Chapter - 37

10.3K 1.9K 114
                                    

Unicode

နှစ်သစ်မကူးခင်တစ်ရက်အလိုမှာသူတို့ S မြို့တော်ကိုပြန်ရောက်သွားခဲ့ကြသည်။ရှန်ယွီကသူတို့ရဲ့အထုပ်တွေကိုလေဆိပ်မှာလာယူဖို့အန်တီချန်းကိုခေါ်ထားလိုက်ပြီးသူတို့ကတော့အိမ်မပြန်တော့ပဲအကြီးအကဲရှန်ရဲ့အိမ်ကိုတန်းသွားခဲ့ကြသည်။

သူတို့ထွက်သွားပြီးသိပ်မကြာခင်မှာပဲရှန်မိသားစုရဲ့ဆွေမျိုးနှစ်ယောက်ကအထုပ်အပိုးတွေနဲ့သူ့အိမ်ကိုရောက်လာကြတယ်လို့အန်တီချန်းကဖုန်းဆက်ပြောလာသည်။ဒါပေမဲ့ရှန်ယွီတို့ကအခုထိခရီးကပြန်မရောက်သေးဘူးလို့ပြောလိုက်ပြီးအန်တီချန်းကသူတို့ကိုပြန်လွှတ်လိုက်သည်။အဲ့ဒီစကားကိုကြားရတော့မှရှန်ယွီကသက်ပြင်းချနိုင်တော့သည်။

အားလပ်ရက်တွေဆိုရင်သူအိမ်မှာရှိနေတာကိုသိထားတဲ့ဆွေမျိုးတွေကသူငြင်းလို့မရအောင်အကြောင်းပြချက်အမျိုးမျိုးပြပြီးရှန်ယွီဆီလာလည်ကြသည်။အဲ့ဒါကြောင့်ရှန်ယွီရဲ့အားလပ်ရက်တွေကဧည့်သည်တွေကိုဧည့်ခံရတာနဲ့ပဲအချိန်ကုန်သွားရတော့သည်။

ဒါပေမဲ့အခုတစ်ခေါက်မှာတော့သူမြန်မြန်ထွက်ပြေးလာနိုင်လို့တော်သေးတာပေါ့။ဒါတင်မကသေးဘူး။နောက်ရက်အနည်းငယ်အတွင်းမှာပဲနေ့တိုင်းလိုလိုဧည့်သည်တွေရောက်လာတဲ့အကြောင်းအန်တီချန်းကဖုန်းဆက်ပြီးပြောလာခဲ့သည်။

ဒီနေ့မှာအဖေဘက်ကအမျိုးတွေရောက်လာပြီးနောက်တစ်နေ့မှာတော့အမေဘက်ကအမျိုးတွေရောက်လာကြသည်။နှစ်ဖက်အမျိုးတွေကတစ်ဖက်နဲ့တစ်ဖက်အကြိမ်ပေါင်းများစွာဆုံမိကြပြီးတစ်ဖက်နဲ့တစ်ဖက်စကားလုံးတွေနဲ့ပြင်းပြင်းထန်ထန်ထိုးနှက်ကြသည်။အန်တီချန်းပြန်ပြောပြတာကိုနားထောင်ပြီးတော့ရှန်ယွီခေါင်းတောင်ကိုက်လာခဲ့သည်။

မြို့ထဲမှာနေရတော့အချိန်ကုန်တာအရမ်းမြန်သည်။
ဒီကိုမရောက်လာခင်တုန်းကဆိုရှန်ယွီကတစ်ယောက်တည်းအရမ်းအထီးကျန်ခဲ့ရသည်။
နှစ်သစ်ကိုအိမ်ကျဥ်းကျဥ်းလေးထဲမှာသူတစ်ယောက်တည်းကုန်ဆုံးခဲ့ရသည်။ဒါပေမဲ့အခုတော့အကြီးအကဲရှန်ရော၊ထန်လီရောပြီးတော့တခြားသူတွေပါရှိနေတာကြောင့်သူအရင်ကထက်အများကြီးပိုပြီးပျော်ရွှင်နေသည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now