伪装学渣
Wei Zhuang Xue Zha
ZAWGYI
စိတ္လည္းလႈပ္ရွား ေပ်ာ္ဖို႔လည္းေကာင္း
ကိုယ့္ကိုယ္ကိုယ္ နက္နက္ရႈိင္းရႈိင္းရင္ထဲထိေနေလသည့္ ဟယ့္ေက်ာင္းကိုေတာ့ျဖင့္ ကယ္တင္၍မရေတာ့ ၊ ကိုယ္တိုင္သာ ဟက္ထိသြားရတာျဖစ္ၿပီး သခ်ၤာဆရာကိုေတာ့ျဖင့္ ဟက္မထိသြားေစပါ။
သခ်ၤာဆရာမွာ အိမ္စာေတြကိုတစ္ဝက္ခန္႔ေလာက္ စစ္ၿပီးသြားစဥ္မွာေတာ့ အတန္းကိုယ္စားလွယ္ကိုေခၚၿပီး ခဏေနအတန္းတက္ရင္သံုးဖို႔ရန္ အခန္း(5)က ႀတိဂံေပတံအားယူခိုင္းမလို႔ရွိရာ ေခါင္းေထာင္လိုက္မိစဥ္မွာေတာ့ ေလ့က်င့္ခန္းစာအုပ္ကိုေျမႇာက္ကိုင္ထားၿပီး ထံုေက်ာအားေနကာေပးေနေလသည့္ ဟယ့္ေက်ာင္းကိုေတြ႕လိုက္ရသည္။
သူသည္ လက္ထဲကမင္နီကိုခ်လိုက္ၿပီး ခ်က္ခ်င္းႀကီးအသိမေပးပါဘဲ စိတ္ကိုထိန္း၍တည္တည္ၿငိမ္ၿငိမ္ျဖင့္သာ အေတာ္ၾကာေအာင္ၾကည့္ေနလိုက္၏။ မူမမွန္သည္ကိုသတိထားမိေလသည့္ ေက်ာင္းသားတခ်ိဳ႕တေလကလည္း ဆရာ့ရဲ႕အၾကည့္ရွိရာတစ္ေလွ်ာက္သို႔ လိုက္လို႔ၾကည့္မိၾကေလသည္။
". . . . . ."
ဒါကတကယ့္ကို အတန္းေဖာ္ကိုအခ်စ္ေတြအျပည့္ရွိေနသလို ျမင္ကြင္းတစ္ရပ္ပါေပ။
မိုးေျမတုန္လႈပ္မတတ္ ရင္ထဲေရာက္၏။
ေနေရာင္ျခည္ကပိုၿပီးျဖန္႔ၾကက္ထိုးလာေနမႈေျကာင့္ ဟယ့္ေက်ာင္းသည္ ေလ့က်င့္ခန္းစာအုပ္အား သခ်ၤာစာအုပ္ႏွင့္လဲရေကာင္းမလားဟု ေတြးေတာေနမိေလသည္။ စဥ္းစားခ်င့္ခ်ိန္ေနမိခိုက္မွာပင္ စင္ထက္ဘက္ကေနၿပီး ေျမျဖဴေသးေသးတစ္ခဲကဝဲပ်ံေရာက္ရွိလို႔လာလ်က္ သူ႔ေခါင္းေပၚတည့္တည့္လာလို႔ထိမွန္၏။
ေျမျဖဴမွာထိမွန္ၿပီးေနာက္ ျပန္ကန္ထြက္လို႔သြားလ်က္ ေျမျပင္ထက္က်ကာ မေႏွးမျမန္ႏွင့္ အမႈိက္ပံုးရွိရာဘက္စီလွိမ့္လို႔သြားေတာ့သည္။
သခ်ၤာဆရာသည္ ေဒါသပဲထြက္ရေလမလား ၊ ရယ္ပဲရယ္ရမည္လားမသိရွိစြာျဖင့္ပင္. .
"ေနာက္ဆံုးတန္းကႏွစ္ေယာက္ ၊ မင္းတို႔ငါ့ကိုမရွိသလို သေဘာထားေနတာေပါ့ေလဟုတ္လား?"
ဟယ့္ေက်ာင္းသည္ ထိုစကားကိုၾကားလွ်င္ၾကားခ်င္း လက္ကိုလႊတ္ခ်လိုက္မိရသည္ ၊ ေလ့က်င့္ခန္းစာအုပ္မွာ ျပဳတ္က်သြားလ်က္ ရွဲ႕ယြီမ်က္ႏွာထက္သို႔ကြက္တိျပဳတ္က်သြားခဲ့၏။
ရွဲ႕ယြီမွာထိမိၿပီး ခ်က္ခ်င္းပင္ႏိုးလို႔လာေခ်သည္။
သူသည္ခုနက အိပ္ေပ်ာ္သြားခဲ့ျခင္းေၾကာင့္ ႏိုးလာသည့္အခ်ိန္၌ေခါင္းကအနည္းငယ္ေနာက္လို႔ေနသည္။ လက္ရွိကမနက္ပိုင္း self-studyအခ်ိန္ဆိုတာကို ေမ့လို႔သြားခဲ့ၿပီး မ်က္လံုးတို႔ပင္ပြင့္မလာေသးခင္ ဟယ့္ေက်ာင္းထံစကားတို႔အရင္ေရာက္သည္။
"မင္းေသခ်င္ေနတာလား။"
ရွဲ႕ယြီ၏စကားဆံုးဆံုးျခင္းမွာပင္ ေနာက္ထပ္ေျမျဖဴတစ္ခဲက သူတို႔ရွိရာစီဝဲလြင့္ေရာက္ရွိလို႔လာေတာ့သည္။
ဝူက်ိန္႔စာသင္လာသည္မွာ (၁၀)ႏွစ္နီးပါးရွိၿပီျဖစ္ရာ ေျမျဖဴျဖင့္လူကိုပစ္ေပါက္သည့္အရည္အခ်င္းဟာဆိုလွ်င္လည္း ၿပိဳင္စံရွားဟုပင္ဆိုရေပမည္။ စာသင္ေနစဥ္လစ္ထြက္မည္တို႔ အိပ္ငိုက္ေနသည္တို႔ဆိုလွ်င္ ဒီလိုမ်ိဳးျဖင့္လႈပ္နႈိးခံရတတ္သည္။
ပစ္တိုင္းလည္း လက္တည့္၏။
ရလဒ္သည္လည္း သိသာလွသည္ ၊ စာသင္ခ်ိန္ကို အလဟႆနဲ႔အခ်ိန္ကုန္မျဖစ္ေစေတာ့။
ရွဲ႕ယြီမွာ ႏွစ္ခ်က္ရွိၿပီပစ္ခံထိသည့္တိုင္ ဘာျဖစ္လို႔ျဖစ္ေနသည္ကို သေဘာမေပါက္ေသးေခ်။
ဟယ့္ေက်ာင္းသည္ေရွာင္ရင္းျဖင့္ေျပာလိုက္၏။
"ဆရာဝူ ၊ ကၽြန္ေတာ္တို႔အျပန္အလွန္ ခဏေလာက္ေတာ့ စိတ္ၿငိမ္ၿငိမ္ထားသင့္တယ္. . . . . ."
"ခ်ီးကိုစိတ္ၿငိမ္ၿငိမ္ထား. ."
ဝူက်ိန္႔မွာ ဆက္လက္ၿပီးဆဲေရးတိုင္းထြာတဲ့စကားေတြထြက္လာေတာ့မလို႔ရွိရာ ျပန္လို႔ဖိထိန္းပစ္လိုက္ရ၏။ ထိန္းလိုက္ၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ႏွင့္ထပ္ၿပီး အဓိပၸာယ္မရွိတာေတြေျပာခ်င္စိတ္မရွိေတာ့တာေၾကာင့္ အေပါက္ဝသို႔သာ လက္ထိုးၫႊန္ျပလိုက္ေတာ့သည္။
"ထြက္။ မင္းတို႔ႏွစ္ေယာက္အေပါက္ဝထြက္ရပ္ၿပီးေတာ့ စိတ္ၿငိမ္ၿငိမ္ထားၾက ၊ စိတ္ေအးတည္ၿငိမ္ခ်င္ေနတာမလား ၊ ေကာင္းေကာင္းေလး စိတ္ၿငိမ္ၿငိမ္ရွိၾကေပါ့။"
မနက္အေစာႀကီး၌ ရွဲ႕ယြီမွာလည္းေကာင္းေကာင္းမအိပ္လိုက္ရ ၊ ဟယ့္ေက်ာင္းႏွင့္အတူႏွစ္ေယာက္သား ျပတင္းေပါက္ကိုမွီ၍ အခန္း(2-3)အေပါက္ဝ၌ရပ္လ်က္ရွိၾကရသည္။
ပထမအခ်ိန္ကလည္း သခ်ၤာအခ်ိန္ျဖစ္ေနေလရာ ဝူက်ိန္႔မွာေဒါသလြယ္လြယ္မေျပတတ္သူမို႔ ေက်ာင္းတက္ေခါင္းေလာင္းထိုးမွသာ သူတို႔အားကိုယ့္ေနရာကိုယ္ျပန္လာခိုင္းထားသည္။ ဤသို႔ျဖင့္ သူတို႔သည္ၾကားအခ်ိန္အတြင္း၌ တံခါးေပါက္၌ရပ္လ်က္ျဖင့္ တံခါးေစာင့္ျဖစ္ေနရေတာ့၏။
ေကာ္ရစ္တာတစ္ေလွ်ာက္မွာေတာ့ လူေတြသြားသြားလာလာရွိလို႔ေနၾကသည္။
"ငါအခု ကိုယ့္ကိုယ္ကိုယ္စိတ္ထိန္းထားလို႔ရေနေသးတယ္. ."
ရွဲ႕ယြီသည္ ေျပာလိုက္၏။
"မင္းရွင္းျပပါဦး။"
ဟယ့္ေက်ာင္း : "ငါေျပာလိုက္ရင္ မင္းသိပ္ဟက္ထိသြားမွာေတာင္ငါစိုးမိတယ္။"
ရွဲ႕ယြီ၏ပင္ကိုစ႐ိုက္က ေကာင္းတယ္ဟုမဆိုႏိုင္ေပ ၊ ငယ္စဥ္ကတည္းကိုက အ႐ူးေတြနဲ႔ဆိုအက်ိဳးအေၾကာင္းရွင္းျပမေနဘဲ ခ်က္ခ်င္းပဲဖမ္းဆြဲၿပီး တစ္ပြဲတစ္လမ္းႏႊဲပစ္လိုက္မည္ဆိုသည့္ သေဘာတရားကိုသာလက္ကိုင္ထားရွိသူျဖစ္သည္။ သူသည္ထပ္မံ၍ သည္းခံလိုက္ၿပီး ဟယ့္ေက်ာင္းအားေနာက္ထပ္အခြင့္အေရးတစ္ႀကိမ္ထပ္ေပးရန္ဆံုးျဖတ္လိုက္၏။
". . . . . . မင္းေျပာမွာလား မေျပာဘူးလား?"
ဟယ့္ေက်ာင္းမေျပာရေသးခင္မွာပင္ ဝမ့္သာကျပတင္းေပါက္ကေနၿပီး ေခါင္းထြက္လ်က္လွည့္ၾကည့္လာၿပီးေျပာသည္။
"ဒါကတကယ့္ကို မိုးေျမတုန္လႈပ္မတတ္ ရင္ထဲေရာက္တဲ့ အဆံုးမွာေတာ့ အေဆြးဇာတ္နဲ႔သိမ္းတဲ့ပံုျပင္တစ္ပုဒ္ပါပဲ ၊ မိုက္ခ်က္ပဲ အစ္ကိုေက်ာင္းက ၊ အစ္ကိုယြီကိုေတာင္ ေနကာေပးေနလိုက္ေသးတယ္ ၊ ဒါေပမယ့္ဒီဆြတ္ပ်ံ႕ဖြယ္ခံစားခ်က္က မင္းတစ္ေယာက္တည္းကိုပဲဟက္ထိသြားေစတာဆိုးတာပဲ။"
ဟယ့္ေက်ာင္း : "သာသာ ၊ မင္းဘယ္လိုေျပာလိုက္တာလဲ ၊ မင္းေျပာလိုက္တာႀကီးကလည္းကြာ။"
ဝမ့္သာ : "မဟုတ္လို႔လား --- --- အစ္ကိုယြီရဲ႕မ်က္ႏွာအမူအရာကို မင္းၾကည့္ၾကည့္ေလ ၊ ငါ့အထင္မွာေတာ့ အခုအစ္ကိုယြီက မင္းေခါင္းကိုျဖဳတ္ယူၿပီး ေဘာလံုးတစ္လံုးလိုကန္ပစ္ခ်င္ေနေလာက္တဲ့ပံုပဲကြ။"
ဟယ့္ေက်ာင္းကေတာ့ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ခ်က္ရွိလွစြာျဖင့္ ေျပာလိုက္ပါသည္။
"မျဖစ္ႏိုင္ဘူး ၊ ငါ့ထံုေက်ာကပံုမွန္ဆိုၾကည့္ရတာ အၾကင္နာမဲ့သလိုရွိေပမယ့္ သူကအရမ္းၾကင္နာတတ္တဲ့သူဆိုတာကိုေတာ့ ငါယံုတယ္။"
ရွဲ႕ယြီသည္ ဝမ့္သာေျပာလာသည့္ႏွစ္ခြန္းသံုးခြန္းႏွင့္တင္ ဘယ္လိုျဖစ္တယ္ဆိုသည္ကို သေဘာေပါက္၍သြားသည္။ သူသည္ပင့္သက္တစ္ခ်က္ရႈိက္လိုက္ၿပီးေနာက္ အက်ႌလက္ကိုပင့္တင္လိုက္သည့္အခါမွာေတာ့ လက္ဖ်ံတစ္သြယ္ကလွစ္ဟထြက္ေပၚလို႔လာ၏ ၊ ထို႔ေနာက္မွာေတာ့ ခ်က္ခ်င္းပင္ဟယ့္ေက်ာင္း၏ေကာ္လံစအားေဆာင့္ဆြဲကာ အိမ္သာရွိရာဘက္စီသူ႔အားဆြဲေခၚသြားလိုက္ေတာ့သည္။
"ဘာလုပ္တာလဲ. ."
ဟယ့္ေက်ာင္းသည္ လိုက္ေလ်ာညီေထြးရွိစြာပင္ သူေခၚရာတစ္ေလွ်ာက္လိုက္လို႔လာသည္။
"အိမ္သာအတူသြားတက္ဖို႔ အစ္ကို႔ကိုခ်ိန္းတာလား?"
"မင္းကိုထိုးမလို႔ ေနရာေျပာင္းတာ။"
ဝမ့္သာမွာ ဝမ္းသာလြန္းသျဖင့္ ျပတင္းေပါက္ကိုမွီၿပီးအေတာ္ၾကာေအာင္ တဟားဟားေအာ္ရယ္ေနမိသည္။
ရွိန္က်ယ္မွာ အံကိုက္ပင္ေကာ္ရစ္တာထိပ္မွေလွ်ာက္လို႔လာေန၏ ၊ အိတ္ကပ္တြင္းစီးကရက္ကိုစမ္းေနရင္း အိမ္သာထဲပုန္းကာႏွစ္လိပ္ေလာက္ေသာက္ရန္ျပင္ဆင္လာမိသည္။ အခန္း(2-3)ေရွ႕သို႔ေရာက္စဥ္မွာေတာ့ အက်င့္ပါေနၾကအတိုင္း သူ႔အစ္ကိုေက်ာင္းကိုနႈတ္ဆက္ရန္ ေျခလွမ္းေတြကိုတန္႔လိုက္ပါသည္။ တစ္ခ်က္လွမ္းအၾကည့္တြင္ ဟယ့္ေက်ာင္းေနရာ၌လူလံုးဝမရွိသည္ကို ေတြ႕လိုက္ရသည္။
သူသည္ ဝမ့္သာရွိရာတိုးကပ္လို႔သြားၿပီးေနာက္ေမးလိုက္၏။
"ဘာေတြရယ္ေနတာလဲ ၊ အစ္ကိုေက်ာင္းေရာ?"
ဝမ့္သာသည္ ရွိန္က်ယ္အား ျဖစ္ေၾကာင္းကုန္စဥ္ေျပာျပလိုက္ေတာ့သည္။ ရွိန္က်ယ္မွာ ေဆးလိပ္ေသာက္ခ်င္ေနစိတ္ပင္ တစ္ဝက္ေလာက္ေပ်ာက္သြားရ၏။
". . . . . . လခြမ္း ၊ ငါသြားၿပီးပြဲၾကည့္လိုက္ဦးမယ္။"
ရွဲ႕ယြီသည္ ပါးစပ္ကေနသာသူ႔ကိုထိုးမည္ေျပာေပမယ့္ တကယ္တမ္းၾကေသးေသးဖြဲဖြဲသာ႐ိုက္ျပဳလာၿပီး တကယ္ႀကီးမလုပ္ေခ်။
ႏွစ္ဦးသားမွာ သန္႔စင္ခန္းအေပါက္ဝေရွ႕သို႔ပင္မေရာက္လိုက္ၾကပဲ လွည့္ျပန္လာခဲ့ၾကပါသည္။
"ေကာင္းၿပီ ေကာင္းၿပီ ၊ ငါအရႈံးေပးတယ္. ."
ဟယ့္ေက်ာင္းသည္ ရွဲ႕ယြီအားေနာက္ကေနဖက္ကာ ေရွ႕ကိုသြားဖို႔တြန္းပို႔ရင္း ကေလးကိုေခ်ာ့သလိုမ်ိဳးေျပာလို႔လာသည္။
"မေနာက္ေတာ့ဘူးေနာ္။"
ရွဲ႕ယြီမွာ တကယ္စိတ္ဆိုးျခင္းမရွိ။
ဝမ့္သာေျပာလာတဲ့ထဲက ေနကာေပးဆိုသည့္စကားလံုးသံုးလံုးကိုၾကားရစဥ္အခါကဆို သူသည္စကၠန္႔အနည္းငယ္မွ်ေၾကာင္အသြားခဲ့ရသည္။
ထို႔ေနာက္မွာေတာ့ သူ႔စိတ္ထဲထူးထူးဆန္းဆန္းေတြျဖစ္လာရင္း စိမ္းသက္တဲ့ခံစားခ်က္တစ္စံုတစ္ရာကလည္း ဘာမဆိုင္ညာမဆိုင္ဘယ္လိုကေနဘယ္လိုထြက္ျပဴလာသည္ကို သူမသိ။ ေတြးမိေလေလ ကသိကေအာက္ျဖစ္ ေဒါသထြက္လာရေလေလျဖင့္ တအားကိုအဆင္မေျပေခ်။ အဆံုးမွာေတာ့ သူ႔အေတြးထဲ ႐ိုးရွင္းလွသည့္ ေျဖရွင္းနည္းတစ္ရပ္သာက်န္ခဲ့ေတာ့သည္။
. . . . . . တစ္ခ်က္ေလာက္ထိုးပစ္လိုက္မည္ဟု။
ရွိန္က်ယ္သည္ ၾကည့္ေနမိရင္း စိတ္ပူသြားခဲ့ရ၏။
"သူတို႔ႏွစ္ေယာက္က ဘာေတြလုပ္ေနၾကတာလဲဟ။"
ဟယ့္ေက်ာင္းက ပံုမွန္ဆိုအလြယ္တကူလက္မပါတတ္ေသာ္ျငား စေကးကေတာ့အေတာ္ေလးၾကမ္းလွပါသည္။ နဂိုသူထင္မိထားသည္မွာ ဒုတိယႏွစ္တစ္ခုလံုးရဲ႕ အစ္ကိုႀကီး နဲ႔ အစ္ကိုႀကီးတို႔ရဲ႕ၾကား တစ္ပြဲတစ္လမ္းခ်ၾကေတာ့မည္ကို ရႈစားရမည္ဟု ၊ ကိုယ္အထူးကၽြမ္းက်င္ရာ ကၽြမ္းက်င္ရာတို႔ျဖင့္ ခပ္မိုက္မိုက္ႏႊဲၾကေတာ့မည္ဟု ေတြးထင္ထားခဲ့တာျဖစ္သည္။
ဝမ့္သာဟာဆိုလွ်င္ေတာ့ ဒီႏွစ္ေယာက္က bromanceတအားဆန္ေပမယ့္ သူငယ္ခ်င္းဆိုတာမ်ိဳးလည္း မဟုတ္ဆိုသည္ကိုလက္တေလာ လက္ခံထားရွိသူျဖစ္ေလရာ စကားလံုးတခ်ိဳ႕ထုတ္လႊတ္လိုက္မိေတာ့သည္။
". . . . . . flirtေနၾကတာ?"
ရွိန္က်ယ္ : ". . . . . ."
ဒီေန႔အတန္းခ်ိန္(၈)ခ်ိန္လံုးဟာဆိုလွ်င္ unitအလိုက္testေတြေျဖဆိုရသည္ကိုသာ အဓိကထားဦးစားေပးလုပ္ၾကရသည္။ ဒီတစ္လလံုးလံုးသင္ထားသမွ်ေတြကို စုစည္းလို႔ထားတာျဖစ္ၿပီး ေနာက္တစ္ပတ္ေနလွ်င္က်ေရာက္မည့္ ၁လပိုင္းစာေမးပြဲအတြက္ ျပင္ဆင္ေနၾကရ၏။
တအားကို ပ်င္းဖို႔ေကာင္းလွသည္။
ဟယ့္ေက်ာင္းကေတာ့ ေခါင္းငံု႔၍ဖုန္းေဆာ့လို႔ေနၿပီး ဖုန္းလည္းအားမရွိ ၊ power bankလည္းအားမရွိဆိုသည့္အခ်ိန္ၾကကာမွပဲ ရပ္နားကာ စာရြက္ကိုေခါက္ေနသည္။
ေခါက္လို႔ၿပီးစီးသြားသည့္အခါမွာေတာ့ ရွဲ႕ယြီ၏စားပြဲထက္လႊင့္လို႔ပစ္လိုက္ပါသည္။
အမ်ိဳးမ်ိဳးအဖံုဖံုပင္ ၊ ႏွင္းဆီပန္းပံုတို႔ ဖားကေလးခုန္ေနတာတို႔စသျဖင့္ အကုန္ပါရွိ၏။
"ငါ့ဒီေနရာက အမႈိက္ပစ္တဲ့ေနရာမဟုတ္ဘူးေနာ္။"
ရွဲ႕ယြီသည္ သူ႔အားသတိေပးလို႔လာသည္။
ဟယ့္ေက်ာင္းကေတာ့ စကားမဆိုပါဘဲ ေခါင္းငံု႔လ်က္ ဆက္လက္ေခါက္လို႔သာေနသည္။
ရွဲ႕ယြီသည္ သူပစ္လာတာေတြအား ေဘးသို႔တြန္းပို႔ထားလိုက္၏။
ရွဲ႕ယြီသည္ စာလိုက္နားမေထာင္သလို ဟန္ေဆာင္ေနရင္းမွ တစ္ဖက္တြင္လည္း ဖုန္းဂိမ္းကိုေဆာ့ရင္း အာရံုကိုခြဲလို႔ ဆရာရွင္းျပေနသည့္ေနာက္ဆံုးပုစၧာတစ္ပုဒ္အားလိုက္လို႔နားေထာင္ေနမိေလရာ ဟယ့္ေက်ာင္းကိုအာရံုမစိုက္အားေခ်။
ဟယ့္ေက်ာင္းကေတာ့ အာရံုစူးစိုက္ၿပီးကိုေခါက္လို႔ေနပါသည္။ ကပ္ခြာစာရြက္အႀကီးအေသးတို႔ကို လက္ၾကားထဲညႇပ္လို႔ထားၿပီး ဟိုလွည့္ဒီလွည့္ေခါက္လို႔ေနသည္။
ေခါက္လို႔ထြက္လာသည့္ ၾကည့္ရဆိုးဆိုးအရာေတြႏွင့္ယွဥ္လွ်င္ ထိုသူ၏အ႐ိုးအဆစ္တို႔ထင္းေနေလသည့္ လက္ေခ်ာင္းတို႔ကမွအတန္ငယ္ပိုလို႔ အျမင္ကိုလွပေနေစသည္။
"ဒါေၾကာင့္မို႔လို႔ ေနာက္ဆံုးမွာ ဆရာတို႔ေရွ႕မွာရထားတဲ့ အပိုင္းအရ အဲ့ထဲကအေျဖတစ္ခုကိုပယ္ခ်ပစ္ရမွာပဲ ၊ ဘယ္တစ္ခုလဲဆိုတာသိၾကလား?"
ဝူက်ိန္႔သည္ လက္ထဲ၌သင္ၾကားေရးကိရိယာႀကီးအားကိုင္လို႔ထားၿပီး ေက်ာက္သင္ပုန္းကိုေထာက္ျပလာတိုင္းမွာ တဒုန္းဒုန္းႏွင့္အသံက်ယ္ႀကီးထြက္လို႔လာတတ္သည္။
"အကယ္လို႔ နားမလည္ဘူးဆိုရင္ေတာ့ လႊတ္လိုက္ၾက ၊ ဒီပုစၧာကသူ႔ဟာနဲ႔သူကို တအားခက္လြန္းတာဆိုေတာ့ မင္းတို႔အေနနဲ႔ဆို တကယ္တမ္းအဲ့ေလာက္ခက္တဲ့ေမးခြန္းမ်ိဳးက လုပ္ေနဖို႔မလိုအပ္ဘူး. . . . . ."
ေအာက္ဘက္တြင္ေတာ့ တစ္ေယာက္မွ်စကားမဆိုၾက ၊ ဒီလိုမ်ိဳးရႈပ္ေထြးေပြလီလွတဲ့ပုစၧာမ်ိဳးအား လံုးဝကိုစိတ္ဝင္စားျခင္းမရွိၾကမွန္းသိသာထင္ရွားလွသည္။
ရႊဲရွီရွိန္းတစ္ေယာက္သာ လက္ေထာင္လာခဲ့၏။
"ဆရာ ၊ ဘယ္တစ္ခုမ်ားလဲ? တခ်ိဳ႕ေနရာေတြမွာလည္း သိပ္နားမလည္ဘူး။"
"မင္းၾကားခ်ိန္ေတြမွာ ဆရာ့ရံုးခန္းစီလာခဲ့ေလ ၊ ငါမင္းကိုရွင္းျပေပးမယ္. ."
ဝူက်ိန္႔ကေျပာလာသည္။
"ဒီေမးခြန္းလႊာကေတာ့ ဒီအထိပဲ အားလံုးေျပာၿပီးသြားၿပီ ၊ အမွားျပင္ထားၾက ၊ အတန္းကိုယ္စားလွယ္ ေက်ာင္းဆင္းခါနီးရင္အဲ့ဟာေတြကိုလိုက္ေကာက္ထား။"
ဝူက်ိန္႔ေျပာအၿပီးတြင္ ေက်ာင္းဆင္းေခါင္းေလာင္းသံကလည္းအံကိုက္ျမည္လို႔လာသည္။
"ေဟ့။"
ဟယ့္ေက်ာင္းသည္ အနားတိုးလာၿပီး သူ႔နားအနားကပ္ကာေအာ္ေခၚလာ၏။
ရွဲ႕ယြီသည္ ေခါင္းကိုငံု႔ကာ ဖုန္းထဲရွိmemoထဲ၌ ခုနေလးတင္ခ်တြက္၍အေျဖထြက္ထားသည့္ အေျဖႏွစ္ခုအနက္မွ တစ္ခုကိုဖ်က္လိုက္သည္ ၊ -1ဆိုတာကိုဖ်က္လိုက္တာျဖစ္ၿပီး 0ဆိုသည့္အေျဖသာလွ်င္က်န္ခဲ့ေတာ့သည္။
"ဘာလုပ္တာလဲ?"
ေနာက္တစ္ခ်ိန္က ကာယအခ်ိန္ ၊ ဟယ့္ေက်ာင္းမွာ ေျခေထာက္ဒဏ္ရာရထားတာျပန္မေကာင္းေသး၍ အားကစားလုပ္၍မရေခ်။ သို႔တိုင္ဘတ္စကက္ေဘာကြင္း၌ရပ္ကာ လတ္ဆတ္တဲ့ေလထုအားရွဴရႈိက္ရမည္ကို ပိုလို႔ေမွ်ာ္လင့္၏ ၊ ဘယ္လိုေနေနအတန္းထဲေနေနရမွာထက္ေတာ့ ပိုလို႔ေကာင္းပါသည္။
ရွဲ႕ယြီကေတာ့ သြားဖို႔ရာစိတ္ကူးမရွိ ၊ လတ္တေလာ၌သူသည္ေကာင္းေကာင္းအနာမယူျဖစ္၍ အေဆာင္ကိုသာခိုးျပန္ၿပီး အိပ္ရန္ျပင္ေနမိသည္။
"တကယ္ႀကီး မသြားဘူးေပါ့?"
ဟယ့္ေက်ာင္းက ေမး၍လာသည္။
ရွဲ႕ယြီသည္ ဖုန္းကိုပိတ္လိုက္ၿပီး အက်င့္ပါေနၾကအတိုင္းသာ စကားကိုအဆံုးသတ္လိုက္၏။
"မင္းေစာက္အပူလား?"
"အေဆာင္မွာသြားေနတာက ဘာမ်ားစိတ္ဝင္စားစရာေကာင္းလို႔လဲ ၊ အေဆာင္မွာဆိုရွိလား မင္းရဲ႕အစ္ကိုေက်ာင္းလို ဒီေလာက္ေခ်ာတဲ့လူ အေဖာ္ျပဳေနေပးမွာမ်ိဳး။"
". . . . . ."
ရာဇဝတ္ေကာင္အႀကီးစားႀကီးကမ်ား ေျပာရဲေသးတယ္ေနာ္။
ဟယ့္ေက်ာင္းႏွင့္အတူ အဂၤလိပ္စာေမးခြန္းလႊာေတြလုပ္တဲ့အဲ့ညတုန္းကဆို မနက္(၂)နာရီ(၃)နာရီအခ်ိန္ေလာက္အထိကို ေရာက္သြားခဲ့သည္။
ေနာက္ဆံုးျပန္ဖို႔လုပ္ခ်ိန္ၾက ဟယ့္ေက်ာင္းမွာသူေနေအာင္လြယ္လြယ္ပင္ အၾကံကုန္ထုတ္လာေတာ့သည္။ သူ႔ကိုကုတင္ေပၚမွာအိပ္ဖို႔ေျပာၿပီး ကိုယ္တိုင္ကၾကၾကမ္းျပင္ေပၚအိပ္မည္ဟုဆိုၿပီးေနာက္ အဆံုးမွာေတာ့ခိုးေၾကာင္ခိုးဝက္ႏွင့္ကုတင္ေပၚတက္လာၿပီးအိပ္သည္။
ကုတင္ေပၚတက္သည့္အခ်ိန္ဟာဆိုလွ်င္ (၄)နာရီပင္ထိုးေတာ့မည္။ သို႔မဟုတ္လွ်င္ ရွဲ႕ယြီလိုအအိပ္ဆတ္သူအေနအရဆို ဟယ့္ေက်ာင္းတစ္ေယာက္ လြယ္လြယ္ကူကူျဖင့္ကုတင္ေပၚတက္လာႏိုင္မည္မဟုတ္။
ဝမ့္သာတို႔တစ္ေတြမွာ အားကစားဝတ္စံုေတြယူၿပီး ဟယ့္ေက်ာင္းႏွင့္အတူေအာက္ဆင္းဖို႔ရန္ေစာင့္လို႔ေနၾကသည္။
"အစ္ကိုေက်ာင္း ၊ သြားမွာလားမသြားဘူးလား ၊ ငါစိတ္ရွည္ထားလို႔မရေတာ့ဘူးေနာ္ ၊ ဒီေန႔ငါ့အေျခအေနကအရမ္းေကာင္းေနတယ္။"
ဟယ့္ေက်ာင္းသည္ ထရပ္လိုက္ၿပီး ဘတ္စကက္ေဘာကြင္းသို႔သြားရန္ျပင္သည္ ၊ သြားခါနီး၌ ကိုယ္ကိုငံု႔ၿပီး ရွဲ႕ယြီေရွ႕သို႔လက္ဝါးျဖန္႔လို႔ျပလာသည္။ လက္ဖဝါးေပၚတြင္ေတာ့ ေစာင္းရြဲ႕လို႔ေနသည့္ ႀကိဳးၾကာပံုေခါက္ထားတာေလးတစ္ခုရွိေနပါ၏။
"မင္းဖို႔။"
အ႐ုပ္ဆိုးခ်က္ပင္။
ေလ်ာ့တိေလ်ာ့ရဲျဖင့္ တြန္႔ေၾကလို႔လည္းေနေသး၏။
ရွဲ႕ယြီသည္ လည္ပင္းေစာင္းေနေလသည့္ ႀကိဳးၾကာငွက္အား အေတာင္ကေနေကာက္ကိုင္လိုက္ရံုရွိေသး ဘာမွေတာင္မထိမျပဳရေသး ေခါက္႐ိုးကတစ္ဝက္ခန္႔ေလာက္ကိုေျပခ်င္ခ်င္ျဖစ္လို႔သြားေတာ့သည္။
". . . . . . ဘာတုန္းဟ။"
ဒီလိုဆိုမွေတာ့လည္း ရွဲ႕ယြီသည္လြယ္လြယ္ပင္ ထိုအရာအားျဖန္႔လို႔ပစ္ကာ တဖန္ျပန္လို႔မူလစာရြက္အတိုင္းျဖစ္ေအာင္လုပ္ၿပီး ဟယ့္ေက်ာင္း၏သခ်ၤာစာအုပ္ထဲထိုးညႇပ္ထားလိုက္ဖို႔ ျပင္သည္။ မထင္မွတ္ဘဲ ထိုစာရြက္ေပၚ၌ မင္အနက္ျဖင့္ အဝိုင္းပံုအားခပ္ေသာ့ေသာ့ဝိုင္းဆြဲလို႔ထားသည္ကို ေတြ႕လိုက္ရသည္။
ကာယခ်ိန္အၿပီးျပန္လာခ်ိန္၌ ဟယ့္ေက်ာင္းပံုဟာဆိုလွ်င္ သြားတုန္းကေလာက္ေပ်ာ္ေနတဲ့ပံုမေပါက္ေတာ့။ လက္ကိုအိတ္ကပ္ထဲထည့္ထားကာ ေလးတိေလးကန္ျဖင့္အတန္းထဲဝင္ေရာက္လို႔လာသည္။
ဝမ့္သာကေတာ့ ေျပာင္းျပန္ပင္ တက္ႂကြလ်က္ရွိေနၿပီး ဝင္လာတာႏွင့္စင္ထက္တက္ရပ္ၿပီးေအာ္ေျပာေတာ့သည္။
"ဒီည ညပိုင္းself-studyအခ်ိန္တက္ဖို႔က်န္ခဲ့မယ့္ သူငယ္ခ်င္းတို႔ ငါ့မွာေၾကာ္ျငာစရာရွိတယ္ ၊ ႐ုတ္တရက္ႀကီးငါ တအားေကာင္းလြန္းတဲ့အၾကံတစ္ခုထြက္လာတယ္ရယ္ ၊ ငါတို႔ေတြေက်ာင္းထဲမွာ စိတ္လည္းလႈပ္ရွား ေပ်ာ္ဖို႔လည္းေကာင္းမယ့္ ပိတ္ရက္တစ္ခုကိုျဖတ္ေက်ာ္လိုက္ၾကရေအာင္!"
ဟယ့္ေက်ာင္းသည္ ေနရာ၌ျပန္လည္ဝင္ထိုင္ၿပီးေနာက္ စကားမေျပာေခ်။
ဝမ့္သာသည္ေျပာၿပီးေနာက္၌ သူ႔အားျပန္ေျဖမယ့္သူတစ္ေယာက္မွလည္းမရွိေလရာ အနည္းငယ္ရွက္ကိုးရွက္ကန္းျဖစ္သြားခဲ့ၿပီး ေနာက္ဆံုးတန္းကသူငယ္ခ်င္းထံလွမ္းလို႔ အကူအညီေတာင္းေတာ့သည္။
"အစ္ကိုေက်ာင္း ၊ မင္းငါ့အတြက္လက္ခုပ္ေလးဘာေလးမတီးေပးေတာ့ဘူးလား?"
ဟယ့္ေက်ာင္းသည္ ထိုအခါမွလက္ကိုထုတ္လိုက္ပါၿပီး အားမရွိေလဟန္ျဖင့္ ႏွစ္ခ်က္ခန္႔တီးလိုက္ပါသည္။
"ေကာင္းတယ္ ၊ ေျပာတာေကာင္းတယ္။"
ဟယ့္ေက်ာင္း၏ဒီလိုအျပဳအမူက သိပ္မူမမွန္သလိုရွိေနေလရာ ရွဲ႕ယြီသည္လွည့္ၾကည့္လိုက္ၿပီးေနာက္ေမးလိုက္၏။
"ဘာျဖစ္ေနျပန္တာလဲ?"
"အဲ့ဒါက. . . . . ."
ဟယ့္ေက်ာင္းက သိပ္ၿပီးမေျပာခ်င္မိ။
"သရဲဖမ္းမလို႔တဲ့။"
"?"
ဟယ့္ေက်ာင္းသည္ ဆံပင္ကိုဆြဲလို႔ဖြလိုက္ရင္း. .
"ဝမ့္သာက စေန၊တနဂၤေႏြၾကရင္အားလံုးစုၿပီး သရဲဖမ္းၾကမယ္ေျပာတယ္ ၊ ေန႔တိုင္းအေဆာင္ကို တက္လိုက္ဆင္းလိုက္နဲ႔တံခါးလိုက္ေခါက္ေနတဲ့အေကာင္ကိုတဲ့။"
ဝမ့္သာသည္ မေန႔ညက ေစာင္ေအာက္ထဲဝင္ၿပီး သဘာဝလြန္ဝတၳဳတစ္အုပ္ဖတ္ျဖစ္ခဲ့၏ ၊ ဇာတ္လမ္းအေၾကာင္းအရာမွာကား ေက်ာင္းသားအနည္းငယ္ဟာဆိုလွ်င္ မသံုးဘဲစြန္႔ပစ္လို႔ထားသည့္ ေက်ာင္းေဆာင္တစ္ေဆာင္ထဲဝင္ၿပီး စြန္႔စားခန္းဖြင့္ၾကတာပဲျဖစ္သည္။ ဇာတ္လမ္းကအလြန္မွစိတ္လႈပ္ရွားဖြယ္ေကာင္းၿပီး တစ္ေယာက္ၿပီးတစ္ေယာက္လည္းေသကုန္ၾကရာ ဖတ္တာရပ္ပင္မရပ္ခ်င္ေတာ့။
ဖတ္ရင္းဖတ္ရင္းျဖင့္ သတၱိရဲရဲအေတြးတစ္ခုကလည္း ေပၚထြက္လို႔လာခဲ့ပါသည္။
ေတြးမိေလေလ ပိုလို႔စိတ္လႈပ္ရွားဖြယ္ေကာင္းလာေလေလပင္။
ဒီလို႐ူးေၾကာင္ေၾကာင္အေတြးမ်ိဳးကို စဥ္းစားထြက္တာဆိုလို႔ ေသခ်ာေပါက္ဝမ့္သာတို႔တစ္ေတြသာလွ်င္ရွိမည္ဟူ၍သာ ရွဲ႕ယြီေတြးလိုက္မိ၏။
စိတ္လည္းလႈပ္ရွား ေပ်ာ္ဖို႔လည္းေကာင္း. . . . . .
ဟယ့္ေက်ာင္းမွာ ေသာကေရာက္လ်က္ရွိ၏ ၊ ခဏမွ်အၾကာမွာေတာ့ ရွဲ႕ယြီက႐ုတ္တရက္ႀကီး ဆိုလို႔လာသည္။
"ဒါဆို မင္းျမန္ျမန္လုပ္။"
"ဘာကိုျမန္ျမန္တုန္း?"
"႐ိုးရာမေကာင္းဆိုးဝါးႏွင္နည္းေပါင္းခ်ဳပ္ဆိုတဲ့ဟာကို ျမန္ျမန္ထပ္ဖတ္ၾကည့္လိုက္ဦးေလ။"
". . . . . ."
ရွဲ႕ယြီသည္ ထိုျမင္ကြင္းအားျမင္ေယာင္ၾကည့္မိၿပီးေနာက္ မထိန္းႏိုင္ဘဲရယ္မိေတာ့သည္။ အရယ္ပင္မရပ္ေတာ့။
"တစ္ခါေလာက္ျပန္ေႏႊးလိုက္ ၊ အသံုးဝင္ခ်င္ဝင္ေနမွာ။"
ဟယ့္ေက်ာင္း : ". . . . . . Fuck."
____________
UNICODE
အခန်း(၂၅)
စိတ်လည်းလှုပ်ရှား ပျော်ဖို့လည်းကောင်း
ကိုယ့်ကိုယ်ကိုယ် နက်နက်ရှိုင်းရှိုင်းရင်ထဲထိနေလေသည့် ဟယ့်ကျောင်းကိုတော့ဖြင့် ကယ်တင်၍မရတော့ ၊ ကိုယ်တိုင်သာ ဟက်ထိသွားရတာဖြစ်ပြီး သချင်္ာဆရာကိုတော့ဖြင့် ဟက်မထိသွားစေပါ။
သချင်္ာဆရာမှာ အိမ်စာတွေကိုတစ်ဝက်ခန့်လောက် စစ်ပြီးသွားစဉ်မှာတော့ အတန်းကိုယ်စားလှယ်ကိုခေါ်ပြီး ခဏနေအတန်းတက်ရင်သုံးဖို့ရန် အခန်း(5)က တြိဂံပေတံအားယူခိုင်းမလို့ရှိရာ ခေါင်းထောင်လိုက်မိစဉ်မှာတော့ လေ့ကျင့်ခန်းစာအုပ်ကိုမြှောက်ကိုင်ထားပြီး ထုံကျောအားနေကာပေးနေလေသည့် ဟယ့်ကျောင်းကိုတွေ့လိုက်ရသည်။
သူသည် လက်ထဲကမင်နီကိုချလိုက်ပြီး ချက်ချင်းကြီးအသိမပေးပါဘဲ စိတ်ကိုထိန်း၍တည်တည်ငြိမ်ငြိမ်ဖြင့်သာ အတော်ကြာအောင်ကြည့်နေလိုက်၏။ မူမမှန်သည်ကိုသတိထားမိလေသည့် ကျောင်းသားတချို့တလေကလည်း ဆရာ့ရဲ့အကြည့်ရှိရာတစ်လျှောက်သို့ လိုက်လို့ကြည့်မိကြလေသည်။
". . . . . ."
ဒါကတကယ့်ကို အတန်းဖော်ကိုအချစ်တွေအပြည့်ရှိနေသလို မြင်ကွင်းတစ်ရပ်ပါပေ။
မိုးမြေတုန်လှုပ်မတတ် ရင်ထဲရောက်၏။
နေရောင်ခြည်ကပိုပြီးဖြန့်ကြက်ထိုးလာနေမှုကြောင့် ဟယ့်ကျောင်းသည် လေ့ကျင့်ခန်းစာအုပ်အား သချင်္ာစာအုပ်နှင့်လဲရကောင်းမလားဟု တွေးတောနေမိလေသည်။ စဉ်းစားချင့်ချိန်နေမိခိုက်မှာပင် စင်ထက်ဘက်ကနေပြီး မြေဖြူသေးသေးတစ်ခဲကဝဲပျံရောက်ရှိလို့လာလျက် သူ့ခေါင်းပေါ်တည့်တည့်လာလို့ထိမှန်၏။
မြေဖြူမှာထိမှန်ပြီးနောက် ပြန်ကန်ထွက်လို့သွားလျက် မြေပြင်ထက်ကျကာ မနှေးမမြန်နှင့် အမှိုက်ပုံးရှိရာဘက်စီလှိမ့်လို့သွားတော့သည်။
သချင်္ာဆရာသည် ဒေါသပဲထွက်ရလေမလား ၊ ရယ်ပဲရယ်ရမည်လားမသိရှိစွာဖြင့်ပင်. .
"နောက်ဆုံးတန်းကနှစ်ယောက် ၊ မင်းတို့ငါ့ကိုမရှိသလို သဘောထားနေတာပေါ့လေဟုတ်လား?"
ဟယ့်ကျောင်းသည် ထိုစကားကိုကြားလျှင်ကြားချင်း လက်ကိုလွှတ်ချလိုက်မိရသည် ၊ လေ့ကျင့်ခန်းစာအုပ်မှာ ပြုတ်ကျသွားလျက် ရှဲ့ယွီမျက်နှာထက်သို့ကွက်တိပြုတ်ကျသွားခဲ့၏။
ရှဲ့ယွီမှာထိမိပြီး ချက်ချင်းပင်နိုးလို့လာချေသည်။
သူသည်ခုနက အိပ်ပျော်သွားခဲ့ခြင်းကြောင့် နိုးလာသည့်အချိန်၌ခေါင်းကအနည်းငယ်နောက်လို့နေသည်။ လက်ရှိကမနက်ပိုင်း self-studyအချိန်ဆိုတာကို မေ့လို့သွားခဲ့ပြီး မျက်လုံးတို့ပင်ပွင့်မလာသေးခင် ဟယ့်ကျောင်းထံစကားတို့အရင်ရောက်သည်။
"မင်းသေချင်နေတာလား။"
ရှဲ့ယွီ၏စကားဆုံးဆုံးခြင်းမှာပင် နောက်ထပ်မြေဖြူတစ်ခဲက သူတို့ရှိရာစီဝဲလွင့်ရောက်ရှိလို့လာတော့သည်။
ဝူကျိန့်စာသင်လာသည်မှာ (၁၀)နှစ်နီးပါးရှိပြီဖြစ်ရာ မြေဖြူဖြင့်လူကိုပစ်ပေါက်သည့်အရည်အချင်းဟာဆိုလျှင်လည်း ပြိုင်စံရှားဟုပင်ဆိုရပေမည်။ စာသင်နေစဉ်လစ်ထွက်မည်တို့ အိပ်ငိုက်နေသည်တို့ဆိုလျှင် ဒီလိုမျိုးဖြင့်လှုပ်နှိုးခံရတတ်သည်။
ပစ်တိုင်းလည်း လက်တည့်၏။
ရလဒ်သည်လည်း သိသာလှသည် ၊ စာသင်ချိန်ကို အလဟဿနဲ့အချိန်ကုန်မဖြစ်စေတော့။
ရှဲ့ယွီမှာ နှစ်ချက်ရှိပြီပစ်ခံထိသည့်တိုင် ဘာဖြစ်လို့ဖြစ်နေသည်ကို သဘောမပေါက်သေးချေ။
ဟယ့်ကျောင်းသည်ရှောင်ရင်းဖြင့်ပြောလိုက်၏။
"ဆရာဝူ ၊ ကျွန်တော်တို့အပြန်အလှန် ခဏလောက်တော့ စိတ်ငြိမ်ငြိမ်ထားသင့်တယ်. . . . . ."
"ချီးကိုစိတ်ငြိမ်ငြိမ်ထား. ."
ဝူကျိန့်မှာ ဆက်လက်ပြီးဆဲရေးတိုင်းထွာတဲ့စကားတွေထွက်လာတော့မလို့ရှိရာ ပြန်လို့ဖိထိန်းပစ်လိုက်ရ၏။ ထိန်းလိုက်ပြီးနောက်မှာတော့ သူတို့နှစ်ယောက်နှင့်ထပ်ပြီး အဓိပ္ပာယ်မရှိတာတွေပြောချင်စိတ်မရှိတော့တာကြောင့် အပေါက်ဝသို့သာ လက်ထိုးညွှန်ပြလိုက်တော့သည်။
"ထွက်။ မင်းတို့နှစ်ယောက်အပေါက်ဝထွက်ရပ်ပြီးတော့ စိတ်ငြိမ်ငြိမ်ထားကြ ၊ စိတ်အေးတည်ငြိမ်ချင်နေတာမလား ၊ ကောင်းကောင်းလေး စိတ်ငြိမ်ငြိမ်ရှိကြပေါ့။"
မနက်အစောကြီး၌ ရှဲ့ယွီမှာလည်းကောင်းကောင်းမအိပ်လိုက်ရ ၊ ဟယ့်ကျောင်းနှင့်အတူနှစ်ယောက်သား ပြတင်းပေါက်ကိုမှီ၍ အခန်း(2-3)အပေါက်ဝ၌ရပ်လျက်ရှိကြရသည်။
ပထမအချိန်ကလည်း သချင်္ာအချိန်ဖြစ်နေလေရာ ဝူကျိန့်မှာဒေါသလွယ်လွယ်မပြေတတ်သူမို့ ကျောင်းတက်ခေါင်းလောင်းထိုးမှသာ သူတို့အားကိုယ့်နေရာကိုယ်ပြန်လာခိုင်းထားသည်။ ဤသို့ဖြင့် သူတို့သည်ကြားအချိန်အတွင်း၌ တံခါးပေါက်၌ရပ်လျက်ဖြင့် တံခါးစောင့်ဖြစ်နေရတော့၏။
ကော်ရစ်တာတစ်လျှောက်မှာတော့ လူတွေသွားသွားလာလာရှိလို့နေကြသည်။
"ငါအခု ကိုယ့်ကိုယ်ကိုယ်စိတ်ထိန်းထားလို့ရနေသေးတယ်. ."
ရှဲ့ယွီသည် ပြောလိုက်၏။
"မင်းရှင်းပြပါဦး။"
ဟယ့်ကျောင်း : "ငါပြောလိုက်ရင် မင်းသိပ်ဟက်ထိသွားမှာတောင်ငါစိုးမိတယ်။"
ရှဲ့ယွီ၏ပင်ကိုစရိုက်က ကောင်းတယ်ဟုမဆိုနိုင်ပေ ၊ ငယ်စဉ်ကတည်းကိုက အရူးတွေနဲ့ဆိုအကျိုးအကြောင်းရှင်းပြမနေဘဲ ချက်ချင်းပဲဖမ်းဆွဲပြီး တစ်ပွဲတစ်လမ်းနွှဲပစ်လိုက်မည်ဆိုသည့် သဘောတရားကိုသာလက်ကိုင်ထားရှိသူဖြစ်သည်။ သူသည်ထပ်မံ၍ သည်းခံလိုက်ပြီး ဟယ့်ကျောင်းအားနောက်ထပ်အခွင့်အရေးတစ်ကြိမ်ထပ်ပေးရန်ဆုံးဖြတ်လိုက်၏။
". . . . . . မင်းပြောမှာလား မပြောဘူးလား?"
ဟယ့်ကျောင်းမပြောရသေးခင်မှာပင် ဝမ့်သာကပြတင်းပေါက်ကနေပြီး ခေါင်းထွက်လျက်လှည့်ကြည့်လာပြီးပြောသည်။
"ဒါကတကယ့်ကို မိုးမြေတုန်လှုပ်မတတ် ရင်ထဲရောက်တဲ့ အဆုံးမှာတော့ အဆွေးဇာတ်နဲ့သိမ်းတဲ့ပုံပြင်တစ်ပုဒ်ပါပဲ ၊ မိုက်ချက်ပဲ အစ်ကိုကျောင်းက ၊ အစ်ကိုယွီကိုတောင် နေကာပေးနေလိုက်သေးတယ် ၊ ဒါပေမယ့်ဒီဆွတ်ပျံ့ဖွယ်ခံစားချက်က မင်းတစ်ယောက်တည်းကိုပဲဟက်ထိသွားစေတာဆိုးတာပဲ။"
ဟယ့်ကျောင်း : "သာသာ ၊ မင်းဘယ်လိုပြောလိုက်တာလဲ ၊ မင်းပြောလိုက်တာကြီးကလည်းကွာ။"
ဝမ့်သာ : "မဟုတ်လို့လား --- --- အစ်ကိုယွီရဲ့မျက်နှာအမူအရာကို မင်းကြည့်ကြည့်လေ ၊ ငါ့အထင်မှာတော့ အခုအစ်ကိုယွီက မင်းခေါင်းကိုဖြုတ်ယူပြီး ဘောလုံးတစ်လုံးလိုကန်ပစ်ချင်နေလောက်တဲ့ပုံပဲကွ။"
ဟယ့်ကျောင်းကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိလှစွာဖြင့် ပြောလိုက်ပါသည်။
"မဖြစ်နိုင်ဘူး ၊ ငါ့ထုံကျောကပုံမှန်ဆိုကြည့်ရတာ အကြင်နာမဲ့သလိုရှိပေမယ့် သူကအရမ်းကြင်နာတတ်တဲ့သူဆိုတာကိုတော့ ငါယုံတယ်။"
ရှဲ့ယွီသည် ဝမ့်သာပြောလာသည့်နှစ်ခွန်းသုံးခွန်းနှင့်တင် ဘယ်လိုဖြစ်တယ်ဆိုသည်ကို သဘောပေါက်၍သွားသည်။ သူသည်ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် အကျႌလက်ကိုပင့်တင်လိုက်သည့်အခါမှာတော့ လက်ဖျံတစ်သွယ်ကလှစ်ဟထွက်ပေါ်လို့လာ၏ ၊ ထို့နောက်မှာတော့ ချက်ချင်းပင်ဟယ့်ကျောင်း၏ကော်လံစအားဆောင့်ဆွဲကာ အိမ်သာရှိရာဘက်စီသူ့အားဆွဲခေါ်သွားလိုက်တော့သည်။
"ဘာလုပ်တာလဲ. ."
ဟယ့်ကျောင်းသည် လိုက်လျောညီထွေးရှိစွာပင် သူခေါ်ရာတစ်လျှောက်လိုက်လို့လာသည်။
"အိမ်သာအတူသွားတက်ဖို့ အစ်ကို့ကိုချိန်းတာလား?"
"မင်းကိုထိုးမလို့ နေရာပြောင်းတာ။"
ဝမ့်သာမှာ ဝမ်းသာလွန်းသဖြင့် ပြတင်းပေါက်ကိုမှီပြီးအတော်ကြာအောင် တဟားဟားအော်ရယ်နေမိသည်။
ရှိန်ကျယ်မှာ အံကိုက်ပင်ကော်ရစ်တာထိပ်မှလျှောက်လို့လာနေ၏ ၊ အိတ်ကပ်တွင်းစီးကရက်ကိုစမ်းနေရင်း အိမ်သာထဲပုန်းကာနှစ်လိပ်လောက်သောက်ရန်ပြင်ဆင်လာမိသည်။ အခန်း(2-3)ရှေ့သို့ရောက်စဉ်မှာတော့ အကျင့်ပါနေကြအတိုင်း သူ့အစ်ကိုကျောင်းကိုနှုတ်ဆက်ရန် ခြေလှမ်းတွေကိုတန့်လိုက်ပါသည်။ တစ်ချက်လှမ်းအကြည့်တွင် ဟယ့်ကျောင်းနေရာ၌လူလုံးဝမရှိသည်ကို တွေ့လိုက်ရသည်။
သူသည် ဝမ့်သာရှိရာတိုးကပ်လို့သွားပြီးနောက်မေးလိုက်၏။
"ဘာတွေရယ်နေတာလဲ ၊ အစ်ကိုကျောင်းရော?"
ဝမ့်သာသည် ရှိန်ကျယ်အား ဖြစ်ကြောင်းကုန်စဉ်ပြောပြလိုက်တော့သည်။ ရှိန်ကျယ်မှာ ဆေးလိပ်သောက်ချင်နေစိတ်ပင် တစ်ဝက်လောက်ပျောက်သွားရ၏။
". . . . . . လခွမ်း ၊ ငါသွားပြီးပွဲကြည့်လိုက်ဦးမယ်။"
ရှဲ့ယွီသည် ပါးစပ်ကနေသာသူ့ကိုထိုးမည်ပြောပေမယ့် တကယ်တမ်းကြသေးသေးဖွဲဖွဲသာရိုက်ပြုလာပြီး တကယ်ကြီးမလုပ်ချေ။
နှစ်ဦးသားမှာ သန့်စင်ခန်းအပေါက်ဝရှေ့သို့ပင်မရောက်လိုက်ကြပဲ လှည့်ပြန်လာခဲ့ကြပါသည်။
"ကောင်းပြီ ကောင်းပြီ ၊ ငါအရှုံးပေးတယ်. ."
ဟယ့်ကျောင်းသည် ရှဲ့ယွီအားနောက်ကနေဖက်ကာ ရှေ့ကိုသွားဖို့တွန်းပို့ရင်း ကလေးကိုချော့သလိုမျိုးပြောလို့လာသည်။
"မနောက်တော့ဘူးနော်။"
ရှဲ့ယွီမှာ တကယ်စိတ်ဆိုးခြင်းမရှိ။
ဝမ့်သာပြောလာတဲ့ထဲက နေကာပေးဆိုသည့်စကားလုံးသုံးလုံးကိုကြားရစဉ်အခါကဆို သူသည်စက္ကန့်အနည်းငယ်မျှကြောင်အသွားခဲ့ရသည်။
ထို့နောက်မှာတော့ သူ့စိတ်ထဲထူးထူးဆန်းဆန်းတွေဖြစ်လာရင်း စိမ်းသက်တဲ့ခံစားချက်တစ်စုံတစ်ရာကလည်း ဘာမဆိုင်ညာမဆိုင်ဘယ်လိုကနေဘယ်လိုထွက်ပြူလာသည်ကို သူမသိ။ တွေးမိလေလေ ကသိကအောက်ဖြစ် ဒေါသထွက်လာရလေလေဖြင့် တအားကိုအဆင်မပြေချေ။ အဆုံးမှာတော့ သူ့အတွေးထဲ ရိုးရှင်းလှသည့် ဖြေရှင်းနည်းတစ်ရပ်သာကျန်ခဲ့တော့သည်။
. . . . . . တစ်ချက်လောက်ထိုးပစ်လိုက်မည်ဟု။
ရှိန်ကျယ်သည် ကြည့်နေမိရင်း စိတ်ပူသွားခဲ့ရ၏။
"သူတို့နှစ်ယောက်က ဘာတွေလုပ်နေကြတာလဲဟ။"
ဟယ့်ကျောင်းက ပုံမှန်ဆိုအလွယ်တကူလက်မပါတတ်သော်ငြား စကေးကတော့အတော်လေးကြမ်းလှပါသည်။ နဂိုသူထင်မိထားသည်မှာ ဒုတိယနှစ်တစ်ခုလုံးရဲ့ အစ်ကိုကြီး နဲ့ အစ်ကိုကြီးတို့ရဲ့ကြား တစ်ပွဲတစ်လမ်းချကြတော့မည်ကို ရှုစားရမည်ဟု ၊ ကိုယ်အထူးကျွမ်းကျင်ရာ ကျွမ်းကျင်ရာတို့ဖြင့် ခပ်မိုက်မိုက်နွှဲကြတော့မည်ဟု တွေးထင်ထားခဲ့တာဖြစ်သည်။
ဝမ့်သာဟာဆိုလျှင်တော့ ဒီနှစ်ယောက်က bromanceတအားဆန်ပေမယ့် သူငယ်ချင်းဆိုတာမျိုးလည်း မဟုတ်ဆိုသည်ကိုလက်တလော လက်ခံထားရှိသူဖြစ်လေရာ စကားလုံးတချို့ထုတ်လွှတ်လိုက်မိတော့သည်။
". . . . . . flirtနေကြတာ?"
ရှိန်ကျယ် : ". . . . . ."
ဒီနေ့အတန်းချိန်(၈)ချိန်လုံးဟာဆိုလျှင် unitအလိုက်testတွေဖြေဆိုရသည်ကိုသာ အဓိကထားဦးစားပေးလုပ်ကြရသည်။ ဒီတစ်လလုံးလုံးသင်ထားသမျှတွေကို စုစည်းလို့ထားတာဖြစ်ပြီး နောက်တစ်ပတ်နေလျှင်ကျရောက်မည့် ၁လပိုင်းစာမေးပွဲအတွက် ပြင်ဆင်နေကြရ၏။
တအားကို ပျင်းဖို့ကောင်းလှသည်။
ဟယ့်ကျောင်းကတော့ ခေါင်းငုံ့၍ဖုန်းဆော့လို့နေပြီး ဖုန်းလည်းအားမရှိ ၊ power bankလည်းအားမရှိဆိုသည့်အချိန်ကြကာမှပဲ ရပ်နားကာ စာရွက်ကိုခေါက်နေသည်။
ခေါက်လို့ပြီးစီးသွားသည့်အခါမှာတော့ ရှဲ့ယွီ၏စားပွဲထက်လွှင့်လို့ပစ်လိုက်ပါသည်။
အမျိုးမျိုးအဖုံဖုံပင် ၊ နှင်းဆီပန်းပုံတို့ ဖားကလေးခုန်နေတာတို့စသဖြင့် အကုန်ပါရှိ၏။
"ငါ့ဒီနေရာက အမှိုက်ပစ်တဲ့နေရာမဟုတ်ဘူးနော်။"
ရှဲ့ယွီသည် သူ့အားသတိပေးလို့လာသည်။
ဟယ့်ကျောင်းကတော့ စကားမဆိုပါဘဲ ခေါင်းငုံ့လျက် ဆက်လက်ခေါက်လို့သာနေသည်။
ရှဲ့ယွီသည် သူပစ်လာတာတွေအား ဘေးသို့တွန်းပို့ထားလိုက်၏။
ရှဲ့ယွီသည် စာလိုက်နားမထောင်သလို ဟန်ဆောင်နေရင်းမှ တစ်ဖက်တွင်လည်း ဖုန်းဂိမ်းကိုဆော့ရင်း အာရုံကိုခွဲလို့ ဆရာရှင်းပြနေသည့်နောက်ဆုံးပုစ္ဆာတစ်ပုဒ်အားလိုက်လို့နားထောင်နေမိလေရာ ဟယ့်ကျောင်းကိုအာရုံမစိုက်အားချေ။
ဟယ့်ကျောင်းကတော့ အာရုံစူးစိုက်ပြီးကိုခေါက်လို့နေပါသည်။ ကပ်ခွာစာရွက်အကြီးအသေးတို့ကို လက်ကြားထဲညှပ်လို့ထားပြီး ဟိုလှည့်ဒီလှည့်ခေါက်လို့နေသည်။
ခေါက်လို့ထွက်လာသည့် ကြည့်ရဆိုးဆိုးအရာတွေနှင့်ယှဉ်လျှင် ထိုသူ၏အရိုးအဆစ်တို့ထင်းနေလေသည့် လက်ချောင်းတို့ကမှအတန်ငယ်ပိုလို့ အမြင်ကိုလှပနေစေသည်။
"ဒါကြောင့်မို့လို့ နောက်ဆုံးမှာ ဆရာတို့ရှေ့မှာရထားတဲ့ အပိုင်းအရ အဲ့ထဲကအဖြေတစ်ခုကိုပယ်ချပစ်ရမှာပဲ ၊ ဘယ်တစ်ခုလဲဆိုတာသိကြလား?"
ဝူကျိန့်သည် လက်ထဲ၌သင်ကြားရေးကိရိယာကြီးအားကိုင်လို့ထားပြီး ကျောက်သင်ပုန်းကိုထောက်ပြလာတိုင်းမှာ တဒုန်းဒုန်းနှင့်အသံကျယ်ကြီးထွက်လို့လာတတ်သည်။
"အကယ်လို့ နားမလည်ဘူးဆိုရင်တော့ လွှတ်လိုက်ကြ ၊ ဒီပုစ္ဆာကသူ့ဟာနဲ့သူကို တအားခက်လွန်းတာဆိုတော့ မင်းတို့အနေနဲ့ဆို တကယ်တမ်းအဲ့လောက်ခက်တဲ့မေးခွန်းမျိုးက လုပ်နေဖို့မလိုအပ်ဘူး. . . . . ."
အောက်ဘက်တွင်တော့ တစ်ယောက်မျှစကားမဆိုကြ ၊ ဒီလိုမျိုးရှုပ်ထွေးပွေလီလှတဲ့ပုစ္ဆာမျိုးအား လုံးဝကိုစိတ်ဝင်စားခြင်းမရှိကြမှန်းသိသာထင်ရှားလှသည်။
ရွှဲရှီရှိန်းတစ်ယောက်သာ လက်ထောင်လာခဲ့၏။
"ဆရာ ၊ ဘယ်တစ်ခုများလဲ? တချို့နေရာတွေမှာလည်း သိပ်နားမလည်ဘူး။"
"မင်းကြားချိန်တွေမှာ ဆရာ့ရုံးခန်းစီလာခဲ့လေ ၊ ငါမင်းကိုရှင်းပြပေးမယ်. ."
ဝူကျိန့်ကပြောလာသည်။
"ဒီမေးခွန်းလွှာကတော့ ဒီအထိပဲ အားလုံးပြောပြီးသွားပြီ ၊ အမှားပြင်ထားကြ ၊ အတန်းကိုယ်စားလှယ် ကျောင်းဆင်းခါနီးရင်အဲ့ဟာတွေကိုလိုက်ကောက်ထား။"
ဝူကျိန့်ပြောအပြီးတွင် ကျောင်းဆင်းခေါင်းလောင်းသံကလည်းအံကိုက်မြည်လို့လာသည်။
"ဟေ့။"
ဟယ့်ကျောင်းသည် အနားတိုးလာပြီး သူ့နားအနားကပ်ကာအော်ခေါ်လာ၏။
ရှဲ့ယွီသည် ခေါင်းကိုငုံ့ကာ ဖုန်းထဲရှိmemoထဲ၌ ခုနလေးတင်ချတွက်၍အဖြေထွက်ထားသည့် အဖြေနှစ်ခုအနက်မှ တစ်ခုကိုဖျက်လိုက်သည် ၊ -1ဆိုတာကိုဖျက်လိုက်တာဖြစ်ပြီး 0ဆိုသည့်အဖြေသာလျှင်ကျန်ခဲ့တော့သည်။
"ဘာလုပ်တာလဲ?"
နောက်တစ်ချိန်က ကာယအချိန် ၊ ဟယ့်ကျောင်းမှာ ခြေထောက်ဒဏ်ရာရထားတာပြန်မကောင်းသေး၍ အားကစားလုပ်၍မရချေ။ သို့တိုင်ဘတ်စကက်ဘောကွင်း၌ရပ်ကာ လတ်ဆတ်တဲ့လေထုအားရှူရှိုက်ရမည်ကို ပိုလို့မျှော်လင့်၏ ၊ ဘယ်လိုနေနေအတန်းထဲနေနေရမှာထက်တော့ ပိုလို့ကောင်းပါသည်။
ရှဲ့ယွီကတော့ သွားဖို့ရာစိတ်ကူးမရှိ ၊ လတ်တလော၌သူသည်ကောင်းကောင်းအနာမယူဖြစ်၍ အဆောင်ကိုသာခိုးပြန်ပြီး အိပ်ရန်ပြင်နေမိသည်။
"တကယ်ကြီး မသွားဘူးပေါ့?"
ဟယ့်ကျောင်းက မေး၍လာသည်။
ရှဲ့ယွီသည် ဖုန်းကိုပိတ်လိုက်ပြီး အကျင့်ပါနေကြအတိုင်းသာ စကားကိုအဆုံးသတ်လိုက်၏။
"မင်းစောက်အပူလား?"
"အဆောင်မှာသွားနေတာက ဘာများစိတ်ဝင်စားစရာကောင်းလို့လဲ ၊ အဆောင်မှာဆိုရှိလား မင်းရဲ့အစ်ကိုကျောင်းလို ဒီလောက်ချောတဲ့လူ အဖော်ပြုနေပေးမှာမျိုး။"
". . . . . ."
ရာဇဝတ်ကောင်အကြီးစားကြီးကများ ပြောရဲသေးတယ်နော်။
ဟယ့်ကျောင်းနှင့်အတူ အင်္ဂလိပ်စာမေးခွန်းလွှာတွေလုပ်တဲ့အဲ့ညတုန်းကဆို မနက်(၂)နာရီ(၃)နာရီအချိန်လောက်အထိကို ရောက်သွားခဲ့သည်။
နောက်ဆုံးပြန်ဖို့လုပ်ချိန်ကြ ဟယ့်ကျောင်းမှာသူနေအောင်လွယ်လွယ်ပင် အကြံကုန်ထုတ်လာတော့သည်။ သူ့ကိုကုတင်ပေါ်မှာအိပ်ဖို့ပြောပြီး ကိုယ်တိုင်ကကြကြမ်းပြင်ပေါ်အိပ်မည်ဟုဆိုပြီးနောက် အဆုံးမှာတော့ခိုးကြောင်ခိုးဝက်နှင့်ကုတင်ပေါ်တက်လာပြီးအိပ်သည်။
ကုတင်ပေါ်တက်သည့်အချိန်ဟာဆိုလျှင် (၄)နာရီပင်ထိုးတော့မည်။ သို့မဟုတ်လျှင် ရှဲ့ယွီလိုအအိပ်ဆတ်သူအနေအရဆို ဟယ့်ကျောင်းတစ်ယောက် လွယ်လွယ်ကူကူဖြင့်ကုတင်ပေါ်တက်လာနိုင်မည်မဟုတ်။
ဝမ့်သာတို့တစ်တွေမှာ အားကစားဝတ်စုံတွေယူပြီး ဟယ့်ကျောင်းနှင့်အတူအောက်ဆင်းဖို့ရန်စောင့်လို့နေကြသည်။
"အစ်ကိုကျောင်း ၊ သွားမှာလားမသွားဘူးလား ၊ ငါစိတ်ရှည်ထားလို့မရတော့ဘူးနော် ၊ ဒီနေ့ငါ့အခြေအနေကအရမ်းကောင်းနေတယ်။"
ဟယ့်ကျောင်းသည် ထရပ်လိုက်ပြီး ဘတ်စကက်ဘောကွင်းသို့သွားရန်ပြင်သည် ၊ သွားခါနီး၌ ကိုယ်ကိုငုံ့ပြီး ရှဲ့ယွီရှေ့သို့လက်ဝါးဖြန့်လို့ပြလာသည်။ လက်ဖဝါးပေါ်တွင်တော့ စောင်းရွဲ့လို့နေသည့် ကြိုးကြာပုံခေါက်ထားတာလေးတစ်ခုရှိနေပါ၏။
"မင်းဖို့။"
အရုပ်ဆိုးချက်ပင်။
လျော့တိလျော့ရဲဖြင့် တွန့်ကြေလို့လည်းနေသေး၏။
ရှဲ့ယွီသည် လည်ပင်းစောင်းနေလေသည့် ကြိုးကြာငှက်အား အတောင်ကနေကောက်ကိုင်လိုက်ရုံရှိသေး ဘာမှတောင်မထိမပြုရသေး ခေါက်ရိုးကတစ်ဝက်ခန့်လောက်ကိုပြေချင်ချင်ဖြစ်လို့သွားတော့သည်။
". . . . . . ဘာတုန်းဟ။"
ဒီလိုဆိုမှတော့လည်း ရှဲ့ယွီသည်လွယ်လွယ်ပင် ထိုအရာအားဖြန့်လို့ပစ်ကာ တဖန်ပြန်လို့မူလစာရွက်အတိုင်းဖြစ်အောင်လုပ်ပြီး ဟယ့်ကျောင်း၏သချင်္ာစာအုပ်ထဲထိုးညှပ်ထားလိုက်ဖို့ ပြင်သည်။ မထင်မှတ်ဘဲ ထိုစာရွက်ပေါ်၌ မင်အနက်ဖြင့် အဝိုင်းပုံအားခပ်သော့သော့ဝိုင်းဆွဲလို့ထားသည်ကို တွေ့လိုက်ရသည်။
ကာယချိန်အပြီးပြန်လာချိန်၌ ဟယ့်ကျောင်းပုံဟာဆိုလျှင် သွားတုန်းကလောက်ပျော်နေတဲ့ပုံမပေါက်တော့။ လက်ကိုအိတ်ကပ်ထဲထည့်ထားကာ လေးတိလေးကန်ဖြင့်အတန်းထဲဝင်ရောက်လို့လာသည်။
ဝမ့်သာကတော့ ပြောင်းပြန်ပင် တက်ကြွလျက်ရှိနေပြီး ဝင်လာတာနှင့်စင်ထက်တက်ရပ်ပြီးအော်ပြောတော့သည်။
"ဒီည ညပိုင်းself-studyအချိန်တက်ဖို့ကျန်ခဲ့မယ့် သူငယ်ချင်းတို့ ငါ့မှာကြော်ငြာစရာရှိတယ် ၊ ရုတ်တရက်ကြီးငါ တအားကောင်းလွန်းတဲ့အကြံတစ်ခုထွက်လာတယ်ရယ် ၊ ငါတို့တွေကျောင်းထဲမှာ စိတ်လည်းလှုပ်ရှား ပျော်ဖို့လည်းကောင်းမယ့် ပိတ်ရက်တစ်ခုကိုဖြတ်ကျော်လိုက်ကြရအောင်!"
ဟယ့်ကျောင်းသည် နေရာ၌ပြန်လည်ဝင်ထိုင်ပြီးနောက် စကားမပြောချေ။
ဝမ့်သာသည်ပြောပြီးနောက်၌ သူ့အားပြန်ဖြေမယ့်သူတစ်ယောက်မှလည်းမရှိလေရာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပြီး နောက်ဆုံးတန်းကသူငယ်ချင်းထံလှမ်းလို့ အကူအညီတောင်းတော့သည်။
"အစ်ကိုကျောင်း ၊ မင်းငါ့အတွက်လက်ခုပ်လေးဘာလေးမတီးပေးတော့ဘူးလား?"
ဟယ့်ကျောင်းသည် ထိုအခါမှလက်ကိုထုတ်လိုက်ပါပြီး အားမရှိလေဟန်ဖြင့် နှစ်ချက်ခန့်တီးလိုက်ပါသည်။
"ကောင်းတယ် ၊ ပြောတာကောင်းတယ်။"
ဟယ့်ကျောင်း၏ဒီလိုအပြုအမူက သိပ်မူမမှန်သလိုရှိနေလေရာ ရှဲ့ယွီသည်လှည့်ကြည့်လိုက်ပြီးနောက်မေးလိုက်၏။
"ဘာဖြစ်နေပြန်တာလဲ?"
"အဲ့ဒါက. . . . . ."
ဟယ့်ကျောင်းက သိပ်ပြီးမပြောချင်မိ။
"သရဲဖမ်းမလို့တဲ့။"
"?"
ဟယ့်ကျောင်းသည် ဆံပင်ကိုဆွဲလို့ဖွလိုက်ရင်း. .
"ဝမ့်သာက စနေ၊တနင်္ဂနွေကြရင်အားလုံးစုပြီး သရဲဖမ်းကြမယ်ပြောတယ် ၊ နေ့တိုင်းအဆောင်ကို တက်လိုက်ဆင်းလိုက်နဲ့တံခါးလိုက်ခေါက်နေတဲ့အကောင်ကိုတဲ့။"
ဝမ့်သာသည် မနေ့ညက စောင်အောက်ထဲဝင်ပြီး သဘာဝလွန်ဝတ္ထုတစ်အုပ်ဖတ်ဖြစ်ခဲ့၏ ၊ ဇာတ်လမ်းအကြောင်းအရာမှာကား ကျောင်းသားအနည်းငယ်ဟာဆိုလျှင် မသုံးဘဲစွန့်ပစ်လို့ထားသည့် ကျောင်းဆောင်တစ်ဆောင်ထဲဝင်ပြီး စွန့်စားခန်းဖွင့်ကြတာပဲဖြစ်သည်။ ဇာတ်လမ်းကအလွန်မှစိတ်လှုပ်ရှားဖွယ်ကောင်းပြီး တစ်ယောက်ပြီးတစ်ယောက်လည်းသေကုန်ကြရာ ဖတ်တာရပ်ပင်မရပ်ချင်တော့။
ဖတ်ရင်းဖတ်ရင်းဖြင့် သတ္တိရဲရဲအတွေးတစ်ခုကလည်း ပေါ်ထွက်လို့လာခဲ့ပါသည်။
တွေးမိလေလေ ပိုလို့စိတ်လှုပ်ရှားဖွယ်ကောင်းလာလေလေပင်။
ဒီလိုရူးကြောင်ကြောင်အတွေးမျိုးကို စဉ်းစားထွက်တာဆိုလို့ သေချာပေါက်ဝမ့်သာတို့တစ်တွေသာလျှင်ရှိမည်ဟူ၍သာ ရှဲ့ယွီတွေးလိုက်မိ၏။
စိတ်လည်းလှုပ်ရှား ပျော်ဖို့လည်းကောင်း. . . . . .
ဟယ့်ကျောင်းမှာ သောကရောက်လျက်ရှိ၏ ၊ ခဏမျှအကြာမှာတော့ ရှဲ့ယွီကရုတ်တရက်ကြီး ဆိုလို့လာသည်။
"ဒါဆို မင်းမြန်မြန်လုပ်။"
"ဘာကိုမြန်မြန်တုန်း?"
"ရိုးရာမကောင်းဆိုးဝါးနှင်နည်းပေါင်းချုပ်ဆိုတဲ့ဟာကို မြန်မြန်ထပ်ဖတ်ကြည့်လိုက်ဦးလေ။"
". . . . . ."
ရှဲ့ယွီသည် ထိုမြင်ကွင်းအားမြင်ယောင်ကြည့်မိပြီးနောက် မထိန်းနိုင်ဘဲရယ်မိတော့သည်။ အရယ်ပင်မရပ်တော့။
"တစ်ခါလောက်ပြန်နွှေးလိုက် ၊ အသုံးဝင်ချင်ဝင်နေမှာ။"
ဟယ့်ကျောင်း : ". . . . . . Fuck."