Chapter - 7

15K 2.6K 40
                                    

Unicode

မူလရှန်ယွီကအစကတော့ဗီလာကိုသိပ်လာ‌လေ့မရှိဘူး။လွန်ခဲ့တဲ့တစ်နှစ်ကသူ့မိဘတွေလေယာဥ်ပျက်ကျမှုကြောင့်သေဆုံးပြီးနောက်မှာမှဦးလေးကျန်း၊အန်တီချန်းတို့နဲ့အတူတူဗီလာကိုပြောင်းလာခဲ့တာဖြစ်သည်။

အခုဆိုရင်ဗီလာမှာနေ့စဉ်ဘဝအတွက်လိုအပ်တဲ့ပစ္စည်းတွေအကုန်ရှိပေမဲ့ရှန်ယွီကသူမှာချင်တဲ့ပစ္စည်းတွေကိုထပ်မှာခဲ့သည်။

ဒါကြောင့်နောက်နှစ်ရက်လောက်နေတော့ရှန်အိမ်တော်နားမှာနေတဲ့သူတွေကများစွာသောပစ္စည်းပို့တဲ့ကားတွေရှန်အိမ်တော်ရဲ့အားကစားကွင်းထဲဝင်လိုက်ထွက်လိုက်လုပ်နေတာကိုတွေ့ခဲ့ကြရသည်။ပစ္စည်းပို့တဲ့ကားတွေကများပြားလှတဲ့အားကစားပစ္စည်းတွေနဲ့တခြားပစ္စည်းတွေကိုသယ်ဆောင်လာခဲ့ကြသည်။

ဒါပေမဲ့ရှန်ယွီရဲ့ခြေထောက်တွေကကားမတော်တဆမှုကြောင့်အကြောသေနေတာမဟုတ်ဘူးလား။ဒီအားကစားပစ္စည်းတွေဝယ်ပြီးသူကဘာလုပ်မလို့လဲ။အိမ်တော်ထိန်းနဲ့အစေခံတွေအတွက်လား။အပြင်ကလူတွေကထင်မြင်ချက်အမျိုးမျိုးပေးနေကြပေမဲ့ရှန်ယွီကသိတောင်မသိခဲ့ပါဘူး။

အားကစားရုံနဲ့အားကစားကွင်းကိုအစေခံတွေပြင်ဆင်တာပြီးသွားတာနဲ့ရှန်ယွီကထန်လီအတွက်လေ့ကျင့်ခန်းအစီအစဉ်ကိုရေးဆွဲပေးခဲ့သည်။လေ့ကျင့်ခန်းအပြင်အစာအာဟာရပြည့်စုံ
အောင်လည်းစားရဦးမယ်လေ။ရှန်ယွီကဒေါက်တာလျိုကိုအကူအညီတောင်းပြီးနာမည်ကြီးအာဟာရပညာရှင်တစ်ယောက်ကိုရှာခိုင်းခဲ့သည်။ထိုသူကထန်လီအတွက်အစာအာဟာရအစီအစဉ်တစ်ခုရေးဆွဲပေးခဲ့သည်။ထန်လီကတော့ရှန်ယွီဘာတွေပြင်ဆင်နေလဲမသိခဲ့ပါဘူး။

နောက်တစ်နေ့မနက်မှာတော့ရှန်ယွီကဦးလေးကျန်းကိုလွှတ်ပြီးထန်လီကိုအားကစားကွင်းဆီခေါ်လာခိုင်းခဲ့သည်။သူကဘာမှမပြောပဲနဲ့ဗီလိန်လေးရောက်တာနဲ့ကွင်းကိုငါးပတ်ပတ်ပြေးခိုင်းခဲ့သည်။ထန်လီကရှန်ယွီဝယ်ပေးထားတဲ့အနက်ရောင်နဲ့အစိမ်းဖျော့ရောင်ရောထားတဲ့အားကစားဝတ်စုံကိုဝတ်ထားခဲ့သည်။ဗီလိန်လေးကတဖြည်းဖြည်းပိန်လာခဲ့ပြီးချောမောပြီးသားမျက်နှာလေးကပိုပြီးလှပလာသည်။
--------------------------------------
မနက်မိုးမလင်းခင်ကတည်းကရေချိုးထားခဲ့တဲ့ထန်လီကခေါင်းကိုမော့ကြည့်လိုက်တော့သူ့ရဲ့ချွန်ထက်နေတဲ့မေးရိုးကပေါ်လာခဲ့သည်။သူကခဏလောက်အံ့ဩနေပြီးမှနောက်ကိုလှည့်လိုက်ပြီးဘာစကားမှမပြောပဲစပြေးခဲ့သည်။ရှန်ယွီက
ဝှီးချဲကိုအားကစားကွင်းအလယ်အထိတွန်းသွားလိုက်ပြီး
ထန်လီပြေးတာကိုကြည့်နေလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now