Chapter - 27

10.9K 2.1K 96
                                    

Unicode

ထန်လီရဲ့စိတ်အခြေအနေကသိပ်မကောင်းနေဘူးဆိုတာရှန်ယွီသိနေသည်။အထူးသဖြင့်ခုနထန်လီထွက်သွားတုန်းကသူ့ရဲ့မျက်လုံးအကြည့်တွေကကြောင့်
ရှန်ယွီပိုပိုပြီးစိတ်ပူလာမိသည်။လိန်ယွီမန်အပေါ်လုပ်ခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီးထန်လီကိုသူအရမ်းစိတ်ဆိုးမိခဲ့သည်။

တကယ်လို့ထန်လီသာသူ့ရဲ့မကျေနပ်ချက်တွေအကုန်လုံးကိုလိန်ယွီမန်အပေါ်တမင်သက်သက်ပုံချခဲ့မယ်ဆိုရင်နောက်ဆက်ဖြစ်လာမယ့်အဖြစ်အပျက်တွေကတကယ့်ကိုမတွေးရဲစရာပဲ။ရှန်ယွီတွေးလေပိုပြီးစိုးရိမ်ပူပန်လာလေဖြစ်လာသည်။

အရင်ကသာဆိုရင်ထန်လီကလိန်ယွီမန်ကိုဘာမှဒုက္ခရောက်အောင်လုပ်မှာမဟုတ်ဘူးလို့သူခြွင်းချက်မရှိယုံနေမိမှာ။ဒါပေမဲ့အခုတော့ထန်လီအပေါ်ထားတဲ့သူ့ရဲ့ယုံကြည်မှုတွေကယိမ်းယိုင်နေပြီဖြစ်သည်။ပေါက်နေတဲ့ရေပုံးနဲ့ရေခပ်နေရသလိုပဲ။ဘယ်လောက်ပဲကြိုးစားပြီးရေဖြည့်ပါစေရေကပြည့်မလာနိုင်တော့ဘူး။

"အရင်ဆုံးသူ့ကိုပြန်ခေါ်လာခဲ့။"

ရှန်ယွီကအမိန့်ပေးလိုက်သည်။

"ကျန်တာတွေကိုတော့မနက်ဖြန်မှပဲစဥ်းစားကြတာပေါ့။"

ဦးလေးကျန်းကပြောလိုက်သည်။

"နားလည်ပါပြီ။"

ရှန်ယွီကထပ်ပြီးသတိပေးလိုက်သည်။

"လိန်ယွီမန်ကိုဘာမှသွားမလုပ်စေနဲ့။"

ဦးလေးကျန်းကခဏလောက်တွေဝေနေပြီးမှဂရုတစိုက်နဲ့ရှင်းပြလိုက်သည်။

"သခင်လေးထန်လီကကောင်မလေးကိုတောင်းပန်ချင်နေတယ်လို့ကျွန်တော်ထင်တယ်။"

"တကယ်လား....."

ရှန်ယွီကရုတ်တရက်ရပ်တန့်သွားသည်။ထန်လီကိုချက်ချင်းကာကွယ်ပြောပေးလာတဲ့ဦးလေးကျန်းရဲ့စကားကိုသူကြားလိုက်ရတော့သူရုတ်တရက်တစ်ခုခုကိုဆုံးရှုံးသွားသလိုမျိုးပြီးတော့ဖော်ပြလို့မရနိုင်တဲ့ရှက်ရွံ့မှုကိုသူခံစားလိုက်ရသည်။ဦးလေးကျန်းတောင်မှထန်လီကိုအကောင်းဘက်ကနေမြင်ပေးနေတာကိုသူကတော့အခုထိမကောင်းတဲ့ဘက်ကစဥ်းစားနေမိတုန်းပဲ။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now