ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်...

ZuriLeora tarafından

1.2M 188K 9.3K

Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I... Daha Fazla

DESCRIPTION
CHAPTER 1 -Flag Raising Ceremony
CHAPTER 2 - Provocative
CHAPTER 3 -Male Toilet
CHAPTER 4 - Fight
CHAPTER 5 - Teachers' Office
CHAPTER 6- Playing Basketball
CHAPTER 7- Threat
CHAPTER 8 - Hospital
CHAPTER 9 - Stess Disorder
CHAPTER 10- Uniforms
CHAPTER 11-Fruit Tea
CHAPTER 12 - Learning
CHAPTER 13 - Monthly Test
CHAPTER 14 - Dimples
CHAPTER 15 - Strawberry Candy
CHAPTER 16 - Sport Meeting
CHAPTER 17 - 3000 meters
CHAPTER 19 - Dinner
CHAPTER 20 - I am afraid
CHAPTER 21 - Tunnel
CHAPTER 22 - Teach Me
CHAPTER 23 - Cushion Together
CHAPTER 24 - In The Morning
CHAPTER 25 - Stalker
CHAPTER 26 - Gossip
CHAPTER 27 - Forum
CHAPTER 28 - Rain Alley
CHAPTER 29 - Want
CHAPTER 30 - Jealous
CHAPTER 31 - Embrace
CHAPTER 32 - Hand In Hand
CHAPTER 33 - Flag Station
CHAPTER 34 - Drink
CHAPTER 35 - Blush
CHAPTER 36 - Surreptitiously
CHAPTER 37 - Supplemental Mark
CHAPTER 38 - Change clothes
CHAPTER 39 - I am handsome
CHAPTER 40 - Confession
CHAPTER 41 - Chase you
CHAPTER 42 - Joint Examination
CHAPTER 43 - Lip Color
CHAPTER 44 - Susceptibility Period
CHAPTER 45 - Soft
CHAPTER 46 - Watch Movie
CHATEPR 47 - Parent Meeting
CHAPTER 48 - Night Run
CHAPTER 49 - Stay Overnight
CHAPTER 50 - Ahye
CHAPTER 51 - Difficult
CHAPTER 52 - I Like You Too
CHAPTER 53 - Brother
CHAPTER 54 - Possession
CHAPTER 55 - Not allowed to hide
CHAPTER 56 - Cold
CHAPTER 57 - Midnight
CHAPTER 58 - Couple
CHAPTER 59 - Taste
CHAPTER 60 - Intimate
CHAPTER 61 - High School
CHAPTER 62 - Don't Be Afraid
CHAPTER 63 - Group Shelf
CHAPTER 64 - I Will
CHAPTER 65 - Birthday
CHAPTER 66 - Don't Mess
CHAPTER 67 - Kiss Back
CHAPTER 68 - Adult
CHAPTER 69 - Remuneration
CHAPTER 70 - Wishing Tree
CHAPTER 71 - College entrance examination
Chapter 72 - Happy Graduation
Extra 1
Extra 2
Extra 3
Extra 4
✨✨✨

CHAPTER 18 - Relay Race

16.1K 2.8K 186
ZuriLeora tarafından

Unicode

ဒီအံ့အားသင့်စရာ မီတာသုံးထောင်ပြေးပွဲက ရှိနေတဲ့ကျောင်းသားတွေကိုအထင်ကြီးစေရုံသာမက ဆရာဆရာမတွေကိုလဲလှုက်လှုပ်ရှားရှားဖြစ်သွားစေတယ်။

ဒုတိယနှစ်အတွက် ကာယဆရာလေးယောက်ရှိတယ်။ အားကစားပြိုင်ပွဲမှာ ဆရာလေးယောက်လုံးက ဒိုင်လူကြီးအသင်းမှာပါဝင်ကြတယ်။ ဆရာတွေထဲကတစ်ယောက်က မျိုးရိုးနာမည်ဟယ့် နဲ့သူဖြစ်တယ်။ သူက Class 10 နဲ့ Sport Class တွေသင်ရတယ်။ အားကစားပြိုင်ပွဲမှာဝင်ပါတဲ့ကျောင်းသားတွေက တအားစိတ်ဓာတ်ပြင်းထန်တာတွေ့တော့ ဆရာဟော အရမ်းသဘောကျသွားတယ်။

"ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်တဲ့ ကစားပွဲလဲ!" ဆရာဟယ့်က ကျောက်မင်ကျွင်းကိုပြောလိုက်တယ် " ဆရာမကျောက် မင်းတို့အတန်းက သွမ့်ကျားရန်ကတကယ်တော်တဲ့ကောင်လေးပဲ! ကျွန်တော် ဒီလိုဂုဏ်ယူဖွယ်ရာတွေစုပေါင်းနေဖြစ်တည်နေတဲ့ ကောင်လေးမျိုးမတွေ့ရတာတောင်အတော်ကြာပီ!"

ကျောက်မင်ကျွင်းကပြောလိုက်တယ် "သူက ဂုဏ်ပြုသင့်တဲ့ကျောင်းသားကောင်းတစ်ယောက်ပဲ "

အားကစားပွဲရဲ့ဒုတိယမြောက်နေ့မှာတော့ Class 10 နဲ့ Sport Class က finale ​အဆင့်ရောက်နေပီဆိုတာ သူသိလိုက်တယ်။ ဆရာဟယ်က စင့်မြင့်ပေါ်မှာစေတနာ့ဝန်ထမ်းလုပ်နေခဲ့တယ်။ သူကလက်ဆင့်ကမ်းပြေးပွဲအတွက် တိုက်ရိုက်အစီရင်ခံတာယာယီလုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်။ အာ့ဆိုရင် ဆရာတွေရောကျောင်းသားတွေရောအားကစားပြိုင်ပွဲရဲ့ ပျော်ရွှင်မှုကို အပြည့်အဝခံစားရလိမ့်မယ်။

သူတို့ရဲ့ကံကိုခံစားနိုင်စေချင်လို့ဖြစ်​နိုင်တယ်။ ကစားပွဲမစခင်မှာဆရာဟယ့်က ပြောတယ် " ဒီ 4×400 မီတာ လက်ဆင့်ကမ်း​ပြေးပွဲကအရမ်းအရေးကြီးတယ်။ တကယ်လို့ 5 points ရမယ်ဆိုရင် Class 10 က Sport Class ကိုဖိနှိပ်နိုင်ပီး အားကစားပြိုင်ပွဲရဲ့ပထမနေရာဖြစ်လာမယ် တစ်ဖက်မှာလဲ Sport Class ကရမယ်ဆိုရင် သူတို့အတန်းကအောင်မြင်မှုမှာ ခိုင်ခိုင်မြဲမြဲရပ်တည်နိုင်ပီး နှစ်နှစ်ဆက်တိုက် champion ဆုကိုလဲရမယ်။ ဒီကစားပွဲကအဆုံးသတ်ရလဒ်ကိုဆုံးဖြတ်ပေးလိမ့်မယ် ငါတို့တွေကများသောအားဖြင့်အဲ့တာကို... "(4×400= တစ်ယောက်ကို400m စီနဲ့လေးယောက်ပြေးရတာပါ)

ဆရာဟယ့်ကခနလောက်စိတ်အလိုလိုက်ပီးပြောလိုက်ပေမဲ့ ခနနေကျတော့ ကျန်တဲ့တစ်ဝက်က ဘာကိုခေါ်လဲဆိုတာမသိတော့ဘူး။

ပရိတ်သတ်ထဲကတစ်စုံတစ်ယောက်ကလှမ်းအော်လိုက်တယ် " ဆရာအဲ့တာ ထျန်းဝမ်တောင်ထွဋ်တိုက်ပွဲပါ "

" ဟုတ်တယ် ဟုတ်တယ် Class 10 နဲ့ Sport Class နဲ့ကြားက ထျန်းဝမ်တောင်ထွဋ်တိုက်ပွဲက စတင်တော့မယ် " ဆရာဟယ့်ကပူးပေါင်းပီးပြောတယ် " ကစားပွဲမစခင်မှာ ကျောင်းသားတွေက ကစားသမားတွေကိုအားဖြည့်ပေးလိုက်ကြအုံး Sport Class ကအတန်းဖော်တွေအအရင်စ "

" လင်းကော ကြိုးစားထား ပြည်နယ်အဆင့်အဖွဲ့ဝင်တစ်ယောက်ရဲ့ပုံစံကိုထုတ်ပြလိုက်!"

"ဟေးဖျီ ငါ့ကိုအားအင်တွေပေးပါ "

Sport Class ကလုံလောက်သွားတော့ ဆရာဟယ့်က တ​ဖက်အတန်းကိုလှုံ့ဆော်လိုက်တယ် " Class10 ကအတန်းဖော်တွေကအားကစားသမားတွေကိုအားပေးလိုက်ကြအုံး!"

" အတန်းခေါင်းဆောင် Cheers!"

" ကျောင်း idol လေးကအချောဆုံး! ကျောင်းလူဆိုးလေးကအံ့ဩဖို့အကောင်းဆုံး!"

" အဆုံးသတ်မှာ Class 10 ပဲအနိုင်ရရမယ်!"

" နှစ်ဖက်လုံးကကျောင်းသားတွေက အရမ်းစိတ်ဓာတ်ပြင်းထန်တာပဲ " ဆရာဟယ့်က အရမ်းကျေနပ်နေတယ် " အာ့ဆိုကျွန်တော်တို့ အတန်းနှစ်တန်းရဲ့ ပါဝင်ယှဥ်ပြိုင်သူတို့တွေကိုကြည့်ကြပါစို့။ Class 10 ကလူတွေကတော့ သွမ့်ကျားရန် ချန်ယွဲ့ ကျိုးရှင်ချန်း လုရှင်းစစ်။ Sport Class ကလူတွေကတော့ ကျန်းလင် ကုရှန်းယွီ ကျိုးရှောင် နောက်ဆုံးတစ်ယောက်ကတော့ လင်းကျန့်။ သူတို့အားလုံးကကောင်ချောလေးတွေဖြစ်လို ပြေးလမ်းပေါ်မှာရပ်နေမယ်ဆိုရင် အမြင်အာရုံတွေကိုဖမ်းစားနိုင်မှာကတော့ သံသယဖြစ်စရာမရှိပါဘူး "

ကုလီကအော်ဟစ်အားပေးနေပီး စမှတ်နေရာကနေ လက်ဝှေ့ရမ်းနေတယ် " ကျိုးရှင်ချန်း! ဘေးမှာရပ်! လုကောနဲ့ရှောင်သွမ့်ကိုငါ့မျက်စိရှေ့ကကွယ်မထားနဲ့ !"

" ... " ကျိုးရှင်ချန်းဘာခံစားချက်မှမရှိဘဲပြောလိုက်တယ် " ဒီအမျိုးသမီးလေးက သူ့ချစ်သူကောင်လေးကိုကျဘေးဖယ်ခိုင်းပီး မင်းတို့နှစ်ယောက်ကိုပဲဓာတ်ပုံရိုက်ဖို့ကြိုးစားနေတယ် "

သွမ့်ကျားရန်ကသိချင်မိတယ် " ဘာလို့လဲ "

" ငါလဲမသိဘူး သူမပြောတာကသူမက မင်းနဲ့ လုကောရဲ့ fan တဲ့ သူမလာရာလမ်းအတိုင်းပြန်သွားအောင် မင်းကောင်မလေးတစ်ယောက်လောက်ရှာသင့်တယ် လုကောရောပဲ"

"ကောင်းပြီ " လုရှင်းစစ်ကသူ့ရဲ့ခြေဖဝါးနဲ့ဖွဖွလေးလှမ်းကန်ပီး သာမန်ကာလျှံကာပဲ​ပြောလိုက်တယ် "မင်းငါ့ကိုတစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးလို့လား "

" ငါမင်းကိုကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ကြိုးစားသေးတယ်လေ မင်းပဲသူ့ကိုစကားလေးတစ်ခွန်းနဲ့နှစ်ခွန်းနဲ့ငြင်းလိုက်တာကို " ကျိုးရှင်ချန်းကခေါင်းခါရင်းပြောတယ် " ငါအဲ့ဒီလိုစိတ်မချမ်းမြေ့စရာတွေမလုပ်ဘူး "

" ငါကမင်းမိတ်ဆက်ပေးစရာမလိုပါဘူး" သွမ်ကျားရန် သူ့နှုတ်ခမ်းတွေကိုတွန့်ကွေးပီးပြောလိုက်တယ် " ငါကအရမ်းချောတယ် အာ့ကြောင့်မို့ လူအများစုကလက်လှမ်းမမှီနိုင်ဘူး"

ကျိုးရှင်ချန်lကရယ်လိုက်တယ်။ သူ့ကိုဘယ်လိုပြန်ချေပရမလဲတောင်မသိတော့ဘူး။ လုရှင်းစစ်ကမော့ငေါ့ပီးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ သူ့တို့ဘေးက Sport Class ရဲ့ စတင်ပြေးမဲ့ဟေးဖျီကိုတွေ့လိုက်တယ် " ခနနေကျရင် ဟိန့်ပီ မင်းကိုမမီစေနဲ့"

"စိတ်အေးလက်အေးနေပါကွာ" သွမ့်ကျားရန်ကပြောလိုက်တယ် " ငါ့ကိုမီနိုင်မဲ့သူမမွေးသေးပါဘူးကွ "

လုရှင်းစစ်ကရုတ်တရပ်မေးလိုက်တယ် " ကျန်းချီနျန်ကရော?"

သွမ့်ကျားရန်ကပြန်ပြောလိုက်တယ် " အဲ့တာကသေချာပေါက် ငါကအရှိန်လျှော့ပီးသူမကိုစောင့်နေလို့ပေါ့."

လုရှင်းစစ်:" မင်းဘာလို့သူ့ကိုကြိုက်တာလဲ"

သွမ့်ကျားရန်: " လှတယ် အရပ်ရှည်တယ် ငါ့ကို milk tea ဝယ်တိုက်တယ်"

ချန်ယွဲ့: " မင်းရဲ့စံနှုန်းတွေကလဲနိမ့်လိုက်တာကွာ"

သွမ့်ကျားရန်ကရိုးရိုးသားသားပဲပြောလိုက်တယ် " အဓိကအချက်ကတော့ လှပတာပဲ "

သူစကားပြောပီးတော့ ရုတ်တရပ်လုရှင်းစစ်ကိုကြည့်လိုက်တယ်။ သူကသူ့နှုတ်ခမ်းတွေကိုအသံမြည်အောင်လျှာနဲ့သပ်လိုက်တယ် "တကယ်လို့မင်းကမိန်းကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်​မင်းလဲသေချာပေါက်လှပနေမှာပဲ "

သူကလုရှင်းစစ်ကိုဟာသလုပ်ရဲတယ်။ ချန်ယွဲ့နဲ့ကျိုးရှင်ချန်းကတော့ဒီအခိုက်အတန့်မှာဘာပြောရမလဲမသဖြစ်သွားတယ်။ လုရှင်းစစ်ရှေ့မှာဒီလိုစကားမျိုးပြောရဲ့တဲ့ သွမ့်ကျားရန်ရဲ့စွမ်းပကားကလဲသူတို့အတွက်တော့အံ့အားသင့်စရာပင်။

" တကယ်လို့မင်းလဲကောင်မလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် " လုရှင်းစစ်ရဲ့နက်မှောင်တဲ့မျက်ဝန်းအစုံက သွမ့်ကျားရန်ရဲ့ ပယင်းရောင်မျက်လုံးလေးတွေကိုစိုက်ကြည့်ရင်းခနလောက်တမင်သက်သက်ရပ်လိုက်တယ် သူ့အသံကအနည်းငယ်လေးပင်နေသလိုပဲ " ငါမင်းကိုလိုက်(ပိုးပန်း)ချင်တယ် "

ချန်ယွဲ့: " Hahaahahahaha!"

ကျိုးရှင်ချန်း: "Hahhahahhahaha!"

သွမ့်ကျားရန်: " ... "

သွမ့်ကျားရန်စိတ်ဓာတ်ကျသွားပီးသူတို့ကိုမကြည့်တော့ဘူး။

ကစားတာမစခင်အတွက်မိနစ်အနည်းငယ်ကျန်နေသေးတယ်။

"နောက်ဆုံးတစ်ခုအနေနဲ့ " ကျိုးရှင်ချန်း ကရှေ့တိုးလာပီး လူအားလုံးကိုစုဝေးဖို့အမူအရာလုပ်ပြတယ်။ "အားလုံးကအဆင်ပြေသွားလိမ့်မယ် ငါတို့ဖြစ်သမျှကိုငါတို့ခံယူရမယ်"

ချန်ယွဲ့ကသူ့လက်တွေကိုကျိုးရှင်ချန်းလက်ဖမိုးပေါ်ကိုထပ်တင်လိုက်တယ် "ဟိုက်တိလောင်ကငါတို့ကမျှော်နေပီ"

လုရှင်းစစ်ကလဲသူ့လက်တွေကိုထပ်တင်လိုက်တယ်။

​သွမ့်ကျားရန်ကနည်းနည်းမှမလှုပ်ဘူး။

သုံးယောက်လုံးကသူ့ကိုလှည့်ကြည့်လာတယ်။

သွမ့်ကျားရန်လဲလုရှင်းစစ်လက်ဖမိုးပေါ်ကိုတင်လိုက်တယ်။

" Ah ah! ကျိုးရှင်ချန်း ဖယ်စမ်း!" ကုလီကဘေးမျဥ်းကနေ အချိုတွေကြားမှာနစ်မွန်းနေတယ်။ ကျိုးရှင်ချန်းကသူရိုက်နေတဲ့ထောင့်ကို​ကွယ်လိုက်တာတွေ့တာ တစ်ကိုယ်လုံးရူးသွပ်တော့မလိုပဲ။ " လက်တွေကိုင်ထားကြတယ်! ရပီ!"

" ... "

သေနတ်ပစ်သံနဲ့ ကစားပွဲကိုစလိုက်တာနဲ့ သွမ့်ကျားရန်နဲ့ဟေးဖျီ နှစ်ယောက်လုံးကအရှေ့ကိုတဟုန်ထိုးပြေးသွားကြတယ်။

​နှစ်ယောက်မှာတစ်ယောက်အဖြူတစ်ယောက်အမဲ ပီးတော့သူတို့ပြေးတဲ့အရှိန်တွေကအံဩစရာကောင်းလောက်အောင်မြန်တာမို့ အဖြူနဲ့အမဲအလင်းတန်းနှစ်ခုလိုပဲ။

" အဖြူနဲ့ အနက်! အဖြူနဲ့အနက်ဆန့်ကျင်ဘက်နှစ်ခုက တကယ်ကိုစွဲဆောင်နိုင်တယ်!"စင်မြင့်ပေါ်က ဆရာဟယ့်ကအရမ်းစိတ်လှုပ်ရှားနေတယ်။ " ပြေးတဲ့အလျင်ကလဲအရမ်းမြန်တယ်!အထက်တန်းကျောင်းသားတွေရဲ့အားကစားပွဲဆိုတာထက်ကိုပိုတယ်!တကယ်ကိုစိတ်လှုပ်ရှားဖွယ်ကစားပွဲပဲ!"

သူပေးပြီးသွားတဲ့အချိန်မှ ဟေးဖျီကအံကိုကျိတ်ပီး အရှိန်ကိုမြှင့်လိုက်တယ်သူ baton ကိုနောက်တစ်ယောက်ကိုပေးလိုက်တာကိုသွမ့်ကျားရန်တွေ့လိုက်တယ်။(baton ဆိုတာသူတို့ကိုင်ပြေးရတဲ့အချောင်းလေးလေ ကိုယ်ဘယ်လိုရေးရမှန်းမသိလို့)

အားပေးသံတွေ ကစားကွင်းထဲမှာကျယ်လောင်စွာထွက်ပေါ်လာတယ်။

" သွမ့်ကျားရန်ကဦးဆောင်နေပါတယ်!သူကbaton ကိုချန်ယွဲ့လက်ထဲကိုလက်လွှဲပေးလိုက်ပါပီ! ချန်ယွဲ့က ဆက်လက်ထိန်းထားနိုင်အုံးမှာလား!"

Class10 ကကောင်လေးတွေက ပြေးလမ်းအပြင်ဘက်ကနေအော်နေကြတယ်။

" အစ်ကိုကြီး!hot pot!"

"Hot pot!"

"ပုစွန်သုပ်! ငါပုစွန်စားချင်တယ်!"

​ချန်ယွဲ့ကအရှေ့ကိုရောက်ဖို့အတင်းကြိုးစားပေမဲ့ သူ့ပြေးနှုန်းကနည်းနည်းပိုနှေးနေတယ်။အဲ့ဒီအစားတစ်ဖက်အတန်းကဒုတိယလူက သူ့ကိုကျော်တက်သွားတယ်။အတန်းနှစ်တန်းလုံးက တတိယလူတွေကိုပေးပီးချိန်မှာတော့ Class10 ကနောက်ကျကျန်ခဲ့ပီ။

ကျိုးရှင်ချန်း banton ကိုရတော့​အရှေ့ကိုပြေးတယ်။ တစ်ဖက်အတန်းရဲ့တတိယလူကလူကောင်သေးသေးရယ်။ သူရဲ့ပြေးနှုန်းကမြန်တော့ နှစ်ယောက်ကြားကအကွာအဝေးကတဖြည်းဖြည်းနဲ့ဝေးသွားတယ်။ ကျိုးရှင်ချန်းဆန္ဒမရှိရင်တောင်မှ သူ baton ကိုလုရှင်းစစ်ဆီ ငါးစက္ကန့်ခြောက်စက္ကန့်လောက်နောက်ကျပီးမှလက်လွှဲပေးနိုင်တော့တယ်။

လုရှင်းစစ်က baton နဲ့အတူတဟုန်ထိုးပြေးတော့တယ်။

" အားပေး! အားပေးကြ! အတန်းခေါင်းဆောင်ကို ဩဘာပေးကြ!"

" အဲ့တာကအရမ်းဝေးသွားပီ" Class10 ကကောင်မလေးကမျက်မှောင်ကျုံ့လိုက်တယ်။ တချို့ကောင်မလေးတွေကလဲငို​နေကြတယ်"ငါတို့ဘယ်လိုလုပ်မလဲ အတန်းခေါင်းဆောင်ကမမီရင်"

" ငါတို့ဘာလို့ လုရှင်းစသ်ကို နောက်ဆုံးပြေးတဲ့သူနေရာမှာထားလဲသိလား" ချန်ယွဲ့ကကောင်မလေးကိုနှစ်သိမ့်ပေးနေတယ် "ဘာလို့ဆို သူကသန်မာလို့ပဲ "

" အခုချိန်မှာဆိုရင်ဖြင့်အတန်းနှစ်တန်းကကစားကွင်းရဲ့လေးပုံတစ်ပုံလောက်ကိုကွာဝေးနေကြပါပြီ Sport Class ကလင်းကျန့်ကရှေ့မှာ​ဦးဆောင်နေပါတယ်" ဆရာဟယ့်ကတင်ဆက်နေတယ်။ " လုရှင်းစစ်ကဒီလိုခက်ခဲတဲ့အခြေအနေထဲကို ချိုးဖြတ်နိုင်မှာလား?! ကစားပွဲကအရမ်းကို ပြင်းထန်နေပါတယ်! ကျွန်တော်တောင်ဆက်ကြည့်ဖို့ထိတ်လန့်နေမိတယ်!"

ကစားကွင်းတစ်ခုလုံးမှာအားပေးသံတွေနဲ့နစ်မွန်းနေတယ်။ ကျောက်မင်ကျွင်းတောင်မနေနိုင်ဘဲအော်လိုက်တယ် " မင်းတို့တွေလုရှင်းစစ်အတွက်အားပေးကြ!"

စုန့်ရိ: "Male god!!"

ကျိုးရှင်ချန်း: " လုကော!!!"

ချန်ယွဲ့: "ဟိုက်တိလောင်!!!"

စုန့်ရိကအော်ပီးတော့ သူဘေးမှာမတုန်မလှုပ်ရပ်နေတဲ့ သွမ်ကျားရန်ကိုပုတ်လိုက်တယ် "ရှောင်သွမ့် အတန်းခေါင်းဆောင်အတွက် မြန်မြန်အားပေးလိုက်!"

စင်မြင့်ပေါ်မှာထိုင်နေတဲ့ဆရာတွေက မတ်တပ်ရပ်လာကြပီး မယုံသင်္ကာသလိုကြည့်နေကြတယ် " ဘုရားရေ!! လုရှင်းစစ်ဘာတွေလုပ်ခဲ့တာပါလိမ့်! သူအရှိန်မြှင့်လိုက်ပီ! သူလင်းကျန့်ကိုမီနေပီပဲ!... နှစ်ယောက်သားကဘေးချင်းယှဥ်ဖြစ်နေကြပီ! ဘေးချင်းယှဥ်!!"

ကျိုးရှင်ချန်းနဲ့ ချန်ယွဲ့လဲ ခေါင်းလေးတွေလှည့်လာပီး သွမ့်ကျားရန်စကားပြောလာမှာကိုစောင့်နေတယ်။ တကယ်လို့သူကတစ်လုံးမှမပြောဘူးဆိုရင် သူတို့ထဲကတစ်ဦးတည်းသောမိဘမဲ့ကလေးလေးလိုဖြစ်နေပုံပေါ်တယ်။

အဲ့တာကတကယ်ကိုစိတ်ရှုပ်စရာပဲ။

သွမ့်ကျားရန်သက်ပြင်းတစ်ချက်ချလိုက်တယ်။

" လုရှင်းစစ်-!" သွမ့်ကျားရန်အကျယ်ကြီးအော်ပြောလိုက်တယ် " ငါပထမရချင်တယ်! မင်းမြန်မြန်ပြေး!"

သူတို့နှစ်ယောက်ကြားမှာကစားကွင်းတစ်ဝက်လောက်ခြားနေပီး နားကန်းမတတ်အားပေးသံတွေနဲ့လဲဝန်းရံထားသေးတယ်။ ပီးတော့ ဆရာဟယွက စင်မြင့်ပေါ်ကနေကအစီရင်ခံနေသေးတယ်။

ဒါပေမဲ့လဲ သူတို့ဆီကိုပြေးလာတဲ့ကောင်လေးက လူအုပ်ကြီးခြားနေတာတောင် သူ့ကိုလှမ်းကြည့်သွားတယ်လို့ သွမ့်​ကျားရန်ရေးတေးတေးလေးခံစားမိတယ်။

" - လုရှင်းစစ်က လင်းကျန့်ကိုကျော်တက်သွားပီ! ဘုရားရေ! သူကလုံးဝကိုမထင်ထားစရာတွေလုပ်သွားတာပဲ!!"

ချန်ယွဲ့ကအဲ့တာကိုကြားတော့ မထိန်းနိုင်ဘဲပြုံးလိုက်တယ် " ဆရာဟယ့်ကလက်ဆင့်ကမ်းပြေးပွဲကိုကစားပွဲတစ်ခုလို့သတ်မှတ်ထားလောက်တယ် သူ့ရှင်းပြချက်တွေက မက်မောမှုတွေနဲ့ပြည့်နေတာပဲ "

ကျိုးရှင်ချန်းလဲပဲရယ်လိုက်် " ပြိုင်ပွဲအပေါ်မှာအကျိုးသက်ရောက်မှုရှိတယ် "

လုရှင်းစစ်အဆုံးသတ်မျဥ်းကိုဖြတ်သွားတဲ့အချိန်မှာ သူ့အရှိန်ကအရမ်းမြန်လွန်းလို့ မီတာအနည်းငယ်လောက်ကျော်ပြေးပီးမှရပ်သွားတော့တယ်။

သူခါးကိုင်းလိုက်ပီးလက်ကိုဒူးပေါ်တင်ထပီးအသက်ပြင်းပြင်းရှူနေရတယ်။ ခနလောက်ကြာတော့မှ သူ့ညာဘက်လက်နဲ့ချွေးတွေကိုသုတ်လိုက်တယ်။

သူခေါင်းလေးမော့လိုက်တော့ သူ့ကိုဝိုင်းကြည့်နေတဲ့လူတွေမျက်နှာကိုတွေ့လိုက်ရတယ်။

" ကဲ လက်ဆင့်ကမ်းပြေးပွဲမှာ အနိုင်ရရှိသွားတဲ့ Class 10 ကိုဝမ်းသာစကားပြောလိုက်ကြစို့" စင့်မြင့်ပေါ်မှာ ဆရာဟယ့်က စိတ်လှုပ်ရှားစွာပြောနေတယ် "ဒီနှစ်အားကစားပြိုင်ပွဲမှာ ချန်ပီယံဆုရသွားတဲ့ Class 10 အတွက် ဒီနေရာကနေ အောင်မြင်မှုအတွက်ဂုဏ်ယူဝမ်းသာပါကြောင်းပြောကြားလိုက်ပါတယ် "

" အတန်းခေါင်းဆောင်" သွမ့်ကျားရန်ကပြုံးပီးပြောလိုက်တယ် "ဒီနေ့ အရမ်းချောတယ်"

" ခွေးကောင်လု!!!"ချန်ယွဲ့ကအော်လိုက်တယ် "ငါ့ရဲ့နတ်ဘုရား!ငါရဲ့ဖေဖေ!ငါရဲ့လမ်းပြကြယ်လေး!!"

ကျိုးရှင်ချန်းကလဲအလောတကြီးပြောတယ် "ငါကလုကောနဲ့သွမ့်ကျားရန်ဆီမှာအမြဲတမ်းမှီခိုနိုင်တယ်!! ငါ့ကိုသက်သောင့်သက်သာဖြစ်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်"

သွမ့်ကျားရန်ကအစတုန်းကသူတို့ဆီသွားဖို့တွန့်ဆုတ်နေတာ။ ဒါပေမဲ့သူ့ဘေးမှာရှိနေတဲ့စုန့်ရိကသူ့လက်မောင်းကိုရိုက်ပီး သူကို့တွန်းလိုက်တာ လုရှင်းစစ်ကျောပြင်နဲ့တည့်တည့်ကြီးကိုတိုက်မိတော့တယ်။

သွမ့်ကျားရန်: " ... "

သူတို့တွေတင်မကဘူး တခြားသူတွေလဲဒီနေရာကိုပြေးလာကြတယ်။ ချန်ယွဲ့စိတ်နောက်သွားပီး နောက်ကိုနှစ်လှမ်းလောက်ဆုတ်လိုက်တော့ သူ့လက်မောင်းပေါ်မှာခြစ်ရာတိမ်တိမ်လေးတွေ့​တယ်။

"မင်းလက်ကသွေးထွက်နေတာလား"

" နေရခက်နေရုံပဲ" လုရှင်းစစ်ကပြောလိုက်​တယ် "ဘာမှားနေလို့လဲ"

" ငါ့ meal card ဖြစ်လောက်တယ် ငါမနေ့တုန်းကမှcardပြောင်းထားတာ" ချန်ယွဲ့ကပြောလိုက်တယ် "မင်းငါ့ကိုတောင်းပန်စေချင်လား? ငါချက်ချင်းထိုင်တောင်းပန်မယ်"

"အနာသေးသေးလေးပါပဲ" လုရှင်းစစ်စကားလုံးတွေကသူရဲ့ 'ဖြောင့်မတ်တယ်'ဆိုတဲ့ဂုဏ်ပုဒ်အတိုင်းပဲအရမ်းရှင်းလင်းပီးသဘာဝဆန်တယ်။

" ... "

" လုရှင်းစစ် " ကျောက်​မင်ကျွင်းကခေါ်လိုက်တယ် "ခနနေကျရင် အခမ်းအနားပိတ်ပွဲကျင်းပလိမ့်မယ် တစ်တန်းကိုတစ်ယောက်စီစင်ပေါ်ကိုဆုယူရအောင်သွားရမှာ မင်းသွားလိုက်"

လုရှင်းစစ်ကရုတ်တရပ်နောက်ကိုလှည့်လိုက်တယ်။

သူရဲ့နက်မှောင်တဲ့မျက်ဝန်းတစ်စုံကသွမ့်ကျားရန်ကိုဖြတ်ခနဲကြည့်လိုက်တယ်။

" ပထမရချင်တာမလား ?"သူကပြောတယ် "သွားယူလေ"

သွမ့်ကျားရန်အံ့ဩသွားတယ်။ သူ့ရဲ့ပထမဆုံးတုံ့ပြန်ချက်ကတော့ သူတကယ်ကြီးသူ့အသံကိုဒီပတ်ဝန်းကျင်(လူတွေကြား)မှာကြားခဲ့တယ်!!

သူလုရှင်းစစ်ကိုပြန်မေးလိုက်တယ် "ငါယူရမှာ?တကယ်လား?"

ကျောက်မင်ကျွင်းက လုရှင်းစစ်ကိုတလှည့် သွမ့်ကျားရန်ကိုတလှည့်ကြည့်လိုက်တယ် "ငါတို့အတန်းထဲကကျောင်းသားတွေဆို ငါတို့အတွက်မသင့်တော်တဲ့သူမရှိဘူး"

ကျောက်မင်ကျွင်းကသူ့သဘောထားကိုပြောလိုက်တယ် " ဘယ်သူပဲယူယူ ဆုကဆုပဲ ဒါနဲ့ မင်းတို့မှာရောထင်မြင်ချက်လေးမရှိဘူးလား"

" ကျွန်တော်တို့တွေကမင်းသားလေးနောက် လိုက်ပါ,နေရတာပါ " ချန်ယွဲ့ကလဲပြုံးနေတယ် " မင်းကပထမဆုလိုချင်နေမှတော့ ဒီဧကရာဇ်ကဘာလို့မပေးနိုင်ရမှာလဲ"

သွမ့်ကျားရန်လဲမချုပ်တီးနိုင်ဘဲ ပြုံးမိတယ်။

လုရှင်းစစ်ကပြုံးပီး ချန်ယွဲ့ကိုလှမ်းကန်လိုက်တယ် "အကျင့်ပါနေတာလား "

သွမ့်ကျားရန်ကဆုယူဖို့စင်ပေါ်ကိုတက်သွားလိုက်တယ်။

ဒုတိယနေရာက Sport Class ဖြစ်ပီး တတိယဆုကတော့တခြားတစ်တန်းကဖြစ်တယ်။

ကျောင်းက ဆရာဟယ့်ရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ရှင်းပြချက်တွေကိုကောင်းတယ်လို့ခံစားရလို့ထင်တယ်။ သူကစင်​ပေါ်ကနေခုထိမဆင်းရသေးဘဲ ဆရာဟယ့်ကို အခမ်းအနားပိတ်ပွဲအတွက် ဆက်ပီးပြောဆိုစေတယ်။

" အာ့ဆိုကျေးဇူးပြု၍ပထမနဲ့ဒုတိယရတဲ့အတန်းတွေရဲ့ကိုယ်စားပြုနှစ်ယောက်ကအားပေးစကားတစ်ခုခုပြောကြားပေးကြပါအုံး" ဆရာဟောကပြောလိုက်တယ် "မင်းတို့ရဲ့ပြိုင်ဘက်အတန်းတွေကိုကျေးဇူးတင်ကြ သူတို့တွေကမင်းကိုပိုပီးသန်စွမ်းလာစေဖို့တည်ရှိနေကြတာ"

"သွမ့်ကော" ဟေးဖျီကခေါ်လိုက်တယ် "ငါအစတုန်းကမင်းပေါ်အထင်လွဲတာတွေရှိခဲ့တယ် ဒီကစားပွဲပြီးတဲ့အချိန်ကစပီး အတိတ်ကိုလဲမေ့လိုက်တော့ ဒီနောက်ဆုံးလက်ဆင့်ကမ်းပြေးပွဲကတကယ်ကိုကောင်းပီး ငါတို့ Sport Class အတွက်လဲအဆင်ပြေပါတယ် "

"အတန်းသား ကျန်းလင်ကတကယ်ကိုရိုးသားပါတယ် အတန်းသားသွမ့်ကျားရန်ကရောသူ့ကိုဘာများပြောချင်ပါသလဲ "

တစ်ကျောင်းလုံးကဆရာဆရာမတွေကျောင်းသားတွေရှေ့မှာ သွမ့်ကျားရန်ကသူ့လက်ကိုရုတ်တရပ်ဆန့်ထုတ်လိုက်တယ်။

ပီးတော့လက်မလေးထောင်လာတယ်။

ဆရာဟောက အရမ်းစိတ်ဝင်စားနေတယ် "သွမ့်ကျားရန်ကဘာကိုဆိုလိုတာလဲ "

" သူ့ကိုချီးမွမ်းတာပါ"သွမ့်ကျားရန်ကပြောလိုက်တယ် "နောက်တစ်နှစ်မှာဆက်ကြိုးစားပါ ငါတို့ထက်သာဖို့ကြိုးစားထား"

" ... "

" ဒါကအရမ်းကောင်းတယ် အရမ်းကောင်းတယ်" ဆရာဟောကပျော်ရွှင်နေတယ် "ခင်မင်ရင်းနှီးမှုကပထမ ယှဥ်ပြိုင်မှုကဒုတိယ"

စင်အောက်မှာတော့ချန်ယွဲ့ကရူးမတတ်ရယ်နေတယ် "သူကဘာလို့ဒီလောက်ရယ်စရာကောင်းနေတာလဲကွာ?Hahaha! အဲ့တာကိုသဘောကျတယ်! ရှုံးနိမ့်မှုကိုသူကစိန်ခေါ်နေတာ!"

စင်ပေါ်မှာရှိနေတဲ့ သွမ်ကျားရန်ကို လုရှင်းစစ်ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းတွေကတွန့်တက်သွားတယ်။

"သူကအရမ်းစိတ်ဝင်စားစရာကောင်းတယ်"

✨—————✨

Zawgyi

ဒီအံ့အားသင့္စရာ မီတာသုံးေထာင္ေျပးပြဲက ရွိေနတဲ့ေက်ာင္းသားေတြကိုအထင္ႀကီးေစ႐ုံသာမက ဆရာဆရာမေတြကိုလဲလွုက္လွုပ္ရွားရွားျဖစ္သြားေစတယ္။

ဒုတိယႏွစ္အတြက္ ကာယဆရာေလးေယာက္ရွိတယ္။ အားကစားၿပိဳင္ပြဲမွာ ဆရာေလးေယာက္လုံးက ဒိုင္လူႀကီးအသင္းမွာပါဝင္ၾကတယ္။ ဆရာေတြထဲကတစ္ေယာက္က မ်ိဳးရိုးနာမည္ဟယ့္ နဲ႔သူျဖစ္တယ္။ သူက Class 10 နဲ႔ Sport Class ေတြသင္ရတယ္။ အားကစားၿပိဳင္ပြဲမွာဝင္ပါတဲ့ေက်ာင္းသားေတြက တအားစိတ္ဓာတ္ျပင္းထန္တာေတြ႕ေတာ့ ဆရာေဟာ အရမ္းသေဘာက်သြားတယ္။

"ဘယ္ေလာက္ေတာင္ အံ့ဩဖို႔ေကာင္းလိုက္တဲ့ ကစားပြဲလဲ!" ဆရာဟယ့္က ေက်ာက္မင္ကၽြင္းကိုေျပာလိုက္တယ္ " ဆရာမေက်ာက္ မင္းတို႔အတန္းက သြမ့္က်ားရန္ကတကယ္ေတာ္တဲ့ေကာင္ေလးပဲ! ကၽြန္ေတာ္ ဒီလိုဂုဏ္ယူဖြယ္ရာေတြစုေပါင္းေနျဖစ္တည္ေနတဲ့ ေကာင္ေလးမ်ိဳးမေတြ႕ရတာေတာင္အေတာ္ၾကာပီ!"

ေက်ာက္မင္ကၽြင္းကေျပာလိုက္တယ္ "သူက ဂုဏ္ျပဳသင့္တဲ့ေက်ာင္းသားေကာင္းတစ္ေယာက္ပဲ "

အားကစားပြဲရဲ့ဒုတိယေျမာက္ေန႔မွာေတာ့ Class 10 နဲ႔ Sport Class က finale ​အဆင့္ေရာက္ေနပီဆိုတာ သူသိလိုက္တယ္။ ဆရာဟယ္က စင့္ျမင့္ေပၚမွာေစတနာ့ဝန္ထမ္းလုပ္ေနခဲ့တယ္။ သူကလက္ဆင့္ကမ္းေျပးပြဲအတြက္ တိုက္ရိုက္အစီရင္ခံတာယာယီလုပ္ေဆာင္ဖို႔ဆုံးျဖတ္လိုက္တယ္။ အာ့ဆိုရင္ ဆရာေတြေရာေက်ာင္းသားေတြေရာအားကစားၿပိဳင္ပြဲရဲ့ ေပ်ာ္ရႊင္မွုကို အျပည့္အဝခံစားရလိမ့္မယ္။

သူတို႔ရဲ့ကံကိုခံစားနိုင္ေစခ်င္လို႔ျဖစ္​နိုင္တယ္။ ကစားပြဲမစခင္မွာဆရာဟယ့္က ေျပာတယ္ " ဒီ 4×400 မီတာ လက္ဆင့္ကမ္း​ေျပးပြဲကအရမ္းအေရးႀကီးတယ္။ တကယ္လို႔ 5 points ရမယ္ဆိုရင္ Class 10 က Sport Class ကိုဖိႏွိပ္နိုင္ပီး အားကစားၿပိဳင္ပြဲရဲ့ပထမေနရာျဖစ္လာမယ္ တစ္ဖက္မွာလဲ Sport Class ကရမယ္ဆိုရင္ သူတို႔အတန္းကေအာင္ျမင္မွုမွာ ခိုင္ခိုင္ျမဲျမဲရပ္တည္နိုင္ပီး ႏွစ္ႏွစ္ဆက္တိုက္ champion ဆုကိုလဲရမယ္။ ဒီကစားပြဲကအဆုံးသတ္ရလဒ္ကိုဆုံးျဖတ္ေပးလိမ့္မယ္ ငါတို႔ေတြကမ်ားေသာအားျဖင့္အဲ့တာကို... "(4×400= တစ္ေယာက္ကို400m စီနဲ႔ေလးေယာက္ေျပးရတာပါ)

ဆရာဟယ့္ကခနေလာက္စိတ္အလိုလိုက္ပီးေျပာလိုက္ေပမဲ့ ခနေနက်ေတာ့ က်န္တဲ့တစ္ဝက္က ဘာကိုေခၚလဲဆိုတာမသိေတာ့ဘူး။

ပရိတ္သတ္ထဲကတစ္စုံတစ္ေယာက္ကလွမ္းေအာ္လိုက္တယ္ " ဆရာအဲ့တာ ထ်န္းဝမ္ေတာင္ထြဋ္တိုက္ပြဲပါ "

" ဟုတ္တယ္ ဟုတ္တယ္ Class 10 နဲ႔ Sport Class နဲ႔ၾကားက ထ်န္းဝမ္ေတာင္ထြဋ္တိုက္ပြဲက စတင္ေတာ့မယ္ " ဆရာဟယ့္ကပူးေပါင္းပီးေျပာတယ္ " ကစားပြဲမစခင္မွာ ေက်ာင္းသားေတြက ကစားသမားေတြကိုအားျဖည့္ေပးလိုက္ၾကအုံး Sport Class ကအတန္းေဖာ္ေတြအအရင္စ "

" လင္းေကာ ႀကိဳးစားထား ျပည္နယ္အဆင့္အဖြဲ႕ဝင္တစ္ေယာက္ရဲ့ပုံစံကိုထုတ္ျပလိုက္!"

"ေဟးဖ်ီ ငါ့ကိုအားအင္ေတြေပးပါ "

Sport Class ကလုံေလာက္သြားေတာ့ ဆရာဟယ့္က တ​ဖက္အတန္းကိုလွုံ႔ေဆာ္လိုက္တယ္ " Class10 ကအတန္းေဖာ္ေတြကအားကစားသမားေတြကိုအားေပးလိုက္ၾကအုံး!"

" အတန္းေခါင္းေဆာင္ Cheers!"

" ေက်ာင္း idol ေလးကအေခ်ာဆုံး! ေက်ာင္းလူဆိုးေလးကအံ့ဩဖို႔အေကာင္းဆုံး!"

" အဆုံးသတ္မွာ Class 10 ပဲအနိုင္ရရမယ္!"

" ႏွစ္ဖက္လုံးကေက်ာင္းသားေတြက အရမ္းစိတ္ဓာတ္ျပင္းထန္တာပဲ " ဆရာဟယ့္က အရမ္းေက်နပ္ေနတယ္ " အာ့ဆိုကၽြန္ေတာ္တို႔ အတန္းႏွစ္တန္းရဲ့ ပါဝင္ယွဥ္ၿပိဳင္သူတို႔ေတြကိုၾကည့္ၾကပါစို႔။ Class 10 ကလူေတြကေတာ့ သြမ့္က်ားရန္ ခ်န္ယြဲ႕ က်ိဳးရွင္ခ်န္း လုရွင္းစစ္။ Sport Class ကလူေတြကေတာ့ က်န္းလင္ ကုရွန္းယြီ က်ိဳးေရွာင္ ေနာက္ဆုံးတစ္ေယာက္ကေတာ့ လင္းက်န္႔။ သူတို႔အားလုံးကေကာင္ေခ်ာေလးေတြျဖစ္လို ေျပးလမ္းေပၚမွာရပ္ေနမယ္ဆိုရင္ အျမင္အာ႐ုံေတြကိုဖမ္းစားနိုင္မွာကေတာ့ သံသယျဖစ္စရာမရွိပါဘူး "

ကုလီကေအာ္ဟစ္အားေပးေနပီး စမွတ္ေနရာကေန လက္ေဝွ႕ရမ္းေနတယ္ " က်ိဳးရွင္ခ်န္း! ေဘးမွာရပ္! လုေကာနဲ႔ေရွာင္သြမ့္ကိုငါ့မ်က္စိေရွ႕ကကြယ္မထားနဲ႔ !"

" ... " က်ိဳးရွင္ခ်န္းဘာခံစားခ်က္မွမရွိဘဲေျပာလိုက္တယ္ " ဒီအမ်ိဳးသမီးေလးက သူ႔ခ်စ္သူေကာင္ေလးကိုက်ေဘးဖယ္ခိုင္းပီး မင္းတို႔ႏွစ္ေယာက္ကိုပဲဓာတ္ပုံရိုက္ဖို႔ႀကိဳးစားေနတယ္ "

သြမ့္က်ားရန္ကသိခ်င္မိတယ္ " ဘာလို႔လဲ "

" ငါလဲမသိဘူး သူမေျပာတာကသူမက မင္းနဲ႔ လုေကာရဲ့ fan တဲ့ သူမလာရာလမ္းအတိုင္းျပန္သြားေအာင္ မင္းေကာင္မေလးတစ္ေယာက္ေလာက္ရွာသင့္တယ္ လုေကာေရာပဲ"

"ေကာင္းၿပီ " လုရွင္းစစ္ကသူ႔ရဲ့ေျခဖဝါးနဲ႔ဖြဖြေလးလွမ္းကန္ပီး သာမန္ကာလၽွံကာပဲ​ေျပာလိုက္တယ္ "မင္းငါ့ကိုတစ္ေယာက္ေယာက္နဲ႔မိတ္ဆက္ေပးလို႔လား "

" ငါမင္းကိုေကာင္မေလးတစ္ေယာက္နဲ႔မိတ္ဆက္ေပးဖို႔ႀကိဳးစားေသးတယ္ေလ မင္းပဲသူ႔ကိုစကားေလးတစ္ခြန္းနဲ႔ႏွစ္ခြန္းနဲ႔ျငင္းလိုက္တာကို " က်ိဳးရွင္ခ်န္းကေခါင္းခါရင္းေျပာတယ္ " ငါအဲ့ဒီလိုစိတ္မခ်မ္းေျမ့စရာေတြမလုပ္ဘူး "

" ငါကမင္းမိတ္ဆက္ေပးစရာမလိုပါဘူး" သြမ္က်ားရန္ သူ႔ႏွုတ္ခမ္းေတြကိုတြန္႔ေကြးပီးေျပာလိုက္တယ္ " ငါကအရမ္းေခ်ာတယ္ အာ့ေၾကာင့္မို႔ လူအမ်ားစုကလက္လွမ္းမမွီနိုင္ဘူး"

က်ိဳးရွင္ခ်န္lကရယ္လိုက္တယ္။ သူ႔ကိုဘယ္လိုျပန္ေခ်ပရမလဲေတာင္မသိေတာ့ဘူး။ လုရွင္းစစ္ကေမာ့ေငါ့ပီးညႊန္ျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ သူ႔တို႔ေဘးက Sport Class ရဲ့ စတင္ေျပးမဲ့ေဟးဖ်ီကိုေတြ႕လိုက္တယ္ " ခနေနက်ရင္ ဟိန္႔ပီ မင္းကိုမမီေစနဲ႔"

"စိတ္ေအးလက္ေအးေနပါကြာ" သြမ့္က်ားရန္ကေျပာလိုက္တယ္ " ငါ့ကိုမီနိုင္မဲ့သူမေမြးေသးပါဘူးကြ "

လုရွင္းစစ္က႐ုတ္တရပ္ေမးလိုက္တယ္ " က်န္းခ်ီန်န္ကေရာ?"

သြမ့္က်ားရန္ကျပန္ေျပာလိုက္တယ္ " အဲ့တာကေသခ်ာေပါက္ ငါကအရွိန္ေလၽွာ့ပီးသူမကိုေစာင့္ေနလို႔ေပါ့."

လုရွင္းစစ္:" မင္းဘာလို႔သူ႔ကိုႀကိဳက္တာလဲ"

သြမ့္က်ားရန္: " လွတယ္ အရပ္ရွည္တယ္ ငါ့ကို milk tea ဝယ္တိုက္တယ္"

ခ်န္ယြဲ႕: " မင္းရဲ့စံႏွုန္းေတြကလဲနိမ့္လိုက္တာကြာ"

သြမ့္က်ားရန္ကရိုးရိုးသားသားပဲေျပာလိုက္တယ္ " အဓိကအခ်က္ကေတာ့ လွပတာပဲ "

သူစကားေျပာပီးေတာ့ ႐ုတ္တရပ္လုရွင္းစစ္ကိုၾကည့္လိုက္တယ္။ သူကသူ႔ႏွုတ္ခမ္းေတြကိုအသံျမည္ေအာင္လၽွာနဲ႔သပ္လိုက္တယ္ "တကယ္လို႔မင္းကမိန္းကေလးတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္​မင္းလဲေသခ်ာေပါက္လွပေနမွာပဲ "

သူကလုရွင္းစစ္ကိုဟာသလုပ္ရဲတယ္။ ခ်န္ယြဲ႕နဲ႔က်ိဳးရွင္ခ်န္းကေတာ့ဒီအခိုက္အတန္႔မွာဘာေျပာရမလဲမသျဖစ္သြားတယ္။ လုရွင္းစစ္ေရွ႕မွာဒီလိုစကားမ်ိဳးေျပာရဲ့တဲ့ သြမ့္က်ားရန္ရဲ့စြမ္းပကားကလဲသူတို႔အတြက္ေတာ့အံ့အားသင့္စရာပင္။

" တကယ္လို႔မင္းလဲေကာင္မေလးတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ " လုရွင္းစစ္ရဲ့နက္ေမွာင္တဲ့မ်က္ဝန္းအစုံက သြမ့္က်ားရန္ရဲ့ ပယင္းေရာင္မ်က္လုံးေလးေတြကိုစိုက္ၾကည့္ရင္းခနေလာက္တမင္သက္သက္ရပ္လိုက္တယ္ သူ႔အသံကအနည္းငယ္ေလးပင္ေနသလိုပဲ " ငါမင္းကိုလိုက္(ပိုးပန္း)ခ်င္တယ္ "

ခ်န္ယြဲ႕: " Hahaahahahaha!"

က်ိဳးရွင္ခ်န္း: "Hahhahahhahaha!"

သြမ့္က်ားရန္: " ... "

သြမ့္က်ားရန္စိတ္ဓာတ္က်သြားပီးသူတို႔ကိုမၾကည့္ေတာ့ဘူး။

ကစားတာမစခင္အတြက္မိနစ္အနည္းငယ္က်န္ေနေသးတယ္။

"ေနာက္ဆုံးတစ္ခုအေနနဲ႔ " က်ိဳးရွင္ခ်န္း ကေရွ႕တိုးလာပီး လူအားလုံးကိုစုေဝးဖို႔အမူအရာလုပ္ျပတယ္။ "အားလုံးကအဆင္ေျပသြားလိမ့္မယ္ ငါတို႔ျဖစ္သမၽွကိုငါတို႔ခံယူရမယ္"

ခ်န္ယြဲ႕ကသူ႔လက္ေတြကိုက်ိဳးရွင္ခ်န္းလက္ဖမိုးေပၚကိုထပ္တင္လိုက္တယ္ "ဟိုက္တိေလာင္ကငါတို႔ကေမၽွာ္ေနပီ"

လုရွင္းစစ္ကလဲသူ႔လက္ေတြကိုထပ္တင္လိုက္တယ္။

​သြမ့္က်ားရန္ကနည္းနည္းမွမလွုပ္ဘူး။

သုံးေယာက္လုံးကသူ႔ကိုလွည့္ၾကည့္လာတယ္။

သြမ့္က်ားရန္လဲလုရွင္းစစ္လက္ဖမိုးေပၚကိုတင္လိုက္တယ္။

" Ah ah! က်ိဳးရွင္ခ်န္း ဖယ္စမ္း!" ကုလီကေဘးမ်ဥ္းကေန အခ်ိဳေတြၾကားမွာနစ္မြန္းေနတယ္။ က်ိဳးရွင္ခ်န္းကသူရိုက္ေနတဲ့ေထာင့္ကို​ကြယ္လိုက္တာေတြ႕တာ တစ္ကိုယ္လုံး႐ူးသြပ္ေတာ့မလိုပဲ။ " လက္ေတြကိုင္ထားၾကတယ္! ရပီ!"

" ... "

ေသနတ္ပစ္သံနဲ႔ ကစားပြဲကိုစလိုက္တာနဲ႔ သြမ့္က်ားရန္နဲ႔ေဟးဖ်ီ ႏွစ္ေယာက္လုံးကအေရွ႕ကိုတဟုန္ထိုးေျပးသြားၾကတယ္။

​ႏွစ္ေယာက္မွာတစ္ေယာက္အျဖဴတစ္ေယာက္အမဲ ပီးေတာ့သူတို႔ေျပးတဲ့အရွိန္ေတြကအံဩစရာေကာင္းေလာက္ေအာင္ျမန္တာမို႔ အျဖဴနဲ႔အမဲအလင္းတန္းႏွစ္ခုလိုပဲ။

" အျဖဴနဲ႔ အနက္! အျဖဴနဲ႔အနက္ဆန္႔က်င္ဘက္ႏွစ္ခုက တကယ္ကိုစြဲေဆာင္နိုင္တယ္!"စင္ျမင့္ေပၚက ဆရာဟယ့္ကအရမ္းစိတ္လွုပ္ရွားေနတယ္။ " ေျပးတဲ့အလ်င္ကလဲအရမ္းျမန္တယ္!အထက္တန္းေက်ာင္းသားေတြရဲ့အားကစားပြဲဆိုတာထက္ကိုပိုတယ္!တကယ္ကိုစိတ္လွုပ္ရွားဖြယ္ကစားပြဲပဲ!"

သူေပးၿပီးသြားတဲ့အခ်ိန္မွ ေဟးဖ်ီကအံကိုက်ိတ္ပီး အရွိန္ကိုျမႇင့္လိုက္တယ္သူ baton ကိုေနာက္တစ္ေယာက္ကိုေပးလိုက္တာကိုသြမ့္က်ားရန္ေတြ႕လိုက္တယ္။(baton ဆိုတာသူတို႔ကိုင္ေျပးရတဲ့အေခ်ာင္းေလးေလ ကိုယ္ဘယ္လိုေရးရမွန္းမသိလို႔)

အားေပးသံေတြ ကစားကြင္းထဲမွာက်ယ္ေလာင္စြာထြက္ေပၚလာတယ္။

" သြမ့္က်ားရန္ကဦးေဆာင္ေနပါတယ္!သူကbaton ကိုခ်န္ယြဲ႕လက္ထဲကိုလက္လႊဲေပးလိုက္ပါပီ! ခ်န္ယြဲ႕က ဆက္လက္ထိန္းထားနိုင္အုံးမွာလား!"

Class10 ကေကာင္ေလးေတြက ေျပးလမ္းအျပင္ဘက္ကေနေအာ္ေနၾကတယ္။

" အစ္ကိုႀကီး!hot pot!"

"Hot pot!"

"ပုစြန္သုပ္! ငါပုစြန္စားခ်င္တယ္!"

​ခ်န္ယြဲ႕ကအေရွ႕ကိုေရာက္ဖို႔အတင္းႀကိဳးစားေပမဲ့ သူ႔ေျပးႏွုန္းကနည္းနည္းပိုေႏွးေနတယ္။အဲ့ဒီအစားတစ္ဖက္အတန္းကဒုတိယလူက သူ႔ကိုေက်ာ္တက္သြားတယ္။အတန္းႏွစ္တန္းလုံးက တတိယလူေတြကိုေပးပီးခ်ိန္မွာေတာ့ Class10 ကေနာက္က်က်န္ခဲ့ပီ။

က်ိဳးရွင္ခ်န္း banton ကိုရေတာ့​အေရွ႕ကိုေျပးတယ္။ တစ္ဖက္အတန္းရဲ့တတိယလူကလူေကာင္ေသးေသးရယ္။ သူရဲ့ေျပးႏွုန္းကျမန္ေတာ့ ႏွစ္ေယာက္ၾကားကအကြာအေဝးကတျဖည္းျဖည္းနဲ႔ေဝးသြားတယ္။ က်ိဳးရွင္ခ်န္းဆႏၵမရွိရင္ေတာင္မွ သူ baton ကိုလုရွင္းစစ္ဆီ ငါးစကၠန္႔ေျခာက္စကၠန္႔ေလာက္ေနာက္က်ပီးမွလက္လႊဲေပးနိုင္ေတာ့တယ္။

လုရွင္းစစ္က baton နဲ႔အတူတဟုန္ထိုးေျပးေတာ့တယ္။

" အားေပး! အားေပးၾက! အတန္းေခါင္းေဆာင္ကို ဩဘာေပးၾက!"

" အဲ့တာကအရမ္းေဝးသြားပီ" Class10 ကေကာင္မေလးကမ်က္ေမွာင္က်ဳံ႕လိုက္တယ္။ တခ်ိဳ႕ေကာင္မေလးေတြကလဲငို​ေနၾကတယ္"ငါတို႔ဘယ္လိုလုပ္မလဲ အတန္းေခါင္းေဆာင္ကမမီရင္"

" ငါတို႔ဘာလို႔ လုရွင္းစသ္ကို ေနာက္ဆုံးေျပးတဲ့သူေနရာမွာထားလဲသိလား" ခ်န္ယြဲ႕ကေကာင္မေလးကိုႏွစ္သိမ့္ေပးေနတယ္ "ဘာလို႔ဆို သူကသန္မာလို႔ပဲ "

" အခုခ်ိန္မွာဆိုရင္ျဖင့္အတန္းႏွစ္တန္းကကစားကြင္းရဲ့ေလးပုံတစ္ပုံေလာက္ကိုကြာေဝးေနၾကပါၿပီ Sport Class ကလင္းက်န္႔ကေရွ႕မွာ​ဦးေဆာင္ေနပါတယ္" ဆရာဟယ့္ကတင္ဆက္ေနတယ္။ " လုရွင္းစစ္ကဒီလိုခက္ခဲတဲ့အေျခအေနထဲကို ခ်ိဳးျဖတ္နိုင္မွာလား?! ကစားပြဲကအရမ္းကို ျပင္းထန္ေနပါတယ္! ကၽြန္ေတာ္ေတာင္ဆက္ၾကည့္ဖို႔ထိတ္လန္႔ေနမိတယ္!"

ကစားကြင္းတစ္ခုလုံးမွာအားေပးသံေတြနဲ႔နစ္မြန္းေနတယ္။ ေက်ာက္မင္ကၽြင္းေတာင္မေနနိုင္ဘဲေအာ္လိုက္တယ္ " မင္းတို႔ေတြလုရွင္းစစ္အတြက္အားေပးၾက!"

စုန္႔ရိ: "Male god!!"

က်ိဳးရွင္ခ်န္း: " လုေကာ!!!"

ခ်န္ယြဲ႕: "ဟိုက္တိေလာင္!!!"

စုန္႔ရိကေအာ္ပီးေတာ့ သူေဘးမွာမတုန္မလွုပ္ရပ္ေနတဲ့ သြမ္က်ားရန္ကိုပုတ္လိုက္တယ္ "ေရွာင္သြမ့္ အတန္းေခါင္းေဆာင္အတြက္ ျမန္ျမန္အားေပးလိုက္!"

စင္ျမင့္ေပၚမွာထိုင္ေနတဲ့ဆရာေတြက မတ္တပ္ရပ္လာၾကပီး မယုံသကၤာသလိုၾကည့္ေနၾကတယ္ " ဘုရားေရ!! လုရွင္းစစ္ဘာေတြလုပ္ခဲ့တာပါလိမ့္! သူအရွိန္ျမႇင့္လိုက္ပီ! သူလင္းက်န္႔ကိုမီေနပီပဲ!... ႏွစ္ေယာက္သားကေဘးခ်င္းယွဥ္ျဖစ္ေနၾကပီ! ေဘးခ်င္းယွဥ္!!"

က်ိဳးရွင္ခ်န္းနဲ႔ ခ်န္ယြဲ႕လဲ ေခါင္းေလးေတြလွည့္လာပီး သြမ့္က်ားရန္စကားေျပာလာမွာကိုေစာင့္ေနတယ္။ တကယ္လို႔သူကတစ္လုံးမွမေျပာဘူးဆိုရင္ သူတို႔ထဲကတစ္ဦးတည္းေသာမိဘမဲ့ကေလးေလးလိုျဖစ္ေနပုံေပၚတယ္။

အဲ့တာကတကယ္ကိုစိတ္ရွုပ္စရာပဲ။

သြမ့္က်ားရန္သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္။

" လုရွင္းစစ္-!" သြမ့္က်ားရန္အက်ယ္ႀကီးေအာ္ေျပာလိုက္တယ္ " ငါပထမရခ်င္တယ္! မင္းျမန္ျမန္ေျပး!"

သူတို႔ႏွစ္ေယာက္ၾကားမွာကစားကြင္းတစ္ဝက္ေလာက္ျခားေနပီး နားကန္းမတတ္အားေပးသံေတြနဲ႔လဲဝန္းရံထားေသးတယ္။ ပီးေတာ့ ဆရာဟယြက စင္ျမင့္ေပၚကေနကအစီရင္ခံေနေသးတယ္။

ဒါေပမဲ့လဲ သူတို႔ဆီကိုေျပးလာတဲ့ေကာင္ေလးက လူအုပ္ႀကီးျခားေနတာေတာင္ သူ႔ကိုလွမ္းၾကည့္သြားတယ္လို႔ သြမ့္​က်ားရန္ေရးေတးေတးေလးခံစားမိတယ္။

" - လုရွင္းစစ္က လင္းက်န္႔ကိုေက်ာ္တက္သြားပီ! ဘုရားေရ! သူကလုံးဝကိုမထင္ထားစရာေတြလုပ္သြားတာပဲ!!"

ခ်န္ယြဲ႕ကအဲ့တာကိုၾကားေတာ့ မထိန္းနိုင္ဘဲျပဳံးလိုက္တယ္ " ဆရာဟယ့္ကလက္ဆင့္ကမ္းေျပးပြဲကိုကစားပြဲတစ္ခုလို႔သတ္မွတ္ထားေလာက္တယ္ သူ႔ရွင္းျပခ်က္ေတြက မက္ေမာမွုေတြနဲ႔ျပည့္ေနတာပဲ "

က်ိဳးရွင္ခ်န္းလဲပဲရယ္လိုက္္ " ၿပိဳင္ပြဲအေပၚမွာအက်ိဳးသက္ေရာက္မွုရွိတယ္ "

လုရွင္းစစ္အဆုံးသတ္မ်ဥ္းကိုျဖတ္သြားတဲ့အခ်ိန္မွာ သူ႔အရွိန္ကအရမ္းျမန္လြန္းလို႔ မီတာအနည္းငယ္ေလာက္ေက်ာ္ေျပးပီးမွရပ္သြားေတာ့တယ္။

သူခါးကိုင္းလိုက္ပီးလက္ကိုဒူးေပၚတင္ထပီးအသက္ျပင္းျပင္းရွူေနရတယ္။ ခနေလာက္ၾကာေတာ့မွ သူ႔ညာဘက္လက္နဲ႔ေခၽြးေတြကိုသုတ္လိုက္တယ္။

သူေခါင္းေလးေမာ့လိုက္ေတာ့ သူ႔ကိုဝိုင္းၾကည့္ေနတဲ့လူေတြမ်က္ႏွာကိုေတြ႕လိုက္ရတယ္။

" ကဲ လက္ဆင့္ကမ္းေျပးပြဲမွာ အနိုင္ရရွိသြားတဲ့ Class 10 ကိုဝမ္းသာစကားေျပာလိုက္ၾကစို႔" စင့္ျမင့္ေပၚမွာ ဆရာဟယ့္က စိတ္လွုပ္ရွားစြာေျပာေနတယ္ "ဒီႏွစ္အားကစားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရသြားတဲ့ Class 10 အတြက္ ဒီေနရာကေန ေအာင္ျမင္မွုအတြက္ဂုဏ္ယူဝမ္းသာပါေၾကာင္းေျပာၾကားလိုက္ပါတယ္ "

" အတန္းေခါင္းေဆာင္" သြမ့္က်ားရန္ကျပဳံးပီးေျပာလိုက္တယ္ "ဒီေန႔ အရမ္းေခ်ာတယ္"

" ေခြးေကာင္လု!!!"ခ်န္ယြဲ႕ကေအာ္လိုက္တယ္ "ငါ့ရဲ့နတ္ဘုရား!ငါရဲ့ေဖေဖ!ငါရဲ့လမ္းျပၾကယ္ေလး!!"

က်ိဳးရွင္ခ်န္းကလဲအေလာတႀကီးေျပာတယ္ "ငါကလုေကာနဲ႔သြမ့္က်ားရန္ဆီမွာအျမဲတမ္းမွီခိုနိုင္တယ္!! ငါ့ကိုသက္ေသာင့္သက္သာျဖစ္ေစတဲ့အတြက္ ေက်းဇူးတင္ပါတယ္"

သြမ့္က်ားရန္ကအစတုန္းကသူတို႔ဆီသြားဖို႔တြန္႔ဆုတ္ေနတာ။ ဒါေပမဲ့သူ႔ေဘးမွာရွိေနတဲ့စုန္႔ရိကသူ႔လက္ေမာင္းကိုရိုက္ပီး သူကို႔တြန္းလိုက္တာ လုရွင္းစစ္ေက်ာျပင္နဲ႔တည့္တည့္ႀကီးကိုတိုက္မိေတာ့တယ္။

သြမ့္က်ားရန္: " ... "

သူတို႔ေတြတင္မကဘူး တျခားသူေတြလဲဒီေနရာကိုေျပးလာၾကတယ္။ ခ်န္ယြဲ႕စိတ္ေနာက္သြားပီး ေနာက္ကိုႏွစ္လွမ္းေလာက္ဆုတ္လိုက္ေတာ့ သူ႔လက္ေမာင္းေပၚမွာျခစ္ရာတိမ္တိမ္ေလးေတြ႕​တယ္။

"မင္းလက္ကေသြးထြက္ေနတာလား"

" ေနရခက္ေန႐ုံပဲ" လုရွင္းစစ္ကေျပာလိုက္​တယ္ "ဘာမွားေနလို႔လဲ"

" ငါ့ meal card ျဖစ္ေလာက္တယ္ ငါမေန႔တုန္းကမွcardေျပာင္းထားတာ" ခ်န္ယြဲ႕ကေျပာလိုက္တယ္ "မင္းငါ့ကိုေတာင္းပန္ေစခ်င္လား? ငါခ်က္ခ်င္းထိုင္ေတာင္းပန္မယ္"

"အနာေသးေသးေလးပါပဲ" လုရွင္းစစ္စကားလုံးေတြကသူရဲ့ 'ေျဖာင့္မတ္တယ္'ဆိုတဲ့ဂုဏ္ပုဒ္အတိုင္းပဲအရမ္းရွင္းလင္းပီးသဘာဝဆန္တယ္။

" ... "

" လုရွင္းစစ္ " ေက်ာက္​မင္ကၽြင္းကေခၚလိုက္တယ္ "ခနေနက်ရင္ အခမ္းအနားပိတ္ပြဲက်င္းပလိမ့္မယ္ တစ္တန္းကိုတစ္ေယာက္စီစင္ေပၚကိုဆုယူရေအာင္သြားရမွာ မင္းသြားလိုက္"

လုရွင္းစစ္က႐ုတ္တရပ္ေနာက္ကိုလွည့္လိုက္တယ္။

သူရဲ့နက္ေမွာင္တဲ့မ်က္ဝန္းတစ္စုံကသြမ့္က်ားရန္ကိုျဖတ္ခနဲၾကည့္လိုက္တယ္။

" ပထမရခ်င္တာမလား ?"သူကေျပာတယ္ "သြားယူေလ"

သြမ့္က်ားရန္အံ့ဩသြားတယ္။ သူ႔ရဲ့ပထမဆုံးတုံ႔ျပန္ခ်က္ကေတာ့ သူတကယ္ႀကီးသူ႔အသံကိုဒီပတ္ဝန္းက်င္(လူေတြၾကား)မွာၾကားခဲ့တယ္!!

သူလုရွင္းစစ္ကိုျပန္ေမးလိုက္တယ္ "ငါယူရမွာ?တကယ္လား?"

ေက်ာက္မင္ကၽြင္းက လုရွင္းစစ္ကိုတလွည့္ သြမ့္က်ားရန္ကိုတလွည့္ၾကည့္လိုက္တယ္ "ငါတို႔အတန္းထဲကေက်ာင္းသားေတြဆို ငါတို႔အတြက္မသင့္ေတာ္တဲ့သူမရွိဘူး"

ေက်ာက္မင္ကၽြင္းကသူ႔သေဘာထားကိုေျပာလိုက္တယ္ " ဘယ္သူပဲယူယူ ဆုကဆုပဲ ဒါနဲ႔ မင္းတို႔မွာေရာထင္ျမင္ခ်က္ေလးမရွိဘူးလား"

" ကၽြန္ေတာ္တို႔ေတြကမင္းသားေလးေနာက္ လိုက္ပါ,ေနရတာပါ " ခ်န္ယြဲ႕ကလဲျပဳံးေနတယ္ " မင္းကပထမဆုလိုခ်င္ေနမွေတာ့ ဒီဧကရာဇ္ကဘာလို႔မေပးနိုင္ရမွာလဲ"

သြမ့္က်ားရန္လဲမခ်ဳပ္တီးနိုင္ဘဲ ျပဳံးမိတယ္။

လုရွင္းစစ္ကျပဳံးပီး ခ်န္ယြဲ႕ကိုလွမ္းကန္လိုက္တယ္ "အက်င့္ပါေနတာလား "

သြမ့္က်ားရန္ကဆုယူဖို႔စင္ေပၚကိုတက္သြားလိုက္တယ္။

ဒုတိယေနရာက Sport Class ျဖစ္ပီး တတိယဆုကေတာ့တျခားတစ္တန္းကျဖစ္တယ္။

ေက်ာင္းက ဆရာဟယ့္ရဲ့စိတ္လွုပ္ရွားစရာေကာင္းတဲ့ရွင္းျပခ်က္ေတြကိုေကာင္းတယ္လို႔ခံစားရလို႔ထင္တယ္။ သူကစင္​ေပၚကေနခုထိမဆင္းရေသးဘဲ ဆရာဟယ့္ကို အခမ္းအနားပိတ္ပြဲအတြက္ ဆက္ပီးေျပာဆိုေစတယ္။

" အာ့ဆိုေက်းဇူးျပဳ၍ပထမနဲ႔ဒုတိယရတဲ့အတန္းေတြရဲ့ကိုယ္စားျပဳႏွစ္ေယာက္ကအားေပးစကားတစ္ခုခုေျပာၾကားေပးၾကပါအုံး" ဆရာေဟာကေျပာလိုက္တယ္ "မင္းတို႔ရဲ့ၿပိဳင္ဘက္အတန္းေတြကိုေက်းဇူးတင္ၾက သူတို႔ေတြကမင္းကိုပိုပီးသန္စြမ္းလာေစဖို႔တည္ရွိေနၾကတာ"

"သြမ့္ေကာ" ေဟးဖ်ီကေခၚလိုက္တယ္ "ငါအစတုန္းကမင္းေပၚအထင္လြဲတာေတြရွိခဲ့တယ္ ဒီကစားပြဲၿပီးတဲ့အခ်ိန္ကစပီး အတိတ္ကိုလဲေမ့လိုက္ေတာ့ ဒီေနာက္ဆုံးလက္ဆင့္ကမ္းေျပးပြဲကတကယ္ကိုေကာင္းပီး ငါတို႔ Sport Class အတြက္လဲအဆင္ေျပပါတယ္ "

"အတန္းသား က်န္းလင္ကတကယ္ကိုရိုးသားပါတယ္ အတန္းသားသြမ့္က်ားရန္ကေရာသူ႔ကိုဘာမ်ားေျပာခ်င္ပါသလဲ "

တစ္ေက်ာင္းလုံးကဆရာဆရာမေတြေက်ာင္းသားေတြေရွ႕မွာ သြမ့္က်ားရန္ကသူ႔လက္ကို႐ုတ္တရပ္ဆန္႔ထုတ္လိုက္တယ္။

ပီးေတာ့လက္မေလးေထာင္လာတယ္။

ဆရာေဟာက အရမ္းစိတ္ဝင္စားေနတယ္ "သြမ့္က်ားရန္ကဘာကိုဆိုလိုတာလဲ "

" သူ႔ကိုခ်ီးမြမ္းတာပါ"သြမ့္က်ားရန္ကေျပာလိုက္တယ္ "ေနာက္တစ္ႏွစ္မွာဆက္ႀကိဳးစားပါ ငါတို႔ထက္သာဖို႔ႀကိဳးစားထား"

" ... "

" ဒါကအရမ္းေကာင္းတယ္ အရမ္းေကာင္းတယ္" ဆရာေဟာကေပ်ာ္ရႊင္ေနတယ္ "ခင္မင္ရင္းႏွီးမွုကပထမ ယွဥ္ၿပိဳင္မွုကဒုတိယ"

စင္ေအာက္မွာေတာ့ခ်န္ယြဲ႕က႐ူးမတတ္ရယ္ေနတယ္ "သူကဘာလို႔ဒီေလာက္ရယ္စရာေကာင္းေနတာလဲကြာ?Hahaha! အဲ့တာကိုသေဘာက်တယ္! ရွုံးနိမ့္မွုကိုသူကစိန္ေခၚေနတာ!"

စင္ေပၚမွာရွိေနတဲ့ သြမ္က်ားရန္ကို လုရွင္းစစ္ၾကည့္လိုက္တယ္။ သူ႔ႏွုတ္ခမ္းေတြကတြန္႔တက္သြားတယ္။

"သူကအရမ္းစိတ္ဝင္စားစရာေကာင္းတယ္"

✨—————✨

Okumaya devam et

Bunları da Beğeneceksin

1.3M 45.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
2.4M 197K 105
ғᴜʟʟ ᴄʀᴇᴅɪᴛ ᴛᴏ ᴏʀɪɢɪɴᴀʟ ᴄʀᴇᴀᴛᴏʀ ᴇɴɢ ɴᴀᴍᴇ-ᴘʀɪᴍᴇ ᴍɪɴɪsᴛᴇʀ ɪɴ ᴅɪsɢᴜɪsᴇ ᴄʜɪɴᴇsᴇ ɴᴀᴍᴇ-代嫁丞相 ᴀᴜᴛʜᴏʀ-ᴍᴀɴ ɢᴏɴɢᴄʜᴀɴɢ ᴍʏᴀɴᴍᴀʀ ᴛʀᴀɴsʟᴀᴛᴏʀ-ᴄʜᴜᴄʜᴜ ထူးချွန်ထက်မြက်တ...
1.2M 91.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
61.4K 5.9K 108
လူသားေတြ ေနထိုင္တဲ့ ဒီၿဂိဳဟ္ကို ကမ႓ာ‌ေျမလို႔ သမုတ္တယ္ဆိုရင္ ကြၽန္ေတာ့္သီးသန႔္ေနႏိုင္ရာ ကိုယ္ပိုင္ၿဂိဳဟ္ငယ္ဟာ "ခ်စ္လြန္းလ်ွံ " လို႔ အမည္ရပါတယ္... လ...