Unicode
တစ်စုံတစ်ယောက်ကတော့ ညာနေပြီ
__________________
ဆောင်းအကုန် နွေအကူး ဆောင်းနှောင်းကာလပင်ဖြစ်သည်။
လင်းအားကြီးချိန်ကျော်လွန်လာသောအခါ ကြည်စင်နေသောကောင်းကင်မှ တောက်ပသောနေရောင်ခြည်သည် လောကတစ်ခွင်လုံးပေါ် ဖြန့်ကျက်ယိုစီးလာ၏။
နှင်းမှုန်နှင်းကြွင်းများက ခပ်ပါးပါးလွှမ်းခြုံနေသည့်တိုင်
မြေသင်းနံ့၏အငွေ့အသက်က နွေဦးရာသီဆန်လှသည်။
ဆောင်းနှင့် နွေတို့၏ ထိပ်တိုက်တွေ့ဆုံမှုပါပင်။ ထို့အတူ
ပင်လယ်ပြာရောင်အလံများနှင့် မဟော်ဂနီရောင်အလံများဟာလည်း ရင်ဆိုင်တွေ့ဆုံကြလေပြီ။
နံနက်ခင်းသည် ဥတ္တရဘက်မှ မဟော်ဂနီရောင်အလံများ၊ ရာဓဇဘက်မှ ပင်လယ်ပြာရောင်တံခွန်များနှင့် အရောင်စုံသော မနက်ခင်းဖြစ်နေ၏။
အရုဏသည် စစ်ဗျူဟာအလယ်ရှိ ကုန်းလယ်စီးနေရာတွင် ရှိနေ၏။ သူသည် ဆင်ပေါ်မှနေ၍ မိမိတို့၏တပ်အပြင်
ခပ်ဝေးဝေးမှ အပြာရင့်ရောင်ဝတ် ရန်သူ့တပ်များကို စူးစိုက်ကြည့်သည်။
သူ၏မြရောင်မျက်ဝန်းများမှာ ထက်ရှခက်ထန်စွာ စူးရဲလွန်းပြီး အေးစက်လျက်....
"အချက်ပြလိုက်တော့..."
ဩရှကျယ်လောင်သော အမိန့်သံဖြစ်သည်။
ဆင်အောက်ရှိ အချက်ပြအဖွဲ့သည် အလံကို ကိုင်ဆောင်ဝှေ့ယမ်း လိုက်သည်။
တံပိုးခရာသံ၊ စစ်မောင်းဝေသံ လွှမ်းခြုံသွား၏။
********************************
"ဇိယတ္တရဲ့စစ်ပွဲမှာ မင်းသားအရုဏရဲ့တပ်က အသာစီးရနေတယ်တဲ့...."
" ပန်းခရုံမြစ်ရဲ့ ဒီရေအတက်အကျကြမ်းတာ၊ မြန်တာကို
မင်းသိဒ္ဓာတ်ရဲ့တပ်က မသိဘဲ ဇွတ်ဝင်တိုက်တော့
တပ်လုံးမြုပ်ပြီး ရေနစ်တဲ့ကြွက်စုတ်တွေလိုပဲတဲ့လေ...ဟားဟားဟား"
" ရဲသိင်္ခက မြင်းပျံတပ်တွေကနေ မီးမြားတွေကို မိုးရွာသလို လွှတ်ချခိုင်းတယ်...မီးလျှံတွေများ ဟုန်းဟုန်းတောက်"
"မင်းသားမဏိစက္ကက ရန်သူ့တပ်ထဲ စွတ်ဝင်ပြီး တပ်မှူးနှစ်ယောက်ကို ခေါင်းဖြတ်လိုက်တယ်တဲ့"
စစ်ပွဲသတင်းများသည် ဟီရနန်းတော်သို့ အဆက်မပြတ်ရောက်ရှိလာ၏။ နန်းတော်မှ စစ်သွေးဆူသော အကြပ်၊ တပ်မှူး၊ စစ်သည်များသည်လည်းကောင်း၊ စပ်စုသော နန်းတွင်းသူနန်းတွင်းသားများသည်လည်းကောင်း ထိုစစ်သတင်းများကို တဖွဖွပြောဆိုနေကြသည်။
စစ်ရေးသတင်းများမှာ တကူးတကလိုက်မမေးနေသည့်တိုင် လေဖြင့်ပါလာသည့် သဲမှုန်များလို ဟီရမြို့တော်အနှံ့
တဖွဲဖွဲပျံ့နှံ့နေလေ၏။
အထက်တန်းလွှာများစုဝေးနေသော နေရာများတွင်လည်း
ထိုသတင်းများကိုကြားရတတ်၏။ ဝန်၊ ဝန်ကတော်၊ မြို့စားကတော်၊ မြို့စား၊ သူကြွယ်နှင့် သူဌေးကတော်များအပြင် ဗိုလ်မှူး၊ တပ်ကြပ် အစရှိသော သူများ၊ တခြားအထက်တန်းလွှာများ ဆုံစည်းမိသောအခါ စားကောင်းသောက်ဖွယ်များစား၊ သာယာသောဂီတသံကို နောက်ခံကာ ထိုသတင်းများကို အားပါးတရပြောဆိုကြသည်။
"မင်းသားအရုဏရဲ့ ဇ,က တယ်သေးသလား...ရန်သူ့တပ်အလယ်ကို ဆင်ချွန်းဖွင့်ပြီး တစ်ယောက်တည်းဝင်သွားတာဗျ....အဲ့တော့ သူ့နောက်ကနေ တပ်ခုနှစ်တပ်လုံးဖြန့်ပြီး အပြေးဝင်လုံးရတော့တာပဲ"
" ရန်သူ့ဆင် ၅၀၀ ရှိပေမဲ့ တို့ဘက်က ဆင် ၁၀၀ နဲ့ မယှဉ်နိုင်ဘဲ စစ်ဦးကျိုးသွားတယ်လေ"
" ရက္ခမင်းသားဆိုတဲ့အတိုင်း ဘီလူးတစ်ကောင်လို စစ်ပွဲအတွင်း မဲမဲမြင်ရာ အကုန်သတ်တာဆိုပဲ..."
ယုဂန် တမင်တကာ နားထောင်နေခြင်းမဟုတ်သော်ငှါး
အရုဏ၏သတင်းများကို ကြားနေရသည်။ သူသည် ဆိုင်အတွင်း တီးခတ်နေသည့် သာယာသောစောင်းသံကို နားစွင့်နေသော်လည်း ဂီတသံအစား ထိုစကားများထံသာ ပိုအာရုံရောက်နေသည်။ ယုဂန်၏ မျက်လုံးများကမူ စာအုပ်ကို စိုက်ကြည့်နေ၏။
လက်ညှိုးဖြင့် စာရွက်ထောင့်ချိုးကိုဖိလှန်လိုက်ရင်း ကလေးငယ်တစ်ယောက်လို ပါးစပ်ကို ဟ,ပေးလိုက်သည်။ ထိုအခါ စောရံက ကျောက်ကျောတစ်တုံးကို ခက်ရင်းဖြင့်ထိုးပြီး ယုဂန်ကို ခွံ့ကျွေးရသည်။
ယုဂန် ကိုယ်တိုင်နှိုက်စားရန် အလွန်တရာပျင်းရိနေသဖြင့် စောရံကို ခွံ့ကျွေးခိုင်းထားခြင်းပင်။
သူသည် စာအုပ်ကိုကိုင်ထားသော်လည်း တကယ်တမ်းကျစာအုပ်ထဲစိတ်မရှိဘဲ တစ်ဖက်ဝိုင်းရှိ စကားသံများထံသာ အာရုံရောက်နေသည်။
" မင်းသားအရုဏက ရန်သူ့ရဲ့ ရိက္ခာတပ်တွေကို အရင်ဖျက်ဆီးခိုင်းတယ်တဲ့...ငတ်မှတော့ သေချာပေါက်တပ်ပြန်ဆုတ်ရတော့မှာပေါ့"
"ရန်သူ့တပ်ကို ချောင်ပိတ်ရိုက်တာပဲ"
စောရံက ယုဂန်နားသို့ တိုးတိုးလေးကပ်ပြောလာသည်။
" မင်းသားအရုဏက တော်တယ်နော်...သခင်လေး"
ယုဂန် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပါးစပ်ထပ်ဟ,ပေးသည်။ စောရံ ခွံ့ကျွေးရသည်။
" ဘုရင်ရှင်စိတ္တရဲ့အကြံက ဇိယတ္တမှာ အယောင်ပြပြီး မက္ကကိုအလစ်ဝင်တိုက်ဖို့တဲ့...ဒီအကြံကို သိပြီး သင့်လျော်တဲ့ ဗျူဟာချနိုင်ခဲ့လို့ တော်သေးတာ"
"အဲ့ဒီိ့ဗျူဟာကြောင့် ဘုရင်ရှင်စိတ္တရဲ့တပ်က မက္ကကို စစ်ကူဖို့မသွားနိုင်ခဲ့ဘူးလေ...အဲ့တာကြောင့် သူ့ညီတော်
မင်းသိဒ္ဓာတ်ရဲ့တပ် ခွာပြဲသွားတာ"
"ကျုပ် အဲ့သတင်းကို ကြားတယ်...အဲ့ဒီ့ဗျူဟာကို ဘယ်သူချလိုက်တာလဲ...အမတ်လား...တပ်မင်းလား..."
" အမတ်လည်းမဟုတ်ဘူး...တပ်မင်းလည်း မဟုတ်ဘူး....
အမတ်ကြီးအနိဒိစ္စရဲ့မွေးစားသားလေ..."
" အမတ်ကြီးရဲ့မွေးစားသားဆိုတာ...ဟို ပိုးထည်လုပ်ငန်းပိုင်ရှင် သူကြွယ်လေးလား"
"ကဲ...ရှင်တို့ပြောနေတဲ့ကောင်လေးက ဟိုမှာ ငုပ်တုပ်ကြီးထိုင်နေတယ်"
ဝန်ကတော်တစ်ဦးက ရွှေလက်ကောက်များဝတ်ထားသည့်လက်ကို ဆတ်ခနဲခါလိုက်ပြီး ယုဂန်ဘက်ကို ညွှန်ပြသည်။
ယုဂန်သည် ထိုစကားများကြောင့် အနှီစားပွဲဝိုင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုလူများက ယုဂန်ကို ဝိုင်းကြည့်နေကြ၏။ ယုဂန် လှည့်ကြည့်လာသည်ကိုမြင်သော် ပြုံးပြကြသည်။
ယုဂန်လည်း မချိပြုံးလေး တစ်ခုပြုံးပြပြီး စာအုပ်ကိုသာ ပြန်ငုံ့ကြည့်လိုက်သည်။
ယုဂန်ကို ဆက်ကြည့်နေကြသလားမသိပါ။
နေရခက်လှသည်။
ထို့နောက် ယုဂန်ကိုစကားသွားပြောရန် ဆွေးနွေးတိုက်တွန်းသည့် တီးတိုးသံများထွက်ပေါ်လာသဖြင့် ယုဂန်သည် စောရံကိုလက်တို့ကာ သူတို့မလာခင် ဆိုင်ထဲမှ ထွက်ပြေးလာခဲ့သည်။
***********************
ကောင်းကင်မှာ ပြာလိုက်၊ နက်လိုက်။ နေမင်းမှာ ထွက်လိုက်၊ ဝင်လိုက်။ ဆီးနှင်းမှာ ကွယ်လိုက်၊ ပျောက်လိုက်။
တစ်နေ့နှင့် တစ်ဉာဉ့်မှာ တစ်လှည့်ဆီဖြစ်လိုက်။
နေ့ရက်များ တစ်ရက်ပြီးတစ်ရက်အလျင်အမြန်ကုန်ဆုံးလာခဲ့သည်မှာ တပို့တွဲလ၏တစ်ဝက်ကျိုးအချိန်တောင် ရောက်ရှိလာပြီဖြစ်သည်။
စစ်ပွဲဖြစ်ပွားနေသည်မှာလည်း ရက်ပေါင်း ၂၅ ရက်မျှရှိပြီ။
သည်အတောအတွင်း ယုဂန်မှာ ထူးထူးခြားခြားမဟုတ်သော၊ ပေါ့ပါးသောနေ့ရက်များကို ဖြတ်သန်းခဲ့သည်။
သုရှင်ပြောသည့်အတိုင်း နန်းတွင်းအရာရှိစာမေးပွဲဝင်ဖြေရန် လိုအပ်သည်များကို လေ့လာဖြစ်သည်။ ကိုယ်ခံပညာကိုလည်း သင်ယူဖြစ်ပြီး မှော်အစွမ်းဘက်ကိုလည်း လေ့ကျင့်ဖြစ်သည်။ ညနေခင်းတွင် မြင်းစီးသည်။ ယုဂန်ပိုင်သော အထည်လုပ်ငန်း၊ ကြွေထည်လုပ်ငန်းများဘက် သွားကြည့်ဖြစ်သည်။ တစ်ခါတလေ နန္ဒ၊ ပီယံတို့နှင့် တွေ့ဆုံဖြစ်သည်။ သုဒီပါမှာ စစ်ထွက်နေသည်မို့ ဒီပါနှင့်တော့ မတွေ့ရချေ။
သို့သော် ဒီပါ့ထံမှ သဝဏ်လွှာများ ရောက်လာတတ်သည်။
သဝဏ်လွှာများထဲတွင် ရေးသားထားသည့်အဓိကအကြောင်းမှာ စစ်ရေးသတင်းပင်ဖြစ်၏။ အရုဏအကြောင်း၊ ရဲသိင်္ခအကြောင်း ၊ စစ်အတူတူတိုက်နေသော သူရဲကောင်းတပ်မှူး၊ ဗိုလ်မှူးများအကြောင်း ပါတတ်သည်။
ထိုအခါ ယုဂန်၊ နန္ဒနှင့်ပီယံတို့သည် ထိုစစ်ရေးသတင်းများနှင့် ပတ်သတ်သည့်စကားများ ပြောဆိုဖြစ်ကြပြီး ထို့နောက်တွင်မူ စကားစပ်မိရင် စပ်မိသလောက် တခြားသော အကြောင်းအရာများပြောဖြစ်ကြ၏။
တစ်ခါတလေ နန္ဒနှင့် ပီယံတို့၏ဖိတ်ခေါ်မှုကြောင့် နန်းတွင်းသဘင်ခန်းမသို့ သွားဖြစ်သည်။
ညနေခင်းတစ်ခုတွင်မူ သဘင်ခန်းမအတွင်း ပွဲကျင်းပနေစဉ် က,ပြနေသော ပန်တျာသည်မှာ မျက်နှာကိုဖုံးထားသည့် ဇာပဝါကျွတ်ကျသွား၏။
ထိုပန်တျာသည်ကို ယုဂန် မြင်မြင်ချင်းမှတ်မိလိုက်သည်။
သူ မြင်းနှင့်တိုက်မိမလို ဖြစ်ခဲ့သော ယောက်ျားပျိုပင်။
ယုဂန်သည် ထိုပန်တျာသည်ကို သွားရောက်စကားပြောဖြစ်ခဲ့၏။ ထိုယောက်ျားပျို၏အမည်မှာ "အာနီ" ဟုသိရသည်။ ယုဂန်...အာနီနှင့်အတန်ငယ်ခင်မင်သွားခဲ့သည်။ ယုဂန်က သခင်လေးတစ်ယောက်မှန်း သိသွားသည့်အခါ အာနီက စကားကို ဖြစ်ကတတ်ဆန်းမပြောဘဲ ရို့ရို့ကျိုးကျိုးပြောလေ၏။
ဤသို့နှင့် သမားရိုးကျဆန်သော အချိန်များခပ်သွက်သွက်
ကုန်ဆုံးသွားပြီး တပေါင်းလသို့ရောက်ရှိလာသည်။
မြောက်ပြန်လေကို တောင်ပြန်လေက တိုက်ထုတ်လိုက်သလို၊ ဆောင်းနှောင်းဟေမာန်ကို နွေဦးဂိမာန်က တိုက်ထုတ်လိုက်ပြီ။ ထို့အတူ ရာဓဇစစ်တပ်များကိုလည်း ဥတ္တရမြေပေါ်မှ တိုက်ထုတ်နိုင်ခဲ့လေပြီ။
ရွှေပွင့်ရွှေခိုင်နှင့်တူသော သရဖီပန်းများ ဝါဝါဝင်းဝင်းဖူးပွင့်ခဲ့ပြီ။ လေထုမှာ အေးမြမှုနှင့် ပူနွေးမှုတို့ ရောယှက်နေကြ၏။ ရွှေဝါရောင်သန်းသည့် သစ်ရွက်ခြောက်များ မြေပြင်ထက်သို့ကြွေကျကာ လေရူးနှင့်အတူ ရှပ်တိုက်ပြေးနေကြသည်။
ထိုသစ်ရွက်ခြောက်များကို မြင်းခွာများက ခပ်ကြမ်းကြမ်းနင်းခြေပစ်လိုက်၏။ မြင်းတပ်နောက်မှ ဆင်တပ်ပါလာသည်။ လက်နက်ကိုင်ထားသော စစ်သည်များလိုက်ပါ,လာ၏။ စစ်ထွက်သွားသော တပ်များသည် ဟီရသို့ပြန်လည်ရောက်ရှိလာပေပြီ။
******************************
မဏိသည် ကြားရသောတေးဂီတသံ စည်းချက်အလိုက်
သူ၏ပေါင်ကို လက်ချောင်းများဖြင့် ခေါက်နေ၏။ လက်တစ်ဖက်က ဗျစ်ရည်ခွက်ကိုဆုပ်ကိုင်ကာ အားရပါးရမော့သောက်လိုက်သည်။ ပူနွေးရှတသော ဗျစ်ရည်သည် ခြောက်သွေ့သောလည်ချောင်းတစ်လျှောက်လျှောကျကာ အစာအိမ်ထဲထိစီးဝင်သွားပြီးနောက် ပြင်းသောဗျစ်ရည်ငွေ့အချို့ ရင်ခေါင်းထဲ ပြန်လှိုက်တက်လာသည်။ နွေးသွား၏။
သဘင်ခန်းမအတွင်း မြူးကြွသောတေးသီသံများသည် သာယာစွာထွက်ပေါ်နေပြီး ရယ်မောသံများနှင့် စကားပြောဆိုသံများလည်း ရောပါနေ၏။ ဤသဘင်ခန်းမအတွင်းရှိ လူတိုင်းသည် တက်ကြွမှုများနှင့် မြူးတူးနေသည်မှာ
သူတို့၏ရှိရှိသမျှ ပူပင်သောကများကို ခေတ္တမေ့ပျောက်နေသည့်နှယ်။
ပန်တျာသည်မိန်းကလေးတစ်ဦးသည် နာပျော်ဖွယ်အသံလေးဖြင့် တေးသီကျူးနေသည်။ သူမ၏သီချင်းမှာ
နူးညံ့သောချစ်ခြင်းမေတ္တာကို ဖွဲ့ သော တက်ကြွသည့်သီချင်းမျိုးဖြစ်သည်။ မကြာမီ ထိုသီချင်းတစ်ပုဒ်ပြီးသွား၏။
ထိုအခါ အဆိုပါမိန်းကလေး၏နေရာတွင် နောက်တစ်ယောက်ဝင်လာသည်။ ထိုသူမှာ ပန်းရင့်ရောင်အဝတ်အစားတို့ကို ဝတ်လျက် အညိုလဲ့သောဆံနွယ်တို့ကို ထုံးဖွဲ့ထားသည်။ ထိုပျောင်းပျော့သောဆံနွယ်တို့ကြားတွင် အင်ကြင်းပန်းတို့ကို ဝေနေအောင်ပန်ဆင်ထား၏။ မျက်နှာတွင်တော့ ပန်းရင့်ရောင်ဇာပဝါပါး။
အာနီ...
အာနီဟူသော ပန်တျာသည်ပါပင်။
သူ့ကိုမြင်သော် မဏိသည် ထိုင်ခုံတွင်နောက်မှီထိုင်နေရာမှ ကျောရိုးကိုမတ်သွားပြီး အာနီ့ကိုမျက်တောင်မခတ်တမ်း လှမ်းကြည့်နေ၏။
အာနီသည် မိချောင်းဗျပ်စောင်းနောက်တွင် ဝင်ထိုင်လိုက်ပြီး စောင်းကြိုးများကို ညှိနေသည်။ လက်ချောင်းများတွင် လက်ခတ်ကိုစွပ်၏။ ထို့နောက် စောင်းကြိုးပေါ် မွှေ့ကြည့်သည်။ တိကျသောသံစဉ်မပါသည့် စောင်းသံမှာ ညင်သာစွာလွင့်ဝဲလာ၏။
(မွန်ရိုးရာ တူရိယာပါ)
အာနီ၏မျက်တောင်ရှည်များမှာစင်းလျက် မိချောင်းစောင်းပေါ်သာ အာရုံစိုက်၏။ သူသည် စောင်းကိုတီးရင်း သာယာသောဂီတသံစဉ်များကို ဖန်တီးသည်။ ထို့နောက် သူ့ထံမှ နားဝင်ချိုလှပါသော တေးသီချင်းဆိုသံထွက်ပေါ်လာသည်။
ယောက်ျားလေးဟုပြော၍သာ ယုံရသည်။
တေးဆိုသံကအစ ယောက်ျားကြီးတစ်ယောက်လို ဩရှမနေဘဲ တောအုပ်ကြားဖြတ်သန်းစီးဆင်းသော ကြည်လင်အေးမြသည့်စမ်းရေလို၊ လေနှင်ရာလွင့်လာသည့် ဝါဂွမ်းဆိုင်များလို နူးညံ့ဝါညက်လွန်းသည်။ သူ ဆိုသောသီချင်းမှာ ချစ်သူနှင့်ကွေကွင်းသော အလွမ်းသီချင်းမျိုး။
အာနီ၏ဖြူဝင်းပျော့ပျောင်းသော လက်ချောင်းများသည် စောင်းကြိုးကို ထိတွေ့လှုပ်ခါနေပြီး ကဗျာဆန်စွာလှုပ်ရှားနေသည်။ ခန့်ညားတင့်တယ်မှုမဟုတ်။ ဒါဟာ ကြော့ရှင်းသိမ်မွေ့လွန်းသော အလှတရားပင်။
သီချင်းပြီးဆုံးသောအချိန်အထိ မဏိ သူ့ကိုငေးကြည့်နေ၏။ သီချင်းပြီးဆုံးသွားသောအခါ အာနီ ထွက်ခွာသွားပြီး အာနီ့နေရာတွင် ခုနက ပန်တျာသည်မလေး ပြန်ရောက်လာသည်။ မဏိသည် ဗျစ်ရည်ထည့်ထားသော ရွှေခွက်ကို
စားပွဲပေါ်ချလိုက်ပြီး အာနီ သွားရာနောက်သို့ လိုက်သွားသည်။
အာနီသည် ခန်းမအတွင်းရှိ သောသောညံနေသော လူအုပ်များကြား တိုးဝှေ့ရှောင်ရှားပြီး သဘင်ခန်းမမှထွက်ခွာသော လမ်းထဲချိုးဝင်သွားသည်။ မဏိ သူ့နောက်ကို ပြေးလိုက်သွား၏။ ထိုလမ်းထဲတွင် လူသူကင်းမဲ့ပြီး အာနီနှင့် သူသာ ရှိသည်။
ရန်သူအနီးသို့ တိတ်တဆိတ်ချဉ်းကပ်သော ပဘင်္ကရဗျူဟာကို ကျွမ်းကျင်တတ်မြောက်သည့် မဏိမှာ ပြေးလိုက်နေသည့်တိုင် ခြေသံတစ်စက်မှ မထွက်ပါချေ။ အသံဟူ၍ နည်းနည်းလေးတောင် မရှိ။
သို့ရာတွင် အာနီက သတိကြီးသောကြောင့်လားမသိ။
လူလိုက်လာမှန်း သတိထားမိပြီး အနောက်သို့ ဆတ်ခနဲလှည့်ကြည့်လာ၏။ မဏိကို မြင်သော် ဗာဒံစေ့သဏ္ဌာန်မျက်ဝန်းတို့ အနည်းငယ်ဝိုင်းစက်သွားဟန်။
ထပ်၍ ထွက်ပြေးမည်စိုးသောကြောင့် မဏိသည် သူ၏လက်တစ်ဆုပ်စာတောင်မရှိသော အာနီ၏လက်ကောက်ဝတ်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ အာနီ၏ကိုယ်ကို အားဖြင့်ဆွဲလိုက်လျက် နံရံတွင် ဖိကပ်လိုက်၏။
ကြမ်းတမ်းလျင်မြန်လွန်းသောကြောင့် အာနီ့ဆံနွယ်ပေါ်ရှိ အင်ကြင်းပန်းတစ်ပွင့် ကြမ်းပြင်ပေါ်ကြွေကျသွားသည်။
"အ..."
မာကြောသောနံရံနှင့် ဖိကပ်ခြင်းခံလိုက်ရသဖြင့် အာနီ့ထံမှ အသံသေးသေးလေးထွက်လာသည်။ အာနီ၏ မျက်ဝန်းများသည် မဏိကို နားမလည်နိုင်စွာ ကြည့်နေသည်။
ကော့ညွတ်သော မျက်တောင်ဖျားများ လှုပ်ခတ်သွား၏။
မဏိထံမှ ရှူထုတ်လိုက်သော လေနွေးနွေးလေးများသည်
အာနီ၏နဖူးရှိ ဆံစများကို လွန့်လူးသွားစေသည်။ အာနီသည် ရုတ်တရက်ကြောင်ပြီး ကြည့်နေမိရာမှ သူ၏အသိစိတ်ကို ဗျစ်ရည်နံ့စူးစူးက လှုံ့ဆော်ပေးလိုက်သည်။
မူးပြီး သူ့ကိုဒီလို လာလုပ်နေတာ မဟုတ်ဘူးလား...
အာနီ ရုန်းသည်။ သို့ရာတွင် သူ၏ သေးသွယ်ပါးလျား ခန္ဓာကိုယ်လေးမှာ မဏိ၏လက်အောက်မှ ရုန်းထွက်ဖို့အားအင်လည်း မရှိပါချေ။ ဆုပ်ကိုင်ခံထားရသော လက်ကောက်ဝတ်သည် နီရဲလာနေသည်။
"လွှတ်ပါ.."
တုန်ယင်နေသော အသံသေးသေးလေးပင်။ ထို့နောက် ထပ်ပြောလာသည်။
"ကျေးဇူးပြုပြီး လွှတ်ပေးပါ"
ရို့ကျိုးသော အသုံးအနှုန်းနှင့် အသနားခံနေသော ငိုရှိုက်သံတစ်စွန်းတစ်စတောင် ပါဝင်နေသေးသလို။
မဏိကို မင်းသားတစ်ပါးမှန်း သူသိနေသည်။
မဏိသည် အာနီ့မျက်နှာကိုဖုံးထားသည့် ပဝါစကို ဖယ်ရှားလိုက်သည်။ ပဝါအောက်မှ ပေါ်လာသော ပြေပြစ်သည့်မျက်နှာ လှလှလေး။ ပန်းဖျော့သော နှုတ်ခမ်းဖူးဖူးနှင့် သိမ်မွေ့စွာ လှလွန်းသော ရုပ်ရည်။
ခဏတာ ငေးစိုက်ကြည့်မိသွားသည်။
"မင်း ငါနဲ့အရင်က တွေ့ဖူးတယ်မလား..."
အာနီ သူ့ကိုတည့်တည့်မကြည့်ဘဲ မျက်လွှာချကာ အကြည့်လွှဲသည်။
"ဟုတ်ကဲ့...မြင်းခင်းသဘင်ပွဲရဲ့ နောက်ဆုံးရက်က ပျော်ပွဲအခမ်းအနားမှာ တွေ့ဖူးပါတယ်"
ကြောက်ရွံ့နေသလို၊ သို့မဟုတ် ရှက်ရွံ့နေသလို အသံမျိုး။
"မဟုတ်ဘူး...အဲ့ထက်အရင်..."
" အဲ့ဒီ့နေ့ကမှ ပထမဦးဆုံးမြင်ဖူးတာပါ"
အာနီ၏လက်ကောက်ဝတ်ကို တင်းကြပ်စွာညှစ်လိုက်သည်။ နာသောကြောင့် အာနီ့၏မျက်နှာ မသိမသာမဲ့သွားသည်။
" ညာတယ်..."
" အာနီ မညာရဲပါဘူး...အာနီက ဟီရမြို့တော်ကိုမကြာသေးခင်ကမှ ရောက်လာတာဖြစ်တဲ့အတွက် အဲ့ဒီ့နေ့ကမှ တော်ဝင်မိသားစုကို ပထမဦးဆုံးမြင်ဖူးတာပါ"
"ငါကတော့ မင်းကို အရင်တည်းက တွေ့ဖူးတာ သေချာတယ်..."
မဏိသည် အာနီ့၏ ကျပ်နေသောအင်္ကျီလည်ပင်းပေါက်ကို ဗြိခနဲမြည်အောင် ဆွဲဖြဲလိုက်၏။ သူ့၏အားကြောင့် အင်္ကျီလည်ပင်းပေါက်မှာ လွယ်လွယ်ကူကူပြဲထွက်သွားပြီး ဖြူဝင်းသောပခုံးသားလှစ်ခနဲပေါ်လာ၏။ အာနီ့၏ကိုယ်လေး တွန့်ပြီး တုန်သွားသည်။
အာနီ့၏ကျောနှင့် ဂုတ်သားအလယ်တွင်ရှိသော
ပန်းပွင့်သဏ္ဌာန် အနီရောင်ရေးရေးအမှတ်ကို မဏိ စူးစိုက်ကြည့်သည်။
ထိုအမှတ်....
မှားစရာ အကြောင်းမရှိ။
အာနီဟာ သူမှ သူပင်။
"ငါ့ကိုမမှတ်မိစရာ အကြောင်းလည်း မရှိပါဘူး"
" အရှင့်သားဘာတွေပြောနေသလဲဆိုတာ အာနီမသိပါဘူး...အာနီ အရှင့်သားကို အရင့်အရင်က မတွေ့ဖူးတာတော့ အမှန်ပါ...တစ်ယောက်ယောက်နဲ့ လူမှားနေတယ်ထင်ပါတယ်..."
" လူမှားတယ်?"
"ဟုတ်ကဲ့..."
"ငါလူမှားစရာအကြောင်းမရှိဘူး...မင်းက..."
"မဏိစက္က...ဟေ့..."
မဏိ၏စကားကိုဖြတ်၍ ကျယ်လောင်မြူးတူးသော အော်ခေါ်သံတစ်ခု ခပ်လှမ်းလှမ်းမှထွက်လာသည်။သေရည်မူးနေသော တပ်မင်းတစ်ယောက်ပင်။ မဏိ၏ သူငယ်ချင်းတစ်ယောက်လည်းဖြစ်သည်။
မဏိသည် အာနီ့ကိုချုပ်ထားသည့်လက်ကိုလွှတ်လိုက်၏။ အခွင့်အရေးကိုလက်လွှတ်မခံဘဲ အာနီသည် ပြဲသွားသော အင်္ကျီလည်ပင်းပေါက်ကို နုနုယွယွလက်ချောင်းလေးများဖြင့် ဆွဲစိလိုက်ပြီး ချက်ချင်းပြေးထွက်သွားသည်။
မဏိ အာနီ့ကိုတစ်ချက်လှမ်းကြည့်လိုက်သေးသော်လည်း အနောက်သို့ထပ်မလိုက်သွားခဲ့။
အာနီ့၏ဆံနွယ်ကြားမှ ကျကျန်ခဲ့သည် အင်ကြင်းပန်းပွင့်ကိုကောက်ယူလိုက်သည်။
*****************************
သဘင်ခန်းမအတွင်း သာယာနာပျော်ဖွယ်တေးသံများ မြူးကြွလျက်။
သို့သော် ဂီတသံကိုမကြားရလောက်အောင် အရုဏ၏ဘေးနားတွင် ချီးကျူးဂုဏ်ပြုသံများ၊ ခပ်ဖျော့ဖျော့ရယ်သံများနှင့် ပြည့်နှက်နေလေသည်။ အင်အားကွာသည့်တိုင် ဆင်တပ်ကို အနိုင်ရအောင်တိုက်နိုင်ခဲ့သော အရုဏ၏ လုပ်ရည်ကိုင်ရည်မှာ တော်လှကြောင်း၊ ဖြစ်ပွားခဲ့သော စစ်အခြေအနေအကြောင်း၊ မဏိနှင့် ဘရဏသူတို့၏ စစ်ရေးနည်းလမ်း လုပ်ပုံကိုင်ပုံအကြောင်း၊ ရာဓဇနှင့် ဥတ္တရတို့၏ဆက်ဆံရေးအကြောင်း အစရှိသော အက်ကြောင်းထပ်စကားများကိုပင် ပြောဆိုနေကြသည်မှာ တဖြည်းဖြည်းနှင့်ပျင်းရိဖွယ်ကောင်းလာနေပြီ။ အရုဏသည် ထိုသူတို့ပြောသမျှစကားတိုင်းကို ခေါင်းညိတ်နေပြီးသည့်နောက်တွင် လူအုပ်စုအလယ်မှ မသိမသာရှောင်ထွက်လာခဲ့တော့သည်။
အရုဏ၏မျက်ဝန်းများမှာ သဘင်ခန်းမအတွင်းကို လှည့်ပတ်ကြည့်ရှုနေသည်။ သူသည် တစ်စုံတစ်ရာကို လိုက်လံရှာဖွေနေပြီး စိတ်မရှည်ဟန် ၊ မျှော်လင့်ဟန်များလည်း ပေါ်ပေါက်နေ၏။
သူရှာနေသောသူကို လုံးဝမတွေ့သောအခါ လေးလံသောနှာမှုတ်သံဖြင့် သက်ပြင်းချသည်။ ထို့နောက် နောက်တစ်ခေါက်ထပ်ရှာပြန်၏။
သဘင်ခန်းမကို ယုဂန်နိုင်လာမှာ သေချာသည်။
နန္ဒက သူ့သူငယ်ချင်းကိုဖိတ်ကြားထားမှာ အသေအချာ။
နောက်ပြီး ယခုပျော်ပွဲရွှင်ပွဲသည် စစ်ပွဲမှပြန်လာသူ တပ်မှူး၊ဗိုလ်မင်းများအတွက် ရည်ရွယ်သောပွဲဖြစ်သောကြောင့် သုဒီပါကိုတွေ့ရန် သေချာပေါက် လာကို လာလိမ့်မည်။ သို့သော် ခုထိရှာမတွေ့သေး။ ဘယ်ချောင်တွင် ပုန်းနေလဲ မသိ။
သဘင်ခန်းမအတွင်းရှိ လူအုပ်ကြီးသည် ပျားပန်းခပ်ပမာ ရှုပ်ယှက်ခတ်နေသည်။ မီးရောင်များမှာ မျက်စိနောက်စရာကောင်းလောက်အောင် ထွန်းလင်းဝေဆာနေလျက် ဂီတသံမှာလည်း မြူးကြွနေသည်။ ကခုန်နေသူများလည်း ရှိ၏။ စားသောက်နေသူများ၊ ရယ်ရယ်မောမောစကားပြောဆိုနေသူများလည်း ရှိ၏။
ဤကား ပျော်ပွဲရွှင်ပွဲ၏ အင်္ဂါရပ်နှင့်ညီသည်။ ပြည့်စုံသော ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သည်။ သို့သည့်တိုင် အရုဏသည် သူအလိုရှိဆုံးအရာတစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရသည်။ ပျော်ပွဲရွှင်ပွဲမှာ မပြီးပြည့်စုံသလိုမျိုး။
လိုအပ်နေသလိုမျိုး။
ဘာလို့များလဲ....
သူ....ယုဂန်နိုင်ကို စေ့စေ့စပ်စပ်ရှာဖွေနေသည့်တိုင် မတွေ့ပါချေ။
သဘင်ခန်းမ၏ ချောင်ကျသော နေရာများထိပါ သူ...လိုက်ကြည့်သည်။ ယုဂန်ကို တွေ့ဖို့နေနေသာသာ နန္ဒ၊သုဒီပါနှင့် ပီယံမိတ် တို့ကိုပါ မတွေ့ရပါ။ လေးယောက်ပေါင်းပြီိး ဘယ်သွားနေကြလဲ မသိ။
ကြက်သွေးရောင်တင်းတိမ်ကို လှစ်တင်ပြီး ယုဂန်ကို ရှာကြည့်ပြီးသည့်နောက်တွင် သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။
ပျော်ပွဲရွှင်ပွဲမှာ မပြည့်စုံသလိုခံစားနေရသည်။
ယုဂန်နိုင်ကို လိုက်ရှာနေမိသည်။
ထိုအရာနှစ်ခုကို ညီမျှခြင်းချလိုက်ပါက ယုဂန်နိုင်မရှိသဖြင့် မပြည့်စုံသလိုခံစားနေရသည်။
ငှက်မွှေးများဖြင့် တစ်ကိုယ်လုံးကို တို့ထိလိုက်သည့်နှယ်
ယားကျိသလိုခံစားလာရပြီး ခြေဖျားမှ ခေါင်းအဆုံး ကြက်သီးမွှေးညှင်းများ ထ,သွားသည်။ သူ တင်းတိမ်ကို ကမန်းကတန်းပြန်ချလိုက်၏။
အမြဲတစေအေးစက်ပြတ်သားခဲ့သော မျက်ဝန်းများသည် စိတ်ရှုပ်ထွေးဟန်များနှင့်ပြည့်နှက်သွားပြီး မာကြောမှု လျော့ကျသွားသည်။
ခံစားချက်များနှင့်ပတ်သက်ပါက အမြဲတစေရိုးရှင်းလွန်းသော အရုဏသည် ပထမဦးဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ နားမလည်နိုင်ဖြစ်သွားသည်။
သူ့ကိုယ်သူ မေးခွန်းတစ်ခုပြန်မေးသည်။
ဘာအတွက် ယုဂန်နိုင်ကို လိုက်ရှာနေရတာလဲ....
တွေ့ချင်လို့ ဟူသောအဖြေက ဒတ်ခနဲပေါ်လာသော်လည်း
ဘာအတွက်တွေ့ချင်တာလဲ ၊ တွေ့ပြီး ဘာလုပ်မလို့လဲ
ဟူသော မေးခွန်းများ ဆက်တိုက်ရောက်လာသောအခါတွင်မူ ဝေဝါးရှုပ်ထွေးသွားရသည်။ တိကျပြီးစေ့စပ်သော အရုဏမှာ အဖြေပျောက်ရှနေပြီ။
အရုဏ၏ဘဝတွင် လုပ်ဆောင်ချက်တိုင်း၊ အတွေးတိုင်းသည် အကြောင်းပြချက် ရေရေရာရာရှိခဲ့သည်။ ဗျူဟာများ ချမှတ်နေခြင်းသည် စစ်ပွဲအောင်နိုင်ရေးအတွက်ဖြစ်သည်။ ရန်သူကိုသတ်ဖြတ်ခြင်းမှာ မိမိအသက်ကိုကာကွယ်ရင်း တာဝန်ကျေပွန်စေဖို့ဖြစ်ပြီး အသက်ရှင်နေခြင်းမှာ မသေသေးလို့ဖြစ်သည်။ ဗိုက်ဆာပါက စားစရာသွားယူမည်။ ရေဆာပါက ရေထ,သောက်မည်။ နာကျင်ပါက အောင့်အီးသည်းခံလိုက်ပြီး မခံမရပ်နိုင်အောင် ပြင်းထန်သော ဒဏ်ရာများကိုမူ သမားတော်ထံသွားပြမည်။
ဒဏ်ရာ၊ ရောဂါကိုပြဖို့ သမားတော်ကိုတွေ့သည်။
အလုပ်ကိစ္စဆွေးနွေးဖို့ အလုပ်တွဲလုပ်သူများကိုတွေ့သည်။ ဖိတ်ခေါ်သဖြင့် ညီအစ်ကို၊မိသားစုဝင်များကိုသွားတွေ့သည်။ ယုဂန်နိုင်ကိုမူ ဘာအတွက် တွေ့ရမှာတဲ့လဲ....
ဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေအနေအကြောင်းသွားပြောဖို့လား။ ယုဂန်နိုင်က တပ်မင်းလည်း မဟုတ်၊ တပ်မှူးလည်း မဟုတ်သလို အမတ်လည်း မဟုတ်သေး။ ပြီးတော့ အရုဏဟာ ပြီးခဲ့တဲ့အတိတ်ကိစ္စတွေကိုပြန်ပြောရမှာ ငြီးငွေ့တဲ့လူ။
တိုက်ပွဲအတွင်းရခဲ့တဲ့ ဒဏ်ရာတွေကိုသွားပြပြီး ပြောပြဖို့လား။ ယုဂန်နိုင်က သမားတော်မှ မဟုတ်တာ။
ဒီတိုင်း...ဒီတိုင်းလေး...
အကြောင်းပြချက်မရှိဘဲ တွေ့ချင်မိရုံလေး....
အရုဏ၏ အသက်ရှူသံများနှေးကွေးသွားပြီး နှလုံးခုန်သံ ဂယက်ရိုက်သွားသည်။
သူ ရှေ့ဆက်ပြီး မစဉ်းစားရဲ...မတွေးရဲတော့။
သူသည် အနားရှိ ကနုတ်ဖော်တိုင်လုံးကို လက်ဖြင့်ထောက်လိုက်မိပြီး သူ၏စိတ်မှာ ရှုပ်ထွေးနေသည့်အပြင် ၊ ကသိကအောက်ဖြစ်မှုများလည်း ပါဝင်နေသေးသည်။
အနှီစိမ်းသက်သော ခံစားချက်ကြီးမှာ ထူးဆန်းလှသည်။
သူ့ကို ကသိကအောက်ဖြစ်စေသည်။ ဝေဝါးနောက်ကျိစေသည်။
ပထမဆုံးအကြိမ်ဖြင့် လူတစ်ယောက်ကို လိုအပ်နေခဲ့သည်။ ပြီးတော့ ထိုလူက ယုဂန်နိုင်....
သူ မငြင်းပါ...
စစ်ထွက်နေသောအတောအတွင်း တချို့သောအချိန်များတွင် ယုဂန်နိုင်ကို ဖြတ်ခနဲသတိရမိသည်။ သို့ရာတွင် မပီမသသော သတိရခြင်းမျိုးဖြစ်ပြီး လေးလေးနက်နက်မတွေးဖူးခဲ့ပါချေ။ ဒီတိုင်း ဦးနှောက်က ပုံရိပ်လွှင့်ပေးနေသည်ဟု ထင်ခဲ့သည်။
သို့ရာတွင်...
အမှန်တကယ် ပြေးတွေ့ချင်စိတ်မျိုး ဖြစ်နေခဲ့၏။
ယုဂန်နိုင်ကို ရှာမတွေ့သောကြောင့် သူ မပျော်မရွှင်ဖြစ်နေသည်။ ဒေါသလည်း ထွက်ချင်လာသလို အားမလိုအားမရဖြစ်လာနေသည်။
ယုဂန်နိုင်ကို ဘာလို့ လိုအပ်ရမှာလဲ...ဘာလို့တွေ့မှဖြစ်မှာလဲ....
ဘာလို့ရော မတွေ့ရတာလဲ....
အရုဏသည် ညစ်ညူးသောစိတ်ဖြင့် အနောက်သို့ ချာခနဲလှည့်လိုက်ရာ ယောက်ျားတစ်ဦးနှင့် ဝင်တိုက်မိသွားသည်။
ထိုလူ၏လက်ထဲမှ သေရည်ပုလင်း မှောက်ကျသွားပြီး အရုဏ၏ကိုယ်ကို ရွှဲစိုသွားစေသည်။ ထိုလူမှာ မူးနေသောကြောင့် ယိုင်ထိုးနေပြီး အရုဏ၏တိုက်မိသောအခါ အရုဏ၏လက်ကို အယောင်ယောင်အမှားမှားနှင့် လှမ်းဆွဲလိုက်သေးသည်။
ထိုသူ့လက်မှ ပြူးနေသောစိန်လက်စွပ်ကြီးက အရုဏ၏လက်ဖမိုးကို ရှပ်တိုက်သွားပြီး သွေးထွက်သွား၏။
" တောင်းပန်ပါတယ်...တောင်းပန်ပါတယ်..မတော်လို့ပါ"
အမူးသမားက ဗလုံးဗထွေးပြောသည်။
အရုဏ ဘာမှပြန်မပြောဘဲ အမူးသမားနားမှ ထွက်လာခဲ့သည်။ အရုဏသည် လက်ဖမိုးမှ ဘာမဟုတ်သောခြစ်ရာသေးသေးလေးကို ဂရုမစိုက်သည့်အတွက် သွေးပင် မသုတ်ခဲ့။
သေချာသောအရာမှာ သူဒေါသထွက်ချင်နေပြီဖြစ်သည်။
အဝတ်အစားပေါ်ပေသွားသော သေရည်နံ့ဟာလည်း သူ့ကို အလွန်တရာစိတ်အနှောင့်အယှက်ပေးနေသည်။
ရှုပ်ထွေးနေသော ခံစားချက်များနှင့် ဒေါသတို့လုံးထွေးလာပြီး သဘင်ခန်းမအတွင်းမှ ထွက်သွားခဲ့သည်။
*******************************
အရုဏသည် ရုတ်တရက်ကြီးခေါင်းကိုက်ချင်လာသလိုလို။ စိတ်နှလုံးဟာ အလွန်တရာညစ်ညူးပြီး မပျော်မရွှင်ဖြစ်နေသည်။
ယုဂန်နိုင်ကို မတွေ့လို့လား၊ ဒါမှမဟုတ် လိုက်ရှာနေမိတဲ့အကြောင်းပြချက်ကိုမသိလို့ ဒေါသထွက်နေခြင်းလား သူကိုယ်တိုင် မသိတော့။ စိတ်ရှုပ်နေသည့်ကြားထဲမှ သေရည်နံ့ကြီးက သူ့ကိုယ်တွင်စွဲကပ်နေသေး၏။
ထိုသေရည်နံ့ကိုဖျောက်ပစ်ဖို့ ရေချိုးပစ်ရမည်။ နောက်ပြီး ရှုပ်ထွေးနေသောစိတ်များ ပြန်လည်ကြည်လင်သွားစေရန် သလင်းကျောက်ကန်တွင် ရေချိုးရန်စဉ်းစားမိလိုက်သည်။ ထို့ကြောင့် ပန်းမြတ်ဂနိုင်နန်းဆောင်ဘက်သို့ ထွက်လာခဲ့သည်။
ပန်းမြတ်ဂနိုင်နန်းဆောင်ရှိ သလင်းကျောက်ကန်ဆိုသည်မှာ အသင့်အတင့်ကျယ်ဝန်းသော လူလုပ်ရေကန်ငယ်တစ်ကန်ဖြစ်သည်။ သလင်းကျောက်ကန်ဟု ခေါ်ဆိုရခြင်းမှာ ထိုကန်အတွင်းရှိရေများကို ကောင်းမွန်သောစွမ်းအားရှိသည့် ကျောက်သလင်းများဖြင့် အရင်ဦးဆုံးစီမံထားသောကြောင့်ဖြစ်သည်။ သလင်းကျောက်များရှိ
စွမ်းအင်ကို ရေအတွင်းသို့ ရောက်စေသည်။ ကျောက်သလင်းစွမ်းအင် ကိန်းဝင်သောရေကို ရေကန်ထဲသို့ဖြည့်သည်။
ပန်းမြတ်ဂနိုင်နန်းဆောင် နန်းတော်ထဲပေါ်ပေါက်လာခြင်းမှာ နှစ်၅၀ ကျော်မျှသာရှိဦးမည်။ စတင်ဖန်တီးလိုက်သော အပျိုတော်ကြီးတစ်ဦးက အခုဆိုရင်တော့ အသက်ကြီးရောဂါဖြင့် ဆုံးသွားပြီ။ ထိုအပျိုတော်ကြီးက ရေတွင် အသိစိတ်ရှိပြီး မှတ်ဉာဏ်လည်းရှိသည်ဟု ယုံကြည်သည်။ သူမ၏အပြောအရ ညစ်ပတ်သောနေရာတွင် နေခဲ့ရသောရေ၊ ဆိုးရွားသောဖြစ်ရပ်များကိုမြင်တွေ့ခဲ့ရသောရေ၊ ကျဉ်းကျပ်သောနေရာ( ဥပမာ ရေပိုက်) တွင်နေခဲ့ရသောရေ စသောရေများသည် သက်ရှိအနေနှင့်ပြောရပါက မပျော်ရွှင်သောရေများဖြစ်ပြီး ပိန်လှီချူချာသောရေဖြစ်သည်။ ထိုရေကိုသောက်ပါက၊ ချိုးပါက ထိုရေ၏
ဆိုးကျိုးမှာ မိမိအပေါ်သက်ရောက်ပြီး နေမကောင်းဖြစ်ခြင်း၊ စိတ်မချမ်းသာခြင်းတို့ဖြစ်ရသည်။
ဆန့်ကျင်ဘက်အားဖြင့် သန့်ရှင်းသောနေရာတွင် နေခဲ့ရသောရေ၊ ပျော်ရွှင်စရာဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရသောရေ၊ လွတ်လပ်ရွှင်မြူးစွာနေခဲ့ရသောရေများသည် ပျော်ရွှင်သောရေများဖြစ်ပြီး အကောင်းမြင်စိတ်များနှင့် ပြည့်နှက်နေသည်။ ထို ပျော်ရွှင်သောရေမှာ မပျော်ရွှင်သောရေထက် အရသာလည်း ပိုမိုကောင်းမွန်သည်ဟုဆိုသည်။
ထို့အပြင် ၎င်း၏အကောင်းမြင်စိတ်နှင့် စွမ်းအားများမှာ သောက်သုံးသူ၊ ချိုးသူအပေါ်သက်ရောက်ပြီး ကျန်းမာခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ စိတ်ချမ်းသာခြင်းတို့ ဖြစ်ပေါ်စေသည် ဟုဆိုသည်။
သို့ပါ၍ ပန်းမြတ်ဂနိုင်နန်းဆောင်ရှိရေများကို အထူးစီမံလေသည်။ ရေများ အနားတွင် ဆဲဆိုသံ၊ ပြစ်တင်ကြိမ်းမောင်းသံတောင် မပြုရ။ ချိုသာသောစကား၊ အကောင်းမြင်သောစကားနှင့် ဂီတသံများသာ ထွက်ပေါ်ရသည်။
ထိုပျော်ရွှင်သောရေများကို ဆေးမြစ်များ၊ မွှေးနံ့သာများ ၊ ကျောက်သလင်းကဲ့သို့ ကမ္ဘာမြေကြီး၏စွမ်းအား ပုံဆောင်ခဲများနှင့် စီမံသည်။ ဤနည်းဖြင့် ကောင်းမွန်သော စွမ်းအင်များ ဖြစ်ပေါ်စေသည်။ ဆိုရပါက ကောင်းမွန်သောစွမ်းအင်နှင့် မေတ္တာဓာတ်ဖြန့်ဝေခြင်းမှာ ပန်းမြတ်ဂနိုင်၏ဆောင်ပုဒ် ဖြစ်သည်။
ဤကား သူမ၏ထင်မြင်ယုံကြည်ချက်တစ်ခုသာဖြစ်သော်လည်း သူမဖန်တီးလိုက်သော ပန်းမြတ်ဂနိုင်နန်းဆောင်၏ ကုထုံးများမှာ ကျန်းမာရေးအကျိုးရလဒ်နှင့်
စိတ်ပိုင်းဆိုင်ရာတည်ငြိမ်အေးချမ်းခြင်းကို ဖြစ်ပေါ်စေသည်မှာအမှန်။ စိတ်ပျိုတော့ ကိုယ်နုသည်။ စိတ်နှင့်ကျန်းမာရေး တည်ငြိမ်ကောင်းမွန်သောအခါ ရုပ်ရည်မှာ အလိုလျောက်လှပလာသည်။ ထိုအခါ ပန်းမြတ်ဂနိုင်နန်းဆောင်မှာ အလှပရေးရာအတွက်ပါ ဖြစ်လာသည်။ နောက်ပိုင်းတွင် ကုထုံးများအပြင် နှိပ်နယ်ခြင်း၊ အလှအပအတွက်ပြင်ဆင်ပေးခြင်းတို့မှာ ပန်းမြတ်ဂနိုင်၏အလုပ် ဖြစ်လာသည်။
သလင်းကျောက်ကန်ရှိ ရေများမှာ သလင်းကျောက်တို့၏စွမ်းအင် ကိန်းဝင်နေသည်ဟုဆိုသည်။ အကျိုးရလဒ်အဖြစ် ကိုယ်တွင်းအင်္ဂါများကို ကုသပေးပြီး ခန္ဓာကိုယ်အပေါ်ကောင်းကျိုးသက်ရောက်သည်။ စိတ်ဖိအားတွေလျော့နည်းစေပြီး တည်ငြိမ်အေးချမ်းစေသည်။ မကောင်းသောစိတ်နှင့် တဏှာရာဂများကို လျှော့ချပေးသည်။ ထိုရေဖြင့်ချိုးပြီးပါက တရားအားထုတ်ချင်စိတ်ဖြစ်လာသည်အထိ တည်ငြိမ်စေပါသတဲ့။ သွပ်သွပ်ခါရူးနေတဲ့သူသတောင် ဒီရေနဲ့ထိရင် တည်ငြိမ်သွားဦးမယ်တဲ့။
ဒါကတော့ သူတို့နန်းဆောင်ကို သူတို့ ကြော်ငြာပြီး အလွန်အကြူးချဲ့ကားပြောဆိုနေတာပါလေ....
စိတ်ငြိမ်ပြီးကျန်းမာရေးကောင်းတယ်ဆိုရင် တော်ပြီပေါ့။
အမှန်တိုင်းပြောရပါက သလင်းကျောက်ကန်တွင် ကောင်းမွန်သောစွမ်းအင်များရှိသည် ဟူသောစကားကို အရုဏ သိပ်မယုံပါချေ။ သူက ဒီတိုင်း ကောင်းကောင်းမွန်မွန်ရေချိုးချင်ရုံလေးပါ။
နန်းဆောင်မှ ထုတ်ထားသောအမိုးအောက်တွင် သစ်သားကြမ်းခင်းရှိသည်။ ထိုကြမ်းခင်းမှ အောက်သို့ ခြေချလိုက်ပါက သလင်းကျောက်ရေကန်ပင်ဖြစ်၏။
လိုက်ပို့ပေးသော အပျိုတော်သည် လိုအပ်ပါက တံခါးဝရှိခေါင်းလောင်းကိုတီး၍ ခေါ်လိုက်နိုင်ပါကြောင်း ပြောပြပြီး ထိုနေရာမှထွက်သွားသည်။ သူမသည် တံခါးရွက်နှစ်ရွက်ကို သေသေချာချာပိတ်သွားပေး၏။ ထို့ကြောင့် သလင်းကျောက်ရေကန်တွင် အရုဏတစ်ယောက်တည်းသာ တသီးတသန့်ကျန်ခဲ့သည်။
သလင်းကျောက်ကန်မှာ ၎င်း၏အမည်အတိုင်း ကြည်လင်အေးမြသောရေကန်ဖြစ်သည်။ ရေတိမ်သောနေရာများတွင် အောက်ခြေကို ကြည်လင်ပြတ်သားစွာမြင်ရပြီး နက်သောနေရာတွင်လည်း ထိုက်သင့်သလောက်ထိ ကြည်လင်စွာမြင်ရသည်။ ရေများမှာ အေးမြချမ်းစိမ့်နေသည်။
ကန်၏ဘေးဘက်လည်တွင် အရောင်စုံ၍ ညက်ညောသည့်လှလှဝိုင်းဝိုင်းကျောက်ခဲလေးများဖြင့် ဘောင်ကွပ်ထား၏။ ထို့နောက် မြေကြီးအနည်းငယ်ခြားပြီး မညီညာဖုထစ်နေသောကျောက်နံရံဖြင့် ရေကန်ကို ကာရံထားသည်။ ထိုမြေကြီးတွင် ပျဉ်းမပင်တစ်ပင် ပေါက်နေ၍ ခရမ်းဖျော့ဖျော့ပျဉ်းမပန်းများက လှပဝေဆာစွာပွင့်လန်းနေသည်။
ဝဲလင့်ကြွေကျထားသော ပျဉ်းမပန်း ပွင့်ဖတ်အချို့မှာ ကန်ရေပြင်ထက်တွင် ပေါလောမျောလျက်။
အမိုးဆောင်အောက်တွင် လှပစွာပုံဖော်ထားသော ဝါးစင်ရှိပြီး ထိုအပေါ်တွင် အမွှေးနံ့သာဆီဘူးများ၊ ရနံ့စုံ၊အကျိုးသတ္တိစုံလှသော ဆပ်ပြာများတင်ထားသည်။ ဝါးစင်ဘေးတွင် သစ်သားတန်းရှိသည်။ ထိုတန်းပေါ်တွင် ရေသုတ်တဘက်အဖြူတစ်ထည် လွှားထားသည်။ အရုဏသည် အဝတ်အစားများကိုချွတ်ပြီး ထိုအတန်းပေါ်လှမ်းလိုက်သည်။ ထို့နောက် ရေကန်ထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဆင်းသွားသည်။
အေးချမ်းသောရေ၏ အထိအတွေ့တွင် သူ စိတ်ကျေနပ်သွားသည်။ ကြည်လင်အေးမြမှုက သူ၏စိတ်ရှုပ်ထွေးမှုများကို လျော့ကျသွားစေသည့်တိုင် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမပျော်မရွှင်ဖြစ်နေသေးသည်။ တစ်စုံတစ်ရာကို မဖြစ်မနေ လိုအပ်နေသလိုမျိုး။
သူ လက်နှစ်ဖက်ကိုဆန့်တန်းလိုက်ပြီး ဖြည်းဖြည်းချင်းပြန်ကွေးချကာ အကြောဖြေသည်။ ထိုအခါ ကြွက်သားများဖြင့်ပြည့်နေသည့် လက်မောင်းဟာ အဖုထစ်များထ,လာပြီး အဆီဟူ၍မရှိသလောက်နည်းသော ရွှေအိုရောင်ကျောပြင်တွင် တောင့်တင်းသောကြွက်သားအမြောင်းများ ထွက်ပေါ်လာသည်။ ညိုစိမ့်စိုပြည်သော အရေပြားအောက်ရှိ လက်ပြင်ရိုး၏လှုပ်ရှားမှုမှာ သန်မာစွာ ရုန်းကန်လျက်။
သူ အသက်တစ်ချက်ရှူသွင်းလိုက်ပြီး ရေထဲငုံ့သွားသည်။ ရေအောက်ထဲ လက်ယက်ကူးရင်း ရေနက်သော နေရာအထိ ကူးသွား၏။ အရုဏသည် သူ၏မျက်လုံးများကိုမှိတ်ထားခဲ့သည်။
အရုဏ၏ လက်ချောင်းများသည် ပျော့အိအိအရာတစ်ခုကို ရေအောက်တွင်စမ်းမိသွားသည်။ အရုဏ လန့်သွားပြီး မျက်လုံးကိုဖွင့်လိုက်သည်။ လန့်သွားခြင်းမှာ ကြောက်၍ မဟုတ်။ မိမိတစ်ယောက်တည်း ရှိနေသည့်ရေကန်တွင်
တခြားတစ်ယောက် ရောက်နေသည်ဟူသောအသိကြောင့်ပင်။
ညဘက်မို့ မှောင်နေသည့်ရေအောက်တွင် အနှီပျော့အိအိအရာကို သေချာမမြင်ရပါ။ အရုဏ ရေအောက်ထဲမှ ဝုန်းခနဲ ထ,လိုက်သည်။ သူ၏မျက်တောင်တွင် တွဲလဲခိုနေသော ရေစက်များကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး ရေစိုဆံသားကောက်ကောက်ကို သပ်တင်လိုက်သည်။ ရေအနက်မှာ အရုဏ၏ပေါင်ရင်းလောက်ထိနက်သည်။
ထိုအခါ ပျော့အိအိအရာမှာလည်း ရေထဲမှဗွမ်းခနဲမြည်အောင် ထ,လာ၏။ ထိုသူ ရေထဲမှ ထ,လာခြင်းသည်
အရုဏနှင့်ထိမိသွားခြင်းကြောင့်မဟုတ်။ အသက် ဆက်မအောင့်နိုင်တော့ဘဲ လေရှူရန်လိုအပ်လာသောကြောင့်ပင်။
ထိုသူသည် ဆံပင်များကိုခါလိုက်ပြီး အငမ်းမရအသက်ရှူနေ၏။
ကျောက်သားနံရံတွင် စိုက်ထိုးထားသော မီးတုတ်နှင့် နန်းဆောင်မှ အလင်းရောင်ကသာ ပတ်ဝန်းကျင်ကို မှိန်ဖျဖျလင်းနေစေသည်။ လရောင်နှင့်ကြယ်ရောင်ဖြာကျသောအောက်တွင်မူ ဖြူဖျော့ရှင်းသန့်သော ဘေးတစောင်းပုံရိပ်တစ်ခု။
ကြော့ရှင်းသောလည်တိုင်ကို အနောက်လှန်ကာ ခေါင်းမော့ရင်း အသက်ကို လှိုက်လှိုက်မောမောရှူနေသော ပုံရိပ်ပင်။
ခေါင်းမော့ထားသောကြောင့် လှုပ်တုပ်တုပ်ဖြစ်နေသောလုံးဝန်းသည့်လည်စေ့ကို အတိုင်းသားမြင်နေရသည်။
ထို့နောက် ဟစိဟစိဖြစ်နေသော နီရဲရွှန်းစိုသည့် နှုတ်ခမ်းလွှာ။
ယုဂန်နိုင် ပါပင်။
*******************
.
.
.
Zawgyi
တစ္စုံတစ္ေယာက္ကေတာ့ ညာေနၿပီ
__________________
ေဆာင္းအကုန္ ေႏြအကူး ေဆာင္းေႏွာင္းကာလပင္ျဖစ္သည္။
လင္းအားႀကီးခ်ိန္ေက်ာ္လြန္လာေသာအခါ ၾကည္စင္ေနေသာေကာင္းကင္မွ ေတာက္ပေသာေနေရာင္ျခည္သည္ ေလာကတစ္ခြင္လုံးေပၚ ျဖန႔္က်က္ယိုစီးလာ၏။
ႏွင္းမႈန္ႏွင္းႂကြင္းမ်ားက ခပ္ပါးပါးလႊမ္းၿခဳံေနသည့္တိုင္
ေျမသင္းနံ႔၏အေငြ႕အသက္က ေႏြဦးရာသီဆန္လွသည္။
ေဆာင္းႏွင့္ ေႏြတို႔၏ ထိပ္တိုက္ေတြ႕ဆုံမႈပါပင္။ ထို႔အတူ
ပင္လယ္ျပာေရာင္အလံမ်ားႏွင့္ မေဟာ္ဂနီေရာင္အလံမ်ားဟာလည္း ရင္ဆိုင္ေတြ႕ဆုံၾကေလၿပီ။
နံနက္ခင္းသည္ ဥတၱရဘက္မွ မေဟာ္ဂနီေရာင္အလံမ်ား၊ ရာဓဇဘက္မွ ပင္လယ္ျပာေရာင္တံခြန္မ်ားႏွင့္ အေရာင္စုံေသာ မနက္ခင္းျဖစ္ေန၏။
အ႐ုဏသည္ စစ္ဗ်ဴဟာအလယ္ရွိ ကုန္းလယ္စီးေနရာတြင္ ရွိေန၏။ သူသည္ ဆင္ေပၚမွေန၍ မိမိတို႔၏တပ္အျပင္
ခပ္ေဝးေဝးမွ အျပာရင့္ေရာင္ဝတ္ ရန္သူ႔တပ္မ်ားကို စူးစိုက္ၾကည့္သည္။
သူ၏ျမေရာင္မ်က္ဝန္းမ်ားမွာ ထက္ရွခက္ထန္စြာ စူးရဲလြန္းၿပီး ေအးစက္လ်က္....
"အခ်က္ျပလိုက္ေတာ့..."
ဩရွက်ယ္ေလာင္ေသာ အမိန႔္သံျဖစ္သည္။
ဆင္ေအာက္ရွိ အခ်က္ျပအဖြဲ႕သည္ အလံကို ကိုင္ေဆာင္ေဝွ႔ယမ္း လိုက္သည္။
တံပိုးခရာသံ၊ စစ္ေမာင္းေဝသံ လႊမ္းၿခဳံသြား၏။
********************************
"ဇိယတၱရဲ႕စစ္ပြဲမွာ မင္းသားအ႐ုဏရဲ႕တပ္က အသာစီးရေနတယ္တဲ့...."
" ပန္းခ႐ုံျမစ္ရဲ႕ ဒီေရအတက္အက်ၾကမ္းတာ၊ ျမန္တာကို
မင္းသိဒၶာတ္ရဲ႕တပ္က မသိဘဲ ဇြတ္ဝင္တိုက္ေတာ့
တပ္လုံးျမဳပ္ၿပီး ေရနစ္တဲ့ႂကြက္စုတ္ေတြလိုပဲတဲ့ေလ...ဟားဟားဟား"
" ရဲသိခၤက ျမင္းပ်ံတပ္ေတြကေန မီးျမားေတြကို မိုး႐ြာသလို လႊတ္ခ်ခိုင္းတယ္...မီးလွ်ံေတြမ်ား ဟုန္းဟုန္းေတာက္"
"မင္းသားမဏိစကၠက ရန္သူ႔တပ္ထဲ စြတ္ဝင္ၿပီး တပ္မႉးႏွစ္ေယာက္ကို ေခါင္းျဖတ္လိုက္တယ္တဲ့"
စစ္ပြဲသတင္းမ်ားသည္ ဟီရနန္းေတာ္သို႔ အဆက္မျပတ္ေရာက္ရွိလာ၏။ နန္းေတာ္မွ စစ္ေသြးဆူေသာ အၾကပ္၊ တပ္မႉး၊ စစ္သည္မ်ားသည္လည္းေကာင္း၊ စပ္စုေသာ နန္းတြင္းသူနန္းတြင္းသားမ်ားသည္လည္းေကာင္း ထိုစစ္သတင္းမ်ားကို တဖြဖြေျပာဆိုေနၾကသည္။
စစ္ေရးသတင္းမ်ားမွာ တကူးတကလိုက္မေမးေနသည့္တိုင္ ေလျဖင့္ပါလာသည့္ သဲမႈန္မ်ားလို ဟီရၿမိဳ႕ေတာ္အႏွံ႔
တဖြဲဖြဲပ်ံ႕ႏွံ႔ေနေလ၏။
အထက္တန္းလႊာမ်ားစုေဝးေနေသာ ေနရာမ်ားတြင္လည္း
ထိုသတင္းမ်ားကိုၾကားရတတ္၏။ ဝန္၊ ဝန္ကေတာ္၊ ၿမိဳ႕စားကေတာ္၊ ၿမိဳ႕စား၊ သူႂကြယ္ႏွင့္ သူေဌးကေတာ္မ်ားအျပင္ ဗိုလ္မႉး၊ တပ္ၾကပ္ အစရွိေသာ သူမ်ား၊ တျခားအထက္တန္းလႊာမ်ား ဆုံစည္းမိေသာအခါ စားေကာင္းေသာက္ဖြယ္မ်ားစား၊ သာယာေသာဂီတသံကို ေနာက္ခံကာ ထိုသတင္းမ်ားကို အားပါးတရေျပာဆိုၾကသည္။
"မင္းသားအ႐ုဏရဲ႕ ဇ,က တယ္ေသးသလား...ရန္သူ႔တပ္အလယ္ကို ဆင္ခြၽန္းဖြင့္ၿပီး တစ္ေယာက္တည္းဝင္သြားတာဗ်....အဲ့ေတာ့ သူ႔ေနာက္ကေန တပ္ခုႏွစ္တပ္လုံးျဖန႔္ၿပီး အေျပးဝင္လုံးရေတာ့တာပဲ"
" ရန္သူ႔ဆင္ ၅၀၀ ရွိေပမဲ့ တို႔ဘက္က ဆင္ ၁၀၀ နဲ႔ မယွဥ္ႏိုင္ဘဲ စစ္ဦးက်ိဳးသြားတယ္ေလ"
" ရကၡမင္းသားဆိုတဲ့အတိုင္း ဘီလူးတစ္ေကာင္လို စစ္ပြဲအတြင္း မဲမဲျမင္ရာ အကုန္သတ္တာဆိုပဲ..."
ယုဂန္ တမင္တကာ နားေထာင္ေနျခင္းမဟုတ္ေသာ္ငွါး
အ႐ုဏ၏သတင္းမ်ားကို ၾကားေနရသည္။ သူသည္ ဆိုင္အတြင္း တီးခတ္ေနသည့္ သာယာေသာေစာင္းသံကို နားစြင့္ေနေသာ္လည္း ဂီတသံအစား ထိုစကားမ်ားထံသာ ပိုအာ႐ုံေရာက္ေနသည္။ ယုဂန္၏ မ်က္လုံးမ်ားကမူ စာအုပ္ကို စိုက္ၾကည့္ေန၏။
လက္ညႇိဳးျဖင့္ စာ႐ြက္ေထာင့္ခ်ိဳးကိုဖိလွန္လိုက္ရင္း ကေလးငယ္တစ္ေယာက္လို ပါးစပ္ကို ဟ,ေပးလိုက္သည္။ ထိုအခါ ေစာရံက ေက်ာက္ေက်ာတစ္တုံးကို ခက္ရင္းျဖင့္ထိုးၿပီး ယုဂန္ကို ခြံ႕ေကြၽးရသည္။
ယုဂန္ ကိုယ္တိုင္ႏႈိက္စားရန္ အလြန္တရာပ်င္းရိေနသျဖင့္ ေစာရံကို ခြံ႕ေကြၽးခိုင္းထားျခင္းပင္။
သူသည္ စာအုပ္ကိုကိုင္ထားေသာ္လည္း တကယ္တမ္းက်စာအုပ္ထဲစိတ္မရွိဘဲ တစ္ဖက္ဝိုင္းရွိ စကားသံမ်ားထံသာ အာ႐ုံေရာက္ေနသည္။
" မင္းသားအ႐ုဏက ရန္သူ႔ရဲ႕ ရိကၡာတပ္ေတြကို အရင္ဖ်က္ဆီးခိုင္းတယ္တဲ့...ငတ္မွေတာ့ ေသခ်ာေပါက္တပ္ျပန္ဆုတ္ရေတာ့မွာေပါ့"
"ရန္သူ႔တပ္ကို ေခ်ာင္ပိတ္႐ိုက္တာပဲ"
ေစာရံက ယုဂန္နားသို႔ တိုးတိုးေလးကပ္ေျပာလာသည္။
" မင္းသားအ႐ုဏက ေတာ္တယ္ေနာ္...သခင္ေလး"
ယုဂန္ ေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး ပါးစပ္ထပ္ဟ,ေပးသည္။ ေစာရံ ခြံ႕ေကြၽးရသည္။
" ဘုရင္ရွင္စိတၱရဲ႕အႀကံက ဇိယတၱမွာ အေယာင္ျပၿပီး မကၠကိုအလစ္ဝင္တိုက္ဖို႔တဲ့...ဒီအႀကံကို သိၿပီး သင့္ေလ်ာ္တဲ့ ဗ်ဴဟာခ်ႏိုင္ခဲ့လို႔ ေတာ္ေသးတာ"
"အဲ့ဒီိ့ဗ်ဴဟာေၾကာင့္ ဘုရင္ရွင္စိတၱရဲ႕တပ္က မကၠကို စစ္ကူဖို႔မသြားႏိုင္ခဲ့ဘူးေလ...အဲ့တာေၾကာင့္ သူ႔ညီေတာ္
မင္းသိဒၶာတ္ရဲ႕တပ္ ခြာၿပဲသြားတာ"
"က်ဳပ္ အဲ့သတင္းကို ၾကားတယ္...အဲ့ဒီ့ဗ်ဴဟာကို ဘယ္သူခ်လိုက္တာလဲ...အမတ္လား...တပ္မင္းလား..."
" အမတ္လည္းမဟုတ္ဘူး...တပ္မင္းလည္း မဟုတ္ဘူး....
အမတ္ႀကီးအနိဒိစၥရဲ႕ေမြးစားသားေလ..."
" အမတ္ႀကီးရဲ႕ေမြးစားသားဆိုတာ...ဟို ပိုးထည္လုပ္ငန္းပိုင္ရွင္ သူႂကြယ္ေလးလား"
"ကဲ...ရွင္တို႔ေျပာေနတဲ့ေကာင္ေလးက ဟိုမွာ ငုပ္တုပ္ႀကီးထိုင္ေနတယ္"
ဝန္ကေတာ္တစ္ဦးက ေ႐ႊလက္ေကာက္မ်ားဝတ္ထားသည့္လက္ကို ဆတ္ခနဲခါလိုက္ၿပီး ယုဂန္ဘက္ကို ၫႊန္ျပသည္။
ယုဂန္သည္ ထိုစကားမ်ားေၾကာင့္ အႏွီစားပြဲဝိုင္းဘက္သို႔ လွည့္ၾကည့္လိုက္သည္။ ထိုလူမ်ားက ယုဂန္ကို ဝိုင္းၾကည့္ေနၾက၏။ ယုဂန္ လွည့္ၾကည့္လာသည္ကိုျမင္ေသာ္ ၿပဳံးျပၾကသည္။
ယုဂန္လည္း မခ်ိၿပဳံးေလး တစ္ခုၿပဳံးျပၿပီး စာအုပ္ကိုသာ ျပန္ငုံ႔ၾကည့္လိုက္သည္။
ယုဂန္ကို ဆက္ၾကည့္ေနၾကသလားမသိပါ။
ေနရခက္လွသည္။
ထို႔ေနာက္ ယုဂန္ကိုစကားသြားေျပာရန္ ေဆြးေႏြးတိုက္တြန္းသည့္ တီးတိုးသံမ်ားထြက္ေပၚလာသျဖင့္ ယုဂန္သည္ ေစာရံကိုလက္တို႔ကာ သူတို႔မလာခင္ ဆိုင္ထဲမွ ထြက္ေျပးလာခဲ့သည္။
***********************
ေကာင္းကင္မွာ ျပာလိုက္၊ နက္လိုက္။ ေနမင္းမွာ ထြက္လိုက္၊ ဝင္လိုက္။ ဆီးႏွင္းမွာ ကြယ္လိုက္၊ ေပ်ာက္လိုက္။
တစ္ေန႔ႏွင့္ တစ္ဉာဥ့္မွာ တစ္လွည့္ဆီျဖစ္လိုက္။
ေန႔ရက္မ်ား တစ္ရက္ၿပီးတစ္ရက္အလ်င္အျမန္ကုန္ဆုံးလာခဲ့သည္မွာ တပို႔တြဲလ၏တစ္ဝက္က်ိဳးအခ်ိန္ေတာင္ ေရာက္ရွိလာၿပီျဖစ္သည္။
စစ္ပြဲျဖစ္ပြားေနသည္မွာလည္း ရက္ေပါင္း ၂၅ ရက္မွ်ရွိၿပီ။
သည္အေတာအတြင္း ယုဂန္မွာ ထူးထူးျခားျခားမဟုတ္ေသာ၊ ေပါ့ပါးေသာေန႔ရက္မ်ားကို ျဖတ္သန္းခဲ့သည္။
သုရွင္ေျပာသည့္အတိုင္း နန္းတြင္းအရာရွိစာေမးပြဲဝင္ေျဖရန္ လိုအပ္သည္မ်ားကို ေလ့လာျဖစ္သည္။ ကိုယ္ခံပညာကိုလည္း သင္ယူျဖစ္ၿပီး ေမွာ္အစြမ္းဘက္ကိုလည္း ေလ့က်င့္ျဖစ္သည္။ ညေနခင္းတြင္ ျမင္းစီးသည္။ ယုဂန္ပိုင္ေသာ အထည္လုပ္ငန္း၊ ေႂကြထည္လုပ္ငန္းမ်ားဘက္ သြားၾကည့္ျဖစ္သည္။ တစ္ခါတေလ နႏၵ၊ ပီယံတို႔ႏွင့္ ေတြ႕ဆုံျဖစ္သည္။ သုဒီပါမွာ စစ္ထြက္ေနသည္မို႔ ဒီပါႏွင့္ေတာ့ မေတြ႕ရေခ်။
သို႔ေသာ္ ဒီပါ့ထံမွ သဝဏ္လႊာမ်ား ေရာက္လာတတ္သည္။
သဝဏ္လႊာမ်ားထဲတြင္ ေရးသားထားသည့္အဓိကအေၾကာင္းမွာ စစ္ေရးသတင္းပင္ျဖစ္၏။ အ႐ုဏအေၾကာင္း၊ ရဲသိခၤအေၾကာင္း ၊ စစ္အတူတူတိုက္ေနေသာ သူရဲေကာင္းတပ္မႉး၊ ဗိုလ္မႉးမ်ားအေၾကာင္း ပါတတ္သည္။
ထိုအခါ ယုဂန္၊ နႏၵႏွင့္ပီယံတို႔သည္ ထိုစစ္ေရးသတင္းမ်ားႏွင့္ ပတ္သတ္သည့္စကားမ်ား ေျပာဆိုျဖစ္ၾကၿပီး ထို႔ေနာက္တြင္မူ စကားစပ္မိရင္ စပ္မိသေလာက္ တျခားေသာ အေၾကာင္းအရာမ်ားေျပာျဖစ္ၾက၏။
တစ္ခါတေလ နႏၵႏွင့္ ပီယံတို႔၏ဖိတ္ေခၚမႈေၾကာင့္ နန္းတြင္းသဘင္ခန္းမသို႔ သြားျဖစ္သည္။
ညေနခင္းတစ္ခုတြင္မူ သဘင္ခန္းမအတြင္း ပြဲက်င္းပေနစဥ္ က,ျပေနေသာ ပန္တ်ာသည္မွာ မ်က္ႏွာကိုဖုံးထားသည့္ ဇာပဝါကြၽတ္က်သြား၏။
ထိုပန္တ်ာသည္ကို ယုဂန္ ျမင္ျမင္ခ်င္းမွတ္မိလိုက္သည္။
သူ ျမင္းႏွင့္တိုက္မိမလို ျဖစ္ခဲ့ေသာ ေယာက္်ားပ်ိဳပင္။
ယုဂန္သည္ ထိုပန္တ်ာသည္ကို သြားေရာက္စကားေျပာျဖစ္ခဲ့၏။ ထိုေယာက္်ားပ်ိဳ၏အမည္မွာ "အာနီ" ဟုသိရသည္။ ယုဂန္...အာနီႏွင့္အတန္ငယ္ခင္မင္သြားခဲ့သည္။ ယုဂန္က သခင္ေလးတစ္ေယာက္မွန္း သိသြားသည့္အခါ အာနီက စကားကို ျဖစ္ကတတ္ဆန္းမေျပာဘဲ ႐ို႕႐ို႕က်ိဳးက်ိဳးေျပာေလ၏။
ဤသို႔ႏွင့္ သမား႐ိုးက်ဆန္ေသာ အခ်ိန္မ်ားခပ္သြက္သြက္
ကုန္ဆုံးသြားၿပီး တေပါင္းလသို႔ေရာက္ရွိလာသည္။
ေျမာက္ျပန္ေလကို ေတာင္ျပန္ေလက တိုက္ထုတ္လိုက္သလို၊ ေဆာင္းေႏွာင္းေဟမာန္ကို ေႏြဦးဂိမာန္က တိုက္ထုတ္လိုက္ၿပီ။ ထို႔အတူ ရာဓဇစစ္တပ္မ်ားကိုလည္း ဥတၱရေျမေပၚမွ တိုက္ထုတ္ႏိုင္ခဲ့ေလၿပီ။
ေ႐ႊပြင့္ေ႐ႊခိုင္ႏွင့္တူေသာ သရဖီပန္းမ်ား ဝါဝါဝင္းဝင္းဖူးပြင့္ခဲ့ၿပီ။ ေလထုမွာ ေအးျမမႈႏွင့္ ပူေႏြးမႈတို႔ ေရာယွက္ေနၾက၏။ ေ႐ႊဝါေရာင္သန္းသည့္ သစ္႐ြက္ေျခာက္မ်ား ေျမျပင္ထက္သို႔ေႂကြက်ကာ ေလ႐ူးႏွင့္အတူ ရွပ္တိုက္ေျပးေနၾကသည္။
ထိုသစ္႐ြက္ေျခာက္မ်ားကို ျမင္းခြာမ်ားက ခပ္ၾကမ္းၾကမ္းနင္းေျခပစ္လိုက္၏။ ျမင္းတပ္ေနာက္မွ ဆင္တပ္ပါလာသည္။ လက္နက္ကိုင္ထားေသာ စစ္သည္မ်ားလိုက္ပါ,လာ၏။ စစ္ထြက္သြားေသာ တပ္မ်ားသည္ ဟီရသို႔ျပန္လည္ေရာက္ရွိလာေပၿပီ။
******************************
မဏိသည္ ၾကားရေသာေတးဂီတသံ စည္းခ်က္အလိုက္
သူ၏ေပါင္ကို လက္ေခ်ာင္းမ်ားျဖင့္ ေခါက္ေန၏။ လက္တစ္ဖက္က ဗ်စ္ရည္ခြက္ကိုဆုပ္ကိုင္ကာ အားရပါးရေမာ့ေသာက္လိုက္သည္။ ပူေႏြးရွတေသာ ဗ်စ္ရည္သည္ ေျခာက္ေသြ႕ေသာလည္ေခ်ာင္းတစ္ေလွ်ာက္ေလွ်ာက်ကာ အစာအိမ္ထဲထိစီးဝင္သြားၿပီးေနာက္ ျပင္းေသာဗ်စ္ရည္ေငြ႕အခ်ိဳ႕ ရင္ေခါင္းထဲ ျပန္လႈိက္တက္လာသည္။ ေႏြးသြား၏။
သဘင္ခန္းမအတြင္း ျမဴးႂကြေသာေတးသီသံမ်ားသည္ သာယာစြာထြက္ေပၚေနၿပီး ရယ္ေမာသံမ်ားႏွင့္ စကားေျပာဆိုသံမ်ားလည္း ေရာပါေန၏။ ဤသဘင္ခန္းမအတြင္းရွိ လူတိုင္းသည္ တက္ႂကြမႈမ်ားႏွင့္ ျမဴးတူးေနသည္မွာ
သူတို႔၏ရွိရွိသမွ် ပူပင္ေသာကမ်ားကို ေခတၱေမ့ေပ်ာက္ေနသည့္ႏွယ္။
ပန္တ်ာသည္မိန္းကေလးတစ္ဦးသည္ နာေပ်ာ္ဖြယ္အသံေလးျဖင့္ ေတးသီက်ဴးေနသည္။ သူမ၏သီခ်င္းမွာ
ႏူးညံ့ေသာခ်စ္ျခင္းေမတၱာကို ဖြဲ႕ ေသာ တက္ႂကြသည့္သီခ်င္းမ်ိဳးျဖစ္သည္။ မၾကာမီ ထိုသီခ်င္းတစ္ပုဒ္ၿပီးသြား၏။
ထိုအခါ အဆိုပါမိန္းကေလး၏ေနရာတြင္ ေနာက္တစ္ေယာက္ဝင္လာသည္။ ထိုသူမွာ ပန္းရင့္ေရာင္အဝတ္အစားတို႔ကို ဝတ္လ်က္ အညိဳလဲ့ေသာဆံႏြယ္တို႔ကို ထုံးဖြဲ႕ထားသည္။ ထိုေပ်ာင္းေပ်ာ့ေသာဆံႏြယ္တို႔ၾကားတြင္ အင္ၾကင္းပန္းတို႔ကို ေဝေနေအာင္ပန္ဆင္ထား၏။ မ်က္ႏွာတြင္ေတာ့ ပန္းရင့္ေရာင္ဇာပဝါပါး။
အာနီ...
အာနီဟူေသာ ပန္တ်ာသည္ပါပင္။
သူ႔ကိုျမင္ေသာ္ မဏိသည္ ထိုင္ခုံတြင္ေနာက္မွီထိုင္ေနရာမွ ေက်ာ႐ိုးကိုမတ္သြားၿပီး အာနီ႔ကိုမ်က္ေတာင္မခတ္တမ္း လွမ္းၾကည့္ေန၏။
အာနီသည္ မိေခ်ာင္းဗ်ပ္ေစာင္းေနာက္တြင္ ဝင္ထိုင္လိုက္ၿပီး ေစာင္းႀကိဳးမ်ားကို ညႇိေနသည္။ လက္ေခ်ာင္းမ်ားတြင္ လက္ခတ္ကိုစြပ္၏။ ထို႔ေနာက္ ေစာင္းႀကိဳးေပၚ ေမႊ႕ၾကည့္သည္။ တိက်ေသာသံစဥ္မပါသည့္ ေစာင္းသံမွာ ညင္သာစြာလြင့္ဝဲလာ၏။
(မြန္႐ိုးရာ တူရိယာပါ)
အာနီ၏မ်က္ေတာင္ရွည္မ်ားမွာစင္းလ်က္ မိေခ်ာင္းေစာင္းေပၚသာ အာ႐ုံစိုက္၏။ သူသည္ ေစာင္းကိုတီးရင္း သာယာေသာဂီတသံစဥ္မ်ားကို ဖန္တီးသည္။ ထို႔ေနာက္ သူ႔ထံမွ နားဝင္ခ်ိဳလွပါေသာ ေတးသီခ်င္းဆိုသံထြက္ေပၚလာသည္။
ေယာက္်ားေလးဟုေျပာ၍သာ ယုံရသည္။
ေတးဆိုသံကအစ ေယာက္်ားႀကီးတစ္ေယာက္လို ဩရွမေနဘဲ ေတာအုပ္ၾကားျဖတ္သန္းစီးဆင္းေသာ ၾကည္လင္ေအးျမသည့္စမ္းေရလို၊ ေလႏွင္ရာလြင့္လာသည့္ ဝါဂြမ္းဆိုင္မ်ားလို ႏူးညံ့ဝါညက္လြန္းသည္။ သူ ဆိုေသာသီခ်င္းမွာ ခ်စ္သူႏွင့္ေကြကြင္းေသာ အလြမ္းသီခ်င္းမ်ိဳး။
အာနီ၏ျဖဴဝင္းေပ်ာ့ေပ်ာင္းေသာ လက္ေခ်ာင္းမ်ားသည္ ေစာင္းႀကိဳးကို ထိေတြ႕လႈပ္ခါေနၿပီး ကဗ်ာဆန္စြာလႈပ္ရွားေနသည္။ ခန႔္ညားတင့္တယ္မႈမဟုတ္။ ဒါဟာ ေၾကာ့ရွင္းသိမ္ေမြ႕လြန္းေသာ အလွတရားပင္။
သီခ်င္းၿပီးဆုံးေသာအခ်ိန္အထိ မဏိ သူ႔ကိုေငးၾကည့္ေန၏။ သီခ်င္းၿပီးဆုံးသြားေသာအခါ အာနီ ထြက္ခြာသြားၿပီး အာနီ႔ေနရာတြင္ ခုနက ပန္တ်ာသည္မေလး ျပန္ေရာက္လာသည္။ မဏိသည္ ဗ်စ္ရည္ထည့္ထားေသာ ေ႐ႊခြက္ကို
စားပြဲေပၚခ်လိုက္ၿပီး အာနီ သြားရာေနာက္သို႔ လိုက္သြားသည္။
အာနီသည္ ခန္းမအတြင္းရွိ ေသာေသာညံေနေသာ လူအုပ္မ်ားၾကား တိုးေဝွ႔ေရွာင္ရွားၿပီး သဘင္ခန္းမမွထြက္ခြာေသာ လမ္းထဲခ်ိဳးဝင္သြားသည္။ မဏိ သူ႔ေနာက္ကို ေျပးလိုက္သြား၏။ ထိုလမ္းထဲတြင္ လူသူကင္းမဲ့ၿပီး အာနီႏွင့္ သူသာ ရွိသည္။
ရန္သူအနီးသို႔ တိတ္တဆိတ္ခ်ဥ္းကပ္ေသာ ပဘကၤရဗ်ဴဟာကို ကြၽမ္းက်င္တတ္ေျမာက္သည့္ မဏိမွာ ေျပးလိုက္ေနသည့္တိုင္ ေျခသံတစ္စက္မွ မထြက္ပါေခ်။ အသံဟူ၍ နည္းနည္းေလးေတာင္ မရွိ။
သို႔ရာတြင္ အာနီက သတိႀကီးေသာေၾကာင့္လားမသိ။
လူလိုက္လာမွန္း သတိထားမိၿပီး အေနာက္သို႔ ဆတ္ခနဲလွည့္ၾကည့္လာ၏။ မဏိကို ျမင္ေသာ္ ဗာဒံေစ့သဏၭာန္မ်က္ဝန္းတို႔ အနည္းငယ္ဝိုင္းစက္သြားဟန္။
ထပ္၍ ထြက္ေျပးမည္စိုးေသာေၾကာင့္ မဏိသည္ သူ၏လက္တစ္ဆုပ္စာေတာင္မရွိေသာ အာနီ၏လက္ေကာက္ဝတ္ကို တင္းၾကပ္စြာဆုပ္ကိုင္လိုက္သည္။ အာနီ၏ကိုယ္ကို အားျဖင့္ဆြဲလိုက္လ်က္ နံရံတြင္ ဖိကပ္လိုက္၏။
ၾကမ္းတမ္းလ်င္ျမန္လြန္းေသာေၾကာင့္ အာနီ႔ဆံႏြယ္ေပၚရွိ အင္ၾကင္းပန္းတစ္ပြင့္ ၾကမ္းျပင္ေပၚေႂကြက်သြားသည္။
"အ..."
မာေၾကာေသာနံရံႏွင့္ ဖိကပ္ျခင္းခံလိုက္ရသျဖင့္ အာနီ႔ထံမွ အသံေသးေသးေလးထြက္လာသည္။ အာနီ၏ မ်က္ဝန္းမ်ားသည္ မဏိကို နားမလည္ႏိုင္စြာ ၾကည့္ေနသည္။
ေကာ့ၫြတ္ေသာ မ်က္ေတာင္ဖ်ားမ်ား လႈပ္ခတ္သြား၏။
မဏိထံမွ ရွဴထုတ္လိုက္ေသာ ေလေႏြးေႏြးေလးမ်ားသည္
အာနီ၏နဖူးရွိ ဆံစမ်ားကို လြန႔္လူးသြားေစသည္။ အာနီသည္ ႐ုတ္တရက္ေၾကာင္ၿပီး ၾကည့္ေနမိရာမွ သူ၏အသိစိတ္ကို ဗ်စ္ရည္နံ႔စူးစူးက လႈံ႕ေဆာ္ေပးလိုက္သည္။
မူးၿပီး သူ႔ကိုဒီလို လာလုပ္ေနတာ မဟုတ္ဘူးလား...
အာနီ ႐ုန္းသည္။ သို႔ရာတြင္ သူ၏ ေသးသြယ္ပါးလ်ား ခႏၶာကိုယ္ေလးမွာ မဏိ၏လက္ေအာက္မွ ႐ုန္းထြက္ဖို႔အားအင္လည္း မရွိပါေခ်။ ဆုပ္ကိုင္ခံထားရေသာ လက္ေကာက္ဝတ္သည္ နီရဲလာေနသည္။
"လႊတ္ပါ.."
တုန္ယင္ေနေသာ အသံေသးေသးေလးပင္။ ထို႔ေနာက္ ထပ္ေျပာလာသည္။
"ေက်းဇူးျပဳၿပီး အာနီ႔ကိုလႊတ္ေပးပါ"
႐ို႕က်ိဳးေသာ အသုံးအႏႈန္းႏွင့္ အသနားခံေနေသာ ငိုရႈိက္သံတစ္စြန္းတစ္စေတာင္ ပါဝင္ေနေသးသလို။
မဏိကို မင္းသားတစ္ပါးမွန္း သူသိေနသည္။
မဏိသည္ အာနီ႔မ်က္ႏွာကိုဖုံးထားသည့္ ပဝါစကို ဖယ္ရွားလိုက္သည္။ ပဝါေအာက္မွ ေပၚလာေသာ ေျပျပစ္သည့္မ်က္ႏွာ လွလွေလး။ ပန္းေဖ်ာ့ေသာ ႏႈတ္ခမ္းဖူးဖူးႏွင့္ သိမ္ေမြ႕စြာ လွလြန္းေသာ ႐ုပ္ရည္။
ခဏတာ ေငးစိုက္ၾကည့္မိသြားသည္။
"မင္း ငါနဲ႔အရင္က ေတြ႕ဖူးတယ္မလား..."
အာနီ သူ႔ကိုတည့္တည့္မၾကည့္ဘဲ မ်က္လႊာခ်ကာ အၾကည့္လႊဲသည္။
"ဟုတ္ကဲ့...ျမင္းခင္းသဘင္ပြဲရဲ႕ ေနာက္ဆုံးရက္က ေပ်ာ္ပြဲအခမ္းအနားမွာ ေတြ႕ဖူးပါတယ္"
ေၾကာက္႐ြံ႕ေနသလို၊ သို႔မဟုတ္ ရွက္႐ြံ႕ေနသလို အသံမ်ိဳး။
"မဟုတ္ဘူး...အဲ့ထက္အရင္..."
" အဲ့ဒီ့ေန႔ကမွ ပထမဦးဆုံးျမင္ဖူးတာပါ"
အာနီ၏လက္ေကာက္ဝတ္ကို တင္းၾကပ္စြာညႇစ္လိုက္သည္။ နာေသာေၾကာင့္ အာနီ႔၏မ်က္ႏွာ မသိမသာမဲ့သြားသည္။
" ညာတယ္..."
" အာနီ မညာရဲပါဘူး...အာနီက ဟီရၿမိဳ႕ေတာ္ကိုမၾကာေသးခင္ကမွ ေရာက္လာတာျဖစ္တဲ့အတြက္ အဲ့ဒီ့ေန႔ကမွ ေတာ္ဝင္မိသားစုကို ပထမဦးဆုံးျမင္ဖူးတာပါ"
"ငါကေတာ့ မင္းကို အရင္တည္းက ေတြ႕ဖူးတာ ေသခ်ာတယ္..."
မဏိသည္ အာနီ႔၏ က်ပ္ေနေသာအက်ႌလည္ပင္းေပါက္ကို ၿဗိခနဲျမည္ေအာင္ ဆြဲၿဖဲလိုက္၏။ သူ႔၏အားေၾကာင့္ အက်ႌလည္ပင္းေပါက္မွာ လြယ္လြယ္ကူကူၿပဲထြက္သြားၿပီး ျဖဴဝင္းေသာပခုံးသားလွစ္ခနဲေပၚလာ၏။ အာနီ႔၏ကိုယ္ေလး တြန႔္ၿပီး တုန္သြားသည္။
အာနီ႔၏ေက်ာႏွင့္ ဂုတ္သားအလယ္တြင္ရွိေသာ
ပန္းပြင့္သဏၭာန္ အနီေရာင္ေရးေရးအမွတ္ကို မဏိ စူးစိုက္ၾကည့္သည္။
ထိုအမွတ္....
မွားစရာ အေၾကာင္းမရွိ။
အာနီဟာ သူမွ သူပင္။
"ငါ့ကိုမမွတ္မိစရာ အေၾကာင္းလည္း မရွိပါဘူး"
" အရွင့္သားဘာေတြေျပာေနသလဲဆိုတာ အာနီမသိပါဘူး...အာနီ အရွင့္သားကို အရင့္အရင္က မေတြ႕ဖူးတာေတာ့ အမွန္ပါ...တစ္ေယာက္ေယာက္နဲ႔ လူမွားေနတယ္ထင္ပါတယ္..."
" လူမွားတယ္?"
"ဟုတ္ကဲ့..."
"ငါလူမွားစရာအေၾကာင္းမရွိဘူး...မင္းက..."
"မဏိစကၠ...ေဟ့..."
မဏိ၏စကားကိုျဖတ္၍ က်ယ္ေလာင္ျမဴးတူးေသာ ေအာ္ေခၚသံတစ္ခု ခပ္လွမ္းလွမ္းမွထြက္လာသည္။ေသရည္မူးေနေသာ တပ္မင္းတစ္ေယာက္ပင္။ မဏိ၏ သူငယ္ခ်င္းတစ္ေယာက္လည္းျဖစ္သည္။
မဏိသည္ အာနီ႔ကိုခ်ဳပ္ထားသည့္လက္ကိုလႊတ္လိုက္၏။ အခြင့္အေရးကိုလက္လႊတ္မခံဘဲ အာနီသည္ ၿပဲသြားေသာ အက်ႌလည္ပင္းေပါက္ကို ႏုႏုယြယြလက္ေခ်ာင္းေလးမ်ားျဖင့္ ဆြဲစိလိုက္ၿပီး ခ်က္ခ်င္းေျပးထြက္သြားသည္။
မဏိ အာနီ႔ကိုတစ္ခ်က္လွမ္းၾကည့္လိုက္ေသးေသာ္လည္း အေနာက္သို႔ထပ္မလိုက္သြားခဲ့။
အာနီ႔၏ဆံႏြယ္ၾကားမွ က်က်န္ခဲ့သည္ အင္ၾကင္းပန္းပြင့္ကိုေကာက္ယူလိုက္သည္။
*****************************
သဘင္ခန္းမအတြင္း သာယာနာေပ်ာ္ဖြယ္ေတးသံမ်ား ျမဴးႂကြလ်က္။
သို႔ေသာ္ ဂီတသံကိုမၾကားရေလာက္ေအာင္ အ႐ုဏ၏ေဘးနားတြင္ ခ်ီးက်ဴးဂုဏ္ျပဳသံမ်ား၊ ခပ္ေဖ်ာ့ေဖ်ာ့ရယ္သံမ်ားႏွင့္ ျပည့္ႏွက္ေနေလသည္။ အင္အားကြာသည့္တိုင္ ဆင္တပ္ကို အႏိုင္ရေအာင္တိုက္ႏိုင္ခဲ့ေသာ အ႐ုဏ၏ လုပ္ရည္ကိုင္ရည္မွာ ေတာ္လွေၾကာင္း၊ ျဖစ္ပြားခဲ့ေသာ စစ္အေျခအေနအေၾကာင္း၊ မဏိႏွင့္ ဘရဏသူတို႔၏ စစ္ေရးနည္းလမ္း လုပ္ပုံကိုင္ပုံအေၾကာင္း၊ ရာဓဇႏွင့္ ဥတၱရတို႔၏ဆက္ဆံေရးအေၾကာင္း အစရွိေသာ အက္ေၾကာင္းထပ္စကားမ်ားကိုပင္ ေျပာဆိုေနၾကသည္မွာ တျဖည္းျဖည္းႏွင့္ပ်င္းရိဖြယ္ေကာင္းလာေနၿပီ။ အ႐ုဏသည္ ထိုသူတို႔ေျပာသမွ်စကားတိုင္းကို ေခါင္းညိတ္ေနၿပီးသည့္ေနာက္တြင္ လူအုပ္စုအလယ္မွ မသိမသာေရွာင္ထြက္လာခဲ့ေတာ့သည္။
အ႐ုဏ၏မ်က္ဝန္းမ်ားမွာ သဘင္ခန္းမအတြင္းကို လွည့္ပတ္ၾကည့္ရႈေနသည္။ သူသည္ တစ္စုံတစ္ရာကို လိုက္လံရွာေဖြေနၿပီး စိတ္မရွည္ဟန္ ၊ ေမွ်ာ္လင့္ဟန္မ်ားလည္း ေပၚေပါက္ေန၏။
သူရွာေနေသာသူကို လုံးဝမေတြ႕ေသာအခါ ေလးလံေသာႏွာမႈတ္သံျဖင့္ သက္ျပင္းခ်သည္။ ထို႔ေနာက္ ေနာက္တစ္ေခါက္ထပ္ရွာျပန္၏။
သဘင္ခန္းမကို ယုဂန္ႏိုင္လာမွာ ေသခ်ာသည္။
နႏၵက သူ႔သူငယ္ခ်င္းကိုဖိတ္ၾကားထားမွာ အေသအခ်ာ။
ေနာက္ၿပီး ယခုေပ်ာ္ပြဲ႐ႊင္ပြဲသည္ စစ္ပြဲမွျပန္လာသူ တပ္မႉး၊ဗိုလ္မင္းမ်ားအတြက္ ရည္႐ြယ္ေသာပြဲျဖစ္ေသာေၾကာင့္ သုဒီပါကိုေတြ႕ရန္ ေသခ်ာေပါက္ လာကို လာလိမ့္မည္။ သို႔ေသာ္ ခုထိရွာမေတြ႕ေသး။ ဘယ္ေခ်ာင္တြင္ ပုန္းေနလဲ မသိ။
သဘင္ခန္းမအတြင္းရွိ လူအုပ္ႀကီးသည္ ပ်ားပန္းခပ္ပမာ ရႈပ္ယွက္ခတ္ေနသည္။ မီးေရာင္မ်ားမွာ မ်က္စိေနာက္စရာေကာင္းေလာက္ေအာင္ ထြန္းလင္းေဝဆာေနလ်က္ ဂီတသံမွာလည္း ျမဴးႂကြေနသည္။ ကခုန္ေနသူမ်ားလည္း ရွိ၏။ စားေသာက္ေနသူမ်ား၊ ရယ္ရယ္ေမာေမာစကားေျပာဆိုေနသူမ်ားလည္း ရွိ၏။
ဤကား ေပ်ာ္ပြဲ႐ႊင္ပြဲ၏ အဂၤါရပ္ႏွင့္ညီသည္။ ျပည့္စုံေသာ ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုျဖစ္သည္။ သို႔သည့္တိုင္ အ႐ုဏသည္ သူအလိုရွိဆုံးအရာတစ္ခုခု ေပ်ာက္ဆုံးေနသလို ခံစားေနရသည္။ ေပ်ာ္ပြဲ႐ႊင္ပြဲမွာ မၿပီးျပည့္စုံသလိုမ်ိဳး။
လိုအပ္ေနသလိုမ်ိဳး။
ဘာလို႔မ်ားလဲ....
သူ....ယုဂန္ႏိုင္ကို ေစ့ေစ့စပ္စပ္ရွာေဖြေနသည့္တိုင္ မေတြ႕ပါေခ်။
သဘင္ခန္းမ၏ ေခ်ာင္က်ေသာ ေနရာမ်ားထိပါ သူ...လိုက္ၾကည့္သည္။ ယုဂန္ကို ေတြ႕ဖို႔ေနေနသာသာ နႏၵ၊သုဒီပါႏွင့္ ပီယံမိတ္ တို႔ကိုပါ မေတြ႕ရပါ။ ေလးေယာက္ေပါင္းၿပီိး ဘယ္သြားေနၾကလဲ မသိ။
ၾကက္ေသြးေရာင္တင္းတိမ္ကို လွစ္တင္ၿပီး ယုဂန္ကို ရွာၾကည့္ၿပီးသည့္ေနာက္တြင္ သူ႔ေခါင္းထဲ အေတြးတစ္ခုဝင္လာသည္။
ေပ်ာ္ပြဲ႐ႊင္ပြဲမွာ မျပည့္စုံသလိုခံစားေနရသည္။
ယုဂန္ႏိုင္ကို လိုက္ရွာေနမိသည္။
ထိုအရာႏွစ္ခုကို ညီမွ်ျခင္းခ်လိုက္ပါက ယုဂန္ႏိုင္မရွိသျဖင့္ မျပည့္စုံသလိုခံစားေနရသည္။
ငွက္ေမႊးမ်ားျဖင့္ တစ္ကိုယ္လုံးကို တို႔ထိလိုက္သည့္ႏွယ္
ယားက်ိသလိုခံစားလာရၿပီး ေျခဖ်ားမွ ေခါင္းအဆုံး ၾကက္သီးေမႊးညႇင္းမ်ား ထ,သြားသည္။ သူ တင္းတိမ္ကို ကမန္းကတန္းျပန္ခ်လိုက္၏။
အၿမဲတေစေအးစက္ျပတ္သားခဲ့ေသာ မ်က္ဝန္းမ်ားသည္ စိတ္ရႈပ္ေထြးဟန္မ်ားႏွင့္ျပည့္ႏွက္သြားၿပီး မာေၾကာမႈ ေလ်ာ့က်သြားသည္။
ခံစားခ်က္မ်ားႏွင့္ပတ္သက္ပါက အၿမဲတေစ႐ိုးရွင္းလြန္းေသာ အ႐ုဏသည္ ပထမဦးဆုံးအႀကိမ္အျဖစ္ သူ႔ကိုယ္သူ နားမလည္ႏိုင္ျဖစ္သြားသည္။
သူ႔ကိုယ္သူ ေမးခြန္းတစ္ခုျပန္ေမးသည္။
ဘာအတြက္ ယုဂန္ႏိုင္ကို လိုက္ရွာေနရတာလဲ....
ေတြ႕ခ်င္လို႔ ဟူေသာအေျဖက ဒတ္ခနဲေပၚလာေသာ္လည္း
ဘာအတြက္ေတြ႕ခ်င္တာလဲ ၊ ေတြ႕ၿပီး ဘာလုပ္မလို႔လဲ
ဟူေသာ ေမးခြန္းမ်ား ဆက္တိုက္ေရာက္လာေသာအခါတြင္မူ ေဝဝါးရႈပ္ေထြးသြားရသည္။ တိက်ၿပီးေစ့စပ္ေသာ အ႐ုဏမွာ အေျဖေပ်ာက္ရွေနၿပီ။
အ႐ုဏ၏ဘဝတြင္ လုပ္ေဆာင္ခ်က္တိုင္း၊ အေတြးတိုင္းသည္ အေၾကာင္းျပခ်က္ ေရေရရာရာရွိခဲ့သည္။ ဗ်ဴဟာမ်ား ခ်မွတ္ေနျခင္းသည္ စစ္ပြဲေအာင္ႏိုင္ေရးအတြက္ျဖစ္သည္။ ရန္သူကိုသတ္ျဖတ္ျခင္းမွာ မိမိအသက္ကိုကာကြယ္ရင္း တာဝန္ေက်ပြန္ေစဖို႔ျဖစ္ၿပီး အသက္ရွင္ေနျခင္းမွာ မေသေသးလို႔ျဖစ္သည္။ ဗိုက္ဆာပါက စားစရာသြားယူမည္။ ေရဆာပါက ေရထ,ေသာက္မည္။ နာက်င္ပါက ေအာင့္အီးသည္းခံလိုက္ၿပီး မခံမရပ္ႏိုင္ေအာင္ ျပင္းထန္ေသာ ဒဏ္ရာမ်ားကိုမူ သမားေတာ္ထံသြားျပမည္။
ဒဏ္ရာ၊ ေရာဂါကိုျပဖို႔ သမားေတာ္ကိုေတြ႕သည္။
အလုပ္ကိစၥေဆြးေႏြးဖို႔ အလုပ္တြဲလုပ္သူမ်ားကိုေတြ႕သည္။ ဖိတ္ေခၚသျဖင့္ ညီအစ္ကို၊မိသားစုဝင္မ်ားကိုသြားေတြ႕သည္။ ယုဂန္ႏိုင္ကိုမူ ဘာအတြက္ ေတြ႕ရမွာတဲ့လဲ....
ျဖစ္ပြားခဲ့တဲ့ စစ္ေရးအေျခအေနအေၾကာင္းသြားေျပာဖို႔လား။ ယုဂန္ႏိုင္က တပ္မင္းလည္း မဟုတ္၊ တပ္မႉးလည္း မဟုတ္သလို အမတ္လည္း မဟုတ္ေသး။ ၿပီးေတာ့ အ႐ုဏဟာ ၿပီးခဲ့တဲ့အတိတ္ကိစၥေတြကိုျပန္ေျပာရမွာ ၿငီးေငြ႕တဲ့လူ။
တိုက္ပြဲအတြင္းရခဲ့တဲ့ ဒဏ္ရာေတြကိုသြားျပၿပီး ေျပာျပဖို႔လား။ ယုဂန္ႏိုင္က သမားေတာ္မွ မဟုတ္တာ။
ဒီတိုင္း...ဒီတိုင္းေလး...
အေၾကာင္းျပခ်က္မရွိဘဲ ေတြ႕ခ်င္မိ႐ုံေလး....
အ႐ုဏ၏ အသက္ရွဴသံမ်ားေႏွးေကြးသြားၿပီး ႏွလုံးခုန္သံ ဂယက္႐ိုက္သြားသည္။
သူ ေရွ႕ဆက္ၿပီး မစဥ္းစားရဲ...မေတြးရဲေတာ့။
သူသည္ အနားရွိ ကႏုတ္ေဖာ္တိုင္လုံးကို လက္ျဖင့္ေထာက္လိုက္မိၿပီး သူ၏စိတ္မွာ ရႈပ္ေထြးေနသည့္အျပင္ ၊ ကသိကေအာက္ျဖစ္မႈမ်ားလည္း ပါဝင္ေနေသးသည္။
အႏွီစိမ္းသက္ေသာ ခံစားခ်က္ႀကီးမွာ ထူးဆန္းလွသည္။
သူ႔ကို ကသိကေအာက္ျဖစ္ေစသည္။ ေဝဝါးေနာက္က်ိေစသည္။
ပထမဆုံးအႀကိမ္ျဖင့္ လူတစ္ေယာက္ကို လိုအပ္ေနခဲ့သည္။ ၿပီးေတာ့ ထိုလူက ယုဂန္ႏိုင္....
သူ မျငင္းပါ...
စစ္ထြက္ေနေသာအေတာအတြင္း တခ်ိဳ႕ေသာအခ်ိန္မ်ားတြင္ ယုဂန္ႏိုင္ကို ျဖတ္ခနဲသတိရမိသည္။ သို႔ရာတြင္ မပီမသေသာ သတိရျခင္းမ်ိဳးျဖစ္ၿပီး ေလးေလးနက္နက္မေတြးဖူးခဲ့ပါေခ်။ ဒီတိုင္း ဦးေႏွာက္က ပုံရိပ္လႊင့္ေပးေနသည္ဟု ထင္ခဲ့သည္။
သို႔ရာတြင္...
အမွန္တကယ္ ေျပးေတြ႕ခ်င္စိတ္မ်ိဳး ျဖစ္ေနခဲ့၏။
ယုဂန္ႏိုင္ကို ရွာမေတြ႕ေသာေၾကာင့္ သူ မေပ်ာ္မ႐ႊင္ျဖစ္ေနသည္။ ေဒါသလည္း ထြက္ခ်င္လာသလို အားမလိုအားမရျဖစ္လာေနသည္။
ယုဂန္ႏိုင္ကို ဘာလို႔ လိုအပ္ရမွာလဲ...ဘာလို႔ေတြ႕မွျဖစ္မွာလဲ....
ဘာလို႔ေရာ မေတြ႕ရတာလဲ....
အ႐ုဏသည္ ညစ္ညဴးေသာစိတ္ျဖင့္ အေနာက္သို႔ ခ်ာခနဲလွည့္လိုက္ရာ ေယာက္်ားတစ္ဦးႏွင့္ ဝင္တိုက္မိသြားသည္။
ထိုလူ၏လက္ထဲမွ ေသရည္ပုလင္း ေမွာက္က်သြားၿပီး အ႐ုဏ၏ကိုယ္ကို ႐ႊဲစိုသြားေစသည္။ ထိုလူမွာ မူးေနေသာေၾကာင့္ ယိုင္ထိုးေနၿပီး အ႐ုဏ၏တိုက္မိေသာအခါ အ႐ုဏ၏လက္ကို အေယာင္ေယာင္အမွားမွားႏွင့္ လွမ္းဆြဲလိုက္ေသးသည္။
ထိုသူ႔လက္မွ ျပဴးေနေသာစိန္လက္စြပ္ႀကီးက အ႐ုဏ၏လက္ဖမိုးကို ရွပ္တိုက္သြားၿပီး ေသြးထြက္သြား၏။
" ေတာင္းပန္ပါတယ္...ေတာင္းပန္ပါတယ္..မေတာ္လို႔ပါ"
အမူးသမားက ဗလုံးဗေထြးေျပာသည္။
အ႐ုဏ ဘာမွျပန္မေျပာဘဲ အမူးသမားနားမွ ထြက္လာခဲ့သည္။ အ႐ုဏသည္ လက္ဖမိုးမွ ဘာမဟုတ္ေသာျခစ္ရာေသးေသးေလးကို ဂ႐ုမစိုက္သည့္အတြက္ ေသြးပင္ မသုတ္ခဲ့။
ေသခ်ာေသာအရာမွာ သူေဒါသထြက္ခ်င္ေနၿပီျဖစ္သည္။
အဝတ္အစားေပၚေပသြားေသာ ေသရည္နံ႔ဟာလည္း သူ႔ကို အလြန္တရာစိတ္အေႏွာင့္အယွက္ေပးေနသည္။
ရႈပ္ေထြးေနေသာ ခံစားခ်က္မ်ားႏွင့္ ေဒါသတို႔လုံးေထြးလာၿပီး သဘင္ခန္းမအတြင္းမွ ထြက္သြားခဲ့သည္။
*******************************
အ႐ုဏသည္ ႐ုတ္တရက္ႀကီးေခါင္းကိုက္ခ်င္လာသလိုလို။ စိတ္ႏွလုံးဟာ အလြန္တရာညစ္ညဴးၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနသည္။
ယုဂန္ႏိုင္ကို မေတြ႕လို႔လား၊ ဒါမွမဟုတ္ လိုက္ရွာေနမိတဲ့အေၾကာင္းျပခ်က္ကိုမသိလို႔ ေဒါသထြက္ေနျခင္းလား သူကိုယ္တိုင္ မသိေတာ့။ စိတ္ရႈပ္ေနသည့္ၾကားထဲမွ ေသရည္နံ႔ႀကီးက သူ႔ကိုယ္တြင္စြဲကပ္ေနေသး၏။
ထိုေသရည္နံ႔ကိုေဖ်ာက္ပစ္ဖို႔ ေရခ်ိဳးပစ္ရမည္။ ေနာက္ၿပီး ရႈပ္ေထြးေနေသာစိတ္မ်ား ျပန္လည္ၾကည္လင္သြားေစရန္ သလင္းေက်ာက္ကန္တြင္ ေရခ်ိဳးရန္စဥ္းစားမိလိုက္သည္။ ထို႔ေၾကာင့္ ပန္းျမတ္ဂႏိုင္နန္းေဆာင္ဘက္သို႔ ထြက္လာခဲ့သည္။
ပန္းျမတ္ဂႏိုင္နန္းေဆာင္ရွိ သလင္းေက်ာက္ကန္ဆိုသည္မွာ အသင့္အတင့္က်ယ္ဝန္းေသာ လူလုပ္ေရကန္ငယ္တစ္ကန္ျဖစ္သည္။ သလင္းေက်ာက္ကန္ဟု ေခၚဆိုရျခင္းမွာ ထိုကန္အတြင္းရွိေရမ်ားကို ေကာင္းမြန္ေသာစြမ္းအားရွိသည့္ ေက်ာက္သလင္းမ်ားျဖင့္ အရင္ဦးဆုံးစီမံထားေသာေၾကာင့္ျဖစ္သည္။ သလင္းေက်ာက္မ်ားရွိ
စြမ္းအင္ကို ေရအတြင္းသို႔ ေရာက္ေစသည္။ ေက်ာက္သလင္းစြမ္းအင္ ကိန္းဝင္ေသာေရကို ေရကန္ထဲသို႔ျဖည့္သည္။
ပန္းျမတ္ဂႏိုင္နန္းေဆာင္ နန္းေတာ္ထဲေပၚေပါက္လာျခင္းမွာ ႏွစ္၅၀ ေက်ာ္မွ်သာရွိဦးမည္။ စတင္ဖန္တီးလိုက္ေသာ အပ်ိဳေတာ္ႀကီးတစ္ဦးက အခုဆိုရင္ေတာ့ အသက္ႀကီးေရာဂါျဖင့္ ဆုံးသြားၿပီ။ ထိုအပ်ိဳေတာ္ႀကီးက ေရတြင္ အသိစိတ္ရွိၿပီး မွတ္ဉာဏ္လည္းရွိသည္ဟု ယုံၾကည္သည္။ သူမ၏အေျပာအရ ညစ္ပတ္ေသာေနရာတြင္ ေနခဲ့ရေသာေရ၊ ဆိုး႐ြားေသာျဖစ္ရပ္မ်ားကိုျမင္ေတြ႕ခဲ့ရေသာေရ၊ က်ဥ္းက်ပ္ေသာေနရာ( ဥပမာ ေရပိုက္) တြင္ေနခဲ့ရေသာေရ စေသာေရမ်ားသည္ သက္ရွိအေနႏွင့္ေျပာရပါက မေပ်ာ္႐ႊင္ေသာေရမ်ားျဖစ္ၿပီး ပိန္လွီခ်ဴခ်ာေသာေရျဖစ္သည္။ ထိုေရကိုေသာက္ပါက၊ ခ်ိဳးပါက ထိုေရ၏
ဆိုးက်ိဳးမွာ မိမိအေပၚသက္ေရာက္ၿပီး ေနမေကာင္းျဖစ္ျခင္း၊ စိတ္မခ်မ္းသာျခင္းတို႔ျဖစ္ရသည္။
ဆန႔္က်င္ဘက္အားျဖင့္ သန႔္ရွင္းေသာေနရာတြင္ ေနခဲ့ရေသာေရ၊ ေပ်ာ္႐ႊင္စရာျဖစ္ရပ္မ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရေသာေရ၊ လြတ္လပ္႐ႊင္ျမဴးစြာေနခဲ့ရေသာေရမ်ားသည္ ေပ်ာ္႐ႊင္ေသာေရမ်ားျဖစ္ၿပီး အေကာင္းျမင္စိတ္မ်ားႏွင့္ ျပည့္ႏွက္ေနသည္။ ထို ေပ်ာ္႐ႊင္ေသာေရမွာ မေပ်ာ္႐ႊင္ေသာေရထက္ အရသာလည္း ပိုမိုေကာင္းမြန္သည္ဟုဆိုသည္။
ထို႔အျပင္ ၎၏အေကာင္းျမင္စိတ္ႏွင့္ စြမ္းအားမ်ားမွာ ေသာက္သုံးသူ၊ ခ်ိဳးသူအေပၚသက္ေရာက္ၿပီး က်န္းမာျခင္း၊ စိတ္တည္ၿငိမ္ျခင္း၊ စိတ္ခ်မ္းသာျခင္းတို႔ ျဖစ္ေပၚေစသည္ ဟုဆိုသည္။
သို႔ပါ၍ ပန္းျမတ္ဂႏိုင္နန္းေဆာင္ရွိေရမ်ားကို အထူးစီမံေလသည္။ ေရမ်ား အနားတြင္ ဆဲဆိုသံ၊ ျပစ္တင္ႀကိမ္းေမာင္းသံေတာင္ မျပဳရ။ ခ်ိဳသာေသာစကား၊ အေကာင္းျမင္ေသာစကားႏွင့္ ဂီတသံမ်ားသာ ထြက္ေပၚရသည္။
ထိုေပ်ာ္႐ႊင္ေသာေရမ်ားကို ေဆးျမစ္မ်ား၊ ေမႊးနံ႔သာမ်ား ၊ ေက်ာက္သလင္းကဲ့သို႔ ကမာၻေျမႀကီး၏စြမ္းအား ပုံေဆာင္ခဲမ်ားႏွင့္ စီမံသည္။ ဤနည္းျဖင့္ ေကာင္းမြန္ေသာ စြမ္းအင္မ်ား ျဖစ္ေပၚေစသည္။ ဆိုရပါက ေကာင္းမြန္ေသာစြမ္းအင္ႏွင့္ ေမတၱာဓာတ္ျဖန႔္ေဝျခင္းမွာ ပန္းျမတ္ဂႏိုင္၏ေဆာင္ပုဒ္ ျဖစ္သည္။
ဤကား သူမ၏ထင္ျမင္ယုံၾကည္ခ်က္တစ္ခုသာျဖစ္ေသာ္လည္း သူမဖန္တီးလိုက္ေသာ ပန္းျမတ္ဂႏိုင္နန္းေဆာင္၏ ကုထုံးမ်ားမွာ က်န္းမာေရးအက်ိဳးရလဒ္ႏွင့္
စိတ္ပိုင္းဆိုင္ရာတည္ၿငိမ္ေအးခ်မ္းျခင္းကို ျဖစ္ေပၚေစသည္မွာအမွန္။ စိတ္ပ်ိဳေတာ့ ကိုယ္ႏုသည္။ စိတ္ႏွင့္က်န္းမာေရး တည္ၿငိမ္ေကာင္းမြန္ေသာအခါ ႐ုပ္ရည္မွာ အလိုေလ်ာက္လွပလာသည္။ ထိုအခါ ပန္းျမတ္ဂႏိုင္နန္းေဆာင္မွာ အလွပေရးရာအတြက္ပါ ျဖစ္လာသည္။ ေနာက္ပိုင္းတြင္ ကုထုံးမ်ားအျပင္ ႏွိပ္နယ္ျခင္း၊ အလွအပအတြက္ျပင္ဆင္ေပးျခင္းတို႔မွာ ပန္းျမတ္ဂႏိုင္၏အလုပ္ ျဖစ္လာသည္။
သလင္းေက်ာက္ကန္ရွိ ေရမ်ားမွာ သလင္းေက်ာက္တို႔၏စြမ္းအင္ ကိန္းဝင္ေနသည္ဟုဆိုသည္။ အက်ိဳးရလဒ္အျဖစ္ ကိုယ္တြင္းအဂၤါမ်ားကို ကုသေပးၿပီး ခႏၶာကိုယ္အေပၚေကာင္းက်ိဳးသက္ေရာက္သည္။ စိတ္ဖိအားေတြေလ်ာ့နည္းေစၿပီး တည္ၿငိမ္ေအးခ်မ္းေစသည္။ မေကာင္းေသာစိတ္ႏွင့္ တဏွာရာဂမ်ားကို ေလွ်ာ့ခ်ေပးသည္။ ထိုေရျဖင့္ခ်ိဳးၿပီးပါက တရားအားထုတ္ခ်င္စိတ္ျဖစ္လာသည္အထိ တည္ၿငိမ္ေစပါသတဲ့။ သြပ္သြပ္ခါ႐ူးေနတဲ့သူသေတာင္ ဒီေရနဲ႔ထိရင္ တည္ၿငိမ္သြားဦးမယ္တဲ့။
ဒါကေတာ့ သူတို႔နန္းေဆာင္ကို သူတို႔ ေၾကာ္ျငာၿပီး အလြန္အၾကဴးခ်ဲ႕ကားေျပာဆိုေနတာပါေလ....
စိတ္ၿငိမ္ၿပီးက်န္းမာေရးေကာင္းတယ္ဆိုရင္ ေတာ္ၿပီေပါ့။
အမွန္တိုင္းေျပာရပါက သလင္းေက်ာက္ကန္တြင္ ေကာင္းမြန္ေသာစြမ္းအင္မ်ားရွိသည္ ဟူေသာစကားကို အ႐ုဏ သိပ္မယုံပါေခ်။ သူက ဒီတိုင္း ေကာင္းေကာင္းမြန္မြန္ေရခ်ိဳးခ်င္႐ုံေလးပါ။
နန္းေဆာင္မွ ထုတ္ထားေသာအမိုးေအာက္တြင္ သစ္သားၾကမ္းခင္းရွိသည္။ ထိုၾကမ္းခင္းမွ ေအာက္သို႔ ေျခခ်လိုက္ပါက သလင္းေက်ာက္ေရကန္ပင္ျဖစ္၏။
လိုက္ပို႔ေပးေသာ အပ်ိဳေတာ္သည္ လိုအပ္ပါက တံခါးဝရွိေခါင္းေလာင္းကိုတီး၍ ေခၚလိုက္ႏိုင္ပါေၾကာင္း ေျပာျပၿပီး ထိုေနရာမွထြက္သြားသည္။ သူမသည္ တံခါး႐ြက္ႏွစ္႐ြက္ကို ေသေသခ်ာခ်ာပိတ္သြားေပး၏။ ထို႔ေၾကာင့္ သလင္းေက်ာက္ေရကန္တြင္ အ႐ုဏတစ္ေယာက္တည္းသာ တသီးတသန႔္က်န္ခဲ့သည္။
သလင္းေက်ာက္ကန္မွာ ၎၏အမည္အတိုင္း ၾကည္လင္ေအးျမေသာေရကန္ျဖစ္သည္။ ေရတိမ္ေသာေနရာမ်ားတြင္ ေအာက္ေျခကို ၾကည္လင္ျပတ္သားစြာျမင္ရၿပီး နက္ေသာေနရာတြင္လည္း ထိုက္သင့္သေလာက္ထိ ၾကည္လင္စြာျမင္ရသည္။ ေရမ်ားမွာ ေအးျမခ်မ္းစိမ့္ေနသည္။
ကန္၏ေဘးဘက္လည္တြင္ အေရာင္စုံ၍ ညက္ေညာသည့္လွလွဝိုင္းဝိုင္းေက်ာက္ခဲေလးမ်ားျဖင့္ ေဘာင္ကြပ္ထား၏။ ထို႔ေနာက္ ေျမႀကီးအနည္းငယ္ျခားၿပီး မညီညာဖုထစ္ေနေသာေက်ာက္နံရံျဖင့္ ေရကန္ကို ကာရံထားသည္။ ထိုေျမႀကီးတြင္ ပ်ဥ္းမပင္တစ္ပင္ ေပါက္ေန၍ ခရမ္းေဖ်ာ့ေဖ်ာ့ပ်ဥ္းမပန္းမ်ားက လွပေဝဆာစြာပြင့္လန္းေနသည္။
ဝဲလင့္ေႂကြက်ထားေသာ ပ်ဥ္းမပန္း ပြင့္ဖတ္အခ်ိဳ႕မွာ ကန္ေရျပင္ထက္တြင္ ေပါေလာေမ်ာလ်က္။
အမိုးေဆာင္ေအာက္တြင္ လွပစြာပုံေဖာ္ထားေသာ ဝါးစင္ရွိၿပီး ထိုအေပၚတြင္ အေမႊးနံ႔သာဆီဘူးမ်ား၊ ရနံ႔စုံ၊အက်ိဳးသတၱိစုံလွေသာ ဆပ္ျပာမ်ားတင္ထားသည္။ ဝါးစင္ေဘးတြင္ သစ္သားတန္းရွိသည္။ ထိုတန္းေပၚတြင္ ေရသုတ္တဘက္အျဖဴတစ္ထည္ လႊားထားသည္။ အ႐ုဏသည္ အဝတ္အစားမ်ားကိုခြၽတ္ၿပီး ထိုအတန္းေပၚလွမ္းလိုက္သည္။ ထို႔ေနာက္ ေရကန္ထဲသို႔ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္ဆင္းသြားသည္။
ေအးခ်မ္းေသာေရ၏ အထိအေတြ႕တြင္ သူ စိတ္ေက်နပ္သြားသည္။ ၾကည္လင္ေအးျမမႈက သူ၏စိတ္ရႈပ္ေထြးမႈမ်ားကို ေလ်ာ့က်သြားေစသည့္တိုင္ ဘာေၾကာင့္မွန္းမသိ သူ႔စိတ္ထဲမေပ်ာ္မ႐ႊင္ျဖစ္ေနေသးသည္။ တစ္စုံတစ္ရာကို မျဖစ္မေန လိုအပ္ေနသလိုမ်ိဳး။
သူ လက္ႏွစ္ဖက္ကိုဆန႔္တန္းလိုက္ၿပီး ျဖည္းျဖည္းခ်င္းျပန္ေကြးခ်ကာ အေၾကာေျဖသည္။ ထိုအခါ ႂကြက္သားမ်ားျဖင့္ျပည့္ေနသည့္ လက္ေမာင္းဟာ အဖုထစ္မ်ားထ,လာၿပီး အဆီဟူ၍မရွိသေလာက္နည္းေသာ ေ႐ႊအိုေရာင္ေက်ာျပင္တြင္ ေတာင့္တင္းေသာႂကြက္သားအေျမာင္းမ်ား ထြက္ေပၚလာသည္။ ညိဳစိမ့္စိုျပည္ေသာ အေရျပားေအာက္ရွိ လက္ျပင္႐ိုး၏လႈပ္ရွားမႈမွာ သန္မာစြာ ႐ုန္းကန္လ်က္။
သူ အသက္တစ္ခ်က္ရွဴသြင္းလိုက္ၿပီး ေရထဲငုံ႔သြားသည္။ ေရေအာက္ထဲ လက္ယက္ကူးရင္း ေရနက္ေသာ ေနရာအထိ ကူးသြား၏။ အ႐ုဏသည္ သူ၏မ်က္လုံးမ်ားကိုမွိတ္ထားခဲ့သည္။
အ႐ုဏ၏ လက္ေခ်ာင္းမ်ားသည္ ေပ်ာ့အိအိအရာတစ္ခုကို ေရေအာက္တြင္စမ္းမိသြားသည္။ အ႐ုဏ လန႔္သြားၿပီး မ်က္လုံးကိုဖြင့္လိုက္သည္။ လန႔္သြားျခင္းမွာ ေၾကာက္၍ မဟုတ္။ မိမိတစ္ေယာက္တည္း ရွိေနသည့္ေရကန္တြင္
တျခားတစ္ေယာက္ ေရာက္ေနသည္ဟူေသာအသိေၾကာင့္ပင္။
ညဘက္မို႔ ေမွာင္ေနသည့္ေရေအာက္တြင္ အႏွီေပ်ာ့အိအိအရာကို ေသခ်ာမျမင္ရပါ။ အ႐ုဏ ေရေအာက္ထဲမွ ဝုန္းခနဲ ထ,လိုက္သည္။ သူ၏မ်က္ေတာင္တြင္ တြဲလဲခိုေနေသာ ေရစက္မ်ားကို ခပ္ၾကမ္းၾကမ္းပြတ္သပ္လိုက္ၿပီး ေရစိုဆံသားေကာက္ေကာက္ကို သပ္တင္လိုက္သည္။ ေရအနက္မွာ အ႐ုဏ၏ေပါင္ရင္းေလာက္ထိနက္သည္။
ထိုအခါ ေပ်ာ့အိအိအရာမွာလည္း ေရထဲမွဗြမ္းခနဲျမည္ေအာင္ ထ,လာ၏။ ထိုသူ ေရထဲမွ ထ,လာျခင္းသည္
အ႐ုဏႏွင့္ထိမိသြားျခင္းေၾကာင့္မဟုတ္။ အသက္ ဆက္မေအာင့္ႏိုင္ေတာ့ဘဲ ေလရွဴရန္လိုအပ္လာေသာေၾကာင့္ပင္။
ထိုသူသည္ ဆံပင္မ်ားကိုခါလိုက္ၿပီး အငမ္းမရအသက္ရွဴေန၏။
ေက်ာက္သားနံရံတြင္ စိုက္ထိုးထားေသာ မီးတုတ္ႏွင့္ နန္းေဆာင္မွ အလင္းေရာင္ကသာ ပတ္ဝန္းက်င္ကို မွိန္ဖ်ဖ်လင္းေနေစသည္။ လေရာင္ႏွင့္ၾကယ္ေရာင္ျဖာက်ေသာေအာက္တြင္မူ ျဖဴေဖ်ာ့ရွင္းသန႔္ေသာ ေဘးတေစာင္းပုံရိပ္တစ္ခု။
ေၾကာ့ရွင္းေသာလည္တိုင္ကို အေနာက္လွန္ကာ ေခါင္းေမာ့ရင္း အသက္ကို လႈိက္လႈိက္ေမာေမာရွဴေနေသာ ပုံရိပ္ပင္။
ေခါင္းေမာ့ထားေသာေၾကာင့္ လႈပ္တုပ္တုပ္ျဖစ္ေနေသာလုံးဝန္းသည့္လည္ေစ့ကို အတိုင္းသားျမင္ေနရသည္။
ထို႔ေနာက္ ဟစိဟစိျဖစ္ေနေသာ နီရဲ႐ႊန္းစိုသည့္ ႏႈတ္ခမ္းလႊာ။
ယုဂန္ႏိုင္ ပါပင္။
********************************