Chapter - 35

11.3K 2K 67
                                    

Unicode

သူတို့ကျင်းချန်ကမပြန်ခင်တစ်ရက်မှာလမ်းပြက
ရှန်ယွီနဲ့ထန်လီတို့ကိုမြို့နားကတောင်ပေါ်မှာရှိတဲ့ဘုရားကျောင်းကိုခေါ်သွားခဲ့သည်။ဘုရားကျောင်းနာမည်က ပေါင်ကွမ်း ဘုရားကျောင်းဖြစ်ပြီးသိပ်မကျယ်ပေမဲ့တစ်နိုင်ငံလုံးကအဲ့ဒီဘုရားကျောင်းကိုသိလောက်တဲ့အထိနာမည်ကြီးသည်။လူတွေကကျင်းချန်ကိုရောက်တာနဲ့ပေါင်ကွမ်းဘုရားကျောင်းကိုသွားပြီးဝတ်ပြုကြသည်။

သူတို့သွားတဲ့ရက်ကကြားရက်ဖြစ်တာကြောင့်ကားတော့သိပ်မကျပ်ခဲ့ဘူး။ကျင်းချန်ရဲ့ရာသီဥတုကဆောင်းတွင်းမှာတောင်‌နည်းနည်းနွေးပေမဲ့ပေါင်ကွမ်းဘုရားကျောင်းပတ်ဝန်းကျင်မှာတော့နှင်းအလွှာပါးလေးတစ်ထပ်ရှိနေပြီးဘုရားကျောင်းရဲ့အရှေ့ခြံဝန်းထဲမှာလည်းနှင်းတွေဖုံးနေသည်။

ရှန်ယွီနဲ့တခြားသူတွေကလမ်းပြနောက်ကလိုက်ပြီးဘုရားကျောင်းထဲဝင်သွားတဲ့အခါမှာတော့လမ်းသွားလမ်းလာနှစ်ယောက်သုံးယောက်နဲ့လူသွားလမ်းကနှင်းတွေကိုလှည်းထုတ်နေတဲ့ဘုန်းတော်ကြီးတစ်ချို့ကိုတွေ့ခဲ့ရသည်။

ဘုရားကျောင်းထဲဝင်သွားလိုက်တာနဲ့လူတွေရဲ့စိတ်နှလုံးကိုနွေးထွေးသွားစေမယ့်စန္ဒကူးနံ့သင်းသင်းလေးရနေသည်။အဲ့ဒီအနံ့ကိုရှူလိုက်မိတာနဲ့
ရှန်ယွီကခဏခဏထပ်ရှူကြည့်ချင်နေပြီးစိတ်တည်ငြိမ်မှုကိုလည်းတစ်ခါတည်းခံစားလိုက်ရသည်။

"ဘုရားကျောင်းရှေ့ကနံ့သာပေါင်းတွေကအလကားယူသွားလို့ရတယ်။ပြီးတော့ဒီလမ်းအတိုင်းလျှောက်သွားလိုက်တာနဲ့ဘုရားကျောင်းအကြီးအသေးမျိုးစုံကိုတွေ့ရလိမ့်မယ်။"

လမ်းပြကရှန်ယွီကိုပြောလိုက်သည်။

"ဆုတောင်းတာကအလေးအနက်ထားရမယ့်ကိစ္စဖြစ်လို့ကျွန်တော့်လိုအပြင်လူတစ်ယောက်ကအတူတူမလိုက်ပေးတော့ဘူးနော်။ပြန်ဖို့အဆင်သင့်ဖြစ်ရင်ကျွန်တော့်ကိုခေါ်လိုက်။ကျွန်တော်ဒီမှာပဲစောင့်နေမယ်။"

ရှန်ယွီကလမ်းပြကိုပြုံးပြရင်းပြောလိုက်သည်။

"ကျေးဇူးပါပဲ"

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now