန္ျမန္ေခါင္းညိမ့္လိုက္တယ္။ သူ႔မ်က္လုံးထဲကခံစားခ်က္ေတြကေတာ့သိပ္မေကာင္းဘူး။

လုရွင္းစစ္ခနေလာက္တုန္႔ဆိုင္းသြားေပမဲ့လဲလႊတ္ေပးလိုက္တယ္။ သြမ့္က်ားရန္ကလြတ္သြားတာနဲ႔ သူမ်က္ႏွာကိုခ်က္ခ်င္းလွည့္လိုက္ပီး လူေတြကိုလွမ္းေအာ္လိုက္တယ္ "လု–"

လုရွင္းစီကအေစာတည္းကႀကိဳျပင္ဆင္ထားေတာ့ တန္းပီးေနာက္တစ္ခါထပ္ဖိထားတယ္။

သြမ္က်ားရန္ကႏွစ္ခါေလာက္အခ်ဳပ္ခံထားရေတာ့ သူ႔ကိုရိုက္ဖို႔မေစာင့္နိုင္ေတာ့ဘူး။ ဒါေပမဲ့သူလုရွင္းစီကိုခုခံနိုင္ဖို႔အားမရွိဘူး။ တစ္ဖက္လူကသူ႔ကိုေနာက္​ကေနဖိထားပီး ပါးစပ္ကိုလက္တစ္ဖက္နဲ႔ပိတ္ထားတယ္။ သူ႔တစ္ကိုယ္လုံးကသူ႔လက္ေမာင္းေတြၾကားနစ္ဝင္ေတာ့မလို႔ပဲ။ ပီးေတာ့သူ႔မွာ႐ုန္းကန္ဖို႔အားလဲမရွိဘူး။

"ေပ်ာ္စရာေကာင္းလား?"

သြမ္က်ားရန္ကသူ႔မွာအခြင့္အေရးမရွိတာသိေတာ့ ဘာမွမေျပာေတာ့ဘူး။

သူ႔ရဲ့ရွာရွားပါးပါးျငမ္ေနတာကိုေတြ႕ေတာ့ လုရွင္းစစ္ဘာကိုစဥ္းစားရမိသြားလဲမသိ ႐ုတ္တရပ္ရယ္လိုက္တယ္။

သူ႔ရဲ့တမင္လုပ္တဲ့ရယ္သံက ကိုယ့္လက္ေခ်ာင္ေတြေတာင္မျမင္ရ​တဲ့ဘဥမင္နဲ႔​ပါေပါင္းစပ္ထားေတာ့ သြမ့္က်ားရန္ကိုသူနဲ႔အတန္းေဖာ္တစ္ေယာက္မဟုတ္ဘဲ လမ္းလြဲေရာက္လူသတ္သမားလို႔ခံစားမိေစတယ္။

သူလုရွင္းစစ္ေျပာတာကိုၾကားလိုက္တယ္ "ငါတို႔ဒီပုံစံနဲ႔အျပင္ထြက္မွာလား"

" ... " ဘာ!

"ဘာလိုျဖစ္ျဖစ္ငါကေၾကာက္ေတာ့ ဒီလိုပုံစံကပိုလုံျခဳံတယ္ မင္းဘယ္လိုထင္လဲ"

" ... " မင္း႐ူးေနလား! !

သူကအရမ္းလူးလြန္႔ေနတဲ့အတြက္ေၾကာင့္လုရွင္းစစ္ကသူ႔ကိုလႊတ္ေပးလိုက္တယ္။ သြမ္က်ားရန္လဲတစ္ဖက္လူရဲ့မ​ေပ်ာ္ရႊင္တဲ့ဟာကိုလိုက္ေႏွာင့္ယွက္မေနေတာ့ဘူး။

သူလုရွင္းစစ္ကိုျပင္းျပင္းထန္ထန္ၾကည့္လိုက္တယ္။ တစ္ဖက္လူကသူ႔ရဲ့ေအးခဲေစတဲ့အၾကည့္ေတြကိုလက္ခံရရွိေပမဲ့ ဘာမွေတာ့မေျပာဘူ

႐ုတ္တရပ္သြမ့္က်ားရန္ကလက္လွမ္းလိုက္တယ္။

"ကိုင္လိုက္"

လုရွင္းစစ္ကဥမင္ထဲမွာေရးေရးေလးျမင္ေနရတဲ့ဝိုးတိုးဝါးတားလက္ေမာင္းေလးကိုၾကည့္လိုက္တယ္။ပီးေတာ့ သူ႔ကိုျပန္ၾကည့္တယ္။

"လုရွင္းစစ္ မင္းမေၾကာက္ဘူးလား?" သြမ္က်ားရန္ကတိုက္တြန္းတယ္ "လာပါ သူတို႔ေတြအေဝးႀကီးေရာက္သြားပီ"

လုရွင့္စစ္ကသူ႔လက္ကိုဆန္႔ထုတ္လိုက္တယ္။ သူ(DJY)ကအနည္းငယ္စိတ္မရွည္ေပမဲ့လဲ သူ႔ကိုေစာင့္ေနတုန္းပဲ။

ဒီအခ်ိန္မွာအမွန္တရားကိုသာေျပာျပလိုက္ရင္ သြမ့္က်ားရန္ကသူ႔ဆီကိုအတင္းဝင္လာပီးတိုက္ခိုက္နိုင္တယ္လို႔သူေတြးမိတယ္။

လုရွင္းစစ္ကသူ႔လက္ေကာက္ဝတ္ကိုဆြဲပီး သူ႔လက္ေခ်ာင္းေတြနဲ႔ခ်ိတ္လိုက္တယ္။ သူသူ႔လက္ကိုကိုင္လိုက္တဲ့အခ်ိန္ ဖ်တ္ခနဲအၾကည့္တစ္ခုကိုရရွိခဲ့တယ္။

သြမ့္က်ားရန္လက္ေကာက္ဝတ္ကသူ႔လက္ထဲမွာျမဳပ္သြားမယ္လို႔သူထင္မထားဘူး။ alpha ေတြရဲ့က်ယ္ျပန္႔တဲ့အရိုးဖြဲ႕စည္းပုံ သန္မာတဲ့ႂကြက္သားေတြရွိတဲ့လက္နဲ႔ယွဥ္ရင္ သူ႔လက္ေအာက္ကလက္ေကာက္ဝတ္ေလးကေတာ္ေတာ္ေလးပါးလ်တယ္။

သြမ့္က်ားရန္ကသူ သူ႔ကိုဆြဲလိုက္တာေတြ႕ေတာ့ သူေျခေထာက္ေလးႂကြပီးအေရွ႕ကိုသြားေတာ့တယ္။

သူတို႔ႏွစ္ေယာက္တစ္ေယာက္နဲ႔တစ္ေယာက္တြန္းလားဆြဲလားလုပ္ေနတဲ့အခ်ိန္မွာတျခားသူေတြကအေဝးႀကီးေတာင္ေရာက္ႏွင့္ေနပီ။ သူတို႔ေတြကိုမွီတဲ့အခ်ိန္မွာအေမွာင္ထဲက်င့္သားရသြားတဲ့အတြက္ ေလထုကေပါ့ေပါ့ပါးပါးေလးျဖစ္လာတယ္။

လမ္းတေလၽွာက္မွာေရက်သံေတြကအထူးျပတ္သားတယ္။

လူတိုင္းကရယ္ေမာပီးစကားေျပာေနပီး စြန္႔စြန္႔စားစားေလထုမရွိတာေတြ႕ေတာ့ သြမ့္က်ားရန္ကမ်က္လုံးေလးေပကလပ္ေပကလပ္လုက္လိုက္တယ္။

"ဒီေရေတြကနီေနသလိုပဲမင္းတို႔​ေတြ႕လား" သြမ့္က်ားရန္ကသူ႔လက္​ေခ်ာင္းေလးေတြကိုတရွုံ႔ရွုံ႔နမ္းလိုက္တယ္ "တကယ္ႀကီးကြ ညႇီနံလိုလိုဘာလိုလိုအနံ့ရသလိုပဲ"

သူအဲ့တာကိုေျပာေတာ့ နဂိုတည္းကေၾကာက္ေနတဲ့လူေတြက​ေျပာလာၾကတယ္ "ဒီဥမင္ထဲကအနံ့ႀကီးကထူးဆန္းတယ္လို႔ငါလဲေျပာခ်င္ေနတာ"

စုန္႔ရိကသူ႔တို႔ရင္တြင္းစကားေတြ​ၾကားေတာ့ "ေရွာင္သြမ့္ လူေတြကိုတမင္သက္သက္ေလၽွာက္ေျခာက္ေနတာမလား"

"မင္းေမာ့ၾကည့္ၾကည့္" သြမ္က်ားရန္ကေျပာတယ္ "အဲ့မွာတစ္ခုခုရွိေနတာလား?"

"Fu*k me သြမ့္ေကာမင္းစကားေျပာတာရပ္လိုက္လို႔မရဘူးလား?"

သြမ့္က်ားရန္ကမလွုပ္မရွားပဲ "Ahhh ဒါကဘာႀကီးလဲ?"

သူစကားေျပာပီးေတာ့ လုရွင္းစစ္ကိုနဲနဲေလးရိုက္လိုက္တယ္။

သူတို႔ႏွစ္ေယာက္ပဲၾကားနိုင္တဲ့အသံေလးနဲ႔သြမ္က်ားရန္တိုးတိုးေလးေျပာတာကိုလုရွင္းစစ္ၾကားလိုက္တယ္: "ေျပး"

အဲ့တာေျပာပီးပီးခ်င္းပဲ သြမ္က်ားရန္ကသူ႔ကိုစူးစူးစိုက္စိုက္ၾကည့္လိုက္တယ္ "တကယ္–အေပၚမွာ–ဘာႀကီးမွန္းမသိ–ရွိတယ္! လုရွင္းစစ္ မင္းကိုၾကည့္ပီးရယ္ေနတယ္!"

လုရွင္းစစ္: " ... "

လုရွင္းစစ္ကလဲသူနဲ႔အတူလိုက္ပူးေပါင္းေပးတယ္။

သူတို႔ႏွစ္ေယာက္တစ္ကယ္ေျပးသြားတာေတာ့ ေၾကာက္ေန႔တဲ့လူအနည္းငယ္ေျခေထာက္ေတြေျမႇာက္ပီး သူတို႔ေနာက္လိုက္ေျပးတယ္။

သူတို႔ရဲ့အျပဳအမူက က်န္တဲ့လူေတြကိုလဲေျပးဖို႔ေစခိုင္းလိုက္သလိုပဲ။ သြမ္က်ားရန္ေျပာတာကိုနားမေထာင္သင့္ဘူးဆိုပီးတြန္႔ဆုတ္ေနတဲ့ေက်ာင္းသားေတြလဲ ဒီအခ်ိန္မွာေတာ့ႏွစ္ေယာက္တြဲသုံးေယာက္တြဲေျပး​ၾကေတာ့တယ္။

ဘယ္ေကာင္မေလးကေနာက္ဆုံးမွာမထိန္းနိုင္ဘဲေအာ္လိုက္လဲေတာ့မသိဘူး။

"Ah ah ah ah ah–!!"

"Fu*k me Fu*k me Fu*k —!!"

"မဟုတ္ဘူး! မင္းတို႔ဘာလို႔ေျပးေနတာလဲ!မင္းတို႔ဘာလို႔ေျပးေနတာလဲလို႔!"

"လုေကာတို႔ေရာေျပးေနတာ!လု!ေကာ!အားလုံး!ေျပး!မင္းတို႔မေျပးေသးဘူးလား!"

အဲ့ဒီစကားလုံးေတြကစည္း႐ုံးသိမ္းသြင္းနိုင္လြန္းတယ္။ ခ်န္ယြဲ႕ကအစတုန္းကေျပးဖို႔မရည္ရြယ္ေပမဲ့အဲ့တာၾကားေတာ့ေတြေဝသြားတယ္။

လုရွင္းစစ္ကေျပးေနတာလား?

ခ်န္ယြဲ႕ခနေလာက္​တြန္႔ဆုတ္ေနေပမဲ့အေရွ႕ကိုတဟုန္ထိုးေျပးေတာ့တယ္။ မေျပးတဲ့ေကာင္ေလးေတြလဲဒီေနရာမွာဆက္မရပ္နိုင္ေတာ့ဘူး။

က်ိဳးရွင္ခ်န္းကစိုးရိမ္းတႀကီးေျပာတယ္ "ခ်န္ယြဲ႕! မင္းဘယလုပ္ေနတာလဲ! ဘယ္သူကေခြးလဲ!!"

ခ်န္ယြဲ႕ကေျပးရင္းေအာ္ေျပာတယ္ "ဒီေလာင္ဇီက​ေခြး!မင္းေခြးတစ္ေကာင္ရဲ့ဘဝကိုသိလား!"

က်ိဳးရွင္ခ်န္း႐ုတ္တရပ္နားလည္သြားတယ္ "အဲ့တာကအဓိပၸါယ္ရွိတယ္! ခ်န္ယြဲ႕! ငါ့ကိုေစာင့္အုံး!!"

ေနာက္ကရွုတ္ရွပ္ခတ္ေနတဲ့ေျခသံေတြေအာ္သံေတြၾကားေတာ့ သြမ့္က်ားရန္ကရယ္ခ်င္တာေအာင့္ထားရတာဗိုက္ေတြေတာင္နာတယ္။ တကယ္လို႔လုရွင္းစစ္သာေရွ႕ကိုမဆြဲဘူးဆိုရင္ သူဂူနံရံမွာကပ္ပီးခြီေနမွာ။

ဥမင္ထဲကေနေျပးထြက္​လာတဲ့အခ်ိန္မွာ သြမ့္က်ားရန္မထိန္းနိုင္ေတာ့ဘဲ တစ္ကိုယ္လုံးလွုပ္ပီးစတင္ပီးရယ္ေတာ့တယ္။

"လုရွင္းစစ္ရ ဘယ္လိုေတာင္... hahahaha မင္းကခုတကယ္ေခြးတစ္ေကာင္ပဲ... hahahaha..."

လုရွင္းစစ္သူ႔ကိုအကူအညီမဲ့တဲ့ပုံနဲ႔ၾကည့္လိုက္တယ္။ သူသြမ့္က်ားရန္ရဲ့ရယ္ျမဴးရိပ္သန္းေနတဲ့မ်က္လုံးေတြ​ကိုျမင္ေတာ့ဘမထိန္းနိုင္ပဲျပဳံးလိုက္တယ္။

အစတုန္းကသူႏွုတ္ခမ္းေလးေတြတြန္႔ေကြးေန႐ုံဆိုေပမဲ့ အဲ့ဒီအေၾကာင္းကိုပိုေတြးေလ ပိုပီးရယ္ခ်င္လာေလပဲ။ သူေခါင္းေလးငုံ႔ပီး ပခုံးေလးေတြကတုန္ေနတယ္။ ေနာက္ဆုံးေတာ့သူလဲမထိန္းနိုင္ဘဲရယ္လိုက္ေတာ့တယ္။

Class10ကေက်ာင္းသားေတြအျပင္ဘက္ကို​ထြက္လာေတာ့ သူတို႔ႏွစ္ေယာက္ကအဲ့မွာရပ္ပီး​ရယ္ေနတာကိုေတြ႕လိုက္ရတယ္။

ခုေတာ့လူတိုင္းဘာေတြ​ျဖစ္ေနလဲဆိုတာနားလည္သြားတယ္။

က်ိဳးရွင္ခ်န္းကျပဳံးရင္းဆူလိုက္တယ္ "သြမ့္က်ားရန္မင္းလွည့္စားတာေတာ္တယ္ တကယ္ႀကီးလိုသ႐ုပ္ေဆာင္ေနတာ"

"လုေကာနဲ႔ သြမ့္ေကာ ဘာျဖစ္တာလဲ? အားးး ငါတို႔ကလုေကာတို႔လွည့္ကြက္ထဲေရာက္သြားတာပဲ"

ေနာက္ဆုံးမွထြက္လာတဲ့ေကာင္မေလးေတြကသူတို႔ရင္ဘတ္ေတြထုေနရတယ္ "နင္တို႔ေၾကာင့္သူတို႔ေသမတတ္ေၾကာက္သြားၾကတာ ဒါေပမဲ့ဒါကတကယ္ေပ်ာ္စရာေကာင္းတယ္..."

သြမ့္က်ားရန္ကရယ္လို႔ဝသြားပီးေတာ့ေျပာလိုက္တယ္ "ငါလဲမထိန္းနိုင္ဘူး? ဘယ္သူအရင္ေအာ္လိုက္တာလဲ? အဲ့တာကတအားစူးတာပဲ"

ေကာင္မေလးေတြထဲကတစ္ေယာက္ကသူ႔ကိုယ္သူလက္ညႇိုးထိုးျပတယ္ "ငါႏွလုံးသားထဲကေနေတာင္ေၾကာက္သြားတယ္"

"အစ္မကတအားစြမ္းတာပဲ" သြမ့္က်ားရန္ေျပာပီးေတာ္မထိန္းနိုင္ဘဲရီျပန္တယ္ ေကာင္မေလးကလဲေနာက္ကလိုက္ရီတယ္။

႐ုတ္တရပ္တစ္ေယာက္ေယာက္ကေျပာလိုက္တယ္ "အဲ့တာကအရမ္းလွတယ္ "

သူ႔အၾကည့္ေတြေနာက္ုကိုတျခားသူေတြလဲလိုက္ၾကည့္ၾကတယ္ "ေနဝင္ခ်ိန္ေတာင္ေရာက္ေနပီပဲ"

ဥမင္ရဲ့ထြက္ေပါက္က Ning Chengရဲ့အေနာက္ဘက္မွာရွိတယ္။ သူတို႔ေတြထြက္လာေတာ့ ညေနဆည္းဆာခ်ိန္ရဲ့ေနာက္ဆုံးခ်ိန္ကိုမွီ႐ုံလမွီတယ္။

မွိန္မွိန္ေလးေတာက္ပေနတဲ့ညေနခင္းေရာင္ျခည္ကေကာင္းကင္ႀကီးမွာပ်ံ႕ႏွံ့ေနပီး တစ္လႊာပီးတစ္လႊာ တိမ္တိုက္ေတြထဲမွာနစ္ျမဳပ္သြားတာကလိေမၼာ္နီေရာင္ပင္လယ္ျပင္လိုပဲ။

အဲ့တာခမ္းနားတင့္တယ္လြန္းတယ္။

လူအုပ္ႀကီးလဲတျဖည္းျဖည္းနဲ႔တိတ္ဆိတ္သြားတယ္။

ေကာင္မေလးေတြကဓာတ္ပုံရိုက္ပီးေတာ့ မထိန္းနိုင္ဘဲတိုးတိုးေလးေျပာၾကတယ္ "အထက္တန္းေအာင္သြားရင္ ငါတို႔ေနာက္တစ္ခါျပန္လာၾကမလား"

သူမေမးခြန္းကနဲနဲေလးထိခိုက္လြယ္​တယ္။ ေကာင္ေလးေတြကတစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ေနပီး ဘာေျပာရမွန္းမသ္ျဖစ္ေနတယ္။

"ရတယ္ေလ" သြမ္က်ားရန္ကတိတ္ဆိတ္မွုကိုၿဖိဳခြဲလိုက္တယ္။ သူကေကာင္မလကိုလွည့္ၾကည့္လိုက္တယ္ "ေနာက္တစ္ခါငါမင္းတို႔ကိုထပ္ေျခာက္ရင္ ငါနင့္ကိုအသက္ရွုခြင့္ေတာ့ေပးပါ့မယ္"

" ေနာက္တစ္ခါက်ရင္ ငါေခြးမျဖစ္ခ်င္ဘူး" လုရွင္းစစ္ကသူ႔ပခုံးကိုတိုက္လိုက္တယ္ "မင္းကိုယ္တိုင္ပဲျဖစ္နိုင္မလား"

"အာ့ဆိုမင္းစိတ္ေအးေအးထား ငါအဲ့အေၾကာင္းကိုစဥ္းစားလိုက္အုံးမယ္"

လူအုပ္ထဲကေနရယ္သံေတြထြက္လာတယ္။

ေမးခြန္းေမးတဲ့ေကာင္မေလးကသူတို႔ကိုၾကည့္ပီး ႏွုတ္ခမ္းသပ္ပီးျပဳံးလိုက္တယ္။

The author has something to say: ေခြးတစ္ေကာင္မျဖစ္နဲ႔ေနာက္တစ္ခါခင္ပြန္းျဖစ္။

~~~~~

*အဲ့ဒီမွာေခြးလို႔သုံးတာကေလ ေခြးေျပးဝက္ေျပးေျပးရတာတို႔ လွည့္စားတာတို႔ကိုသုံးတာျဖစ္မယ္ထင္တယ္။

✨ —————✨

Continue Reading

You'll Also Like

604K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
139K 8.1K 10
[ Unicode Version ] Original Author : ရွှေချန်းချန် • 水千丞 This is really a rough translation. I just want to read this for my own and save here. All...
449K 54.3K 120
ကဲ..ဇာတ်လမ်း​အ​ကြောင်းကို​ပြောပြမယ်​နော်🤗 ဘဏ်မှာ ဒါရိုက်တာရာထူးနဲ့အလုပ်လုပ်​နေတဲ့​ ကောင်​လေး ကျန်းယူအန်းနဲ့အဲ့​ကောင်​လေးကို ​တွေ့ဖို့ အစီအစဥ်​တွေနဲ...
252K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...