Unicode
လုရှင်းစစ်ရဲ့ခနဲ့တဲ့တဲ့ပြောစကားက မလျော့မတင်းလေးပေမဲ့ ယဥ်ကျေးပုံပေါ်နေတုန်းပဲ။ သူတို့နှစ်ယောက်ရဲ့ကြားထဲကလေထုကတင်းမာလာတယ်။
သွမ့်ကျားရန်ရဲ့အကြည့်တွေကပြောင်းလဲလာတယ်။ သူရဲ့မျက်နှာပေါ်ကအပြုံးတုကြီးကြောင့် စုန့်ရိကသူ့ဦးရေပြားထုံကျဥ်လာသလိုတောင်ခံစားရတယ်။ လုရှင်းစစ်ရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာတော့သူမတွေးတတ်ဘူး။
စုန့်ရိတစ်ယောက်ကတော့ " ဒီအချိန် ဒီနေရာမှါပဲ ကောင်းကင်ဘုံတောင်ထွဋ် တွေကြားကစစ်ပွဲစတော့မယ် " ဆိုပီးသူနှလုံးသားထဲမှာအော်ဟစ်နေတယ်။
"မင်းတို့တွေအဲ့နားမှာဘာရပ်လုပ်နေတာလဲ"
"အတန်းပိုင်ဆရာမရဲ့အသံကရုတ်တရက်ထွက်ပေါ်လာတယ်။
" အလံတင်တဲ့အခမ်းအနားကစတော့မှာကို မင်းတို့က အစည်းအဝေးလုပ်နေတာလား" ကျောက်မင်ကျွင်းက သူတို့ကို တရုတ်စာသင်ပေးတဲ့ဆရာမဖြစ်ပီး သူတို့ရဲ့အတန်းပိုင်ဆရာမလဲဖြစ်တယ်။သူ့မျက်လုံးထဲပထမဆုံးဝင်လာတဲ့သူကတော့ တစ်ခြားသူတွေရဲ့ outfit နဲ့မတူကွဲထွက်နေတဲ့သွမ့်ကျားရန် ပဲ။ "သွမ့်ကျားရန်မင်းရဲ့ uniform ကဘယ်မှာလဲ "
ဆရာမရှိနေတဲ့အတွက် သွမ့်ကျားရန် လဲမျက်လွှာလေးချထားတယ် " ကျွန်တော်ယူဖို့မေ့လာခဲ့ပါတယ် "
"စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တွေ သူ့နာမည်ကိုမှတ်လိုက်" ကျောက်မင်ကျွင်း က ကျောင်းသူလေးနှစ်ယောက်ကိုပြောပီးသွမ့်ကျားရန် ကို ဆုံးမဖို့ပြန်လှည့်လာတယ်။ "နောက်တစ်ခါကျယူခဲ့ဖို့မမေ့နဲ့ မင်းငါ့ကိုပြောကြည့်စမ်း မင်းဘယ်နှကြိမ်လောက်များကျောင်း uniform ကိုရေရေရာရာဝတ်ဖူးလဲ"
လုရှင်းစစ်ကသူ့နေရာသူပြန်သွားတာမြင်တော့ သွမ့်ကျားရန် လဲတိုက်ခိုက်လိုစိတ်တွေပျောက်ဆုံးသွားပုံပေါ်တယ်။ ငြင်းဆန်တဲ့ပုံစံနဲ့ " En " တစ်လုံးနဲ့ပဲတုံ့ပြန်ခဲ့တယ်။
ကျောက်မင်ကျွင်း နဲ့ သူ့မေမေက တက္ကသိုလ်တုန်းက အတန်းဖော်တွေ။ တစ်ခုခုဆိုသူ့မေမေကကျောက်မင်ကျွင်း ဆီပဲသွားပီးသူ့အခြေအနေတွေ ကောင်မကောင်းမေးတာ။ အာ့ကြောင့် ကျောက်မင်ကျွင်းရှေ့မှာဆိုသူနဲနဲတော့ကောင်းကောင်းမွန်မွန်ပြုမူတာကပိုပီးအဆင်ပြေတယ်။
ကျောက်မင်ကျွမ်းကသူ့ရဲ့ မကျေနပ်တဲ့ပုံစံလေးကိုမြင်တော့တိုးတိုးလေးမေးလာတယ် "မင်းသူနဲ့ဘာပြဿနာရှိလို့လဲ "
သွမ့်ကျားရန် ခေါင်းထောင်လာတယ်။
" ပြဿနာမရှာနဲ့တော့" ကျောက်မင်ကျွင်းကသူ့ကိုဆုံးမနေတယ် " မင်းက အထက်တန်းတောင်ရောက်လာပီလေ ဟုတ်တယ်မလား?"
သူသဘောတူတဲ့ပုံမြင်တော့ ကျောက်မင်ကျွင်း လဲ Class 10 ရဲ့အရှေ့ကိုပြန်သွားတယ်။
Ning Cheng မှာရှိတဲ့အကောင်းဆုံးကိုယ်ပိုင်ကျောင်းတွေထဲကတစ်ခုဖြစ်တဲ့အတွက် နှစ်တိုင်းကျောင်းတက်ချင်တဲ့ကျောင်းသားဦးရေအများကြီးရှိတယ်။ ကျောင်းစတင်တည်ထောင်ကတည်းက သင်ကြားရေးပစ္စည်းပမာဏကလဲများပြားတယ်။ အထူးသဖြင့်တော့ Class 10အတွက်ပေါ့။ ကျောင်းရဲ့အကောင်းဆုံးသင်ကြားရေးပစ္စည်းတွေက ဒီအခန်းအတွက်ဝေစုခွဲပေးတယ်ဆိုတာ တခြားအကြောင်းပြချက်တော့မရှိဘူး။ တစ်ခုတည်းသောအကြောင်းအရာက လုရှင်းစစ်ဒီအခန်းမှာရှိနေတဲ့အတွက်ကြောင့်ပဲ။
သူရဲ့ညဏ်ရည်အပြင် မိဘအဆက်အသွယ်နဲ့ရောက်လာတဲ့ ကျောင်းသားအနည်းငယ်လဲရှိသေးတယ်။ ဒီလိုအထူးကျောင်းသားလေးတွေနဲ့ပြိုင်ပီးစကားရည်လုဖို့အတွက်လဲ ဆရာတစ်ယောက်အနေနဲ့ကျောက်မင်ကျွင်း ရဲ့ skill တွေကလဲပြောစရာမလို့အောင်လုံးဝကိုထိပ်တန်းပဲ။
အနည်းဆုံးတော့သူ့လက်ထဲမှာဆို သွမ့်ကျားရန် က နည်းနည်းပဲဖြစ်ဖြစ်ပိုပီး နာခံသေးတယ်။
အလံတင်တဲ့အခမ်းအနားပီးတော့ သွမ့်ကျားရန် နဲ့ စုန့်ရိနှစ်ယောက်လုံးအတန်းထဲပြန်မသွားချင်တော့ဘူး။ Class 3 ကကျောင်းသားအချို့ကခေါ်ထားတာမို့ သွမ့်ကျားရန် ကသူ့အခန်းထဲက ကျောင်းသားတွေကိုခေါ်ပီး Class 3 ကကောင်တွေနဲ့ basketball ကစားဖို့သွားတယ်။
အတန်းချိန်နှစ်ချိန်စာလောက်ကစားပီးတော့သူတို့လဲတော်တော်ပင်ပန်းနေပီ။ သူတို့တွေကခုံတန်းရှည်တွေမှာနားဖို့ပျင်းပျင်းရိရိထိုင်နေကြတယ်။
သွမ့်ကျားရန် ကအမောဖြေဖို့အတွက် သူ့ခေါင်းလေး ကိုမော့ထားတယ်။ သူ့ရဲ့လည်စေ့လေးကသူမျိုချလိုက်တိုင်း အထက်အောက်တလိမ့်လိမ့်နဲ့။ သူ့ရဲခြေထောက်ရှည်ရှည်လေးတွေကမြေကြီးပေါ်မှာရွရွလေးချထားတယ်။ သူရဲ့ခန္တာကိုယ်တစ်ခုလုံးက အရမ်းအရမ်းသက်သောင့်သက်သာဖြစ်နေပုံလေးရယ်။
Class 3 ကကောင်လေးတစ်ယောက်ကမေးတယ် "သွမ့်ကော အားကစားဌာနက တုရွှီချန်နဲ့ဘာဖြစ်ထားတာလဲ အဲ့ကောင်ကဒီနေ့ မဟုတ်တာကိုရေးကြီးခွင်ကျယ်လျှောက်လုပ်နေတယ် သူကကျန်းချီနျန် ကိုပထမဆုံးမျက်စိကျတာကိုသွမ့်ကောက သူ့နတ်ဘုရားမလေးကိုစိတ်ဝင်စားနေတယ်ဆိုပီး ပြောနေတယ်"
သွမ့်ကျားရန် တောင်ဘာမှမပြောရသေးဘူး။ စုန့်ရိကရယ်စရာလုပ်တော့တယ် "တုရွှီချန် ဆိုတဲ့အကောင်ကအရှက်မရှိဘူးလား ဟမ်? ကောင်မလေးတစ်ယောက်ကိုလိုက်တာပဲ ဘယ်သူကပထမ ဘယ်သူကဒုတိယဆိုပီးလိုသေးလို့လား? အဲ့တာဆိုအဲ့ကောင်ကနံပါတ်ပြားလေးကိုင်ပီး ဘာလို့တန်းစီပီးစောင့်မနေလဲ?"
သွမ့်ကျားရန်အပါအဝင်အားလုံးသူ့အပြောမှာရယ်တော့တယ်။
ပထမဆုံးမေးခွန်းမေးတဲ့ကောင်လေးကလဲ ရယ်နေခဲ့တယ် "အာ့ကြောင့်ငါကသွမ့်ကော ကိုပြောပြတာ တုရွှီချန်ကပြောသေးတယ် မင်းကိုမကျေနပ်တာကြာလှနေပီ မင်းနဲ့ညှိနှိုင်းဖို့အခွင့်အရေးရှာအုံးမယ်တဲ့"
" ငါတို့ရဲ့ရှောင်သွမ့်က ဒီလိုအရူးကောင်ကို ကြောက်မှာလားကွာ "
"တုရွှီချန်ကမြည်းကောင်ပဲ လုံးဝတုံးအတဲ့မြည်းကောင်ပဲ "
" အာ " ရုတ်တရက်အုပ်စုထဲကတစ်စုံတစ်ယောက်ကမေးလာတယ် " သွမ့်ကျားရန် နဲ့လုရှင်းစစ် မနက်ကရန်ဖြစ်သေးတယ်ဆို"
" အဲ့တာကိုရန်ဖြစ်တာလို့လဲသတ်မှတ်လို့မရဘူး'' သွမ့်ကျားရန်ခနလောက်စဥ်းစားလိုက်တယ် " သူကငါ့ကိုစာသင်ခန်းထဲက uniform သွားယူဝတ်ခိုင်းတယ် ငါကမလုပ်ချင်ခဲ့တာ "
"ငါလဲ အဲ့အချိန်တုန်းက ဘေးမှာရှိတယ်" Class 10 က ကျောင်းသားတစ်ယောက်ကထပ်ပြောတယ် " အတန်းခေါင်းဆောင်ပုံကတအားကြောက်ဖို့ကောင်းတယ် သူတစ်ချက်လှောင်ရီလိုက်တာငါ့မှာချွေးအေးတွေတောင်ထွက်လာတယ် "
" သွမ့်ကျားရန် မင်းကတအားတော်တာပဲ " Class 3 ကကျောင်းသားတစ်ယောက်ကဆက်ပြောတယ် ။မနက်တုန်းကမြင်ကွင်းကိုပြန်တွေးကြည့်ရင် သူ့နှလုံးသားလေးထဲမှာ ကြောက်ရွံ့မှုတချို့တွယ်ကပ်နေတုန်းပဲ။ "မင်းကသူ့ကိုအပြစ်တင်ရဲတယ် မင်းမတော်တဆ တစ်ခုခုဖြစ်သွားမှာမကြောက်ဘူးလား "
စုန့်ရိကဖြတ်ပြောတယ် " အပြစ်တင်တာ? ဘာအပြစ်တင်တာလဲ အဲ့တာကစကားလုံးအနည်းငယ်သာသာပါပဲ လူတိုင်းကမင်းလိုကကျိုးကကြောင်ကောင်လို့တွေးနေတာလား ကောင်းရန် မင်းကတော့အထူးအခွင့်အရေးရှိရင်တောင် အဲ့ဒီနားမှာရှိနေနိုင်မှာမဟုတ်ဘူး "
" ဟားဟား အဲ့တာကမှန်တယ် ငါကသူ့တစ်ဝက်လောက်ပဲအံဩစရာကောင်းမယ်ဆိုရင် ကောင်းကင်ကိုဆန်တက် ပင်လယ်ပြင်ထဲ ဆင်းသက်လိုက်မယ် "
စာသင်ချိန်တွေကျန်သေးတာမို့ အတန်းလစ်တဲ့ကျောင်းသားလေးတွေကစာသင်ခန်းထဲတိတ်တိတ်လေးခိုးဝင်လာကြတယ်။ ပြန်တဲ့လမ်းမှာ စုန့်ရိ ကဝက်အူချောင်းကိုတတိတိကိုက်စားနေပီး သွမ့်ကျားရန် ကတော့လက်ဗလာနဲ့ပြန်လာတယ်။
စုန့်ရိနဲ့သူနဲ့က နောက်ဆုံးကရေရင်ဒုတိယမြောက်အတန်းမှာထိုင်တာဖြစ်တယ်။ သူတို့ထိုင်ခုံဆီပြန်သွားရင် လုရှင်းစစ်ရဲ့ နေရာကိုဖြတ်သွားရတယ်။ သူတစ်ချက်လောက်လှမ်းကြည့်လိုက်တော့ ဟိုတစ်ယောက်ကသင်္ချာပုစ္ဆာတချို့ကိုတွက်နေပုံပေါ်တယ်။
လုရှင်းစစ်ကခေါင်းလေးငုံ့ပီး တခြားလက်လေးတစ်ဖက်ကခေါင်းလေးကိုပျင်းရိနေတဲ့ပုံလေးနဲ့ထောက်ထားတယ်။ သူကသူ့ရှေ့မှာရှိတဲ့သင်္ချာမေးခွန်းတွေကိုဖြည်းဖြည်းလေးဖြေရှင်းနေတယ်။
သွမ့်ကျားရန်ကလုရှင်းစစ်ရဲ့ စားပွဲခုံရှေ့မှာရုတ်တရပ် ရပ်လိုက်တယ်။
သွမ့်ကျားရန် ကသူ့နှုတ်ခမ်းလေးကိုသပ်လိုက်ပီး ဒွိဟဖြစ်စေတဲ့အသံလေးနဲ့ " အတန်းခေါင်းဆောင် ငါဘယ်လိုပြောရမလဲတော့မသိဘူး ဒါပေမဲ့ မင်းရဲ့ပါးစပ်လေးကိုကြည့်ရတာအတော်ကောင်းမဲ့ပုံလေးပဲ "
လုရှင်းစစ်ရဲ့ဖောင်တိန်လေးကချက်ချင်းဆိုသလိုရပ်သွားတယ်။
ချန်ယွဲ့ကသူ့ဘေးမှာ mobile game တွေဆူညံနေအောင်ကစားရင်တောင်လုရှင်းစစ်ကသူ့ကိုလျစ်လျူရှုပီးအိမ်စာတွေပီးအောင်လုပ်နိုင်တယ်။ ဒါမဲ့ဒီတစ်ခါကကျ တချို့အကြောင်းပြချက်တွေကြောင့် သူ့အတွေးရထားကြီးက သွမ့်ကျားရန်ကြောင့်ပျက်ဆီးသွားတယ်။ သွမ့်ကျားရန် ကသူ့တုန့်ပြန်ချက်ကိုစောင့်နေတုန်းပဲ အဲ့ဒီပြဿနာကောင်လေးက အဲ့ဒီနေရာမှာဂရုမစိုက်သလိုပုံစံလေးနဲ့ရပ်နေတုန်းပဲ။
လုရှင်းစစ်ကခေါင်းလေးမော့လာပီး သူ့ရဲ့နက်မှောင်တဲ့မျက်လုံးတွေကသွမ့်ကျားရန် ကိုအစုံအဆန်ကြည့်လာတယ် ပီးတော့ပုံမှန်ပဲမေးလာတယ် " မင်းအရင်ကစမ်းကြည့်ဖူးလို့လား" ( ပြောချင်တာကကောင်းမကောင်းသိရအောင်အရင်ကအရသာခံဖူးလား)
သူ့ဘေးမှာထိုင်နေတဲ့ချန်ယွဲ့ကတော့မထိန်းနိုင်ဘဲ စပီး ရယ်တော့တယ်။
သွမ့်ကျားရန်: " ... "
သွမ့်ကျားရန်တစ်ယောက်ကြောင်သွားတယ် လုရှင်းစစ်ကသူစကားပြောတာကိုလိုက်ပြိုင်ပြောမယ်လို့ထင်မထားဘူးရယ်။ သူ့ကိုပြန်ပီးတော့တောင်ပြောင်နေသေးတယ်။သူဘာပြန်ပြောရမလဲဆိုတာလဲမသိဘူး အဲ့နေရာမှာကြာကြာလဲမနေချင်တော့သူ့ထိုင်ခုံဆီပဲပြန်လာတော့တယ်။
သူ့ရဲဖြူဖတ်ဖြူရော်မျက်နှာလေးကိုမြင်တော့ စုန့်ရိလဲကျိတ်ပီးခေါင်းသာရမ်းမိတော့တယ်။ ထိုင်ခုံပေါ်မှာထိုင်ပီးတော့ သွမ့်ကျားရန် တစ်ယောက် အတွေးထဲမှာနစ်မြောနေပုံပေါ်တယ်။ ခေါင်းလောင်းတီးတာတောင်သူက မရွေ့သေးဘူး။ စုန့်ရိကရင်းရင်းနှီးနှီးမေးလာတယ် " အဖိုးရေ မင်းရဲ့ဒေါသကမင်းကိုဆွံ့အသွားစေတာလား "
သွမ့်ကျားရန် ကမျက်မှောင်ကြုံ့ပီး "စုန့်ရိမင်းလုရှင်းစစ်ရဲ့ရနံ့ကိုအနံ့ရဖူးလား "
Beta အရေအတွက်က Alpha Omega အရေအတွက် ထက်ပိုများတယ်။ Omega အရေအတွက်က alpha အရေအတွက်နဲ့တူညီသလောက်ကနေ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာအကွာအကွယ်လိုတဲ့ ဘေးသင့်တိရစ္ဆာန်လေးတွေလို ရှားပါးလာတယ်။ ဒါပေမဲ့ကျောင်းမှာဆို Omega တွေတင်မကဘူး Alpha တွေလဲ ရနံ့တားဆေး တွေသုံးရတယ်။
စုန့်ရိက ဒီမေးခွန်းကသူ့ကို တမင်စတာလို့တွေးလိုက်တယ်။ Omega တစ်ယောက်ဖြစ်ပေမဲ့သူလုရှင်းစစ်ရဲ့ pheromones တွေကိုအနံ့မရဖူးဘူး။ ပိုပီးတိတိကျကျပြောရမယ်ဆို ဘယ်omegaကမှလုရှင်းစစ်ရဲ့ pheoromones နံ့ကိုမသိဘူး။ အရင်တုန်းက ကျောင်း idol လေးရဲ့ အနံ့ကဘာနံ့နဲ့တူလဲဆိုပီး ကောင်မလေးတစ်ယောက်ကြိုးစားကြည့်သေးတယ်။.ဒါပေမဲ့လုရှင်းစစ်ရဲ့ self control ကတအားသန်မာတယ် သူထိန်းချုပ်မှုလွတ်သွားတဲ့အချိန်ဆိုတာမရှိဖူးဘူး။
စုန့်ရိကသွမ့်ကျားရန်ကို တစ်ခုခုပြောဖို့စောင့်နေပေမဲ့ သွမ့်ကျားရန် ကတစ်ယောက်တည်းတိုးတိုးလေးရေရွတ်နေတယ် "သူ့အနံ့လေးတော်တော်လေးကောင်းတယ်"
ကျိုးရှင်ချန်း စာသင်ခန်းထဲဝင်လာတော့ လုရှင်းစစ်နဲ့ချန်ယွဲ့ရှေ့မှာကောင်မလေးတစ်ယောက်ထိုင်နေတာကိုတွေ့တယ်။
ဒီအချိန်ကနေ့ခင်းအားလပ်ချိန်ဖြစ်ပီးဘေးမှာတစ်ယောက်မှတော့မရှိဘူး။ကောင်မလေးကမေးခွန်းစာရွက်ကိုစားပွဲပေါ်မှာခေါက်နေတယ်။
" အတန်းခေါင်းဆောင်ကအမြဲအတော်ဆုံးပဲ ဒီတစ်ပတ်သင်္ချာညဏ်စမ်းကတအားခက်တာရယ် ဆရာရှင်းပြတုန်းကလုံးဝနားမလည်ဘူး " ကောင်မလေးက လုရှင်းစစ်ဘက်ကိုအပြုံးကြီးကြီးတစ်ပွင့် ပစ်လွှတ်ပီး " ဒါပေမဲ့ဒီမေးခွန်းကို အတန်းခေါင်းဆောင်တစ်ခါလေးရှင်းပြတာနဲ့နားလည်သွားတယ် ကျေးဇူးတင်ပါတယ် "
လုရှင်းစစ်ကပြန်ဖြေတယ် ''ကိစ္စမရှိပါဘူး"
ဒီကောင်လေးကို ပိုးပန်းသူတွေအများကြီးရှိတယ်။ ပုံမှန်နေ့တွေမှာဆို သူ(မ)အနေနဲ့ သူ့ကိုစကားနှစ်ခွန်းလောက်ထပ်ပိုပီးပြောဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး။
ကောင်လေးမျက်နှာက ချောမောပီးရှင်းသန့်နေတာပဲ။သူနဲ့ခနလောက်လေးနီးနီးကပ်ကပ်နေမိရုံနဲ့ သူ့ (မ) နှလုံးသားလေးကယားယံလာတယ်။ ရှိသမျှသတ္တိလေးတွေစုပီးသူ(မ) ပြောလိုက်တယ် " တကယ်လို့ နောက်တကြိမ်ကျရင်ရော မသိတဲ့မေးခွန်းတွေအတွက်အကူအညီတောင်းလို့ရလားဟင် "
အဲ့တာကိုကြားတော့ လုရှင်းစစ်ကရယ်နေပီး ချန်ယွဲ့ကသူ့အစားကူဖြေပေးတယ် " နောက်တစ်ကြိမ်ကျဘာလို့ငါ့ကိုမရှာတာလဲ ငါလဲဒီမေးခွန်းတွေကိုဖြေရှင်းနိုင်ပါတယ်"
ကောင်မလေးက လုရှင်းစစ်ကိုကြည့်လိုက်တော့ သူ့မျက်နှာပေါ်မှာပျင်းတွဲတွဲအပြုံးနဲ့ ပြန်ဖြေဖို့စိတ်ကူးမရှိတာကိုတွေ့ရတယ်။
ဒီပုံစံကိုသူ့ကိုပညာသားပါပါနဲ့ငြင်းဆန်တယ်ဆိုတာ သိလို့ စိတ်ပျက်လက်ပျက်နဲ့သူ့နှုတ်ခမ်းလေးကိုကိုက်ပီး ချန်ယွဲံ့ကိုပြောလိုက်တယ် " အာ့ဆို နောက်တစ်ကြိမ်ကျနင့်ကို လာရှာပါ့မယ် "
" Okay Okay နင့်ငါ့ကိုလာမရှာရင်ငါနင့်ကိုလာရှာမယ် "
ကောင်မလေးထွက်သွားတော့ကျိုးရှင်ချန်း ကကောင်မလေးထိုင်တဲ့နေရာဝင်ထိုင်ပီးခြေထောက်တွေကိုဆန့်ထုတ်ထားတယ် " အတန်းကော်မတီအဖွဲ့ဝင်ကောင်မလေးကလုကော ကိုစိတ်ဝင်စားနေတာလား သူကရုပ်လေးကလဲချစ်ဖို့ကောင်းပီး အဆင့်တွေကလဲကောင်းတယ် "
ချန်ယွဲ့ကခေါင်းငုံ့ပီးသူဖုန်းကိုကလိရင်းပြောတယ် "လုကောကကျောင်းရဲ့ပန်းပွင့်လေးကိုတောင်စိတ်မဝင်စားဘူး ကောင်မလေးအတွက်တော့ စိတ်မကောင်းစရာပဲ "
" ငါတို့ကျောင်းရဲ့ပန်းပွင့်လေးကဘယ်သူလဲ"
"ကျန်းချီနျန် မဟုတ်လား "
ကျိုးရှင်ချန်း ကသက်ပြင်းချတယ် " ငါကငါတို့မိသားစုရဲ့ မြေခွေးမလေးထင်နေတာ "
" မင်းနဲ့ကုလီ နဲ့ရန်ဖြစ်ထားပြန်ပီလား"
" ဟုတ်တယ် သူနဲ့ရန်ဖြစ်ထားတယ် ရန်ဖြစ်တိုင်း ငါကပဲသူ့နောက်လိုက်ပီးခွင့်လွှတ်ဖို့တောင်းပန်နေရတယ် နှစ်ယာက်လုံးမှားတယ်ဆိုရင်တောင်ငါ့အမှားပါလို့ပြောနေရတယ် ဒီတစ်ခါတော့သူ့ကိုမချော့တော့ဘူး ငါနောက်တစ်ခါဦးကျို့ရင် ခွေးပဲကွာ "
"မိန်းမတွေက ချုပ်ချုပ်ခြယ်ခြယ်နဲ့ "ချန်ယွဲ့ကခေါင်းခါလိုက်တယ် " ဘာအတွက်မှမကောင်းဘူး"
"မင်းကဘာမှလဲမသိဘူး ငါ့ကောင်မလေးကအကောင်းဆုံးပဲ အဲ့တာကယောက်ျားတွေထဲကအကောင်းဆုံးတစ်ယောက်ကိုပေးတဲ့ ပြိုင်ဘက်ကင်းဆုလာဒ်တစ်ခုပဲ" ကျိုးရှင်ချန်း ကသူ့ခေါင်းလေးကိုလှည့်ပီး "လုကော ငါမှန်တယ်မလား"
"မင်းကသူ့ကိုမေးနေတာလား" ချန်ယွဲ့ တစ်ယောက်ရယ်ချင်ပက်ကျိဖြစ်သွားတယ်။ "ဘယ်အချိန်ကျမှဒီကောင်ကတစ်ခြားတစ်ယောက်ရဲ့ထိန်းချုပ်တာခံမှာလဲ "
" အာ ငါအဲ့တာကိုလိုလားပါတယ် " လုရှင်းစစ်ရယ်လိုက်တယ် " ငါ့မှာအခွင့်အရေးမရှိရုံပဲ "
" အဲ့တာဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး လူတွေကိုအဝေးကိုတွန်းထုတ်နေတာမင်းကိုယ်တိုင်ပဲမလား " ဒီအမျိုးသားလေးကိုကြိုက်ကျတဲ့အမျိုးသမီးထုကြီးအကြောင်းတွေးမိတော့ ကျိုးရှင်ချန်းရဲ့နှလုံးသားလေးကသူ့တို့အတွက်နာကျင်သွားတယ်။ "မင်းဘက်ကစပီးကောင်မလေးတစ်ယောက်ကိုပိုးပန်းတာကိုငါတို့ဘယ်အချိန်မှမြင်ရမှာလဲကွာ "
"သူ့ဘက်ကစတဲ့တစ်စုံတစ်ယောက်တော့ရှိတယ်ကွ" ချန်ယွဲ့ကတစ်စုံတစ်ခုကိုတွေးမိပီး ဆက်ပြောတယ် "သူကဒီနေ့တမင်တကာကိုစနေတာ အဲ့ဒီတစ်ယောက်ကို သူ့ရဲ့အရသာကိုစမ်းဖူးလားလို့တောင်မေးနေတာ" သူကလျှာစွမ်းထက်တယ်။
ကျိုးရှင်ချန်း ရဲ့မျက်နှာကြီးဆိုလုံးဝစိတ်လှုပ်ရှားနေတဲ့ပုံကြီး။ ချန်ယွဲ့ကရည်ရွယ်ချက်ရှိရှိသက်ပြင်းလေးချပီး သူ့ကိုစတယ် " ဟျောင့်ရေ အဲ့တာကလုံးဝကို တမင်တကာဆွနေတာကွ ငါမပြောတတ်ပါဘူးကွာ"
ကျိုးရှင်ချန်း: " ... "
ကျိုးရှင်ချန်း: !!!!!
ကျိုးရှင်ချန်း: "Omega လား? ချစ်ဖို့ကောင်းလား? ငါတို့အတန်းထဲလား?"
ချန်ယွဲ့ကခေါင်းငြိမ့်တယ် " ငါတို့အတန်းထဲကပဲ ဒါပေမဲ့ omega မဟုတ်ဘူး "
သူကတအားတည်ငြိမ်နေတဲ့အတွက်ကျိုးရှင်ချန်းကလဲယုံကြည်တယ်။ နောက်တော့သူကမေးလာတယ် " ဘယ်သူလဲလို့ "
လုရှင်းစစ်ကတော့ဘေးမှာဘာမှဝင်မပြောဘဲချန်းယွဲ့ကကျိုးရှင်ချန်းကိုလျှောက်ပြောနေတာကို မရပ်ခိုင်းဘဲအပြုံးလေးနဲ့ကြည့်နေတယ်။
ကျိုးရှင်ချန်းကတအားသိချင်နေတဲ့ပုံကိုမြင်ရတော့ ချန်ယွဲ့အသားကုန်အော်ရီတော့တယ်။ "အဲ့တာ သွမ့်ကျားရန် ကွ ဟား..ဟား..ဟား သူကဒီနေ့လုကောကိုရန်လာစတယ်လေ သူကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် –"
သူစကားတောင်မဆုံးသေးဘူး ကျိုးရှင်ချန်း ရဲ့မျက်နှာအမူအရာကပြောင်းလဲသွားတယ် "ဪ သူလား..."
ကျိုးရှင်ချန်းရဲ့ထူးဆန်းတဲ့မျက်နှာအမူအရာကိုမြင်တော့ ချန်ယွဲ့ ကမေးလာတယ် "ဘာဖြစ်လို့လဲ "
" ချောင်းနန်နဲ့ ဖြစ်တဲ့မတော်တဆမှုတစ်ခုကို ငါအခုထိသတိရသေးတယ်" ကျိုးရှင်ချန်း ကဆက်ပြောတယ် "သူကပြဿနာရှာတဲ့နေရာမှာတကယ်တော်တယ် အဲ့တာကသူ့ရဲ့ပင်ကိုစရိုက်လို့မင်းထင်လား "
✨—————✨
Zawgyi
သွမ့်ကျားရန်: " ... "
ကျိုးရှင်ချန်း: " ... "
ကျိုးရှင်ချန်း: !!!!!
✨—————✨