Unicode
လပတ်စာမေးပွဲနီးလာတော့ စာသင်ခန်းထဲမှာ လေ့လာသင်ကြားရေးလေထုက ပိုပိုပီးပြင်းထန်လာတယ်။
စုန့်ရိက Class 10 ရဲ့တံခါးကိုဖြတ်ပီးဝင်လာတော့ အစတုန်းစာမလေ့လာတဲ့ကောင်တွေက နောက်ဆုံးအပတ်ကျမှစာတွေကို ပြွတ်သိပ်ထည့်နေကျတယ်။
" ငါ့ရဲ့ physics စာအုပ်ဘယ်မှာလဲ? ... စာအုပ်လေးရေ ဘယ်တွေရောက်နေတာလဲ? ငါ့စာအုပ်ပျောက်သွားတာများလား?! ငါအဲ့တာကိုအရင်လကစာမေးပွဲမှာတွေ့ပါသေးတယ်"
"မင်းနဲနဲလောက်အသံတိုးပေးလို့ရမလား 'ဂျင်ကဲရဲ့ ချင်ဧကရာဇ်ကိုလုပ်ကြံသတ်ဖြတ်ခြင်း' ကိုငါအလွတ်ကျက်မလို့ကွ ဘာလို့ငါ့ဘေးမှာ တစာစာနဲ့အော်နေတာလဲ မင်းသေချင်လို့ လိုက်နှောင့်ယှက်နေတာလား "
လမ်းတလျှောက်လုံးမှာ ကြက်တွေငှက်တွေပျံနေသလိုပဲ ကစဥ်ကလျားကိုဖြစ်လို့။
သွမ့်ကျားရန်တစ်ယောက် chemistry စာအုပ်လေးဖတ်နေတာမြင်တော့ ရှားပါးဖြစ်ရပ်တစ်ခုလို့ စုန့်ရိခံစားလိုက်ရတယ်။
သူမယုံကြည်နိုင်ဖြစ်နေတယ်။
သူသွမ့်ကျားရန်ကိုကြည့်ရင်း သူ့မျက်လုံးတွေများ ကန်းသွားတာလားဆိုပီး တွေးနေမိတယ်။
" ရှောင်သွမ့် " စုန့်ရိခဏလောက်စဥ်းစားပီး နောက်ဆုံးတော့ သတိထားပီးမေးလိုက်တယ် " မင်း အိမ်မှာ တစ်ခုခုဖြစ်ခဲ့လို့လား "
" ... " စုန့်ရိတွေးတဲ့နည်းလမ်းတွေကတအားမှော်ဆန်တယ်လို့ သွမ့်ကျားရန်တစ်ခါတစ်လေခံစားမိတယ်။
" ဟုတ်တယ်" သွမ့်ကျားရန်ကပြောလိုက်တယ် " ငါမိဘနှစ်ပါးလုံးက ဒေဝါလီခံလိုက်ရပီ တကယ်လို့ ငါစာမလေ့လာဘူးဆိုရင် ငါ ဆောက်လုပ်ရေးခွင်တွေမှာတစ်သက်လုံး အုတ်ခဲသယ်နေရလိမ့်မယ်"
" ... " သူ့အတွေးတွေကဘယ်လောက်ပဲထူးထူးဆန်းဆန်းဖြစ်နေပါစေအုံး သူဟာသလုပ်နေတယ်ဆိုတာ စုန့်ရိနားလည်လိုက်တယ် "ဆောက်လုပ်ရေးခွင်တွေမှာ အုတ်ခဲသယ်တာကသက်သက်ဖြုန်းတီးတာပဲ မင်းကိုယ်တိုင်ကရွှေတောင်ကြီးဆိုတော့ မင်းကအကြံအဖန်လုပ်တတ်ရမယ် "
" မင်းရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကိုလွင့်လိုက်တော့ " သွမ့်ကျားရန်ကအပြုံးတစ်ခုနဲ့ပြောလိုက်တယ် " ငါ ငါ့မားကိုလပတ်စာမေးပွဲမှာ အောက်ဆုံးကနေရေရင် အဆင့်ငါးဆယ်ရအောင်လုပ်မယ်လို့ ကတိပေးထားတယ်"
" အဲ့တာကလွယ်ပါ့မလား ရိကျုံးမှာ အုပ်စုဖွဲ့ပီးဖြေတဲ့အဖွဲ့တွေအများကြီးရှိတယ် ငါမင်းကိုကူညီမယ်လေ "
သွမ့်ကျားရန်: " ဟင့်အင်း "
စုန့်ရိ: " ??? "
သွမ့်ကျားရန်: "စာခိုးချတယ်ဆိုတာရှက်စရာကောင်းတဲ့အပြုအမူပဲ "
စုန့်ရိ: " ... "
သွမ့်ကျားရန်ဆီကအဲ့လိုမျိုးကြားရတာတအားရယ်စရာကောင်းတာပဲ။
သွမ့်ကျားရန်: "ငါ့မားကိုစာမခိုးချဘူးလို့ကတိပေးထားတယ်"
သွမ့်ကျားရန်က chemistry စာအုပ်ကိုဖတ်ရင်းပြောတယ်။ သွမ့်ကျားရန်ကကတိပေးထားရင်အဲ့ကတိအတိုင်းလုပ်တယ်ဆိုတာ စုန့်ရိအမှတ်ရသွားတယ်။ သူကတစ်ခုခုကိုကတိပေးထားရင်သူ့စကားတွေကိုနောက်ပြန်ဆုတ်မှာမဟုတ်ဘူး။ သူ့မှာကောင်းတဲ့ အရည်အသွေးလေးတွေလဲရှိတယ်လို့ တွေးမိရုံရှိသေး...
"Fuck the what! " သွမ့်ကျားရန်က chemistry စာအုပ်ကိုစားပွဲပေါ်ပစ်တင်လိုက်တယ် " ဒြပ်စင်တစ်ခုမှာ ပေါင်းစည်းကိန်းတွေ ဘာလို့အများကြီးရှိနေတာလဲ သူတို့တွေရန်မဖြစ်ကြဘူးလား "
စုန့်ရိ သေအောင်ရယ်ချင်သွားတယ်။
တစ်ရက်ကုန်သွားပီ။ သွမ့်ကျားရန်ကမယုံကြည်နိုင်စရာကောင်းစွာ နေ့တစ်ဝက်ကျော်ကျော်လောက် စာလေ့လာနေတယ်။ သူစာလေ့လာထားတာရဲ့ရလဒ်ကိုစစ်ဆေးဖို့ စုန့်ရိဆုံးဖြတ်လိုက်တယ်။
စုန့်ရိအဆင့်တွေကလဲနိမ့်တယ်ဆိုပေမဲ့ သွမ့်ကျားရန်နဲ့ယှဥ်ရင်တော့နဲနဲသာသေးတယ်။ အနည်းဆုံးတော့သူက ပေါင်းစည်းကိန်းတွေတစ်ခုနဲ့တစ်ခုရန်မဖြစ်ဘူးဆိုတာ သူသိသေးတယ်။
သူ သွမ့်ကျားရန်ကို ဗဟုသုတမေးခွန်းအနည်းငယ်မေးလိုက်တယ်။
သွမ့်ကျားရန်ကအဖြေရဖို့ ဘာဗဟုသုတမှမရှိဘူး။
စုန့်ရိအကြံပေးလိုက်တယ် " မင်းအဲ့လိုကြီးတော့မဖြစ်သေးဘူး မင်း အဓိအချက်တွေသိဖို့နဲ့ဆွေးနွေးဖို့အတွက် ထိပ်တန်းကျောင်းသားတစ်ယောက်ကိုဘာလို့မရှာတာလဲ အရင်တုန်းကလပတ်စာမေးပွဲတုန်းကဆို ချန့်ချီ ကသူ့မှာအရမ်းထက်မြက်တဲ့ girlfriend လေးရှိတော့ အဆင့်တစ်ရာကျော်တောင်တက်သွားခဲ့တာ "
စုန့်ရိပြောတာယုတ္တိရှိတယ်လို့သွမ့်ကျားရန်ခံစားမိတယ်။
ကျောက်မင်ကျွင်း အခန်းထဲဝင်လာတော့ သွမ်ကျားရန်ကသူ့ရဲ့ကပ်ဆိုက်နေချိန်ကနေကယ်ထုတ်ဖို့ကူညီနိုင်မဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ကို ဘယ်နေရာမှာ ရှာရမလဲ ဆိုပီးစဥ်းစားနေတယ်။
" ကျောင်းသားတွေအာလုံး ခနနေရင်မနက်ဖြန်ဖြေမဲ့ လပတ်စာမေးပွဲအတွက် ထိုင်ခုံတွေစားပွဲတွေ ပြန်စီမယ် " သူက whiteboard ပေါ်မှာ ထိုင်ခုံစီစဥ်ရမဲ့ပုံကို ရေးဆွဲပေးလိုက်တယ် " နောက်တံခါးနဲ့နီးတဲ့အဖွဲ့တွေကခုံတွေကို စင်္ကြံလမ်းမှာ ထုတ်ထားလိုက် ကျန်တဲ့ကျောင်းသားတွေကခုံတွေကိုနေရာတစ်ခုခြားပီးထားကြနော်"
ဒီအချိန်က ခုံတွေပြန်စီရမဲ့အချိန်ပဲ။
သွမ့်ကျားရန်ကအတန်းထဲကိုလှည့်ကြည့်လိုက်တော့ သူ့မျက်လုံးထဲပထမဆုံးဝင်လာသူက လုရှင်းစစ်ဖြစ်တယ်။
ပထမဆုံးအချက်ကတော့ သူကအရပ်ရှည်တယ် ဒုတိယအချက်ကတော့ သူ့စားပွဲပေါ်မှာ စာအုပ်များများစားစားမရှိလို့ဖြစ်တယ်။ သူအုပ်တွေအထပ်လိုက်ကြီးဆင့်ဆင့်ထားတဲ့ တခြားကျောင်းသားတွေနဲ့မတူဘဲ ကျောင်းသားတွေကြားထဲကနေသူ့ထိုင်ခုံကို ရွှေ့ဖို့ သူ့အတွက်အရမ်းလွယ်တယ်။
သွမ့်ကျားရန်ကသူ့ကယ်တင်ရှင်ကိုတွေ့တော့ မျက်လုံးတွေအရောင်လက်သွားတယ်။
လုရှင်းစစ်ထက်ပိုတော်တဲ့ ထိပ်တန်းကျောင်းသားရှိသေးလို့လား။
သူစာရေးစားပွဲပေါ်ကြည့်လိုက်တော့ လုရှင်းစစလကစာအုပ်နည်းနည်းပဲ တင်ထားတယ်။ အဲ့တာကဘာလို့လဲ။ ဒါကpro တစ်ယောက်ရဲ့ သင်္ကေတပဲ။ ဗဟုသုတွေအကုန်လုံးကို သူ့ခေါင်းထဲမှာပဲထည့်ပီးသားပဲ။
သွမ့်ကျားရန်ကသူ့စားပွဲကို လုရှင်းစစ်စားပွဲနားဆီကိုဆွဲသွားလိုက်တယ်။လုရှင်းစစ်ဘေးမှာထိုင်မလို့လုပ်နေတဲ့ ချန်ယွဲ့ကိုသူကြည့်လိုက်တယ် " ငါဒီမှာထိုင်ချင်တယ် "
ချန်ယွဲ့ကလုရှင်းစစ်ဘာမှမပြောတာမြင်တော့ သူ့ကိုမငြင်းဆန်ဘူးဆိုတာနားလည်လိုက်တယ်။ ချန်ယွဲ့ကပြောလိုက်တယ် " အာ့ဆိုထိုင်လေ "
သွမ့်ကျားရန်ကသူ့စားပွဲကို လုရှင်းစစ်ဘေးမှာ ကျေကျေနပ်နပ်ကြီးနေရာချလိုက်တယ်။
ချန်ယွဲ့ကသူ့စားပွဲကို သွမ့်ကျားရန်ခုံနောက်မှာထားလိုက်တယ်။ သူတွေးလိုက်တယ် ထိုင်ခုံနေရာကဒီနေ့ရှားပါးနေတယ် ပီးတော့အဲ့တာထက်ပိုရှားပါးတဲ့ အရာတစ်ခုဖြစ်ခဲ့တယ်။
သူသွမ့်ကျားရန်မေးတာကိုကြားလိုက်တယ် "အတန်းခေါင်းဆောင် တကယ်လို့အရင်တုန်းကစာမလေ့လာတဲ့တစ်ယောက်က စာမေးပွဲမဖြေခင်ညရောက်မှပြင်းပြင်းထန်ထန် စာလေ့လာမယ်ဆိုရင် အံ့ဩဖွယ်ကိစ္စတွေ ဆောင်ရွက်နိုင်လား "
" အဲ့တာက ဘယ်လိုအံ့ဩစရာကိစ္စဆိုတာလဲအပေါ်မူတည်တယ် "
" ဥပမာအားဖြင့်... အဆင့်ငါးဆယ်ခြောက်ဆယ်လောက် တက်လာတာမျိုးပေါ့ "
သူအရင်ဆုံးခုံရွှေ့လာတယ် ပီးတော့သူ့ကိုသွေးဆောင်ပီးပြောလာတာတွေ့ကိုတွေ့တော့ သွမ်ကျားရန်ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာ သူအတော်လေးသိနေပီ။
" တကယ်လို့စာမလေ့လာတဲ့တစ်ယောက်ကမင်းဆိုရင်တော့ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတော့ မင်းမှာကအံ့ဩစရာကောင်းလောက်အောင်တိုးတက်မဲ့လမ်းအကျယ်ကြီးရှိတယ် "
သူရေးတေးတေးလေးမှတ်မိနေသေးတယ်။သွမ်ကျားရန်အထက်တန်းတက်တုန်းက တစ်တန်းလုံးမှာ အဆင့်ကအောက်ဆုံးတစ်ဆယ်နားလေးမှာအမြဲရစ်ဝဲနေတယ်။
သွမ့်ကျားရန်ကသူဟာသပြောတာကို နားမလည်သလိုဟန်ဆောင်လိုက်တယ်။သူက လေ့ကျင့်ခန်းစာအုပ်ကို သူ့လက်ထဲထိုးထည့်လိုက်တယ်။" အာ့ဆို ငါအံ့ဩစရာတိုးတက်မှုတွေလုပ်မှာကိုကူညီဖို့မင်းစိတ်ဝင်စားလား "
ချန်ယွဲ့: " ??? "
ချန်းယွီကသူ့နောက်မှာထိုင်နေတဲ့ စုန့်ရိကို နောက်ပြန်လှည့်ကြည့်လိုက််တယ်။ သူတိတ်တိတ်လေးမေးလိုက်တယ် " သွမ့်ကျားရန်အိမ်မှာ တစ်ခုခုဖြစ်ခဲ့လို့လား "
စုန့်ရိ: " ... "
လုရှင်းစစ်ကပြန်လည်ချေပလိုက်တယ် "ငါစိတ်ဝင်စားမယ်လို့မင်းထင်လား "
" ထင်ပါတယ် မင်းကတခြားသူတွေကိုကူညီဖို့ဆန္ဒရှိတဲ့ နွေးထွေးပီးကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ထိပ်တန်းကျောင်းသားတစ်ယောက်လေ"
" မင်းကငါ့ရဲ့ကြင်နာမှုတွေကို တအားမျှော်လင့်ထားတာပဲ " လုရှင်းစစ်က သူ့ခြေထောက်တွေကို စားပွဲအောက်မှာရှိတဲ့တန်းလေးပေါ်ကိုတင်လိုက်ပီးပျင်းပျင်းရိရိပြောလိုက်တယ် " ငါကတခြားသူတွေကိုကူညီဖို့ဆန္ဒမရှိသလို နွေးထွေးပီးကြင်နာတတ်တဲ့နှလုံးသားမရှိတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ပဲ "
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်ကညင်ညင်သာသာလေးပြောတာအလုပ်မဖြစ်မှန်းနားလည်လိုက်တော့ သူ့အသံကအေးစက်လာတယ် " လုရှင်းစစ် မင်းအတန်းခေါင်းဆောင်ဖြစ်ဖို့ မင်းနောက်ကွယ်မှာငါမင်းအတွက် တိတ်တိတ်လေးဘယ်လောက်အများကြီး လုပ်ပေးထားရလဲဆိုတာမင်းသိလား "
" ??? "
သွမ့်ကျားရန်ကအလိမ်အညာစကားတွေမပြောပါဘူး။ အထက်တန်းအတွက်အတန်းခေါင်းဆောင်ရွေးတဲ့နေ့တုန်းက သူကအိပ်နေခဲ့တာ သူ့ဘေးမှာရှိတဲ့စုန့်ရိက လုရှင်းစစ်ကို vote ပေးဖို့ သူ့ကိုကူညီခဲ့တယ်။
" ငါကမင်းကိုငါ့ရဲ့တန်ဖိုးရှိလှစွာသော vote လေးပေးခဲ့တယ် " သွမ့်ကျားရန် ခဏရပ်လိုက်တယ် " အာ့ကြောင့်... "
"... အာ့ကြောင့်? "
သွမ့်ကျားရန်က လေ့ကျင့်ခန်းစာအုပ်ကို နောက်တစ်ကြိမ်ထပ်ပေးပြန််တယ် " မင်းကိုယုံကြည်တဲ့ကျောင်းသားတိုင်းအတွက် မင်းတာဝန်ယူတတ်သင့်တယ် "
ချန်ယွဲ့ကသူတို့စကားပြောနေတာကိုကြည့်ပီး အကျယ်ကြီးရယ်လုနီးပါးပဲ။
သွမ့်ကျားရန်ကအဲ့တာကိုမပြောခဲ့ရင် သူကသူ့ခုံကိုလုရှင်းစစ်ဘေးကိုတမင်တကာရွှေ့ခဲ့တဲ့တစ်ယောက်ကသူမဟုတ်ခဲ့ရင် သူက mind game* တွေကစားပီး ကလူတဲ့နည်းတစ်ခုလို့ သူတွေးမိမှာ။
ချန်ယွဲ့ကသူတို့နှစ်ယောက်နောက်မှာ မထိန်းနိုင်ပဲရီတော့တယ် "နှစ်ယောက်သား အတူတူထိုင်ထိုင်ချင်းပဲ မင်းတို့နှစ်ယောက်က ဘယ်သူကတာဝန်ယူမယ်ဆိုတာတွေစဆွေးနွေးနေပီ အဲ့တာကနဲနဲမြန်မနေဘူးလား "
အဲ့တာကိုကြားမှ သွမ့်ကျားရန်ကသူဘာပြောလိုက်တယ်ဆိုတာကိုနားလည်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်ကသူ့လည်ပင်းကိုညှစ်ထားသလိုပဲအခုလေးတင် စကားတွေအများကြီးပြောနေတဲ့ သူ့ပါးစပ်လေးက ပြောစရာစကားတွေပျောက်ဆုံးကုန်တယ်။
လုရှင်းစစ်ကသွမ့်ကျားရန်ရဲ့ဘဝင်မကျတဲ့မျက်နှာအမူအရာလေးကို ခနလောက်စိုက်ကြည့်ပီး သူ့နှုတ်ခမ်းစွန်းလေးကအနည်းငယ်မြင့်တက်လာတယ်။
သူ့စကားပြောတဲ့ပုံစံက နောက်ပြောင်နေသလိုပဲ။ ဘာလို့လဲဆိုတော့ သူကစကားကိုဖြည်းဖြည်းလေးပြောနေတယ် တကယ်ကြည်နူးနေသလိုအသံလေးလဲအနဲငယ်ပါနေသေးတယ်။
"ကောင်းပြီ ငါမင်းကိုတာဝန်ယူပါ့မယ်ကွာ"
သူ သွမ့်ကျားရန်ရဲ့ လိုနေတဲ့ knowledge point တွေကို ကူပီးစဖြည့်ပေးမှ သွမ့်ကျားရန်ရဲ့ ဗဟုသုတသိုလှောင်မှုကအရမ်းအားနည်းတာကို လုရှင်းစစ်အပြည့်အဝနားလည်လိုက်တယ်။
သွမ့်ကျားရန်ကမူလတန်းအောင်ပြီးကတည်းက ကျောင်းသုံးစာအုပ်တွေကိုမဖတ်တော့ဘူးလားလို့ သူသံသယဝင်မိတယ်။ ဒါပေမဲ့လဲ သွမ့်ကျားရန်မှာ သူရဲ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေရှိတယ်။ သူကလုရှင်းစစ်သင်ကြားပေးတာကိုလိုက်လျောညီညီမသင်ဘဲ မေးခွန်းတွေကိုတစ်ခါတစ်ရံဖြတ်ဖြတ်မေးတယ်။
ဘယ်ကမှန်းမသိတဲ့နေရာကနေ သွမ့်ကျားရန်က bio မေးခွန်းတစ်ခုထုတ်လာတယ်။ အဲ့တာက မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ မေးခွန်းကြီးပဲ။
လုရှင်းစစ်ကအဲ့တာကိုအကြမ်းဖျင်းကြည့်လိုက်တော့ မျိုးရိုးဗီဇဆိုင်ရာစံပြမေးခွန်းတစ်ခုပဲ။ သူကဒီအကြောင်းကို သွမ့်ကျားရန်နဲ့ ပြောနိုင်တယ်ထင်ပီး သွမ့်ကျားရန်ကို ပထမဆုံးမေးခွန်းကိုဖတ်ဖို့လက်ဟန်နဲ့ပြလိုက်တယ် " အနီရောင် DD chromosome နဲ့ အဖြူရောင် dd chromosome နှစ်ခုပေါင်းစပ်ရင် သူတို့မျိုးဆက်က ဘာအရောင်ဖြစ်မလဲ"
သွမ့်ကျားရန်ကချက်ချင်းပြန်ဖြေလိုက်တယ် " ပန်းရောင် ငါခုနလေးတုန်းကပဲဆင်တူမေးခွန်းတစ်ခုဖတ်ခဲ့သေးတယ် "
လုရှင်းစစ်ရပ်တန့်သွာတယ် " အနီရောင်နဲ့အဖြူရောင်ပေါင်းရင် ပန်းရောင်ဟုတ်လားမဟုတ်လားဆိုတဲ့မေးခွန်းရဲ့အဖြေလား "
သွမ့်ကျားရန်: " အင်းလေ "
လုရှင်းစစ်ကဘောပင်ကိုချလိုက်ပီးသူ့ကိုကြည့်လိုက်တယ် " မင်းအခုကြည့်နေတာကပန်းချီမေးခွန်းမိုလို့လား"
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်က ရှင်းပြမလို့လုပ်နေတုန်းမှာ ကိုယ်ပိုင်စာကြည့်ချိန်အတွက် အချက်ပေးခေါင်းလောင်းမြည်လာတယ်။ ကျောက်မင်ကျွင်းကစင်ပေါ်ကနေကြေငြာလိုက်တယ် "ညနေကျရင်စာသင်ခန်းသုံးခန်းကစာလေ့လာဖို့ကျန်ခဲ့ရလိမ့်မယ် လူတိုင်းကကိုယ့်အခန်းထဲမှာတိတ်တိတ်လေးနေပီး ကိုယ့်စာကိုယ်ပဲအာရုံစိုက်ကြ ဘေးနားကတခြားကျောင်းသားတွေကိုမနှောင့်ယှက်နဲ့ "
ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်အတွင်း Class 10 ရဲ့ စည်းကမ်းကအမြဲတမ်းကောင်းတယ်။ လုရှင်းစစ်က Class10 ရဲ့အတန်းခေါင်းဆောင်ဖြစ်တယ်။ ဒါပေမဲ့သူက တခြားသူတွေကို ထိန်းချုပ်ထားရတာမကြိုက်ဘူး။ အတန်းထဲမှာရှိတဲ့ ကောင်လေးတွေက သူ့ကိုနာခံကြတယ် အာ့ကြောင့်မို ညနေခင်းကိုယ်ပိုင်စာချိန်တွေမှာ ရန်ပွဲဆိုတာမရှိဘူး။ စာမကျက်ချင်တဲ့ကျောင်းသားတွေကျ သူတို့ဖုန်းတွေနဲ့အေးအေးဆေးဆေးကစားကြတယ် ဒါမှမဟုတ် ဒီအချိန်ကို တိုက်ရိုက်ကျော်လိုက်ကြတာပဲ။
ကျောက်မင်ကျွင်းထွက်သွားတော့ Class10 ကတိတ်ဆိတ်သွားတယ်။
ရုတ်တရပ်စက္ကူလုံးလေးကပျံတက်လာပီး လုရှင်းစစ်စားပွဲပေါ်ကျသွားတယ်။
အခန်းက စာမေးပွဲဖြေမဲ့ပုံစံအတိုင်းခုံတွေစီထားတော့ ခုံတစ်ခုနဲ့တစ်ခုကြမှာ တစ်မီတာလောက်ခြားတယ်။ သွမ့်ကျားရန်က သူနဲ့တစ်မီတာအကွာမှာရှိနေတဲ့ခုံကနေ စက္ကူလုံးလေးကိုဖွင့်ဖတ်ဖို့အမူအရာလုပ်ပြနေတယ်။
လုရှင်းစီက စာရွက်လေးကိုဖြေပီး ကြည့်လိုက်တော့ စာပိုဒ်တစ်ခုရေးထားတယ်။
[ ငါအဖြေကိုသိပီ: အဲ့တာကအနီဖြစ်သင့်တယ် ဒုတိယမေးခွန်းမှာရှိနေတဲ့ ပုံကဘာအဓိပ္ပါယ်လဲ ]
လုရှင်းစစ်: " ... "
သူ သွမ့်ကျားရန်ရဲ့ ဇွဲရှိရှိနဲ့လေ့လာတဲ့စိတ်ဓာတ်ကိုမြင်တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
လုရှင်းစစ်ကအကြမ်းစာရွက်တစ်ရွက်ကိုဖြဲပီး အဖြေအတွက် အသေးစိတ်ရှင်းပြချက်ကိုရေးပီးပြန်ပစ်ပေးလိုက်တယ်။ သွမ့်ကျားရန်ကအဲ့တာကိုအချိန်အကြာကြီးကြည့်လိုက်ပီးတော့ နောက်ထပ်စာတိုတစ်ခုပေးလာပြန်တယ်။ အဲ့ဒီပေါ်မှာတော့ question mark အကြီးကြီးသုံးခုနဲ့ သင်္ချာမေးခွန်းတစ်ခုဖြစ်တယ်။
သူက သွမ့်ကျားရန်မသိလောက်ဘူးထင်တဲ့ knowledge point တွေကိုလဲမှတ်ပေးထားလိုက်တယ်။
လုရှင်းစစ်က အဲ့တာတွေကိုမှတ်ပီးသွားတော့ ခနလောက်စဥ်းစားပီး အောက်မှာစာတစ်ကြောင်းထပ်ရေးလိုက်တယ်။ သူကရှင်းလင်းချက်ကို သွမ်ကျားရန်ဆီပြန်ပေးလိုက်တယ်။ သွမ့်ကျားရန်ကအဲ့တာကိုရတော့ ဖွင့်ကြည့်မလို့လုပ်လိုက်တယ်။
အဲ့ဒီအချိန်မှာ ညွှန်ကြားရေးမှူးကျန်းကအခန်းထဲကိုရုတ်တရပ်ဝင်လာတယ်။
သူက သွမ့်ကျားရန်ဆီကိုတည့်တည့်သွားလိုက်ပိး အခုထိဖွင့်လို့မပီးသေးတဲ့ စာတိုလေး ကို ဆွဲယူလိုက်တယ်။ သူအသံကမာထန်နေတာပဲ " ငါမင်းတို့ကိုပြတင်းပေါက်အပြင်ဘက်ကနေကြည့်နေတာအတော်ကြာပီ မင်းတို့တွေ စာမကြည့်တာတင်မဟုတ်ဘူး စာတိုလေးတွေပါတစ်ယောက်နဲ့တစ်ယောက် ပေးရဲသေးတယ်နော် "
တစ်တန်းလုံးကဝိုင်းကြည့်နေကြတယ်။ ညွှန်ကြားရေးမှူးကျန်းက မှတ်စုစာရွက်လေးကိုကိုင်ပီး ဘာပြောရမှန်းမသိဖြစ်နေတဲ့ လုရှင်းစစ်ကိုကြည့်လိုက်တယ်။ အဲ့တာကသူ့ရဲ့ မသင်္ကာမှု ကိုအတည်ပြုပေးလိုက်သလိုပဲ။
တကယ်လို့မင်းကစကားတစ်ခွန်းမှမပြောနိုင်ရင်မင်းမှာအပြစ်ရှိတယ်လို့ဆိုလိုတယ်။
ဒီနေ့ သွမ့်ကျားရန်ကသောက်စရာလာပို့တာကိုသူမြင်တုန်းက သူ့တို့နှစ်ယောက်ကြားကဆက်ဆံရေးကပုံမှန်မဟုတ်ဘူးဆိုတာ သူတွေးထားပီးသားပဲ။ သူကလုရှင်းစစ်နဲ့ သွမ့်ကျားရန်ကြားကအကြောင်းကိစ္စတွေကိုမသိဘူး။ သူသိတဲ့တစ်ခုတည်းသောအရာ ကျောင်းသားနှစ်ယောက်မှာ တစ်ယောက်က alpha နောက်တစ်ယောက်က omega ဖြစ်တယ်ဆိုတာပဲ။
Alpha တစ်ယောက်နဲ့ omega တစ်ယောက် သောက်စရာပို့ရုံတင်မကဘူး စာတိုလေးတွေပါပို့နေကြသေးတယ်။
ဒါကလူငယ်လေးတွေကြားထဲက ရိုဆန်ဆန်ချစ်ခြင်းပဲမဟုတ်လား ?
တကယ်လို့လုရှင်းစစ်ကစောစောစီးစီးချစ်ကျွမ်းဝင်ခဲမယ်ဆိုရင် ဆရာတွေကဘာမှမမြင်သလို နေကြလိမ့်မယ်။ ဒါပေမဲ့သွမ့်ကျားရန်နဲ့ချစ်ကြိုက်တာဆိုရင်တော့ နဲနဲလေးခြားနားသွားပီ။
ပြဿနာရှာတတ်တဲ့ကျောင်းသားလေးနဲ့ ထိပ်တန်းကျောင်းသားလေးနဲ့...
တကယ်လို့ ဒီသခင်လေးကသူ့ကိုသူ သွမ့်ကျားရန်ရဲ့လမ်းမှားပို့ခြင်းကိုခွင့်ပြုမယ်ဆိုရင်...
သွမ့်ကျားရန်ကမြန်မြန်ရှင်းပြလိုက်တယ် "ညွှန်ကြားရေးမှူးကျန်း အထင်လွဲနေပီ ကျွန်တော်တို့ကပုစ္ဆာတစ်ပုဒ်ကို ဆွေးနွေးနေရုံပါ"
ညွှန်ကြားရေးမှူးကျန်းက နှာမှုတ်လိုက်တယ်။
လုရှင်းစစ်ကလဲထောက်ခံတယ် "ဟုတ်ပါတယ်ဗျ"
သူစကားမပြောရင် အဲ့တာကအဆင်ပြေသေးတယ်။ ဒါပေမဲ့သူစကားပြောလိုက်တော့ ညွှန်ကြားရေးမှုးကျန်းရဲ့ နှလုံးသားကစည်းချက်တစ်ချက်ကျော်ခုန်သွားတယ်။
" မင်းတို့ကောင်တွေကကောင်းတဲ့ဟာလုပ်နေလားမနေလားဆိုတာ စာရွက်ကိုဖွင့်ဖတ်ကြည့်လိုက်ရင် သိပီမဟုတ်လား" ညွှန်ကြားရေးမှူးကျန်းက တစ်တန်းလုံးရှေ့မှာစာရွက်လေးကိုဖြေလိုက်ရင်းပြောတယ် " ဒီမှာရေးထားတာ ဘာပါလိမ့် x နဲ့ y နှစ်ခုလုံးက... "
အဲ့တာကတကယ် သင်္ချာပုစ္ဆာကိုတစ်ဆင့်ပီးတစ်ဆင့်ဖြေရှင်းထားတာပဲ။
အတန်းထဲကနေ ကျောင်းသားတွေကသူတို့ရဲ့ထင်မြင်ချက်တွေပြောနေတော့ ညွှန်ကြားရေးမှူးကျန်းရှက်သွားတယ်။ အောက်ဆုံးမှာ စာကြောင်းတစ်ကြောင်းရေးထားတာတွေ့တော့ သူအလွယ်တကူ ဖတ်ပြလိုက်တယ် " x ကိုအစားထိုးခြင်းဆိုတာ မူလequation မှာ x ကိုအစားထိုးခြင်းကိုဆိုလိုတယ် မင်းဘာလို့ဒီလောက်တုံးအနိုင်ရတာလဲ "
ချန်ယွဲ့မထိန်းနိုင်ဘဲ တိတ်တိတ်လေးကျိတ်ရယ်လိုက်တယ်။ အဲ့ဒီအသံက မီးရှူးမီးပန်းတွေကို မီးရှို့လိုက်သလိုပဲ။ မကြာခင်မှာပဲ တစ်တန်းလုံး ကျိတ်ရယ်သံတွေနဲ့ပြည့်သွားတယ်။
ညွှန်ကြားရေးမှူးကျန်းတောင် စာထဲမှာပါတဲ့အကြောင်းအရာကြောင့် ရယ်ချင်သွားတယ်။ သူကစာတိုလေးကို သွမ့်ကျားရန်စားပွဲပေါ်တင်လိုက်ပီးစားပွဲကိုခေါက်လိုက်တယ် "ဒီလိုအမှားမျိုးနောက်တစ်ခါမလုပ်နဲ့တော့ "
သူထွက်သွားတော့ တစ်တန်းလုံးအော်ရီတော့တယ်။
" What the Fuck hahahahahaha! ငါရီရတာသေတော့မယ် တစ်နေ့လုံးစာတိုတွေပေးနေတာ သင်္ချာပုစ္ဆာတစ်ပုဒ်အတွက်တဲ့... "
" စာမဖတ်ခင်တုန်းက လောင်ကျန်းရဲ့ အမူအရာကိုမင်းမြင်တယ်မလား ဘာဆိုဘာမှမယုံဘူးဆိုတဲ့ပုံနဲ့ သူကတကယ် Hahahahahaha! အဲ့တာကအထင်ကြီးစရာပဲ!"
စုန့်ရိကရယ်လွန်းအားကြီးလို့ ဗိုက်ကိုနှိပ်ပီး အသက်လုရှူနေရတယ် " ရှောင်သွမ့်! မင်းဘာလို့ ဒီလောက်တုံးအနိုင်ရတာလဲ "
သွမ့်ကျားရန်ကသူ့ခေါင်းလေးကိုငုံ့ထားတယ်။သူ့နားရွက်လေးတွေကတအားနီရဲနေတယ်။ သူရှက်သွေးဖြာနေတာလားဆိုတာတော့မသေချာဘူး။
အဲ့တာကတအားရှက်စရာကောင်းတယ်။
လုရှင်းစစ်ဘာလို့စကားပြန်မပြောလဲဆိုတာ သူအခုသိသွားပီ။ အဲ့တာကသူရှက်လို့မဟုတ်ဘူး။ သူစကားလွန်သွားလို့။
သွမ့်ကျားရန်ဘေးကိုကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လုရှင်းစစ်ရဲ့မျက်လုံးအစွန်းလေးတွေကကွေးနေပီး လခြမ်းကွေးလေးလိုတောင်ဖြစ်လုနီးနေပီ။
လုရှင်းစစ်မှာ ရယ်ဖို့မျက်နှာရှိသေးတယ်လား။
လခွမ်းပဲ။
ငါမင်းကိုသတ်ပစ်မယ်။
~~~~
*mind game ဆိုတာက စိတ်ပိုင်းဆိုင်ရာထိန်းချုပ်တဲ့အပြုအမူနဲ့တခြားတစ်ယောက်ကိုအခွင့်အရေးယူတာပါတဲ့။
✨—————✨
Zawgyi
လပတ္စာေမးပြဲနီးလာေတာ့ စာသင္ခန္းထဲမွာ ေလ့လာသင္ၾကားေရးေလထုက ပိုပိုပီးျပင္းထန္လာတယ္။
စုန္႔ရိက Class 10 ရဲ့တံခါးကိုျဖတ္ပီးဝင္လာေတာ့ အစတုန္းစာမေလ့လာတဲ့ေကာင္ေတြက ေနာက္ဆုံးအပတ္က်မွစာေတြကို ႁပြတ္သိပ္ထည့္ေနက်တယ္။
" ငါ့ရဲ့ physics စာအုပ္ဘယ္မွာလဲ? ... စာအုပ္ေလးေရ ဘယ္ေတြေရာက္ေနတာလဲ? ငါ့စာအုပ္ေပ်ာက္သြားတာမ်ားလား?! ငါအဲ့တာကိုအရင္လကစာေမးပြဲမွာေတြ႕ပါေသးတယ္"
"မင္းနဲနဲေလာက္အသံတိုးေပးလို႔ရမလား 'ဂ်င္ကဲရဲ့ ခ်င္ဧကရာဇ္ကိုလုပ္ႀကံသတ္ျဖတ္ျခင္း' ကိုငါအလြတ္က်က္မလို႔ကြ ဘာလို႔ငါ့ေဘးမွာ တစာစာနဲ႔ေအာ္ေနတာလဲ မင္းေသခ်င္လို႔ လိုက္ေႏွာင့္ယွက္ေနတာလား "
လမ္းတေလၽွာက္လုံးမွာ ၾကက္ေတြငွက္ေတြပ်ံေနသလိုပဲ ကစဥ္ကလ်ားကိုျဖစ္လို႔။
သြမ့္က်ားရန္တစ္ေယာက္ chemistry စာအုပ္ေလးဖတ္ေနတာျမင္ေတာ့ ရွားပါးျဖစ္ရပ္တစ္ခုလို႔ စုန္႔ရိခံစားလိုက္ရတယ္။
သူမယုံၾကည္နိုင္ျဖစ္ေနတယ္။
သူသြမ့္က်ားရန္ကိုၾကည့္ရင္း သူ႔မ်က္လုံးေတြမ်ား ကန္းသြားတာလားဆိုပီး ေတြးေနမိတယ္။
" ေရွာင္သြမ့္ " စုန္႔ရိခဏေလာက္စဥ္းစားပီး ေနာက္ဆုံးေတာ့ သတိထားပီးေမးလိုက္တယ္ " မင္း အိမ္မွာ တစ္ခုခုျဖစ္ခဲ့လို႔လား "
" ... " စုန္႔ရိေတြးတဲ့နည္းလမ္းေတြကတအားေမွာ္ဆန္တယ္လို႔ သြမ့္က်ားရန္တစ္ခါတစ္ေလခံစားမိတယ္။
" ဟုတ္တယ္" သြမ့္က်ားရန္ကေျပာလိုက္တယ္ " ငါမိဘႏွစ္ပါးလုံးက ေဒဝါလီခံလိုက္ရပီ တကယ္လို႔ ငါစာမေလ့လာဘူးဆိုရင္ ငါ ေဆာက္လုပ္ေရးခြင္ေတြမွာတစ္သက္လုံး အုတ္ခဲသယ္ေနရလိမ့္မယ္"
" ... " သူ႔အေတြးေတြကဘယ္ေလာက္ပဲထူးထူးဆန္းဆန္းျဖစ္ေနပါေစအုံး သူဟာသလုပ္ေနတယ္ဆိုတာ စုန္႔ရိနားလည္လိုက္တယ္ "ေဆာက္လုပ္ေရးခြင္ေတြမွာ အုတ္ခဲသယ္တာကသက္သက္ျဖဳန္းတီးတာပဲ မင္းကိုယ္တိုင္ကေရႊေတာင္ႀကီးဆိုေတာ့ မင္းကအႀကံအဖန္လုပ္တတ္ရမယ္ "
" မင္းရဲ့အဓိပၸါယ္မရွိတဲ့စကားေတြကိုလြင့္လိုက္ေတာ့ " သြမ့္က်ားရန္ကအျပဳံးတစ္ခုနဲ႔ေျပာလိုက္တယ္ " ငါ ငါ့မားကိုလပတ္စာေမးပြဲမွာ ေအာက္ဆုံးကေနေရရင္ အဆင့္ငါးဆယ္ရေအာင္လုပ္မယ္လို႔ ကတိေပးထားတယ္"
" အဲ့တာကလြယ္ပါ့မလား ရိက်ဳံးမွာ အုပ္စုဖြဲ႕ပီးေျဖတဲ့အဖြဲ႕ေတြအမ်ားႀကီးရွိတယ္ ငါမင္းကိုကူညီမယ္ေလ "
သြမ့္က်ားရန္: " ဟင့္အင္း "
စုန္႔ရိ: " ??? "
သြမ့္က်ားရန္: "စာခိုးခ်တယ္ဆိုတာရွက္စရာေကာင္းတဲ့အျပဳအမူပဲ "
စုန္႔ရိ: " ... "
သြမ့္က်ားရန္ဆီကအဲ့လိုမ်ိဳးၾကားရတာတအားရယ္စရာေကာင္းတာပဲ။
သြမ့္က်ားရန္: "ငါ့မားကိုစာမခိုးခ်ဘူးလို႔ကတိေပးထားတယ္"
သြမ့္က်ားရန္က chemistry စာအုပ္ကိုဖတ္ရင္းေျပာတယ္။ သြမ့္က်ားရန္ကကတိေပးထားရင္အဲ့ကတိအတိုင္းလုပ္တယ္ဆိုတာ စုန္႔ရိအမွတ္ရသြားတယ္။ သူကတစ္ခုခုကိုကတိေပးထားရင္သူ႔စကားေတြကိုေနာက္ျပန္ဆုတ္မွာမဟုတ္ဘူး။ သူ႔မွာေကာင္းတဲ့ အရည္အေသြးေလးေတြလဲရွိတယ္လို႔ ေတြးမိ႐ုံရွိေသး...
"Fuck the what! " သြမ့္က်ားရန္က chemistry စာအုပ္ကိုစားပြဲေပၚပစ္တင္လိုက္တယ္ " ျဒပ္စင္တစ္ခုမွာ ေပါင္းစည္းကိန္းေတြ ဘာလို႔အမ်ားႀကီးရွိေနတာလဲ သူတို႔ေတြရန္မျဖစ္ၾကဘူးလား "
စုန္႔ရိ ေသေအာင္ရယ္ခ်င္သြားတယ္။
တစ္ရက္ကုန္သြားပီ။ သြမ့္က်ားရန္ကမယုံၾကည္နိုင္စရာေကာင္းစြာ ေန႔တစ္ဝက္ေက်ာ္ေက်ာ္ေလာက္ စာေလ့လာေနတယ္။ သူစာေလ့လာထားတာရဲ့ရလဒ္ကိုစစ္ေဆးဖို႔ စုန္႔ရိဆုံးျဖတ္လိုက္တယ္။
စုန္႔ရိအဆင့္ေတြကလဲနိမ့္တယ္ဆိုေပမဲ့ သြမ့္က်ားရန္နဲ႔ယွဥ္ရင္ေတာ့နဲနဲသာေသးတယ္။ အနည္းဆုံးေတာ့သူက ေပါင္းစည္းကိန္းေတြတစ္ခုနဲ႔တစ္ခုရန္မျဖစ္ဘူးဆိုတာ သူသိေသးတယ္။
သူ သြမ့္က်ားရန္ကို ဗဟုသုတေမးခြန္းအနည္းငယ္ေမးလိုက္တယ္။
သြမ့္က်ားရန္ကအေျဖရဖို႔ ဘာဗဟုသုတမွမရွိဘူး။
စုန္႔ရိအႀကံေပးလိုက္တယ္ " မင္းအဲ့လိုႀကီးေတာ့မျဖစ္ေသးဘူး မင္း အဓိအခ်က္ေတြသိဖို႔နဲ႔ေဆြးေႏြးဖို႔အတြက္ ထိပ္တန္းေက်ာင္းသားတစ္ေယာက္ကိုဘာလို႔မရွာတာလဲ အရင္တုန္းကလပတ္စာေမးပြဲတုန္းကဆို ခ်န္႔ခ်ီ ကသူ႔မွာအရမ္းထက္ျမက္တဲ့ girlfriend ေလးရွိေတာ့ အဆင့္တစ္ရာေက်ာ္ေတာင္တက္သြားခဲ့တာ "
စုန္႔ရိေျပာတာယုတၱိရွိတယ္လို႔သြမ့္က်ားရန္ခံစားမိတယ္။
ေက်ာက္မင္ကၽြင္း အခန္းထဲဝင္လာေတာ့ သြမ္က်ားရန္ကသူ႔ရဲ့ကပ္ဆိုက္ေနခ်ိန္ကေနကယ္ထုတ္ဖို႔ကူညီနိုင္မဲ့ ထိပ္တန္းေက်ာင္းသားတစ္ေယာက္ကို ဘယ္ေနရာမွာ ရွာရမလဲ ဆိုပီးစဥ္းစားေနတယ္။
" ေက်ာင္းသားေတြအာလုံး ခနေနရင္မနက္ျဖန္ေျဖမဲ့ လပတ္စာေမးပြဲအတြက္ ထိုင္ခုံေတြစားပြဲေတြ ျပန္စီမယ္ " သူက whiteboard ေပၚမွာ ထိုင္ခုံစီစဥ္ရမဲ့ပုံကို ေရးဆြဲေပးလိုက္တယ္ " ေနာက္တံခါးနဲ႔နီးတဲ့အဖြဲ႕ေတြကခုံေတြကို စႀကႍလမ္းမွာ ထုတ္ထားလိုက္ က်န္တဲ့ေက်ာင္းသားေတြကခုံေတြကိုေနရာတစ္ခုျခားပီးထားၾကေနာ္"
ဒီအခ်ိန္က ခုံေတြျပန္စီရမဲ့အခ်ိန္ပဲ။
သြမ့္က်ားရန္ကအတန္းထဲကိုလွည့္ၾကည့္လိုက္ေတာ့ သူ႔မ်က္လုံးထဲပထမဆုံးဝင္လာသူက လုရွင္းစစ္ျဖစ္တယ္။
ပထမဆုံးအခ်က္ကေတာ့ သူကအရပ္ရွည္တယ္ ဒုတိယအခ်က္ကေတာ့ သူ႔စားပြဲေပၚမွာ စာအုပ္မ်ားမ်ားစားစားမရွိလို႔ျဖစ္တယ္။ သူအုပ္ေတြအထပ္လိုက္ႀကီးဆင့္ဆင့္ထားတဲ့ တျခားေက်ာင္းသားေတြနဲ႔မတူဘဲ ေက်ာင္းသားေတြၾကားထဲကေနသူ႔ထိုင္ခုံကို ေရႊ႕ဖို႔ သူ႔အတြက္အရမ္းလြယ္တယ္။
သြမ့္က်ားရန္ကသူ႔ကယ္တင္ရွင္ကိုေတြ႕ေတာ့ မ်က္လုံးေတြအေရာင္လက္သြားတယ္။
လုရွင္းစစ္ထက္ပိုေတာ္တဲ့ ထိပ္တန္းေက်ာင္းသားရွိေသးလို႔လား။
သူစာေရးစားပြဲေပၚၾကည့္လိုက္ေတာ့ လုရွင္းစစလကစာအုပ္နည္းနည္းပဲ တင္ထားတယ္။ အဲ့တာကဘာလို႔လဲ။ ဒါကpro တစ္ေယာက္ရဲ့ သေကၤတပဲ။ ဗဟုသုေတြအကုန္လုံးကို သူ႔ေခါင္းထဲမွာပဲထည့္ပီးသားပဲ။
သြမ့္က်ားရန္ကသူ႔စားပြဲကို လုရွင္းစစ္စားပြဲနားဆီကိုဆြဲသြားလိုက္တယ္။လုရွင္းစစ္ေဘးမွာထိုင္မလို႔လုပ္ေနတဲ့ ခ်န္ယြဲ႕ကိုသူၾကည့္လိုက္တယ္ " ငါဒီမွာထိုင္ခ်င္တယ္ "
ခ်န္ယြဲ႕ကလုရွင္းစစ္ဘာမွမေျပာတာျမင္ေတာ့ သူ႔ကိုမျငင္းဆန္ဘူးဆိုတာနားလည္လိုက္တယ္။ ခ်န္ယြဲ႕ကေျပာလိုက္တယ္ " အာ့ဆိုထိုင္ေလ "
သြမ့္က်ားရန္ကသူ႔စားပြဲကို လုရွင္းစစ္ေဘးမွာ ေက်ေက်နပ္နပ္ႀကီးေနရာခ်လိုက္တယ္။
ခ်န္ယြဲ႕ကသူ႔စားပြဲကို သြမ့္က်ားရန္ခုံေနာက္မွာထားလိုက္တယ္။ သူေတြးလိုက္တယ္ ထိုင္ခုံေနရာကဒီေန႔ရွားပါးေနတယ္ ပီးေတာ့အဲ့တာထက္ပိုရွားပါးတဲ့ အရာတစ္ခုျဖစ္ခဲ့တယ္။
သူသြမ့္က်ားရန္ေမးတာကိုၾကားလိုက္တယ္ "အတန္းေခါင္းေဆာင္ တကယ္လို႔အရင္တုန္းကစာမေလ့လာတဲ့တစ္ေယာက္က စာေမးပြဲမေျဖခင္ညေရာက္မွျပင္းျပင္းထန္ထန္ စာေလ့လာမယ္ဆိုရင္ အံ့ဩဖြယ္ကိစၥေတြ ေဆာင္ရြက္နိုင္လား "
" အဲ့တာက ဘယ္လိုအံ့ဩစရာကိစၥဆိုတာလဲအေပၚမူတည္တယ္ "
" ဥပမာအားျဖင့္... အဆင့္ငါးဆယ္ေျခာက္ဆယ္ေလာက္ တက္လာတာမ်ိဳးေပါ့ "
သူအရင္ဆုံးခုံေရႊ႕လာတယ္ ပီးေတာ့သူ႔ကိုေသြးေဆာင္ပီးေျပာလာတာေတြ႕ကိုေတြ႕ေတာ့ သြမ္က်ားရန္ဘာလုပ္ဖို႔ႀကိဳးစားေနလဲဆိုတာ သူအေတာ္ေလးသိေနပီ။
" တကယ္လို႔စာမေလ့လာတဲ့တစ္ေယာက္ကမင္းဆိုရင္ေတာ့ျဖစ္နိုင္ပါတယ္။ ေနာက္ဆုံးေတာ့ မင္းမွာကအံ့ဩစရာေကာင္းေလာက္ေအာင္တိုးတက္မဲ့လမ္းအက်ယ္ႀကီးရွိတယ္ "
သူေရးေတးေတးေလးမွတ္မိေနေသးတယ္။သြမ္က်ားရန္အထက္တန္းတက္တုန္းက တစ္တန္းလုံးမွာ အဆင့္ကေအာက္ဆုံးတစ္ဆယ္နားေလးမွာအျမဲရစ္ဝဲေနတယ္။
သြမ့္က်ားရန္ကသူဟာသေျပာတာကို နားမလည္သလိုဟန္ေဆာင္လိုက္တယ္။သူက ေလ့က်င့္ခန္းစာအုပ္ကို သူ႔လက္ထဲထိုးထည့္လိုက္တယ္။" အာ့ဆို ငါအံ့ဩစရာတိုးတက္မွုေတြလုပ္မွာကိုကူညီဖို႔မင္းစိတ္ဝင္စားလား "
ခ်န္ယြဲ႕: " ??? "
ခ်န္းယြီကသူ႔ေနာက္မွာထိုင္ေနတဲ့ စုန္႔ရိကို ေနာက္ျပန္လွည့္ၾကည့္လိုက္္တယ္။ သူတိတ္တိတ္ေလးေမးလိုက္တယ္ " သြမ့္က်ားရန္အိမ္မွာ တစ္ခုခုျဖစ္ခဲ့လို႔လား "
စုန္႔ရိ: " ... "
လုရွင္းစစ္ကျပန္လည္ေခ်ပလိုက္တယ္ "ငါစိတ္ဝင္စားမယ္လို႔မင္းထင္လား "
" ထင္ပါတယ္ မင္းကတျခားသူေတြကိုကူညီဖို႔ဆႏၵရွိတဲ့ ေႏြးေထြးပီးၾကင္နာတတ္တဲ့ ႏွလုံးသားပိုင္ရွင္ထိပ္တန္းေက်ာင္းသားတစ္ေယာက္ေလ"
" မင္းကငါ့ရဲ့ၾကင္နာမွုေတြကို တအားေမၽွာ္လင့္ထားတာပဲ " လုရွင္းစစ္က သူ႔ေျခေထာက္ေတြကို စားပြဲေအာက္မွာရွိတဲ့တန္းေလးေပၚကိုတင္လိုက္ပီးပ်င္းပ်င္းရိရိေျပာလိုက္တယ္ " ငါကတျခားသူေတြကိုကူညီဖို႔ဆႏၵမရွိသလို ေႏြးေထြးပီးၾကင္နာတတ္တဲ့ႏွလုံးသားမရွိတဲ့ ထိပ္တန္းေက်ာင္းသားတစ္ေယာက္ပဲ "
သြမ့္က်ားရန္: " ... "
သြမ့္က်ားရန္ကညင္ညင္သာသာေလးေျပာတာအလုပ္မျဖစ္မွန္းနားလည္လိုက္ေတာ့ သူ႔အသံကေအးစက္လာတယ္ " လုရွင္းစစ္ မင္းအတန္းေခါင္းေဆာင္ျဖစ္ဖို႔ မင္းေနာက္ကြယ္မွာငါမင္းအတြက္ တိတ္တိတ္ေလးဘယ္ေလာက္အမ်ားႀကီး လုပ္ေပးထားရလဲဆိုတာမင္းသိလား "
" ??? "
သြမ့္က်ားရန္ကအလိမ္အညာစကားေတြမေျပာပါဘူး။ အထက္တန္းအတြက္အတန္းေခါင္းေဆာင္ေရြးတဲ့ေန႔တုန္းက သူကအိပ္ေနခဲ့တာ သူ႔ေဘးမွာရွိတဲ့စုန္႔ရိက လုရွင္းစစ္ကို vote ေပးဖို႔ သူ႔ကိုကူညီခဲ့တယ္။
" ငါကမင္းကိုငါ့ရဲ့တန္ဖိုးရွိလွစြာေသာ vote ေလးေပးခဲ့တယ္ " သြမ့္က်ားရန္ ခဏရပ္လိုက္တယ္ " အာ့ေၾကာင့္... "
"... အာ့ေၾကာင့္? "
သြမ့္က်ားရန္က ေလ့က်င့္ခန္းစာအုပ္ကို ေနာက္တစ္ႀကိမ္ထပ္ေပးျပန္္တယ္ " မင္းကိုယုံၾကည္တဲ့ေက်ာင္းသားတိုင္းအတြက္ မင္းတာဝန္ယူတတ္သင့္တယ္ "
ခ်န္ယြဲ႕ကသူတို႔စကားေျပာေနတာကိုၾကည့္ပီး အက်ယ္ႀကီးရယ္လုနီးပါးပဲ။
သြမ့္က်ားရန္ကအဲ့တာကိုမေျပာခဲ့ရင္ သူကသူ႔ခုံကိုလုရွင္းစစ္ေဘးကိုတမင္တကာေရႊ႕ခဲ့တဲ့တစ္ေယာက္ကသူမဟုတ္ခဲ့ရင္ သူက mind game* ေတြကစားပီး ကလူတဲ့နည္းတစ္ခုလို႔ သူေတြးမိမွာ။
ခ်န္ယြဲ႕ကသူတို႔ႏွစ္ေယာက္ေနာက္မွာ မထိန္းနိုင္ပဲရီေတာ့တယ္ "ႏွစ္ေယာက္သား အတူတူထိုင္ထိုင္ခ်င္းပဲ မင္းတို႔ႏွစ္ေယာက္က ဘယ္သူကတာဝန္ယူမယ္ဆိုတာေတြစေဆြးေႏြးေနပီ အဲ့တာကနဲနဲျမန္မေနဘူးလား "
အဲ့တာကိုၾကားမွ သြမ့္က်ားရန္ကသူဘာေျပာလိုက္တယ္ဆိုတာကိုနားလည္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာပဲ တစ္စုံတစ္ေယာက္ကသူ႔လည္ပင္းကိုညႇစ္ထားသလိုပဲအခုေလးတင္ စကားေတြအမ်ားႀကီးေျပာေနတဲ့ သူ႔ပါးစပ္ေလးက ေျပာစရာစကားေတြေပ်ာက္ဆုံးကုန္တယ္။
လုရွင္းစစ္ကသြမ့္က်ားရန္ရဲ့ဘဝင္မက်တဲ့မ်က္ႏွာအမူအရာေလးကို ခနေလာက္စိုက္ၾကည့္ပီး သူ႔ႏွုတ္ခမ္းစြန္းေလးကအနည္းငယ္ျမင့္တက္လာတယ္။
သူ႔စကားေျပာတဲ့ပုံစံက ေနာက္ေျပာင္ေနသလိုပဲ။ ဘာလို႔လဲဆိုေတာ့ သူကစကားကိုျဖည္းျဖည္းေလးေျပာေနတယ္ တကယ္ၾကည္ႏူးေနသလိုအသံေလးလဲအနဲငယ္ပါေနေသးတယ္။
"ေကာင္းၿပီ ငါမင္းကိုတာဝန္ယူပါ့မယ္ကြာ"
သူ သြမ့္က်ားရန္ရဲ့ လိုေနတဲ့ knowledge point ေတြကို ကူပီးစျဖည့္ေပးမွ သြမ့္က်ားရန္ရဲ့ ဗဟုသုတသိုေလွာင္မွုကအရမ္းအားနည္းတာကို လုရွင္းစစ္အျပည့္အဝနားလည္လိုက္တယ္။
သြမ့္က်ားရန္ကမူလတန္းေအာင္ၿပီးကတည္းက ေက်ာင္းသုံးစာအုပ္ေတြကိုမဖတ္ေတာ့ဘူးလားလို႔ သူသံသယဝင္မိတယ္။ ဒါေပမဲ့လဲ သြမ့္က်ားရန္မွာ သူရဲ့ကိုယ္ပိုင္ စိတ္ကူးစိတ္သန္းေတြရွိတယ္။ သူကလုရွင္းစစ္သင္ၾကားေပးတာကိုလိုက္ေလ်ာညီညီမသင္ဘဲ ေမးခြန္းေတြကိုတစ္ခါတစ္ရံျဖတ္ျဖတ္ေမးတယ္။
ဘယ္ကမွန္းမသိတဲ့ေနရာကေန သြမ့္က်ားရန္က bio ေမးခြန္းတစ္ခုထုတ္လာတယ္။ အဲ့တာက မ်ိဳးရိုးဗီဇနဲ႔ဆိုင္တဲ့ ေမးခြန္းႀကီးပဲ။
လုရွင္းစစ္ကအဲ့တာကိုအၾကမ္းဖ်င္းၾကည့္လိုက္ေတာ့ မ်ိဳးရိုးဗီဇဆိုင္ရာစံျပေမးခြန္းတစ္ခုပဲ။ သူကဒီအေၾကာင္းကို သြမ့္က်ားရန္နဲ႔ ေျပာနိုင္တယ္ထင္ပီး သြမ့္က်ားရန္ကို ပထမဆုံးေမးခြန္းကိုဖတ္ဖို႔လက္ဟန္နဲ႔ျပလိုက္တယ္ " အနီေရာင္ DD chromosome နဲ႔ အျဖဴေရာင္ dd chromosome ႏွစ္ခုေပါင္းစပ္ရင္ သူတို႔မ်ိဳးဆက္က ဘာအေရာင္ျဖစ္မလဲ"
သြမ့္က်ားရန္ကခ်က္ခ်င္းျပန္ေျဖလိုက္တယ္ " ပန္းေရာင္ ငါခုနေလးတုန္းကပဲဆင္တူေမးခြန္းတစ္ခုဖတ္ခဲ့ေသးတယ္ "
လုရွင္းစစ္ရပ္တန္႔သြာတယ္ " အနီေရာင္နဲ႔အျဖဴေရာင္ေပါင္းရင္ ပန္းေရာင္ဟုတ္လားမဟုတ္လားဆိုတဲ့ေမးခြန္းရဲ့အေျဖလား "
သြမ့္က်ားရန္: " အင္းေလ "
လုရွင္းစစ္ကေဘာပင္ကိုခ်လိုက္ပီးသူ႔ကိုၾကည့္လိုက္တယ္ " မင္းအခုၾကည့္ေနတာကပန္းခ်ီေမးခြန္းမိုလို႔လား"
သြမ့္က်ားရန္: " ... "
သြမ့္က်ားရန္က ရွင္းျပမလို႔လုပ္ေနတုန္းမွာ ကိုယ္ပိုင္စာၾကည့္ခ်ိန္အတြက္ အခ်က္ေပးေခါင္းေလာင္းျမည္လာတယ္။ ေက်ာက္မင္ကၽြင္းကစင္ေပၚကေနေၾကျငာလိုက္တယ္ "ညေနက်ရင္စာသင္ခန္းသုံးခန္းကစာေလ့လာဖို႔က်န္ခဲ့ရလိမ့္မယ္ လူတိုင္းကကိုယ့္အခန္းထဲမွာတိတ္တိတ္ေလးေနပီး ကိုယ့္စာကိုယ္ပဲအာ႐ုံစိုက္ၾက ေဘးနားကတျခားေက်ာင္းသားေတြကိုမေႏွာင့္ယွက္နဲ႔ "
ညေနခင္းကိုယ္ပိုင္စာၾကည့္ခ်ိန္အတြင္း Class 10 ရဲ့ စည္းကမ္းကအျမဲတမ္းေကာင္းတယ္။ လုရွင္းစစ္က Class10 ရဲ့အတန္းေခါင္းေဆာင္ျဖစ္တယ္။ ဒါေပမဲ့သူက တျခားသူေတြကို ထိန္းခ်ဳပ္ထားရတာမႀကိဳက္ဘူး။ အတန္းထဲမွာရွိတဲ့ ေကာင္ေလးေတြက သူ႔ကိုနာခံၾကတယ္ အာ့ေၾကာင့္မို ညေနခင္းကိုယ္ပိုင္စာခ်ိန္ေတြမွာ ရန္ပြဲဆိုတာမရွိဘူး။ စာမက်က္ခ်င္တဲ့ေက်ာင္းသားေတြက် သူတို႔ဖုန္းေတြနဲ႔ေအးေအးေဆးေဆးကစားၾကတယ္ ဒါမွမဟုတ္ ဒီအခ်ိန္ကို တိုက္ရိုက္ေက်ာ္လိုက္ၾကတာပဲ။
ေက်ာက္မင္ကၽြင္းထြက္သြားေတာ့ Class10 ကတိတ္ဆိတ္သြားတယ္။
႐ုတ္တရပ္စကၠဴလုံးေလးကပ်ံတက္လာပီး လုရွင္းစစ္စားပြဲေပၚက်သြားတယ္။
အခန္းက စာေမးပြဲေျဖမဲ့ပုံစံအတိုင္းခုံေတြစီထားေတာ့ ခုံတစ္ခုနဲ႔တစ္ခုၾကမွာ တစ္မီတာေလာက္ျခားတယ္။ သြမ့္က်ားရန္က သူနဲ႔တစ္မီတာအကြာမွာရွိေနတဲ့ခုံကေန စကၠဴလုံးေလးကိုဖြင့္ဖတ္ဖို႔အမူအရာလုပ္ျပေနတယ္။
လုရွင္းစီက စာရြက္ေလးကိုေျဖပီး ၾကည့္လိုက္ေတာ့ စာပိုဒ္တစ္ခုေရးထားတယ္။
[ ငါအေျဖကိုသိပီ: အဲ့တာကအနီျဖစ္သင့္တယ္ ဒုတိယေမးခြန္းမွာရွိေနတဲ့ ပုံကဘာအဓိပၸါယ္လဲ ]
လုရွင္းစစ္: " ... "
သူ သြမ့္က်ားရန္ရဲ့ ဇြဲရွိရွိနဲ႔ေလ့လာတဲ့စိတ္ဓာတ္ကိုျမင္ေတာ့ လွုပ္လွုပ္ရွားရွားျဖစ္သြားတယ္။
လုရွင္းစစ္ကအၾကမ္းစာရြက္တစ္ရြက္ကိုျဖဲပီး အေျဖအတြက္ အေသးစိတ္ရွင္းျပခ်က္ကိုေရးပီးျပန္ပစ္ေပးလိုက္တယ္။ သြမ့္က်ားရန္ကအဲ့တာကိုအခ်ိန္အၾကာႀကီးၾကည့္လိုက္ပီးေတာ့ ေနာက္ထပ္စာတိုတစ္ခုေပးလာျပန္တယ္။ အဲ့ဒီေပၚမွာေတာ့ question mark အႀကီးႀကီးသုံးခုနဲ႔ သခၤ်ာေမးခြန္းတစ္ခုျဖစ္တယ္။
သူက သြမ့္က်ားရန္မသိေလာက္ဘူးထင္တဲ့ knowledge point ေတြကိုလဲမွတ္ေပးထားလိုက္တယ္။
လုရွင္းစစ္က အဲ့တာေတြကိုမွတ္ပီးသြားေတာ့ ခနေလာက္စဥ္းစားပီး ေအာက္မွာစာတစ္ေၾကာင္းထပ္ေရးလိုက္တယ္။ သူကရွင္းလင္းခ်က္ကို သြမ္က်ားရန္ဆီျပန္ေပးလိုက္တယ္။ သြမ့္က်ားရန္ကအဲ့တာကိုရေတာ့ ဖြင့္ၾကည့္မလို႔လုပ္လိုက္တယ္။
အဲ့ဒီအခ်ိန္မွာ ညႊန္ၾကားေရးမွူးက်န္းကအခန္းထဲကို႐ုတ္တရပ္ဝင္လာတယ္။
သူက သြမ့္က်ားရန္ဆီကိုတည့္တည့္သြားလိုက္ပိး အခုထိဖြင့္လို႔မပီးေသးတဲ့ စာတိုေလး ကို ဆြဲယူလိုက္တယ္။ သူအသံကမာထန္ေနတာပဲ " ငါမင္းတို႔ကိုျပတင္းေပါက္အျပင္ဘက္ကေနၾကည့္ေနတာအေတာ္ၾကာပီ မင္းတို႔ေတြ စာမၾကည့္တာတင္မဟုတ္ဘူး စာတိုေလးေတြပါတစ္ေယာက္နဲ႔တစ္ေယာက္ ေပးရဲေသးတယ္ေနာ္ "
တစ္တန္းလုံးကဝိုင္းၾကည့္ေနၾကတယ္။ ညႊန္ၾကားေရးမွူးက်န္းက မွတ္စုစာရြက္ေလးကိုကိုင္ပီး ဘာေျပာရမွန္းမသိျဖစ္ေနတဲ့ လုရွင္းစစ္ကိုၾကည့္လိုက္တယ္။ အဲ့တာကသူ႔ရဲ့ မသကၤာမွု ကိုအတည္ျပဳေပးလိုက္သလိုပဲ။
တကယ္လို႔မင္းကစကားတစ္ခြန္းမွမေျပာနိုင္ရင္မင္းမွာအျပစ္ရွိတယ္လို႔ဆိုလိုတယ္။
ဒီေန႔ သြမ့္က်ားရန္ကေသာက္စရာလာပို႔တာကိုသူျမင္တုန္းက သူ႔တို႔ႏွစ္ေယာက္ၾကားကဆက္ဆံေရးကပုံမွန္မဟုတ္ဘူးဆိုတာ သူေတြးထားပီးသားပဲ။ သူကလုရွင္းစစ္နဲ႔ သြမ့္က်ားရန္ၾကားကအေၾကာင္းကိစၥေတြကိုမသိဘူး။ သူသိတဲ့တစ္ခုတည္းေသာအရာ ေက်ာင္းသားႏွစ္ေယာက္မွာ တစ္ေယာက္က alpha ေနာက္တစ္ေယာက္က omega ျဖစ္တယ္ဆိုတာပဲ။
Alpha တစ္ေယာက္နဲ႔ omega တစ္ေယာက္ ေသာက္စရာပို႔႐ုံတင္မကဘူး စာတိုေလးေတြပါပို႔ေနၾကေသးတယ္။
ဒါကလူငယ္ေလးေတြၾကားထဲက ရိုဆန္ဆန္ခ်စ္ျခင္းပဲမဟုတ္လား ?
တကယ္လို႔လုရွင္းစစ္ကေစာေစာစီးစီးခ်စ္ကၽြမ္းဝင္ခဲမယ္ဆိုရင္ ဆရာေတြကဘာမွမျမင္သလို ေနၾကလိမ့္မယ္။ ဒါေပမဲ့သြမ့္က်ားရန္နဲ႔ခ်စ္ႀကိဳက္တာဆိုရင္ေတာ့ နဲနဲေလးျခားနားသြားပီ။
ျပႆနာရွာတတ္တဲ့ေက်ာင္းသားေလးနဲ႔ ထိပ္တန္းေက်ာင္းသားေလးနဲ႔...
တကယ္လို႔ ဒီသခင္ေလးကသူ႔ကိုသူ သြမ့္က်ားရန္ရဲ့လမ္းမွားပို႔ျခင္းကိုခြင့္ျပဳမယ္ဆိုရင္...
သြမ့္က်ားရန္ကျမန္ျမန္ရွင္းျပလိုက္တယ္ "ညႊန္ၾကားေရးမွူးက်န္း အထင္လြဲေနပီ ကၽြန္ေတာ္တို႔ကပုစၧာတစ္ပုဒ္ကို ေဆြးေႏြးေန႐ုံပါ"
ညႊန္ၾကားေရးမွူးက်န္းက ႏွာမွုတ္လိုက္တယ္။
လုရွင္းစစ္ကလဲေထာက္ခံတယ္ "ဟုတ္ပါတယ္ဗ်"
သူစကားမေျပာရင္ အဲ့တာကအဆင္ေျပေသးတယ္။ ဒါေပမဲ့သူစကားေျပာလိုက္ေတာ့ ညႊန္ၾကားေရးမွုးက်န္းရဲ့ ႏွလုံးသားကစည္းခ်က္တစ္ခ်က္ေက်ာ္ခုန္သြားတယ္။
" မင္းတို႔ေကာင္ေတြကေကာင္းတဲ့ဟာလုပ္ေနလားမေနလားဆိုတာ စာရြက္ကိုဖြင့္ဖတ္ၾကည့္လိုက္ရင္ သိပီမဟုတ္လား" ညႊန္ၾကားေရးမွူးက်န္းက တစ္တန္းလုံးေရွ႕မွာစာရြက္ေလးကိုေျဖလိုက္ရင္းေျပာတယ္ " ဒီမွာေရးထားတာ ဘာပါလိမ့္ x နဲ႔ y ႏွစ္ခုလုံးက... "
အဲ့တာကတကယ္ သခၤ်ာပုစၧာကိုတစ္ဆင့္ပီးတစ္ဆင့္ေျဖရွင္းထားတာပဲ။
အတန္းထဲကေန ေက်ာင္းသားေတြကသူတို႔ရဲ့ထင္ျမင္ခ်က္ေတြေျပာေနေတာ့ ညႊန္ၾကားေရးမွူးက်န္းရွက္သြားတယ္။ ေအာက္ဆုံးမွာ စာေၾကာင္းတစ္ေၾကာင္းေရးထားတာေတြ႕ေတာ့ သူအလြယ္တကူ ဖတ္ျပလိုက္တယ္ " x ကိုအစားထိုးျခင္းဆိုတာ မူလequation မွာ x ကိုအစားထိုးျခင္းကိုဆိုလိုတယ္ မင္းဘာလို႔ဒီေလာက္တုံးအနိုင္ရတာလဲ "
ခ်န္ယြဲ႕မထိန္းနိုင္ဘဲ တိတ္တိတ္ေလးက်ိတ္ရယ္လိုက္တယ္။ အဲ့ဒီအသံက မီးရွူးမီးပန္းေတြကို မီးရွို႔လိုက္သလိုပဲ။ မၾကာခင္မွာပဲ တစ္တန္းလုံး က်ိတ္ရယ္သံေတြနဲ႔ျပည့္သြားတယ္။
ညႊန္ၾကားေရးမွူးက်န္းေတာင္ စာထဲမွာပါတဲ့အေၾကာင္းအရာေၾကာင့္ ရယ္ခ်င္သြားတယ္။ သူကစာတိုေလးကို သြမ့္က်ားရန္စားပြဲေပၚတင္လိုက္ပီးစားပြဲကိုေခါက္လိုက္တယ္ "ဒီလိုအမွားမ်ိဳးေနာက္တစ္ခါမလုပ္နဲ႔ေတာ့ "
သူထြက္သြားေတာ့ တစ္တန္းလုံးေအာ္ရီေတာ့တယ္။
" What the Fuck hahahahahaha! ငါရီရတာေသေတာ့မယ္ တစ္ေန႔လုံးစာတိုေတြေပးေနတာ သခၤ်ာပုစၧာတစ္ပုဒ္အတြက္တဲ့... "
" စာမဖတ္ခင္တုန္းက ေလာင္က်န္းရဲ့ အမူအရာကိုမင္းျမင္တယ္မလား ဘာဆိုဘာမွမယုံဘူးဆိုတဲ့ပုံနဲ႔ သူကတကယ္ Hahahahahaha! အဲ့တာကအထင္ႀကီးစရာပဲ!"
စုန္႔ရိကရယ္လြန္းအားႀကီးလို႔ ဗိုက္ကိုႏွိပ္ပီး အသက္လုရွူေနရတယ္ " ေရွာင္သြမ့္! မင္းဘာလို႔ ဒီေလာက္တုံးအနိုင္ရတာလဲ "
သြမ့္က်ားရန္ကသူ႔ေခါင္းေလးကိုငုံ႔ထားတယ္။သူ႔နားရြက္ေလးေတြကတအားနီရဲေနတယ္။ သူရွက္ေသြးျဖာေနတာလားဆိုတာေတာ့မေသခ်ာဘူး။
အဲ့တာကတအားရွက္စရာေကာင္းတယ္။
လုရွင္းစစ္ဘာလို႔စကားျပန္မေျပာလဲဆိုတာ သူအခုသိသြားပီ။ အဲ့တာကသူရွက္လို႔မဟုတ္ဘူး။ သူစကားလြန္သြားလို႔။
သြမ့္က်ားရန္ေဘးကိုၾကည့္လိုက္ေတာ့ တိုက္တိုက္ဆိုင္ဆိုင္ပဲ လုရွင္းစစ္ရဲ့မ်က္လုံးအစြန္းေလးေတြကေကြးေနပီး လျခမ္းေကြးေလးလိုေတာင္ျဖစ္လုနီးေနပီ။
လုရွင္းစစ္မွာ ရယ္ဖို႔မ်က္ႏွာရွိေသးတယ္လား။
လခြမ္းပဲ။
ငါမင္းကိုသတ္ပစ္မယ္။
~~~~
*mind game ဆိုတာက စိတ္ပိုင္းဆိုင္ရာထိန္းခ်ဳပ္တဲ့အျပဳအမူနဲ႔တျခားတစ္ေယာက္ကိုအခြင့္အေရးယူတာပါတဲ့။
✨—————✨