Chapter - 45

8.7K 1.6K 29
                                    

Unicode

သူ့ရဲ့လှည့်ကွက်တွေကိုရှန်ယွီကအခုလိုချက်ချင်းသိသွားလိမ့်မယ်လို့ထန်လီမထင်ထားခဲ့တာကြောင့်ဘာစကားမှပြန်မပြောနိုင်ပဲကြောင်အနေမိသည်။တကယ်တော့သူကရှန်ယွီကိုလျှော့တွက်လိုက်မိတာပါပဲ။ဒီလိုကိစ္စသေးသေးလေးတွေကိုရှန်ယွီဂရုမစိုက်လောက်ဘူးလို့သူထင်ထားခဲ့ပေမဲ့ရှန်ယွီကလူတွေထင်နေတာထက်အများကြီးပိုပြီးထက်မြက်သည်။

အချိန်အကြာကြီးတိတ်ဆိတ်သွားပြီးနောက်မှာတော့ထန်လီကရှန်ယွီရဲ့လည်ပင်းကိုဖက်တွယ်ထားတဲ့သူ့ရဲ့လက်တွေကိုဖယ်လိုက်သည်။အဲ့ဒီ့နောက်မှာသူကသူ့စိတ်ထဲရှိတဲ့အတိုင်းထုတ်ပြောလိုက်တော့သည်။

"ကျွန်တော်ကဒီအတိုင်းသူ့ကိုသဘောမကျလို့ပါ။"

အဲ့ဒီ့စကားကိုသူပြောပြီးသွားတဲ့အချိန်မှာထန်လီကအရမ်းစိုးရိမ်နေမိခဲ့သည်။ရှန်ယွီကအရမ်းကိုစိတ်ဆိုးသွားပြီးနေ့ခင်းကသူလုပ်ခဲ့သလိုမျိုးပြုမူလိမ့်မယ်လို့သူထင်ထားခဲ့သည်။အဲ့ဒါကြောင့်သူကစိတ်ပူပန်စွာနဲ့ငြိမ်ငြိမ်လေးထိုင်နေပြီးရှန်ယွီစကားပြောတာကိုစောင့်နေလိုက်သည်။

ထန်လီကခေါင်းလေးနည်းနည်းမော့ပြီးကြည့်ကြည့်လိုက်တော့မှရှန်ယွီကသူ့ကိုစိုက်ကြည့်နေမှန်းသိလိုက်ရသည်။

အခန်းထဲကအမှောင်ထုကိုရင်ဆိုင်ဖို့မှိန်ဖျော့ဖျော့အဝါရောင်မီးအိမ်လေးတစ်ခုပဲဖွင့်ထားတာကြောင့်ထန်လီရဲ့မြင်နိုင်စွမ်းကအကန့်အသတ်ရှိနေသည်။၊
ဒါပေမဲ့မီးရောင်မှိန်မှိန်လေးအောက်မှာတောင်ရှန်ယွီရဲ့မျက်နှာလေးကိုရှင်းရှင်းလင်းလင်းမြင်ရသည်။
ရှန်ယွီရဲ့မျက်နှာပေါ်ကအပြောင်းအလဲသေးသေးလေးတွေကိုတောင်သူမြင်နိုင်နေသည်။အခုရှန်ယွီရဲ့မျက်နှာပေါ်မှာသူ့ကိုဆူပူအပြစ်တင်ချင်တဲ့အရိပ်အယောင်တွေလုံးဝမရှိနေဘူး။အဲ့ဒီ့အစားငြိမ်းချမ်းမှုတွေသာရှိနေသည်။

"မင်းသူ့ကိုသဘောမကျဘူးဆိုရင်လည်းသူ့ကိုသဘောကျနိုင်ဖို့အတင်းကြီးမကြိုးစားလည်းရပါတယ်"

ရှန်ယွီရဲ့အကြည့်တွေကနူးညံ့မှုတွေနဲ့ပြည့်နှက်နေပြီးသူပြုံးလိုက်တဲ့အခါမှာသူ့ပါးပေါ်ကပါးချိုင့်လေးကနဂိုကတည်းကချောမောပြီးသားမျက်နှာလေးကိုပိုမိုချောမောနေတယ်လို့ထင်ရအောင်ကူညီပေးနေသည်။သူကထန်လီရဲ့ခေါင်းလေးကိုကိုင်လိုက်ပြီးပြောလိုက်သည်။

ဗီလိန်လေးအားမွေးစားခြင်းWhere stories live. Discover now